menu

Sunday 6 January 2013

ကဏန်း မွေးမြူ ထုတ်လုပ်မှု မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း ထူထောင် သွားမည်

Photo: ကဏန်း မွေးမြူ ထုတ်လုပ်မှု မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း ထူထောင် သွားမည်

မြန်မာ နိုင်ငံတွင် ပြည်ပသို့ တင်ပို့မှု အားကောင်း လာသည့် ကဏန်း မွေးမြူ ထုတ်လုပ်မှုကို မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း၍ ကဏန်း သားဖောက် စခန်းများကို ပြန်လည် ထူထောင် သွားမည်ဟု ကဏန်း လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခင်က ပြည်ပ နိုင်ငံများသို့ ကဏန်း တင်ပို့မှုတွင် ကုန်ကြမ်း အနေဖြင့်သာ ရောင်းချ နေရပြီး ယခုအခါ မြိတ်ဒေသတွင် တန်ဖိုးမြှင့် ထုတ်လုပ်မှု ဖြစ်သည့် ကဏန်းပျော့ မွေးမြူရေးကို လုပ်ကိုင်နေ ပြီး ပြည်ပသို့ တင်ပို့ နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အဝယ် လိုက်လာပြီး ယခု နှစ်တွင် ကဏန်း တင်ပို့မှုမှ ပြည်ပဝင်ငွေ အမေရိကန် ဒေါ်လာ ၃၈ သန်း ရရှိရန် လျာထားကြောင်း ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အထိ ကဏန်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာသန်း ၃ဝ ကျော် ရရှိနေပြီ ဖြစ်သည်။

ကဏန်း တင်ပို့မှု များတွင် သဘာဝမှ ရရှိသည့် ကဏန်းကို ကုန်ချော အနေဖြင့် ပြောင်းလဲ တင်ပို့ နေရခြင်း ဖြစ်ပြီး မွေးမြူ ထုတ်လုပ် တင်ပို့ပါက တွက်ခြေ မကိုက် နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် ကဏန်း သားဖောက် စခန်းများ ရှိပြီး မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ကျွန်းစုနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင် ကဏန်း ထုတ်လုပ်သည့် ကုမ္ပဏီ ခြောက်ခု ရှိပြီး လစဉ် ကဏန်း တန်ချိန် ၄ဝဝ ခန့် ထုတ်လုပ် နိုင်ကြောင်း ကဏန်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3693-2013-01-06-11-07-51

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မြန်မာ နိုင်ငံတွင် ပြည်ပသို့ တင်ပို့မှု အားကောင်း လာသည့် ကဏန်း မွေးမြူ ထုတ်လုပ်မှုကို မြှင့်တင်ရန် နိုင်ငံခြား အဖွဲ့များနှင့် ပူးပေါင်း၍ ကဏန်း သားဖောက် စခန်းများကို ပြန်လည် ထူထောင် သွားမည်ဟု ကဏန်း လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ယခင်က ပြည်ပ နိုင်ငံများသို့ ကဏန်း တင်ပို့မှုတွင် ကုန်ကြမ်း အနေဖြင့်သာ ရောင်းချ နေရပြီး ယခုအခါ မြိတ်ဒေသတွင် တန်ဖိုးမြှင့် ထုတ်လုပ်မှု ဖြစ်သည့် ကဏန်းပျော့ မွေးမြူရေးကို လုပ်ကိုင်နေ ပြီး ပြည်ပသို့ တင်ပို့ နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကဏန်းများကို တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အဝယ် လိုက်လာပြီး ယခု နှစ်တွင် ကဏန်း တင်ပို့မှုမှ ပြည်ပဝင်ငွေ အမေရိကန် ဒေါ်လာ ၃၈ သန်း ရရှိရန် လျာထားကြောင်း ငါးလုပ် ငန်း ဦးစီးဌာနမှ သိရသည်။

မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်

Photo: မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီးတိမ်းမှောက်

ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက် ကားလမ်း မိုင်တိုင် အမှတ် (ဝ/၅) နှင့် (ဝ/၇) အကြားတွင် မန္တလေးဘက်မှ မောင်အောင်လျှံသော် ၂၂ နှစ် (ဘ) ဦးမျိုးအောင် (ယာဉ်မောင်း) ၅၈ လမ်း အောင်ဆန်းလမ်းနှင့် မနော်ဟရီ လမ်းကြား ချမ်းမြသာစည် မြို့နယ် မန္တလေးမြို့ နေသူ မောင်းနှင်သည့် နီဆန်းယူရီ အပြာရောင် ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည် အခင်းဖြစ်နေရာ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ ဦးဇော်မင်း ၂၉ နှစ် (ဘ) ဦးသိန်းဝင်း (ကျပန်း) ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာ ညာနံဘေး ရောင်ကိုင်း ပွန်းပဲ့ ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။ ထို့အတူ အောင်ကျော်မင်း ၁၉ နှစ် (ဘ) ဦးစိန်ထွန်း (ယာဉ်နောက် လိုက်) မြို့ကြီးရွာ ဦးထောင် ကျေးရွာအုပ်စု တောင်ငူမြို့နယ် နေသူမှာ ခေါင်းနောက် စေ့ပေါက် (မစိုးရိမ်ရ)၊ သန်းထွန်းအောင် ၃၇ နှစ် (ဘ) ဦးစိန်သန်း တောင်သူ ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် နေသူမှာ ဒဏ်ရာရရှိပြီး ချစ်ဖြိုးဟိန်း ၁၈ နှစ် (ဘ) ဦးအောင်မောင်း (ယာဉ်နောက်လိုက်) ပုဇွန်မြောင် စံပြရွာ ညောင်လေးပင် မြို့နယ် နေသူမှာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း စစ်ဆေးတွေ့ ရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း မောင်အောင်လျှံသော်အား မြင်းမူ ရဲစခန်းမှ (ပ)၄/၂ဝ၁၃ ပြစ်မှု ပုဒ်မ ၃ဝ၄-က၊ ၃၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/crimenews/item/3705-2013-01-06-14-10-55

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ယမန်နေ့ နံနက် ၄ နာရီခွဲက မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော်တွင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သတင်းအရ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြင်းမူမြို့ မြို့ရှောင်လမ်း ရေကျော် အနောက်ဘက် ကားလမ်း မိုင်တိုင် အမှတ် (ဝ/၅) နှင့် (ဝ/၇) အကြားတွင် မန္တလေးဘက်မှ မောင်အောင်လျှံသော် ၂၂ နှစ် (ဘ) ဦးမျိုးအောင် (ယာဉ်မောင်း) ၅၈ လမ်း အောင်ဆန်းလမ်းနှင့် မနော်ဟရီ လမ်းကြား ချမ်းမြသာစည် မြို့နယ် မန္တလေးမြို့ နေသူ မောင်းနှင်သည့် နီဆန်းယူရီ အပြာရောင် ဆယ်ဘီး ယာဉ်အမှတ် ၂ဂ/----- သည် အခင်းဖြစ်နေရာ အရောက်တွင် ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက် ဆွဲဆင်းသွားကာ တိမ်းမှောက်ခဲ့ကြောင်း ယာဉ်ပေါ်ပါ ဦးဇော်မင်း ၂၉ နှစ် (ဘ) ဦးသိန်းဝင်း (ကျပန်း) ထောက်ကြံ့ကွင်းရွာ သာပေါင်းမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးမှာ ညာနံဘေး ရောင်ကိုင်း ပွန်းပဲ့ ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း သိရသည်။

PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ

Photo: 
PCO အချို့တွင် သတ်မှတ်နှုန်းထားနှင့် လက်တွေ့ကောက်ခံသော နှုန်းထား ကွာခြားမှုရှိနေ 

Sunday, 06 January 2013 11:42

အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

“PCO တွေအတွက် ယူရမယ့် နှုန်းထားတွေကို သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ သတ်မှတ်နှုန်း ထားထက် ပိုယူတဲ့အတွက် အရေးယူ တာတွေလည်း ရှိခဲ့ပါတယ်။ အရင်တုန်းကတော့ ပိုက်ဆံအကြွေကိစ္စ အတွက်လည်း ဆက်သွယ်ရေးအနေနဲ့ စီစဉ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မစီစဉ်ပေး ဖြစ်တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

“ပုံမှန်ကတော့ မြို့တွင်းခေါ်ဆိုခကို တစ်မိနစ်ကျပ် ၃၀ ယူပြီးတော့ နယ်ဝေးခေါ်ဆိုခကို တစ်မိနစ်ကျပ် ၅၀ ယူပါတယ်။ တချို့လည်း တစ်မိနစ်ကို ကျပ် ၇၀၊ ကျပ် ၁၀၀ ယူကြတာတွေ ရှိနိုင်ပါတယ်။ ကျွန်မတို့က နေ့စားဝန်ထမ်း အနေနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ တစ်လကို တစ်ခါ နေရာပြောင်းရပါတယ်။ အရင်ကနဲ့ ယှဉ်ရင်တော့ အခုနောက်ပိုင်းမှာ ဖုန်းလာဆက်တဲ့သူ နည်းသွားပါတယ်” ဟု PCO ၀န်ထမ်းတစ်ဦးက ပြောပြခဲ့သည်။

“PCO မှာ ဖုန်းပြောတာ တစ်မိနစ်ကိုကျပ် ၇၀ ပေးလိုက်ရတယ်။ အပြင်ဖုန်းဆိုင်တွေမှာတော့ ဒီနှုန်းထားနဲ့ ယူနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် အများပြည်သူသုံး PCO အနေနဲ့ သတ်မှတ်ပေးထားတဲ့ နှုန်းထားရှိပြီးတော့ ပိုယူတာမျိုးက မဖြစ်သင့်ပါဘူး။ ကိုယ့်ဖုန်းနဲ့ကိုယ် ဆက်တာတောင် တစ်မိနစ်ကျပ် ၅၀ ဆို တာက တော်တော် များနေပါပြီ။ ကြိုးဖုန်းတွေက တစ်မိနစ်ကို ကျပ် ၁၅၊ ကျပ် ၂၅ ပဲရှိတာကို ဒီလိုမျိုး နှုန်းထားနဲ့ မယူသင့်ပါဘူး။ အပြင်ဖုန်းတွေကတော့ မူရင်းဈေးကိုက တစ်မိနစ် ကျပ် ၅၀ ရှိနေတော့ ကျပ် ၇၀ ယူတာမျိုးက ဖြစ်နိုင်ပါသေးတယ်။ PCO ၀န်ထမ်းတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးထားသင့်တယ်” ဟု PCO တွင် ဖုန်းဆက်ခဲ့သူ တစ်ဦးက ကြုံတွေ့ရပုံကို ပြောပြခဲ့သည်။
 
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တာမွေမြို့နယ်အတွင်းရှိ အများပြည်သူသုံး PCO တစ်ခုကို တွေ့ရစဉ်

Sunday, 06 January 2013 11:42

အများပြည်သူသုံး တယ်လီဖုန်း ၀န်ဆောင်မှု စင်တာဖြစ်သော PCO အချို့တွင် တရားဝင် သတ်မှတ်ထားသော နှုန်းထားနှင့် လက်တွေ့ကောက်ခံ နေသော နှုန်းထားမှာ ကွာဟမှု ရှိနေသောကြောင့် သုံးစွဲသူအချို့ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း စုံစမ်းသိရှိရသည်။

PCO များတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက တရားဝင် သတ်မှတ်ထားသော နှုန်းထားမှာ မြို့တွင်း ခေါ်ဆိုခအတွက် တစ်မိနစ်လျှင် ၁၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၂ မိနစ်လျှင် ၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခအတွက် တစ်မိနစ်လျှင်၂၅ ကျပ်နှင့် ၀န်ဆောင်ခမှာ ၃ မိနစ်လျှင် ၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံပေါ်မြွေတက်သည်ဆိုသောသတင်းကြောင့် ဘုရားဖူးများစိတ်ဝင်စား

Photo
ရန်ကုန်-ဇန်န၀ါရီ၆ ယနေ့နံနက်က ရွှေတိဂုံဘုရားပေါ်မြွေတက်သည်ဆိုသော သတင်းကြောင့် ဘုရားဖူးအများအပြားလာရောက်ကြည့်ရှု့ဖူးမျှော် နေကြောင်းသိရသည်။ "အောက်ကကြည့်ရင်လှုပ်လှုပ်နဲ့ဆိုတော့ မြွေလို့ထင်ရတယ် ။ သေချာကြည့်မှ ကြိုးတစ်စက လေတိုက်လို့လှုပ်နေတာဖြစ်နေတယ်"ဟု လာရောက်ကြည့်သူ ကိုစန်းကပြောသည်။

Popular Myanmar News Journal

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်တည်ဆောက် မည့် တံတားငါးစင်းအနက် ၄ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းစတင်

Photo: ရန်ကုန်တိုင်းဒေသကြီးအတွင်း အသစ်တည်ဆောက် မည့် တံတားငါးစင်းအနက် ၄ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းစတင် 

Saturday, 05 January 2013 14:19

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် ဘုရင့်နောင်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါတံတားသည် (၇၅) တန်အထိ ခံနိုင်ဝန်ရှိကြောင်းနှင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို အဓိကထား တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

"ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်းကို စတင်နေပါပြီ။ ခံနိုင်ဝန် ၇၅ တန်အထိရှိပြီး ကုန်ကားတွေ တကယ်တမ်းမှာ တန် ၃၀ အထိပဲ ပေးဖြတ်ပါတယ်။ ကုန်ကားတွေ ဖြတ်သန်းခွင့် မပြုပါဘူး။ ဘုရင့်နောင်ကိုလာတဲ့ ကုန်ကားမှန်သမျှ အောင်ဇေယျတံတားကိုသာ အားထားသွားလာနေရတာပါ။ အခုတံတားစီမံကိန်း (၂) ပြီးသွားရင်တော့ ကုန်ကားတွေ ပိုပြီးအဆင်ပြေနိုင်မှာပါ" ဟုလည်း ဘုရင့်နောင်ရှိ စခန်းအကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း၊ ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်းများ တည်ဆောက်လျက်ရှိသောကြောင့် ဘုရင့်နောင်လမ်းဆုံ ၀န်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရန်အတွက် သီရိမွန်အိမ်ရာ နောက်ကျောတွင် ဂိတ်ဖွင့်ကာ ကုန်တင်ယာဉ်များ သွားလာနိုင်ရေးအတွက် ရှောင်တိန်းလမ်း ဖောက်လုပ်ပေးထားကြောင်းလည်း သိရှိရသည်။

အဆိုပါတံတားစီမံကိန်းများမှာ (၁) ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးများသို့ ဆက်သွယ်သွားလာနိုင်မည့် ရန်ကုန်မြစ်ဖြတ်တံတား၊ (၂) ကြည့်မြင်တိုင်နှင့် တဘက်ကမ်းရှိ အေးရွာတို့သို့ ဆက်သွယ်မည့် လေးလမ်းသွား လှိုင်မြစ်ဖြတ်တံတား၊ (၃) လှိုင်မြစ်ဖြတ် ၄ လမ်းသွား ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း၊ (၄) ထန်းတပင်-မှော်ဘီ လမ်းပေါ်ရှိ လှိုင်မြစ်ဖြတ် နှစ်လမ်းသွား ၀ါးတရာတံတားနှင့် (၅) ပုစွန်တောင်နှင့် ဒေါပုံမြို့နယ်များကို ဆက်သွယ်မည့် သာကေတတံတားသစ်တို့ ဖြစ်ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
Saturday, 05 January 2013 14:19

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘုရင့်နောင်တံတားအမှတ် (၂) စီမံကိန်း အပါအ၀င် တံတားသစ်ငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် ဘုရင့်နောင်တံတားအမှတ် (၂) တည်ဆောက်ရေး စီမံကိန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါတံတားသည် (၇၅) တန်အထိ ခံနိုင်ဝန်ရှိကြောင်းနှင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာနိုင်ရေးကို အဓိကထား တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဗိုက်သားဖောက်ထားသော နွားများ

ဗိုက်သားဖောက်ထားသော နွားများ

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားများကို ဝမ်းဗိုက်ဖောက်ပြီးမွေးတဲ့ ယဉ်ကျေးမှု လည်း ရှိပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားရဲ့  အစာချေဖြတ် စနစ်ရှိတဲ့ ဝမ်းဗိုက်သား ဆီကို တိုက်ရိုက်အပေါက်ဖောက်ထားပါတယ်။ ပြွန်ချောင်းလို ပိုက်ကို သွင်းထားပြီး ယင်းထဲကို လက်နဲ့ နိုက်ရင် Rumen လို့ခေါ်တဲ့ နွားရဲ့  အစာချေဖြတ် စနစ်ကို တိုက်ရိုက်ရောက်ပါတယ်။ ရည်ရွယ်ချက် ကတော့ သုတေသန ဖြစ်ပြီး အစာချေဖြတ်စနစ် ကောင်းကောင်း အလုပ်လုပ်မလုပ်၊ ဘက်တီးရီးယား ရှိမရှိတို့ကို လေ့လာဖို့ ဖြစ်ပါတယ်။

ပြီးတော့ နွား နို့ထွက်သန်အောင်လည်း ယင်းထည့်သွင်းလို့ ရပါတယ်။ ကျန်းမာရေးကို အမြဲစောင့်ကြည့်ဖို့လို့ ဆိုပေမယ့် နို့ထွက်ကောင်း၊ အသားကောင်းဖို့အတွက် အပေါက်ဖောက် စောင့်ကြည့်၊ ပြုစုခြင်း သာ ဖြစ် ပါတယ်။

၁၉၂၀ နောက်ပိုင်းကတည်းက ပေါ်လာတဲ့ ဆေးပညာ၊ နည်းပညာ ဖြစ်ပြီး နွား တိရစ္ဆာန်များအပေါ် ယခုလို ဝမ်းဗိုက်ဖောက် မွေးမြူ ခြင်း အတွက် တားမြစ်၊ လက်မခံသူများ ရှိသလို ပြုလုပ်နေသူများလည်း များစွာ ရှိနေကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_5.html

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားများကို ဝမ်းဗိုက်ဖောက်ပြီးမွေးတဲ့ ယဉ်ကျေးမှု လည်း ရှိပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း နွားရဲ့  အစာချေဖြတ် စနစ်ရှိတဲ့ ဝမ်းဗိုက်သား ဆီကို တိုက်ရိုက်အပေါက်ဖောက်ထားပါတယ်။
ပြွန်ချောင်းလို ပိုက်ကို သွင်းထားပြီး ယင်းထဲကို လက်နဲ့ နိုက်ရင် Rumen လို့ခေါ်တဲ့ နွားရဲ့  အစာချေဖြတ် စနစ်ကို တိုက်ရိုက်ရောက်ပါတယ်။ ရည်ရွယ်ချက် ကတော့ သုတေသန ဖြစ်ပြီး အစာချေဖြတ်စနစ် ကောင်းကောင်း အလုပ်လုပ်မလုပ်၊ ဘက်တီးရီးယား ရှိမရှိတို့ကို လေ့လာဖို့ ဖြစ်ပါတယ်။

ဗဟန်းမြို့နယ် မြလမ်းမှတ်တိုင်အနီးတွင် ဟိုင်းလတ်ခရီးသည်တင်ယာဉ် လမ်းလယ်မှ ဓာတ်တိုင်အား တိုက်မိရာ နှစ်ဦးဒဏ်ရာရ


Photo

Sunday, 06 January 2013 02:41

ဗဟန်း မြို့နယ်၊မြလမ်း မှတ်တိုင်အနီး ဦးချစ်မောင်လမ်းမပေါ်တွင် ဇန်န၀ါရီလ ၆ရက်နေ့ နံနက် ၁နာရီ ၁၀မိ နစ်အချိန် ၀န်းကျင်ခန့်က ဟိုင်းလတ် ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိရာ နှစ် ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာမွေအ၀ိုင်းဘက်မှ ရန်ကင်းစင်တာဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ၁၀၇ ယာဉ်လိုင်းမှ ဟိုင်းလတ်ခရီးသည်တင်ယာဉ် ယာဉ်အမှတ် ဓ/၃၄၃၈ မော်တော်ယာဉ်သည် မြလမ်းမှတ်တိုင်အနီး ဦးချစ်မောင်အိမ်ယာရှေ့ အရောက်တွင် လမ်းလယ်မှ ဓာတ်တိုင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

" City FM ၁၁ နှစ်ပြည့်နှစ်ပတ်လည်ဆုရရှိသူများစာရင်း "

Photo: " City FM ၁၁ နှစ်ပြည့်နှစ်ပတ်လည်ဆုရရှိသူများစာရင်း "

၁။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး ထုတ်လုပ်သူဆု - လှိုင်းတေးသံသွင်း
၂။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး ထုတ်လုပ်သူဆု - မီးအိမ်ရှင်ထုတ်လုပ်သူ
၃။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - မာမာအေး
၎။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၅။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသားတေးသံရှင်ဆု - ဆိုတေး
၆။ အအောင်မြင်ဆုံး တေးဂီတအဖွဲ့ (Music Group) ဆု - IDIOTS BAND
၇။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၈။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆု - ဘန်နီဖြိုး


အေးချမ်းမွန်မှ Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
၁။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး ထုတ်လုပ်သူဆု - လှိုင်းတေးသံသွင်း
၂။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး ထုတ်လုပ်သူဆု - မီးအိမ်ရှင်ထုတ်လုပ်သူ
၃။ ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - မာမာအေး
၎။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၅။ ရောင်းအားအကောင်းဆုံး စတီရီယိုတေးစီးရီး သီဆိုသူ အမျိုးသားတေးသံရှင်ဆု - ဆိုတေး
၆။ အအောင်မြင်ဆုံး တေးဂီတအဖွဲ့ (Music Group) ဆု - IDIOTS BAND
၇။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသမီးတေးသံရှင်ဆု - ဝိုင်းစုခိုင်သိန်း
၈။ တေးသီချင်းတောင်းဆိုမှုအများဆုံး အမျိုးသားတေးသံရှင်ဆု - ဘန်နီဖြိုး

Popular Journal

နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်

Photo: နှစ်ပေါင်းငါးဆယ်အတွင်း လူသားပုံတူမျိုးပွားနိုင်တော့မည်


မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

လူတစ်ယောက်လုံးကိုအတိအကျ ပုံတူမျိုးပွားခြင်းသည်ကျင့်ဝတ်ပိုင်းဆိုင် ရာ အငြင်းပွားမှုပြဿနာများ ရှိလာ မည်ဧကန်ဖြစ်သော်လည်းအဆိုပါနည်း ပညာသည်ဆေးပညာအရလူသားများ အားကောင်းစွာအကျိုးပြုလာနိုင်သည့် အခါအငြင်းပွားမှုများ လျော့ပါးသွား မည်ဖြစ်ကြောင်းလည်း ဆာဂျွန်ဂါဒင်က ဆိုသည်။

ခန္ဓာကိုယ်ပြင်ပ သန္ဓေသားစပ်ခြင်းသည် စတင်ပေါ်ပေါက်စဉ်က သံသယဖြစ်ဖွယ်နည်းပညာတစ်ခုဖြစ် သော်လည်း ၁၉၇၈ ခုနှစ်တွင်ကမ္ဘာ့ ပထမဆုံးဖန်ပြွန်သန္ဓေသားဖြစ်လာသည့် လူဝီဘရောင်း ကို အောင်အောင်မြင်မြင် မွေးဖွားပြီးနောက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံ လာခဲ့သည့် နည်းပညာတစ်ခုဖြစ်လာခဲ့သည်။

ယနေ့ပုံတူမျိုးပွားခဲ့သမျှတိရစ္ဆာန် သန္ဓေသားများမှာ ပုံစံ ပျက်ယွင်းနေဆဲ
ဖြစ်သောကြောင့်ပုံတူမျိုးပွား နည်းပညာများကို တိရစ္ဆာန်များတွင် စင်းလုံး ချောအပြစ်ကင်းအောင်လုပ်ဆောင်နိုင် မှသာလူသားတို့ အတွက်လက်တွေ့ စမ်းသပ်နိုင်မည် ဖြစ်သည်။

BBC ရေဒီယိုအစီအစဉ်တွင် ဆာဂျွန်ဂါဒင်က ဖားများကိုအောင် မြင်စွာ ပုံတူမျိုးပွားအပြီးမှာပင် နှစ်ငါး ဆယ်အတွင်း နို့တိုက်သတ္တဝါများ ပုံတူမျိုးပွားနိုင်တော့မည်ကို ကြိုတင် သိမြင်ခဲ့ကြောင်း၊ လူသားများပုံတူမျိုး ပွားနိုင်ရန်လည်း မကွာဝေးတော့ ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

လူသားတစ်ဦးအား ပုံတူမျိုးပွား ခြင်းသည် ထပ်တူကျသည့် အမြွှာလူ သားတစ်ဦးဖန်တီးခြင်း ဖြစ်ရာသဘာဝ တရားကဖန်တီးထားသည်ကို ရိုးရှင်းစွာမိတ္တူပွားသည့် ဖြစ်စဉ်သာဖြစ်ကြောင်း ၄င်းကထပ်လောင်းပြော ကြားခဲ့သည်။ ကန်းဘရစ်ခ်ျတက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သူ ဆာဂျွန် ဂါဒင်သည် သူ၏စာသင်ခန်းများ၌ ရင်သွေးဆုံးရှုံးထားသူ၊ ရင်သွေးမထွန်း ကားနိုင်တော့သူ မိဘများအနေနှင့် မိခင်ထံမှ သားဥအိမ်၊ ပထမရင်သွေး ထံမှ အရေပြားဆဲလ်တို့ကိုစုဆောင်း၍ နောက်ထပ်ရင်သွေးတစ်ဦး ပုံတူပွား သင့်မသင့် မေးမြန်းလေ့ရှိသည်။

ထို အယူအဆကိုလက်ခံသူ ကျောင်းသား ၆၀ ရာနှုန်းခန့်ရှိပြီး ကျန်လက်မခံ သူများမှာပုံတူမျိုးပွားခံရသည့်ကလေး ငယ်သည် အဖြစ်မှန်ကိုသိရပါက မိမိကိုယ်ကိုအစားထိုးခံသတ္တဝါတစ်ဦး အဖြစ် သိမ်ငယ်စိတ်ဝင်မည့်
အရေးကို ကန့်ကွက်ကြခြင်းဖြစ်သည်။

သီဟ
Source: ANI

အေးချမ်းမွန်မှ Health Updates Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မတော်တဆဖြစ်ရပ်များကြောင့် ရင်သွေးငယ်များဆုံးရှုံးခဲ့ရသူ မိဘများ အနေနှင့် နောင်နှစ်ငါးဆယ်အတွင်း ၄င်းတို့၏သွေးသားများအား ပုံတူပွား နိုင်မည်ဖြစ်ကြောင်း ၂၀၁၂ဆေးပညာ နိုဘယ်ဆုရဗြိတိန် သိပ္ပံပညာရှင်ကပြော ကြားလိုက်သည်။

၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များ အတွင်း ဖားများကိုပုံတူမျိုးပွားခဲ့သည့် ဆာဂျွန်ဂါဒင်၏ နည်းစနစ်ဖြင့် ၁၉၉၆ ခုနှစ်တွင် အီဒင်ဘာရာတက္ကသိုလ် သုတေသီများက ကမ္ဘာ့ပထမဆုံး ဒေါ်လီ သိုးမလေးကို ပုံတူမျိုးပွားနိုင်ခဲ့ သည်။ နိုဘယ်ဆုရှင် ဆာဂျွန်ဂါဒင်ကရာစုနှစ် ဝက်အတွင်းလူသားပုံတူ မျိုးပွားနိုင်တော့ မည်ဖြစ်ကြောင်းအခိုင်အမာဆိုထားသည်။

ရင်သားကင်ဆာဆဲလ်များအား နှိပ်နယ်ပေးခြင်းကပုံမှန်ဆဲလ်ပြန်ပြောင်းနိုင်

Photo: ရင်သားကင်ဆာဆဲလ်များအား နှိပ်နယ်ပေးခြင်းကပုံမှန်ဆဲလ်ပြန်ပြောင်းနိုင်

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာသူများ၏အဆိုအရ ရင်သား ကင်ဆာဖြစ်နေသောအမျိုးသမီးများ တွင် ယင်းကင်ဆာဆဲလ်များအား နှိပ် နယ်ပေးခြင်း၊ညှစ်ပေးခြင်းဖြင့်ပုံမှန်ဆဲလ်များအဖြစ်သို့ ပြန်လည်ရောက်ရှိ နိုင် ကြာင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန်စစ္စကို တွင်ကျင်းပခဲ့သောအမေရိကန် ဆဲလ်သုတေသနအဖွဲ့ အစည်းနှစ်ပတ် လည်၌ တင်ပြခဲ့ခြင်းဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ်များအား ပြင်ပမှ ဖိနှိပ်ပေးခြင်းတစ်မျိုးထဲဖြင့် ကင်ဆာဆဲလ်ပွားခြင်းအားရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ်ပြန်ရောက်နိုင် ကြောင်းတွေ့ရှိခဲ့သည့်ပထမဆုံးတွေ့ရှိ ချက်ဖြစ်သည်။ ဤကဲ့သို့နှိပ်နယ် ပေးခြင်းက မျိုးရိုးဗီဇကြောင့် ကင်ဆာ ဖြစ်သောသူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။ အမျိုးသမီးများ သည် ဘဝတစ်လျှောက်လုံး တွင် သူတို့ ၏မျိုးပွားနိုင်သည့်အရွယ်ကိုလိုက်၍ ရင်သားဆဲလ်များကြီးထွားလာခြင်း၊ ကျုံ့သွားခြင်းတို့ ဖြစ်ပွားသည်။ ထို့ပြင် အမျိုးသမီးများ၌ နို့တိုက်ကျွေးချိန်တွင် နို့ထုတ်ပေးသောဆဲလ်များ ကြီးထွား လာကြပြီး ရပ်သင့်သည့်အချိန်(ဥပမာ နို့မတိုက်တော့သည့်အခါ)တွင် ယင်း ဆဲလ်များကြီးထွားခြင်းရပ်သွားရပေ မည်။ ရင်သားကင်ဆာ၌ အဓိကတွေ့ ရသောလက္ခဏာမှာ ယင်းသဘာဝ ဖြစ်စဉ်ပျက်စီးသွားပြီး ကင်ဆာဆဲလ် များက ရပ်သင့်သည့်အချိန်တွင် မရပ် ဘဲ ဆက်လက်ကြီးထွားနေခြင်းဖြစ် သည်။ ယခင်က ကင်ဆာဖြစ်ပွားမှုမှာ ဆဲလ်အတွင်းရှိ ဗီဇများ ပြောင်းလဲ သွားမှုကြောင့်ဟု လက်ခံထားသော် လည်း ဘာကလေဓာတ်ခွဲခန်းမှ မီနာ ဘစ်ဆဲလ်က ပထမဆုံးအနေဖြင့် ကင် ဆာဆဲလ်များသည် အမြဲတမ်းကင် ဆာကျိတ်အဖြစ်သို့ ပြောင်းလဲသွား ခြင်းမဟုတ်ဘဲ ယင်းဆဲလ်များ၏ ပတ် ဝန်းကျင်အား ပြုပြင်ပေးခြင်းဖြင့် နဂိုဆဲလ်များ အဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း ဓာတ်ခွဲခန်း၌ ဖန်တီးထားသောကင်ဆာဆဲလ်များ တွင်သက်သေ ပြခဲ့သည်။ ယင်းလေ့လာမှု၌ ပညာရှင် များကဗီဇပြောင်းလဲနေသော ကင်ဆာ ဆဲလ်အားဆီလီကွန်ထဲတွင် ထည့်သွင်း မွေးမြူထားခဲ့သည်။ ထို့နောက်ကင်ဆာဆဲလ်များအဖြစ်ပြောင်းလဲ မှုအဆင့် (၁)တွင် ပြင်ပမှ နှိပ်နယ်ဖိအားပေးပြီး ရလဒ်ကို စောင့်ကြည့်ခဲ့ရာ ယင်းကဲ့သို့ နှိပ်သည့်အချိန်အတော်ကြာသည့်အခါ ကင်ဆာဆဲလ်များ သည်မူလပုံစံဖွံ့ဖြိုးမှု သို့ ပြန်ရောက်ကြောင်းတွေ့ရသည်။ ထို့ ပြင်တွေ့ရှိချက်များအရ စောစီးစွာ နှိပ်နယ်ပေးမှုက မူလပုံစံသို့ပြန်ရောက် ရာတွင် ပို၍ အကူအညီရကြောင်း သိရသည်။ အကယ်၍ ရင်သားဆဲလ် များ ပုံမှန်တည်ဆောက်ပုံသို့ ရသွား ပါက နှိပ်နယ်ပေးမှုအား ရပ်လိုက်လျှင် လည်း ကင်ဆာကဲ့သို့ ဆက်လက်ကြီး ထွားခြင်းမဖြစ်တော့ကြောင်း တွေ့ရ သည်။ နှိပ်နယ်ပေးမှုက ကင်ဆာဆဲလ် များအား ပြန်ကောင်းစေသည် ဆို သော်လည်း အဆမတန်ကျပ်သော ဘရာစီယာများ ဝတ်ခြင်းကနှိပ်နယ် ၍ ကုသခြင်းကဲ့သို့ အကျုံးမဝင် ကြောင်း သုတေသနပညာရှင်များက သတိပေး ခဲ့သည်။

မိုင်ကိ
Ref:MNT
Vol-2,No-2

အေးချမ်းမွန်မှ Health Updates Journal  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ကယ်လီဖိုးနီးယားတက္ကသိုလ်မှ လေ့လာသူများ၏အဆိုအရ ရင်သား ကင်ဆာဖြစ်နေသောအမျိုးသမီးများ တွင် ယင်းကင်ဆာဆဲလ်များအား နှိပ် နယ်ပေးခြင်း၊ညှစ်ပေးခြင်းဖြင့်ပုံမှန်ဆဲလ်များအဖြစ်သို့ ပြန်လည်ရောက်ရှိ နိုင် ကြာင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန်စစ္စကို တွင်ကျင်းပခဲ့သောအမေရိကန် ဆဲလ်သုတေသနအဖွဲ့ အစည်းနှစ်ပတ် လည်၌ တင်ပြခဲ့ခြင်းဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ်များအား ပြင်ပမှ ဖိနှိပ်ပေးခြင်းတစ်မျိုးထဲဖြင့် ကင်ဆာဆဲလ်ပွားခြင်းအားရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ်ပြန်ရောက်နိုင် ကြောင်းတွေ့ရှိခဲ့သည့်ပထမဆုံးတွေ့ရှိ ချက်ဖြစ်သည်။ ဤကဲ့သို့နှိပ်နယ် ပေးခြင်းက မျိုးရိုးဗီဇကြောင့် ကင်ဆာ ဖြစ်သောသူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။

ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့

Photo: ကေအိုင်အေ အဖွဲ့ မော်တော်ယာဉ်များ ဖမ်းဆီး၊ မိုင်းခွဲ ဖျက်ဆီး၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်၊ ရထားလမ်း /တံတား မိုင်းခွဲခြင်းများ ကျူးလွန်ခဲ့

ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင် ပြည်နယ်၌ မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိလပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် နံနက် ဝဝ နာရီ ၄၅ မိနစ်က ကေအိုင်အေ အင်အား ၁ဝ ဦးခန့်သည် ဝိုင်း မော်မြို့နယ် နန့်ဝါ ကျေးရွာနေ မလငန် ခေါင်နော ၃၂ နှစ်၊ မလနေ ဒေါင်ညွယ် ၃၄ နှစ်နှင့် မလတုံ ယိန်းမျှော် ၂၈ နှစ်တို့ သုံးဦးအား နန်ဇော်ယန် ကျေးရွာ ဘက်သို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီ ၃ ရက်ည ၇ နာရီ ခွဲခန့်က ကေအိုင်အေ အဖွဲ့သည် မိုးညှင်းမြို့နယ် ကာဒူနှင့် မော်ဟန် ကျေးရွာ အကြား ရထားလမ်း မိုင်တိုင် အမှတ် (၆၂ဝ-၈/၉)တွင် ရထားလမ်း လုံခြုံရေး ဆောင်ရွက် နေသော လုံခြုံရေး အဖွဲ့အား လက်နက်ကြီး များဖြင့် အဝေးမှ ပစ်ခတ် ခဲ့ကြောင်း၊ လူထိခိုက် ဆုံးရှုံးမှု မရှိ၊ ရထားလမ်း ပျက်စီးမှု မရှိသော်လည်း မန္တလေးမှ မြစ်ကြီးနားသို့ ထွက်ခွာ လာသော အမှတ်(၄ဝ) အဆန် အမြန် ရထားမှာ မော်ဟန် ဘူတာ၌ ခေတ္တရပ်နား စောင့်ဆိုင်း ခဲ့ရပြီး ည ၉ နာရီခွဲ ခန့်တွင် မိုးညှင်းဘက်သို့ ဆက်လက် ထွက်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကေအိုင်အေ အဖွဲ့သည် ဗန်းမော်-မန်စီ ကားလမ်း ပေါ်မှ အလျား ပေ ၂၈ဝ၊ အကျယ် ၁၂ ပေရှိ မံရွတ် ချောင်းကူး သံပေါင် ဘေလီ တံတားအား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး ခဲ့မှုကြောင့် တံတား ပေ ၂ဝ ခန့် ပြိုကျ သွားသဖြင့် လူ/ယာဉ် ဖြတ်သန်း သွားလာ နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက် ည ၁၁ နာရီ ခန့်က ဗန်းမော်မြို့ ကြေးနန်း ရပ်ကွက် ဗန်းမော်-မြစ်ကြီးနား ကားလမ်း မိုင်တိုင် အမှတ်(၃၇၈/၃) နှင့် (၃၇၈/၄) အကြား လမ်း၏ ယာဘက် ကြံခင်း ကျေးရွာသွား လမ်းခွဲ အနီးတွင် မိုင်းတစ်လုံး ပေါက်ကွဲပြီး ယင်းနေရာ၏ အနောက်ဘက် ကိုက် ၁ဝဝ ခန့် အကွာ၌ မိုင်းတစ်လုံး ထပ်မံ ပေါက်ကွဲ ခဲ့ကြောင်း၊ မိုင်းပေါက်ကွဲ မှုကြောင့် လူထိခိုက် ဆုံးရှုံးမှု မရှိဘဲ အုတ် ခုံနှင့် သံတိုင် အချို့ ပျက်စီးမှုသာ ရှိခဲ့ ကြောင်း၊ ကေအိုင်အေ အဖွဲ့က ယာဉ်တန်းများ ဖြတ်သန်း မည်ဟု ထင်သဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/headline/item/3673-2013-01-06-08-39-50

အေးချမ်းမွန်မှ  မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ကေအိုင်အေ အဖွဲ့သည် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့က ကချင် ပြည်နယ်၌ မော်တော်ယာဉ် များကို ဖမ်းဆီးမိုင်းခွဲ ဖျက်ဆီးခြင်း၊ ဒေသခံ အမျိုးသမီး များအား ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ ရထားလမ်း များကို မိုင်းခွဲခြင်း၊ တံတားများကို မိုင်းခွဲခြင်းနှင့် မြို့ပေါ်၌ မိုင်းထောင်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီ ခန့်က မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဘိလပ်မြေနှင့် သံချောင်း/ သံပြားများ တင်ဆောင် ထားသည့် မော်တော်ယာဉ် သုံးစီး သည် မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်း မိုင်တိုင် အမှတ် (၉၁)သို့ ရောက်ရှိစဉ် ကေအိုင်အေ အဖွဲ့ တစ်ဖွဲ့က ယာဉ်ကို တားဆီးခဲ့ပြီး ယာဉ်ပေါ်ပါ ဘိလပ်မြေ ၁၆ တန်၊ သံချောင်း/ သြံပား ၈ တန်တို့ အား မိုင်းခွဲ မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ယာဉ်မောင်းများအား ပြန်လွှတ် ပေးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်း တန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၉၈ သိန်းနှင့် သရီး ကရောင်း ပစ္စည်းတင် ယာဉ်သုံးစီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ

Photo: ကျောက်မျက် မှောင်ခို ရောင်းဝယ် သူများအား ရဲတပ်ဖွဲ့ စီးနင်း ဝင်ရောက် စိန်အလုံး ၁ဝဝဝ ကျော် သိမ်းဆည်း ရမိ

ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ထို့ပြင် အမေရိကန် ဒေါ်လာ ၈၂ဝဝဝ တန်ဖိုးရှိ စိန်၊ နီလာ၊ မြနှင့် အခြား အဖိုးတန် ကျောက်မျက် ရတနာများ ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့နောက် ရဲတပ်ဖွဲ့ဝင် များသည် သတင်း ပေးချက်အရ ကျောက်မျက် ရတနာ တရားမဝင် ဖြန့်ဖြူးသည့် လမ်းကြောင်း များကို လိုက်လံရှာဖွေ ဖမ်းဆီးလျက် ရှိရာ မှောင်ခို ဈေးကွက်များ၊ အပေါင်ဆိုင် လုပ်ငန်းရှင် များနှင့် ကျောက် မျက် ရတနာ အရောင်း ဆိုင်များလည်း ပါဝင်ကြောင်း သိရသည်။

ထို့နောက် အသက် ၂၇ နှစ် နှင့် ၃၇ နှစ် အရွယ် ဒေသခံ နှစ်ဦးအား ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်မှုဖြင့် စွဲဆိုထားပြီး ပြစ်မှု ထင်ရှားပါက ၄င်းတို့ နှစ်ဦးသည် ထောင်ဒဏ် ၁၂ နှစ် ကျခံရ နိုင်ဖွယ် ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3674-2013-01-06-09-28-33

အေးချမ်းမွန်မှ  မြ၀တီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ရုရှားနိုင်ငံ ဗော်လ်ဂို ဂရက်ဒ် မြို့ရှိ ရဲတပ်ဖွဲ့သည် ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ်သူ များအား စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စိန်အလုံးရေ ၁ဝဝဝ ကျော်နှင့် အခြား ကျောက်မျက် ရတနာများကို သိမ်းဆည်း ရမိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အရည်အသွေး မပြည့်မီသော ရွှေ၊ ငွေများနှင့် တွဲဖက်၍ ပြုလုပ် ထားသော လက်ဝတ် ရတနာများကို ကျောက်မျက် ရတနာ မှောင်ခို ရောင်းဝယ် သူများက တံဆိပ်တုများ ရိုက်နှိပ်၍ ပစ္စည်း အတု များ ပြုလုပ်ကာ ပြည်သူများထံ ထုတ်လုပ် ရောင်းချ ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အစီရင် ခံစာထဲတွင် ဖော်ပြ ထားသည်။

ဆန္ဒပြ တရုတ်(၅)ဦးအား အရေးယူ

Photo: ဆန္ဒပြ တရုတ်(၅)ဦးအား အရေးယူ

ဇန်နဝါရီ ၄၊ ၂ဝ၁၃

မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။

အေးချမ်းမွန်မှ  Myanmar Independent News journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
မင်္ဂလာဒုံမြို့နယ်၊ ရေဝေး သုဿာန်အတွင်းရှိ ဂျပန် စစ်သင်္ချိုင်း သို့ ရောက်ရှိလာသည့် ဂျပန်ဒုဝန်ကြီးချုပ်နှင့် အဖွဲ့အား တရုတ် လူမျိုး ၅ ဦးမှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်လူမျိုး စစ်သားဟောင်း မစ္စတာ လျိုတကျောင်း(ခ)ဦးကြည်မြင့် အပါအဝင် ကျား (၅)ဦး၊ မ (၁)ဦး၊စုစုပေါင်း (၆)ဦး တို့မှ အလျား (၁၇)ပေ၊ အနံ (၁၆)ပေခန့်ရှိ အဖြူရောင် အဝတ်စပေါ်တွင် အနက်ရောင် တရုတ်စာတမ်းများ ကပ်၍ ဆန္ဒဖေါ်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် မင်္ဂလာဒုံရဲစန်းမှ ၄င်းနေ့တွင်ပင် (ပ)၂၁/၂ဝ၁၃၊ ပုဒ်မ ၁၈ ဖြင့် အရေးယူထားကြောင်း Independent မှ သတင်းရရှိပါသည်။

 Myanmar Independent News journal

ရွာကလေးရဲ့ နည်းပညာ(ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်))

Photo: ရွာကလေးရဲ့ နည်းပညာ

ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်)

သည်ဘက်ခေတ်ရောက်တော့ ရွာကလေးတော်တော် များများသည် မြို့ပြနှင့်နီးကုန်ကြပြီဖြစ်ပါသည်။ ပထ၀ီဝင်
တည်နေရာအနေအထား ပြောင်းရွှေ့နီးကပ်သွားခြင်းမျိုး မဟုတ်။ အလေ့အကျင့်စရိုက်များ၊ အစား
အသောက်၊ အနေအထိုင်၊ အပြောအဆိုများမှအစ နေ့စဉ်လူနေမှု ပုံစံများ၊ ယုံကြည်ချက်များ၊ ရည်မှန်း
ချက်များသည်လည်း   မြို့ပြနှင့်အင်မတန်မှ   အလျင်အမြန်ပင်နီးစပ်၊ ရောယှက်၊ ပေါင်းလျက်ရှိလာခြင်းဖြစ်ပါသည်။

မြို့ပြနှင့် ၁၅ မိုင်မျှဝေးသော ရွာကလေးတစ်ရွာသို့ စာရေးသူရောက်ခဲ့ရပါသည်။ ချင်းတွင်းမြစ်၏  အရှေ့ဘက်ကမ်းရှိ ရွာကလေး ဖြစ်ပါသည်။ စံပြရွာအဆင့်ဖြစ်၍ တိုက်နယ်ဆေးရုံရှိသည်။ ဈေး၊ ရဲ စခန်း၊ အထက်တန်းကျောင်း၊ စာကြည့်တိုက်များလည်း ရှိသည်။ အစိုးရလျှပ်စစ်မီး မရရှိသဖြင့် ပုဂ္ဂလိက လပေးမီးဖြင့်သာ လည်ပတ်နေကြရသည်။ ရွာအစွန်တစ်နေရာတွင် မြစ်ရေတင်စီမံကိန်း ရှိသည်။ ထိုစီမံကိန်းတစ်ခုထဲ၌သာလျှင် အစိုးရလျှပ်စစ်မီး ရရှိသည်။ ထိုနေရာတွင် ဆိုင်တစ်ဆိုင်ရှိသည်။ အစိုးရလျှပ်စစ်မီးဖြင့် လည်ပတ်သော ဆိုင်ကလေးဖြစ်သည်။ ကွန်ပျူတာ၊ မိတ္တူ၊ စာစီစာရိုက်၊ သီချင်းသွင်း၊ ဂိမ်းသွင်းအားလုံး ၀န်ဆောင်မှု ရရှိနိုင်သည်။

စာရေးသူ ထိုဆိုင်တွင်ရှိနေသည့်  အချိန်တစ်နာရီမျှအတွင်း ဆိုင်သို့ လာသူအားလုံးနီးပါးမှာ လူငယ်လူရွယ်များသာ ဖြစ်ကြ သည်။ သူတို့ယူဆောင်လာသည့် အမ်ပီဖိုး၊ ဟန်းဆက်များအတွင်း သီချင်းများ၊ ဂိမ်းများ၊ ညစ်ညမ်းပုံများ ထည့်သွင်းရန်သာ အဓိကလာကြခြင်း ဖြစ်သည်။ လျှပ်စစ်မီး၊ နည်းပညာနှင့် အချိန်များကို လွဲမှားစွာ   အသုံးပြုကြခြင်း ဖြစ်ပါသည်။ ဒါမျိုးက ကျေးရွာတော်တော်များများတွင် အတွေ့ရများလာသော အလေ့အထများ ဖြစ်ပါသည်။ သည်လို လုပ်ဆောင်မှုများကို ကျေးရွာများတွင် စတင်လမ်းဖောက်ကြသူများမှာ မြို့ပြသို့ အရောက်အပေါက်များသော အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ လူငယ်များသာ ဖြစ်ပါသည်။

မြို့ပြတွင် နည်းပညာများက စုံလင်လှပါသည်။ မိမိကိုယ်မိမိ မထိန်းနိုင်လျှင် ပျက်စီးလေလွင့်ဖို့ရန် အလွန်လွယ်ကူလှ ပါသည်။ မြို့ကြီးအသီးသီးရှိ တက္ကသိုလ်များ အနီးအနားတွင် အချိန်ပြည့်နီးပါး ဘီယာနှင့် အရက်များကို အလွယ် တကူရရှိနိုင်သော စားသောက်ဆိုင်များကလည်း တွဲဖက်တည်ရှိနေပါသည်။ မြို့ပြများရှိ စားသောက်ဆိုင်များ၊   ဖက်ရှင်ဆိုင်များ၊ ဘိလိယက်၊ ဂိမ်း၊ စကိတ်ကွင်း အစရှိသည့် အပျော်နေရာများ၊ အလှပြင်ခန်းမများ၊ ဆောင်ကြာမြိုင်များ၊ ကလပ်များ၏ ဆွဲဆောင်မှုများသည် တက္ကသိုလ်များ၊ ကျောင်းများရှိ စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ ကွန်ပျူတာ လက်တွေ့အသုံးချခန်းများထက် ပို၍ ခမ်းနားထည်ဝါ၊ တောက်ပြောင်ကာ စည်ကားလျက်ရှိနေပါသည်။ ပိုမိုအသက်ဝင်လျက် ရှိနေပါသည်။ လူငယ်များကလည်း ပိုမိုခုံမင်နှစ်သက်လျက်ရှိနေကြပါသည်။

ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် စာရေးသူတို့ နိုင်ငံသည် ကမ္ဘာရွာကြီးထဲမှ   အိမ်ကလေးတစ်လုံးမျှသာ  ဖြစ်ပေလိမ့်မည်။ ကမ္ဘာကြီးတွင် နည်းပညာများ အရှိန်အဟုန်ဖြင့် မြန်ဆန်တိုးတက်မြင့်မား လျက်ရှိသည်။ ရနိုင်သမျှသော နည်းပညာများကို အစွမ်းကုန် အကျိုးရှိရှိ အသုံးချကာ လူသားတစ်ဦးချင်းစီ၏ စွမ်းရည်များကို မြှင့်တင်လျက်ရှိကြသည်။ အခွင့်အလမ်းနှင့် အချိန်တို့ကို  လက်လွတ်မခံကြ။ တိုင်းတစ်ပါးတို့၏ နည်းပညာနှင့် အရှိန်အ၀ါကြီးမားမှုများကြောင့် စာရေးသူတို့ နိုင်ငံကြီးကို ခါးဖြတ်၍ ပိုက်လိုင်းသွယ်တန်းခြင်း ခံကြရသည်။ ပြန်လည်အစားထိုးရန် မဖြစ်နိုင်တော့သည့် ခန့်ထည်တန်ဖိုးကြီးမားလှသော တောတောင်ကြီးများ ပျောက်ကွယ် ကြရသည်။  အာဏာအလွဲသုံးစားလုပ်ခြင်း၊ ပြည်သူကို မငဲ့ညှာခြင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်း ကောင်းစားရေးကိုသာ ရှေးရှုကြခြင်း၊ အဆင်အခြင်ပညာမဲ့ ကင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြခြင်းတို့ကြောင့် စာရေးသူတို့ အခြေခံ ပြည်သူများသည် မြန်မာပြည်မှာ ကံဆိုးစွာ လူဖြစ်လာကြရသည်။ ကိုယ့်ရေ ကိုယ့်မြေမှ အဆီအနှစ်များကို ကိုယ်တိုင်ခံစားခွင့် မရကြဘဲ ရေခြားမြေခြားမှ စုပ်ယူသိမ်းသွင်းခြင်း ခံကြရသည်။

ဒါကို ကမ္ဘာကြီး၏ နည်းပညာ စိန်ခေါ်မှုဟုလည်း ခေါ်နိုင်ပါသည်။ နည်းပညာ ထွန်းကားသူများကဖြင့် ထွန်းကားလျှင် ထွန်းကားသလောက် နည်းအမျိုးမျိုး ကြံဆလျက် ရနိုင်သမျှ နှိုက်ယူနေကြဦးမည်သာ ဖြစ်ပါသည်။ 
ပြည်တွင်းရှိ လူမဆန်သော ခရိုနီကြီးများ၏ ရန်ကလည်း ရှိနေပါသေးသည်။ ယခု အခြေအနေမှာဖြင့် အခြေခံ ပြည်သူများက ခုခံကာကွယ်တော်လှန်ရန် မည်သို့မျှ မတတ်နိုင်ကြပါ။ နေ့ဖို့ ညစာ၊ မိသားစုတစ်ဘ၀စာ အလျဉ်မီရုံရပ်တည်နိုင်ရေးအတွက် အားတိုက်လှုပ်ရှားနေကြရပါသည်။ နည်းပညာများက အလှမ်းဝေးလျက် ရှိနေပါသည်။ အတိတ်ကို မေ့ပစ်နိုင်ဖို့ ထင်သာမြင်သာ မရှိသေး။ ယုံကြည်ရန် ခက်ခဲနေကြသေးသည်။

မိတ်ဆွေတစ်ဦးကတော့ “လူငယ်တွေ မကြိုးစားတာ၊ လေလွင့်မှုများတာ ခေတ်စနစ်မှားယွင်းမှုကြောင့်၊ အနာဂတ် မရှိလို့၊ အနာဂတ်ပျောက်လို့” ဟု သုံးသပ်ပါသည်။ “နောက်ပိုင်းကမ္ဘာမှာ စစ်တိုက်ပြီး နယ်ချဲ့တာ မရှိတော့ဘူး။ နည်းပညာနဲ့ပဲ ယှဉ်ပြိုင်ထိုးဖောက်ကြတာပါ။ ကိုယ့်နိုင်ငံအနေနဲ့ သူများကို မပြိုင်နိုင်သေးရင်တောင်မှ ကိုယ့်ကို ထိုးဖောက်မခံရအောင် ကာကွယ်နိုင်ရမှာပါ။ ခုဆိုရင် နိုင်ငံရဲ့ အလှည့်အပြောင်းကာလမှာ ဖြေရှင်းစရာတွေက တစ်စထက် တစ်စဆိုသလို ပိုထွက်လာနေတဲ့ သဘောရှိနေပါတယ်”

“အစိုးရ အဖွဲ့ထဲမှာကိုပဲ ပြည်သူတွေ မနှစ်မြို့တဲ့ သူတွေကို ဖယ်ရှားမပေးနိုင်သေးဘူး။ ပြည်သူတွေ ယုံကြည်ကျေနပ်စရာ ကိစ္စတွေထက် နာကြည်းစိတ်ပျက်ဖွယ် ဖြစ်စဉ်တွေပဲ တောက်လျှောက်ဖြစ်ပေါ်နေတယ်။ ဥပမာ- ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံလေး ဖော်ပြပေးဖို့ ဘာနည်းပညာကြောင့် ခက်ခဲနေရသလဲ။ တန်ဆောင်မုန်းလပြည့်ည အရုဏ်တက်ချိန်မျိုးမှာ၊ ဒေါ်အောင်ဆန်းစုကြည်လာမယ့် နေ့မျိုးမှာ လက်ပံတောင်းသပိတ် စခန်းတွေကို အကြမ်းဖက်နှိမ် နင်းဖို့ အမိန့်ပေးတာ လွယ်ကူသလောက် ဖုန်းဆင်းကဒ်တွေကို ပြည်သူအားလုံး အံ့သြ၀မ်းသာသွားရအောင် အလကားပေးတာ၊ ကျပ်ငါးထောင်၊ တစ်သောင်းလောက်နဲ့ ရောင်းမပေးနိုင်ရတာ ဘာကြောင့်လဲ”

“ခရစ်ယာန် ဘာသာဝင်အများစုရှိတဲ့ ကချင်ပြည်နယ်လိုဒေသမှာ ခရစ္စမတ်ကာလကိုတောင် မရှောင်ဘဲ တိုက်ပွဲတွေ အရှိန်မြှင့်တင်တာ၊ ပြည်သူ့အတွက်လို့ဆိုထားတဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် မြစ်ကြီးနားမြို့မှာ ဒီဇင် ဘာလ ၂၄ ရက်ကစပြီး လျှပ်စစ်မီး မရတော့ဘဲ အမှောင်ကျနေရတာတွေဟာ ဒေသခံတွေအတွက် အမုန်းပွား၊ အငြိုးထားစရာတွေ၊ ဖြစ်ကုန်ပါတယ်။ တစ်ရက် ကျင်းပစရိတ် ကျပ်သိန်းရာကျော် ကုန်ကျတဲ့ လွှတ်တော်တွေမှာ ပြည်သူတွေအတွက် မြန်မြန်ဆန်ဆန် အဖြေမရှာနိုင်ဘူးဆိုရင် ပြည်သူတွေမှာ မျက်နှာငယ်နေကြရဦးမှာ ဖြစ်ပါတယ်။ အရင်အစိုးရတုန်းကလို ဆောင်ပုဒ်တွေ၊ ဦးတည်ချက်တွေကို ပြည်သူတွေက ရိုးအီသွားကြပြီ။ သူများရေးပေးတဲ့ မိန့်ခွန်းတွေကို ဖတ်ပြရမယ့် အချိန်မဟုတ်တော့ ပါဘူး။ ပြည်သူတွေ လက်ဖျားခါ ချီးကျူးရလောက်အောင် ရဲရဲဝံ့ဝံ့၊ ထင်သာမြင်သာ လုပ်ပြကြရမယ့် အချိန်ရောက်နေပါပြီ” ဟု မိတ်ဆွေက ဆက်ပြောပြပါသည်။ 

မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမျှ နေထိုင်လျက်ရှိသည့် ကျေးလက်ဒေသများတွင် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမည့် နည်းပညာများထက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျထိခိုက်သွားစေမည့် နည်းပညာများက ပိုလို့၍ ၀န်းရံလျက်ရှိနေပါသည်။ မြို့ပြများတွင်တော့ လာဘ်ပေး လာဘ်ယူစနစ်များ၊ လက်သင့်ရာ စားတော်ခေါ်စနစ်များက ကြီးထွားနေဆဲပင် ဖြစ်ပါသည်။ အစိုးရကိုယ်တိုင်က ပြည်သူဘက်မှ မရပ်တည်နိုင်သေးတော့ ကိုယ့်အတွက်ကိုယ် ယက်ကြတဲ့ သူတွေပဲ ပို၍ပို၍ များလာနေပါသည်။

စာရေးသူတို့ ရွာကလေးတွေရှိ နည်းပညာ၊ မြို့ပြများရှိ နည်းပညာ၊ အခြေခံပြည်သူအများစု လက်လှမ်းမီသည့်   နည်းပညာ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရဖြစ်စေရမည်ဟု ကြွေးကြော်ထားသူများ၏ နည်းပညာ၊ နိုင်ငံတကာမှ အားစမ်းထိုးဖောက်လာမည့် နည်းပညာ၊ ကမ္ဘာကြီးကတော့ နည်းပညာရွာကြီး ဖြစ်နေပါပြီ။ စာရေးသူတို့ အဘယ်နည်းပညာကို အသုံးပြုမည်ဆိုသည်ကိုဖြင့် နည်းပညာရှာဖွေကြရဦးမည်သာ ဖြစ်ပါသည်။
သည်ဘက်ခေတ်ရောက်တော့ ရွာကလေးတော်တော် များများသည် မြို့ပြနှင့်နီးကုန်ကြပြီဖြစ်ပါသည်။ ပထ၀ီဝင်
တည်နေရာအနေအထား ပြောင်းရွှေ့နီးကပ်သွားခြင်းမျိုး မဟုတ်။ အလေ့အကျင့်စရိုက်များ၊ အစား
အသောက်၊ အနေအထိုင်၊ အပြောအဆိုများမှအစ နေ့စဉ်လူနေမှု ပုံစံများ၊ ယုံကြည်ချက်များ၊ ရည်မှန်း
ချက်များသည်လည်း မြို့ပြနှင့်အင်မတန်မှ အလျင်အမြန်ပင်နီးစပ်၊ ရောယှက်၊ ပေါင်းလျက်ရှိလာခြင်းဖြစ်ပါသည်။

မြို့ပြနှင့် ၁၅ မိုင်မျှဝေးသော ရွာကလေးတစ်ရွာသို့ စာရေးသူရောက်ခဲ့ရပါသည်။ ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ ရွာကလေး ဖြစ်ပါသည်။ စံပြရွာအဆင့်ဖြစ်၍ တိုက်နယ်ဆေးရုံရှိသည်။ ဈေး၊ ရဲ စခန်း၊ အထက်တန်းကျောင်း၊ စာကြည့်တိုက်များလည်း ရှိသည်။ အစိုးရလျှပ်စစ်မီး မရရှိသဖြင့် ပုဂ္ဂလိက လပေးမီးဖြင့်သာ လည်ပတ်နေကြရသည်။ ရွာအစွန်တစ်နေရာတွင် မြစ်ရေတင်စီမံကိန်း ရှိသည်။

ဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Photo: ဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ရန်ကုန်၊ ဇန်န၀ါရီ- ၆
နှစ်ပေါင်း ၁၆ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စာပေသည် သူမဘ၀၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားသည်။

ယနေ့နံနက် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ပြည်တွင်း၊ ပြည်ပ စာပေနယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့သည်။

စာပေနှင့် ယဉ်ကျေးမှုပေါင်းစုံအတွေးအခေါ်များကို အပြန်အလှန်ဖလှယ်နိုင်ရန် ယင်းဧရာဝတီအပြည်ပြည်ဆိုင်ရာ စာပေပွဲတော်က ကြားခံဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး အပြောင်းအလဲများစွာဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအရ သက်ဝင်လှုပ်ရှားမှုများကို ထင်ဟပ်စေနိုင်မည်ဟု စာပေပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌမစ္စဂျိမ်းဟင်း(န်)ကပြောသည်။

စာပေပွဲတော်ကျင်းပရခြင်းကြောင့် ကမ္ဘာ့စာပေကိုလူအများကျယ်ကျယ်ပြန့်ပြန့်လေ့လာခွင့်ရနိုင်ပြီး အင်္ဂလိပ်ဘာသာစကားကို ပို၍နီးစပ်ကျွမ်းဝင်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"စာပေပေါင်းစုံနဲ့ အခြားအတွေးအခေါ်ပေါင်းစုံအပြင် ကမ္ဘာမှာ ဖြစ်ပျက်နေတာတွေကိုပိုပြီး တွေ့မြင်လာနိုင်ဖို့ ဒီလိုပွဲတော်မျိုးလုပ်တာကောင်းပါတယ်"ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတေသနမှူး အဖြစ်ဆောင်ရွက်ခဲ့သူဆရာဦးသော်ကောင်းကပြောသည်။

ဓာတ်ပုံ- ရဲနောင်
ရန်ကုန်၊ ဇန်န၀ါရီ- ၆
နှစ်ပေါင်း ၁၆ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က စာပေသည် သူမဘ၀၏အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်ဟု ပြောကြားသည်။

ယနေ့နံနက် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် ဧရာဝတီ အပြည်ပြည်ဆိုင်ရာ စာပေပွဲတော်အကြို သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ပြည်တွင်း၊ ပြည်ပ စာပေနယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားတက်ရောက်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။

Photo: နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသည့်ဘင်္ဂါလီများ၊ ကလေးနယ်တွင် အုပ်စုလိုက်ဖမ်းဆီးရမိနေ။

January 6, 2013 Home, သတင်း 

 ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

““ကလေးဒေသထဲကိုခိုးဝင်လာနေတဲ့ဘင်္ဂါလီတွေရဲ့သတင်းတွေကတော့နေရာတိုင်းမှကြားနေရတယ်။တချို့ဘင်္ဂါလီတွေဆိုရင်ကလေးမြို့ထဲကအဆက်အသွယ်ကနေတစ်ဆင့်လိုင်းကားစီးပြီးမုံရွာ၊မန္တလေးကိုလိုက်သွားကြတယ်လို့သတင်းရတယ်။အခု
လည်းဖမ်းမိလိုက်တဲ့ဘင်္ဂါလီတွေဆိုတာအ၀တ်တစ်ထည်ကိုယ်တစ်ခုပဲပါတယ်၊ပိုက်ဆံလည်းများများမပါကြဘူး၊လမ်းအဆက်အသွယ်တွေကနေတစ်ဆင့်စရိတ်ယူပြီးသွားကြတယ်လို့ပြောသံကြားရတယ်။ကလေးဒေသမှာဖြစ်နေတဲ့သတင်းတွေအရလွတ်ထွက်သွား
တဲ့ဘင်္ဂါလီတွေလည်းအများကြီးလို့ပြောသံကြားရတယ်။””—-ဟုကလေးဒေသခံတစ်ဦးမှပြောသည်။         ကလေးဒေသသို့ခိုးဝင်လာသောဘင်္ဂါလီများမကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ
တရားဝင်သိရသောသတင်းများအရပြီးခဲ့သည့်(၂၀၁၂)ခုနှစ်စက်တင်ဘာလ(၁၄)ရက်နေ့က၊တမူးနယ်စပ်မှခိုးဝင်လာသောဘင်္ဂါလီ(၁၀)ယောက် ကလေးနယ်ပေါက်တောရွာတွင်လည်းကောင်း၊အောက်တိုဘာ(၆)ရက်နေ့တွင်ကလေးနယ်လက်ပံချောင်းကျေးရွာတွင်-
ဘင်္ဂါလီ(၃)ယောက်၊အောက်တိုဘာ(၁၄)ရက်နေ့တွင်ဘင်္ဂါလီ(၁၆)ယောက်၊အောက်တိုဘာ(၂၀)ရက်နေ့တွင်ကလေးမြို့ဈေးင်္ကြးအရှေ့ဖက်တိုက်တန်းတွင်ဖမ်းမိသောဘင်္ဂါလီ(၁)ယောက်၊အောက်တိုဘာလ(၂၄)ရက်နေ့တွင် ကလေးမြို့ပေါ် တွင်ဖမ်းမိသောဘင်္ဂါလီ(၃)ယောက်၊နိုဝင်ဘာ(၅)ရက်နေ့တွင်ကလေးမြို့အနောက်ဖက်ချင်းတောင်ခြေရင်းလျှို
အတွင်းမှဖမ်းမိသောဘင်္ဂါလီ(၁၉)ယောက်တို့ကိုဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
                                       

 ကောင်းမြတ်သူ(ကလေး) 

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
January 6, 2013 Home, သတင်း

ကလေးဒေသတွင်တစ်ဖက်နိုင်ငံမှဖြတ်ကျော်ခိုးဝင်လာသောဘင်္ဂါလီများအုပ်စုလိုက်မကြာခဏဖမ်းဆီးရမိလျှက်ရှိ့ရာ၊ယခု(၂၀၁၂)ခုနှစ်ဒီဇင်ဘာ လ(၃၁)ရက်နေ့က၊ကလေးမြို့တောင်ပိုင်းခုံဒိုးမြို့သာတွင်ခိုးဝင်လာသူ ဘင်္ဂါလီ(၅)ယောက်အဖွဲ့ကိုလည်းကောင်း၊ထိုနေ့မှာပင်လျှင်ကလေး-ဂန့်ဂေါရထားလမ်းဘေးကြံသာရွာတွင်ဘင်္ဂါလီ(၂)ယောက်ကိုလည်းကောင်း၊(၂၀၁၃)ဇန်န၀ါရီလ(၂)ရက်နေ့ကမြောက်စည်းရွာတွင်ဘင်္ဂါလီ(၅)ယောက်ကိုလည်းကောင်းဖမ်းဆီးရမိလျှက်ရှိ့ကြောင်းသိရသည်။ယခုဖမ်းဆီးရမိသော
ဘင်္ဂါလီများမှာအိန်္ဒိယနိုင်ငံမီဇိုရမ်ဖက်မှတစ်ဆင့်ချင်းပြည်နယ်ကိုဖြတ်၍ကလေးဒေသသို့ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်။

ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း( ဒေါက်တာ ရန်မျိုးသိမ်း)





 thn-22-12-12-5

နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်သင့် ရွှေဘိုမြို့နယ်ကျေးရွာတစ်ရွာရှိ ယာယီစာသင်ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်

အနုပညာရှင်များ၏ စိတ်အားထက်သန်စွာ ပါဝင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဝန်းကျင်တွင် ရန်ပုံငွေဂီတပွဲတော်များ ခေတ်စားလာခြင်းသည် လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ရန်ပုံငွေရှာဖွေရေးကို အတန်အသင့် ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများမှ ကမကထပြုသော ရန်ပုံငွေဂီတပွဲတော်များတွင် အလှူငွေ သိန်းထောင်ချီရရှိသည်အထိ အောင်မြင်ခဲ့သဖြင့် ဂီတပွဲတော်သည် ရန်ပုံငွေရှာဖွေရေး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါဂီတ ပွဲတော်များတွင် ခရိုနီကြီးငယ်လတ်တို့အနေဖြင့်လူသိရှင်ကြားလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု လျော့ချရေးကို စိတ်ပါလက်ပါရှိခြင်းထက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင် စသည့် ပြည်သူလူထု ခေါင်းဆောင်များ ၏ အရှိန်အ၀ါကိုရယူပြီး၊ ခရိုနီတို့၏ ဂုဏ်သိက္ခာ အဖတ်ဆည်ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် တိုင်းပြည်တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း KNU ပြောကြား




6.005
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ-မြ၀တီ)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် အပစ်အခတ် ရပ်စဲရေးကို အလေးထား ဆောင်ရွက်မည်ဟု ထင်မြင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ အတွင်းရေးမှူး ဖဒိုစောမန်းမန်းက ဇန်န၀ါရီလ ၆ ရက်နေ့က ပြောကြားခဲ့သည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ ရောက်ရှိစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံပြီး စစ်ရေးနှင့် ပတ်သက်သည့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် စစ်ဖက်ဆိုင်ရာ ကိစ္စရပ်များအား ပြောဆိုရန် ကာကွယ်ဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမတွင် ဇန်န၀ါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

Photo: မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်တွင်းသို့ ၀င်ရောက်ခြင်းမရှိဟု တရုတ်လေတပ် သတင်းထုတ်ပြန်

ပေကျင်း၊ ဇန်န၀ါရီ ၅
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်အရ ကချင်တွင် ပဋိပက္ခများ စတင်ကတည်းက တရုတ်ကင်းလှည့်လေယာဉ်များ တရုတ်-မြန်မာနယ်စပ် တစ်လျှောက် ကင်းလှည့်စောင့်ကြည့်လျက်ရှိပြီး မြန်မာဂျက်လေယာဉ်များသည် နယ်စပ်နှင့် အနီးဆုံး ၅ ကီလိုမီတာအကွာသို့သာချဉ်းကပ်ခဲ့ခြင်းသာရှိသည်ဟု သိရသည်။
ကချင်တိုက်ပွဲများကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီး ပြောရေးဆိုခွင့်ရှိသူ Hwa Chunying က ဇန်န၀ါရီ ၄ ရက်နေ့က အတည်ပြုပေးခဲ့ပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွား စေရန်အတွက် မြန်မာအစိုးရထံ အကြောင်းကြားသတိပေးထားသည်ဟု သိရသည်။

PN-055
Ref: Xinhua

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ပေကျင်း၊ ဇန်န၀ါရီ ၅
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ မြန်မာဂျက်လေယာဉ်များ ၀င်ရောက်လာခဲ့ခြင်း မရှိကြောင်း တရုတ်လေတပ်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစိုးရတပ်နှင့် ကေအုင်အေတို့၏ တိုက်ပွဲများတွင် အသုံးပြုသောမြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်နက်အတွင်းသို့ မှားယွင်းဝင်ရောက်မိခဲ့ကြောင်း သတင်းဖော်ပြချက်များကို တုံ့ပြန်သောအားဖြင့် တရုတ်လေတပ်က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထွက်ရှိသော အနက်ရောင်သဲများကို ပြည်ပနိုင်ငံများ ၀ယ်ယူရန် ကြိုးပမ်းနေ

Photo: ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာမှ ထွက်ရှိသော အနက်ရောင်သဲများကို ပြည်ပနိုင်ငံများ ၀ယ်ယူရန် ကြိုးပမ်းနေ 

Sunday, 06 January 2013 13:48

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်ကျေးရွာအနီးရှိ ပင်လယ်ပြင်မှထွက်ရှိသော အနက်ရောင် သဲများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ဝယ်ယူရန် ကမ်းလှမ်းမှုများတွင် တရုတ်နိုင်ငံမှ အဓိကပါဝင်ပြီး ဂျပန်နိုင်ငံမှလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ အဆိုပါသဲများတွင် ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပြဒါးများ ပါဝင်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု အဆိုပါနေရာသို့ လာရောက်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Gold Finder ကို အငူမော်မှ အလယ်သံကျော် ကမ်းခြေတစ်လျှောက်တွင် စမ်းသပ်မှုများ ပြုလုပ်ခွင့်ပေးထားကြောင်းလည်း ပြည်နယ်စိုးအရအဖွဲ့မှ သိရှိရပါသည်။ အလားတူ အဆိုပါကမ်းခြေတစ်လျှောက်မှ ထွက်ရှိသော သဲများကိုလည်း ကုမ္ပဏီများက ထုတ်လုပ်ရောင်းချခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ထိုသဲများသည် သံလိုက်ဆွဲအားရှိသော သဲများဖြစ်သည့်အပြင် အဖိုးထိုက်တန်သော သဲများဖြစ်သဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဒေသတွင်း အကျိုးအမြတ်များ ရရှိနိုင်မည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။ သို့သော်လည်း ဒေသခံများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ထွက်ရှိသော သယံဇာတတစ်မျိုးအား ဒေသခံများအတွက် ရပိုင်ခွင့်များကို ထည့်တွက်စဉ်းစားမည်ဆိုပါက ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်းလည်း ပြောဆိုကြပါသည်။

အငူမော်ကျေးရွာမှ ဒေသခံတစ်ဦးက "ကိုယ့်ဒေသကထွက်တဲ့ သယံဇာတတစ်မျိုးကို တစ်ဦးကောင်းတစ်ယောက်ကောင်း ထုတ်လုပ်ရောင်းချ စားသွားတာမျိုးထက်၊ ရခိုင်ပြည်နယ်အတွက် အကျိုးရှိအောင် အသုံးချမယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ မြင်ပါတယ်။ ကမ်းခြေက ရှည်လျားပြီး ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကိုလည်း ကျွန်တော်တို့က မသိတော့ ဘင်္ဂလားဘက်ကို ခိုးထွက်သွားမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါပေမယ့် ခိုးမခိုးတော့ အတတ်ပြောဖို့ ခက်တယ်။ ကမ်းခြေလုံခြုံရေးက ရှိတာမဟုတ်တော့ ဘင်္ဂလားဘက်ကို ထွက်နိုင်တယ်လို့လည်း ပြောကြတယ်" ဟု ပြောပါသည်။

အဆိုပါ အငူမော်ကမ်းခြေသည် ရှည်လျားပြီး မောင်တောမြို့နယ် အလယ်သံကျော်အထိ ရောက်ရှိကြောင်း သိရပါသည်။ အဆိုပါ သဲများနှင့်ပတ်သက်ပြီး စိတ်ဝင်စားသူ များပြားနေသော်လည်း စမ်းသပ်ထုတ်လုပ်ခွင့်သာ ပေးထားပြီး ထုတ်ယူတင်ပို့ခွင့်ကို ပေးမထားသဖြင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

စစ်တွေမြို့နှင့် ၁၀ မိုင်ခန့်အကွာ ရသေ့တောင်မြို့နယ်၊ အငူမော်ကမ်းခြေမှ စတင်ကာ မောင်တောမြို့နယ် အလယ်သံကျော်အထိ အဆိုပါသဲများကို တွေ့ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုကြပါသည်။

အငူမော်ဆိပ်ကမ်းအနီး သဲအိတ်များ စုပုံထားစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
အငူမော်ဆိပ်ကမ်းအနီး သဲအိတ်များ စုပုံထားစဉ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တောင်ပိုင်း အငူမော်ကျေးရွာအနီးရှိ ပင်လယ်ပြင်မှထွက်ရှိသော အနက်ရောင် သဲများကို ပြည်ပနိုင်ငံများမှ ၀ယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ဝယ်ယူရန် ကမ်းလှမ်းမှုများတွင် တရုတ်နိုင်ငံမှ အဓိကပါဝင်ပြီး ဂျပန်နိုင်ငံမှလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ အဆိုပါသဲများတွင် ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပြဒါးများ ပါဝင်ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်က တရုတ်ကုမ္ပဏီတစ်ခု အဆိုပါနေရာသို့ လာရောက်ပြီး စမ်းသပ်ထုတ်လုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

၆-၁၂-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်

Photo: ၆-၁၂-၂၀၁၃ လိုင်ဇာသို့ ပစ်ခတ်ခြင်းမရှိ၊ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံခြင်းသာဖြစ်
========================================
ယနေ့နံနက် သတင်းထွက်ပေါ်ခဲ့သည့် လိုင်ဇာသို့ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုေ သာ သတင်းမှာ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံသော သတင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဒုက္ခသည် များ ၀ိုင်းရထားသည့် အတွက် ပစ်ခတ်၍ မဖြစ်နိုင်ေ ကြာင်း၊ လဂျားယန် တောင်ကြောမှ ပစ်ကွင်း မရှင်းလင်းသည့် အနေအထားများ ရှိကြောင်း၊ လဂျား ယန်နှင့် ယခင် စခန်းများသို့ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ပြီးသည် ဖြစ်သည့် အတွက် တိုက်ခိုက်မှုများ ရပ်နားပြီး ဖြစ်ကြောင်း၊ ကေအိုင်အေမှ လာရောက် ပစ်ခတ်သည့် နေရာအချို့ ကိုသာ ခြောက်လှန့်ပစ်ခတ်မှုများ ရှိကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။

၎င်းမှ လဂျားယန် တောင်ပေါ်သို့ ဟောင်ဝဇ်ဇာ အမြောက်ကြီးများ သယ်ဆောင်သွားခြင်း မရှိကြောင်း၊ ပုံမှန် တပ်ရင်းအဆင့် လက်နက်များသာ သယ်ဆောင်သွားကြောင်း၊ ယခုအထိ စစ်ရေးအရ ဆောင်ရွက် ချက် များ မှာ မိမိတို့အနေဖြင့်မူ အားရစရာ မရှိကြောင်း ဆက်ပြောခဲ့သည်။

တရုတ်ပြည်အတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်များနှင့် ပတ်သက်၍ မိမိတို့မှ ပစ်ခတ်ခြင်း မဟုတ်ဘဲ ကေအိုင်အေမှ လုပ်ကြံ ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု တာဝန်ရှိသူများက ရှင်းလင်းခဲ့သည် ဟု ကြားေ ကြာင်း ၄င်းမှ ပြောပြခဲ့သည်။

အေးချမ်းမွန်မှ  Oppositeyes တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
ယနေ့နံနက် သတင်းထွက်ပေါ်ခဲ့သည့် လိုင်ဇာသို့ ဟောင်ဝစ်ဇာ အမြောက်ကြီးများဖြင့် ပစ်ခတ်သည် ဆိုေ သာ သတင်းမှာ အွန်လိုင်း ကေအိုင်အေတို့ လုပ်ကြံသော သတင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဒုက္ခသည် များ ၀ိုင်းရထားသည့် အတွက် ပစ်ခတ်၍ မဖြစ်နိုင်ေ ကြာင်း၊ လဂျားယန် တောင်ကြောမှ ပစ်ကွင်း မရှင်းလင်းသည့် အနေအထားများ ရှိကြောင်း၊ လဂျား ယန်နှင့် ယခင် စခန်းများသို့ လိုအပ်သည့် အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်ပြီးသည် ဖြစ်သည့် အတွက် တိုက်ခိုက်မှုများ ရပ်နားပြီး ဖြစ်ကြောင်း၊ ကေအိုင်အေမှ လာရောက် ပစ်ခတ်သည့် နေရာအချို့ ကိုသာ ခြောက်လှန့်ပစ်ခတ်မှုများ ရှိကြောင်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis