menu

Friday 23 August 2013

ရင်ချင်းဆက် စွယ်တော်ရွက်များ (မင်းလူ)




    "ဆရာဘုန်းနဲ့ ခရီးအတူသွားရင် ပညာတိုးတယ်၊ ဒါပေမယ့် တစ်ညလုံးတော့ အိပ်လိုက်ရမှာမဟုတ်ဘူး"
    ဟု အကြောင်းသိတစ်ယောက်က ပြောသည်။ ဆိုလိုတာကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် စကားအလွန်ပြောချင်သူ။ လမ်းခရီးတစ်လျှောက်လုံး မရပ်မနားပြောသွားလိမ့်မည်။ အိပ်ဖို့အချိန်တောင် ရလိုက်မှာမဟုတ်။
    ကျွန်တော်သည် ခရီးသွားလျှင် ကား၊ ရထားစသည်တို့ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူ မဟုတ်။ ထို့အတူ တစ်လမ်းလုံး စကားပြောပြီး နိုးနိုးကြားကြားရှိနေတတ်သူမျိုးလည်း မဟုတ်။ လမ်းဘေးက
ရှုခင်းတွေငေးကြည့်ရင်း တွေးချင်ရာတွေးလိုက်၊ တစ်မှေးမှေးလိုက် လုပ်တတ်သူမျိုးသာဖြစ်၏။
    ပြီးတော့ ကျွန်တော်က နားပူခံချင်သူမဟုတ်။ သူငယ်ချင်းတွေနှင့် ဝိုင်းဖွဲ့စကားပြောတာ ဝါသနာပါသော်လည်း တစ်ဖက်သတ် နားထောင်ရတာမျိုးတော့ အလွန်ငြီးငွေ့တတ်သည်။
    သို့ရာတွင် ခုလို စကားပြောသော ဆရာတစ်ဦးနှင့်ခရီးအတူသွားရမည့်အတွက် "ဒုက္ခပါပဲ"ဟု ညည်းညူမိခြင်းမရှိတာတော့ အမှန်ပဲဖြစ်၏။ စဉ်းစားကြည့်လေ။ ဆရာဘုန်းနိုင်ဆိုတာ နှယ်နှယ်ရရလား။ ကျွန်တော်တို့ငယ်ငယ်က တသသစွဲလမ်းခဲ့ရသော ဝတ္ထုတွေကိုရေးခဲ့သော ဆရာကြီးမဟုတ်လား။ ခိုင့်ရဲ့သူငယ်ချင်းမဟုတ်လား။ စွယ်တော်ရွက်တို့ရဲ့ အရှင်သခင်မဟုတ်လား။ တခြားအချိန်တွေမှာဆိုလျှင် ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို တွေ့ချင်တိုင်းတွေ့ခွင့်ရဖို့မလွယ်လှပါ။ ခုတော့ သူများစရိတ်နဲ့ ခရီးတောင် အတူတူသွားခွင့်ရပြီပဲ။

မြန်မာ့ ...မြန်မာ့....ရုပ်ရှင်

တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသ
ဖြင့် ပေတိပေစုတ် ထွက်လာသော သီဟတင်စိုးတစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက်၍ ယမ်းစိမ်း၊ ယမ်းခြောက်၊ ယမ်းစို၊ နှင့် သီတင်းကျွတ်ဖောက်သည့် ဗျောက်အိုးများကို လာဝယ်လေရာ မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။ ထိုစဉ် ပေတိပေကြောင်နှင့် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။ ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် က.ုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော ဟိန်းဝေယံ ဆင်းချလာလေသည်။ ဆင်းဆင်းလာချင်း နေကာမျက်မှန်ကို ချွတ်ကာ အလိုမကျသလို ပုံစံဖြင့် ကားပတ်လည်ကို သေသေချာချာ ကြည့်၏။ ကားနောက်ခန်းမှ သူ၏ အမြဲတမ်း သူငယ်ချင်းများ ဖြစ်ကြကုန်သော ဇော်ဇော်အောင်နှင့် ဇင်မျိုး တို့မှာ ပြာပြာသလဲ ဖြစ်ကာ ဆင်းလာကြပြန်လေလျှင် တောသားကြီး သီဟတင်စိုး မှာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။

မြန်မာနိုင်ငံမှ ခိုးသွင်းလာခဲ့ဖွယ် ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

8.1.1
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငါးပြည်နယ်တွင် အထောက်အထား လက်မှတ်အတုဖြင့် ဖမ်းမိခဲ့သည့် ဆင်တစ်ကောင်ကို တွေ့ရစဉ် (Photo:AP)
မြန်မာနိုင်ငံ အတွင်းမှ ခိုးသွင်းလာခဲ့ ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား လက်မှတ် အတုများဖြင့် ၀ယ်ယူထားသည့် ပိုင်ရှင်များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော အဆိုပါ ဆင် ၁၄ ကောင်ကို နိုင်ငံတောင်ပိုင်း ပြည်နယ်များ ဖြစ်သည့် ဖန်ငါး၊ ဖူးခတ်နှင့် ကရာဘီတို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သဘာဝ ရင်းမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေး အကြီးအကဲ ရဲမှူးကြီး နိုရာဆတ်ဟမ်နီသီက ပြောကြားသည်။
မှတ်ပုံတင်ထားသော နေရာနှင့် ကွဲလွဲနေသည့် ဆင်များကို စတင်တွေ့ရှိရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် သားရိုင်းတိရစ္ဆာန် ဆိုင်ရာ အရာရှိ ၁၀၀ နီးပါးက ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ရာမှ ယခုဆင်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''အခုဖမ်းမိတဲ့ ဆင်တွေဟာ မြန်မာနိုင်ငံ အဲဒီအနီး ၀န်းကျင်မှာရှိတဲ့ တောထဲကနေ ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်'' ဟု သားရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု စောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သူများ ပြစ်ဒဏ်ချမှတ်

8.1.1
မောင်တောမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက အကြမ်းဖက်မှုဖြစ်စဉ်
မောင်တောခရိုင်အတွင်း ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘုန်းတော်ကြီး တစ်ပါးအား သတ်ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူ များအနက် သုံးဦးကို တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန် ၁၅ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
၂၀၁၂ ခုနှစ် ဇွန် ၈ ရက် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ဘဂုံးနားကျေးရွာ၌ ဘုန်းတော်ကြီးတစ်ပါး အသတ်ခံခဲ့ရပြီး အဆိုပါ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၈ ဦးကို ပြစ်မှုကြီးအမှု အမှတ် ၃၄/၂၀၁၂ ဖြင့် လက်ခံ စစ်ဆေးခဲ့သည်။ သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သူ မာမတ်ဂျူဟတ် အပါအ၀င် သုံးဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၄ အရ ထောင်ဒဏ် တသက်တစ်ကျွန်းစီ ချမှတ်လိုက်ပြီး ကျန်တရားခံ ၁၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး ချမှတ်ခဲ့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးတစ်ပါးအား သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီများကို မောင်တောခရိုင် တရားရုံးမှ သြဂုတ် ၂၁ ရက် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မောင်တောနယ်စပ် ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် လူသတ် မီးရှို့သူများကို ဖမ်းဆီးတရားစွဲဆိုခဲ့ရာ ပြစ်မှုကျူးလွန်သူ ၇၄ ဦးကို သြဂုတ် ၂၁ ရက်က မောင်တောခရိုင် တရားသူကြီး တရားခွင်နှင့် ဒုတိယခရိုင် တရားသူကြီး တရားခွင်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၁၀ နှစ် ၇ နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောင်းသောက်ရေအိုးအတွင်း ဆေးခတ်မှုကို စုံစမ်းစစ်ဆေးနေ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်တိုက်နယ် တောင်ပတ်လည်ကျေးရွာ မူလတန်း
ကျောင်းအတွင်း စာသင်ခန်း သောက်ရေအိုးအတွင်း ဆေးခတ်မှု သုံးကြိမ် ဖြစ်ပွားခဲ့သည်ဆိုမှုကို
သက်ဆိုင်ရာက ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"စာသင်ခန်းတွင်းက သောက်ရေအိုးထဲကို ဆေးခတ်တာ နှစ်ကြိမ်ဖြစ်သွားလို့ မြို့နယ်အုပ်ချုပ်ရေး
အဖွဲ့က စစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးဖို့ တာဝန်ပေးလို့ မြို့နယ် လက်ထောက်ပညာရေးမှူးနဲ့
ပါဝင်ပြီးတော့ အင်ပင်တိုက်နယ် ရဲစခန်းမှူး၊ လက်ပံကွင်းကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိသူ
တွေပါဝင်တဲ့အဖွဲ့က သွားပြီး စစ်ဆေးခဲ့တယ်။ ပထမတစ်ခါဖြစ်လို့ တိုင်တော့ မသွားနိုင်သေးတဲ့
အချိန်မှာ မစစ်ဆေးဘူးဆိုပြီး တိုင်စာရောက်လာလို့ တာဝန်ရှိတဲ့ ပူးပေါင်းအဖွဲ့ကသွားပြီး စစ်ဆေး
ပေးခဲ့တယ်။ နောက်တစ်ခုက အဲဒီကျောင်းကို ကြေညာချက် တစ်စောင်ထုတ်လိုက်တယ်။ အဲဒီ
ကျောင်းက ကျောင်းသားတွေ ကျောင်းက ရေမသောက်ချင်ရင် ကိုယ်အိမ်ကနေ ကိုယ့်ရေဘူး
ကိုယ်ယူသောက်ဆိုပြီး ထုတ်ပေးလိုက်တယ်။ အဲဒီ စစ်ဆေးနေတဲ့ အတောအတွင်းမှာပဲ
ကျောင်းသား တစ်ယောက်ရဲ့ ရေဘူးထဲမှာ ဆေးပြားခတ်ထားတာတွေ့တယ်ဆိုတဲ့ သတင်း
ထွက်လာတယ်။ အဲဒီကိစ္စကိုသက်ဆိုင်ရာ ရဲစခန်းက စစ်ဆေးနေသေးတယ်"ဟု မြို့နယ်ပညာရေးမှူး
ဦးကြည်ဝင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

မိုးသည်းထန်စွာ ရွာ၍ မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန်မြို့အနှံ့ ရေလျှံ

ရေကြီးရေလျှံ နေသည့် ရန်ကုန်မြို့တွင်း တနေရာကို သြဂုတ် ၂၂ ရက်နေ့က မြင်တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်မှုကြောင့် ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ရေ၀င်ရောက်ခဲ့ရာ စားသောက် ကုန်စည်များ ပျက်စီးမှုရှိကြောင်း ဘုရင့်နောင် အဝေးပြေးကုန်စည်ယာဉ် ရပ်နားစခန်းမှ လုပ်ငန်းရှင်များက ပြောသည်။
“ဒီနှစ်မှာ မနှစ်တုန်းက မြစ်ရေချိန်အောက် လျော့ပေမယ့် ရေမြောင်းတွေက ပိတ်နေတော့ ပွဲရုံထဲကို ရေတွေဝင်လာတယ်။ ရေမြောင်းဘေးမှာ ၁ ပေခွဲလောက်ရှိတဲ့ ရေကာတာလေး လုပ်ထားတာကိုကျော်ပြီး ၀င်လာတာ အခုပဲ ပက်ထုတ် နေရတယ်” ဟု ဘု ရင့်နောင်ပွဲရုံ စိန်ပန်းလမ်းရှိ ဆန်းမစ် ဆီလုပ်ငန်းမှ ဦးစောလှမြင့်က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်က မြစ်ရေမြင့်တက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကုန်စည်ဒိုင် လမ်းမများထက်တွင် ရေလွှမ်းခဲ့ပြီး ရန်ကုန်မြို့ရှိ လမ်းမများတွင် နေရာအတော်များများ၌ ရေလွှမ်းကာ၊ ယနေ့နံနက် တွင်လည်း မိုးသည်းထည်စွာ ဆက်တိုက် ရွာသွန်းခဲ့ခြင်းသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့ ကျောတစ်ခင်းစာနှင့် သန့်ရှင်းရေး ၀န်ထမ်းများ

အနီရောင်အောက်ခံမှာ အဖြူရောင်စာလုံးနှင့် 'မသက်ဆိုင်သူများ မ၀င်ရ' ဆိုသည့် နှစ်ပေပတ်လည်
ရှိ ဆိုင်ဘုတ်လေး ခြံစည်းရိုးအ၀င်ရဲ့ ညာဘက်ထောင့်လေးမှာ ထောင်ထားသည်။

ခြံဝင်းအစမှ မျက်စိတစ်ဆုံး မီးရထားထိုင်ခုံများသဖွယ် မျက်နှာချင်းဆိုင် တည်ဆောက်ထားသော
အိမ်တန်းလျားများစွာကြား လမ်းလျှောက်တတ်စ ကလေးငယ်မှ သက်ကြီးရွယ်အို အရွယ်ထိ
သွားလာ လှုပ်ရှားနေကြသည်။

ဓနိမိုး၊ ထရံကာ၊ ၀ါးခြမ်းကွဲ ကြမ်းခင်းထားသည့် အပေါက်ငယ်တစ်ခုပါ ရှစ်ပေပတ်လည်ရှိ အခန်း
၁၂ ခန်းဖြင့် အိမ်တန်းလျားတစ်ခုချင်းစီကို မျက်နှာချင်းဆိုင် ၁၀ ပေခန့်အကွာ တည်ဆောက်ထား
သည်။

အဆိုပါ ခြံဝင်းအတွင်းတွင် အိမ်တန်းလျားပေါင်း ၁၇ ခုထိရှိသည်။ အပေါက်ငယ် တစ်ခုသာပါရှိပြီး
တံခါးမရှိသော အခန်းကျဉ်းလေးတွင် အနည်းဆုံး လူနှစ်ဦးမှ ရှစ်ဦးထိ စုပေါင်းပြီး ဖြစ်သလိုနေထိုင်
ကြရသည်။

နိုင်ငံတကာ ဆိုက်ဘာတိုက်ပွဲနှင့် မြန်မာစစ်တလင်း

Photo: နိုင်ငံတကာ ဆိုက်ဘာတိုက်ပွဲနှင့် မြန်မာစစ်တလင်း
-------------
ရေးသားသူ- ခင်မေဇော် (၀ါရှင်တန်ဒီစီ)

နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာများက အဆင့်မြင့် ရှုပ်ထွေးလာသည်။
ယခင်က စုံစမ်းထောက်လှမ်းမှုများနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက်လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင်  အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

ပထမကမ္ဘာစစ်သည် ဥရောပအလယ်ပိုင်းတွင် စစ်ရေးမဟာမိတ်အုပ်စုများအကြား အားပြိုင်မှု စတင်ခဲ့သည်။ အဆင့်နိမ့် ရိုးရာလက်နက်များဖြင့် လူအင်အားကို အဓိကသုံးပြီး ထိုက်ခိုက်ခဲ့ကြသည်။ လူပေါင်း ၁၆ သန်းကျော် သေဆုံးခဲ့ရပြီး သန်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့၏။ ပထမကမ္ဘာစစ်အပေါ် အခြေခံပြီး ဥရောပမှာပင် စတင်အခြေတည်ဖြစ်ပေါ်လာသော ဒုတိယကမ္ဘာစစ်တွင်လည်း ပို၍ကြီးမားလာသော စစ်အင်အား၊ ပို၍ခေတ်မီလာသော လက်နက်အင်အား၊ လူအင်အားတို့ဖြင့် တိုက်ခိုက်အားပြိုင်ခဲ့ကြသည်။စစ်သားနှင့် အရပ်သား အပါအ၀င် လူပေါင်း သန်း ၆၀ သေဆုံးခဲ့ရသည်။ ယနေ့ခေတ်တွင် စစ်လက်နက်အင်အားပြိုင်မှုများ အမြင့်ဆုံးရောက်နေသော်လည်း နိုင်ငံတကာတွင် နည်းပညာနှင့် စီးပွားရေးအားပြိုင်မှုက ပိုမိုကျယ်ပြန့် အရေးပါလာသည်။ ခေတ်သစ်နည်းပညာအားဖြင့် ထိုးနှက်တိုက်ခိုက်ကြသည့် ဆိုက်ဘာစစ် ခင်းလာကြသည်။ လွယ်ကူစွာ မမြင်နိုင်သည့် ဆိုက်ဘာလက်နက်များ သုံးလာကြသည်။

ထိုစစ်အတွင်းတွင် တစ်ဖက်ရန်သူ၏ ငွေကြေးအဆောက်အအုံ၊ ပင်မလျှပ်စစ်ရုံ၊ ရေကာတာ၊ စစ်ရေးအဆောက်အအုံ စသည်တို့ကို ကွန်ပျူတာ၊ အင်တာနက်များသုံးပြီး ထိုးဖောက်ဝင်ရောက် ထိန်းချုပ်ရန်၊ ဖျက်ဆီးရန် ကြိုးပမ်းခြင်း၊ အချက်အလက် ရယူစုဆောင်းခြင်းတို့ကို ပြုလုပ်ပြီး ကွန်ပျူတာတွင်း အချက်အလက်များဖျက်ဆီးခြင်း၊ အဆင့်ကွဲပြားသည့် ဗိုင်းရပ်စ်မျိုးမျိုး ပေးပို့ခြင်းတို့လည်း ပါဝင်သည်ဟု ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ Synaptic Laboratories Limited ၏  အမှုဆောင် အဖွဲ့ဝင် Ron Kelson က ဆိုသည်။

ဆိုက်ဘာစစ်တွင် ရင်းနှီး မြှုပ်နှံမှုများ ၂၀၀၆ ခုနှစ်လောက်က စတင်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဆိုက်ဘာလက်နက်ထုတ်လုပ်သည့် စီမံချက်များ ရှိနေကြောင်း လေ့လာချက်အများအပြားက ဆိုသည်။ ဥပမာအားဖြင့် အမေရိကန်ကာကွယ်ရေး အဆင့်မြင့်သုတေသနအေဂျင်စီ (DARPA)က ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဆိုက်ဘာဘတ်ဂျက် ၁ ဒသမ ၅၄ ဘီလီယံဒေါ်လာဖြင့် စစ်ရေးလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆိုက်ဘာတိုက်ပွဲအတွက် အဓိကထား ပြင်ဆင်လုပ်ဆောင်မည်ဟု အရာရှိများက ပြောဆိုကြောင်း The Malta Independent တွင် ဖော်ပြထားသည်။
ဤသည်မှာ ဥပမာတစ်ခုမျှသာဖြစ်သည်။ ရုရှား၊ အစ္စရေး၊ တရုတ်တို့တွင် ဆိုက်ဘာစစ်အတွက် ပြင်ဆင်မှုများစွာ ရှိနေသည်။ 
တိုတောင်းလှသော အချိန်အတွင်းမှာပင် နည်းပညာက အံ့မခန်း တိုးတက်လာခဲ့သည်။ နည်းပညာအားဖြင့် လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးအချက်အလက်များ၊ စီးပွားရေးကုမ္ပဏီကြီးများ၏ အစီအမံများ၊ အစိုးရတို့၏ လျှို့ဝှက်ချက်များကို အဝေးမှရယူရန် ကြိုးစားလာကြသည်။

ကမ္ဘာအနှံ့ ပျံ့နှံ့လာနေသည့် ထိုဆိုက်ဘာစစ်သည် အစိုးရများ၊ ကုမ္ပဏီများအကြား လျှို့ဝှက်ချက်ရယူနိုင်ရေးကို အဓိကထားလာကြသည်။ ထိုမှ စီးပွားရေး၊ နိုင်ငံရေး လွှမ်းမိုးမှုကို တည်ဆောက်နိုင်သောကြောင့် ဖြစ်သည်။

လတ်တလော ဆိုက်ဘာစစ်ခင်းနေသည့်အထဲတွင် တရုတ်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ အိန္ဒိယ၊ သြစတြေးလျ၊ ရုရှား အစရှိသည့် နည်းပညာထွန်းကားသောနိုင်ငံများ အဓိက ပါဝင်နေသည်။ ယခင်ကာလများကဲ့သို့ နိုင်ငံအလိုက် စစ်ခင်းကြရာတွင် နယ်နိမိတ်တိတိကျကျ ကန့်သတ်ပါဝင်ကြခြင်းမဟုတ်တော့ဘဲ နိုင်ငံတကာ စီးပွားရေး ဆက်နွယ်ဖြန့်ကြက်နေသဖြင့် ဘောင်ခတ်ရန်ခက်ခဲနေသည်။ အခြား နိုင်ငံမှ ကုမ္ပဏီကို ယုံကြည်မှုမရှိသဖြင့် မိမိနိုင်ငံတွင်း အ၀င်မခံ၍လည်း မရပါ။ 

နိုင်ငံတကာ စီးပွားကုန်သွယ်မှု သဘောတူညီချက်များက ရှိနေသောကြောင့်ဖြစ်သည်။ ဈေးကွက်စီးပွားရေးမူများကို လက်ခံထားနေရသောကြောင့်လည်းဖြစ်သည်။ကိုယ်တွင်းဝင်လာသော ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားမြှင့်ရေး ကြိုးပမ်းကြတော့သည်။ ၎င်းမှာ ဆိုက်ဘာလုံခြုံရေးလုပ်ဆောင်မှုများပင်ဖြစ်သည်။

နိုင်ငံတကာအား တံခါးဖွင့်ပေးသော မြန်မာနိုင်ငံ၏ ဈေးကွက်ကို မကြာသေးမီက ၀င်ရောက်လာသော ဆက်သွယ်ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွင် တင်ဒါရရှိထားသော နော်ဝေးကုမ္ပဏီ Telenor နှင့်အတူ မြန်မာဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က ဆက်သွယ်ရေးဆိုင်ရာ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် Huawei  တရုတ်ကုမ္ပဏီကို ပစ္စည်းတင်သွင်းခွင့်ပေးရန် သြဂုတ်လဆန်းက ရွေးချယ်လိုက်သည်။

ထို Huawei  ကုမ္ပဏီသည် တရုတ်နိုင်ငံအစိုးရ၏ ဆိုက်ဘာစစ်တွင် ပါရှိနေသည်ဟု အနောက်နိုင်ငံများအကြား သံသယရှိနေကြသည်။

Huawei သည် ၂၀၁၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် နိုင်ငံတကာကို ထိုးဖောက်လာသည်။ စတင်တည်ထောင်သူမှာ တရုတ်စစ်တပ်မှ အရာရှိဟောင်းတစ်ဦးဖြစ်သူ Ren Zhengfei ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီအဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ 

ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ပေးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းနှင့် ၀န်ဆောင်မှုပေးခြင်းတို့ကို ပြုလုပ်သည်။စတင်တည်ထောင်ချိန်ကတည်းကပင် တရုတ်ပြည်တွင်းနှင့် ပြည်ပကို ၀န်ဆောင်မှုပေးခဲ့သည်။ ဆက်သွယ်ရေးကိရိယာများကို ထုတ်လုပ်ရောင်းချခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Huawei  ကုမ္ပဏီသည် နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ၎င်းတို့၏ပစ္စည်းနှင့် ၀န်ဆောင်မှုများပေးနိုင်ခဲ့ပြီး အမြတ်ငွေ ဒေါ်လာ သန်းသုံးထောင့်ခုနစ်ရာရှိခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်နွှယ်နေခြင်း၊ ထူထောင်သူက တရုတ်စစ်ရေးအင်ဂျင်နီယာဖြစ်နေခြင်းတို့ကြောင့် အနောက်နိုင်ငံများက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ပြီး Huawei နှင့် မဆက်ဆံလိုကြပေ။ နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည်ဟုပင် အမေရိကန်ထောက်လှမ်းရေးကော်မတီက ၂၀၁၂ ခုနှစ် အောက်တိုဘာလက အစီရင်ခံ စာထုတ်ပြန်ခဲ့သည်။

Huawei နှင့်အတူ အခြားတရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ZTE Inc. ကိုလည်း အမည်နှင့်တကွ ဖော်ပြခဲ့သည်။တရုတ်အစိုးရနှင့် ပတ်သက်နေသည့် အဆိုပါကုမ္ပဏီကြီးနှစ်ခုက အမေရိကန်ကုမ္ပဏီများ၏ နည်းပညာအချက်အလက်များကို ခိုးယူပြီး အမေရိကန်နိုင်ငံသားများကိုလည်း သူလျှိုလုပ်ထောက်လှမ်းနေနိုင်သည်ဟု စွပ်စွဲထားသည်။ Huawei ကတော့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟုသာ တုံ့ပြန်ခဲ့သည်။

Huawei က ထုတ်လုပ်သော ပစ္စည်းများကို ကြိုးမဲ့ဆက်သွယ်ရေးတွင် အသုံးပြုပြီး တရုတ်အစိုးရက ထိုကုမ္ပဏီကို ငွေကြေးအထောက်အပံ့ များစွာပေးထားသည်ဟု အမေရိကန်အစီရင်ခံစာက ဆိုသည်။ အမေရိကန်နိုင်ငံတွင် တရုတ်အစိုးရထောက်ပံ့ထားသည့် ကုမ္ပဏီများကို လုပ်ပိုင်ခွင့်ပေးခြင်းသည် အမေရိကန်နိုင်ငံ၏ ဆက်သွယ်မှုများကို ကြားဖြတ် ဖမ်းယူနိုင်ခွင့်ပေးထားပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ခွင့်ပြုထားသလို အရေးပါသည့် အဆောက်အအုံများဖြစ်သည့် ဥပမာ ရေကာတာ၊ ပင်မလျှပ်စစ်ဓာတ်အားပေးရုံ စသည်တို့ကို တိုက်ခိုက်နိုင်သည့် အခြေအနေကို ဖန်တီးပေးထားသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်းတွင် အမေရိကန်ရေတပ်လေ့ကျင့်ရေးစခန်းရှိရာ အော်ရေဂွန်ပြည်နယ်အနီးရှိ လေအားသုံး လျှပ်စစ်ထုတ်လုပ်သည့် စီမံချက်တွင် ရင်းနှီးမြှုပ်နှံထားသော တရုတ်ကုမ္ပဏီတစ်ခုကို ထိုရင်းနှီးမြှုပ်နှံမှုမှ စွန့်ခွာရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မတီမှတစ်ဆင့် သမ္မတအိုဘားမားက အမိန့်ထုတ်ခဲ့သည်။ ထိုရေတပ်စခန်းတွင် မောင်းသူမဲ့လေယာဉ် လေ့ကျင့်မှုများ ရှိနေသည်။ အမေရိကန်သမ္မတက ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၀င်ရောက်ပိတ်ဆို့မှုသည် နှစ်ပေါင်း၂၂ နှစ် တွင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်းမဟုတ်ဘဲ အေ ရိကန်၏ ဆက်သွယ်ရေးနှင့် အဓိကကျသော အဆောက်အအုံကို ကာကွယ်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ သို့သော်လည်း Huawei ၏ ၀န်ထမ်းဟောင်းတစ်ဦးမှရရှိသည့် ရုံးတွင်းစာများအရ Huawei  သည် တရုတ်စစ်တပ်တွင်းရှိ ဆိုက်ဘာစစ်ရေးဌာနအတွက် ၀န်ဆောင်မှုများပေးနေကြောင်းကို အမေရိကန်ထောက်လှမ်းရေး ကော်မတီက ထုတ်ဖော်ပြောဆိုသည်။

Huawei ကုမ္ပဏီသည် အလုပ်သမားအခွင့်အရေး၊ လာဘ်စားမှု၊ မူပိုင်ခွင့်ချိုးဖောက်မှု စသည့်အချက်များကို ကျူးလွန်ခဲ့ကြောင်းလည်း Huawei ကုမ္ပဏီ၏ လက်ရှိနှင့် ယခင်ဝန်ထမ်းများက စုံစမ်းရေးကော်မတီကို ပြောဆိုခဲ့ကြသည်။

ငွေကြေးဆိုင်ရာ ထုတ်ဖော်ကြေညာရမည်ဆိုသော ကန့်သတ်ချက်ရှိသည့် ဟောင်ကောင်နှင့် အမေရိကန်တို့တွင် Huawei ကုမ္ပဏီက ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခြင်းမပြုပေ။ ကုမ္ပဏီ၏ ရှယ်ယာပိုင်ဆိုင်မှုများကိုလည်း တရားဝင်ဖော်ပြခြင်း မရှိပါ။  ထိုအချက်ကပင် တရုတ်အစိုးရက နောက်ကွယ်မှ အပြည့်အ၀ပံ့ပိုးနေသည်ဆိုသောသံသယ ပို၍ ခိုင်မာလာစေသည်။

အမေရိကန်ဈေးကွက်တွင် အပိတ်ပင်ခံထားရသော်လည်း တရုတ်ကုမ္ပဏီ Huawei သည် ဥရောပကို ထိုးဖောက်ဝင်ရောက်လာနေသည်။ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပမှ ဟော်လန်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီးသည့် နောက် ၂၀၁၀ မှာပင် ထိပ်တန်း ကမ္ဘာ့ဆက်သွယ်ရေးကုမ္ပဏီကြီး ၅၀ အနက် ၄၅ ခုအတွက် Huawei က ၀န်ဆောင်မှုပေးနေပြီး အမေရိကန်ထုတ်  Fortune မဂ္ဂဇင်းတွင်လည်း ကမ္ဘာ့ထိပ်တန်းအမြတ်အစွန်းရ အောင်မြင်သည့် ကုမ္ပဏီ ၅၀၀ စာရင်းတွင်  ပထမဆုံးအကြိမ် ပါဝင်ခဲ့သည်။

ထိုသို့ ကမ္ဘာ့ဆိုက်ဘာဈေးကွက်ကို ဖြန့်ကြက်နိုင်လာသော Huawei မှ ထုတ်လုပ်သည့် စက်ကိရိယာသည် ပြင်ပမှ ဆိုက်ဘာကွန်ရက်တွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်အောင်  ပုံစံချ ထုတ်လုပ်ထားသည်ဟု  အမေရိကန်က ဆိုသည်။

Huawei ကမူ ၎င်းတို့၏ ထုတ်ကုန်များသည် ဆိုက်ဘာလုံခြုံမှုအပြည့်အ၀ရှိကြောင်း တုံ့ပြန်ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် ယင်းတို့၏ စီးပွားရေးလုပ်ငန်းကို စစ်ဆေးနိုင်ကြောင်း၊   စွပ်စွဲချက်များမှာ အခြေအမြစ်မရှိ ကြောင်း Huawei က ၂၀၁၁ ခုနှစ်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ အိန္ဒိယ ဆဲလ်လူလာဖုန်းဝန်ဆောင်မှုပေးနေသည့် Bharat Sanchar Nigam Limited (BSNL)ကလည်း ၂၀၀၅ ခုနှစ်က Huawei ၏ ကုန်ပစ္စည်းများကို လုံခြုံရေးဆိုင်ရာသံသယဖြင့် ပိတ်ပင်ခဲ့သည်။ ၂၀၁၀ တွင်မူ အိန္ဒိယ ဗဟိုစုံစမ်းထောက်လှမ်းရေးက Huawei နှင့်ပတ်သက်သော စာချုပ်နှင့် ဆက်သွယ်မှုအားလုံးကို ဖျက်သိမ်းရန်  တိုက်တွန်းလာသည်။ နောက်ပိုင်းတွင် နိုင်ငံတကာလုံခြုံရေးအေဂျင်စီများ ဖြစ်သည့် ကနေဒါမှ Electronic Warfare Associates, အမေရိ ကန်အခြေစိုက် Infoguard နှင့် အစ္စရေးက ALTAL လုံခြုံရေးအကျိုးဆောင်တို့က စစ်ဆေးပြီး လုံခြုံစိတ်ချရကြောင်း ထောက်ခံမှသာလျှင် အိန္ဒိယကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ 

နိုင်ငံတကာသံသယများ တိုးမြှင့်လာချိန်တွင်  Huawei သည် အီရန်နိုင်ငံကို စောင့်ကြည့်ရေးနည်းပညာနှင့်အတူ ဆက သွယ်ရေးကိရိယာများကို အဓိကပံ့ပိုးပေးနေခဲ့ကြောင်း ၂၀၁၁ ခုနှစ်က ဝေါစထရိဂျာနယ်က ဖွင့်ချစွပ်စွဲခဲ့ပြန်သည်။ သက်သေပြနိုင်ခြင်းတော့ မရှိခဲ့ပေ။ အာဖဂန်နစ္စတန်တွင် တာလီဘန်များအတွက် ဆက်သွယ်ရေးကိရိယာများ လုပ်ဆောင်ပေးခဲ့ကြောင်း အိန္ဒိယက ၂၀၀၁ ခုနှစ်က စွပ်စွဲခဲ့ဖူးသော်လည်း ထိုအချက်ကိုလည်း သက်သေပြနိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၂ ခုနှစ် မတ်လတွင်မူ သြစတြေးလျအစိုးရပိုင် NBN ကုမ္ပဏီက နိုင်ငံအနှံ့ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် Huawei ကုမ္ပဏီကို လေလံဆွဲခွင့်မပေးခဲ့ပါ။ ၎င်းမှာလည်း သြစတြေးလျလုံခြုံမှုထောက်လှမ်းရေးအဖွဲ့၏ အကြံပြုချက်ကြောင့်ဖြစ်သည်ဟု  ဆိုသည်။

ထို့နောက် လေးလအကြာ ဇူလိုင်လတွင် ကွန်ပျူတာလုံခြုံရေးကုမ္ပဏီဖြစ်သည့် Recruity Labs မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Felix Lindner နှင့် Gregor Kopf တို့က Huawei ၏ ဆက်သွယ်ရေးစက်ပစ္စည်းများ လုံခြုံစိတ်ချရမှုမရှိဘဲ ဖောက်ထွင်းရလွယ်ကူကြောင်းနှင့် အဝေးမှ ထိုးဖောက်ထိန်းချုပ်နိုင်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောဆိုလိုက်သည်။ဆိုက်ဘာစစ်ကတော့ ခရီးဆက်နေဦးမည်ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ၊ အာရှနိုင်ငံ အတော်များများက အစိုးရရုံးများ၊ ပုဂ္ဂလိကသတင်းမီဒီယာများ၊ အထင်ကရ နိုင်ငံရေးသမားများကို တရုတ်နိုင်ငံတွင် အခြေပြုထားသည့် ကွန်ပျူတာများမှ ဆိုက်ဘာထိုးဖောက်တိုက်ခိုက်မှုများရှိနေကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုမှုများ  ရှိနေသည်။ စစ်အင်အား၊  လက်နက်အင်အား၊ လူအင်အားတို့ဖြင့် ထင်ထင်မြင်မြင် တိုက်ပွဲဆင်နွှဲခဲ့ကြသည့်ခေတ်ကို လွန်မြောက်လာချိန်တွင် ရှုပ်ထွေးသော   ဆိုက်ဘာနည်းပညာများဖြင့် နိုင်ငံတကာတိုက်ပွဲများ စတင်နေပြီဟု ဆိုရပေမည်။ 

နိုင်ငံတကာ ဆိုက်ဘာစစ်တွင် ပါဝင်နေသော  Huawei ကုမ္ပဏီ ခြေကုပ်ယူလာနေသည့် မြန်မာနိုင်ငံ၏  ဆက်သွယ်ရေးကွန်ရက်တွင် နိုင်ငံတော်လုံခြုံရေး၊ ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကုမ္ပဏီများ၏ ဆက်သွယ်မှုလုံခြုံရေး၊ လူပုဂ္ဂိုလ်များ၏ ကိုယ်ပိုင်အချက်အလက်များ လုံခြုံရေးအတွက် မည်မျှကာကွယ်ပေးနိုင်မည်ကိုတော့ မသိရသေးပါ။ လွှတ်တော်တွင် ဆွေးနွေးနေသည်ဟုတော့ သိရသည်။ 

“လွှတ်တော်က   ဆက်သွယ်ရေးဥပဒေကို  ဆွေးနွေးနေပါတယ်။ လုံခြုံရေးအတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ကာကွယ်သွားရမယ်။ တကယ်လို့ ကုမ္ပဏီတွေက ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်လာရင်တော့ အဲဒီလိုယုံကြည်လို့ မရတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်ဖို့ မဖြစ်ပါဘူး။ ဒါကို ဆန့်ကျင်ရပါလိမ့်မယ်”ဟု လွှတ်တော်အမတ် ဦးမြင့်သိန်းက ပြောဆိုကြောင်း Asian News Network က သြဂုတ် ၁၄ ရက်၌ ဖော်ပြခဲ့သည်။

ကြီးမားလှသည့် အမေရိကန်ဈေးကွက်ကို ထိုးဖောက်၍မရသည့်အဆုံး ကျန်နိုင်ငံတကာဈေးကွက်ကို ပိုမိုအာရုံထားလာသော Huawei က Apple's iPhone and Samsung's Galaxy S4 တို့ကို အပြိုင်တိုက်မည့် Ascend P6 ကို ထုတ်မည်ဟု ကြေညာလိုက်သည်။ ဆိုက်ဘာလုံခြုံရေးကို ဦးစားပေးကြသော အနောက်ဈေးကွက်မှ ဆုတ်ခွာလာရသည့်  Huawei သည် မြန်မာအပါအ၀င် အာရှနှင့် ကမ္ဘာ့တခြားနိုင်ငံများတွင်မူ ၎င်း၏ ဈေးချိုသည့် ထုတ်ကုန်များအတွက် ကော်ဇောနီခင်း  ကြိုဆိုနေဦးမည်သာ ဖြစ်ပေသည်။
ရေးသားသူ- ခင်မေဇော် (၀ါရှင်တန်ဒီစီ)

နည်းပညာ ထွန်းကားလာနေသော ဤရာစုနှစ်တွင် ဆိုက်ဘာနည်းပညာများက အဆင့်မြင့် ရှုပ်ထွေးလာသည်။
ယခင်က စုံစမ်းထောက်လှမ်းမှုများနှင့်မတူဘဲ ဆိုက်ဘာမှတစ်ဆင့် ထောက်လှမ်းနိုင်သောကြောင့် လူပုဂ္ဂိုလ်ဆိုင်ရာ၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး အရာရာတွင် အချက်အလက်တို့၏ လုံခြုံမှုက အရေးကြီးဆုံးဖြစ်လာသည်။

ပထမကမ္ဘာစစ်သည် ဥရောပအလယ်ပိုင်းတွင် စစ်ရေးမဟာမိတ်အုပ်စုများအကြား အားပြိုင်မှု စတင်ခဲ့သည်။ အဆင့်နိမ့် ရိုးရာလက်နက်များဖြင့် လူအင်အားကို အဓိကသုံးပြီး ထိုက်ခိုက်ခဲ့ကြသည်။ လူပေါင်း ၁၆ သန်းကျော် သေဆုံးခဲ့ရပြီး သန်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့၏။ ပထမကမ္ဘာစစ်အပေါ် အခြေခံပြီး ဥရောပမှာပင် စတင်အခြေတည်ဖြစ်ပေါ်လာသော ဒုတိယကမ္ဘာစစ်တွင်လည်း ပို၍ကြီးမားလာသော စစ်အင်အား၊ ပို၍ခေတ်မီလာသော လက်နက်အင်အား၊ လူအင်အားတို့ဖြင့် တိုက်ခိုက်အားပြိုင်ခဲ့ကြသည်။စစ်သားနှင့် အရပ်သား အပါအ၀င် လူပေါင်း သန်း ၆၀ သေဆုံးခဲ့ရသည်။

အိန္ဒိယတွင် ဓာတ်ပုံသတင်းထောက် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

အိန္ဒိယတွင် ဓာတ်ပုံသတင်းထောက် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ
Re-posted By ACM 23-8-2013

ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့ အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံသ တင်းထောက် အမျိုးသမီးအား လူ ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ သူမသည် ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်။ ဓာတ်ပုံသတင်းထောက် အမျိုးသမီးမှာ သူမ၏ ယောက်ျားလေးသူငယ်ချင်း တစ်ဦးနှင့်အတူ အဆိုပါနေရာသို့ သွာရောက်ခဲ့ခြင်းဖြစ်ပြီး သူငယ် ချင်းဖြစ်သူယောက်ျားလေးမှာလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်သူများ၏ ရိုက်နှက်မှုကို ခံခဲ့ရသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် ဓာတ်ပုံသတင်းထောက် အမျိုးသမီးမှာ ဒဏ်ရာများဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။ သူမသည် မွမ်ဘိုင်းအခြေစိုက် အင်္ဂလိပ်ဘသာဖြင့် ထုတ်ဝေသေ မဂ္ဂဇင်းတစ်စောင်၏ ဓာတ်ပုံသတင်းထောက်ဖြစ်ကြောင်း BBC က ဖော်ပြသည်။ ယခုဖြစ်ရပ်နှင့် ဆက်စပ်၍ သံသယံရှိသူ ၁၆ ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။



အေးချမ်းမွန် Credit To >Planet Myanmar Network< Thanks
Re-posted By ACM 23-8-2013 
https://www.facebook.com/excellencemedia

ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့ အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် အသက် ၂၃ နှစ်အရွယ် ဓာတ်ပုံသ တင်းထောက် အမျိုးသမီးအား လူ ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။ သူမသည် ကြာသပတေးနေ့ ညနေပိုင်းက သတင်းဓာတ်ပုံအတွက် မွမ်ဘိုင်းမြို့အလယ်ပိုင်းရှိ Parel အရပ်ဒေသတွင် တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်တိုက်ခိုက် မုဒိမ်းကျင့်ခံရခြင်းဖြစ်သည်။ ဓာတ်ပုံသတင်းထောက် အမျိုးသမီးမှာ သူမ၏ ယောက်ျားလေးသူငယ်ချင်း တစ်ဦးနှင့်အတူ အဆိုပါနေရာသို့ သွာရောက်ခဲ့ခြင်းဖြစ်ပြီး သူငယ် ချင်းဖြစ်သူယောက်ျားလေးမှာလည်း အုပ်စုဖွဲ့မုဒိမ်းကျင့်သူများ၏ ရိုက်နှက်မှုကို ခံခဲ့ရသည်။

ဆီးရီးယားအစိုးရ ဓာတုလက်နက်ဖြင့် တိုက်၍ လူ ၁၃၀၀ ကျော် သေဆုံးဟု အတိုက်အခံတို့ စွပ်စွဲ

Photo: ဆီးရီးယားအစိုးရ ဓာတုလက်နက်ဖြင့် တိုက်၍ လူ ၁၃၀၀ ကျော် သေဆုံးဟု အတိုက်အခံတို့ စွပ်စွဲ

ဒမက်စကတ်၊ သြဂုတ် ၂၂

ဆီးရီးယား အစိုးရက မြို့တော် ဒမတ်စကတ် အနီးတွင် ဗုဒ္ဓဟူးနေ့က ဓာတု အဆိပ်ငွေ့ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးသွားခဲ့သည်ဟု ဆီးရီးယားအတိုက်အခံများ က ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရက ဓာတု အဆိပ်ငွေ့ပါသော ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် လူများ အသက်ရှူ ကျပ်၍ သေဆုံးသွားကြောင်း ဆီးရီးယား အတိုက်အခံတို့က ပြောကြားသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက် အသုံးပြုကြောင်း အတိုက်အခံတို့၏ ယခု စွပ်စွဲချက်သည် ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေးမှူးများ ဆီးရီးယားသို့ ရောက်ရှိလာပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ဆီးရီးယား တက်ကြွ လှုပ်ရှားသူများက လွှင့်တင်သော ဗီဒီယို ပြကွက်များ အရ ဆေးရုံများတွင် လူပေါင်းများစွာ တက်ရောက် ကုသနေကြ ရပြီး ဆေးရုံများသို့ အသက်ရှူကျပ်ဝေဒနာဖြင့် ကလေး လူနာများ အများအပြား တက်ရောက်နေသည်ကို တွေ့ရသည်။

သို့သော် အဆိုပါ ဗီဒီယိုပြကွက်များမှာ အစစ်အမှန် ဟုတ် မဟုတ်ကိုမူ လတ်တလော အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓာတုလက်နက် အသုံးပြုကြောင်း အတိုက်အခံတို့၏ စွပ်စွဲချက်များကို ဆီးရီးယား အစိုးရက လုံးလုံးလျားလျား ငြင်းဆိုထားသော်လည်း၊ Local Coordination Committe (LCC) တက်ကြွ လှုပ်ရှားသူများ၏ အဆိုအရ ဆီးရီးယား အစိုးရ၏ အဆိပ် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူရာပေါင်း များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

YouTube အင်တာနက်ပေါ်သို့ တင်ထားသော ဗီဒီယို ပြကွက်များ အရ ဆေးရုံ တစ်ရုံသို့ ရောက်လာသော သတိလစ် မေ့မြောနေသည့် ကလေး လူနာများကို ဆရာဝန်များက အောက်ဆီဂျင်ဖြင့် အသက်ရှူနိုင်စေရန် ကုသနေသည်များကို တွေ့ရသည်။

သို့သော် ယခုလောလောဆယ်တွင် မြင်တွေ့နေရသည်များကို လက်ခံ ယုံကြည်ခြင်း မရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် လူနာများကို ကုသပေးနေသူများသည် အကာအကွယ် အင်္ကျီများ ဝတ်ဆင်ထားသည်ကို မတွေ့ရခြင်းကြောင့် ဖြစ်ကြောင်း ဖင်လန်နိုင်ငံမှ ဓာတုလက်နက် အသုံးပြုခြင်းကို စုံစမ်း စစ်ဆေးရေး ဌာနမှ ဒါရိုက်တာ ဗာရီဖန်က ပြောကြား သည်။

အမှတ်တကယ်တမ်းသာ ဓာတုလက်နက် အသုံးပြုခဲ့ပါက ကုသသူများ ကိုလည်း ကူးစက်မည် ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း ရောဂါ လက္ခဏာများ ပြသမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဒမက်စကတ်၊ သြဂုတ် ၂၂

ဆီးရီးယား အစိုးရက မြို့တော် ဒမတ်စကတ် အနီးတွင် ဗုဒ္ဓဟူးနေ့က ဓာတု အဆိပ်ငွေ့ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၁၃၀၀ ကျော် သေဆုံးသွားခဲ့သည်ဟု ဆီးရီးယားအတိုက်အခံများ က ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယား အစိုးရက ဓာတု အဆိပ်ငွေ့ပါသော ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် လူများ အသက်ရှူ ကျပ်၍ သေဆုံးသွားကြောင်း ဆီးရီးယား အတိုက်အခံတို့က ပြောကြားသည်။

ဆီးရီးယား အစိုးရသည် ဓာတုလက်နက် အသုံးပြုကြောင်း အတိုက်အခံတို့၏ ယခု စွပ်စွဲချက်သည် ကုလသမဂ္ဂ ဓာတုလက်နက် စုံစမ်းစစ်ဆေးရေးမှူးများ ဆီးရီးယားသို့ ရောက်ရှိလာပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

မလေးရှား တောင်ပေါ် အပန်းဖြေစခန်းအနီး ဘတ်စ်ကား ချောက်ထဲကျ ၃၇ ဦး သေဆုံး

Photo: မလေးရှား တောင်ပေါ် အပန်းဖြေစခန်းအနီး ဘတ်စ်ကား ချောက်ထဲကျ ၃၇ ဦး သေဆုံး

ကွာလာလမ်ပူ၊ သြဂုတ် ၂၂

မလေးရှားနိုင်ငံ တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် အလွန် နက်သော ချောက်အတွင်းသို့ ဘတ်စ်ကား တစ်စီး ပြုတ်ကျသွား ခဲ့သောကြောင့် နိုင်ငံခြားသား ခြောက်ဦး အပါအဝင် လူ ၃၇ ဦး သေဆုံးသွား ခဲ့ကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် လိုက်ပါလာသူ နောက်ထပ် ၁၆ဦး အသက်ရှင်ခဲ့ကြပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ထားရကာ အချို့၏ အခြေအနေကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

ခရီးသည် အတော်များများမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား နှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် နီပေါ တစ်ဦးတို့လည်း သေဆုံးသူများတွင် ပါဝင်သွားကြပြီး မလေးရှား သမိုင်းတွင် အဆိုးဝါးဆုံးသော ယာဉ် မတော်တဆမှု ဖြစ်ကြောင်း သတင်း များက ဆိုသည်။

ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်းမှ အဆိုပါ ဘတ်စ်ကားသည် အဆင်း ခရီးနှင်လာခြင်း ဖြစ်ပြီး တောင်စောင်းမှ မီတာ ၆၀ နက်သော လျှိုထဲသို့ ပြုတ်ကျသွားခြင်း ဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြု ထားသည်။

ပြုတ်ကျရခြင်း အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သား တစ်ဦးက သေဆုံးသွားသူများတွင် တစ်ဦး အပါအဝင် ဖြစ်သည့် ယာဉ်မောင်းသည် တောင်ဆင်း အကွေ့တွင် ယာဉ်ကို မထိန်းနိုင်သောကြောင့် ပြုတ်ကျသွားရခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ကားပြုတ်ကျသွားသည့် နေရာတွင် မြေအနေအထား မညီခြင်း၊ ချုံနွယ် သစ်ပင်များ ရှိခြင်းတို့ကြောင့် ကယ်ဆယ်ရေး လုပ်သားများသည် စက်သီး များကို အရေးပေါ် တပ်ဆင်ခဲ့ရပြီး ဒဏ်ရာရသူများနှင့် လူသေ အလောင်း များကို ဆွဲတင်ခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောကြားကြသည်။

ဘတ်စ်ကားသည် ခရီးသွားလုပ်ငန်းသုံးကား ဖြစ်ပြီး တောင်ပေါ် အပန်းဖြေ စခန်းနှင့် မြို့တော် ကွာလာလမ်ပူကို ခေါက်တုံ့ခေါက်ပြန် ပြေး ဆွဲပေးနေခြင်း ဖြစ်ကာ တောင်ပေါ်ဒေသသည် မြူများ၊ တိမ်များ ဖုံးလွှမ်းလျက် ရှိပေသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ၎င်း၏ လူမှု မီဒီယာမှ တစ်ဆင့် သေဆုံးသူများ၏ မိသားစု များကို စာနာကြောင်း ဝမ်းနည်း မှတ်တမ်း ရေးသား ဖော်ပြထားသည်။

၂၀၁၂ အတွင်းကလည်း ဂန်တင်း တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် ကားမှောက်ခဲ့ဖူးကာ အိန္ဒိယနိုင်ငံသား ခရီးသွား ဧည့်သည် နှစ်ဦး သေဆုံး သွားခဲ့သေးသည်။

၂၀၁၀ တွင် ကမ်မီရွန် တောင်တန်း မလေးရှား တောင်ပေါ် အပန်းဖြေစခန်း တွင် ကားမတော်တဆမှု ဖြစ်ခဲ့သေးကာ ၂၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ ထိုင်းနိုင်ငံသား ခရီးသွား ဧည့်သည်များ ဖြစ်ကြသည်။
ကွာလာလမ်ပူ၊ သြဂုတ် ၂၂

မလေးရှားနိုင်ငံ တောင်ပေါ် အပန်းဖြေစခန်း အနီးတွင် အလွန် နက်သော ချောက်အတွင်းသို့ ဘတ်စ်ကား တစ်စီး ပြုတ်ကျသွား ခဲ့သောကြောင့် နိုင်ငံခြားသား ခြောက်ဦး အပါအဝင် လူ ၃၇ ဦး သေဆုံးသွား ခဲ့ကြောင်း Xinhua သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကားပေါ်တွင် လိုက်ပါလာသူ နောက်ထပ် ၁၆ဦး အသက်ရှင်ခဲ့ကြပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ထားရကာ အချို့၏ အခြေအနေကလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယင်း သတင်းက ဆိုသည်။

ခရီးသည် အတော်များများမှာ မလေးရှား နိုင်ငံသားများ ဖြစ်ကြပြီး အိန္ဒိယနိုင်ငံသား နှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦး၊ ကိုရီးယား တစ်ဦးနှင့် နီပေါ တစ်ဦးတို့လည်း သေဆုံးသူများတွင် ပါဝင်သွားကြပြီး မလေးရှား သမိုင်းတွင် အဆိုးဝါးဆုံးသော ယာဉ် မတော်တဆမှု ဖြစ်ကြောင်း သတင်း များက ဆိုသည်။

လူမင်းနှင့် အမှုဆောင်အဖွဲ့ နုတ်ထွက်ပေးရန် ရုပ်ရှင်လောကသား ၄၀ ဆန္ဒပြမည်ဟုဆို

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော်သာ ရှိသေးသော ဦးလူမင်းနှင့် အမှုဆောင်အဖွဲ့ကို အနုပညာ လောကသားများ၏ အကျိုးစီးပွားနှင့် နစ်နာမှုများကို ကာကွယ် စောင့်ရှောက်မှု မပေးနိုင် သဖြင့် နုတ်ထွက်ပေးရန်အတွက် သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဧမာနွေလ ဘုရားကျောင်းရှေ့ တွင် ရုပ်ရှင် လောကသား ၄၀ ဦးက ဆန္ဒပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သည့် ဆု ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါ်စန်းစန်းမော်က The Voice သို့ ပြောကြားသည်။

ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ခွင့်ပြုချက်လည်း ကျထားပြီ ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် အနုပညာ လောကမှ ထုတ်လုပ် ဖြန့်ချိ လုပ်ငန်းရှင်များ၊ စက် အဖွဲ့များ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ စသည်ဖြင့် အလွှာစုံမှ အနုပညာ လောကသား ၄၀ ဦး ပါဝင်မည် ဖြစ်ကြောင်း၊ ၎င်းက ထပ်လောင်း ပြောကြားသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေးခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် နေပြည်တော်ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ရက် မှ ၁၄ ရက် နေ့အထိ ခွင့်မဲ့ ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့်ပန်ကြားမှု မရှိဘဲ ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက် ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်ခြင်း) စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနမှ ၂၀၁၃ ခုနှစ်သြဂုတ် ၁၅ ရက်တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် သြဂုတ် ၁၇ ရက်တွင် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ထပ်မံ ထုတ်ပြန်သည်ဟု သိရသည်။
''အဲဒီပွဲမှာ စာနယ်ဇင်းတွေက ၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ပညာရေး ကဏ္ဍမှာ တိုးတက်အောင် တစ်ဖွဲ့တည်း လုပ်ဆောင်နိုင်မှာလားလို့ မေးတဲ့မေးခွန်းကို ကျွန်မက ကျောင်းဆရာမ တစ်ယောက်အနေနဲ့ သူတို့ကို ပညာရေးမှာ အစိုးရ၊ ပြည်သူအားလုံး ပေါင်းပြီး လုပ်ဆောင်မှသာ တိုင်းပြည်ရဲ့ ပညာရေးက ကောင်းမှာပါလို့ ပြန်ဖြေခဲ့တဲ့ အပေါ်မှာ အခုလို အတင်းအကျပ် အငြိမ်းစား ပေးခံရတာပါ၊ အငြိမ်းစား ပေးခဲ့ပြီး နောက် ၂ ရက်နေတော့ ပထမထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး ရာထူးမှ ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်'' ဟု ဆရာမ ဒေါ်စိုးစိုးခိုင်က ပြောကြားခဲ့သည်။

ကင်တာနား၏ ယာဉ်တန်းအား တိုက်ခိုက်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း အစိုးရ၊ မျက်မြင်သက်သေများနှင့် မိတ္ထီလာ ဒေသခံများ ပြောကြား

8.1.1
သြဂုတ် ၂၁  ရက်က ရန်ကုန်လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကင်တားနားအား တွေ့ရစဉ်
သြဂုတ် ၁၉ ရက် ည ၁၀ နာရီခန့်က မိတ္ထီလာမြို့တွင် ၎င်းစီးနင်းလာသော မော်တော်ယာဉ်အား လူအယောက် ၂၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ကာ တိုက်ခိုက်ခဲ့ကြသည် ဟူသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား၏ ပြောကြားချက်မှာ မဟုတ်မှန်ကြောင်း အစိုးရ၊ အဆိုပါ ယာဉ်တန်း ဖြတ်သန်းသွားချိန်တွင် ရှိနေခဲ့သော မျက်မြင် သက်သေများနှင့် မိတ္ထီလာမြို့ခံများက ငြင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာ၌ မိမိစီးနင်းလာသော မော်တော်ကားအား လူ ၂၀၀ ခန့်က ထုရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အနားတွင်ရှိသော ရဲတပ်ဖွဲ့၏ အကာအကွယ် လုံးဝမရှိသည့် အခြေအနေတွင် ခံစားရသော အကြောက်တရားသည် ပြီးခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု၌ ဒေါသထွက်နေသော လူအုပ်က လူ ၄၃ ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ် ခဲ့သည်ကို ရဲတပ်ဖွဲ့က ရပ်ကြည့်နေသည် ဆိုသော စွပ်စွဲမှုကို သွားမြင်မိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသွားခဲ့သည်။

" Apple မှ ဈေးနှုန်း ချိုသာသည့် iPhone မိတ်ဆက်မည် "

Photo: " Apple မှ ဈေးနှုန်း ချိုသာသည့် iPhone မိတ်ဆက်မည် "

Apple ကုမ္ပဏီသည် လာမည့်လ တွင် ထိုင်ဝမ်၌ ဈေးနှုန်း သက်သာသည့် မော်ဒယ်သစ် များ အပါအဝင် iPhone ဗားရှင်း အသစ်နှစ်မျိုး ကို ဖြန့်ချိ မည် ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ Foxconn ပင်မ ကုမ္ပဏီ တစ်ခုဖြစ်သည့် ထိုင်ဝမ် အခြေစိုက် Hon Hai Precision သည် အဆင့်မြှင့်ထားသည့် i Phone အပါအဝင် ဈေးနှုန် သက်သာ သည့် မော်ဒယ်အသစ် များကို ရောင်းချ ပေးသွားမည်ဖြစ်သည်။

Apple ကုမ္ပဏီသည် ၄င်း၏မူလ ဈေးကွက်ကို ပြန်လည် ရယူသည့်အနေ ဖြင့် စက်တင်ဘာလ ၁ဝ ရက်တွင် စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေး သွားမည် ဖြစ်သည်။

စီးပွားပြိုင် ဖြစ်သည့် ဆမ်ဆောင်း ဘက်က စမတ်နာရီ အပါအဝင် စမတ် ဖုန်းနှင့် အခြား ပစ္စည်းများ ဖြန့်ချိရန် လုပ်ဆောင်မှုများကြောင့် Apple ဘက် မှလည်း အပြိုင် ထုတ် လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Apple ဟန်းဆက်သည် ဈေးနှုန်း ချိုချိုသာသာနှင့် ဝယ်သူကို စွဲဆောင်နိုင် မည်လော အထူးသဖြင့် ဈေးကွက်ကို ထိုးဖောက်နိုင် မည်လောဟု ထင်ကြေး ပေးမှုများ ထွက်ပေါ်လျက် ရှိသည်။

သိင်္ဂီဝင်း

Ref:AFP
Apple ကုမ္ပဏီသည် လာမည့်လ တွင် ထိုင်ဝမ်၌ ဈေးနှုန်း သက်သာသည့် မော်ဒယ်သစ် များ အပါအဝင် iPhone ဗားရှင်း အသစ်နှစ်မျိုး ကို ဖြန့်ချိ မည် ဖြစ်ကြောင်း Wall Street Journal တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ Foxconn ပင်မ ကုမ္ပဏီ တစ်ခုဖြစ်သည့် ထိုင်ဝမ် အခြေစိုက် Hon Hai Precision သည် အဆင့်မြှင့်ထားသည့် i Phone အပါအဝင် ဈေးနှုန် သက်သာ သည့် မော်ဒယ်အသစ် များကို ရောင်းချ ပေးသွားမည်ဖြစ်သည်။

Apple ကုမ္ပဏီသည် ၄င်း၏မူလ ဈေးကွက်ကို ပြန်လည် ရယူသည့်အနေ ဖြင့် စက်တင်ဘာလ ၁ဝ ရက်တွင် စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေး သွားမည် ဖြစ်သည်။

မန္တလေး ကျုံးဘေးအုပ်စုဖွဲ့ဓါးကိုင် ရမ်းကားသူများ ဖမ်းမိပြီ

မန္တလေးမြို့အထင်ကရဖြစ်သော ကျုံးပတ်လည်တွင် ညအချိန်ဆိုင်ကယ်စီး၍
လူငယ်များအုပ်စုလိုက်အကြောင်းမဲ
့ ဓါးခုတ်၊ရိုက်နှက်မှုဖြစ်စဉ်များ ဖြစ်ပေါ်နေ
သည့်အတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
ူးမှ အုပ်စုဖွဲ့ရမ်းကားသူများကို
အမြန်ဆုံးဖမ်းဆီးရမိရေးညွှန်ကြားခဲ့သဖြင့် ၎င်းဖြစ်စဉ်များနှင့်ပတ်သတ်၍
မသင်္ကာ သော ဖတ်တီး(ခ)ချမ်းမြေ့သူ၊ဇော်ထွေးဦးတို့အား ၂၂-၈၂၀၁၃ရက်
နေ့ (၁၈:၀၀)အချိန်တွင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊မှုခင်းအကူ
ဌာနာတပ်ဖွဲ့ဝင်များမှ သက်သေများ ရှေ့ခေါ်ယူစစ်ဆေးခဲ့ပါသည် ။

ထိုသို့ စစ်ဆေးခဲ့ရာ လွန်ခဲ့သော (၁)လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉)နှစ်(ဘ)ဦးတင်ဦး၊၃၅x၃၆လမ်း၊၈၇x၈၈လမ်းကြား၊ဆီစက်ဝင်း၊မဟာအောင်မြေမြို့နယ်နေသူသည် ၎င်းအပါအ၀င်
Related Posts Plugin for WordPress, Blogger...

ShareThis