menu

Sunday 2 December 2012

သရုပ်ဆောင်ချောရတနာ မင်္ဂလာဧည့်ခံပွဲကျင်းပ

ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ကိုဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀အချိန်တွင် ဆီဒိုးနားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပန်းကြဲအဖြစ် ၀တ်မှုံရွှေရည်၊ပန်းကုံးဗန်းကိုင် ယုသန္တာတင်
၊မင်္ဂလာလက်စွပ်ဗန်းကိုင်အဖြစ် ၀ါဆိုမိုးဦးနှင့် မင်္ဂလာသတို့သား / သမီးအရံအဖြစ် ကောင်းပြည့်နှင့်အွန်ဆိုင်း၊ဆန်းတိုးနိုင်နှင့် Mဆိုင်းလူတို့က ပါဝင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

Popular Journal

အိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်အပြီး အမေရိကန်-တရုတ်- မြန်မာ သုံးပွင့်ဆိုင်ဆက်ဆံရေး ဘာဆက်ဖြစ်မလဲ( ဟန်နာဘိရှ်ရေး၍ ကျော်မျိုး ဘာသာပြန်သည်)

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ လမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံသားများက စီတန်းရပ်ကြည့်ကာ အမေရိကန်အလံများ ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ ဤအဖြစ်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကဆိုလျှင် ကြိုဆိုကြသူများကို ထောင်ဒဏ်ချနိုင်သောဖြစ်စဉ်ဖြစ်ပါသည်။ သမ္မတအိုဘားမား ခြောက်နာရီကြာ နေထိုင်ခဲ့ရာ နိုင်ငံ၏အကြီးဆုံးမြို့တော် ရန်ကုန်မှ သတင်းစာစောင် အယ်ဒီတာတစ်ဦးဖြစ်သူ သီဟစောကမူ “နှစ်ပေါင်းများစွာကြာအောင်ပဲ (ဒီမှာ)အမေရိကန်အလံဆိုတာ အစိုးရကို အန်တုတဲ့သဘော သက်ရောက်တယ်။ ဒီအလံဆိုတာက ဒီမိုကရေစီ၊ လွတ်လပ်မှုစတဲ့ ကောင်းတဲ့အရာအားလုံးကိုဆိုလိုတာလေ” ဟု ပြောသည်။

၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ





ha-2-12-8
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပိတ်ပွဲအခမ်းအနား


၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို  နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။ ယခုနှစ် မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးပြိုင်ပွဲ၌ ပထမ တိမ်ဝင်မီး၊ ဒုတိယ ဂုရုမီး၊ တတိယ  ပအို့ဝ်း စာပေနှင့် ယဉ်ကျေးမှုမီး၊ စိန်နားပန်ပြိုင်ပွဲတွင် ပထမ- မြောက်ပိုင်းမီး၊ ဒုတိယ ရွှေဓနုမီး၊ တတိယ လင်းယုန်မီး၊ နေ့လွှတ်အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်းပွဲစဉ်တွင် ပထမ ပြိုင်ဘက်မီး၊ ဒုတိယ ဒဒွေးမီး၊ တတိယ စွာကျယ်မီး၊ ခြေလေးချောင်းပွဲစဉ်တွင် ပထမ လုပ်သားမီး၊ ဒုတိယ ရုံးပျော်မီး၊ တတိယ ပွားငယ်မီးတို့က ရရှိသွားပြီး မီးပဒေသာပြိုင်ပွဲတွင် ပထမ ချမ်းမြသာစည်+မြို့မ+ကန်အောက်ရပ်ကွက်အဖွဲ့၊ ဒုတိယ ညောင်ဖြူ+ပြည်တော်သာ+ရတနာသီရိရပ်ကွက်အဖွဲ့၊ တတိယ ရွှေတောင်+လမ်းမတောင်+ ကံသာ+စိန်ပန်းရပ်ကွက်အဖွဲ့

အာဆီယံဟာ ဘယ်သူ့အတွက်လဲ .. ...(၁)( နေထွန်းနိုင်)




thn-18-11-12-2
(၁)
တစ်ချိန်တုန်းက'' အာဏာရှင် ကလပ်'' လို့ ခေါ်ဆိုသတ်မှတ်ခဲ့ကြတဲ့ အာဆီယံအဖွဲ့ရဲ့ (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ၁၅ရက်နေ့က စတင်လို့ပြုလုပ်နေပါပြီ။ သက်တမ်းရှည် အာဏာရှင်တစ်ပိုင်းဖြစ်နေတဲ့ ၀န်ကြီးချုပ် ဟွမ်ဆန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ အောက်တိုဘာလအတွင်းကမှ ကွယ်လွန်သွားတဲ့ ကမ္ဘောဒီးယား ဘုရင်ဟောင်း
သီဟာနုကို လွမ်းဆွတ်နေကြတဲ့ ကမ္ဘောဒီးယား ပြည်သူတွေရဲ့ ခံစားမှုတွေကြားမှာ ဖနွမ်းပင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၀ ရက် နေ့အထိ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲ မတိုင်ခင်မှာတော့ အာဆီယံဟာဘယ်သူ့အတွက်လဲ ဆိုတဲ့မေးခွန်းထွက်ပေါ်ခဲ့ပါတယ်။

Samsung ရဲ့  အကောင်းဆုံး Tablet- Samsung Galaxy Tab 2 -7"

Photo: Samsung ရဲ့  အကောင်းဆုံး Tablet- Samsung Galaxy Tab 2 -7"

တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ Samsung ထုတ် ကျောက် သင်ပုန်း ကွန်ပျူတာများဟာ ဥရောပမှာ အရောင်းသွက်တယ်လို့ သိရပါ တယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ပြီး ၁၀ လ ပြည့်တော့ မှာ ဖြစ်ပါတယ်။

Apple ရဲ့  iPad ရောင်းအားကို မမှီနိုင်သေးပေမယ့် နောက်ထပ် Tab ဗားရှင်း အသစ်များနဲ့ အမှီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိက ဈေးကွက်မှာ လည်း ပြနလည်ရောင်းချခွင့် ရရှိခဲ့တဲ့ Samsung ရဲ့  Tablet ဖြစ်ပါတယ်။ Samsung Galaxy Tab ရဲ့  နောက်ထပ် မော်ဒယ်သစ်အနေနဲ့ Galaxy Tab 2 ၇ လက်မ၊ ၈.၉လက်မ၊ ၁၀.၁ လက်မ ဆိုပြီး သုံးမျိုး ထုတ်လုပ်ပါတယ်။ သို့ပေမယ့် အကောင်းဆုံး ကတော့ Samsung Galaxy Tab 2 7" ဖြစ်ပါ တယ်လို့ ပြောဆိုထားပါတယ်။

ပထမဦးဆုံး Super AMOLED မျက်နှာပြင်သုံးတဲ့ Samsung ရဲ့  Tablet ပဲ ဖြစ်ပါတယ်။ 10.1 နဲ့ 8.9 မှာတောင် AMOLED မသုံးထားပါဘူး။ Processor ကလည်း Tab 2 7" ကအကောင်းဆုံး ဖြစ်ပြီး 1.4 GHz dual-core ARM Cortex-A9 ကို အသုံးပြု ထားပါတယ်။ Samsung Galaxy Tab 2 က အင်တာနက်အသုံးပြုလို့ ကောင်းတယ်လို့ User များက ဆိုပါတယ်။ သူက L!ve Panels, Mini Apps Tray, Social Hub, Reader's Hub, Media Hub, Music Hub အစရှိသဖြင့် application နဲ့ Feature များ ထည့်သွင်းပေးထားတဲ့အတွက် ဖြစ်ပါတယ်။

Dimensions : 7.74 inx5.24 inx0.31 in
Weight : 340 g

Operating system : Android 3.2 Honeycomb (upgradable to 4.0)
CPU : 1.4 GHz dual-core ARM Cortex-A9

GPU : ARM Mali-400 MP
Memory : 1 GB

Storage : 16/32/64 GB flash memory
microSD slot : (up to 32 GB)

Display : 1280×800 px (1 megapixel),
7.7 in (20 cm) diagonal, 197 ppi,
Super AMOLED Plus display

Rear camera : 3.0 MP AF camera with LED flash, 2.0 MP front facing (for video calls)

Connectivity : HSPA+ 21 Mbit/s 850/900/1900/2100 MHz
EDGE/GPRS 850/900/1800/1900 MHz
Wi-Fi 802.11a/b/g/n, Bluetooth 3.0, HDMI (external cable)

အားနည်းချက် - touch အားနည်းခြင်း၊ အင်တာနက် Browser အသုံးပြုရ စိတ်တိုင်းမကျခြင်း

အားသာချက် - အချိုးအစား အံကိုက်ဖြစ်ခြင်း၊ ဈေးသက်သာခြင်း၊ Performance ကောင်းခြင်း၊ အသွင်လှခြင်း။

ကြယ်လေးပွင့်နဲ့ rating ပေးတဲ့ စနစ်မှာ Tab 7.0 က လေးပွင့် ရရှိထားပါ တယ်။ လက်ရှိ မြန်မာပြည်မှာ Tab 2 ၇ လက်မရဲ့  တန်ဖိုးက ၃ သိန်း ဝန်းကျင် ပေါက်ဈေးရှိပါတယ်။ Tablet, Computer ဆိုင်တော်တော်များများမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Samsung galaxy Tab 2 7" အသစ် Seal Package ကို ၂သိန်းခွဲကျော်နဲ့ ရောင်းတယ်လို့ www.ads.com.mm မှာ တင်ထားတာ တွေ့ရပါတယ်။ စိတ်ပါဝင်စား သူများ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာမှာ ယူနိုင်ပါ တယ်။

http://www.ads.com.mm/for-sale/mobile-phone/samsung/samsung-galaxy-tab-2-7-new-seal-package-16494.html#
---


အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :International news for myanmar
တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္မဏီ Samsung ထုတ် ကျောက် သင်ပုန်း ကွန်ပျူတာများဟာ ဥရောပမှာ အရောင်းသွက်တယ်လို့ သိရပါ တယ်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ဖြန့်ချိခဲ့ပြီး ၁၀ လ ပြည့်တော့ မှာ ဖြစ်ပါတယ်။

Apple ရဲ့  iPad ရောင်းအားကို မမှီနိုင်သေးပေမယ့် နောက်ထပ် Tab ဗားရှင်း အသစ်များနဲ့ အမှီလိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိက ဈေးကွက်မှာ လည်း ပြနလည်ရောင်းချခွင့် ရရှိခဲ့တဲ့ Samsung ရဲ့  Tablet ဖြစ်ပါတယ်။ Samsung Galaxy Tab ရဲ့  နောက်ထပ် မော်ဒယ်သစ်အနေနဲ့ Galaxy Tab 2 ၇ လက်မ၊ ၈.၉လက်မ၊ ၁၀.၁ လက်မ ဆိုပြီး သုံးမျိုး ထုတ်လုပ်ပါတယ်။ သို့ပေမယ့် အကောင်းဆုံး ကတော့ Samsung Galaxy Tab 2 7" ဖြစ်ပါ တယ်လို့ ပြောဆိုထားပါတယ်။

စစ်တွေင် ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက် ဥက္ကဌမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

Photo: စစ်တွေင် ရခိုင်ပြည်နယ်အမျိုးသမီးကွန်ယက် ဥက္ကဌမှ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်
----------------------------------------------------------------
စစ်တွေမြို့ မေယုဈေးအနီး၊လောကာနန္ဒာလမ်းဆုံမှ စတင်ကာ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတွင် အစပထမပိုင်းတွင် ရဲများက စောင့်ကြည့်နေခဲ့သော်လည်း ၃း၄၅ မီနစ်ခန့်အချိန် ရွာမလမ်းဆုံသို့အရောက် တွင် ဆန္ဒထုတ်ဖော်သူ ဒေါ်ညိုအေးထံမှ ဗီနိုင်းအား ရဲများက သိမ်းဆည်း သွားခဲ့ကြောင်းသိရသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သော ဒေါ်ညိုအေးအား ရဲများက ဖမ်းဆီးခြင်းမရှိ သော်လည်း သတ်မှတ်ထားရာ အမျိုးသမီးကွန်ယက်ရုံးအထိ ဆက်လက် လမ်း လျှောက်ခွင့်မပေးဘဲ စာရေးထားသော ပိုစတာအားသိမ်းဆည်း သွားခဲ့ ကြောင်းလည်း သိရှိရပါသည်။
(ဓါတ်ပုံ အစိုးရအဖွဲ့ ရုံးရှေ့မြင်ကွင်း)

အေးချမ်းမွန်မှ  Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Rakhine Straight Views
စစ်တွေမြို့ မေယုဈေးအနီး၊လောကာနန္ဒာလမ်းဆုံမှ စတင်ကာ တစ်ကိုယ်တော် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတွင် အစပထမပိုင်းတွင် ရဲများက စောင့်ကြည့်နေခဲ့သော်လည်း ၃း၄၅ မီနစ်ခန့်အချိန် ရွာမလမ်းဆုံသို့အရောက် တွင် ဆန္ဒထုတ်ဖော်သူ ဒေါ်ညိုအေးထံမှ ဗီနိုင်းအား ရဲများက သိမ်းဆည်း သွားခဲ့ကြောင်းသိရသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သော ဒေါ်ညိုအေးအား ရဲများက ဖမ်းဆီးခြင်းမရှိ သော်လည်း သတ်မှတ်ထားရာ အမျိုးသမီးကွန်ယက်ရုံးအထိ ဆက်လက် လမ်း လျှောက်ခွင့်မပေးဘဲ စာရေးထားသော ပိုစတာအားသိမ်းဆည်း သွားခဲ့ ကြောင်းလည်း သိရှိရပါသည်။

  Rakhine Straight Views

ဆန္ဒပြပွဲတွင် ပါဝင်သူများကို တရားဝင်ဖမ်းဝရမ်းနှင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒုတိယရဲမှူးကြီးက ပြောကြား ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ပြောကြားသည်။


“ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီးသက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင်ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့
ခြင်း ဖြစ်သည်။

ကြေးနီတောင် သပိတ်ဖြိုခွဲမှု ဖေါ်ထုတ်အရေးယူပေးရန် ဆန္ဒပြ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ကြေးနီတောင် သပိတ်စခန်းကို အင်အားသုံး ဖြိုခွဲမှုအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ရန်ကုန်မြို့၌ ဖြစ်ပွားလျှက်ရှိရာ ယနေ့ညနေပိုင်းတွင်လည်း လူ ၃၀ ခန့်က ရွှေတိဂုံစေတီအရှေ့ဖက်မုခ် ကြေးသွန်းဘုရားအနီးမှ စတင်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။
ကိုအောင်စိုး (၇န်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်) ရွှေဂုံတိုင် အနီးတွင်ဖမ်းဆီးခံရစဉ်
ယင်းသို့ဆန္ဒပြကြရာတွင် ဦးဆောင်သူများ အနက်မှ ၂ ဦးကို ရွှေဂုံတိုင် ခြောက်ထပ်ကြီး ဘုရားအနီးအရောက်တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ဖြစ်သည်။

မန္တလေး သံဃာတော်များ ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြ

သံဃာတော်များ စုပေါင်းပြီး လက်ပန်းတောင်းတောင်အရေးတွင် သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြပွဲကို မန္တလေးမဟာမုနိဘုရားကြီးရှေ့ကစတင်ပြီး ၈၁ လမ်းတလျောက်၊ ၃၇ လမ်းမှ ၇၈ လမ်းသို့ ဆက်လျှောက်ပြီး ၇၈ လမ်းမှတဆင့် ဘုရာကြီးအရှေ့မုဒ်ကို လမ်းလျှောက်ဆန္ဒပြနေတာပါ။ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်က စတင်လျှောက်နေခြင်းဖြစ်ပါတယ်။ (သတင်းဓါတ်ပုံ - ချစ်ကို) —

DVB TV News

သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များကို လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများရှိနေ

Photo: 
သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များကို လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများရှိနေ 
 
SUNDAY, 02 DECEMBER 2012 14:16



နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန် သီရိမင်္ဂလာဈေးမြင်ကွင်း
လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ပြောကြားခဲ့သည်။

လူမိုက်အဖွဲ့များအနေဖြင့် ဈေးသို့လာသည့်ကားများကို ကားပါကင် ကြေးကောက်ခံခြင်း၊ ပျံကျဈေးသည်များအား ရောင်းချခွင့် နေရာအတွက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး ၄င်းတို့ကောက်ခံသည့်အခါတွင် ပြေလည်စွာ မဆက်ဆံပါက ခြိမ်းခြောက်မှုများနှင့် ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း ကိုယ်တိုင်ကြုံသူများက ပြောကြားခဲ့သည်။

သီရိမင်္ဂလာဈေး၌ ဆိုင်ခန်းဖွင့်လှစ်ထားသူ ကိုကျော်က''ကျွန်တော်က ရှမ်းပြည်နယ် ပင်းတယဘက်ကနေ ဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ပန်း စတဲ့ပစ္စည်းတွေကို သီရိမင်္ဂလာဈေးမှာ ပြန်လည်ရောင်းချတာပါ။ ကားပါကင်ကြေး အနေနဲ့ စည်ပင်အဖွဲ့ကိုလည်း ပေးရတယ်။ ဒါ့အပြင် လူမိုက်အဖွဲ့တွေက တစ်စီးကို ကျပ်သုံးထောင်နှုန်းနဲ့ ကောက်ပါတယ်။ မပေးလို့လည်း မဖြစ်ဘူး။ ဈေးမှာက သက်ဆိုင်ရာ တာဝန်ရှိသူတွေထက် အဲဒီလူမိုက်တွေပြီးမှ အားလုံးအဆင်ပြေနေတဲ့ သဘောရှိတယ်။ ဈေးသည်တွေအများစုက ဒီဈေးကြီးကို အနက်ရောင် နယ်မြေလို့တောင် သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်ပင်ကကောက်တဲ့ အခွန်တွေပေးရတဲ့အပြင် လူမိုက်တွေကောက်တဲ့ ဆက်ကြေးလည်း ပေးနေရပါတယ်'' ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရမှုကို ပြောပြခဲ့သည်။

ပျံကျဈေးတန်းတွင် ခရမ်းချဉ်သီး ရောင်းချသူ ဒေါ်နီက ''ကျွန်မက ဈေးထဲမှာ ဆိုင်ခန်းရှိပေမယ့် ကျဉ်းတဲ့အတွက် ပျံကျဈေးတန်းမှာ နေရာယူပြီးတော့ ရောင်းချတာပါ။ စည်ပင်ကို တစ်ရက်ကျပ်ငါးရာကနေ တစ်ထောင်ကြား ပေးရတယ်။ လူမိုက်အဖွဲ့ကိုတော့ တစ်ရာသီစာလုံးအနေနဲ့ ကျပ်နှစ်သိန်းပေးရတယ်။ လွန်ခဲ့တဲ့ နှစ်လတုန်းကလည်း ပျံကျဈေးသည်တစ်ဦးကို လူမိုက်အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံလာတောင်းတော့ အမြတ်မရသေးလို့ မပေးနိုင်သေးဘူးလို့ ပြောလိုက်တော့ သူတို့က ၀ိုင်းရိုက်နှက်သွားပါတယ်'' ဟု ဆိုပါသည်။

လူမိုက်အဖွဲ့အနေဖြင့် ယင်းကဲ့သို့ တရားမ၀င် ငွေကြေးကောက်ခံရာ၌ လွယ်အိတ်၊ ခါးကြား စသည့်နေရာများတွင် ဓားများထည့်ထားပြီး ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပိတောက်ချောင်းရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်ကျော်ဆင့်က ''ကျွန်တော်သိရသလောက်ကတော့ သီရိမင်္ဂလာဈေးဝင်းအတွင်းမှာ လူမိုက်အဖွဲ့ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိတယ်။ ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ခြိမ်းခြောက်တောင်းဆိုမှုတွေက နေ့တိုင်းလို ရှိနေပါတယ်'' ဟု ပြောပြခဲ့သည်။

ဈေးအတွင်း ရာသီပေါ်သီးနှံများကို ပွဲစားအဖြစ် လုပ်ကိုင်သူ ကိုထိုက်က ''နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီလောက်က ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးကို လူမိုက်တွေက နေရာရွှေ့ပေးဖို့ ယာဉ်မောင်းကို ပြောတဲ့အခါမှာ ယာဉ်မောင်းက သူတို့ကို လူမိုက်တွေမှန်းမသိတော့ အိပ်ရေးပျက်နေလို့ အသံမာမာနဲ့ ပြန်ပြောတဲ့အခါ အဲဒီလူမိုက်တွေက ၀ိုင်းပြီးထိုးကြိတ်ခဲ့ကြပါတယ်။ ကားပါကင်ကြေး တောင်းတဲ့အခါမှာ ဒီအကြောင်းတွေကို မသိတဲ့ ယာဉ်မောင်းတွေက မပေးတဲ့ ဖြစ်စဉ်တချို့တွေမှာ အဲဒီလူမိုက်တွေက ကားမှန်တွေကို ရိုက်ခွဲတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးသည်တွေ အများစုကတော့ ဒီဈေးအနီးတစ်ဝိုက်က တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ပဲ သုံးသပ်ကြပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေက နေ့တိုင်းလိုလို ဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း သိနေတယ်။ ဒါတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟု ပြောခဲ့သည်။

သိရိမင်္ဂလာဈေးမှ တာဝန်ရှိသူတစ်ဦးက ''လူမိုက်တွေ အများစုက ဈေးရုံအတွင်းထက် ပျံကျဈေးသည်တွေကို အားကိုးပြီး ရပ်တည်နေကြတယ်။ အဲဒီလူမိုက်တွေကိုလည်း စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘာမှမပြောရဲကြဘူး။ ကျွန်တော်အနေနဲ့ သွားပြီးထိန်းသိမ်းရင်လည်း လူမိုက်တွေက ဓားထောင်ပြီး ခြိမ်းခြောက်ပါတယ်။ ဈေးသည်တွေက လူမိုက်တွေအပြင် သူတို့လက်သပ်မွေးထားတဲ့ ကလေးတွေကိုလည်း ကြောက်နေရပါတယ်။ ဈေးလုံခြုံမှုအတွက် အခုချထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားထက် ပိုပြီးတော့ ချထားသင့်ပါတယ်'' ဟု ဆိုပါသည်။

လူမိုက်များက ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံမှု ဖြစ်စဉ်များကို ညပိုင်းအချိန်များနှင့် နံနက်စောပိုင်းများတွင် ပိုမိုဖြစ်ပွားကြောင်း သီရိမင်္ဂလာဈေးမှ တာဝန်ရှိသူက ဆိုပါသည်။

 
အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန် သီရိမင်္ဂလာဈေးမြင်ကွင်း

လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ပြောကြားခဲ့သည်။

လူမိုက်အဖွဲ့များအနေဖြင့် ဈေးသို့လာသည့်ကားများကို ကားပါကင် ကြေးကောက်ခံခြင်း၊ ပျံကျဈေးသည်များအား ရောင်းချခွင့် နေရာအတွက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး ၄င်းတို့ကောက်ခံသည့်အခါတွင် ပြေလည်စွာ မဆက်ဆံပါက ခြိမ်းခြောက်မှုများနှင့် ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း ကိုယ်တိုင်ကြုံသူများက ပြောကြားခဲ့သည်။

ထန်းတပင် မြို့နယ်မှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်

Photo: ''ထန်းတပင် မြို့နယ်မှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်

ရန်ကုန်- ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊ ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်းလုပ်ပိုင်ခွင့်နေရာမရရှိခြင်းကြောင့် ပါတီဆိုင်းဘုတ်များဖြုတ်ကာ စုပေါင်းနှုတ်ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင်ဟောင်းများက ဦးဆောင်ခဲ့ကြကြောင်းသိရသည်။NW — 

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ရန်ကုန်- ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊
ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်းလုပ်ပိုင်ခွင့်နေရာမရရှိခြင်းကြောင့် ပါတီဆိုင်းဘုတ်များဖြုတ်ကာ စုပေါင်းနှုတ်ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင်ဟောင်းများက ဦးဆောင်ခဲ့ကြကြောင်းသိရသည်။NW —

  Popular Myanmar News Journal

ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု သံဃာတော်များဆို

Photo: ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု သံဃာတော်များဆို

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup on 1 Dec, 2012
 
ကြေးနီတောင်စီမံကိန်းအား အစိုးရမှတာဝန်ယူဖြေရှင်းပေးခြင်းမရှိလျှင် ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆူးလေဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ရဟန်းသံဃာများထံမှ သိရှိရသည်။
 
 
ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များဦးဆောင်ကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။
 
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နိုဝင်ဘာလ(၃၀)ရက်နေ့ ရန်ကုန်မြို့ ဆူးလေဘုရားမှ ဦးပိုင်ကုမ္ပဏီလီမိ တက် ရှေ့သို့သွားကာ စတင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
 
 
“ကြေးနီစီမံကိန်းအမြန်ဆုံးရပ်တန့်ပေးဖို့ အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုသွားမယ်။ နောက်ရက်တွေမှာလည်း ဆက်ပြီးဆန္ဒပြမှုတွေ ပြုလုပ်သွားမယ်။ အပြစ်မဲ့ပြည်သူ ရဟန်းသံဃာများကို ဖောက်ခွဲအမိန့်ပေးတဲ့ ပုဂ္ဂိုလ်ကို သိသာမြင် သာအောင် ဖော်ထုတ်ပြီးတော့တရား ဥပဒေအရအရေးယူ ဆောင်ရွက်ပေးရပါလိမ့်မယ်” ဟု ဆန္ဒပြရာတွင်ဦးဆောင်သော မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။
 
 
ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန် ဆန္ဒပြသူများကို အစိုးရ လုံခြုံရေးတပ်ဖွဲများမှ ဖြိုခွင်းမှုအား မီးလောင်ဗုံးသုံးခြင်းကို လက်မခံနိုင်ကြောင်း နှင့် ပြဿနာကို ပြေပြေလည်လည်ဖြေရှင်းပေးစေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ကံကုန်းကျေးရွာတွင် ပြောဆိုခဲ့သော ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်းကိုလည်း သိရ့သည်။
 
 
ရန်ကုန်ဆန္ဒပြသော ရဟန်းသံဃာများမှ တောင်းဆိုသည့်အချက်များမှာ မြန်မာဝမ်ပေါင် ကုမ္ပဏီဖျက်သိမ်းရေး၊ ကြေးနီစီမံကိန်းအရေး ဦးဆောင်သူများအား ပြန်လွှတ်ပေးရေး၊ လက်ပံတောင်း တောင်စီမံကိန်း ရပ်ဆိုင်းရေး၊ လက်ပံတောင်းတောင်သပိတ်စခန်းများဖြိုခွင်းခဲ့ မူကြောင့်ဒဏ်ရာရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ပေးရေးစသည့် အချက်များပါဝင်သည်။
 
 
ကြေးနီစီမံကိန်းဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွင်းမှုများကို အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း (၈၈)မျိုးဆက်ကျောင်း သားခေါင်းဆောင်များမှလည်း ၎င်းတို့ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
 
 
“ကျွန်တော်တို့အနေနဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့အတည်ပြုပါတယ်။ လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းရေး ကော်မရှင်ဖြစ် ဖို့တော့လိုပါတယ်။ ပြည်သူနဲ့ ရွာသူရွာသားတွေ ယုံကြည်တဲ့သူမျိုးပါဝင် ဖို့လိုတယ်။ အဲဒီကော်မရှင် စုံစမ်းနေတဲ့ ကာလအတွင်းမှာ လည်ပတ်နေတဲ့ ယန္တရားတွေကို ရပ်ထား ရမယ်။ မရပ်ထားဘူး ဆက်သွား နေမယ်ဆိုရင် ဒီပြဿနာပြေလည်မှာ မဟုတ်ဘူး။ ဒီကိစ္စကို အလေး နက်ထားပြီး ညင်ညင်သာသာ ကိုင်တွယ် ဖြေရှင်းသင့်တယ်” ၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့် အောင်က ပြောသည်။  
 
 
ရန်ကုန်ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာ အပါး(၃၀)၀န်းကျင် ပါဝင်၍ လူဦးရေ (၅၀)၀န်းကျင်ခန့်ဖြင့် နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ကြေးနီတောင်စီမံကိန်းအား အစိုးရမှတာဝန်ယူဖြေရှင်းပေးခြင်းမရှိလျှင် ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆူးလေဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ရဟန်းသံဃာများထံမှ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များဦးဆောင်ကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နိုဝင်ဘာလ(၃၀)ရက်နေ့ ရန်ကုန်မြို့ ဆူးလေဘုရားမှ ဦးပိုင်ကုမ္ပဏီလီမိ တက် ရှေ့သို့သွားကာ စတင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

3D ရုပ်ရှင်ရုံတစ်ရုံ ထပ်မံဖွင့်လှစ်၊ ရန်ကုန်မြို့ နေရာအနှံ့ 3D ရုပ်ရှင်ရုံများ များပြားလာ


ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးတွင် 3D ရုပ်ရှင်ရုံတစ်ရုံကို ထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရသည်။ စိန်ဂေဟာ (ပါရမီ) ရှိ Top Royal ရုပ်ရှင်ရုံတွင် အဆိုပါ 3D ရုပ်ရှင်ကို စတင်ပြသနေပြီဖြစ်ကြောင်း ၎င်းရုပ်ရှင်ရုံ၏ တာဝန်ရှိသူကပြောသည်။ “3D တစ်လှည့် 2D တစ်လှည့် ပြသသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရုပ်ရှင်ရုံမှာ မင်္ဂလာရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂) ၏ဒုတိယမြောက် 3D ရုပ်ရှင်ရုံအဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၌ 3D ရုပ်ရှင်ရုံ အများအပြားရှိလာပြီး ယခုဖွင့်လှစ်လိုက်သော Top Royal 3D ရုပ်ရှင်ရုံအပြင် မင်္ဂလာ 3D ရုပ်ရှင်ရုံ၊ ဒဂုံစင်တာ (၂)၊ Junction Mawtin ရှိ 3D ရုပ်ရှင်ရုံ၊ Junction Square ရှိ 3D ရုပ်ရှင်ရုံ၊ တော်ဝင်စင်တာရှိ 3D ရုပ်ရှင်ရုံ၊ လှည်းတန်းရှိ Vertex 3D ရုပ်ရှင်ရုံ စသည်ဖြင့် နေရာအနှံ့အပြားတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၁ ခုနှစ်လောက်က 3D ရုပ်ရှင်ရုံငယ်လေးတွေ ဖွင့်ခဲ့တာမျိုးရှိခဲ့ပြီး အခုထိလည်း ရှိတုန်းပဲ။ ၂၀၁၂ ခုနှစ်ရောက်လာတော့ 3D ရုပ်ရှင်ရုံကြီးတွေ ပေါ်လာတယ်။

ဦးသိန်းစိန်ပုံကို ဘူးသီးတောင်ပညာရေးရုံးက မယူမနေရ ရှစ်ထောင်ကျပ်ဖြင့် ရောင်းနေ

 ဘူးသီးတောင်မြို့နယ်၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများသည် ယနေ့ နိုဝင်ဘာလကုန်ရက် ဝန်ထမ်းလစာများ ထုတ်ယူရာ၌ လစာငွေဖြတ်တောက်ရခြင်း နှင့် နိုင်ငံတော်သမ္မတ၏ ဓါတ်ပုံတစ်ပုံစီ ကို ငွေကျပ် ရှစ်ထောင်နှုန်းဖြင့် မယူမနေရ ရောင်းချခြင်းတို့ကြောင့် ၀ယ်ယူရသူ ၀န်ထမ်းများက မကျေမနပ် ဖြစ်လျက်ရှိကြသည်။
ယနေ့ လစာငွေဖြတ်တောက် ခံရခြင်းနှင့်ပတ်သက်၍ အမည်မဖေါ်လိုသူ ကျောင်းအုပ်ဆရာကြီးတစ်ဦးက “မူလတန်း ကျောင်းဆရာ ဆရာမတစ်ဦးကို အားကစားကြေးဆိုပြီး နှစ်ထောင့်ငါးရာကျပ် ဖြတ်ယူပါတယ်။ အလယ်တန်းပြ၊ မူလတန်းကျောင်းကနေ အထက်ပိုင်းကို သုံးထောင်ကျပ်စီ ဖြတ်ယူပါတယ်။

နောက်ပြီး မူလတန်းလွန်ကျောင်းတို့၊ အလယ်တန်း ကျောင်းခွဲတို့ ဆိုရင် နိုင်ငံတော်သမ္မတဓါတ်ပုံတစ်ပုံကို မယူမနေရ ထုတ်ပေးပါတယ်။

စဉ်းစားသုံးသပ်စရာလိုပြီဖြစ်သော တက္ကသိုလ်ဝင်တန်းမေးခွန်း

 
သင်ရိုးညွှန်းတမ်းစာအုပ်တစ်အုပ်တွင် အခန်း (၁၂) ခန်း ပါဝင်ရာ (၄) ခန်းကျက်ရုံနှင့် အမှတ် (၆ဝ) ဝန်းကျင်ရတာ စာမေးပွဲအောင်မြင်နိုင်သည်ဟုဆိုလျှင် သင့်အံ့သြမည်လား။ အံ့သြစရာမရှိပါ။ ယနေ့ မြန်မာနိုင်ငံတွင် အရေးအကြီးဆုံးဟု သတ်မှတ်ခံထားရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ ဇီဝဗေဒ မေးခွန်းပါ။ ကျောင်းသား/သူ များအခက်အခဲနည်းစေရန်ဟု ရည်ရွယ်ခဲ့ပါက အမှားကြီးမှားတော့မည်။ တက္ကသိုလ်ဝင်တန်းကို အောင်မြင်လာသည့် ကျောင်းသားတစ်ဦးသည် သင်ရိုးညွှန်းတမ်း၏ သုံးပုံတစ်ပုံ သာတတ်ကျွမ်းသည်ဟုဆိုလျှင် ၎င်းဖြစ်စဉ်သည် မလျော်ညီသော အားထုတ်မှုတစ်ခုအား အခွင့်အရေး ရစေရန်အတွက် လမ်းကြောင်းပေးနေခြင်း ဖြစ်သည်။ ဇီဝဗေဒဘာသာရပ်တွင် အပင်လောကသဘော ၏ ဖွဲ့စည်းပုံ၊ အကောင်လောက၏ သဘောနှင့်ဖွဲ့စည်းပုံကို အခြေခံအဆင့် နားလည်တတ်ကျွမ်းသင့် သည်။ လက်ရှိဖြစ်စဉ်တွင်မူ အခန်း (၄) ခန်းသာကျက်ပြီး ကောင်းစွာနားလည်သဘောမပေါက်ဘဲ တက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုနေခြင်းက မေးခွန်းထုတ်သူတို့ သတိပြုရန်လိုနေပေပြီ။

လက်ပံတောင်းတောင်ရွာများသို့ရောက်ရှိခဲ့သော၈၈မျိုးဆက်ကျောင်းသားများမှရွာသူ၊ရွာသားများကိုတွေ့ဆုံနှုတ်ဆက်

ယနေ့နံနက်ပိုင်းက လက်ပံတောင်းတောင်ရွာများသို့ရောက်ရှိခဲ့သော၈၈မျိုးဆက်ကျောင်းသားများမှရွာသူ၊ရွာသားများကိုတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများသည်ဝက်
မှေး၊ရွေလှေအစရှိသောလက်ပံတောင်းတောင်ခြေရှိရွာများသို့သွားရောက်ကာရွာသူရွာသားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၈၈မျိုးဆက်ကျောင်းသားများသည်လက်
ပံတောင်းတောင်ရှိလယ်တီဆရာတော်ဘုရားကြီးတရားအားထုတ်ရာကျောင်းတိုက်သို့သွားရောက်ကြရာတွင်မူကျော်ရွာဂိတ်ပေါက်မှအ၀င်မခံခဲ့ပေ။

မော်လမြိုင် ခရိုင်တရားရုံးအတွင်း ဓမ္မသတ်ရွာသားများ ဆန္ဒထုတ်ဖော်


နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာမှ ဒေသခံ မွန်လူမျိုး(၃၀၀)ဦးခန့်သည်၊ မော်တော်ယာဉ်(၁၂)စီး၊ ဆိုင်ကယ်(၂၀)စီး ခန့်နှင့် မော်လမြိုင်ခရိုင်တရားရုံး ပရ၀ုဏ်သို့ရောက်ရှိလာပြီး ဗီနိုင်းပိုစတာများကိုင်ဆောင်လျက် တရားရုံး အဆောက်အဦရှေ့တွင် ရပ်ကာ ““အမှန်တရားပေါ်ပေါက် ရေး – ဒို့အရေး””၊ ““ဦးစိုးသိန်း လွှတ်မြောက်ရေး – ဒို့အရေး”” ဟူသော ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင် သော လုံခြုံရေးအဖွဲ့က လူစုခွဲရန်ပန်ကြားခဲ့မှုကြောင့် နေ့လည် ၁၂ နာရီခန့်တွင် မော်လမြိုင်မြို့တွင်းသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ နေရပ်သို့ ပြန်လည်ထွက်ခွါသွားကြောင်းသိရသည်။

ရန်ကုန်သို့ ဆေးလာကုသည့် ရှင်ဂမ္ဘီရကိုဖမ်းဆီး

 ဇာတိမိတ္ထီလာမြို့မှ ရန်ကုန်သို့ ဆေးလာကုသည့် ၂၀၀၇ ရွှေဝါရောင်အရေးအခင်း ဦးဆောင်သံဃာတော်တစ်ပါး ဖြစ်သူ ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင်ကို ယမန်နေ့ညနေ ၅နာရီခွဲက ထပ်မံဖမ်းဆီးလိုက်ကြောင်း သူ၏မိခင်က မဇ္ဈိမကို ပြောသည်။
 
ရှင်ဂမ္ဘီရ၏ သူငယ်ချင်းဖြစ်သည့် လှိုင်မြို့နယ်တွင် နေထိုင်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုညီညီဇော်၏အိမ်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
 
ရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင်ကို သင်္ကန်းကျွန်းရဲစခန်းမှ စခန်းမှုးနှင့် ရဲတပ်သားများက လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာစဉ်က မဂ္ဂင်ကျောင်းတိုက်၊ ခြောက်ထပ်ကြီးကျောင်းတိုက် နှင့် သန်လျင်မှ ဘုန်းကြီးကျောင်းတို့ကို အာဏာပိုင်မှ ချိတ်ပိတ်ထားသည့် သော့အား ရိုက်ချိုးဖျက်ဆီးမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေး ကဆိုသည်။

တစ်မူထူးခြားသော ရေငုပ်သင်္ဘော အီရန်ရေတပ်ပြသ

တစ်မူထူးခြားသော ရေငုပ်သင်္ဘော အီရန်ရေတပ်ပြသ


အီရန်ရေတပ်သည် ၎င်းတို့၏ တစ်မူထူးခြားသော စိမ်းပြာရောင်ခြယ်ထားသည့် Sina 7 အမည်ရှိ ရေငုပ် သင်္ဘောသစ်တစ်စင်းကို နိုဝင်ဘာနှောင်းပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်မှတစ်ဆင့် ပြည်သူများထံသို့ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့်အတွက်မည်သည့်စစ်တပ်ကမျှ
ရေငုပ်သင်္ဘောများကို စိမ်းပြာရောင်ခြယ်သခြင်းမရှိကြောင်း၊ သင်္ဘောတည်
ဆောက်သူများအနေဖြင့် အရောင်မှားယွင်းခြယ်သခဲ့ သည်ဟု ယူဆရကြောင်းနှင့် အဆိုပါအရောင်သည် သင်္ဘော ကို သမုဒ္ဒရာရေပြင်နှင့် သဟဇာတဖြစ်စေကာ အထောက် အပံ့ပေးနိုင်မည်ဟု  ယူဆဟန်တူကြောင်း Daily Mail က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဟော့ဇ်မုဇ်ရေလက်ကြားအနီးရှိ ဘန်ဒါအက် ဘက်စ်မှ  ထွက်လာသော Sina 7 နှင့် ဂါဒီအာ အမျိုးအစားရေငုပ် သဘောင်္နှစ်စင်းသည် နိုင်ငံ၏  စစ်တပ်အင်အားကို ကိုယ်စားပြုကြောင်း အီရန်နိုင်ငံက ပြောကြား သည်။

အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့ တည်ထောင်သည့် အချိန်မှစ၍ မိမိတို့အနေဖြင့် အခြားနိုင်ငံများမှ အကူအညီ ရယူခဲ့ခြင်း မရှိကြောင်း နိုင်ငံ၏ အင်အားလိုအပ်ချက်အတွက် မိမိတို့ကိုယ်တိုင်သာ ရပ်တည်လုပ်ဆောင် ခဲ့ကြောင်း ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် အီရန်ရေတပ် တပ်မှူး   ဟာဘီဘိုလာဆေယာရီက ပြောကြားခဲ့သည်။

Sina 7 သည် သင်္ဘော ဖျက်ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်းရှိပြီး ကာကွယ်ရေး မဟာဗျူဟာသစ်၏  အဓိကအချက်အချာဖြစ် ကြောင်း အီရန်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ထို့အပြင် ပြန်လည်မွမ်းမံထားသည့် ရှပ်ပြေးသင်္ဘော နှစ်စင်းကိုလည်း ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် ပြသခဲ့ကြောင်း သိရသည်။
အီရန်ရေတပ်သည် ၎င်းတို့၏ တစ်မူထူးခြားသော စိမ်းပြာရောင်ခြယ်ထားသည့် Sina 7 အမည်ရှိ ရေငုပ် သင်္ဘောသစ်တစ်စင်းကို နိုဝင်ဘာနှောင်းပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်မှတစ်ဆင့် ပြည်သူများထံသို့ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့်အတွက်မည်သည့်စစ်တပ်ကမျှ
ရေငုပ်သင်္ဘောများကို စိမ်းပြာရောင်ခြယ်သခြင်းမရှိကြေ
ာင်း၊ သင်္ဘောတည်
ဆောက်သူများအနေဖြင့် အရောင်မှားယွင်းခြယ်သခဲ့ သည်ဟု ယူဆရကြောင်းနှင့် အဆိုပါအရောင်သည် သင်္ဘော ကို သမုဒ္ဒရာရေပြင်နှင့် သဟဇာတဖြစ်စေကာ အထောက် အပံ့ပေးနိုင်မည်ဟု ယူဆဟန်တူကြောင်း Daily Mail က ပြောကြားခဲ့သည်။

ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား


ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအား တရားလိုနှင့် အမည်မသိသူ တစ်ဦးမှ ဒုရဲအုပ် အယောင်ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။
ငွေ ကျပ် ၁၅ သိန်း ကွာဟသည်ဟု စွပ်စွဲရုံဖြင့် အင်းစိန်ထောင်ထိ ပို့ပြီး ချုပ်နှောင်ထားသင့်ပါသလား။ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။
၂၀၁၂ ခုနှစ်က ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်။ အမှတ်(၄) ကျောက်တော်ကြီးလမ်း၊ ၊ မရမ်းကုန်းမြို့နယ် အဆောင် တစ်ခုတွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် မစုစုလိုင်အား ည(၈)နာရီ အချိန်တွင် အာရုဏ်ဦး ပီနံအိတ် ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်ခင်မျိုးဆွေနှင့် မိမိကိုယ်ကို ဘုရင့်နောင်ရဲစခန်းမှ ဒုရဲအုပ်ဆိုသူ တစ်ဦးက ငွေကြေးအလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲပြီး ဘုရင့်နောင် ရဲစခန်းသို့ လိုက်ခဲ့ပါဟု ဆိုကာ ခေါ်ဆောင်သွားခဲသည်ဟု သိရသည်။

ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှူ လက်မခံ

Photo: ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှူ လက်မခံ

TEXT SIZE
ဗွီအိုအေ (မြန်မာပိုင်း)

30.11.2012
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

"ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခညာဏ ဆားလင်းကြီး မြို့နယ်ကို အရေးပေါ် ဆရာဝန်ကြီးတွေ ဆေးကုသမှုခံယူနေပါတယ်။ ဘုရားကြီး အလယ်ထပ်ကြီး ဆရာတော် ဦးဝိသုဒ္ဓစာရ  ပြင်းပြင်းထန်ထန် ခံစားနေရတာ ဒကာကြီးတို့ မျက်မှောက် မြင်တဲ့အတိုင်းပါပဲ။ ဦးပါကရကတော့ မျက်စိပျက်မလား၊ ဘယ်လိုအခြေအနေလည်း မသိနိုင်သေးဘူး။"

ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ သံဃာတော်တွေထဲက တပါးဖြစ်တဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဆရာတော် ဦးတိက္ခဉာဏ ကတော့ မျက်ရည်ယိုဗုံးတွေ၊ မီးလောင်ဗုံးနဲ့ မီးခိုးဗုံးတွေ ပေါက်ကွဲခဲ့တဲ့ အခြေအနေနဲ့ သူ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အကြောင်းကို ခုလို မိန့်ပါတယ်။

"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "

မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ဒီသံဃာတော်တွေကို မိသားစုတွေနဲ့ အလှူရှင်တွေကပဲ အဓိက တာဝန်ယူ ကုသပေးနေတာ ဖြစ်ပါတယ်။ သံဃာတော်တချို့ ဟာ ခန္ဓာကိုယ်ရဲ့ တ၀က်နီးပါး၊ အတွင်းပိုင်း ကြွက်သား လောင်ကျွမ်းတဲ့အထိ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတာပါ။ ဒီလို သံဃာတော်တွေကို ကုသရေးမှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ကုသမှု လိုအပ်သလို ပြည့်စုံတဲ့ အစောင့်အရှောက်တွေလည်း အထူး လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က တစုံတရာ ဆေးဝါး နဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးတာမျိုး မရှိသလို မုံရွာ ဆေးရုံကြီးမှာ ဆေးဝါး ကုသခံနေရတဲ့ သံဃာတော်တွေကို အလှူရှင်တွေက ဆေးဝါးလှူဒါန်းချင်တာတောင်မှ လှူဒါန်းလို့မရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ သံဃာတော်တွေကို ဆေးဝါး လှူဒါန်းဖို့ သွားခဲ့တဲ့ နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"

အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်လို့လည်း ဦးကျော်သူက ပြောပါတယ်။

လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန် ရထားသူတွေကို မုံရွာနဲ့  မန္တလေးက ဒေသခံပြည်သူတွေနဲ့ လူမှုကူညီပေးရေး စေတနာ့ဝန်ထမ်း အဖွဲ့တွေက လိုအပ်တဲ့ ဆေးဝါး အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင် ဆန့်ကျင်ကန့်ကွက်ရေး သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင်ဒဏ်ရာရတဲ့ သံဃာတော်တစ်ပါး မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ်။

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မန္တလေး ပြည်သူ့ဆေးရုံကြီးမှာတော့ ဆေးကုသမှုခံနေတဲ့ သံဃာ ၄ ပါး ရှိပါတယ်။ ဒီသံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒဏ်ရာရခဲ့သူ ဖြစ်တဲ့ ရေတော်တိုက်က ဆရာတော် ဦးဝိသုတ က အခုလို မိန့်ပါတယ်။

ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်

Photo: ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်

    01 December 2012  | 
    
ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်သင့်ကလေးက ကျောင်းစာကို ကြိုးကြိုးစားစား လေ့လာပေမယ့် ကျောင်းတွင်းအဆင့်တွေ ကျနေရင်၊ လူမှုရေး ပျက်ကွက်နေရင် ဒါက သင့်ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အဟန့်အတားပေးနေတဲ့ အချက်သုံး ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့နဲ့ ထိတွေ့မိတဲ့ ကလေးတွေရဲ့ အိုင်ကျူအမှတ်ဟာ ငါးမှတ်နဲ့အထက် လျော့ကျမှုရှိတယ် လို့ လေ့လာမှုအရ သိရပါတယ်။ သူတစ် ပါးသောက်တဲ့ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များလေလေ၊ စာဖတ်နိုင်စွမ်းနဲ့ ကြောင်း ကျိုးဆင်ခြင်နိုင်စွမ်း လျော့ကျလေလေ ပဲ ဖြစ်ပါတယ်။ အိမ်မှာ စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရတာကြောင့် ကလေးတွေဟာ လေပြွန်ရောင်ရမ်းမှု၊ အဆုတ် ရောင်ရမ်း မှု၊ နားကိုက်တာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောဂါ ဝေဒနာတွေ ခံစားရတာကြောင့် ကလေးတွေ ကျောင်းပျက်ရတတ်ပါတယ်။

အိပ်စက်မှု ပြဿနာများ

ကလေး ၁၀ ရာခိုင်နှုန်းကျော်မှာ အိပ်စက်မှုဆိုင်ရာ ပြဿနာ တချို့အမျိုး အစားတွေဖြစ်ပေါ်နေကြောင်း လေ့လာ မှုအရ သိရပါတယ်။ အိပ်စက်မှုမှာ အဟန့် အတား ရှိတာက ကလေးတွေကို ပင်ပန်း စေပြီး နွမ်းနယ်စေကာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေတဲ့ အတွက် လေ့လာမှုမှာ အဟန့်အတားဖြစ် စေပါတယ်။ ကလေးတွေမှာ အဖြစ်များ ဆုံး အိပ်စက်မှုပြဿနာက အိပ်ပျော်နေ စဉ် အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်တဲ့ ပြဿနာပါ။ အာသီးကြီးတာနဲ့ နှာခေါင်းနောက်ဘက်ရှိ ဂလင်း(Adenoid) ကြီးတာကြောင့် ကလေးရဲ့ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့ကာ တစ်ညလုံး အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်နေ နိုင်ပါတယ်။ အဲဒီအခါ ကလေးရဲ့ ဖွံ့ဖြိုး နေဆဲ ဦးနှောက်က လိုအပ်တဲ့ အောက် ဆီဂျင် ပြတ်လပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ကလေးမှာ အိပ်စက်မှု ဆိုင်ရာ ဝေဒနာရှိရင် ကြီးနေတဲ့ အာသီးနဲ့ အဒီးနွိုက်ဂလင်းကို ကုသဖို့ ကလေးအ ထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

တီဗီအကြည့်များလွန်းခြင်း

ကလေးတွေ တီဗီအကြည့်များလွန်း ရင် ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်ကို ထိ ခိုက်စေနိုင်ပါတယ်။ တီဗီအစီအစဉ်တွေ က ကြည့်ရှုသူတွေရဲ့ အာရုံကို စက္ကန့်ပိုင်း အတွင်း ပြောင်းလဲစေတာကြောင့် ဦး နှောက်မှာ ပုံမှန်မဟုတ်တဲ့ ပြုပြင်မှု ဖြစ် စေပါတယ်။ တီဗီအစီအစဉ်တစ်ခုပြီး တစ်ခုပြောင်းတာက အာရုံစူးစိုက်နိုင်စွမ်း ကို ပြောင်းလဲမှု ဖြစ်စေပါတယ်။ တီဗီ ပိတ်ပြီး စာအုပ်ဖတ်ခိုင်းတာက ကလေးရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ပိုမိုကောင်းမွန် စေတာကို တွေ့ရှိရပါတယ်။

ဇွန်

အေးချမ်းမွန်မှ  Good Health တွင်ဖော်ပြသော သတင်းကို မူရင်း အတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Good Health
ကလေး၏မှတ်ဥာဏ်ကို ထိခိုက်စေသော အချက်သုံးရပ်သင့်ကလေးက ကျောင်းစာကို ကြိုးကြိုးစားစား လေ့လာပေမယ့် ကျောင်းတွင်းအဆင့်တွေ ကျနေရင်၊ လူမှုရေး ပျက်ကွက်နေရင် ဒါက သင့်ကလေးရဲ့ မှတ်
ဥာဏ်စွမ်းရည်ကို အဟန့်အတားပေးနေတဲ့ အချက်သုံး ခုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့

တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့နဲ့ ထိတွေ့မိတဲ့ ကလေးတွေရဲ့ အိုင်ကျူအမှတ်ဟာ ငါးမှတ်နဲ့အထက် လျော့ကျမှုရှိတယ် လို့ လေ့လာမှုအရ သိရပါတယ်။ သူတစ် ပါးသောက်တဲ့ ဆေးလိပ်ငွေ့နဲ့ ထိတွေ့မှု များလေလေ၊ စာဖတ်နိုင်စွမ်းနဲ့ ကြောင်း ကျိုးဆင်ခြင်နိုင်စွမ်း လျော့ကျလေလေ ပဲ ဖြစ်ပါတယ်။ အိမ်မှာ စီးကရက်မီးခိုးငွေ့ကို ရှူရှိုက်ရတာကြောင့် ကလေးတွေဟာ လေပြွန်ရောင်ရမ်းမှု၊ အဆုတ် ရောင်ရမ်း မှု၊ နားကိုက်တာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ရောဂါ ဝေဒနာတွေ ခံစားရတာကြောင့် ကလေးတွေ ကျောင်းပျက်ရတတ်ပါတယ်။

ယူလို့မကုန်နိုင်သော သင်ခန်းစာများနှင့် ပြည်မြန်မာ


ဆုံမှတ်တစ်ခုဆီမှ(သတိုး)





တကယ်တော့ ဒီနေရာလေးမှာ မ တစ်ယောက်ရှိ နေနှင့်ခဲ့လို့သာ ကျွန်မတို့တစ်တွေ နေပျော်ခဲ့ ကြခြင်းဖြစ်ပါသည်။ မဟုတ်လျှင်တော့ သည်နေရာလေးမှာ အကျယ်ချုပ် အကျဉ်းကျ နေသည်နှင့် မခြား စိတ်လေ ချောက်ချားစရာ ကောင်းနေမည်လားမသိ။
စရောက်သည့်နေ့ကစလို့ ကျင့်ကြံ လိုက်နာစရာ စည်းမျဉ်းများ၊ ရှောင်ရှားရမည့် အမူအကျင့်များ၊ အပြုအမူများ၊ အချိန်ဇယားများ စသည်ဖြင့် ခေါင်းနောက် စိတ်လေချင် စရာချည်းပင်။ ဆယ်တန်း စာမေးပွဲကြီးကို ထူးထူးချွန်ချွန် အောင်ချင်စိတ် တစ်ခုကြောင့်သာ သည်နေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ တကယ်ဆို ကျွန်မ မေမေနှင့် ခွဲချင်ခဲ့သည် မဟုတ်။ အတူနေစဉ်က သိပ်မတည့်လှသော ညီမလေးကိုလည်း ခုတော့ လွမ်းရ ကောင်းမှန်းသိနေပြီ။

တာဝန်တွေ ပိနေလို့ လုံးချင်း မရေးဖြစ်တဲ့ မစန္ဒာ




စာပေ လောကမှာ ၀တ္ထုတို ပေါင်းများစွာ အောင်မြင် ထင်ရှားခဲ့တဲ့ အပြင် လုံးချင်းဝတ္ထု များမှာလည်းရုပ်ရှင် ရိုက်ကူး ရသည်အထိ အောင်မြင်ခဲ့တဲ့ စာရေး ဆရာမ ကတော့ အမျိုးသား စာပေဆု များရှင် မစန္ဒာပဲ ဖြစ်ပါတယ်။
အရင်က မဂ္ဂဇင်း များမှာ ၀တ္ထုတိုတွေ ခပ်များများ တွေ့ခဲ့ရ ပေမဲ့ အခုတော့ ၀တ္ထုတိုလည်း မထွက်၊ လုံးချင်းလည်း မရေးဖြစ်တဲ့ စာရေး ဆရာမ မစန္ဒာကို ဘာကြောင့် မရေး ဖြစ်တာလဲလို့ စာဖတ်သူများ ကိုယ်စား မေးကြည့်ခဲ့ ပါတယ်။

ဆရာမ အခု နောက်ပိုင်းမှာ ၀တ္ထုတို တွေရော၊ လုံးချင်းပါ မရေး ဖြစ်တာ တွေ့ရတယ်၊ ဘာဖြစ်လို့ပါလဲ။
ပထမ မရေးဖြစ်တဲ့ အကြောင်းရင်း ကတော့  မေမေ နေမကောင်း တဲ့ အတွက် အချိန်ပေး ပြုစု နေရတာ ကြောင့် ၀တ္ထုတို၊ ၀တ္ထုရှည် ဘာမှကို မရေးဖြစ်တာ။ မေမေ ဆုံးသွားပြီး တဲ့နောက် စက်တင်ဘာလ အတွင်းက တော့ ၀တ္ထုတို နှစ်ပုဒ် ရေးဖြစ်ပါတယ်။ လုံးချင်း ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဆဋ္ဌဂံ က နောက်ဆုံးဆို တော့ လုံးချင်း မရေးဖြစ်တာ ၁၀ နှစ် ရှိသွားပြီပေါ့။

“နဂါးလှေပွဲ”




ha-28-11-3
အေဇာအေ......နောင်ဝေး....ဗမာပြည်ပေါ်နိုင်ငံရေး...ဗိုလ်အောင်ဆန်းက...အကြံဥာဏ်ပေး...ကြံတွေးဆယူ....တပ်နှင့်ပြည်သူ လက်တွဲကူ၍...လွတ်လပ်ရေးကို ရအောင်ယူခဲ့တယ်...အေ....နောင်...
ဟိုး... နှစ်ပေါင်း ၈၅၀ ကျော်ကာလ လွန်ခဲ့တဲ့ သက္ကရာဇ် ၅၁၅ ခုနှစ်ကတည်းက ပေါ်လာခဲ့တဲ့ မြန်မာပြည်တောင်ပိုင်းဒေသ တနင်္သာရီတိုင်း ဒေသကြီးအတွင်းက တနင်္သာရီဆိုတဲ့ ဒေသမှာ ရှိခဲ့တဲ့ အစဉ်အလာကြီးမားခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှုပြယုဒ် နဂါးလှေပွဲမှ အေဇာသီချင်းထဲက စာသားလေးတစ်ပုဒ်ပါ။ “မင်းစိုးပွဲစိုးနှင့် လွတ်လပ်ရေးပွဲ အထိမ်းအမှတ်ပွဲ” တွေမှာ ဆိုတီးကြတဲ့ နဂါးလှေပွဲက အေဇာသီချင်း တစ်ပုဒ်ပါ။ လွတ်လပ်ရေးနေ့ ပွဲတော်တွေမှာ နဂါလှေပွဲနှင့် ဆင်နွဲကြတဲ့အခါ တနင်္သာရီသားတွေရဲ့ လွတ်လပ်ရေးနှင့် လွတ်လပ်ရေးဖခင်ကြီးအတွက် ဂုဏ်ပြုအေဇာသီချင်း စာသားတစ်ပုဒ်ပါ။ ဒီနေရာမှာ အေဇာဆိုတာကတော့ နဂါးလှေလှော်ရာမှာ သုံးတဲ့သီချင်းပါ။

လက်ပန်းတောင်း စုံစမ်းရေးကော်မရှင်မှာ ၈၈မျိုးဆက်ကျောင်းသားများ မပါဝင်လို

လက်ပန်းတောင်း စုံစမ်းရေးကော်မရှင်မှာ ၈၈မျိုးဆက်ကျောင်းသားများ မပါဝင်လို

သမ္မတရုံးက မနေ့က အမိန့်ထုတ်ပြန်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ပါဝင်လိုတဲ့ဆန္ဒမရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လိုတဲ့ဆန္ဒမရှိရတာရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ဖေါ်ပြမထားပါဘူး။

ပြီးခဲ့တဲ့ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး ကြေးနီမိုင်းဆက်လက်ဆောင်ရွက်ဖို့ သင့် မသင့်၊ ဆန္ဒပြမှုထိန်းသိမ်းခဲ့တဲ့အပေါ် အခြေအနေမှန်တွေဖေါ်ထုတ်နိုင်ဖို့အတွက် လူပုဂ္ဂိုလ် ၃ဝ ပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးစစ်မြိုင်တို့ဖြစ်ကြပြီး၊ ၈၈မျိုးဆက် ကျောင်သားများအဖွဲ့က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့လည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။  

ကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာစံချိန်အတိုင်း စနစ်တကျဆောင်ရွက်မှု ရှိ မရှိ၊ စီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုး ဆိုးကျိုး သက်ရောက်မှုတွေ၊ ကြေးနီစီမံကိန်းကြောင့် နိုင်ငံတော်အကျိုး ရှိ မရှိ၊ စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒဖေါ်ထုတ်ရတဲ့အကြောင်းရင်းတွေ၊ ဆန္ဒဖေါ်ထုတ်မှုအပေါ် ထိန်းသိမ်းမှုနဲ့ သံဃာတော်တွေ ထိခိုက်ရတဲ့အပေါ် သုံးသပ်ချက်၊ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ရပ်ဆိုင်းဖို့ သင့် မသင့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်တွေ၊ ကော်မရှင်ရဲ့ အထွေထွေသုံးသပ်တင်ပြချက်နဲ့ အကြံပြုချက်တွေ စတာတွေ တင်ပြရမှာဖြစ်ပါတယ်။

ကော်မရှင်အစီရင်ခံစာကို ၂ဝ၁၂ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြရမှာဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
သမ္မတရုံးက မနေ့က အမိန့်ထုတ်ပြန်ခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ ပါဝင်လိုတဲ့ဆန္ဒမရှိကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လိုတဲ့ဆန္ဒမရှိရတာရဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ ဖေါ်ပြမထားပါဘူး။

ပြီးခဲ့တဲ့ဖြစ်ရပ်တွေနဲ့ စပ်လျဉ်းပြီး ကြေးနီမိုင်းဆက်လက်ဆောင်ရွက်ဖို
့ သင့် မသင့်၊ ဆန္ဒပြမှုထိန်းသိမ်းခဲ့တဲ့အပေါ် အခြေအနေမှန်တွေဖေါ်ထုတ်နိုင်ဖို့အတွက် လူပုဂ္ဂိုလ် ၃ဝ ပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌ၊ အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးစစ်မြိုင်တို့ဖြစ်ကြပြီး၊ ၈၈မျိုးဆက် ကျောင်သားများအဖွဲ့က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့လည်း အဖွဲ့ဝင်တွေအဖြစ် ပါဝင်ခဲ့ကြပါတယ်။

လွတ်လပ်သော သတင်းစာ သို့မဟုတ် နိုင်ငံရဲ့ ၀ိညာဉ် ပြည်သူရဲ့လိပ်ပြာ( မောင်သွေးချွန်)




thn-2-12-12-2
ပြည်သူတွေရဲ့ မျှော်လင့်ချက်ထဲမှာ လွတ်လပ်သော သတင်းစာ (၀ါ) ပုဂ္ဂလိကပိုင် သတင်းစာထုတ်ဝေရေးဟာ ထိပ်ဆုံးက ပါဝင်နေလျက်ရှိပါတယ်။ နေ့စဉ် သတင်းစာဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ပါပဲ။ နေ့စဉ် သတင်းစာဆိုတာ ခေတ်ပြိုင်ရက်စွဲ သမိုင်းလည်းဖြစ်ပါတယ်။ မနက်လင်းတာနဲ့ ပြည်သူတွေရဲ့ လက်ထဲ တစ်ပြိုင်တည်း ရောက်လာနိုင်တာ သတင်းစာပဲရှိပါတယ်။ သတင်းစာထဲ ကသတင်းတွေဆိုတာ ပြည်သူအချင်း ချင်း လက်ဆောင်ပါးလိုက်တဲ့ သတင်းစကားများပါပဲ။ တစ်မြို့တစ်ရွာ တစ်ကမ္ဘာစီပဲ ဝေးနေပါစေ၊ ပြည်သူအ ချင်းချင်း ပိုပြီးနီးကပ်အောင် ပိုပြီးရင်းနှီး၊ ပိုပြီးစည်းလုံးလာအောင် သတင်းစာက အောင်သွယ်ပေးနိုင်ပါတယ်။ လောကသုံးပါးမှာ ဖြစ်ပျက်နေတဲ့ အကောင်းအဆိုး အကြောင်းအကျိုးတွေကို ဒိုးဒိုးဒေါက်ဒေါက် သဘောပေါက် သိမြင်လာအောင် သတင်းစာက တစ်ခန်းတစ်ကဏ္ဍအားဖြင့် စွမ်းဆောင်ပေးနိုင်ပါတယ်။

အမေရိကန်တက္ကသိုလ် ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်း မြှင့်တင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်




24
အမေရိကန်တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ် IIE ဥက္ကဋ္ဌ Allan လာရောက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့် ရန်ကုန်တက္ကသိုလ်အား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ တက္ကသိုလ်ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ယင်းဝက်ဆိုက်၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အမေရိကန်နိုင်ငံအခြေစိုက် ထင်ရှားသည့် တက္ကသိုလ်များဖြစ်သော မက်ဆာချူးဆက်တက္ကသိုလ်၊ ဆမ်ဖို့ဒ်တက္ကသိုလ်၊ ၀ါရှင်တန်တက္ကသိုလ်၊ အရီဇိုးနားတက္ကသိုလ်၊ ဟာဝိုင်အီပစိဖိတ်တက္ကသိုလ်၊ ဘောလ်တက္ကသိုလ်၊ မြောက်အီလီနွိုက်တက္ကသိုလ်၊ မြောက်အရီဇိုးနားတက္ကသိုလ်နှင့် အမေရိကန် တက္ကသိုလ်များမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီး မည်သည့်တက္ကသိုလ်များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်သွားမည်ကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် သိရှိရဖွယ်ရှိကြောင်း သိရသည်။

သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား

Photo: သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား
  
SATURDAY, 01 DECEMBER 2012 15:24


ရွှေအင်ကြင်းရိပ်မွန်အိမ်ရာရှိ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးတို့အား အုတ်၊သဲ၊ကျောက်စရစ်တင် ကားတစ်စီးမှ ၀င်ရောက်တိုက်မှုအား တွေ့ရစဉ်

သဲ၊ကျောက်စရစ်တင် ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား ၀င်ရောက်တိုက်မှု ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ သံသုမာမီးပွိုင့်အတိုင်း မောင်းနှင်းလာသော  သဲ၊ကျောက်၊စရစ်တင် ကားတစ်စီးမှာ မီးပွိုင့်စိမ်းနေသဖြင့် အရှိန်ဖြင့်မောင်းနှင်မှု ပြုလုပ်ခဲ့ကြောင်း၊သို့သော် မီးပွိုင့်ကျော်ဖြတ်မည့်အချိန်တွင် မီးဝါသွားပြီး အရှိန်အား ထိန်းနိုင်ခဲ့ခြင်း မရှိတော့ကြောင်း၊ထို့ကြောင့် ယင်းကားမှာ ဝေဇယန္တာလမ်း ကွေ့ကြော ဘက်သို့ယူပြီး ရှောင်တိမ်းမှုပြုလုပ်ခဲ့သော်လည်း အရှိန်လွန်ကာ ပလတ်ဖောင်းပေါ် ကျော်တက်သွားပြီး သံသုမာ၊ဝေဇယန္တာ ယာဉ်ထိန်းရဲရုံးရှိ ခေါင်းမိုးအချို့နှင့် ရွှေအင်ကြင်းရိပ်ခွန်ရှိ အုတ်တံတိုင်းအချို့အား ၀င်ရောက်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Eleven Media Group
ရွှေအင်ကြင်းရိပ်မွန်အိမ်ရာရှိ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးတို့အား အုတ်၊သဲ၊ကျောက်စရစ်တင် ကားတစ်စီးမှ ၀င်ရောက်တိုက်မှုအား တွေ့ရစဉ်

သဲ၊ကျောက်စရစ်တင် ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား ၀င်ရောက်တိုက်မှု ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ သံသုမာမီးပွိုင့်အတိုင်း မောင်းနှင်းလာသော သဲ၊ကျောက်၊စရစ်တင် ကားတစ်စီးမှာ မီးပွိုင့်စိမ်းနေသဖြင့် အရှိန်ဖြင့်မောင်းနှင်မှု ပြုလုပ်ခဲ့ကြောင်း၊သို့သော် မီးပွိုင့်ကျော်ဖြတ်မည့်အချိန်တွင် မီးဝါသွားပြီး အရှိန်အား ထိန်းနိုင်ခဲ့ခြင်း မရှိတော့ကြောင်း၊ထို့ကြောင့် ယင်းကားမှာ ဝေဇယန္တာလမ်း ကွေ့ကြော ဘက်သို့ယူပြီး ရှောင်တိမ်းမှုပြုလုပ်ခဲ့သော်လည်း အရှိန်လွန်ကာ

ကျူးကျော်များကိုမြေပေးမည်ဟု လျှောက်လွှာရောင်းသူကိုNLD ပါတီဝင်များ ဖမ်းဆီး

ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦးဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီထံမှ စုံစမ်းသိရှိရသည်။

လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်

  လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းမှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချသည့် ဆန္ဒဖော်ထုတ်မှုကို ရဟန်းရှင်လူ အင်အား ၅၀ ခန့်က ယနေ့(ဒီဇင်ဘာလ ၁ရက်နေ့)ညနေ
၎နာရီ၂၀မိနစ်အချိန်တွင် မြေနီကုန်းလမ်းဆုံမှ ဗားကရာလမ်းအတိုင်း ကြည့်မြင့်တိုင်ဘက်သို့ ဦးတည်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်နေကြပြီး တရုတ်သံရုံးရှေ့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းလျောက်ဆန္ဒ ထုတ်ဖော်နေသူများသည် လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ၏ ဓါတ်ပုံများကိုင်ဆောင်ပြီး "လက်ပံတောင်းတောင်တွင် သံဃာတော်များ အကြမ်းဖက် ဖြိုခွင်းရသဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် " ဟုကြွေးကြော်လျက်ရှိကြောင်း သိရသည် —

  Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင် နိုင်ငံတော်သမ္မတ ဖွဲ့စည်း

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် ၉၂/၂၀၁၂ ဖြင့် ထုတ်ြ
ပန်ခဲ့သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ နိုင်ငံရေးပါတီခေါင်းဆောင် ၂ ဦး၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ၂ ဦး၊ အစိုးရ အရာရှိ ၈ ဦး၊ တပ်မတော်မှ အရာရှိကြီး ၁ ဦး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ၂ ဦး၊ စာရေးဆရာ ၁ ဦး၊ Myanmar Enviromental Institute မှ ၂ ဦး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်မှ ၁ ဦး၊ Myanmar Peace Centre မှ ၁ ဦးနှင့် ဒေသခံ ၃ ဦးတို့ပါဝင်ကြောင်း သိရသည်။

ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ

Photo: ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ

လဖိုင်| December 1, 2012 | Hits: 4,990

စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။

နေ့လည် ၂ နာရီတွင် သြ၀ါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော် အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာ အချိန်အတော်နောက်ကျမှ ကြွရောက်လာသည်။

အစီအစဉ်တွင် ဒဏ်ရာရ သံဃာအများစု ပါဝင်သည့် ဇောတိကကျောင်းတိုက်မှ ဆရာတော်ကို သြ၀ါဒပေးရန် ထည့်သွင်းခဲ့သော်လည်း ဆရာတော် ကြွရောက်လာခြင်း မရှိသဖြင့် အုတ်ကန်ကျောင်း ဆရာတော်က သြ၀ါဒပေးသည်။

စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက သပိတ်စခန်းမှ သံဃာတော်များကို လူစုခွဲရာတွင် လူအင်အားအနည်းဆုံး တတ်နိုင်သမျှ ထိခိုက်မူမရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးတို့ကိုသာ အသုံးပြုခဲ့သည်ဟု ပြောနေသည့် အချိန်တွင် ၀င်ရောက်နားထောင်နေသည့် ဒေသခံလူစုက ညာနေတာ၊ လိမ်နေတာဟု အသံပြုခဲ့ကြသည်။

သံဃာတော်များ နစ်နာစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ တာဝန်အရ လုပ်ဆောင်ရခြင်းဖြစ်သောကြောင့် မေတ္တာရှေ့ထားကာ ခွင့်လွှတ်ပါရန် ရဲမှူးကြီး ဦးစန်းယုက လျှောက်ထားခဲ့သည်။

ရဲမှူးကြီး ဦးစန်းယု ဆရာတော်များကို လျှောက်ထားအပြီးတွင် ဆေးရုံသို့ရောက်နေသည့် သံဃာများအတွက် လှူဖွယ်ပစ္စည်းများ ကပ်လှူသည့်အခါတွင် ၀င်ရောက် နားထောင်နေသည့် မုံရွာလူထု ၈၀ ကျော်က မကျေနပ်ကြောင်း ပြောဆိုကာ အခမ်းအနားပြုလုပ်နေသည့် သာသနာ့ဗိမာန်မှ ထွက်ခွာသွားခဲ့သည်။

“ဒါက ဆင်ခြေပေးတာပါ။ သူတို့ပြောချင်တာပြောတာ၊ ပြည်သူတွေက ဘာမှ မသိဘူး။ ဒီလိုမျိုး အခမ်းအနား လုပ်မယ်ဆိုတာလည်း မသိရပါဘူး။ ပင့်လာတဲ့ဘုန်းကြီးတွေကလည်း ဒီကိစ္စနဲ့ဘာမှ မပက်သက်တဲ့သူတွေ ” ဟု သာသနာ့ဗိမာန် အပြင်ဘက်သို့ အော်ဟစ်ကာထွက်လာသူ မုံရွာမြို့ခံတဦးက ပြောသည်။

“တောင်းပန်ပါတယ်၊ မှားပါတယ်လို့ တခွန်းမှ မပြောသွားဘူး။ ပြောတဲ့လေသံကလည်း မာထန်နေတာပဲ။ မီးခိုးဗုံးပဲ သုံးတယ်ဆိုရင် ဘယ်လိုလုပ် မီးလောင်တာလဲ။ ဒီလိုပြောတာတွေကို မုံရွာကလူတွေ လုံးဝလက်မခံသလို မကျေနပ်ဘူးလို့ ပြောပါရစေ” ဟု ယင်းမြို့ခံက ပြောသည်။

“ကန်တော့တောင်းပန်တဲ့သူတွေက အနောက်ဘက်ကမ်းက လူတွေ ပါ မပါ မသိဘူး ” ဟု ယင်းသြ၀ါဒခံယူပွဲသို့ တက်ရောက်လာသူ ရဲအရာရှိတဦးက ပြောသည်။ လက်ပံတောင်းတောင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးကြီး ဦးစန်းယုက “ဖြေဖို့ကို မရှိတာ” ဟု မီဒီယာများ၏ အမေးကို တုန့်ပြန်ခဲ့သည်။

“ဘုန်းကြီးတို့ လုံးဝလက်မခံပါဘူး။ သွားစရာအကြောင်းလဲ မရှိပါဘူး ” ဟု သပိတ်အောင်မြင်ရေးကော်မတီမှ ဆရာတော် ဦးတေဇက ပြောသည်။

ယင်းသြ၀ါဒခံယူပွဲနှင့်အပြိုင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို ရှုတ်ချသည့်လှုပ်ရှားမူ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သြ၀ါဒခံယူပွဲ ပြုလုပ်စဉ် ပြင်ပတွင် မုံရွာမြို့သားများက ၀ိုင်းအုံကြည့်ရှုခြင်းသာ ပြုလုပ်ခဲ့သည်။

ထိုသြ၀ါဒခံယူပွဲသို့ မုံရွာမြို့ပေါ်မှ ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး ဆရာတော်အပါး ၂၀ သို့ ဒဏ်ရာရ ကိုယ်တော်များအတွက် စောင်၊ သင်္ကန်းနှင့် တခြားပစ္စည်းများ လှူဒါန်းခဲ့သည်။


သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

အေးချမ်းမွန်မှ   ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီ
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို
မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။

နေ့လည် ၂ နာရီတွင် သြ၀ါဒခံယူပွဲဟု အမည်ပေးထားသည့် အစီအစဉ်သို့ ဆရာတော် အပါး ၂၀ ဖိတ်ခဲ့သော်လည်း ၁၀ ပါးသာ အချိန်အတော်နောက်ကျမှ ကြွရောက်လာသည်။

အစီအစဉ်တွင် ဒဏ်ရာရ သံဃာအများစု ပါဝင်သည့် ဇောတိကကျောင်းတိုက်မှ ဆရာတော်ကို သြ၀ါဒပေးရန် ထည့်သွင်းခဲ့သော်လည်း ဆရာတော် ကြွရောက်လာခြင်း မရှိသဖြင့် အုတ်ကန်ကျောင်း ဆရာတော်က သြ၀ါဒပေးသည်။

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော


Photo: မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြော

    01 December 2012  | 
    

မင်္ဂလာပွဲကို အချိန် မသတ်မှတ် ရသေးကြောင်း ဖြိုးကြီးပြောဒုတိယ တေးစီးရီးကို ပထမတေးစီးရီး ‘အင်္သချေ’ ထွက်ရှိပြီး ၉ နှစ်နီးပါး အကြာမှာ ထွက်ရှိလာတဲ့ တေးသံရှင်ဖြိုးကြီးရဲ့ ‘မမုန်းကြေး’ဟာလည်း အခြေအနေကောင်း နေပါတယ်။

”ဟိုနေ့က ချယ်ရီ FM ကိုသွားတော့လည်း ပရိသတ်တွေ သီချင်းတောင်းတာ ကြားရတယ်။ ပရိုမိုးရှင်းပွဲတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနားတွေမှာ လုပ်ခဲ့ တယ်။ ကျွန်တော် ရှိုးတွေမှာတော့ သီချင်းသစ်တွေမဆိုဖြစ်သေးဘူး။ ၂၇ ရက်၊ မေမြို့ ရှိုးမှာတော့ဆိုဖြစ်မယ်”လို့ပြောတဲ့ ဖြိုးကြီးကလတ်တလောမှာတော့လူကုန်ကူးမှုကာကွယ် တားဆီးရေး အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်တဲ့ Walkfree Organizationရဲ့ မြန်မာ သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းခံထားရပါတယ်။ ဖြိုးကြီးရဲ့ ဇနီးလောင်း ကလည်း MTV EXIT လူကုန်ကူးမှု ကာကွယ်တားဆီးရေးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက် ပေးဖြစ်နေတာကြောင့် ပရဟိတစုံတွဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်၊ ပြည်သူ့ ရင်ပြင်မှာကျင်းပမယ့် MTV EXITရဲ့ လူကုန်ကူးမှုပညာပေးဂီတပွဲမှာလည်း ပါဝင်ဖျော်ဖြေမယ့် ဖြိုးကြီးက အဲဒီနေ့ပွဲမှာတော့ ပရိသတ်နဲ့ အဆင်ပြေမယ့် သီချင်းမျိုးကို ရွေးချယ်သီဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒုတိယအခွေလည်း ထွက်ရှိပြီးပြီဖြစ် တဲ့ ဖြိုးကြီးက တတိယအခွေအတွက်လည်း ပြင်ဆင်နေပြီး သူကြိုက်တဲ့ အဆိုတော်တစ် ယောက်ရဲ့ သီချင်းတွေကိုစုပြီး ပြန်ဆိုတေး တစ်ခွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဖြိုးကြီးတို့ချစ်သူနှစ်ယောက်ရဲ့ မင်္ဂလာပွဲသတင်းကို လည်း ဘယ်တော့ကြားရ မလဲဆိုတော့ ”အခုလောလောဆယ်တော့ အချိန်က မသတ်မှတ်ရသေးဘူး။ နှစ်ယောက် စလုံးက ငယ်သူငယ်ချင်းဆိုပေမယ့် အခုမှ နှစ်ယောက် ပေါင်းပြီး ဘဝကို စတုန်းပဲရှိပါ သေးတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး”လို့ ဖြိုးကြီးတို့စုံတွဲက ပြောပြခဲ့ပါတယ်။

ရဲရဲ 

အေးချမ်းမွန်မှ   Popular News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Popular News
ဒုတိယ တေးစီးရီးကို ပထမတေးစီးရီး ‘အင်္သချေ’ ထွက်ရှိပြီး ၉ နှစ်နီးပါး အကြာမှာ ထွက်ရှိလာတဲ့ တေးသံရှင်ဖြိုး
ကြီးရဲ့ ‘မမုန်းကြေး’ဟာလည်း အခြေအနေကောင်း နေပါတယ်။

”ဟိုနေ့က ချယ်ရီ FM ကိုသွားတော့လည်း ပရိသတ်တွေ သီချင်းတောင်းတာ ကြားရတယ်။ ပရိုမိုးရှင်းပွဲတွေကတော့ ရန်ကုန်၊ မန္တလေး၊ ပျဉ်းမနားတွေမှာ လုပ်ခဲ့ တယ်။ ကျွန်တော် ရှိုးတွေမှာတော့ သီချင်းသစ်တွေမဆိုဖြစ်သေးဘူး။ ၂၇ ရက်၊ မေမြို့ ရှိုးမှာတော့ဆိုဖြစ်မယ်”လို့ပြောတဲ့ ဖြိုးကြီးကလတ်တလောမှာတော့လူကုန်ကူးမှုကာကွယ် တားဆီးရေး အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်တဲ့ Walkfree Organizationရဲ့ မြန်မာ သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းခံထားရပါတယ်။ ဖြိုးကြီးရဲ့ ဇနီးလောင်း ကလည်း MTV EXIT လူကုန်ကူးမှု ကာကွယ်တားဆီးရေးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက် ပေးဖြစ်နေတာကြောင့် ပရဟိတစုံတွဲလို့ ပြောရမှာ ဖြစ်ပါတယ်။

စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦး သေဆုံး

Photo: စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦး သေဆုံး

    01 December 2012  | 
    
စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦးသေဆုံးမရမ်းကုန်း မြို့နယ်နေ မပိုးပိုးမွန် အသတ် ခံရမှုဖြင့် မသင်္ကာ၍ ခေါ်ယူစစ် ဆေးခံရသူ

မျိုးမြင့်ဆွေ(ခ)ပြည်စိုး(ခ)ကု လားကြီး ဘုရင့်နောင် ရဲစခန်းဝင်း အတွင်း စစ်ဆေးနေစဉ် သေဆုံးသွားသဖြင့် ရဲဝန် ထမ်း ၁၁ ဦးမှာ အရေးယူခံရပြီး ၄င်း ရဲဝန်ထမ်း ၁၁ ဦးအနက် ၂ ဦးမှာ သေဆုံးသွားကြောင်း ရဲစခန်းဝင်း အတွင်း စစ်ဆေးစဉ် သေဆုံးသွားသူ၏ မိသားစု ဝင်များထံမှ သိရှိရသည်။ 

“ကုလားကြီးသေဆုံးမှုနဲ့ ပတ်သက် တဲ့ ရဲဝန်ထမ်း ၁၁ ဦးကို ရဲတရားရုံးက အရေးယူလိုက်တယ်၊ အဲဒီအထဲက ရဲ ၂ ယောက် သေသွားတယ်”ဟု မျိုးမြင့် ဆွေ (ခ) ပြည်စိုး (ခ)ကုလားကြီး၏ အစ်မ ဒေါ်တင်တင်အုန်းက ပြောသည်။

အဆိုပါ မျိုးမြင့်ဆွေ (ခ)ပြည်စိုး (ခ)ကုလားကြီးအား ဘုရင့်နောင်ရဲစခန်း မှ မပိုးပိုးမွန်အသက်ခံရမှုနှင့် မသင်္ကာ၍ ဇူလိုင် ၅ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့တွင် သေဆုံး သွားကြောင်း၊ မျိုးမြင့်ဆွေ (ခ) ပြည်စိုး (ခ) ကုလားကြီးသေဆုံးမှုကို မရမ်းကုန်း မြို့နယ် တရားရုံးမှ ပြစ်မှုထွေအမှတ် ၁၆၁/၁၂ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၇၄ အရ စစ်ဆေးခဲ့ကြောင်း ၄င်း က ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့တွင် မရမ်း ကုန်းမြို့နယ်တရားရုံးမှ သက်သေထွက် ဆိုချက်များ၊ ဆရာဝန်၏ထွက်ဆိုချက်များ၊ သက်သေခံ စာရွက်စာတမ်း၊ သက်သေခံ ဓာတ်ပုံမှတ်တမ်းများအရ ဒဂုံအရှေ့ပိုင်းမြို့ နယ်၊ ၁၅၆ ရပ်ကွက်နေ (ဘ) ဦးလှမြင့်၏သား သေဆုံးသူမျိုးမြင့်ဆွေ (ခ) ပြည်စိုး (ခ) ကုလားကြီးသည် ဓမ္မတာအတိုင်း သေဆုံးသည်ဟု တစ်ထစ်ချ ကောက်ယူ နိုင်ရန် ခဲယဉ်းကြောင်း မှတ်ချက်ပြု ဆုံးဖြတ်သည်ဟု ဖော်ပြပါရှိသည်။

“ကုလားကြီး အမှုနဲ့ ပတ်သက်တဲ့ ရဲတွကို ရဲတရားရုံးက ၁၉ ရက် ၁၀ လပိုင်းက အမိန့်ချတယ်၊ အားလုံး ရဲဝန် ထမ်း ၁၁ ဦး၊ အနောက်ပိုင်း ခရိုင်မှူးကြီး ဦးမျိုးအောင်ကို နေပြည်တော်ရဲချုပ်က ခေါ်ယူသတိပေးခဲ့တယ်၊ မင်ပြာတစ်ချက် ထိတယ်၊ အနောက်ပိုင်းခရိုင်ရုံး ဒုရဲ မှူး ငြိမ်းချမ်းအောင်ကို လုပ်သက် ၂ နှစ်လျှော့ ဧရာဝတီတိုင်းရွှေ့၊ အနောက်ပိုင်း ခရိုင် ရုံးက ဒုရဲအုပ်မျိုးညွန့်လူက လုပ်သက် ၂ နှစ်လျှော့ ရန်ကုန်တိုင်းရွှေ့၊ မရမ်းကုန်း မြို့နယ်မှူး ဦးကျော်ဇင်ဝင်းက မင်နီ ၅ချက်ထိ၊ ရာထူးရပ်ဆိုင်း၊ နယ် ပြောင်း၊ ပင်စင်ခံစားခွင့်မရှိ၊ ဘုရင့်နောင် စခန်း မှူး ရဲအုပ်ငွေစိုး ရာထူးလျှော့၊ စစ်တွေ ရဲတပ်ရင်း (၁၂) ပြောင်းရွှေ့၊ ဘုရင့်နောင် ရဲစခန်းက ဒုရဲအုပ် သက်ကိုကိုမောင်၊ ဒုရဲအုပ် ဇော်ထူး၊ ဒုရဲအုပ် ညွန့်ဝင်းထွန်း တို့ကို ၃ နှစ်လုပ်သက်လျှော့၊ ဘုရင့်နောင် ရဲစခန်းက ရဲတပ်ကြပ် အောင်နိုင်ဦး၊ ရဲတပ်ကြပ် ညီညီလွင်တို့ကို အမှုစစ်ဆေး နေစဉ် လုံခြုံရေးဖြစ်လို့ လုပ်သက် ၂ နှစ်လျှော့တယ်၊ အနောက် ပိုင်းခရိုင်က ရဲတပ်ကြပ်ဝင်းဇော်ကို အလုပ်က ရာသက်ပန် ထုတ်ပယ်လိုက်တယ်၊ အဲဒီ ၁၁ ဦးထဲက ရဲတပ်ကြပ် ဝင်းဇော်က ၁၆ ရက် ၁၀ လပိုင်းမှာ ရန်ကုန်ဆေးရုံကြီးမှာ ဆုံးတယ်၊ ရဲအုပ် ငွေစိုးက ၁၂ ရက် ၁၁ လပိုင်းမှာ စစ်တွေ ဆေးရုံမှာ ဆုံးသွားတယ်”ဟု မျိုးမြင့် ဆွေ၏ အစ်မ ဒေါ်တင်တင်အုန်းက နိုဝင်ဘာ ၂၂ ရက်တွင် ဆိုသည်။

အဆိုပါ ရဲတပ်ဖွဲ့များအား အရေး ယူမှုနှင့် ပတ်သက်၍ မျိုးမြင့်ဆွေ၏ မိသားစုများက အမှန်တရားကို ပေါ်လွင် စေချင်ကြောင်း၊ မတရားခံရမှုများကို အများပြည်သူများ သိစေချင်ကြောင်း ပြောဆိုခဲ့သည်။

တင်မောင်ထွေး

အေးချမ်းမွန်မှ  The Public Image 
 တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Public Image
စစ်ဆေးခံရသူ သေဆုံးမှုကြောင့် အရေးယူ ခံရသူ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးအနက် ၂ ဦးသေဆုံးမရမ်းကုန်း မြို့နယ်နေ မပိုးပိုးမွန် အသတ် ခံရမှုဖြင့် မသင်္ကာ၍ခေါ်ယူစစ် ဆေးခံရသူ

မျိုးမြင့်ဆွေ(ခ)ပြည်စိုး(ခ)ကု လားကြီး ဘုရင့်နောင် ရဲစခန်းဝင်း အတွင်း စစ်ဆေးနေစဉ် သေဆုံးသွားသဖြင့် ရဲဝန် ထမ်း ၁၁ ဦးမှာ အရေးယူခံရပြီး ၄င်း ရဲဝန်ထမ်း ၁၁ ဦးအနက် ၂ ဦးမှာ သေဆုံးသွားကြောင်း ရဲစခန်းဝင်း အတွင်း စစ်ဆေးစဉ် သေဆုံးသွားသူ၏ မိသားစု ဝင်များထံမှ သိရှိရသည်။

“ကုလားကြီးသေဆုံးမှုနဲ့ ပတ်သက် တဲ့ ရဲဝန်ထမ်း ၁၁ ဦးကို ရဲတရားရုံးက အရေးယူလိုက်တယ်၊ အဲဒီအထဲက ရဲ ၂ ယောက် သေသွားတယ်”ဟု မျိုးမြင့် ဆွေ (ခ) ပြည်စိုး (ခ)ကုလားကြီး၏ အစ်မ ဒေါ်တင်တင်အုန်းက ပြောသည်။

မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင်

Photo: မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် လွှတ်ဖို့ ပြင်ဆင် 

မြောက်ကိုရီးယားဟာ အာကာသ စူးစမ်းလေ့လာနိုင်မယ့် ဂြိုလ်တုတလုံးကို လာမဲ့ ဒီဇင်ဘာ ၁၀ရက်နဲ့ ၂၂ ရက်အတွင်းမှာ ပစ်လွှတ်မယ်လို့ ကိုရီးယားအာကာသနည်းပညာကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလက ပစ်လွှတ်ခဲ့တဲ့ ဂြိုလ်တုကတော့ မအောင်မြင်ခဲ့ဘဲ လပိုင်းအတွင်းမှာ အခုလို ဒုတိယအကြိမ် လွှတ်တင်ဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ သာမာန်အားဖြင့် ဆောင်းတွင်းကာလမှာ ပစ်လွှတ်လေ့ရှိပါဘူး။ ဂြိုလ်တုကို အာကာသ စူးစမ်းလေ့လာဖို့ ဂြိုလ်ပတ်လမ်းကြောင်းထဲကို ပစ်တင်မယ်လို့ ဆိုပေမဲ့ နိုင်ငံတကာကတော့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဗစ်တိုရီယာနိုလန်က နောက်ဒုံးကျည်ပစ်လွှတ်တဲ့လုပ်ရပ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လှုံခြုံရေးကို အတော့်ကိုစိန်ခေါ်လိုက်တာဖြစ်မယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားကို ဒုံးကျည်စမ်းသပ်ခွင့် ပိတ်ပင်ခံထားရတဲ့နိုင်ငံဖြစ်ပြီး ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်ကို ဖောက်ဖျက်တယ်လို့ ဆိုပါတယ်။

ဒီနျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် ရှိတဲ့မရှိရှိတာကို သုံးပြီး လုပ်မယ်ဆိုရင် မြောက်ကိုရီးယားဟာ ဒီထက်ပိုဆင်းရဲတွင်းနက်လာပြီး အထီးကျန်ဖြစ်စေလိမ့်မယ်လို့ လည်း မစ္စ နိုလန်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံအကြား ဆက်ဆံရေးထိခိုက်ခဲ့ပါတယ်။ မြောက်ကိုရီးယားကို အမေရိကန်နိုင်ငံက ပေးဖို့သဘောတူထားတဲ့ တန်ပေါင်းများစွာသော အစားအစာထောက်ပံ့ရေးအစီစဉ်လည်း ပျက်ပြားခဲ့ရပါတယ်။ 

မြောက်ကိုရီးယားကတော့ သူတို့ဟာ သိပ္ပံနဲ့ နည်းပညာ လေ့လာဖို့ ငြိမ်းချမ်းစွာ ပစ်လွှတ်တာဖြစ်ပြီး နိုင်ငံတကာရဲ့ သတ်မှတ်ချက်စံတွေကို အပြည့်အ၀ လိုက်နာတယ်လို့ တုန့်ပြန်ပါတယ်။

တောင်ကိုရီးနိုင်ငံကတော့ တာဝေးပစ်ဒုံးကျည်ကို သိပ္ပံနဲ့ နည်းပညာ လေ့လာရေး အမည်ခံ ပစ်လွှတ်တာ ဖြစ်တယ်လို့ ဆိုပြီး ဒီအတွက် အထူးစိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။ ဒီလုပ်ရပ်အတွက် ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။ 

မြောက်ကိုရီးယားဟာ ၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာလည်း အလားတူ ပစ်လွှတ်ပေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ (M)

အေးချမ်းမွန်မှ  Burma-Newselite တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Burma-Newselite
မြောက်ကိုရီးယားဟာ အာကာသ စူးစမ်းလေ့လာနိုင်မယ့် ဂြိုလ်တုတလုံးကို လာမဲ့ ဒီဇင်ဘာ ၁၀ရက်နဲ့ ၂၂ ရက်အတွင်းမှာ ပစ်လွှတ်မယ်လို့ ကိုရီးယားအာကာသနည်းပညာကော်မတီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ပစ်လွှတ်ခဲ့တဲ့ ဂြိုလ်တုကတော့ မအောင်မြင်ခဲ့ဘဲ လပိုင်းအတွင်းမှာ အခုလို ဒုတိယအကြိမ် လွှတ်တင်ဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။ သာမာန်အားဖြင့် ဆောင်းတွင်းကာလမှာ ပစ်လွှတ်လေ့ရှိပါဘူး။ ဂြိုလ်တုကို အာကာသ စူးစမ်းလေ့လာဖို့ ဂြိုလ်ပတ်လမ်းကြောင်းထဲကို ပစ်တင်မယ်လို့ ဆိုပေမဲ့ နိုင်ငံတကာကတော့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာဖြစ်မယ်လို့ ယူဆထားကြပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ကြီးမားသောရေခဲပြင်တစ်ခုတွေ့ရှိ

Photo: ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင် ကြီးမားသောရေခဲပြင်တစ်ခုတွေ့ရှိ

နေနှင့်အနီးဆုံး ဂြိုဟ်ပတ်လမ်းကြောင်းတွင် ရှိနေသည့် ဗုဒ္ဓဟူးဂြိုဟ်တွင် ကြီးမားသော ရေခဲပြင်တစ်ခုရှိကြောင်း သက်သေ အထောက်အထား သစ်တစ်ရပ်ကို သိပ္ပံပညာရှင်များက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။ 

တွေ့ရှိသော အချက်အလက်များ အရ ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်း ဒေသများတွင် ရေခဲပြင်ရှိနေကြောင်း ညွှန်ပြလျက်ရှိပြီး ယင်းရေခဲပြင်ပမာဏသည် အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ဒီစီမြို့ အရွယ်အစားခန့်ရှိပါက ရေခဲပြင်ထုသည် (၃ ဒသမ ၂ ကီလိုမီတာ) နှစ်မိုင်ကျော်အထူရှိမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ဗုဒ္ဓဟူးဂြိုဟ် လေ့လာမှုတွင် ပါဝင်သူ သုတေသနပညာရှင် ဒေးဗစ်လော့ရန့်စ်က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးဂြိုဟ်၏ လှည့်ပတ်နေသော ဝင်ရိုးသည် နေနှင့် အပြိုင်နီးပါးရှိ နေခြင်းကြောင့် ၎င်းဂြိုဟ်သည် အလွန်ပူပြင်း သော်လည်း ဂြိုဟ်၏ဝင်ရိုးစွန်းများသည် နေ၏ အပူလှိုင်းများ ရိုက်ခတ်မှုမရှိ ကြောင်း သိရသည်။
သိပ္ပံ ပညာရှင်များသည် ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်းများကို ကာလကြာရှည် လေ့လာမှုပြုခဲ့ရာမှ ယင်းဂြိုဟ်ပေါ်တွင် အေးခဲသောရေခဲပြင်နှင့် အခြားစိတ်ဝင် စားစရာပစ္စည်းများရှိနိုင်ကြောင်း သိရှိရသည်။ 

၁၉၉၁ ခုနှစ်တွင် ပေါ်တိုရီကိုရှိ စွမ်းအားမြှင့် တယ်လီစကုပ်ကို အသုံးပြု ၍ လေ့လာခဲ့ရာမှ ယင်းဂြိုဟ်၏ ဝင်ရိုးစွန်းတွင် တောက်ပသော အကွက်များကို တွေ့ရှိရသည်။ ၁၉၇ဝ ပြည့်နှစ်က ပြုလုပ်ခဲ့သည့် ဗုဒ္ဓဟူးဂြိုဟ်လေ့လာရေး မစ်ရှင်တွင် ကြီးမားသောချိုင့်ကြီးများကို တွေ့ရှိခဲ့သည်။ ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်းများကို လေ့လာမှုပြုရန်အတွက် ၂ဝ၁၁ ခုနှစ်ကပင် ယင်းဂြိုဟ်ပေါ်သို့ ဆင်းသက်ခဲ့သည့် MESSENGER အာကာသယာဉ်မှ ပထမဆုံးအကြိမ် ပေးပို့သည့် အချက်အလက်သစ်များ အရ ရေဒါပုံရိပ်တွင် ပေါ်လာသော ဝင်ရိုးစွန်းရှိ အရိပ်ကျနေသောနေရာ၌ တောက်ပသော အကွက်များသည် အေးခဲသော အရာများဖြစ်နိုင်ပြီး သီအိုရီအရ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ပေါင်းစပ်ပြီး ဖြစ်ပေါ်နေသည့် မော်လီကျူးအစုအဝေး ရေခဲပြင်များဖြစ်နိုင် ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ
နေနှင့်အနီးဆုံး ဂြိုဟ်ပတ်လမ်းကြောင်းတွင် ရှိနေသည့် ဗုဒ္ဓဟူးဂြိုဟ်တွင် ကြီးမားသော ရေခဲပြင်တစ်ခုရှိကြောင်း သက်သေ အထောက်အထား သစ်တစ်ရပ်ကို သိပ္ပံပညာရှင်များက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

တွေ့ရှိသော အချက်အလက်များ အရ ဗုဒ္ဓဟူးဂြိုဟ်၏ ဝင်ရိုးစွန်း ဒေသများတွင် ရေခဲပြင်ရှိနေကြောင်း ညွှန်ပြလျက်ရှိပြီး ယင်းရေခဲပြင်ပမာဏသည် အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ဒီစီမြို့ အရွယ်အစားခန့်ရှိပါက ရေခဲပြင်ထုသည် (၃ ဒသမ ၂ ကီလိုမီတာ) နှစ်မိုင်ကျော်အထူရှိမည်ဖြစ်ကြောင်း နာဆာအဖွဲ့၏ ဗုဒ္ဓဟူးဂြိုဟ် လေ့လာမှုတွင် ပါဝင်သူ သုတေသနပညာရှင် ဒေးဗစ်လော့ရန့်စ်က ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis