menu

Wednesday 9 January 2013

လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း

Photo: လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

မန္တလေးမြို့အရှေ့ဘက် ရေတံခွန်တောင်အနီးရေကြည်ကျေးရွာ၌ တည်ရှိသော ရွှေဘုံသာဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် စာသင်ခန်းလိုအပ်ချက်များရှိကြောင်း သိရှိရသည်။
 
 အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျေးရွာ(၅)ရွာမှ မူလတန်းအလယ်တန်း ကျောင်းသားများ အားထားပြုနေရသည့် ကျောင်းလည်း ဖြစ်သည်။
 
“အခက်အခဲတွေအများကြီးပါပဲ၊ ဘုန်းကြီးတို့မှာ စာသင်ခန်းမလုံလောက်တာ ဆရာ၊ဆရာမ အင်အားနည်းတာ၊ သင်ကြားရေး အထောက်အကူ ပစ္စည်းတွေ မပြည့်စုံတာတွေအခက်အခဲရှိပါတယ်၊ အရင်(ရှိုင်းဟုတ်)ကုမ္ပဏီက ထောက်ပံ့ပေးပေမယ့် ဒီနှစ်က နောက်ဆုံး ထောက်ပံ့ခြင်းဖြစ်တဲ့အတွက် ငွေအား အရမ်းလိုပါတယ်”ဟု အလှူရှင်များလိုအပ်လျှက်ရှိနေကြောင်း ဆရာတော် ဦးပညိန္ဒမှမိန့်ကြားသည်။
 
 အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၉၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရေကြည်ရွာ၊သရက်တောရွာ ၊ရွေးစုရွာ၊ရွင်တော်ကုန်းရွာလိမ်ပင်ရွာ၊စသည့်နေရာများမှကျောင်းသားများ လာရောက်ပညာသင်ကြားလျှက်ရှိသည်။
 
ရေကြည်ကျေးရွာအနီးဝန်းကျင်၌ အစိုးရကျောင်းများရှိသော်လည်း ရွှေဘုံသာဘုန်းတော်ကြီး ကျောင်းလောက် လူဦးရေမများကြောင်း၊ မူလတန်းအဆင့်အထိသာ ရှိကြောင်း ရေကြည်ရွာခံများ ထံက သိရသည်။
 
 “မန္တလေးမြို့နဲ့အနီးဆုံးကျေးရွာတွေမှာ လုံလောက်တဲ့ပညာသင်ကြားမှု မရှိဖြစ်နေတာ အရမ်းအံသြမိပါတယ် ။ မြန်မာနိုင်ငံရဲ့  လက်ရှိပညာရေးအဆင့်မြှင့်တင်ဖို့ များစွာ လိုအပ်နေပါသေး တယ်။”ဟု မန္တလေးမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောသည်။
 
အဆိုပါကျောင်း၌ ကျောင်းသားဦးရေ(၅၀၀)နီးပါးရှိသော်လည်း ဆရာ၊ဆရာမအင်အား စုစုပေါင်း (၂၂)ဦးသာ ရှိကြောင်း အဆိုပါ ဆရာ၊ဆရာမများအား ဘုန်းတော်ကြီးမှ လစာပေးထားရကြောင်း သိရသည်။
 
ရွှေဘုံသာဘုန်းတော်ကြီး ကျောင်းသို့ လှူတန်းလိုသူများ ဖုန်းနံပါတ်09-2011730သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။
 
အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

မန္တလေးမြို့အရှေ့ဘက် ရေတံခွန်တောင်အနီးရေကြည်ကျေးရွာ၌ တည်ရှိသော ရွှေဘုံသာဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် စာသင်ခန်းလိုအပ်ချက်များရှိကြောင်း သိရှိရသည်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျေးရွာ(၅)ရွာမှ မူလတန်းအလယ်တန်း ကျောင်းသားများ အားထားပြုနေရသည့် ကျောင်းလည်း ဖြစ်သည်။

“အခက်အခဲတွေအများကြီးပါပဲ၊ ဘုန်းကြီးတို့မှာ စာသင်ခန်းမလုံလောက်တာ ဆရာ၊ဆရာမ အင်အားနည်းတာ၊ သင်ကြားရေး အထောက်အကူ ပစ္စည်းတွေ မပြည့်စုံတာတွေအခက်အခဲရှိပါတယ်၊ အရင်(ရှိုင်းဟုတ်)ကုမ္ပဏီက ထောက်ပံ့ပေးပေမယ့် ဒီနှစ်က နောက်ဆုံး ထောက်ပံ့ခြင်းဖြစ်တဲ့အတွက် ငွေအား အရမ်းလိုပါတယ်”ဟု အလှူရှင်များလိုအပ်လျှက်ရှိနေကြောင်း ဆရာတော် ဦးပညိန္ဒမှမိန့်ကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက် အမျိုးသမီးငယ်များ အပါအ၀င် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရ

ပြီးခဲ့သည့်၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အရွယ်မရောက် အမျိုးသမီးငယ်များ အပါအ၀င် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ် ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်အများစုမှာ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရခြင်း၏ အဓိကအကြောင်းရင်းမှာ ယုံကြည်မှုလွန်ကဲခြင်း၊ အိမ်နီးနားချင်း စောင့်ရှောက်မှု အားနည်းခြင်း၊ စားဝတ်နေရေး ကျပ်တည်းမှုကြောင့်  သားသမီးများကို စောင့်ရှောက်နိုင်မှု အားနည်းခြင်း၊ ခေတ်ရှေ့ရောက် ၀တ်စားဆင်ယင်မှု ဒီဇိုင်းများ ၀တ်ဆင်ခြင်း၊ ကာမစိတ်ကို ပြောင်းလဲနိုင်သည့် အစားအသောက်များ ဈေးကွက်၌ရှိနေခြင်းနှင့် ညစ်ညမ်းဗွီဒီယိုအခွေများ ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ

Photo: မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ

မအူပင် ၊ ဇန်နဝါရီ၊ ၉ ။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်းခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊ ၈ ရက်နေ့
တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလောဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။ ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့ ခွင့်ပြုမိန့် တောင်းထား
တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံ
ကျင်းပရေးကော်မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စားလှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပ
ပြီးစီးချိန်အထိ ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင်ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊ ညီလာခံက (၂၈)ရက်နေ့ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းလိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒလည်းပြရော ခွင့်ပြုမိန့်မရှိတော့ ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။ သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်
တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာကတော့ ရှိသင့်ပါတယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး " ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံ
ကျင်းပရေးကော်မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံ
ကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စုအနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း
ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာအေးကြူ
ကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ ။
မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထား
ပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။ ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ အတိုင်းဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။ မအူပင်မှာတင် မရရင်တိုင်းဝန်ကြီးချုပ်အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် " ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း
မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှ ကိုင်တွယ်စီမံမှု ညံ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက
၎င်း၏အမြင်ကို ပြောကြားသည် ။

ထက်နောင်နောင်

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မအူပင် ၊ ဇန်နဝါရီ၊ ၉ ။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်းခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊ ၈ ရက်နေ့
တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလောဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။ ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့ ခွင့်ပြုမိန့် တောင်းထား
တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

နဂါးပုပ်သင်

Photo: နဂါးပုပ်သင်

တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။

Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။

ပျံလည်းပျံနိုင်တယ်လို့ ဆိုပါတယ်။ မီတာ ၆၀ ဝန်းကျင်လောက်အထိ ပျံသန်းမှုကို မှတ်တမ်းတင်ထားပြီး အများစုကတော့ ၁၀ မီတာ အမြင့်လောက်ထဲပဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း အရှည် ၃၀ စင်တီမီတာ ပတ်လည်အထိပဲ ရှိပါတယ်။

အကောင်အရေအတွက် တွေ့ရှိမှု အတော်နည်းနေပြီး လေ့လာမှု အားနည်း နေပါသေးတယ်။ နဂါးပုတ်သင်လို့ခေါ်တဲ့ Gliding Lizard ဟာ အတွေ့ရ နည်းသော ရှားပါး တိရစ္ဆာန်တစ်မျိုးလည်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_7395.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။

Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။

ပျံလည်းပျံနိုင်တယ်လို့ ဆိုပါတယ်။ မီတာ ၆၀ ဝန်းကျင်လောက်အထိ ပျံသန်းမှုကို မှတ်တမ်းတင်ထားပြီး အများစုကတော့ ၁၀ မီတာ အမြင့်လောက်ထဲပဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း အရှည် ၃၀ စင်တီမီတာ ပတ်လည်အထိပဲ ရှိပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်

Photo: လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။

ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သူ Yves Marre မှ ဦးဆောင် တူးဖေါ်နေခြင်း ဖြစ်သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က တူးဖေါ်မူကို စတင်နေရာ ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ယခုအခါ လှေကြီး ၀မ်းဗိုက်ထဲတွင် ပြည့်နှက်နေသော သဲများကို မီးသတ်ဌာနမှ ကားများကို အသုံးပြုပြီး ရေများဖြင့် မူတ်ထုတ်နေကြောင်း သတင်းများတွင် ဖေါ်ပြသည်။

သမိုင်းအရ တန်ဖိုးရှိသော လှေကြီး ဖြစ်သဖြင့် တူးဖေါ်ပြီးပါက အဆိုပါ လှေကြီးကို ဘေးကင်းရာသို့ ယူဆောင် သိမ်းဆည်း ထားမည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရှေးဟောင်း သုတေသန လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ် လှေများ ဆယ်ယူရေး ကော်မီတီ (Boat salvage committee) အတွင်းရေးမှူး အဖွဲ့ဝင် လည်း ဖြစ်သူ  Afroza Khan Mita က သတင်းထောက်များသို့ ပြောသည်။

အဆိုပါ လှေကြီးမှာ အရှည် ၇၂ ပေရှည်လျားပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကာ သစ်ဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး လွန်ခဲ့သောနှစ် ဇွန်လ ၂၉ ရက်နေ့က သဲသောင်ပြင်ထဲမှ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လှေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးလူကြီးများ ရခိုင်ပြည်မှ အဆိုပါ ဒေသသို့  ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေးလာကြစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောသည်။

၁၇၈၄ ခုနှစ် ရခိုင်တို့၏ မြောက်ဦးမြို့တော် ဗမာ ဘုရင်လက်အောက်သို့ ကျရောက်ပြီးနောက် သိန်းချီသော  ရခိုင်ပြည်သူများ စစ်ဘေးစစ်ဒဏ်ကြောင့် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးကြရာ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းမှ ရခိုင်အမျိုးသားများသည် အဆိုပါ လှေကြီးများကို အသုံးပြုပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။

အဆိုပါ ဒေသသို့ ရောက်ရှိစဉ် လူသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ တောကြီးမျက်မည်း ဖြစ်ပြီး စတင် အခြေချနေထိုင်ရန် တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းစဉ် ဘင်္ဂလာကျားများ၊ မိကျောင်းများနှင့် အကြီးအကျယ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။

ယခင်က အဆိုပါ ဒေသတွင် ရခိုင်ကျေးရွာကြီး ၁၀၀ ကျော်ခန့် တည်ရှိကာ လူဦးရေအားဖြင့် တစ်သိန်းကျော်ရှိခဲ့သည်ဟု သိရသည်။ ယခုအခါ မုန်တိုင်းနှင့် တစ်ခြား ဒဏ်များကြောင့် အများစု ရခိုင်များမှာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့သွားကြရာ ယခုအခါ ရွာ (၅၀) ခန့်နှင့် လူသောင်းဂဏန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အများစု ဒေသခံများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး စီးပွားရေး မရှိသဖြင့် ဆင်းရဲကြသည်ဟု ဆိုသည်။

တူးဖေါ်နေသော လှေကြီးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Star)

အေးချမ်းမွန်မှ   Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တူးဖေါ်နေသော လှေကြီးကို တွေ့ရစဉ်။ ( ဓါတ်ပုံ- Star)
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။

ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သူ Yves Marre မှ ဦးဆောင် တူးဖေါ်နေခြင်း ဖြစ်သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က တူးဖေါ်မူကို စတင်နေရာ ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

Apple တို့အတွက် iPhone 6 အတွက် ပြင်ဆင်နေ

Photo: Apple တို့အတွက် iPhone 6 အတွက် ပြင်ဆင်နေ

Apple တို့ လက်ရှိမှာ iPhone 6 အတွက် ပြင်ဆင်လျက် ရှိကြောင်း သိရ ပါတယ်။

iPhone 6 အတွက်တင်မကပဲ ယင်းဖုန်းမှာ အသုံးပြုမယ့် iOS7 ကိုပါ စမ်းသပ်နေပြီလို့ ဆိုပါတယ်။ iPhone 6 ကို ထွက်ရှိမယ့် ရက်တော့ မသိ ရသေးပါဘူး။ သို့ပေမယ့် ၂၀၁၃ နှစ်လယ်အထိတော့ ထွက်ရှိဖို့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။

လက်ရှိ iPhone 5 ထုတ်လုပ်မှုတောင် တရုတ်ပြည်က Foxconn စက်ရုံမှာ အခက်တွေ့လျက် ရှိပါတယ်။ ဈေးကွက် အလျင်မှီရောက်ရှိအောင် ကြိုးစား ထုတ်လုပ်လျက် ရှိပြီး iPad mini, iPad 4 ကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် iPhone 6 လက်တလော ထွက်ရှိဖို့ စမ်းသပ်ပြသဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သို့ပေမယ့် ဒီဇိုင်းရေးဆွဲမှု၊ Prototype အနေနဲ့ အစမ်းဖန်တီးမှုတွေ ပြုလုပ်နေပြီလို့ နိုင်ငံတကာ သတင်းများက ဆိုပါတယ်။ Apple ကတော့ အတည်မပြုပါဘူး။

လာမယ့် CES မှာ Apple က ဘာပြမယ် ဆိုတာကိုလည်း စောင့်မျော်လျက် ရှိကြပါတယ်။ လက်ရှိ iPhone 5 ရဲ့  ရောင်းအားကလည်း တက်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/apple-iphone-6.html

အေးချမ်းမွန်မှ   TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Apple တို့ လက်ရှိမှာ iPhone 6 အတွက် ပြင်ဆင်လျက် ရှိကြောင်း သိရ ပါတယ်။

iPhone 6 အတွက်တင်မကပဲ ယင်းဖုန်းမှာ အသုံးပြုမယ့် iOS7 ကိုပါ စမ်းသပ်နေပြီလို့ ဆိုပါတယ်။ iPhone 6 ကို ထွက်ရှိမယ့် ရက်တော့ မသိ ရသေးပါဘူး။ သို့ပေမယ့် ၂၀၁၃ နှစ်လယ်အထိတော့ ထွက်ရှိဖို့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။

လက်ရှိ iPhone 5 ထုတ်လုပ်မှုတောင် တရုတ်ပြည်က Foxconn စက်ရုံမှာ အခက်တွေ့လျက် ရှိပါတယ်။ ဈေးကွက် အလျင်မှီရောက်ရှိအောင် ကြိုးစား ထုတ်လုပ်လျက် ရှိပြီး iPad mini, iPad 4 ကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် iPhone 6 လက်တလော ထွက်ရှိဖို့ စမ်းသပ်ပြသဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သို့ပေမယ့် ဒီဇိုင်းရေးဆွဲမှု၊ Prototype အနေနဲ့ အစမ်းဖန်တီးမှုတွေ ပြုလုပ်နေပြီလို့ နိုင်ငံတကာ သတင်းများက ဆိုပါတယ်။ Apple ကတော့ အတည်မပြုပါဘူး။

တရုတ်ရေတပ် သင်္ဘောများသည် ပထမဆုံး အကြိမ်အဖြစ် ဆန်ကာကူ ကျွန်းစုများ အနီးရှိ ဂျပန် ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့

Photo: တရုတ်ရေတပ် သင်္ဘောများသည် ပထမဆုံး အကြိမ်အဖြစ် ဆန်ကာကူ ကျွန်းစုများ အနီးရှိ ဂျပန် ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့

တရုတ်ရေတပ် သင်္ဘောများသည် ၂ဝ၁၃ ခုနှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆန်ကာကူ ကျွန်းစုများ အနီးရှိ ဂျပန် ရေပိုင်နက် အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

တရုတ် ကင်းလှည့် ရေယာဉ် ၄ စီးသည် ဆန်ကာကူ ကျွန်းစုများရှိ Uotsuri ကျွန်းအနီး ရေပိုင်နက် အတွင်းသို့ ဇန်နဝါရီ လ ၇ ရက်နေ့တွင် ဝင်ရောက် ခဲ့ကြောင်း ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့မှ အတည်ပြု ပြောကြား ခဲ့ပါသည်။ ဆန်ကာကူ ကျွန်းစု များအား ဂျပန် နိုင်ငံမှ ထိန်းချုပ်ထားပြီး တရုတ်နှင့် ထိုင်ဝမ် တို့မှလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောကြားလျက် ရှိပါသည်။ တရုတ် စစ်ရေယာဉ် များအား ရေပိုင်နက် အတွင်းမှ ထွက်ခွာသွားရန် ဂျပန် ကမ်းခြေစောင့် တပ်ဖွဲ့ အရာရှိ များမှ သတိပေးချက် ထုတ်ပြန် ခဲ့ကြောင်း သိရှိရ ပါသည်။ ၂ဝ၁၂ ခုနှစ် အတွင်း တရုတ် သင်္ဘောများသည် ဂျပန် ရေပိုင်နက် အတွင်းသို့ ၂၃ ကြိမ် ဝင်ရောက် ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3971-2013-01-09-14-46-42

အေးချမ်းမွန်မှ   မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  မြ၀တီ

အထပ် ၃၀ ဟိုတယ်ကို တရုတ်တို့ ၁၅ ရက်နှင့် အပြီးဆောက်

Photo: အထပ် ၃၀ ဟိုတယ်ကို တရုတ်တို့ ၁၅ ရက်နှင့် အပြီးဆောက်

တရုတ်ပြည်၊ Hunan ပြည်နယ်၊ Dongting lake အနီးမှာ ရှိတဲ့ အထပ်မြင့် ဟိုတယ် တစ်ခု ဖြစ်ပါတယ်။

တည်ဆောက်တဲ့အဖွဲ့ကတော့ Broad Group ဖြစ်ပြီ အားလုံး ပြီးစီးဖို့ ၁၅ ရက်ပဲ ကြာပါတယ်။ နာရီနဲ့တွက်ရင် နာရီပေါင်း ၃၆၀ ပဲ ကြာပါတယ်။ အချိန်တိုအတွင်း ရရှိတဲ့ လူအင်အား၊ ငွေအင်အား၊ ကုန်ကြမ်းကို ခပ်မြန်မြန် အသုံးပြုလို့ တည်ဆောက်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ထပ်နှုန်းနဲ့ အပေါ်တက်သွားတာ ဆိုတော့ အံ့မခန့်ပါပဲ။ တစ်ရက်ကို ၂ ထပ်တောင် မပါဘူး။ ဖောင်ဒေးရှင်းအတွက်လည်း အချိန်ပေးရသေးတော့ အပေါ် ပိုင်း တည်ဆောက်မှုက အတော်လေး မြန်ပုံရပါတယ်။

နေ့မအား၊ ညမအားကို တည်ဆောက်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဟိုတယ်ကြီး ဖြစ်သွားပါတယ်။ ကြံ့ ခိုင်မှု အပိုင်းကိုလည်း သေချာ စစ်ဆေးထားပြီး မြေငလျင် မဂ္ဂနီကျု အဆင့် ၉ လောက်ထိကို ခံနိုင်ရည် ရှိတယ်လို့ အတည်ပြုပေးထားပါတယ်။

ဒီတော့ အဆင့်မှီ အဆောက်အအုံ တစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ၁၅ ရက်နဲ့ အထပ် ၃၀ ဟိုတယ် တစ်ခုဆောက်လိုက်တာတော့ မြင်ရသူ အတွက် အံ့သြစရာ အဖြစ် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: asia-weird
ရိုးရာလေး သတင်း

http://www.yoyarlay.com/international-news/asia/33790-30-story-hotel-in-15-days

အေးချမ်းမွန်မှ  YoYarLay  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တရုတ်ပြည်၊ Hunan ပြည်နယ်၊ Dongting lake အနီးမှာ ရှိတဲ့ အထပ်မြင့် ဟိုတယ် တစ်ခု ဖြစ်ပါတယ်။

တည်ဆောက်တဲ့အဖွဲ့ကတော့ Broad Group ဖြစ်ပြီ အားလုံး ပြီးစီးဖို့ ၁၅ ရက်ပဲ ကြာပါတယ်။ နာရီနဲ့တွက်ရင် နာရီပေါင်း ၃၆၀ ပဲ ကြာပါတယ်။ အချိန်တိုအတွင်း ရရှိတဲ့ လူအင်အား၊ ငွေအင်အား၊ ကုန်ကြမ်းကို ခပ်မြန်မြန် အသုံးပြုလို့ တည်ဆောက်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ထပ်နှုန်းနဲ့ အပေါ်တက်သွားတာ ဆိုတော့ အံ့မခန့်ပါပဲ။ တစ်ရက်ကို ၂ ထပ်တောင် မပါဘူး။ ဖောင်ဒေးရှင်းအတွက်လည်း အချိန်ပေးရသေးတော့ အပေါ် ပိုင်း တည်ဆောက်မှုက အတော်လေး မြန်ပုံရပါတယ်။

နေ့မအား၊ ညမအားကို တည်ဆောက်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဟိုတယ်ကြီး ဖြစ်သွားပါတယ်။ ကြံ့ ခိုင်မှု အပိုင်းကိုလည်း သေချာ စစ်ဆေးထားပြီး မြေငလျင် မဂ္ဂနီကျု အဆင့် ၉ လောက်ထိကို ခံနိုင်ရည် ရှိတယ်လို့ အတည်ပြုပေးထားပါတယ်။

တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်

Photo: တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်

ရှန်ရှီ၊ ဇန်နဝါရီ ၈။

တရုတ်နိုင်ငံမြောက်ပိုင်း ကျိုကျန်( Zhuozhang) မြစ်အတွင်းသို့
ကျောက်မီးသွေးစက်ရုံမှ ဓာတုအဆိပ်များယိုဖိတ်သွားကြောင်း China Daily သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က Shanxi ပြည်နယ် ရှိ Tianji Coal ဓာတုစက်မှု လုပ်ငန်းအုပ်စုပိုင် စက်ရုံတစ်ခုမှ ဓာတုအဆိပ်ပမာဏ မတ်ထရစ် တန် ၁ ဒသမ၅ တန်ခန့် Zhuozhang မြစ်အတွင်းသို့ ဖိတ်သွားခဲ့သည်ဟု
ဒေသခံ အာဏာပိုင်များက သတင်းပို့ခဲ့ကြောင်း ယင်းပြည်နယ်ရှိ Chanzhi မြို့တော်ဝန် Zhang Bao ကပြောကြားသည်။

လူအများ၏ သောက်သုံးရေအဖြစ်အသုံးပြုလျက်ရှိသော မြစ်ရေထဲသို့ ဓာတုအဆိပ်အတောက်များဖိတ်ကျခဲ့သည်ကိစ္စကို အာဏာပိုင်များ အနေဖြင့် သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းနှင့်ပတ်သက်၍လည်း အဆိုပါဒေသခံအာဏာပိုင်များက တောင်းပန်စကားပြောကြားခဲ့သည်။

သို့သော် အာဏာပိုင်များ၏လက်တွေ့စစ်ဆေးချက်များအရ ဓာတုအဆိပ်များ
မြစ်အတွင်းသို့ အမှန်တကယ်ဖိတ်စင်ခဲ့သည် ပမာဏမှာ မတ် ထရစ်တန် ၉ တန်(၁၀တန်ခန့်)ရှိပြီး၊နောက်ထပ်ဓာတုအဆိပ် ပမာဏ မစ်ထရစ်တန် ၃၀ ခန့်(၃၃ တန်ခန့်)မှာ အသုံးပြုခြင်းမရှိသော ရေလှောင် အတွင်းသို့ ဖိတ်စင် သွားခဲ့သည်ကိုတွေ့ရှိရကြောင်း အထက်ပါ မြို့တော်ဝန်ကပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ Changzhi မြို့အာဏာပိုင်များသည် Shanxi
ပြည်နယ်အစိုးရကို ၅ ရက်ခန့်နောက်ကျပြီးမှ သတင်းပို့ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် Zhuozhang မြစ်အတွင်းရေများတွင် ဓာတုအဆိပ်များ ပါဝင်နေခြင်းကြောင့် အဆိုပါမြစ်ကြောင်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သော ဟန်ဒန်
မြို့အာဏာပိုင်များက လူတစ်သန်းကျော်ခန့်အတွက်ရေပေးဝေမှုကို စနေနေ့က ဖြတ်တောက်လိုက်ပြီး၊မြေအောက်ရေအသုံးပြု၍ ရေပေးဝေမှု
ပြုလုပ်လျက်ရှိသည်။

အဆိုပါဖြစ်ရပ်ကြောင့် Tianji စက်ရုံမှ အထွေထွေမန်နေဂျာ၊ လက်ထောက် မန်နေဂျာနှင့်၊တာဝန်ရှိသူ ၂ ဦးကို အလုပ်မှထုတ်ပစ်လိုက်ကြောင်း China Daily သတင်းတွင်ဖော်ပြထားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းကြောင့် Changhi မြို့အာဏာပိုင်များကို ကျန်းမားရေးဆိုင်ရာ ကျွမ်းကျင်သူ များက ဝေဖန်ပြောကြားသည်။

MTS
Source: China Daily

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရှန်ရှီ၊ ဇန်နဝါရီ ၈။

တရုတ်နိုင်ငံမြောက်ပိုင်း ကျိုကျန်( Zhuozhang) မြစ်အတွင်းသို့
ကျောက်မီးသွေးစက်ရုံမှ ဓာတုအဆိပ်များယိုဖိတ်သွားကြောင်း China Daily သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က Shanxi ပြည်နယ် ရှိ Tianji Coal ဓာတုစက်မှု လုပ်ငန်းအုပ်စုပိုင် စက်ရုံတစ်ခုမှ ဓာတုအဆိပ်ပမာဏ မတ်ထရစ် တန် ၁ ဒသမ၅ တန်ခန့် Zhuozhang မြစ်အတွင်းသို့ ဖိတ်သွားခဲ့သည်ဟု
ဒေသခံ အာဏာပိုင်များက သတင်းပို့ခဲ့ကြောင်း ယင်းပြည်နယ်ရှိ Chanzhi မြို့တော်ဝန် Zhang Bao ကပြောကြားသည်။

ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဘယ်သူယူပေးမလဲ(ရေးသားသူ- အေးမြကျော်)

Photo: ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဘယ်သူယူပေးမလဲ

ရေးသားသူ- အေးမြကျော်

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ကချင်ပြည်နယ်တွင်း ဖြစ်နေသော တိုက်ပွဲများရပ်တန့်ရန်၊ လေကြောင်းဖြင့် တိုက်
ခိုက် ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းနေသော်လည်း လိုင်ဇာမြို့အနီးနှင့် ကချင်ပြည်နယ်တွင်း နေရာအတော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ ရက်မှစကာ ပြင်းထန်ခဲ့သော တိုက်ပွဲများသည် ၂၀၁၃ ဇန်န၀ါရီ ပထမပတ်ရောက်သည့်တိုင် လျော့နည်းသွားခြင်းမရှိဘဲ ဇန်န၀ါရီ ၅ ရက်မှစတင်ကာ လိုင်ဇာမြို့နှင့်နီးသော ကေအိုင်အေတပ်စွဲထားသည့် နေရာများ ကို ၁၂၀ ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေကြောင်း လိုင်ဇာဒေသခံများက ဖုန်းမှတစ်ဆင့်ပြောကြားသည်။

အစိုးရတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်ပြီး ပထမဆုံးထုတ်ဖော်ပြောကြားမှုအဖြစ် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်က မိမိကိုယ်ကို ခုခံကာကွယ်မှုနှင့် စစ်ရေးအရ ပြန်လည်တုံ့ပြန်မှုများကို မလွှဲမရှောင်သာ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၄ ရက်က အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တပ်မတော်နှင့် ကေအိုင်အို၊ ကေအိုင်အေတို့အကြား တိုက်ပွဲများနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင်လည်း ကေအိုင်အေတပ်ဖွဲ့ဝင်များအား တပ်မတော်က ထိုးစစ်များ ရပ်ဆိုင်းရန် ညွှန်ကြားထားပြီးဖြစ်သော်လည်း ယင်းတို့ဘက်မှ ပို့ဆောင်ရေးလမ်းကြောင်းများ၊ ရေကြောင်းလျှပ်စစ်ဓာတ်အားပေးလိုင်းများ ဖျက်ဆီးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို
ချုံခိုတိုက်ခိုက်ခြင်းများ မပြတ်ပြုလုပ်နေသဖြင့် တပ်မတော်အနေနှင့် စစ်ရေးအရ မလွှဲသာမရှောင်သာ တုံ့ပြန်ရခြင်းဖြစ်ကြောင်းနှင့် တပ်မတော်တပ်ဖွဲ့ဝင်များ အနေနှင့်လည်း အင်အားကို အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် အစိုးရအနေနှင့် ကေအိုင်အို၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထိုသတင်းထုတ်ပြန်ချက်ကဆိုသည်။

ကေအိုင်အေမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကလည်း ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေးအတွက်
မည်သူမဆို ကြားဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောကြားထားသည်။

လဂျားယန်အနီးရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် သိမ်းယူရာတွင် လေကြောင်းအကူအညီ အသုံးပြုခဲ့ကြောင်း ဇန်န၀ါရီ ၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

နေ့စဉ်လိုလိုပင် လိုင်ဇာအနီး လဂျားယန်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မန်စီ၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ချီဗွေ၊ အင်ဂျန်းယန် မြို့နယ်များထဲတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ အဆက်မပြတ်ဖြစ်ပွားနေပြီး အခြေအနေမှာ အပစ်ရပ်ထားရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားသော တစ်နှစ်နှင့်ခြောက်လကျော်အတွင်း နှစ်ဖက်အကြား အတင်းမာဆုံး အခြေအနေရောက်နေကြောင်း ကချင်တိုက်ပွဲများကို အနီးကပ်စောင့်ကြည့်လေ့လာနေသူများက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစိုးရတပ်များ လေကြောင်းမှ တိုက်ခိုက်နေခြင်းများ ရပ်တန့်ရန် ဇန်န၀ါရီ ၃ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံကလည်း ကချင်အရေးကိစ္စကို အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ဇန်န၀ါရီလဆန်းပိုင်းက အစိုးရတပ်မတော်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ ဗုံးသုံးလုံးကျရောက်ခဲ့သဖြင့်လည်း သံတမန်နည်းလမ်းဖြင့် မြန်မာအစိုးရကို ကန့်ကွက်မှု များပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်နေသော ကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး ထိုကိစ္စကို ငြိမ်းချမ်းသော စေ့စပ်ဆွေးနွေးမှုနည်းဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်တွင်းမှ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ဒီဇင်ဘာ ၃၁ ရက်က ကြေညာချက် တစ်စောင်ထုတ်ပြန်ကာ တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ကာ ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တိုက်တွန်းထားသလို ကချင်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ကလည်း ဇန်န၀ါရီ ၃ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများကို ချက်ချင်းရပ်စဲပြီး နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုများ အမြန် ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့ကြသည်။

ကချင်အရေးကို နှုတ်ဆိတ်နေခြင်းကြောင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုများရှိနေပြီး သူမက ကချင်အရေး ကြားဝင်ဆောင်ရွက်ရန်မှာ အစိုးရအပေါ်တွင် မူတည်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။

လိုင်ဇာမြို့အနီးတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၃၀၀၀ ကျော် နေထိုင်သော ၀ယ်ဂျိုင်စခန်းတွင် ဇန်န၀ါရီ ၃ ရက်က လေယာဉ်ဖြတ်ကာ ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ပြီးချိန်ကတည်းက ဒုက္ခသည်များမှာ ကြောက်ရွံ့လျက်ရှိကြောင်း စခန်းတာဝန်ခံက ပြောကြားသည်။

လိုင်ဇာ အနီးတစ်ဝိုက်တွင်ရှိသော ဒုက္ခသည်စခန်းများတွင် တစ်ကျင်းလျှင် လူဆယ်ဦးခန့် ပုန်းခိုနိုင်သော ဗုံးခိုကျင်းများ တူးထားပြီး လေယာဉ်သံကြားပါက ဗုံးခိုကျင်းများသို့ ၀င်ရောက်ပုန်းခိုကြကာ အန္တရာယ်ကင်းရှင်းကြောင်း
အချက်ပေးသံကြားမှသာ ကျင်းအတွင်းမှ ထွက်ခွာရကြောင်း စခန်းတာဝန်ခံက ပြောကြားသည်။

“ကြောက်ကြလွန်းလို့ ဒူးထောက်ပြီး ဘုရားဆုတောင်းကြတယ်။ အချို့ဆို မျက်ရည်တွေကျပြီး ငိုကြတယ်” ဟု သက်ကြီးရွယ်အိုနှင့် ကလေးများ အပါအ၀င် စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ရှိသော ယင်းစခန်းမှ တာဝန်ခံက ပြောသည်။

လိုင်ဇာမြို့ပေါ်မှ စစ်ဘေးဒုက္ခသည်များမှာ အခြေအနေကို စိုးရိမ်စွာစောင့်ကြည့်နေကြပြီး အခြေအနေများ ဆက်လက်တင်းမာလာပါက ချောင်းတစ်ခုသာခြားသော တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးရန် စဉ်းစားထားကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီပေးနေသူတစ်ဦးက တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များမှာ ပို၍နီးနီးလာသော လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် လိုင်ဇာမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ကို စိုးရိမ်နေကြသည်။

ကေအိုင်အေသို့ ဆက်သွယ်မေးမြန်းရာ လက်နက်ကြီးများဖြင့် လိုင်ဇာမြို့အနီး အလန်းဘွမ်းတောင်ကုန်းသို့ နေ့စဉ်လိုလို ပစ်ခတ်နေသော်လည်း လိုင်ဇာမြို့တွင်းသို့ ကျရောက်ခြင်းမရှိသေးကြောင်း 7Day News ၏ ဆက်သွယ်မေးမြန်းမှုကို ဇန်န၀ါရီ ၇ ရက်က ဖြေကြားသည်။

နိုင်ငံတော်သမ္မတက လိုင်ဇာမြို့ကို မသိမ်းရန် ညွှန်ကြားထားကြောင်း သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီးဦးအောင်မင်းကလည်း ပြောကြားထားသည်။ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်မည်ဟုလည်း ၎င်းကဆိုသည်။

လိုင်ဇာကို အစိုးရဘက်မှ တိုက်ခိုက်ပါက ပြဿနာများမှာ ရှင်းမရအောင် ရှုပ်ထွေးသွားနိုင်ကြောင်း စောင့်ကြည့်လေ့လာနေသူများက ပြောကြားသည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဦးမင်းဇော်ဦးကလည်း “အပြန်အလှန်တိုက်ရင်းနဲ့ အမှတ်တစ်ခုကို ရောက်တော့မယ်။ အဲဒီအမှတ်က ဒီထက်တက်လာမယ်ဆိုရင် ပြဿနာအကြီးအကျယ်ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ လူမျိုးရေးအမြင်တွေ ကြီးလာမှာကို စိုးရိမ်တယ်” ဟု ပြောကြားခဲ့ပြီး စစ်ပွဲများဖြင့် ငြိမ်းချမ်းရေးကို မဖန်တီးနိုင်ဘဲ တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ကြောင်း ဇန်န၀ါရီလဆန်းပိုင်းက ပြောကြားခဲ့သည်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများမှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာမြင့်လာချိန်တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ဘေးဒုက္ခသည် ၆၄၀၀၀ကျော်ရှိပြီး အစိုးရထိန်းချုပ်နယ်မြေအတွင်းတွင် စစ်ဘေးဒုက္ခသည် ၃၃၀၀၀ ကျော်ရှိကာ စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးရေမှာ တစ်သိန်းကျော်သွားပြီဖြစ်ကြောင်း လိုင်ဇာမြို့ရှိ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆားက ပြောကြားသည်။

“အခု သတိထားပြီးနေဖို့ ပြောရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလေ။ ရွှေ့ဖို့က သိပ်မလွယ်ဘူးလေ။ အကယ်၍များ လုံးဝနေလို့ မရတော့ဘူးဆိုရင်တော့ ဘယ်တတ်နိုင်မလဲ” ဟု ဦးဒွဲပီဆားက ဇန်န၀ါရီ ၇ ရက်က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

မန်စီမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်းမှာပင် ထိုဒေသတွင် နေထိုင်သူများမှာ ထွက်ပြေးတိမ်းရှောင်သူ ဒုက္ခသည်ဦးရေတစ်ရာကျော် ထပ်တိုးလာသဖြင့် ယင်းတို့အတွက် ဗန်းမော်နှင့် မန်စီကြား တစ်နေရာတွင် ဒုက္ခသည်စခန်းအသစ်တစ်ခု ဖွင့်လှစ်ပေးနိုင်ရန် ပြင်ဆင်နေကြောင်း မြစ်ကြီးနား
အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဇွန်က 7Day News အား ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပြဿနာများကို ဖြေရှင်းရန်အတွက် ကြားဝင်ဆောင်ရွက်သည့်အနေနှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးဦးဆောင်သော အဖွဲ့သည် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ဇန်န၀ါရီ ၁ ရက်က သွားရောက်ခဲ့ပြီး ကေအိုင်အေခေါင်းဆောင်တစ်ဦးဖြစ်သော ဒုတိယ စစ်ဦးစီးချုပ်ဂွန်မော်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကေအိုင်အိုဘက်မှ ထိန်းသိမ်းထားသော မြန်မာတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အစိုးရထံ ပြန်လည်လွှဲ ပြောင်းရေးအတွက် ဆွေးနွေးခဲ့ပြီးသက်ဆိုင်ရာသို့ ပြောကြားထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၅ ရက်တွင် သတင်းတစ်ရပ်ထုတ်ပြန်သည်။ ထိန်းသိမ်းခံအစိုးရတပ်ဖွဲ့ဝင်များကို လွှဲပြောင်းရန် ကေအိုင်အေဘက်မှ အစိုးရ
ဘက်သို့ အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း ကေအိုင်အေဘက် မှပြောသည်။
အစိုးရဘက်မှလည်း ၂၀၁၂ နှစ်လယ်ပိုင်းက ကေအိုင်အိုထိန်းသိမ်းထားသော တပ်ဖွဲ့ဝင် ၂၁ ဦးကို လွှဲပြောင်းမည်ကို လက်ခံရန် ဆောင်ရွက်ခဲ့ရာ ကေအိုင်အိုဘက်မှ အကြောင်းပြန်ခြင်းမရှိသဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၂၀၁၁ ခုနှစ် ဇွန် ၉ ရက်ကတည်းက ပြန်လည်ဖြစ်ပွားလာခဲ့သော အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများမှာ တစ်နှစ်နှင့်ခြောက်လကျော် ကြာမြင့်ချိန်တွင် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိလာပြီး လတ်တလောတွင် နှစ်ဖက်တင်းမာနေသည့် အနေအထားသို့ ရောက်ရှိနေသည်။

အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးတွေ့ဆုံဆွေးနွေးခဲ့သော အောက်တိုဘာ ၃၀ရက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် တပ်နေရာ ပြောင်းရွှေ့ရေး ညှိနှိုင်းရန် တပ်မတော်မှ ဒုတိယ
ဗိုလ်ချုပ်ကြီးတစ်ဦး အဖွဲ့ဝင်အဖြစ် စေလွှတ်ခဲ့သော်လည်း တစ်ဖက်မှ စစ်ဘက်ခေါင်းဆောင် တက်ရောက်ရန် ပျက်ကွက်သဖြင့် အရေးကြီးသည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဇန်န၀ါရီ ၄ရက်ထုတ် နိုင်ငံပိုင်သ
တင်းစာများတွင် ဖော်ပြထားသည်။

ကေအိုင်အိုစစ်ဘက်ရေးရာမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ရွှေလီငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မလာရခြင်းအကြောင်းမှာ ယင်းအနေနှင့် ဆွေးနွေးရေးအဖွဲ့တွင် မပါဝင်သကဲ့သို့ ဆွေးနွေးပွဲလာရန် ကြိုတင်ညှိနှိုင်းထားခြင်းမရှိခဲ့သဖြင့် မလာရောက်ခြင်းဖြစ်ကြောင်း 7Day News ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ အစိုးရဘက်မှ လေကြောင်းတိုက်ခိုက်မှုများ စတင်လာခဲ့ပြီး ဒီဇင်ဘာလလယ်တွင် မြန်မာတပ်မတော်သားများ လဂျားယန်တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးခံထားရသည့် ဗီဒီယိုဖိုင်များ အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက်တွင် နှစ်ဖက်ပိုမိုတင်းမာလာသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် မြောက်ပိုင်းတိုင်း တိုင်းမှူးအကြောင်းကြားလာသော လဂျားယန်တွင် အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်ရန်ရှိသဖြင့် ကေအိုင်အေတပ်များ ရွှေ့ပေးရန် အကြောင်းကြားစာ ပို့အပြီးတွင် လိုင်ဇာမြို့အနီးတွင် တိုက်ပွဲများဖြစ်ပွားမှု စိပ်လာပြီး အတင်းမာဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)က နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်န၀ါရီ ၆ရက်က တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော
ပဋိပက္ခမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အဟန့်အတားတစ်ခုဖြစ်နေကြောင်းပြောသည်။ ရာစုနှစ်တစ်ဝက်ကျော် ပြည်တွင်းစစ်ဖြစ်ခဲ့၍ တိုင်းရင်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး သံသယအနည်းငယ်ကျန်ရှိနေသေးကြောင်း၊ နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေမှုအား စောင့်ကြည့်နေသူများအတွက် ကချင်ပြည်နယ်အရေးသည် သံသယဖြစ်ဖွယ်ဖြစ်လာနိုင်ကြောင်း ကေအင်န်ယူမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကေအင်န်ယူဥက္ကဋ္ဌ မူတူးစေးဖိုးကလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ကချင်ပြည်နယ် ပဋိပက္ခမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့က မည်သို့ကူညီပံ့ပိုးပေးရမည်ကို စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ ကချင်ပြည်နယ်တွင်း ဖြစ်နေသော တိုက်ပွဲများရပ်တန့်ရန်၊ လေကြောင်းဖြင့် တိုက်
ခိုက် ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် တိုက်တွန်းနေသော်လည်း လိုင်ဇာမြို့အနီးနှင့် ကချင်ပြည်နယ်တွင်း နေရာအတော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ ရက်မှစကာ ပြင်းထန်ခဲ့သော တိုက်ပွဲများသည် ၂၀၁၃ ဇန်န၀ါရီ ပထမပတ်ရောက်သည့်တိုင် လျော့နည်းသွားခြင်းမရှိဘဲ ဇန်န၀ါရီ ၅ ရက်မှစတင်ကာ လိုင်ဇာမြို့နှင့်နီးသော ကေအိုင်အေတပ်စွဲထားသည့် နေရာများ ကို ၁၂၀ ၊ ၁၀၅ မမ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေကြောင်း လိုင်ဇာဒေသခံများက ဖုန်းမှတစ်ဆင့်ပြောကြားသည်။

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ) သည်တမင်သက်သက် ထည့်သွင်းထားသည်ဟု ယူဆကြောင်းဒေါ်အောင်ဆန်းစုကြည်ဆို"

Photo: " ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ) သည်တမင်သက်သက် ထည့်သွင်းထားသည်ဟု ယူဆကြောင်းဒေါ်အောင်ဆန်းစုကြည်ဆို"

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)တွင်ပါဝင်သော အချက်သည် တမင်သက်သက် ထည့်သွင်းထာသည်ဟု ယူဆကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မ
မှန်လားမှာ အခြေခံပြီး လုပ်ရမှာ ၊ကိုယ်တစ်ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မှာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ
မရှိဘူး၊တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ်လို့ရိုးရိုးပဲပြောရမယ်၊အဲလို တမင်သက်သက် ထည့်တဲ့ ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မလုပ်သင့်တဲ့
ကိစ္စပဲ ၊ဒါ အန်တီ တစ်ယောက်ထဲအတွက် လုပ်နေတာမဟုတ်ဘူး၊ပေးလို့ရှိရင်တောင်မှ အန်တီသားတွေကို အန်တီလက်မခံခိုင်းပါဘူး၊မူအရ လက်မခံနိုင်ပါဘူး"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းပုဒ်မခွဲတွင်
"မိမိကိုယ်တိုင်သော် လည်းကောင်း ၊မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊မိမိ၏ ဇနီး (သို့) ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီးတစ်ဦး
ဦးသော်လည်းကောင်း၊ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်
ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ များမဖြစ်စေရ ၊ထိုသူများသည်နိုင်ငံခြား
အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ၊"ဟူ၍ ပြဌာန်းထားကြောင်းတွေ့ရသည်။ah/sn

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) ပါ ပုဒ်မ ၅၉ ၊ပုဒ်မခွဲ(စ)တွင်ပါဝင်သော အချက်သည် တမင်သက်သက် ထည့်သွင်းထာသည်ဟု ယူဆကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ခေတ္တရပ်နားချိန်တွင် သတင်းထောက်များကိုပြောကြားလိုက်သည်။
" ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အခြေခံ သဘောတရားဟာ မှန်လား မ
မှန်လားမှာ အခြေခံပြီး လုပ်ရမှာ ၊ကိုယ်တစ်ယောက်ထဲ အတွက် လုပ်ရမှာ မဟုတ်ဘူး၊ဒီကိစ္စဟာ တစ်ခါမှလည်း မြန်မှာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ
မရှိဘူး၊တမင်ထည့်ထားတာလို့ပဲ ..၊ဒီလိုပဲခံယူတယ်လို့ရိုးရိုးပဲပြောရမယ်၊အဲလို တမင်သက်သက် ထည့်တဲ့ ၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မလုပ်သင့်တဲ့
ကိစ္စပဲ ၊ဒါ အန်တီ တစ်ယောက်ထဲအတွက် လုပ်နေတာမဟုတ်ဘူး၊ပေးလို့ရှိရင်တောင်မှ အန်တီသားတွေကို အန်တီလက်မခံခိုင်းပါဘူး၊မူအရ လက်မခံနိုင်ပါဘူး"
ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

Photo: ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။

ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။

၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး

ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။

ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း ဈေးကွက်မှ သိရ သည်။
အိမ်စည်စိုးစံ၊ ရန်နိုင်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။

''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။

ဆယ်စုနှစ်တစ်ခုကျော်အတွင်း စစ်အသုံးစရိတ် ပထမဆုံးအကြိမ် တိုးမြှင့်ရန် ဂျပန်စီစဉ်

Photo: ဆယ်စုနှစ်တစ်ခုကျော်အတွင်း စစ်အသုံးစရိတ် ပထမဆုံးအကြိမ် တိုးမြှင့်ရန် ဂျပန်စီစဉ်

မကြာသေးမီက ရွေးကောက်ပွဲ အနိုင်ရထားသည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် ကာကွယ်ရေး အသုံးစရိတ်ကို ယန်းငွေ ဘီလျံ(၁၀၀) [ဒေါ်လာ (၁.၁၅)ဘီလျံမျှ] မြှင့်တင်သွားရန် တောင်းဆိုမည်ဟု ပါတီမှ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံသည် တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် အခြေအနေတွင် နိုင်ငံ၏ စစ်ရေး အသုံးစရိတ်ကို မြှင့်တင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ယခုနှစ်အတွက် ဘဏ္ဍာရေး အခြေအနေတွင် စစ်ဘက် အသုံးစရိတ်ကို ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ထင်သာမြင်သာ ပမာဏမျိုး တိုးမြှင့်ရန် ဂျပန်က ခြေလှမ်းပြင်နေသည်။ ဂျပန်နှင့် တရုတ်တို့သည် ကျွန်းပိုင်ဆိုင်မှု တစ်ခုအတွက် အကြိတ်အနယ် အငြင်းပွားနေဆဲ ဖြစ်ရာ အင်္ဂါနေ့က ယခုအစီအစဉ်ကို အစိုးရ ထိပ်သီးအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလာခဲ့သည်။ မကြာသေးမီက ရွေးကောက်ပွဲ အနိုင်ရထားသည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် ကာကွယ်ရေး အသုံးစရိတ်ကို ယန်းငွေ ဘီလျံ(၁၀၀) [ဒေါ်လာ (၁.၁၅)ဘီလျံမျှ] မြှင့်တင်သွားရန် တောင်းဆိုမည်ဟု ပါတီမှ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

ထိုငွေကြေး ပမာဏသည် လက်ရှိ ကာကွယ်ရေး အသုံးစရိတ်၏ (၂)ရာခိုင်နှုန်းမျှသာ ပိုမိုများပြားခြင်းဖြစ်ရာ အလွန်ပမာဏ မကြီးမားဟု ဆိုနိုင်သော်လည်း ကာကွယ်ရေးဘက်တွင် ဂျပန်၏ ပိုမိုအာရုံ စူးစိုက်လာမှုကို ထင်ဟပ်စေဖွယ် ရှိသည်။ တရုတ်ကမူ နိုင်ငံ၏ စစ်အသုံးစရိတ်ကို ပုံမှန်မြှင့်တင်နေကျ ဖြစ်သည်။ "ကာကွယ်ရေးဘက်မှာ အသုံးစရိတ် တိုးမြှင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ အထူးသဖြင့် ရေဒါစနစ်သစ် တစ်ခုမှာ သုတေသန ပြုလုပ်တဲ့အခါ မြုပ်နှံဖို့ပါ။ ပြီးတော့ အစောပိုင်း သတိပေး ကင်းထောက်လေယာဉ် စနစ်အတွက် လောင်စာနဲ့ ထိန်းသိမ်းမှု စရိတ်တွေ အတွက်လည်း ဖြစ်ပါတယ်"ဟု ပါတီမှ အရာရှိဖြစ်သူက ရှင်းပြခဲ့သည်။

တရုတ်နှင့် ဂျပန်တို့သည် လက်ရှိ ဂျပန်အစိုးရက ထိန်းချုပ်ထားသည့် ဆန်ကာကူခေါ် ကျွန်းစု (တရုတ်တို့က ဒိုင်အိုယူဟု အမည်ခေါ်ဝေါ်သည်)အား ပိုင်ဆိုင်ရေးအတွက် အပြင်းအထန် အငြင်းပွားနေဆဲ ဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအဘေးသည် အမျိုးသားရေး ဝါဒီတစ်ယောက်ဖြစ်ပြီး နယ်မြေအငြင်းပွားမှု ကိစ္စတွင် အတန်ငယ် တင်းမာသော သဘောထားမျိုးဖြင့် ချဉ်းကပ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မကြာသေးမီက ရွေးကောက်ပွဲ အနိုင်ရထားသည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် ကာကွယ်ရေး အသုံးစရိတ်ကို ယန်းငွေ ဘီလျံ(၁၀၀) [ဒေါ်လာ (၁.၁၅)ဘီလျံမျှ] မြှင့်တင်သွားရန် တောင်းဆိုမည်ဟု ပါတီမှ အရာရှိ တစ်ဦးက အတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံသည် တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် အခြေအနေတွင် နိုင်ငံ၏ စစ်ရေး အသုံးစရိတ်ကို မြှင့်တင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ယခုနှစ်အတွက် ဘဏ္ဍာရေး အခြေအနေတွင် စစ်ဘက် အသုံးစရိတ်ကို ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ထင်သာမြင်သာ ပမာဏမျိုး တိုးမြှင့်ရန် ဂျပန်က ခြေလှမ်းပြင်နေသည်။ ဂျပန်နှင့် တရုတ်တို့သည် ကျွန်းပိုင်ဆိုင်မှု တစ်ခုအတွက် အကြိတ်အနယ် အငြင်းပွားနေဆဲ ဖြစ်ရာ အင်္ဂါနေ့က ယခုအစီအစဉ်ကို အစိုးရ ထိပ်သီးအရာရှိ တစ်ဦးက ထုတ်ဖော် ပြောဆိုလာခဲ့သည်။

“အမေရိကန်သံတမန်အား သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးနိုင်ရန် ဆုငွေထုတ်”

Photo: “အမေရိကန်သံတမန်အား သတ်ဖြတ်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးနိုင်ရန် ဆုငွေထုတ်”

လွန်ခဲ့သည့် ၅ နှစ်က ဆူဒန်နိုင်ငံတွင် အမေရိကန် သံတမန်တစ်ဦးနှင့် ယာဉ်မောင်းတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေသူ နှစ်ဦးကို ဖမ်းဆီးနိုင်ရန် သတင်းအချက်အလက် ပေးနိုင်ပါက ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာသည်။

အဗ္ဗဒဲလ်ဘဆစ် အယ်လ်ဟတ်ဂ်ျ အယ်လ်ဟတ်ဆန် ဟတ်ဂ်ျ ဟာမက်ဒ်နှင့် မိုဟာမက် မက်ခဝီ အီဗရာဟမ် မိုဟာမက်တို့ နှစ်ဦးအား ကမ္ဘာ့အကြမ်းဖက်သမား စာရင်းတွင် ထည့်သွင်းထားပြီး ဆုငွေထုတ်လိုက်ခြင်း ဖြစ်သည်။ 

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
လွန်ခဲ့သည့် ၅ နှစ်က ဆူဒန်နိုင်ငံတွင် အမေရိကန် သံတမန်တစ်ဦးနှင့် ယာဉ်မောင်းတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေသူ နှစ်ဦးကို ဖမ်းဆီးနိုင်ရန် သတင်းအချက်အလက် ပေးနိုင်ပါက ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာသည်။

အဗ္ဗဒဲလ်ဘဆစ် အယ်လ်ဟတ်ဂ်ျ အယ်လ်ဟတ်ဆန် ဟတ်ဂ်ျ ဟာမက်ဒ်နှင့် မိုဟာမက် မက်ခဝီ အီဗရာဟမ် မိုဟာမက်တို့ နှစ်ဦးအား ကမ္ဘာ့အကြမ်းဖက်သမား စာရင်းတွင် ထည့်သွင်းထားပြီး ဆုငွေထုတ်လိုက်ခြင်း ဖြစ်သည်။

  Planet Myanmar Network

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ

Photo: ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ 	

Wednesday, 09 January 2013 13:40

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင်အတွင်း ပြင်ဆင်မှုများအပြင် ၀ယ်ယူသူများကို ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ပြင်ဆင်ထားလျက်ရှိပြီး  One Stop Service  ဖြင့် ရောင်းချနိုင်ရန် အတွက်ကိုပါ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင်က ''ဆက်သွယ်ရေးဖုန်းတွေ ဈေးလျော့ပေးမယ် ဆိုတာတော့ ကြားပြီးပါပြီ။ ဒါက အရင်လိုပါပဲ ဈေးကျမယ်ဆိုတာနဲ့ ဆိုင်တိုင်းကတော့ အပြင်အဆင်တွေရော၊ ၀န်ဆောင်မှုပိုင်းရော၊ အကုန်လုံးကို ပြင်ဆင်လာကြပါတယ်။ နှစ်သိန်း ဈေးကျတုန်းကတော့ တော်တော်ရောင်းရတယ်။ ဟန်းဆက်တွေရော ဖုန်းကတ်တွေရော ရောင်းရတယ်။အခုလည်း ရောင်းရမယ်လို့တော့ ထင်ပါတယ်။ ဆိုင်မှာကတော့ ၀န်ထမ်းအင်အားရော ပစ္စည်းပိုင်းကိုပါ ဖြည့်ထားပါတယ်'' ဟုပြောသည်။ 

Today Mobile အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုနေလင်းထွန်းက ''ဈေး ကျမယ်ဆိုတော့ ဆိုင်တိုင်းက ပြင်ဆင်မှုတွေရှိပါတယ်။ တချို့ဝယ်တဲ့သူတွေဆိုရင် အခုကတည်းက ဟန်းဆက်တွေကို ကြိုတင်ပြီးတော့ ၀ယ်ကြတာတွေ ရှိပါတယ်။ အခုက တစ်သိန်းဝန်းကျင်ဆိုတော့ ဖုန်းတွေကို အမြင့်တွေပဲ ၀ယ်ကြတာများမယ် ထင်ပါတယ်။ ငါးသိန်းတုန်းကတောင် ၀ယ်ကြတာပဲ၊ အခုက တစ်သိန်းဆိုတော့ ပိုတောင်ဝယ်ကြမယ်လို့ ထင်ပါတယ်'' ဟု ပြောပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များ၏ ဈေးနှုန်းများကို ၂၀၀၉ ခုနှစ်တွင် ငွေကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ငွေကျပ်နှစ်သိန်းဖြင့် ရောင်းချပေးခဲ့ကာ ယခု ၂၀၁၃ ခုနှစ်တွင် မိုဘိုင်း ဆင်းမ်ကတ်များ ဈေးနှုန်းများကို တစ်သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Wednesday, 09 January 2013 13:40

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင်အတွင်း ပြင်ဆင်မှုများအပြင် ၀ယ်ယူသူများကို ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ပြင်ဆင်ထားလျက်ရှိပြီး One Stop Service ဖြင့် ရောင်းချနိုင်ရန် အတွက်ကိုပါ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း

Photo: ၂၀၃၆ တွင် ဥက္ကာခဲကြီးတစ်ခု ကမ္ဘာဝင်တိုက်မည်ဟု နာဆာတို့ ခန့်မှန်း

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။

ရှေးအခါ အီဂျစ် နက္ခတ်ပညာရှင်များ ပေးထားတဲ့ အမည်ရ Apphis လို့ ခေါ်ဆိုပြီး မှောင်လောကနဲ့ မရဏ တရားတို့ရဲ့  ဘုရားသခင်လို့ မှတ်ယူ ထားပါတယ်။ ဒါကြောင့် Apophis ဟာ တကယ်ပဲ ကမ္ဘာဖျက်မယ့် ဥက္ကာခဲ/ ဂြိုလ်သိမ်ဂြိုလ်မွားကြီး တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

အီဂျစ် နက္ခတ်ပညာအရရော၊ ယနေ့ နာဆာနဲ့ ခေတ်မှီနည်းပညာ အရရော ထောက်လှမ်းမှုက လာမယ့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာကို ဥက္ကာခဲ ဝင်တိုက်မယ်ဆိုတာ သေချာ ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် ယင်း ကပ်ဘေးကို ဘယ်လိုရှောင်တိမ်းမယ်ဆိုတာကို နာဆာတို့ အစည်းအဝေး ထိုင် ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ လန်ဒန်အခြေဆိုက် Near Earth Objects (ကမ္ဘာနှင့်နီးစပ်သော အရာဝတ္ထုများ) စောင့်ကြည့်ရေး အဖွဲ့ကလည်း ယင်းဥက္ကာခဲဟာ ကမ္ဘာကို တိုက်နိုင်ချေ ရှိမရှိ ပြန်လည် တွက်ချက်နေပါတယ်။ အကယ်၍ တိုက်ရင်တောင် ကမ္ဘာ့လေထုကြောင့် အားလျော့ပြီး ပျက်ပြယ်သွားနိုင်မနိုင်ဆိုတာတွေကိုလည်း အဖြေရှာနေပါတယ်။

မဖြစ်မနေ ကြုံတွေ့ရမယ်ဆိုရင်တောင် ယင်းကပ်ဘေးအတွက် ကမ္ဘာ့ထိပ်တန်း အာကာသ ခရီးသွားနိုင်ငံများ ပူးပေါင်းလို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။
---
Ref: guardian.co.uk
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9717.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

၂၀၃၆ ဆိုတော့ လာမယ့် ၂၃ နှစ်တာ ကာလမှာ ဖြစ်ပါတယ်။ အမေရိကန် အာကာသ လေ့လေ့ရေး သုတေသနဌာန NASA မှ ထုတ်ပြန်တဲ့ ခန့်မှန်း ချက် ဖြစ်ပါတယ်။ ယင်းခန့်မှန်းချက်အရ Apophis အမည်ရ ဥက္ကာခဲ ကြီး တစ်ခု ကမ္ဘာဝင်တိုက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မီတာ ၃၀၀ (ပေ ၉၈၀ကျော်) လောက် ဗျက်အကျယ်ရှိတဲ့ ဥက္ကာခဲ ဖြစ်ပြီး ယင်း ပေါက်ကွဲမှုကြောင့် ဟီရိုရှီးမားမြို့ မှာ ကွဲတဲ့ နျူကလိယဗုံးထက် အဆ ပေါင်း တစ်သန်းမက ပြင်းအား ရှိကြောင်း သိရပါတယ်။ ဒီတော့ ကမ္ဘာကြီး တစ်ခုလုံးကို ရိုက်ခတ်သွားနိုင်တဲ့ ကပ်ဘေး တစ်ခု ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းတွင် စပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည် ယူဆရသော သေတ္တာများ တူးဖော်တွေ့ရှိ

Photo: မြစ်ကြီးနားမြို့ရှိ လေတပ်ဝင်းတွင် စပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်
ယူဆရသော သေတ္တာများ တူးဖော်တွေ့ရှိ

ရန်ကုန်၊ ဇန်န၀ါရီ-၉

ဒုတိယကမ္ဘာစစ်လက်ကျန် Spitfire (စပစ်ဖိုင်းယား) တိုက်လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသော
သေတ္တာများကို မြစ်ကြီးနားမြို့၊ လေတပ်ဝင်းအတွင်း စတင်တွေ့ရှိပြီဖြစ်ကြောင်း တိုက်လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်းသော ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ရွှေတောင်ပေါ်အုပ်စုကုမ္ပဏီလီမိတက် တာဝန်ရှိသူများက ပြောသည်။
မြန်မာဘူမိဗေဒပညာရှင် ဦးစိုးသိမ်းနှင့်အဖွဲ့က လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ မြစ်ကြီးနားမြို့သို့ သွားရောက် စူးစမ်းရှာဖွေခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသော သေတ္တာများကို ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ္စည်းများ ကနဦး စူးစမ်းရှာဖွေမှုတွင် မြေအောက်အနက်ပေ ၃၀ ထိ တူးဖော်ပြီးနောက် တွေ့ရှိခြင်းဖြစ်ပြီး အမြန်ဆုံးဆက်လက်
တူးဖော်သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထူးထူးဇော်က ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တိုက်လေယာဉ်တူးဖော်ရေး ဗြိတိသျှအဖွဲ့ ခေါင်းဆောင်ဒေးဗစ်ကမ်ဒယ်က တွေ့ရှိထားသည့် ပစ္စည်းများသည်လူဖန်တီးထားသော အရာဝတ္ထုများဖြစ်ပြီး တိုက်လေယာဉ်အစိတ်အပိုင်းများဖြစ်လိမ့်မည်ဟု ယုံကြည်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များအား ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် မြှုပ်နှံထားသော တိုက်လေယာဉ်များကို ဇန်န၀ါရီလ ၆ ရက် (ယနေ့)မှ စတင်၍ အနက်ပေ ၄၀ ထိ တူးဖော်ရှာဖွေသွားမည်ဖြစ်ပြီး လေယာဉ်တူးဖော်ရှာဖွေမည့် နေရာများမှာ လူနေအိမ်များနှင့် ကင်းလွတ်ကြောင်း ဦးထူးထူးဇော်က ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်း အသုံးမပြုရသေးဘဲ မြှုပ်နှံခဲ့သော တိုက်လေယာဉ်များအား ၁၉၉၈ ခုနှစ်တွင် မစ္စတာဒေးဗစ်ကမ်ဒယ်က ပထမဆုံးကြိမ်၊ ၁၉၉၉ ခုနှစ်တွင် အစ္စရေးအဖွဲ့က ဒုတိယအကြိမ်၊ ၂၀၀၄ ခုနှစ်တွင် စင်ကာပူအဖွဲ့က တတိယအကြိမ်နှင့် ယခုအခါ စတုတ္ထအကြိမ်အနေဖြင့် မစ္စတာဒေးဗစ်ကမ်ဒယ်နှင့် ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက်တို့က မင်္ဂလာဒုံ(ရန်ကုန်)၊ မြစ်ကြီးနားနှင့် မိထ္တီလာမြို့တို့ရှိ တိုက်လေယာဉ်အစီး ၆၀ အား ရှာဖွေတူးဖော်မှုများ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ-ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ရန်ကုန်၊ ဇန်န၀ါရီ-၉

ဒုတိယကမ္ဘာစစ်လက်ကျန် Spitfire (စပစ်ဖိုင်းယား) တိုက်လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသေ
သေတ္တာများကို မြစ်ကြီးနားမြို့၊ လေတပ်ဝင်းအတွင်း စတင်တွေ့ရှိပြီဖြစ်ကြောင်း တိုက်လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်းသော ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ရွှေတောင်ပေါ်အုပ်စုကုမ္ပဏီလီမိတက် တာဝန်ရှိသူများက ပြောသည်။
မြန်မာဘူမိဗေဒပညာရှင် ဦးစိုးသိမ်းနှင့်အဖွဲ့က လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ မြစ်ကြီးနားမြို့သို့ သွားရောက် စူးစမ်းရှာဖွေခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဟု ယူဆရသော သေတ္တာများကို ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပစ္စည်းများ ကနဦး စူးစမ်းရှာဖွေမှုတွင် မြေအောက်အနက်ပေ ၃၀ ထိ တူးဖော်ပြီးနောက် တွေ့ရှိခြင်းဖြစ်ပြီး အမြန်ဆုံးဆက်လက်
တူးဖော်သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထူးထူးဇော်က ပြောသည်။

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

Photo: လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

အောက်ပါလခ့်မှာ Hankook ရဲ့  Airless တာယာ ဗီဒီယိုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/7Zu7GVfx6Ng

International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_9.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

"တစ်လ ကျပ်တစ်သိန်း ပေးသွင်းရုံဖြင့် ပိုင်ဆိုင်ခွင့်ရမည့် အရစ်ကျအိမ်ရာ မြို့ကြီးများတွင် တည်ဆောက်မည်"

ရန်ကုန်၊ ဇန်နဝါရီ ၇

အနှစ် ၂ဝ အရစ်ကျပေးသွင်းရုံဖြင့် အလုပ်သမားများ အိမ်ပိုင်ဆိုင်နိုင်မည့် စီမံကိန်းကို ရန်ကုန်၊ မန္တလေး၊ ပုသိမ် စသောမြို့များတွင် အကောင်အထည် ဖော်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
''အဲဒီ စီမံကိန်းတွေကို ၂ဝ၁၅ မတိုင်မီ တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်သွားမယ်''ဟုအထက်ပါပုဂ္ဂိုလ်က ဆိုသည်။
လက်ရှိတွင် ဖေဖော်ဝါရီမှ စတင်ကာ ရန်ကုန်သာကေတရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်း နယ်မြေ တွင် ၁၈ထပ် တိုက် ၆၄ လုံး၊ အခန်းပေါင်း ၁၇၄ဝဝ ခန့် ပါဝင်သော စီမံကိန်းကို ပြည်တွင်းကုမ္ပဏီ ၂ဝ အား စတင်တည်ဆောက် စေမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
''အစိုးရက မြေအလကားပေး မှာပေါ့ဗျာ၊ ဒါပြီးရင် လမ်း ၅ဝ တို့၊ အရင် လင့်လမ်းတို့မှာရှိတဲ့ အိမ်အို၊ အိမ်ဟောင်းတွေမှာလည်း ညှိနှိုင်းပြီး အထပ် မြင့်ဆောက်မယ်။ ပြီး ရင် ဒါတွေမှာလည်း အရစ်ကျ ဝယ်ယူနိုင်ဖို့ လုပ်သွား မယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ငါ့အမတ် စာကျက်နေတယ်...

Related Posts Plugin for WordPress, Blogger...

ShareThis