menu

Tuesday 23 October 2012

နှစ်ဦးနှစ်ဖက်ထိပ်တိုက်တွေ့၍ အဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် အမျှအတန်းပေးဝေ၍ဆန္ဒပြပွဲအား အကျဉ်းချုံပြုလုပ်

Photo: နှစ်ဦးနှစ်ဖက်ထိပ်တိုက်တွေ့၍ အဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် အမျှအတန်းပေးဝေ၍ဆန္ဒပြပွဲအား အကျဉ်းချုံပြုလုပ်


ယနေ့ဆူးလေဘုရား ၊ မြို့တော်ခန်းမရှေ့တွင် ရဟန်းသံဃာများဆန္ဒပြရန်စီစဉ်ထားပြီ အစ္စလာမ် ဘာသာဝင်များအနေဖြင့်လည်း ဗိုလ်ကလေးဈေးအရှေ့၌စုရုံးဆန္ဒပြုမည်ဆို၍ နှစ်ဦးနှစ် ဖက်ထပ်တိုက်တွေ့ဆုံ၍ ပြဿနာအဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် ရဟန်းသံဃာတော်များအနေဖြင့် အမျှအတန်းပေးဝေ ၊ မေတ္တာပို့၍သာဆန္ဒပြပွဲအားအကျဉ်းချုံ့လုပ်ခဲ့ ကြောင်းသိရသည်။“ကျွန်တော်တို့ကလည်း ဒီဘက်မှာလုပ်တယ်။သူတို့ကလည်းလုပ်တယ်ဆိုတော့နှစ်ဖက်တွေ့ပြီးပဋိပက္ခဖြစ်မှာစိုးလို့ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြတဲ့ အစီအစဉ်ကိုဖျက်ပြီး ဆုတောင်းမေတ္တာပို့တာပဲလုပ်တော့တာပါ´´ဟု မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားလှုပ်ရှားမှုကော်မတီမှ ကိုရဲမျိုးဦးကပြောသည်။ အောက်တိုဘာ(၂၂)ရက် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ယိုင်သာကျေးရွာတွင် အင်္ဂါလီလူမျိုးများမှ သေနတ်ဖြင့်ပစ်ခတ်၍ ရခိုင်အမျိုးသား ၄ ဦးသေဆုံးခဲ့ရပြီ အဆိုပါသေဆုံးခဲ့သူများအား ဆုတောင်းမေတ္တာပို့အမျှဝေခြင်းကို အောက်တိုဘာ(၂၃)ရက်နေ့လည်း ၁ နာရီက ဆရာတော်သံဃာတော်များ နှင့်ပြည်သူများမှ ပြုလုပ်ခဲ့ကြောင်းသိရသည်။ “မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ မြောက်ဦးကိုလည်းကာကွယ်ရမည်။အင်္ဂါလီလူမျိုးတွေ ဗုဒ္ဓဘာသာဘုရားစေတီအဆောက်အဦးတွေကို မဖျက်ဆီးနိုင်အောင် အစိုးရ နှင့် ပြည်သူပူးပေါင်းကာကွယ်ရမယ်´´ဟု မျိုးချစ်ရဟန်းတော်များအဖွဲ့မှ ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဘိုဘိုမင်း၊ညီညီအောင်

အေးချမ်းမွန်မှ The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
ယနေ့ဆူးလေဘုရား ၊ မြို့တော်ခန်းမရှေ့တွင် ရဟန်းသံဃာများဆန္ဒပြရန်စီစဉ်ထားပြီ အစ္စလာမ် ဘာသာဝင်များအနေဖြင့်လည်း ဗိုလ်ကလေးဈေးအရှေ့၌စုရံ
ုးဆန္ဒပြုမည်ဆို၍ နှစ်ဦးနှစ် ဖက်ထပ်တိုက်တွေ့ဆုံ၍ ပြဿနာအဓိကရုန်းဖြစ်မည်ကိုမလိုလားသောကြောင့် ရဟန်းသံဃာတော်များအနေဖြင့် အမျှအတန်းပေးဝေ ၊ မေတ္တာပို့၍သာဆန္ဒပြပွဲအားအကျဉ်းချုံ့လုပ်ခဲ့ ကြောင်းသိရသည်။“ကျွန်တော်တို့ကလည်း ဒီဘက်မှာလုပ်တယ်။သူတို့ကလည်းလုပ်တယ်ဆိုတော့နှစ်ဖက်တွေ့ပြီးပဋိပက္ခဖြစ်မှာစိုးလို့ ကျွန်တော်တို့အနေနဲ့ ဆန္ဒပြတဲ့ အစီအစဉ်ကိုဖျက်ပြီး ဆုတောင်းမေတ္တာပို့တာပဲလုပ်တော့တာပါ´´

မြောက်ဦး/မင်းပြားပဋိပက္ခကြောင့် ဒဏ်ရာရသူအချို့ စစ်တွေဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေ

Photo: မြောက်ဦး/မင်းပြားပဋိပက္ခကြောင့် ဒဏ်ရာရသူအချို့ စစ်တွေဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေ

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

  မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရသူ (၃)ဦး စစ်တွေ ဆေးရုံတွင် ဆေးဝါး ကုသခံမှုနေရကြောင်း သိရသည်။
 
 “မနေ့က ည ၂နာရီမှာ သူတို့ရောက်တယ်၊ သုံးယောက်ပါ၊ သူတို့ကိုယ်ခန္ဓာပေါ်မှာ ဒဏ်ရာတွေနဲ့ တစ်ယောက် ကတော့ အောက်ပိုင်းသေသွားပြီ၊ အာရုံကြောလည်း မကောင်းတော့ဘူး”ဟု စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာ မတစ်ဦးက ပြောသည်။
 
 ဒေသခံများ၏ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ (၅)ဦးနှင့် ဒဏ်ရာရသူ(၉) ဦး ရှိသွားပြီဟု သိရသည်။
 
စစ်တွေမြို့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေကြသူများမှာ  ဦးစိန်သာအောင်အသက်(၆၀) (လည်ပင်းဒဏ်ရာ ရ  အောက်ပိုင်းသေ)  ၊မောင်မောင်ခိုင် (အသက် ၃၀) ကျောကုန်းဓါးဒဏ်ရာရ၊   မောင်သာကုန်းကျေးရွာ၊  မောင်ထွီးစိန် (၂၅)နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံဒဏ်ရာ၊ ကျောင်းတောင်ရွာ) တို့ဖြစ်သည်။
 
  ပဋိပက္ခ ကြောင့် လူနာတစ်ချို့မှာလည်း မြောက်ဦးမြို့မှ စစ်တွေဆေးရုံကြီးသို့ ဆေးဝါးကုသရန် လာရောက်နေကြောင်း သိရသည်။
 
 ယမန်နေ့ညက မင်းပြားမြို့နယ်ရိုင်သာရွာ ဘုန်းကြီးကျောင်းအား မီးရှို့ဖျက်စီးရာ လူ(၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရှိခဲ့ခြင်း ဖြစ်သည်။
 
မင်းပြားနှင့် စစ်တွေကြား၌ မြောက်ဦးနှင့် ကျောက်တော်မြို့ တို့တည်ရှိသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  Myit Makha Mediagroup
မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရသူ (၃)ဦး စစ်တွေ ဆေးရုံတွင် ဆေးဝါး ကုသခံမှုနေရကြောင်
း သိရသည်။

“မနေ့က ည ၂နာရီမှာ သူတို့ရောက်တယ်၊ သုံးယောက်ပါ၊ သူတို့ကိုယ်ခန္ဓာပေါ်မှာ ဒဏ်ရာတွေနဲ့ တစ်ယောက် ကတော့ အောက်ပိုင်းသေသွားပြီ၊ အာရုံကြောလည်း မကောင်းတော့ဘူး”ဟု စစ်တွေဆေးရုံကြီးမှ သူနာပြုဆရာ မတစ်ဦးက ပြောသည်။

ဒေသခံများ၏ အဆိုအရ ပဋိပက္ခကြောင့် သေဆုံးသူ (၅)ဦးနှင့် ဒဏ်ရာရသူ(၉) ဦး ရှိသွားပြီဟု သိရသည်။

အထမ်းသမားနှစ်ဦး စနောက်ရင်းဖြစ်တဲ့ သီရိမင်္ဂလာဈေးသစ်က လူသတ်မှု

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ်တွင် ကုန်တင်ကုန်ချ အထမ်းသမားနှစ်ဦးခိုက်ရန် ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကာ အသက် (၆၀)အရွယ်ရှိ အထမ်းသမားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ (၂၃) နေ့လည် (၁၂) နာရီ၊ (၂၀) မိနစ် ခန့်တွင် အသက် (၆၀) အရွယ်ရှိ လူတစ်ဦးနှင့် အသက် (၃၀) ကျော်အရွယ်ရှိ ထိုနှစ်ဦးသားမှ အခြေအတင် စကားအပြန်အလှန် ပြောဆိုရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၀ အရွယ်လူငယ်မှ (၆) လက်မရှိ အပ် အချွန်ဖြင့် ထိုးလိုက်ရာ အဘိုးကြီး လဲကျကာ ကြမ်းပြင်နှင့် ဦးခေါင်း ထိမိ၍ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

နာဇီတို့၏ ကမ္ဘာ့အကြီးဆုံး သံလမ်းပေါ် တင့်ကား

Railway gun လို့ခေါ်တဲ့ သံလမ်းပေါ်သွား စစ်လက်နက် (ဒုံးကျည်ပစ်စင်) ဟာ ဒုတိယ ကမ္ဘာစစ်ကာလမှာ အသုံးများတဲ့ လက်နက် ဖြစ်ပါတယ်။ ယနေ့တိုင်လည်း အသုံးပြုမှု ရှိနေပါသေးတယ်။

နယ်စပ်တိုက်ပွဲတွေမှာ ပိုမိုအသုံးဝင်ပြီး အဝေးပစ် လက်နက် ဖြစ်ပါတယ်။ ယင်းလက်နက် တည်ဆောက်မှုများမှာ သမိုင်းတွင်ခဲ့တဲ့ Railway gun ကတော့ ဟစ်တလာရဲ့  ဂျာမနီ နာဇီ တပ်မတော်ပိုင်တဲ့ Schwerer Gustav အမည်ရ လက်နက်စင် ဖြစ်ပါတယ်။


အလေးချိန် - ၁၃၅၀ တန်

အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးသည် တောင်တရုတ် ပင်လယ် အတွင်းသို့ ရောက်ရှိ လာခဲ့ခြင်း

 အမေရိကန် နိုင်ငံသည် တရုတ် နိုင်ငံက ရေတပ် အင်အား တိုးချဲ့ ဖြန့်ကြက်လျက် ရှိသော တောင်တရုတ် ပင်လယ် အတွင်းသို့ ၏ ရေတပ် အင်အားကို ပြသသည့် အနေဖြင့် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘော USS George Washington အား တောင်တရုတ် ပင်လယ် အတွင်းသို့ စေလွှတ် ခဲ့ကြောင်း အောက်တို ဘာလ ၂ဝ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ ထိုသို့ အမေရိကန်က အဆိုပါ လေယာဉ်တင် သင်္ဘောကို စေလွှတ်ခဲ့ ခြင်းကြောင့် တောင်တရုတ် ပင်လယ်အတွင်း ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြား နိုင်ငံများနှင့် အငြင်းပွားလျက် ရှိသော တရုတ် နိုင်ငံအား အနှောက် အယှက် ဖြစ်စေနိုင်ကြောင်း သိရှိရ ပါသည်။

ကမ္ဘောဒီးယား ဘုရင်ဟောင်း သီဟာနု၏ ရုပ်ကလာပ်အား လူအများ ဂါရ၀ပြု

တရုတ်နိုင်ငံ ပေကျုးမြို့တွင် ကွယ်လွန်သွားသော ကမ္ဘောဒီးယားဘုရင်ဟောင်း သီဟာနု၏ ရုပ်ကလပ်အား ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ဆောင်ယူလာရာ ထောင်ပေါင်းများစွာ သော ပြည်သူများက လာရောက်ဦးညွတ်ခဲ့ကြသည်။

၂၀၀၄ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော်ကြာ ထီးနန်းဆက်ခံလာသ့် ကမ္ဘောဒီးယားဘုရင် ဟောင်း သီဟာနုသည် အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံ ပေးကျင်မြို့ တွင် ကွယ်လွန်ခဲ့ရာ အသုဘအခမ်းအနားကျင်းပရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာပြီး ဖနွမ်းပင်မြို့ရှိ တောင်ဝင်နန်းတော်တွင် ထိန်းသိမ်းထားသည်။

သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၃)(အဏ္ဏဝါစိုးမိုး)

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ သင်္ဘောသား

ကျွန်တော်သည် တောင်အမေရိကတိုက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုအလွန်များသော နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ သို့ ရောက်သွားသည်။ အဲဒီနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုများလွန်းလို့ အဲဒီနိုင်ငံက မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိလျှင် အမေရိကန်ဒေါ်လာ ၂ သန်းပေးမည်ဟု ဆု ငွေထုတ် ထားသည်။ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်က ဆုငွေပြန်ထုတ်သည်။ သူ့ကို မိအောင်ဖမ်းပေးနိုင် သူကို ဆုငွေ ဒေါ်လာ ၄ သန်းပေးမည်ဟု ကြေညာသည်။ မိအောင်ဖမ်းပေးနိုင်သူသည် ဆုငွေဒေါ်လာ ၆ သန်းရမည်ဖြစ်သည်။ ဤမျှပွဲကြမ်းနေသော နိုင်ငံကို ကျွန်တော်တို့သင်္ဘော ရောက်သွားသည်။

ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာတည်ရှိတဲ့ ဆံတော်တွင်းဌာပနာတိုက်ကြီးအကြောင်း

Photo: ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာစေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေအတက်အကျအလိုက်  
ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ့ 
ရွှေလှေတစ်စီးရှိတယ်လို့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။ မစ္စတာ အပရမေ ကိုကြေးမုံသတင်းစာကတွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ ခု၊ သူ့ရဲ့အသက် (၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံရင်ပြင်တော်ရဲ့အရှေ့မြောက်ထောင့်၊ တနင်္ဂနွေထောင့်ရှိဌာပနာတိုက်ဝကိုရောက်တဲ့အခါမှာ ရသေ့ကြီး တစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်းပန်ပြီး ဌာပနာ တိုက်ထဲကိုဆင်းခဲ့တယ် လို့ဆိုပါတယ်။ ရသေ့ကြီးရဲ့ခွင့်ပြုချက်အရဌာပနာတိုက်ထဲကိုဆင်းသွားတဲ့လမ်း တစ်လျှောက်လုံးမှာ ယောဂီဝတ်နဲ့နီဝါရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။  ဌာပနာတိုက်ရဲ့ ပတ်ပတ်လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်းတည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက် ရှိတဲ့ရေတွင်းရှိတယ်။ ရေတွင်းဟာပင်လယ်ရေအတက် အကျအလိုက် 
ရေအနိမ့်အမြင့်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။ ရေတွင်းထဲမှာအလျား (၆) ပေခွဲခန့်ရှိပြီးကျောက်မျက် ရတနာများနဲ့စီချယ်ထားတဲ့ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာဒီရေအတက်အကျအလိုက်ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေတယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များ လို့ယူဆရတဲ့ဌာပနာတွေကိန်းဝပ်လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့အတိအကျမပြောနိုင်ဘူးလို့ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ထူခြားချက်မှာ တစ်ခန်း လုံးထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသောအလင်းရောင်ဟာ အချိန်အခါမရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှတဲ့ စေတီအဆောက်အအုံကြီးကိုပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲများနဲ့သာတည်ဆောက်ခဲ့တယ်။ ပင်လယ်ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထားပုံက 
ရှေးဗိသုကာတွေရဲ့လက်ရာဖြစ်တယ်။
ခမ်းနားဆန်းကြယ်တဲ့ဌာပနာတိုက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ တာဖြစ်လို့နှောင်းလူတွေသုတေသနပြုနိုင်အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပကအဖွဲ့ကလည်း မစ္စတာအပရမေ ကိုတွေ့ဆုံ မေးမြန်းပြီးဌာပနာတိုက်တည်နေရာကိုလိုက်လံပြသစေတဲ့အခါမှာဌာပနာတိုက်လှိုဏ်ဂူဟာရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့်ဘုရားနဲ့ဆုတောင်းပြည့်တန်ဆောင်းနေရာမှာရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေနဲ့ ဘုရားများထပ်မံမွမ်းမံပြင်ဆင် ထားမှုကြောင့်အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီ ရဲ့လှိုဏ်ဂူအောက်မှာသာရှိတယ်လို့ခန့်မှန်းညွှန်ပြသွားနိုင်တယ်လို့သိရပါတယ်။ မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်ကဖွားမြင်ခဲ့တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ်တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီး ဒေါ်သိန်းရွှေနဲ့
အိမ်ထောင်ကျပြီးသားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီး 
မြေးများနဲ့အတူ ဘောက်ထော်မှာနေထိုင်တယ်လို့ သတင်းမှာ 
ဖော်ပြထားပါတယ်။ မစ္စတာအပရမေ ကိုယနေ့ကြေးမုံကတွေ့ဆုံမြေးမြန်းပြီး ၁၃. ၃. ၆၈ နေ့မှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာဝင်တွေယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာတည်ရှိတဲ့ ဆံတော်တွင်းဌာပနာတိုက်ကြီးအကြောင်း ကို နှောင်းလူများသိရှိစေရန်ထပ်မံဖော်ပြရခြင်းဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ယုံကြည်ကိုးကွယ်ရာစေတီတော်ကြီးဖြစ်တဲ့ရွှေတိဂုံစေတီတော်ကြီးအောက်မှာ ပင်လယ်ရေအတက်အကျအလိုက်
ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထားတဲ
့ ရွှေလှေတစ်စီးရှိတယ်လို့မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေ ကပြောကြားခဲ့တယ်လို့ ၁၃. ၃. ၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည်ဖော်ပြချက်အရသိရှိရပါတယ်။ မစ္စတာ အပရမေ ကိုကြေးမုံသတင်းစာကတွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ ခု၊ သူ့ရဲ့အသက် (၇) နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့အတူရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။

အပစ်အခတ် ရပ်ဆဲပြီ


ပုသိမ်မြို့က ပါတီဝင်အချို့ နှုတ်ထွက်မှု ဒီချုပ်နာယကရှင်း


ရန်ကုန်၊အောက်တိုဘာ-၂၃

ပုသိမ်မြို့တွင် NLD ၅၀၀ ခန့် နှုတ်ထွက်မည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုနာယကအဖွဲ့ဝင်
ဦးတင်ဦးကပြောသည်။

"ပုသိမ်မှာက တစ်ယောက်တည်းကနေ လူငယ်တွေကို စည်းရုံးပြီး သက်သက်လုပ်နေတာ။ အဲဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ။
ကျွန်တော့်ဆီ လှမ်းပြောတာ အခြေအနေတွေ ကောင်းသွားပြီလို့ ပြောတယ်။ သူတို့ပြောသလို မဖြစ်နိုင်တော့ပါဘူး"ဟု ဦးတင်ဦးကပြောသည်။

လိုင်စင်(ချစ်ဝင်းမောင်)




thn-10-21-2
ဟင်္သာတမြို့ ကျောက်တော်ကြီးဘုရားဝန်းရှိ ဆိုင်ကယ်လိုင်စင်လုပ်နေသူများအား စက်တင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ်
အင်္ဂလိပ်ဘာသာဝေါဟာရ Licence ကို ကျွန်တော်တို့ကလည်း 'လိုင်စင်'ဟုပဲ ခေါ်ကြသည်။ 'လိုင်စင်' ဟုဆိုလိုက်သည်နှင့် ဘာကိုဆိုလိုသလဲဆိုတာ လူတိုင်းသိသည်။ Motor Car ကို 'မော်တော်ကား' Telephone ကို 'တယ်လီဖုန်း' Internet ကို 'အင်တာနက်' စသည်ဖြင့် မြန်မာမှုပြုမွေးစားထားသော အင်္ဂလိပ်ဝေါဟာရမြောက်များစွာထဲမှာ 'လိုင်စင်' ဆိုတာလည်းပါသည်။ Licence ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ လိုင်စင် . . .ခွင့်။ ဟုဖော်ပြထားသည်။ တစ်နည်းအားဖြင့် 'လုပ်ပိုင်ခွင့်' 'တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခွင့်'ဟု ဆိုနိုင်သည်။ ဂျိမ်းစ်ဘွန်းဇာတ်ကား Licensed to kill မှာ အလွတ်စုံထောက်တွေ လူသတ်ခွင့်ရှိသည့် သဘောကိုပြောသည်။ Licensed dealen ဆိုသည်မှာ တရားဝင်ရောင်း ၀ယ်ဖောက်ကားခွင့်ရသူဟု အဓိပ္ပာယ်ရသည်။

ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန်သဘောမတူသဖြင့် အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွား




ရည်းစားဖြစ်သူ၏ မိဘများမှ လက်ထပ်ရန် သဘောမတူသဖြင့် စိတ်ညစ်ပြီး အသက် ၂၂ ရွယ် အမျိုးသားတစ်ဦး  မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ထပ်ရန် သဘောမတူသဖြင့် အသက် ၂၂ ရွယ်အမျိုးသားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့မှု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားမှာ သင်္ကန်းတိုက်တစ်ခုတွင် အလုပ်သမားအဖြစ် လုပ်နေသူဖြစ်ကြောင်း သိရသည်။

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ




အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။                   အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့်  သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။                                       
ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊ ၄၉နှစ်နှင့်တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက်သောက်ချင်သဖြင့် ၄င်းတို့နှစ်ဦးမှာ အရက်သွားသောက်ခဲ့ကြောင်း သိရသည်။                                 
ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။  

ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အစီအစဉ်မရှိကြောင်း အမေရိကန် သံအမတ်ပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ဗုဒ္ဓသာသာသို့ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း ထွက်ပေါ်နေသော သတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သံရုံးဝန်ထမ်းများကို ပြောဆိုလိုက်သည်။

သူနှင့် ဇနီးဖြစ်သူတို့နှစ်ဦးစလုံး လာမည့် သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းရန် အစီအစဉ်ရှိကြောင်း သတင်း
ထွက်ပေါ်ပြီး ရက်သတ္တအနည်းငယ်အကြာ ထိုသို့ ထုတ်ဖော်ပြောဆိုကြောင်း သံရုံး၏ Facebook စာမျက်နှာတွင်ဖော်ပြထားသည်။

မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ

Photo: မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ  

Written by Marm Khant    Tuesday, 23 October 2012           
 
ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှုအနည်းဆုံး (၂)နေရာခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားနေသောနေရာများမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အင်အား(၁၅)ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုတစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူများမှာ ကိုဖြူမောင်ထွီး အသက်-၃၈၊ ဘ-ဦးတောလူချေ ဆင်ယိုင်ကျေးရွာနှင့် မောင်ခိုင်ဦး အသက်-၃၄၊ ဘ-ဦးမောင်သိန်း ဆင်ဖြူတော်ကျေးရွာတို့ဖြစ်ပြီး ဒဏ်ရာရသူ (၂)ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။ 

"မြောက်ဦးတစ်မြို့လုံး အပြောင်းအပြန် ပြေးလွှားနေကြတယ်၊ ရခိုင်အိမ်နားက ဘင်္ဂလီတွေက ကိုယ်အိမ်ကို မီးရှို့ပြီးထွက်ပြေးကြတယ်၊ လုံခြုံရေးက အလွန်နည်းနေတယ်၊" လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(မြောက်ဦး)မှ ဦးအေးသန်းမောင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

မနေ့ကဖြစ်ခဲ့တဲ့ ပရိန်ရွာအကြမ်းဖက်မှုတွင် အနည်းဆုံး ရခိုင်(၅)ဦး သေဆုံးခဲ့ကြောင်း၊ မြောက်ဦးသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စက်မှု/လျှပ်စစ်ဝန်ကြီး ဦးသာလူချေက အတည်ပြုပြောကြားသွားခဲ့သည်။ ပရိန်ကျေးရွာတွင် ရခိုင်အိမ်ခြေ(၃၀)ခန့်သာရှိပြီး ဘင်္ဂလီအိမ်ခြေ (၅၀၀)ကျော်ရှိသည်။ သေဆုံးသူထဲမှ အောင်မိုး အသက်(၃၀) (ဘီလူးကန်ရှေ့၊ မြောက်ဦးမြို့) ဆိုသူအလောင်းကိုသာ ပြန်လည်ရရှိထားပြီး ကျန်အလောင်းများမှာ ဘင်္ဂလီများ လက်ထဲတွင် ရှိနေသေးသည်။ ဒဏ်ရာရရှိသူ(၇)ဦးထဲမှ (၄)ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်။

RNDP(မြောက်ဦး)မှ ဦးအေးသန်းမောင်က "ဘင်္ဂလီရွာနားက ရခိုင်ရွာတွေ တော်တော်ခံရဆိုးတယ်၊ ပြဿနာမဖြစ်ခင်တည်းက ဘင်္ဂလီတွေဟာ ညဖက်ဆိုအုပ်စုဖွဲ့ပြီး နွားတွေခိုးတယ်၊ စပါးတွေခိုးတယ်။ ဟင်းခင်း(ယာခင်း)များကိုဖျက်ဆီးကြတယ်၊ အိမ်ခြေနည်းတဲ့ ရခိုင်ရွာတွေကို ညဖက်သွားရောက်ပြီးတော့ ရန်စကြတယ်။ ဖားအော်တာဘဲသိကြတယ်၊ မြွေကိုက်တာမသိကြဘူး" ဟု ပြဿနာအရင်းခံကို အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသွားခဲ့သည်။

လက်ရှိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးလာသော ရခိုင်များမှာ မိမိဆွေမျိုး၊ အသိမိတ်ဆွေနေအိမ်များတွင် ခိုလုံနေကြရပြီး မြောက်ဦးမြို့ပေါ်တစ်ခုတည်းတွင် ဒုက္ခသည်တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အေးချမ်းမွန်မှ The Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Arakan Time
ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှုအနည်းဆုံး
(၂)နေရာခန့် ဖြစ်ပွားလျှက်ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားနေသောနေရာများမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်ဆိုင်ရာလုံခြုံရေး အင်အား(၁၅)ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုတစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား ဒေါ်လာ ၈၅သန်း ကူညီမည်

Photo: ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံအား ဒေါ်လာ ၈၅သန်း ကူညီမည်

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်င့အား community -driver development program ခေါင်းစသ်ဖြင့် ဒေါ်လာ ၈၅ သန်းကူညီမည်ဟု သိရသည်။
ထိုသို့ကူညီရာတွင် စစ်ဘေးသင့်ဒေသများအတွက် ဒေါ်လာ ၅သန်း သတ်မှတ်ထားပြီး မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသ ၆၄၀ ကျော်အား ၅၂ သန်း ကူညီသွားမည် ဖြစ်ကြောင်း ကျေးရွာ တစ်ရွာ အတွက် ဒေါ်လာ ၂၇၀၀၀ ခန့် လျာထားထားကြောင်း ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား နယ်စပ်စည်ပင် သို့မဟုတ် လူမှုဖူလုံရေး ၀န်ကြီးဌာန တစ်ခုခုဖြင့် ဆက်သွယ်ပြီးလုပ်ကိုင်မှာဖြစ်ကြောင်း ဒေသခံများဧ် လိုအပ်ချက် ။ချက်ခြင်းအကောင်အထည်ဖေါ်နှိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံ သို့ရောက်ရှိနေသည့် BIC (Bank Information Center) မှ မန်နေဂျာ ( အာရှဆိုင်ရာ ) Jelson Garcia က ၄င်းတို့အနေဖြင့် ယခု world bank website တွင် တင်ထားသည့် အကြောင်းအရာမှာ မူကြမ်းသာဖြစ်သည်ဟု ယူဆကြောင်း ပရောဂျက်ကို မည်သည့်နေရာတွင် လုပ်ဆောင်မည် မည်သည့် NGO နှင့် လုပ်ဆောင်မည် မပါဝင်ကြောင်း အဂတိလိုက်စားမှုကို သိနိုင်မည့် အချက်များ လည်း မပါဝင်ကြောင်း မငြိမ်းချမ်းသော ဒေသအား ကူညီမည်ဟု သတ်မှတ်ရာတွင် KIO ,KNU တို့ကို ကူညီမှာလား ပြည်သူကိုကူညျီမှာလားလည်း မပါဝင်ကြောင်း World Bank ဧ။် ဌာဖနကိုယ်စားလှယ်များအနေဖြင့် မူကြမ်းရေးဆွဲရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားပါသည်။

BIC အဖွဲ့မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အရပ်ဖက် လူ့အဖွဲ့ အစည်းများအတွက် စေင့်ကြည့်ပေးတဲ့ အဖွဲ့ ဖြစ်ပြီး ကမ္ဘာ့ဘဏဧ။် ငွေရေး ကြေးရေးဆိုင်ရာ သုံးစွဲနေသည့် အဖွဲ့ အစည်းများကို စောင့်ကြည့်နေသည့် အဖွဲ့ဖြစ်ကြောင်း ဘဏ်ချေးငွေဖြင့် လုပ်ဆောင်သည့် လုပ်ငန်းများ အနေဖြင့် ကျေးရွာလူထုအားနစ်နာစေမှုများဖြစ်လျှင် ကာကွယ်ပေးရန် စောင့်ကြည့်သည့် အဖွဲ့ ဖြစ်ကြောင်း သိရပါသည် ။


အေးချမ်းမွန်မှ The Street View တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

Photo : Google
ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်င့အား community -driver development program ခေါင်းစသ်ဖြင့် ဒေါ်လာ ၈၅ သန်းကူညီမည်ဟု သိရသည်။
ထိုသို့ကူညီရာတွင် စစ်ဘေးသင့်ဒေသများအတွက် ဒေါ်လာ ၅သန်း သတ်မှတ်ထားပြီး မဖွံ့ဖြိုး
သေးသည့် ကျေးလက်ဒေသ ၆၄၀ ကျော်အား ၅၂ သန်း ကူညီသွားမည် ဖြစ်ကြောင်း ကျေးရွာ တစ်ရွာ အတွက် ဒေါ်လာ ၂၇၀၀၀ ခန့် လျာထားထားကြောင်း ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား နယ်စပ်စည်ပင် သို့မဟုတ် လူမှုဖူလုံရေး ၀န်ကြီးဌာန တစ်ခုခုဖြင့် ဆက်သွယ်ပြီးလုပ်ကိုင်မှာဖြစ်ကြောင်း ဒေသခံများဧ် လိုအပ်ချက် ။ချက်ခြင်းအကောင်အထည်ဖေါ်နှိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်ပေးမှာဖြစ်ကြောင်း သိရှိရပါသည်။

စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှ ကျည်ဆံတောင့်များတွေ့ရှိ




စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှ ကျည်ဆန်တောင့်များ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ကြည်မြင်တိုင်မြို့နယ် အုန်းပင်လမ်း၊ ဈေးကြီးအနောက်ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေအိမ်အား သော့ပိတ်ပြီး လှိုင်မြို့နယ်ရှိ မိဘများထံ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ မွှန်းလွှဲပိုင်းတွင် ကြည်မြင်တိုင်မြို့နယ်ရှိ နေအိမ်ကိုပြန်လာခဲ့ရာ နေအိမ်တံခါးသော့ပွင့်နေပြီး အိပ်ခန်းအတွင်းရှိ ကြိတ်သားဗီဒိုအတွင်းမှ စိန်နှင့်ရွှေထည်ပစ္စည်း(၇)မျိုး  တန်ဖိုးသိန်း ၂၅၀ ကျော် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ် မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့

Photo: ကျောက်ဖြူမြို့ရှိ အနောက်ပိုင်းဗလီတွင် မီးလောင်မှုဖြစ်
----------------------------------------------------
မီးရှို့သူ ဘင်္ဂလီအား ညတွင်းချင်း ဖမ်းဆီးရရှိနိုင်ခဲ့
------------------------------------------------
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနောက်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင်ကွင်းရပ်ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုးသမီးများနှင့် ကလေးငယ်များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း ရပ်ကွက် နဂါးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

ဗလီနှင့် ထိစပ်နေသည့် အိမ်နီးချင်းများမှ မီးသတ်ဌာနသို့ ဖုန်းဆက်သွယ် သတင်းပေးပို့ခြင်းကြောင်း မီးသတ်တပ်ဖွဲ့ဝင်များမှ အချိန်မှီရောက်ရှိ လာ သည့်အတွက် ၉-နာရီ ၅၀-မိနစ်အချိန်တွင် မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးသည် ရှို့မီဖြစ်ကြောင်းနှင့် သက်ဆိုင်ရာရဲစခန်းမှ မီးရှို့သူ ဘင်္ဂလီ အား ည တွင်းချင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင်တစ် ဦး ကပြောကြားခဲ့ပါသည်။


အေးချမ်းမွန်မှ Rakhine Straight Views တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ 
Photo From : Rakhine Straight Views
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနော
က်ပိုင်း ဗလီတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ ၈ နာရီခန့်တွင် ဆားပြင်ကွင်းရပ်ကွက်နှင့် ကုလားပိုက်ဆိပ် ရပ်ကွက်တို့ နှင့် ထိစပ်နေသည့် ရခိုင်တိုင်းရင်းသား နေအိမ်များမှ အမျိုးသမီးများနှင့် ကလေးငယ်များ အပါဝင် အိမ်ထောင်စု ၅၀ ခန့်က မိမိနေအိမ်များ စွန့်ခွာလာကြောင်း သတင်းတစ်ခု ထွက်ပေါ်လာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးနေချိန်အတွင်း အနောက်ပိုင်း ရပ်ကွက် နဂါးကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းရှေ့ ဦးဥတ္တမလမ်းနှင့် မီးစက်လမ်း ထောင့်ရှိ ဗလီတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။

မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို

Photo: မိမိနေအိမ်ကို မီးရှို့ပြီး ပဋိပက္ခဖန်တီးသူ ဘီင်္ဂလီများကို ဦးလှသိန်းက ခိုးဝင်လာသူများဟုဆို

Written by သဇင်ဥ     Tuesday, 23 October 2012 
    
ရခိုင်ပြည် မင်းပြား-မြောက်ဦးမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂၁ ရက်ကစတင်၍ ဘင်္ဂလီများ သောင်းကျန်းနေမှုအပေါ်မှာ ယင်းတို့ မိမိနေအိမ်များကို မိမိကိုယ်ကို မီးရှို့သည့်အပြင် ခိုးဝင်လာသူများဖြစ်ကြောင်း ဥက္ကဌ ဦးလှသိန်းက မနေ့က ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆို လိုက်သည်။

''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်၊ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်၊ ယင်းအင်အားနဲ့ ထိန်းလို့မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်၊ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်၊ ဒီဖြစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်၊ ၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကိုကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်၊ ၁၉၉၂ ခုနှစ် တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်၊ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ နိုင်ငံတော် လ၀က ဥပဒေ အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကိုကိုယ် မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှမရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်၊ လောလောဆယ်မှာတော့ ဒီပြဿနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် လည်းဖြစ်၊ ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ မွန်းလွဲ ၂ နာရီတွင် ဒေသခံ သတင်းထောက်များနှင့် တွေ့ဆုံ ရှင်းပြသွားခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ပရိန်နယ်မြေတွင် ဒေသခံရခိုင်နှင့် ကျူးကျော်ဝင်ရောက်လာသူ ဘင်္ဂလီများ အိမ်းများနီးကပ်စွာ နေထိုင်လျက်ရှိပြီး ဇွန် ၈ ရက်နေ့က မောင်တောမြို့နယ်မှ ဘင်္ဂလီများအကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်၍ သက်ဆိုင်ရာမှ နိုင်ငံတော် ဥပဒေအရ နိုင်ငံအတွင်း ခိုးဝင်ရောက်နေထိုင်သူများအား နိုင်ငံသားစာရင်းကောက်ရာတွင် ပန်းမြောင်းဘက်က သရက်အုပ်ကျေးရွာအနား ကပ်လျက်နေထိုင်သော ဘင်္ဂလီများ မိမိနေအိမ်များကို မီးရှို့ထွက်ပြေးရာမှ အခြေအနေတင်းမာမှု ဖြစ်ပေါ်ရခဲ့ပြီး တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရှိရသည်။

အာရ်ကန်တိုင်းမ်စ်မှ ပဋိပက္ခ ဖြစ်ပွားနေသော ပရိန်နယ်မြေမှ ဒေသခံမျက်မြင်တဦးအား စုံစမ်းမေးမြန်းရာ "ဟုတ်ပါတယ်။ တစ်ရွာလုံးတော့ မပါဘူးခင်ဗျာ၊ ဒါပေမဲ့ မီးမငြိမ်းနိုင်ဖြစ်နေ၍ မီးခိုးတွေထွက်နေတုန်းပဲ ရှိပါသေးတယ်၊ လောင်နေတာကတော့ မနေ့ညဥ့်ကတည်းက ဖြစ်ပါတယ်၊ ပန်းမြောင်းဘက်က သရက်အုပ်ကျေးရွာနေ ဘင်္ဂလီတွေက သူတို့အိမ်တွေကို မိမိကိုယ်ကို မီးရှို့ပြီးတော့ ရွာမှထွက်ပြေးပြီး ပရိန်မှာ လာပုန်းနေကြ တယ်လို့ ဆိုပါတယ်၊ ပရိန်ရွာကတည်း ရခိုင်တွေနဲ့ ဘေးချင်းကပ်နေထိုင်ကြတာပါ၊ အဲဒီရွာကကြီးတော့ နေသာပါတယ်၊ ကုလားတွေစုပြီး ဆက်မီးရှိုးဖို့လုပ်တာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းထားနိုင်ခဲ့ပါတယ်၊ ရခိုင်တွေကလည်း မီးမရှိုး ရအောင် အခုထိ အသင့်အနေအထား ခုခံနေကြပါတယ်၊ လောလောဆယ်တော့ ငြိမ်နေတယ်လို့ ဆိုရမှာပါ၊ ဒဏ်ရာရရှိသူတွေ၊ အသေအပျောက်နဲ့ ရှုံးဆုံးမှုတန်ဖိုး အသေးစိပ်က ပြောရမှာခက်နေပါသေးတယ်။" ဟု အမည်မဖေါ်လိုသူက ဖြေကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ယင်းသောင်းကျန်းသူများကို ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကြောင်း၊ လ၀ကမှ ဥပဒေအရ အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ စစ်ဆေးမခံဘဲ မိမိနေအိမ်များကို မီးရှိုးပြီး ထွက်ပြေးခြင်းဖြစ်ကြောင်းနှင့် ယင်းတို့ ပိုင်ဆိုင်မှုများကို ယင်းတို့ကိုယ်တိုင် မြေလှန်စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

မင်းပြားမြို့နယ် ပိုက်သည်ရပ် ပဋိပက္ခတွင် ကင်းဆိပ်ကျေးရွာမှ ရခိုင်အမျိုးသား ဦးစံသိန်း (၄၇)နှစ်မှာ ဘင်္ဂလီများလက်ချက်ဖြင့် ဒဏ်ရာ ရရှိသွားကြောင်း၊ တခြားရခိုင်အမျိုးသား ၅ ဦးခန့် သေဆုံးသွားကြောင်းနှင့် ဘင်္ဂလီ ၂ ဦးခန့်သေဆုံးသွားကြောင်း အတည်မပြု ရသေးသော သတင်းတရပ်ကဆိုသည်။

မင်းပြား အခြေစိုက် အာဏာပိုင်များက ရခိုင်အမျိုးသားတချို့အား အပြစ်မဲ့ ဖမ်းဆီးထားခဲ့သော်လည်း ဒေသခံများ လွှတ်ပေးရန် ၀ိုင်းဝန်း တောင်းဆိုမှုကြောင်း ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

မြောက်ဦး-မင်းပြား မြို့နယ်အတွင်းတွင် ယမန်နေ့ညဥ့်က စတင်ပြီး ဒေသခံရခိုင်နှင့် ဘင်္ဂလီအကြား ပဋိပက္ခများ တိုးပွားလျက်ရှိရာ သက်ဆိုင်ရာ အာဏာပိုင်စစ်တပ်က ယခုအချိန်ထိ လုံခြုံရေး ချထားလျက်ရှိကြောင်း နောက်ဆုံးရ သတင်းများက ဆိုသည်။

သက်ဆိုင်ရာအာဏာပိုင်က မင်းပြားမြို့တွင် ပုဒ်မ ၁၄၄ အစောပိုင်းက ထုတ်ပြန်ထားခဲ့ရာမှ အောက်တိုဘာလ ၂၁ ရက်နေ့က ချိုးဖေါက်ပြီး ပြဿနာ ပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း ဇွန် ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းမှစ၍ ယခုအချိန်ထိ အိမ်ခြေ ပေါင်း ၃၀၀၀ ကျော်၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ ခန့်၊ ဒေသခံလူ ၁၀၀ ကျော်ဦးရေ၊ ယခုအချိန်ထိ ဒုက္ခသည်ပေါင်း သောင်းချီပြီး ပိုမိုများပြားလာနေသော်လည်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် မည်သို့မျှ ထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။

ယင်းကျူးကျော်လာသော ဘင်္ဂလီများက စတင်တိုက်ခိုက်သောကြောင့် ယခုဖြစ်ပွားနေသည့် ပဋိပက္ခအပေါ် ရခိုင်ပြည် တစ်ခုလုံးမှ ဒေသခံများ မကြေနပ်မှုများ တိုးပွားလျက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။


အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသောသတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ 
Photo From :  Arakan Time
ရခိုင်ပြည် မင်းပြား-မြောက်ဦးမြို့နယ်အတွင်းတွင် အောက်တိုဘာလ ၂၁ ရက်ကစတင်၍ ဘင်္ဂလီများ သောင်းကျန်းနေမှုအပေ
ါ်မှာ ယင်းတို့ မိမိနေအိမ်များကို မိမိကိုယ်ကို မီးရှို့သည့်အပြင် ခိုးဝင်လာသူများဖြစ်ကြောင်း ဥက္ကဌ ဦးလှသိန်းက မနေ့က ဒေသခံ သတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆို လိုက်သည်။

''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်၊ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်၊ ယင်းအင်အားနဲ့ ထိန်းလို့မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီ တောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ် ရှိပါတယ်၊ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်၊

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

Photo: "နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

နေပြည်တော် အောက်တိုဘာ ၂၃ ရက်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က" ၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ
အမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး
ပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊
ပူဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကို
မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။

အေးချမ်းမွန်မှ Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ 
Photo From :Popular Myanmar News Journal
နေပြည်တော် အောက်တိုဘာ ၂၃ ရက်
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က" ၁
၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ
အမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး
ပါရန် အဆိုတင်သွင်းမည် ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊
ပူဒ်မ ၁၀ တင် မဟုတ်ဘူး ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ"

ချယ်ရီကားကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်ရုံထောင်မည်

Photo: ချယ်ရီကားကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်ရုံထောင်မည်
TUESDAY, OCTOBER 23, 2012

တရုတ်နိုင်ငံ Wuhu အခြေစိုက် Chery Automobile Co.,Ltd က ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ချယ်ရီကား အစိတ်အပိုင်းများ ထုတ်လုပ်သည့်စက်ရုံ တည်ထောင်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း ချယ်ရီကားကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr Guibing Zhang က ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။ Mr Guibing Zhang က “မြန်မာပြည်နဲ့ ပူးပေါင်းလုပ်ဆောင်လာတာ နှစ်နှစ်ရှိခဲ့ပြီ။ ယုံကြည်မှုတွေ တိုးပွားလာတာက အရောင်းသက်သက် မဟုတ်ဘဲ စက်ရုံတည်ပြီး ထုတ်လုပ်သွားဖို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ ပြည်တွင်းမှာလဲ အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ အခြားနိုင်ငံကို တင်ပို့နိုင်အောင် လာမယ့် ၂၀၁၅ ခုနှစ်အတွင်း ထုတ်လုပ်သွားနိုင်ရန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါကလ
ဲ တာဝန်ယူ ဖြေရှင်းသွားပါမယ်။ အရောင်းပြခန်းတွေကို ရန်ကုန်မှာ ကျော်အင်တာပရိုက်(စ်) ကနေပြီးတော့ စတင်ဖွင့်လှစ်ထားပြီး နေပြည်တော်မှာလဲ ဖွင့်ထားပါတယ်။ မန္တလေးမှာလဲ မကြာခင် ဖွင့်လှစ်နိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောကြားသည်။ ချယ်ရီကားကုမ္ပဏီသည် ဝန်ထမ်းအင်အား သုံးသောင်းရှိပြီး အင်ဂျင်နီယာ ၆၀၀၀ ပါဝင်ကြောင်း သိရသည်။ ထို့အပြင် ချယ်ရီတက္ကသိုလ်ကို ဖွင့်လှစ်ကာ ဝန်ထမ်းများကို Training ပေးခြင်း၊ အခြားလိုအပ်သည့် ပညာရှင်များကို နိုင်ငံခြားမှ ခေါ်ယူခြင်းတို့ကို ပြုလုပ်ကာ စက်ရုံကို လည်ပတ်ခြင်းဖြစ်ကြောင်း သိရသည်။ ချယ်ရီကုမ္ပဏီသည် မိမိတို့ကိုယ်ပိုင် အင်ဂျင်ကိုလည်း ထုတ်လုပ်ပြီး ယင်းအင်ဂျင်အား ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရန် အတတ်နိုင်ဆုံး ထိန်းသိမ်းထုတ်လုပ်နိုင်ကြောင်း ချယ်ရီကားကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr Guibing Zhang က ပြောပြခဲ့သည်ဟု ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


အေးချမ်းမွန်မှMyanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
တရုတ်နိုင်ငံ Wuhu အခြေစိုက် Chery Automobile Co.,Ltd က ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်၍ ချယ်ရီကား အစိတ်အပိုင်းများ ထုတ်လုပ်သည့်စက်ရုံ တည်ထောင်သွားရန် ပြ
င်ဆင်နေကြောင်း သိရသည်။ အဆိုပါ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း ချယ်ရီကားကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr Guibing Zhang က ထုတ်ဖော်ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာနနှင့် ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။ Mr Guibing Zhang က “မြန်မာပြည်နဲ့ ပူးပေါင်းလုပ်ဆောင်လာတာ နှစ်နှစ်ရှိခဲ့ပြီ။ ယုံကြည်မှုတွေ တိုးပွားလာတာက အရောင်းသက်သက် မဟုတ်ဘဲ စက်ရုံတည်ပြီး ထုတ်လုပ်သွားဖို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီ။ ပြည်တွင်းမှာလဲ အပိုပစ္စည်းတွေ ထုတ်လုပ်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။

မြောက်ဦးတွင် ပဋိပက္ခမှုကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း သိရ

မြောက်ဦးမြို့နယ်တွင် အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခကြောင့် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရသူ ၉ ဦးရှိသွားပြီဖြစ် ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာတွင် အောက်တိုဘာလ ၂၂ ရက်

နေ့ကဖြစ်ပွားခဲ့သော ပဋိပက္ခ ကြောင့် သေဆုံးသူများမှာ ဦးအောင်မိုး (အသက် ၃၈ နှစ်၊ ဘီလူးရွာ)၊ ကိုမောင်ဌေးဝင်း (အသက် ၂၁ နှစ်၊ ပန်းမြောင်းကျေးရွာ)နှင့် ဦးမောင်ဘုချေ (အသက် ၄၀ နှစ်၊ မြင်းခုန်တန်းကျေး ရွာ)တို့ဖြစ်ပြီး ဦးအောင်မိုးတစ်ဦးတည်းသာ အလောင်းရရှိသေးကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများမှာ ၈ ဦးရှိခဲ့ကြောင်းနှင့် ယင်းတို့အနက် မြောက်ဦးဆေးရုံတွင် ၅ ဦး၊ စစ်တွေဆေးရုံတွင် ၃ ဦးဆေးကုသခံလျက်ရှိပြီး စစ်တွေဆေးရုံသို့ရောက်ရှိနေ သူများမှာ မြင့်ခိုင်အောင် ( ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ)၊ မောင်ထွီးစိန်(၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ )နှင့် မောင်မောင်ခိုင် (၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ) တို့ဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့် နယ်စပ်ဂိတ်သစ် နှစ်ခု လာမည့်နှစ်လအတွင်း ဖွင့်မည်

Photo: ထိုင်းနှင့် နယ်စပ်ဂိတ်သစ် နှစ်ခု လာမည့်နှစ်လအတွင်း ဖွင့်မည်

TUESDAY, OCTOBER 23, 2012

လာမည့်နှစ်လအတွင်း ထိုင်းနယ်စပ်မှ မောတောင်၊ ထီးထီး အစရှိသော နယ်စပ်ဂိတ်များကို အသစ်ထပ်မံ ဖွင့်လှစ်သွားရန် ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၇-၁၀-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် ထိုင်းနိုင်ငံကို နယ်စပ်မှ ဆက်သွယ်ရန်
ကော့သောင်း၊ ရနောင်းလမ်းကိုသာ အသုံးပြုနေရသေးပြီး အဆိုပါ
မောတောင်နှင့် ထီးထီးနယ်စပ်တို့ကို ဖွင့်လှစ်နိုင်ပါက ထိုင်းနိုင်ငံနှင့် ဆက်သွယ်မှု ပိုမိုမြန်ဆန်သွားစေမည်ဟု သိရသည်။ “နယ်စပ်ဂိတ် အသစ်တွေ ထပ်ဖွင့်ဖို့ ရှိတယ်။ မောတောင်နဲ့ ထီးထီးဘက်ကို ဖွင့်ပေးဖို့ စီစဉ်နေတယ်။ ထိုင်းဘက်ကိုသွားဖို့ အတိုဆုံးလမ်းတွေပဲ” ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။ “နယ်စပ်ဂိတ်တွေနဲ့ ကုန်သွယ်မှုတွေက
ပြည်ထောင်စု အဆင့်က ကိုင်တွယ်တာပါ။ ပြည်နယ်တိုင်းဒေသ အဆင့်
ကတော့ ထောက်ခံချက်နဲ့ လုပ်ငန်းလုပ်ဆောင်မှု မြန်ဆန်စေရေး၊
ဆောင်ရွက်ပေးရတာပါ” ဟု ပြည်ထောင်စုနှင့် ပြည်နယ်တိုင်းဒေသကြီး အဆင့်တို့ တာဝန်ခွဲဝေရယူမှုကို ရှင်းပြသည်။

“လောလောဆယ်က ကော့သောင်း-ရနောင်း ကိုပဲ အားကိုးနေရသေးတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။ စီးပွားရေးနှင့် ကူးသန်းရောင်း
ဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ မြဝတီနယ်စပ်ဂိတ် အပါအဝင် ထိုင်းနှင့် ဆက်စပ်လျက်ရှိသော အဓိက ဒေသများတွင် နယ်စပ်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်သွားရန် ရှိနေသည်ဟုသိရပြီး တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ် ဖွင့်ထားသည်ထက် ထိုင်းကို ပိုမိုများပြားစေတော့မည်ဟု သိရသည်။ “ဒီနှစ်မကုန်ခင် ဖွင့်ဖြစ်မယ်။ လမ်းဖောက်တာ ပြီးနေပြီ” ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

khitlunge

အေးချမ်းမွန်မှ Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Google ( မြန်မာ ထိုင်း နယ်စပ်ဂိတ်ကို မယ်ဆိုင်ဘတ်မှမြင်
ရပုံ)
လာမည့်နှစ်လအတွင်း ထိုင်းနယ်စပ်မှ မောတောင်၊ ထီးထီး အစရှိသော နယ်စပ်ဂိတ်များကို အသစ်ထပ်မံ ဖွင့်လှစ်သွားရန် ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦ
းမြတ်ကိုက ၁၇-၁၀-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီးသည် ထိုင်းနိုင်ငံကို နယ်စပ်မှ ဆက်သွယ်ရန်
ကော့သောင်း၊ ရနောင်းလမ်းကိုသာ အသုံးပြုနေရသေးပြီး အဆိုပါ
မောတောင်နှင့် ထီးထီးနယ်စပ်တို့ကို ဖွင့်လှစ်နိုင်ပါက ထိုင်းနိုင်ငံနှင့် ဆက်သွယ်မှု ပိုမိုမြန်ဆန်သွားစေမည်ဟု သိရသည်။ “နယ်စပ်ဂိတ် အသစ်တွေ ထပ်ဖွင့်ဖို့ ရှိတယ်။ မောတောင်နဲ့ ထီးထီးဘက်ကို ဖွင့်ပေးဖို့ စီစဉ်နေတယ်။ ထိုင်းဘက်ကိုသွားဖို့ အတိုဆုံးလမ်းတွေပဲ” ဟု ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။ “နယ်စပ်ဂိတ်တွေနဲ့ ကုန်သွယ်မှုတွေက
ပြည်ထောင်စု အဆင့်က ကိုင်တွယ်တာပါ။ ပြည်နယ်တိုင်းဒေသ အဆင့်
ကတော့ ထောက်ခံချက်နဲ့ လုပ်ငန်းလုပ်ဆောင်မှု မြန်ဆန်စေရေး၊
ဆောင်ရွက်ပေးရတာပါ” ဟု ပြည်ထောင်စုနှင့် ပြည်နယ်တိုင်းဒေသကြီး အဆင့်တို့ တာဝန်ခွဲဝေရယူမှုကို ရှင်းပြသည်။

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

Photo: ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်

ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေးအပ်ခဲ့သည့် သိန်း ၁၃၀ အနက် သိန်း၁၀၀ အာလူမှုအဖွဲ့အစည်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်ဟိုတယ်ဝန်ထမ်း မအေးအေးကြည်ကပေါ်ပြူလာနယူးစ်သို့ပြောသည်။

““ သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကိုပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေးကြည်ကပြောသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်က ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီမှ ပြင်ပမှ အမျိုးသမီးတစ်ဦးကို ဟိုတယ်သို့ခေါ်ဆောင် လာသည့်အတွက် ဟိုတယ်စည်းကမ်းနှင့်မညီသဖြင့်တာမြစ်ခဲ့သည်တွင် ဂျပန်နိုင်ငံသားမှ မအေးအေးကြည်အားကိုယ်ထိလက်ရောက်(ပါးရိုက်ခဲ့)စော်ကားခဲ့ခြင်းအတွက် နှစ်ဦးနှစ်ဖက်တရားရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

““ အခုလို ၁၀ လကျော် တစ်နှစ်နီးပါး ဘာကြောင့် တရားရင်ဆိုင်ခဲ့ရသလဲဆိုရင် ညီမလိုမဟုတ်ဘဲ ဆင်းရဲနွမ်းပါးပြီး ဘာမှ အသိဥာဏ်မရှိတဲ့ မိန်းကလေးတွေဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့စိတ်ခံစားမှုနဲ့လုပ်ဖြစ်တာပါ။ မြန်မာမိန်းကလေးကို ဘယ်နိုင်ငံခြားသားကမှ ကိုယ်ထိလက်ရောက် စော်ကားလို့မရဘူးဆိုတာကို သိစေချင်လို့ပါ”” ဟု ၄င်းကပြောကြားသည်။

အဆိုပါ ကိစ္စရပ်များအတွက် ၀န်ချတောင်းပန်မှုကို အော့ခ်ခစ်ဟိုတယ် ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်က မီဒီယာအချို့နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များရှေ့မှောက်တွင်ဆောင်ရွက်ခဲ့ပြီး ကိုယ်ထိလက်ရောက်စော်ကားခဲ့သည့် ဂျပန်နိုင်ငံသား မစ္စတာ အိုကာအာဂျီတာကာရှီ မှ ယခုလို ဂျပန်နှင့်မြန်မာချစ်ကြည် ရင်းနှီးမှုတည်ဆောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မှားယွင်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ခွင့်လွှတ်ပေးပါရန်တောင်းပန်ပါကြောင်း ကာယကံရှင်မအေးအေးကြည်အား တောင်းပန်စကားဆိုခဲ့သည်။
““ လူအများရှေ့မှာ အခုလိုတောင်းပန်တဲ့အတွက် ညီမအနေနဲ့ကျေနပ်ပါတယ်”” ဟု မအေးအေးကြည်က အဆိုပါကိစ္စအပေါ်သူ့ခံစားမှုကိုပြောသည်။
နစ်နာကြေးရရှိခဲ့သည့် ငွေများအနက် ငွေသိန်း ၁၀၀ အား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နှင့်ယင်းလက်အောက်ရှိ သားဖွားခန်းတည်ဆောက်ရေးအတွက်၊မျက်မမြင်ကျောင်း၊နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ နာရေးကူညီမှုအသင်း၊ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းနှင့် လက်ခုပ်ကုန်းတိုက်နယ်ဆေးရုံ များသို့ ငွေကျပ် ၁၀ သိန်းစီ အသီးသီးပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဥာဏ်လင်းအောင်


အေးချမ်းမွန်မှ Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ဟိုတယ်ဝန်ထမ်းအား ကိုယ်ထိလက်ရောက်စော်ကားခဲ့မှုအပေါ် ကျူးလွန်ခဲ့သူ ဂျပန်နိုင်ငံသားမှ ၀န်ချတောင်းပန်ခဲ့ပြီး လျော်ကြေးငွေပေ
းအပ်ခဲ့သည့် သိန်း ၁၃၀ အနက် သိန်း၁၀၀ အာလူမှုအဖွဲ့အစည်းများသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း အော့ခ်ခစ်ဟိုတယ်ဝန်ထမ်း မအေးအေးကြည်ကပေါ်ပြူလာနယူးစ်သို့ပြောသည်။

““ သိန်း ၁၃၀ မှာ သိန်း ၃၀ က တရားရေးစရိတ်အဖြစ် ဟိုတယ်က စိုက်ပေးထားတဲ့ငွေမို့ ဟိုတယ်ကိုပြန်ပေးတာပါ။ ကျန်တဲ့သိန်းတစ်ရာကို ညီမပိုင်ငွေမို့အားလုံးလှူဒါန်းခဲ့ပါတယ်”” ဟု မအေးအေးကြည်ကပြောသည်။

မကြာမီလမ်းမကြီးပေါ်သို့ ရောက်လာတော့မည့် လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်များ

Photo: မကြာမီလမ်းမကြီးပေါ်သို့ ရောက်လာတော့မည့် လျှပ်စစ်စွမ်းအင်သုံး အငှားယာဉ်များ

များမကြာမီ အချိန်ကာလတွင် အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန်မြို့ လမ်းမ များ ပေါ်တွင် လျှပ်စစ် စွမ်းအင်သုံး အငှား ယာဉ်များ ပြေးဆွဲ နေသည်ကို မြင်တွေ့ ကြရတော့မည် ဖြစ်သည်။ အဆိုပါ လျှပ်စစ် စွမ်းအင်သုံး အငှားယာဉ်များ ထွက်ပေါ် လာခြင်းသည် အမေရိ ကန် ပြည်ထောင်စု၏ သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်းများ အတွက် များစွာအထောက် အကူပြု ရုံသာမက သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို များ စွာ လျှော့ချ ပေးနိုင်မည့် လက္ခဏာ ရှိသည်။ 

ယခု ကဲ့သို့သော လျှပ်စစ် အငှားယာဉ် စီမံကိန်းများကို ယခင်က မည်သူကမှ စတင်ခဲ့ဖူးခြင်း မရှိခဲ့သော်လည်း မိမိတို့ အနေဖြင့် Nissan အမျိုးအစား ကားအစီးရေ ၄ဝကို ပထမဆုံး အကြိမ်အဖြစ် စတင် ပြေးဆွဲနိုင်င်ရန် ရည်ရွယ်ထားကြောင်း “Electric Vehicle Taxicab Comanpany” မှ တာဝန် ရှိသူ တစ်ဦးဖြစ်သူ မလိခ်ခါ တက်ခ် က ပြောကြား ခဲ့သည်။
...
၎င်းကုမ္ပဏီမှ ထုတ်လုပ် ပြေးဆွဲမည့် လျှပ်စစ် အငှားယာဉ် များတွင် iPad တပ်ဆင်ထားပြီး အင်တာနက် သုံးစွဲ နိုင်ကြောင်း၊ ထို့အပြင် ခရီးသည်များ က ခရီးစရိတ် ပေးချေရာတွင် Credit Card နှင့် ပေးချေ နိုင်သည့် နည်း စနစ်များကိုလည်း တပ်ဆင် ထားသည်ဟု သိရသည်။

http://myawady.net.mm/mwdtech/index.php/news/international-news/136-electronic-power-taxi-car

အေးချမ်းမွန်မှ .မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : .မြ၀တီ

များမကြာမီ အချိန်ကာလတွင် အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပြည်နယ်ရှိ အာလင်တန်မြို့ လမ်းမ များ ပေါ်တွင် လျှပ်စစ် စွမ်းအင်သုံး အငှား ယာဉ်များ ပြေးဆွဲ နေသည်ကို မြင်တွေ့
ကြရတော့မည် ဖြစ်သည်။ အဆိုပါ လျှပ်စစ် စွမ်းအင်သုံး အငှားယာဉ်များ ထွက်ပေါ် လာခြင်းသည် အမေရိ ကန် ပြည်ထောင်စု၏ သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်းများ အတွက် များစွာအထောက် အကူပြု ရုံသာမက သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို များ စွာ လျှော့ချ ပေးနိုင်မည့် လက္ခဏာ ရှိသည်။

ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ် ဟော်တယ်၌ သေဆုံး

Photo: ရောင်းစားခံရတဲ့ အသက် ၁၂ နှစ် ကလေးမ တာချီလိတ် ၉ ထပ်
ဟော်တယ်၌ သေဆုံး

TUESDAY, OCTOBER 23, 2012

ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့်ကျိုင်းတုံမြို့နယ်မှ
အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့် သေဆုံး
သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေး
မလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေးမလေးလို့ဘဲ
သိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်
သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ်၌ အလုပ်လုပ်သူ ဝန်ထမ်းတဦးက
ပြောပါသည်။

ကျိုင်းတုံ၊မိုင်းဖြတ်၊မိုင်းပြင်းမြို့နယ်အတွင်းအပြင် အခြားသျှမ်းပြည်အနှံ့မြို့နယ်
များမှ ဖြားယောင်းခံရ သော အရွယ်မရောက်သေးသည့် မိန်းခလေးများ ယခု သုံးလေးလအတွင်း နယ်စပ်တာချီလိတ်မြို့သို့ အများအပြားရောက်ရှိလာ
ကြောင်း၊ ကျိုင်းတုံ မြို့နယ်အတွင်းမှ အများဆုံးဖြစ်ကြောင်း၊ အပျိုရည်စစ်စစ် ဝယ်ယူခြင်းကို ပိုက်ဆံရှိ လူကုံထံများအသိုင်းအဝိုင်းက ခေတ်စားနေ
ကြောင်း၊ ၁၇ ရက်နေ့ ည သေဆုံးမှုနှင့်ပတ်သက်သည့် ကားဆရာ၊လူပွဲစား၊ သူဌေး များအားဖမ်းဆီးနိုင်ရေးအတွက် အာဏာပိုင်များက အမှုလိုက်နေ
ကြောင်း တာချီလိတ် ကျိုင်းတုံ ကား ဆရာတဦးကပြောပါသည်။

“ထိုင်းစကားအရဆို ပွတ်ဘောရီးဆွတ် ခေါ်တယ်။ ဗမာစကားဆို အပျိုစင်ကို
ဈေးဦးဖေါက်တယ်လို့ဘဲ ပြောရမှာလား။ အသက်အရွယ်အလိုက် တယောက်
ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိဝယ်ယူနေကြ
တယ်။ လွန်ခဲ့တဲ့ လေးလ လောက်ကစပြီး ကျိုင်းတုံ ကနေ တာချီလိတ်ကို
ဖြားယောင်း ခံလာရတာ အများကြီးဘဲ။ ဒေသစကားအရဆို စီးပွားထွက်
ရှာတယ်လို့ဘဲ ပြောတယ်” ဟု တာချီလိတ်မြို့ခံ ဒေါ်ခမ်းမိုက ပြောပါသည်။

မြန်မာနိုင်ငံတိုးတက်ပြောင်းလဲလာသည်ဟုဆိုကာ အရွယ်မရောက်သေးသည့်
မိန်းခလေးများ နယ်စပ်သို့သွားလာခွင့်တားမြစ်မှု လွန်ခဲ့သည့် မေလမှစ၍ ရုပ်သိမ်းပြီးနောက်ပိုင်း အမျိုးသမီးငယ် လူကုန်ကူးမှုများပြား လာသည်ကို
တွေ့ရကြောင်း၊ ယခင်နှစ်များထက် ပိုများ နေသည်ကိုတွေ့ကြောင်း၊ အသိဉာဏ် မကြွယ်ဝသည့် မိဘများကလည်း တိုက်အိမ်၊ ကား၊ ပိုင်ဆိုင်ရေး
အတွက် မိမိသမီးပျိုများအား အလေးမထားဘဲ ငွေထွက်ရှာရန် ဖိအားပေး
တိုက်တွန်းမှုကြောင့်လည်ပါဝင်ကြောင်း တာချီလိတ်မြို့ အမျိုးသမီးအဖွဲ့
ဝင်ဟောင်းတဦးက ပြောပါသည်။

သျှမ်းသံတော်ဆင့်

အေးချမ်းမွန်မှ Myanmar Online Newsတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်သို့ ရောင်းစားခံရသည့်ကျိုင်းတုံမြို့နယ်မှ
အသက်မပြည့်သေးသည့် ၁၂ နှစ်အရွယ်ကလေးတယောက် တာချီလိတ် မယ်ခေါင်မြစ်ဟိုတယ် (၉ ထပ် ဟိုတယ်) ၌ ညသန်းခေါင်ခန့် သေဆုံး
သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။

“ ဗုဒ္ဓဟူးနေ့ညက ထင်တယ်။ သေသွားတာ ။ ကျနော်သိ ထားသလောက်ဆို ဝယ်ယူတဲ့ သူဌေးက ဝ ငြိမ်း အဖွဲ့က လို့ဘဲသိတယ်။ ၁၂ နှစ်အရွယ်ကလေး
မလေး။ နာမည်မသိ၊ မိဘလဲမသိဘူး၊ ကျိုင်းတုံက ကလေးမလေးလို့ဘဲ
သိတယ်။ သေသေချင်း သန်းခေါင်ကျော်လောက် ဟိုတယ်ကနေ သယ်ထွက်
သွားတယ်” - ဟု မယ်ခေါင်မြစ်ဟိုတယ်၌ အလုပ်လုပ်သူ ဝန်ထမ်းတဦးက
ပြောပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis