menu

Sunday 22 January 2012

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအ၀ှမ်းလှည့်လည် မဲဆွယ်မည်

ဓါတ်ပုံ (မြတ်လေးငုံ ဘလော့ဂ်)
မြန်မာနိုင်ငံ အတွင်းရှိ သက်တမ်းအရင့်ဆုံး ပါတီများအနက် တစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်များသို့ သွားရောက် မဲဆွယ်မည် ဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

ရွက်လှေများ (ဂျူး)


ရွက်လှေများ

တကယ်တော့လည်း ကျမတို့ လူဘ၀ဆိုတာ ကမ်းမမြင် လမ်းမမြင်သည့် ပင်လယ် သမုဒရာပြင်ကျယ်ကြီးမှာ ကိုယ်တိုင် ထိန်းချုပ်ပဲ့ကိုင်သော ရွက်လှေတစ်စင်းစီဖြင့် ခရီးနှင်နေကြရခြင်းပဲမဟုတ်လား။ ဟိုးငယ်ငယ်ကလေးဘ၀ အရွယ်တုန်းကတော့ ရေပြင်ကိုမြင်လျှင် လှေလွှတ်ချင် စိတ်တွေပဲရှိခဲ့၏။ ကျမငယ်စဉ်က ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းက ရွာကြီးတစ်ရွာတွင် ခေတ္တ သွားရောက် နေထိုင် ခဲ့ရဖူးသည်။ ခြံဝင်းကြီးမှ အကျယ်ကြီး၊ စတုရန်းပေပေါင်း နှစ်သောင်းလောက်တော့ ရှိမည်ထင်သည်။ အဲသည်ခြံကြီး၏ ပတ်ပတ်လည်မှာ မြင့်မား၍ အရွက်အရိပ်စိပ်သော မန်ကျည်းပင်များစီတန်း၍ ရှိနေသေးသည်။

အီရန်အရေးဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်


အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာအပေါ် အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ သောကြာနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံဟာ အဲဒီ နျူကလီးယားအစီအစဉ်ကို အနုမြူဗုံးထုတ်လုပ်ဖို့ အသုံးပြုနေတယ်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်နေတာပါ။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကြည်းတပ်ဗိုလ်ချုပ်ကြီး Martin Dempsey ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ယာမင်န် နေတန်ယာဟု၊ သမ္မတ ရှီမွန် ပီးရက်စ်တို့အပြင် ကာကွယ်ရေးဝန်ကြီး အေဟွတ်ဒ် ဘရာ့ခ်၊ စစ်တပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်တို့နဲ့ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အချက်အလက် အနည်းအကျဉ်းကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးက အီရန်ကို ကြိုတင် တိုက်ခိုက်တာမျိုးမလုပ်ဖို့ အမေရိကန်တာဝန်ရှိသူတွေက အစ္စရေးကို တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြောင်း အစ္စရေး သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ အဲဒီလို တိုက်ခိုက်နိုင်ခြေရှိတဲ့ အလားအလာကို အစ္စရေးက ခုချိန် ပယ်ချထားတာမျိုး မရှိသေးပါဘူး။
VOA News

မိလ္လာတွင်းထဲ လက်စွပ်ဆင်းရှာသူသုံးဦးသေဆုံး

w7_1619s
မိလ္လာတွင်းထဲသို့ ဆာဖြူရစ်အက်ဆစ်ပြင်းထည့်ပြီး လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်စံပြကျေးရွာ ပြည်တော်သာလမ်းနေ ကိုမျိုးမြင့်(ခ)ကွန်ဗလိုင်(၃၉)နှစ်၏ ဇနီး မခင်ခင်မိုးသည် အိမ်သာတက်ရင်း ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း မိလ္လာကျင်းသို့ ကျသွားခဲ့ရာ လက်စွပ်ပြန်လည်ရှာဖွေရန် အနီးနားနေထိုင်သူများကို အကူညီတောင်းခံခဲ့သည်ဟု သိရပါသည်။

AGD ဘဏ်မှ မော်တော်ယာဉ်နှင့်တိုက်ခန်းများ အရစ်ကျစနစ်ဖြင့်ရောင်းမည်ဟု ကြေငြာ


၁။ အငှားဝယ်ယူ စနစ်ဖြင့် ရောင်းချမည့်ပစ္စည်းများ။

      ၁။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊
      ၂။ Computer နှင့် ဆက်စပ်ပစ္စည်းများ။
      ၃။ တယ်လီဖုန်းကဒ်နှင့် ဆက်စပ်ပစ္စည်းများ။
      ၄။ ဆေးရုံနှင့် ဆေးခန်းသုံးပစ္စည်းများ။
      ၅။ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကရိယာများ။
      ၆။ စက်ဘီး၊ ဆိုင်ကယ်များ။
      ၇။ မော်တော်ယာဉ်နှင့် ယန္တယားများ။
      ၈။ လုပ်ငန်းသုံး စက်ပစ္စည်းနှင့် Generator များ။
      ၉။ တိုက်ခန်းနှင့် လုံးချင်းအိမ်ယာများ။

မြန်မာအပေါ် ပိတ်ဆို့မှု ဖယ်ရှားရန် အချိန်ယူရမည်ဟု အမေရိကန် လွှတ်တော်အမတ်များပြောကြား

ဓာတ်ပုံ US Embassy, Bangkok Thailand
အမေရိကန် အထက်လွှတ်တော်အမတ် John McCain ၊ Joseph Lieberman ၊ Sheldon Whitehouse နဲ့ Kelly Ayotte တို့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင် သတင်းထောက်များနဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံနေစဉ်။ (ဇန်န၀ါရီလ ၂၁၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်လာမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုဘက်က အပြုသဘော တုံ့ပြန်ရမှာဖြစ်ပေမဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံးကို ဖယ်ရှားလိုက်ဖို့အတွက်က အချိန်ပေးရမယ်လို့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်လာမယ့် အမေရိကန် အထက်လွှတ်တော် အမတ်တွေက ပြောလိုက်ပါတယ်။ လွှတ်တော်မှာ သြဇာညောင်းတဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John Mccain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုးဇက်လီဘာမန် (Joseph Lieberman) အပါအဝင် မြန်မာနိုင်ငံကို သွားကြမယ့် လွှတ်တော်အမတ်တွေ ဘန်ကောက်မြို့မှာ သတင်းထောက်တချို့နဲ့ တွေ့ဆုံပြီး သူတို့ ခရီးစဉ်အကြောင်း ရှင်းပြခဲ့စဉ်မှာ ခုလို ပြောခဲ့ကြတာဖြစ်ပါတယ်။

ယီမင်သမ္မတ အယ်ကေးဒါးများကိုရည်ရွယ်ချက်ရှိရှိ ၀င်ခွင့်ပြုထားကြောင်း အတိုက်အခံညွန်ပေါင်းစွပ်စွဲ

w7_1611s
ရေနှင့်လောင်စာ အခက်အခဲကြုံနေသော ယီမင်နိုင်ငံ၊ ဆာနာမြို့ရှိ မိန်းကလေးနှစ်ဦး အများသုံးရေဘုံဘိုင်မှ
ရေသယ်လာစဉ် စကားရပ်ပြောနေကြစဉ်
ယီမင်သမ္မတ အလီအဗ္ဗဒူလာဆာလက်ဟ်၏ မိသားစုသည် ဘက်သီယာပြည်နယ်ရှိ ရက်ဒါမြို့သို့ အယ်လ်ကေးဒါးများ ၀င်ရောက်မှုကို ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုခဲ့ပြီး မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့ကြောင်း အကြီးဆုံးအတိုက်အခံညွန့် ပေါင်းက အပြစ်တင်ခဲ့သည်။  ယင်းကဲ့သို့ မတည်ငြိမ်မှုဖြစ်ပွားစေခြင်းဖြင့် သမ္မတရွေးကောက်ပွဲ နှောင့်နှေးစေအောင်ပြုလုပ်ကာ အာဏာလွှဲပေးရေးကိစ္စ အထမမြောက်စေရန် အကြံအစည်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း Joint Meeting Parties (JMP) က စွပ်စွဲခဲ့သည်။

အလုံ မြို့နယ်အတွင်းရှိ ရှစ်ထပ်တိုက် မြေသားနိမ့်ဆင်းပြီးကွဲအက်မှုဖြစ်ပွား


ygnDSC_0155
ကွဲအက်မှုဖြစ်ပွားသည့် အဆောက်အအုံအား သက်ဆိုင်ရာဌာနများမှ စောင့်ကြည့်မှုပြုလုပ်နေသည်ကို ဇန်န၀ါရီ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲ ခန့်ကတွေ့ရစဉ်
ygnDSC_0087
ကွဲအက်မှုဖြစ်ပွားခဲ့သော တိုက်၏ အနောက်ဘက်အား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ ရှစ်ထပ်အဆောက်အအုံတစ်လုံး၏ မြေညီထပ်နောက်ဖက်ခြမ်းမှာ မြေသား အနည်းငယ်နိမ့်ဆင်းမှုနှင့်အတူ ကွဲအက်သည့် ဖြစ်စဉ်တစ်ခု ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ ၁၉ ရက် ညက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကွမ်းစားရာတွင်ထည့်စားသည့်ဆေးအချို့ကြောင့် နောက်ဆက်တွဲရောဂါဖြစ်ပွားမှုများလာ

71711
ကွမ်းစားရာတွင် နိုင်တီတူး၊ ဖိုးတီဖိုက် စသည့်ဆေးပြင်းများ ထည့်သွင်းစားသုံးမှု များပြား လာသောကြောင့် ကွမ်းစားခြင်း၏နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုလည်း ပိုမိုများပြားလာကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ကုဌာနမှ အငြိမ်းစားပါမောက္ခ ဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ ပါသည်။
အလားတူ ကွမ်းကို ကွမ်းသီး၊ ထုံး၊ ဆေးရွက်တို့ဖြင့် မိရိုးဖလာ စားသုံးနေကြရာမှ နိုင်တီတူး၊ ဖိုးတီဖိုက်စသည့် ဆေးပြင်းများထည့်သွင်း စားသုံးလာမှုကြောင့် ခံတွင်းရောဂါ ဖြစ်ပွားမှုများသည်လည်း ယခင်ကထက် သက်တမ်း ထက်ဝက်ခန့်စော၍ ဖြစ်ပွားလာသည်ကို တွေ့ရှိလာရကြောင်း သိရသည်။
လူထု လူတန်းစားမရွေး ဈေးနှုန်း သင့်တင့်စွာဖြင့် နေရာအနှံ့ ကန့်သတ်ချက်မရှိ အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်ခြင်းတို့ကြောင့် ကွမ်းစားသုံး မှုနှုန်းမှာလည်း နိုင်ငံ၌ မြင့်မားလျက် ရှိနေပြီး ဆယ်ကျော်သက် အရွယ်မှ စတင်၍ ကွမ်းစားသည့် အလေ့အကျင့် ရှိလာရာ ကွမ်းစားခြင်းနှင့်ပတ်သက်၍ ရောဂါဖြစ်ပွားမှု အခြေအနေမှာလည်း ယခင်က အသက် ၄၀ ၀န်းကျင် နောက်ပိုင်းမှသာ သွားဖုံးကင်ဆာ ဖြစ်ပွားမှုများ တွေ့ရှိရသော်လည်း ယခုအခါအသက် ၂၅ နှစ်ဝန်းကျင် အရွယ်မှစ၍ ဖြစ်ပွားနေမှုများ ရှိလာကြောင်း သွားဘက်ဆိုင်ရာဆေး တက္ကသိုလ် မေးရိုးနှင့် ခံတွင်းခွဲစိတ်ကုဌာနမှ အငြိမ်းစား ပါမောက္ခဌာနမှူး ဦးကိုကိုမောင်က ပြောပြခဲ့ပါသည်။

တက္ကသိုလ် သင်ကြားမှုပုံစံ ပြောင်းလဲရန် အချိန်ယူရမည်ဟု ပညာရှင်များသုံးသပ်



ဘွဲ့လွန်သင်တန်း ကျောင်းသားများအား သင်ကြားမှုပုံစံ ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ဘွဲ့လွန်ကျောင်းသားများအား သင်ကြားရာတွင် ယခင်သင်ကြားသည့် Teacher Centered မဟုတ်ဘဲ ကျောင်းသားများကို အလေးထားသင်ကြားသည့် Student Centered ကို အဓိကထားသင်ကြားရန် စီစဉ်နေကြောင် သတင်းများထွက်ပေါ်နေပြီး၊ တက္ကသိုလ်များတွင် တရားဝင်မဟုတ်သည့် ပြောဆိုမှုများ ရှိကြောင်း သိရသည်။

မိဘတွေရဲ့ အကြောက်ဆုံးမေးခွန်းများ


"ဘာဖြစ်လို့ လက နေ့ဖက်မှာလည်း ထွက်ရတာလဲ။" "ကောင်းကင်ကြီးက ဘာကြောင့် အပြာရောင်ဖြစ်ရတာလဲ" စသော မေးခွန်းများမှာ မိဘများအတွက် ဖြေဆိုရန် အကြောက်ဆုံးသော မေးခွန်းများဖြစ်ကြောင်း သုတေသနလေ့လာမှုအရ သိရသည်။
အထူးသဖြင့် သင်္ချာနှင့် သိပ္ပံဆိုင်ရာ ကလေးများ၏ မေးခွန်းတို့ကို ဖြေဆိုရန် မိဘ သုံးပုံ နှစ်ပုံက စိုးရိမ်မှုရှိနေကြောင်း တွေ့ရှိရသည်။
လမင်းနှင့် ကောင်းကင်ပြာမေးခွန်းများအပြင် လေယာဉ်ပျံကြီး ဘာကြောင့် လေထဲ ၀ဲနေနိုင်သလဲ၊ သက်တန့်ရောင်စဉ် ဘာလို့ဖြစ်ရ သလဲ၊ နိုင်ငံအလိုက် အချိန်တွေ ဘာကြောင့် မတူရတာလဲ စသည့် ဖြေဆိုရန် ခက်ခဲသော မေးခွန်းများလည် မကြာခဏ မေးမြန်းခံ နေကြရလေသည်။
ငှက်များနှင့် ပျားများ ဆောင်းရာသီတွင် ဘာကြောင့် ပျောက်ကွယ်ကုန်ပါသနည်း ဟူသော မေးခွန်းကိုလည်း သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်အောက်တွင် သုတေသီများက ထည့်သွင်းထားကြသည်။
ပိုမို နက်ရှိုင်း လျို့ဝှက်သော မေးခွန်းများလည်း ရှိနေပါသေးသည်။

၈၈ မျိုးဆက်ကျောင်းသားများ သဘောထားကြေငြာချက် ထုတ်ပြန်


၁။ ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသား များသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲ နွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

နိုင်ဂျီးရီးယား ဗုံးကွဲမှုလူ ၁၀၀ ကျော်သေဆုံး


ဇန်န၀ါရီ ၂၀ ရက်နေ့ သောကြာနေ့က နိုင်ဂျီးရီးယားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မြောက်ပိုင်းက ခနို (Kano) မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆက်မပြတ် ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပြီး အများစုဟာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရောက်ရှိလာခဲ့တဲ့ ဆေးရုံ သုံးရုံထဲက ဆေးရုံတစ်ရုံရဲ့ သတင်းမှာတော့ သေဆုံးသူ အနည်းဆုံး ၁၃၁ ဦး ရှိပြီးတော့ မူစလင် လူဦးရေ အများစုဖြစ်တဲ့ ဒီမြို့ ကလာတဲ့ တခြားသတင်းတွေမှာလည်း သေဆုံးသူ ဦးရေ မြင့်တက်လာလိမ့်မယ်လို့ ဆိုပါတယ်။

သင်္ကြန်ဇာတ်ကားများစတင် ရိုက်ကူးချိန်ရောက်လာသော်လည်း ရိုက်ကူးရန်စိတ်ဝင်စားသူနည်းပါးနေ


ယခင်နှစ်က မြင်တွေ့ရသော သင်္ကြန်ရိုက်ကွင်းတစ်ခု
သင်္ကြန်မတိုင်မီ ဖြန့်ချိနိုင်ရန်အတွက် သင်္ကြန်ဇာတ်ကားများအား စတင်ရိုက်ကူးပြင်ဆင်လေ့ရှိသည့် အချိန်ကာလသို့ ရောက်ရှိလာသော်လည်း စိတ်ဝင်စားရိုက်ကူးမည့်သူမှာ နည်းပါးနေဆဲဖြစ်ပြီး ဇန်န၀ါရီလ လယ်ပိုင်းအထိ သင်္ကြန်ဇာတ်ကား ရိုက်ကူးပြင်ဆင်မှုမရှိသေးဟု သတင်းရရှိသည်။

ခွင့်လွှတ်တယ် မေ့ပစ်ဖို့တော့မဟုတ်ဘူး (ဇေ၀င်းနောင်)


အဆုံးမရှိလို့တွေးခဲ့တဲ့ ပူဆွေးဝမ်းနည်းမှုတွေကိုခံစား
သေခြင်းတရားနဲ့ ညကာလထက် မှောင်မိုက်တဲ့ အမှားတွေကို ခွင့်လွှတ်
ထာဝရ တည်မြဲမယ်ထင်ရတဲ့ အာဏာကို ဖီဆန်ရင်း
ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ်တဲ့ မျှော်လင့်ချက်က
သူဟိုးအရင်ထဲက တွေးမျှော်ထားတဲ့အရာကို
သူ့ရဲ့ အပျက်အစီးပုံထဲကနေပဲ ဖန်တီးလာနိုင်တဲ့အထိ
ချစ်ခင်၊ သည်းခံ၊ မျှော်လင့်ရဲ့
အိုး၊ အသင် တိုက်တန်၊
ဤမျှော်လင့်ချက်သည်လည်း
ဂုဏ်သရေရှိသော အသင်နှင့် အလားတူပင်
ကောင်းမြတ်၊ ကြီးကျယ်၊ ပျော်ရွှင်၊ လှပ၊ လွတ်မြောက်ပေပြီ။
ဤမျော်လင့်ချက်သည်သာ ဘ၀၊ ပျော်ရွှင်မှု၊ အင်ပါယာ၊ အောင်ပွဲ . . .။
''ပီဘီရှယ်လီ၏ ပရိုမီးသီးယပ်စ် နှောင်တည်းမှ လွတ်မြောက်ခြင်း ကဗျာရှည်မှ''
ညည့်နက်သန်းခေါင်ကျော်သည်အထိနေပြီး ဘယ်တော့မှ အစောကြီးမနိုးတတ်သော ကျွန်တော် ထိုနေ့က အစောကြီးနိုးနေပါသည်။ ရှယ်လီပြောခဲ့သော ဘယ်တော့မှ မပြောင်းလဲ၊ မပြိုလဲ၊ နောင်တမရတတ် တဲ့ မျှော်လင့်ချက်က ကျွန်တော့ကို နိုးကြားစေခဲ့သည်ဟု ထင်သည်။ အနောက်တိုင်းအယူအဆအရ ကံမကောင်းတတ်သော ၁၃ ရက်၊ သောကြာနေသည့် မြန်မာနိုင်ငံအတွက်တော့ ကံကြမ္မာကောင်းများ ကို ဆောင်ကြဉ်းလာမည့်နေ့ ဖြစ်လာခဲ့ပြီလားမသိ။

မြန်မာနိုင်ငံ အပေါ်စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသင့်ပြီလား

ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့် မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။
ဥရောပသမဂ္ဂအနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။ ၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင် အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
“Sanctions တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌ ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
7171
“ပိတ်ဆို့အရေးယူမှုဆိုတာ သူ့ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။

မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့လာရောက်လေ့လာရန် ဂျွန်မက်ကိန်းဖိတ်ကြား

ယနေ့နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ရှိ ဇဗ္မူသီရိခန်းမတွင် ဂျွန်မက်ကိန်းနှင့် သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးစဉ်။
ဓာတ်ပုံ - သန်းထူး
နေပြည်တော်၊ ဇန်န၀ါရီ- ၂၂
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ယနေ့တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မြန်မာလွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

အိမ်မက်ထဲက ညီမျှခြင်း (မောင်သံဒိုင်-ဘောဂဗေဒ)


၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုး ရာသီတွင် တောင်သူလယ်သမားများအတွက် အိပ်မက်ကောင်း မက်ခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် မိုးစပါးရိတ် သိမ်းပြီးချိန်၌ကြုံတွေ့ခဲ့ကြရသော ရာသီဥတုအခက်အခဲနှင့် ဈေးနှုန်းအခက်အခဲကြောင့် လက်မှိုင်ချခဲ့ရသော တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံပဲကို အားကိုး မျှော်မှန်းခဲ့ကြသည်။
၂၀၁၁ ခုနှစ် ဧပြီလမှစတင်ပြီး ပို့ကုန်ရငွေ ဒေါ်လာဈေးနှုန်း ကျဆင်းမှုကြောင့်လည်းကောင်း၊ ရာသီဥတုကြောင့်လည်းကောင်း ပဲစိုက်တောင်သူများအထိနာခဲ့ရပြန်သည်။ ထိုအခြေအနေသည် တောင်သူလယ်သမား များအတွက် အနာကြီးနာနေခဲ့သဖြင့် လယ်ယာလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရန်ပင် အခက်အခဲရှိနေခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လွှတ်တော်အမတ်များ၏ ဆွေးနွေးချက်များ၊ ဂျာနယ်များ၏ ထောက်ပြရေးသားချက်များကြောင့် တောင်သူလယ်သမားများအတွက် အားတက်ခဲ့ကြရသည်။

ပြည်သူချစ်တဲ့သူတွေ ပြည်သူနဲ့အမြဲအတူရှိပါစေ (လူထုစိန်ဝင်း)

w7_1612
၁၃-၁-၂၀၁၂ နေ့ဟာ အင်မတန် ၀မ်းမြောက်ပျော်ရွှင်စရာကောင်းတဲ့နေ့ ဖြစ်တယ်။ နိုင်ငံတစ်ဝန်းလုံးက ပြည်သူအားလုံးလည်း အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ပျော်ကြတယ်။ ဒီလိုပျော်စရာကောင်းတာ မျိုးကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမှ ခံစားဖူးလိမ့်မယ်မဟုတ်ဘူးလို့ တွေးကြည့်မိတယ်။
တစ်နိုင်ငံလုံးပျော်
အင်းစိန်ထောင်ကြီးရှေ့မှာ လူတွေထောင်နဲ့ချီ စုဝေးရောက်ရှိနေပြီး ထောင်ထဲကထွက်လာသူတွေကို လက်ခုပ်သံတွေညံနေတဲ့ကြားက ပြေးဖက်သူက ဖက်၊ ပန်းစည်းပေးသူက ပေး၊ ပြုံးမျက်ရည်တွေနဲ့ ငေးသူက ငေးဖြစ်နေကြတဲ့မြင်ကွင်းမျိုးလည်း ဘယ်နိုင်ငံမှ ကြုံဖူးကြမယ်မထင်ပါဘူး။ မြန်မာလူမျိုးတွေအဖို့တော့ တစ်ကြိမ်တစ်ခါသာမဟုတ်ဘူး ဒီလိုပျော်စရာနေ့မျိုးတွေ ခဏခဏကို ကြုံတွေ့ခဲ့ကြဖူးတယ်။ ရှည်လျားတဲ့ နှစ်ငါးဆယ်ကာလကို ထည့်မပြောတော့ပါဘူး။ ဒီသုံးနှစ်လောက်အတွင်းမှာ ကို အကြိမ်တွေမနည်းလှဘူး။ မှတ်မှတ်ရရဆို ဦးဝင်းတင်လွတ်တုန်းက တစ်ကြိမ်ဒီလိုပျော်ခဲ့ကြရတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်တုန်းကလည်း တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် အပျော်ကြီးပျော်ခဲ့ကြတယ်။

ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုအတွက် အလေးထားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား

7176
The Washington Post ၀က်ဘ်ဆိုက်တွင်ဖော်ပြထားစဉ်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ပို့စ်မှ အကြီးတန်း အယ်ဒီတာ Ms.Eizabeth Graham Weymouth နှင့်အဖွဲ့အား ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတ အနေနှင့် ပြည်ပမီဒီယာတစ်ခုကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ခဲ့ကြသည်။

After You (ဦးဘုန်း-ဓာတု)

ရန်ကုန်လေဆိပ်
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis