menu

Thursday 11 July 2013

ပိုပြီထင်လို့


ဝလုံးလေးကို ၀ိုင်းဝိုင်းရေးမယ်(ရေးသားသူ- ထားထားမြင့်)

Photo: ၀လုံးလေးကို ၀ိုင်းဝိုင်းရေးမယ်
----------------------------------
ရေးသားသူ- ထားထားမြင့်

ရှားရှားပါးပါး မနည်းလိုက်ရှာဝယ်ထားရသော လေးကြောင်းမျဉ်းစာအုပ်ပေါ်မှာ ဂျက်ဆီကာက ၀လုံးများကို ဂရုတစိုက်ရေးနေပါသည်။ ၀ိုင်းစက်နေသော မြန်မာအက္ခရာများကို လှလှပပရေးနိုင်ရန် ၀လုံးကို သေချာရေးတတ်ဖို့လိုပြီး လေးကြောင်းမျဉ်းနှင့်ရေးမှ လက်ရေးပိုလှမည်ဟု ဂျက်ဆီကာ၏ မြန်မာစာဆရာမက ပြောထားသည့်အတွက်ဖြစ်သည်။

“ဒီစာလုံးလေးတွေကို ကျင့်နေတာမြင်ရင် သူငယ်ချင်းတွေက ဘာလဲလို့ မေးကြတယ်။ အဲဒီက ၀ိုင်းဝိုင်းလုံးလေးတစ်လုံးရယ် ဆီမီးကော်လံလို အစက်ကလေးနှစ်စက်က စကားတစ်လုံးရဲ့အဓိပ္ပာယ်ကို ရှင်းပြလိုက်မှ သူတို့အံ့သြသွားတယ်။ ဒီလိုဘာသာစကား တစ်ခုကိုသင်ရတာ ကျွန်မတော့ ဂုဏ်ယူတယ်”

မြန်မာစာကို ခြောက်လသင်ပြီး မြန်မာစကားကို အတော်အတန်နားလည်နေသော ဂျက်ဆီကာကရှင်းပြပါသည်။ ဂျက်ဆီကာက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိဘာသာစကားကျောင်းတစ်ခုမှာမြန်မာစာသင်ကြားနေတာ တစ်ပတ်တောင်မပြည့်သေးပါ။

မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေပြောင်းလဲလာပြီး ကမ္ဘာမှာ မြန်မာနိုင်ငံက တစ်ခေတ်ဆန်းချိန်မှာ နိုင်ငံတကာမှာ ဂျက်ဆီကာကဲ့သို့ မြန်မာစာသင်ကြားသူအရေအတွက်က မသိမသာမြင့်တက်လာသည်။  အထူးသဖြင့် မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်ရန် စီးပွားရေးအကျိုးတူပူးပေါင်းရန် စိုင်းပြင်းနေသည့် အမေရိကန်ပြည်ထောင်စုလိုနိုင်ငံမျိုးမှာဖြစ်သည်။

မြန်မာနိုင်ငံကိုအကြောင်းအမျိုးမျိုးနှင့် မကြာခဏရေရှည်ဆက်ဆံပတ်သက်ရမည့်သူများက မြန်မာစကားကို အခြေခံတော့ သင်ယူချင်ကြသည်။ အင်္ဂလိပ်စကားပြောတတ်လျှင် မြန်မာနိုင်ငံမှာ အလုပ်ဖြစ်သော်လည်း နိုင်ငံ၏အောက်ခြေယဉ်ကျေးမှုကို ထဲထဲဝင်ဝင်သိရန်အတွက် မြန်မာစကားပြောကို အခြေခံတော့သိချင်ကြသည်။ မြို့ပေါ်က ပညာတတ်မြန်မာများနှင့်သာမက ကျေးလက်ကအင်္ဂလိပ်စာမတတ်သော မြန်မာလူမျိုးများနှင့်ပါ သူတို့က ရင်းရင်းနှီးနှီးပြောချင်၊ ဆက်ဆံချင်သည်။  ရေးတတ်၊ ဖတ်တတ်၊ သိရန်အတွက် မြန်မာစာကို သင်ချင်ကြသည်။

အမေရိကန်နှင့်မြန်မာဆက်ဆံရေး ရွှေလမ်းငွေလမ်းဖောက်လုပ်သည့်အချိန်ကစပြီး မြို့တော်ဝါရှင်တန်ဒီစီနှင့် အမေရိကန်မြို့ကြီး အတော်များများက ဘာသာစကားသင်တန်းကျောင်းများမှာ မြန်မာစာဆရာကို အလုပ်လျှောက်လွှာတွေထဲမှာ ထည့်သွင်းလာ
ကြသည်။ သို့သော် အမေရိကန်နိုင်ငံက ဘာသာစကားသင်တန်းကျောင်းတစ်ခုမှာ မြန်မာစာ ဆရာဖြစ်ဖို့က မလွယ်ကူပါ။ အမေရိကမှာ မြန်မာလူဦးရေ အတော်များနေပြီဖြစ်သော်လည်း မြန်မာစာဆရာ အရေအတွက်က နည်းပါးပါသည်။ အဘယ်ကြောင့်ဆိုသော်
အမေရိကမှာ မြန်မာစာသင်ကြားသူတစ်ယောက်ဖြစ်ရန် ဘာသာစကားသင်တန်းကျောင်းများက သတ်မှတ်ထားသော အရည်အချင်းက အကန့်အသတ်ရှိသည့်အတွက်ဖြစ်ပါသည်။

“မြန်မာစာကို မဟာဘွဲ့ရသူမှ လိုချင်တယ်။ မြန်မာစာမဟာဘွဲ့အပြင် စာကိုသေချာရှင်းပြနိုင်ဖို့ မြန်မာစာကို အင်္ဂလိပ်စကားသုံးပြီး အသေအချာရှင်းပြဖို့လည်း အင်္ဂလိပ်စာလည်း ကောင်းရဦးမယ်။
ပြီးတော့ သင်ကြားရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိမှလည်း အလုပ်ခန့်တယ်။ ပြီးတော့ မြန်မာကျောင်းမှာ သင်ရသလိုမဟုတ်ဘူး။ ကျောင်းသားက လက်ခံလာအောင် ဟာသ၊ ဗဟုသုတအရွှန်းဖောက်ပြီး သင်တတ်ရတယ်။ နို့မို ကျောင်းသားတွေက မကြိုက်ရင် ချက်ချင်းအလုပ်ဖြုတ်ပစ်လိုက်တာလေ” ဟု ၀ါရှင်တန်ဒီစီရှိ ဘာသာစကားသင်တန်းကျောင်းတစ်ခုမှ မြန်မာစာဆရာတစ်ဦးကပြော
ကြားသည်။

ထို့အပြင် မြန်မာစာဆရာတစ်ဦးဖြစ်ရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့်ကတ် (သို့မဟုတ်) နိုင်ငံသားဖြစ်မှသာ ထိုအလုပ်များကို လျှောက်ထားခွင့်ရှိပါသည်။ ထို့ကြောင့် တစ်နာရီလျှင် ဒေါ်လာ ၃၀ နီးပါးမျှရသည့် ၀င်ငွေကောင်းအလုပ်တစ်ခုဖြစ်သော မြန်မာစာဆရာအလုပ်ကို လုပ်ကိုင်သူအရေအတွက်နည်းပါးသည်။

မြန်မာစာသင်ကြားသူနည်းသလို မြန်မာစာသင်ကြားရေးတွင် အသုံးပြုနေသော သင်ကြားရေးဆိုင်ရာ အထောက်အကူစာအုပ် စာတမ်းကလည်း သိပ်မရှိလှပါ။ မြန်မာကျောင်းတွေမှာသုံးသည့် မြန်မာစာသင်ရိုးညွှန်းတမ်းက မြန်မာနိုင်ငံက မူလတန်းကျောင်းများမှာ ကလေးများကို သင်ကြားသည့် သင်ရိုးညွှန်းတမ်းကိုသုံးပြီး သင်ကြားလို့မရပါ။ ပညာနှင့်ဉာဏ်ရည်ထက်မြက်ပြီးသား ဘာသာစကားတစ်ခုကို အချိန်တိုအတွင်း သင်ကြားလိုသည့်နိုင်ငံခြား ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းစာအုပ် ရှားပါးလှကြောင်း မြန်မာစာသင်ကြားနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော မိုက်ခ်က ညည်းညူပြောကြားပါသည်။

“မြန်မာစာကျောင်းသားတစ်ယောက်အနေနဲ့ အကြီးမားဆုံး အခက်အခဲကတော့ စာအုပ်စာတမ်းကောင်းကောင်းမရှိတာဘဲ။ အထူးသဖြင့် သဒ္ဒါသင်ရင်ပိုဆိုးတယ်။ တခြားဘာသာစကားတွေ ကျွန်တော်သင်တုန်းက စကားပြောတွေ၊ သဒ္ဒါတွေသင်ဖို့ စာအုပ်အစုံရှိတယ်။ အခုလောလောဆယ်မှာတော့ မြန်မာစာသင်ဖို့သုံးနေတဲ့ စာအုပ်က ဂျင်းမက်ရှာရဲ့ စာအုပ်ပဲ။ သူကလည်း အခြေခံအဆင့်ပဲရှိတယ်”

ဝါရှင်တန်ဒီစီရှိ ဘာသာစကားသင်တန်းကျောင်းများမှ မြန်မာစာဆရာများက ကိုယ်ပိုင်ရှာဖွေပြုစုထားသော သင်ရိုးညွှန်းတမ်းများနှင့်သာ သင်ကြားနေစမြဲဖြစ်သည်။ များသောအားဖြင့် အစိုးရ၀န်ထမ်းများ အခြေစိုက်ရာ ၀ါရှင်တန်ဒီစီမှာ မြန်မာစာသင်ကြားသူ ကျောင်းသားများက အစိုးရ၀န်ထမ်းများဖြစ်ကြပြီး မြန်မာနိုင်ငံကို အလုပ်တာဝန်ဖြင့် ဆောင်ရွက်ပတ်သက်ရန်အတွက် မြန်မာစာကို သင်ကြားသူများပါသည်။ ထို့ကြောင့် အများစုက ခြောက်လ၊ တစ်နှစ်အချိန်တိုအတွင်းမှာ တစ်နေ့ကို ခြောက်နာရီနှုန်းဖြင့် မြန်မာစာကို အမြန်ဆုံးတတ်ချင်သူတွေများသည်။

အမေရိကန်မက္ကဆီကန်တစ်ဦးဖြစ်သော အော်စကာက သူ၏မိခင်ဘာသာစကားဖြစ်သော စပိန်ဘာသာမှာ မြန်မာဘာသာလိုပင်
အင်္ဂလိပ်ဘာသာနှင့် သဒ္ဒါပုံစံကွဲလွဲတာချင်းတူသဖြင့် သင်ရသည်မှာလွယ်ကူသည် ဟုဆိုသည်။

“အက္ခရာတွေကို သင်ရတာကတော့ အစမှာ မနည်းလိုက်ရတယ်။ ဒါပေမဲ့ အဲဒါတွေကိုရသွားတော့ သင်လို့သုံးလအကြာမှာ မြန်မာစာကို ကောင်းကောင်းဖတ်နိုင်လာတယ်။ စကားလုံးအတော်များများက အဓိပ္ပာယ်ရှိတဲ့ စာလုံးနှစ်လုံးပေါင်းတာတွေများတော့ မှတ်မိလွယ်တယ်။ ရုပ်ရှင်လိုမျိုးပေါ့။ ရုပ်နဲ့ ရှင်တာလို စကားနှစ်လုံးကို ပေါင်းထားတာ။  ၀င်ကွန်ဆင်ပြည်နယ်သား မိုက်ခ်အတွက်မူ “ချစ်တယ်၊ ခြစ်တယ်” စသောအသံခပ်ဆင်ဆင်တူသောစကားလုံးများက မြန်မာစာသင်ရာမှာ အခက်ခဲဆုံးဖြစ်ပြီး ထိုစကားလုံးများအတွက် နောက်ကအဓိပ္ပာယ်နှင့် ဆက်စပ်မှုကိုသာစဉ်းစားပြီး နားလည်ရသည်ဟု ရှင်းပြပါသည်။

မြန်မာနိုင်ငံနှင့်ဆက်စပ်ပတ်သက်သော အလုပ်အကိုင်များကြောင့် မြန်မာစာကို သင်ကြားရသူများသော်လည်း လေ့လာသင်ယူရင်းနှင့်မှ မြန်မာစာကို သင်ယူရင်းနှင့် လှပသောထူးခြားခမ်းနားသောယဉ်ကျေးမှုများကို တီးခေါက်မိပြီး သင်ကြားရသည်မှာ ပိုစိတ်ဝင်စားလာသည်ဟု မြန်မာစာကျောင်းသားများကဆိုပါသည်။

အမေရိကရှိ ဘာသာစကားသင်တန်းကျောင်းများမှာ ဘာသာစကားသင်ကြားရသည်ဆိုသော်လည်း အမေရိကန်ကျောင်းသားအများစုနှင့် သိပ်မရင်းနှီးသေးသော နိုင်ငံတစ်ခုဖြစ်သည့်အတွက် မြန်မာစာဆရာများက ကျောင်းသားများကို ယဉ်ကျေးမှုဓလေ့များကိုလည်း ဘာသာစကားသင်ရင်း ထည့်သွင်းသင်ကြားရလေ့ရှိပါသည်။ မြန်မာ့ရိုးရာဓလေ့ထုံးစံများအတိုင်း နေ့နံအလိုက် နာမည်ပေးခြင်း စသောယဉ်ကျေးမှုများကို မြန်မာစာသင်ယူသူများက အထူးစိတ်ဝင်စားပြီး သူတို့နာမည်များကိုလည်း မြန်မာများကဲ့သို့ နေ့သင့်နံသင့်မှည့်ထားကြပါသည်။ တနင်္ဂနွေသမီးဖြစ်သည့်အတွက် သူ့ကိုယ်သူ မြန်မာနာမည် အေးအေးအောင်ဟု နာမည်ပေးထားသူ ဂျက်ဆီကာက “မြန်မာစာက ရှေးကျပြီး ပြိုင်စံကင်းတဲ့ဘာသာစကားတစ်ခုပါ။ မြန်မာလို လှပတဲ့နိုင်ငံတစ်ခုက နိုင်ငံတကာကို ကြိုဆိုနေတဲ့ အချိန်မှာ မြန်မာပြည်ကိုသွားဖို့ မြန်မာစကားသင်ရတာဂုဏ်ယူတယ်။  ပြီးတော့ စာသင်ကြားရင်းနဲ့ ဗုဒ္ဓဘာသာ တရားတော်တွေက ဒီဘာသာစကားမှာ အမြောက်အမြားရှိနေတာကိုသိရတော့ ပိုဂုဏ်ယူတယ်”

ဂျက်ဆီကာလို လူမျိုးတွေရှိနေသရွေ့ ၀ါရှင်တန်ဒီစီက ဘာသာစကားသင်တန်းကျောင်းများမှာ ၀လုံးရေးနည်းသင်ခန်းစာများက ပိုမိုမြိုင်ဆိုင်လာနေဦးမည်သာ။
ရှားရှားပါးပါး မနည်းလိုက်ရှာဝယ်ထားရသော လေးကြောင်းမျဉ်းစာအုပ်ပေါ်မှာ ဂျက်ဆီကာက ၀လုံးများကို ဂရုတစိုက်ရေးနေပါသည်။ ၀ိုင်းစက်နေသော မြန်မာအက္ခရာများကို လှလှပပရေးနိုင်ရန် ၀လုံးကို သေချာရေးတတ်ဖို့လိုပြီး လေးကြောင်းမျဉ်းနှင့်ရေးမှ လက်ရေးပိုလှမည်ဟု ဂျက်ဆီကာ၏ မြန်မာစာဆရာမက ပြောထားသည့်အတွက်ဖြစ်သည်။

“ဒီစာလုံးလေးတွေကို ကျင့်နေတာမြင်ရင် သူငယ်ချင်းတွေက ဘာလဲလို့ မေးကြတယ်။ အဲဒီက ၀ိုင်းဝိုင်းလုံးလေးတစ်လုံးရယ် ဆီမီးကော်လံလို အစက်ကလေးနှစ်စက်က စကားတစ်လုံးရဲ့အဓိပ္ပာယ်ကို ရှင်းပြလိုက်မှ သူတို့အံ့သြသွားတယ်။ ဒီလိုဘာသာစကား တစ်ခုကိုသင်ရတာ ကျွန်မတော့ ဂုဏ်ယူတယ်”

မြန်မာစာကို ခြောက်လသင်ပြီး မြန်မာစကားကို အတော်အတန်နားလည်နေသော ဂျက်ဆီကာကရှင်းပြပါသည်။ ဂျက်ဆီကာက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိဘာသာစကားကျောင်းတစ်ခုမှာမြန်မာစာသင်ကြားနေတာ တစ်ပတ်တောင်မပြည့်သေးပါ။

သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ (ရေးသားသူ- ထွန်းခိုင်)

Photo: သခွတ်ပင်ရွာမှ အမေ့လျော့ခံလူစွမ်းကောင်းများ 
-------------------------------
ရေးသားသူ- ထွန်းခိုင်

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

သူ၏လှေငယ်သည် နန်းတော်ငူဟုခေါ်တွင်သည့် ချောင်းဝသို့ရောက်လာသောအခါတွင် မျက်နှာစိမ်းလူနှစ်ယောက်မှာ ကမ်းစပ်တွင်ထိုင်နေရာမှ ကြောက်လန့်တကြီးဖြင့် ချုံပုတ်ထဲသို့ ပြေးဝင်သွားခဲ့သည်။

ပိုက်တားနေစဉ်တွင် အဆိုပါမျက်နှာစိမ်းနှစ်ဦးချုံပုတ်ထဲမှ ပြန်ထွက်လာပြီး လှေနံရံကိုကိုင်ကာ သူနေထိုင်ရာသခွတ်ပင်ရွာသို့ ပို့ပေးရန် သူတစ်ခါမှမကြားဖူးလေသော ဘာသာစကားတစ်ခုဖြင့်ပြောသည်။

မျက်နှာစိမ်းများကိုကူညီရန်အတွက် သူ၏အတွေးထဲတွင် တွေဝေမှုများဖြင့် ပြည့်နေခဲ့သည်။

ဧည့်သည်နှစ်ဦး၏ ရုပ်ပုံမှာ တရုတ်မျက်နှာပေါက်ဖြစ်နေပြီး သူတစ်ခါမှမကြားဖူးသော ဘာ သာစကားကြောင့် ၄င်းတို့မှာ သင်္ဘောပျက်ကာ ပင်လယ်ဝရှိ သူတို့ရွာနားရောက်လာသူများလားဟု သူတွေးမိသည်ဟုဆိုသည်။ သို့သော်လည်း ပုဆိုးကိုယ်စီဝတ်ထားသော ထိုနှစ်ဦးကြောင့် ရေမျောကမ်းတင်တွေများလားဟူသော အတွေးသည်လည်းေ၀၀ါးခဲ့ရသည်။

မျက်နှာစိမ်းနှစ်ဦး၏ သွင်ပြင်လက္ခဏာမှာ သူ့အဖို့ ထူးဆန်းနေခဲ့သည်။ နှစ်ယောက်စလုံးက ဧရာမလွယ်အိတ်ကြီးများ ကိုယ်စီလွယ်ထားကြပြီး အိတ်ထဲသို့လည်း လက်တစ်ဖက်စီအမြဲတမ်း ထည့်ထားကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ကိုစိုးငြိမ်းနှင့် နောက်ထပ်ရောက်လာသော ရွာမှအဖော်တစ်ဦးတို့သည် ဧည့်သည်နှစ်ဦးအားလှေပေါ်ခေါ် တင်လာရန် ဆုံးဖြတ်လိုက်ကြသည်။ ပဟေဠိဆန်သောဧည့်သည်နှစ်ဦး လှေပေါ်သို့ စတက်သည်နှင့် သူ့ထံသို့နောက်ထပ် အတွေးတစ်ခု ထပ်မံရောက်လာရန်အကြောင်းဖန်လာ
ခဲ့သည်။ ထိုအတွေးတစ်ခုကား မြန်မာ့အသံမှ အဆက်မပြတ်ကြေညာနေသော လွတ်မြောက်နေသေးသည့် အာဇာနည်ကုန်းဗုံးခွဲနေသူ များအကြောင်းပင်။

သာမန်အချိန်တွင် နေ့လယ်ခေတ္တနားလေ့ရှိသော မြန်မာ့အသံသည် အခုတစ်လော မရပ်မနားထုတ်လွှင့်နေသည်။ ရေဒီယိုမှထုတ်လွှင့်သည့် တောင်ကိုရီးယားခေါင်းဆောင်ချန်ဒူးဝှမ်နှင့် ၄င်း၏အစိုးရအဖွဲ့ သွားရောက်မည့် အာဇာနည်ကုန်းတွင် အောက်တိုဘာ ၉ ရက်က ချိန်ကိုက်ဗုံးပေါက်ကွဲသည့် သတင်းသည် သခွတ်ပင်ရွာသား၏နားထဲတွင်စွဲနေသည်။ ထိုပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယား အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများလည်း အပါအ၀င်ဖြစ်သည်။

ဧည့်သည်နှစ်ဦးမှာ နားလည်ရခက်ပြီး လျှို့ဝှက်လွန်းသောကြောင့် ပထမအတွေးများထက် ဖောက်ခွဲရေးသမားများ ဖြစ်နိုင်သည်ဆိုသော သူ့အတွေးမှာ ပိုမိုခိုင်မာလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် လူစိမ်းနှစ်ဦးကို ရွာခေါ်သွားပြီး ရဲကင်းထံပို့ရန် ဆုံးဖြတ်လိုက်တော့သည်။

လှေပေါ်တွင်ကား စနစ်တကျလေ့ကျင့်ထားသည့် မြောက်ကိုရီးယားတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦးနှင့် တံငါရွာမှ ရွာသားလေး
နှစ်ဦးတည်း။

ဒေါသကြီးသည့် အာဏာရှင် ကြီးဦးနေ၀င်း၏ အစိုးရကို တစ်ပတ်ရိုက်ကာ မြန်မာပြည်ထဲဝင်ကာ ဗုံးဖောက်ခဲ့သည့် သူလျှိုနှစ်ယောက်ကို တံငါရွာမှ ရွာသားလေးနှစ်ဦးက ရဲလက်အပ်ရန်အတွက် လှေပေါ်တင်ကာ တစ်ပတ်ရိုက်ခေါ်လာနိုင်ခဲ့ပြီ။ အတိတ်ကိုတွေးတိုင်း စိတ်လှုပ်ရှားစရာများဖြင့် ပြည့်နှက်နေသည်ဟု ကိုစိုးငြိမ်းက သူ၏အတွေ့အကြုံများကို ပြန်ပြောပြသည်။

“နောက်ပိုင်းပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် မိုက်ရူးရဲ ဆန်ခဲ့ပါလားလို့တောင် တွေးမိတယ်။ အဲဒီတုန်းကတော့ ဒီကောင်တွေကို ရအောင်ဖမ်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တယ်။ သူတို့ဆီမှာက သေနတ်တွေလည်းပါတယ်။ အဲဒါတွေပြပြီး ပင်လယ်ထဲလိုက်ပို့ခိုင်းလည်းပို့ရ မှာပဲ”

ဆိုင်ရာပိုင်ရာကို ပူဇော်ပသထားသော ဘိလပ်ရည်နှင့် ဘဲဥပြုတ်များဖြင့် ကိုစိုးငြိမ်းတို့က လှေပေါ်တွင် ဧည့်သည်များအား ဧည့်ခံလိုက်သည်။ ၄င်းတို့ကလည်း ကိုစိုးငြိမ်းတို့ကို ၂၅ ကျပ်တန်တစ်ရွက်စီ ထုတ်ပေးသည်။ ကိုစိုးငြိမ်းတို့ပိုက်ဆံယူရန်ငြင်းဆန်သော်လည်း ဧည့်သည်များက ငြင်းလေပိုပေးလေလုပ်ကာ ၂၅ ကျပ်တန် တစ်ရွက်ပြီးတစ်ရွက်ထုတ်ခဲ့သည်။

နောင်တွင်မှ ဗိုလ်ကြီးကင်မင်ချူးဟု သိရသည့်သူက ပေါ့ပေါ့းပါးပါးနှင့် ရယ်ရယ်မောမောရှိခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း နောက်တစ်ယောက်ဖြစ်သည့် ဗိုလ်ကြီးဆင်ကီချူးဟုဆိုသူတစ်ယောက်ကတော့ ကျောက်ရုပ်လိုမရယ်မပြုံးနှင့် လှေပေါ်လိုက်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုစိုးငြိမ်းတစ်ယောက် သူစိမ်းနှစ်ယောက်ကို လှေပေါ်ခေါ်တင်ခဲ့မိပြီဖြစ်သည်။ လမ်းတစ်လျှောက် အရာရာကို သတိကြီးစွာထားတတ်သည့် သူတို့နှစ်ဦးကို လှည့်ကွက်တစ်ခုသုံးရန် ကိုစိုးငြိမ်နှင့် သူ၏အဖော်တို့က လှေပေါ်မှာပင် တိုင်ပင်လိုက်ကြသည်။

ကိုစိုးငြိမ်းက ဗိုက်အောင့်ချင်ယောင်ဆောင်ကာ ကမ်းပေါ်တက်မည်။ ပြီးနောက် ရဲသွားခေါ်မည်။ အဖော်လုပ်သူက ပုံမှန်အတိုင်း
ခေါ်လာရန်ဖြစ်ပြီး ရဲနှင့် တွေ့တော့မှ ကျန်တာဆက်လုပ်ရန်ဖြစ်သည်။ ကိုစိုးငြိမ်းတစ်ယောက် ကမ်းပေါ်တစ်ယောက်တည်းတက်ရန် ကြိုးစားတော့ ဧည့်သည်နှစ်ယောက် လှေပေါ်တွင် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

“ဗိုက်နာတယ်ပြောတော့ ဆေးပြားတွေပေးတယ်။ မဟုတ်ဘူး အခင်းသွားချင်တဲ့ပုံစံပြတော့မှ မသက်မသာနဲ့ သွားဖို့ပြောတယ်။ ကျွန်တော်လည်း တစ်ခါတည်း ကမ်းပေါ်တက်ပြေးပြီး ကျေးရွာကောင်စီနဲ့ရဲဆီသွား အကြောင်းကြားတော့တာပဲ” ဟု ကိုစိုးငြိမ်းက
ပြောသည်။ ဦးစိုးညွန့်သည် သခွတ်ပင်ရွာမှ ကျေးရွာကောင်စီအတွင်းရေးမှူး ဖြစ်သည်။

သခွတ်ပင်ကျေးရွာကောင်စီ ၏ အတွင်းရေးမှူး ဦးစိုးညွန့်ထံ ထိုနေ့မနက်ခင်းတွင် ကိုစိုးငြိမ်းနှင့် ကျေးရွာရဲကင်းမှ ရဲတပ်ကြပ်ကြီးတို့ ပေါက်ချလာခဲ့သည်။ အမူအရာထူးခြားနေသော ၄င်းတို့နှစ်ဦးက နိုင်ငံခြားသားများအကြောင်းပြောကာ စစ်ဆေးရန်အတွက် ဦးစိုးညွန့်ကိုလာခေါ်ကြသည်။

သူတို့သုံးယောက် ထွက်လာခဲ့ပြီး ရွာလယ်လမ်းရောက်တော့ မုန့်ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်စားနေသော ကင်မင်ချူး၊ ဆင်ကီချူး တို့နှစ်ယောက်နှင့် ဦးစိုးညွန့်တို့ တည့်တည့်တိုးခဲ့သည်။ ဒူးယားစီးကရက်ခဲလျက် လွယ်အိတ်ထဲ လက်အမြဲထည့်ထားသော သူစိမ်းနှစ်ဦးကိုရှာဖွေရန်အတွက် ဦးစိုးညွန့်တစ်ယောက် ပြင်ဆင်လိုက်သည်။

ပြုံးပြုံးရွှင်ရွှင်ပြောဆိုလေ့ရှိသည့် ကင်မင်ချူးတစ်ယောက်တော့ သူ့လွယ်အိတ်ကိုအရှာခံသော်လည်း ဆင်ကီချူးတစ်ယောက်ကတော့ သူ့လွယ်အိတ်လည်း အရှာမခံသလို စကားလည်းမပြောခဲ့ဟု ဦးစိုးညွန့်က သူ၏ အတွေ့အကြုံကိုပြန်ပြောပြသည်။

“အဲဒီအချိန်မှာကတည်းက သူတို့ဖောက်ခွဲထွက်ဖို့ လုပ်တယ်ထင်တယ်။ ဒါပေမဲ့ ကလေးတွေ အနီးမှာရှိလို့လားတော့မသိဘူး။ ကလေးတွေကို ဂိုး...ဂိုး (Go...Go) လို့မောင်းထုတ်တယ်။ အဲဒီအချိန်မှာ ဒေါ်လာတွေလည်း သူတို့ဆီကရှာတွေ့တော့ တရားမ၀င်
ငွေကြေးဆိုပြီး ရဲကင်းကိုခေါ်စစ်ဖို့လုပ်ကြတယ်”

ရဲကင်းဆီသို့ သွားရာလမ်းသို့ မြောက်ကိုရီးယားသားနှစ်ဦး၊ ဦးစိုးညွန့်၊ ရဲတပ်ကြပ်ကြီးနှင့် သူ၏တပ်သားသုံးဦးတို့ထွက်လာခဲ့ကြသည်။ 

အသက်သုံးဆယ် မတိမ်းမယိမ်းသာရှိသေးသည့် ဦးစိုးညွန့်နှင့် ရဲတပ်ကြပ်ကြီးတို့သည် ဧည့်သည်နှစ်ဦးအား ရွာအစွန်ရှိ ရဲကင်းထဲတွင် စစ်ဆေးရန်ပြင်ဆင်လိုက်ကြသည်။ လေတိုက်တိုင်း ဟစိဟစိဖြင့် လှုပ်ခါရမ်းနေသည့် သွပ်ပြားများဖြင့်ကာရံထားသော အဆိုပါရဲကင်းကို အပြင်မှ ရဲသုံးယောက်က သေနတ်ဖြင့် အသင့်အနေအထားပြင်ဆင်ကာ ၀ိုင်းရံထားသည်။

ရယ်ရယ်မောမောနေတတ်သည့် ကင်မင်ချူး၏လွယ်အိတ်ကို ရဲတပ်ကြီးကစစ်ဆေးခဲ့ပြီး ဆင်ကီချူး၏လွယ်အိတ်ကို ဦးစိုးညွန့်က ရှာဖွေရန်ပြင်ဆင်လိုက်သည်။ ကင်မင်ချူးက အရှာခံသော်လည်း ဆင်ကီချူးက ငြင်းဆန်ပြန်သည်။ စိတ်မြန်လက်မြန်ရှိသည့် လူငယ်အတွင်းရေးမှူးက ဆင်ကီချူး၏အိတ်ထဲ အတင်းနှိုက်ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုစဉ် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားသည်။ ဆင်ကီချူးက သူ၏အိတ်ကို နောက်သို့လွှဲလိုက်ပြီး အိတ်ထဲမှ အရာတစ်ခုနှိုက်ကာ အပြင်ရှိရဲ တပ်သားများထံ ဦးစိုးညွန့်ခေါင်းပေါ်မှကျော်ကာ ပစ်ခွဲလိုက်သည်။ ထိုအရာဝတ္ထုသည် ပေါက်ကွဲသွား ပြီး ရဲကင်းတစ်ခုလုံး မီးခိုးလုံးများ ဖုံးအုပ်သွားခဲ့သည်။ ခဏတာ အချိန်အတွင်း ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို ဦးစိုးညွန့် ခပ်မြန်မြန်ချလိုက်သည်။

သွပ်ပြားအပေါက်မှတစ်ဆင့် ရဲကင်းအပြင်ဘက်သို့ တိုးထွက်လိုက်သည်။ သူ့နောက်သို့ တစ်စုံတစ်ယောက် ပြေးလိုက်လာခဲ့သော်လည်း မည်သူမှန်းသတိမထားမိ။ ရဲကင်းထဲတွင်တော့ သေနတ်သံအချို့ကျန်ရစ်ခဲ့သည်။

အချိန်အနည်းငယ်ကြာတော့ ရဲကင်းဆီ သူတစ်ခေါက် ပြန်သွားတော့ လူလေးယောက်မှာ သွေးအိုင်ထဲလဲနေခဲ့သည်။ လေးယောက်အနက် ရဲတပ်ဖွဲ့ဝင်သုံးယောက်က အသက်ရှင်နေခဲ့သော်လည်း သူ့ကို စကားမပြောလိုသည့် ဆင်ကီချူးတစ်ယောက်ကတော့ မည်သူ့ကိုမှလည်း စကားမပြောနိုင်တော့။

ဒါဆို သူ့နောက်သို့ပြေးလိုက်ခဲ့သူမှာ ကင်မင်ချူးဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ဗုံးပေါက်ကွဲသံများကြောင့် ကိုစိုးငြိမ်း၊ သူ၏အဖော်သူငယ်ချင်းနှင့် ရွာသားများရဲကင်းဆီသို့ အပြေးရောက်လာကြသည်။ ဒီလောက်ဆိုလျှင် ထွက်ပြေးသွားသူမှာ မြောက်ကိုရီးယားသူလျှိုဖြစ်မှာ သေချာသလောက်ရှိပြီဖြစ်သည်။

အာဇာနည်ကုန်းဗုံးဖောက်ခွဲခဲ့သည့် ဗိုလ်မှူးအဆင့်ရှိ ဇင်မိုကို အောက်တိုဘာ ၁၀ ရက်ညပိုင်းတွင် ညောင်တန်းဆိပ်ကမ်းအနီး ပုစွန်တောင်ချောင်းအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

ခဏတာအချိန်လေးအတွင်းတွင် သခွတ်ပင်ရွာသည် ဟောလိဝုဒ်စစ်ကားများလိုဖြစ်သွားခဲ့သည်။ ရွာ၏ကောင်းကင်ထက်တွင် ရဟတ်ယာဉ်များ ပျံသန်းနေပြီး တပ်မတော်သားများလည်း ရဟတ်ယာဉ်ပေါ်မှဆင်းသက်လာကြသည်။ ရေတပ်သင်္ဘောများကလည်း ပိတ်ဆို့ကာ ကင်မင်ချူးကို ရှာဖွေနေကြသည်။ 

ထိုနေ့နှင့် ညဘက်တစ်ညလုံး သူ့ကို တောနင်းရှာဖွေသည့် ရာနှင့်ချီသောလူများအား ကင်မင်ချူးတစ်ယောက် လှည့်စားနိုင်ခဲ့သည်။
သို့သော် နောက်တစ်နေ့ မနက်တွင်တော့ ဒိုက်များအကြား ပုန်းအောင်းနေသောသူ့ကို ရှာဖွေတွေ့ရှိသွားတော့သည်။

“သူ့ကိုတွေ့တော့ အရပ်သားတွေဖယ်ပြီး တပ်ကပဲအရှင်ဖမ်းဖို့ ကြိုးစားတယ်။ အဲဒီမှာ ရဲဘော်လေးတွေ သူ့ဝင်လုံးဖို့ကြိုးစားတုန်း ဗုံးဖောက်လိုက်လို့ သုံးယောက်လောက်သေသွားတယ်” ဟု ဦးစိုးညွန့်ကပြောသည်။

အဆိုပါဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာအစိုးရက နိုဝင်ဘာလအတွင်း မြောက်ကိုရီးယားနှင့် သံတမန်အဆက်အသွယ်ဖြတ် တောက်လိုက်သည်။

အရှင်ဖမ်းမိခဲ့သူနှစ်ဦးကို ရုံးတင်စစ်ဆေးချိန်တွင် ကင်မင်ချူးက ၀န်ခံထွက်ဆိုခဲ့သော်လည်း ဇင်မိုက ၀န်ခံခြင်း/ငြင်းဆန်ခြင်း မပြုခဲ့ကြောင်း ထိုစဉ်ကထုတ်ဝေသည့် အစိုးရပိုင်သတင်းစာများက ရေးသားကြသည်။

နောက်ပိုင်းတွင် ကြားသိရသမျှ သတင်းများအနက် ဇင်မိုကို သေဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကို ချုပ်နှောင်ထားခဲ့ကြောင်း အင်းစိန် ထောင်တွင် ထိန်းသိမ်းခဲ့ရသူများကပြောသည်။

“ကင်မင်ချူးပုံကတော့ စိတ်ဓာတ်ကျတဲ့ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ မိသားစုကိုတွေ့ချင်တဲ့ကိစ္စကိုတော့ ပြောတယ်။ မြန်မာပြည်က လူတွေက သူ့ရန်သူမဟုတ်ဘူး။ သူတို့သေတာ ၀မ်းနည်းတယ်လို့လည်းပြောတယ်။ သူ့ကြောင့် သူ့မိသားစု ဒုက္ခရောက်နိုင်တယ်လို့လည်း ပြောတာကြားဖူးတယ်” ဟု ၁၉၉၀ ပြည့်နှစ်များအတွင်းက သူတွေ့ခဲ့သော ကင်မင်ချူး၏ပုံစံကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

လွန်ခဲ့သော နှစ် ၃၀ က ဦးခိုင်မောင်ရည်သည် တက်ကြွလှုပ်ရှားသည့် ကျောင်းသားတစ်ဦးအဖြစ် အင်းစိန်အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရပြီး သူနေထိုင်ရာအဆောင်မှ ကင်မင်ချူးအား မကြာခဏမြင်တွေ့ရပြီး အထက်ပါသတင်းစကားများကိုလည်း အကျဉ်းထောင်အမှုထမ်းများမှ တစ်ဆင့်ကြားသိရကြောင်း ၄င်းကပြောသည်။

အချိန်ဟူသော ကာလတရား က ရွှေ့ပြောင်းလာခြင်းနှင့်အတူ လွန်ခဲ့သည့်အနှစ် ၃၀ က ဖြစ်ပွားခဲ့သည့် ထိုအရာများကို အတိတ် တွင်ချန်ခဲ့ပြီဖြစ်သည်။

ဒေါသကြီးသော အာဏာရှင်ကြီးဦးနေ၀င်းလည်း မရှိတော့။ ကိုစိုးငြိမ်းလည်း တံငါအလုပ်စွန့်လွှတ်ခဲ့သလို ဦးစိုးညွန့်လည်း ကောင်စီထဲတွင်မပါတော့။

ထို့အတူ တစ်ချိန်က စွန့်စားခဲ့သော ကိုစိုးငြိမ်း၏ လုပ်ရပ်များသည်လည်း ယခုအခါ စာရွက်ပေါ်တွင်သာ မှတ်တမ်းတင်ထားသည် ထက်မပိုခဲ့။

အကြောင်းက “သိမ်းခံရတဲ့ ကျွန်တော့်မိသားစုဆွေမျိုးတွေ လယ်ပြန်ရဖို့ ဟိုတစ်လောကလျှောက်တော့ ကျွန်တော်တို့ တစ်ချိန်က တိုင်းပြည်ကို အလုပ်အကြွေးပြုခဲ့ပါတယ်။ ငဲ့ညှာပါဦးဆိုပြီး ဂုဏ်ပြုစာရွက်နဲ့တွဲတင်တယ်။ ဒါတွေလာမပြောနဲ့။ ဟိုတုန်းကနဲ့ ခုကအကန့်တွေတစ်ကန့်စီလို့ပြောပြီး ပြန်လွှတ်လိုက်တယ်” ဟု ဦးစိုးငြိမ်းက စိတ်မကောင်းစွာဆိုလေသည်။

ဓာတ်ပုံ- Chosun Ilbo သတင်းစာ
 
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်ကဖြစ်သည်။ အချိန်ကား ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ ကိုစိုးငြိမ်းသည် သခွတ်ပင်ရွာမှ ရွာသားတစ်ဦးဖြစ်သည်။

ရာသီဥတုသာယာသော ထိုနေ့၏မနက် ၇ နာရီခန့်တွင် ရန်ကုန်မြစ်ဝနားရှိ သခွတ်ပင်ရွာမှ အသက် ၂၁ နှစ်အရွယ် ကိုစိုးငြိမ်းတစ်ယောက် နေ့စဉ်လုပ်ငန်းဖြစ်သော ငါးရှာရန်အတွက် မြစ်အတွင်းသို့ ထွက်ခွာရန်ပြင်ဆင်နေသည်။ ရေလုပ်သားလေးသည် မကြာမီ မိနစ်ပိုင်းအတွင်း သူ့ဘ၀အတွက် ကြီးမားသည့် အလှည့်အပြောင်းတစ်ခု ကြုံရတော့မည်ကို သူလုံးဝထင်မထားခဲ့။

လှော်တက်နှင့်ပိုက်ကွန်ကို လှေပေါ်တင်ကာ မြစ်ထဲသို့ထွက်လာခဲ့ပြီးနောက် ဒေသရိုးရာအစဉ်အလာအတိုင်း ဘေးကင်းရေး၊ ငါးများများ ဖမ်းမိရေးအတွက် စောင့်ရှောက်သူများအား ရည်စူးပြီး ဘိလပ်ရေပုလင်း၊ ဘဲဥတို့ကိုလှေဦးတွင်တင်ကာ ပသလိုက်သည်။

ပူဇော်ပသခံရသူများ၏ ဆောင်မမှုကြောင့် ဟုတ်၊ မဟုတ် သူမသိ။ ဟုတ်သည်ဆိုပါကလည်း တောင်းသည့်ဆုနှင့် ရသည့်ဆု မတူခဲ့။ ထိုနေ့တွင် သူရည်ရွယ်သလို ငါးများတော့ မဖမ်းမိခဲ့ဘဲ ရန်ကုန်ရှိ အာဇာနည်ဗိမာန်သို့ လာရောက် ဖောက်ခွဲခဲ့သည့်မြောက်ကိုရီးယားသူလျှိုနှစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။

"ဘတ်စ်ကားပေါ်ပြုတ်ကျခဲ့သော မျက်ရည်စများ"

Photo: "ဘတ်စ်ကားပေါ်ပြုတ်ကျခဲ့သော မျက်ရည်စများ"
===========================

ဇူလိုင်၏မိုးစက်များက မှန်ပြတင်းဝမှ တရကြမ်းပြေးဝင်နေသည်။ ဆွဲဆွဲငင်ငင် အော်ဟစ်နေသည့်ကားများ ...။ ငါးဆယ်တစ် ရာပေးစီး၍ရသည့်ကားများရှိသလို 'အထူး'ဟု သမုတ်ပြီး 
မှတ်တမ်းတင်ထားသော ကားကြီးများက ဘယ်ညာယိမ်းထိုးကာ သူ့ထက်ငါအပြိုင်။ သို့သော် သူတို့သည် ပန်းတိုင်မရှိ အောင်မြင်မှု မရှိ။ နေ့စဉ်နှင့်အမျှ ဒရိုင်ဘာ၏ ခြေနှင့် လက်ကသာ အဓိက . . . .။နေ့စဉ်သယ်ဆောင်မှုပြုနေရသော အလုပ် ကို သူတို့လုပ်ကြသည်။ သို့သော် လိုင်းကား၏ ရင်ခွင်ထဲတွင် ဖူးပွင့်စဘဝများ ဓမ္မကိုရင်ဝယ်ပိုက်ပြီး အသက်နှင့် ခန္ဓာကို စွန့်ခွာတော့မည့် ဘဝများရှိသလို အဓမ္မကိုစီးမျောရင်း လိုက်ပါသူများစွာရှိသည်။

ခရီးသည် တိုက်ပွဲ
	
''ရှင်မိုက်ရိုင်းလှချည်လား။ ရှင့်ညီမဆိုရင် လည်း ဒီလိုလုပ်တာပဲလား'' ရှက်သွေးတို့အစား မျက်နှာကတင်းမာခက်ထန်နေသည်။ မိန်းမပျိုတစ်ယောက်၏ဒေါသက ကားတစ်စီးလုံးမှလိုက် ပါလာသူအားလုံးကို အာရုံစူးစိုက်မှုတစ်ခုအဖြစ် ကံကြမ္မာက ဖန်ဆင်းလိုက်သကဲ့သို့ ....သူမ ဝတ်ဆင်လာသော ပန်းဆီရောင်ဝတ်စုံနှင့် စကတ်တိုက 
မျက်ဝန်းတို့နှင့် မလိုက်ဖက်တော့ ''ဟေ့လူ ခင်ဗျားဆင်းသွားတော့ ပါးရိုက်ခံ ရတာတောင်နည်းသေးတယ်''ဟု ၄၈အထူးယာဉ် မှ ယာဉ်အကူက သံတုတ်တစ်ချောင်းကို ထိုင်ခုံ အောက်မှ ဆွဲထုတ်ရင်း ဆောင့်တွန်းရင်း ခပ်မာ မာလေသံဖြင့်ပြောလိုက်သည်။ ခဏ ထိုခဏသည် လိုင်းကားပေါ်မှ တိုက်ပွဲဖြစ်သည်။ ထိုသူသည် ကားပေါ်မှ ဆင်းရုံမှတစ်ပါး 
အခြားမရှိ။ ခပ်တည်တည်ဖြင့် 'တောက်' တစ်ချက် ခေါက်သွားသံကြား လိုက်ရသည်။ အထူးကားကြီးသည် ဆူးလေဘက်သို့ တရွေ့ရွေ့ဖြင့်ဆက်လက်ထွက် ခွာပြန်သည်။ 

ခရီးသည်တို့၏ တစ်ယောက်တစ် ပေါက်ပြောဆိုသံတို့က ဘရိတ်ဖမ်းမရ။

ဟီရိနှင့် သြတ္တပ္ပ
	
၃၁ဘုံသောလောကတွင် လူ့ပြည်ဟူသည်က ကျွန်ုပ်တို့ အသက်ရှင်နေထိုင်သော လူနှင့်သက် ရှိ သတ္တဝါများ နေထိုင်သော လောကဘုံကြီးကို သတ္တလောကဟု ညွှန်းဆိုသည်။  

သတ္တလောကတွင် လူနှင့် တိရစ္ဆာန်တို့ကို စည်းနှစ်ချောင်းဖြင့်ပိုင်းခြားထား၏။ ဟီရိ(ရှက်ခြင်း)နှင့် သြတ္တပ္ပ (ကြောက်ခြင်း)တို့သည် လူဟူသမျှ၏ ဦးနှောက် နှင့် နှလုံးသားတွင် ကိန်းအောင်လျက်ရှိသည်ဟု လူ ပုဂ္ဂိုလ်အများစုက လက်ဝယ်ထားကြသည်။ တိရစ္ဆာန်သည်အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ မေထုန်မှီဝဲခြင်းဖြင့်သာ မှီတည်ကုန်၏။ ထိုကဲ့ သို့ဆိုရလျှင် 
ရှက်ခြင်းနှင့် ကြောက်ခြင်းကို မေ့လျော့ထားသော 'လူ' သည် မည်သို့သော အဓိပ္ပာယ် သက်ရောက်မည်နည်း။

တွေးကြောက်ရသော လက်ဖဝါးများ
	
ရန်ကုန်မြို့တွင် နေ့စဉ်အလုပ်သွား၊ အလုပ်ပြန်ဘဝနှင့် စားဝတ်နေရေးကို ဖြေရှင်းနေရသူများတွင် အများစုမှာ နေ့စဉ်လိုင်းကားကိုသာ အားပြုရသည်။ 

နံနက်အလုပ်ချိန်နောက်ကျခြင်းကို ဥပက္ခာပြုနိုင်ရန် သူတို့ဖြစ်သလို သွားလာရသည်။ အထူးကားနှင့် ရိုးရိုးကား မရွေးချင်တော့...။ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်း များမှ အမျိုးသမီးအများစုသည်မိမိ၏ တင်ပါး နှင့် ရင်ဘတ်ကို လုံခြုံရန် ထိုင်ခုံရသော ဘတ်စ် ကားကိုသာ ပို၍အားပြုရကြောင်း အသက် ၂ဝ နှင့် ၄ဝကြား အမျိုးသမီးအများစုက 
ဆိုကြသည်။
	
''ကားခပိုက်ဆံပိုကုန်တာကို မတွက်နိုင်တော့ဘူး။ စောစောထပြီး ဂိတ်စကို တစ်ခေါက်စီး။ ထိုင်ခုံရရင်တော့ ဘာမှ တွေးကြောက်စရာမလိုတော့ဘူး'' ဟု အသက် ၂၈ နှစ်အရွယ်ရှိ ရှေ့နေအမျိုးသမီးတစ်ဦးက ဆိုသည်။ သူမသည် မြောက်ဥက္ကလာမှ ဆူးလေမှတ်တိုင်အထိ နေ့စဉ် လိုင်းကားဖြင့်သာသွားလာရကြောင်း ပြောသည်။ဘတ်စ်ကားခရီးသည်များ၏ 
အတွေ့အကြုံများက များလှသည်။ 

မမြင်နိုင်သောလက်ချောင်းများသည်သင်ခန်းစာ(သို့မဟုတ်) သတိပေးလိုက်သည့် အသံတစ်ခုကဲ့သို့သာ တေးမှတ်ခဲ့ကြသည်။ ကြုံတွေ့ခဲ့ရသော မိန်းကလေးအများစုသည် ၎င်းတို့၏ အတွေ့အကြုံများကို အနီးစပ်ဆုံးသူမှ လွဲ၍ မပြောပြလို။
	
''ကျွန်တော့် ကောင်မလေးက ဒဂုံဘက်က နေ မြို့ထဲကိုနေ့တိုင်း ရုံးတက်တယ်။ သူစီးတာက ဘီအမ်ကားပါ။  ရင်ဘတ်က အတွင်းအင်္ကျီကို ပါ ဆောင့်ဆွဲတယ်လို့သူပြောပြတယ်။ 

ခရီးသည် အချင်းချင်းပါ။ ငိုပြီးကျွန်တော့်ကို ဖုန်းဆက်တာ''ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သော ကိုသက်လင်းက တစ်ဆင့် ပြောသည်။

မတ်တတ်ရပ်စီးနေရသော အထူးကားများ
	
ယခင်တပ်မတော်အစိုးရ လက်ထက်မှစ၍ အထူးကားများ ပေါ်လာသည်။ ၎င်းတို့၏ စည်းမျဉ်းစည်းကမ်းက ''လူပိုမတင်ရ'' မှန်ပါသည်။ အတက်အဆင်းပြတင်းဝအထိ လူစီးမရတော့သည့်အခါ ထပ်မတင်တော့၊ ရန်ကုန်တိုင်း ဒေသကြီးတွင်ခရီးသည်တင်ယာဉ်ပေါင်း ၆ဝဝဝ ကျော်ရှိပြီး နေ့စဉ်လိုင်းကားပေါင်း ၄ဝဝဝ ကျော် ပြေးဆွဲလျက်ရှိကြောင်း မထသ၏ စစ်တမ်းများ အရ သိရသည်။ ရန်ကုန်၏ လူဦးရေ ပျမ်းမျှ ၆ သန်း၊ တစ်ရက်လျှင် ဘတ်စ်ကား ခရီးသည် ၂ ဒသမ ၃ သန်း ပုံမှန်သွားလာနေကြောင်း၊ ၎င်း တို့က 
ထုတ်ပြန်ထားသည်။အထူးကားတစ်စီးလျှင် ခရီးသည် ၄ဝ ကျော်အထိ ထိုင်ခုံကိုပြုပြင်ကာ ထည့်ထားနိုင်သည်။ သို့သော် မတ်တတ်ရပ် ခရီးသည် မတင်ပါက နေ့တွက်ကြေးမကိုက်ဟု ကားသမားများက ပြောသည်။

အထူးကားပုံပြင်နှင့် လွှတ်တော်အသံ
	
ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ်ပထမအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မှခရီးသွားပြည်သူများအတွက် အဲကွန်း ပါသော ခရီးသည်တင်ယာဉ်အသစ်များ  မည်သည့်အချိန်တွင် စီးရမည်နည်းဆိုသည့် မေးခွန်းသည် ပြည်သူ့အသံဖြစ်သည်။ ၎င်းအသံကို ဦးသိန်းညွန့်မေးသည်။ ၂ဝ၁၂ ခုနှစ် နှစ်ကုန်တွင် စီးရမည်ဟု 
ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီး ဦးချန်မောင်က မျှော်လင့်ချက်ပေးခဲ့သည်။ ယင်းမျှော်လင့်ချက်သည် အိပ်ရာဝင်ပုံပြင်မဟုတ်။ လွှတ်တော် အစည်းအဝေးမှတ်တမ်းစာအုပ်တွင် သမိုင်းစာသားအဖြစ် တွေ့ရှိရမည် ဖြစ်သည်။ သို့သော် ယနေ့တိုင် တည်ဆဲဥပဒေနှင့်အညီ ခေါက်တုံ့ခေါက်ပြန် မတ်တတ်ရပ်နေရဆဲ။ ဒူး 
တုပ်ထိုင်နေရဆဲ။
 
ယာဉ်အကူတို့၏ ကာကွယ်မှု
	
''ကျွန်တော်က မိန်းကလေးတွေ ကားပေါ်တက်လာရင် တစ်ခြမ်းသတ်သတ်ဖြစ်အောင် ကြိုးစားပြီးဆွဲထည့်ပေးတယ်။ ဒါပေမဲ့ လူအရမ်းကျပ်လာရင် အဲဒီပြဿနာဖြစ်တာများတယ်ဟု 
ဆူးလေ-မင်္ဂလာဒုံပြေးဆွဲသည့် ၅၁ ယာဉ်လိုင်းမှ ယာဉ်အကူ ကိုကျော်ကျော်က ပြောသည်။ယာဉ်အကူ(စပယ်ယာ)များတွင် အတွေ့ အကြုံများစွာရှိ၏။ ယခင်က စပယ်ယာလက်ဆို လျှင် မိန်းကလေး အများစု ကျောချမ်းရသည်။ ယခုမူ ခရီးသည်အတွင်းမှ ''လက်က'' ပို၍ လက်သံပြောင်ကြောင်း ၎င်းက ပြောသည်။
	
''မဟာမြိုင်မှတ်တိုင်မှာဆို မှတ်မှတ်ရရပါပဲ။ လူကြီးက အသက် ၅ဝလောက်ရှိပြီ၊ ကုတ်တာက သူ့သမီးအရွယ်၊ ခင်ဗျားဟိုဘက်ရွှေ့၊ ညီမ ဒီဘက်လာ ပြောလိုက်ရတယ်။ 

လွန်လာရင်တော့ ကျွန်တော်လည်းဒီအတိုင်း ကြည့်မထား ပါဘူး'' ဟု ကိုကျော်ကျော်က ဆိုသည်။ ရန်ကုန်၏ နိစ္စဓူဝမြင်ကွင်းသည် တစ်နေ့ တစ်မျိုးမရိုးရ၊ ရုံးတက် ရုံးဆင်းချိန်တွင် ပို၍ မျက်စိလျှင်ရပြီ။ တဏှာရမ္မက်နှင့် ငွေကြေးရယူ လိုမှုကိုပါ ဝင်ထိန်းပေးရကြောင်း ယာဉ်အကူ တို့က ဖွင့်ဟကြသည်။ သို့သော် ၎င်းတို့တွင် လုပ်ပိုင်ခွင့် ဥပဒေမရှိ။
	
''ပြဿနာ ခဏခဏဖြစ်တယ်။ လူကျပ်လာလေ ပိုသတိထားရလေပဲ။ ထိန်းမရရင်တော့ ရဲစခန်းကို မောင်းဖို့ တိုင်ပင်ထားတယ်။ အရက် သောက်ထားတယ်ထင်ရင် မတင်တော့ဘူး။ 

သူ တို့နဲ့က ပိုပြီး ပြဿနာဖြစ်လွယ်တယ်''ဟု ၁ဝ၂ အထူးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးကဆိုသည်။ 

''ကားတွေထဲမှာပိုအဖြစ်များတာက ကောက်ရိုး(ရိုးရိုးကား)ပဲ။ 
အထူးကားတွေမှာလည်း ထိုင်နေရင်းနဲ့ ဟိုပွတ်၊ ဒီပွတ်လုပ်ကြတာ။ တချို့က နေရာရွှေ့တယ်။ ရဲတင်းတဲ့ မိန်းကလေးကတော့ စပယ်ယာကြားအောင် ပြောရဲတယ်။ 

ကျွန်တော်တို့မသိလိုက်တဲ့ ဖြစ်စဉ်တွေလည်း ရှိမှာပါ''ဟု ၂၁၃ အထူးယာဉ် လိုင်းမှ ယာဉ်အကူ ကိုစိုးဝဏ္ဏက ပြောသည်။

ခရီးသည်ကြားက လိင်လုပ်သမ
	
ပြည်သူအများစုနှင့် နေ့စဉ်လက်တွေ့ကျ ကျ ထိတွေ့ဆက်ဆံသူများသည် ယာဉ်အကူများ ဖြစ်သည်။ အချို့သော မိန်းကလေးများသည် ဘတ်စ်ကားပေါ်မှ အထိအတွေ့ကို ဂရုမစိုက်ဟု ဆိုသည်။ သာမန်အလုပ်သွားအလုပ်ပြန်ကြားတွင် ကာမ၏အငွေ့အသက်ကို ရှူရှိုက်သည့် လူတန်းစား တချို့ရှိကြောင်း ယာဉ်အကူတချို့က ထွက်ဆိုကြသည်။ 

''တချို့မိန်းကလေးတွေက သိသာတယ်။ အရှေ့အနောက်ထပ်ပြီး ကျပ်နေတာကို မသိဟန်ဆောင်တယ်။ အတန်းအစားကွာတာပေါ့။ ထုတ်ပြောရရင် မကောင်းတော့ ဒီအတိုင်းပဲ ထားလိုက်တယ်။ ဒါမျိုးကျတော့ ဘယ်လို မိန်းကလေးမျိုးလဲဆိုတာ အားလုံးသိပါတယ်။''
	
''တချို့ယောက်ျားတွေက တစ်ခါရဖူးတော့ လူမရွေးတော့ဘူး။ ကောင်းတဲ့ မိန်းကလေးတွေကိုရောပြီး သိက္ခာထိခိုက်စေတယ်''ဟု ၁၉၉ ရိုးရိုးယာဉ်လိုင်းမှ ယာဉ်အကူတစ်ဦးက ၎င်း၏ လုပ်သက်အတွင်း တွေ့ကြုံရမှုကို ပြောသည်။ 

ထိုဖြစ်စဉ်များသည် ယောက်ျား၊ မိန်းမ မကွဲပြားသောသူများနှင့် အုပ်စုဖွဲ့လိုက်ပါသူများ အပြင် တစ်ဦးတစ်ယောက်တည်း 
လှုပ်ရှားရုန်းကန်သူများလည်း ရှိကြောင်း သိရသည်။''ကားထဲမှာ လိုအပ်တဲ့သူနဲ့ လိုချင်တဲ့သူက ပြေလည်သွားတာကိုလည်း တွေ့ဖူးတယ်။ တချို့က ကားဆရာနဲ့ စပယ်ယာတွေနဲ့ ညှိနှိုင်းပြီး ဂိတ်ဆုံးကို ဒိုးကြတာဗျာ''ဟု တာမွေမှ သီရိမင်္ဂလာဈေးသို့ ညပိုင်းပြေးဆွဲသော ဒိုင်နာယာဉ်အကူတစ်ဦးက ပြောသည်။

ပြဿနာ အဖြေရှာရန်လိုသည်
	
ယနေ့ လိုင်းကားဖြင့်သွားသည်။ မနက်ဖြန် တွင်လည်း လိုင်းကားကိုသာ ဦးတည်နေရသည့် ဘဝများသည်နေ့စဉ်နှင့်အမျှ ရှောင်လွှဲမရ ပြည် တွင်းပို့ဆောင်ရေးနှင့် အခြားသော တိုးတက်မှု များသည် ဥပဒေ၊ အုပ်ချုပ်သည့် အစိုးရ၏ ရေ ရှည်စနစ်ပေါ်သာမူ တည်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမင်းသူက သုံးသပ်သည်။
	
''သူ့နှမ ကိုယ့်နှမ စာနာဖို့တော့လိုတယ်။ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနဲ့လည်း အများ ကြီးဆိုင်တယ်။ ဒါဟာ ရေရှည်စီမံချက်တွေရဲ့ Side Effect  တွေပဲ။ ခရီးသည်တင် အထူးကား ဆိုတာမှာ သူ့ထိုင်ခုံနဲ့သူလိုက်စီးရရင် ဒီလိုမျိုး ဖြစ်လာစရာအကြောင်းမရှိဘူး။ အားလုံးကိုအစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပေမယ့် ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိတယ်''ဟု ၎င်းက သူ၏ အမြင်ကို ပြောသည်။
	
လူဟူသည် မိန်းမ၊ ယောက်ျားမရွေး အရှက်အကြောက်တရားရှိဖို့ရန် ဗုဒ္ဓ၏ စာပေကျမ်းဂန်များက ဆုံးမသွန်သင်ထားသည်။ လူမျိုးခြား၊ ဘာသာခြားတို့၏ ကိုးကွယ်ယုံကြည်သည့် ဘာသာတိုင်းတွင်လည်း ဟီရိ (ရှက်ခြင်း) နှင့် သြတ္တပ(ကြောက်ခြင်း)ကဲ့သို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များ အကျယ်တဝင့်ရှိမည်မှာမလွဲ။ ဗုဒ္ဓဘာသာဝင်များကြားတွင် အမိယုတ်ပါက 
နှုတ်အမူအရာကြမ်းပြီး၊ အဖယုတ်ပါက ကိုယ်လက် အမူအရာ ကြမ်းသည်ဟု ဆိုရိုးစကားရှိသည်။

 ယခုမူ လိုင်းကားပေါ်မှ လက်ယုတ်ခြင်း၊ ကိုယ်အမူအရာ ကြမ်းတမ်းခြင်းသည် ကျူးလွန်သူ၏ တဏှာနှင့်ရာဂတို့မှ မွေးထုတ်ပေး လိုက်သော စိတ်ကြောင့်ဖြစ်မည်ထင်၏။ လူနှင့်တိရစ္ဆာန်အ ကြား ခြားထားသည့်စည်း တစတစ ပိုမိုပါးလွှာလာသည်နှင့် အမျှ 
မကြားဝံ့မနာသာ အမှုအခင်းများ၊ မပွင့်မီကြွေရရှာသော ပန်းများနှင့် အသားစားမုဆိုးများ၏ ပရိယာယ်မျိုးစုံအောက် အ မှောင်ကို ကွယ်၍ မကြာခဏ ရေတိမ်နစ်ရရှာသော ဘဝများစွာ၏ မလုံခြုံမှုများက ဤနေရာ တွင်ပါ အဆီးအတားမဲ့ ကျူးကျော်လာနေပြီဆိုပါက လိုင်းကားပေါ်မှ မျက်ရည်စက်များသည် ဆက်လက် စိုမြဲ စိုနေဦးမည်သာ ဖြစ်သည်။ 

အောင်ထက် (NYK)
ဇူလိုင်၏မိုးစက်များက မှန်ပြတင်းဝမှ တရကြမ်းပြေးဝင်နေသည်။ ဆွဲဆွဲငင်ငင် အော်ဟစ်နေသည့်ကားများ ...။ ငါးဆယ်တစ် ရာပေးစီး၍ရသည့်ကားများရှိသလို 'အထူး'ဟု သမုတ်ပြီး
မှတ်တမ်းတင်ထားသော ကားကြီးများက ဘယ်ညာယိမ်းထိုးကာ သူ့ထက်ငါအပြိုင်။ သို့သော် သူတို့သည် ပန်းတိုင်မရှိ အောင်မြင်မှု မရှိ။ နေ့စဉ်နှင့်အမျှ ဒရိုင်ဘာ၏ ခြေနှင့် လက်ကသာ အဓိက . . . .။နေ့စဉ်သယ်ဆောင်မှုပြုနေရသော အလုပ် ကို သူတို့လုပ်ကြသည်။ သို့သော် လိုင်းကား၏ ရင်ခွင်ထဲတွင် ဖူးပွင့်စဘဝများ ဓမ္မကိုရင်ဝယ်ပိုက်ပြီး အသက်နှင့် ခန္ဓာကို စွန့်ခွာတော့မည့် ဘဝများရှိသလို အဓမ္မကိုစီးမျောရင်း လိုက်ပါသူများစွာရှိသည်။

ခရီးသည် တိုက်ပွဲ

''ရှင်မိုက်ရိုင်းလှချည်လား။ ရှင့်ညီမဆိုရင် လည်း ဒီလိုလုပ်တာပဲလား'' ရှက်သွေးတို့အစား မျက်နှာကတင်းမာခက်ထန်နေသည်။ မိန်းမပျိုတစ်ယောက်၏ဒေါသက ကားတစ်စီးလုံးမှလိုက် ပါလာသူအားလုံးကို အာရုံစူးစိုက်မှုတစ်ခုအဖြစ် ကံကြမ္မာက ဖန်ဆင်းလိုက်သကဲ့သို့ ....သူမ ဝတ်ဆင်လာသော ပန်းဆီရောင်ဝတ်စုံနှင့် စကတ်တိုက
မျက်ဝန်းတို့နှင့် မလိုက်ဖက်တော့ ''ဟေ့လူ ခင်ဗျားဆင်းသွားတော့ ပါးရိုက်ခံ ရတာတောင်နည်းသေးတယ်''ဟု ၄၈အထူးယာဉ် မှ ယာဉ်အကူက သံတုတ်တစ်ချောင်းကို ထိုင်ခုံ အောက်မှ ဆွဲထုတ်ရင်း ဆောင့်တွန်းရင်း ခပ်မာ မာလေသံဖြင့်ပြောလိုက်သည်။

လိုက်လေဝေးလေ အိမ်နှင့် ပျံသာပျံပါ မိုးအမြင့်မှာ …

Photo: လိုက်လေဝေးလေ အိမ်နှင့် ပျံသာပျံပါ မိုးအမြင့်မှာ …
===============================

မိုးက အငြိုးနှင့် ရွာနေသည့်ပုံစံ ကြား လူတချို့မှာ မိုးထဲရေထဲ အလုပ် ရှုပ်နေခဲ့ကြသည်။ ထိုနေ့က ဇွန်လ၏ တနင်္ဂနွေတစ်ရက်ဖြစ်ပြီး အများပြည် သူတို့၏ အားလပ်ရက်ဖြစ်သော်လည်း ကိုအောင်မြင့်တို့ မိသားစုအတွက်တော့ မဟုတ်ခဲ့။

ကိုအောင်မြင့်က အသက် ၃ဝ မစွန်းသေးသည့်အရွယ် ကုမ္ပဏီဝန် ထမ်း တစ်ဦးဖြစ်ပြီး မိသားစုက လေးဦး ရှိသည်။ မိမိအပါအဝင် ဇနီးသည်၊ သား နှင့် ယောက္ခမ။ လခစား ဝန်ထမ်းတစ် ဦး ဖြစ်သည့်အတွက် ငွေ ကတော့ လကုန်ရက်မှသာ မြင်ရသည့်ဘဝဟုသူ က ဆိုသည်။ သူတို့မိသားစု အတွက် အဆင်ပြေနိုင်သည့် အိမ်တစ်ခုကို ရှာ ဖွေရင်း ရန်ကင်း၌အခြေ ကျနေသည်က အချိန် နှစ်နှစ်ကျော်ပြီ။ သို့သော် ယခု တော့ နေရပ် ဌာနေ ပြောင်းလဲမှု စခဲ့ရ သည်။

အခန်းတွဲ တိုက်တန်းလျားတစ်ခု ရှေ့၌ ၁၄ ပေ ဒိုင်နာကားတစ်စီးက မိုးရေထဲ ပေကပ်ကပ်ရပ်ထားလျက်။ ကားပေါ်သို့ တိုက်ခန်းပေါ်မှ အိမ်   ထောင်ပရိဘောဂများကို လူလေးငါး ယောက်က အလှည့်ကျ သယ်ဆောင် ကြသည်။ ထိုကဲ့သို့ လှုပ်ရှားမှုက တစ်နာရီခန့် ကြာမြင့်ပြီးချိန်တွင်တော့ ကားနောက်ခြမ်းတစ်ခုလုံး စားပွဲ၊ ကု လားထိုင်စသည့် အိမ်ထောင်ပရိဘောဂ များဖြင့် ပြည့်နှက်သွားတော့သည်။

”တစ်အိမ်ကနေ တစ်အိမ် ပြောင်း ရတာ မလွယ်ဘူး။ မပြောင်းချင်ပေ မယ့်လည်း ပြောင်းရတာပဲ။ ကိုယ်ပိုင် အိမ်မှမဟုတ်တာ။ အဆင်ပြေရာ ကို ပြောင်းနေရတာပေါ့” ဟု ကိုအောင်မြင့် က အိမ်ပြောင်းရွှေ့ရသည့် ဒုက္ခအပေါ် ညည်းတွားသံဖြင့် ဆိုသည်။ အိမ်ပြောင်း ရွှေ့ရသည့် ဒုက္ခ နှစ်နှစ်ကျော်ကျော် မခံစားခဲ့ရရာမှ ယခု ရုတ်ခြည်း ပြောင်း လဲရသည့်အတွက် အားမလို အားမရ  ဖြစ်ဟန်လည်းပါသည်။

တာလပတ်အစ အမည်းဖြင့် အုပ် မိုးထားသည့် ကားနောက်ခြမ်း တွင်တော့ ရေစိုတစ်ဝက် မစိုတစ်ဝက် ပစ္စည်းများ စွာ ရောပြွန်း လျက် ဖြစ်သည်။ ကား တရွေ့ရွေ့ စတင်ထွက်ခွာချိန်၌ ဘေး တစ်ဖက် တစ်ချက်မှ ‘အိမ်ပြောင်းရွှေ့ ဝန်ဆောင်မှုလုပ်ငန်း’ ဗီနိုင်းစမှာ လွင့် ပျံလျက် ဖြစ်သည်။

 ထိုနေ့က မိုးသည်းသည့်ကြားမှ အိမ်ကို အပြီးပြောင်းရွှေ့ရသည့်အတွက် အလွန်ပင်ပန်းခဲ့ပြီး မိုးစိုနေသည့်ကြားမှ ချွေးဒီးဒီးကျနေခဲ့ရကြောင်း ကိုအောင် မြင့်က ၄င်းအမှတ်ရနေသည့် အိမ် ပြောင်းခဲ့ရသည့်နေ့ ကို ပြန်ပြောင်းပြော သည်။

 ထို့နောက် နောက်ဆုံး လက်ကျန် လက်ဖက်ရည်ကို တစ်ကျိုက် တည်း မော့ သောက်လိုက်ရင်း ”ပစ္စည်းတွေကလည်း အဲ့ဒီနေ့မှ ပိုများပြီး ပိုလေး လာသလိုပဲ ဗျာ။ အိမ်ပြောင်းတဲ့နေ့တစ်ရက်တည်းနဲ့ တင် ကျွန်တော် ပိုအိုသွားတယ်လို့ ထင် မိတယ်” ဟု သူက ပြောသည်။

 ကိုအောင်မြင့်အနေဖြင့် နေရင်းစွဲ ရန်ကင်းမှ ခွာချင်လွန်းလှသည်တော့ မဟုတ်။ နှစ်နှစ်ခန့် နေသားကျပြီမို့ အိမ် ကလေးကလည်း ကိုယ့်အိမ်ကိုယ့် ရာလို ပင် ဖြစ်နေသည်။ သို့သော်..

ယခင် တစ်နှစ်ပြည့်ပြီးချိန်တွင် အိမ်ရှင်က မထားဟု ပြောသေးသည်။ ဝါတွင်းကာလနှင့် ကြုံကြိုက်နေသဖြင့် မပြောင်းရွှေ့ချင်ကြောင်း ပြောကာ လခထပ်တိုးပေး၍ ညှိနှိုင်းခဲ့ရသည်။ခုနစ်သောင်းကို တစ်သောင်းခွဲ တိုးကာ တစ်နှစ်ထပ်ချုပ်သည်။ယခု နှစ်နှစ် စာချုပ် ပြည့်ခါနီးတွင်လည်း မထားတော့ဟု ဆိုလာပြန်သည်။ ဤတွင် ကို အောင်မြင့်တစ်ယောက် ငွေ ထပ်တိုးငှား ရန် မစဉ်းစားတော့ဘဲ သက်သာမည့် အိမ်တစ်လုံးကိုသာ ရှာရန် အပူတပြင်း စဉ်းစားခဲ့ကြောင်း ၄င်းအိမ်ပြောင်းရွှေ့ ပုံဇာတ်လမ်းကို အကျဉ်းရုန်းပြောပြခဲ့ သည်။

    ရန်ကုန်သည် နေချင်စဖွယ် ဖြစ် သော အရပ်တစ်ခု ဖြစ်သည်။ မြန် မာ နိုင်ငံရဲ့ စီးပွားရေးအချက်အချာ ပင်မ နေရာ။ ဤနေရာ၌ပင် ခြေချ၍ စီး ပွားရေး လုပ်ကိုင်ကြသည်။ သို့သော် မညာစတမ်းဆိုရလျှင် ရန်ကုန် သည် ကျောတစ်ခင်းစာ နေရာတစ်ခုအတွက်  ပင်ပန်းလွန်းအားကြီးလှသည်။

 အမိုးအကာ၊ လုံလုံခြုံခြုံ ကာရံ တည်ဆောက်ထားသည့် အိမ်ကြီး အိမ် ကောင်းတို့လည်း ရှိမည်။ မိုးမျှော်တိုက် ခန်း ထိုးထိုးထောင်ထောင် များစွာနှင့် သာမန် ပြည်သူလက်လှမ်းမီနိုင်သော အဆောက်အအုံများစွာ ရှိမည်။ ဘိုး စဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့် သစ် သားအိမ်တချို့လည်း ကျန်ေ ကာင်းကျန် ဦးမည်။ ‘အိမ်’ ဟူ၍ပင် အမည်မတပ် နိုင်သည့် တံခါးမရှိ ဓားမရှိ အလွယ် တကူ ဝင်နိုင်ထွက်နိုင် မြင်နိုင်သည့် အိမ်ငယ် (ဝါ) တဲအိမ်များ လည်း ဒုနဲ့ ဒေးပင် ရန်ကုန်တွင် ရှိသည်။ သို့တစေ ကိုယ်ပိုင်အိမ်ပိုင် ထားနိုင်သူများအတွက် တော့ ရန်ကုန်မြို့သည် ပျော်စရာ အတိ ပြီးကာ စိတ်သက်သာရာ ရနိုင်သော် လည်းခြောက်လတစ်ခါ တစ်နှစ်တစ်ခါ ပြောင်းရွှေ့နေရသည့် ‘အိမ်ငှား’ ဘဝ များကတော့….

 တရိပ်ရိပ်တက်ကာ ပြောင်းလဲလာ သည့် အိမ်ငှားခများက အဆီးအတား မရှိ။ အိမ်ငှားခ ကြီးမြင့်၍  မတတ်နိုင် ဘဲ ပြောင်းကြရွှေ့ကြသည့် ဇာတ် များက ပတ်ဝန်းကျင် အနှံ့ ကြားနေရစမြဲ။

 ရပ်ကွက်အလိုက်၊ မြို့အလိုက် အိမ် အပြောင်းအလဲ အဝင်အထွက် များက နိစ္စဓူဝဖြစ်မြဲ။ အိမ်ငှားခနှုန်းထား များမှာတော့ ကာလအလိုက် မြင့်တက် မြဲသာ။ ကြည့်မြင်တိုင်၊ လှိုင်သာယာနှင့် ပုဇွန်တောင် တစ်ဝိုက် မြေကွက်နှင့် အိမ် ဝယ်ရောင်းငှားများ လုပ်ကိုင်လာ သည်က ဒေါ်တရုတ်မအဖို့ ၁၇ နှစ် သက်တမ်းရှိပြီဖြစ်သည်။ ထိုနေရာဒေသ မှာတော့ ဒေါ်တရုတ်မကို မသိသူမရှိ။ ဝါရင့်ပွဲစားတစ်ယောက်အဖြစ် ရပ်တည် လုပ်ကိုင်နေပြီး ထိုအိမ်ပွဲစား (ဝါ) အိမ်၊ ခြံ၊ မြေအလုပ်တစ်ခုကိုသာ သူတစိုက် မတ်မတ် လုပ်ကိုင်လာသည်က သား တစ်သက်ဖြစ်သည်ဟု ဆိုသည်။

 သူမ အလုပ်နေရာတစ်ဝိုက်တွင် တော့ အိမ်အငှားဈေးကွက် မြင့်တက် လာသည်ဟု ပြောသည်။ ယခင် ခုနစ် သောင်း၊ ရှစ်သောင်းအခန်းများက တစ် သိန်းကျော်သွားသည်။ တစ်သိန်းနီးပါး အခန်းများကဖြင့် ငါးသောင်းကျော် ကျော်ပင် တိုးသွားသည်။ ထိုကဲ့သို့ အိမ်အငှား ဈေး ကွက်က   ကောက်ခါငင်ကာပင် ထိုးတက်ခြင်း မျိုး လည်း ရှိသလို အိမ်ပြောင်းရွှေ့ ရာသီ ဖြစ်သည့် ဝါမဝင်ခင်နှင့် ဝါကျွတ်ချိန်က လည်း အိမ်ငှားခ ဈေးမြင့်ေ စသည့်ကာလ တစ်ခုဖြစ်ကြောင်း ဒေါ်တရုတ်မက သူ့ လုပ်သက်အပေါ် အခြေခံကာ အမြင် ကို ချပြသည်။

 ”အိမ်ဈေးက တစ်နှစ်ကိုတစ်ခါ လောက်တော့ ဈေး တက်ချင်တဲ့ သဘောပေါ့။ ဝါမဝင်ခင် ဒီနှစ်မှာ ဒီ ဈေးဆိုပြီး တက်တာမျိုးလည်း ရှိတယ်။ ဝါမဝင် ခင်မှာ ငှားတဲ့အခန်းကလည်း နည်းတော့ ဈေးကလည်း တက်တယ် ဆိုပါတော့” ဟု သူမ၏ အလုပ်သဘော တရားများကို ရှင်းပြသည်။

 တကယ်ဆို အိမ်ငှားရသည့်ကိစ္စ မှာ မခက်လှ။ စိတ်ကြိုက်အခန်း ရှာဖွေ ပြီး ငွေချေစာချုပ်ချုပ် တက်နေရုံပင် ဖြစ်သည်။ နေထိုင်ရာမှာလည်း ဤမျှ လောက် အခက်အခဲမရှိသင့်။ ငွေကြေး တတ်နိုင်သမျှ ကာလငှား ရမ်းမည်။ လချုပ်၊ နှစ်ချုပ်၊ စပေါ်စသည့် နည်း ပေါင်းစုံဖြင့် ငှားရမ်းနေထိုင် မည်။ ဆက် နေချင်ပါက စာချုပ်ထပ်ချုပ်ပြီး ဆန္ဒမရှိ လျှင် ပြောင်းရွှေ့ကြမည်။ စဉ်းစားကြည့် လျှင် ရိုးရှင်းသည်သာ။ သို့သော် ရိုးစင်း သည့်ကိစ္စ တစ်ခုက သာမန်ပြည်သူအချို့ အတွက် မည်ရွေ့မည်မျှ ခက်ခဲနေရ သနည်း။ မေးခွန်းရှိက အဖြေလည်း ရှိသင့်ပါသည်။

 ရွှေပေါက္ကံမြို့သစ် ရပ်ကွက် တစ် ခုအတွင်းက သစ်သားလုံးချင်းအိမ် တစ်လုံးကို ၁ဝ နှစ်ကျော် ငှားရမ်း နေလာသည့် ဒေါ်သောင်းက ”နှစ်ချုပ်နဲ့ ငှားတာလေ။ တစ်လကို ငါးသောင်း၊ ဒီနှစ်တော့ နှစ်သောင်းထပ်တိုးတယ်” ဟု ဆိုရှာသည်။

ယခုတစ်ခေါက် ပြန်ချုပ်သည့် စာ ချုပ်က အိမ်ရှင်နှင့် တိုက်ရိုက်ချုပ် ဆိုခြင်း တော့မဟုတ်ဘဲ ကြားမှ ပွဲစားနှင့်သာ တစ်ဆင့် ဆက်သွယ်သည်ဟု ဆိုသည်။တက်သွားသည့်အိမ်ငှားခ နှစ် သောင်းက ခွဲကြည့်လျှင် သိပ်မများဟု ဆိုနိုင်သော်လည်း ယခင် အိမ်ငှားခ ငါးသောင်းနှင့် ထပ်တိုးလိုက်ပါက မ သက်မသာ ဖြစ်သွားသည်ဟု ဒေါ် သောင်း ကညည်း ညူသည်။ ထို့ပြင်  နှစ် ချုပ်ချုပ်ရသည်မို့ ငွေ ရှစ်သိန်းကျော်ကို တစ်ပါ တည်း ပေးရ မည်ဖြစ် သည်။ သည်ကြားထဲ ပွဲညွန့်ဟု ခေါ်သည့် ပွဲ စားခ တစ်လစာဖြင့် ပေါင်းလျှင် ၉ သိန်းကျော်၊ သည်ငွေပမာဏ မှာ ဒေါ် သောင်း အတွက် မျက်ဖြူဆိုက် စရာ အနေအထားပင် ဖြစ်သည်ဟု သူက ဆိုပါသည်။

”အိမ်ကိုတော့ သွပ်တစ်ချပ်၊ သံ တစ်ချောင်းဘာမှကို မပြုပြင်ပေးဘဲ ဈေး ကတော့ ထိုင်နေရင်းနဲ့ကို တက် သွားတာ”ဒေါ်သောင်း၏အသံက ပြစ် တင်သံပါသလိုလို ရှိသော်လည်း အား မတန်မာန်လျှော့လိုက်သည့် ဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာဆိုသည်။”ခုတော့ ဘယ်လိုမှညှိမရဘူး။ သူ ပြောတဲ့ ခုနစ်သောင်းကို ဘယ်လိုမှ လည်း မတတ်နိုင်တဲ့အတွက် အိမ် အသစ် ထပ်ရှာတော့မယ်”

 အိမ်တစ်လုံး (သို့မဟုတ်) တစ်လုံး ထက်မနည်း ပိုင်ဆိုင်ထားကြသူများက ကိုယ်နေထိုင်ရာ ဗိမာန်မှလွဲ၍ ကျန်နေ ရာများကို ငှားရမ်းခြင်းများ လုပ်ကြ သည်။ ထိုအခန်းများကို ရှာဖွေနေသည့် လူအချို့က ယင်းအိမ်တွင်’အိမ်ငှား’ ဟူ သည့်အမည်ဖြင့် အသက်ဆက်ကျော ခင်းကြသည်။

   ဤမျှ လူဦးရေထူထပ်သည့် အနှီ ရန်ကုန်၌ အခန်းအလွတ်တစ်ခန်းရရန် လမ်းလျှောက်ရှာ၍မလွယ် တစ်လမ်းဝင် တစ်လမ်းထွက် ရှာဖွေ၍ မဖြစ် ။ ခြေ ကုန်လက်ပန်းကျနိုင်သည့် လုပ်ငန်းကို ‘အိမ်ခြံမြေအကျိုးဆောင်’တို့က အိမ်ရှင်၊ အိမ်ငှားကြား ပေါင်းကူးတံတားထိုးကြ သည်။

 ’အကျိုးဆောင်ခ’ဟု အမည်တပ် သော်လည်း’အိမ်ပွဲစား”မြေပွဲစား’ဟုသာ အမည် တွင်ကျယ်တုန်းဖြစ်သည်။ ဤအမည် နာမကို ခေါ်ဝေါ်သူ များ က ခေါ်မြဲဖြစ်ကာ အခေါ်ခံရသူကလည်း လိုလို လားလား နှစ်သက်မြဲ။ ‘ပွဲစားမလို’ ဟူသည့်ဆိုင်းဘုတ်တစ်ခုက အိမ်ငှား ဈေးကွက်၌ မတွင် ကျယ် ။ တွေ့အောင် ရှာရန်လည်း မလွယ်။ သည့်အတွက် မိမိတို့ပြောင်းလိုရာ ဌာနေအလိုက် အပိုင်ပွဲစား တစ်ဦးနှင့်သာချိတ်ဆက်မိ ရန်လိုသည်။ မြို့နယ်အလိုက် နေရာစုံ  အိပ်ခန်းအလွတ်များစွာအား တစ်ခန်း ဝင်တစ်ခန်း ထွက်ပြမည်။၎င်းတို့ကို အပ်ထားသည့်အိမ်များက ဒုနဲ့ဒေး။ ကိုယ်တိုင် ရှာပါက အိမ်ခန်းလွတ်များ မရှိသလောက်ရှားပါးနိုင်ပြီး အကျိုး ဆောင်နှင့် ချိတ်ဆက်မိပါက အခန်း လွတ်များ၊ ငှားရမ်းမည့်အခန်းများစွာ ကို ဈေးနှု န်းများစွာဖြင့် တွေ့ရပေလိမ့်မည်။

”ထီးတန်းအိမ်ရာတို့၊ ဂန္ဓမာကံမြင့် ဘက်တို့က အန်တီတို့အလုပ်နေရာ ပေါ့။ ဦးကံမြင့်ရဲ့အခန်းတွေက ၁၅ ပေ၊ ၁၈ ပေ အဲဒီလိုတိုက်တွေပေါ့။ ဦးကံမြင့် အခန်းအကုန်လုံး အန်တီကိုင်ထား တာလေ”ဟု မိမိလုပ်ကိုင်ရာနယ်ပယ်၌ ကျွမ်းကျင်ပိုင်နိုင်ကာ အပိုင်နေရာဖြစ် ကြောင်းဒေါ်တရုတ်မက အနည်း ငယ် ခေါင်းမော့ဆိုသည်။ သူ့ကိုထိုအခန်း အိမ်ရှင်များက ယုံကြည်၍ အပ်နှံထား ခြင်းဟုလည်း ဆက်ပြောပြသည်။

ပွဲစားများကလည်း ၄င်းတို့လုပ် ငန်းမှာ အပင်ပန်းခံရပြီး နေပူ မိုးရွာမ ရှောင်လုပ်ကိုင်ကြရကြောင်း ဆိုကြ သည်။ ”ပါးစပ်လှုပ်လက်လှုပ်” အလုပ် မျိုးဖြစ်သည်။ ဝါတွင်းကာလကတော့ ပွဲစားတို့အနေအေး သည့်ကာလဖြစ်ပြီး လက်မှိုင်နေကြရသည့် အချိန်လည်း ဖြစ် သည်။  ခေတ်စကားနှင့်ဆို လျှင် ‘ဘိုင် ပြတ်သည့်’လဟု စမ်းချောင်း မြို့နယ်မှ အိမ်ရောင်း၊ ဝယ်၊ ငှားလုပ်ကိုင်သည့် ကိုဘိုဘိုက ပြောသည်။

၎င်းတို့၏ အလုပ်တွင်လည်း အငှားမှာပွဲခနည်းသည့်အတွက်  လက် ကြီးပွဲစားအချို့က အငှားကို ရှောင်ကြ သည်ဟုဆိုသည်။ သူတို့အတွက် ပွဲခ မြိုးမြိုးမြက်မြက်ရှိမည့် အရောင်း အဝယ်ပွဲမျိုးကိုသာ အားသန်သည်ဟု ဆိုသည်။အရောင်းအဝယ်ပွဲက တစ်ပွဲဖြစ် လျှင်ကို ပွဲခက သိန်းနဲ့ချီရသည်။ သိန်း ၁ဝဝ နှင့် ၂ဝဝ ကြားအိမ်ခန်း၊ မြေ ကွက်ဆိုပါက ပွဲညွန့်ပွဲခနှစ်သိန်း ကခုနစ် သိန်းကြားရတတ်သည်ဟု ကိုဘိုဘိုက ၄င်းလုပ်ငန်းအလုပ်ဖြစ်ပုံကို အာပေါင် အာရင်းသန်သန်ပြောပြသည်။

သို့သော် ယင်းငွေအထပ်လိုက်က တစ်ဦးတည်းအပိုင်သိမ်းလို့တော့မရ။ ပွဲစားလောကအချင်းချင်းလည်း ချိတ် ဆက်လုပ်ကိုင်ကြရသည်မို့ ရသမျှ ပွဲခမှာ ဝေစားမျှစားစနစ်။ သည့်အတွက် အငှားပွဲလေးများကိုလည်း ရံဖန်ရံခါ ဝင်နွှဲကြရသည်ဟု ပွဲစားဈေးကွက်အ ခြေအနေကို ရှင်းပြသည်။

 ”အိမ်ငှားမယ့်လူကြည့်ချင်မယ် ထင်တဲ့အိမ်မျိုးကို လိုက်ပြရတယ်။ အလုပ် ကဖြစ်တော့ဖြစ်ပေမယ့် သူတို့ ပြောပြတဲ့ပုံစံမျိုးရဖို့ အသေးစိတ်ရှာ ထားပေး ရတာ၊ ပင်ပန်းတယ်”

 ဤသို့ဆိုလျှင် ပွဲခနည်းပြီး ပင် ပန်းသည့်အလုပ်ဖြစ်သည့်အငှားပွဲ များကို လက်ရှောင် သွားနိုင်စရာ အကြောင်းရှိသည်။ သို့သော် လက်တွေ့ တွင်ေ တာ့ ဤသို့သောအပြောင်းအလဲ များစွာရှိသည်။

တာမွေ၊ မေတ္တာညွန့်၊ ဗဟန်းတစ် ဝိုက် အကျိုးဆောင်နေသည့်ပွဲစား မရီ ရီ(အမည်လွှဲ)က မိမိကိုအပ်ထားသည့် အိမ်ခန်းမှာ ခြောက်လတစ်ကြိမ် လူ ပြောင်းပါက ပြောင်းရွှေ့တိုင်း မိမိ အတွက် တစ်လစာပွဲခတင်ကျန် သည်။ အိမ်ငှား များပြောင်းရွှေ့ရသည့် အပေါ် အားနာသော်လည်း ၄င်း ပြောင်း ရွှေ့ခြင်းဖြစ်မှပင် မိမိနှင့်မိသားစုဝမ်းစိုမည်ဖြစ်သည့်အတွက် လုပ်ရင်းကိုင် ရင်း နေသားကျလာသည်ဟု ဆိုသည်။

”အိမ်ကအရင်ဆင်းတယ်။ အခန်း လွတ်ရင်အိမ်ရှင်က ဒီပွဲစားပဲပြန် အပ် တယ်။ အဲဒီတော့ ပွဲခ ပြန်ရတယ်။ တစ်ခါတလေ အိမ်ရှင်ကဈေးတက်ချင် တယ်။ ဒါမှမဟုတ် မငှားတော့ဘူးဆို ရင် အိမ်ငှားကိုလှမ်းပြောရတယ်။ မု သားမပါလင်္ကာမချောပေါ့။ အဲဒီအခါ ကျတော့ ဒီအခန်းကိုရောင်းမယ်။ မငှား တော့ဘူးပေါ့။ ဒီတော့ မနေနိုင်တဲ့သူက ဆင်းသွားတယ်။ နေချင်တဲ့သူက ငွေ ထပ်တိုးပေးတယ်။ စာချုပ်ထပ်ချုပ်ရင် ပွဲခတစ်လစာထပ် ရတယ်”

မရီရီက ရိုးစင်းလာဟန်ရှိသည့် သူမ၏အလုပ်အကိုင်ကို လေးနက်ဟန် ဖြင့် မဆိုတော့။ 

သာမန်မျှသာ ပြောနေ ခြင်းဖြစ်သည်။တစ်ခါတစ်ရံ   ပြောင်းမည့်အိမ် ငှားမှ အိမ်ထပ်ရှာရန် အဆင်မပြေပါက မိမိကိုပင်ပြန်အပ်သည့်အတွက် ထို အိမ်သစ်ရှာဖွေပေးခ ပွဲစားခလည်း ထပ် ရပြန်သည် ဟု ပြောသည်။ အိမ်စာချုပ် နှစ်ဝက်ချုပ်ပါက လတစ်ဝက်စာပွဲစား ခရပြီး နှစ်ချုပ်ဆိုလျှင် တစ်လခ ရတတ် ကြောင်း ထပ်ဆောင်းပြောပြန်သည် ။ ခြောက်လ တစ်နှစ်ပြည့်၍ စာချုပ်ပြန် ချုပ်သည့်အခါ ပွဲခထပ်ယူလေ့ရှိသည် ဟု ပြောပြပြီး ထိုအလေ့အထမှာ မည်သည့် အတွက်ကြောင့် မည် သည့်နေရာမှ မည်ကဲ့သို့တွင်ကျယ်လာသည်ကိုမူ မသိ ဟုဆိုသည်။ သို့သော် ထိုဓလေ့ကို မိရိုး ဖလာအဖြစ် ပွဲစားလောကတွင် သုံးစွဲ မြဲပင်။

 ဒဂုံမြို့သစ်အရှေ့ပိုင်းသို့ ပြောင်း ရွှေ့လာသည့်ဦးခင်ထွန်းက လုံးချင်းသစ် သားအိမ်၏အပေါ်ထပ်ခိုးကို ငွေသုံး သောင်းခွဲဖြင့် ငှားဖြစ်ခဲ့သည်ဟု ဆို သည်။ အိမ်စငှားချိန်တွင် လူငါးဦးခန့် ပါမည်ဟု ဆိုထားခဲ့ပြီး နေထိုင်ရာတွင် သမီးငယ်လင်မယားပါ ပါလာသည့်အ တွက် ခုနစ်ဦးဖြစ်သွားသည့် အပေါ် အိမ်ရှင်က တစ်သောင်းထပ်တိုးတောင်း ခဲ့သည်ဟုလည်း ဆိုသည်။ ဦးခင်ထွန်း ကတော့ ထိုကိစ္စက မဖြစ်သင့်ဟုသာ တွေးကြောင်းပြော ချိန်တွင်တော့ လေသံ ကအနည်းငယ်မာသွားသည်။

”ပွဲစားကိုလည်း တစ်လစာအသား တင်ပေးရတယ်။ စပြောင်းစက သူ့အကူ အညီနဲ့မို့တစ်လစာပေးရတာ တန်ပါ တယ်။ ဒါပေမဲ့ ခုတစ်ခေါက်ပေး ရတာ တော့မတန်ဘူး။ အဲဒါကို မပေးချင်တာ”သူ့လေသံ တွင် ဒေါသနှင့် မခံချင် စိတ်များက ရောပြွမ်းနေသယောင်။ သို့ သော် ဘာမှမတတ်နိုင်ခဲ့ဟု ဆက်ပြော ပြီး အိမ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့် မရသည်က တစ်ကြောင်း၊ ပြောင်းရန် ရွှေ့ရန်ခက်ခဲသည်က တစ်ကြောင်း   ကြောင့်   ပေးခဲ့ရ သည်ဟု ပြောသည်။

 သို့သော် ယင်းသို့ဖြစ်ရပ်များက အနည်းနှင့်အများဟု ဆိုနိုင်သည်။ ပွဲစားလောကတွင်း ကျင်လည်ကြသူ တူသော်လည်းလူတော့ကွဲ ဦးမည်။ပုဇွန်ေ တာင်၊ ကျောက်မြောင်းပွဲ စားဒေါ်သန်းသန်းဝင်းကတော့ မိမိအ လုပ်မှာ တစ်ခါတစ်ရံငွေရွှင်သည်ဟု ဆိုနိုင်သော်လည်း အိမ်ရှင်အိမ်ငှား   နှစ်ဦးစ လုံးသဘောကျမှုမရှိပါက ပွဲသိမ်း သွားနိုင်သည်။ ခြေတိုအောင် လမ်း လျှောက်၊ အမြှုပ်ထွက်မတတ် ပြောဆို ခဲ့ရသည်တို့က လက်ဖက်ရည်တ စ်ခွက် နှင့်ပင်ပြီးဆုံးသွားသည်ဟု ဆိုရှာသည်။

 ပွဲဖြစ်သော်လည်း အိမ်ငှားခပင် အနိုင်နိုင်ပါဟု ငိုပြတတ်သည့်အိမ်ငှား မျိုးဖြင့်ဆုံရပါက ပွဲခတစ်လစာက မသေ ချာတော့။ မပေးလို့မရဘူး ဟူ၍ လည်း တင်းတင်းမာမာ မပြောတတ်သူမို့ တစ် ဝက်သာရတတ်သည်ဟု ပွဲစားလော ကကြုံတတ်ပုံကို အရွှန်းဖောက်သည်။

 ”အန်တီကတော့ အိမ်ရှင်ဘက်ကို ကြည့်ပြီး အလုပ်မလုပ်ဘူး။ ပွဲညွန့်စား တာလည်းမရှိဘူး။ အိမ်ငှားဆီကပဲ ပေးသလောက်ယူတယ်။ သူများမသ ထာ တာမလုပ်ဘူး”ဟုပြောကာ အလုပ်ဆက် လုပ်ရန် ခပ်သွက်သွက်ထွက်သွား သည်။ရန်ကုန်၏ သာမန်အိမ်ငှားခ ဈေး နှုန်းများက ၂ဝဝဝ ပြည့်နှစ် မတိုင်မီ ငါး သောင်း ခြောက်သောင်းအထက်သို့ ယောင်၍ပင်တက်မလာခဲ့ဖူးကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့ထံမှ သိရသည်။ ဤမှ ၂ဝ၁၂ ခုနှစ်ကျော် သည့်အချိန်တွင်တော့ ရန်ကုန်၏ နေစရာ ကျောတစ်ခင်းစာက ဈေးနှုန်း ရုတ်ခြည်းပြောင်းသွားသည်က အံ့မ ခန်း။

 ကြမ်းခင်းပင် မကောင်းချင်လှ သည့် ၁ဝ ပေအခန်းများက ဈေး ကိုး သောင်းဝန်းကျင်။ ထိုဈေးမှ ဆင်းသွား သည်ဟူ၍မရှိ။ တစ်ခါတစ်ရံ ဝါကျွတ်၊ သင်္ကြန် စသည့်အခါကြီးရက်ကြီးအချိန် များဆိုလျှင် ယောင်ယော င်လေးပင် တိုးကြသေးသည်ဟုအိမ်ပွဲစားအချို့က ၄င်းတို့လက်ဝယ်ရှိ အခန်းဈေး များ အကြောင်း ရှင်းပြရှာသည်။

ဒီနေ့ ရှစ်သောင်းဟုပြောပြီး နောက်တစ်နေ့တွင် ကိုးသောင်းခွဲဈေး ဖြင့် သာငှားမည်ဆိုပြီး ဖုန်းဆက်လာကြ သေးသည်ဟု သိရသည်။ ဝါတွင်းနား နီးသည့်အချိန်နှင့်ဝါထွက်အချိန်က အိမ် ရှင်များအတွက် ဈေးနှုန်းအလှု ပ်ခတ်ဆုံး ပြောင်းလဲတတ်ကြသည့်အချိန်ဖြစ်နေ သည်ကို တွေ့ရသည်။ အိမ်ရှင်ဘက်မှ အိမ်ဈေးတိုးမြှင့်သော်လည်း ‘ဝါဝင် ရင်ငှက်တောင် အသိုက်မပြောင်းဘူး’ဟူ သည့်မြန်မာ့အစွဲကြောင့် အိမ်ငှားများ ဘက်မှ ဝါဝင်ခါနီးအပြီးသတ်ပြောင်း ရွှေ့ကြ ခြင်းဖြစ်သည်။

 တောင်ဒဂုံ ၆၅ ရပ်ကွက်ရှိ တိုက် ခန်းကို အိမ်ငှားချထားသည့် ကိုမိုး (အမည်လွှဲ)က ”ဘယ်နှစ်တော့ ဘယ် လောက်တိုးမယ်လို့မသတ်မှတ် ထားပါ ဘူး။ အိမ်ကိုတော့ ပွဲစားနဲ့အပ် ထား လိုက်တာ။ ဈေးနှုန်း ကတော့စုံစမ်း ဖြစ် တယ်။ ကိုယ်နဲ့အတူတူဖြစ်တဲ့ တိုက် တွေ ဈေး တက်ကုန်ပြီလို့ကြားရင်ေ တာ့ သူတို့ဈေးအတိုင်း ထပ်တိုးခိုင်းလိုက် တယ်”ဟု မိမိအိမ်ဈေးနှုန်း တိုးမြင့်တတ် ပုံကို ခပ်ပြတ်ပြတ်ပင်ဖြေသည်။

အိမ်ရှင်တစ်ဦးဖြစ်သည့် သူ့အ တွက် အိမ်ငှားတင်ထားရသည့်အပေါ် အိမ်၏ပျက်စီးမှုယိုယွင်းမှုကိုပါ တွက် ချက်ယူရသေးသည်ဟု ဆိုပြန်သည်။
အိမ်ငှားက လူကောင်းသူကောင်း များဖြစ်ရန်လိုပြီး သည့်အတွက် ပွဲစားကို လည်း အထူးတလည်မှာထားရကြောင်း ထပ်လောင်းပြောပြန်သည်။
တာမွေပွဲစားမရီရီက မိမိကိုအပ် ထားသည့်အိမ်ရှင်များမှလူရွေးပြီး လူ များများဆိုပါက လက်မခံကြောင်း တစ် ခါတည်းထည့်မှာထားသေးသည်ဟု ဆို သည်။ အိမ်ကိုမနာလိုသည့်သဘောဖြစ် သည်။ အချို့က အခန်းတစ်ခန်းငှားပြီး အချင်းချင်းစုနေကြသည်မျိုးကလည်း တွင်ကျယ်လာသည်မို့ အဆိုပါ ကိုယ်ပိုင် အဆောင်မျိုးနေထိုင်ကြခြင်း ကိုလည်း အိမ်ရှင်အချို့က မကြိုက်ကြကြောင်း သိရသည်။ ထို့ကြောင့်အိမ်ငှားပွဲစားက အရင် ထက် ငွေရရန်ခက်ခဲလာသော် လည်း ဘယ်လိုလူမျိုးမဟူ ငှားမည်ဆို သည့်အိမ်ရှင်များလည်း ရှိသေးသည်ဟု သိရပြန်သည်။

 ”ကျွန်တော့်အိမ်ကိုငှားတဲ့သူတွေ ကတော့ သန့်တယ်။ သုံးယောက်ထဲ လည်းဖြစ်တော့ နောက်ပိုင်းပွဲစားမပါ တော့ဘဲ တိုက်ရိုက်ချုပ်ဖြစ်တယ်။ ဈေး လည်းနည်းနည်းတော့ လျှော့ပေးဖြစ် တယ်”ဟု ဒေါပုံမြို့နယ်က အိမ်ခန်းပိုင် ရှင်တစ်ဦးဖြစ်သူ ဦးကျော်က ပြော သည်။ဤတွင် ရန်ကုန်၏ အိမ်ငှားေ ဈး ကွက်ကြီးအား ဆင်ခြင်ကြည့်လျှင် မြို့ လယ်ကောင်ကျသည့်အချက် အချာ နေရာ အိမ်ငှားဈေးများက မိုးထိုးနေ သည်။ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာ စသည့်အခန်းများပင် အထပ်မြင့်မြင့် ဈေးမြင့်မြင့်ဖြစ်ကုန်ကြသည်။ စီမံကိန်း များနှင့်တိုးချဲ့မြို့ပြပုံစံမျိုးများကြောင့် လည်း ဆင်ခြေဖုံးများ၊ မြို့သစ်ရပ်ကွက် များမှာတော့ အလျှိုလျှိုဈေး တက် လာကြသည်။ ခုံးကျော်တံတားများနှင့် အိမ်ရာစီမံကိန်းများကြောင့်လည်း မြေ ဈေး၊ အိမ်ဈေးများတရိပ်ရိပ်တက်ဆဲ။

ထိုသို့ အတက်သာ ရှိနေသည့် အိမ်ဈေးများကြောင့် အိမ်ငှားများ မျက် ဖြူဆိုက်ကြချိန်တော့အမှန်ပင်ဖြစ်လိမ့် မည်။ သို့သော် မည်သည့် ဆရာများ ကြိုက်နိုင်သည်ကိုတော့ မသိနိုင်။  အိမ်ငှားခများ၌ နစ်နေကြ သည့် ပြည်သူများက တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ် များကြောင့် ထူထူထောင် ထောင်ရှိ လာခဲ့သည်။ သို့သော် စနစ် တစ်ခုဖြစ်နေပြီး အကောင်အထည်မ ဖော်နိုင်သေးသည့် လက်ရှိကြားကာလ များအတွင်းမှာတော့ အိမ်ငှားနေကြရသူများ၏ ဘဝကလုံးလည် ချာလည်နှင့်သာ။ ပီပြင် မလာနိုင်သေးသည့် ယင်းစီမံကိန်း များကိုစိတ် ကူးရင်း လက်တွေ့ကျသည့် အိမ်ငှားဘဝကြီးကိုသာ ရုပ်လုံးပေါ်သ ထက်ပေါ်အောင် ဖန်တီးနေကြရသည်။

အိမ်ငှားတစ်ဦးဖြစ်သည့် မချိုက မိမိတို့အတွက်မကြားချင်ဆုံး၊ မဖြစ်ချင် ဆုံးမှာ ‘အိမ်ပြောင်းရမည်’ဆိုသည့် ကိစ္စ ပင် ဖြစ်သည်ဟု ရင်ဖွင့်သည်။ ယခု လည်းဝါဝင်တော့မည်ဖြစ်၍ သီတင်း ကျွတ်ပြီးမှသာပြောင်းပေးပါ ရစေဟု တောင်းပန်ကာ ယခင် အိမ်ငှားခဖြင့် ဆက်နေနေရသော်လည်း စိတ်ထဲ၌ အိမ်အသစ်ရှာရန်ပြောင်းရန်ကိုသာ အမြဲ စိတ်ရောက်နေသည်ဟု ၄င်း၏စိုးရိမ် နေမှုကို ဝန်ခံသည်။

”ပြောင်းတာတော့ ဘယ်ပြောင်း ချင်ပါ့မလဲ။ ဝါကျွတ်ရင်ရောအိမ်တစ်ခု ရဖို့လွယ်နိုင်ပါ့မလား။ဈေးကရော ဘယ် လိုလဲ။ အိမ်ကရော ကောင်းပါ့ မလား။ လမ်းကရော သန့်ပါမလား။ အတွေး တွေတစ်ပုံကြီးပဲ” ဟု သက်ပြင်းသံ ရောရင်း စကားကို ဆက်ပြောလိုက် သည်။

ထို့ကြောင့် ယခုကတည်းက အိမ် အသစ်ကို ကြိုရှာနေပြီး စိတ်ကြိုက်အိမ် ကလေးတွေ့ပါက စရန်ကြိုချခဲ့ မည်ဟု ၄င်း၏ အကြံအစည်ကို ချပြသည်။
ပလာတာ တစ်ဖဲ့ကို ကောက်ယူဝါး လိုက်ရင်း လက်ယပ်ခေါ်ပြသည့် အ မျိုးသမီးတစ်ဦးဘက်သို့ ‘လာပြီ’ ဟူ သည့်ဟန်ဖြင့် ခေါင်းကိုညိတ်ပြ လျက်” အဲ့ ဒါဒီရပ်ကွက်က အပိုင်ပွဲစားလေ”ဟု ပြောကာ ကသုတ်ကရက် ထထွက် သွားသည်။

 မြို့ပြ၏ အငွေ့အသက်များကြား တည်ဆောက်ထားသည့် ခိုလှုံရာ ဌာနေ အိမ်များက များစွာ ရပ်လျက်ရှိသည်။ ယင်းနေရာများကို လူဦးရေဖြင့် အချိုး ချလိုက်ပါက ပိုင်ဆိုင်သည့်နှုန်း မညီမျှ ဖြစ်နေသည်ကိုသာ တွေ့ရသည်။ အိမ်ငှားသည့် စနစ်များကလည်း စုံတော့စုံလှသည်။ တစ်လချင်း အိမ်ငှား ခပေးနိုင်သည့် စပေါ်ငွေဖြင့် အငှား၊ လချုပ်၊ နှစ်ချုပ်ဖြင့် ငှားနိုင်သည့် ‘အပျောက်’စနစ်ကတစ်မျိုး၊ တစ်ခါတစ်ရံ နားလည်မှုဖြင့် နှစ်လရှင်း၊ သုံးလရှင်း များ။

အိမ်ရှင်နှင့် အိမ်ငှားတိုက်ရိုက် ချိတ်ဆက်မိသူများ အတွက်တော့ ပြေလည်ေ အာင် ပြောဆိုရင်း သက်သာ ရာ သက်သာကြောင်း ရှာကြံကြရသည် ဟု အိမ်ငှားအများစု၏ အပြောဖြင့် သိရသည်။ယခုလည်း ဒီနစသျငအနဒ ဆိုပြီး ပုံ စံအသစ်မျိုးဖြင့်ပေးလာရသည်ဟုလည်း သိရသည်။ တွင်ကျယ် လာသည်က ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ဖြစ်သည်။ အိမ်ရှင်ဘက်မှ အိမ်ငှား၏ နောက်ဆုံး လက်ကျန်ရေဖိုး၊ မီးဖိုး ဖြတ်ပြီးပါက ပြန် ပေးသည်ဟု
သိရသော်လည်း အိမ်ငှား အချို့ကတော့ ပြန်မရဟု ညည်းညူ ကြသည်။

‘Deposite’ ဆိုတာ အများကြီး တောင်းစရာမှမလိုတာ။ ခုက အိမ်ဈေး အတိုင်း သိန်းချီတောင်းနေကြတယ်။ နှစ်ချုပ်ကိုရော၊ စပေါ်ကိုရော အကုန် ပေးရတယ်” အထက်ပါအကြောင်းကို  စပေါ်ဖြင့် အိမ်ငှားနေထိုင် သည့် ကိုမင်း ထွန်းက မိမိတွေ့ကြုံခဲ့ရသည့် အတိုင်း ပြန်ပြောခြင်းဖြစ် သည်။ ယခုနှစ်ပိုင်းအ တွင်း အဆိုပါ ‘Deposite’ ကိစ္စ တွင် ကျယ်လာပြီး အိမ်ရှင်၊ အိမ်ငှားကြား မပေးနိုင်သည့် ပြဿနာအချို့ရှိလာ သည်ဟုလည်း သိရသည်။

ယုဇနဥယျာဉ်မြို့တော်တွင်း လုပ် ကိုင်သည့် အိမ်ပွဲစားတစ်ဦးက ”ဒီမှာ တော့ ငှားရင် အရင်ကတည်းက ရေစ ပေါ်၊ မီးစပေါ်တောင်းတယ်။ အိမ်မငှား တော့ရင် ပြန်ပေးပေါ့၊ တစ်လစာတော့ မဟုတ်ဘူး။ တစ်သောင်း၊ နှစ်သောင်းပဲ”ဟု ၄င်းတို့နေရာ၏ အိမ်ငှားပုံစံများကို ပြောသည်။

 အိမ်ထောင်သည်နှစ်ဦးတည်းသာ ရှိသူများနှင့် တစ်ကိုယ်ရည်တစ်ကာယသ မားများအတွက်တော့ လူကျပ်သည်ဟု ဆိုသော်လည်း   ခြင်ထောင် တစ်လုံးစာနှင့် သေတ္တာတစ်လုံးစာ နေရာချနိုင်သည့် သီးသန့်အဆောင် များနှင့် အိမ်ထောင် သည်အခန်းများဖြင့် ဖြည့်စွက်နိုင်သည်။

 ရန်ကုန်မြို့တွင်း အဆောင်များက နှစ်သောင်းနီးပါးသာ။ ငွေရှင်းစနစ်က တစ်လချင်းမို့ တစ်ဦးချင်းသမားများ အ တွက် မစဉ်းစားဘဲ ထိုနေရာ များသို့ သာ ဦးတည်သည်။ ထို့အပြင် မိသားစုမရှိ သေးသည် အိမ်ထောင်သည် များအ တွက်လည်း ‘အိမ်ထောင်သည်အခန်း’ များက ခဏတာ ဝင်ရောက် ကူညီနိုင် သည်။ တစ်လလျှင် ငွေကျပ် ငါးသောင်း ခန့်ပေးရသော်လည်း တစ်လ ချင်းပေးရ သည့်အတွက် အထိုက် အလျှောက်ဆို သည်ထက် ပိုသက်သာစေသည်။ လုံးခနဲ၊ ခဲခနဲမပေးလိုက်ရသည်ကိုက သက်သာ လွန်းလှပြီ။ ညားခါစ ဇနီးမောင်နှံ တို့အတွက်တော့ ကူရာကယ် ရာ မြက် တစ်ပင်ဖြစ်သည်ဟု ဆိုလာသူက ကို ကြည်သာ။

ဇနီးသည်နှင့် နှစ်ယောက်တည်းမို့ တောင်ဥက္ကလာဘက်၌အိမ်တစ်ခြမ်းငှား နေခဲ့သော်လည်း အလုပ်နှင့် သွားလာ နေရသည်ကဝေးပြီး လချုပ် ချုပ်နေ ရခြင်းက ၄င်းတို့ လင်မယားအတွက် စရိတ်ထောင်းလာသည်ဟု ဆိုပြန်သည်။ သည့်အတွက် ထိုကဲ့သို့ တလေပေး အိမ် ထောင်သည် အခန်း များသို့ ကိုကြည် သာတို့ ဇနီးမောင်နှံ မစဉ်းမစားပင် ပြောင်း လာဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ရယ် ကျဲကျဲဖြင့် ပြောလိုက်သည်။

ကာလဒေသကို လိုက်၍ အရောင် ပြောင်း၊ နေရာပြောင်း၊ အရပ်ပြောင်းကြ ရသူများတွင် ရန်ကုန်၌ နေထိုင်သူများ က ထိပ်ဆုံး၌ ဖြစ်နိုင်ခြေရှိ ဟန်တူသည်။ ထိုသူများတွင် နေရာအတိတကျ မရှိနိုင်။ လူတစ်ဦး၏ ကျောင်းသားကတ်၊ဝန်ထမ်းကတ်နှင့်အိမ်ထောင်စုစာရင်း မှ လိပ်စာများ က နှစ်စဉ်မဟုတ်သော် လည်း ပြောင်းလဲမှုတော့ရှိစမြဲဖြစ်သည်။

အထူးသဖြင့် ဝါတွင်းကာလနီးချိန် နှင့် ဝါကျွတ်ကာလများမှာ အိမ်ပြောင်း ရာသီဖြစ်သည်။ ရပ်ကွက်တစ်ခုမှ တစ်ခု၊ မြို့နယ်တစ်ခုမှ တစ်ခု၊ လမ်း တစ် လမ်းမှ တစ်လမ်း စသဖြင့်ပင် ရေကြည် ရာ မြက်နုရာသို့ ပြောင်းရွှေ့ နေကြရသည့် အိမ်ပိုင်မရှိကြသူများ၊ထိုသူတို့ကြား ပွဲ စားခတစ်လစာ ထပ်ဆောင်းပေးနေရ ခြင်းကို မကြိုက်သော်ငြား အိမ်ပွဲစား များနှင့် သူတို့က ဆွေးမျိုးပမာဖြစ်နေရ သည်။ ပတ်သက်မှုက မကင်းရာ မကင်း ကြောင်း သဖွယ်။

 အရောင်းဈေးတက်လျှင် အိမ်ငှား ဈေးပါ အလိုလိုတက်တက်ပြီး အရောင်း အဝယ်အေး၍ ဈေးကျချိန်၌လည်း အငှား ဈေးက ပြန်မဆင်းတတ်ေ တာ့ဟု ရန်ကုန်မြို့တွင်း ပွဲစားအချို့ထံမှ သိရ သည်။ ကျောက်တံတား၊ ပန်းပဲတန်း အိမ် ရောင်းဝယ်ငှားလုပ်ကိုင်သူ တစ်ဦးက နောက်ပိုင်းတွင် မြို့ထဲဝန်းကျင်၌ တစ်ဦးတည်း ငှားရမ်းနိုင်မှုမရှိကြတော့ ဘဲ အစုစပ်ပုံစံများ၊ အိမ်ရှင်နှင့် ပူးတွဲ များ နေထိုင်လာကြကြောင်း ဆိုသည်။

 မြို့လယ်ကောင်အချက်အချာတွင် နေထိုင်လိုကြသော်လည်း စီးပွားရေး အနေအထားအရ ငှားရမ်းရန် အဆင်မ ပြေ၍ ဆင်ခြေဖုံးများ၊ မြို့သစ်များ သို့ ရွှေ့သူကရွှေ့ကြသည်။ စုပေါင်းနေသူက နေသည်။ ရန်ကုန်၏ နေထိုင်မှု စနစ်မှာ ဆေးမြီးတိုပုံစံဖြင့် သာကုသနေရဆဲ ဖြစ်ပြီး အနာနှင့်ဆေးေ တွ့လှသေးသည် တော့မဟုတ်။ ရန်ကုန်ကို အားကိုးတကြီး ခိုလှုံကြသည့် နယ်မှ တက်လာသူများအ ဖို့လည်း စတင်ရင်ဆိုင်ရသည့်အခက်အ ခဲ က ကျောခင်းစရာ နေရာ။ မိဘလက် ငုပ်လက်ရင်း နယ်ဘက်တွင် အလုပ်အ ကိုင်အဆင်မပြေ၍ အားကိုးရှာလာကာ မှ ငါးပါးမှောက်သည့် အနေ အထားမျိုး ဖြင့်တော့ မပြန်လိုဟု ရန်ကုန်မြို့တွင် သူနာပြု အကူသင်တန်း တက်ရန်လာ ရောက်သည့် အသက်အစိတ်အရွယ် မသီတာက ဆိုသည်။
လက်ရှိတွင် သင်တန်းမှ အိမ်ခန်း၌ပင် အဆောင်ဖွင့် ထား၍ နေစရာပူရန် မလိုသော်လည်း လာမည့် နှစ်လတွင် သင်တန်းပြီးပါက နေစရာအတွက် ပူပန်သောက ရောက်ရ တော့မည်ဟု စိုးရိမ်တကြီးပြောလာ သည်။

ရန်ကုန်၏ နေစရာ အခက်အခဲကို ရန်ကုန်၌ နေထိုင်သူ အများအပြား ခံစား နေကြရပြီး မိသားစု ဘဝများ အတွက် တော့ ရန်ကုန်သည် ခပ်ကြမ်း ကြမ်း ရိုက် ခတ်ဆဲဖြစ်သည်။ မိသားစုစရိတ်နှင့် သားသမီးတွေ ကျောင်း စရိတ်နှင့် လမ်း စရိတ်များအတွက်ကိုပါ စဉ်းစားချင့် ချိန် ရင်း ရသုံးငွေ စာရင်းကို အမြဲတမ်းလိုလို တွက်ချက်နေရသည်ဟု မင်္ဂလာတောင် ညွန့်မြို့ နယ်မှ မသန္တာက ၄င်း၏ နေ့စဉ် ခေါင်းခြောက်ရပုံများကို တစ်စစီဆွဲ ထုတ်ပြောပြသည်။

မသန္တာက ၂ဝ ကျော်ပတ်ဝန်းကျင် တွင် မုံရွာဘက်မှ ရန်ကုန်သို့ ကိုယ့်ဒူး ကိုယ်ချွန်မည်ဟုဆိုကာ တက်လာရင်း ရန်ကုန်၌ပင် နဖူးစာရွာ လည် သွားခဲ့သည် ဟု ဆိုသည်။ ကြင်စအချိန်တွင် အထက် ပါ ကိစ္စများ က ပြဿနာမဟုတ်ခဲ့။ လင် နှင့်မယား ဝမ်းဝရုံသာမက ခါးပင်လှနိုင် ကြသေးသည်။ သို့သော် ..

 သားသမီးနှစ်ဦးရပြီးသည် အထိ အိမ်အပိုင်မရှိနိုင်သေးသည်က သူတို့ ဇနီးမောင်နှံအတွက် အဓိက စိန်ခေါ် လာသည့် ပြဿနာကြီးအဖြစ် ပြောင်း လဲလာခဲ့သည်ဟု ဆိုသည်။ တရိပ်ရိပ် တက်လာသည့် အိမ်ငှားခနှုန်းများကြား လင်သား၏ လစာဖြင့် ရပ်တည်ရန် ခက်ခဲလာချေပြီ။ သည့်အတွက် သူမပါ အလုပ်ထွက်လုပ်ရန် ကြိုးပမ်းမိသော် လည်း ယခုထိ မအောင်မြင်သေးဟု ခြေကုန်လက်ပမ်းကျသည့် ဟန်ဖြင့်ဆို လိုက်သည်။

ပြီးနောက်တွင်တော့ ”ဒီ တစ်နေရာ အိမ်ငှားခတက်ရင် နောက် တစ်နေရာလည်း တက်မှာပဲ။ ဝေးသွား တာပဲ အဖတ်တင်မယ်။ ဒီလိုသာ အိမ်ငှားခေ တွ ဆက်ဈေးတက်နေဦး မယ်ဆိုရင်တော့ အမေတို့ရှိတဲ့ နယ် ကိုပဲ ပြန်တော့မယ်” ရန်ကုန်သည် နေ ချင်စဖွယ်အတိပြီးသည့် ရွှေမြို့တော်။ ထိုခေါင်းစဉ်အောက်တွင်တော့ မိသားစု ဘဝများစွာ၏ ညည်းညူသံများ ညံစီ၍ ကောင်းတုန်းပင်ဖြစ်သည်။

အောင်ဇော်၊ သုတလင်း၊
မြတ်စုငြိမ်း၊ ခိုင်နွယ်ဦး
မိုးက အငြိုးနှင့် ရွာနေသည့်ပုံစံ ကြား လူတချို့မှာ မိုးထဲရေထဲ အလုပ် ရှုပ်နေခဲ့ကြသည်။ ထိုနေ့က ဇွန်လ၏ တနင်္ဂနွေတစ်ရက်ဖြစ်ပြီး အများပြည် သူတို့၏ အားလပ်ရက်ဖြစ်သော်လည်း ကိုအောင်မြင့်တို့ မိသားစုအတွက်တော့ မဟုတ်ခဲ့။

ကိုအောင်မြင့်က အသက် ၃ဝ မစွန်းသေးသည့်အရွယ် ကုမ္ပဏီဝန် ထမ်း တစ်ဦးဖြစ်ပြီး မိသားစုက လေးဦး ရှိသည်။ မိမိအပါအဝင် ဇနီးသည်၊ သား နှင့် ယောက္ခမ။ လခစား ဝန်ထမ်းတစ် ဦး ဖြစ်သည့်အတွက် ငွေ ကတော့ လကုန်ရက်မှသာ မြင်ရသည့်ဘဝဟုသူ က ဆိုသည်။ သူတို့မိသားစု အတွက် အဆင်ပြေနိုင်သည့် အိမ်တစ်ခုကို ရှာ ဖွေရင်း ရန်ကင်း၌အခြေ ကျနေသည်က အချိန် နှစ်နှစ်ကျော်ပြီ။ သို့သော် ယခု တော့ နေရပ် ဌာနေ ပြောင်းလဲမှု စခဲ့ရ သည်။

အခန်းတွဲ တိုက်တန်းလျားတစ်ခု ရှေ့၌ ၁၄ ပေ ဒိုင်နာကားတစ်စီးက မိုးရေထဲ ပေကပ်ကပ်ရပ်ထားလျက်။ ကားပေါ်သို့ တိုက်ခန်းပေါ်မှ အိမ် ထောင်ပရိဘောဂများကို လူလေးငါး ယောက်က အလှည့်ကျ သယ်ဆောင် ကြသည်။ ထိုကဲ့သို့ လှုပ်ရှားမှုက တစ်နာရီခန့် ကြာမြင့်ပြီးချိန်တွင်တော့ ကားနောက်ခြမ်းတစ်ခုလုံး စားပွဲ၊ ကု လားထိုင်စသည့် အိမ်ထောင်ပရိဘောဂ များဖြင့် ပြည့်နှက်သွားတော့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis