menu

Friday 13 September 2013

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားများ မလေးအစိုးရ ပြန်လွှဲပေးရန် မသေချာသေး

အေးမြင့်စန်း၊ ခင်မြတ်မြတ်ဝေ | သောကြာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၂ မိနစ်
ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားများကို ပြန်လွှတ်ပေးရန် မြန်မာအစိုးရက မလေးပြည်ထဲရေးဝန်ကြီးနှင့် တိုက်ရိုက်ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာ ၁၂ ရက်တွင် အလုပ်သမား ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က
ပြောသည်။

မလေးအစိုးရမှ စီမံချက်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမ၀င် အလုပ်သမားများထဲတွင် မြန်မာနိုင်ငံမှ တတိယ အများဆုံး ထိန်းသိမ်းခံထား ရနေရာ၌ရှိပြီး တရားမ၀င် မြန်မာအလုပ်သမား ၆၀၀ ပါဝင်
နေသည်။ အထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမားများကို မလေးအစိုးထံမှ ပြန်လည်လွှဲပြောင်း ရယူနိုင်မည့် အဖြေကိုမူ ၀န်ကြီးက တိကျစွာဖြေကြားပေးခဲ့ခြင်းမရှိပေ။

“ဖမ်းဆီးထားတဲ့ တရားမ၀င်တွေကို မလေးအစိုးရက ဥပဒေတွေအရ ဘယ်လို ချမှတ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့်ပြီး ညှိနှိုင်းရဦးမယ်”” ဟု ဦးအေးမြင့်ကပြောသည်။

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြန်ဖြစ်၊ စစ်ဗိုလ် တဦး ကျဆုံး

အစိုးရ နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ရရှိရေး ဆွေးနွေး လျက်ရှိ သော်လည်း ကချင်ပြည်နယ်တွင် ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲများ ဆက်တိုက် ပြန်လည် ဖြစ်ပွားနေပြီး မြန်မာစစ်တပ်မှ စစ်ဗိုလ် အရာရှိ တဦး ကျဆုံးသွားကြောင်း သတင်း ရရှိသည်။
ကချင်ပြည်နယ် အတွင်း တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားလျက်ရှိရာ သြဂုတ်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့ ပူတာအို ခရိုင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဗန်းမော်ခရိုင်၊ မန်စီ မြို့နယ်တွင်မူ စက်တင်ဘာလ ၁၁ ရက်နေ့မှ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ သြဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင် မြန်မာစစ်တပ် မှ စစ်ဗိုလ်အရာရှိ တဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် ကျဆုံးသွားသော စစ်ဗိုလ်အရာရှိ နှင့် ပတ်သက်ပြီး ကေအိုင်အေက ဖမ်းဆီး သတ်ဖြတ်သည် ဆိုသော သတင်းများ အွန်လိုင်းလူမှုကွန်ရက် ပေါ်တွင် ပျံ့နှံ့နေပြီး ယင်းသတင်းများသည် မဟုတ်မှန်ကြောင်း ကေအိုင်အေ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက်

အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက် 
Friday, September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကောင်စစ်ဝန်ရုံးတစ်ရုံးကို တာလီဘန်စစ်သွေးကြွတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များ ပူးပေါင်းခုခံခဲ့ရကြောင်း သိရှိရသည်။ သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်
ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကောင်စစ်ဝန်က မိမိ၏ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့ပြီး အာဖဂန် ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ လုံခြုံရေး အစောင့်(၁)ဦးနှင့် စစ်သွေးကြွ (၄)ဦး သေဆုံးသည်ဟု သတင်းရရှိထားကြောင်း ပြောဆိုသွား သည်။ ကောင်စစ်ဝန်ရုံး အဝင်ဂိတ်အနီးတွင် ကြီးမားသော ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကောင်စစ်ဝန်ရုံး အဆောက်အအုံ အနီးတွင် တိုက်ပွဲများ ပြင်းထန်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

အမေရိကန်သည် အာဖဂန်မှ (၂၀၁၄)ခုနှစ်တွင် ဆုတ်ခွာရန် စီစဉ်ထားသည့်တိုင် တာလီဘန်တို့၏ တိုက်ခိုက်မှုများကို ကြုံနေရဆဲ ဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အာဖဂန်ကို အမေရိကန်တို့ စတင်စစ်ပြုစေခဲ့သည့် 9/11 အကြမ်းဖက်မှုကြီး ဖြစ်ပွားသည့် (၁၂)နှစ်မြောက် နှစ်ပတ်လည်နှင့် ရက်ပိုင်းမျှသာခြားပြီး ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဟတ်တွင် အမေရိကန် ကောင်စစ်ဝန်ရုံးကို လွန်ခဲ့သည့် (၄)နှစ်ကမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ် သည်။ တာလီဘန်တို့သည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား တစ်စင်းဖြင့် ကောင်စစ်ဝန်ရုံး ဂိတ်ဝကို အတင်းတိုးဝင် ဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့သည်။
"ပေါက်ကွဲမှုနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာတဲ့ ထရပ်ကား တစ်စင်းက ရှေ့ဂိတ်တံခါးကနေ မောင်းဝင်လာတယ်။ 

RPG လောင်ချာတွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေပါ ပါလာခဲ့ပါ တယ်။ နောက်တော့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ"ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်က ဆိုသည်။ အပြန်အလှန် ပစ်ခတ်မှုများသည် ကာလအတန်ငယ် ကြာမြင့်ခဲ့သော်
လည်း အဆုံးသတ်တွင် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများကို အန္တရာယ် မပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းကလည်း တာလီဘန်တို့သည် တော့ဟမ်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ဖူးပြီး အကျအဆုံး (၃)ဦးဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

Planet Myanmar Network
 Friday, September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကောင်စစ်ဝန်ရုံးတစ်ရုံးကို တာလီဘန်စစ်သွေးကြွတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင
့် အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များ ပူးပေါင်းခုခံခဲ့ရကြောင်း သိရှိရသည်။ သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်
ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကောင်စစ်ဝန်က မိမိ၏ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့ပြီး အာဖဂန် ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ လုံခြုံရေး အစောင့်(၁)ဦးနှင့် စစ်သွေးကြွ (၄)ဦး သေဆုံးသည်ဟု သတင်းရရှိထားကြောင်း ပြောဆိုသွား သည်။ ကောင်စစ်ဝန်ရုံး အဝင်ဂိတ်အနီးတွင် ကြီးမားသော ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကောင်စစ်ဝန်ရုံး အဆောက်အအုံ အနီးတွင် တိုက်ပွဲများ ပြင်းထန်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

အချစ်ရဲ့  အလှ အချစ်ရဲ့  အရသာ .....(ဂျူး)



သူ အိပ်ပျော်သွားပြီ။သို့မဟုတ်လည်းသူ အိပ်ပျော်လုဆဲဆဲ ဖြစ်နေပြီ။
ကျွန်မ ပန်းချီဆွဲချင်သည်။ကျွန်မအတွက်ကိုယ်ဟန်ပြပေးဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့သော
ယောက်င်္ကျားသည် ယခုအခါ ပန်းချီဆွဲခံရန်အကောင်းဆုံးကိုယ်ဟန်အနေအထားဖြင့် အဆင်သင့်ရှိနေပြီ။ အနီးမှာလည်း ထောင်စင်မှာ ချိတ်ထားသောအဖြူရောင်းကင်းဘတ်စ်က အဆင်သင့်ရှိနေသည်။ ကျွန်မ လိုအပ်သမျှမှာ အိပ်ရာပေါ်မှထထွက်လာပြီး ကင်းဘတ်စ်ရှေ့မှာ ထိုင်လိုက်ရုံပဲဖြစ်သည်။သို့သော် ကျွန်မသည်စိတ်ထဲကသာ ရွေ့လျားလျက် တကယ့်ကိုယ်ခန္ဓာက သည်အတိုင်း လဲလျောင်းနေမိသည်။

ပန်းချီစုတ်တံကို ကိုင်ရမည့်ကျွန်မ၏ညာလက်သည် သူ့ပခုံးစွန်းပေါ်မှာ ပက်လက်တင်လျက်ရှိသည်။ လက်ချောင်းကလေးတွေ၏ အပြင်ပိုင်းသည်သူ့ပခုံးစွန်းကို ထိကပ်လျက်ရှိသည်။ သူ့ပခုံးစွန်းသည် အံ့သြစရာကောင်းလောက်အောင် ချောမွေ့နေ၏။  နောက်ပြီး ချွေးစို့ပြီး အေးစက်စွာနူးညံ့နေသည်။ထိုနူးညံ့အေးစက်သည့် အတွေ့ကလေးထံမှ ကျွန်မ မခွာချင်ပါ။ အနည်းဆုံး ကျွန်မ၏ လှုပ်ရှားမှုကြောင့်တော့မခွာချင်။ ခဏကြာလျှင် သူ ဟိုဘက်သို့ စောင်းပစ်တော့မည်။

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ခိုင်းစေခံရသည့် ကလေးလုပ်သားစာရင်း ILO ထုတ်ပြန်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကလေးလုပ်သား များပြားကြောင်း အထောက်အထား ခိုင်လုံစွာ ထုတ်ဖော်ပြသရန် အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO)က မြန်မာနိုင်ငံရှိ အဆိုးရွားဆုံး ခိုင်းစေခံရသည့် ကလေးလုပ်သားစာရင်း အပါအဝင် ကလေးလုပ်သား စာရင်းအချို့ကို ယခုနှစ်အတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ILO ၏ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာစတိ(ဖ်)မာရှယ်(လ်) က The Voice သို့ ပြောကြားသည်။

အစီရင်ခံစာများကို အပိုင်းလိုက် ထုတ်ပြန်ကြေညာသွားရန် စီစဉ်ထားပြီး အဆိုးရွားဆုံး
ခိုင်းစေခံရသည့် ကလေးလုပ်သားများ အများဆုံးရှိသော လက်ဖက်ရည်ဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အခြား အန္တရာယ်ရှိသော လုပ်ငန်းခွင်များကို ဦးတည် စာရင်းပြုစုသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက်ပျံ့နှံ့

ကုလသမဂ္ဂမှ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်အတူ တွေ့ရစဉ်
ရန်ကုန်၊ စက်တင်ဘာ ၁၂

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ရန်ကုန်မြို့မှာ ရှိပါတယ်၊ ကျန်းမာရေးက စင်ကာပူက ပြန်လာတဲ့ အတိုင်းပါပဲ။ အဘအေး ဆုံးပြီဆိုလို့ ဖုန်းဆက်မေးကြတာ အများအပြား ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြီးက အသက်အရွယ်နဲ့ ကျန်းမာရေး မကောင်းတော့ … ဒီလိုပဲ ထင်တတ် ကြပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ ဘာလဲ၊ ဘယ်လဲ (မိုးမြင့်မှိုင်း (အရှေ့ပိုင်း))

8.1.1
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမ တစ်နေရာအား တွေ့ရစဉ်
အဖြေရှာသင့်ပါပြီ။ နည်းလမ်းလည်း မှန်သင့်ပါပြီ။
ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့ မှုတွေဟာ တစ်နေ့တခြား တိုးတက်များပြား လာပါပြီ။ ဒီလိုယာဉ်ကြော ကျပ်တည်းမှုနဲ့ ယာဉ်ကြောပိတ်ဆို့ မှုတွေဟာ ယခင်က ရန်ကုန်မြို့ရဲ့ အဓိကလမ်းဆုံကြီး ဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ တာမွေလမ်းဆုံနဲ့ မြို့တွင်း Down Town နေရာတွေမှသာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ယခုအခါမှာ Down Town ပြင်ပ မြို့နယ်တွေမှာပါ ဖြစ်ပွားနေပါပြီ။ ခရီးသွား ပြည်သူတွေနဲ့ ရုံးတက်ရုံးဆင်း သွားနေကြရတဲ့ ကုမ္ပဏီ ၀န်ထမ်းတွေ၊ ပုဂ္ဂလိကလုပ်ငန်း လုပ်သူတွေ၊ အစိုးရ၀န်ထမ်းတွေ တော်တော်ဒုက္ခ ရောက်ကြရပါတယ်။ တချို့ကုမ္ပဏီ ၀န်ထမ်းတွေဆိုရင် ရုံးနောက်ကျလို့ ဒဏ်ငွေပေးဆောင်ရတာတွေ၊ မှတ်တမ်းတင် သတိပေးခံရတာ ဆက်တိုက်ဖြစ်ပေါ်နေလို့ မိမိမှီခိုနေရတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုတောင် ထိခိုက်မှာ စိုးရိမ်နေကြရပါပြီ။

ဖေ့စ်ဘွတ်က သုံးစွဲသူများကို စိတ်ညစ်စေကြောင်း လေ့လာတွေ့ရှိ

အောင်မင်း ဘာသာပြန်သည်။ | သောကြာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၃၃ မိနစ်

“လူတိုင်းသည် ဖေ့စ်ဘွတ်အား အထီးကျန်စေရန်၊ ၀မ်းနည်းစေရန်အတွက် သုံးစွဲခြင်းမဟုတ်ပါ။” သို့သော် ဖေ့စ်ဘွတ် သုံးစွဲသူများမှာ စိတ်ညစ်ရခြင်း အထီးကျန်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု မစ်ချီဂန်တက္ကသိုလ်မှ စိတ်ပညာရှင် Ethan #Kross က ပြောကြားလိုက်သည်။

လွန်ခဲ့သောသီတင်းပတ် နှစ်ပတ်အတွင်း Kross နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက Ann Arbor ဒေသခံ ၈၂ ဦးထံသို့ တစ်နေ့လျှင် ငါးကြိမ်ခန့် မက်ဆေ့ခ်ျများပေးပို့ခဲ့သည်။

ယင်းသို့ပေးပို့ရသည့်အကြောင်းအရင်းမှာ ၎င်းတို့မှ ဖေ့စ်ဘွတ်သုံးစွဲသူများအနေဖြင့် မည်သို့ခံစားရသည်၊ မည်မျှ အထီးကျန်သည်၊ စိုးရိမ်သောကရောက်သည်၊ တစ်နေ့လျှင် ဖေ့စ်ဘွတ်အား အချိန်ဘယ်လောက်ကြာကြာ သုံးစွဲသည်ဆိုသည်နှင့် ယခင် မက်ဆေ့ခ်ျများအား လက်ခံရရှိပြီးနောက်ပိုင်းတွင်လူဘယ်လောက် များများနှင့် တွေ့ဆုံခဲ့ရသည် ဆိုသည်တို့အား သိရှိရန်အတွက် ယခုကဲ့သို့ပေးပို့ခဲ့ ခြင်းဖြစ်သည်။

BIC မှ ရှင်းလင်းသော ဒေါ်လာ ၁၁ ဘီလျံမှာ ၂၀၁၂ ခုနှစ် မတ်နှင့်ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသော အချက် အလက်အပေါ် မူတည် ၍ ရှင်းလင်းခြင်းဖြစ်

မြန်မာနိုင်ငံက ပြည်ပတွင်နိုင်ငံခြားငွေစာရင်းငါးခုတည်းနှင့် အမေရိကန် ဒေါ်လာ၁၁ဘီလျံ အပ်နှံထားကြောင်း ထုတ်ဖော်ပြောကြားချက်သည်၂၀၁၂ ခုနှစ် မတ် နှင့် ဧပြီလအတွင်း ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သော အစည်းအဝေးမှ ရရှိသော အချက်အလက် အပေါ်မူတည်၍ ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဒေါ်လာ ၁၁ ဘီလျံကိစ္စကို ထုတ်ဖော် ပြောကြားခဲ့သည့် BIC (Bank of Information Center) ၏ Asia Program မန်နေဂျာ Mr.Jelson Garcia က စက်တင်ဘာ ၁၂ ရက်တွင် The Daily Eleven သို့ အီးမေးလ်ပေးပို့ခဲ့ပြီး အဆိုပါ အီးမေးလ်တွင် ထိုအချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် ပါသည်။
Mr.Jelson Garcia က အီးမေးလ်မှ တစ်ဆင့် အချက်နှစ်ချက်ကို အဓိကထား ရှင်းလင်းခဲ့ပြီးမြန်မာအစိုးရအနေဖြင့် ထိုမျှများပြားသောငွေကြေးများကိုဘဏ်ထဲတွင်သိမ်းထား သည်ဟုမဆိုလိုကြောင်းနှင့် ၄င်းသည် ကမ္ဘာ့ဘဏ်ဝန်ထမ်းမဟုတ်ကြောင်း အချက်ကို ရှင်းလင်းခဲ့ခြင်းဖြစ်ပါ သည်။

အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း

''ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစားပါ''

အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။

ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။

အသက်(၁၂)နှစ်ရွယ် သမီးဖြစ်သူကို ဖခင်ဖြစ်သူမှ အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်

ကန့်ဘလူ၊ စက်တင်ဘာ ၁၂

ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာ၊ ဖောင်တော်ဦး ဘုန်းကြီးကျောင်းဝင်းအတွင်း၌ သီးသီးခူးရအောင်ဟု ဖခင်ဖြစ်သူမှ အသက် (၁၂) နှစ်အရွယ် သမီးဖြစ်သူကို ပြောဆိုခေါ်ဆောင်ပြီး သီလရှင်ကျောင်း ဟောင်းကြီးပေါ်သို့ဆွဲတင်ကာ အလိုမ တူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ပြစ်မှုဖြစ်စဉ် တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ စုံစမ်းသိရှိရသည်။

“ ပြဿနာဖြစ်ပွားခဲ့တဲ့တာက ဒီလ ၄ ရက်နေ့ ညနေ ၂ နာရီအချိန်လောက်မှာဖြစ်ပါတယ်..။ အမှုဖွင့် အရေးယူတာက ၁၀ ရက်နေ့ ညနေ ၂ နာရီအချိန်မှာပါ..” ဟု အဆိုပါ ဒေသခံ တစ်ဦးမှ ဆိုသည်။

၎င်း မိသားစုသည် ရွှေဘိုခရိုင်၊ ခင်မြို့နယ်၊ အိုင်ပေါက်ကြီးကျေးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမည့် ထိုနေ့ကဖခင်ဖြစ်သူ ကိုကျော်မိုး အသက်(၃၅) နှစ် ဘုန်းကြီးကျောင်း မီးစက်မောင်း လုပ်ကိုင်သူသည် ၎င်း၏ သမီးအရင်းဖြစ်သူ အသက်(၁၂)နှစ်အရွယ် မ.....(မခင်အေးမြင့်) ဆိုသူကို ကန့်ဘလူမြို့နယ်၊ ရွာသစ်ကျေးရွာဘက်သို့ နေကြာစေ့သွားဝယ်ရန် ပြောပြီး ဆိုင်ကယ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ရာ၊ အချိန်(၁)နာရီကျော်ခန့် ကြာမြင့်ပြီးနောက် မိခင်ဖြစ် သူ ဒေါ်....(နှင်းနှင်းထွေး) ရှိရာ မီးဖိုချောင်အတွင်းသို့ သမီးဖြစ်သူ မ....ရောက်ရှိလာပြီး ဖင်ဖြစ်သူမှ အလိုမတူဘဲ သားမယား အဖြစ် အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း ငိုယို၍ တိုင်တန်းပြောဆိုခဲ့သည်ဟု သက်ဆိုင်ရာ၏ မှတ်တမ်းများ၌ ယင်းကဲသို့ ဖော်ပြ ထားသည်။

ဖုန်းအား သွင်းရာ မီးလောင်၍ အိမ်သုံးလုံးနှင့် ကားနှစ်စီး ဆုံးရှုံး


မန္တလေးတိုင်း ဒေသကြီး အောင်မြေ သာစံမြို့နယ် ညောင်ကွဲ ရပ်ကွက်တွင် ဖုန်းအား သွင်းရာမှ အပူချိန် လွန်ကဲ၍ မီး လောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ အောင်မြေ သာစံမြို့နယ် ညောင်ကွဲ ရပ်ကွက် (၁၁)လမ်း အမှတ်(၄၁၅/ N-2)၌ ယနေ့ နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ယင်းမီးလောင်ခြင်းကြောင့် အခင်းဖြစ်ပွားရာ အနီးနား ဝန်းကျင်ရှိ နေအိမ် နှစ်လုံးပါ လောင်ကျွမ်းခြင်း ခံရပြီး ယင်းနေအိမ်များရှိ ပြိုင်ကား တစ်စီးနှင့် လိုက်ထရပ်ကား တစ်စီး၊ဆိုင်ကယ် နှစ်စီးတို့ နှင့် လူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်း ဒေသကြီးမှ မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ဦးစီးသော သန္ဓေ ၃ဝဦးနှင့် အရန် ၂ဝဝဦး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက်၂ နာရီခွဲခန့် တွင် ငြှိမ်းသတ် နိုင်ခဲ့သည်။

" အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ရပ်မှန်ရုပ်ရှင်ကားဖြင့် လူထုကို လှုံ့ဆော်ရန် ဘောလီးဝုဒ်စီစဉ် "

Photo: " အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ရပ်မှန်ရုပ်ရှင်ကားဖြင့် လူထုကို လှုံ့ဆော်ရန် ဘောလီးဝုဒ်စီစဉ် "

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်၍ သတ်ဖြတ်ခဲ့ မှုအား ဘောလီးဝုဒ် ရုပ်ရှင် အဖြစ် ရိုက်ကူး သွားမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုက်ဖျက် သွားရေး အတွက် လှုံ့ဆော်ရန် ရည်ရွယ်သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အား ထိတ်လန့်တုန် လှုပ်စေခဲ့သော နယူးဒေလီ မြို့တွင် ဘတ်စ်ကား တစ်စီးပေါ်မှ အုပ်စုဖွဲ့အဓမ္မ ပြုကျင့်မှုကို အခြေခံကာ ရိုက်ကူးမည့် ”Kill the Rapists” သည် အဓမ္မပြုကျင့်မှု သို့မဟုတ် တိုက်ခိုက်ခံ ရသော အိန္ဒိယ အမျိုးသမီးများအား ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း လာစေရေးကို အား ပေးနိုင်မည့် အပြင် အဓမ္မပြု ကျင့် လိုသော အမျိုးသား များအား ရာဇဝတ်မှု မကျူး လွန်မီ နှစ်ကြိမ်နှစ်ခါ ပြန်လည် စဉ်းစား ဆင်ခြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်လုပ် သူ Siddhartha Jain က ပြောသည်။

ဘောလီးဝုဒ် ရုပ်ရှင် လောကသည် မည်သည့် အခါကမှ ယခုကဲ့သို့ စိတ်နှလုံး တုန်လှုပ်ချောက်ချားဖွယ် ဇာတ်လမ်း များကို ရိုက်ကူးမှု မရှိခဲ့သော်လည်း ယခု ထုတ်လုပ်သူ ကမူ အိန္ဒိယပြည်သူ များကြား လိင် ရာဇဝတ်မှုနှင့် ပတ်သက် ၍ ဆွေးနွေး ငြင်းခုန်မှု အရှိန်မြင့်လာစေ လိုကြောင်း ပြောသည်။

”အရင်ကဆို ရိုးရာ ယဉ်ကျေးမှု နဲ့ ဆန့်ကျင်နေတယ် ဆိုပြီး လိင်ကိစ္စကို ဘယ်သူကမှ အကျယ် တဝင့် မဆွေးနွေးကြဘူး။ ဒါဟာ အဓမ္မမှုတွေ တိုးပွားလာ စေတဲ့ အကြောင်း တစ်ရပ်လို့ ကျွန်တော် ယူဆတယ်” ဟု ထုတ်လုပ်သူက ပြော သည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်၍ သတ်ဖြတ်မှုကြောင့် အိန္ဒိယ နိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ အရှိန်မြင့် တက်လာပြီး အမျိုး သမီးများ၏ ဘဝလုံ ခြုံမှုကို ပိုမို အကာအကွယ်ပေးရေး လှုပ် ရှားမှု အားကောင်းလာခဲ့သည်။

KYL
Ref:AFP

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်၍ သတ်ဖြတ်ခဲ့ မှုအား ဘောလီးဝုဒ် ရုပ်ရှင် အဖြစ် ရိုက်ကူး သွားမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုက်ဖျက် သွားရေး အတွက် လှုံ့ဆော်ရန် ရည်ရွယ်သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အား ထိတ်လန့်တုန် လှုပ်စေခဲ့သော နယူးဒေလီ မြို့တွင် ဘတ်စ်ကား တစ်စီးပေါ်မှ အုပ်စုဖွဲ့အဓမ္မ ပြုကျင့်မှုကို အခြေခံကာ ရိုက်ကူးမည့် ”Kill the Rapists” သည် အဓမ္မပြုကျင့်မှု သို့မဟုတ် တိုက်ခိုက်ခံ ရသော အိန္ဒိယ အမျိုးသမီးများအား ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း လာစေရေးကို အား ပေးနိုင်မည့် အပြင် အဓမ္မပြု ကျင့် လိုသော အမျိုးသား များအား ရာဇဝတ်မှု မကျူး လွန်မီ နှစ်ကြိမ်နှစ်ခါ ပြန်လည် စဉ်းစား ဆင်ခြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်လုပ် သူ Siddhartha Jain က ပြောသည်။

ရုပ်ရှင်ဆန်ဆန် မျက်နှာဖုံးများစွပ်ကာ အုပ်စုလိုက် ဓားဖြင့်ခုတ်ခဲ့ သည့် မြောက်ဥက္ကလာလူသတ်မှု ၂ နှစ်ခန့်အကြာတွင် သံသယရှိသူများအား စွဲချက်တင်ပြီ


နှစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည့် မြောက် ဥက္ကလာအတွင်း လူတစ်ဦးအား ဓားဖြင့် အုပ်စု လိုက်ခုတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ် လူသတ် မှုနှင့်ပတ်သက် ၍သံသယရှိသူ ၂၃ ဦးကို ယနေ့ (စက်တင်ဘာ ၁ဝ ရက်)တွင် ခရိုင်တရားရုံး က စွဲချက်တင်ခဲ့သည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြောက် ပိုင်းခရိုင် တရားရုံး၌ လူသတ်ရန် ကြိုတင်အကြံအစည် ရှိသော တင်ကူးကြံရွယ်ချက်ဖြစ် သည့် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ အမှတ် ၃ဝ၂ (၁)(ခ)/၃၄ ဖြင့် ဒုတိယတရားသူကြီး (၂)မှ စွဲချက်တင်ခဲ့ ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပမြို့ နွယ်သာကီ (၆)လမ်းတွင် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက်ည ၈ နာရီ ၃ဝ မိနစ်ခန့်က မြောက်ဥက္ကလာပ နွယ် သာကီ (၆)လမ်းထိပ် ရှိ 6th Star အရက်ဆိုင် အတွင်းသို့ လိုက်ထရပ်ကားပေါ်မှ ဓားရှည်ကိုင် မျက်နှာဖုံးစွပ် လူ ၆ ဦး ဆင်းကာ ဝင်ရောက် လာပြီး ဓားများဖြင့် ခုတ်ခဲ့၍ ကိုကျော်မင်း (အသက် ၃ဝ) နှစ် သေဆုံးခဲ့သည့်အမှုဖြစ်သည်။

ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို တကယ်အပြုတ်တိုက်တော့မည်လော


ကချင်ပြည်နယ် ဗန်းမော်ခရိုင်အခြေစိုက့် (KIA) တပ်မဟာ (၃) ဒေသရှိ မုန်းဒိန်ပါ၊ မုန်းခေါင်နေရာတွင် ယနေ့နံနက် မှာ တပ်မတော် နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်ဖက်မှလှုပ်ရှားလာသော အစိုးရတပ်များသည် KIA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ရှိရာဖက်သို့ လှုပ်ရှားလာသောကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA ဖက်မှအတည်ပြုသည်။

တိုက်ပွဲများသည် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်တွင်လည်း နံနက်ပိုင်းမှ ည ၆ နာရီထိ မဂျီကောင်ကဂျီမှ ဂျေခဖက်သို့လှုပ်ရှားလာသော အစိုးရတပ် ခမရ (၅၀၇) နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အစိုးရတပ်ဖက်မှကိုင်ထိပ်တောင်ကုန်းမှ KIA တပ်ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ (၃) ဌာနချုပ် မိုင်ဂျာယန်မှ KIA စစ်ဗိုလ် ဇော်ဆိုင်းက KNG ကချင်သတင်းဌာန သို့ပြောသည်။

လူကုန်ကူးမှုဖြင့် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး အမှုဖွင့်ခံရ

လူကုန်ကူးမှုဖြင့် စစ်တပ်မှဗိုလ်ကြီးတစ်ဦးကို စွပ်စွဲတိုင်တန်းသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါအမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လက မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေ ဗိုလ်ကြီးတစ်ဦးက ထိုင်းနိုင်ငံတွင်တစ်နေ့လျှင် ဘတ်ငွေ ၃၀၀ ရမည့်အလုပ်လုပ်လိုပါက ၎င်းကိုယ်တိုင် လိုက်ပို့ပေးမည်၊ ကျပ်ငွေ ၁၆၀၀၀၀ ပေးရမည်ဟု ပြောဆိုခဲ့သည်ဟု တိုင်တန်းထားသည်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် အမျိုးသား၏ မိသားစုဝင်များက ဗိုလ်ကြီး၏ မိခင်ဖြစ်သူထံ ငွေကိုသွားရောက် ပေးချေခဲ့ကြောင်း ထိုသူ၏ မိခင်က ရဲစခန်း၌ ထွက်ဆိုထားသည်။

ဒေသခံများကို ဖိလစ်ပိုင်မွတ်ဆလင်သူပုန်များ လူသားဒိုင်း အကာအကွယ်ယူ

Photo: ဒေသခံများကို ဖိလစ်ပိုင်မွတ်ဆလင်သူပုန်များ လူသားဒိုင်း အကာအကွယ်ယူ

မနီလာ၊ စက်တင်ဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်က သူပုန်များကို ရင်ဆိုင်ရန် နေရာယူထားစဉ် သူပုန်များက ဒေသခံ ၁၈၀ ကို လူသားဒိုင်းအဖြစ် ကာကွယ် အသုံးပြုထားကြောင်း အစိုးရအရာရှိများကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) အဖွဲ့ ဖြစ်ပြီး မြို့တော်ဇမ်ဘိုအန်ဂါ၏ လမ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်ကမ်းတက် တပ်ဖွဲ့များက ပြန်လည်နှိမ်နင်းနေရသည်။

"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။

ဖိလစ်ပိုင်ကမ်းတက်တပ်ဖွဲ့က မိုရိုသူပုန်ကိုးဦးကို တန်ပြန်စစ်ဆင်ရေးတွင် အသေဖမ်းမိခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ် ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူးကြီး ဂရီဂိုရီဖာဗစ်က AFP ကို ပြောကြားခဲ့သည်။

လူအင်အားနှစ်ရာနီးပါးရှိသော မိုရိုသူပုန်များကို ဖိလစ်ပိုင်အထူးတပ်ဖွဲ့ဝင် ၁၅၀၀ခန့်က ဝိုင်းထားပြီးဖြစ်ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်သူ ဗိုလ်မှူးကြီးရာမွန် ဇာဂါလာက အတည်ပြုပေးထားသည်။

သူပုန်များဘက်ကလည်း တန်ပြန်ခုခံရန် အဆင်သင့်ရှိပါကြောင်း မိုရိုသူပုန် ပြောခွင့်ရပုဂ္ဂိုလ်က ပြည်တွင်းသတင်း ရေဒီယိုတစ်ခုကို ဖြေကြားခဲ့သည်။

အာဏာပိုင်များအနေနှင့် သူပုန်များနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်လည်း ပြင်ဆင်ထားကြောင်း ပြည်ထဲရေးဝန်ကြီး ရိုဆက်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

ဒေသခံ ၁၈၀ ခန့်ကို သူပုန်များက ဓားစာခံများကို မနုဿဒိုင်းအဖြစ် ကာထားပြီး အစိုးရတပ်များ၏ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကို ကာကွယ်ထားသည် ဟုလည်း ၄င်းကဆိုသည်။

မိုရိုမွတ်ဆလင်သူပုန် များသည် ကက်သလစ်ဘာသာဝင် များသော ဖိလစ်ပိုင် နိုင်ငံတွင် တောင်ပိုင်းဒေသကို လွတ်လပ်ရေး ပေးရန်အတွက် ရည်ရွယ်ပြီး လက်နက်ကိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

မနီလာ၊ စက်တင်ဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် ပြင်းထန်သောတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်က သူပုန်များကို ရင်ဆိုင်ရန် နေရာယူထားစဉ် သူပုန်များက ဒေသခံ ၁၈၀ ကို လူသားဒိုင်းအဖြစ် ကာကွယ် အသုံးပြုထားကြောင်း အစိုးရအရာရှိများကို ကိုးကားလျက် AFP သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။

သူပုန်အင်အားစုများမှာ မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (MNLF) အဖွဲ့ ဖြစ်ပြီး မြို့တော်ဇမ်ဘိုအန်ဂါ၏ လမ်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ဖိလစ်ပိုင်ကမ်းတက် တပ်ဖွဲ့များက ပြန်လည်နှိမ်နင်းနေရသည်။

"ကျွန်တော်တို့ စိုးရိမ်ကြောက်လန့် မိပါတယ်။ ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း ပြန်လုပ်နိုင်အောင် ဒီပြဿနာကြီး မြန်မြန်ပြီးသွားဖို့ လိုပါတယ်" ဟု ဒေသခံ တစ်ဦးဖြစ်သူ အက်ဒ်လာဂွါတန်က ဆိုသည်။
"မြို့ကိုတက်လာတဲ့ သူပုန်တွေကို တွေ့လိုက်ပါတယ်။ သူတို့ပုံက အသေခံပြီး တိုက်တော့မယ့်ပုံမျိုးပါ" ဟု ၄င်းဒေသခံက ပြန်လည်ပြောပြသည်။

ဓာတုလက်နက်များ နိုင်ငံတကာလက်သို့ အပ်မည်ဟု ဆီးရီးယားသမ္မတအာဆတ် အတည်ပြုပြောကြား

Photo: ဓာတုလက်နက်များ နိုင်ငံတကာလက်သို့ အပ်မည်ဟု  ဆီးရီးယားသမ္မတအာဆတ် အတည်ပြုပြောကြား

ဒမတ်စကတ်၊ စက်တင်ဘာ ၁၂    

စစ်ရေးခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသော ဆီးရီးယားသည် ၄င်းတွင် ရှိသည့် ဓာတုလက်နက် များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် ဆီးရီးယားသမ္မတ အာဆတ်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားအစိုးရ ရုပ်မြင်သံကြား ဖြစ်သော Rossiya 24 တွင် ဆီးရီးယား သမ္မတအာဆတ်က ပြောကြားရာတွင် ဆီးရီးယားတွင်ရှိသော ဓာတုလက်နက်များ ကို နိုင်ငံတကာလက်သို့ အပ်မည့်ကိစ္စကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆီးရီးယား ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှု အောက်သို့အပ်ရန် ဆုံးဖြတ်ခြင်းသည် အမေရိက၏ စစ်ရေးခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ ရုရှား၏ အဆိုပြုချက်ကြောင့်
ဖြစ်ကြောင်း ဆီးရီးယားသမ္မတ အာဆတ်က ပြောကြားသည်။

ဆီးရီးယားသမ္မတ အာဆတ်၏ ဓာတုလက်နက်အပ်ရန် ပြောကြားချက် သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ ဂျီနီဗာတွင် ဆီးရီးယား ဓာတုလက်နက်အရေး နှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သြဂုတ်လ ၂၁ ရက်နေ့က ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီးတွင် ဆီးရီးယား အစိုးရ၏ အဆိပ်ငွေ့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်း များက ဆိုသည်။

အဆိုပါသတင်းကို ဆီးရီးယားသမ္မတ အာဆတ်က ငြင်းဆိုလျက်ရှိပြီး အဆိုပါ ဓာတုလက်နက်မှာ ဆီးရီးယား သူပုန်များ အသုံးပြုခြင်းဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုခဲ့ခြင်းကြောင့် ဆီးရီးယားကို စစ်ရေးဖြင့် အရေးယူရန် အမေရိကန်သမ္မတ အိုဘားမားက ဆီးရီးယားအနီး မြေထဲပင်လယ်ထဲသို့ အမေရိကန်စစ်သင်္ဘောများ စေလွှတ်ထားပြီး ကွန်ဂရက်လွှတ်တော်သို့ အတည်ပြုချက် တောင်းခံထားသည်။

ဆီးရီးယားကို စစ်ရေးဖြင့် တိုက်ခိုက်ရန် အမေရိကက ပြင်ဆင်လျက်ရှိနေချိန်တွင် ဆီးရီးယားရှိ ဓာတုလက်နက်များကို နိုင်ငံတကာလက်သို့ အပ်ရန် ရုရှားက အကြံပေးခဲ့ပြီး ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ကလည်း လက်ခံခဲ့ပြီးနောက် အမေရိက၏ စစ်ရေးဖြင့် တိုက်ခိုက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့သည်။

ဆီးရီးယားရှိ ဓာတုလက်နက်များကို နိုင်ငံတကာ ထိန်းချုပ်မှုအောက်တွင် ထားမည့်ကိစ္စနှင့် ပတ်သက်၍ ရုရှား နိုင်ငံခြားရေးဝန်ကြီး အစီအစဉ်သုံးခုကို အစောပိုင်းက ချပြခဲ့သည်။

ဆီးရီးယားအနေနှင့် အပြည်ပြည် ဆိုင်ရာ ဓာတုလက်နက်နှင့် ပတ်သက်သည့် သဘောတူညီချက်ကို လိုက်နာလက်ခံရေး၊ ဆီးရီးယားရှိ ဓာတုလက်နက်များ ထားရှိရာ နေရာကို ပြသရမည် ဖြစ်သကဲ့သို့ ယင်းလက်နက် များနှင့် ပတ်သက်သည့် အစီအစဉ်များ ကိုလည်း အသေးစိတ် ထုတ်ဖော်ပြောကြားရေး၊ အဆိုပါ ဓာတုလက်နက်များကို မည်သို့စီမံမည်ဆိုသည့် ကိစ္စကို ကျွမ်းကျင်သူများက ဆုံးဖြတ်ရေး ဟူသော အစီအစဉ်ကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ချပြခဲ့သည်။

ဒမတ်စကတ်၊ စက်တင်ဘာ ၁၂

စစ်ရေးခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်နေရသော ဆီးရီးယားသည် ၄င်းတွင် ရှိသည့် ဓာတုလက်နက် များကို နိုင်ငံတကာ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် ဆီးရီးယားသမ္မတ အာဆတ်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဆီးရီးယားအစိုးရ ရုပ်မြင်သံကြား ဖြစ်သော Rossiya 24 တွင် ဆီးရီးယား သမ္မတအာဆတ်က ပြောကြားရာတွင် ဆီးရီးယားတွင်ရှိသော ဓာတုလက်နက်များ ကို နိုင်ငံတကာလက်သို့ အပ်မည့်ကိစ္စကို အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆီးရီးယား ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှု အောက်သို့အပ်ရန် ဆုံးဖြတ်ခြင်းသည် အမေရိက၏ စစ်ရေးခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ ရုရှား၏ အဆိုပြုချက်ကြောင့်
ဖြစ်ကြောင်း ဆီးရီးယားသမ္မတ အာဆတ်က ပြောကြားသည်။

ကမာရွတ်မြို့နယ်တွင် တစ်ညတည်း၌ ယာဉ်အစီး ၄၀ ကျော် ဘီးတာယာများ ထိုးဖောက်ခံရ


ရန်ကုန်၊ စက်တင်ဘာ ၁၂

ရန်ကုန်မြို့တော် ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်စောစောပိုင်းက လမ်းပေါ်ရပ်နားထားသည့် ယာဉ်အစီးရေ ၄၀ ခန့် ၏ ဘီးတာယာများကို ချွန်ထက်သည့်အရာဖြင့် ထိုးဖောက်ခံမှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်ပိုင်ရှင် များက ပြောကြားသည်။

ကမာရွတ်မြို့နယ် အမှတ် (၈) နှင့် အမှတ် (၃)အတွင်းရှိ လှည်းတန်းလမ်း၊ မင်္ဂလာလမ်း၊ ရတနာလမ်းနှင့် မဟာဆိုရှယ်လမ်း၊ ခေမာလမ်း၊ မာလာလမ်း၊ စေတနာလမ်း၊ အဝေရာလမ်း၊ ဘောဂလမ်းနှင့် ဦးထွန်းလင်းခြံလမ်း တို့တွင် ညအိပ်ရပ်နား ထားသည့် အိမ်စီးယာဉ်များနှင့် အငှားယာဉ် အစီး ၄၀ ခန့်တို့၏ ဘီးတာယာများ ထိုးဖောက် ခံရသော်လည်း အခြားပစ္စည်းများ ပျောက်ဆုံးခြင်း မရှိခဲ့ကြောင်း အမှတ် (၈) ရပ်ကွက်တွင် နေထိုင်သူ ယာဉ်ပိုင်ရှင် မျာ က The Voice သို့ပြောကြား သည်။

မြန်မာအစိုးရနဲ့ နိုင်ငံခြားဘဏ်ရောက် ၁၁ ဘီလံယမ်

မေး။  ။  လောလောဆယ်မှာ အတော်လေး ဆူဆူညံညံဖြစ်နေတဲ့ မြန်မာနိုင်ငံ က နိုင်ငံခြားမှာ ဘဏ်အပ်ငွေစာရင်း ငါးခုနဲ့ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စကို ကြည့်ရအောင်ပါ။ ကိုကျော်ကျော်သိန်းက ဒီကိစ္စကို တောက်လျှောက် စုံစမ်းထားတယ်ဆိုတော့ အခု နောက်ဆုံး သိထားရသမျှ ပြောပြပါဦးရှင့်။

ဟုတ်ကဲ့ပါ၊ ဒီ ပြည်ပအပ်နှံငွေ ၁၁ ဘီလီယံကိစ္စ စပြီးထွက်လာတာက ပြည်တွင်း သတင်းမီဒီယာတွေပေါ်မှာပါဖြစ်ပါတယ်။ သူတို့ ကိုးကား ရေးသားထားတာကတော့ Bank Information Center လို့ခေါ်တဲ့ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေပေါ့လေ World Bank တို့ IMF တို့ ADB တို့ အဲ့ဒီ့လိုအဖွဲ့အစည်းတွေကို စောင့်ကြည့်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့က အာရှဆိုင်ရာအစီအစဉ်ရဲ့ မန်နေဂျာ Jelson Garcia ဖြစ်ပါတယ်။ ဒီအကြောင်းကို ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက ရန်ကုန်မြို့မှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း မစ္စတာဂါဆီယာက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မစ္စတာ Jelson Garcier ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာမှာ ကျနော်တို့ အဆက်အသွယ် မရခဲ့ပါဘူး။ သူဟာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာပြီး ဒေသတွင်း နိုင်ငံတခုကို သွားနေတယ်လို့ပဲ ကျနော်တို့ အကြမ်းဖျင်းသိပါတယ်။ မစ္စတာဂါဆီယာ ပြောခဲ့တယ်ဆိုတဲ့ မီဒီယာသမားတွေနဲ့ ဆွေးနွေးပွဲမှာ ကူညီပြီးတော့ဘာသာပြန်ပေးခဲ့ကြသူတွေကလည်း အတိအကျ တရားဝင်ပြောဖို့ ငြင်းခဲ့ကြပါတယ်။ ဒါကြောင့် ဒီကိစ္စကို မစ္စတာဂါဆီယာ ပြောခဲ့သလား မပြောခဲ့ဘူးလား ဆိုတာကိုတောင်မှ ကျနော်တို့ ခုချိန်မှာ အတည်မပြုနိုင်သေးပါဘူး။
Related Posts Plugin for WordPress, Blogger...

ShareThis