၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊
အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ် အမှုဆောင် ဦးဖြိုးကိုကိုတို့သည်
ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့သို
့ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော နာရေးကူညီမှုအသင်း (ရန်
ကုန်)
အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးရောဘတ်အောင်၊
ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ
ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း
အားပေးစကားများ ပြောကြားခဲ့ကြသည်။ စစ်တွေမြို့သို့ရောက်ရှိသည်နှင့်  စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့် နောက်
ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက် (နာဇီအနီး)၊
ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ
ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား
ဆန်အိတ်များလှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်မေတ္တာပို့သမှုများကို
ပြုလုပ်ပေးခဲ့ကြသည်။




ကျွန်တော်တို့
အိမ်၏ နောက်ဖေးဘက် လမ်းမဆီမှ သံဝေဂ လင်္ကာများကို ရွတ်ဆိုသွားသံ ကြားတိုင်း
ကျွန်တော့် စိတ်ထဲမှ “သွားပြန်ပြီ တစ်ယောက်” ဟု မြည်တမ်းမိ တတ်ပါသည်။











