menu

Wednesday 11 July 2012

စစ်ကောင်စီကိုအာခံပြီး အီဂျစ်သမ္မတအမိန့်ဖြင့် လွှတ်တော်ပြန်လည်ခေါ်ယူ




အီဂျစ်လွှတ်တော်ကို ဇူလိုင်လ ၁၀ ရက်က ပြန်လည်စတင်စဉ်
ပြီးခဲ့သောလက လွှတ်တော် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ဥပဒေပြုခွင့် အာဏာချုပ်ကိုင်ထားသော စစ်ကောင်စီကိုအာခံကာ အီဂျစ်သမ္မတ မိုဟာမက်မော်ဆီအမိန့်ဖြင့် ဇူလိုင်လ ၁၀ ရက်တွင် လွှတ်တော်ပြန် လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
လွှတ်တော်ရွေးကောက်ပွဲများသည် တရားမ၀င်ကြောင်း အီဂျစ်တရားရုံးချုပ်က ဇွန်လတွင် ကြေညာခဲ့အပြီး နောက်တစ်နေ့၌ စစ်ကောင်စီက လွှတ်တော်ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုလွှတ်တော်မှာ တရားရုံးချုပ်၏ ကြေညာချက်အပြီး ပထမဆုံး ပြန်လည်ခေါ်ယူခဲ့သော လွှတ်တော်ဖြစ်လာခဲ့သည်။
စစ်ကောင်စီအမိန့်ကို လွန်ဆန်ကာ သမ္မတသစ်မော်ဆီက လွှတ်တော် ပြန်တက်ရန် ဇွန်လ ၃၀ ရက်တွင် ညွှန်ကြားခဲ့ပြီးနောက် အမတ်များက လွှတ်တော်ပြန်တက်ခြင်းဖြစ်သည်။

အားကစားတက္ကသိုလ် ဖွင့်လှစ်ရေး လွတ်တော် ဆွေးနွေးရန် သဘောတူ

 အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က မြန်မာနိုင်ငံတွင် အားကစားတက္ကသိုလ်တခု တည်ဆောက်ပေးရန် အဆိုကို တင်သွင်းခဲ့ရာ လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က အားကစား တက္ကသိုလ် တည်ဆောက်ပေးရန် အဆိုကို လာမည့် ၁၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေးရန် သဘောတူခဲ့ကြောင်း NLD ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောသည်။
  “ဒီနေ့က သူရဦးအေးမြင့်ကနေပြီးတော့ အားကစားတက္ကသိုလ်တခု ဖွင့်လှစ်သင့်ပါတယ်ဆိုပြီး တင်ပါတယ်။ အဲဒါကို လွတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ အဲဒီအဆိုကို ထောက်ခံဆွေးနွေးပြီး လွှတ်တော်က ဆုံးဖြတ်ပြီးတော့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းမှာပေါ့။”ဟု သူက မဇ္စျိမကို ပြောသည်။

တော်သေးတာပေါ့


“ Blackheath လွင်ပြင်မှာ….”(ရှေးစာဆို)

တစ်ခါတစ်လေ တိုက်ဆိုင်မှုဆိုတာ ကံလားလို့ သူမနဲ့တွေ့ပြီးနောက်မှာ ကျွန်တော်စဉ်းစားမိလာတယ်။ ဒါဟာ
ရေစက်ပဲလို့လည်း ကိုယ်လိုရာ ဆွဲတွေးပစ်လိုက်တယ်။ ပထမဆုံးစာသင်ရက်မှာ အမြဲတမ်းနောက်ကျတတ်တဲ့
ကျွန်တော်ဟာ စာသင်ခန်းထဲကို နောက်ကျပြီးမှ ရောက်မလာရင် ဒါမှမဟုတ် သူမဘေးမှာသာ
နေရာလွတ်ရှိမနေဘူးဆိုရင် ကျွန်တော်နဲ့ မျက်ဝန်းပြာလေးရဲ့ တွေ့ဆုံမှုဟာ တစ်သက်စာလွဲချင်လွဲနေပေဦးမယ်။
 ဆရာသင်တာကိုပဲ အာရုံစိုက်နေခဲ့တဲ့ ကျွန်တော်ဟာ ကျွန်တော့်ဘေးက မျက်ဝန်းပြာမလေးကို ပထမဆုံးနေ့မှာ
လုံးဝကို သတိမထားမိခဲ့တာတော့ ကျွန်တော့်ရဲ့ အရည်အချင်းတွေထဲက အညံ့ဖျင်းဆုံးတစ်ခုဆိုတာ
ဒုတိယနေ့အရောက် သူမဘေးနားကို ထိုင်မိချိန်မှာ သိလိုက်ရတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိစ္စရပ်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဒေါ်အောင်ဆန်းစုကြည်သည် မိမိအနေဖြင့် ယခု ကျင်းပလျှက်ရှိသော လွှတ်တော်အတွင်း အဆိုတင်သွင်းဦးမည်မဟုတ်သေးကြောင်း၊ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသော အဆိုများကိုလည်း ထောက်ခံဆွေးနွေးရန် မရှိသေးကြောင်း ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီခွဲက ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမဘေးတွင်
ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
၎င်းအနေဖြင့်အဆိုတင်သွင်းဖြစ်လျှင်လည်း ပညာရေးနှင့်ပတ်သက်သော အဆိုကိုတင်သွင်းဖြစ်မည်ဟု ပေါ်ပြူလာနယူးစ်၏
မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သလို ကော့မှူးမြို့နယ်နှင့်
ပတ်သက်သောအဆိုကိစ္စတင်သွင်းရန်မရှိသေးကြောင်း မီဒီယာများ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့သည်။

ဒီမိုကရေစီင်္ ခေတ်


မြန်မာကို ကမ္ဘာကကြည့်တဲ့နေ့(အောင်မျိုး)

တ်ာတန်ရုံ စွန့်လွှတ်ကြိုးစားမှုဖြင့် အနားပင်မကပ်နိုင်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆု၏ မြင့်မြတ်မှုကို ကမ္ဘာက လေးစားအသိအမှတ်ပြု ခဲ့ကြသလို နိုဘယ်လ်ဆုရှင်တိုင်း နှိုင်းဆရန်ခက်ခဲသည့် စိတ်ဓာတ်ကိုလည်း ကမ္ဘာက လေးစားအားကျ နေလေသည်။ မြန်မာလူမျိုးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဘယ်လ်ဆု အခမ်းအနားကို အနီးကပ်ကြုံတွေ့ ခံစားလိုက်ရသည့် ကျွန်တော့်အဖို့ မြန်မာဖြစ်ရခြင်းအတွက် ထိုနေ့လောက် ဂုဏ်ယူစရာကောင်းသည့်နေ့ မရှိဘူးဟုပင် ဆိုရပါမည်



7409 ဥရောပကောင်းကင်ယံ မြေပြင် အထက်ပေပေါင်း သုံးသောင်းကျော်မှ ပျံသန်းနေသော လေယာဉ်ကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းလာနေသည် ကို သိလိုက်ရသည့်အတွက် ပြတင်းပေါက်နေကာကို အသာဖွင့်ကြည့်လိုက်တော့ တောတောင်စိမ်းစိမ်းတွေကို တစ်မျှော်တစ်ခေါ်ကြီး စတင်မြင်ရလေပြီ။ ဒါဆိုလျှင် နော်ဝေကို ချည်းကပ်လာပြီဟု တွေးမိလိုက်ပြီး ရှေ့မှာရှိသော LCD TV မှ တစ်ဆင့် ပျံသန်းမှု အချက်အလက်များကို ကြည့်လိုက်ရာ အော်စလိုလေဆိပ်ရောက်ဖို့ နောက်ထပ်ကီလိုမီတာ ၄၀ လောက်သာ လိုတော့သည်ကို အတိအကျသိလိုက်ရသည်။

၂၀၁၃ခုနှစ်မှ စတင်၍ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ရုပ်ရှင်အစည်းအရုံးမှ ပေးအပ်ချီးမြှင့်ရန် စီစဉ်သွားမည်




e7401 ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို နှစ်နှစ်ပေါင်း၍ ပေးအပ် ချီးမြှင့်ရန်နှင့် ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ယူ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်လျက်ရှိပြီး သက်ဆိုင်ရာ ပြန်ကြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းထံသို့ တင်ပြထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ Weekly Eleven News Journal သို့ပြောကြားခဲ့သည်။၂၀၁၃ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို ပေးအပ်ချီးမြှင့်နိုင်ရန် အတွက် လိုအပ်သည့် ဆုရွေးချယ်ရေးဆိုင်ရာ စံချိန်စံညွန်းများ၊ ရွေးချယ်ပေးအပ်မည့် ၀ါရင့်အနုပညာရှင်များကို ရွေးချယ်နိုင်ရန် အတွက် စတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရှိရသည်။

အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးမှုဖြစ်ပွား




5154
ပြစ်မှုကျူးလွန်သူဟု ယူဆရသူ မျိုးမြင့်ဆွေနေအိမ်သို့ သက်ဆိုင်ရာက ၀င်ရောက်ရှာဖွေနေစဉ်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ကျုးလွန်သူဟု ယူဆထားသူအား ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးနေစဉ် ကာလအတွင်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက်နေ့ တွင် မပိုးပိုးမွန် ၁၉ နှစ် (ပန်းရောင်းသူ)မှာ သူမနေအိမ်ရှိ ခုတင်ပေါ်၌ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လည်ပင်းထိုးသွင်း ဒဏ်ရာနှစ်ချက်၊ ယာလက်ဖ၀ါး ပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် ယာလက်မ ဓားထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။

“ခင်ချာတူး ၏ အင်တာဗျူး”

“ဓည၀တီ ရုပ်မြင်သံကြား ပိတ်သတ်များရှန့်။ အပတ်စဉ် တင်ဆက်နေကျ အင်တာဗျူးအစီအစဉ် ထုတ်လွှင့်ရန်အချိန် ကျရောက်လာပါသောကြောင့် ယနေ့မျက်မှောက်ခေတ် နိုင်ငံတော်အခြေအနေများကို တာဝန်ရှိလူကြီးမင်းတစ်ဦးလည်းဖြစ်၊ စမ္ပာနဂိုရ်ပြည်နယ်၏ ဂဏလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ သော်တာသိင်္ဂီ ၀ဏ္ဏသိရီ ဒေါက်တာပုံလိုက်ပိုင် နဲ့ တွေ့ဆုံမေးမြန်းခဲ့ကြသည်များကို မိဘပြည်သူများ ဗဟုသုတဖြစ်စေရန်အလို့ငှာ ဖျော်ဖြေတင်ဆက်လိုက်ရပါတယ် ရှန့်။ ကျွန်မ ခင်ချာတူးပါ။”
ခင်ချာတူး။    ။ ဟုတ်ကဲ့ပါ။ လူကြီးမင်းရဲ့ အမည်နာမကလေး သိပါရစေရှန့်။
လူကြီးမင်း။    ။ ကျွန်တော်ပုံလိုက်ပိုင်ပါ။
ချာ။     ။ သြော်၊ တိုင်းရင်းသားထဲကထင်တယ်နော်။ နံမယ်လေးက ချစ်ချာလေး။

“တစ်ခါက နားထောင်ဖူးတဲ့ အာဇာနည်နေ့ ရေဒီယို ဇာတ်လမ်းတစ်ပုဒ်”


 ရက်တွေထဲက ဇူလိုင်လထဲ ရောက်တော့မယ်။ ဇူလိုင်ရဲ့ အထင်ကရ မေ့မရတဲ့ ဇူလိုင် ၁၉ ရက်၊ အဲဒီရက်ကိုမေ့မရ၊ ကြာခဲ့ပါပြီ။ ဟိုး..လွန်ခဲ့တဲ့နှစ် ၅ဝ နီးပါးက ဇူလိုင် ၁၉ အာဇာနည်နေ့ရောက်တော့မယ် ဆိုတာနဲ့ရင်ထဲမှာ စွဲမြဲလေးစားမိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင်ကြီးများရဲ့ သွေး စွန်းနေ့ရက်၊ တစ်သက်မမေ့စရာကို ကာရန် တွေ ပေါင်းပြီးသွန်းထု၊ ကဗျာပန်းပုရုပ်တွေ ဖန်တီး ခဲ့ဖူးတယ်။ ပြီးတော့ အာဇာနည်နေ့မှာ အမြဲတမ်းထုတ်လွှင့်လေ့ရှိတဲ့ မြန်မာ့အသံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေ၊ ဗိုလ်ချုပ် အောင်ဆန်းရဲ့ အကြောင်း ဇာတ်လမ်းတွေ။ အဲဒီဇာတ်လမ်းတွေထဲက ‘အညတရရဲဘော် တစ်ဦး’ရေးတဲ့ သတင်းစာဆောင်းပါး ကို မြန်မာ့အသံက ဇာတ်လမ်းအဖြစ်လွှင့်ထုတ်ခဲ့တယ်။ အဲဒီဇာတ်လမ်းလေးရဲ့ အကြောင်းအရာက ဇာတ်လမ်းပြောပြသူရဲ့အသက်ဝင် မှုကလည်း သရုပ်ပေါ်လွန်းနေတော့ ကျွန်တော့်ရင်ထဲ ဘယ်တော့မှမမေ့နိုင်အောင် စွဲနေမိခဲ့တယ်။

ရန်ကုန်နှင့် မန္တလေး နည်းပညာတက္ကသိုလ်များ အဆင်မြှင့်၍ ပြန်ဖွင့်မည်

ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်များကို အဆင့်မြှင့်၍ အင်ဂျင်နီယာဘွဲ့(B.E) သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိထားသော ကျောင်းသား၊ ကျောင်းသူများကို 
 စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်းမှ ကျောင်းသားများအနေဖြင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံအောက်ပိုင်းမှ ကျောင်းသားများအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်မည်ဖြစ်ကာ တက္ကသိုလ်တစ်ခုလျှင် ကျောင်းသား ၂၅၀ စီ စိစစ်ရွေးချယ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဖူးစာရေးနတ်ရက်စက် ပေါင်းဖက်ရလေသောအခါ


 တရုတ်နိုင်ငံတွင် လူကုန်ကူးခံရ၍ သေပြေးရှင်ပြေးထွက်ပြေးပြီး လွတ်မြောက်လာသော ခင်နုတစ်ယောက် အမိနိုင်ငံ၏ လူကုန်ကူးခံရသူများ စောင့်ရှောက်သောဂေဟာ ရောက်သောအခါ သူမအတွက် အံ့သြစရာများ ကြုံနေရသည်။

လူကုန်ကူးသူ လင်မယားနှစ်ယောက်က မန္တလေးတွင် အလုပ်သွင်းပေးမည်ဆိုပြီး တရုတ်နိုင်ငံသို့ ခေါ်သွား၍ တရုတ်အမျိုးသားများနှင့် အဓမ္မထိမ်းမြားလက်ထပ်ရန် ကြိုးပမ်းနေခြင်းမှ အသက် ၂၃ အရွယ် ခင်နု(ကာယံရှင်ဆန္ဒအရ အမည်ပြောင်းထားပါသည်) ကံကောင်း၍ လွတ်မြောက်လာခြင်းဖြစ်ပါသည်။ သူမကလွတ်မြောက်လာ၍ ပျော်ရွှင်နေချိန်တွင် လူကုန်ကူးခံရသူများ    စောင့်ရှောက်သော ဂေဟာရှိ ဘ၀တူအခြားမိန်းကလေးအချို့မှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ၍ ၀မ်းနည်းနေကြသည့်အတွက် သူမအံ့သြနေခြင်းဖြစ်ပါသည်။

တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့် ဒု.သမ္မတအား ကန့်ကွက်ခွင့်ပြု

လွှတ်တော်တွင်းရှိ တပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ရွေးချယ်တင်မြှောက်သည့်ဒု.သမ္မတ အား ခိုင်လုံသည့် သက်သေအထောက်ဖြင့်ကန့်ကွက်မှုပြုလုပ်နိုင်ကြောင်း လွှတ်တော်အသိုင်းအ၀ိုင်းများထံကသိရှိရသည်။
 
“ဒု.သမ္မတ နေရာရွေးချယ်ခွင့်ရှိတာက တပ်မတော်သား ၂၅ခိုင်နူန်းကပါ။ သူတို့ရွေးချယ်တဲ့ သူကိုတော့ လွှတ်တော်ထဲမှာ ကန့်ကွက်လို့ရပါတယ်။ ကန့်ကွက်ရတဲ့အကြောင်းအရာကိုတော့ ခိုင်လုံတဲ့အချက်အလက်၊ အကြောင်းပြချက်ကိုတော့ တပ်ပြဖို့လိုတယ်”ဟု ပြည်သူ့လွှတ်တော်တွင်း တက်ရောက်နေသောရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောသည်။

ကိုယ့်အလုပ်ကိုတာဝန်ယူချင်သောအယ်ဒီတာများနှင့် ခဏတာ (ဂျာနယ်အယ်ဒီတာများနှင့် တွေ့ဆုံခြင်း)

  စာပေစီစစ်နှင့်မှတ်ပုံတင်ဋ္ဌာနက သတင်းလွတ်လပ်ခွင့်ပေးတော့မည့်ဟုသတင်းများထွက်ပေါ်လာပြီးနောက်ပြည်တွင်းသတင်း  ဂျာနယ်များမှ စာပေနယ်အတွင်း တာဝန် ထမ်းဆောင်နေကြသောအယ်ဒီတာများအချို့နှင့်တွေ့မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။
 
ဦးမျိုးမြင့်ညိမ်း-တာဝန်ခံအယ်ဒီတာ(INDEPENDENT News Journal)
နဂိုထဲက တာဝန်ခံအယ်ဒီတာတွေက သူ့သတင်းမှာသူ့စာမျက်နှာဖော်ပြတဲ့ သတင်းပဲဖြစ်ဖြစ်ဆောင်းပါးပဲဖြစ်ဖြစ် ဂျာနယ်အနေနဲ့ပြောမယ်ဆိုရင် သူကိုယ်တိုင် တာဝန်ယူနိုင်တဲ့ ကိစ္စတွေမှာပဲ၊ သူကခွင့်ပြုတာပါ ဖော်ပြတာပါ၊  သူ ကိုယ်တိုင်ဘာမှန်းမသိပဲနဲ့ ဘာလုပ်လို့ဘာပြောမှန်းမသိတဲ့ သတင်းမျိုးဆောင်းပါးမျိုး ကဗျာမျိုး ဖော်ပြလေ့ မရှိ ပါဘူး၊
သူ့နေရာကိုက အယ်ဒီတာဖြစ်တဲ့အတွက် သူတာဝန်ယူနိုင်တဲ့ဟာကိုပဲ စာမျက်နှာကိုတင်ပေးတာပါ၊  အဲဒီ ဟာပေါ်မှာ စာပေစီစစ်ရေးက ဒါကတော့ ခွင့်ပြုနိုင်တယ် ခွင့်မပြုနိုင်ဘူး၊ သူတို့ဘက် တာဝန်မယူနိုင်တဲ့ အပိုင်းတွေမှာ ကန့်သတ်တာပါ၊

မြန်မာနိုင်ငံမှာ ကတ်ပြားနဲ့ ငွေသွင်း ငွေထုတ်နိုင်တော့မယ်

မြန်မာနိုင်ငံမှာ ငွေသွင်းငွေထုတ်နဲ့ ဈေးဝယ်လို့ရတဲ့ MPU ကတ်တွေကို လာမယ့် သြဂုတ်လအတွင်း စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ စီစဉ်သူ ဘဏ်အရာရှိတွေက ပြောပါတယ်။
RFA
ဧရာဝတီဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်
ပြည်တွင်းက MPU ခေါ် မြန်မာနိုင်ငံဘဏ်များ အသင်းဝင် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်ရဲ့ ATM ငွေသွင်း ငွေထုတ်စက်တွေမှာ အပြင် ကုန်တိုက်တွေမှာပါ အဲဒီကတ်ကို အသုံးပြုလို့ ရမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံတကာအထိ သုံးစွဲလို့ရအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဇော်က RFA ကိုပြောပါတယ်။

ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု

လစ်လပ်သွားတဲ့ ဒုတိယသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေကို တပ်မတော်သား ကိုယ်စားလှယ်တွေက အဆိုပြုလိုက်တယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။
RFA
ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ
ခုလို ဒုတိယ သမ္မတအဖြစ် ရွေးချယ်ခံရမယ့်သူဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သူ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်ကို သူငယ်တန်း အပါအ၀င် ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေ




ဇွန်လ ၁ ရက်နေ့က ရန်ကုန်မြို့ သင်္ယန်းကျွန်း အ.ထ.က (၁) ကျောင်းဆင်းချိန် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်
အခြေခံပညာကဏ္ဍ၏ ပညာသင်နှစ်များကို သူငယ်တန်းအပါအ၀င်  ၁၁ နှစ်မှ ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အခြေခံပညာ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

အခြေခံပညာကဏ္ဍ၌ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံစနစ်များကို နိုင်ငံတကာအဆင့်မီစေရေးအတွက် ရည်ရွယ်ကာ ပညာသင်နှစ်များကိုတိုးချဲ့ရန် ဆွေးနွေးကြခြင်းများဖြစ်ကြောင်း၊ အဆိုပါအခြေခံပညာကဏ္ဍပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေး နွေးခဲ့သူတစ်ဦး၏ ပြောပြချက်များအရ သိရှိရပါသည်။ ယင်းကဲ့သို့ အခြေခံပညာကဏ္ဍ အနာဂတ် မြန်မာနိုင်ငံ ပညာရေးဆွေး နွေးမှုများကို ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်ပြီး မူလပညာရေး ဖွဲ့စည်းတည်ဆောက်ပုံဖြစ်သည့် အခြေခံပညာကို သူငယ်တန်း အပါအ၀င် မူလတန်း လေးနှစ်၊ အလယ်တန်းလေးနှစ်နှင့် အထက်တန်းနှစ်နှစ် စုစုပေါင်းအခြေခံ ပညာကဏ္ဍ စာသင်နှစ် ၁၁ နှစ်မှ သူငယ်တန်းမပါ မူလတန်း ခြောက်နှစ်၊ အလယ်တန်းသုံးနှစ်နှင့် အထက်တန်း သုံးနှစ် စုစုပေါင်း အခြေခံပညာကို ၁၃ နှစ်သို့ ပြင်ဆင်ဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား ဖမ်းဆီးကြောင်းသိရ




တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့် နန်ဟေ့လူနယ်စပ် စစ်ဆင်ရေး ခြေကုပ်စခန်းအကြား နယ်မြေရှင်းလင်းစဉ် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား  လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြချက်အရသိရှိရသည်။
တပ်မတော် စစ်ကြောင်းများသည် အဆိုပါဒေသ၌ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက နယ်မြေရှင်းလင်းရေးစဉ် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော မြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက ၁၀၀၀ ခန့်စိုက်ခင်းနှင့် အတူ  တဲပေါင်း ၂၀ ကျော်ကို တွေ့ရှိခဲ့ရပြီး  မြန်မာနိုင်ငံအတွင်း တရားမ၀င် ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဖမ်းဆီးရမိခြင်း ရှိခဲ့ပြီး ဇူလိုင် ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ကိုးဦး စုစုပေါင်း  ၆၁ ဦးကို လက်နက်ငယ်မျိုးစုံ ၂၉ လက်၊ ခဲယမ်း မီးကျောက်မျိုးစုံ၊ မြေထိုးစက် သုံးစီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုး ငါးစီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀နှင့် ရော်ဘာပင် ဧက ၁၅၀၀ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
သတင်း ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်နေကြခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ကိုင်ဆောင် အသုံးပြုလျက်ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း ဖမ်းဆီးထိန်းသိမ်းစဉ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာ တိုက်ခိုက်မှုမရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း၊ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများအား ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားပြီး သံတမန်နည်းအရ သက်ဆိုင်ရာ ထိုင်းအစိုးရထံသို့ အသိပေး အကြောင်းကြားထားကာ တည်ဆဲ ဥပဒေများဖြင့် ဆက်လက် အရေးယူရန် ဆောင်ရွက်သွားမည်ဟု သိရှိ ရပါသည်။
တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့် နန်ဟေ့လူနယ်စပ် စစ်ဆင်ရေး ခြေကုပ်စခန်းအကြား နယ်မြေရှင်းလင်းစဉ် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်း တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ် ရော်ဘာခြံလုပ်ငန်း လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများအား  လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြချက်အရသိရှိရသည်။
တပ်မတော် စစ်ကြောင်းများသည် အဆိုပါဒေသ၌ ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက နယ်မြေရှင်းလင်းရေးစဉ် ထိုင်းနိုင်ငံနှင့် ဆက်သွယ်သော မြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက ၁၀၀၀ ခန့်စိုက်ခင်းနှင့် အတူ  တဲပေါင်း ၂၀ ကျော်ကို တွေ့ရှိခဲ့ရပြီး  မြန်မာနိုင်ငံအတွင်း တရားမ၀င် ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူ ထိုင်းနိုင်ငံသားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပြီး ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ထပ်မံ ဖမ်းဆီးရမိခြင်း ရှိခဲ့ပြီး ဇူလိုင် ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသား ကျား ၅၂ ဦး၊ မ ကိုးဦး စုစုပေါင်း  ၆၁ ဦးကို လက်နက်ငယ်မျိုးစုံ ၂၉ လက်၊ ခဲယမ်း မီးကျောက်မျိုးစုံ၊ မြေထိုးစက် သုံးစီး၊ ယာဉ်ငယ်မျိုးစုံ ၁၇ စီး၊ ဘက်ဟိုး ငါးစီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀နှင့် ရော်ဘာပင် ဧက ၁၅၀၀ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ် မြန်မာနိုင်ငံသို့ ရောက်ရှိ



၂၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဇူလိုင်လ ၁၁ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံတွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ရန်အတွက် ခရီးရောက်မဆိုက် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အမေရိကန် သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချဲလ်အား ခန့်အပ်ရန် အမေရိကန်အစိုးရမှ အဆိုပြုခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘော တူညီခဲ့ကြောင်း ဇူလိုင်လ ၆ ရက်နေ့ထုတ် အစိုးရသတင်းစာများက ဖော်ပြခဲ့ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis