menu

Sunday 22 July 2012

ပြိုင်ပွဲ(ဒေါက်တာခင်မောင်ညို)

ကားဟောင်းတွေကို ဖျက်၍ ကားသစ်များ ၀င်လာပေပြီ၊ ကျွန်တော်တို့ မျှော်လင့်ထားသော ကားအသစ်များဝင်လာသည်ကို မျက်ဝါးထင်ထင် မြင်နေရပါပြီ။ သို့သော် ကားဟောင်းတွေနှင့် ဆီစားသောကားများ အ၀င်များနေပါသေးသည်။ လိုင်းကားနှင့် အခြားလွယ်သော သယ်ယူပို့ဆောင်ရေးစနစ်ကို ကြည့်ဖို့ လိုသေးသည်  . . .


''ကားတွေဗျာ၊ အတော်ကောင်း နေတာပဲ၊ ဘာလို့ ဖျက်ဆီးပစ်လိုက်တာလဲ 'အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေစဉ် ပါးစပ်မှ ထွက်သွားသော စကားပါ။ ကျွန်တော်သည်ကားတွေကို ဖိညှစ်ကာအတုံးများဖြစ်အောင် ပြုလုပ်ထားသည်များကို ၁၂ ဘီးကားကြီးများဖြင့် သယ်သွားသည် ကို မကြာခဏ တွေ့ရပါသည်။ ဒီလိုတွေ့တော့ စိတ်မကောင်းစွာဖြင့် ပြောလိုက်ခြင်းပါ။

''ဒီကားတွေက ၁၀ နှစ်သက်တမ်းကျော်သွားပြီ၊ တစ်ခါတစ်ခါလည်း နှစ်၂၀ လောက်ရှိသွားတယ်၊ ကားအဟောင်းတွေနဲ့ အသစ်တွေကိုလဲတဲ့ ၀န်ဆောင်မှုတွေကို ကုမ္ပဏီတွေက လုပ်ပေးတာလည်း ရှိတယ်။ ကားကိုဖျက်ဖို့ ပို့တာလည်း ရှိတယ်။ ကားအစစ်တွေ စီးတာပေါ့''

သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ချွန်ဘူရီခရိုင် စက်မှုဇုန် သွားရောက်လေ့လာ

နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အရ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ၀န်ကြီးများအဖွဲ့ဟာ ဒီကနေ့မနက် (၁၁) နာရီမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိသွားပါတယ်။ သမ္မတနဲ့အဖွဲ့ကို ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီအဖွဲ့ဝင် ခွန်မွန် လာချာဝေါင်စီနဲ့ ဒုတိယ ၀န်ကြီးချုပ် ခွန်ယူသာဆပ် တို့က ကြိုဆိုခဲ့ကြပါတယ်။
RFA
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် လမ်ချဘန် စက်မှုဇုန်တွင်၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ထိုင်း အရာရှိများက ကြိုဆိုနေကြစဉ်။
သမ္မတဦးသိန်းစိန် နဲ့အတူ  ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြတဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဦးအောင်ကြည်၊ ဦးသန်းဌေးတို့နဲ့အတူ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ် ၀န်ကြီးချုပ် နှစ်ဦးတို့ အပါအ၀င် အဖွဲ့ဝင်ပေါင်း ၅၀ ကျော်လိုက်ပါလာကြပါတယ်။

Dell Inspiron 14z


အသေးစိတ်ဖော်ပြချက်
ဈေးနှုန်းသင့်တင့်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်တွေ မြင့်မားကောင်းမွန်တဲ့ Dell Insprion 14z ကို 1.7GHz Intel Core i5-3317U ပရိုဆက်ဆာနဲ့ထုတ်လုပ်ထားပြီး 1,333MHz DDR3 memory 8GB ထည့်သွင်းပေးထားပါတယ်။


Hard drive အနေနဲ့ကတော့ HDD 500GB အပြင် 5,400rpm နဲ့အသုံးပြုနိုင်မယ့် SSD 32GB လည်းပါဝင်ပြီး Intel HM77 chipset နဲ့ AMD Radeon HD 7570M/ Intel HD Graphics 4000 ဂရပ်ဖစ်တို့ကိုလည်း အသုံးပြုပေးထားတာတွေ့ရပါတယ်။ Windows 7 Home Premium (64-bit) နဲ့အသုံးပြုနိုင်ပြီး 1,366x768-pixel resolution ရှိတဲ့ ၁၄ လက်မအရွယ် display တပ်ဆင်ပေးထားကာ HDMI video output စနစ်လည်းပါဝင်ပါတယ်။ အချက်အလက်တွေ ရွှေ့ပြောင်းဖို့အတွက် USB 3.0 port နှစ်ခုအပြင် SD card reader တစ်ခုလည်း ထည့်သွင်းပေးထားပြီး Ethernet, 802.11n Wi-Fi, Bluetooth စတဲ့စနစ်တွေနဲ့ ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ခုနစ်လအတွင်း (၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ် ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ မော်ဒယ်မြင့် ကားသစ်တစ်စီး ထပ်မံခိုးယူခံရ

Toyota Mark-x


ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ ဇူလိုင်လ ၂၁ ရက်နေ့အတွင်း(၁၀)ကြိမ်မြောက် ကားခိုးမှုအဖြစ်ကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ မော်ဒယ်မြင့်ကား သစ်တစ်စီး ထပ်မံခိုးယူခံရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်များအနက် သုံးမှုကို ဖော်ထုတ်အရေးယူခဲ့ပြီး ကျန်အမှုများကို စစ်ဆေးစုံစမ်းနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တိုက်ခန်းတွေမှာ ကားရပ်ဖို့ နေရာမရှိတာက အခုလိုမျိုး ကား ခိုးခံရတဲ့ အကြောင်းရင်းတစ်ရပ်လို့ ကျွန်မမြင်ပါတယ်။ တိုက်ခန်း နေသူတွေ ကိုယ့်ကားကို လုံခြုံစွာထားနိုင်ဖို့ ကားပါကင်နေရာလည်း မရှိတော့ ဆိုးတာပေါ့။ အိမ်ရှေ့လမ်းမတိုက်အောက်မှာပဲ ဖြစ်သလို ရပ်နေကြရတာပါပဲ  . . .
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၉ ရက် နေ့ နံနက် ၁၁ နာရီ အချိန်တွင် ဒေါ်စန်းစန်းမြင့်(၅၈)နှစ်၊ ပျဉ်းမမြိုင်လမ်း၊ (၃၄)ရပ်ကွက်၊ ဒဂုံမြောက်ပိုင်းမြို့နယ် နေသူသည် နေအိမ်ရှိ ကားဂိုဒေါင် အတွင်း ၅ယ/....  Mark-X ငွေမင်ရောင်ယာဉ်အား ရပ်ထားပြီး ခြံဝန်းတံခါးပိတ်ကာ ယာဉ်အမှတ် ၄က/.... Harrier အမျိုးအစား အနက်ရောင်ယာဉ်ဖြင့် မင်္ဂလာဒုံသို့ သွားရောက် ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့် နေအိမ်သို့ ပြန်ရောက်စဉ်ခြံဝန်းတံခါး သော့ပျက်နေပြီ ဂိုဒေါင်အတွင်း ထားရှိခဲ့သော ၅ယ/...... Mark-X ငွေမင်ရောင်ယာဉ်၊ တန်ဖိုးကျပ်(၆၀၀)သိန်းမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကျောင်းနေကလေးများအတွက် သင်ပုန်းကွန်ပျူတာ အခမဲ့ဖြန့်ဝေမှု ပြည်နယ်ရှစ်ခုတွင် စတင်




ထိုင်းနိုင်ငံတွင် ကျောင်းနေ ကလေးများအတွက် သင်ပုန်းကွန်ပျူတာအခမဲ့ ဖြန့်ဝေမှုအစီအစဉ် One Tablet Per Child(OTPC) အရ ပြည်နယ်ရှစ်ခုမှ Grade-1 ကလေးများအတွက် ဖြန့်ဝေပေးမှုကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတွင်းရှိ ပြည်နယ်အများအနက် ထိုင်းအက္ခရာစဉ်အရ ရှေ့ပိုင်းတွင်ရှိသည့် ဘန်ကောက်၊ ကရာဘီ၊ ကန်ချနာဘူရီ၊ ကာလာဆင်၊ ကမ်ဖန်ဖက်၊ ခွန်ကန်၊ ချန်တာဘူရီ နှင့် ချာချောင်ဆောင်တို့ကို ဦးစွာဖြန့်ဝေပေး ခဲ့ခြင်းဖြစ်သည်။ တရုတ်ကုမ္ပဏီ Shenzhen Scope Scientific Development က ယင်းသင်ပုန်း ကွန်ပျူတာများကို ထုတ်လုပ်ပေးခြင်းဖြစ်သည်။
အာဏာရ ဖြူထိုင်းပါတီ၏ ရွေးကောက်ပွဲ ကတိက၀တ်အတိုင်း ဖြန့်ဖြူးပေးမှု အစီအစဉ်မှာ ယခုပညာသင်နှစ် စတင်ကတည်းက အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း အတန်ငယ် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်ပေါင်း ၂၀ကျော်ကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ခဲနက် ကျင်းပ




w7_42_04_01
အာဇာနည်ဗိမာန်ရှေ့တွင် ဂါရ၀ပြုရန် စောင့်ဆိုင်းနေသော ပြည်သူများအား ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်
(၆၅)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို နှစ်ပေါင်း(၂၀) ကျော်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ခဲနက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ယခင်နှစ်များက အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်၌သာ ကျင်းပခဲ့ရာမှ ယခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာနိုင်ငံ မြို့ကြီးများအလိုက် မိမိတို့အစီအစဉ်ဖြင့် ပြည်သူများက ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ ထိုသို့ ကျင်းပကြရာတွင် သက်ဆိုင်ရာမြို့များရှိ အာဇာနည်အထိမ်းအမှတ် ကျောက်တိုင်များ၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများရှေ့တွင် လွမ်းသူပန်းခွေ၊ ပန်းခြင်းများချခြင်း၊ အစုအဖွဲ့အလိုက် အလေးပြုမှုများပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကြေးရုပ်တုအား လွှဲပြောင်းပေးအပ်



7429
ဦးသန့်ပုံတူရုပ်တုအား လွှဲပြောင်းပေးအပ်ပွဲ မြင်ကွင်း
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ကြေးရုပ်တုအား ပန်းတနော်မြို့ရှိ ဦးသန့် စာကြည့်တိုက်ဖြစ်မြောက်ရေး ကော်မတီသို့ ရုပ်တုပြုလုပ်သူများက လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင် လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက် သံလွင်လမ်းသွယ်ရှိ New Treasure Art Gallery တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကြေးရုပ်တုမှာ အလေးချိန် ၈၃ ပိဿာရှိပြီး ပန်းချီဆရာ မင်းဝေအောင်၊ ပန်းချီဆရာသိန်းရွှေကြည်တို့က ဒီဇိုင်းထုတ်ပေးကာပန်းပု ဆရာတင်ဝင်းထွန်း(ပေါင်းတည်) က ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာကြီးဦးသန့်ရဲ့ အထိမ်း အမှတ်အနေနဲ့ ပန်းတနော်မှာ စာကြည့်တိုက်ဖွင့်မယ်။ စာကြည့်တိုက်မှာ ဦးသန့်အမှတ်တရ ပြခန်းပါမယ်။ ပန်းခြံလည်းပါမယ်။ အဲဒီ ပန်းခြံထဲ မှာ ဆရာကြီးရဲ့ရုပ်တုကို ထားသွားမယ်။ပြခန်းမှာတော့ ဆရာကြီးရဲ့ သမီးဒေါ်အေးအေးသန့် လှူဒါန်းမယ့် ဆရာကြီး အမှတ်တရပစ္စည်းတွေနဲ့ ကျွန်တော်တို့ထိန်းသိမ်း စုဆောင်းထားတဲ့ ဆရာကြီးရဲ့ လက်ရေးမူတွေ၊ အမှတ်တရပစ္စည်းတွေလည်း ပါမယ်”  ဟု ဦးသန့်စာကြည့်တိုက်နှင့် ကြေးရုပ်တုဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်ဇော်မြင့်က ပြောပါ သည်။

"ကလေးသူငယ် အက်ဥပဒေ အရ အသက် (၁၃)နှစ် ပြည့်ပြီးအရွယ်များ အလုပ် လုပ်ကိုင်လျှင် တစ်ရက် ၄ နာရီသာ အလုပ်လုပ်ခွင့်ပြုရမည်"

ရန်ကုန် ဇူလိုင် ၂၁

အသက် (၁၅) နှစ်အောက် အလုပ် လုပ်ကိုင်လိုစိတ်ရှိသော ကလေးများအနေဖြင့် တာဝန်ခံ ဆရာဝန် များ၏ ထောက်ခံချက်ဖြင့်သာ အသက်ပြည့်မီသော လုပ်သားများအတိုင်း အလုပ် လုပ်ကိုင်နိုင် ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားသည်။

ကလေးသူငယ် ဥပဒေနှင့် အလုပ်ရုံ ကလေးသူငယ် ဥပဒေသည် တူညီမှု မရှိကြောင်း၊ ကလေး သူငယ် ဥပဒေတွင် အသက် (၁၃)နှစ်မှ (၁၅)နှစ်အထိ၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်အထိ မပြည့် သေးသော သူများသည် လူငယ်အဖြစ် သတ်မှတ်ကြောင်း၊ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေအရ အသက် (၁၅)နှစ် အထက် အရွယ်များအား လူငယ်အဖြစ် သတ်မှတ် ထားသောကြောင့် လုပ်သား များ အတိုင်း အလုပ် လုပ်ရန်ခွင့် ပြုချက်များ ရရှိမှသာ အလုပ်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲ စင်ကာပူတွင် ကျင်းပမည်

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေ စာပေဟောပြောပွဲကို စင်ကာပူနိုင်ငံတွင် သြဂုတ်လ ၁၉ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
စာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ်၊ ဆရာကျော်ဝင်း၊ ဆရာမောင်ဝံသတို့က ဟောပြောမည်ဖြစ်ပြီး ပရိသတ်နှင့် အမေး၊ အဖြေကဏ္ဍလည်း ပါဝင်သည်။
ဆရာအော်ပီကျယ်က `ဤခရီးမနီးသေးပါ´ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကျော်ဝင်းက `အကောင်းဆုံးအနာဂတ်ကို ဦးတည်ခြင်း´ခေါင်းစဉ်ဖြင့်လည်းကောင်းနှင့် ဆရာမောင်ဝံသက `သတင်းသည် ပြည်သူ့အတွက်´ခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောကြမည်ဖြစ်သည်။
ဟောပြောပွဲကို စင်ကာပူနိုင်ငံရှိ Singapore Poly Convention Center တွင် သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီမှ ည ၇ နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ပင်နီစူလာပလာဇာရှိ ရနံ့သစ်စားသောက်ဆိုင်နှင့် သပြေနုတို့တွင် ၀ယ်ယူနိုင်သည်။

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များ ဇူလိုင် ၂၃ရက်တွင် ဆန္ဒပြမည်

မန္တလေး၊ ဇူလိုင် - ၂၂

စစ်ကိုင်းမြို့ ဆင်များရှင်ကျောက်မျက်ရတနာဈေးမှ ဆိုင်ခန်းရှင်များက မိမိတို့ကျောက်ဝိုင်း ပီပြင်စွာ ပေါ်ထွက်လာရေးအတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် နည်းဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆင်များရှင်ကျောက်ဝိုင်းရှိ ဆိုင်ခန်းရှင်ဦးရေ (၁၀၀)ခန့်က ကျောက်ဝိုင်းဖြစ် မြောက်ရေးအတွက် ဇူလိုင် ၂၃ ရက်(မနက်ဖြန်) နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီထိ ယင်းကျောက်မျက်ဈေးရှေ့တွင် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်သည်။ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှလည်း ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဦးတိုက်လျှောက်ထားသည့် ကျောက်မျက်ဆိုင်ခန်း ရှင်တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်သီက ပြောသည်။

ထိုင်ဝမ် EVA လေကြောင်းလိုင်း ရန်ကုန်သို့ ပျံသန်းပြေးဆွဲမည်

မဇ္ဈိမ သတင်းဌာန ။       ။ ထိုင်ဝမ်နှင့် မြန်မာအကြား စီးပွါးရေး ဆက်သွယ်မှုနှင့် လာရောက်လည်ပတ်သူ ဦးရေ တိုးတက်လာသည့်အတွက် ထိုင်ဝမ်၏ ဒုတိယ အကြီးဆုံး လေကြောင်းလိုင်း EVA က အောက်တိုဘာလ ၉ ရက်နေ့မှ စတင်ကာ တိုင်ပေ-ရန်ကုန် ခရီးစဉ်ကို တပတ်လျှင် ၃ ကြိမ် ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

ထိုင်ဝမ် အများအပြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည့် မြန်မာနိုင်ငံတွင် စီးပွါးရေး လုပ်ငန်းများ လုပ်ဆောင်ရန် နှင့် မြန်မာပြည်သို့ လာရောက်လည်ပတ်ကြရန် စိတ်ဝင်စားမှုများ ပိုမိုများပြားလာသည်ဟု EVA က ဆိုသည်။

ရန်ကုန် လေဆိပ်အနီး ကျူးကျော်အိမ် ၁၀၀ ကျော် ဖယ်ရှား

ရန်ကုန် (မဇ္ဈိမ)။  ။ ရန်ကုန်မြို့ မင်္ဂလာဒုံလေယာဉ်ကွင်း အနောက်ဖက် မရမ်းကုန်းမြို့နယ် အတွင်းရှိ
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်တဲအိမ် ၁၀၀ ကျော်အား အာဏာပိုင်
များက ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြိုဖျက်လိုက်သည်။
ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ
ဖျက်သိမ်းခါနီးတွေ့ရသော ကျူးကျော်တဲများ။ ဓါတ်ပုံ - မဇ္ဈိမ

လေကြောင်းဦးစီး၏ ရေဒီယိုအင်ဂျင်နီယာရုံးနှင့် ၀န်ထမ်းအိမ်ယာများ အနီးရှိ မြေပေါ်တွင် ဆောက်လုပ်ထား
သော ရန်ကြီးအောင် အမည်ရှိရပ်ကွက်ထဲမှ ကျူးကျော်အိမ် ၁၀၃ အိမ်ကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်
အုပ်ချုပ်ရေးရုံးဝန်ထမ်းများက နံနက် ၆ နာရီခွဲခန့်က စတင်ကာ တူများ၊ သံတူရွင်းများဖြင့် တနေကုန် ဖြိုဖျက်
မှု ပြုကြသည်။

အကွဲသံသရာ


ဟန်ချက်

ကျုပ်တို့ တမျိုးလုံး တဆွေလုံးက တောင်သူလယ်သမားတွေဗျ။ ကျုပ်အဖိုးလက်ထက်တုန်းကတော့ ဆီကိုရေချိုး၊ ဆေး ရိုးမီးလှုံ၊ စပါးတောင်လိုပုံတဲ့ ခေတ်ဆိုတော့ ကျုပ်အဖွားဆီမှာ ရွှေစကြေးစတွေ ရှိတယ်ဗျ။ ဒီလိုနဲ့ ကျုပ်အဖေ လက်ထက် လည်းရောက်ရော တာဝန်ကျေစပါးဆိုတာကြီးကြောင့် ကျုပ်အဖွားရဲ့ ရွှေတိုရွှေစတွေ တက်တက်ပြောင်ပါရောလား။
ကျုပ်လက်ထက်ရောက်တော့ ကုန်သယ်တွေဈေးကစားတာရော၊ ရာသီဥတုဖောက်ပြန်တာရောကြောင့် ကျုပ်တို့မိသားစု အကြွေးပင်လယ်ဝေနေတာပဲဗျို့။ ဒါကြောင့် ကျုပ်တို့ရွာမှာ အရွယ်ကောင်းလေးတွေမရှိတော့ဘူး။ မလေးသွားတဲ့လူနဲ့၊ ထိုင်းဘက်ကမ်းကူးတဲ့လူနဲ့ လယ်စိုက်သူဘယ်မှာ ကျန်တော့လို့လဲ။ ကျုပ်ဇနီးကတော့ ကျုပ်ကို ထိုင်းဘက်သွားခိုင်းနေ တာ ကြာလှပေါ့။ ကျုပ်ကမသွားချင်လို့ အချိန်တွေစွဲနေတာ။ ၁၃၇၀ အကုန်၊ ၇၁ အကူးမှာတော့ ကျုပ်မသွားလို့မရတော့ ဘူး။ ကလေးကလည်း ၃ ယောက်တောင် ရှိလာပြီကိုး။

တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးပြယုဂ် နယ်လ်ဆင်မင်ဒဲလား အသက်(၉၄)နှစ်ပြည့်




၂၀၀၈ ခုနှစ်က အသက် ၉၀ ပြည့်မွေးနေ့ ပြုလုပ်စဉ် နယ်လ်ဆင်မင်ဒဲလားကို သူ၏ မြေးတစ်ဦးက နမ်းနေစဉ် Photo:AFP
တောင်အာဖရိက လူဖြူလူမည်း ခွဲခြားမှုတိုက်ဖျက်ရေး ပြယုဂ်တစ်ခုဖြစ်သော တောင်အာဖရိက၏ ပထမဆုံး လူမည်းသမ္မတဖြစ်သည့် နယ်လ်ဆင်မင်ဒဲလားသည် ဇူလိုင်လ ၁၈ ရက်တွင် အသက် ၉၄ နှစ်ပြည့်မြောက်ခဲ့ကြောင်း သိရသည်။ မင်ဒဲ လားသည် လူထုမြင်ကွင်းရှေ့မှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်ပြီး သက်ကြီးပိုင်းသဘာဝ အားနည်းမှု ခံစားနေရကြောင်း သိရသည်။
မင်ဒဲလားသည် ယခင်က မွေးနေ့များတွင် အမေရိကန်ရုပ်သံ အစီအစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေးနှင့် နိုင်ငံတကာမှ ကျော်ကြားသူအချို့တို့ဖြင့် အခမ်းအနား ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သော လေးနှစ်က မွေးနေ့များတွင်မူ အိမ်၌သာ မိသားစု နှင့်အတူ မွေးနေ့ပွဲ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် စတင်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ယနေ့(ဇူလိုင်လ ၂၂ ရက်နေ့) နံနက် ၉ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။
ယခုခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊  အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ စွမ်းအင်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးတို့နှင့်အတူ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်းဒေကြီး ၀န်ကြီချုပ်တို့ ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ လိုက်ပါလာခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ယခုခရီးစဉ်တွင် ယခင်ကကဲ့သို့ မြန်မာထိပ်တန်း စီပွားရေး လုပ်ငန်းရှင်ကြီးများ လိုက်ပါခြင်းမရှိဘဲ ရန်ကုန်၊ မုံရွာမှ အလုပ်သမား ကိုယ်စားလှယ်များနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတို့မှ တောင်သူလယ်သမား ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြသည်။

ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး၌ အစိုးရထံမှ ကတိ ၆၈ ခုရရှိ




ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုအတွက် အစိုးရထံမှ ကတိပေးသည့်အဖြေ ၆၈ ခုရရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာတွင် ဖော် ပြထားချက်အရ သိရသည်။
ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် မေးခွန်းပေါင်း ၁၂၆ ခုမေးခဲ့ပြီး အာမခံချက်၊ ကတိနှင့် တာဝန်ခံချက်မှာ ၆၈ ခုဖြစ်ပေါ်ခဲ့ကြောင်း၊ အာမခံချက်၊ ကတိနှင့် တာဝန်ခံချက် မဖြစ်ပေါ်ခဲ့သော မေးခွန်းများမှာ ၅၈ ခုရှိခဲ့ကြောင်း သိရှိရသည်။

ရှပ်ပြေးရေယာဉ် တွေ့ရှိ၊ လူ ၅၀ ပျောက်ဆုံးနေဆဲ

မနေ့ မနက် ၉ နာရီခွဲက တာပိန်မြစ်ထဲ တိမ်းမှောက် နစ်မြုပ်သွားခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို အဲဒီ ဂိတ်နဲ့ ၁၀ ကိုက်အကွာ ပေ၃၀ အနက်ရှိတဲ့ တာပိန်မြစ်ကြမ်းပြင်မှာ ရေငုပ်သမားတွေနဲ့ ရှာဖွေတွေ့ရှိပြီ ဖြစ်ပေမဲ့၊ လူ ၅၀ ကျော်လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လောလောဆယ် အဲဒီ သင်္ဘောကို ဒီကနေ့ ညဦးပိုင်းလောက်မှာ ကမ်းဖက်ကို ဆွဲကပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကူညီ ဆောင်ရွက်နေတဲ့ ဗန်မော်မြို့သူ တစ်ဦးက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လို့ သိရှိရပါတယ်။
(Archive Photo)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ရိုက်ကးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
တကယ်တော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်ကို ရယူထားခဲ့ကြောင်း ကိုမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဦးအောင်သိန်းလင်း အင်တာဗျူး – Southern Weekly of China(English/Chinese)




Southern Weekly အွန်လိုင်းတွင် မကြာသေးမီက တရုတ်ဘာသာဖြင့် ဖော်ပြထားသော ဦးအောင်သိန်းလင်း အင်တာဗျူးကြောင့် စာဖတ်သူအများအပြား အံ့အားသင့်နေကြသည်။
မြစ်ဆုံစီမံကိန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး တို့နှင့် ပတ်သက်ပြီး သူ၏ ရန်လိုသော၊ ဆင်ခြင်မှု ကင်းမဲ့သော ပြောကြားချက်များကို သိရှိနိုင်ရန် မူရင်း တရုတ်အင်တာဗျူး၊ Google တွင် ဘာသာပြန်ထားသော အင်တာဗျူးတို့ကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

Google တွင် ဘာသာပြန်ထားသည့် အင်္ဂလိပ်ဘာသာ အင်တာဗျူး


“Some people want to establish a puppet regime in Myanmar”

- Visit to Myanmar “reform and modernization of the Oversight Committee” main Xiangdinglin
Source: Southern Weekly
From the bottom: the Southern Weekend reporter Chang Interrogation intern Zhou Jun Ki: Yangon, Myanmar Last updated :2012-07-06 12:14:38

ရွှေမန်းကိုကိုအမှုမှ ခေါင်းဆောင်ဟုယူဆရသူ လွတ်မြောက်နေဆဲ



ရွှေမန်းကိုကို (သူရဦးရွှေမန်း၏သမီး အဖြစ် အယောင်ဆောင်သည်ဟု ဆိုသူ)၊ အေးအေးမာ၊ ရဲအောင် တို့ ဆေးမင်ကြောင်ထိုးစဉ်က တွေ့ရပုံ။ ရွှေမန်းကိုကို တဦးတည်းသာ အဖမ်းခံနေရသည်ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ သမီးဖြစ်သူ အဖြစ် ဟန်ဆောင်လိမ်လည်နေသူ အမျိုးသမီးငယ်တစ်ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသော်လည်း အဆိုပါ လိမ်လည်မှုများအား အဓိက ကြိုးကိုင်လှုပ်ရှားသူ ရဲအောင်(ခ)ရဲဇော်အောင် နှင့် အပေါင်းအပါများ လွတ်မြောက်နေဆဲ ဖြစ်ကြောင်းသိရသည်။
ရွှေမန်းကိုကို ဟု လိမ်လည်နေခဲ့သော မ ရွှေမန်းကိုကို (ခ) မြင့်သူဇာခိုင် (ခ) ငယ်လေး}အား ကမာရွတ်ရဲစခန်းမှာ (ပ)၂၇၃၊၁၂ သွင်းကုန်ထုတ်ကုန် အက်ဥပဒေ ပုဒ်မ ၅(၁) ၅(၃) ဖြင့်၎င်း နိုင်ငံသားစီစစ်ရေးကဒ်ပြား အတုပြုလုပ်မှု (ပ) ၂၇၁ ၊၁၂ ပုဒ်မ ပုဒ်မ၄၂၀၊၄၆၈ တို့ဖြင့် ဇူလိုင်လ (၄) ရက်နေ့တို့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဒင်းဗား၊ သြရိုရာ ရုပ်ရှင်ရုံ ပစ်ခတ်သတ်ဖြတ်မှုနဲ့ လူထု၏ တုန့်ပြန်ပုံ


ဇူလိုင် ၁၉ ၊ ညသန်းကောင်ယံ၊ ရုပ်ရှင်ကားသစ်တခုဖြစ်တဲ့ The Batman, The Dark Knight Rises အထူးပွဲကို ကိုလိုရာဒို၊ ဒင်းဗား၊ သြရိုရာမြို့ကလေးမှာ ပြသတယ်။ အဲသည်မှာ ဂျိန်းဟုမ်းစ်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်း ဘွဲလွန်အတန်းကျ လူငယ်တဦးက ရုပ်ရှင်ရုံထဲက လူတွေကို သေနတ်နဲ့ ပစ်သတ်တာ လူ ၁၂ ဦးသေတယ်။ လူ ၆၀ လောက် ဒဏ်ရာရသွားတယ်။ ၅ မိနစ်အတွင်းမှာ တရားခံကို ရဲတွေက ရုပ်ရှင်ရုံအနောက်ဖက် ကားရပ်ကွင်းထဲမှာ ဖမ်းမိတယ်။ လက်နက်ချ အဖမ်းခံတယ်။ အမေရိကန်တပြည်လုံး သောကြာနေ့ မနက်ခင်း၊ ဇူလိုင် ၂၀ နေ့မှာ သတင်းတွေ ပြန့်နှံပြီး တုန်လှုပ်သွားကြတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis