“ကျွန်တော်တို့မိသားစု က သားလေးမွေးဖွားပြီးတဲ့ အချိန်ကစပြီး
သူ့အသက်နှစ်နှစ်ခွဲမတိုင်မီ အချိန်ထိ အရမ်းပျော်ရွှင် ချမ်းမြေ့ခဲ့ရပါတယ်။
သားလေး အသက်နှစ်နှစ်ခွဲကျော်တဲ့ အချိန်မှာတော့ မမျှော်လင့်ဘဲ ကံကြမ္မာ
ဆိုးတွေနဲ့တွေ့ကြုံခဲ့ရပါတယ်။ သားလေးက ငယ်ငယ်လေးတည်းက အိမ် မှာ ကြိုးပုခက်
စီးနေရတာကို အရမ်း နှစ်သက်သလို အမြဲတမ်းလည်း စီးနေတတ်ပါတယ်။ စီးနေရင်းကလည်း
တီဗီကနေလာတဲ့ သူနှစ်သက်တဲ့ သီချင်းတွေကို လိုက်ဆိုနေလေ့ ရှိတတ်ပါတယ်။
တစ်နေ့မှာ ပုခက်စီးရင်း ချော်ပြီးပြုတ်ကျ သွားတယ်။ ဖြစ်ဖြစ်ချင်းတော့
ခြေထောက်နာသွားပြီး ထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက် သေးပေမယ့်
နောက်ရက်တွေကစပြီး လုံးဝ လမ်းမလျှောက်တော့ဘူး။ နှစ်ပတ် ကျော်တဲ့အထိ
လမ်းမလျှောက်တော့ ကျွန်တော်တို့တွေလည်း ပထမဆုံး အရိုးဆေးရုံကိုသွားပြပြီး
ဓာတ်မှန်ရိုက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့ပေမယ့် ဘာရောဂါ
မှမတွေ့ဘူးလို့ ဆရာဝန်ကြီးက ပြောပြခဲ့ပါတယ်။ |
Saturday, 19 May 2012
စာနာနားလည်ခြင်းများနှင့် နွေးထွေးသော ကမ်းလက်များဆီသို့
နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
![]() |
| ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးရှိရေတွင်းအားတွေ့ရစဉ် |
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ပြည်သူများက နံနက်၆နာရီတွင် ရေတွင်းတူးဖော်ရာ မွန်းတည့်၁၂နာရီအရောက်တွင် ကျည်(၉၇၁)တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည်။
အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ဆိုက်ကပ်
အမေရိကန်ရေတပ်မှ တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးသည်
အငြင်းပွားရေပိုင်နက် Scarborough shoal အနီးရှိ
ဖိလစ်ပိုင်ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့ကြောင်း မနီလာရေတပ်မှ ပြောခွင့်ရ
ပုဂ္ဂိုလ်တစ်ဦးက မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။USS North Carolina ရေငုပ်သင်္ဘောသည် ပုံမှန်သင်္ဘော ဖြည့်တင်းသွားမှုအတွက် Subic ပင်လယ်အော်ရှိ အကောက်ခွန် ကင်းလွတ်ခွင့်ရ ဆိပ်ကမ်းသို့ မေလ ၁၃ ရက်နေ့တွင် ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အိုမာတွန်ဆေးက ပြောကြားခဲ့သည်။ |
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်အား တွေ့ရစဉ်
|
လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်
လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွါးနေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် စက်ရုံများတွင် အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းမှု အဆင်မပြေသဖြင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု များ ပြင်းထန်လာကြောင်း အဆိုပါစက်မှုဇုန် အတွင်းမှ စုံစမ်း သိရှိရသည်။
“သဘောတူ စာချုပ်ကို အသိအမှတ် မပြုဘူး။ လုပ်ချင်သလို လုပ်လို့ အလုပ်ရှင်က ပြောတယ်။ အဲဒါကြောင့် အလုပ်သမားတွေက မှန်တွေ ရိုက်ခွဲတဲ့အထိ ပြင်းထန်သွားတယ် “ ဟု Hi- Mo ဆံပင်တု စက်ရုံက အလုပ်သမားတစ်ဦးက ပြောကြားသည်။
စစ်ရေးပဋိပက္ခ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကေအိုင်အေ ဥက္ကဋ္ဌ တိုက်တွန်း
ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်းလိုက်ပါတယ်။
RFA
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့်
အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က
တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)
ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန်သမ္မတ ဘားရက်အိုဘားမား လျှော့ပေါ့၊ ၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အမည်စာရင်းသွင်း
နှစ်နိုင်ငံ
ဝန်ကြီးများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌
မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီကလင်တန်တို့အားတွေ့ရစဉ် Photo: AFP
ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံတွင် ဖော်ဆောင်နေသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကိုအား ပေးထောက်ခံရန်အတွက်ဖြစ်ကြောင်း သိရသည်။ |
ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ
အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း
စမ်းချောင်းမြို့နယ်အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ ရှမ်းလမ်းဈေး(ဂွဈေး)မီးလောင်မှုဖြစ်ပွား
![]() ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိသော ရှမ်းလမ်းဈေး(ဂွဈေး)တွင် မေလ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မီးလောင်မှုမှာ ဈေး၏ 'ဃ' ရုံ အတွင်းရှိ Insect Killers ရောင်းချသည့်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု ကနဦးရရှိသော သတင်းများအရ သိရပြီး ဆိုင်ခန်းပေါင်း ၃၁၈ ခန်းရှိသည့်အနက် ဆိုင်ခန်းပေါင်း ၈၀ ကျော်သာ မီးလောင်မှု လွတ်ကင်းခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ်ယာဉ် ၃၅ စီးခန့်လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ |
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု
မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့်
ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့်
အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊
မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏
facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
Subscribe to:
Comments (Atom)
“ကျွန်တော်တို့မိသားစု က သားလေးမွေးဖွားပြီးတဲ့ အချိန်ကစပြီး
သူ့အသက်နှစ်နှစ်ခွဲမတိုင်မီ အချိန်ထိ အရမ်းပျော်ရွှင် ချမ်းမြေ့ခဲ့ရပါတယ်။
သားလေး အသက်နှစ်နှစ်ခွဲကျော်တဲ့ အချိန်မှာတော့ မမျှော်လင့်ဘဲ ကံကြမ္မာ
ဆိုးတွေနဲ့တွေ့ကြုံခဲ့ရပါတယ်။ သားလေးက ငယ်ငယ်လေးတည်းက အိမ် မှာ ကြိုးပုခက်
စီးနေရတာကို အရမ်း နှစ်သက်သလို အမြဲတမ်းလည်း စီးနေတတ်ပါတယ်။ စီးနေရင်းကလည်း
တီဗီကနေလာတဲ့ သူနှစ်သက်တဲ့ သီချင်းတွေကို လိုက်ဆိုနေလေ့ ရှိတတ်ပါတယ်။
တစ်နေ့မှာ ပုခက်စီးရင်း ချော်ပြီးပြုတ်ကျ သွားတယ်။ ဖြစ်ဖြစ်ချင်းတော့
ခြေထောက်နာသွားပြီး ထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက် သေးပေမယ့်
နောက်ရက်တွေကစပြီး လုံးဝ လမ်းမလျှောက်တော့ဘူး။ နှစ်ပတ် ကျော်တဲ့အထိ
လမ်းမလျှောက်တော့ ကျွန်တော်တို့တွေလည်း ပထမဆုံး အရိုးဆေးရုံကိုသွားပြပြီး
ဓာတ်မှန်ရိုက်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့ပေမယ့် ဘာရောဂါ
မှမတွေ့ဘူးလို့ ဆရာဝန်ကြီးက ပြောပြခဲ့ပါတယ်။
အမေရိကန်ရေတပ်မှ တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးသည်
အငြင်းပွားရေပိုင်နက် Scarborough shoal အနီးရှိ
ဖိလစ်ပိုင်ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့ကြောင်း မနီလာရေတပ်မှ ပြောခွင့်ရ
ပုဂ္ဂိုလ်တစ်ဦးက မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။


