ပညာရှင်
ပညာရှိ၊ ပညာရှင်၊ ပညာတတ်၊ ပညာကျော်၊ ပညာသည်၊ ပညာသင်စတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဝေါဟာရများ ကွဲပြားနေသလို လူပုဂ္ဂိုလ်များရဲ့ အရည်အချင်း၊ ရပ်တည်ချက်တွေလည်း အနည်းနဲ့အများ ကွဲပြားနေပါတယ်။
ပညာဆိုသော စကားလုံးကို လက်လှမ်းမီသရွေ့ တင်ပြပါမယ်။ knowledge, learning, education, schooling, skill, craft လို့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ ဖွင့်ဆိုထားပါတယ်။ ဗဟုသုတ ကြွယ်ခြင်း၊ သင်ယူတတ်မြောက်ခြင်း၊ ကျောင်းစာပေ၊ ကျွမ်းကျင်မှု၊ လက်မှုအတတ်လို့ ဆိုလိုပါတယ်။ အခြားဖွင့်ဆိုချက်က ပညာဆိုတာ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ အသိ၊ အတတ်လို့ ဆိုပါတယ်။
ဆိုတော့ ပညာရှိ (Man of wisdom, sage, savant) ဆိုတာ အတတ်တွေ ကျွမ်းကျင်တတ်မြောက် ရုံသာမက အမှားအမှန် ခွဲခြားနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမှာပါ။ လက်ရှိပညာရှိ (မိမိကိုယ်မိမိ ပညာရှိလို့ သတ်မှတ်ထားသူများ) များ အမှန်တကယ် အမှားအမှန်ကို ခွဲခြားသိမြင်သလို အမှန်ဘက်မှ ရဲရင့်တည်ကြည်စွာ ရပ်တည်ပေးပါရဲ့လား။ ရပ်တည်ရဲပါရဲ့လား၊ ရပ်တည်နေပါသလား။
ပညာရှင် (scholar in a particular branch of knowledge or study, skilled practition) ပညာရပ်တစ်ခု တတ်မြောက်ပြီး အဲဒီပညာရပ်နဲ့ ဘ၀ရပ်တည်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ပညာရှင်ဟာ မိမိတတ်မြောက်ထားတဲ့ ပညာရပ်ရဲ့ ရပ်ဝန်းမှာ ကျင်လည်ကျက်စား နေထိုင်သူ ဖြစ်ရပါမယ်။ ပညာရပ်နဲ့ ဝေးရာမှာ နေထိုင်ခြင်းဟာ မိမိပညာကို ပစ်ပယ်လိုက်တာနဲ့ အတူတူပါပဲ။ ကြာလေလေ မိမိတတ်မြောက်ထားတဲ့ ပညာ ပျောက်ဆုံးသွားနိုင်သလို မိမိရဲ့ ပညာရှင် ဘ၀ကိုပါ လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။












![မိုးပျံပူဖောင်းဖြင့် မြောက်ကိုရီးယားသို့ သမ္မာကျမ်းစာအုပ်များ ချပေး
[ ဆိုးလ် ၊ နိုဝင်ဘာ ၁၀ ၊ Daily Mirror ]
ခရစ်ယာန် သင်းအုပ်ဆရာတော်ဖိုလီးနှင့် ကိုလိုရာဒိုအခြေစိုက်အဖွဲ Seoul USA သည် လွန်ခဲ့သည့်ခုနစ်နှစ် ကတည်းက ပေ၄ဝရှည်သော မိုး ပျံပူဖောင်းများနှင့် သမ္မာကျမ်းစာ အုပ်များကို သယ်ဆောင်စေလျက် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ချပေးနေခဲ့သည်။ မြောက်ကိုရီး ယားတွင် ခရစ်ယာဉ်ဘာသာကို ပိတ်ပင်ထားသည်။
လွန်ခဲ့သည့်နှစ်က ၎င်းတို့ သည် မြောက်ကိုရီးယားနိုင်ငံအ တွင်း ခန့်မှန်းခြေသမ္မာကျမ်းစာ အုပ်၅၀၀၀ဝခန့် ချပေးခဲ့သည်။ တရားမဝင်သော်လည်း မြောက် ကိုရီးယားတွင် ခရစ်ယာန်ဘာသာ ဝင်၁၀၀၀၀ဝခန့်ရှိမည်ဟု ဖိုလီးက ခန့်မှန်းထားသည်။ ၎င်းတို့အ နက် ၃၀၀၀ဝမှာ ထိန်းသိမ်းရေး စခန်း၌ ရောက်ရှိနေပြီး အလုပ် အလွန်အကျွံလုပ်ရခြင်း၊ ငတ် မွတ်ခြင်း၊ နှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ပင် ခံရသည် ဟုသိရသည်။ ''သူတို့ဟာ ကမ္ဘာ ပေါ်မှာ နှိပ်စက်အခံရဆုံး ယုံ ကြည်ကိုးကွယ်သူတွေပါ''ဟု ၎င်း ကFox News သို့ ပြောကြားခဲ့ သည်။
မြောက်ကိုရီးယားနိုင်ငံ သားများသည် ဂျူချီဝါဒကို စွဲ မြဲလိုက်နာရန် ဖိအားပေးခံနေရ သည်။ ၎င်းဝါဒမှာ မာ့က်စ်ဝါဒ နှင့် မြောက်ကိုရီးယားတည် ထောင်သူ ကင်အီဆွန်းနှင့် ၎င်း၏ အဆက်အနွယ်များကို ကိုးကွယ် မှုရောနှောထားသော ဝါဒဖြစ်သည်။ကျေးလက်ဒေသမှ ပြည်သူ များအနေဖြင့် သမ္မာကျမ်းစာအုပ် များကို မသိမသာကောက်ယူလိမ့် မည်ဟုဆိုသည့် မျှော်လင့်ချက်ဖြင့် သင်းအုပ်ဆရာ ဖိုလီးနှင့် ၎င်း၏အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ အတွင်း သမ္မာကျမ်းစာအုပ်များ ချပေးနေခြင်းဖြစ်သည်။
မြောက်ကိုရီးယားတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ပိုင် ဆိုင်ခြင်းသည် ပြစ်မှုတစ်ခုဖြစ် သည်။ ယင်းပြစ်မှုကို ကျူးလွန် သူနှင့် ၎င်း၏မိသားစုမှ မျိုးဆက် သုံးဆက်ကို အကျဉ်းစခန်းသို့ပို့ ကြောင်း သိရသည်။](https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn2/s403x403/1453529_676494829036107_1519990866_n.jpg)










![လင်ကွန်းကိုလုပ်ကြံခဲ့သော တရားခံလေးဦး၏ ကြိုးပေးသည့်ဓာတ်ပုံများ လေလံတင်
[ ၀ါရှင်တန် ဒီစီ ၊ နိုဝင်ဘာ ၁၀ ၊ Daily Mail ]
သမ္မတအေဗရာဟင်လင် ကွန်းအား ပူးပေါင်းလုပ်ကြံသတ် ဖြတ်ရာတွင်ပါဝင်ခဲ့သည့် တရားခံ လေးဦးကို ကြိုးပေးစီရင်စဉ်က ရိုက်ကူးထားသော ဓာတ်ပုံလေး ပုံအား မယုံနိုင်ဖွယ်ရာပင် အမေ ရိကန်ဒေါ်လာ ၁၀၀၀၀ဝနှင့် လေ လံတင်ရောင်းချခဲ့ကြောင်း သိရ သည်။
သမိုင်းဝင်ဖြစ်ရပ်မှတ်တမ်း တင် ဓာတ်ပုံများကို ၁၈၆၅ခုနှစ် ဇူလိုင်ရရက်က ဝါရှင်တန်ဒီစီတွင် အလက်ဇန္ဒားဂါနာဆိုသူက ရိုက် ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ကြိုးစင်တစ်ဝိုက်တွင် စစ်သားများ၊ သတင်းထောက်များနှင့် မျက်မြင် သက်သေများစုဝေးနေပုံကို သရုပ် ဖော်ထားသော ထိုဓာတ်ပုံများအား ပထမဆုံးဖိုတို ဂျာနယ်လစ်က နမူ နာများအဖြစ် ထည့်သွင်းထားခဲ့ သည့်ဓာတ်ပုံများလည်း ဖြစ်သည်။
Swann Galleriesလေလံ ရုံတွင် ဓာတ်ပုံလေးပုံအား လေလံ တင်ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ၂၀၀၀ဝနှင့် ၃၀၀၀ဝအ ကြား ရရှိမည်ဟု မျှော်လင့်ထား ခဲ့ကြောင်း သိရသည်။
ပူးပေါင်း လုပ်ကြံရာတွင် ပါဝင်ခဲ့သူများဖြစ် သည့် လူးဝစ်ပါဝဲလ်၊ ဒေးဗစ်ဟာ ရိုး၊ ဂျော့ဂ်ျအက်ဇာရော့နှင့် မေ ရီဆူရက်တို့ကို ကြိုးပေးရာတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်ပြီး မေရီဆူရက်သည် အမေ ရိကန်ပြည်ထောင်စုအစိုးရ၏ ကြိုး ဒဏ်စီရင်ခြင်းခံရသော ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်သည်။
သမ္မတလင်ကွန်းကို ပူးပေါင်း လုပ်ကြံရာတွင်ပါဝင်သူ အမျိုး သားခုနစ်ဦးနှင့် အမျိုးသမီးတစ် ဦးအပါအဝင် ရှစ်ဦးဖြစ်သော်လည်း ပူးပေါင်းလုပ်ကြံရာတွင် ပါဝင်ကျူး လွန်မှုအတိုင်းအတာအရ အက် ဇာရော့၊ ဟာရိုး၊ ပါဝဲလ်နှင့် ဆူရက် တို့ လေးဦးကိုသာ ကြိုးဒဏ်စီရင် ခဲ့ခြင်းဖြစ်သည်။ ကြိုးပေးရာတွင် အနိဋ္ဌာရုံမြင်ကွင်းကို အမိအရ မှတ်တမ်းတင်ရိုက်ကူးခဲ့သူမှာ စကော့လူမျိုး ဓာတ်ပုံဆရာအ လက်ဇန္ဒားဂါနာဖြစ်ကြောင်း သိ ရသည်။](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-frc3/p320x320/1465315_676476995704557_819485841_n.jpg)











