Saturday 31 December 2011
ပေါက္ခရ၀သ ဒီမိုကရေစီ(လူထုစိန်ဝင်း)
လွတ်လပ်တဲ့ပုဂ္ဂလိက စာနယ်ဇင်းတွေပေါ်ထွက်လာတာ ဆယ်စုနှစ်တစ်ခုသာသာပဲရှိသေးတာကြောင့် သိပ်ပြီးအသားမကျလှသေးဘူး။ လူငယ်တွေအနေနဲ့ မုဆိုးစိုင်သင်၊ စမ်းတ၀ါး ၀ါးလုပ်နေရလို့ ချွတ်ချော် တိမ်းစောင်း တာတွေ ရှိသေးတယ်။ အထူးသဖြင့် လူထုစိတ်ဝင်စားတဲ့သတင်း(Public interest) နဲ့ သည်းခြေခိုက်(Seusa-tional)သတင်း မခွဲခြားနိုင်လို့ အ၀ါရောင်သမ်းသွားတတ်တယ်။
ဒူးပေါ်ပေါင်ပေါ်ကိစ္စတွေ
ဂျာနယ်တွေ ပေါ်ထွက်လာကတည်းက
Wimax အင်တာနက် လိုင်းကနဦးတပ်ဆင်ခ နှစ်သိန်းလျော့ချမည်
ပုံမှန်ဈေးနှုန်း ၈ သိန်း ၁ သောင်းဖြင့် ရောင်းချလျက်ရှိသည့် Wimax အင်တာနက်လိုင်းများကို ၆ သိန်း ၁ သောင်းကျပ်ဖြင့်သာ ရောင်းချသွားတော့မည်ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Wimax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခကို ကျပ်နှစ်သိန်းလျှော့ချပေးသည့်အပြင်
i phone ဥရောပတွင်အရောင်းကျ
Apple ရဲ့  iPhone ဟာ ဥရောပဈေးကွက်မှာ Android Phone တွေကို မယှဉ်နိုင်ဘဲ အရောင်းကျနေပါတယ်။ဥရောပရဲ့  အကြီးဆုံး ဈေးကွက်ဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ စုစုပေါင်း Smart Phone ဈေးကွက်ရဲ့  ၆၁ ရာခိုင်နှုန်း ကို Android Phone တွေက သိမ်းပိုက်ထားနေပါပြီ။
အီတလီ၊ စပိန် နှင့် ပြင်သစ် တွေမှာလည်း Android Phone တွေကပဲ အသာစီးရနေကြပြီလို့ သိရပါတယ်။
ဥရောပမှာ ဖြစ်နေတဲ့ ငွေကြေးဈေးကွက် အခတ်အခဲတွေက Apple ကို ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်၊ ဥရောပသားတွေဟာ ယခုဆိုရင် ဈေးနှုန်း သင့်တင့်ပြီး သုံးပျော်တဲ့ HTC, Samsung အစရှိတဲ့ ကုမ္မဏီကြီးများက ထုတ်လုပ်ထားတဲ့ Android OS သုံး Smart Phone တွေ ဝယ်ယူနေမှု တော်တော် မြင့်တက်လာတာ တွေ့နေရပါတယ်။
ဗြိတိန်မှာလည်း မနှစ်က ဆိုရင် Android ဈေးကွက်ဟာ ၃၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ယခုနှစ် ၂၀၁၁ မှာ ၄၆.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
By ဧရာဝတီ
စာပေဟောပြောသူများ(ဒေါက်တာခင်မောင်ညို)
ယနေ့ခေတ် စာပေဟောပြောပွဲတွေရဲ့ လမ်းကြောင်းတွေ ဘယ်ကိုဦးတည်နေလဲ။ ဖျော်ဖြေရေး၊ အသိပညာပေး၊ စာပေရေးတွေကနေ နိုင်ငံရေး စင်မြင့်ဖြစ်လာလေသလား။
ယနေ့ စာပေဟောပြောပွဲများ ခေတ်စားသည်။ စာပေဟောပြောမှုကို မြန်မာနိုင်ငံတစ်ခုတည်းမှာရှိသည် သို့မဟုတ် မြန်မာလူမျိုးအကြားတွင်သာရှိသည်ဟူသော စကားသည်လည်း မှန်ကန်သည်ဟု ယူဆမိသည်။ မြန်မာလူမျိုးများ စာပေနှင့် ပိုမိုနီးစပ်စေရန်အတွက်
မိတ္ထီလာမြို့နယ်ကရှေးဟောင်းသမိုင်းဝင်အုတ်ကျောင်းကြီး(ကိုတင်လှိုင်-မိတ္ထီလာ)
မုန်တိုင်ရွာသည် မိတ္ထီလာမြို့ အနောက်ဘက် ၁၀မိုင်ကွာ
ခရီးသွားရန်အကောင်းဆုံး နံပါတ်(၃) မြန်မာနိုင်ငံ
ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားရောက်လည်ပတ်တဲ့ ပုဂံဒေသ ပုဂံအလှ |
နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့(မောင်ဝံသ)
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သ
တ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှု
ပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ မြင်မြင်သမျှဟာ ကြော

ဧရာဝတီ လင်းပိုင်
ဓာတ်ပုံ WWF
မြန်မာနိုင်ငံမှာ ရေလုပ်သားတွေ ချစ်မြတ်နိုးကြတဲ့ ဧရာဝတီလင်းပိုင်တွေဟာ မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရတာမို့ ၀ိုင်းဝန်း ထိမ်းသိမ်းစောင့်ရှောက်ကြဖို့ ဒီတပတ်မှာ ပြောပြပါရစေ
"လင်းပိုင်တွေဟာ လူတွေကို အန္တရာယ်မပေးဘူး။ ပင်လယ်ကမ်းစပ်မှာရှိတဲ့ ရေချိုးဆိပ်တွေမှာ တခါတလေ လူသားစားတဲ့ ငါးမန်းတွေတွေ့ရတတ်တယ်။ အဲဒီနေရာကို လပိုင်တွေလည်း ရောက်လာရင် ကလေးတွေနဲ့ ရေချိုးတဲ့ လူတွေကို အကာအကွယ်ပေးလေ့ရှိတယ်
တံငါသည်တွေကလည်း လပိုင်တွေကို တော်တော်ချစ်တာ တွေ့ရတယ်။ ဘာလို့လည်း ဆိုတော့ နွေကျလို့ ဧရာဝတီမြစ်ထဲမှာ ရေနဲသွားလို့ ရှိရင် တံငါသည်တွေ ငါးရှာမရဖြစ်နေရင် အဲဒီအချိန်မှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် အောင်မြင်စွာကျင်းပပြီးစီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ်ပေါင်း ၂ဝ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သော ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ပညာရေးရန်ပုံငွေ တေး ဂီတဖျော်ဖြေပွဲသည် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းတေးဂီတ ဖျော်ဖြေပွဲစီစဉ်သူများက ဆိုကြ သည်။
အ ထ က (၂) ကမာရွတ် မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ အမှတ်(၂)အခြေခံပညာကျောင်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ဒီဇင်ဘာလ(၃၀)ရက်နေ့ ညနေ ၅နာရီခွဲ အချိန်ဝန်းကျင်၌ စတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ညစောင့်တာဝန်အဖြစ်ထမ်းဆောင်နေသည့် အမျိုးသားတစ်ဦးမှ ညနေ ၅နာရီခွဲအချိန်တွင် စတင်မြင်တွေ့မြင်ခဲ့ကြောင်း ၄င်း၏ ပြောကြားချက်အရ သိရှိရသည်။
စင်ကာပူနိုင်ငံ ရွှေရတနာငွေလွှဲလုပ်ငန်း၏ ဒေါ်လာသန်း ၄၀ ကျော်လိမ်လည်မှုကြီး
စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။
"အဲဒီ့အခန်းဖြတ်" ဇာတ်ကား လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတောှ်ဆန်ကာတင်စာရင်းဝင်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် အတွက် ရွေးချယ်ခံရသော ဇကာတင် ဇာတ်ကားများတွင် ပြိုင်ပွဲစည်းကမ်းနှင့် မညီညွတ်မှုကြောင့် ထုတ်ပယ်ခြင်း ခံရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်ခဲ့သော ဒါရိုက်တာ ဝိုင်း၏ " အဲဒီအခန်းဖြတ် " ဇာတ်ကားလည်း ပါဝင်လာခဲ့ကြောင်း အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သော The Voice Weekly သတင်းထောက်က ပြောကြားသည်။
ရုပ်ရှင်ပွဲတော် မစတင်မီကပင် အင်တာနက် မှတဆင့် လူသိများခဲ့သော ဒါရိုက်တာ ဝိုင်း၏ "အဲဒီအခန်း ဖြတ်" ရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာအဖွဲ့၏ မူဝါဒနှင့် လုပ်ဆောင်ချက်များ အပေါ်တွင် ထိမိစွာ သရော် လှောင်ပြောင်ထားသော ဇာတ်ကားဖြစ်ပြီး လက်ရှိ ရုပ်ရှင်လောကသားများဖြင့် ရိုက်ကူးထားသော ဇာတ်ကားလည်း ဖြစ်သည်။
ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာ ခုနှစ်လွှာတွင် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအား ယနေ့ ညနေ ၄ နာရီခန့်က ပြုလုပ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား စတင်မီ ကိုရဲလွင်၊ ကိုနေဝင်း၊ ဆောင်းဦးလှိုင်၊ လင်းလင်း၊ ACID အဖွဲ့နှင့် ဂီတမိတ်အဖွဲ့သားများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ ကြသည်။
ရုပ်ရှင်ပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်သော ဇာတ်ကားပေါင်း ၁၈၈ ကား အနက်မှ ၅၃ ကားအား ဇကာတင် ဇာတ်ကားများအဖြစ် ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခြင်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ဇကာတင် ၅၃ ကားမှ ၅ ကားကို ဆုပေးအပ်မည် ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကို ကြီးကြပ်ဒိုင် အဖြစ် ဆောင်ရွက်နေသူ ဦးသူရ (ခေါ်) ဇာဂနာက ပြောကြားသည်။
The Voice Weekly
ဧပြီ ၁ ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၁၀၂ခု နှစ်၊ ဧပြီလ ၁ရက်(တနင်္ဂနွေ)နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက် အမှတ်(၆၁/၂၀၁၁) ဖြင့် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာခဲ့ပါသည်။
အဆိုပါကြေညာချက်နှင့်အတူ လစ်လပ်မဲဆန္ဒနယ်များကိုလည်း စာရင်းဖော်ပြခဲ့ပြီး ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် အရေအတွက် နေရာ ၄၀၊ အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် အရေအတွက် ခြောက်နေရာ နှင့် တိုင်းဒေသကြီး လွှတ်တော် လစ်လစ်မဲဆန္ဒနယ် နှစ်နေရာတို့ကို ဖော်ပြခဲ့ပါသည်။
ထို့အပြင် ကြေညာချက်အမှတ် (၆၂/၂၀၁၁)ကိုလည်း ဆက်လက်ထုတ်ပြန်ခဲ့ပြီး လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ အတည်ပြု ကြေညာခြင်းများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဖော်ပြခဲ့ပါသည်။ ကြေညာချက်အရ ကြားဖြတ် ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့တွင် စတင် တင်သွင်းနိုင်ပြီး ဇန်န၀ါရီလ ၃၁ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ ဖေဖော်ဝါရီလ ၃ရက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ဖေဖော်ဝါရီလ ၆ရက်မှ ၁၀ရက်နေ့အထိ စိစစ်သွားမည်ဟု သိရပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သူ့သြဇာ လွှမ်းမိုးမှုမှုမခံပဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကို အကောင်းဆုံးပြုလုပ်နိုင်ရန် ကြိုးစားသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။
''ဘယ်သူ့သြဇာ လွှမ်းမိုးမှုမှမခံဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေပါတယ်။ အဲဒါက ကျွန်တော့် ဂုဏ်သိက္ခာဖြစ်ပါတယ်။ ပြီးတော့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုတည်းကိုပဲ လိုက်နာပြီး လွတ်လွတ်လပ်လပ် ဆောင်ရွက်နေပါ တယ်'' ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ''ညစ်ပြီးနိုင်တာထက် မှန်မှန်ကန်ကန်လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေ မှာ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားသွားပါ မယ်'' ဟုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်နေသည့် နိုင်ငံရေးပါတီ ၃၇ ပါတီရှိပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးနောက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် ပါတီ ၁၀ ခုရှိပြီး ၎င်းတို့မှာ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုက ရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ကရက်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်ကြသည်။
By EMG

မင်္ဂလာတောင်ညွန့် မီးဘေး
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါမီးလောင်မှုမှာ ၀ါယာရှော့မှတစ်ဆင့် ဂိုဒေါင်အတွင်းရှိ ယမ်းစိမ်း၊ ကန့်စသော ပစ္စည်းများအား ကူးစက်ကာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွား ကြောင်းကို နံနက် ၁ နာရီ ၄၅ မိနစ် အချိန်တွင် ဖုန်းဖြင့်သတင်းပေးပို့ ခဲ့သဖြင့် မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီး၊ သန္ဓေတပ် ဖွဲ့ဝင် ၅၄၆ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၈၂ ဦး၊ တိုင်းကြက်ခြေနီ ၁၃၀ ဦးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ် ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုမီးလောင်ကျွမ်းသော ဂိုဒေါင်မှာ အစိုးရဌာနပိုင်းအား ပုဂ္ဂလိက ငှားရမ်းလုပ်ကိုင်သော ဂိုဒေါင်ဖြစ်ပြီး မီးလောင်မှုကြောင့် ဂိုဒေါင် ၁၆ လုံးခန့် မီးလောင်ခံရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းတွက်ချက်နေဆဲဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် အရပ်သား ၁၂ စုစုပေါင်း ၁၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃၃ ဦးအပါအ၀င် အရပ်သားစုစုပေါင်း ၈၁ ဦး(သေဆုံးသူနှင့် ဒဏ်ရာရရှိသူဦးရေ စုစုပေါင်း ၉၈ ဦး)ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်တွင် ထုတ်ပြန်ချက်အရ သိရှိရသည်။
မီးလောင်မှုကြောင် ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ကုသလျက်ရှိပြီး မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် စုစုပေါင်း ၉၉၆ ဦးအား မဟာဝိဇယ ဘုန်းကြီးကျောင်းနှင့် အ.မ.က (၂၀) နှင့် အ.မ.က (၂၄) ကျောင်များတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးထားကြောင်း သိရှိရသည်။

၁၂၅ သိန်းတန် တီရှပ်
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်မှတ်ရေးထိုးထားသော အင်္ကျီကို လေလံပစ်ရာ အမျိုးသမီးလုပ်ငန်းရှင်တစ်ဦးက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားသည်။
ရန်ပုံငွေပွဲအမှတ်တရအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာဓာတ်ပုံဖြင့် ဒီဇိုင်းပြုလုပ်ထားသော အနီရောင်တီရှပ်(XL size)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် အင်္ကျီကို ကြမ်းခင်းဈေး ကျပ်သိန်း ၃၀ ဖြင့် ည ၈ နာရီကျော်တွင် စတင်လေလံပစ်ပြီး ကုမ္ပဏီ ၆ ခုက အပြိုင်လေလံဆွဲကြကာ ည ၁၂ နာရီကျော်တွင် Common Purpose ကုမ္ပဏီမှ MD ဒေါ်မာလာဝင်းက ကျပ် ၁၂၅ သိန်းဖြင့် ဈေးအမြင့်ဆုံးပေး၍ ၀ယ်ယူသွားခြင်းဖြစ်သည်။
"အန်တီစုက ပြည်သူလုအတွက် လုပ်ပေးနေတာ။ အဲဒီအတွက် လှူချင်နေတာ။ အခုလှူလိုက်တဲ့သဘောပါပဲ" ဟု ဒေါ်မာလာဝင်းက ပြောသည်။
သူမအား အင်္ကျီပေးအပ်ပွဲကို ဇန်န၀ါရီ ၁ ရက်တွင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုလေလံပွဲကို အဓိကစီစဉ်သူ ဦးမောင်မောင်အေးက 7Day News သို့ပြောသည်။
By: သစ်ထူးလွင်
Sunday 25 December 2011
Saturday 24 December 2011
Dr,Web Antivirus
Mobile Antivirus Software တွေအများကြီးရှိတဲ့အထဲက Dr,Web လို့ခေါ်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။သင့်ဖုန်းရဲ့မသကာင်္တဲ့အပိုင်း
ကိုရွေးချယ်ပြီး Scan ဖတ်စစ်ဆေးနိုင်သလို သတ်မှတ်အချိန်အပိုင်း
အလိုက်လည်းစစ်ဆေးခိုင်းလို့ရပါတယ်။Antivirus Software တွေ
ရဲ့ထုံးစံအတိုင်း Running Service အနေနဲ့ Phone System ကိုစောင့်ရှောက်နေမှာ
ဖြစ်ပြီး မသကာင်္စရာ File တွေ့တာနဲ့အချက်ပြသတိပေးမှာဖြစ်ပါတယ်။ဖုန်းမှာအင်
တာနက်ချိတ်ဆက်ထားမယ်ဆိုရင် လွယ်ကူစွာ Update လုပ်နိုင်တဲ့အတွက်အသစ်
ထွက်ရှိလာတဲ့ Virus တွေအတွက်လည်းစိတ်ချနိုင်ပါတယ်။Android Version 2.1
နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်ပြီး www.mobile9.com မှာသွားရောက် down
load ရယူသုံးစွဲနိုင်ပါတယ်။

Friday 23 December 2011
Advanced Task Killer Free
ဒီဆော့ဝဲလ်ကတော့ ဖုန်းထဲမှာဖွင့်ပြီးပြန်ပိတ်ဖို့မေ့နေတဲ့ဆော့ဝဲလ်တွေကို ပြန်ပိတ်ပေးတဲ့ဆော့ဝဲလ်ပါ။Timer နဲ့
အလိုအလျှောက်ပိတ်ပေးသလို လိုချင်တဲ့အချိန်မှာလဲချက်ချင်းပိတ်နိုင်ပါတယ်။ကိုယ်မပိတ်
စေချင်တဲ့ဆော့ဝဲလ်တွေကိုလည်းရွေးချယ်မှတ်သားထားနိုင်ပါတယ်။ဒီဆော့ဝဲလ်လေးကိုထည့်သွင်းထား မယ်ဆိုရင်မလိုအပ်ဘဲ
ပွင့်နေတဲ့ဆော့ဝဲလ်တွေကြောင့်ဖုန်းလေးနေခြင်းနဲ့ ဘထ္ထရီအကုန်မြန်ခြင်းတွေကို သက်သာစေပါတယ်။
အသုံးပြုချင်တယ်ဆိုရင်တော့ www.1mobile.com မှာ download ရယူအသုံးပြုနိုင်ပါတယ်။

Thursday 22 December 2011
Wednesday 21 December 2011
လူကြီးနဲ့ကလေးကြားစကားဘယ်လိုပြောကြမယ်
ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားတဲ့စာအုပ်
ဖြစ်ပါတယ်။သဘာဝချင်းမတူညီသော လူမှုပတ်ဝန်းကျင်တွင်ရင်ဆိုင်နေရသည့် လူကြီးနှင့်ကလေးကြား
ကပြသနာအများစုကို ဖေါ်ပြရှင်းလင်းထားပါတယ်။မိမိကလေး
စိတ်အမာရွတ် မဖြစ်စေဘဲနားဝင်လက်ခံလာအောင်ပြောဆိုဆုံး
မသင့်သည့်နည်းလမ်းများ၊မပြုလုပ်သင့်သည့်အပြစ်ပေးနည်း
များ၊မိဘဆရာများမှားယွင်းတတ်သည့်အမှားများ၊မိသားစုအ
သိုက်အ၀န်းအတွင်းအပြုအမူမှန်ကန်အောင်သင်ကြားနည်းများ
၊သရော်ခြင်း၊အမည်ဆိုးပေးခြင်း၊ခြိမ်းခြောက်ခြင်း၊မပြီးနိုင်အောင်
ပြောဆိုသွန်သင်ခြင်းစသည့်မှားယွင်းသည့်ဆုံးမနည်းများ၊မိမိက
လေးအကြောင်းနားလည်အောင်လေ့လာနည်းများစသည်ဖြင့်
ပြည့်ပြည့်စုံစုံရေးသားထားပါတယ်။မိမိတို့ပတ်ဝန်းကျင်နယ်ပယ်
အတွေ့အကြုံနှင့်ယှဉ်ကာ လိုအပ်သလိုလေ့လာအသုံးပြုနိုင်ပြီး
သားသမီးရှိတဲ့မိဘတိုင်းဖတ်ရှုထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။
နန့်ချစ်ကြည်စာပေမှထုတ်ဝေပြီးတန်ဖိုး(၂၃၀၀)ကျပ်ဖြစ်ပါတယ်။

ဂျာမန်ဗိုလ်ချုပ်များပြောပြသော ဒုတိယကမ္ဘာစစ်သမိုင်း(THE GERMAN GENERALS TALK)
အင်္ဂလိပ်လူမျိုး စစ်ပညာပါရဂူကြီး လစ်ဒယ်ဟာ့(တ်)ရေးသားသော
စာအုပ်ကို ဒုဗိုလ်မှူးကြီးသောင်းထိုက်ဘာသာပြန်ဆိုရေးသားထားသောစာ
အုပ်ဖြစ်ပါတယ်။စစ်မစတင်မှီမှပြီးဆုံးသည်အထိ ပြည့်ပြည့်စုံစုံ
ရေးသာထားပြီး ဂျာမန်တပ်မတော်ရဲ့ကောင်းကွက်ဆိုးကွက်တွေကို
ရှင်းရှင်းဖတ်ရှုရမှာဖြစ်ပါတယ်။ဂျာမန်တပ်မတော်နှင့်ဟစ်တလာတို့
ရဲ့အတွင်းရေးတွေနဲ့မည်သည့်အတွက်ကြောင့်ဂျာမဏီစစ်ရှုံးရ
သည်စသည့် အတွေးအခေါ်၊အယူအဆ အမှားအမှန်တွေကိုချိန်
ထိုးသိရှိနိုင်သည့်အတွက် ဒုတိယကမ္ဘာစစ်အကြောင်းပြည့်ပြည့်
စုံစုံသိရှိလိုသူတိုင်း ဖတ်ရှုသင့်တဲ့စာအုပ်ဖြစ်ပါတယ်။စိတ်ကူးချိုချို
မှထုတ်ဝေပြီးတန်ဖိုး (၂၅၀၀)ကျပ် ဖြစ်ပါတယ်။

Tuesday 20 December 2011
လေယာဉ်ပစ်ဂိမ်း
Air Attack လို့ခေါ်တဲ့လေယာဉ်ပစ်ဂိမ်းလေးဟာ ထွက်ရှိခဲ့တာကြာပြီဖြစ်ပေမယ့် ခုချိန်ထိလူကြိုက်
များနေတုန်းပါဘဲ၊ဗုံကြဲလေယာဉ်တွေ၊ရဟတ်ယာဉ်တွေကိုပစ်ချရင်းနဲ့ဗုံးအမျိုးမျိုးနဲ့ရဟတ်ယာဉ်ကျည်ဆံတွေ၊
များနေတုန်းပါဘဲ၊ဗုံကြဲလေယာဉ်တွေ၊ရဟတ်ယာဉ်တွေကိုပစ်ချရင်းနဲ့ဗုံးအမျိုးမျိုးနဲ့ရဟတ်ယာဉ်ကျည်ဆံတွေ၊
လေထီးစစ်သားတွေရဲ့ ကျည်ဆံတွေကိုလည်းရှောင်ရမှာဖြစ်ပါတယ်၊တဆင့်ပြီးတဆင့် အန္တရာယ်များလာပြီး
အနိုင်ရဖို့ခက်ခဲတဲ့ဂိမ်းဖြစ်ပါတယ်။မည်သည့် Phone Screen Size နဲ့မဆိုကစားရအဆင်ပြေပြီးရိုးရှင်းတဲ့ဂိမ်းလေးပါ၊ဒီဂိမ်းလေးကို www.1mobile.com မှာ download ရယူနိုင်ပါတယ်။
Monday 19 December 2011
Sunday 18 December 2011
BIG CALLER ID(Mobile)
Big Caller IDလို့ခေါ်တဲ့ ဒီဆော့ဝဲလ်လေးဟာ သင့်ရဲ့ Phone Contacts List ထဲကအမည်တွေနဲ့တွဲထားတဲ့ဓာတ်ပုံတွေကို Phone Screen အပြည့်မြင်ရအောင်
လုပ်ပေးပါလိမ့်မယ်၊အသုံပြုချင်တယ်ဆိုရင် www.mobile9.com မှာ
Download ရယူအသုံးပြုနိုင်ပါတယ်။
လုပ်ပေးပါလိမ့်မယ်၊အသုံပြုချင်တယ်ဆိုရင် www.mobile9.com မှာ
Download ရယူအသုံးပြုနိုင်ပါတယ်။
အလင်းသစ်ရွေးသီရာ ၀တ္ထုတိုများ (၂၀၁၀)
စာရေးဆရာ၊ဆရာမ(၂၄)ယောက်တို့ရဲ့မဂ္ဂဇင်းဝတ္ထုတို (၂၄)ပုဒ်ကို စုစည်းပြီး အလင်းသစ်စာပေက ထုတ်ဝေပေးထားတာပါ၊လူ့အဖွဲ့အစည်း
အတွင်းက ၀ိရောဓိတွေ၊အနိုင်ကျင့်မှူတွေ၊ဘ၀အားမာန်တွေ၊နေထိုင်မှုပုံ
စံတွေကို မတူညီတဲ့တင်ပြမှုတွေနဲ့ ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ စာအုပ်ဖြစ်ပါ
တယ်၊ရသစာပေချစ်မြတ်နိုးသူတွေ ရှာဖွေဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်
ပါကြောင်း..........

ကျဆင်းနေတဲ့စာဖတ်ခြင်း
မြန်မာနိုင်ငံရဲ့ကျောင်းအတော်များများမှာရောမြို့အတော်များများမှာပါ စာကြည့် တိုက်လေးတွေရှိကြပါတယ်၊ဒါပေမယ့်စာကြည့်တိုက်အတော်များများဟာ စာဖတ်သူအရေအတွက်နဲ့စာအုပ်အရေအတွက် တဖြည်းဖြည်းလျော့နည်းလာပြီး စာကြည့်တိုက်မှူးတွေရဲ့စိတ်အားမတက်ကြွမှုတွေနဲ့အတူ သော့ခတ်ပိတ်ထားရတဲ့အခြေအနေတွေများလာပါတယ်၊ကလေးတွေ လူငယ်တွေရဲ့စာဖတ်ဝါသနာကို အစပြုပေးနိုင်တဲ့ ကျောင်းစာကြည့်တိုက်၊ရပ်ကွက်စာကြည့်တိုက်တွေနည်းပါးလာတာကြောင့် ယနေ့ခေတ်လူငယ်တွေရဲ့ ခံယူချက်အမြင်တွေ၊အနေအထိုင်အပြုအမူတွေနဲ့ လူမှုရေးလုပ်ဆောင်ချက်တွေကိုအနည်းနှင့်အများ ထိခိုက်လာနိုင်ပါတယ်။
အလိမ္မာ စာမှာရှိ ဆိုသလို ကလေးတွေလိမ္မာရေးခြားရှိမှုအတွက် မိဘနဲ့ဆရာတွေက အားလုံးပြည့်စုံအောင် မသွန်သင်နိုင်ပါဘူး၊စာအုပ် စာပေတွေဖတ်ရှူပြီး အမှားအမှန်ခွဲခြားကာ မိမိကိုယ်မိမိပြည့်စုံအောင် ပြုပြင်သင်ကြားရမှာဖြစ်ပါတယ်၊ရိုသေလေးစားတတ်အောင်၊အပြောအဆိုအနေအထိုင်ယဉ်ကျေးအောင်၊
စည်းကမ်းရှိတတ်အောင်၊တိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်လာအောင် စာအုပ်တွေကအများကြီးထောက်ပံ့ပေးနိုင်ပါတယ်၊ခံယူချက်အမြင်တွေ၊လူမှုရေးအမြင်တွေ၊ဗဟုသုတတွေဖွင့်ဖြိုးလာအောင်လည်း စာအုပ်တွေကတတ်နိုင်ပါတယ်။ဒီနေ့ခေတ်လူငယ်တွေရဲ့ အပန်းဖြေအားလပ်ချိန်တွေကို အင်တာနက်ဆိုင်၊ဂိမ်းဆိုင်တွေကဘဲ သိမ်းယူထားပြီး စာအုပ်စာပေတွေနေရာမရဖြစ်နေတယ်ဆိုတာကို ရပ်ကွက်တွေထဲမှာရှားပါးပျောက်ကွယ်လာတဲ့
စာအုပ်အငှားဆိုင်တွေကသက်သေပြနေပါတယ်။
တိုးတက်လာတဲ့ခေတ်နဲ့အညီအပန်းဖြေမှုပုံစံပြောင်းလဲလာတာအပြစ်ပြောစရာမဟုတ်ပေမယ့်
အခြေခံအသိပညာ၊ဗဟုသုတတွေရရှိနိုင်တဲ့ စာဖတ်အားတွေ လူငယ်တွေဆီမှာကျဆင်းလာတာစိတ်မကောင်းစရာဖြစ်ပါတယ်။ဒါကြောင့်ဘက်စုံထူးချွန်ပြီး လူရောစိတ်ပါ အဆင့်အတန်းမြင့်တဲ့ လူငယ်တွေများလာအောင် မိဘတွေက မိမိသားသမီးတွေစာဖတ်ဝါသနာပါလာအောင် လမ်းပြစွဲဆောင်သင့်ပြီး ဆရာတွေကလည်းစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသဘောပေါက်လက်ခံလာအောင်ညွှန်ပြ
သွန်သင်သင့်ပါတယ်၊ကျောင်းစာကြည့်တိုက်တွေရပ်ကွက်စာကြည့်တိုက်တွေအနေနဲ့လည်း ၀ါသနာအရင်းခံပြီး စေတနာနဲ့ကြိုးစားလိုစိတ်အပြည့်ရှိတဲ့ စာကြည့်တိုက်မှူးတွေကိုရွေးချယ် ခန့်ထားသင့်ပါတယ်၊အများပြည်သူတွေကလည်း မိမိဖတ်ရှုပြီးသားစာအုပ်စာပေတွေကို နီးစပ်ရာစာကြည့်တိုက်တွေ စာဖတ်ဝါသနာပါသူတွေဆီကို လက်ဆင့်ကမ်းလှူဒါန်းကြမယ်ဆိုရင်ဖြင့် ယနေ့လူငယ်တွေကြားမှာကျဆင်းလာပြီဖြစ်တဲ့ စာဖတ်အလေ့အကျင့်လေးကို ပြန်မြှင့်တင်နိုင်ပါလိမ့်မည်ဟု
ယုံကြည်မိပါကြောင်း...........
Saturday 17 December 2011
ဓာတ်ပုံပြင်တဲ့ မိုဘိုင်းဖုန်းဆော့ဝဲလ်
Photo Funia လို့ခေါ်တဲ့ဒီဆော့ဝဲလ်လေးဟာ သင့်ရဲ့ဓာတ်ပုံတွေကို ချစ်စရာကောင်းတဲ့ ဟာသပုံလေးတွေဖြစ်အောင် ပြုပြင်ပေးနိုင်ပါတယ်၊သင့်ပုံတွေကို နာမည်ကြီးမြို့တော်တွေက billboard ကြော်ငြာတွေမှာထည့်သွင်းနိုင်သလို နာမည်ကြီးသရုပ်ဆောင်တွေရဲ့ ဇာတ်ဝင်ခန်းပုံတွေထဲမှာလည်းထည့်သွင်းနိုင်မှာပါ၊အမျိုးပေါင်း ၃၀၀ ကျော်ပြုပြင်နိုင်တဲ့ဒီဆော့ဝဲလ်လေးကို အသုံးပြုဖို့အတွက် သင့်ဖုန်းဟာ Android OS 2.1 နှင့်အထက်ရှိရမှာဖြစ်ပြီး အင်တာနက် ချိတ်ဆက်ထားဖို့လိုအပ်ပါတယ်၊အသုံးပြုချင်တယ်ဆိုရင်တော့ www.1mobile.com မှာသွားရောက်ပြီး download ရယူအသုံးပြုနိုင်ပါတယ်။
Friday 16 December 2011
လက်ဗွေရာနဲ့ဖွင့်ရတဲ့ PHONE LOCK
- FINGER PRINT လို့ခေါ်တဲ့ ဒီ screen lock software လေးဟာသင့်ဖုန်းကို သင့်လက်ဗွေရာနဲ့ ဖွင့်မှရတယ်လို့ သင့်အပေါင်းအသင်း တွေယုံကြည်နေအောင် ပိပိရိရိ လှည့်စားနိုင်ပါတယ်၊လျှို့ဝှက်ချက်ကိုသင်တစ်ယောက်တည်းသာသိမှာပါ၊အသုံးပြုချင်တယ်ဆိုရင် www.mobile9.com မှာသွားရောက်ပြီး download ရယူအသုံးပြုနိုင်ပါတယ်၊Android OS 2.1 နှင့်အထက် TOUCH SCREEN Phone များအတွက်ဖြစ်ပါတယ်။
Livewallpaper နဲ့ ဂိမ်းတွဲထားတဲ့ mobile software အသစ်
CRAZY FISH လို့ခေါ်တဲ့ livewallpaper နဲ့ ဂိမ်းတွဲထားတဲ့ mobile software အသစ်လေးပါ၊ဂိမ်းထဲမှာတော့ငါးသေးသေးလေးဟာ အကောင်ကြီးလာအောင် မိမိထက်သေးတဲ့ ငါးလေးတွေကိုလိုက်စားရမှာဖြစ်ပြီး မိမိထက်ကြီးတဲ့ ငါးတွေရဲ့အစာမဖြစ်အောင်လည်းရှောင်ရမှာဖြစ်ပါတယ်၊နောက်တဖြည်းဖြည်းကြီးလာပြီး မိမိကိုလိုက်စားခဲ့တဲ့ငါးတွေ ကိုပြန်စားနိုင်မှာဖြစ်ပါတယ်၊3.8 mb ရှိတဲ့ဒီ software ကို www.mobile9.com မှာfree download နိုင်ပြီး android version 2.1 နှင့်အထက်ရှိတဲ့ mobile phone တွေမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်၊
လွန်ခဲ့သောနှစ် ၂၂၀၀ အထောက်အထားရှိသည့် မြန်မာ့သမိုင်းအမှန်
မြန်မာ့သမိုင်းကိုစိတ်ဝင်စားသူတွေအတွက် ဖတ်သင့်တဲ့စာအုပ်လေးပါ၊ဘုန်းတင့်ကျော်ရေးသားပြီးစာမျက်နှာ ၄၈ မျက်နှာရှိပါတယ်၊စာအုပ်ဆိုင်တော်တော်များများမှာ ၀ယ်ယူရရှိနိုင်ပါတယ်၊
Wednesday 14 December 2011
Subscribe to:
Posts (Atom)