menu

Saturday 15 February 2014

အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

Photo: အစာကို ကြေညက်အောင် ၀ါးစားခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

အစာစားတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက် ပေးရပါမယ်။
ဒီလို ကြိတ်ဝါး စားသောက် တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူး နှစ်ရပ်ကို ရရှိ စေနိုင်ပါတယ်။

(၁)နံပါတ်တစ် ရရှိနိုင်တဲ့ အကျိုးကျေးဇူးက အာဟာရ ဓာတ်တွေကို ခန္ဓာ ကိုယ်က ပိုမို စုပ်ယူ ရရှိနိုင်တာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က အစားအသောက် စားသောက်တဲ့ နှုန်းကို လျော့နည်း စေတာပါ။ အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ် လေလေ ဖြစ်ပါတယ်။

အကြောင်းကတော့ အစာစားချိန် မိနစ်၂၀ ကြာတာနဲ့ အစာအိမ်ကနေ ဦးနှောက်ဆီကို ''ဗိုက်ပြည့်ပြီ'' ဆိုတဲ့ သတင်းအချက်အလက် ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာစားသုံးမှု များပြီး ကိုယ်အလေးချိန် မြင့်တက် လာနိုင်ခြေကိုလည်း ကာကွယ် ထိန်းသိမ်းရာ ရောက်ပါတယ်။

(၂) အစာကို ကြေညက်အောင် ၀ါးစားတာကြောင့် ရရှိနိုင်တဲ့ နောက်ထပ် ကျန်းမာရေး အကျိုး ကျေးဇူးက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ အစာကို ရွေးချယ် စားဖြစ်လို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ အစာကိုကြိတ်ဝါးတာ ကြာလေလေ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တွေကို အရသာ ပိုတွေ့ လေလေ ဖြစ်ကာ ပိုစားဖြစ်လို့ပါ။

လေ့လာမှုတွေ အရ ပါးစပ်ထဲကို အစာတစ်လုတ် ထည့်သွင်းပြီးချိန်မှာ ၁၀-၁၅ ကြိမ် လောက်တော့ ကြိတ်ဝါး ပေးသင့် တယ်လို့ သိရပါတယ်။

Health - Mg Mandalay

အစာစားတိုင်း ကြေညက်တဲ့အထိ ကြိတ်ဝါးပြီး စားသောက် ပေးရပါမယ်။
ဒီလို ကြိတ်ဝါး စားသောက် တာကြောင့် အဓိကအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူး နှစ်ရပ်ကို ရရှိ စေနိုင်ပါတယ်။

(၁)နံပါတ်တစ် ရရှိနိုင်တဲ့ အကျိုးကျေးဇူးက အာဟာရ ဓာတ်တွေကို ခန္ဓာ ကိုယ်က ပိုမို စုပ်ယူ ရရှိနိုင်တာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ တစ်ချက်က အစားအသောက် စားသောက်တဲ့ နှုန်းကို လျော့နည်း စေတာပါ။ အစာစားတာ နှေးလေလေ၊ အစာကို နည်းနည်းပဲ စားဖြစ် လေလေ ဖြစ်ပါတယ်။

အကြောင်းကတော့ အစာစားချိန် မိနစ်၂၀ ကြာတာနဲ့ အစာအိမ်ကနေ ဦးနှောက်ဆီကို ''ဗိုက်ပြည့်ပြီ'' ဆိုတဲ့ သတင်းအချက်အလက် ပို့ဆောင်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစာစားသုံးမှု များပြီး ကိုယ်အလေးချိန် မြင့်တက် လာနိုင်ခြေကိုလည်း ကာကွယ် ထိန်းသိမ်းရာ ရောက်ပါတယ်။

နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: နိုင်ငံသားတစ်ဦးချင်းစီ တာဝန်ယူကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ  နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထားတဲ့ ဆွေးနွေးခန်းမှာ  ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့  ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခန်းဟာ  ၁ နာရီနီးပါး ကြာမြင့်ခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ ဦးသန့်မြင့်ဦးကလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဆုံရာ ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ပထ၀ီနိုင်ငံရေး စာအုပ်အကြောင်း ဟောပြောခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ကနေ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ဧရာဝတီ စာပေစကားဝိုင်းကို ပြည်တွင်း ပြည်ပ စာရေးဆရာတွေ နယ်ပယ်အသီးသီးက ပညာရှင်တွေ စုစုပေါင်း ၅၄ ဦး တက်ရောက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံအဖြစ် မြင်လိုကြတယ်ဆိုရင် သူတစ်ပါးက လာရောက်ကြိုးပမ်းပေးမှာကို မျှော်လင့်မနေကြပဲ နိုင်ငံသားတစ်ဦးချင်းစီက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်မှာ ဒီနေ့ ၂ ရက်မြောက်နေ့အဖြစ်ကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မှာ “စကားစမြည်” လို့ အမည်ပေးထားတဲ့ ဆွေးနွေးခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။ စာပေပွဲတော် ဦးဆောင်ဆွေးနွေးသူ Mrs. Dame Joan Bakewell က မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ချင်ပါသလဲလို့မေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကို နားလည်စေချင်တာက တိုင်းပြည်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ဆိုရင် တစ်ပါးသူတစ်ဦးဦးက လာရောက်ကြိုးစားပေးမယ်လို့ မျှော်လင့်မနေဘဲ အပြောင်းအလဲအတွက် နိုင်ငံသား တစ်ဦးချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုကို တိုင်းပြည်အတွက် ပေးအပ်ဖို့လိုအပ်ကြောင်း၊ လူတိုင်းမှာ တိုင်းပြည်အတွက် တာဝန်ကိုယ်စီရှိကြောင်း၊ အများအတွက် စဉ်းစားတတ်တဲ့ တာဝန်သိစိတ်ရှိဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

နွေရာသီရောက်တော့မယ်ဆိုရင်တော့ သင်္ကြန်ကိုပဲ စိတ်ကူးယဉ်မိပါတယ်လို့ ဆိုတဲ့အဆိုတော်အိမ့်ချစ်

အသက်ငယ်ပေမယ့် အဆိုပညာမှာ ဆရာကျလှတဲ့ အိမ့်ချစ်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း မေးကြည့်တဲ့အခါ ‘အိမ့်ချစ်လတ်တလောမှာတော့ ခရီးတွေ ဆက်တိုက်ထွက်ဖြစ်နေပါတယ်။ ပြည်တွင်းရော၊ ပြည်ပရောသွားဖြစ်နေပါတယ်။ မတ်လ ၁၃ ရက်နေ့မှာ စင်ကာပူ ခရီးစဉ်သွားဖို့ရှိပါတယ်။ နောက်ပြီး ကိုရီးယားခရီးစဉ်သွားဖို့ ရှိပါသေးတယ်။ နောက်ပြီး ဧပြီလမှာ စင်ကာပူ သင်္ကြန်ထပ်ရှိတယ်။ Emperor နဲ့သွားရမှာပါ။ နောက် အိမ့်ချစ်ရဲ့ အချစ်ရေး VCD ရိုက်နေပါတယ်။ အချစ်ရေးတစ်ပုဒ်တော့ ရိုက်ပြီးသွားပြီ။ တစ်လကို နှစ်ပုဒ်ရိုက်သွားဖို့တော့ စဉ်းစားထားပါတယ်။ ၆လလောက်တော့ ကြာပါဦးမယ်။’လို့ သူက ပြောပြပါတယ်။
ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း သူက ‘အများကြီးလေ့လာဖြစ်ပါတယ်။ MTVတွေကြည့်တယ်။ မဂ္ဂဇင်းတွေဖတ်တယ်။ အခုဘာတွေဝတ်နေလဲ။ ဘယ်လိုအရောင်တွေခေတ်စားနေလဲ။ အဲဒီမှာမှ ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေ ရွေးချယ်ပြီးတော့ ပြန်ဝတ်ပါတယ်။ မလိုက်ဖက်မဲ့အရာတွေတော့ မဝတ်ဘူးပေါ့။ အရမ်းမိန်းမဆန်တဲ့ အဝတ်အစားမျိုးဝတ်ရတာကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမဖြစ်မနေ ဝတ်ရမဲ့နေရာမျိုးရင်တော့ ဆိုဝတ်ဖြစ်ပါတယ်။ ဖြစ်နိုင်လို့ လွတ်လွတ်လပ်လပ်ဝတ်ရမဲ့ နေရာမျိုးဆိုရင်တော့ ယောင်္ကျားဆန်တဲ့ပုံစံမျိုးပဲ ပိုပြီးဝတ်ဖြစ်ပါတယ်။

ဝ လေတပ် ဝေဟင်နှင့် မြေပြင် ခရူးများကို တရုတ်လေ့ကျင့်ပေး

ဝ လေတပ် ဝေဟင်နှင့် မြေပြင် ခရူးများကို တရုတ်လေ့ကျင့်ပေး

(HS Jane's 360မှ 11 Feb 2014 ရက်စွဲပါ “China training UWSA air and ground crews” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အနက် အင်အားအကြီးဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် အခြေ စိုက်ကာ နယ်မြေ အတော်များများကို ထိန်းချုပ်ထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေးစစ်တပ် UWSA ၏ လေကြာင်းတပ်ဖွဲ့သစ်သည် တရုတ်နိုင်ငံတွင် သင်တန်းတက်မည့် ဒေသခံပိုင်းလော့နှင့် စက်မှုပညာရှင်များကို အားကိုးနိုင်တော့မည်ဟု ရန်ကုန်မီဒီယာ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။

တရုတ်နိုင်ငံလုပ် M:17 အမျိုးအစား စစ်ဖက်သုံးသယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် သက်ဆိုင်သည့် သင်တန်း 

http://www.myanmarcnn.com/2014/02/blog-post_9798.html

အစီအစဉ်အတွက် UWSA တပ်ဖွဲ့ဝင် ၃၀ ကို ရွေးချယ်ထားကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းဌာန တစ်ခုက မကြာသေးမှီက သတင်းထုတ်ပြန်သည်။

ပျဉ်းမနား ရဲအချုပ်ခန်း ရုန်းရင်းဆန်ခတ်မှု ပစ်ခတ်နှိမ်နင်း

နေပြည်တော် ပျဉ်းမနားမြို့က ရဲတပ်ဖွဲ့အချုပ်ထောင်မှာ ဒီကနေ့ အချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက် ထိန်းသိမ်းရာမှာ အချုပ်သားတစ်ဦး ဒါဏ်ရာရခဲ့ပါတယ်။

အချုပ်သားတစ်ဦးကို ရဲတပ်ဖွဲ့က အချုပ်ခန်းအတွင်းပြန်ပို့စဉ် ကျန်တဲ့အချုပ်သားတွေက ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတာကနေ စတင်ခဲ့တာဖြစ်ကြောင်း ပျဉ်းမနားမြို့ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ၀င်းစိန် က ပြောပါတယ်။

“အဲဒီမှာ တရားခံတစ်ယောက်ရှိတယ်၊ အဲဒီကောင်က အချုပ်သံတိုင်နဲ့ သူ့ဘာသာသူ ခေါင်းဆောင့်တယ်၊ ခေါင်းကွဲသွားတယ်၊ ကွဲသွားတော့ ရဲကဒဏ်ရာရတယ်ဆိုပြီး ဆေးရုံပို့လိုက်တယ်၊ ပို့ပြီး ပြန်ခေါ်လာတဲ့အချိန်မှာ အချုပ်ထဲပြန်သွင်းလိုက်တော့ ထွက်ပြေးဖို့ကြိုးစားတယ်ပေါ့၊ ရုန်းပြီးထွက်ပြေးတဲ့အခါမှာ သူ့ကိုလိုက်ဆွဲတော့ ဆွဲလားရမ်းလားလုပ်တဲ့အခါမှာ အထဲက နည်းနည်းဆူပူလိုတဲ့သူလည်း ရှိတာပေါ့၊

အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်

Photo: အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄

အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို  ဥပဒေကြမ်းတစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းတွင် ရှိသော နေရာတစ်ခုကို အာဏာရ ကွန်ဂရက်ပါတီ အစိုးရက တလန်ဂါနာဟု အမည်ရသော ပြည်နယ်တစ်ခု သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာမှ လက်မခံသူများနှင့် လက်ခံသူများ ရန်ဖြစ်ကြခြင်း ဖြစ်ကာ အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်း စသဖြင့် ကသောင်းကနင်း ဖြစ်ခဲ့ရသည်။

လွှတ်တော်အမတ် အတော်များများလည်း အသက်ရှူ ကျပ်ခြင်းကဲ့သို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးရုံသို့ ခေါ်သွားခဲ့ကြရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြထားသည်။

လွှတ်တော်ရေးရာ ဝန်ကြီး မစ္စတာ ကာမယ်နာသ်က အိန္ဒိယ၏ ပါလီမန် ဒီမိုကရေစီအတွက် အမည်းစက် ဖြစ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုခဲ့ကာ စတင် တိုက်ခိုက်သော ပါလီမန် အမတ်များကို အရေးယူရန်လည်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီအတွက် ရှက်စရာ အကောင်းဆုံးနေ့ပါပဲ” ဟု နာသ်က ပါလီမန်ရှေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါလီမန် အမတ်အချို့သည် စာရွက် စာတမ်းများကို ဆုတ်ဖြဲခြင်း၊ တံခါးမှန်များကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့ပြီး အမတ် ၁၇ ဦးကို ပါလီမန် ဥက္ကဋ္ဌက ရာထူးမှ ဆိုင်းငံ့ခဲ့သည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းမှ နေရာတစ်ခုကို ပြည်နယ် သတ်မှတ်ပေးပါရန် ကာလကြာရှည် အကြမ်းပတမ်းမှုများပင် ဖြစ်ခဲ့သည့် တောင်းဆိုမှုကို ပြီးခဲ့သည့် သီတင်းပတ်က အစိုးရက လက်ခံခဲ့ပြီး ပါလီမန်သို့ အတည်ပြုချက်ရရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ 

မျိုးနွယ်စု အုပ်စုများက တလန်ဂါနာ ဒေသကို ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုကြပြီး အန်ဒရာပရာဒက်ရှ် ပြည်နယ်အစိုးရက ၎င်းတို့ဒေသကို လျစ်လျူ ရှုထားသည်ဟု ဆိုထားကြသည်။

Google၊ Microsoft စသော နည်းပညာ ကုမ္ပဏီကြီးများ လာရောက် အခြေချ ရင်းနှီးမြှုပ်နှံထားသည့် အန်ဒရာပရာဒက်ရှ် ပြည်နယ်၏ ချမ်းသာသော အပိုင်းများက ပြည်နယ်တစ်ခု ထပ်ခွဲပေးရန် ကိစ္စကို အပြင်းအထန် ကန့်ကွက်လျက် ရှိကြပြီး စီးပွားရေးအရ ကသောင်းကနင်း ဖြစ်သွားလိမ့်မည်ဟု ပြောဆိုကြသည်။

ပါလီမန်အတွင်း ကျောင်းသားများ ရန်ဖြစ်သကဲ့သို့ အမတ်များသတ်ပုတ်ကြသည့် ဖြစ်စဉ်သည် ထိုင်ဝမ် လွှတ်တော်၊ ယူကရိန်း လွှတ်တော်၊ ကိုရီးယား လွှတ်တော် စသည်တို့တွင်လည်း ယခင်က ဖြစ်ဖူးခဲ့သည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄

အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို ဥပဒေကြမ်းတစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းတွင် ရှိသော နေရာတစ်ခုကို အာဏာရ ကွန်ဂရက်ပါတီ အစိုးရက တလန်ဂါနာဟု အမည်ရသော ပြည်နယ်တစ်ခု သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာမှ လက်မခံသူများနှင့် လက်ခံသူများ ရန်ဖြစ်ကြခြင်း ဖြစ်ကာ အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်း စသဖြင့် ကသောင်းကနင်း ဖြစ်ခဲ့ရသည်။

လွှတ်တော်အမတ် အတော်များများလည်း အသက်ရှူ ကျပ်ခြင်းကဲ့သို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးရုံသို့ ခေါ်သွားခဲ့ကြရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြထားသည်။

လွှတ်တော်ရေးရာ ဝန်ကြီး မစ္စတာ ကာမယ်နာသ်က အိန္ဒိယ၏ ပါလီမန် ဒီမိုကရေစီအတွက် အမည်းစက် ဖြစ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုခဲ့ကာ စတင် တိုက်ခိုက်သော ပါလီမန် အမတ်များကို အရေးယူရန်လည်း ပြောဆိုခဲ့သည်။

ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင်မှု ဈေးကော်မတီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

Photo: ကျပ်သိန်းတစ်သောင်းခွဲကျော် ဆုံးရှုံးသည့် တောင်ငူဈေးမီးလောင်မှု ဈေးကော်မတီဝင် နှစ်ဦးနှင့် မီးပြင်သူကို အမှုဖွင့်

တောင်ငူ၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့်  ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးကြီး လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး  ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတင်ထွန်းအောင် တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းက ဈေးလုံခြုံရေးမီးများ တပ်ဆင်ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် လုံးဝမီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးလောင်မှု စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့အမှတ် (၁၆) ရပ်ကွက်ရှိ မြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ ၁၊ မင်္ဂလာရုံ ၂ ၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၁၅၉၈၀ သိန်းခန့်ရှိပြီး လူတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ သေဆုံးမှု မရှိကြောင်း တောင်ငူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။

"ကျွန်တော့်ဆေးဂိုဒေါင် တစ်ခုလုံး ပါသွားတယ်။ ဘာမှပြန်မရဘူး။ ဆုံရှုံးမှုတန်ဖိုး ကိုတော့ ပြောတောင် မပြောချင် တော့ပါဘူးဗျာ" ဟု မီးလောင်ဆုံးရှုံးခဲ့သူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။

မီးလောင်ခဲ့သော ဆိုင်ခန်းများအတွက် ယာယီဈေး မြေနေရာကို တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် ဗိုလ်မှူးဖိုးကွန်းလမ်း အ-ထ-က (၂) ကျောင်းပိုင် ဘောလုံးကွင်း မြေနေရာတွင် ယာယီချထားပေးရန် စီစဉ်ဆောင်ရွက်ထားကြောင်း မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားပြီး ၄ နာရီခန့်အကြာတွင် တောင်ငူမြို့ အမှတ် (၂) ရဲစခန်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

မြို့မဈေးကြီး မီးလောင်မှု မဖြစ်ပွားခင် ယမန်နှစ် ဒီဇင်ဘာလ ၂၄  ရက်နေ့၊ ညဥ့် သန်းခေါင်ယံ အချိန်ကလည်း အဆိုပါရပ်ကွက် ကုန်သည်ကြီးလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းလေးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ တန်ဖိုးငွေ ကျပ်သိန်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း တောင်ငူ မြို့ခံများနှင့် ခရိုင် မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ဈေးမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်ငူမြို့ အမှတ်-၂ ရဲတပ်ဖွဲ့စခန်းက ဦးတင်အေး၊ ဦးတင်ထွန်းအောင်နှင့် ဦးထွန်းထွန်းတို့ကို (ပ) ၄၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း အဆိုပါ မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တောင်ငူ၊ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ကျော် ဆုံးရှုံးခဲ့ရသော မြို့မဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ ဈေး လျှပ်စစ်ကော်မတီဝင် တစ်ဦး၊ ဈေးလုံခြုံရေးကော်မတီဝင် တစ်ဦးနှင့် မီးပြင်သူတစ်ဦး တို့ကို အမှုဖွင့် အရေးယူခဲ့ကြောင်း တောင်ငူမြို့အမှတ် (၂) နယ်မြေ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ မြို့မဈေးကြီး လျှပ်စစ်ကော်မတီဝင် ဦးတင်အေးနှင့် ဈေးလုံခြုံရေး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတင်ထွန်းအောင် တို့၏ တာဝန်ပေးချက်အရ မီးပြင်သူ ဦးထွန်းထွန်းက ဈေးလုံခြုံရေးမီးများ တပ်ဆင်ပြုပြင်ရာမှ ဝါယာရှော့ဖြစ်ကာ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် လုံးဝမီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာန မီးလောင်မှု စစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

တောင်ငူမြို့အမှတ် (၁၆) ရပ်ကွက်ရှိ မြို့မဈေး မီးလောင်မှုကြောင့် ဈေးရုံပေါင်း ၃၈ ရုံအနက် မင်္ဂလာရုံ ၁၊ မင်္ဂလာရုံ ၂ ၊ မင်္ဂလာကြားရုံ၊ A ရုံ၊ B ရုံ၊ A ကပ်၊ B ကပ်၊ ရုံအမှတ် ၁၊ ၂၊ ၃၊ ၅ အပါအဝင် ဈေးရုံပေါင်း ၁၈ ရုံနီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၁၉၉ ဆိုင် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊

စက်ရုံကြိုပို့ ဘီအမ်ယာဉ် မြောင်းထဲကျ သုံးဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ဒဂုံဆိပ်ကမ်းမြို့နယ် (၆၁) ရပ်ကွက်၊ ရတနာလမ်းနှင့် ရွှေလီ လမ်းဆုံတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၈ နာရီခွဲခန့်က အထည်ချုပ် စက်ရုံကြိုပို ဘီအမ်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ မြောင်းထဲထိုးကျကာ အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အထည်ချုပ် စက်ရုံဝန်ထမ်း အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရှိ မြန်မာကလိုဂို အထည်ချုပ် စက်ရုံကြိုပို့ ဘီအမ်ယာဉ်မှာ ရတနာလမ်းအတိုင်း မောင်းလာစဉ် ရွှေလီ လမ်းဆုံအရောက် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့် တိုက်မိစဉ် အရှိန်လွန်ပြီး ဆိုင်ကယ်နှင့်အတူ စက်ရုံကြိုပို့ယာဉ်ပါ လမ်းဘေးမြောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဆိုင်ကယ်ရော ကားရော အတွဲလိုက် မြောင်းထဲ ထိုးကျသွားတာ။ ဆိုင်ကယ်ပေါ် ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အထည်ချုပ် စက်ရုံဝန်ထမ်း နှစ်ဦးက ဆုံးသွားရှာတယ်။ ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရခဲ့တာ။ ယာဉ်မောင်း နှစ်ဦးလုံးက ယာဉ်တိုက်မှု ဖြစ်ကတည်းက ထွက်ပြေး သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

ဘီလ်ဂိတ် အိမ်ကြီး အကြောင်း

ကမ္ဘာ့အချမ်းသာဆုံး ဂုဏ်ပုဒ်ကို နှစ်အတော်ကြာ ရယူပြီး ယနေ့တိုင်လည်း ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းထဲမှာ ပါဝင်နေသေးတဲ့ ဘီလ်ဂိတ်တစ်ယောက် ဘယ်လိုအိမ်နဲ့ ဘယ်လို နေတယ်ဆိုတာ လူတိုင်း စိတ်ဝင်စားကြမှာပါ။ ပုံမှာ မြင်တွေ့နေရ တာကတော့ ဘီလ်ဂိတ်ပိုင်ဆိုင်တဲ့ အိမ်ကြီး ရခိုင်ပဲ ဖြစ်ပါတယ်။

အိမ်ကြီး ရခိုင်ဆိုလို့ အိမ်ထဲမှာ ရခိုင်ကြီး နေတယ်လို့ ဘာသာပြန်မမှားစေလိုပါဘူး။ Mansion လို့ခေါ်တဲ့ ယင်း အိမ်အမျိုးအားဟာ လူပေါင်းမြောက်များစွာ နေနိုင်ပြီး နန်းတော်တစ်ခုနီးပါး သားနာတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ အိမ်အတွက် ဆောင်ရတဲ့ အခွန်က ၁.၀၆၃ တောင် ရှိသွားပါတယ်။ ယင်း အခွန်ကြောင့်မို့ ဘီလ်ဂိတ်ရဲ့  နေအိမ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၇.၅ သန်း အထက်မှာ ရှိကြောင်း ဖော်ပြခြင်း တစ်မျိုး ဖြစ်ပါတယ်။ အိမ်ဆောက်ဖို့အတွက် ၇ နှစ်ကြာမြင့်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ် က ၆၃ သန်း ရှိပါတယ်။ နောက်ပိုင်း ထပ်မံ ဖြည့်ဆည်းမှုများကြောင့် ကုန်ကျစရိတ် များရခြင်းဖြစ်ပါတယ်။

Nickname အနေနဲ့ Xanadu လို့ အိမ်ကို အမည်ပေးထား ပါတယ်။ အိုင်တီသမား တစ်ယောက်ရဲ့  နေအိမ်ဆိုတော့ အိုင်တီ ပစ္စည်းတွေနဲ့ တည်ဆောက်ထားမယ်လို့ ခန့်မှန်းလိုက်ရင် မမှားပါဘူး။ အားကစားကွင်း ရှိပြီး ရေကူးကန်တောင် မှ အောက် ကနေ သီချင်းသံ ကြားရအောင် System တပ်ဆင်ထား ပါတယ်။

ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား

ထူးဆန်းအံ့ဖွယ် မွေးကတည်းက အစာမစားတဲ့ ကမ္ဘာ့တစ်ဦးတည်းသော လူသား

လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ 

http://www.myanmarcnn.com/2014/02/blog-post_8509.html

လူသား တွေ ကျန်းမာ စွာ အသက်ရှင် နေထိုင် ဖို့ အစား အစာ ဟာ မရှိ မဖြစ် အရေး ပါတယ် လို့ ပြော ရမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အိန်္ဒိယ နိုင်ငံ၊ နယူး ဒေလီ မြို့မှာ နေ ထိုင် တဲ့ အသက် (၂၅) နှစ် အရွယ် ရှိ ဒါ ဟာရာ အမည်ရ အမျိုး သမီး တစ်ဦး ဟာ မွေးက တည်းက အစာ မစားခဲ့ ဘူးလို့ သိရ ပါတယ်။ ဒါဟာရာ ဟာ မွေး ကင်းစ အရွယ် ကတည်း က လက်ရှိ အချိန် အထိ အစာ မစားဘဲ နွားနို့၊ လက်ဖက်ရည်နဲ့ ရေတို့ ကိုသာ သောက် သုံးပြီး အသက်ရှင်နေခြင်း ဖြစ်ပါတယ်။ ဒါဟာရာဟာ တစ်နေ့ကို နွားနို့ လေးလီ တာ ကနေ ငါးလီတာ အ ထိ သောက် သုံးကာ ဘ၀ကို ဖြတ်သန်းနေခြင်းဖြစ်ပြီး အ ဖတ်ပါတဲ့ အစာမာတွေကို စားသုံးပါက နာမ ကျန်း ဖြစ် တဲ့ ဝေဒနာ ခံစားရ တတ် ပါတယ်။

ဒါဟာရာဟာ ဆေးပညာအဆိုအရ achalasia ရောဂါ ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီရော ဂါ ဟာ အစားအစာ ကို လည်ချောင်းထဲကနေ အစာအိမ် ထဲကို မပို့ ဆောင်ပေးနိုင်ခြင်းဖြစ်ပြီး အကျိုးဆက် က တော့ လည်ချောင်းတွေ နာကျင်တဲ့ ဝေဒနာခံစား ရတတ်ပါတယ်။ ဒီ ရောဂါ ခံစား နေ ရသူ ဟာ ဗြိတိန် တစ်ခု တည်း မှာ တောင် (၆၀၀၀)နီးပါး အထိ ရှိပါတယ်။ ဒါပေမဲ့ ဒီရောဂါဟာ ခွဲစိတ် ကုသမှု ခံယူလို့ရှိရင် ပျောက်ကင်း တယ် လို့ သိ ရပါတယ်။ ဒါဟာရာ မိသားစုဟာ ဆင်းရဲတာ မို့ ရောဂါ ဝေဒနာကို ပျောက်ကင်း အောင် ကုသ နိုင် ခြင်း မရှိပါဘူး။

လက်သရဲ ဝင်ပူးသည့် ရောဂါ

hand 

လက်သရဲဝင်ပူးတဲ့ ရောဂါဆိုတာ အမှန်တော့ Alien hand syndromeအမည်ရ ရောဂါ ဖြစ်ပါတယ်။ ဂြိုလ်သားလက် ရောဂါဝေဒါနာ ဖြစ်ပါတယ်။ 
ဒီရောဂါကလည်း ကြောက်စရာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဘယ်လက် သို့မဟုတ် ညာလက် သို့မဟုတ် ၂ ဘက်စလုံး ဖြစ်တတ်ပါတယ်။ ယင်း ဖြစ်တဲ့ လက်က ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။ သူလုပ်ချင်ရာ လုပ်ပါတယ်။ ဓားရှိနေရင် ဓားကိုကောက်ကိုင်ပြီး သူများကို ထိုးပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ထိုးတတ်ပါတယ်။ အိင်္ကျီဝတ်ပေမယ့် ဝတ်လို့မရအောင် လက်က တားပါတယ်။ မီးခလုပ်ကို ပိတ်ပေမယ့် ပြန်ဖွင့် ပါတယ်။ ဘယ်လက်က လုပ်တာကို ညာလက်က ပြန်ပြန်လိုက်လုပ်ပါတယ်။ လိုက်နှောက်ယှက်ပါတယ်။
သွားရင်းလာရင်း တွေ့ကရာ ပစ္စည်း အကုန်ကောက်ပါတယ်။ ခါးပိုက်နှိုက်မိ ပါတယ်။ မီးထဲ လက်ထဲမိပါတယ်။ လည်နေတဲ့ စက်ထဲ လက်က အတင်း ဝင်ပါတယ်။ တားလို့မရပါဘူး။ ဒါကို စိတ်ရောဂါလားလို့ တောင် ထင်မြင်ခဲ့ကြ ပါတယ်။ ဂီတာ အရင်က မတီးဖူးပေမယ့် တီးတတ်တာမျိုး၊ စန္တယား တီးတတ်တာမျိုးတို့ လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ လက်မှာ ကိုယ်ပိုင် စိတ် ရှိနေတဲ့ ရောဂါမျိုးလို့လည်း ခေါ်ပါတယ်။

ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ ကြမည့်သူများ

Photo: ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ သီဆိုကြမယ့် အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကို မေးမြန်းပေးထားပါတယ်။ (သန့်ဇင်ဦး)

L လွန်းဝါ

ကျွန်တော်က ဒီပွဲအပါအဝင် ကိုရီးယားကို သွားဖျော်ဖြေဖြစ်တာ လေးပွဲလောက် ရှိပါပြီ။ ဒီပွဲမတိုင်ခင် ကြားထဲမှာ ကိုရီးယားကို သွားဖျော်ဖြေဖို့ စီစဉ်လိုက်သေးတယ်။ အစီအစဉ် ပျက်သွားလို့ မသွားဖြစ်တာ။ ကျွန်တော်နဲ့ ကိုဟဲလေးက ဒီပွဲလေးမှာ ကူညီပြီး ဆိုပေးတဲ့ သဘောပါ။ အဓိက ကတော့ မိန်းကလေး အဆိုတော် ခုနစ်ယောက်ရဲ့ ပွဲပေါ့။ သူတို့ထဲမှာက ကျွန်တော်နဲ့ စုံတွဲဆိုလို့ ရတဲ့ သူက အိမ့်ချစ်၊ ဝိုင်းစုနဲ့ N ကိုင်ရာ တို့လောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေက အငယ်တွေ ဆိုတော့ သူတို့နဲ့ စုံတွဲ သိပ်မဆိုဖူးဘူး။ ကိုရီးယားက မြန်မာပရိသတ်တွေက ကျွန်တော်တို့တွေ သွားဆိုကြရင် တော်တော်လေး အားပေးတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတာပါ။ ကိုရီးယားတို့၊ ဂျပန်တို့က ကုန်ကျစရိတ်လည်း အရမ်းများတဲ့အခါကျတော့ အနုပညာရှင်တွေ သွားတာ နည်းကြတယ်။ အဲ့ဒီအတွက် လာဖျော်ဖြေတဲ့ အနုပညာရှင်တွေကို အရမ်းအားပေးကြတယ်။ ကျွန်တော်တို့လည်း သူတို့ကို ကြည့်ပြီး ပျော်ရတယ်။ ပီတီ ဖြစ်ရပါတယ်။ အခက်အခဲကတော့  ကိုရီးယားတွေက အင်္ဂလိပ်စကား သိပ်မပြောတတ် တဲ့အတွက် တစ်နေရာကနေ တစ်နေရာ သွားချင်လို့ လှမ်းမေးတဲ့အခါပဲ ဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်ဝင် ဝယ်ရင်ပဲဖြစ်ဖြစ် သူတို့စကား မပြောတတ်ရင် ဒုက္ခရောက်တယ်။     
         
N ကိုင်ရာ

ဒီပွဲအတွက် ညီမတို့ ဒီကနေ ကိုရီးယားကို မတ်လ ဆယ့်နှစ်ရက်နေ့လောက် ထွက်မယ်။ ဒီပွဲက ကိုရီးယားမှာ ကိုင့်ရဲ့ ပထမဆုံးပွဲပါ။ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ ကိုယ့်ပရိသတ်တွေကို ဖျော်ဖြေခွင့်ရမှာ ဖြစ်တဲ့အတွက် ကိုင် အရမ်းပျော်ပါတယ်။ ဒီပွဲမှာ သီချင်းဟောင်းတွေရော သီချင်းသစ်တွေပါ မျှပြီး ပရိသတ်တွေကို ဖျော်ဖြေမှာပါ။     
 
ကျော်သီဟ (ဆုံစည်းရာ မြန်မာစတိုး)

ကိုယ်က ကိုရီးယားမှာ ဆုံစည်းရာ နာမည်နဲ့ ကုမ္ပဏီ ဖွင့်ထားပါတယ်။ အဓိကကတော့ မြန်မာ အလုပ်သမားတွေ စားဖို့အတွက် Ready Made အစားအစာလေးတွေ ရောင်းတဲ့ ဆိုင်လေးပါ။ ဒီပွဲလေးကလည်း ကိုရီးယားမှာ အလုပ် လုပ်နေတဲ့ မြန်မာ လုပ်သားတွေကို ဖျော်ဖြေတဲ့ ပွဲလေးပါပဲ။ သူတို့မှာက နေ့ဆိုင်းတွေရော၊ ညဆိုင်းတွေရော အလုပ်လုပ်ပြီး ပိုက်ဆံပဲ ရှာနေရတာ။ အပန်းဖြေစရာ ဘာမှမရှိဘူး။ ဒီပွဲလေးက သူတို့ အပန်းဖြေလို့ရအောင် လုပ်ပေးတဲ့ ပွဲလေးပါ။ 
ဒီပွဲလေးတွေ လုပ်ဖို့အတွက် စီစဉ်ရတဲ့ အခက်အခဲကတော့ သိပ်မရှိပါဘူး။ ကိုယ်တို့က ကိုရီးယားမှာ နေတာလည်း နှစ် နှစ်ဆယ်ကျော်ပြီ။ ဟိုမှာက မြန်မာကုမ္ပဏီကလည်း သိပ်မရှိတော့ သံရုံးကလည်း ကိုယ်တို့ကို သိကြတဲ့အတွက် ဗီဇာ ကိစ္စတွေ ဘာတွေက အခက်အခဲ မရှိပါဘူး။ ကိုယ်က ကိုရီးယားမှာ အနေများတော့ ဒီဘက်က အဆိုတော်တွေခေါ်ဖို့ ကိစ္စတွေကို ကိုယ်နဲ့ ညီအစ်ကိုလို နေတဲ့ အီကြာကွေးတို့ ဟဲလေးတို့ Lလွန်းဝါတို့ကို စီစဉ်ခိုင်းပါတယ်။ ပွဲအတွက် ခေါ်ဖို့ အဆိုတော်တွေကို စဉ်းစားတဲ့ နေရာမှာတော့ ကိုရီးယားကို မရောက်ဖူးသေးတဲ့သူတွေ၊ မြန်မာ အလုပ်သမားတွေ ကြိုက်နိုင်တဲ့ သူတွေကို ဦးစားပေးပြီး ခေါ်ဖြစ်တယ်။
ကိုယ်တို့က ကိုယ့်မြန်မာတွေ နိုင်ငံရပ်ခြားမှာ အလုပ် လာလုပ်ရင်း စိတ်အပန်းပြေအောင်သာ ပွဲတွေ စီစဉ်ဖြစ်နေတာ။ တကယ်တော့ ကိုယ်တို့ လုပ်သမျှ ပွဲတိုင်းက ရှုံးတယ်။ နိုင်ငံတိုင်းမှာ မြန်မာ လုပ်သားတွေ ရှိကြပေမယ့် ကိုရီးယားမှာက အရေအတွက် အနည်းဆုံးပဲ။ ကိုရီးယား တစ်နိုင်ငံလုံးမှာမှ မြန်မာလုပ်သားက တစ်သောင်းခွဲလောက်ပဲ ရှိတယ်။ ပွဲလုပ်ရင် လာကြည့်ကြတဲ့သူကလည်း တစ်ပွဲကို အယောက် လေးငါးရာလောက်ပဲ ရှိတယ်။ ဒီပွဲအတွက် လက်မှတ် ဈေးနှုန်းကို ဝမ်ငါးသောင်း သတ်မှတ်ထားတယ်။ မြန်မာငွေနဲ့တော့ လေးသောင်းလောက် ရှိမှာပေါ့။ 
            
အိချောပို

ဒီပွဲလေးမှာ ပါဝင်ပေးဖို့ ချောကို ကိုဟဲလေးက အကူအညီ တောင်းတာပါ။ ပုံမှန်ဆိုရင်တော့ ချော ကြောက်တာနဲ့ ပါဖြစ်မှာ မဟုတ်ဘူး။ ချောက သရုပ်ဆောင် ဖြစ်တဲ့အတွက် သရုပ်ပဲ ဆောင်တတ်တာ။ အဆိုပိုင်းမှာ ချော အားလည်း နည်းတယ်။ ဆိုလေ့လည်း မရှိဘူး။ ကိုဟဲလေးကလည်း ဒီပွဲအတွက် ပွဲမတိုင်ခင် Rehearsal တွေလည်း အကြိမ်ကြိမ် လုပ်မှာပါလို့ ချောကို ပြောထားတယ်။ ချောက ပရိသတ်တွေ သိပြီးသား သီချင်းတွေဖြစ်တဲ့ အန်တီဟေမာ၊ အန်တီမေဆွိ ၊ အန်တီကော်နီ၊ မဆုန်သင်းပါရ်တို့ သီချင်းတွေပဲ ဆိုပေးဖြစ်မယ်။ ချောကို ကိုဓိရာမိုရ် ရေးပေးထားတဲ့ သီချင်းလေးတွေ လည်း ရှိတော့ရှိတယ်။ ဒါပေမဲ့ အဲဒီပွဲမှာကျတော့ ပရိသတ် သိပြီးသား သီချင်းဟောင်းလေးတွေဆိုရင် ပိုအဆင်ပြေမလားလို့။ သီချင်းကတော့ တစ်ယောက်ကို ငါးပုဒ်စီလောက် ဆိုရမယ်လို့ ကိုဟဲလေးက ပြောထားတယ်။ ချောတို့က ကိုရီးယား ရောက်ရောက်ချင်း သုံးရက် လည်မယ်။  နောက်ရက် သီချင်းဆိုမယ်။ နောက်ထပ် သုံးရက် ထပ်လည်ကြမယ်။ ဒီပွဲလေးအတွက် ချော အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အသံလည်း အရမ်းကောင်းတဲ့၊ ဆိုလည်း ဆိုတတ်ကြတဲ့ အဆိုတော်တွေနဲ့အတူ သွားရမှာ ဖြစ်တဲ့အတွက် ပျော်လည်း ပျော်သလို ရင်လည်း ခုန်နေပါတယ်။      

မိစန္ဒီ

ဒီပွဲက ကိုရီးယားမှာ ညီမ ပထမဆုံး သွားဖျော်ဖြေရမယ့် ပွဲဖြစ်တဲ့အတွက် ရင်လည်းခုန်တယ်။ စိတ်လည်း လှုပ်ရှားတယ်။ ညီမတို့က ကိုယ့်ကို လာငှားတဲ့ ပွဲတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစား ဖျော်ဖြေတဲ့အတွက် ဒီပွဲကိုလည်း သေချာ ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်။ ပြည်ပမှာ ပင်ပင်ပန်းပန်း အလုပ် လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို အကောင်းဆုံး ဖျော်ဖြေသွားပါမယ်။ သီချင်းအနေနဲ့ကတော့ မိစန္ဒီကို ပရိသတ်တွေ အားပေးကြတဲ့ မငြိုငြင်ရက်ဘူးတို့၊ ရေခဲရိုက် အပြုံးတို့၊ မိုနိုပိုလီတို့လို သီချင်းတွေအပြင် အတွဲခွေတွေထဲက ပရိသတ်တွေ ကြိုက်ကြတဲ့ သီချင်းတွေကို ဒီပွဲမှာ ဖျော်ဖြေသွားပါမယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့ကတော့ ဒီပွဲမှာပါတဲ့ အဆိုတော်တွေ အားလုံးက ကိုယ်နဲ့လိုက်တဲ့ ဖက်ရှင်တွေကို အကောင်းဆုံး ဝတ်ကြမှာပဲလို့ မိစန္ဒီ ထင်ပါတယ်။ မိစန္ဒီလည်း ကိုယ်နဲ့လိုက်တဲ့ ပုံစံလေးတွေကို စဉ်းစားပြီး ဝတ်ဖြစ်မှာပါ။
ကိုးရီးယားနိုင်ငံ အင်ချွန်းမှာ မတ်လ ၁၆ ရက်နေ့ပြုလုပ်မယ့် 7.Ladies Show in Korea ပွဲမှာ ပါဝင်ဖျော်ဖြေ သီဆိုကြမယ့် အဆိုတော်တွေနဲ့ ပွဲစီစဉ်သူတွေကို မေးမြန်းပေးထားပါတယ်။ 
(သန့်ဇင်ဦး)

L လွန်းဝါ

ကျွန်တော်က ဒီပွဲအပါအဝင် ကိုရီးယားကို သွားဖျော်ဖြေဖြစ်တာ လေးပွဲလောက် ရှိပါပြီ။ ဒီပွဲမတိုင်ခင် ကြားထဲမှာ ကိုရီးယားကို သွားဖျော်ဖြေဖို့ စီစဉ်လိုက်သေးတယ်။ အစီအစဉ် ပျက်သွားလို့ မသွားဖြစ်တာ။ ကျွန်တော်နဲ့ ကိုဟဲလေးက ဒီပွဲလေးမှာ ကူညီပြီး ဆိုပေးတဲ့ သဘောပါ။ အဓိက ကတော့ မိန်းကလေး အဆိုတော် ခုနစ်ယောက်ရဲ့ ပွဲပေါ့။ သူတို့ထဲမှာက ကျွန်တော်နဲ့ စုံတွဲဆိုလို့ ရတဲ့ သူက အိမ့်ချစ်၊ ဝိုင်းစုနဲ့ N ကိုင်ရာ တို့လောက်ပဲ ရှိတယ်။ ကျန်တဲ့သူတွေက အငယ်တွေ ဆိုတော့ သူတို့နဲ့ စုံတွဲ သိပ်မဆိုဖူးဘူး။ ကိုရီးယားက မြန်မာပရိသတ်တွေက ကျွန်တော်တို့တွေ သွားဆိုကြရင် တော်တော်လေး အားပေးတယ်။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေက တကယ့်ကို ပင်ပင်ပန်းပန်း အလုပ် လုပ်ကြရတာပါ။ ကိုရီးယားတို့၊ ဂျပန်တို့က ကုန်ကျစရိတ်လည်း အရမ်းများတဲ့အခါကျတော့ အနုပညာရှင်တွေ သွားတာ နည်းကြတယ်။ အဲ့ဒီအတွက် လာဖျော်ဖြေတဲ့ အနုပညာရှင်တွေကို အရမ်းအားပေးကြတယ်။ ကျွန်တော်တို့လည်း သူတို့ကို ကြည့်ပြီး ပျော်ရတယ်။ ပီတီ ဖြစ်ရပါတယ်။ အခက်အခဲကတော့ ကိုရီးယားတွေက အင်္ဂလိပ်စကား သိပ်မပြောတတ် တဲ့အတွက် တစ်နေရာကနေ တစ်နေရာ သွားချင်လို့ လှမ်းမေးတဲ့အခါပဲ ဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်ဝင် ဝယ်ရင်ပဲဖြစ်ဖြစ် သူတို့စကား မပြောတတ်ရင် ဒုက္ခရောက်တယ်။

မန္တလေးရွှေကျောင်းကြီးကို ဆယ်လအတွင်း ပြုပြင်မည်

ဖြိုး| သောကြာနေ့၊ ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ သံအမတ်များ ရန်ပုံငွေ (The Ambassadors Fund for Cultural Preservation AFCP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မန္တလးရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို
ဖေဖော်ဝါရီ ၁၄ရက် မွန်းလွဲ ၃ နာရီအချိန်က ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေနှင့် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

"ကျောင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ပြယုဒ်တစ်ခုပါပဲ" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ဆိုသည်။

အဆိုပါ စီမံကိန်းသည် နိုင်ငံခြားပညာရှင်များ ပူးပေါင်းပါဝင်ထားသည့် အမေရိကန်၏ ပထမဆုံးသော ပြုပြင်ဆောင်ရွက်မှု ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ရေးရာအရ အလွန်အရေးပါသော မှတ်တိုင်တစ်ခုပင် ဖြစ်သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဦးသန်းဆွေက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား

ကြံ့ခိုင်ရေးပါတီက လူကြီးမင်းတယောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ပြောရဲဆိုရဲရှိစွာ ပြောဆိုသွားခဲ့ မဲဆွယ်သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တချို့ မီဒီယာထဲ ရောက်လာပါပြီ။
သူက သူရဦးအေးမြင့်ပါပဲ။
 
(ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)

လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ အဲသလို မဲဆွယ်သွားတယ် ဆိုတဲ့ ရေးသားချက်တွေ မှန်ကန်တယ် ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်ကိုင်တော့မှာလားလို့ မေးသူက မေးပါလိမ့်မယ်။

သူရဦးအေးမြင့်ပြောသွားတာကတော့ ... လာမယ့်နှစ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်မယ်ဆိုရင် ယှဉ်ရဲပါတယ် တဲ့။
သူက သူရဘွဲ့ ရရှိခဲ့ခြင်းဟာ တိုက်ပွဲအတွင်း ဗိုက်မှာ ဒဏ်ရာရတဲ့အထိ တိုက်ခဲ့လို့ဖြစ်ပါတယ် တဲ့။
သက်သေပြတဲ့အနေနဲ့ သူ့ဗိုက်ကို လှန်ပြခဲ့တယ်လို့ ဆိုပါတယ်။

ပြင်ရေး၊ ဖြုတ်ရေးနှင့် သင်ရိုးညွှန်းတမ်း

Photo: ပြင်ရေး၊ ဖြုတ်ရေးနှင့် သင်ရိုးညွှန်းတမ်း

(လဲ့ရည်မြင့်)

အခြေခံပညာ သင်ရိုးညွှန်းတမ်း များသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်သော ပမာဏထက် ပိုများနေခြင်းကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တရားဝင် ပြောကြားလိုက်သည်။
စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးချိန် ပိုမိုရရှိပြီး နိုင်ငံတကာ အရည်အသွေးမီ သင်ခန်းစာများအဖြစ် ပြောင်းလဲရန် အခြေခံပညာ အဆင့်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုတွင် လွဲမှားနေသော ပုံနှိပ်စာများကိုသာ ပြင်ဆင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ သင်ရိုးညွှန်းတမ်းများကို ပထမဆုံးအကြိမ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊  အလယ်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်း ပြောင်းလဲထားကြောင်း ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ နှစ်ပေါင်း နှစ်ဆယ်ကျော် နောက်ကျကျန်နေသော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးကို ပညာရေး အသိုင်းအဝိုင်းက လိုလားစွာ လက်ခံသော်လည်း စနစ်တကျ သုတေသန ပြုလုပ်ပြီးမှသာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရန် ၎င်းတို့က ဝေဖန်အကြံပြုသည်။

သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ အဆင့်မြှင့်တင်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် ဘာသာရပ်အလိုက် မွမ်းမံဆွေးနွေးပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၌ စတင်သင်ကြားခဲ့ကာ ယခု ၂၀၀၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၏  သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

အဆိုပါသင်ရိုး ပြင်ဆင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော ဘက်စုံလွှမ်းခြုံသည့် ပညာရေး လေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR) က အကြံပြုထားခြင်း ဖြစ်ပြီး CESR က အခြေခံပညာ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရေးအတွက် သင်ရိုးညွှန်းတမ်း အခြေခံမူဘောင် ရေးဆွဲရန် ဦးစွာ တိုက်တွန်းခဲ့သည်။

“သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ဖို့ မူဘောင် ရှိမှရမယ်။ အခုမူကြမ်းတော့ပြီး သွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ရေးဆွဲရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကြောင့် လက်ရှိအချိန်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချခြင်း၊ စာအုပ်ဒီဇိုင်းနှင့် စက္ကူသားများ ပြောင်းလဲခြင်းတို့သာ ပြုလုပ်နေကြောင်း ၎င်းကပြောကြားသည်။

တစ်ဖက်တွင်လည်း သင်ရိုးညွှန်းတမ်း များနေခြင်းကြောင့် လျှော့ချပေးခြင်းမှာ အဖြေတစ်ခု မဟုတ်ကြောင်း ပုဂ္ဂလိကပညာရေး အသိုင်းအဝိုင်းအချို့က ဝေဖန်ကြသည်။ အစိုးရ ပြဋ္ဌာန်းဖတ်စာအုပ်နှင့် သင်ရိုးမာတိကာသည် ပုဂ္ဂလိက ကျောင်းများထက် နည်းပါးနေသော်လည်း အလွတ်ကျက်စနစ်နှင့် သင်ကြားနေသောကြောင့် သင်ရိုးညွှန်းတမ်း များပြားနေသယောင် ဖြစ်နေကြောင်း နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာအဆင့်သည် အိမ်နီးချင်းနိုင်ငံထက် စာသင်နှစ် နည်းပါးနေပြီး တွဲဖက် သင်ရိုးညွှန်းတမ်း သင်ကြားမှုလည်း အားနည်းကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

ဝေးလံသော ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုသည် စဉ်းစားတွေးခေါ်မှု အားမပေးသော သင်ကြားနည်း စနစ်များကို အားပေးနေဆဲ ဖြစ်ပြီး သင်ရိုးညွှန်းတမ်း ပြောင်းလဲသော်လည်း သင်ကြားနည်းနှင့် အခြားပံ့ပိုးမှုပိုင်း မရှိလျှင် ပညာရေးစနစ် တိုးတက်မှု မရှိကြောင်း အခြေခံပညာဆရာ၊ ဆရာမအချို့က ပြောကြားသည်။ 

ယင်းအပြင် အရည်အသွေးစိစစ် အကဲဖြတ်သည့် စာမေးပွဲစနစ်ကိုလည်း အမြန်ဆုံး ပြင်ဆင်ကြရန် ပြည်တွင်း ပညာရေး သုတေသန ပညာရှင်များက ဆိုသည်။

မည်သို့ပင်ဆိုစေ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရန် အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သော သင်ရိုးညွှန်းတမ်း မူဝါဒကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) နှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က တစ်ပြိုင်နက်တည်း ရေးဆွဲနေကြသည်။

သို့သော် အများပြည်သူများ တောင်းဆိုနေကြသော ဒေသတွင်းအဆင့်မီ သင်ရိုးညွှန်းတမ်းကို အခြေခံပညာ သင်ရိုးညွှန်းတမ်း မူဝါဒ အတည်ပြုပြီးလျှင် ထွက်ရှိနိုင်ခြင်းရှိ၊ မရှိ ဆက်လက် စောင့်ဆိုင်းရဦးမည်။

“ခေတ်မမီတဲ့ သင်ခန်းစာတွေ အကုန်ပြောင်းစေချင်တယ်” ဟု လုပ်သက် ဆယ်နှစ်ကျော်ရှိ နိုင်ငံတကာပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။

(လဲ့ရည်မြင့်)

အခြေခံပညာ သင်ရိုးညွှန်းတမ်း များသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်သော ပမာဏထက် ပိုများနေခြင်းကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တရားဝင် ပြောကြားလိုက်သည်။
စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးချိန် ပိုမိုရရှိပြီး နိုင်ငံတကာ အရည်အသွေးမီ သင်ခန်းစာများအဖြစ် ပြောင်းလဲရန် အခြေခံပညာ အဆင့်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုတွင် လွဲမှားနေသော ပုံနှိပ်စာများကိုသာ ပြင်ဆင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ သင်ရိုးညွှန်းတမ်းများကို ပထမဆုံးအကြိမ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်း ပြောင်းလဲထားကြောင်း ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။

ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်

Photo: ထိုင်းအစိုးရ ရုံးများ ပြန်လည် ရယူရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာ တပ်ဖြန့်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန်လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြားသည်။

သို့သော်လည်း ဆန္ဒပြသမားများနှင့် ဦးစွာ ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ယူပါမယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးပါမယ်။ ဆန္ဒပြမှုကို ဖိနှိပ်တာ မဟုတ်ပါဘူး။ ဆန္ဒပြမှု ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးအောင် လုပ်တာပါ” ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ဆိုသည်။

လက်ရှိ ဆောင်ရွက်မည့် စစ်ဆင်ရေးမှာ အစိုးရ ရပ်ကွက်များကို အဓိက ဦးတည်ထားပုံရပြီး ဆန္ဒပြမှုများ အကြီးအကျယ် ဖြစ်ပွားရာ အဓိက လမ်းဆုံ လမ်းခွ နေရာများကို ဦးတည်ခြင်း မဟုတ်ဟု  CNA သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ ရုံးအနီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှင်းလင်းနေလျက်ရှိပြီး ယင်းရုံးမှာ ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းကြောင့်  နှစ်လကျော်ကြာ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းနေသည်။

ဆန္ဒပြသမားများ၏ တဲများကို အဓိကရုဏ်း ရဲများက ဖယ်ရှားနေပြီး စစ်ဆင်ရေးကို ခုခံခြင်း မပြုရန် သတိပေး ပြောကြားလျက် ရှိကြောင်း၊ ပဋိပက္ခများ ဖြစ်ပွားခြင်း မရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေးကို ညင်သာစွာ ကိုင်တွယ်နေပြီး အင်အား လျော့နည်းလာသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သေချာ ကိုင်တွယ်နိုင်ရန် ဒီဇိုင်း ဆွဲထားပုံရကြောင်း၊ ဘန်ကောက် မြို့ပြင်ရှိ ဒေသများမှနေ၍ အဓိက ဆန္ဒပြမှုများ ဖြစ်ပွားရာ မြို့လယ် ဒေသများသို့ တဖြည်းဖြည်း ချဉ်းကပ်နေကြောင်း Rueters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းအတိုက်အခံများက ကြီးမားသော လူထု ဆန္ဒပြပွဲများကို သုံးလကျော်ကြာ ဆက်တိုက် ကျင်းပနေပြီး ဝန်ကြီးချုပ် ယင်းလပ် ရာထူးမှ နုတ်ထွက်ပေးရန် ဖိအား ပေးနေသော်လည်း အစိုးရအဖွဲ့က လက်ရှိအချိန်ထိ ရာထူးမှ နုတ်ထွက်ခြင်း မရှိပေ။

ဆန္ဒပြမှုများ၏ ဖိအားပေးမှု သက်သာစေရန် ယင်းလပ် အစိုးရအဖွဲ့က ယခုလ အစောပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပခဲ့သော်လည်း အတိုက်အခံများက ရွေးကောက်ပွဲကိုလည်း ဆန္ဒပြထားသည်။

ယင်းကဲ့သို့သော စုဝေးမှုများမှာ တရားမဝင် စုဝေးမှု ဖြစ်ကြောင်း၊ လူစုလူဝေး နေရာများတွင် လက်နက်များ တွေ့ရှိရကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က ပြောကြားသည်။

“အဲဒါတွေက အစိုးရ ရုံးတွေပါ။ အစိုးရက ပြည်သူတွေကို အလုပ်အကျွေး ပြုရမှာပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း အစိုးရ ဆန့်ကျင်ရေး ခေါင်းဆောင်များက သောကြာနေ့မှ စပြီး နှစ်ရက်ကြာ ဆန္ဒပြပွဲ ဆက်လက် ပြုလုပ်ရန် တောင်းဆိုထားသည်။

အကျင့်ပျက် လာဘ်စားမှု၊ မဲဝယ်မှု  စသည်တို့ကို ဖြေရှင်းနိုင်ရန် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် ရမည် ဖြစ်ကာ ဝန်ကြီးချုပ် ယင်းလပ် အစိုးရအဖွဲ့ ရာထူးမှ နုတ်ထွက်ပေးပြီး ရွေးကောက်ခံ မဟုတ်သည့် ပြည်သူ့ကောင်စီများက ယင်းပြုပြင်ရေးများကို ဦးဆောင်ရမည်ဟု ထိုင်းအတိုက်အခံများက တောင်းဆိုထားသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သိမ်းပိုက်ထားသည့် အစိုးရ ဌာနချုပ်များနှင့် ရုံးများကို ပြန်လည် ရယူနိုင်ရေး အဓိကရုဏ်း ရဲထောင်ပေါင်းများစွာကို သောကြာနေ့တွင် တပ်ဖြန့် ချထားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

အစိုးရအိမ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် အခြားသော ရုံးများကို ပြန်လည် ရယူနိုင်ရေး အစီအစဉ် ချမှတ်ထားသည်ဟု ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ပရာဒွန်က AFP သတင်းကို ပြောကြားသည်။

သို့သော်လည်း ဆန္ဒပြသမားများနှင့် ဦးစွာ ဆွေးနွေးပြီးမှ ဆက်လက် လုပ်ဆောင် သွားမည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ပြန်ယူပါမယ်။ ဆန္ဒပြ ခေါင်းဆောင်တွေကို ဖမ်းဆီးပါမယ်။ ဆန္ဒပြမှုကို ဖိနှိပ်တာ မဟုတ်ပါဘူး။ ဆန္ဒပြမှု ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေ စိုးမိုးအောင် လုပ်တာပါ” ဟု အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ဆိုသည်။

အိပ်ရာထချိန် ခါးနာနေလျှင်

Photo: အိပ်ရာထချိန် ခါးနာနေလျှင်

မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊

ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့

1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...

ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

2) မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်...

မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွား တတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာ တတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံး ခိုင်းပါတယ်။

3) အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ ...

အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေး အတွက် မသင့်တော် ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။

4) မှို့မွေ့ရာကို သုံးပါ...

ခါးနာတာ သက်သာစေဖို့ အကောင်းဆုံးမွေ့ရာကတော့ မှို့မွေ့ရာ ခပ်တင်းတင်းထူထူလေးပဲ ဖြစ်ပါတယ်။ မှို့မွေ့ရာကလည်း ကြာလာရင် ချိုင့်တွေ၊ ထစ်တွေ၊ အလုံးကြီးတွေ ဖြစ်သွား တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် မသုံးသင့်တော့ပါဘူး။ မွေ့ရာအသစ်ကို ပြောင်းသင့်နေပါပြီ။ အခုခေတ်ပေါ် Medium Firm Mattress မွေ့ရာဆိုရင် ကောင်းပါတယ်။ သုံးသင့် တယ်လို့လည်း ဆရာတို့ ယူဆပါတယ်။

5) သစ်သားပြားပေါ် မအိပ်ရပါ...

ခါးနာရင် အမာကြီးပေါ် အိပ်ရတယ်လို့ တချို့က ထင်ပြီး ကြမ်းပြင်မာမာကြီးပေါ်မှာ သုံးထပ်သား၊ ငါးထပ်သား သစ်သားပြားတွေ ခံပြီး အိပ်ကြတယ်။ ဒါကမကောင်းပါဘူး။ မလုပ် ပါနဲ့လို့လည်း အကြံပေး ချင်ပါတယ်။

အိပ်ရာနိုးမှ ခါးနာတယ်ဆိုရင် အထက်ပါ အကြောင်းတွေကို လိုက်နာလိုက်ရင် သက်သာ သွားနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ ည ည အိပ်တိုင်း၊ အိပ်တိုင်း အိပ်နေရင်း နာတယ်ဆိုရင်တော့ သတိထားဖို့ လိုနေပါပြီ။ ခါးအရိုးမှာ ဖြစ်တဲ့ တီဘီ၊ ခါးမှာဖြစ်တဲ့ ကင်ဆာတွေ ကလည်း ညည ခါးနာတာ ဖြစ်တတ်တာကြောင့် ဒီလို အကြောင်းတွေကြောင့် ခါးနာတာဟုတ်၊ မဟုတ် စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။ ဒါတွေက ဆိုးရွားတဲ့ ရောဂါတွေဖြစ်တာကြောင့် ဒီလိုရောဂါတွေကို စောစော စစ်ဆေးမှု ခံယူကြဖို့ လိုအပ်ပါတယ်။

credit to နှင်းဆီဖူးလေးများ-Love BUDS

မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊

ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဆရာတို့က ဘယ်လို အကြံပေးလဲဆိုတော့

1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...

ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette ပြတိုက်အတွင်း ဂလိုင်ပေါက်ကြီး ဖြစ်ကာ ကားရှစ်စီး ကျွံကျ

Photo: အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette ပြတိုက်အတွင်း ဂလိုင်ပေါက်ကြီး ဖြစ်ကာ ကားရှစ်စီး ကျွံကျ

အမေရိကန် ပြည်ထောင်စု ကင်တပ်ကီ ပြည်နယ်ရှိ Corvette အမျိုးသား ပြတိုက် အတွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်က ရုတ်တရက် ကြီးမားသော ဂလိုင်ပေါက်ကြီး ဖြစ်ပွား ခဲ့ပြီးနောက် ၎င်းဂလိုင်ပေါက် အတွင်းသို့ မော်တော်ယာဉ် ရှစ်စီးကျွံကျ သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဂလိုင် ပေါက်ကြီးသည် Corvette အမျိုးသား ပြတိုက်အတွင်း ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီ ၄၄ မိနစ်က ရုတ်တရက် ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း ပြတိုက် တာဝန်ခံ များက အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။ ယင်းဂလိုင်ပေါက် ကြီး၏ အနက်မှာ ၂၅ပေမှ ပေ ၃ဝ အထိ ရှိနိုင်ပြီး အကျယ်မှာ ပေ ၄ဝ ရှိနိုင်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရောက်ရှိ လာကြသော Bowling Green မီးသတ် ဌာနမှ ခန့်မှန်းပြောကြား ထားသည်ဟု သိရသည်။

မြ၀တီ

ခပ်မိုက်မိုက်ပုံစံမျိုးတွေ ၀တ်ရတာ ကြိုက်တယ်လို့ဆိုတဲ့ အောင်ရဲလင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်သလို လက်ရှိအနုပညာလောကရဲ့ နာမည်ရနေတဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းနဲ့ ဆုံတွေ့ခိုက် သူ့ရဲ့ ဖက်ရှင်နဲ့ အပြင်အဆင်အကြောင်းတွေကို မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက သူ့ရဲ့ဆံပင်ပုံစံအကြောင်းကို ပထမဆုံး စပြောပါတယ်။ ‘၂၀၁၄ရဲ့ ဆံပင်ပုံစံ အတိုတွေဖြစ်နေတာပေါ့။ အတိုထားတာများတယ်။ ဆံပင်နဲ့ ကာရိုက်တာပိုင်းကို လိုက်ဖက်အောင်ပဲဝတ်တယ်။ ၂၀၁၄မှာ ကျွန်တော်ရဲ့စတိုင်လ်က အရင်က ဖန်စီပုံစံတွေထက် smartဘက်ကို သွားတယ်။ ဆံပင်နည်းနည်း ပြန်ရှည်လာတဲ့အခါ ကျရင်တော့ ပုံစံတစ်မျိုးပြန်ပြောင်းမှာပေါ့။’လို့ သူကပြောပါတယ်။
အဝတ်အစားနဲ့ပတ်သက်ပြီးတော့လည်း သူက ‘ကျွန်တော်က နည်းနည်းမိုက်တဲ့ပုံစံမျိုးတွေ ဝတ်ရတာသဘောကျတယ်။ ကာရိုက်တာနဲ့ ဆိုရင်တော့ ကာရိုက်တာနဲ့လိုက်အောင်လို့ ဝတ်ဆင်ရတာပေါ့။ အခု နောက်ပိုင်းမှာ ရိုက်ရတဲ့ ဇာတ်ကားတွေကလည်း smart ဘက်သွားတာတွေများတယ်ဆိုတော့လေ။ အပြင်သွားလို့ ဝတ်ဖြစ်မယ်ဆိုရင်တော့ နည်းနည်း ခပ်မိုက်မိုက်ပုံစံမျိုးတွေ ဝတ်ရတာကိုကြိုက်တယ်။ လည်သာဂျာကင်တို့၊ ဂျင်းဂျာကင်တို့၊ အပေါက်တွေ၊ အပြဲတွေပါတဲ့ အဲဒီလိုဖက်ရှင်မျိုးတွေ ဝတ်ရတာကို ကြိုက်တယ်။ ဖက်ရှင်ကျဖို့ဆိုတာကတော့ အနုပညာရှင်မှမဟုတ်ပါဘူး။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် အလုပ်ခွင်မှာ မလုပ်သင့်တဲ့အမှားများ

   ကျွန်ုပ်တို့ရဲ့ အသက်နှစ်ဆယ်နောက်ပိုင်း အချိန်တွေဆိုတာ ပျော်ရွှင်စရာတွေ နည်းပါးလာတာ အမှန်ပါပဲ။ ပြီးတော့ ပုံသေကားကျ ဘ၀တစ်ခုနဲ့လည်း ကျင်လည်နေရပါပြီ။ ဒီလိုအချိန်တွေဆိုတာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်နေကြရတဲ့ အချိန်တွေပါပဲ။ လူ့သက်တမ်းကို ပျှမ်းမျှ (၆၀)နဲ့ သုံးပုံ ပုံကြည့်မယ်ဆိုရင် တကယ်တမ်း ကောင်းကောင်း အလုပ်လုပ် နိုင်တဲ့အချိန်ဆိုတာ အနှစ် (၂၀)ထက်မပိုပါဘူး။
          ဒါကြောင့် အသက်(၂၀)နောက်ပိုင်းမှာ အကောင်းဆုံး လုပ်ငန်းခွင်ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့အတွက်ဆိုရင်တော့ လုပ်ငန်းခွင်မှာ ဒီအချက်တွေကို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။

Microsoft ဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ

Photo: Microsoft ဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့် နည်းပညာ

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်း ပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ် လာ စေဖို့ ဖြစ်ပါတယ်။

အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမယ့် အပြင်က အင်ဂျင်နေယာများ ဖြစ်ပြီး မိုက်ခရိုဆော့ရဲ့  ဓာတ်ခွဲခန်းကို အသုံြး့ပုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမယ့် ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖဝါးတွေ၊ လက်မောင်းတွေ နဲ့ အခြား ခန္ဓာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။
--
Ref: mircosoft,wiki
အောင်ခမ်း (smart.com.mm)

.

၂၀၁၀ ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်း ကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာ ကို ပြန်လည် Upgrade လုပ်နေပါပြီ။ နောက်ဆိုရင် လူတိုင်း လက်မှာကိုင်ရ တဲ့ ဖုန်း၊ စားပွဲပေါ် တင်ရတဲ့ ကွန်ပြူတာ၊ လပ်တော့နဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းနေရာ အတော်များများမှာ လွမ်းမိုး လာမယ့်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ် မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့  အလုပ်လုပ်ပုံက ဒီလို ဖြစ်ပါတယ်။

လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဓာကိုယ် အရေအပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလှိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်။ ဥပမာ - ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေး တောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါမယ်။ ဒီတော့ ကိုယ်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ့် စက်သေးသေးလေး တစ်ခုတော့ ကပ်ထား၊ ပတ်ထားဖို့လိုပါမယ်။ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။

Volkswagen ထုတ် ဘီးမပါ၊ မြေမထိကား

Photo: Volkswagen ထုတ် ဘီးမပါ၊ မြေမထိကား 

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။ 

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။ 

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။ 

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။  အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။ 

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/JWh2qT9yiTo

အောင်ခမ်း (smart.com.mm)

---

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ

Photo: ကင်တားနားကို ရခိုင်ပြည်နယ်တွင် ဒေသခံများဆန္ဒပြ
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသားသည်ဟုဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရှစ်နာရီကျော်မှ စတင်ကာ စစ်တွေလေဆိပ်တွင် စတင်ဆန္ဒပြခဲ့ကြပြီး ၎င်းသွားသည့် နေရာများကိုလည်း လိုက်ပါ ဆန္ဒပြခဲ့ကြကြောင်း ‘တစ်ဖက်သတ် အကြုံပြုချက်များ အလိုမရှိ၊ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွား’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

ကင်တားနားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

ကင်တားနားသည် စစ်တွေမြို့ရှိ အကျဉ်းထောင်၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်း၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းများကို သွားရောက် တွေ့ဆုံခဲ့ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ အလုပ်အမှုဆောင် ကော်မတီဝင် နှစ်ဦးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ချဉ်းကပ်ပုံ မှားယွင်းနေမှု၊ ပဋိပက္ခ အခြေအနေများ၊ ရခိုင်တိုင်းရင်းသားများ၏ ခံစားချက်၊ သဘောထားများကို ကင်တားနားကို ရှင်းပြခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားများ အမှန်တကယ် ကြုံတွေ့ခံစားရမှုများကို ကိုယ်စားမပြုနိုင်သဖြင့် ဘက်လိုက်သည်ဟု ပြောဆိုနေခြင်း ဖြစ်သည်ဟုလည်း ရှင်းပြခဲ့ကြောင်း RNDP မှ အလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက ပြောကြားသည်။
“ငါ့ဘက်မလိုက်ဘူး။ ဘက်လိုက်တာ မဟုတ်ကြောင်းကို နောက်ဆုံး အစီရင်ခံစာ စောင့်လို့ကြည့်ပါလို့ ပြောတယ်” ဟု ကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းက ပြန်လည် ပြောဆိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စများ၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ အကူအညီများ လိုအပ်သော်လည်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့် ရရှိရေးမှာ ပိုမိုအရေးကြီးကြောင်းကို ရှင်းပြခဲ့ကြောင်း ဦးခင်မောင်ကြီးက ထပ်မံပြောကြားသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်း ခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ နောက်ဆုံး အစီရင်ခံစာကို တင်ပြရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ 

ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိသည့် ကင်တားနားသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ ခရီးစဉ်တွင် ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ သီလဝါ အထူးစီးပွားရေးဇုန်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားည်။

ကင်တားနားသည် မြန်မာနိုင်ငံသို့ တရားဝင် ရှစ်ကြိမ်ထက်မနည်း ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာကာ ကုလသမဂ္ဂကို အစီရင်ခံစာ တင်ပြခဲ့သည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ၎င်းရေးသားသည့် အစီရင်ခံစာများတွင် ဘင်္ဂါလီများ အခွင့်အရေး ချိုးဖောက် ခံနေရသည်ဟု တစ်ဖက်သတ် စွပ်စွဲရေးသား တင်ပြသည်ဟုဆိုကာ ယခုတစ်ကြိမ် အပါအဝင် ၎င်း၏ရခိုင်ပြည်နယ်ခရီးစဉ် ငါးကြိမ်အနက် သုံးကြိမ်တွင် ရခိုင်ဒေသခံများ၏ ဆန္ဒပြ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

လူ့အခွင့်အရေး အခြေအနေ လေ့လာရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားကို ဘင်္ဂါလီများကို ဘက်လိုက်၍ အစီရင် ခံစာရေးသားသည်ဟုဆိုကာ စစ်တွေမြို့ခံ ၂၀၀ ကျော်က ဆန္ဒပြ ကန့်ကွက်ခဲ့ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောကြားသည်။

ကင်တားနားကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရှစ်နာရီကျော်မှ စတင်ကာ စစ်တွေလေဆိပ်တွင် စတင်ဆန္ဒပြခဲ့ကြပြီး ၎င်းသွားသည့် နေရာများကိုလည်း လိုက်ပါ ဆန္ဒပြခဲ့ကြကြောင်း ‘တစ်ဖက်သတ် အကြုံပြုချက်များ အလိုမရှိ၊ သွေးထိုးလှုံ့ဆော်သူ ကင်တားနား ထွက်သွား’ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ၎င်းကဆိုသည်။

ကင်တားနားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ နှစ်ဖက် လူ့အဖွဲ့အစည်းနှင့် အစိုးရ တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန (UNIC) မှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဆိုသည်။

ပြည်ခိုင်ဖြိုး ပါတီတွင်း မညီမျှ၍ ကော်မတီဝင်များ နုတ်ထွက် ချင်စိတ် ပေါက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီရွေးချယ်ပွဲကို ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံး၌ ပြုလုပ်ခဲ့ ရာ ကော်မတီ ၀င်တချို့က ၎င်းရွေးချယ်ပွဲသည် ညီမျှမှု မရှိသောကြောင့်  ပါတီ ကော်မတီဝင် များနှင့် ကေဒါ အချို့ နုတ်ထွက်ချင်စိတ် ပေါက်နေကြပြီး အဆိုပါ မြို့နယ် ကော်မတီဝင်များ မှာ နုတ်ထွက် မည်ဟု ဖေဖော်ဝါရီလ၇ ရက်တွင် ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့် က မြန်မာသံတော် ဆင့်သို့ ပြောသည်။

ထိုအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အခမ်းအနားပွဲ ပြုလုပ်ရာ၌ လျှို့ဝှက်စွာ လူရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ အတွင်းရေးမှူး (၂)အဖြစ် ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး (၃)အဖြစ် ဦးကိုကိုနိုင်တို့ကို အသီးသီး ရွေးချယ်ခဲ့ပြီး ၎င်းရွေးချယ်ပွဲနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် ကော်မတီဝင်များအား ကြိုတင် အသိပေး ဆောင်ရွက်ထားခြင်း မရှိဘဲ လုပ်ဆောင်ခဲ့သည့် အတွက် ပါတီမှ နုတ်ထွက်သွားမည် ဖြစ်သည်ဟု သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင်များက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထိုကဲ့သို့ ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် ကော်မတီဝင် ဦးအောင်မြင့်က ““ရပ်ကွက်တွေက တကယ်တမ်း သူတို့အတည်ဖြစ်သွားရင် အားလုံး ထွက်ကြလိမ့်မယ်။ အစုလိုက် အပြုံလိုက် အားလုံးထွက်ဖို့ အစီအစဉ်ရှိတယ်၊ သူတို့ကို အတည်ဖြစ်ရင် ကျွန်တော်တို့ အားလုံး ထွက်ကြမယ်၊ အတည်ကတော့ မဖြစ်သေးဘူး၊ သူတို့ပြည်ထောင်စုနေ့စဉ် သတင်းစာထဲမှာ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ထည့်ထားတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်ခိုင်ဖြိုးရုံးချုပ် အရောင်းအ၀ယ်ဖြစ်ပြီးဟု သတင်းထွက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ အမှတ် ၁၅၅/၁၅၇ (ယခင်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံးကို ပြည်တွင်း ကျောက်မျက်ရတနာ သူဌေးတစ်ဦးက အခြားမြေကွက် အပါအ၀င် တန်ဖိုးငွေကျပ် သိန်းပေါင်း ၈သိန်းဖြင့် လေလံ အောင်မြင်ခဲ့ကြောင်း၊ ယင်းဌာနချုပ်ဟောင်း ရောင်းချရငွေကို ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးရေးတွင် ထည့်သွင်း အသုံးပြုသွားမည် ဖြစ်သည်ဟု ပြည်ခိုင်ဖြိုး ပါတီတွင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် ထုခွဲရောင်းချရေး အဖွဲ့မှ ယင်းပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် ရုံးဟောင်း အပါအ၀င် အခြားမြေကွက် တချို့ကို လေလံတင် ရောင်းချ ခဲ့ရာ ပြည်တွင်း ကျောက်မျက် ရတနာ သူဌေးတစ်ဦးက တန်ဖိုးငွေကျပ် သိန်းပေါင်း ၈ သိန်းဖြင့် အပြတ်အသတ် လေလံ အောင်မြင်ခဲ့ သည်ဟု ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်များနှင့် နီးစပ်သူတချို့က ပြောသည်။ အဆိုပါ ပါတီဌာနချုပ် ရောင်းချရခြင်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ပါတီဌာနချုပ် ရုံးဟောင်းသို့ မြန်မာသံတော်ဆင့်မှ သွားရောက် မေးမြန်းခဲ့ရာ ““ကျွန်တော် ဒီကိစ္စကို မသိဘူးခင်ဗျ။ မရောင်းပါဘူး။ အခုဒီရုံးက လူတွေကို နေပြည်တော် ဌာနချုပ်ကို ခေတ္တပြောင်းထားတယ်။ နောက်မှ ရန်ကုန်ကို ပြောင်းဖို့ စီစဉ်မှာပေါ့။ ဒါလည်း မသေချာပါဘူး””ဟု ပါတီဌာနချုပ် ဟောင်းရှိ အဆောင်မှူး ဦးအောင်ဆွေက ပြန်လည် ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ
ဒေါ်အောင်ဆန်းစုကြည် ကယ်ရီကေးချား (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)
၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။
လူငယ်တွေနဲ့ ပွဲထွက်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို ပွဲမဝင်ခင် ပြင်ဆင်ထားမှု မလုပ်ဘဲ နီးမှ လူစုတာ ၂၀၁၅ အလွန် အုပ်ချုပ်ရေး အတွက် မကောင်းပါ။  တိုင်းပြည်ရဲ့  ပြုပြင်ပြောင်း လဲရေးကို အရှိန်လျော့ သွားစေနိုင်တယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ကလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ပိုဝင်လာ နိုင်တာမို့ စီမံခန့်ခွဲ တတ်မှုက အရေးပါတယ်။ အခုကိုပဲ မြန်မာ့နိုင်ငံရေး လေ့လာသူ အတော် များများက ရှေ့ဖြစ်ဟော ကုန်ကြပါပြီ။ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲဟာ နိုင်ငံရေးအရ ဒီမိုကရေစီပို ရှိလာဖို့နဲ့ စီးပွားရေးအရ ပိုညီမျှလာဖို့ကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကုန်ပြီ။  အကြောင်းက ဖြစ်ပျက်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေက တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့နဲ့ နိုင်ငံရေးအရ တည်ငြိမ်ဖို့ လမ်းကို ပိတ်ဆို့ထားကြလို့ပါ။ ဒါတွေကို ကိုင်တွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်က မရေမရာဆန်လာတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။

ရွှေဆိုင် နှင့် အင်းဝဘဏ်တို့တွင် လုယက်မှု ကျူးလွန်ခဲ့သူများအား ပြင်းထန်စွာ အရေးယူဆောင်ရွက်

နေပြည်တော် ၊ ၁၅-၂-၂၀၁၄

မော်လမြိုင် မြို့နယ် ဇင်းကျိုက် ကျေးရွာ အမှတ်(၉) ရပ်ကွက် အိမ်အမှတ် (၆၈) ဦးတင်မြင့် ရွှေဆိုင်၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ရွှေထည့် ထားသည့် မှန်ဗီရိုအား သေနတ်ဒင် ဖြင့် ရိုက်ခွဲ၍ ရွှေဆွဲပြား စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၂ဝ ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ဗိုလ်ကြီး အောင်ခန့်မင်း အား စစ်ဘက်ဥပဒေ နှင့်အညီ အကျဉ်း စစ်တရားရုံးချုပ် ဖြင့် စစ်ဆေး ခဲ့ရာတွင်
တရားခံ၏ ဝန်ခံချက်နှင့် သက်သေ ထွက်ဆိုချက် များအရ ပြစ်မှု ထင်ရှားသဖြင့် ၄င်းအား ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ဝ ရက်တွင် တပ်မတော်မှ ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်ဒဏ် နှင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက် အကျဉ်းထောင် တွင်ကျခံ စေခဲ့သည်။

အလားတူ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ အင်းဝဘဏ် လီမိတက် (မိတ္ထီလာ ဘဏ်ခွဲ) ၌ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် ဘဏ်မန်နေဂျာ ဖြစ်သူအား

ဆုကြေးသုံးသိန်း ကြေညာသော်လည်း တစ်သိန်းသာရရှိသည့် မသန်စွမ်းအားကစားမယ်

မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့်(၇)ကြိမ်မြောက် ပါရာဂိမ်း ပြိုင်ပွဲမှာ အမျိုးသမီး ထိုင်လျက် ဘောလီဘောပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်းက ဒုတိယ ငွေတံဆိပ် ရရှိသည်ဟု ပြောသော်လည်း ဆုကြေးငွေမှာ သုံးသိန်း မဟုတ်ဘဲ တစ်သိန်းသာ ရရှိခဲ့သည့်အတွက် အားကစား ပြိုင်ပွဲဝင် အနေဖြင့် ဂုဏ်ပြုရမည်လား ဒုတိယဆုရသူအဖြစ် ဂုဏ်ပြုရမည်လားဟု ဂုဏ်ပြုမည့် သူများက မေးမြန်း နေသဖြင့် မည်သို့ ပြောရမည်မှန်းမသိ ဖြစ်နေကြောင်း ပြိုင်ပွဲဝင် အမျိုးသမီး မချမ်းမြေ့သူက မြန်မာသံတော်ဆင့် သို့ ပြောသည်။

၎င်းက ““သမီးနာမည်က မချမ်းမြေ့သူပါ။ ဒီကစားနည်းကို ခုမှပဲ ကစားဖူးတာ။ ၂၀၁၃ (၆)လ ပိုင်း လောက်ကတည်းက လေ့ကျင့်ခဲ့ရတာပါ။ အင်ဒိုနီးရှားအသင်းနဲ့ သမီးတို့အသင်း သုံးရက်ဆက် ကစားရတယ်။ သုံးရက်လုံး သမီးတို့ မြန်မာအသင်းက အင်ဒိုကို ရှုံးတယ်။ ၂၀-၁-၁၄ ရက်နေ့ သုဝဏ္ဏကွင်းမှာ ဆုချီးမြှင့်တော့ ပထမ ငါးသောင်းပဲပေးတယ်။ ပြိုင်ပွဲဝင် အားလုံးက မကျေနပ်ဘူး၊ အားကစားဆိုရင် နောက်စိတ်မ၀င်စား တော့ဘူးလို့ အားလုံးက ပြောမှပဲ နောက်ထပ် ငါးသောင်းထပ်ပြီး၊ တစ်သိန်းဖြစ်သွားတယ်။ ဘာဖြစ်လို့ ၃ သိန်းမရတာလဲလို့ အားလုံးက ၀ိုင်းမေးတော့ ဒုတိယဆုက အစစ်မဟုတ်ဘူးတဲ့ … ဒါကြောင့် တစ်သိန်း ရတာလို့ ပြောတယ်။ အဲဒီတော့ သမီးတို့က ရတဲ့ငွေတံဆိပ်ဆုကို ပြန်အပ်ရမလား မသိဘူး။ ဂုဏ်ပြုမယ့် သူတွေကလည်း ဒုတိယဆုကို ဂုဏ်ပြုရမှာလား။ ဒါမှမဟုတ် ပြိုင်ပွဲဝင် အားကစားသမားအနေနဲ့ ဂုဏ်ပြုရမှာလားလို့ မေးနေတယ်။ သမီးလည်း ဘာပြောရမှန်း မသိဘူး။ သြော် ဆုကြေးငွေ စုစုပေါင်း သုံးသိန်းနီးပါး ရပါတယ်”” ဟုပြောသည်။

ရဲတပ်ဖွဲ့ သေနတ်ကျည် မထွက်၍ ဒုချီးရားတန်း အကြမ်းဖက်မှု မတားဆီးနိုင်ဟု လူ့အခွင့်အရေး ကော်မရှင်ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် လုံခြုံရေး ကင်းလှည့်တပ်ဖွဲ့ကို အကြမ်းဖက်ရန် လုပ်ဆောင်ချိန်တွင် ဟန့်တား ခြောက်လှန့် ပစ်ခတ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် သေနတ်များမှာ ကျည်မထွက်သဖြင့် အကြမ်းဖက်မှုကို တားဆီးမှု မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ရက်နေ့က ဖြစ်ပွားခဲ့သည့် လုံခြုံရေး ကင်းတပ်ဖွဲ့ဝင်များ အကြမ်းဖက် ခံရမှုတွင် ဘင်္ဂါလီများက အဆိုပါ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ချိန်တွင် ခြောက်လှန့် ပစ်ခတ်သော်လည်း ကျည်မထွက် ခဲ့ကြောင်း၊ အလားတူ နောက်ထပ် မဖြစ်ပွားအောင် လိုအပ်သည်များကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မောင်တောမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ဘင်္ဂါလီရှစ်ဦး အသတ်ခံရမှုမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ ယင်းအပြင် ဇန်နဝါရီလ ၁၃ရက်နေ့က ဒုချီးရားတန်း အလယ်ရွာ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ကျော် သတ်ဖြတ်ခံရသည်ဟု နိုင်ငံတကာတွင် ပျံ့နှံ့နေသည့် သတင်းများမှာလည်း ကောလာဟလသာ ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်တစ်သောင်းခန့် လတ်တလောပြောင်းရွှေ့ရန် နေရာအခက်အခဲဖြစ်ပေါ်နေ

Photo: ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်တစ်သောင်းခန့် လတ်တလောပြောင်းရွှေ့ရန် နေရာအခက်အခဲဖြစ်ပေါ်နေ 

ဖေဖော်ဝါရီ ၁၆ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် မြို့နယ်အုပ်ချုပ်ရေးရုံးက စေခိုင်းထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁၊ ၆၇၊ ၉၃ ရပ်ကွက်များတွင် နေထိုင်သော ကျူးကျော်ဦးရေ တစ်သောင်းခန့်မှာ လတ်တလောပြောင်းရွှေ့ရန် နေစရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
    
အဆိုပါဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခံထားရသည့် ကျူးကျော်အိမ်ရာတို့တွင် နေထိုင်သူများသည် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့အခြေချလာသူများဖြစ်ပြီး ပြန်လည်ရွှေ့ပြောင်းနေထိုင်ရန် ငွေကြေးအခက်အခဲများရှိနေခြင်းနှင့် ၎င်းတို့သားသမီးများ၏ ကျောင်းပြောင်းရွှေ့ရန် ကိစ္စရပ်များကြောင့် ယင်းနေရာများတွင် ဆက်လက်နေထိုင်လိုသေးကြောင်း သိရသည်။
    
"ပြောင်းတာတော့ ပြောင်းရမှာပေါ့နော်။ ကိုယ်လည်း နားလည်ပါတယ်။ ကိုယ်ပိုင်တဲ့မြေမှ မဟုတ်ဘဲလေ။ ဒါပေမဲ့ အချိန်အတိုင်းအတာလေးတစ်ခုအထိတော့ ဆက်နေချင်သေးတယ်။ ကလေးကိစ္စတွေလည်း ရှိနေသေးသလို၊ အကြွေးတွေလည်း မကျေသေးတော့ ပြောင်းစရာမရှိသေးဘူး"ဟု ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်ရှိ မသူသူက ပြောကြားသည်။ အဆိုပါ ကျူးကျော်နေထိုင်သူများသည် ယင်းမြေနေရာများတွင် နေထိုင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြေပွဲစားများထံမှ  ၁၅ ပေ×ပေ ၃၀ ခန့်ရှိသည့် မြေကွက်များကို တစ်ကွက်လျှင် တစ်သိန်းနှုန်းမှ ၃သိန်းဝန်းကျင်အထိပေးကာ ၀ယ်ယူကြရပြီး နေထိုင်မှုသက်တမ်းမှာ သုံးလခန့်သာကြာမြင့်သေးကြောင်း သိရသည်။
    
"၆၁ တစ်ရပ်ကွက်တည်းတင် ကျူးကျော်ဦးရေ သုံးထောင်ကျော်လောက် ရှိမယ်ထင်တယ်။ ကျွန်မတို့ မိသားစုအပါအ၀င် အကုန်လုံးက မြေကွက်တွေ ၀ယ်နေထားရတာ။ အရင်ကမြောက်ဒဂုံမှာနေတယ်။ ဟိုမှာ အိမ်ငှားခဈေးကြီးတော့ ဒီဘက်ကို ပြောင်းလာတာပါ။ မြေကွက်ရောင်းတဲ့သူတွေကလည်း မပြောင်းရပါဘူးလို့ အာမခံတယ်လေ" ဟု ကျူးကျော်တဲဆောက်လုပ်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
    
"ဖျက်သိမ်းဖို့အမိန့်ထုတ်ထားတဲ့ ကျူးကျော်တဲက ၃ ရပ်ကွက်လုံးမှာ လေးထောင်ကျော် ငါးထောင်နီးပါးလောက်ရှိမယ်။ ဖျက်သိမ်းဖို့ စာထုတ်ပြီးပြီလေ။ ရှောင်တခင်ပဲ ၀င်ဖျက်သိမ်းသွားမှာပါ။ အတိအကျတော့ ပြောလို့မရဘူး" ဟု ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းက ပြောကြားသည်။ 

(ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ထားသည့် ၆၁ ရပ်ကွက်ရှိ ကျူးကျော်တဲများကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း))
(ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ထားသည့် ၆၁ ရပ်ကွက်ရှိ ကျူးကျော်တဲများကို ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-သက်မင်း))
ဖေဖော်ဝါရီ ၁၆ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် မြို့နယ်အုပ်ချုပ်ရေးရုံးက စေခိုင်းထားသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁၊ ၆၇၊ ၉၃ ရပ်ကွက်များတွင် နေထိုင်သော ကျူးကျော်ဦးရေ တစ်သောင်းခန့်မှာ လတ်တလောပြောင်းရွှေ့ရန် နေစရာအခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခံထားရသည့် ကျူးကျော်အိမ်ရာတို့တွင် နေထိုင်သူများသည် အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့အခြေချလာသူများဖြစ်ပြီး ပြန်လည်ရွှေ့ပြောင်းနေထိုင်ရန် ငွေကြေးအခက်အခဲများရှိနေခြင်းနှင့် ၎င်းတို့သားသမီးများ၏ ကျောင်းပြောင်းရွှေ့ရန် ကိစ္စရပ်များကြောင့် ယင်းနေရာများတွင် ဆက်လက်နေထိုင်လိုသေးကြောင်း သိရသည်။

"ပြောင်းတာတော့ ပြောင်းရမှာပေါ့နော်။ ကိုယ်လည်း နားလည်ပါတယ်။ ကိုယ်ပိုင်တဲ့မြေမှ မဟုတ်ဘဲလေ။ ဒါပေမဲ့ အချိန်အတိုင်းအတာလေးတစ်ခုအထိတော့ ဆက်နေချင်သေးတယ်။ ကလေးကိစ္စတွေလည်း ရှိနေသေးသလို၊ အကြွေးတွေလည်း မကျေသေးတော့ ပြောင်းစရာမရှိသေးဘူး"ဟု ဒဂုံဆိပ်ကမ်း ၆၁ ရပ်ကွက်ရှိ မသူသူက ပြောကြားသည်။ အဆိုပါ ကျူးကျော်နေထိုင်သူများသည် ယင်းမြေနေရာများတွင် နေထိုင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြေပွဲစားများထံမှ ၁၅ ပေ×ပေ ၃၀ ခန့်ရှိသည့် မြေကွက်များကို တစ်ကွက်လျှင် တစ်သိန်းနှုန်းမှ ၃သိန်းဝန်းကျင်အထိပေးကာ ၀ယ်ယူကြရပြီး နေထိုင်မှုသက်တမ်းမှာ သုံးလခန့်သာကြာမြင့်သေးကြောင်း သိရသည်။

Facebook တွင်ပျံ့နှံ့နေသည့် ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေဟူသော ဓာတ်ပုံမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ဒုလ္လဘရဟန်းများလာဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား အပြစ်ပေးခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် ရှင်းလင်း

Photo: Facebook တွင်ပျံ့နှံ့နေသည့် ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေဟူသော ဓာတ်ပုံမှာ လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်က ဒုလ္လဘရဟန်းများလာဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား အပြစ်ပေးခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် ရှင်းလင်း 

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသော ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ကျောင်းတိုက်သို့ ဒုလ္လဘရဟန်း အများအပြားလာရောက်ဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ယင်းသို့ ပြုလုပ်သူများကို ကျောင်းမှနှင်ထုတ်သည်အထိ အရေးယူခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသက ရှင်းလင်းသည်။

"ဦးဇင်းတို့က အဲဒီအချိန်တုန်းက ဒုလ္လဘ ရဟန်းတွေကော၊ ဒုလ္လဘကိုရင်တွေရော ပျံ့နေတော့ ထိန်းသိမ်းရခက်တယ်။ ဦးဇင်းကလည်း အဲဒီအချိန်တုန်းက ရွာမှာမနေဘူး။ ကျောင်းက လက်ထောက်ဦးဇင်းတွေ၊ ဆရာတော်တွေကို မေးကြည့်တော့ ကိုရင်တွေကို ထိန်းလို့မရဘူးတဲ့။ ပစ်ကွင်းမှာ ရောက်ကြတယ်တဲ့။ ဒုလ္လဘကိုရင်တွေလို့ ပြောတယ်။ အဲဒါကြောင့် အခုဆိုရင် ကျောင်းမှာတောင်မှ လေး၊ ငါးပါးပဲ ထားတော့တယ်။ ဟိုစပ်စပ်ဒီစပ်စပ်ပါတဲ့ ကိုရင်တွေကို အကုန်မောင်းထုတ်ထားတယ်။ တချို့ကိုလည်း လူဝတ်လဲခိုင်းလိုက်ပြီ" ဟု အရှင်ဝိလာသက မိန့်ကြားသည်။

Facebook တွင် တပ်မတော်သားများက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို သေနတ်ပစ်သင်တန်းပေးနေစဉ် ကိုရင်သုံးပါးက သေနတ်ပစ်လေ့ကျင့်မှု ၀င်ရောက်ပြုလုပ်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

နယ်မြေလုံခြုံရေးအတွက် ယင်းကဲ့သို့ စစ်သင်တန်းပေးနေခြင်းများ ပြုလုပ်ခြင်းဖြစ်ပြီး ကိုရင်များအနေဖြင့် စစ်သင်တန်းသွားရောက်တက်ခြင်းမဟုတ်ဘဲ အပျော်သဘော ၀င်ရောက်ကိုင်တွယ်ခြင်းသာဖြစ်ကြောင်း အရှင်ဝိလာသက မိန့်ကြားသည်။

အဆိုပါဒေသရှိ ရဟန်းတော်များအနေဖြင့် နယ်မြေငြိမ်းချမ်းရေးအတွက် နှုတ်ဖြင့်သာ တစ်ဖက်တစ်လမ်းမှ ကူညီခြင်းများရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့ ပြုလုပ်သည့်ရဟန်းတော်များရှိပါကလည်း ထိထိရောက်ရောက် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကမိန့်ကြားသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာကြီးမှာ ရွာကဲ့သို့ ဖြစ်လာနေပြီဖြစ်သည့်အတွက် သံဃာတော်များအနေဖြင့် သတိထားသင့်ကြောင်း၊ သေနတ်ကိုင်ထားသည်ဆိုခြင်းမှာ ၀ိနည်းနှင့် လုံးဝမညီသည့် ကိစ္စဖြစ်ကြောင်း၊ စစ်တိုက်လိုသည်ဆိုပါက လူဝတ်လဲသင့်ကြောင်း ရွှေည၀ါဆရာတော် ဘဒ္ဒန္တပညာသီဟက မိန့်ကြားသည်။

"ဘာမှဝင်လုပ်စရာအကြောင်းစရာမရှိဘူး။ ဒါဟာ ထေရ၀ါဒသာသနာကို သိက္ခာကျစေပါတယ်။ ကိုယ့်ကြောင့် သာသနာတော် ညှိုးမှိန်စေရင်တော့ ဘယ်ကောင်းမလဲ။ သံဃာတော်တွေပေါ်မှာက ဘာသာခြားတွေကရော၊ ဘာသာဝင်တွေကရော ကဲ့ရဲ့စရာဖြစ်တာပေါ့။ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာလောက်ပဲဖြစ်နေပြီဆိုတာကို သံဃာတော်တွေရော၊ လူပုဂ္ဂိုလ်တွေရော သဘောပေါက်ဖို့ လိုတယ်။ အစိုးရလည်း ကိုယ်ထင်ရာ ကိုယ်လုပ်လို့ မရတော့ဘူး" ဟု ရွှေည၀ါဆရာတော်က မိန့်ကြားသည်။

ပါဏာတိပါတသိက္ခာပုဒ်တွင် သံဃာတော်များအနေဖြင့် တုတ်ကိုင်၊ ဓားကိုင်ခြင်းများကိုပင် မပြုလုပ်ရဟုဆိုထားသောကြောင့် သေနတ်ကိုင်ခြင်းဆိုသည်မှာ ၀ိနည်းနှင့်လုံးဝ မညီကြောင်း၊ သို့သော် ယင်းဓာတ်ပုံမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းလားဆိုသည်ကို ဆန်းစစ်သင့်ကြောင်း ဓမ္မပိယဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

"ဒါကတော့ မြင်ကွင်းအားဖြင့် လုံးဝမကောင်းဘူးပေါ့နော်။ အစွန်အဖျားတွေဆိုတော့ ဒေသခံတွေရဲ့စရိုက်တွေကတော့ ဘယ်လိုမှန်းမသိဘူး။ အခုကခက်တယ်။ တစ်နှစ် နှစ်နှစ်အတွင်းမှာ အမျိုး၊ ဘာသာသာသနာကိစ္စတွေပေါ်လာမှ သာသနာမှာ အရမ်းညှိုးနွမ်းတယ်။ ဘုန်းကြီးတွေရဲ့ ဂုဏ်သိက္ခာလည်း အရမ်းထိခိုက်တယ်။ အင်တာနက်တွေ၊ ဖေ့စ်ဘွတ်တွေပေါ်မှာလည်း မသင့်လျော်တဲ့ဝေါဟာရတွေ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ အဲဒီလို ကောင်းတဲ့လက္ခဏာမဟုတ်တာက ရည်ရွယ်ချက်ရှိရှိ လုပ်နေကြတာလား။ မသိလို့ လုပ်နေကြတာလားဆိုတာတော့ ရှိတယ်ပေါ့နော်။ ဒါကတော့ အရေးကြီးလိမ့်မယ်။ ကောင်းတဲ့မြင်ကွင်းတော့ မဟုတ်ဘူး" ဟု ဆရာတော် အရှင်သံဝရာလင်္ကာရက မိန့်ကြားသည်။

၂၀၁၁ ခုနှစ် ဇွန်တွင် အစိုးရနှင့်ကချင် လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ ကချင်မဟုတ်သည့် အခြားတိုင်းရင်းသားများ နေထိုင်သော ကျေးရွာအချို့တွင် တပ်မတော်က ပြည်သူ့စစ်များ ဖွဲ့စည်းပေးကာ စစ်သင်တန်းပေးခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဒေသသို့ လာရောက်တပ်စွဲသည့် တပ်မတော်စစ်ကြောင်း အများစုမှာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင်သာ စခန်းချလေ့ရှိပြီး လက်နက်များ အလွယ်တကူ ရှိနေသည့်အတွက် ကိုရင်ငယ်အချို့မှ အပျော်သဘော ကိုင်တွယ်ကြည့်ခြင်းမျိုးများ ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

(လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံ)
(လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံ)

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ပျံ့နှံ့နေသော ရဟန်းတော်များ စစ်ရေးလေ့ကျင့်နေသည့်ဓာတ်ပုံမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ကျောင်းတိုက်သို့ ဒုလ္လဘရဟန်း အများအပြားလာရောက်ဝတ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက ယင်းသို့ ပြုလုပ်သူများကို ကျောင်းမှနှင်ထုတ်သည်အထိ အရေးယူခဲ့ကြောင်း တာလောကြီး ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသက ရှင်းလင်းသည်။

"ဦးဇင်းတို့က အဲဒီအချိန်တုန်းက ဒုလ္လဘ ရဟန်းတွေကော၊ ဒုလ္လဘကိုရင်တွေရော ပျံ့နေတော့ ထိန်းသိမ်းရခက်တယ်။ ဦးဇင်းကလည်း အဲဒီအချိန်တုန်းက ရွာမှာမနေဘူး။ ကျောင်းက လက်ထောက်ဦးဇင်းတွေ၊ ဆရာတော်တွေကို မေးကြည့်တော့ ကိုရင်တွေကို ထိန်းလို့မရဘူးတဲ့။ ပစ်ကွင်းမှာ ရောက်ကြတယ်တဲ့။ ဒုလ္လဘကိုရင်တွေလို့ ပြောတယ်။ အဲဒါကြောင့် အခုဆိုရင် ကျောင်းမှာတောင်မှ လေး၊ ငါးပါးပဲ ထားတော့တယ်။ ဟိုစပ်စပ်ဒီစပ်စပ်ပါတဲ့ ကိုရင်တွေကို အကုန်မောင်းထုတ်ထားတယ်။ တချို့ကိုလည်း လူဝတ်လဲခိုင်းလိုက်ပြီ" ဟု အရှင်ဝိလာသက မိန့်ကြားသည်။

Facebook တွင် တပ်မတော်သားများက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို သေနတ်ပစ်သင်တန်းပေးနေစဉ် ကိုရင်သုံးပါးက သေနတ်ပစ်လေ့ကျင့်မှု ၀င်ရောက်ပြုလုပ်နေသည့် ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သည့် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်ခဲ့သည်ဆိုသော စွဲချက်အား ကြားနာစစ်ဆေးရန် ပခုက္ကူခရိုင်တရားရုံးက အတည်ပြုလက်ခံ

Photo: ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သည့် မြန်မာနိုင်ငံလျှို့ဝှက်ချက်အက်ဥပဒေကို ဖောက်ဖျက်ခဲ့သည်ဆိုသော စွဲချက်အား ကြားနာစစ်ဆေးရန် ပခုက္ကူခရိုင်တရားရုံးက အတည်ပြုလက်ခံ 

ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ် အတွဲ (၃) အမှတ် (၄) တွင် ဖော်ပြခဲ့သော လျှို့ဝှက်လက်နက်စက်ရုံ သတင်းဆောင်းပါးနှင့်ပတ်သက်၍ အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအ၀င် သတင်းရေးသားသူ သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သော မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်ခဲ့မှုဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်ပြီး ပေါက်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၄ ဖြင့် စွဲဆိုထားသောအမှုအား ကြားနာစစ်ဆေးရန် ဖေဖော်ဝါရီ ၁၄ ရက်က ပခုက္ကူခရိုင်တရားရုံးတရားသူကြီး ဦးမောင်မောင်ဌေးက လက်ခံလိုက်သည်။

ပခုက္ကူခရိုင်တရားရုံး၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ရုံးထုတ်ခဲ့သော အဆိုပါရုံးချိန်းသို့ ရန်ကုန်အင်းစိန်ထောင်မှ ရွှေ့ပြောင်းခံထားရသော အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ မိသားစုနှင့် ကိုသဲရာဇာဦးတို့၏ မိခင်နှင့်ဇနီးသည်တို့သာ လာရောက်နိုင်ခဲ့ပြီးကို ပိုင်သက်ကျော်၊ ကိုစည်သူစိုးတို့၏ မိသားစုများမှာ ထောင်ပြောင်းရွှေ့ပြီး စစ်ဆေးခံရမည်ဆိုသည်ကို အချိန်မီမသိရှိခဲ့သည့်အတွက် လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

"ထောင်ထဲမှာ နှစ်ယောက်တစ်ခန်းနေရတယ်လို့တော့ သိရပါတယ်။ မနေ့ကအထိ ကိုသဲရာဇာဦးနဲ့ ကိုစည်သူစိုးကို ထပ်စစ်တယ်လို့ပြောပါတယ်။ ဒီပခုက္ကူကိုခေါ်လာတာ ဘယ်မိသားစုကိုမှ အကြောင်းမကြားဘူး။ ဒီမှာအဖမ်းခံထားရတဲ့ ပေါက်သတင်းထောက် ကိုလူမော်နိုင်ရဲ့အမျိုးသမီး မလွင်လွင်မြင့်က ထောင်ဝင်စာသွားတွေ့ရင်း မြင်လို့ အကြောင်းကြားမှ သိရတာ။ ကျွန်မတို့က အင်းစိန်မှာပဲလို့ သိထားတာ။ ဒီလို ဆိုးဆိုးရွားရွား ဆက်ဆံတာကိုတော့ ကျွန်မအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုတွေသာဆိုရင် မီဒီယာသမားတွေအတွက် လုံခြုံမှုဘယ်မှာရှိတော့မှာလဲ။ မြင်သမျှ ချပြရေးပြလို့မရဘူးဆိုရင် ဒီလိုပဲ သတင်းထောက်တွေကို ထောင်က ကြိုနေသလို ဖြစ်နေတော့မှာပဲ"ဟု ကိုသဲရာဇာဦး၏ အမျိုးသမီး မသိင်္ဂီထွန်းက ပြောကြားသည်။

ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မည့် ဦးသန်းဇော်အောင်က အမှုနှင့်ပတ်သက်ပြီး "နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ နဲ့ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲတာပါ။ လိုပြသက်သေအနေနဲ့ အယောက် ၄၀ ထွက်ဆိုမယ်လို့ သိရပါတယ်။ ရုံးချိန်းကို ဖေဖော်ဝါရီ ၂၄ရက်မှာ ပြန်ချိန်းထားပါတယ်။ အာမခံရဖို့နဲ့ အမှုကို ရန်ကုန်မှာ ပြောင်းလဲစစ်ဆေးဖို့ ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု ပြောကြားသည်။

ဇန်န၀ါရီ ၃၁ ရက်ကတည်းက ဖမ်းဆီးခံထားရသူ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်နှင့်အတူ ခေါ်ယူစစ်ဆေးခံခဲ့ရသည့် ဇနီးဖြစ်သူ မလွင်လွင်မြင့်အား သက်ဆိုင်ရာ အာဏာပိုင်များက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမှုမှပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။ မလွင်လွင်မြင့်မှာ ဖေဖော်ဝါရီ ၃ ရက်က ခင်ပွန်းရှိရာသို့ ထောင်ဝင်စာလာတွေ့ရင်း ထိန်းသိမ်းခံခဲ့ရကာ ဖေဖော်ဝါရီ ၄ ရက်တွင် အာမခံဖြင့် ပြန်လွှတ်ပေးခြင်းခံခဲ့ရသည်။

"ကိုလူမော်နိုင်တို့ ရုံးထုတ်မှာဖြစ်လို့ ထောင်ရှေ့မှာ လာစောင့်နေတုန်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မေးစရာရှိလို့ လိုက်ခဲ့ပါဦးဆိုပြီး ရဲတပ်ဖွဲ့ရုံးတစ်ခုကို ခေါ်သွားတယ်။ အဲဒီရောက်မှပဲ အမှုကနေ ပယ်ဖျက်လိုက်တယ်လို့သိရပြီး လက်မှတ်ထိုးပြန်ခဲ့ရပါတယ်" ဟု ပြောကြားသည်။

ပခုက္ကူခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေကြရသည့် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် ရန်ကုန်မှ သတင်းထောက်များဖြစ်သော ကိုသဲရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့အတွက် အကျိုးဆောင်ရှေ့နေအဖြစ် ဦးသန်းဇော်အောင်၊ ဦးကွမ်းဇော်နှင့် ဦးလှဝင်းစိုးတို့က လိုက်ပါဆောင်ရွက်မည်ဖြစ်ပြီး ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၏ အကျိုးဆောင်ရှေ့နေအဖြစ် ဦးရောဘတ်စန်းအောင်က ဆောင်ရွက်ကြမည်ဖြစ်သည်။

ယူနတီသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းကို စွဲချက်တင်ပြီးချိန်တွင် ရွှေကလောင်ဆုရှင် ဒေါက်တာသန်းထွဋ်အောင်က ဦးတင်ဆန်းဘက်မှ တရားခံပြသက်သေအဖြစ် ထွက်ဆိုမည်ဟု ဖေဖော်ဝါရီ ၁၃ ရက်ထုတ် ယူနတီသတင်းဂျာနယ် အတွဲ ၃ အမှတ် ၇ မျက်နှာဖုံးတွင်ပါရှိသော သတင်းဖော်ပြချက်အရ သိရသည်။

Eleven Media Group ၏ CEO ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အစည်းအရုံး (WAN-IFRA) မှ ပေးအပ်သော ရွှေကလောင်ဆုကို ရရှိခဲ့သော ဒေါက်တာသန်းထွဋ်အောင်က သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် တရားခံပြ ထွက်ဆိုမည်ဖြစ်ကြောင်း ယူနတီဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။

ဒေါက်တာ သန်းထွဋ်အောင်က ယူနတီဂျာနယ်သို့ ပြောကြားရာတွင်"ကိုတင်ဆန်းအပါအ၀င် အဖမ်းခံထားရတဲ့ သတင်းထောက်တွေကို ကျွန်တော်လုံးဝမသိပါဘူး။ အခုချိန်မှာ သတင်းထောက်တွေအတွက် ၁၉၂၃ လျှို့ဝှက်ဥပဒေဆိုတာ မရှိသင့်တော့ဘူး။ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်သောအားဖြင့် ဂျာနယ်လစ်ဇင် ရှုထောင့်ကနေ မှန်ကန်ကြောင်း သက်သေထွက်ပေးမယ်"ဟုဆိုသည်။

ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များ ထိန်းသိမ်းခံခဲ့ရခြင်းအား နိုင်ငံတကာ ဂျာနယ်လစ်အဖွဲ့အစည်းများဖြစ်သော ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ၊ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) နှင့် နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် (IJF) တို့က ကန့်ကွက်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။ ထို့အတူ ထိန်းသိမ်းထားသော ဂျာနယ်လစ်များကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ၎င်းတို့က တိုက်တွန်းခဲ့သည်။ 

(အဖမ်းခံထားရသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ဖေဖော်ဝါရီ ၁၄ ရက်က ရုံးထုတ်လာသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ -သက်ထိန်ဝင်း))
(အဖမ်းခံထားရသော ယူနတီဂျာနယ်မှ သတင်းထောက်များကို ဖေဖော်ဝါရီ ၁၄ ရက်က ရုံးထုတ်လာသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ -သက်ထိန်ဝင်း))

ဇန်န၀ါရီ ၂၅ ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ် အတွဲ (၃) အမှတ် (၄) တွင် ဖော်ပြခဲ့သော လျှို့ဝှက်လက်နက်စက်ရုံ သတင်းဆောင်းပါးနှင့်ပတ်သက်၍ အဆိုပါဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအပါအ၀င် သတင်းရေးသားသူ သတင်းထောက် လေးဦးအား ထောင်ဒဏ် ၁၄ နှစ်အထိ အပြစ်ပေးနိုင်သော မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်ခဲ့မှုဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်ပြီး ပေါက်မြို့မရဲစခန်းတွင် (ပ)၈/၂၀၁၄ ဖြင့် စွဲဆိုထားသောအမှုအား ကြားနာစစ်ဆေးရန် ဖေဖော်ဝါရီ ၁၄ ရက်က ပခုက္ကူခရိုင်တရားရုံးတရားသူကြီး ဦးမောင်မောင်ဌေးက လက်ခံလိုက်သည်။

ပခုက္ကူခရိုင်တရားရုံး၌ ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ရုံးထုတ်ခဲ့သော အဆိုပါရုံးချိန်းသို့ ရန်ကုန်အင်းစိန်ထောင်မှ ရွှေ့ပြောင်းခံထားရသော အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း၏ မိသားစုနှင့် ကိုသဲရာဇာဦးတို့၏ မိခင်နှင့်ဇနီးသည်တို့သာ လာရောက်နိုင်ခဲ့ပြီးကို ပိုင်သက်ကျော်၊ ကိုစည်သူစိုးတို့၏ မိသားစုများမှာ ထောင်ပြောင်းရွှေ့ပြီး စစ်ဆေးခံရမည်ဆိုသည်ကို အချိန်မီမသိရှိခဲ့သည့်အတွက် လာရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ဖြူးမြို့နယ်၌ အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်သည့် ဖြစ်စဉ်မှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိ

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး ဦးခေါင်းဖြတ်ကာ ခန္ဓာကိုယ်အား ပီနံအိတ်ဖြင့်ထုပ်၍ ချောင်းဘေး၌ လွှင့်ပစ်ထားခဲ့သည့် လူသတ်မှုမှ ကျူးလွန်သူအား တစ်နှစ်အကြာတွင် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က ပြောကြားသည်။

ယင်းသေဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းနေစဉ် တောကျွဲအင်းမြို့နေ စန်းစန်းဆိုသူက ၎င်း၏ ညီမဖြစ်သူ သန်းထွေးမှာ လွန်ခဲ့သောတစ်နှစ်ခွဲခန့်မှစ၍ ပျောက်နေသဖြင့် လာရောက်တိုင်ကြားသောကြောင့် လက်ဗွေချင်းတိုင်ဆိုင်စစ်ဆေးရာမှ သေဆုံးသူမှာ သန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သေဆုံးသူမှာ တောကျွဲအင်းမြို့ဇာတိဖြစ်ကာ အိမ်ထောင်ကျပြီးနောက် ပြောင်းရွှေ့သွားကြောင်း၊ ၂၀၁၂ ခုနှစ် မေလခန့်တွင် တောကျွဲအင်းမြို့သို့ အပြီးပြောင်းလာပြီး အစ်ကိုဖြစ်သူ ခိုင်ဝင်းဆိုသူ၏နေအိမ်တွင် နေထိုင်ကြောင်း၊ ထို့နောက် ယင်းမြို့နေ ဦးတင်စိုးနှင့် ဒေါ်မိမိလေးတို့အိမ်တွင် ဆက်လက်နေထိုင်ခဲ့ကြောင်း၊ ဘားအံမြို့မှ ပြောင်းလာစဉ်က ငွေကျပ်သိန်း ၃၀ ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ ပါလာခဲ့ကာ အတိုးရရှိရန် ဦးတင်စိုးတို့လင်မယားအား ချေးခဲ့ကြောင်း၊ ဦးတင်စိုးတို့၏ နေအိမ်တွင် နေထိုင်ရာမှ သူမနှင့် ငြိစွန်းခဲ့ကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...

ShareThis