menu

Sunday 3 November 2013

ဂူးဂဲလ်မျက်မှန် ယာဉ်စည်းကမ်း ချိုးဖောက်သလား


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက စီစီလီယာ အဘာဒီး ဆိုသူ အမျိုးသမီးတယောက်ကို မော်တော်ကား သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုနဲ့ အတူ ဂူဂဲလ် စမတ်မျက်မှန်ကို ကားမောင်းရင်း တပ်ဆင်မှုနဲ့ပါ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။

ဂူဂဲလ်စမတ်မျက်မှန် တပ်ဆင် မောင်းနှင်မှုနဲ့ပတ်သက်ပြီး ဒဏ်ကြေးတပ်တဲ့ အပေါ်မှာ အငြင်းပွားမှုတွေတော်တော်များများ ဖြစ်နေပါတယ်။

မစ္စ အဘာဒီး ကို ကားမောင်းရင်း တီဗီမကြည့်ရဆိုတဲ့ ကယ်လီဖိုးနီးယား ယာဉ်စည်းကမ်းနဲ့ အရေးယူပြီး ဒဏ်ကြေးတပ်ခဲ့တာဖြစ်ပါတယ်။

ဘာ့ကြောင့် ဒီဥပဒေနဲ့ အရေးယူသလဲဆိုတော့ သူတပ်ထားတဲ့ ဂူဂဲလ် စမတ်မျက်မှန်ဟာ တီဗီကြည့်လို့လည်းရ၊ သီချင်းနားထောင်လို့လည်းရတဲ့အပြင် ကင်မရာလည်းပါတဲ့ မျက်မှန် အမျိုးအစားဖြစ်နေလို့ပါ။

ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော ကလေး(၃)ဦးအား ရထားတိုက်မိ


ရန်ကုန်၊ နိုဝင်ဘာ ၃

၃.၁၁.၂၀၁၃ရက်နေ့ ၀၄၂၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ဃန်းကျွန်း ဘူတာအနီး ရန်ကုန်-မန္တလေး အဆန်သံလမ်း၊ မိုင်တိုင်အမှတ် (၄/၅)နှင့် (၄/၆)ကြား ရထားလမ်းပေါ်တွင် အိပ်ပျော်နေသော သင်္ဃန်းကျွန်း မြို့နယ်နေသူများဖြစ်သည့် လျှာထိုးခန်း၊(၁၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ရဲထက်ကျော်(၁၄)နှစ်၊ (ဘ)ဦးစန်းဦးနှင့် သန်းထိုက်(ခ)မျက်ပြူး(၉)နှစ်၊ (ဘ)ဦးဝင်းဇော်တို့ (၃)ဦးအား ရန်ကုန်မှ မန္တလေးသို့ ထွက်ခွါလာသော စက်ခေါင်းအမှတ် DF-1357 အမှတ်(၁)အဆန်စာပို့ရထားမှ တိုက်သွားခဲ့ပါသည်။

အဆိုပါရထားတိုက်မှုကြောင့် လျှာထိုးခန်းတွင် ဦးခေါင်းကြေမွ၊ ၀ဲလက်ပြတ်ဒဏ်ရာများဖြင့် လည်းကောင်း၊ ရဲထက်ကျော်တွင် ၀ဲလက်၊ ၀ဲခြေထောက်ပြတ်ဒဏ်ရာများဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး သန်းထိုက်(ခ)မျက်ပြူးတွင် မေးစေ့ကွဲကြေ၊ ၀ဲလက်ကောက်ဝတ် ပြတ်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ကုသခဲ့ရပါသည်။

သေဆုံးသူ(၂)ဦးနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၃)ဖြင့် ဖွင့်လှစ်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပြေသုဒြာ ကို ကိုယ်ဝန် လေးလလွယ်ပြီး သရုပ်ဆောင်ခဲ့တဲ့ အဖြူရောင် ရဲတိုက် ရုပ်ရှင်ဇာတ်ကား အကြောင်း အိန္ဒြာကျော်ဇင် ပြော

 

အဖြူရောင် ရဲတိုက် ရုပ်ရှင် ဇာတ်ကားကြီး မှာ ပါဝင်သရုပ် ဆောင်ခဲ့တဲ့ အိန္ဒြာကျော်ဇင် က ဒီ ဇာတ်ကားကြီးကို ပရိသတ် တစ်ယောက် အနေနဲ့ ခံစားပြီး ကြည့်တဲ့ အခါမှာ ငိုရပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ကြည့်တဲ့အခါ ကိုယ့် သရုပ်ဆောင်မှုကို ကျေနပ်မှုတော့ ရှိပါတယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
ဒီဇာတ်ကားကြီး ကို ရိုက်တဲ့ အချိန်မှာ ပြေသုဒြာလေးကို ကိုယ်ဝန်လေးလ ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်နဲ့ သရုပ်ဆောင် ခဲ့ရတဲ့ အတွက် အမှတ်တရ ဖြစ်ကြောင်းကို အိန္ဒြာကျော်ဇင် က “အပျိုဘဝတွေ ရိုက်တုန်းကတော့ အူဝဲက မပေါ်အောင် အင်္ကျီ ပွပွတွေ ဝတ်ထားတယ်။ ဒါပေမဲ့ ကိုယ့် ဘာသာ ကိုယ်သိနေ လို့လားမသိဘူး။ လူက ဝဝကြီး နဲ့ ဗိုက်ကြီးက ပူနေတယ်။ သိသာတယ်။ ကလေး အမေဘဝ အချိန်တွေကျတော့ တမင်ကို ဗိုက်ပေါ် အောင် လူကြီးကိုယ်လုံး ဖြစ်သွားအောင် ရိုက်လိုက်တယ်။ အဓိက ကတော့ ကိုယ်သရုပ်ဆောင် ရမယ့် ဇာတ်ဝင်ခန်း ကိုပဲ ရိုက်တဲ့ အချိန်မှာ အဲဒီ ဇာတ်ဝင်ခန်း အတွက်ပဲ ခေါင်းထဲမှာ၊ စိတ်ထဲမှာ ရှိတယ်။ ကိုယ်ဝန် နဲ့ဆိုတာ လည်းမေ့ပြီး အိုက်တင်ကိုပဲ နှစ်ပြီး လုပ်မိတယ်။ ပုဂံတွေမှာ သွား ရိုက်တုန်းကတော့ ဘုရားပေါ် အတက်အဆင်း ဆိုရင် ကိုယ်က ရိုးရိုးသာမန် လူ မဟုတ်ဘူး။ ကိုယ် ဝန် လွယ်ထားရတော့ စိုးရိမ်မှုတော့ ရှိနေတာပေါ့။ ကိုယ်တစ် ယောက်ထဲတော့ မဟုတ်ပါဘူး။ ရုပ်ရှင် သွားရိုက်တဲ့ တစ်ဖွဲ့လုံးက စိတ်ပူကြ တယ်။ သတိထားပြီးတက်၊ သတိ ထားပြီး သွားဆိုပြီး အကုန်လုံးက သတိပေး နေကြတယ်။ အဲဒါက အမှတ်တရပါ ပဲ။ စိတ်ပူတာလေး၊ စိုးရိမ်စိတ် ကလေးတွေ နဲ့ရှိခဲ့ကြတာပေါ့” လို့ ပြောပါတယ်။

ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို

Photo: ဟန်းဆန်း အထည်ချုပ်စက်ရုံလုပ်သားများ ဆန္ဒပြတောင်းဆိုနေမှုကို စက်ရုံအရာရှိများ ဆွေးနွေးနေဟုဆို


ဖိုးစိုးသူ


ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။

 

" ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဒီနေ့လူကြီးတွေနဲ့ အစည်းဝေးလုပ်နေပါတယ် ။ ဘယ်လို ဆုံးဖြတ်ကြမယ် ဆိုတာကိုတော့ ပြောပြလို့ မရသေးပါဘူး။ အဆင်ပြေအောင်တော့ ညှိနှိုင်းနေကြပါတယ်"ဟု ဟန်းဆန်းအထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်မြတ်ကေသီက ပြောသည်။

 

ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းအား အောက်တိုဘာလ ၂၆ရက်က ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ရာမှစတင်ကာ အချက်လေးချက်ဖြင့် ထိုနေ့မှစကာ နိုဝင်ဘာလ ၃ရက်အထိ စက်ရုံရှေ့တွင်  သပိတ်စခန်းဖွင့်ခဲ့ကာ ဆန္ဒပြခဲ့သော်လည်း ပြေလည်မှုမရရှိသေးကြောင်း သပိတ်စခန်းမှ စက်ရုံဝန်ထမ်း မဖြူစင်က ပြောသည်။

 

"တစ်ပတ်ကျော်အထိ ဘာမှ ထူးခြားမှုမရှိသေးဘူး"ဟု မဖြူစင်ကပြောသည်။

 

ဆန္ဒပြလုပ်သားများ တောင်းဆိုသော အချက်များသည် အလုပ်ထုတ်ခံရသော ကိုစည်သူမင်းအား အလုပ်ပြန်ဆင်းခိုင်းရန်၊ အမျိုးသမီးသန့်စင်ခန်းရှေ့တွင် တပ်ဆင်ထားသည့် CCTVကင်မရာကို ဖြုတ်ပေးရန်၊ အလုပ်သမားများ ဆန္ဒထုတ်ဖော်ချိန်တွင် လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရန် စသော အချက်များဖြင့် တောင်းဆိုနေခြင်းဖြစ်သည်။

 

"မိန်းကလေးတွေ အိမ်သာသွားတဲ့ လမ်းတစ်လျောက်မှာ CCTVကင်မရာတွေ တပ်ဆင်ထားတာကတော့ မိန်းကလေးတွေရဲ့ ကာအိနြေ္ဒလုံခြုံရေး စိုးရိမ်ရပါတယ်။ အလုပ်ခွင်၊ အလုပ်ခန်းထဲမှာ တပ်ဆင်တာကိုတော့ မပြောလိုပါဘူး။ ဒီလို အိမ်သာသွားတဲ့လမ်းမှာ ဆိုတော့ ဖြုတ်ပေးဖို့အတွက် တောင်းဆိုရခြင်းဖြစ်တယ်" ဟု မဖြူဇင်က ဆိုသည်။

 

ထိုဆန္ဒပြလုပ်သားများအား ဒဂုံမြို့သစ်အရှေ့ပိုင်းမှ တ.စ.ညပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီတို့က ကူညီပေးနေသည်ဟု ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုရန်နိုင်ကပြောသည်။ 

Credit : မဇ္ဈိမသတင်းဌာန

ဖိုးစိုးသူ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဟန်းဆန်း(Handsome) အထည်ချုပ်စက်ရုံ အလုပ်သမားများသည် အလုပ်သမားခေါင်းဆောင်အား အကြောင်းပြချက်မရှိ အလုပ်မှထုတ်ရာမှ စတင်ကာ အလုပ်သမား ၂၀၀ကျော်က စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုနေခြင်းနှင့် စပ်လျဉ်း၍ စက်ရုံတာဝန်ရှိသူများက ဆွေးနွေးမှုများပြုလုပ်နေသည်ဟု စက်ရုံမန်နေဂျာ ဒေါ်မြတ်ကေသီက မဇ္ဈိမကိုပြောသည်။

" ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဒီနေ့လူကြီးတွေနဲ့ အစည်းဝေးလုပ်နေပါတယ် ။ ဘယ်လို ဆုံးဖြတ်ကြမယ် ဆိုတာကိုတော့ ပြောပြလို့ မရသေးပါဘူး။ အဆင်ပြေအောင်တော့ ညှိနှိုင်းနေကြပါတယ်"ဟု ဟန်းဆန်းအထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်မြတ်ကေသီက ပြောသည်။

ဟန်းဆန်းစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုစည်သူမင်းအား အောက်တိုဘာလ ၂၆ရက်က ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ရာမှစတင်ကာ အချက်လေးချက်ဖြင့် ထိုနေ့မှစကာ နိုဝင်ဘာလ ၃ရက်အထိ စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ခဲ့ကာ ဆန္ဒပြခဲ့သော်လည်း ပြေလည်မှုမရရှိသေးကြောင်း သပိတ်စခန်းမှ စက်ရုံဝန်ထမ်း မဖြူစင်က ပြောသည်။

အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ်

အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် ပတ်သက်ပြီး ဖွင့်ဟခဲ့သည့် ကိတ်ဘော့ဆွော့သ် Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြား
သူမအနေဖြင့် အဖော်အချွတ် ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးရန် ကြုံလာသည့်အခါ မည်သို့မည်ပုံ ချဉ်းကပ် စိတ်ပိုင်းဖြတ်ခဲ့သည်ကို ကိတ်ဘော့ဆွော့သ်က ဖွင့်ဟ ပြောကြားလိုက်သည်။ အသက်(၃၀)အရွယ်ရှိ မင်းသမီးသည် လတ်တလောတွင် Big Sur ဇာတ်ကားအတွက် Promotion အစီအစဉ်များတွင် ပါဝင်လျှက်ရှိသည်။ သူမ သရုပ်ဆောင်ထားသည့် အဆိုပါ ဇာတ်ကားကို နိုဝင်ဘာလအတွင်း ရုံတင်မည် ဖြစ်သည်။ Superman Returns၊ Wonderlandနှင့် The Warrior's Way ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးသည့် မင်းသမီးက Big Sur ဇာတ်ကားအတွင်း အဖော်အချွတ် ဇာတ်ဝင်ခန်းနှင့် နဖူးတွေ့ဒူးတွေ့ ကြုံလာသည့်အခါ လာမည့်ဘေး ပြေးတွေ့ခဲ့ကြောင်း Los Angeles Confidentialသို့ ပြောကြားခဲ့သည်။

"ကျွန်မ ရိုက်ရတဲ့ ပထမဆုံး ဇာတ်ဝင်ခန်းက အဝတ်အစားအားလုံး ချွတ်ရမှာလေ။ ရိုက်ကွင်းအဖွဲ့က ကျွန်မအနေနဲ့ စိတ်ပိုင်းအရ ပြန်စုစည်းဖို့ လိုမယ်ဆိုရင် တစ်ရက်နားဖို့ ပြောပါတယ်။ ကျွန်မအတွက် ရက်ရွှေ့ဖို့ လိုမလားလို့ ဒါရိုက်တာက မေးတယ်။ ဒါပေမဲ့ မဖြစ်မနေ လုပ်ရမှာ သေချာမှတော့ ကျွန်မ ခြေစုံပစ်ပဲ ဝင်လိုက်တော့တယ်"ဟု ကိတ်က ရှင်းပြခဲ့သည်။ မော်ဒယ်လ် တစ်ဦးလည်းဖြစ်သည့် ကိတ်သည် အဆိုပါ ဇာတ်ကားတွင် နီးလ်ကာဆာဒီ၏ အပျော်မယား ဘီလီအဖြစ် သရုပ်ဆောင်ထားသည်။ ကိတ်သည် လွန်ခဲ့သည့် (၂)လကမှ ဒါရိုက်တာ မိုက်ကယ်ပိုလစ်ရှ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ အသက်(၄၃)နှစ်ရှိ မိုက်ကယ်သည် Big Sur ဇာတ်ကားကို (၂၀၁၁)ခုနှစ်က စတင်ရိုက်ကူးရင်း ကိတ်နှင့် ဆုံစည်းကာ ချစ်သူများ ဖြစ်ခဲ့ရာ ယခုဇာတ်ကားသည် ကိတ်အတွက် အောင်သွယ်ကောင်းလည်း ဖြစ်လာခဲ့သည်။

Planet Myanmar Network

ပဲခူးတက္ကသိုလ်ဝန်းအတွင်း လူသတ်မှုဖြစ်ပွား

ပဲခူးမြို့၊ အမှတ်(၃) ရဲစခန်းအပိုင်၊ ပဲခူးတက္ကသိုလ်ဝန်း၊ အမှတ်(၈)ရပ်ကွက်တွင်(၂.၁၁.၂၀၁၃)နေ့ ည(၁၀း၀၀)အချိန်ခန့်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာပဲခူးတက္ကသိုလ်အဆောက်အဦးများဆောက်လုပ်ရာတွင် သံစီသံကွေးအလုပ်ကိုင်သူ စိုးသူ(၂၇)နှစ်၊(ဘ)ဦးခင်မောင်သန်း၊သည် လည်ပင်း ၀ဲလည်ဂုတ်တွင်ပြရှဒဏ်ရာဖြင့်သေဆုံးနေကြောင်းကို အလုပ်သမားအဖွဲ့ခေါင်းဆောင်မှ စိုးသူ၏ ဇနီး မချိုသန်း၊(၂၈)နှစ်(ဘ)ဦးမြင့်စိုး၊ အမှတ်(၂၉၄)ရွာမအနောက်မြို့ပတ်လမ်း၊ အင်းစိန်မြို့နေသူဆီသို့ ဖုန်းဖြင့်အကြောင်းကြားခဲ့ရာ ၄င်း၏ဇနီးမှာပဲခူးသို့လိုက်လာပြီး စိုးသူသေဆုံးမှုအား ပဲခူးအမှတ်(၃)စခန်းသို့တိုင်တန်း ရာစခန်းမှ သေဆုံးသူအားပဲခူးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး (ပ)၄၅၂/၂၀၁၃ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂အရအမှုဖွင့်အရေး ယူထားပြီးတရားခံ အား အပူတပြင်း လိုက်လံ စုံစမ်း ဖေါ်ထုတ် လျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် ဇင်

by Myanmar News Now

ဖြူဖြူကျော်သိန်း၏ ဆေးတက္ကသိုလ် ကျောင်းသူဘဝ

inter_ppktsktbw_tytns2
Rock သီချင်းများကို တစ်ဦးတည်း ကွဲပြားသည့် ဝတ်စားဆင်ယင်မှု Fashion၊ တင်ဆက်မှု Performance များဖြင့် သီဆိုတင်ဆက်ရင်း အောင်မြင်သူ အဆိုရှင် ဖြူဖြူကျော်သိန်းမှာ ပညာရေးတွင် ထူးချွန်ခဲ့သူလည်း ဖြစ်နေပြန်သည်။ ဆေးပညာ သင်ယူခဲ့စဉ် ဆေးတက္ကသိုလ် ကျောင်းသူဘဝကို ယခုလို ပြောပြခဲ့ပါသည်။
“တစ်နိုင်ငံလုံး အဆင့် ၁၇ နဲ့ အောင်တယ်”
ဖြူဖြူ ဒီသူငယ်တန်းက နေပြီးတော့ နှစ်တန်းအထိကတော့ အ.မ.က ၁၆ စမ်းချောင်း အဲဒီမှာ တက်ခဲ့တယ်။ ပြီးတဲ့အခါကျတော့ နှစ်တန်း ပထမနှစ်ဝက်မှာ အရေးအခင်း ဖြစ်သွားတယ် ၈၈ ဆိုတော့ ဒီနှစ်တန်း ပြီးသွားတဲ့ အချိန်မှာ သုံးတန်းကနေစပြီး ဆယ်တန်းအထိက ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း ကမာရွတ် TTC ဆယ်တန်းကို အဲ့ဒီမှာ အောင်ခဲ့တယ်။ နောက်ပြီးတဲ့ အခါကျတော့ ဒီကြားထဲမှာတော့ နိုင်ငံရေး အခြေအနေကြောင့် ကျောင်းပိတ်တဲ့ နှစ်နှစ်တာ ကာလအတွင်းမှာတော့ NCC က လာဖွင့်တဲ့ IDCS ကွန်ပျူတာသင်တန်း တက်တယ်။ နောက်ပြီး ကိုယ်က အဆိုဝါသနာပါတော့ ဆရာဦးစောနု အဆိုသင်တန်းတို့ တစ်နှစ်လောက် တက်ဖူးတာရှိတယ်။ နောက်ကြားထဲမှာ သီချင်းတွေဘာတွေ ဆိုတယ်ပေါ့နော်။ နောက် ဒီတက္ကသိုလ် စတက်ပြီ ဆိုတဲ့ အခါကျတော့ လိပ်ခုံးပေါ့၊ ကမာရွတ် ဆေးတက္ကသိုလ် (၁) အဲ့ဒီမှာကျတော့ First M.B, Second M.B နှစ်နှစ် အဲဒီမှာ တက်ရတယ်။ နောက်ပြီး 3rd M.B ကနေပြီးတော့ နောက်ဆုံးနှစ်အပိုင်း (ခ) ပြီးတဲ့ အထိပေါ့။ အဲ့ဒါကကျတော့ လမ်းမတော် ဆေး (၁) ရန်ကုန်ကနေပြီးတော့ ဖြူဖြူ ဆေးတက္ကသိုလ် ဆေးပညာဘွဲ့ကို ရခဲ့တယ်။ M.B.,B.S ကို။ အဲဒါကတော့ ၂၀၀၆ ဒီဇင်ဘာမှာ ဘွဲ့ယူခဲ့တာ။

လူငယ်ဇာတ်မင်းသား ဟန်ဇာမိုးဝင်းနှင့် တွေ့ဆုံခြင်း

“ခိုင်မာအားကောင်းလာခဲ့တဲ့ သဘင်မျိုးဆက်ကြီးကို ကိုယ့်အလှည့်ကျမှ အပျက်အစီး မခံနိုင်ဘူး”
enter_hzmwntsk_tzo

ဇာတ်သဘင် လောကတွင် အောင်မြင်မှု ရရှိနေသော လူငယ်ဇာတ်မင်းသားများအနက် တစ်ဦး အပါအဝင်ဖြစ်သည့် ဟန်ဇာမိုးဝင်းနှင့် တွေ့ဆုံပြီး အစဉ်အလာရှိသော သဘင်မျိုးဆက်ကို လက်ဆင့်ကမ်း သယ်ဆောင်ဖြစ်ပုံ၊ သဘင်လောကတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများနှင့် မြန်မာ့ဇာတ်သဘင် ပြန်လည် ဦးမော့လာစေရန် ပြင်ဆင်ရမည့် အရာများ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။
Voice : အစဉ်အလာရှိတဲ့ သဘင်မျိုးဆက်တစ်ဆက်မှာ ဟန်ဇာမိုးဝင်း စီးမျော ပါဝင်ဖြစ်ပုံကနေစပြီး ပြောပြပေးပါဦး။
HZMW : ကျွန်တော် အရင်တုန်းက နည်းနည်းတော့ ဝေဝါးခဲ့ဖူးတယ်ဗျ။ လူငယ် တစ်ယောက်လည်း ဖြစ်တော့လေ။ အရင်တုန်းက ကျွန်တော် ဟစ်ဟော့ သီချင်းတွေလည်း ဆိုခဲ့တယ်။ ငါ့ရဲ့ပင်မ အနုပညာအလုပ်က ဘာဖြစ်သင့်တယ်ဆိုတာ အဲဒီအချိန်တုန်းက မဆုံးဖြတ်နိုင်ခဲ့ဘူး။ အဲဒီတော့ အလုပ်တွေကို ကြုံသလို လုပ်ခဲ့တယ်။ သီချင်းဆိုတဲ့အခါ ဆိုတယ်။ ကားရိုက်တဲ့အခါ ရိုက်တယ်။ ဇာတ်ကတဲ့အခါ ကတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာကျတော့ သဘင်လောကမှာ ကျင်လည်ရင်းနဲ့ ဒီအလုပ်ကို ကျွန်တော် ပိုချစ်လာတယ်။ နောက်ပြီး ကျွန်တော်တို့ သဘင်လောကမှာက လူကလည်း နည်းတယ်။

အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး

 
သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။

အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်အတွက် အကောင်းဆုံး သဘာဝဆေးဝါး
ပေါက်တီးပေါက်ရှာ တွေးကြည့်မည်ဆိုလျှင် ယုန်များ သားပေါက်နှုန်း အလွန်ကောင်းခြင်းက ယခုသုတေသန ရလဒ်ကို ထောက်ခံပေးနေသည်ဟု ယူဆရပေမည်။ သုတေသီများ၏ အဆိုအရ မုန်လာဥနီနှင့် အချို့သော လိမ္မော်ရောင်ရှိသည့် သစ်သီးသစ်ဥများသည် အမျိုးသားများ၏ မျိုးပွားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရသည်။ အထူးသဖြင့် မုန်လာဥနီသည် အမျိုးသား တစ်ဦး၏ သုက်သွေးကို အကျန်းမာဆုံး၊ အသန်စွမ်းဆုံး စွမ်းအင်မျိုး ဖြစ်တည်လာအောင် ကူညီပေးလေ့ရှိကြောင်း လည်း ပညာရှင်များက ထောက်ခံခဲ့သည်။ အမျိုးသားများ၏ သုက်သွေးကို ကျန်းမာသန်စွမ်းအောင် မြှင့်တင်ပေးနိုင်သည့် ဓာတ်ကူ အစားအစာများတွင် မုန်လာဥနီသည် ထိပ်ဆုံးတန်းမှ ပထမချိတ်လိမ့်မည်ဟု ဟားဗက် တက္ကသိုလ်မှ ပညာရှင်များက ယုံကြည်ထားကြသည်။

ပုဒ်မ ၃၇၆

polti_pmtkc_ttm

လူ့အဖွဲ့အစည်းက မည်သို့မျှ ခွင့်လွှတ် လက်ခံနိုင်ဖွယ် မရှိသော၊ တရားဥပဒေကြောင်း အရလည်း ကြီးလေးသော ပြစ်မှုတစ်ရပ် ဖြစ်သည့် မုဒိမ်းမှု ကျူးလွန်ခြင်းများ မြန်မာနိုင်ငံတွင် ပိုမိုကြားသိလာရပြီး သတင်းမီဒီယာ များတွင်လည်း ခပ်စိပ်စိပ် တွေ့မြင်လာရရာ လူမှုဘဝများကြား တပ်လှန့်လာသည့် အန္တရာယ် ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည်။
မုဒိမ်းမှုများတွင် သက်ငယ်မုဒိမ်းနှင့် အရွယ်ရောက်ပြီး မုဒိမ်းမှုဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပြီး ပြစ်မှုကျူးလွန်သူ အများစုမှာ စိတ်ကျန်းမာရေး အားနည်းသူ၊ စာရိတ္တ ညံ့ဖျင်းသူ၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စား၍ လူ့အသိစိတ် ပျက်ပြားသူ စသူများက အများဆုံး ကျူးလွန်လေ့ ရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ငယ်မုဒိမ်းမှု အများစုတွင် ကြိုတင် ကြံရွယ်မှုနည်းပြီး အိမ်နီးချင်း၊ အသိမိတ်ဆွေ စသည်ဖြင့် ယုံကြည်မှုကို အလွဲသုံးစား ပြုသူများက ၎င်းတို့၏ လတ်တလော ဖြစ်ပေါ်လာသည့် စိတ်ဆန္ဒကို ထိန်းသိမ်းနိုင်သည့် စာရိတ္တ နည်းပါးသူများကြောင့် ဖြစ်ပွားသည်ကို အများဆုံး တွေ့ရှိရကာ အလုံမြို့နယ် မြို့မစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်က ပြောကြားသည်။

တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော် ပြန်လည်ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုကို သာသနာရေး ၀န်ကြီးဌာနမှ ပြန်လည်ရှင်းလင်း


ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကြီးအား ပီနန်ဆရာတော် ပြန်လည်ရရှိဟူသော The Voice သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် သာသနာရေး ၀န်ကြီးဌာန၊ သာသနာရေး ဦစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေတို့က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးရုံး၌ ရှင်းလင်းခဲ့သည်။

အောက်တိုဘာ ၂၅ ရက်ထုတ် The Voice သတင်းစာတွင် "မဟာသန္တိသုခ ကျောင်းတိုက်ကို ပီနန်ဆရာတော် ပြန်လည်ရရှိ" ဟူ၍ ဖော်ပြခဲ့သော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ဗုဒ္ဓတရားတော်များကို နိုင်ငံခြား ဘာသာစကားများဖြင့် ကျွမ်းကျင်စွာ ဟောပြောပြသနိုင်သည့် ပြည်ပသာသနာပြု ပုဂ္ဂိုလ်များကို လေ့ကျင့်သင်ကြားပေးရန်အတွက် နိုင်ငံတော် အစိုးရက တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်တွင် တိပိဋကနိကာယသာသနာပြု ဥပဋ္ဌာက ပြည်ပသာသနာပြု အဖွဲ့ဥက္ကဋ္ဌအား စင်ကာပူ ပီနန်ကျောင်း အမည်ဖြင့် သာသနာ့မြေဂရန် ချပေးပြီး မဟာသန္တိသုခ ကျောင်းတိုက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတိုက်ကို ၁၉၉၆ ခုနှစ်တွင် ပန္နက်တင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တည်ဆောက်စရိတ် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ကုန်ကျခဲ့ကြောင်း၊

ဧရာဝတီမြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာခြင်းနှင့်အတူ တရားမ၀င် ငါးဖမ်းဆီးမှုများ ပိုမိုကြီးထွားလာ

Photo: ဧရာဝတီမြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာခြင်းနှင့်အတူ တရားမ၀င် ငါးဖမ်းဆီးမှုများ ပိုမိုကြီးထွားလာ

မန္တလေးမြို့မှ မြစ်အထက်ပိုင်း ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက်တွင် မိုးနှောင်း ငါးဖမ်းရာသီ စတင်လုပ်ကိုင်လျှက်ရှိပြီး မြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာခြင်းနှင့်အတူ တရားမ၀င် ငါးဖမ်းဆီးမှုများ ပိုမိုကြီးထွားလာကြောင်း သိရသည်။

မန္တလေးမြို့မှ ကျောက်မြောင်းအတွင်း မြစ်အနောက်ဘက်ခြမ်းရှိ စဥ့်ကိုင်၊ ရွာတန်းရှည်၊ သဲကျွန်း၊ ရှိမ်းမကား၊ အင်ဒေါင်း၊ မင်းရွာ၊ ရွာသာ၊ ကမ်းဗြူ စသည့်ကျေးရွာများနှင့် မြစ်အရှေ့ဘက်ခြမ်းရှိ သဖန့်ထောင့်၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ သူဌေးကုန်း၊ ဥဒိန်၊ မြေစွန်း၊ ကျွန်းတော်လေး၊ မြစ်ကမ်းကြီး၊ ပေါက်ကုန်းစသည့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများတွင် မြစ်ရေ စတင်ကျဆင်းချိန် မိုးနှောင်း ငါးဖမ်းရာသီအစတွင် တံငါရေလုပ်ငန်းများကို စတင် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

"ခုနောက်ပိုင်း မြစ်ထဲမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အရမ်းပေါတဲ့ "ငါးလူး"ဆိုရင် တံငါသည်တွေထဲမှာ သိပ်မတွေ့ရတော့ဘူး။ မြစ်ရေစကျချိန် မိုးနှောင်းရာသီအစက မြစ်ထဲမှာ ငါးအပေါဆုံး အချိန်ပဲ။ ဒီလိုအချိန်မှာတောင် ငါးရှားနေတယ်။ တံငါသည်တွေ အနေနဲ့လည်း အရင်တုန်းက အလကားပေးမှ စားတဲ့ ငါးအမျိုးအစားတွေကို အခုချိန်မှာ တခုတ်တရ ဖမ်းယူ စားသောက် ရောင်းချနေရတယ်"ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေးဌာနစုမှ လက်ထောက် ဦးစီးမှူး ဦးဟန်ဝင်းက ပြောသည်။

ယခင်က မြေစွန်းကျေးရွာတွင် ပိုက်ကွန်ရေလုပ်သား တံငါသည် ၁၃ ဦးနှင့် မြစ်ကမ်းကြီး ကျေးရွာတွင် ၁၇ ဦးရှိရာမှ ယခုအခါ နှစ်ဦး၊ သုံးဦးသာ ကျန်ရှိတော့ကြောင်း၊ တံငါ ရေလုပ်သားများအနေဖြင့် ငါးရရှိမှု လျော့နည်းလာပြီး ရေလုပ်ငန်းဖြင့် ရပ်တည်ရန် ခက်ခဲလာခြင်းကြောင့် အခြားလုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာကြကြောင်း သိရသည်။

"မိရိုးဖလာ ပိုက်ကွန်နဲ့ တံငါလုပ်စားတဲ့သူ တဖြည်းဖြည်း လျော့နည်းလာသလို တရားမ၀င် ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းတဲ့ အဖွဲ့တွေကလည်း အရမ်းကို အတင့်ရဲလာပြီး အရင်ထက် အင်အားပိုကောင်းလာတာကိုလည်း တွေ့ရတယ်။ တရားဝင် အင်းလေလံယူပြီး လုပ်ကိုင်တဲ့ အင်းဧရိယာထဲကို ငါးခိုးဖမ်းတာတွေ ရှိလာတယ်"ဟု မြစ်ကမ်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး(အင်းသူကြီး)က ပြောသည်။

အဆိုပါ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် ယခုအခါ ငါးလူ၊ ငါးဖအောင်း၊ ငါးလဘိ၊ ငါးစင်ရိုင်း၊ ငါးဖျင်း စသည့်ငါးမျိုးစိတ်များ ဖမ်းဆီးရရှိလျှက်ရှိကြောင်း၊ ယခင်က ပိုက်မျှောခြင်းဖြင့် ငါးဖမ်းဆီးရရှိမှု အခြေအနေမှာ ၁၀ ပိသာခန့် ရရှိခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် တစ်ပိဿာမှ လေးပိဿာခန့်သာ ရရှိတော့ကြောင်း သိရသည်။            

ဝက်လက်မြို့နယ် စဥ့်ကိုင်ကျေးရွာ(မြောက်)လှေဆိပ်တွင် ရေလုပ်သားတစ်ဦး ရရှိလာသည့် ငါးလဘိ အမျိုးအစားများအား ပိုက်ကွန်အတွင်းမှ ဖြုတ်ယူ ရှင်းလင်းနေစဉ်
ဝက်လက်မြို့နယ် စဥ့်ကိုင်ကျေးရွာ(မြောက်)လှေဆိပ်တွင် ရေလုပ်သားတစ်ဦး ရရှိလာသည့် ငါးလဘိ အမျိုးအစားများအား ပိုက်ကွန်အတွင်းမှ ဖြုတ်ယူ ရှင်းလင်းနေစဉ်
မန္တလေးမြို့မှ မြစ်အထက်ပိုင်း ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက်တွင် မိုးနှောင်း ငါးဖမ်းရာသီ စတင်လုပ်ကိုင်လျှက်ရှိပြီး မြစ်အတွင်း ငါးရှားပါးလာမှုကြောင့် ပိုက်ကွန် ရေလုပ်သားများ လျော့နည်းလာခြင်းနှင့်အတူ တရားမ၀င် ငါးဖမ်းဆီးမှုများ ပိုမိုကြီးထွားလာကြောင်း သိရသည်။

မန္တလေးမြို့မှ ကျောက်မြောင်းအတွင်း မြစ်အနောက်ဘက်ခြမ်းရှိ စဥ့်ကိုင်၊ ရွာတန်းရှည်၊ သဲကျွန်း၊ ရှိမ်းမကား၊ အင်ဒေါင်း၊ မင်းရွာ၊ ရွာသာ၊ ကမ်းဗြူ စသည့်ကျေးရွာများနှင့် မြစ်အရှေ့ဘက်ခြမ်းရှိ သဖန့်ထောင့်၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ သူဌေးကုန်း၊ ဥဒိန်၊ မြေစွန်း၊ ကျွန်းတော်လေး၊ မြစ်ကမ်းကြီး၊ ပေါက်ကုန်းစသည့် မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာများတွင် မြစ်ရေ စတင်ကျဆင်းချိန် မိုးနှောင်း ငါးဖမ်းရာသီအစတွင် တံငါရေလုပ်ငန်းများကို စတင် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

"ခုနောက်ပိုင်း မြစ်ထဲမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အရမ်းပေါတဲ့ "ငါးလူး"ဆိုရင် တံငါသည်တွေထဲမှာ သိပ်မတွေ့ရတော့ဘူး။ မြစ်ရေစကျချိန် မိုးနှောင်းရာသီအစက မြစ်ထဲမှာ ငါးအပေါဆုံး အချိန်ပဲ။ ဒီလိုအချိန်မှာတောင် ငါးရှားနေတယ်။ တံငါသည်တွေ အနေနဲ့လည်း အရင်တုန်းက အလကားပေးမှ စားတဲ့ ငါးအမျိုးအစားတွေကို အခုချိန်မှာ တခုတ်တရ ဖမ်းယူ စားသောက် ရောင်းချနေရတယ်"ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေးဌာနစုမှ လက်ထောက် ဦးစီးမှူး ဦးဟန်ဝင်းက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ် တိမ်တံခွန် တည်းခိုခန်း၌ အမျိုးသမီးတစ်ဦး အသတ်ခံရ



နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်း ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းကThe Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက အတည်ပြု ပြောကြားသည်။

မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက "လက်ရှိကတော့ အလောင်းကို ရင်ခွဲရုံကို ပို့ထားပါတယ်။ သတ်သွားတဲ့သူ ဘယ်သူလဲဆိုတာကို စုံစမ်း ဖော်ထုတ်နေပါတယ်" ဟု နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ပြောကြားသည်။

သေဆုံးသူ အမျိုးသမီးမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်နေသူ အသက် ၂၃ နှစ် အရွယ်ရှိ မမိမိစံ ဆိုသူဖြစ်ပြီး ၎င်းတည်းခိုသည့် အခန်းအတွင်း ခုတင်ဘေးတွင် လည်ပင်းဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲဘက် ပခုံးထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲမျက်ခုံး ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ သေဆုံးသူမှာ တစ်ဦးတည်း လာရောက်တည်းခိုခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်ကျပ်တစ်ပြားမှ စိုက်ထုတ်ထောက်ပံ့ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

Photo: မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်ကျပ်တစ်ပြားမှ စိုက်ထုတ်ထောက်ပံ့ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းမှုတွင် ပြောကြားသည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ငွေကြေးစိုက်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်ဟု ဒီမိုဝေယံ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အမွှမ်းတင်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရနှင့် သမ္မတရုံး ၀န်ကြီးများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဒီမိုဝေယံဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

ငွေကြေးစိုက်ထုတ်ခြင်း ရှိမရှိ စုံစမ်းနိုင်ကြောင်း၊ အကယ်၍ စိုက်ထုတ်ထားခြင်း ရှိသည်ဆိုပါက မိမိအား အရေးယူ ဆောင်ရွက်နိုင်ကြောင်းကို ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတော် သမ္မတထံသို့ တင်ပြသည့်စာတွင် ဖော်ပြထားကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

"ငွေကြေးစိုက်ထုတ်တယ်ဆိုရင် တိုင်းပြည်ဘဏ္ဍာငွေနဲ့ စိုက်ထုတ်တယ် ထင်မှာပါ။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တို့မှာသာမက ယခုအစိုးရ လက်ထက်အထိပင် တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစား လုပ်ခဲ့ခြင်း မရှိပါဘူး။ သံသယဖြစ်ရင် အစစ်ဆေး ခံနိုင်ပါတယ်" ဟု ဦးဆန်းဆင့်က ပြောကြားသည်။

အဆိုပါ ရေးသားချက်များနှင့် ပတ်သက်၍ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခြင်းဖြစ်၍ အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါအကြောင်း အရာကို ဖော်ပြသူမှာ မည်သူဖြစ်ကြောင်း မသိရသေးကြောင်း၊ ယင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားသူကို ဖော်ထုတ်ခိုင်းမည်ဖြစ်ကြောင်း၊ ဥပဒေ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဦးဆန်းဆင့်က ပြောကြားသည်။    

သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေစဉ်
သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေစဉ်
မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းမှုတွင် ပြောကြားသည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ငွေကြေးစိုက်ထုတ်ဝေသည့် ဂျာနယ်ဖြစ်သည်ဟု ဒီမိုဝေယံ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာသံတော်ဆင့် ဂျာနယ်သည် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အမွှမ်းတင်ပေးပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရနှင့် သမ္မတရုံး ၀န်ကြီးများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်နေသော ဂျာနယ်တစ်စောင်ဖြစ်ကြောင်း ဒီမိုဝေယံဝက်ဘ်ဆိုက်တွင် ရေးသားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ဆိုသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား


ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့်အပေါ် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာအာဏာကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနိုင်ငံ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုလည်း လေးစားဖို့လိုပါတယ်။ အဲဒီလိုပဲ သူ့နိုင်ငံရဲ့ ပြည်သူများရော၊ အခြားနိုင်ငံက ပြည်သူများရောရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကိုလည်း လေးစားဖို့ လိုပါတယ်" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော် လုံခြုံရေးအတွက် သာမက ပြည်သူတစ်ဦးချင်းရဲ့ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ လုံခြုံရေးအတွက် လိုအပ်သည့် လေ့လာသုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများနဲ့ အခြားနိုင်ငံများရဲ့ ဆောင်ရွက်ချက်များကိုလည်း စောင့်ကြည့်လေ့လာနေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Daily Eleven သို့ ဖြေဆိုခဲ့သည်။

နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့က အိမ်အတွင်း ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှု ခုံရုံးဖွဲ့စစ်ဆေး


နှစ်လုံးထီ ရောင်းသည်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များ အိမ်အတွင်း ၀င်ရောက်စစ်ဆေး မေးမြန်းစဉ် သေဆုံးသွားသော အမျိုးသမီးအမှုအား စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ခုံးရုံး၏ စစ်ဆေးချက်အပေါ် မူတည်ပြီး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲ မှူးကြီးဝင်းကြည်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းက ဘုရင့်နောင် နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဝတ်ကာ မရမ်းကုန်းမြို့နယ် ဦးအောင်မင်း လမ်းသွယ်ရှိ အိမ်ရှင် ဒေါ်ခင်အုန်းမြင့် နေထိုင်သော အိမ်အမှတ်(၂၇) သို့ နှစ်လုံးထီ ရောင်းချသည်ဟုဆိုကာ ၀င်ရောက် စစ်ဆေးမေးမြန်းစဉ် ဒေါ်ခင်အုန်းမြင့်(ခ)ဒေါ်ပိုသည် သတိလစ် မေ့မြောသေဆုံးသွားခဲ့သည်။

"သေဆုံးသူက နဂိုကတည်းက နှလုံးရောဂါ၊ သွေးတိုး ရောဂါတွေရှိတယ်လို့ သူ့ခင်ပွန်းကလည်း ပြောခဲ့တယ်။ နှစ်လုံးထီနဲ့ ပတ်သက်ပြီး သူ့ရဲ့ချွေးမကို ၀င်ဖမ်းရင်းနဲ့ ဒီအမျိုးသမီးကြီးက သေဆုံးသွားတာပါ။ သူက နှစ်လုံးထီနဲ့ ပတ်သက်မှုမရှိဘူး" ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ၀င်းကြည်က နိုဝင်ဘာ ၂ ရက်က Daily Eleven သို့ ဖြေကြားခဲ့သည်။

လွိုင်ကော်မြို့ရှိ Eleven Media Group ၏ သတင်းထောက် သတင်းမေးမြန်းမှုကြောင့် တရားစွဲဆိုခံရ


လွိုင်ကော်မြို့နယ်ရှိ Eleven Media Group သတင်းထောက်ဖြစ်သူ မခိုင်သည် အောက်တိုဘာ ၂၇ ရက်တွင် ရှေ့နေတစ်ဦး၏ နေအိမ်သို့ သွားရောက် သတင်းမေးမြန်းရာ တရားစွဲဆို ခံခဲ့ရကြောင်း သိရသည်။

သတင်းထောက် မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီးယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။

သတင်းထောက် မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။

ယင်းငွေဒဏ် ချမှတ်ခံရသည့် အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့ အခွေများတွင် ဦးသော်တာသိန်း ဆိုသူ၏ မူပိုင်မြန်မာ ဇာတ်ကား ၁၃ ကား ပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

Photo: ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ၏ ပညာရေးအတွက် ဆက်သွယ်ရေးသည် အခက်အခဲတစ်ခု ဖြစ်နေပြီး ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာ သုံးသပ်ချက်များ ပါဝင်သော အချက်အလက်များကို ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ပြီး ပထမအဆင့် မူကြမ်းကို တင်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ကောင်စီပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စစူးဇန်န်နားဂါလ်ဗန်ထံက သိရသည်။

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ အဆင့်မြင့် ပညာရေး ပူးပေါင်းရေးအတွက် စွမ်းရည်မြှင့် သင်တန်းပေးခြင်းသည် ပထမအဆင့်ဖြစ်ပြီး စတင်မည့် အချိန်ကာလကို  နိုဝင်ဘာလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Mr. David J.Lock က ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

အမျိုးသမီးများ ကားမမောင်းရ ပေါ်လစီကို သရော်သည့် ဆော်ဒီလူရွှင်တော်များ၏ သီချင်း You Tube တွင် ပျံ့နှံ့


ဆော်ဒီအာရေးဗီးယားမှာ အမျိုးသမီးတွေ ကားမမောင်းရဘူးလို့ မူဝါဒ ချထားတာကို ဆော်ဒီလူရွှင်တော် ဂီတသမားတွေက သရော်ထားတဲ့ သီချင်းတစ်ပုဒ် စပ်ဆို ထုတ်ပြန်ခဲ့တာကို You Tube ပေါ် တင်လိုက်ရာက ရက်အနည်းငယ်အတွင်း ကြည့်ရှုသူ ခုနစ်သန်း ကျော်သွားခဲ့တယ်လို့ Sky News သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဂျမေကာ နာမည်ကြီး ရက်ဂေးအဆိုတော် ဘော့မာလေရဲ့ No Woman, No Cry ဆိုတဲ့ သီချင်းရဲ့ အလိုက်ကို ယူထား ပြီး No Woman, No Drive ဆိုပြီး သီဆိုထားတာ ဖြစ်ပါတယ်။

အာရပ်အမေရိကန် လူရွှင်တော် ဟီရှန်ဖာဂီးက ဒီရုပ်သံသီချင်းကို ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ နောက်ခံတေးဂီတ မပါဘဲ အနုပညာရှင်တွေက ပါးစပ်နဲ့ တီးမှုတ်တဲ့ အသံကိုသာ အသုံးပြုထား ပါတယ်။

မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ်

Photo: မိုးစပါးဧက လေးသောင်းရှစ်ထောင်ကျော် ရေမြုပ် 

တောင်ငူ၊ နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

ရေလွှမ်းမိုးခဲ့သော လယ်များကို ရေပြန်ကျပြီးသော အချိန်တွင် ဆုံးရှုံးခဲ့သော မြေဧကများကို တွက်ချက်၍ စိုက်ပျိုးရေး အကူအညီများကို ပံ့ပို့ပေးမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

လတ်တလောတွင် တောင်ငူမြို့နယ် သဖန်းပင် ကျေးရွာအုပ်စုတွင် စစ်တောင်းမြစ်ကမ်းပါး တစ်လျှောက်ရှိ မိုးစပါးစိုက်ဧက ၁၉၈၇ ဧက ရေဝင်နစ်မြုပ်လျက် ရှိပြီး တစ်ရက်နှစ်ရက်အတွင်း မြစ်ရေ ပြန်မကျပါက မိုးစပါးစိုက်ဧက သုံးပုံနှစ်ပုံအထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း သဖန်းပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းဦးက သုံးသပ်ပြောကြားသည်။
“တောင်ငူခရိုင်ထဲက  စစ်တောင်းမြစ်နားမှာရှိတဲ့ လယ်တွေက နှစ်တိုင်း ရေဝင်နေကျပါ။ ရေနစ်တာ ရက်မကြာရင်တော့ ဆုံးရှုံးမှု သိပ်မကြီးနိုင်ဘူး။ ရက်ကြာရင်တော့ ဆုံးရှုံးမှု ကြီးနိုင်တယ်” ဟု ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ဆန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ကျော်က သုံးသပ်ပြောကြားသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးရွာအုပ်စု ညောင်ပင်ရွာတွင် လယ်မြေဧကပေါင်း ၃၀၀ ကျော် အနက်ဧက ၅၀ နီးပါး ရေဝင်နစ်မြုပ်ခဲ့ပြီး မိမိပိုင်လယ် ၂၅ ဧကအနက် ခြောက်ဧကမှာ ပျက်စီးခဲ့သောကြောင့် ခြောက်ဧက၏ စိုက်ပျိုးစရိတ်ပင် ပြန် မရနိုင်တော့ကြောင်း ညောင်ပင်ကျေးရွာ နေထိုင်သူ တောင်သူ ဦးမြင့်သိန်းက ဆိုသည်။

တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့များတွင် အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ၂ ရက်နေ့အထိ ငါးရက်ကြာ စစ်တောင်းမြစ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ရပ်ကွက် ကျေးရွာပေါင်း ၅၀ ခန့်၊ အိမ်ထောင်စုဝင်ပေါင်း ၄၀၀၀ နီးပါးနှင့် လူဦးရေ စုစုပေါင်း ၃၆,၀၀၀ ခန့် ရေဘေး ကယ်ဆယ်ရေးစခန်း ၄၀ ကျော်တွင် ခိုလှုံလျက်ရှိပြီး အခြေခံပညာ ကျောင်းပေါင်း ၉၀ ကျော် ပိတ်ထားရကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ကယ်ဆယ်ရေး ဆောင်ရွက် ပေးနေသည့်  လူမှုရေး အသင်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

စစ်တောင်းမြစ် ရေကြီးမှုကို နိုဝင်ဘာလ ၂ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် တိုင်းထွာချက်အရ တောင်ငူမြို့၏ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာ အထက် ၆၇ စင်တီမီတာအထိ ကျော်လွန် ရောက်ရှိနေကြောင်း တောင်ငူ ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးမျိုးမြင့်အောင်က ပြောကြားသည်။

တောင်ငူ၊ နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်၊ ဆွာ၊ သာဂရနှင့် တောင်ငူမြို့နယ်တွင် စစ်တောင်းမြစ်ရေ စံချိန်တင် မြင့်တက်မှုကြောင့် ခရိုင်တွင်းရှိ ရိတ်သိမ်းချိန် မိုးစပါးစိုက်ဧက လေးသောင်း ရှစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက The Voice သို့ ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့နှင့် သာဂရမြို့တို့ရှိ ကျေးရွာအုပ်စုပေါင်း ၈၈၃ စု၊ တောင်သူပေါင်း ၁၂,၁၁၅ ဦး၊ ဦးပိုင် အမည်ပေါက် ပိုင်ဆိုင်သူပေါင်း ၁၆,၂၄၂ ဦးတို့ စုစုပေါင်းတောင်သူ ၁၂၈,၃၅၇ ဦးတို့၏ ရိတ်သိမ်းချိန်ရောက် မိုးစပါး စိုက်ဧက ၄၈,၄၆၈ ဧက ရေဝင်နစ်မြုပ်လျက် ရှိကြောင်း တောင်ငူခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

ရေလွှမ်းမိုးခဲ့သော လယ်များကို ရေပြန်ကျပြီးသော အချိန်တွင် ဆုံးရှုံးခဲ့သော မြေဧကများကို တွက်ချက်၍ စိုက်ပျိုးရေး အကူအညီများကို ပံ့ပို့ပေးမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၂

အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သူရိယနေဝန်းဂျာနယ် အနေဖြင့် ခရိုနီ တစ်ဦးချင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ အာဏာရှင်ဝါဒနှင့် ခရိုနီစနစ်ကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေးသားရခြင်းမှာလည်း မီဒီယာတာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း သူရိယနေဝန်း ဂျာနယ်တိုက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ဆိုသည်။

တရုတ်မှ အသက် ၁၀ နှစ်အရွယ် ကျောင်းသား အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ မြင့်သော တိုက်ပေါ်မှ ခုန်ချ သေဆုံး

တရုတ်နိုင်ငံမှ အသက် ၁၀ နှစ် အရွယ် ကျောင်းသား တစ်ဦးသည် အတန်းဆရာ၏ ညွှန်ကြားချက်အရ အထပ် ၃၀ တိုက် အမြင့်မှ ခုန်ချသေဆုံးသွားကြောင်း အစိုးရ သတင်းမီဒီယာကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတွင် ဖေါ်ပြသည်။

၎င်းသတင်းအား အစိုးရပိုင် သတင်းမီဒီယာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က ဖေါ်ပြထားကြောင်း အေအက်ဖ်ပီ သတင်းက ဆိုသည်။

တိုက်ပေါ်မှ ခုန်ချ သေဆုံးသူ (၅) တန်း ကျောင်းသားငယ်အား ၎င်း၏ ဆရာမှ မိမိကိုယ်ကို ဝေဖန်ထားသော စာတစ်စောင်ရေးသားရန် အတန်းထဲတွင် ညွှန်ကြားခဲ့ကြောင်း၊ မရေးနိုင်ပါက တိုက်ပေါ်မှ ခုန်ချရန် ညွှန်ကြားခဲ့ကြောင်း သူ၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ကိုးကားပြီး တရုတ် အမျိုးသား ရေဒီယို၏ သတင်း ၀က်ဆိုက်တွင် ဖေါ်ပြထားဟု သိရသည်။

၎င်းကျောင်းသားငယ်သည် ဆရာ၏ ညွှန်ကြားချက်အတိုင်း မိမိကိုယ်ကို ဝေဖန်ထားသော စာလုံးရေ (၁၀၀၀) ပါ ဆရာအားတောင်းပန်စာအား မရေးသားနိုင်သဖြင့် နောက်ပိုင်းတွင် အထပ် (၃၀) အမြင့် တိုက်ပေါ်မှ ခုန်ချ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

အေအက်ဖ်ပီ သတင်းတွင် အဆိုပါ ကျောင်းသားငယ် သေဆုံးသည့် နေ့ရက်နှင့် နေရပ်လိပ်စာများကိုမူ ဖေါ်ပြထားခြင်း မရှိပါ။

(နိရဉ္စရာ- ၂ နိုဝင်္ဘာ ၂၀၁၃)

တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက် ထားရှိရေး လိုင်ဇာညီလာခံ မူချမှတ်

တပ်မတော်, ငြိမ်းချမ်းရေး, အပစ်အခတ်ရပ်စဲရေး, တိုင်းရင်းသား, လိုင်ဇာ
လိုင်ဇာ ညီလာခံ နောက်ဆုံးနေ့ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကချင်ပြည်နယ်လိုင်ဇာမြို့တွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားညီလာခံတွင်  လက်ရှိတပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှု အောက်တွင် ထားရှိရေး ဆိုသော အချက် အပါအ၀င် ဘုံ မူဝါဒ သဘောတူညီချက်များ ချမှတ် လိုက်ပြီ ဖြစ် ကြောင်း သိရှိရသည်။
လိုင်ဇာညီလာခံနောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင်  တပ်မတော်ကို အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရေး၊ တပ်မတော် သည် ပြည်ထောင်စု ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင်ရန်၊ တပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် အဖြစ် အသွင်ပြောင်းရေး၊  တပ်မတော်နှင့် ဥပဒေထိန်းသိမ်းရေး တာဝန်ရှိသည့် ရဲတပ်ဖွဲ့ ကို ခွဲခြားထားရေး ဆိုသော မူဝါဒ အပါအ၀င် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး မူဝါဒများ ပေါ်ထွက်လာကြောင်း သိရှိရသည်။
“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံ၊ မခံဆိုတာတော့ မပြောနိုင်သေးဘူး။ သူတို့ပေါ်မှာ မူတည်တာပေါ့။ လက်ခံဖို့ နီးစပ်မှု ရှိမယ်ထင်ပါတယ်။ တပ်မတော်ဘက်ကလည်း အလျှော့အတင်း လုပ်ပြီး စကားပြောမယ်လို့ ထင်တယ်။ ဘယ်သူကိုမှ ဖယ်တာလည်း မရှိဘူး။ သိပ်အကျပ်အတည်း ရှိမယ်မထင်ပါဘူး။ တပ်မတော်က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ် ဆိုတဲ့အချက်ပါတယ်။ တပ်မတော်မှာ တိုင်းရင်းသားတွေ ဘယ်လောက် ပါရမယ်ဆို တဲ့အချက် ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ အသေးစိတ် ဆွေးနွေးမှာပါ”ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီသို့  ပြောသည်။

ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီမြောက်ပိုင်းမှာ အသတ်ခံရ

Radio France Internationale ရေဒီယို ဌာနက ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီနိုင်ငံမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။

ကီဒဲလ် မြို့မှာ အစောပိုင်းတုန်းက သေနတ်သမားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ Ghislaine Dupont နဲ့ Claude Verlon တို့ရဲ့ အလောင်းတွေကို တွေ့ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းက ဒါဟာ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပြီး ဒီဖြစ်ရပ်ဟာ လက်မခံနိုင်စရာဘဲ လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ရာမှ လူသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။

ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ အရှိန်လွန်၍ ထိုးကျခဲ့သော မာတ်တူးကား အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၉ဃ/ ၃၆ ×× ယာဉ်အား ခန္တီးမြို့နယ်၊ ဆင်သေ ဆောက်လုပ်ရေးလုပ်ငန်းဆိုက် အမှတ် (၉၄၁)နေ ကိုမြင့်လေး ဆိုသူမှမောင်းနင်းလာ ခဲ့ပြီး အဆိုပါကားအား ကုန်တင်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် အရှိန်လွန်၍ မြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ် သည်။

ထိုသို့ မြစ်ကြောင်းအတွင်းအရှိန်လွန်၍ ကားထိုးကျခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ ကိုမြင့်လေးဆိုသည် ထိုနေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ဦးရဲကိုကို ဆိုသူ၏ ၀ဲဘက်နားရွက်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ဆေးစာမှတ် တမ်းများအရ သိရသည်။

အကြမ်းဖက် တိုက်ခိုက်ခံရ၍ ပေါက်တောမြို့နယ်တွင် အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ငါးရှာ ဂုံးကောက်နေသော အမျိုးသမီး အုပ်စု တစ်ခုအား ဆင်တက်မော် ဒုက္ခသည် စခန်းမှ မွတ်ဆလင် အချို့မှ ဓါးလှံများဖြင့် တိုက်ခိုက်သဖြင့် အမျိုးသမီး တစ်ဦးပွဲချင်းပီး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူု အမျိုးသမီးမှာ ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှ ကလေး (၄) ယောက် မိခင် ဦးအောင်ထွန်းဖြူ၏ ဇနီး ဒေါ်မလှခင် (၃၈) နှစ် ဖြစ်ကြောင်း ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးထွန်းအေးသိန်းက နိရဉ္စရာသို့ ပြောသည်။

အခြား ဒဏ်ရာ ရရှိသွားသူု အမျိုးသမီးမှာ မမေသန်းခင် (၁၇) နှစ်ဖြစ်ပြီး လက်မောင်းတစ်ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သူက ဆိုသည်။

၎င်းအဖြစ်အပျက်မှာ ယနေ့ နိုဝင်္ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဆင်အိုင်ကျေးရွာအနီးရှိ မြစ်တွင် ငါးရှာနေစဉ် ဖြစ်ပွားခဲ့သည်ဟု ဦးထွန်းအေးသိန်းက ပြောသည်။

Related Posts Plugin for WordPress, Blogger...

ShareThis