menu

Wednesday 28 March 2012

ယခုနှစ် မန္တလေးတွင် သင်္ကြန်မဏ္ဍပ် ပိုမိုများပြား

မကြာမီ ကျရောက်တော့မည့် မဟာသင်္ကြန်ပွဲတော်တွင် နန်းမြို့ ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ်၊ အလှပြမဏ္ဍပ်များ ယမန်နှစ်က ထက်ပိုမိုများပြားကြောင်း မဟာ သင်္ကြန်ပွဲတော် ကျင်းပရေးကော် မတီမှ သိရသည်။
ယမန်နှစ်က နန်းမြို့ကျုံးပတ် လည်တွင် ရေကစားမဏ္ဍပ်၊ ဖြေ ဖျော်ရေးမဏ္ဍပ် ၅၁ ခုသာရှိရာမှ ယခုနှစ်တွင် ရေကစားမဏ္ဍပ်၊ ဖြေ ဖျော်ရေးမဏ္ဍပ် ၈၆ ခု ရှိကြောင်း၊ ၂၆ လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ ကြားသည် မဏ္ဍပ်အများဆုံးဖြစ် ကြောင်း ကျင်းပရေး ကော်မတီမှ သိရသည်။
၂၀၁၁ က ၆၆ လမ်း၊ ၁၂ လမ်းနှင့် ၂၆ လမ်းကြားတွင် မဏ္ဍပ် ၁၀ ခု၊ ၂၆ လမ်း၊ ၆၆ လမ်း_လမ်း ၈၀ ကြားတွင် မဏ္ဍပ် ၄၅ ခု၊ ၁၂ လမ်း၊ ၆၆ လမ်းနှင့် လမ်း ၈၀ ကြားတွင်သုံးခု၊ လမ်း၈၀၊ ၁၂ လမ်းနှင့် ၂၆ လမ်း ကြားတွင်သုံးခုသာ ရှိခဲ့သည်။
ယခုနှစ်တွင် ၂၆ လမ်း၊ ၆၆ လမ်း_ လမ်း ၈၀ ၌ ယခင်နှစ် ကထက် ၂၂ ခုပိုများကာ မြို့တော်ဝန်ဗဟိုမဏ္ဍပ်အပါအ၀င် ၇၇ ခုရှိမည်ဖြစ်ကြောင်း မဏ္ဍပ်များ နေရာချထားရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြို့တော်ဝန်ဗဟိုမဏ္ဍပ်တွင် Metal Zone တေးဂီတ၊ မြို့တော် စည်ပင်မင်္ဂလာ ဆိုင်းဝိုင်းတော်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန မင်္ဂလာစည်တော်အဖွဲ့၊ Music Boy, Green House တေးဂီတ၊ မြို့ တော်စည်ပင်ခေတ်ပေါ်တေးဂီတ အဖွဲ့များနှင့်အတူ သိန်းတန်(မြန်မာ
ပြည်)၊ မာရဇ္ဇ၊ ဇော်ပိုင်၊ ရဲလေး၊ ပွင့်၊ ခင်မောင်ထူး၊ သန်းမြတ်စိုး၊ ကြည်သာ(ပွဲကြိုက်ခင်)၊ နန်းရှေ့ သားလူရွှင်တော်အဖွဲ့တို့ပါဝင် ဖြေ ဖျော်ကြမည်ဖြစ်သည်။
Alpine မဏ္ဍပ်တွင် The Three တေးဂီတအဖွဲ့နှင့်အတူ Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ ဟန်ထွန်း၊ ခင်လေးနွယ်တို့ ပါဝင်ဖြေဖျော်ကြမည်ဖြစ်သည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis