menu

Wednesday 23 January 2013

ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad

Photo: ချိုး၍ပင် မကျိုးနိုင်သည့် ပျော့ပြောင်းသော iPad


အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများကို အသုံးပြုပြီး ထုတ်လုပ် ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူ တစ်ရွက် ကဲ့သို့ပင် ပါးလွှာ လှသည့် အဆိုပါ iPad ကို အလွယ် တကူ ကွေးညွှတ်၍ ရရန် ပလတ်စတစ်လောဂျစ် နည်းပညာကို အသုံးပြု ထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင် များက ရှင်းပြသည်။

အဆိုပါ iPad ကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show ပွဲမှာ ပြသ သွားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ Queen တက္ကလိုလ်ရှိ Human Media ဓာတ်ခွဲ ခန်းမှ စမ်းသပ် လိုက်သည့် စက္ကူတမျှ ပါးလွှာလှသော အဆိုပါ iPad ကို Paper Tab ဟု အမည် ပေးထားသည်။ ပလတ်စတစ် လောဂျစ် နည်းပညာသာ ခေတ်စား လာလျှင် အလွန်ပါး လွှာလှသည့် Ultra-Notebook များ နေရာမှာ ပင် အစားထိုး ဝင်လာ
နိုင်သည်ဟု နည်းပညာ ပါရဂူ ဗာတီဂယ်က သုံးသပ် ထားသည်။

အေးချမ်းမွန်မှ   Yatanarpon တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အလွယ်တကူ ကွေးကောက် နိုင်အောင် ပျော့ပြောင်းသော သတ္တုများကို အသုံးပြုပြီး ထုတ်လုပ် ထားသည့် iPad ကို Apple က စတင် သရုပ်ပြ လိုက်ပါပြီ။ စက္ကူ တစ်ရွက် ကဲ့သို့ပင် ပါးလွှာ လှသည့် အဆိုပါ iPad ကို အလွယ် တကူ ကွေးညွှတ်၍ ရရန် ပလတ်စတစ်လောဂျစ် နည်းပညာကို အသုံးပြု ထားသည်ဟု Queen တက္ကသိုလ်မှ ပညာရှင် များက ရှင်းပြသည်။

အဆိုပါ iPad ကို လတ်စ်ဗီးဂတ်စ်တွင် ကျင်းပသည့် Consumer Electronics Show ပွဲမှာ ပြသ သွားနိုင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ Queen တက္ကလိုလ်ရှိ Human Media ဓာတ်ခွဲ ခန်းမှ စမ်းသပ် လိုက်သည့် စက္ကူတမျှ ပါးလွှာလှသော အဆိုပါ iPad ကို Paper Tab ဟု အမည် ပေးထားသည်။ ပလတ်စတစ် လောဂျစ် နည်းပညာသာ ခေတ်စား လာလျှင် အလွန်ပါး လွှာလှသည့် Ultra-Notebook များ နေရာမှာ ပင် အစားထိုး ဝင်လာ
နိုင်သည်ဟု နည်းပညာ ပါရဂူ ဗာတီဂယ်က သုံးသပ် ထားသည်။

Yatanarpon 

ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးလိုလားသူ လမ်းလျောက်အဖွဲ့အား မြို့နယ်ရဲစခန်းရှစ်ခုမှ အမှုဖွင့်ထား




w1-23-13
ဇန်န၀ါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီးမှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူများကို  မင်္ဂလာဒုံမြို့နယ်အတွင်း တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးမှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့  လမ်းလျောက်သည့် ငြိမ်းချမ်းရေးလိုလားသူအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရဲစခန်းရှစ်ခုမှ အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ငြိမ်းချမ်းရေးအတွက်   လမ်းလျောက်သူ ၂၂ ဦးခန့်နှင့် သံဃာ ၁၂ ပါး ပါဝင်သော ကိုရန်နိုင်ထွန်းနှင့် ကိုအောင်မင်းနိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်ခန့်က ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံ မြောက်ဘက် ခြံစည်းရိုးအနီးမှ စတင် လမ်းလျောက်ခဲ့ကြသည်။
ယင်းနောက် ကျောက်တံတားမြို့နယ်မှ လှည်းကူးမြို့နယ် အတွင်းရှိ ရဲစခန်းရှစ်ခုမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ -၁၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လာလ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိ

Photo: လာလ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိ
..........................................................................................
လာလ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။
"စုံစမ်းစစ်ဆေးမှုလုပ်နေတယ်ဆိုတာမှန်တယ် အဲဒါကို ကျွန်တော်အတည်ပြုတယ် အဓိကကတော့ သမ္မတကြီးရဲ့ မူဝါဒ အရကောင်းမွန်သော အုပ်ချုပ်မှု နဲ့သန့်ရှင်းသောအစိုးရ ဖြစ်ရေးအတွက်ပါပဲ သမ္မတက သူပြောထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တယ်လို့ပဲမြင်မိပါတယ် ကျန်တဲ့ အသေးစိတ်အချက်အလက်ကတော့ စုံစမ်းစစ်ဆေးမှုတွေပြီးတာနဲ့ အချိန်နဲ့တစ်ပြေးညီကြေညာသွားမှာပါ"ဟု ၄င်းကပြောကြားသည်။

အေးချမ်းမွန်မှ   Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လာလ်ပေးလာဘ်ယူမှုနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆင့်မြင့်တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။
"စုံစမ်းစစ်ဆေးမှုလုပ်နေတယ်ဆိုတာမှန်တယ် အဲဒါကို ကျွန်တော်အတည်ပြုတယ် အဓိကကတော့ သမ္မတကြီးရဲ့ မူဝါဒ အရကောင်းမွန်သော အုပ်ချုပ်မှု နဲ့သန့်ရှင်းသောအစိုးရ ဖြစ်ရေးအတွက်ပါပဲ သမ္မတက သူပြောထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တယ်လို့ပဲမြင်မိပါတယ် ကျန်တဲ့ အသေးစိတ်အချက်အလက်ကတော့ စုံစမ်းစစ်ဆေးမှုတွေပြီးတာနဲ့ အချိန်နဲ့တစ်ပြေးညီကြေညာသွားမှာပါ"ဟု ၄င်းကပြောကြားသည်။

Messenger News Journal 

USB ပေါက်ထိုး၍ အေးစေမည့် ရေခဲသေတ္တာ

Photo: USB ပေါက်ထိုး၍ အေးစေမည့် ရေခဲသေတ္တာ

USB ပေါက်ထိုးလို့ အသုံးပြုတဲ့ ရေနွေးအိုးတွေ၊ ပန်ကာတွေ နဲ့ အခြားသော ပစ္စည်း အမျိုးမျိုးကို တော်တော်များများ သိရှိပြီး ဖြစ်ပါတယ်။

ဒီတစ်ခါမြင့်ရတဲ့ ပစ္စည်းလေးကတော့ တကယ့် အဆန်းလေး ပါ။ ရေခဲသေတ္တာ ငယ်လေး ဖြစ်ပြီး အတွင်းမှာ coke,Pepsi တို့လို သံဗူး အချိုရည် တစ်ဗူး ထည့်လို့ဆန့်ပါတယ်။ ပူအောင်လည်း စွမ်းဆောင်ပေးနိုင် ပါတယ်။ မိမိ PC, laptop ကို အသုံးပြုနေတုန်း USB ပလက်ပေါက် ထိုးထား ရုံပါပဲ။ သူ့အလိုအလျောက် အားဖြည့်ပြီး အအေးစက်က အလုပ်လုပ်နေ မှာ ဖြစ်ပါတယ်။

အေးအောင်တင်မကဘူး။ ပူအောင်လည်းလုပ်လို့ရပါတယ်။ ကော်ဖီတို့ ဘာတို့ကို နွေးစေဖို့ အတွက်လည်း ယင်း Fridge သေးသေးလေးကို အသုံးပြု နိုင်ပါတယ်။ ဆွစ်ဇာလန်က လုပ်တဲ့ Gadget ဆန်းလေး တစ်ခု ဖြစ်ပါတယ်။
--
Ref: techblog
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/usb.html

အေးချမ်းမွန်မှ  TechSpace Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

USB ပေါက်ထိုးလို့ အသုံးပြုတဲ့ ရေနွေးအိုးတွေ၊ ပန်ကာတွေ နဲ့ အခြားသော ပစ္စည်း အမျိုးမျိုးကို တော်တော်များများ သိရှိပြီး ဖြစ်ပါတယ်။

ဒီတစ်ခါမြင့်ရတဲ့ ပစ္စည်းလေးကတော့ တကယ့် အဆန်းလေး ပါ။ ရေခဲသေတ္တာ ငယ်လေး ဖြစ်ပြီး အတွင်းမှာ coke,Pepsi တို့လို သံဗူး အချိုရည် တစ်ဗူး ထည့်လို့ဆန့်ပါတယ်။ ပူအောင်လည်း စွမ်းဆောင်ပေးနိုင် ပါတယ်။ မိမိ PC, laptop ကို အသုံးပြုနေတုန်း USB ပလက်ပေါက် ထိုးထား ရုံပါပဲ။ သူ့အလိုအလျောက် အားဖြည့်ပြီး အအေးစက်က အလုပ်လုပ်နေ မှာ ဖြစ်ပါတယ်။

အစိုးရ အိမ်ရာဟောင်းများကို အဆင့်မြင့်အိမ်ရာအဖြစ် ပြန်ဆောက်မည်

Photo: အစိုးရ အိမ်ရာဟောင်းများကို အဆင့်မြင့်အိမ်ရာအဖြစ် ပြန်ဆောက်မည်

မေစစ်ပိုင်| January 23, 2013 | 

ရန်ကုန်မြို့ရှိ ပျက်စီးဟောင်းနွမ်းမှု များပြီး ခေတ်နှင့်မလျော်ညီသည့် အစိုးရပိုင် အိမ်ရာအဟောင်းများကို အဆင့်မြင့် အိမ်ရာ များအဖြစ် ပြုပြင်မည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ ပြောသည်။

အစိုးရပိုင်အိမ်ရာ အဟောင်းများဖြစ်သည့် ပြည်တော်သာအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ တောင်ဥက္ကလာပ အိမ်ရာ၊ ဗိုလ်အောင်ကျော် အိမ်ရာနှင့် တညင်းကုန်းအိမ်ရာများ အပါအဝင် ပျက်စီးဟောင်း နွမ်းမှုများပြီး ခေတ်နှင့်လျော် ညီမှုမရှိသည့် အိမ်ရာဟောင်းများကို အဆင့်မြင့် အိမ်ရာများအဖြစ် ပြုပြင်သွားမည်ဟု သိရသည်။

အိမ်ရာမှာ နေတဲ့သူတွေကိုတော့ အဆင့်မြှင့်တင်ဖို့ကိစ္စကို နားလည်အောင်ရှင်းပြရမှာပေါ့။ ဆောက်ပြီးရင်တော့ မူလနေ ထိုင်သူတွေကို ပြန်ပြီးနေထိုင်ခွင့်ပေးမယ်၊ အိမ်လခတွေတော့ ပြင်ရမှာပေါ့။ အခုက အလကား ထားသလိုကို ဖြစ်နေတာ” ဟု ဦးစိုးတင့်က ပြောသည်။

အစိုးရပိုင် အိမ်ရာများတွင် နေထိုင်သူများအနေဖြင့် နိုင်ငံတော်သို့ တလလျှင် ၆၀ ကျပ်နှုန်းသာ ပေးဆောင် နေထိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ရာများကို အဆင့်မြှင့် ပြန်လည် တည်ဆောက်ရန်အတွက် အိမ်ရာနေ ပြည်သူများနှင့် ညှိနှိုင်းနေပြီး လာမည့် ဘဏ္ဍာရေးနှစ်မှ စတင် တည်ဆောက်နိုင်ဖွယ် ရှိကြောင်း၊ အထပ်မြင့် အဆင့်မြင့်အိမ်ရာများ အဖြစ် ပြောင်းလဲပြီးပါက လူဦးရေ အများအပြား နေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မူလပိုင်ရှင်က နိုင်ငံတော်ပဲ။ နေတဲ့သူတွေကို အငှားချထားပေးတာ။ အခုအိမ်ရာတွေက အရမ်းကိုဟောင်းနွမ်းပြီး ခေတ်မမီ တော့ဘူး၊ နှစ်သိပ်ကြာနေတဲ့ အဆောက်အဦးတွေဆိုတော့ အန္တရာယ်ရှိနိုင်တယ်လေ” ဟု ဝန်ကြီးက ရှင်းပြသည်။

၁၉၆၀ ပြည့်နှစ် ကတည်းက တည်ဆောက်ခဲ့သည့် အစိုးရအိမ်ရာများမှာ ခေတ်နှင့်မလျော်ညီသကဲ့သို့ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်း အဖွဲ့၏ အချက်အလက်များအရ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မိသားစုတစု လူဦးရေသည် ပျှမ်းမျှ ၅ ယောက်ဟု တွက်ချက်ထားသဖြင့် အစိုးရအိမ်ရာဟောင်းများ၏ ဖွဲ့စည်းပုံသည် အဆင်မပြေနိုင်ကြောင်း၊ အခန်း အကျယ်အဝန်းသည် ၂၀၀ စတုရန်းပေ ခန့်သာ ရှိကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲမည်ဆိုပါက အခန်းတခန်းလျှင် အနည်းဆုံး ၃၀၀ စတုရန်းပေ ပတ်လည် ရှိသင့်ကြောင်း သိရသည်။

အထပ်မြင့် တိုက်များအဖြစ် ပြောင်းလဲလိုက်ပါက မူလနေထိုင်သူများ၏ နေထိုင်ရေး အဆင်ပြေနိုင်သည့် အပြင် အိမ်ရာ လိုအပ်ချက် ရှိသူများအတွက်လည်း ပြဿနာ ပြေလည်နိုင်မည် ဖြစ်ကြောင်း မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သုံးသပ်သည်။

“အိမ်ရာဟောင်းတွေကို ပြန်လည်ဖွံ့ဖြိုးမှု လုပ်မယ်ဆိုရင် ဈေးကွက်ကိုလည်း ကြည့်ပြီးလုပ်ရမှာပဲ။ ဒါတွေက သက်တမ်း သတ်မှတ်ချက် မရှိပေမယ့် ပြန်ကြည့်ရမယ့် အနေအထားကို ရောက်နေပြီ” ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်တွင် အစိုးရအငှားချ အိမ်ရာအခန်းပေါင်း ၁၂၀၀၀ ကျော် ရှိပြီး ၁၉၆၀ ပြည့်နှစ် အိမ်ငှားရမ်းမှု ဥပဒေဖြင့် ပြည်သူ့ဝန်ထမ်းများကို ၎င်းတို့ရသည့် လစာ၏ ဆယ်ရာခိုင်နှုန်းဖြင့် ငှားခဲ့သည်ဟု သိရသည်။ ထို့ကြောင့် တိုက်ခန်းတခန်းလျှင် တလ ကျပ် ၈၈၀ မှ ၁၆၀၀၀ ကျပ်ဖြင့်သာ ငှားရမ်းထားပြီး တည်ဆောက်ခဲ့စဉ်က ကုန်ကျ ခဲ့သည့် ပမာဏကို ပြန်မရခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်ရှိ အစိုးရပိုင် အိမ်ရာတွင် နေထိုင်သူတဦးက “အစိုးရက စာချုပ်နဲ့ ချထားပေပေမယ့် စာချုပ်မရှိတဲ့ သူတွေက အခန်းတွေကို အိုးအိမ်နဲ့ ရပ်ကွက် တာဝန်ရှိသူတွေကို အသိပေးပြီး နှစ်ဦးသဘောတူ ရောင်းစားထားတာတွေ ရှိတယ်” ဟု ပြောပြသည်။

အစိုးရပိုင် အခန်းများကို နှစ်ဦးသဘောတူရောင်းစားပြီး အမည်ပြောင်းခြင်း၊ ထပ်မံအငှား ချထားခြင်းများသည် လက်ရှိနေထိုင် သူဦးရေ၏ ထက်ဝက်ကျော်ပင် ရှိနေကြောင်း ယင်းက ဆိုသည်။

လက်ရှိ ယင်းတိုက်ခန်း တခန်းလျှင် ကျပ်သိန်း ၄၀၀ ကျော်မှ သိန်းထောင်ချီသည် အထိ တန်ဖိုးများဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ငှားရမ်းနေထိုင်ပါက တလလျှင် ကျပ် ၁၅၀၀၀၀ မှ ၃၀၀၀၀၀ အထိ ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် နိုင်ငံတွင်း လူဦးရေ တသိန်းအထက်ရှိသော မြို့ကြီးများတွင် အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် သွားရန်ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ဖဆပလ အစိုးရပိုင် တိုက်ခန်းများမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)

အေးချမ်းမွန်မှ  ဧရာဝတီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန် ဖဆပလ အစိုးရပိုင် တိုက်ခန်းများမြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ရန်ကုန်မြို့ရှိ ပျက်စီးဟောင်းနွမ်းမှု များပြီး ခေတ်နှင့်မလျော်ညီသည့် အစိုးရပိုင် အိမ်ရာအဟောင်းများကို အဆင့်မြင့် အိမ်ရာ များအဖြစ် ပြုပြင်မည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့်က ဧရာဝတီသို့ ပြောသည်။

အစိုးရပိုင်အိမ်ရာ အဟောင်းများဖြစ်သည့် ပြည်တော်သာအိမ်ရာ၊ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ တောင်ဥက္ကလာပ အိမ်ရာ၊ ဗိုလ်အောင်ကျော် အိမ်ရာနှင့် တညင်းကုန်းအိမ်ရာများ အပါအဝင် ပျက်စီးဟောင်း နွမ်းမှုများပြီး ခေတ်နှင့်လျော် ညီမှုမရှိသည့် အိမ်ရာဟောင်းများကို အဆင့်မြင့် အိမ်ရာများအဖြစ် ပြုပြင်သွားမည်ဟု သိရသည်။

မန္တလေး – မြစ်ကြီးနား ရထား အချိန်များ ပြောင်းလဲသတ်မှတ်

Photo: မန္တလေး – မြစ်ကြီးနား ရထား အချိန်များ ပြောင်းလဲသတ်မှတ်

နန်းသီရိလွင်| January 23, 2013 |

မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမှ မြစ်ကြီးနားသို့ အဆန် ခရီးစဉ်များတွင် ၄၃ အဆန်ကို မနက် ၅ နာရီ ၅ မိနစ်၊ ၄၁ အဆန် ရထားကို မွန်းတည့် ၁၂ နာရီ၊ ၅၇ အဆန်ရထားကို ည ၈ နာရီ၊ ၃၃ အဆန်ကို ညနေ ၅ နာရီ ၅၅ မိနစ်၊ ၃၇ အဆန်ကို ညနေ ၄ နာရီ ၃၀၊ ၅၅ အဆန်ကို ညနေ ၇ နာရီ ၁၅ သို့ အသီးသီးပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကာ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ခရီးစဉ်များကို မနက်ပိုင်းသို့ ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ကချင်ပြည်နယ်ကို နေ့ပိုင်းမှာပဲ ဖြတ်ဖို့ စီစဉ်လိုက်တယ် ထင်ပါတယ်။ လမ်းက ဘူတာတွေမှာတော့ ၂၅ ရက်နေ့ နောက်ပိုင်းမှာ ရထား ဘယ်အချိန်တွေ ဆိုက်မယ်ဆိုတာ ကြေညာထားတယ်” ဟု ကချင်ပြည်နယ် မိုးညှင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

မန္တလေး – မြစ်ကြီးနား ရထား လမ်းပိုင်းတွင် မြစ်ကြီးနားမှ မန္တလေးသို့ အဆန်ရထား ၆ စီး၊ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ရထား ၅ စီးနှင့် မြစ်ကြီးနား – နဘား လော်ကယ်ရထားတို့ နေ့စဉ်ပြေးဆွဲနေကြောင်း သိရသည်။

မြစ်ကြီးနားမှ မန္တလေးအစုန် ရထားခရီးစဉ်များအနက် ၃၈ အစုန်နှင့် ၃၄ အိပ်စင်ရထားများကို အချိန်မပြောင်းလဲဘဲ ယခင် အချိန်များအတိုင်း ပုံမှန်ထွက်မည် ဖြစ်ကြောင်း သိရသည်။

“အတတ်နိုင်ဆုံး ပြေလည်အောင် ကြိုးစားနေပါတယ်။ ရထားလမ်း တလျှောက်က တံတားတိုင်း လိုလိုမှာ မြန်မာ့ တပ်မတော် က တာဝန်ယူထားပါတယ်။ မသွားမဖြစ်၊ မလာမဖြစ်တဲ့ သူတွေကတော့ သွားရ လာရမှာပဲ။ စိုးရိမ် ကြောင့်ကြမှုတော့ ရှိကြမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက်က လုံခြုံမှုရှိအောင်တော့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်” ဟု ကချင်ပြည်နယ် အစိုးရလမ်းတံတား ၀န်ကြီး ဦးကမန်းဒူနော်က ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ် တခုလုံးသည် မန္တလေး – မြစ်ကြီးနား ရထားလမ်းကိုသာ အားထား သွားလာနေရသည့် အတွက် ယခုနှစ် ပွင့်လင်းရာသီမှ စတင်ပြီး မန္တလေး – မြစ်ကြီးနား ကားလမ်းကို ပြင်ဆင် အဆင့်မြှင့်တင်နေကြောင်း ၎င်းက ဆက်ပြောသည်။

မန္တလေး – မြစ်ကြီးနား ရထားလမ်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းကို အဓိက ဆက်သွယ်ပေးနေသည့် လမ်းကြောင်း တခုဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ့ တပ်မတော်တို့၏ ပဋိပက္ခများတွင် အကြိမ်ကြိမ် မိုင်းခွဲ ဖျက်စီးခံခဲ့ရသည်။ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှ စတင်ပြီး လက်ရှိအချိန်ထိ မန္တလေး – မြစ်ကြီးနား ရထားလမ်းပိုင်းအား ကချင်လွတ်မြောက်ရေး တပ်မတော်မှ မိုင်းခွဲတိုက်ခိုက်မှု ၅၆ ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၃/ ၂၀၁၃ တွင် ဖော်ပြထားသည်။

မြစ်ကြီးနား ရထားခရီးစဉ်များအား အချိန်ပြောင်းလဲ ပြေးဆွဲမည်ဖြစ်သည်။ (ဓာတ်ပုံ Steve / The Irrawaddy)

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မန္တလေး – မြစ်ကြီးနား ရထားခရီးစဉ်များအား ဇန်န၀ါရီလ ၂၅ ရက်နေ့မှ စတင်ပြီး အချိန်ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမှ မြစ်ကြီးနားသို့ အဆန် ခရီးစဉ်များတွင် ၄၃ အဆန်ကို မနက် ၅ နာရီ ၅ မိနစ်၊ ၄၁ အဆန် ရထားကို မွန်းတည့် ၁၂ နာရီ၊ ၅၇ အဆန်ရထားကို ည ၈ နာရီ၊ ၃၃ အဆန်ကို ညနေ ၅ နာရီ ၅၅ မိနစ်၊ ၃၇ အဆန်ကို ညနေ ၄ နာရီ ၃၀၊ ၅၅ အဆန်ကို ညနေ ၇ နာရီ ၁၅ သို့ အသီးသီးပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကာ မြစ်ကြီးနားမှ မန္တလေးသို့ အစုန် ခရီးစဉ်များကို မနက်ပိုင်းသို့ ပြောင်းလဲ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကတ်များ ကျပ်တစ်သိန်းအောက်ဈေး ရောင်းပေးရန် သမ္မတညွှန်ကြားဟုဆို

Photo: ဖုန်းကတ်များ ကျပ်တစ်သိန်းအောက်ဈေး ရောင်းပေးရန် သမ္မတညွှန်ကြားဟုဆို

ရန်ကုန်၊ ဇန်န၀ါရီ-၁၇

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထပ်မံရောင်းချမည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များအား ကျပ်တစ်သိန်းထက် သက်သာသည့် နှုန်းထားဖြင့်သာ ရောင်းချပေးရန် နိုင်ငံတော်သမ္မတက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“သမ္မတကြီးအနေနဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ဖွံ့ဖြိုးတိုး တက်စေချင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက သမ္မတကြီးအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချတဲ့ လုပ်ငန်းစဉ်တွေမှာ မိုဘိုင်းဆက်သွယ်ရေးတွေရဲ့ အရေးကြီးမှုကို သိရှိပြီး ပြည်သူအားလုံး မိုဘိုင်းဖုန်းတွေကို လက်လှမ်းမီ လွယ်လွယ်ကူကူ သုံးစွဲနိုင်အောင် လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြနေပါတယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။
https://www.facebook.com/excellencemedia
နိုင်ငံတော်သမ္မတက မြန်မာ့ဆက်သွယ်ရေးက ရောင်းချမည့် မိုဘိုင်းဖုန်းများကို ကျပ်ငါးသောင်းဖြင့်သာ သတ်မှတ်ရောင်းချပေးရန် ၀န်ကြီးဌာနသို့ ညွှန်ကြားမှုရှိခဲ့ကြောင်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ဝက်ဘ်ဆိုက်များပေါ်
တွင် ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းကို အဆိုပါ ၀န်ကြီးဌာနက အတည်ပြုပြောဆိုခဲ့ခြင်း မရှိပေ။

ထပ်မံချထားပေးမည့် မိုဘိုင်းဖုန်းများ၏ နှုန်းထားများသည် ကျပ်ငါးသောင်းဖြင့် ထွက်ရှိလာရန် ရာခိုင်နှုန်းများနေသည်ဟု ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သတ်ဆက်စပ်နေသော ပုဂ္ဂလိကပိုင်းမှ အတိအကျ ပြောဆိုသံများ ယနေ့ထွက်ပေါ်လာသော်လည်း ယင်းသတင်းနှင့်ပတ်သက်၍မူ အများပြည်သူသို့ အတိအကျ ထုတ်ပြန်မရနိုင်သေး ကြောင်း စုံစမ်းသိရှိရသည်။

အခုဆက်သွယ်ရေးက ထပ်ချပေးမယ့်ဖုန်းတွေကို ငါးသောင်းလောက်ဖြစ်ရင်ပဲ ကျေနပ်ပါပြီ။ အဲဒီထက်လည်း ချပေးမယ် မထင်ပါဘူး။ ဒါပေမဲ့ အင်တာနက်စနစ်ကိုတော့ တစ်ခါတည်း ထည့်ပေးစေချင်တယ်။ အရင်ငါးသိန်းဖုန်း၊ နှစ်သိန်းဖုန်းတွေတုန်းက ဈေးကြီးလို့ မ၀ယ်နိုင်ဘူး။ ငါးသောင်းလောက်ဆို ကိုယ့်အတွက် အဆင်ပြေပေမယ့် ဆက်သွယ်ရေးကို စိတ်မချရတော့ ပိုပိုလိုလို တစ်သိန်းလောက်ကို ဖုန်းဝယ်ဖို့အတွက် စုထားပါတယ်” ဟု နည်းပညာကုမ္ပဏီတစ်ခုမှ ၀န်ထမ်းဖြစ်သော အသက် ၂၂ နှစ်အရွယ် မဆုရည်မိုးကပြောသည်။

ယခုနှစ်အတွင်း ထပ်မံရောင်းချပေးသွားမည့် မိုဘိုင်းဖုန်းများ၏ ဈေးနှုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ မည်သည့်နှုန်းထားဖြင့် ရောင်းချမည်ကို အတိအကျထုတ်ဖော်ပြောဆိုနိုင်ခဲ့ခြင်း
မရှိသော်လည်း ယခုအချိန်တွင်မူ ကျပ်တစ်သိန်းတိတိဖြင့် ရောင်းချရန် နိုင်ငံတော်ပိုင်းသို့ တင်ပြထားပြီဖြစ်သည်ဟု မိုဘိုင်းဌာန၏ အင်ဂျင်နီယာချုပ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

“လက်ရှိဈေးကွက်မှာ ရောင်းနေတဲ့ဈေးးရဲ့ ထက်ဝက်နဲ့ ရောင်းဖို့ တင်ပြထားပါတယ်။ အထက်က ခွင့်ပြုချက်တော့ မကျသေးပါဘူး။ ကျန်တဲ့အပိုင်းကတော့ အဆင်သင့်ဖြစ်နေပါပြီ။ အထက်က ဈေးနှုန်းသတ်မှတ်ဖို့ပဲ ကျန်ပါတော့
တယ်” ဟု အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်ဂျင်နီယာချုပ်ဦးဌေးဝင်းက ဆိုသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထပ်မံရောင်းချမည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များအား ကျပ်တစ်သိန်းထက် သက်သာသည့် နှုန်းထားဖြင့်သာ ရောင်းချပေးရန် နိုင်ငံတော်သမ္မတက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ ညွှန်ကြားခဲ့ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“သမ္မတကြီးအနေနဲ့ နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍကို အိမ်နီးချင်းနိုင်ငံတွေနည်းတူ ဖွံ့ဖြိုးတိုး တက်စေချင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက သမ္မတကြီးအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချတဲ့ လုပ်ငန်းစဉ်တွေမှာ မိုဘိုင်းဆက်သွယ်ရေးတွေရဲ့ အရေးကြီးမှုကို သိရှိပြီး ပြည်သူအားလုံး မိုဘိုင်းဖုန်းတွေကို လက်လှမ်းမီ လွယ်လွယ်ကူကူ သုံးစွဲနိုင်အောင် လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြနေပါတယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

၆၄ နှစ်ကြာတိုက်ပွဲဝင်ခဲ့တာဟာ အဖိနှိမ်ခံလူမျိုး အဖိနှိမ်ဘာသာ အားလုံးအတွက်ဟုဆိုသည့် ကေအင်န်ယူတပ်မဟာ(၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း

Photo: ၆၄ နှစ်ကြာတိုက်ပွဲဝင်ခဲ့တာဟာ အဖိနှိမ်ခံလူမျိုး အဖိနှိမ်ဘာသာ အားလုံးအတွက်ဟုဆိုသည့် ကေအင်န်ယူတပ်မဟာ(၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်း

January 22, 2013  Home, အင်တာဗျူး 

သူ့ဘက်ကမှန်တယ်။ ကိုယ့်ဘက်က မှန်တယ်ဆိုတာ တိုင်းပြည်အဟန့်အတားတွေပဲ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကနိုင်သလဲ၊ တိုင်းပြည်နစ်နာခဲ့တယ်။ တိုင်းရင်းသားတွေ ဒုက္ခပေါင်းစုံနဲ့ သူများနိုင်ငံမှာ ဒုက္ခဆင်းရဲရောက်နေရတယ်။ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူး။ မဖြိုးခွင်းနိုင်ဘူး ဒါကြောင့်အဖြေရှာ ကြတယ်။ နောက်ဆုံးအဖြေကတော့ သဘောထားမှန်မှန်နဲ့ ဆောင်ရွက်တာ အကောင်းဆုံးဟုဆိုလာသည့် ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မေး- ပြည်သူလူထုအတွက်ဒေသဖွံ့ဖြိုး ရေးအတွက် KNU အနေနဲ့ ဘာတွေရှေ့ ဆက်ဆောင်ရွက်မယ်လို့ ရည်မှန်းထား သလဲ။
ဖြေ- ဒေသဖွံ့ဖြိုးမှုဆိုတာ ငြိမ်းချမ်းရေး နဲ့ သက်ဆိုင်တယ်။ အဲဒီတော့ အခု   ကာလမှာ စစ်ဘေးစစ်ဒဏ်ကြောင့် အထူး  သဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်း မှာ ပြည်သူတွေရဲ့ ဘ၀ဟာစစ်ဒဏ်ကိုခံ ခဲ့ရတယ်။ ငြိမ်းချမ်းရေးပြောဆိုဆွေးနွေး  တဲ့အပေါ်မှာ တစ်ဆင့်ပြီးတစ်ဆင့်သွားရ မှာပေါ့။ ပြည်သူတွေရဲ့ ဒေသဖွံ့ဖြိုးရေး အတွက်  စနစ်တကျစီမံချက်ချပြီး လုပ် ဆောင်သွားတာ မရှိသေးဘူ။ သူ့အခန်း ကဏ္ဍကလည်း အသေးဖွဲ အသေးဖွဲလေး တွေကအစ လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။
မေး- အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီး စဉ်ဟာ မိုင်းကဏ္ဍဆွေးနွေးပွဲဆိုတော့ ပြည်သူလူထုအတွက် ဘယ်လိုကာကွယ် ပေးဆောင်ရွက်ပေးဖို့ရှိသလဲ။“
ဖြေ- ပထမအဆင့်အနေနဲ့ မိုင်းရှင်းလင်း ရေးကို စတင်လုပ်ဆောင်မှာပါ။ မိုင်းတွေ  သုံးနေသ၍ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တော်တော်နဲ့ ရောက်မှာ မဟုတ်ဘူး။ မိုင်း  ထောင်တာနဲ့ ပတ်သက်ပြီး စစ်ဆင်ရေး ဆိုတာရှိတယ်။ ဗမာ့တပ်မတော်က ကွက်စိပ်ထိုးစစ်ဆင်လာရင် မိုင်းတွေ ထောင်ရတယ်။ ဒီတော့တောင်ပေါ်ဒေသ  တွေမှာ စားဝတ်နေရေးအတွက်တောင် ယာခုတ်သူတွေကို ဘယ်နေရာတော့သွား   ရမယ်။ ဘယ်နေရာတော့ မသွားရဘူး တားမြစ်ထားတာရှိပါတယ်။ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ထိုးစစ်တွေမရှိရင်မိုင်းလုပ် ထားတာမရှိပါဘူး။
မေး- ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလ မှာ တိုက်ပွဲထိတွေ့မှုလေးတွေ ပြောပြ ပေးပါဦး။
ဖြေ- ငြိမ်းချမ်းရေးယူပြီးတဲ့ နောက်တပ် မဟာ (၃) အနေနဲ့ တိုက်ပွဲရဲ့ ထိတွေ့မူ ဟာမရှိဘူးလို့ပြောလို့ရပါတယ်။
မေး- မိုင်းကိုဘယ်လိုသတ်မှတ်သလဲ။ ဘယ်လောက်ကြာသက်တမ်းရှိနိုင်သလဲ။ အခုရောရှိနိုင်သေးလား။
ဖြေ- မိုင်းကို အမျိုးအစားခွဲလို့ရတယ်။ နိုင်ငံတကာမိုင်းက ပလတ်စတစ်နဲ့ လုပ် တယ်။ ငရဲမီးနဲ့ သုံးတယ်။ ပြည်တွင်းမှာ ကျွန်တော်တို့လက်နဲ့ လုပ်ထားတယ်။ ဓာတ်ခဲကိုအသုံးပြုတယ်။ နိုင်ငံတကာမှာ  သူ့ရဲ့သက်တမ်းက (၁၄) နှစ် ကြာတယ်။ ပြည်တွင်းလုပ်ကတော့ (၃) လလောက် ဆိုသူ့အလိုလိုပြယ်သွားတယ်။   အခုတော့ တပ်မဟာ (၃) အနေနဲ့ မိုင်း ထောင်ထားတာမရှိသလောက်ပါပဲ။ နည်းနည်းပါးပါးရှိဦးမယ်။ လမ်းမကြီးဝဲ ယာတစ်ဖက်တစ်ချက်၊ အခုတော့ တစ်ဖက်  မိတ်ဆွေတွေကို ပြန်ပြီးသတိပေးထားပါ တယ်။ အဲဒီမှာ ရှိတယ်မသွားပါနဲ့။
မေး- ငြိမ်းချမ်းရေးအတွက် ကျန်ရှိနေ သေးတဲ့ တိုင်းရင်းသားတွေကို ရောဘာ ပြောချင်ပါသလဲ။
ဖြေ- ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံး နဲ့ ပတ်သက်တယ်။ ငြိမ်းချမ်းရေးစားပွဲဝိုင်း မှာ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံ တော်ဘက်တွေ ပြည်သူတွေအားလုံးဝိုင်း ၀န်းပြီး သဘောထားမှန်မှန်နဲ့ တက်ညီ လက်ညီဆောင်ရွက်ဖြေရှင်းရမှာဖြစ်တယ်။  အခု ကချင်ပြည်နယ်ငြိမ်းချမ်းရေးယူပြီး။ ၁၇ နှစ်ကြာပြီးနောက်အခုတိုက်ပွဲတွေ စဖြစ်တယ်။ ကချင်ကလည်းသူ့ဘက်ကမှန် တယ်။ နိုင်ငံတော်ကလည်း သူ့ဘက်ကမှန် တယ်။ ဒါတွေဟာ တိုင်းပြည်အဟန့်အတား   တွေဖြစ်တယ်။ ကချင်ဘက်ကအပစ်အခတ်  မရပ်စဲရင်သက်ရောက်မှုတွေရှိနိုင်တယ်ဆို တာကတော့ အတိုင်းအတာတစ်ခုရှိတယ်။  ကျွန်တော်တို့အားလုံးဝိုင်းဝန်းဖြေရှင်းရ မယ်။ ဒါမှ ကျွန်တော်မျှော်မှန်းထားတဲ့ နိုင်ငံတော်တစ်ခုဖြစ်လာမှာဖြစ်တယ်။ နိုင်ငံတော်ဘက်ကလည်း သဘောထား  ကြီးကြီးနဲ့ ဆောင်ရွက်မှ ပိုပြီးအောင်မြင် မယ်။သူ့ကတာဝန်ပိုရှိသလို ကျွန်တော်တို့ ထက်ပိုပြီးလုပ်နိုင်မယ်လို့ ကျွန်တော်ထင် တယ်။
မေး- နှစ်ပေါင်း ၆၃ နှစ်ကျော်ကြာစစ် ပွဲက ရလဒ်က ဘာလဲ။ နောက်ဆုံးအဖြေ လေးပြောပါဦး။
ဖြေ- မြန်မာနိုင်ငံရဲ့တော်လှန်ရေးကနှစ် ပေါင်း ၆၃ နှစ်ကျော်ခဲ့ပြီ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကမှ မနိုင်ဘူး။ ကျွန်တော်တို့ကလည်း နိုင်ငံတော်ကို မဖြိုးခွင်းနိုင်ဘူး။ နိုင်ငံတော်ကလည်း ကျွန်တော်တို့ကို နိုင်အောင်မတိုက်နိုင်ဘူး။  ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့  က တိုင်းရင်းသားတွေဖြစ်နေလို့တိုင်းပြည်  နစ်နာတာပေါ့။
အခုတော့ အဖြေတစ်ခုရှာတယ်။ ကျွန်တော်တို့ ဘက်ကလည်း သဘော ထားမှန်မှန်၊ တိုင်းပြည်ကလည်း သဘော ထားကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်တာ ဟာအဖြေမှန်တစ်ခုပါပဲ။
မေး- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်အမြင်လေး တော်လှန်ရေးအဖွဲ့ပါတီ  အဖွဲ့ပြောင်းဖို့အစီအစဉ်လေးသိပါရစေ။
ဖြေ- ကေအင်န်ယူဟာ တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှန်ခဲ့ရင် သေနတ်ကိုင်စရာလို မလား။ တိုင်းပြည်တိုးတက်ရေးအတွက် သွားမှာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ  မှန်ကန်မှုမရှိဘူး။ အာမခံချက်မရှိဘူး။ ဖွဲ့စည်းပုံဥပဒေမှန်ကန်ခဲ့ရင် ကေအင်န်ယူ  ဟာပါတီတစ်ခုအနေနဲ့ပဲတည်ရှိမှာပါ။ တပ်မတော်ဟာပြည်ထောင်စုတပ်မတော် ဖြစ်ရမယ်။ အခုဟာက ဗမာ့တပ်မတော် ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပါတီတစ်ခုက ရေးဆွဲတာမဟုတ်ဘူး။ တိုင်းရင်းသားတွေရော တော်လှန်ရေး အဖွဲ့တွေရော၊ ပါတီဝင်တွေရော ပါဝင် ရေးဆွဲမှ ပိုပြီးတိကျတဲ့ အဖြေတစ်ခုထွက် ပြီး အမှန်တကယ်တိုင်းပြည်တိုးတက်မှာ ပါ။
မေး- နှစ်ပေါင်း (၆၀) ကျော်တိုက်ခိုက် ခဲ့တဲ့ ကေအင်န်ယူနဲ့ အစိုးရကြားကေအင်န် ယူကနေပြီး ဗမာ (၁) ကျပ်၊ ကရင်တစ် ကျပ်ဆိုတော့ Federal ဆိုပြီးတောင်းဆို တဲ့သဘောလား။
ဖြေ- Federal နဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားတွေရဲ့ ခေါ်တဲ့ အသံဖြစ် တယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တိုင်းရင်း သားပေါင်းစုံနေတာကိုး Federal ဟာ တိုင်းရင်းသားပေါင်းစုံတန်းတူအခွင့်အရေး  ပဲ။ နိုင်ငံတော်အနေနဲ့ ကြတော့ အဲဒီ Federal ဆိုတာကိုလက်မခံဘူး။ တစ်ချက်  ပြန်ကြည့်မယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ  ဆိုတာ Federal နဲ့ အနှစ်သာရချင်းက အတူတူပါပဲ။ စကားလုံးသာကွာတာ။ နိုင်ငံ  တော်မှ ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကျွန်တော်ယုံကြည်တယ်။ ပြီးတော့နိုင်ငံ တစ်နိုင်မှာ ရှိသင့်ရှိထိုက်တဲ့ အင်အားတစ် ရပ်ကတော့ တပ်မတော်ပါပဲ။ တပ်မတော်
ကလည်း ပြည်ထောင်စုတပ်မတော်ဖြစ် ရပါမယ်။ အခုဟာကဗမာ့တပ်မတော် ကြီးဖြစ်နေတယ်။ ပြည်ထောင်စုတပ်မတော်   မဖြစ်ရင်ပြည်ထောင်စုမြန်မာနိုင်ငံဟာလည်း  အနှစ်သာရမပေါ်လွင်ဘူး။
မေး- နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ကေအင်န်ယူအနေနဲ့ ကရင်လွတ်မြောက်ရေးတစ်ခုထဲကိုပဲ ရည်ရွယ်ခဲ့တာလား။
ဖြေ- ကရင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့   ဖွဲ့စည်းပုံတည်ဆောက်တဲ့ အခါကရင်ပြည်  နယ်ကရှိပြီးသား။ ကရင်ပြည်နယ်ဟာ စစ်မှန်တဲ့ ကရင်လူမျိုးတွေကြီးပဲနေကြတာ  မဟုတ်ဘူး။ တစ်ချက်က ကရင်အမျိုးသား  ကို ရည်ရွယ်ပြီး ကရင်လွှတ်မြောက်ရေး ကို ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ကျွန်တော်   တို့ တိုက်ပွဲဝင်တဲ့အခါမှာ အဖိနှိမ်ခံလူမျိုး  အဖိနှိပ်ခံဘာသာအားလုံးအတွက်တိုက်ပွဲ ၀င်ခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ကုလားထိုင်ကို လုဖို့ရယ်ရွယ်ချက်မရှိပါ ဘူး။ ကချင်၊ ကယား၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားအားလုံးရဲ့ အဖိနှိမ်ခံလွတ် မြောက်ဖို့ကြိုးစားခဲ့တာပါ။
မေး- ၆၃ နှစ်ကြာစစ်ပွဲကိုရော သံယော ဇဉ်ဖြစ်ပြီး တမ်းတသေးသေလား။
ဖြေ- ကျွန်တော်တို့ဆီမှာ ဥက္ကဋ္ဌရှိတယ်။  အဆင့်ဆင့်အုပ်ချုပ်မှုကနေ ပြည်သူတွေ အတွက် စားဝတ်နေရေးသာရေးနာရေး စသဖြင့် အစီအစဉ်တွေရှိပါတယ်။ စစ်ပွဲ  ကြီးဆောင်ရွက်နေတော့ ဘယ်လိုမှလုပ် လို့မရဘူး။ အဓိက ပြည်သူပဲ ပြည်သူမရှိ ရင် ကျွန်တော်တို့ဘာကို အုပ်ချုပ်မလဲ။ ပြည်သူဘ၀မတိုးတက်ရင် အဖွဲ့စည်းက လည်း မတိုးတက်ဘူး။ နိုင်ငံတော်က လည်း မတိုးတက်ဘူး။ စစ်ပွဲကြီးကို သံယောဇဉ်ရှိနေသ၍ ပြည်သူအတွက် ဘာမှ မဖန်တီးပေးနိုင်ဘူး။ ဘာမှမလုပ် ပေးဘူးလို့ ပြောလို့ရတယ်။ အာရှထဲမှာ သယံဇာတတကယ်ကို ကြွယ်ဝတဲ့ နိုင်ငံ တစ်နိုင်ပါ။ အခုတော့ ကျွန်တော်အပါ အ၀င် တကယ်ကို အဆင်းရဲဆုံးနိုင်ငံဖြစ် နေတယ်။ ပြည်သူကြီးပဲမဟုတ်ပါဘူး။ ဒါကိုပြောချင်ပါတယ်။
မေး- ကျေးဇူးပါပဲ။ ဗိုလ်မှူးချုပ်။


စိုးဝင်းနိုင်

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
သူ့ဘက်ကမှန်တယ်။ ကိုယ့်ဘက်က မှန်တယ်ဆိုတာ တိုင်းပြည်အဟန့်အတားတွေပဲ။ သူတိုက်တယ်။ ကိုယ်တိုက်တယ်။ ဘယ်သူကနိုင်သလဲ၊ တိုင်းပြည်နစ်နာခဲ့တယ်။ တိုင်းရင်းသားတွေ ဒုက္ခပေါင်းစုံနဲ့ သူများနိုင်ငံမှာ ဒုက္ခဆင်းရဲရောက်နေရတယ်။ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ဘူး။ မဖြိုးခွင်းနိုင်ဘူး ဒါကြောင့်အဖြေရှာ ကြတယ်။ နောက်ဆုံးအဖြေကတော့ သဘောထားမှန်မှန်နဲ့ ဆောင်ရွက်တာ အကောင်းဆုံးဟုဆိုလာသည့် ကေအင်န်ယူ တပ်မဟာ (၃) ဗိုလ်မှူးချုပ်အယ်ကလူသိန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

မေး- ပြည်သူလူထုအတွက်ဒေသဖွံ့ဖြိုး ရေးအတွက် KNU အနေနဲ့ ဘာတွေရှေ့ ဆက်ဆောင်ရွက်မယ်လို့ ရည်မှန်းထား သလဲ။

ရဲနှင့်ပြည်သူ ကူညီပါရစေနှင့် တရားဥပဒေစိုးမိုးရေး

Photo: ရဲနှင့်ပြည်သူ ကူညီပါရစေနှင့် တရားဥပဒေစိုးမိုးရေး

ရေးသားသူ- ဥက္ကာကိုကို၊ သန်းဌေး

“လုပ်ကိုင်ခွင့်အာဏာများကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုပါ”

အထက်ပါအချက်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်းက ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ဆယ်ပါးထဲမှ တစ်ချက်ပင်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် စောင့်စည်းရမည့် ကျင့်ဝတ်(၁၇)ပါးထဲတွင်လည်း တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် တရားမျှတ၍ အဂတိတရားကင်းပါဟူသည့် အချက်ပါဝင်သည်။

ယနေ့ကာလတွင် ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားမှု အပြည့်အ၀မရှိခြင်းက တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်မှုကို သွက်လက်မြန်ဆန်စေမည်မဟုတ်ပါ။ တချို့နေရာများတွင် အဂတိလိုက်စားခြင်း ကိစ္စရပ်တို့ကြောင့် ပြည်သူလူထုက ရဲတပ်ဖွဲ့ဆိုလျှင် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းနှင့် တွဲဖက်မြင်မှတ်နေကြဆဲဖြစ်သည်။

ထိုသို့သော အမြင်တို့က ရဲနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်၍ ဒုစရိုက်လုပ်ငန်းများနှိမ်နင်းရာတွင် အဟန့်အတားဖြစ်စေခဲ့သည်။

“ယုံကြည်မှုက တစ်ဖက်နဲ့တစ်ဖက်မရှိတော့ရင် ပြည်သူကလည်း ရဲကိုအကြောင်းမကြား၊ ရဲကလည်း တရားခံအစစ်ကို မတွေ့တဲ့အခါ စွပ်စွဲခံရတာတွေ များလာမယ်။ ဒီလိုနဲ့ပဲ ရဲနဲ့ပြည်သူကြားထဲမှာ အပြန်အလှန် သံသယကြီးထွားမှုတွေ ရှိလာတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်က သုံးသပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ရင်းမှ ရဲမှူးမြင့်သိန်းက “ပြည်သူတွေ ပါဝင်လာတဲ့အခါမှ နယ်မြေအေးချမ်းဖို့ ဖြစ်လာမှာပေါ့။ ပြည်သူတွေဖက်ကလည်း ရဲလုပ်ငန်းတွေကို နားလည်ပြီး မှုခင်းဖြစ်တဲ့အခါ ၀ိုင်းဝန်းဖော်ထုတ်ပေးတာ၊ သတင်းပေးတာတွေရှိလာပြီဆိုရင် တို့လုပ်ငန်းတွေ အဆင်ပြေလာမှာပေါ့”ဟု ပြောကြားသည်။

ပြည်သူများအနေဖြင့် အမှုအခင်းတစ်ခုဖြစ်ပွားလျှင် ကိုယ်တိုင်ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း မျက်မြင်ဖြစ်ပါက တရားရုံးတွင် သက်သေလိုက်ရသည့်အတွက် အလုပ်အကိုင်ပျက်ကာ စိတ်ညစ်ရသည့်ဒုက္ခကို မခံစားလိုသဖြင့် ဘာသိဘာသာနေလိုက်ကြသည်များလည်း ရှိနေသည်။

ထိုမျှသာမက သတင်းပေးသူကိုပါ စစ်ဆေးသည့်သဘောမျိုးလည်း ရှိတတ်သောကြောင့် ပြည်သူအယောက် ၁၀၀ တွင် ၂၀ ဦးခန့်ကသာ ရဲနှင့်ဆက်သွယ်သတင်းပေးခြင်းမျိုး ပြုလုပ်ကြတော့သည်။

“သတင်းပေးတဲ့ပြည်သူကို တရားခံလိုမစစ်ဘဲ၊ စိတ်ညစ်အောင်မလုပ်ဘဲ သူဘာကြောင့် ဒီသတင်းပေးတယ်ဆိုတာ လေ့လာပြီး ကိုယ့်ဘာသာအမှုကို လိုက်ရမယ်။ ပြည်သူကို တရားရုံးကိုမခေါ်ဘဲ အလုပ်မပျက်စေဘဲ ဆက်ဆံရမယ်။ ဒါဆိုရဲနဲ့ပြည်သူ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိလာကြမယ်”ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးရဲစခန်းမှ ဒုရဲအုပ်ဝင်းမောင်ဦးကပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စများကို တိုက်ဖျက်ရာတွင် ပြည်သူများအနေဖြင့်လည်း ရဲဝန်ထမ်းအား အကျင့်ဖျက်ခြင်းမျိုး မပြုလုပ်ရန်လိုအပ်ပြီး ရဲဝန်ထမ်းများကလည်း ငွေကြေးပေးမှအရေးယူပေးသည့်သဘောမျိုး မပြုလုပ်ရန် ရှောင်ရှားကြရမည်ဖြစ်သည်။

“နှစ်ဖက်စလုံးရိုးသားဖို့လိုတယ်။ လာဘ်ပေးတဲ့လူရှိနေသေးလို့ လာဘ်စားတဲ့လူရှိနေတယ်။ ပြည်သူတွေဘက်ကလည်း ဥပဒေအကြောင်းကို လေ့လာထားဖို့လိုတယ်။ ဒါမှလည်း ဥပဒေအရ ငါကျုးလွန်မိနေလို့ ဖမ်းပိုင်ခွင့်ရှိတာလား၊ ရဲကသက်သက်မဲ့ ငွေလာညှစ်တာလားပေါ့”ဟု မုံရွာမြို့မှ အလွတ်တန်းဓာတ်ပုံဆရာ ကိုအောင်နေမျိုးကပြောသည်။

“ဘယ်လောက်ပဲမှန်မှန် ၀န်ထမ်းကိုပိုက်ဆံပေးပြီး ဖျက်ဆီးတယ်။ သူ့ကိစ္စပြီးအောင် လုပ်တယ်။ သူက ဆိုင်ကယ်ဆီဖိုးလောက် ပေးတာအကြောင်း မရှိဘူး။ လာဘ်ထိုးတာတော့ မလုပ်သင့်ဘူး။ အဲဒါကိုဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူရမယ်”ဟု စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များအား လုံလောက်သောလစာနှင့် ကောင်းမွန်သောခံစားခွင့်များ ပေးမထားခြင်းကလည်း ခြစားမှုဖြစ်ရပ်ဆီသို့ တွန်းပို့နေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ လုပ်ပိုင်ခွင့်များနှင့်အတူ ရဲတပ်ဖွဲ့ဝင်နှင့် ၎င်း၏မိသားစုအတွက် တရားဝင်ခံစားခွင့်များ ပေးအပ်ထားမှသာ ခြစားခြင်းကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်မည်ဖြစ်သည်။

“ဂုဏ်သိက္ခာရှိဖို့ဆိုတာ နိုင်ငံတော်ကလည်း ပံ့ပိုးပေးနိုင်ရမယ်။ ရာထူးပေးတာကအစပေါ့”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဗိုလ်ကြီးတစ်ဦးက “ရဲတွေကို အပြည့်အ၀ ထောက်ပံ့ပေးရမယ်။ စာရွက်စာတမ်း၊ ရုံးပိုင်းဆိုင်ရာ လုပ်ပေးရမယ်။ အမှုတစ်ခုဖြစ်လို့သွားမယ်ဆိုရင် ဆိုင်ကယ်ဆီဖိုးကအစ နိုင်ငံတော်ကကုန်ကျခံပေးရမယ်”ဟု အကြံပြုသည်။

“ရဲကလစာနဲ့မလောက်ဘူး။ ငွေရတဲ့နေရာဆိုရင် လောက်တယ်။ မရရင်လောက်ဖို့အတွက် စဉ်းစားတဲ့အခါ ရိုးသားမှုမရှိတော့ဘူး။ ကျွန်တော့်လစာ ကိုးသောင်းပဲရတော့ မလောက်ဘူး”ဟု နယ်မှဒုရဲအုပ်တစ်ဦးကဆိုလာသည်။

ပြစ်မှုကျုးလွန်သူကို သတင်းပေးတိုင်ကြားရန်မှာ ပြည်သူဘက်မှတာဝန်ဖြစ်ပြီး ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်ရန်မှာ ရဲတပ်ဖွဲ့ဘက်မှ တာဝန်ပင်ဖြစ်သည်။ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပြီး အများပြည်သူသိရှိထားသည့် ၁၉၉ ဟူသည့်နံပါတ်ကို ရဲဘက်မှလက်ခံဖြေဆိုရန် လိုအပ်သလို ပြည်သူအချို့ကလည်း ဖုန်းဆက်နောက်ပြောင်ခြင်း မပြုလုပ်ကြရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် ရဲလုပ်ငန်းကို ဗြိတိသျှကိုလိုနီလက်အောက် ကျရောက်ခဲ့သည့် ၁၈၈၅ ခုနှစ်မှစ၍ အစတည်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ရဲတပ်ဖွဲ့ကို ဗမာရဲအဖြစ်သိရှိခဲ့ကြပြီး ၁၉၆၄ ခုနှစ်တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့သည်ဟု ရဲတပ်ဖွဲ့သမိုင်းကြောင်းအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့သို့ ၀င်ရောက်စဉ်ကတည်းက ငါတို့သည် တရားဥပဒေနှင့်အညီ တိတိကျကျမှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပါမည် အစရှိသည့် သစ္စာလေးချက်ကို ရွတ်ဆိုအဓိဋ္ဌာန်ပြုခဲ့ကြပြီးဖြစ်သည်။ ပြည်သူ့အကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်နေသော တပ်ဖွဲ့ဖြစ်သည့် အစဉ်အလာကိုလည်း အစဉ်ထိန်းသိမ်းကြရမည် ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များ စောင့်စည်းရမည့် ကျင့်ဝတ်များတွင် ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့်လည်း ချစ်ပါဟု ပါဝင်ပြီး ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ရိုင်းပြစွာပြောဆိုဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း၊ ပြည်သူ၏ ယုံကြည်ကိုးစားမှုကိုရယူခြင်း၊ ပြည်သူအတွက် တရားဥပဒေနှင့်အညီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူ၏သားပျို၊ သမီးပျိုနှင့် သားမယားတို့ကို စည်းစောင့်ခြင်း စသည်တို့ကိုလည်း ကျင့်ဝတ်အရ လက်ကိုင်ထားကြရမည်ဖြစ်သည်။

တာဝန်ကို ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း၊ ပြည်သူကိုညှဉ်းပန်းနှိပ်စက်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီမလုပ်ခြင်း၊ သက်သေခံရာတွင် မမှန်မကန် ထွက်ဆိုခြင်း၊ တရားခံကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အထက်မှပေးလိုက်သည့် အမိန့်နှင့်ညွှန်ကြားချက်များ အောက်ခြေအထိ မရောက်ခြင်း စသည်တို့မှာလည်း ရဲတပ်ဖွဲ့ဝင်များ ရှောင်ရမည့်အချက်များဖြစ်သည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့ဝင်များသည် အကျင့်ပျက်ခြစားမှုမကျုးလွန်မိစေရန် ထိန်းသိမ်းရမည်ဖြစ်သလို တရားခံများကိုလည်း ညှဉ်းပန်းနှိပ်စက်ခြင်းမှ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ကုလသမဂ္ဂက အတည်ပြုထုတ်ပြန်ထားသည့် တားဆီးနှိမ်နင်းရေးအရာရှိများ လိုက်နာရမည့် ကျင့်ဝတ်တွင်လည်း -

အပိုဒ်(၅)- မည်သည့် တားဆီးနှိမ်နင်းရေးအရာရှိမဆို ညှဉ်းပန်းနှိပ်စက်ခြင်း(သို့မဟုတ်) အခြားရက်စက်မှုများ (သို့မဟုတ်) လူသားမဆန်မှုများ(သို့မဟုတ်) နှိမ့်ချဆက်ဆံမှု(သို့မဟုတ်)ဒဏ်ခတ်ခြင်းမပြုရ။

အပိုဒ်(၇)- တားဆီးနှိမ်နင်းရေးအရာရှိများသည် အကျင့်ပျက်ခြစားမှုတစ်စုံတစ်ရာကိုမျှ မကျုးလွန်ရ။ ထိုအပြုအမူအားလုံးကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်ရမည်ဟု ဖော်ပြပါရှိသည်။

အထက်ပါအချက်အလက်များနှင့် စောင့်စည်းရမည့် ကျင့်ဝတ်များကို ရဲတပ်ဖွဲ့ဝင်တိုင်းက အတိအကျ လိုက်နာကျင့်သုံးကြပါမှ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်ဖြစ်ပြီး ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြည်သူက လိုလိုလားလား ပါဝင်ကူညီလာကြမည်ဖြစ်သည်။

“တရားဥပဒေစိုးမိုးမှုမှာ ရဲကမပါမဖြစ်ဆိုပေမယ့် အားကိုးမှု အပြည့်အ၀မရဘူး ဖြစ်နေတယ်။ တစ်ခုခုဖြစ်လာရင် ၁၉၉ ကို ဆက်ဆိုပေမယ့် အပြည့်အ၀ယုံကြည်မှု မရသေးပါဘူး”ဟု အစိုးရ၀န်ထမ်းအရာရှိတစ်ဦးက သုံးသပ်ပါသည်။

ထိုသို့ ရဲနှင့်ပြည်သူအကြားတွင် အပြန်အလှန်ယုံကြည်မှု ကင်းကွာနေသည့်ကိစ္စကို ဖြေရှင်းနိုင်ပြီး ပြည်သူက ယုံကြည်အားထားခံရသည့် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းလာမည်ဆိုလျှင် ရဲနှင့်ပြည်သူအကြား ပဋိပက္ခနှင့် အငြင်းပွားစရာများ ဖြစ်လာလိမ့်မည်မဟုတ်ပါ။

ရဲနှင့်ပြည်သူ ယုံကြည်မှုရှိရှိဖြင့် ညီညွတ်မှသာလျှင် လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်သည့် တရားဥပဒေစိုးမိုးမှုတစ်ရပ် ပေါ်ပေါက်လာလိမ့်မည်ဖြစ်သည်။ ရဲဝန်ထမ်းများသည် ဒီမိုကရေစီခေတ်တွင် စိတ်သစ်၊ လူသစ်နှင့် အမူအကျင့်သစ်များ ပြောင်းလဲဆောင်ရွက်ရန် အချိန်တန်နေပြီဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရဲတပ်ရင်းမှ ရဲမှူးမြင့်သိန်းက အောက်ပါအတိုင်းပြောပါသည်။

“ရဲနဲ့ပြည်သူ အပြန်အလှန်ယုံကြည်ကြမှ ကူညီပါရစေဆိုတာ လုပ်လို့ရမှာပေါ့”။ ။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရေးသားသူ- ဥက္ကာကိုကို၊ သန်းဌေး

“လုပ်ကိုင်ခွင့်အာဏာများကို အခွင့်ကောင်းယူ၍ ပြည်သူလူထုအပေါ် အနိုင်မကျင့်မိစေရန် သတိပြုပါ”

အထက်ပါအချက်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်းက ပြည်သူလူထုအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်ဆယ်ပါးထဲမှ တစ်ချက်ပင်ဖြစ်သည်။ တစ်ဦးချင်းအနေဖြင့် စောင့်စည်းရမည့် ကျင့်ဝတ်(၁၇)ပါးထဲတွင်လည်း တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် တရားမျှတ၍ အဂတိတရားကင်းပါဟူသည့် အချက်ပါဝင်သည်။

ယနေ့ကာလတွင် ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ယုံကြည်ကိုးစားမှု အပြည့်အ၀မရှိခြင်းက တရားဥပဒေစိုးမိုးရေးကို ဦးတည်ဖော်ဆောင်မှုကို သွက်လက်မြန်ဆန်စေမည်မဟုတ်ပါ။ တချို့နေရာများတွင် အဂတိလိုက်စားခြင်း ကိစ္စရပ်တို့ကြောင့် ပြည်သူလူထုက ရဲတပ်ဖွဲ့ဆိုလျှင် လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းနှင့် တွဲဖက်မြင်မှတ်နေကြဆဲဖြစ်သည်။

ရိုက်ကူးခကြောင့် ၂၀၀၅ နောက်ပိုင်း ပုဂံနောက်ခံဇာတ်လမ်း မရှိသလောက် ဖြစ်လာ

Photo: ရိုက်ကူးခကြောင့် ၂၀၀၅ နောက်ပိုင်း ပုဂံနောက်ခံဇာတ်လမ်း မရှိသလောက် ဖြစ်လာ

ငြိမ်းချမ်း(မြစ်မခ)

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနှင့်ကြော်ငြာရိုက်ကူးခ
မြင့်မားမှုကြောင့် ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် အခက်အခဲ
ဖြစ်နေသည်ဟု ရုပ်ရှင်နှင့် ဗွီဒီယိုအသိုင်းအ၀ိုင်းက ပြောသည်။

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ရုပ်ရှင်၊ဗွီဒီယို၊ကြော်ငြာရိုက်ကူးပါက (၁၂)နာရီကို ကျပ်(၅)သိန်းပေးရပြီး သတ်မှတ်ထားသည့် နာရီကျော်လွန်သွားပါက (၁)နာရီလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ထပ်ပေးရ ကြောင်း သိရသည်။

“ပုဂံမှာဇာတ်ကားတွေ မရိုက်နိုင်တာတော်တော်ကြာပါပြီ ၊ ငါးသိန်းဆိုတာ
ကလည်း တော်တော် များပါတယ် ၊ နိုင်ငံတော်အနေနဲ့ ပုဂံရဲ့ယဉ်ကျေးမှု
အလှအပတွေကို ပြချင်တယ်ဆိုရင် ဒီလို မလုပ်သင့်ပါဘူး”ဟု ဆာတိုရီရုပ်ရှင်နှင့်ဗွီဒီယိုထုတ်လုပ်ရေးမှ ကိုမျိုးဇော်က ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ဗွီဒီယိုနှင့် ကြော်ငြာရိုက်ကူးပါက တစ်ရက်လျှင်ကျပ် (၁၀)သိန်း သတ်မှတ်ခဲ့ပြီး ၊၂၀၁၂ ခုနှစ်တွင် နာရီအလိုက်ခွဲ၍ ဈေးနှုန်းပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အရင်က တစ်ရက်ကို(၁၀)သိန်း သတ်မှတ်ထားတာကနေ အခုလို
လျှော့ပေးထားတာပါ။ လောလောဆယ်မှာတော့ ထပ်လျှော့ဖို့ အစီစဉ်မရှိသေးပါဘူး”ဟု ပုဂံရှေးဟောင်းညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

ယခုလက်ရှိတွင် ရုပ်ရှင်နှင့်ဗွီဒီယိုလောကသားများအနေဖြင့် ယဉ်ကျေးမှုနယ်မြေတွင် ရိုက်ကူးခ အတွက် ဗွီဒီယိုတစ်ကားလျှင် ကျပ်(၃)သိန်းနှင့် ရုပ်ရှင်တစ်ကားလျှင် ကျပ်(၄)သိန်းသာ ပေးဆောင်ရန် ယဉ်ကျေးမှုဌာနသို့ စာတင်ရန် စီစဉ်နေကြသည်။

“(၂၀၀၅)ခုနှစ်ထဲက ပုဂံမှာ မရိုက်နိုင်တာ အခုထိပဲ၊ ပုဂံနောက်ခံ
ဇာတ်လမ်းတွေဆိုရင် နာမည်ကြီးတာ များပါတယ်၊ ဈေးကွက်အရ မရိုက်နိုင်ကြဘူး”ဟု နာမည်ကြီးရိုက်ကွင်းတာဝန်ခံ ကိုဆာမိက ပြောသည်။

ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် (၂၀၀၅)ခုနှစ်နောက်ပိုင်းမှစ၍ ပုဂံနောက်ခံဇာတ်လမ်း ရိုက်ကူးမှု များကို ရပ်နားခဲ့ရပြီး ယခု(၂၀၁၃)ခုနှစ် အထိ “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားတစ်ကားနှင့် ဗွီဒီယို
ဇာတ်ကားတစ်ကားသာရိုက်ကူးနိုင်ကြောင်း ၎င်းက ဆိုသည်။

ပုဂံနောက်ခံအဖြစ် ရိုက်ထားသည့် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများတွင် ကျန်စစ်မင်း၊ ပုဂံမှာသာတဲ့လ၊ မြင့်မြတ်သူတို့နှလုံးသား၊ မင်းနဲ့မှချစ်တတ်ပြီ၊ မချစ်တတ်သောမိန်းမနှင့် အချစ်ငတ်သော ယောက်ျားစသည့် ဇာတ်ကားများ ပါဝင်သည်။


Myit Makha Mediagroup

အေးချမ်းမွန်မှ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ငြိမ်းချမ်း(မြစ်မခ)

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနှင့်ကြော်ငြာရိုက်ကူးခ
မြင့်မားမှုကြောင့် ရိုက်ကူးထုတ်လုပ်သူများအနေဖြင့် အခက်အခဲ
ဖြစ်နေသည်ဟု ရုပ်ရှင်နှင့် ဗွီဒီယိုအသိုင်းအ၀ိုင်းက ပြောသည်။

ပုဂံယဉ်ကျေးမှုနယ်မြေတွင် ရုပ်ရှင်၊ဗွီဒီယို၊ကြော်ငြာရိုက်ကူးပါက (၁၂)နာရီကို ကျပ်(၅)သိန်းပေးရပြီး သတ်မှတ်ထားသည့် နာရီကျော်လွန်သွားပါက (၁)နာရီလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ထပ်ပေးရ ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ၀န်ဆောင်မှုအစစ်ဖြစ်စေရန်

Photo: ကျန်းမာရေးစောင့်ရှောက်မှုစနစ် ၀န်ဆောင်မှုအစစ်ဖြစ်စေရန်

ရေးသားသူ- သီဟ၊ ရဲနောင်၊ ၀တ်ရည်အောင်

ပြည်သူ့ကျန်းမာရေးဆေးရုံများတွင် အားကိုးတကြီးဖြင့် သွားရောက်ကုသခဲ့ကြသော လူနာများက မကြာခဏ ပြောလေ့ရှိကြသော စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ “ဆရာဝန်တွေက အရမ်းဟောက်တာပဲ” ဟူ၍ဖြစ်သည်။

ငွေကြေးတတ်နိုင်သူများ သွားရောက်ကြသော ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်းများ၌ပင်လျှင် အခန့်မသင့်ပါက အလားတူပြောဆိုခံရမှုများ ရှိပါသည်။

ကျန်းမာရေးဝန်ဆောင်မှုဟု အမည်ပေးထားသော်လည်း (Customer) ဖြစ်သော လူနာများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းကို တွေ့မြင်နေကြရသည်။ ကျန်းမာရေးမူဝါဒများချမှတ်၍ ပြောင်းလဲရန် ကြိုးစားနေ
သော်လည်း မပြောင်းလဲသေးဘဲ ဆရာဝန်နှင့် လူနာဆက်ဆံရေး အလှမ်းကွာဝေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်း အောင်မှတ်ဖြင့် ရွေးချယ်ရသောစနစ်နှင့် ယဉ်ကျေးမှုဓလေ့တို့ကြောင့် လူထု၏ စိတ်ထဲတွင် ဆရာဝန်များအား မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဆင့်မြင့်ဆုံးအလွှာရှိ လူအစုအဖွဲ့တွင်ရှိသည်ဟု မှတ်ယူခံစားမိနေခြင်းကလည်း ဆရာဝန်၊ လူနာ ဆက်ဆံရေးတွင် အဆင်မပြေမှုများ ဖြစ်ပေါ်စေသော အကြောင်းရင်းခံဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု ထုံးစံအရဆရာဝန်ဟုဆိုသည်နှင့် သမားဂုဏ်နှင့် ပြည့်စုံသည်။ လေးစားရမည်။ မိမိတို့အား ကျန်းမာရေးအတွက် ဆေးကုသပေးနေခြင်းဖြစ်၍ အသက်သခင်ကျေးဇူးရှင်များအဖြစ် စွဲထင်မှတ်သားထားကြပြီး
ဖြစ်သည်။

မှန်သည်၊ မှားသည်ကိုပင် မဆုံးဖြတ်ကြတော့ဘဲ ဆရာဝန်ပြောသမျှ အရာရာကို ခေါင်းညိတ်လက်ခံလိုက် ကြသည်သာများ၏။

မြန်မာ့ပညာရေးစနစ်သည် တက္ကသိုလ်ဝင်တန်း ရမှတ်ကို အခြေခံသည့် ပညာရေးစနစ် ဖြစ်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမြင့်ဆုံးနေရာတွင်ရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း ဆေးကျောင်းဝင်ခွင့်အတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အမြင့်ဆုံးတန်းတွင် ရှိနေကြပြီး ၀င်ခွင့် သတ်မှတ်ချက်များမှာ ၀ါသနာကိုအရင်းခံထားရှိကြောင်း နိုင်ငံတကာပညာရေး ကျွမ်းကျင်သူများက ပြောသည်။

မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်သည် ၀ါသနာကို အရင်းခံသည့် သတ်မှတ်ချက်မဟုတ်သည့်အပြင် အခြားသော ပြဿနာများကြောင့် ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းသူနှင့် လူနာအချိုးအစား မမျှတမှုကြောင့် ဆရာဝန်များ၏ ကုသရေးပိုင်းဆိုင်ရာတွင် လူနာများဘက်မှ ဘ၀င်မကျမှုများလည်းရှိသည်။

ငွေကြေးတတ်နိုင်သူများက အထူးဂရုစိုက်မှုခံရရန် အထူးကုဆေးခန်းများတွင် အထူးကုဆရာဝန်ကြီးများဖြင့် ကုသမှု ခံယူကြသော်လည်း အထူးကု ဆရာဝန်ကြီးများ၏ အချိန်ဆင်းရဲမှုကြောင့် လူနာများမှာ စိတ်ကျေနပ်မှု အပြည့်အ၀ မရရှိကြပေ။

“တစ်ယောက်ကို သုံးမိနစ်လောက်ပဲကြာတယ်။ စကားကြာကြာပြောချိန်မရဘူး။ ဘာဖြစ်လို့လဲဆိုပြီး စမ်းသပ်တယ်။ ပြီးရင် ဒါလုပ်၊ ဒီဆေးသောက်ဆိုပြီး ညွှန်ပေးလိုက်တယ်။ အဲ့ဒီလောက်ဆိုရင် ကိုယ့်အလှည့်ပြီးပြီ” ဟု အထူး ကုဆေးခန်းတစ်ခုတွင် သွားရောက်ကုသမှုခံယူခဲ့သည့် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ကြုံတွေ့
ခဲ့ရသည်များကို ပြောပြသည်။

“လူနာကို အချိန်ပေးဖို့ဆိုတာ နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့ လိုတယ်။ သူများနိုင်ငံမှာလိုမျိုး နာရီဝက်အချိန်ပေးပြီး ဆွေးနွေး
ကုသတယ်ဆိုရင် အဲဒီအတွက် လုံလောက်တဲ့ ဆွေးနွေးခရော ရရှိနေရဲ့လားဆိုတာ ရှိသေးတယ်။ ဆရာဝန်တွေရဲ့ စားဝတ်နေရေးလည်း ရှိသေးတယ်။ ဒါကို နှစ်ဦးနှစ်ဖက် နားလည်ဖို့လိုတယ်” ဟု အချိန်မပေးနိုင်ခြင်းနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

သို့သော်လည်း စံချိန်မီသည့် ၀န်ဆောင်မှု၊ နွေးထွေးမှု၊ တိုင်ပင်ဆွေးနွေးမှုများ ရရှိရန်အတွက် ကုန်ကျစရိတ်များစွာ အကုန်အကျခံ၍ ပြည်ပသို့သွားရောက် ကုသခံသူများပင်ရှိရာ မြန်မာနိုင်ငံမှ အထူးကုဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန်များ၏ ၀န်ဆောင်မှုကို စိန်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်။

ပြည်တွင်း၌ပင်လျှင် အမှန်တကယ်ဝန်ဆောင်မှုနှင့် အချိန်ပေးမည်ဆိုပါက ပြည်ပတွင်ပေးရသည့် တန်ဖိုးအတိုင်း ပေးနိုင်မည့် လူနာများလည်းရှိသည်။

“ကလေးကို ဆေးခန်းသွားပြတာ ဘာမှမေးခွင့်မရဘူး။ စမ်းသပ်ခ ငါးထောင်ပေးရတယ်။ တကယ် တမ်းအချိန်ပေးမယ်ဆိုရင် ငါးသောင်းလည်းပေးနိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအတွက်ပဲ” ဟု ယခုရက်ပိုင်းအတွင်းက အထူးကုဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့သည့် ကလေးမိခင်တစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဘန်ကောက်က ဆေးရုံတွေမှာ မြန်မာလူနာ တစ်ယောက်မှမရှိဘူး။ အခုဆိုရင် မြန်မာလူ
နာတွေ အရမ်းများလာတယ်။ ပြည်ပမှာ ငွေကုန်ကြေးကျခံပြီး ဆေးကုတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ် အားနည်းတာကို မီးမောင်းထိုးပြတယ်” ဟု ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

“နိုင်ငံခြားမှာက တော်တော်ဂရုစိုက်တယ်။ Friendly ဖြစ်တဲ့အပြင် တစ်ယောက်ကို နာရီဝက် အချိန်ပေးတယ်။ အချိန်တိကျ တယ်။ မစောင့်ရဘူး။ ကိုယ်ဖြစ်ချင်တာ သိချင်တာကို အဲဒီနာရီဝက်အတွင်း အေးအေးဆေးဆေး မေးလို့ရတယ်” ဟု ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ပြန်လာသူတစ်ဦးက ပြောသည်။

ဆရာဝန်များ၏ အချိန်ဆင်းရဲမှုနှင့် စားဝတ်နေရေးအား အကြောင်းပြကြသော်လည်း အချို့သော အထူးကု ဆရာဝန်ကြီးများသည် လူနာတစ်ဦး စမ်းသပ်၍ မပြီးခင်မှာပင် အခြားလူနာတစ်ဦးအား စမ်းသပ်ခန်းအတွင်း စောင့်ဆိုင်းနေစေခြင်းကလည်း လူနာများ၏ ကိုယ်ပိုင်အခွင့်အရေးအား ဆုံးရှုံးစေသကဲ့သို့ ခံစားရကြောင်း ကုသမှုခံယူသူများက ပြောသည်။

သို့သော်လည်း အချို့လူနာများအတွက်မူ ဆရာဝန်များအပေါ် ယုံကြည်ကိုးစားမှုနှင့် လေးစားမှုများကြောင့် မိမိသိလိုသမျှကို မေးရန်နှင့် ပြန်လည်ပြောဆိုရန် အခွင့်အရေးရှိသည်ကိုပင် မသိရှိသေးဘဲ ခေါင်းညိတ်နာခံတတ်သော မြန်မာ့ယဉ်ကျေးမှုများ ထွန်းကားနေဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဆရာဝန်များအား တရားစွဲဆိုမှုများလည်း ရှိလာသည်။

ထိုသို့ ယဉ်ကျေးမှုအခြေအနေပြောင်းလဲလာခြင်းအပေါ် ဆရာဝန်များဘက်မှလည်း လူနာများက တရားစွဲမည်၊ စောဒကတက်မည်ဆိုသည့် အခြေအနေတွင် ကုသပေးသူဘက်မှ အာမခံချက်ရရန်အတွက် လိုသည်၊ မလိုသည် အပထား စစ်ဆေးစရာရှိသည်များကို အလုံးစုံစစ်ဆေးခိုင်းလျှင် လူနာများ အကုန်အကျများသွားနိုင်သည်ဟု တုံ့ပြန်ပြောဆိုကြ သည်။

“နိုင်ငံခြားမှာဆိုရင် ကိုယ့်ကိုအချိန်မရွေး တရားစွဲနိုင်တဲ့အတွက် လူတစ်ယောက်လာရင် ကလေးပဲဖြစ်ဖြစ်၊ အကုန်လုံးစစ်ဆေးတယ်။ သူတို့ တရားစွဲမခံရဖို့အတွက် လိုတာထက်ပို အကုန်လုပ်ရတယ်။ အဲဒီတော့ ဆေးကုသစရိတ်တွေလည်း အကုန်ဈေးကြီးသွားတယ်” ဟု အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

အချို့ကလည်း လူနာဘက်မှ ဆရာဝန်အပေါ် အထင်မှားမှုများရှိနေပါက ဆရာဝန်အလုပ်မှ အနားယူ၍ အခြားစီးပွားရေးလုပ်ငန်းများ ပြောင်းလုပ်မည်ဆိုပါက ထိခိုက်နစ်နာမည့်သူမှာ လူနာများပင်ဖြစ်သည်ဟု ခြိမ်းခြောက် သယောင် ပြောဆိုနေမှုများလည်း ရှိသည်။

မြန်မာနိုင်ငံဆေးကောင်စီ အထွေထွေဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များ၌ လူနာများအပေါ် စာနာစိတ်ထား၍ ပြေပြစ် ယဉ်ကျေးစွာ ဆက်ဆံပြုမူဆောင်ရွက်ခြင်း၊ လူနာတင်ပြချက်များကို အလေးထားနားထောင်ခြင်း၊ လူ နာသဘောပေါက်လွယ်သော စကားအသုံးအနှုန်းများဖြင့် ကုသမှုဆိုင်ရာ အချက်အလက်ပေးခြင်း အစရှိသဖြင့် ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် တာဝန်များကို ဖော်ပြထားသည်။

“လူနာနဲ့ဆရာဝန်ကြားမှာ စကားပြောဆိုနိုင်တဲ့ အခြေအနေနည်းနေသေးတာတော့ အမှန်ပဲ” ဟု နား၊နှာခေါင်းလည်ချောင်း အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကံညွန့်က ပြောသည်။

“လူနာတွေအနေနဲ့ ဆရာဝန်ကို ရောဂါနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးဖို့ကို ကြိုဆိုပါတယ်။ ၀မ်းသာစွာနဲ့လည်း ရှင်းပြချင်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး လေးစားမှု၊ ယုံကြည်မှုနဲ့ မေးလာတာကို ဆရာဝန်ဘက်ကလည်း ပြန်ဖြေပေးဖို့ ဆန္ဒကို ရှိပါတယ်။ တချို့ကျတော့လည်း မေးကတည်းက ပြဿနာရှာချင်တဲ့ ပုံစံလိုမျိုး၊ ရှင်းပြဖို့ တော်တော်လေးအချိန်ယူရမယ့် မေးခွန်းမျိုး၊ ပညာစမ်းတဲ့ ပုံစံမျိုးတွေ မေးလာရင်တော့ ဆရာဝန်တွေက တော်တော် ဖြေရခက်ပါတယ်” ဟု ဒေါက်တာ ကံညွန့်က လူနာနှင့် ဆရာဝန်ကြားမှ နားလည်မှုလွဲတတ်သည့် ဆက်ဆံရေးနှင့် ပတ်သက်၍ ရှင်းလင်းကြေညာသည်။

ဆေးပညာများ မည်မျှပင် ကျွမ်းကျင်ပါစေ၊ တွဲဖက်ပါလာရမည်က ဆေးပညာကျင့်ဝတ်ပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

လူနာများအား မိမိလုပ်သမျှ ခံရမည်ဟူသော အချို့သော ဆရာဝန်များ၏ စိတ်ဓာတ်ကို ပြင်ရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်လည်း လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်ချက် စဉ်ဆက်မပြတ် တည်တံ့ရေးအတွက် မိမိ၏ ပြုစုကုသမှုကြောင့် လူနာအပေါ် မမျှော်လင့်သော ဆိုးကျိုးများ ကျရောက်ခဲ့ပါက အမှန်ဘက်သို့ ပြန်ရောက်အောင် အမြန်ဆုံးဆောင်ရွက်ပေးရမည်။ လူနာအား အဖြစ်မှန်ကို အသိပေးပြီး ဖြစ်ပေါ်လာနိုင်မည့် ရေတို၊ ရေရှည် အကျိုးအကြောင်းများကို ရှင်းပြရမည်။ လိုအပ်ပါက တောင်းပန်သင့်သည်ဟု ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီးဖြစ်သည်။

ကျန်းမာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရန်အတွက် ပြည်သူ့လွှတ်တော်တွင်လည်း တောင်းဆိုမှုများ စတင်ပြုလုပ်နေပြီဖြစ် သည်။ ကျန်းမာရေးဘတ်ဂျက်မှ အစပြု၍ ၀န်ဆောင်မှုပိုင်းဆိုင်ရာများ အပါအ၀င် ကျန်းမာရေးကဏ္ဍတွင် အစစအရာရာ မြှင့်တင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ကျန်းမာရေးသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့် ပညာရေး ချို့ယွင်းမှုများ မည်သို့ပင် ရှိစေကာမူ နွေးထွေးသည့် ဆွေးနွေးကုသမှု ရရှိရန် လူနာများဘက်မှ မျှော်လင့်လျက်ရှိသလို ဆရာဝန်များ အနေဖြင့်လည်း မိမိတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ရသော ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သိက္ခာပိုင်းကို ပိုမိုအလေးထားလာကြရန် လိုအပ်ပေ
သည်။ နိုင်ငံတော်ဘက်မှလည်း ဆေးပညာနှင့် အသက်မွေးဝမ်းကျောင်းမည့် ဆရာဝန်များအတွက် ၀ါသနာကို အရင်းခံသည့် ကျောင်းရွေးချယ်မှု စနစ်မျိုးအား ပြောင်းလဲကျင့်သုံးမည်ဆိုပါက ၀ါသနာကို အရင်းခံမည့် အသက် မွေးဝမ်းကျောင်းပြု ဆရာဝန်များနှင့် နွေးထွေးစွာ ပြုစုကုသမှု ခံယူလိုသည့် လူနာများအကြား ပိုမိုခိုင်မာသည့် ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။

ဓာတ်ပုံ- ကျော်ဇင်သန်း

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရေးသားသူ- သီဟ၊ ရဲနောင်၊ ၀တ်ရည်အောင်

ပြည်သူ့ကျန်းမာရေးဆေးရုံများတွင် အားကိုးတကြီးဖြင့် သွားရောက်ကုသခဲ့ကြသော လူနာများက မကြာခဏ ပြောလေ့ရှိကြသော စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ “ဆရာဝန်တွေက အရမ်းဟောက်တာပဲ” ဟူ၍ဖြစ်သည်။

ငွေကြေးတတ်နိုင်သူများ သွားရောက်ကြသော ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်းများ၌ပင်လျှင် အခန့်မသင့်ပါက အလားတူပြောဆိုခံရမှုများ ရှိပါသည်။

ကျန်းမာရေးဝန်ဆောင်မှုဟု အမည်ပေးထားသော်လည်း (Customer) ဖြစ်သော လူနာများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းကို တွေ့မြင်နေကြရသည်။ ကျန်းမာရေးမူဝါဒများချမှတ်၍ ပြောင်းလဲရန် ကြိုးစားနေ
သော်လည်း မပြောင်းလဲသေးဘဲ ဆရာဝန်နှင့် လူနာဆက်ဆံရေး အလှမ်းကွာဝေးနေဆဲဖြစ်သည်။

နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးခြင်းဟု ဆို

Photo: နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးခြင်းဟု ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၉

နေပြည်တော်၌ ခုတင်ငါးရာဆံ့ ဆေးရုံကြီးလေးရုံ ဆောက်မည့်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးခြင်းဖြစ်ကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး (ကျန်းမာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်)က ပြောသည်။

လက်ရှိ နေပြည်တော် ၈ မြို့ နယ်တွင် လူဦးရေ ၆ သိန်း၊ ၇ သိန်း ခန့်ရှိပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီး၊ ခုတင် ၁ဝဝဝ ဆံ့ ဇမ္ဗူသီရိဆေးရုံကြီး၊ တပ်မတော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးနှင့် ခုတင် ၃ဝဝ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ကြီး၊စစ်မှုထမ်း ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီး၊ သီရိငါးမြို့နယ်တွင် ခုတင် ၅ဝ ဆံ့ ဆေးရုံ ၅ ရုံ ရှိ သောကြောင့် ၄င်းစီမံကိန်းသည် အမှန်တကယ်အားဖြင့် မလိုအပ် ကြောင်း ၄င်းက ပြောသည်။”အခုနေပြည်တော်က ဆေး ရုံမြို့တော်ကြီးလို့ ပြောလို့ ရပြီ” ဟု ၄င်းက ထပ်လောင်းပြော သည်။ခုတင် ၅ဝဝ ဆံ့သော ဗဟို အမျိုးသမီးဆေးရုံကြီး၊ ကလေး ဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီးနှင့် နား၊ နှာခေါင်း၊ လည်ချောင်းဆေး ရုံကြီး စသော ဆေးရုံ ၄ ရုံဆောက်လုပ်ရန် အတွက် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် က ကျပ်သန်း ၂၆ဝဝ သုံးစွဲခဲ့ပြီး၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကျပ် သန်းပေါင်း ၁၂ဝဝဝ သုံးစွဲ ရန် လျာထားသည်ကို တွေ့ရ ကြောင်း ဦးမြင့်ဦးက ပြောသည်။အဆိုပါ ဆေးရုံ ၄ ရုံဆောက် လုပ်ခြင်းကို ရပ်လိုက်မည်ဆိုပါက ကျပ်သန်း ၂၆ဝဝ သာဆုံးရှုံးမည် ဖြစ် ပြီး ဆက်လုပ်မည်ဆိုပါက နောက်ထပ် ကျပ်သန်းပေါင်း တစ် သောင်းနှစ်ထောင်ကျော် ဆုံးရှုံးမည် ဖြစ်သည်ဟု ၄င်းက ပြောသည်။ ”ဆေးရုံဆောက်တာက အဲဒီ ကုန်ကျ စရိတ်နဲ့တင် မပြီးသေးဘူး။ ဝန်ထမ်းတွေ ခန့်ရဦးမယ်။ အဲဒီ ဆေးရုံတွေအတွက်က ထားဦး။ လက်ရှိ ရှိနေတဲ့ ဆေးရုံတွေမှာ တင် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြားလို အပ်ချက်တွေ၊ ဆေးနှင့် ဆေးပစ္စည်းတွေ ပြည့်စုံလုံလောက် ရဲ့လား၊ ဒါ့အပြင် လူနာရော ရှိရဲ့ လားဆိုတာ အလေးအနက်ထား စဉ်းစားသင့်တယ်”ဟု ၄င်းကပြော သည်။
အထက်ပါကိစ္စနှင့် ပတ်သက်  ၍လည်း ဇန်နဝါရီ ၁၇ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ် တော်တွင် တင်ပြဆွေးနွေးထား ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြော သည်။
ကျန်းမာရေးကဏ္ဍနှင့် ပတ် သက်၍ အမှန်တကယ် အများ ပြည်သူအတွက် လိုအပ်သော စီမံ ကိန်းများ ပြုလုပ်ရန် များစွာ ကျန် နေသေးကြောင်း၊ လက်ရှိ နိုင်ငံ တော်၏ စီးပွားရေး အခြေအနေနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်မည့် စီမံကိန်းမျိုး ပို၍ ဖြစ်သင့်ကြောင်း၊ ရှိပြီးသား ဆေးရုံများကို စံကိုက်ဖြစ် အောင်ဆောင်ရွက်ခြင်းက ပို၍သင့် တင့်လျောက်ပတ်ကြောင်း ၄င်းက ပြောသည်။မြို့ပြနှင့် ကျေးလက် ကျန်းမာ ရေး ကွာဟမှုသည်လည်း ကြီးမား နေဆဲ ဖြစ်သည့်အတွက် ယင်းကွာ ဟမှုကို ကျဉ်းသွား၊ ကျုံ့သွားစေမည့် စီမံကိန်းများတွင် ပုံအောသုံးစွဲသင့် သည်ဟု ၄င်းက ပြောသည်။

   မြတ်စုငြိမ်း

အေးချမ်းမွန်မှ  Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
နေပြည်တော်၌ခုတင်ငါးရာဆံ့ ဆေးရုံကြီးလေးရုံ ဆောက်မည့်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးခြင်းဖြစ်ကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး (ကျန်းမာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်)က ပြောသည်။

လက်ရှိ နေပြည်တော် ၈ မြို့ နယ်တွင် လူဦးရေ ၆ သိန်း၊ ၇ သိန်း ခန့်ရှိပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီး၊ ခုတင် ၁ဝဝဝ ဆံ့ ဇမ္ဗူသီရိဆေးရုံကြီး၊ တပ်မတော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးနှင့် ခုတင် ၃ဝဝ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ကြီး၊စစ်မှုထမ်း ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီး၊ သီရိငါးမြို့နယ်တွင် ခုတင် ၅ဝ ဆံ့ ဆေးရုံ ၅ ရုံ ရှိ သောကြောင့် ၄င်းစီမံကိန်းသည် အမှန်တကယ်အားဖြင့် မလိုအပ် ကြောင်း ၄င်းက ပြောသည်။

တန်ဖိုးထပ်နည်းမည့် မိုဘိုင်းဖုန်းအလားအလာ ကြန့်ကြာဖွယ်ရှိ

Photo: တန်ဖိုးထပ်နည်းမည့် မိုဘိုင်းဖုန်းအလားအလာ ကြန့်ကြာဖွယ်ရှိ

Posted by AF in ပြည်တွင်းသတင်း


ရန်ကုန်၊ ဇန်နဝါရီ ၂၁

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများ ရောင်းချပေးမည့်အစီအစဉ်မှာ ကြန့်ကြာနိုင်ဖွယ်ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်အချို့က သုံးသပ်သည်။

 မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ယခုလတွင် ကျပ်တစ် သိန်း ဝန်းကျင်ဖုန်းများအား ရောင်း ချပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ ပြီး ဈေးကွက်အတွင်း ရောင်း ချ နေသည့် ကျပ်နှစ်သိန်းတန် ဖုန်း များကို သိမ်းဆည်းခဲ့သော်လည်း  လက်ရှိတွင် အဆိုပါကျပ်နှစ်သိန်း တန်ဖုန်းများကို ပြန်လည်ရောင်း ချနေခြင်းကြောင့် ကျွမ်းကျင်သူ များက အထက်ပါအတိုင်း သုံးသပ် ခြင်း ဖြစ်သည်။ ဈေးနှုန်းအသစ် ဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ်တစ်ဦးက    ”ဈေးနှုန်းသတ်မှတ် ထားပြီးပါပြီ။ အထက်ခွင့်ပြုချက် မရသေးလို့ ရောင်းမပေးသေးတာပါ။ ကျွန်တော် တို့အနေနဲ့ ဖုန်းရောင်းပေးဖို့ အသင့် ရှိနေပါတယ်” ဟု ပြောသည်။  မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း များ မရောင်းချပေးနိုင်ခြင်းနှင့် ပတ် သက်၍ လသာမြို့နယ်မှ မိုဘိုင်း ဖုန်းအရောင်းနှင့် ဆားဗစ်ကျွမ်း ကျင်သူ ကိုမင်းမင်းက  ”ဇန်နဝါရီ လထဲမှာ ဖုန်းရောင်းမယ် ဆိုပြီး ကတ်တွေ ပြန်သိမ်းတယ်။ ဒီလို အခြေအနေတွေကြောင့်ဆိုင်တွေ ကလည်း ဖုန်းတွေကို ဈေးလျှော့ ရောင်းတယ်။ ဟန်းဆက်အသစ် တွေတင်သွင်းတယ်။ အခု   ဈေးနှုန်း အသစ်ဖုန်းအကြောင်း ဘာမှမပြော ဘူး။ အရင်ကတ်တွေကို အရင်ဈေး နဲ့ ပြန်ရောင်းနေတယ်။ ဒါကြောင့် ဈေးကွက်သဘောအရဆိုရင်တော့ ဈေးနှုန်းအသစ်
ဖုန်းတွေ ဒီလထဲမှာ ရောင်းပေးနိုင်မယ့် အနေအထား မရှိနိုင်သေးဘူး ထင်ပါတယ်” ဟု သူ့အမြင်ကို ပြောသည်။ယင်းအပြင် မင်္ဂလာတောင် ညွန့်မြို့နယ်မှ ဟန်းဆက်တင် သွင်း သူ ကိုနေလင်းက လတ်တလော အနေအထားတွင် ဟန်းဆက် တင် သွင်းမှုကို ရပ်နားထားကြောင်း၊ ပထမအကြိမ် ဖုန်းထွက်မည့်သတင်း များ ထွက်ပေါ်လာသ ည့်အတွက် ဟန်းဆက် တင်သွင်းခဲ့သော်လည်း ဖုန်းများ ထွက်ပေါ်ခဲ့ခြင်း မရှိ၍ ငွေများပြန်လည်ပတ်မှု မရှိခဲ့ကြောင်း ဈေးကွက်သဘောအရ လက်ရှိအနေ အထားအရ ဖုန်းထွက်ပေါ်မည့် အချိန်မှာ ကြာနိုင်သေးကြောင်း ပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးမှ ဒီဇင်ဘာလ၌ ပြန်လည် သိမ်းဆည်းခဲ့သည့် ကျပ် နှစ်သိန်း တန် ဖုန်းများကို မူရင်းဈေးနှုန်း အတိုင်း ရွှေဂုံတိုင် ဆက်သွယ်ရေး ရုံးနှင့် အလုံဆက်သွယ်ရေး ရုံးများ တွင် ပြန်လည်ရောင်းချလျက် ရှိ ကြောင်း သိရသည်။ ယင်းသို့ ပြောကြား ထားသော် လည်း လက်ရှိတွင် နှစ်သိန်းတန် ဖုန်းများ ပြန်လည်ရောင်းချခဲ့ပြီး ဈေးနှုန်းအသစ်ဖြင့် ရောင်းချမည့် ဖုန်းဈေးနှုန်းနှင့် ရောင်းချမည့် ရက် ကို ယနေ့အချိန်အထိ တစ်စုံတစ် ရာ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သည့်အပြင် သတင်းအချက် အ လက်နှင့် ဆက်သွယ်ရေးဝန်ကြီး မှာလည်း ရာထူးမှ နုတ်ထွက်သွား သည့် အတွက် ကျပ်တစ် သိန်း ဝန်း ကျင် ဖုန်းသတင်းမှာ မရေမရာ အ နေအထားတွင် ရှိနေသည်။

PN-052

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများ ရောင်းချပေးမည့်အစီအစဉ်မှာ ကြန့်ကြာနိုင်ဖွယ်ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်အချို့က သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ယခုလတွင် ကျပ်တစ် သိန်း ဝန်းကျင်ဖုန်းများအား ရောင်း ချပေးမည်ဟု သတင်းထုတ်ပြန်ခဲ့ ပြီး ဈေးကွက်အတွင်း ရောင်း ချ နေသည့် ကျပ်နှစ်သိန်းတန် ဖုန်း များကို သိမ်းဆည်းခဲ့သော်လည်း လက်ရှိတွင် အဆိုပါကျပ်နှစ်သိန်း တန်ဖုန်းများကို ပြန်လည်ရောင်း ချနေခြင်းကြောင့် ကျွမ်းကျင်သူ များက အထက်ပါအတိုင်း သုံးသပ် ခြင်း ဖြစ်သည်။ ဈေးနှုန်းအသစ် ဖုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ်တစ်ဦးက ”ဈေးနှုန်းသတ်မှတ် ထားပြီးပါပြီ။ အထက်ခွင့်ပြုချက် မရသေးလို့ ရောင်းမပေးသေးတာပါ။ ကျွန်တော် တို့အနေနဲ့ ဖုန်းရောင်းပေးဖို့ အသင့် ရှိနေပါတယ်” ဟု ပြောသည်။

နေပြည်တော်သို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ခရီးစဉ်စတင်ပို့ဆောင်နေ

Photo: နေပြည်တော်သို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များအား ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် ခရီးစဉ်စတင်ပို့ဆောင်နေ 


ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို နေပြည်တော်ကဲ့သို့ အလည်အပတ်နေရာများအား ကန့်သတ်မှုများ ရှိခဲ့သော်လည်း လွန်ခဲ့သော လအနည်းငယ်မှ စတင်ကာကန့်သတ်နေရာများသို့ ခရီးသွားကုမ္ပဏီများက တစ်ဆင့် ခွင့်ပြုဒေသများထက် ကျော်လွန်ကာ သွားရောက်လိုသော ပြည်ပဧည့်သည်များအတွက် လျှောက်ထားပေးနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။                

"လွန်ခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကမှ နေပြည်တော်ကို လည်ပတ်ခွင့်ဖွင့်ပေးလိုက်ပါပြီ။ အရင်က ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်း စတဲ့နေရာတွေကို ကန့်သတ်ထားပေမယ့်၊ အခုတိုးရစ်တွေသွားလာနိုင်တဲ့ နေရာတွေကို Package tour အနေနဲ့ ဖွင့်ပေးနေပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။          

နေပြည်တော်သို့ လည်ပတ်ခွင့်အား ၂၀၁၂ ခုနှစ် အကုန်ပိုင်းမှ စတင်ကာ ခရီးသွားကုမ္ပဏီများ၏ ကြိုတင်စီစဉ်မှုနှင့် လျှောက်ထားသော ပြည်ပခရီးသွားများအတွက် ခရီးစဉ်များကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။                

"နေပြည်တော်ကို ပြည်ပခရီးသွားတွေက စီးပွားရေးအတွက် လေ့လာဖို့ပဲ သွားကြတာများတယ်။ သူတို့အတွက် နေပြည်တော်မှာ ဘာတွေရင်းနှီးမြုပ်နှံဖို့ရှိမလဲ၊ ရန်ကုန်နဲ့နေပြည်တော်ဆိုရင် ဘယ်ကပိုပြီး စီးပွားရေးအတွက် အချက်အချာကျမလဲဆိုပြီး လေ့လာတာတွေလောက်ပဲ လာကြတာများပါတယ်။ just knowledge အနေနဲ့ပေါ့။ visit အတွက်က စီစဉ်ပေးရတာ သိပ်မရှိပါဘူး။ business trip အတွက်ပဲ အဖွဲ့လိုက်လာကြတာ များပါတယ်" ဟု ရတနာန၀ရတ် ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။                

ထို့ပြင် ယခင်က ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းတို့အပြင် မိုးကုတ်၊ ဖားကန့်စသည့် နေရာဒေသများသို့ ကမ္ဘာလှည့်ခရီးသွားများကို သွားလာခွင့် ကန့်သတ်ထားကြောင်းနှင့် နောက်လအတွင်း တစ်နိုင်ငံလုံးအတွက် ကမ္ဘာလှည့်ခရီးသည်များအား ကန့်သတ်နေရာဒေသများကို အသစ်ပြန်လည်ပြင်ဆင်ခွင့် ပြုသွားရန်ရှိကြောင်းလည်း သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များကို နေပြည်တော်ကဲ့သို့ အလည်အပတ်နေရာများအား ကန့်သတ်မှုများ ရှိခဲ့သော်လည်း လွန်ခဲ့သော လအနည်းငယ်မှ စတင်ကာကန့်သတ်နေရာများသို့ ခရီးသွားကုမ္ပဏီများက တစ်ဆင့် ခွင့်ပြုဒေသများထက် ကျော်လွန်ကာ သွားရောက်လိုသော ပြည်ပဧည့်သည်များအတွက် လျှောက်ထားပေးနိုင်ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

"လွန်ခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကမှ နေပြည်တော်ကို လည်ပတ်ခွင့်ဖွင့်ပေးလိုက်ပါပြီ။ အရင်က ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်း စတဲ့နေရာတွေကို ကန့်သတ်ထားပေမယ့်၊ အခုတိုးရစ်တွေသွားလာနိုင်တဲ့ နေရာတွေကို Package tour အနေနဲ့ ဖွင့်ပေးနေပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ကချင်စစ်ရပ်ဆိုင်းရေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုဟု စစ်ဘေးသင့်ပြည်သူအချို့ တောင်းဆို

Photo: ကချင်စစ်ရပ်ဆိုင်းရေး ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေလိုဟု စစ်ဘေးသင့်ပြည်သူအချို့ တောင်းဆို

Posted by AF in ပြည်တွင်းသတင်း

မန်ဝိန်းကြီး၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးရပ်ဆိုင်းရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပါဝင်ကူညီပေးစေလိုကြောင်း စစ်ဘေးကြောင့်တိမ်းရှောင်စခန်းများ၌ နေထိုင်ရသူအချို့က ပြောသည်။

 ”နှစ်ဖက်စလုံးကို ရပ်ပြီး ကျွန်မ အမြန်ဆုံး အိမ်ကိုပြန်ရောက်ချင် တယ်။ ဖေဖော်ဝါရီလမကုန်ခင် ပြန် ချင်ပါတယ်။ အဲဒီအတွက် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တောင်း ဆိုပါ တယ်။ ဖုန်းနံပါတ်ပါရရင် တစ်ခါ တည်း ဆက်ပြီးပြောချင်ပါတယ်”ဟုတစ်နှစ်ကျော်ကြာ စစ်တိမ်းရှောင် စခန်းတွင်နေထိုင်ရသူ ကလေး ၇ ယောက်မိခင် ဒေါ်ရှီးေ ဒါင်းဘောက် ထွယ်က ပြောသည်။၎င်းနည်းတူ အသက် ၄ဝ အ ရွယ် ဦးရိန်နော်မိုင်ကလည်း လက်ရှိ သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့်အတူ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ပူးတွဲတာဝန် ယူ ဖြေရှင်းပေးစေလိုကြောင်း ဆို သည်။သို့ရာတွင် ၂ဝ၁၁ ခုနှစ်၊ ဇွန် လအတွင်းက ဖြစ်ပွားခဲ့ သည့် မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော်ကြား တိုက်ပွဲများအပါ အဝင် သေဆုံးမှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအပေါ် ဒေါ်အောင် ဆန်းစု ကြည်အနေဖြင့် တစ်စုံတစ်ရာ ပြတ်သားစွာပြောဆိုခြင်း မရှိသည့် အပေါ် ဘဝင်မကျသော ကချင်ပြည် နယ်ဒေသခံအချို့လည်း ရှိကြောင်း သိရသည်။”ဒီလိုပြောနေရုံနဲ့ မရပါဘူး။ ရေရှည်သာဒီလိုဆို  တိုင်းရင်းသားတွေ ကြားမှာလည်း သဘောထားကွဲလွဲမှု တွေဖြစ်လာပါလိမ့်မယ်”ဟု အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး က ပြော သည်။ စစ်ရှောင်စခန်းများတွင် နေထိုင်သူ အများစုသည် မိမိအရပ် ဒေသသို့ ပြန်ချင်လျက်ရှိကြပြီး ယင်း၏ အဓိကဖြစ်သော စစ်ပွဲများ ရပ်ဆိုင်းရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တောင်းဆိုပေးမှုကိုလိုလား လျက်ရှိကြောင်း သိရသည်။”အဆိုးရွားဆုံးမဖြစ်ဘဲ အမြန် ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ပါ စေလို့တောင်းဆိုပါတယ်”ဟု မန် ဝိန်း ကြီး စိန့်ပက်ထရစ် စစ်ရှောင်စခန်းနေ ဒေါ်ဇောင်းဆိုင်က ပြောသည်။ကချင်ပြည်နယ်အတွင်း ဖြစ် ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ် ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းေ ရှာင်ရသူ ဒုက္ခသည်စုစုပေါင်း တစ်သိန်းခွဲနီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။ထို့အပြင် စစ်ဘေးဒုက္ခဒဏ်ကို အမျိုးသမီးနှင့် ကလေးငယ်များ ပိုမို ခံစားရခြင်းကြောင့် ငြိမ်း ချမ်းရေးဖြစ် စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်ရန် လိုအပ်ကြောင်း၊ မန်ဝိန်းကြီးနှင့် မိုင်ဂျာယန်ရှိ စစ်ဘေးကြောင့် တိမ်း ရှောင်လာရသူများ နေထိုင်ရာစခန်း များသို့ သွားေ ရာက်၍ အလုပ်ရုံဆွေး နွေးပွဲပြုလုပ်ခဲ့သည့် ရသအိမ်မီဒီယာ အဖွဲ့(Creative Media Group) နှင့် ပေးပို့ခဲ့သည့် အသံဖိုင်တွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း   ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆို ပါဒေသရှိ တိမ်းရှောင်နေထိုင်ကြသူအမျိုးသမီးများအတွက် အဓိကထား၍ ၃ မိနစ်ကြာသော အမှာစကားကို ပြောကြား ခဲ့ခြင်းဖြစ်သည်။ ”အမျိုးသမီးအချင်းချင်း ညှိနှိုင်း ပြီးတော့၊ တိုင်ပင်ပြီးတော့ ဆွေးနွေး ပြီးတော့၊ ငြိမ်းချမ်းရေးလမ်းပေါ် ဘယ်လိုလျှောက်နိုင်မလဲ၊ ငြိမ်းချမ်း ရေးကို ဘယ် လိုဦးတည်နိုင်မလဲဆို တာကို အဖြေရှာကြရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှာ စကားတွင်ထည့်သွင်းပြောကြားခဲ့ သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ် စဉ်ထဲ တွင် အမျိုးသမီးများ ပါဝင်မှု လွန်စွာနည်းပါးခြင်းနှင့်ပါဝင်နိုင်ခွင့် နည်းပါးခြင်းကြောင့် ယင်းအချက် အား ပြုပြင်ရန် ဝိုင်းစဉ်းစားဖို့လို အပ်ကြောင်း အမျိုးသမီးများ အနေ   ဖြင့် စုစည်းမှုသည် အင်အားတစ်ရပ် ဆိုသည်ကိုသိရှိရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။ ”နောင်ကြီးလာမယ့် ကလေး တွေ ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ် အောင် ငြိမ်းချမ်းရေး ချစ်မြတ်နိုးတတ် အောင် သင်ပေးရမှာ မိခင်များရဲ့တာ ဝန်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က တိမ်းရှောင်စခန်းရောက် မိခင်များနှင့် ပတ်သက်ပြီြးေ ပာကြားသည်။ သို့ရာတွင် ငြိမ်းချမ်းရေးဖြစ် ထွန်းရန် စစ်ဆိုသည်မှာ တစ်ဖက် တည်းရပ်တန့်၍မရဘဲ နှစ်ဦးနှစ်ဖက် ရပ်တန့်မှ ဖြစ်မည်ဖြစ်ကြောင်း၊ ရိုး သားသည့် ပြည်သူ များကြားတွင် လူမျိုးရေးခွဲခြားမှုများ ရှိနေပြီဖြစ် ကြောင်း မိန်ဝိန်းကြီးရှိ စိန့်ပက်ထရစ် ဘုရားကျောင်းဒုက္ခသည်စခန်း၌နေ ထိုင်ကာ စာရင်းကိုင်အဖြစ်ကူညီလုပ် ကိုင်ပေးေ နသူ အသက် ၂၂ နှစ် အ ရွယ်အမျိုးသမီးတစ်ဦးကပြောသည်။”ငြိမ်းချမ်းရေးဆု ရရှိထားသူ တစ်ယောက်အနေနဲ့ နှစ်ဖက်စလုံး  ကို ပြောစေချင်တယ်။ ဘာကြောင့် တိုက်ေ နတယ်ဆိုတာ မသိပေမယ့် မရိုးရှင်းဘူးဆိုတာတော့ အမှန်ပါ ပဲ”ဟု ၄င်းက ပြောသည်။

ဥာဏ်လင်းအောင်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Posted by AF in ပြည်တွင်းသတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး အမြန်ဆုံးရပ်ဆိုင်းရန်အတွက် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပါဝင်ကူညီပေးစေလိုကြောင်း စစ်ဘေးကြောင့်တိမ်းရှောင်စခန်းများ၌ နေထိုင်ရသူအချို့က ပြောသည်။

”နှစ်ဖက်စလုံးကို ရပ်ပြီး ကျွန်မ အမြန်ဆုံး အိမ်ကိုပြန်ရောက်ချင် တယ်။ ဖေဖော်ဝါရီလမကုန်ခင် ပြန် ချင်ပါတယ်။ အဲဒီအတွက် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း တောင်း ဆိုပါ တယ်။ ဖုန်းနံပါတ်ပါရရင် တစ်ခါ တည်း ဆက်ပြီးပြောချင်ပါတယ်”ဟုတစ်နှစ်ကျော်ကြာ စစ်တိမ်းရှောင် စခန်းတွင်နေထိုင်ရသူ ကလေး ၇ ယောက်မိခင် ဒေါ်ရှီးေ ဒါင်းဘောက် ထွယ်က ပြောသည်။၎င်းနည်းတူ အသက် ၄ဝ အ ရွယ် ဦးရိန်နော်မိုင်ကလည်း လက်ရှိ သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့်အတူ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ပူးတွဲတာဝန် ယူ ဖြေရှင်းပေးစေလိုကြောင်း ဆို သည်။

“အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်သစ်များ တွေ့ရှိရ”

Photo: “အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်သစ်များ တွေ့ရှိရ”

လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ခေတ်မီ သုတေသနပြုမှု ရလဒ်များက အသက်(၁၅)နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းနှင့် ပတ်သက်သော နောက်ထပ် လျှို့ဝှက်ချက် အသစ်များကို ထွက်ပေါ်လာစေခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သတ်ဖြတ်ခြင်း မခံရမီ ကတည်းက အဆုတ်တွင် ဘက်တီးရီးယား ပိုးမွှား ဝင်ရောက် တိုက်ခိုက်မှုနှင့် ကြုံထားရကြောင်း သိရှိရသည်။

ပညာရှင်များသည် မံမီရုပ်အလောင်းထံမှ တစ်သျှူးစ အချို့ကို ထုတ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မိန်းကလေး၏ အဆုတ်ရောဂါသည် သူမအတွက် မည်သည့် အတိုင်းအတာထိ သက်ရောက်ခဲ့သည်ကိုမူ တိတိကျကျ မသိနိုင်သေးချေ။

အေးချမ်းမွန်မှ  Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ခေတ်မီ သုတေသနပြုမှု ရလဒ်များက အသက်(၁၅)နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းနှင့် ပတ်သက်သော နောက်ထပ် လျှို့ဝှက်ချက် အသစ်များကို ထွက်ပေါ်လာစေခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သတ်ဖြတ်ခြင်း မခံရမီ ကတည်းက အဆုတ်တွင် ဘက်တီးရီးယား ပိုးမွှား ဝင်ရောက် တိုက်ခိုက်မှုနှင့် ကြုံထားရကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ

Photo: 
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အော်ဒါစတင်မှာယူ 

Tuesday, 22 January 2013 16:15

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင် မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ အော်ဒါ မှာယူခဲ့သော်လည်း ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း၊ သို့သော် ဆွေးနွေးနေဆဲသာဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် အဆင့်အထိ မရောက်သေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုပါသည်။

“အမေရိကန်က အော်ဒါ မှာတယ်ဆိုပေမယ့် Contract ထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အမြန်ဆုံး ဆိုရင်တောင် ငါးလပိုင်းလောက်မှ စ နိုင်မယ် ထင်တယ်။ သူတို့တွေက ဒီမှာ စက်ရုံထောင်ချင်တယ်။ လက်ရှိ ဒီမှာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိသေးတယ်။ လုပ်သား ဦးရေက တစ်သိန်းခွဲ လောက်ပဲ ရှိသေးတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။

ဂျပန်နိုင်ငံသို့ အဓိက တင်ပို့နေသည့် အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးကလည်း လက်ရှိစက်ရုံများတွင် လျှပ်စစ်မီးမှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိသာ ရရှိကြောင်း၊ ထို့အတွက် နေ့ဆိုင်းသာ လုပ်ခွင့်ရပြီး ညပိုင်း လုပ်ခွင့်မရကြောင်း၊ လက်ရှိ အချိန်အထိ အထည်ချုပ် လုပ်ငန်းများသည် ရုန်းကန်နေရဆဲ အခြေအနေ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် အမေရိကန် နိုင်ငံအပြင် ဥရောပ နိုင်ငံအချို့ စိတ်ဝင်စားနေကြပြီး အလုပ်သမားများ၏ ကျွမ်းကျင်မှု၊ လုပ်အားခ နှုန်းထားများအပြင် စက်ရုံများ၏ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေများကို အဓိက လေ့လာလျက်ရှိကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

အစိုးရသစ် လက်ထက် မူဝါဒ ပြုပြင်ပြောင်းလဲ လာမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ လိုသူများသည် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် စုံစမ်းလေ့လာမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဗဟို အလုပ်အမှုဆောင် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အလားတူ လက်ဝါး အထည်ချုပ်စက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာခင်မောင်အေးကလည်း “ပြည်တွင်း အထည်ချုပ် လုပ်ငန်းတွေမှာ အမေရိကန် အပါအ၀င် ဥရောပ နိုင်ငံအချို့ ၀င်ရောက်လုပ်ကိုင်ချင် တယ်ဆိုပြီး စုံစမ်းနေကြပါတယ်။ သူတို့ အဓိက သိချင်နေတာက အလုပ်သမား ဈေးကွက်နဲ့ လျှပ်စစ်မီး ရရှိမှုကိုပဲ။ အလုပ်သမားတွေရဲ့ လစာ၊ ကျွမ်းကျင်မှု၊ ပြီးတော့ စက်ရုံတွေရဲ့ ဓာတ်အားရရှိမှု အခြေအနေကို သူတို့ အဓိကထား စုံစမ်းကြတာ တွေ့ရပါတယ်။ အခုပြည်တွင်းမှာ နိုင်ငံသား အမည်ခံ နိုင်ငံခြား ကုမ္ပဏီတွေလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ အမည်ပြောင်း လျှောက်ထားမှုတွေ ပြုလုပ်နေကြတယ်လို့ သိရတယ်။ အသစ်လျှောက်တာဆိုလို့ တရုတ်တိုင်ပေနဲ့ တရုတ်ကုမ္ပဏီတွေ များနေတယ်” ဟု ရှင်းပြခဲ့ပါသည်။

ဆက်လက်ပြီး “အစိုးရသစ် လက်ထက်မှာ မူဝါဒ ပြောင်းလဲလာလို့ အထည်ချုပ် ကဏ္ဍမှာ လာရောက် ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီး ဆွေးနွေးနေကြတယ်။ မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်ကစပြီး GSP အခွင့်အရေး မရခဲ့တော့ မြန်မာပို့ကုန်တွေ ဥရောပကို သွားရင် အခွန်သက်သာခွင့် မရခဲ့ဘူး။ အခု နော်ဝေက GSP ပေးလိုက်ပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေ ကောင်းမွန်တဲ့ အနေအထား ရောက်ရှိလာပြီလို့ ပြောနိုင်ပါတယ်” သုံးသပ်သည်။

နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံသို့ GSP ပေးအပ်သည့်အတွက် မြန်မာပို့ကုန် လုပ်ငန်းရှင်များ နော်ဝေနိုင်ငံသို့ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးနှင့် မြန်မာပို့ကုန်များ နော်ဝေနိုင်ငံသို့ လွတ်လပ်စွာ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက အလုပ်အကိုင် အခွင့်အလမ်း များပြားလာမှုနှင့်အတူ ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿနာများလည်း ကြုံတွေ့ရလာ နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပါသည်။

အမေရိကန်နိုင်ငံနှင့် ဥရောပ သမဂ္ဂနိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ဖြေလျှော့ပေးခဲ့ပြီး ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား နည်းပညာ အကူအညီနှင့် အထောက်အပံ့ပေးခြင်း၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ အထူးသဖြင့် မြန်မာပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းအများ ဆုံးရရှိစေမည့် အထည်ချုပ်လုပ်ငန်း အတွက် ပူးပေါင်းဆောင်ရွက်မှုများ၊ နည်းပညာ အကူအညီ ပေးမှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ ဒေါ်ခိုင်ခိုင်နွယ်က “အရင်တုန်းက မြန်မာနိုင်ငံရဲ့ ပို့ကုန် တင်ပို့ခွင့်ကို အမေရိကန်က ကန့်သတ်ထားတယ်။ အခု မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့ခွင့်ကို အမေရိကန်က ဖြေလျှော့လိုက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အလားအလာ အရမ်းကောင်းမွန်တဲ့ အနေအထားကို ရောက်လာပါပြီ။ နောက်ပြီး အထည်ချုပ် ကဏ္ဍမှာ လာရောက်ရင်းနှီး မြှုပ်နှံချင်တယ်ဆိုပြီး ဆွေးနွေးနေကြတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဘဏ္ဍာနှစ်အလိုက် အထည်ချုပ်လုပ်ငန်းများ အခြေအနေ
စဉ် 	ဘဏ္ဍာနှစ် 	ပို့ကုန် 	သွင်းကုန် 	ကုန်သွယ်မှု
၁။ 	၂၀၀၈-၂၀၀၉ 	၃၈၉ ဒသမ ၀၉၀ 	၂၈၁ ဒသမ ၇၁၉ 	၆၇၀ ဒသမ ၈၀၉
၂။ 	၂၀၀၉-၂၀၁၀ 	၃၄၈ ဒသမ ၂၀၀ 	၂၈၀ ဒသမ ၆၄၁ 	၆၂၈ ဒသမ ၈၄၁
၃။ 	၂၀၁၀-၂၀၁၁ 	၄၅၄ ဒသမ ၁၈၁ 	၃၈၂ ဒသမ ၄၀၉ 	၈၃၆ ဒသမ ၅၉၀
၎။ 	၂၀၁၁-၂၀၁၂ 	၅၇၀ ဒသမ ၉၉၂ 	၄၃၄ ဒသမ ၈၉၇ 	၁၀၀၅ ဒသမ ၈၈၉
၅။ 	၂၀၁၂-၂၀၁၃ (သြဂုတ်လအထိ) 	၂၇၂ ဒသမ ၇၈၁ 	၂၂၃ ဒသမ ၆၇၉ 	၄၉၆ ဒသမ ၄၆၀


စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခု

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခု

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံရှိ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများသို့ အထည်အော်ဒါများ စတင် မှာယူနေပြီ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ အော်ဒါ မှာယူခဲ့သော်လည်း ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း၊ သို့သော် ဆွေးနွေးနေဆဲသာဖြစ်ပြီး စာချုပ်ချုပ်ဆိုသည့် အဆင့်အထိ မရောက်သေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များက ဆိုပါသည်။

“အမေရိကန်က အော်ဒါ မှာတယ်ဆိုပေမယ့် Contract ထိုးတဲ့ အဆင့်ကို မရောက်သေးပါဘူး။ အမြန်ဆုံး ဆိုရင်တောင် ငါးလပိုင်းလောက်မှ စ နိုင်မယ် ထင်တယ်။ သူတို့တွေက ဒီမှာ စက်ရုံထောင်ချင်တယ်။ လက်ရှိ ဒီမှာက စက်ရုံ ၁၀၀ ကျော်ပဲ ရှိသေးတယ်။ လုပ်သား ဦးရေက တစ်သိန်းခွဲ လောက်ပဲ ရှိသေးတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်ရှိ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးက ပြောကြားပါသည်။

“ကျည်ဆန်တွေရဲ့အထက် မြင့်မြင့် မပျံနိုင်သေးတဲ့ ငြိမ်းချမ်းရေးငှက်”

Photo: “ကျည်ဆန်တွေရဲ့အထက် မြင့်မြင့် မပျံနိုင်သေးတဲ့ ငြိမ်းချမ်းရေးငှက်”


ဝုန်းခနဲ ကြားလိုက်ရသည့် အသံကြောင့် ဘုရားဆုတောင်း နေရာမှ မရမ်ခေါဘောမ် တစ် ယောက် ဗုံးခိုကျင်းထဲ အပြေးအလွှား ပြေးဆင်းလိုက်မိသည်။
နောက်တွင်မှ ကားအိတ်ဇောပိတ်ပြီး ပေါက်မြည်သံမှန်းသိရ၍ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ ဖြစ်စဉ်ကြောင့် ထိတ်လန့်နေသော ရင်အစုံကို ရေတစ်ခွက် ကျိုက်ချ ဖြေအေးရင်း ထိုဒုက္ခတရားများမှ အမြန်ငြိမ်းချမ်းရန် ဘုရားသခင်ထံ သူဆုမွန်ခြွေမိသည်။ ဤ တထိတ်ထိတ် ဒုက္ခတရားများမှ ကင်းကွာ၍ အေးချမ်းစွာလုပ်ကိုင် စားသောက် ရင်း ငြိမ်းချမ်းစွာ နေထိုင်ခွင့်အမြန် ရချင်ပြီဖြစ်၏။

”ကိုယ်တိုင်ခံစားရတဲ့အတွက် ကိုယ်တိုင်ပဲသိပါတယ်။ ကားအိပ်ဇော၊ ဆိုင်ကယ်အိပ်ဇောပေါက်ရင်ကိုပဲ အလိုလိုစိတ်ကလန့်နေမိပြီ”ဟု အမြောက်ဆန်ကျရောက် ပေါက် ကွဲမှု ဒဏ်ခံစားခဲ့ရမှုကြောင့် ကောင်းမွန်စွာ လှုပ်ရှား၍မရသော ဘယ်ဘက်လက်အား ဖျတ်ခနဲတစ်ချက် ငေးရီကြည့်ရင်း မရမ်ခေါဘောမ်က ပြောသည်။
မရမ်ခေါဘောမ်သည် မိမိက လေးငယ် ကျောင်းဆင်းချိန်ကျောင်း ကြိုသွားရာမှလမ်းပေါ် ကျရောက်ပေါက်ကွဲသည့် အမြောက်ဆန်ကြောင့် ဗုံးဒဏ်သင့်ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံ၌ သုံးလကျော်တက်ရောက် ဆေးကုသမှုခံယူခဲ့ရသူ ဖြစ်သည်။ ဗုံးဒဏ်ကြောင့် သူ၏ ဘယ်ဘက်လက်တစ်ဖက်သည် ကောင်းစွာလှုပ်ရှားမှု မပြုနိုင်တော့ ခြင်း ဖြစ်၏။ ထို့ အတူ ဗုံးဆန်ဒဏ်ရာများရရှိခဲ့၍ ခွဲစိတ်ကုသစဉ်ခန္ဓာကိုယ်အနှံ့မှ ဗုံးဆန်စ ၁၇ ခု တွေ့ရှိ ဖယ်ရှားခဲ့ရပြီး ဓာတ်မှန်ထပ်မံ ရိုက်ကူးကြည့်ရှုမှု အဖြေအရ ခန္ဓာ ကိုယ်တွင်း ဗုံးဆန် ၃ ခု ကျန်ရှိနေသေးကြောင်း သိထား သူဖြစ်သည်။
”ကျွန်တော့်လက်က ဘာမှကိုင်လို့ မရတော့ဘူး။ ပြောမယ်ဆို စက်အင်ဂျင်တစ်ခု ချွတ်ယွင်းသွားသလို ကျွန်တော့်ကိုယ်မှာ ဓာတ်တစ်ခု ချို့ယွင်းသွားတာ။ အဲဒါပဲ ကျွန် တော် အားငယ်တာပေါ့”ဟု မရမ် ခေါဘောမ်က ကောင်းစွာလှုပ်ရှား၍ မရသည့် လက်တစ်ဖက်နှင့်ပတ်သက်ပြီး စကားဆိုသည်။

မှော်ဝမ်း ဘုရားကျောင်းနှင့် စာသင်ကျောင်းကြား မော်တာအ မြောက်ဆန် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်သည် ၂ဝ၁၂ ခုနှစ် စက်တင် ဘာလ ၁၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ထိုနေ့က ထိုဖြစ်စဉ်နှင့်တစ်ဆက်တည်း တပ်မတော်သားအချင်းအချင်း ပစ်ခတ်မှုကြောင့် ဖားကန့် မှော်ဝမ်း ရပ်ကွက်အုပ်စု(၁) ဆွတ်ဝိုင်ယန်နေ ကိုးတန်း ကျောင်း သူ မဂျာဆိုင်းအိန် သေနတ်ကျည်ဆန်ထိမှန် ၍ သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်အားလုံးသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ် မြောက်ရေးတပ်မတော်ကြား ဖြစ် ပွားလျက်ရှိသည့် လက်နက်ကိုင် တိုက်ပွဲများ၏ နောက်ဆက်တွဲရလဒ် များဖြစ်သည်။ ယင်းသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှ ပြန်လည်ရေ တွက်ကြည့်လျှင် သုံးလကျော် လေးလနီးပါး ရှိခဲ့ပြီဖြစ်၏။
ယင်းကာလနောက်ပိုင်း ဆက်လက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အပြစ်မဲ့ပြည်သူ သေဆုံးရမှုများ၊ အိုးပစ်အိမ်ပစ်ဖြင့် ဒုက္ခသည် စခန်းများသို့ ထွက်ပြေးတိမ်းရှောင် ကြရသော စစ်ဘေးဒုက္ခသည်များ သည် တစ်စတစ်စ တိုးပွားလာခဲ့ သည်။
ထိုကာလမတိုင်မီ ကချင်ပြည် နယ်၌ ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းက ပြန်လည်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်းများ ပြည် နယ်အနှံ့နီးပါး ဖွင့်လှစ်ကူကယ် ထားခဲ့ရရာမှ ယခုအခါတွင် ဒုက္ခသည် စခန်းပေါင်း ၁ဝဝ ခန့်နှင့် ဒုက္ခသည် တစ်သိန်းကျော်၊ အပြစ်မဲ့ပြည်သူ သေဆုံးမှု ရာဂဏန်းနီးပါးမျှ ရှိနေ ခဲ့ပြီဖြစ်၏။
သူတို့သည် ရိုးရာမနောပွဲတော် ကို ကျင်းပခွင့်မရခဲ့သည်မှာ ကြာ ခဲ့ပြီဖြစ်သည်။ သူတို့သည် သူတို့ အထွတ်အမြတ်ထားရာ ယေရှုခရစ် တော်၏ မွေးနေ့ပွဲတော်ကို ဆင်နွှဲ ခွင့်မရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူတို့သည်သူတို့ယာမြေကို ကောင်း စွာ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင် ခြင်းမရှိသည်မှာ ကြာခဲ့ပြီဖြစ်သည်။ လွတ်လပ်ငြိမ်းချမ်းမှုသည် သူတို့ အတွက်ကြံကြီးစည်ရာ အသုံး အ နှုန်း ဖြစ်သည်။ အေးချမ်းသာယာစွာ နေထိုင်နိုင်မှုသည် သူတို့အတွက် သူစိမ်းဆန်သောဖြစ်ရပ်ဖြစ်သည်။

”အဓိကကတော့ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ပဲ ပြော ချင်တယ်။ ဒီနိုင်ငံသား ဒီပြည် ထောင်စုသား တစ်ယောက်အနေနဲ့ အဲဒီကချင်ဒေသမှာ ဖြစ်နေတယ်ဆို တာ စကားလုံးအရ ခေါင်းစဉ်အရ ပြောတာပါ။ ကချင်ဒေသမှာစစ်ဘေး ဒုက္ခသည်ဆိုတာ ကချင်လူမျိုးချည်း မဟုတ်ပါဘူး။ အဲဒီဒေသတစ်ဝိုက်မှာ ရှိတဲ့ တိုင်းရင်းသားတွေ အားလုံး ပါပါတယ်။ ဒါ ပြည်ထောင်စုကိစ္စပါပဲ။ အားလုံးဝိုင်းစဉ်းစားရမှာပါ”ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်က ကချင်ပြည်နယ် ဖားကန့်သို့သွား ရောက်ခဲ့သည့် သူ၏အတွေ့အကြုံ ပေါ်အခြေခံ၍ တိုက်ပွဲများအပေါ် သုံးသပ်ပြောကြားသည်။
၁၉၄၈ ခုနှစ် မတ်လနောက်ပိုင်း က စတင်ခဲ့သည့် မြန်မာနိုင်ငံတွင်း ပြည်တွင်းစစ် အရှိန်သည် ၁၉၉၄ ခုနှစ်၌ ခေတ္တရပ်တန့်သွားခဲ့သော် လည်း ၁၉၉၅ နောက်ပိုင်း၊ ၂ဝဝ၃ ခုနှစ်နောက်ပိုင်း ကြိုးကြားတိုက်ပွဲ များဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြင့် နှစ်ပေါင်း ၆ဝ ကျော် ၊ ကမ္ဘာတွင် အကြာမြင့်ဆုံးဖြစ်ပွားသော ပြည် တွင်းစစ်တစ်ခုအဖြစ် ယနေ့အချိန် တွင်ရှိနေခဲ့ပြီဖြစ်၏။
ယခင် စစ်အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး ရယူထားနိုင် ခဲ့သည့် လက်နက်ကိုင်တိုင်းရင်း သားအဖွဲ့အစည်း ၁၇ ဖွဲ့ကျော် အနက် ယခု အရပ်သားအစိုးရလက် ထက် ၁၁ ဖွဲ့ ကျန်ရှိသည်။ ယင်း အနက် ၁ဝ ဖွဲ့သည် လက်ရှိ အရပ် သားအစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့ ပြီး ကချင်လွတ်မြောက်ရေးတပ်မ တော်တစ်ခုတည်းသာ အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ပျက်ပြား ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိခြင်း ဖြစ်သည်။

ကချင် လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)သည် ၁၉၉၃ ခုနှစ်က ၄င်းတို့ဘက်မှ တစ်ဖက်သတ်ဖြင့် အပစ်အခတ်ရပ်စဲမှုကို စတင်ခဲ့ပြီး ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို အစိုးရနှင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသဘောတူစာချုပ်သည် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်းတွင် လုံးလုံးစုတ်ပြဲသွားခဲ့သည်။ ယင်းသို့ စုတ်ပြဲသွားခြင်း၏ အဓိကပြဿနာသည် နိုင်ငံရေးအရ ဆွေးနွေးနိုင်မှုမရရှိသေးသည့် အခြေအနေပင်ဖြစ်သည်။ ၁၇ နှစ်လုံးလုံး သဘောတူညီထားခဲ့သည့် အပစ် အခတ် ရပ်စဲရေးသဘောတူညီမှုသည် ထို့သို့သော အကြောင်းကြောင့်ပင် ရှိလျက် သေဆုံးနေခဲ့ခြင်း ဖြစ်သည်။
”ဘာလို့တိုက်ပွဲတွေ မရပ်သလဲလို့ လူတိုင်းကမေးတယ်။ တိုက်ပွဲတွေရပ်ပြီးတော့ ဘာလုပ်ရမလဲဆိုတဲ့အဖြေကို ရှာဖွေလို့မတွေ့ခင်မှာ တိုက်ပွဲတွေရပ်ဖို့ခက်ပါတယ်။ အပစ်အခတ် ရပ်ဆိုင်းပြီးရင် ဘာလုပ်ကြမလဲ။ ဒါကျွန်တော်တို့ ရှာဖွေနေတဲ့အဖြေပါ”ဟု ကချင်လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြည်တွင်း မီဒီယာ တစ်ခုနှင့်အင်တာဗျူးတွင် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး ဖြေကြားခဲ့သည်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခြင်း၊ ပြည်နယ်အဆင့်ဆွေးနွေး ခြင်း ၊ ပြည်ထောင်စုအဆင့်ဆွေးနွေး ခြင်း လုပ်ငန်းစဉ် ၃ ရပ်ဖြင့်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ၏မိန့်ခွန်းအချို့နှင့် ပြည်တွင်း ပြည်ပ သတင်းစာဆရာအချို့နှင့် တွေ့ဆုံမှု များတွင် ထည့်သွင်းပြောကြားခဲ့ သည်။ ပူပူနွေးနွေးအဖြစ် ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ သည့် ၄င်း၏ နှစ်သစ်ကူး သဝဏ်လွှာအား ဇန်နဝါရီလ ၉ ရက်က ပြည်ထောင်စုလွှတ်တော်၌ ဖတ်ကြားခဲ့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အပစ်အခတ်ရပ်စဲရေး မည်မျှပင် အောင်မြင်စေကာမူ တိုင်းရင်းသားအချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု အစိုးရအနေဖြင့် ယုံကြည်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့်နိုင်ငံရေး ဆွေးနွေးပွဲပုံစံကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေး ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုလည်း ချန်လှပ်မထားဘဲ နိုင်ငံ ရေးဆွေးနွေးပွဲများတွင် ပါဝင်လာ နိုင်ရန် တံခါးဖွင့်ထားကြောင်း၊ လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဆင့်ဆင့်မှ ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြောင်းဖြင့် ၄င်းက ထည့် သွင်းအသိပေး ပြောကြားထားခဲ့ သည်။
(ယင်းကဲ့သို့သော စကားရပ်နည်းတူ စကားရပ်အချို့ကိုလည်း ရှေးမဆွ သော မိန့်ခွန်းအသီးသီးနီးပါး၌ ထည့် သွင်း ပြောကြားထားခဲ့သည်။)

ထိုကဲ့သို့ဆိုလျှင် (လွန်ခဲ့သော တစ်နှစ်နီးပါးခန့်တွင်မှ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့သည် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။) ၁၉၉၃ ခုနှစ်က တစ်ဖက်သတ်သဘောထား ဖြင့်အပစ်အခတ်ရပ်စဲမှု လုပ်နိုင်ခဲ့ သော ကချင်လွတ်မြောက်ရေးတပ် မတော်နှင့် အစိုးရအဖွဲ့ အစည်းသည် အဘယ်ကြောင့်ယခုအချိန်ထိ ဆွေး နွေးမှု မစတင်နိုင်သေးသနည်း။
”စစ်ပွဲဆိုတာ အကြောင်းတရားပဲ။ အဲဒီအကြောင်းတရားကို ဖြစ်တဲ့ကိုယ်ကျိုးတရားတွေကို သိပ်ရှေ့တန်းတင်လွန်းလို့ မရဘူး”ဟု ကိုမင်းကိုနိုင်က သူ၏အမြင်ကိုပြော သည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများသည် လက်ရှိအချိန်တွင် ယင်းပြည်နယ်တစ်ခုအ တွင်း၌သာမက နိုင်ငံတစ်ဝန်း ပျံ့နှံ့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ငြိမ်းချမ်း ရေးသည် ကချင်ပြည်နယ်သူ ပြည် နယ်သားတွေသာမက နိုင်ငံအနှံ့ လိုလားသော တောင်းဆိုချက် တစ် ရပ် ဖြစ်လာခဲ့ပြီဖြစ်၏။ စစ်ပွဲ၏အကျိုးရလဒ်သည် ဒေသခံပြည်သူ များအတွက် အတိဒုက္ခသာဖြစ်၏။
ထိုအတိဒုက္ခသည် စစ်ပွဲများအဆုံး သတ်၍ ငြိမ်းချမ်းရေး ပေါ်ထွက်လာ မှသာ ကွယ်ပျောက်မည်ဖြစ်သည်။

”စစ်ပွဲတွေရပ်မှပဲ ပြည်သူလူ ထုက ကိုယ့်ရွာ၊ ကိုယ့်မြေ၊ ကိုယ် ယာကို ပြန်ပြီးတော့လုပ်စားနိုင်မှာ ပါ”ဟု မရမ်ခေါဘောမ်က ပြော သည်။
လက်တစ်ဖက် ကောင်းစွာလှုပ်ရှားမှု မပြုနိုင်သော်လည်း သူ့ မိသားစုအတွက် သူ့တွင် ခွန်အားတွေ အပြည့်ရှိ၏။ သူ့ခွန်အားကို သူအသုံးချချင်သည်။ ယင်းကြောင့် စစ်ပွဲ များ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေး မြန်မြန်ပေါ်ထွက်စေချင်လှပြီ ဖြစ် ၏။ သို့ရာတွင် ငြိမ်းချမ်းရေးသည် နိုင်ငံရေး ဆွေးနွေးမှု ခေါင်းစဉ် အောက်တွင် မှေးမှိန်လျက်ရှိခြင်းဖြစ် သည်။ ထိုမှေးမှိန်နေမှုသည် မရမ် ခေါဘောမ်ကဲ့သို့ ကချင်ပြည်သူ လူထုအတွက် ဒုက္ခတရားများကို ဆက်လက် ထမ်းပိုးစေခိုင်းထားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ ရှေ့ တန်း စစ်မြေပြင်တွင် တိုက်ပွဲဝင်နေသော၊ တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော နှစ်ဖက်သောတပ်မတော်သားများနှင့် ၄င်းတို့၏ မိသားစုဝင်များအတွက် အနာတရဖြစ်သည်။ မဖြေ ရှင်း နိုင်သေးသော ပြဿနာကြားတွင် သူတို့အားလုံး မြေစာပင်အဖြစ် အမြစ်တွယ်ရှင်သန်ခဲ့ရခြင်း ဖြစ် သည်။
တိုက်ပွဲများသည် အစိုးရတပ်မ တော်၏ထိုးစစ်ကြောင့်၊ ကချင်လွတ်မြောက်ရေး တပ်မတော်၏ပစ်ခတ်မှုများကြောင့်ဟု အပြန်အလှန် စွပ်စွဲပြောဆိုမှုများ၊ လူမှုကွန်ရက် စာမျက်နှာများ၌ သတင်းဖြန့်ချိမှု များရှိခဲ့ သော်လည်း မည်သူ့ကြောင့်၊ မည် သည့်အကြောင်းကြောင့်ပင်ဖြစ်ဖြစ် အဆုံးအရှုံးသည် ပြည်သူလူထု သာဖြစ်ခဲ့သည်။
စစ်ပွဲများကြောင့် ဒုက္ခရောက် ကြရသော၊ သေဆုံးကြရသော ပြည်သူများအတွက် ပြန်လည်တုံ့ပြန် နိုင်ခွင့်ရှိသော၊ အကာအကွယ်ဖြစ်သော ဥပဒေသည် ငြိမ်းချမ်းရေးပင် ဖြစ်၏။ လူတိုင်းတောင်းဆိုမှုသည် လည်း ငြိမ်းချမ်းရေးပင်ဖြစ်၏။
”ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေ ရပ်တန့်ဖို့ ရှိသမျှခွန်အားနဲ့ တားဆီးဖို့လိုအပ်ပါတယ်။ ပြည်သူတွေမပါရင်တော့ ဘယ်ငြိမ်းချမ်းရေးမှ တည်မြဲမှာမဟုတ်ပါဘူး”ဟု ကို မင်းကိုနိုင်က ငြိမ်းချမ်းရေးအတွက် မှတ်ချက်စကားဆိုသည်။

ကချင်ပြည်နယ်တွင်းရှိ ဒေ သခံလူထု၏ လက်ရှိအချိန် ဖြစ် ပေါ်နေသော စိတ်သဘောထား သည် စစ်ပွဲများရပ်တန့်၍ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေးပင်ဖြစ် သည်။
”ပြည်သူလူထုရဲ့ ဆုံးရှုံးမှုကို နိုင်ငံတော်က သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ပေးရင် အောင်မြင်မှာပါ”ဟု မငြိမ်းချမ်းမှုအကျိုးကြောင့် ကိုးတန်းကျောင်းသူ သမီးငယ်မဂျာ ဆိုင်းအိန်ကို ဆုံးရှုံးခဲ့ရသူ ဖခင် ဦးဘရန်ရှောင်က တွေးတွေးဆဆ ပြောသည်။
အမေရိကန်စာရေးဆရာ ဂျွန်စတိန်းဘက်က စစ်ပွဲများနှင့်ပတ် သက်၍ စကားတစ်ခွန်းဆိုခဲ့ဖူးသည်။ စစ်ပွဲအားလုံးတိုင်းသည် လူကို တိရစ္ဆာန်အဖြစ် လျော့ကျစေသည့် သင်္ကေတဖြစ်သည်”ဟူ၍ ဖြစ်၏။
ထိုစကားသည် စစ်ပွဲကိုဖန်တီး သူများကို အဓိကရည်ရွယ်ခြင်း ဖြစ်ပုံရသည်။ ထို့အတူစစ်ပွဲကြောင့် အတိဒုက္ခရောက်ကြရသူ ပြည်သူ များ၏ခံစားမှုများနှင့် ဆုံးရှုံးမှုများ အပေါ် တွေးဆပြောခြင်းလည်းဖြစ်ပုံ ရသည်။ မည်သို့ပင်ဆိုဆို စစ်ပွဲ သည် မကောင်းတရားသာဖြစ် သည်။ တရားသောစစ်ပွဲပင်လျှင် ခံစားရသူပြည်သူများအတွက် ဒုက္ခ တရားပင်ဖြစ်သည်။ အားလုံး လိုလားသော စစ်ပွဲများ၊ ပစ်ခတ်မှုများ ရပ်တန့်ပြီး ငြိမ်းချမ်းရေး ပေါ်ပေါက်ရန်သည် စကားလုံးများဖြင့် ဖောင်းပွနေခြင်းအား ပြည်ဖုံးကားချရ တော့မည်မှာ အသေအချာပင် ဖြစ်ပေတော့မည်။

ဥာဏ်လင်းအောင်

    အိမ်နှင့်ရွာကို သတိရ၍ ငိုကြွေးနေသည့် ကချင်စစ်ဘေးဒုက္ခသည်တစ်ဦး

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အိမ်နှင့်ရွာကို သတိရ၍ ငိုကြွေးနေသည့် ကချင်စစ်ဘေးဒုက္ခသည်တစ်ဦး
ဝုန်းခနဲ ကြားလိုက်ရသည့် အသံကြောင့် ဘုရားဆုတောင်း နေရာမှ မရမ်ခေါဘောမ် တစ် ယောက် ဗုံးခိုကျင်းထဲ အပြေးအလွှား ပြေးဆင်းလိုက်မိသည်။
နောက်တွင်မှ ကားအိတ်ဇောပိတ်ပြီး ပေါက်မြည်သံမှန်းသိရ၍ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။ ဖြစ်စဉ်ကြောင့် ထိတ်လန့်နေသော ရင်အစုံကို ရေတစ်ခွက် ကျိုက်ချ ဖြေအေးရင်း ထိုဒုက္ခတရားများမှ အမြန်ငြိမ်းချမ်းရန် ဘုရားသခင်ထံ သူဆုမွန်ခြွေမိသည်။ ဤ တထိတ်ထိတ် ဒုက္ခတရားများမှ ကင်းကွာ၍ အေးချမ်းစွာလုပ်ကိုင် စားသောက် ရင်း ငြိမ်းချမ်းစွာ နေထိုင်ခွင့်အမြန် ရချင်ပြီဖြစ်၏။

”ကိုယ်တိုင်ခံစားရတဲ့အတွက် ကိုယ်တိုင်ပဲသိပါတယ်။ ကားအိပ်ဇော၊ ဆိုင်ကယ်အိပ်ဇောပေါက်ရင်ကိုပဲ အလိုလိုစိတ်ကလန့်နေမိပြီ”ဟု အမြောက်ဆန်ကျရောက် ပေါက် ကွဲမှု ဒဏ်ခံစားခဲ့ရမှုကြောင့် ကောင်းမွန်စွာ လှုပ်ရှား၍မရသော ဘယ်ဘက်လက်အား ဖျတ်ခနဲတစ်ချက် ငေးရီကြည့်ရင်း မရမ်ခေါဘောမ်က ပြောသည်။

“သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို”

Photo: “သယံဇာတကျိန်စာ မြန်မာတွင် ဖြစ်ပေါ်နေပြီဟု ဆို”

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။

(မြန်မာနိုင်ငံတွင်မူ နေပြည်တော်အစိုးရရုံး အခြေစိုက် မြို့တော်ကြီး တည်ထောင်ခြင်း) အစိုးရသည် ငွေကြေးသုံးစွဲမှု မဆင်ခြင်နိုင်သောကြောင့် နိုင်ငံတကာ ချေးငွေများကို လက်ခံကာ တိုင်း ပြည်တွင် အကြွေးထူပြောလာခြင်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်အလက်များ အားလုံး ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည် ဟု ပညာရှင်များသုံးသပ်ကြကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ လူကုန်ကူးမှုများ ပြားနေခြင်းမှာ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲသောနိုင်ငံများ တွင်ဖြစ်လေ့ရှိသော အကြောင်းအရာဟု သိရသည်။

''သယံဇာတရောင်းတဲ့နိုင်ငံတွေက ရောင်းစရာကုန်ရင် လူရောင်း တာတွေ ဖြစ်လာတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှု၏ အများဆုံးရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လက်ထပ်ရန် ရောင်းစားမှုများဖြစ်သည်။ ပတ်ဝန်းကျင်နိုင် ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လစာငွေ နည်းပါးခြင်း ရပ်တည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ဗီယက်နမ်၊ လာအို၊ မြန် မာတို့မှ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သယံဇာတ ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ လာအိုတို့၊ ကမ္ဘောဒီးယား တို့မှာလည်း လူကုန်ကူးမှုတွေဖြစ်နေ တာပဲ။ တကယ်တော့ လူကုန်ကူးမှုဆိုတာ က နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တာ''ဟု ပြောသည်။

ကမ္ဘာတွင် တစ်မိနစ်လျှင် ၅ ဦးနှုန်းဖြင့် လူကုန်ကူးခံနေရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ တွင်မူ ၁၂ဝ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ သိရသည်။

ဝေယံမိုးမြင့်

အေးချမ်းမွန်မှ Popular Myanmar News Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည်

Photo: 
လာမည့် ဧပြီ ၁ ရက်နေ့မှစ၍ ယာဉ်ရပ်နားခ ကောက်ခံခြင်း ရပ်ဆိုင်း၍ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုမည် 

Tuesday, 22 January 2013 19:35

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

''၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်စတဲ့ ဧပြီ ၁ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်း လမ်းတွေမှာ ယာဉ်ရပ်နား ကောက်ခံခြင်း အစီအစဉ်ကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး အခမဲ့ ရပ်နားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကားရပ်တဲ့သူတွေ သက်သာအောင်လို့ အခုလို ကောက်ခံခြင်း ရပ်ဆိုင်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခု ယာဉ်ရပ်နားခ ကောက်ခံတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေထံမှ လိုင်စင်ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။ အခမဲ့ ယာဉ်ရပ်နားခွင့်ပြုတာနဲ့အတူ ယာဉ်ရပ်နားတဲ့သူတွေ စည်းကမ်းရှိဖို့လည်း လိုပါတယ်''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခ ကောက်ခံခြင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က တစ်ကြိမ် ရပ်နားခ ကျပ် ၁၀၀သာ ပေးဆောင်ခဲ့ရသော်လည်း ၂၀၀၉ ခု နှစ် နောက်ပိုင်း တစ်နာရီ ကျပ် ၂၀၀ နှုန်းဖြင့် တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တစ်နာရီကျော်ပါက ထပ်မံပေးဆောင်ရကြောင်း သိရသည်။

ယင်းသို့သော အခြေအနေများကြောင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာက  ရန်ကုန်မြို့တွင်း အခမဲ့ယာဉ် ရပ်နားနိုင်သည့် နေရာများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ် (ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်(သိမ်ဖြူလမ်းမီးပွိုင့်နှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်ကြား)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထားလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ်(ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင်လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်းကြား)တို့ကို  ဆောင်ရွက်ပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိသော ဇုန်နေရာ ၂၀ ကျော်ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများကောက်ခံနေသည့်  ယာဉ်ရပ်နားဇုန်အချို့

(၁)ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၂) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
(၃) ဗိုလ်ချုပ်အောင်ဆန်းလမ်း(ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၄) အနော်ရထာလမ်း(ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
(၅) အနော်ရထာလမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
(၆) အနော်ရထာလမ်း(လေဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
(၇) အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
(၈) မဟာဗန္ဓုလလမ်း(မြို့တော်ခန်းမရှေ့)
(၉) မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
(၁၀) ကုန်သည်လမ်း(ဗိုလ်အောင်ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
(၁၁) ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)
(၁၂) ကုန်သည်လမ်း(ဆူးလေဘုရာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)


မဟာဗန္ဓုလပန်းခြံလမ်းမပေါ်တွင် ယာဉ်ရပ်နားခကောက်ခံနေမှုအား တွေ့ရစဉ်

အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မဟာဗန္ဓုလပန်းခြံလမ်းမပေါ်တွင် ယာဉ်ရပ်နားခကောက်ခံနေမှုအား တွေ့ရစဉ်

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံခြင်းကို လာမည့် ဧပြီ ၁ ရက်မှစ၍ ရပ်ဆိုင်းသွားမည် ဖြစ်ပြီး အခမဲ့ ယာဉ်ရပ်နားခွင့်ပြုသွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားဇုန်များ သတ်မှတ်၍ အဆိုပါဇုန်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များက ယာဉ်ရပ်နားခ ကောက်ခံနေခြင်း ဖြစ်ကြောင်း၊ ထိုသို့ ကောက်ခံရာတွင် တစ်နာရီ ကျပ် ၂၀၀ နှုန်း ကောက်ခံလျက်ရှိကြောင်း၊ သို့သော် လာမည့် ဧပြီ ၁ ရက်မှစ၍ ယင်းသို့ ကောက်ခံခြင်းကို ခွင့်မပြုတော့ဘဲ လုပ်ငန်းရှင်များထံမှ လုပ်ကိုင်ခွင့် လိုင်စင်များ ပြန်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။

တောင်ကုတ်တွင် ခရီးသည်တင်ယာဉ် မှောက်မှု ၁၄ ဦး သေဆုံး

Photo: တောင်ကုတ်တွင် ခရီးသည်တင်ယာဉ် မှောက်မှု ၁၄ ဦး သေဆုံး

ဧရာဝတီ| January 23, 2013 |

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် ခရီးသည်တင် အောင်သစ္စာ ခရီးသည်တင် ယာဉ်တစီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမ တောင်ခြေ၌ ချောက်ထဲထိုးကျသွားခဲ့ရာ နောက်ဆုံး အတည်ပြုနိုင်သည့် သတင်းအရ ခရီးသည် ၁၄ ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသူ ၁၄ ဦးတွင် ကလေး ၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့်အမျိုးသား ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအ၀င် စုစုပေါင်း ၃၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒဏ်ရာရသူ ၃၃ ဦးတွင် အတွင်းလူနာ ၁၇ ဦးပါဝင်ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် အတွင်းလူနာ ၁၂ ဦးကို သံတွဲဆေးရုံသို့ ပို့ဆောင်ထားပြီး၊ တောင်ကုတ်မြို့ ဆေးရုံ၌ အတွင်းလူနာ ၅ ဦးကို ဆေးဝါးကုသ ပေးနေကြောင်း တောင်ကုတ်ဆေးရုံမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ လူနာအများစုသည် ခြေကျိုး၊ လက်ကျိုး၊ ခေါင်းဒဏ်ရာများ ရရှိထားကြောင်း သိရသည်။

အောင်သစ္စာကားသည် ယမန်နေ့ညနေတွင် ရန်ကုန်မှတောင်ကုတ်-သံတွဲ ဒေသသို့ ထွက်ခွာလာစဉ် တောင်ကုတ်မြို့နှင့်မိုင် ၃၀ ၀န်းကျင် ဝေးကွာသည့် ရခိုင်ရိုးမတောင်ခြေ နေပူတောင်၌ နံနက် ၃ နာရီ ၀န်းကျင်တွင် ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

မော်တော်ကား လမ်းလျှော် ချောက်ထဲကျသွားရခြင်းသည် ကားဒရိုင်ဘာ အိပ်ငိုက်နေသည့်အတွက်ဟု ပြောဆိုမှုများလည်း ရှိပြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်ကမူ ကား ဘရိတ်ပေါက်သောကြောင့်ဟု ဖော်ပြထားသည်။ အောင်သစ္စာ ကုမ္ပဏီ (ရန်ကုန်-ရုံး) က ဖြေဆိုရာတွင်မူ မော်တော်ကား ဘီးပေါက်သွားသည့်အတွက် ချော်ကျ တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒဏ်ရာရရှိပြီး တောင်ကုတ်ဆေးရုံသို့ ရောက်ရှိနေသည့် လူနာ ကိုဝင်းဇော်ကို သွားရောက် ကြည့်ရှုခဲ့သူ ကိုစည်သူလွင်က “ကျနော့်သူငယ်ချင်းက အခု သိပ်ပြီးတော့ စကားမပြောနိုင်ဘူး။ သူမှတ်မိသလောက် ကျနော့်ကို ပြောပြတာက ကားက ချောက်ထဲကို ဆင်းသွားတာပါ။ ဘယ်လိုဖြစ်ပြီး ဆင်းသွားတယ် ဆိုတာကိုတော့ မသိလိုက်ဘူး။ ဆင်းသွားတဲ့ အခါမှဘဲ သိလိုက်တယ်။ ကားက လမ်းထင်ပြီးတော့ ဆင်းသွား တာလား၊ ချောက်ကတော့ တော်တော်နက်ပါတယ်လို့သာ ပြောပါတယ်” ဆိုသည်။

ရန်ကုန်-တောင်ကုတ် ရခိုင်ရိုးမ မော်တော်ကားသည် ပဲခူးတိုင်း၊ ပြည်မြို့အလွန်မှစတင်၍ တောင်ကုတ် မြို့အထိ ပျက်စီးလျက်ရှိသည်။ သို့သော် ယခုကားတိမ်းမှောက် သည့်နေရာသည် လမ်းကောင်းမွန်ကြောင်း ဒေသခံတချို့က ဆိုသည်။

အခင်းဖြစ်ပွားရာသို့ တောင်ကုတ် နာရေးကူညီမှုအသင်း၊ ကြက်ခြေနီနှင့် ရဲတပ်ဖွဲ့များ ရောက်ရှိ ကူညီနေကြောင်း သွားရောက်ကူညီရာတွင် ပါဝင်သည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးမင်းအောင်က ပြောသည်။

“တောင်အောက် တော်တော်နက်နက်ထဲကို ကျသွားတော့ အလောင်း စာရင်းပဲ ရသေးတယ်။ အလောင်းတလောင်း ကားလမ်းကို ပြန်ရောက်ဖို့ နာရီဝက်လောက်အထိ အချိန်ယူပြီး ထမ်းတင်နေကြရတယ်။ လောလောဆယ်တော့ ဒဏ်ရာရတဲ့ လူတွေလောက်ဘဲ ဆေးရုံကို နောက်ကားကြုံတွေနဲ့ ရောက်လာနေသေးတယ်။ အလောင်းတွေကတော့ ညနေပိုင်းလောက်မှ ရောက်မယ် ထင်ပါတယ်” ဟု ဦးမင်းအောင်က ဆိုသည်။

ရခိုင်ရိုးမလမ်း ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို တောင်ကုတ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်က နိုင်ငံတော် အစိုးရထံမှ ကျပ်သိန်းပေါင်း တသိန်းကျော်ဖြင့် လေလံဆွဲထားကာ လုပ်ဆောင်နေပြီး လမ်း၏ ခွန်ကောက်ခံသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့် ရရှိထားသည်။

ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် မော်တော်ကားလိုင်း စုစုပေါင်း ၂၀ ၀န်းကျင်ရှိပြီး၊ ကား မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ယခုအကြိမ်သည် ဆယ်စုနှစ်အတွင်း လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီသတင်းထောက် ခင်ဦးသာနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဧရာဝတီသတင်းထောက် ငြိမ်းချမ်း ပူးပေါင်းရေးသားသည်။

ရန်ကုန်-တောင်ကုတ်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ – ဖိုးခေါင် / တောင်ကုတ်)

အေးချမ်းမွန်မှ ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်-တောင်ကုတ်-သံတွဲ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ – ဖိုးခေါင် / တောင်ကုတ်)
ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးဆွဲနေသည့် ခရီးသည်တင် အောင်သစ္စာ ခရီးသည်တင် ယာဉ်တစီးသည် ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမ တောင်ခြေ၌ ချောက်ထဲထိုးကျသွားခဲ့ရာ နောက်ဆုံး အတည်ပြုနိုင်သည့် သတင်းအရ ခရီးသည် ၁၄ ဦး သေဆုံးကြောင်း သိရသည်။

သေဆုံးသူ ၁၄ ဦးတွင် ကလေး ၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့်အမျိုးသား ၇ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအ၀င် စုစုပေါင်း ၃၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒဏ်ရာရသူ ၃၃ ဦးတွင် အတွင်းလူနာ ၁၇ ဦးပါဝင်ကြောင်း၊ ဒဏ်ရာပြင်းထန်သည့် အတွင်းလူနာ ၁၂ ဦးကို သံတွဲဆေးရုံသို့ ပို့ဆောင်ထားပြီး၊ တောင်ကုတ်မြို့ ဆေးရုံ၌ အတွင်းလူနာ ၅ ဦးကို ဆေးဝါးကုသ ပေးနေကြောင်း တောင်ကုတ်ဆေးရုံမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။ လူနာအများစုသည် ခြေကျိုး၊ လက်ကျိုး၊ ခေါင်းဒဏ်ရာများ ရရှိထားကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis