ရန်ကုန်မြို့တွင် ကမ္ဘာလှည့်ခရီးသွားများအား ပြသရန်နေရာတစ်ခု ထပ်တိုးလာကြောင်း ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်လမ်းညွှန်များက ပြောသည်။
“လာတဲ့လူတိုင်းက အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)အိမ်ကို ကြည့်ချင်ကြတာ။တချို့ကသူ့ရဲ့ရုံးကိုပါကြည့်ချင်တဲ့လူတွေလည်းရှိတယ်”ဟုကျောက်တံတားမြို့နယ် အခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ဧည့်သည်များအနေဖြင့် ရန်ကုန်လေဆိပ်မှ မြို့ထဲအ၀င်နှင့် ကမ္ဘာအေးဘုရားသို့သွားသောအခါတွင် ဒေါ်အောင်ဆန်း စုကြည်အိမ်အနီးအရောက် အချို့မှာ ကားပေါ်မှဆင်း၍ ဓာတ်ပုံရိုက်သူများရှိကြောင်း ဂျာမန်ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
ရပ်ကွက်နှင့် ကျေးရွာဆယ်အိမ်စုအတွင်း ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရာတွင်
မျက်နှာစုံညှိနှိုင်းရွေး ချယ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံမှ
သဘောထားမှတ်ချက်ဖြင့်ရောက်ရှိလာသော်လည်း လျို့ဝှက်မဲပေးစနစ်ဖြင့်သာ
ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်မှ ဖေဖော်ဝါရီလ ၂၂ရက် နေ့တွင်
သဘောတူခဲ့ကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးမည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ်များအား
ရုပ်ရှင်ကင်မရာဖြင့် ရိုက်ကူးရန်ထက် HD ကင်မရာဖြင့် ရိုက်ကူး၍ ဖလင်အဖြစ်
ပြန်လည်ကူးပြောင်းပြသရန် ပြင်ဆင်မှု ပိုမိုများပြားလာသည်ဟု ရုပ်ရှင်
အသိုင်းအ၀ိုင်း အတွင်းမှ စုံစမ်း သိရှိရသည်။ ယင်းသို့ HD ကင်မရာ
ဖြင့်ရိုက်ကူးရန် စိတ်ပါဝင်စားမှုများ ပြားလာခြင်းမှာ အရုပ်အသံ
အရည်အသွေးပိုင်းဆိုင်ရာတွင် ပြန်လည် ပြင်ဆင်နိုင်သည့် အခွင့်အလမ်းရှိခြင်း၊
ငွေကြေးကုန်ကျမှုတွင်လည်းဖလင် ၀ယ်ယူရခြင်းထက်သက်သာခြင်းတို့ အပြင်
ယခုနှစ်ပိုင်းများ၌ အကယ်ဒမီဆုရရှိသည့် ဇာတ်ကားအများစုမှာ HD
ကင်မရာဖြင့်ရိုက်ကူးပြီး ဖလင် အဖြစ် ပြန်လည်ကူးပြောင်းသည့် ဇာတ်ကားများ
ဖြစ်နေခြင်း စသည့်အချက်များကြောင့် ဖြစ်သည်ဟု ရုပ်ရှင်အနုပညာ နယ်ပယ်အတွင်း
သုံးသပ်ခဲ့ကြသည်။


လူသားတွင်ဆိုပါက ပါရမီရှင်ဟုအမည်တပ်ရလောက်သော
ဉာဏ်ရည်အဆင့်အတန်းဖြစ်သည့် အိုင်ကျူစမ်းသပ်မှုတွင် အိုင်ကျူ ၁၅၀ အထိရရှိသော
ကွန်ပျူတာတစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း သိရသည်။






အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ အထူးကိုယ်စားလှယ်များ MITT ရှိ X-rays ဖြတ်စက်အား လေ့လာစဉ်