menu

Sunday 27 October 2013

လူကုန်ကူးမှုကို အနုပညာရှင်တို့က ဒီလိုမြင်ပါတယ်

ပုသိမ်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေး အခမဲ့ ဂီတဖျော်ဖြေပွဲ တခုကို သောကြာနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြခဲ့ပြီးပါပြီ။ 


ဒီပွဲမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်ကတွေ့ဆုံပြီး မေးမြန်းထားတာကို စုစည်း တင်ဆက်လိုက်ပါတယ်။

သမ္မတမည်သူ ဖြစ်မည်နည်းနှင့် ၅၉(စ) ပြင်ဆင်ရေး..... (ဒေါက်တာရန်မျိုးသိမ်း)

A-28-10B-28-10
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးခြားအရေးပါသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက်သည် သူမ၏မိတ်ဆွေ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဖြစ်နေခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်မားခြင်း ဖြစ်သည်။ သမ္မတမည်သူ ဖြစ်မည်ဆိုသော မေးခွန်း၏ အဖြေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ရွေ့မည်မျှ ပြင်ဆင်နိုင်သည်ကို ဦးစွာစောင့်ကြည့် ရမည်ဖြစ်သည်။ လက်ရှိ လွှတ်တော်နိုင်ငံရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်နေရာ အများစု ရရှိထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးသည် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့အပေါ် မူတည်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။

နေအိမ်များ ပြောင်းရွှေ့ပေးရမည် ဖြစ်၍ စိတ်ဓာတ်ကျကာ သုဝဏ္ဏအားကစားဝင်း အတွင်း အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အားကစားဝင်းအတွင်း သီးပင်စားပင်များ စိုက်ပျိုးရောင်းချသူ အမျိုးသမီးတစ်ဦးသည် စီးပွားရေး မပြေလည်သောကြောင့် အဆိပ်သောက်ကာ သေဆုံးခဲ့မှု အောက်တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက The Voice သို့ ပြောကြားသည်။
သေဆုံးသူ အသက် ၂၂ နှစ်အရွယ် မငြိမ်းသင်းမှာ သုဝဏ္ဏ အားကစားဝင်း အတွင်းတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကာ မိသားစု ငါးဦးနှင့်အတူ နေထိုင်ကြောင်း၊ ၎င်းတွင် အခြားသော လူမှုကိစ္စ ပြဿနာများ မကြားမိသောကြောင့် စီးပွားရေး အဆင်မပြေ၍ မိမိကိုယ်ကိုယ် သတ်သည်ဟု ယူဆရကြောင်း အဆိုပါ အားကစားဝင်းတွင် သီးပင်စားပင်များ စိုက်ပျိုးရောင်းချနေသူ ဦးတင်မျိုးဝင်းက ဆိုသည်။
သေဆုံးသူ မိသားစုမှာ ယခင်က ရန်ကင်းမြို့နယ် ဘောက်ထော် မှတ်တမ်းရုံးတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လခန့်မှစ၍ သုဝဏ္ဏ အားကစားဝင်းအတွင်းသို့ ပြောင်းရွှေ့လာခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ယခုစိုက်ပျိုးနေသည့် နေရာမှာ မြေနိမ့်ပိုင်း ဖြစ်သဖြင့် မိုးရာသီတွင် ရေဝပ်သောကြောင့် စိုက်ပျိုးရန် ခက်ခဲ့သည့်အတွက် စီးပွားရေး မပြေလည်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ပြင်ဆင်ရေး၊ အသွင်ကူးပြောင်းရေးနှင့် အချစ်မပါသော အိမ်ထောင်ရေး..(မှူးဇော်)

per_psyatkpy_HZ

နိဒါန်း

အမျိုးသားရေးနိုးကြားမှု အသွင်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မလား၊ အသစ်ရေးဆွဲမလား ဟူသည့် မေးခွန်းသည်လည်း လက်ရှိကြား သိရသည့် သတင်းများအရ ပြင်ဆင်ရေးလမ်းကြောင်း ကိုသာ သွားကြတော့မည့် သဘောသို့ တိမ်းညွတ်နေသည်။ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွဲ့စည်းဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်လမ်းကြောင်း ကသာ လျှောက်လှမ်းသွားမည့် ရည်မှန်းချက်ကို လူသိထင်ရှား ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖွဲ့စည်းအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေခံဥပဒေပါ ပေးထားချက်များအတိုင်း ဆောင်ရွက်သွားမည် ဟူ၍ ဖြစ်သည်။

အစောဆုံး ပြောကြားခဲ့သူ


နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ကျိန်ဆိုပြီး နိုင်ငံ့တာဝန်ကို လွှဲ ပြောင်းရယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာပင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ ပေးထားချက်အတိုင်း ပြင်ဆင်ကြရန် ထုတ်ဖော် ပြောကြားခဲ့သည်။ ဆိုရလျှင် နိုင်ငံတော်သမ္မတကြီး သည် စတင် တာဝန်ထမ်းဆောင်ချိန်မှာပင် ပြင်ဆင်ရေးလမ်းကြောင်းကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်သည်။ ပိုမိုထင်ရှားစေရန် အတွက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ကောက်နုတ်ချက်ကို အောက်ပါအတိုင်း ပြန်လည်ဖော်ပြလိုသည်။
“အမျိုးသား ပြန်လည် ပေါင်းစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ်(၇)ရပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်း ပြည်ပရှိ လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၊ ဥပဒေ ပြင်ပရှိ အဖွဲ့အစည်းများ ရှိနေကြပါတယ်။ ဒီပုဂ္ဂိုလ် အဖွဲ့အစည်းများဟာ မိမိတို့ နိုင်ငံသားများ ဖြစ်ကြပါတယ်။

မြို့ကြီးများနှင့် ကမ်းခြေများ ဟိုတယ် လုံခြုံရေးသင်တန်း တစ်ပြိုင်နက် ဖွင့်လှစ်မည်

Photo: မြို့ကြီးများနှင့် ကမ်းခြေများ ဟိုတယ် လုံခြုံရေးသင်တန်း တစ်ပြိုင်နက် ဖွင့်လှစ်မည်

မန္တလေး၊ အောက်တိုဘာ ၂၆

မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၁၃ မြို့နှင့် ကမ်းခြေများတွင် ဟိုတယ်လုံခြုံရေး သင်တန်းများကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ကို ပထမအကြိမ် ဟိုတယ် လုံခြုံရေးသင်တန်းကိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့က ငါးရက်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခု ဒုတိယအကြိမ်အဖြစ် ၁၃ မြို့နှင့် ကမ်းခြေသုံးခုတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ သင်တန်းအတွက် မန္တလေးမြို့တော် ဟိုတယ်များမှ ဟိုတယ် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူး အဆင့်ရှိသူများက တက်ရောက်နိုင်ပြီး ယင်းတို့မှတစ်ဆင့် မိမိလုပ်ကိုင်လျက်ရှိသော ဟိုတယ်များတွင် ဆင့်ကဲသင်တန်း ပေးသွားကြရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်မြေခံ ရဲတပ်ဖွဲ့၊ မှုခင်းရဲ တပ်ဖွဲ့ (CID) နှင့် ရဲအထူးတပ်ဖွဲ့ (Special Brand) တို့က သင်ကြား ပြသပေးမည် ဖြစ်ပြီး အဆိုပါ မြို့ ၁၃ မြို့နှင့် ကမ်းခြေများတွင် ငါးရက်တာ သင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကာ သင်တန်းသား အနည်းဆုံး ၃၀ မှ ၁၀၀ ဦးခန့်အထိ ဒေသအလိုက် တက်ရောက်ရန် မှန်းထားကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယင်းကဲ့သို့ သင်တန်းပေးမည့် မြို့နှင့် ကမ်းခြေများမှာ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မကွေး၊ စစ်တွေ၊ လားရှိုး၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ တောင်ငူ၊ ပြည်မြို့နှင့် ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငပလီကမ်းခြေ စသည်တို့တွင် ဟိုတယ်လုံခြုံရေး သင်တန်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။ 

ရန်ကုန်မြို့တော် ကုန်သည်ကြီးများ ဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အဆိုပါနေ့တွင် မန္တလေးမြို့တော် ရွှေဘဲ စားတော်ဆက်၌ လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။

မန္တလေး၊ အောက်တိုဘာ ၂၆

မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၁၃ မြို့နှင့် ကမ်းခြေများတွင် ဟိုတယ်လုံခြုံရေး သင်တန်းများကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ကို ပထမအကြိမ် ဟိုတယ် လုံခြုံရေးသင်တန်းကိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့က ငါးရက်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခု ဒုတိယအကြိမ်အဖြစ် ၁၃ မြို့နှင့် ကမ်းခြေသုံးခုတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အငြင်းပွားလယ် ထွက်ရှိစပါး KNU ခွဲပေးရန် တောင်းဆို


ထန်းတပင်၊ အောက်တိုဘာ ၂၆

တောင်ငူခရိုင် ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုတွင် အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် စိုက်ပျိုးထားသည့် လယ်ဧက ၅၀ မှ ထွက်ရှိမည့် စပါးတစ်ဝက်ကို ခွဲပေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) အမှတ် (၆) တပ်ရင်းက တောင်းဆို ခဲ့ကြောင်း ဒေသခံ တောင်သူများက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်က ထန်းတပင်မြို့နယ် ပျဉ်ဂန်းကျေးရွာ၌ အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် လယ်စိုက်ထားသည့် တောင်သူများကို ခေါ်ယူ တွေ့ဆုံ တောင်းဆိုခဲ့ရာတွင် KNU အမှတ် (၆) တပ်ရင်းက ဗိုလ်ကြီး ဖဒိုစောတောသာက စိုက်ထားသော လယ်များကို ရိတ်သိမ်းမည်ဆိုပါက စပါးတစ်ဝက် ခွဲပေးရန်နှင့် မပေးနိုင်ပါက ရိတ်သိမ်းခွင့်ပြုမည် မဟုတ်ဟု ပြောကြားကြောင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာနေ လယ်လေးဧကခန့် စိုက်ပျိုးထားသူ ဦးတင်ဦးက ပြောကြားသည်။

Eleven ရဲ့ ဝေဖန်ချက်ဆောင်းပါးကို ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တုံ့ပြန်

အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အဖြစ် ပြောင်းလဲမယ်လို့ ဆိုထားတဲ့ အစိုးရ သတင်းစာများဟာ အများပြည်သူ စိတ်ဝင်စားတဲ့ သတင်းများကို ဖော်ပြခြင်းမရှိဘူး၊ အရင်လိုပဲ  အစိုးရအာဘော် တခုတည်းကိုသာ ဖော်ပြနေတယ်လို့ စနေနေ့က  Eleven Daily ရဲ့ သတင်းဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။


အနီးကပ်ဆုံး ဥပမာအနေဖြင့် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲ သတင်းကို အစိုးရ သတင်းစာ သုံးစောင်စလုံးတွင် လုံးဝဖော်ပြခဲ့ခြင်း မရှိသည့်အပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ၀င်ရောက်အရွေး ခံတော့မည် မဟုတ်ကြောင်း သူရဦးရွှေမန်း၏ ပြောကြားချက်ကိုလည်း တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိခဲ့ချေ။ ထို့အတူ အောက်တိုဘာ ၂၄ ရက်မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အနေဖြင့် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ မကဘဲ ဗုဒ္ဓဘာသာဝင်များ အကြားတွင်ပါ ကြောက်ရွံ့မှုများ ရှိနေသည်ကို နားလည်ပေးဖို့ လိုကြောင်း အစရှိသော ပြောကြားချက်များကိုလည်း အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်
လို့ ထောက်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ချက်ချင်း တုံ့ပြန်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ တုံ့ပြန်ချက်ကို သူ့  ဖေ့စ်ဘုတ် ကနေ ကူးယူဖော်ပြလိုက်ပါတယ်။ 

လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့၊ မှန်ကန်သည့်စနစ် ချမှတ်ရန် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် သတိပေး

K-27-10
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ဆွေးနွေးစဉ်

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ ပိုင်ဆိုင်ရေးသည် ပညာရေးစနစ် မှန်ကန်မှုပေါ် မူတည်ပြီး လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့ဘဲ မှန်ကန်သည့်စနစ် ချမှတ်ရန် အလွန်အရေးကြီးကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က သတိပေး ပြောကြားသည်။
အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၏ အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ပေါ်ပေါက်လာ၍ အရည်အချင်း ပြည့်ဝသော နည်းပညာ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေး လက်တွေ့ကျစွာ ပုံဖော်မည့် အစီအစဉ်ဖြင့် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ပြောကြားခြင်းဖြစ်သည်။

အခြားနိုင်ငံများမှ ငါးခိုးရေယာဉ်များကို စစ်ဆေး အရေးယူရန် တပ်မတော်(ရေ)ကို စစ်ဆေးရေးမှူး အာဏာပေးအပ်ထား


မြန်မာ့ပင်လယ်ပြင်တွင် အခြားနိုင်ငံများမှ ငါးခိုးရေယာဉ်များကို စစ်ဆေးအရေးယူရန် တပ်မတော်(ရေ)ကို စစ်ဆေးရေးမှူးအာဏာ ပေးအပ်ထားသော်လည်း ကြီးကြပ်စစ်ဆေးသည့် လုပ်ငန်းများအား အချိန်ပေး ဆောင်ရွက်နိုင်မှု မရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ငါးလုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို ပြန်လည် ဖြေရှင်းရာတွင် ထည့်သွင်း ရှင်းလင်းထားသည်။

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်မှ ငါး/ပုစွန် သယံဇာတများ အတိုင်းအဆမရှိ ဆုံးရှုံးနေခြင်းမှာ ငါးလုပ်ငန်း စီမံခန့်ခွဲမှု အားနည်းခြင်း(သို့မဟုတ်) IUU(Illegal,Unreported,Unregulated) Fishing တရားမ၀င် ငါးဖမ်းဆီးခြင်းများကြောင့် ဖြစ်နိုင်ကြောင်း၊ ငါးလုပ်ငန်း စီမံခန့်ခွဲမှုကို ယခုထက်ပို၍ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် အကြံပြုချက်များသည် မှန်ကန်ကြောင်းကိုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနက ဖော်ပြခဲ့သည်။

တစ်ဝက်ပဲလား တစ်ဝက်ကြီးများတောင်မှနှင့် ပေါ်လီယာနာ...(မောင်သာချို)


(တစ်)
လူတို့ မည်ကဲ့သို့ တွေးခေါ်မြော်မြင်ကြသလဲဟူသည့် ကိစ္စနှင့်ပတ်သက်၍ လူသိအများဆုံးနှင့် အထင်ရှားဆုံး သာဓကဆောင်လေ့ရှိကြသည်မှာ ကော်ဖီတစ်ခွက်ပဲဖြစ်ပါသည်။ စာအုပ်တွေထဲမှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ရေးလေ့ရှိကြပါသည်။ ဟောပြောပို့ချမှုတွေထဲမှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ပြောလေ့ရှိကြပါသည်။ ကြော်ငြာဆိုင်းဘုတ် အကြီးကြီးတွေပေါ်မှာ သည်ကော်ဖီတစ်ခွက်အကြောင်းကို ထည့်ဆွဲလေ့ရှိကြပါသည်။
ကော်ဖီခွက်ကတစ်ခွက်။ အဲသည့် ကော်ဖီခွက်ထဲမှာရှိနေသည်က ကော်ဖီတစ်ဝက်။ ဒါကို ဘယ်လိုမြင်သလဲဆိုသည်က ကြည့်ရှုသူ၏ သဘောထားခံယူချက်။ တစ်ယောက်က ကော်ဖီကလည်း “တစ်ဝက်ပဲ” ရှိတော့တယ်ဟု မြင်သည်။ ဒါကို အဆိုးမြင်သည်ဟု၊ အဆိုးမြင်ဝါဒဟု တံဆိပ်ကပ်လေ့ရှိကြပါသည်။ ပက်စီမစ်ဇင် (passimism)တဲ့။ နောက်တစ်ယောက်ကမူ ဤသို့မဟုတ်။ ကော်ဖီတွေက “တစ်ဝက်ကြီးများတောင်မှ”ကျန်သေးတယ်ဟုမြင်သည်။ ယင်းကိုမူ အကောင်းမြင်သည်ဟု အကောင်းမြင်ဝါဒဟု တံဆိပ်ကပ်လေ့ရှိပါသည်။ အော့ပ်တစ်မစ်ဇင် (optimism)တဲ့။
လူတစ်ယောက်နှင့်လူတစ်ယောက် စိတ်အခံချင်း၊ ဉာဏ်အခံချင်းကွာကြရာ “တစ်ဝက်ပဲ”သမားများနှင့် “တစ်ဝက်ကြီးများတောင်မှ”သမားတို့ကလည်း ကွာခြားသွားကြလိမ့်မည်သာဖြစ်ပါသည်။ ဒါကသဘာဝ။
သို့သော် မည်သို့သောတွေးပုံ၊ မြင်ပုံမျိုးက မိမိကိုယ်တိုင်နှင့် လူ့လောကအတွက် ပိုပြီးအကျိုးများနိုင်သလဲဆိုသည်ကမူ အရေးကြီးပါသည်။

နိုင်ငံလုံးချီ အပစ်ရပ်ကြိုးပမ်းမှု အကြား မြန်မာ့တပ်မတော် နိုင်ငံတကာဇာတ်ခုံ စတက်မည်

pol_nnlcapykph_MMN

ပြုပြင် ပြောင်းလဲရေးကဏ္ဍ၏ ထူးခြားသော လက္ခဏာအဖြစ် မြန်မာ့တပ်မတော်မှာ နိုင်ငံတကာ စင်မြင့်သို့ ဝင်ရောက်ရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ တပ်မတော် အစိုးရလက်ထက်က မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျ စသောနိုင်ငံများက နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် မြန်မာ့တပ်မတော်ကို လေ့ကျင့် သင်ကြားပေးရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်ကို နိုင်ငံတကာ ဇာတ်ခုံပေါ်သို့ ပြန်လည် တက်ရောက်နိုင်ရန် လမ်းဖွင့်ခဲ့ကြသည်။
အဆိုပါ ကမ်းလှမ်းမှုများအနက် နောက်ဆုံး ကမ်းလှမ်းမှုများမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အချို့ကမူ စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်လျက် ရှိသည်။
“အမှန်တကယ်ကတော့ မလုပ်သင့်ဘူး။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ လုပ်နေတဲ့ ခုအချိန်မှာ ဒီလိုမျိုးတွေ စစ်အင်အားနဲ့ ပတ်သက်ပြီး အရည်အသွေးကော အရည်အချင်းတွေပါ တိုးချဲ့တာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး” ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO အတွင်းရေးမှူး ဦးခွန်သောမက်စ်က ဝေဖန်သည်။
ယင်းကဲ့သို့ တပ်မတော်ကို သီးသန့် စစ်အင်အားတိုးချဲ့ရန် ကူညီခြင်းသည် တိုင်းရင်းသားအားလုံး ပါဝင်မည့် ပြည်ထောင်စု တပ်မတော်ဖြစ်ရေးကို ဆန့်ကျင်သည့်သဘော သက်ရောက်သွားနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားသည်။

မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့်ပေးနေခြင်း မဟုတ်ဟု အမေရိကန် သံအမတ် ရှင်းလင်း


မြစ်ကြီးနား၊ အောက်တိုဘာ ၂၆

အမေရိကန် ပြည်ထောင်စုက မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့် ပေးနေသည်ဟု နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်း မြစ်ကြီးနား သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာဒဲရစ်မစ်ချယ်က ကချင်လူမှု အဖွဲ့အစည်းများနှင့် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်တွင် ရှင်းလင်းပြောကြားခဲ့သည်။
“တပ်မတော်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် အပိုင်းတွေကို သင်တန်းပေးခဲ့တာ ရှိပေမယ့် စစ်ရေးနဲ့ ပတ်သက်ပြီး ဘာပညာမှ မပေးခဲ့ဘူး ဆိုတဲ့အကြောင်း ရှင်းပြသွားတယ်” ဟု အမေရိကန် သံအမတ်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကချင်အမျိုးသားတစ်ဦးက ဆိုသည်။

ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့ရုံးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ယင်းတွေ့ဆုံပွဲ မတိုင်မီ အမေရိကန် သံအမတ်ကြီးသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ပြောဆိုခဲ့ကြောင်း၊ ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ရာတွင် အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လေ့လာလျက် ရှိသည်ဟု ပြောဆိုခဲ့ရုံ သာမက

ကချင်ဒေသအရေး အမေရိကန်သံအမတ်ကြီးနဲ့ စစ်တိုင်းမှူး ဆွေးနွေး

Photo: ကချင်ဒေသအရေး အမေရိကန်သံအမတ်ကြီးနဲ့ စစ်တိုင်းမှူး ဆွေးနွေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေးအခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ကချင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုပါ အလေးထားဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပြပါတယ်။

“တိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေအနေက ဒီလိုဒီလိုပဲ၊ အဲဒီမှာကျနော်တို့သွားတဲ့အခါ ဖြစ်ချင်တော့ တရုတ်နိုင်ငံကို တရားမဝင်ထုတ်မယ့်သစ်တွေ ပုံထားတယ်၊ ကျနော်တို့က ဖမ်းဆီးရမိတဲ့ အခြေအနေလေးတွေ ပြောပြလိုက်ပါတယ်၊ သံအမတ်ကြီးကပြောတယ် အောက်ခြေမှာတော့ ချွတ်ယွင်းမှုရှိမယ်ဆိုတာတော့ လက်ခံပါတယ်တဲ့၊ သူပြောတာက အချင်းချင်းလိုအပ်တဲ့ အကူအညီရှိရင်လည်းပြောဖို့ပေါ့၊ ဒါပေမယ့် အကောင်းဆုံးဖြစ်အောင် နှစ်ဖက်စလုံးက ဆောင်ရွက်ကြရမယ်တဲ့”

အမေရိကန်သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာအကြံပေး အလုပ်အဖွဲ့ ရုံးကိုသွားရောက်ပြီး ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

ဒါ့အပြင် အမေရိကန် သံအမတ်ကြီးဟာ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီ၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နဲ့ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ်ရဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ မြစ်ကြီးနားမြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီနေ့ မနက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ တွေ့ဆုံပြီး ကချင်ဒေသ ငြိမ်းချမ်းရေးအခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း ကချင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကိုပါ အလေးထားဆွေးနွေးခဲ့တယ်လို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် တပ်မတော်အရာရှိတစ်ဦးက RFA ကိုပြောပြပါတယ်။

“တိုက်ပွဲကိစ္စနဲ့ ပတ်သက်ပြီးတော့ အခြေအနေက ဒီလိုဒီလိုပဲ၊ အဲဒီမှာကျနော်တို့သွားတဲ့အခါ ဖြစ်ချင်တော့ တရုတ်နိုင်ငံကို တရားမဝင်ထုတ်မယ့်သစ်တွေ ပုံထားတယ်၊ ကျနော်တို့က ဖမ်းဆီးရမိတဲ့ အခြေအနေလေးတွေ ပြောပြလိုက်ပါတယ်၊

နေထိုင်စရာရရှိရေး ရန်ကုန်မြို့လယ်မှာ တောင်းဆိုဆန္ဒပြ

Photo: နေထိုင်စရာရရှိရေး ရန်ကုန်မြို့လယ်မှာ တောင်းဆိုဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မူလပေးထားတဲ့ ကတိအတိုင်းမဟုတ်ဘဲ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနက စီမံကိန်းနယ်မြေအတွင်းမှာ နေထိုင်နေသူတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ၆၇ ရပ်ကွက်က ဒေသခံ ဦးတော်မီက RFA ကိုပြောပါတယ်။

“အိုးအိမ်ဦးစီးဌာနကလူက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့နဲ့ ညှိနှိုင်းဖို့အချိန်မရှိဘူးတဲ့၊ ခင်ဗျားတို့နဲ့ ပြောလို့ရှိရင် ဒီနေ့တစ်နေကုန်ပြီးမှာ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့ကို ပြောခွင့်မပေးခဲ့ဘူး၊ သူတို့ကနေပြီးတော့မှ ကျနော်တို့ကို ဒီစီမံကိန်းဧရိယာအတွင်းကနေဖယ်ပေးဖို့ မဖယ်ပေးရင် တရားဥပဒေအတိုင်း အရေးယူမယ်ဆိုပြီး ကျနော်တို့ကို ခေါ်ယူပြီး အသိပေးခြိမ်းခြောက်လိုက်တာပေါ့၊ ကျနော်တို့ကလည်း တိုက်ခန်းရမှကျေနပ်နိုင်မယ်၊ မရင်ရင်မပြောင်းရွေ့နိုင်ဘူးလို့ ပြောပြီးတော့ အစည်းအဝေးကတော့ ပျက်သွားတယ်၊ ကျနော်တို့လည်း ပြန်လာခဲ့ကြတာပေါ့နော်၊ နောက်ဆက်တွဲ ကျနော်တို့ မကျေနပ်တဲ့အတွက်ကြောင့်မို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်”

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်ခန်းမမှာ အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနယ်မြေတွေမှာ ပါဝင်နေသူတွေ ရွှေ့ပြောင်းပေးဖို့နဲ့ စီမံကိန်းနယ်မြေနဲ့ လွတ်ကင်းရာမှာ လိုင်းခန်းတွေတည်ဆောက်ပေးပြီး စီမံကန်းလုပ်ငန်းခွင်မှာပဲ အလုပ်ခန့်အပ်ပေးအပ်သွားမယ်လို့ ကတိပေးခဲ့ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီတစ်ကြိမ် ဆန္ဒပြတောင်းဆိုတာဟာ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မြို့တော်ခန်းမအနီးမှာ ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မူလပေးထားတဲ့ ကတိအတိုင်းမဟုတ်ဘဲ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနက စီမံကိန်းနယ်မြေအတွင်းမှာ နေထိုင်နေသူတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ၆၇ ရပ်ကွက်က ဒေသခံ ဦးတော်မီက RFA ကိုပြောပါတယ်။

လက်ပံတောင်းတောင်အနီး လျော်ကြေးမယူထားသည့် စိုက်ခင်းများတွင် လမ်းဖောက်ခြင်း၊ သံဆူးကြိုး ကာခြင်းများ မပြုလုပ်ရန် ဒေသခံ တောင်သူများနှင့် ဒေသအာဏာပိုင်များ တွေ့ဆုံဆွေးနွေး

Photo: လက်ပံတောင်းတောင်အနီး လျော်ကြေးမယူထားသည့် စိုက်ခင်းများတွင် လမ်းဖောက်ခြင်း၊ သံဆူးကြိုး ကာခြင်းများ မပြုလုပ်ရန် ဒေသခံ တောင်သူများနှင့် ဒေသအာဏာပိုင်များ တွေ့ဆုံဆွေးနွေး

    Created on Saturday, 26 October 2013 17:43 

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်အနီး လျော်ကြေးငွေ ရယူခြင်း မရှိသော စိုက်ခင်းများတွင် ၀မ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ကာရံခြင်းနှင့် သံဆူးကြိုးများ ခတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူများနှင့် လက်ပံတောင်းတောင် ဒေသအာဏာပိုင်များ အောက်တိုဘာ ၂၅ ရက်နေ့က ဆည်တည်း-ဇီးတောကျေးရွာ ဆက်ဆံရေးရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အောက်တိုဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ လက်ပံတောင်းတောင် တောင်ဘက်က လိပ်ခွံတောင်အနားမှာ ၀မ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေ လာလုပ်ကိုင်လို့ လက်ပံတောင်းတောင် ဒေသခံ တောင်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်။ မြေတူးစက်တွေနဲ့ နှမ်းခင်းထဲမှာ လမ်းဖောက်တာကို ရွာကတောင်သူတွေ သွားတားတော့ ဘူဒိုဇာ စက်ကြီးက ပြန်ဆုတ်သွားတယ်။ အောက်တိုဘာ ၂၃ ရက်မှာ ဘူဒိုဇာတွေ လာမလုပ်ပေမယ့် လုံခြုံရေးတွေ အပြည့်ချထားပြီး တောင်သူတွေက အနားမှာ ယာထဲဆန္ဒပြရင်းနဲ့ တင်းမာမှု ဖြစ်ခဲ့တယ်။ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ လောက်ကစပြီး မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံရွာဒေသခံ ရွာသူရွာသားတွေ ဆန္ဒပြခဲ့ပါတယ်" ဟု လက်ပံတောင်းတောင် ဒေသခံ တစ်ဦးက ပြောပြသည်။

လက်ပံတောင်းတောင် ဒေသခံတောင်သူ ၂၀၀ ၀န်းကျင်သည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီမှ စတင်ကာ ဆည်တည်းရွာသစ် ဆက်ဆံရေးရုံးတွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

"လက်ပံတောင်းတောင်နားက ယာခင်းတွေမှာ လျော်ကြေးမယူပေမယ့် အခင်းထဲမှာ လမ်းဖောက်တာတွေ ဆူးကြိုးကာတာတွေ ခြံစည်းရိုးတိုင် ကာတာတွေက ၀မ်ပေါင်နဲ့ ဦးပိုင်က လာပြီးလုပ်တဲ့ ကိစ္စတွေကို မလုပ်ဖို့ တောင်းဆိုတဲ့ အနေနဲ့ ဆက်ဆံရေးရုံးမှာ သွားပြီးတောင်းဆိုခဲ့တယ်။ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်၊ နယ်လုံဝန်ကြီး ဦးကြည်နိုင်နဲ့ ခရိုင်က ဦးတင်ထွန်းတို့ ပါဝင်ဆွေးနွေးပါတယ်။ ဆွေးနွေးမှု အဖြေက ညနေပိုင်းအထိ ကောင်းကောင်းမရဘူး" ဟု တုံကျေးရွာ ဒေသခံတစ်ဦးက ပြောပြသည်။

အောက်တိုဘာလ ၂၂ ရက်က လိပ်ခွံတောင် အနီးတွင် ဒေသခံ တောင်သူများနှင့် လုံခြုံရေး တပ်ဖွဲ့များအား တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group<Thanks
https://www.facebook.com/excellencemedia
အောက်တိုဘာလ ၂၂ ရက်က လိပ်ခွံတောင် အနီးတွင် ဒေသခံ တောင်သူများနှင့် လုံခြုံရေး တပ်ဖွဲ့များအား တွေ့ရစဉ်

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်အနီး လျော်ကြေးငွေ ရယူခြင်း မရှိသော စိုက်ခင်းများတွင် ၀မ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ကာရံခြင်းနှင့် သံဆူးကြိုးများ ခတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူများနှင့် လက်ပံတောင်းတောင် ဒေသအာဏာပိုင်များ အောက်တိုဘာ ၂၅ ရက်နေ့က ဆည်တည်း-ဇီးတောကျေးရွာ ဆက်ဆံရေးရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အောက်တိုဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ လက်ပံတောင်းတောင် တောင်ဘက်က လိပ်ခွံတောင်အနားမှာ ၀မ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေ လာလုပ်ကိုင်လို့ လက်ပံတောင်းတောင် ဒေသခံ တောင်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်။ မြေတူးစက်တွေနဲ့ နှမ်းခင်းထဲမှာ လမ်းဖောက်တာကို ရွာကတောင်သူတွေ သွားတားတော့ ဘူဒိုဇာ စက်ကြီးက ပြန်ဆုတ်သွားတယ်။ အောက်တိုဘာ ၂၃ ရက်မှာ ဘူဒိုဇာတွေ လာမလုပ်ပေမယ့် လုံခြုံရေးတွေ အပြည့်ချထားပြီး တောင်သူတွေက အနားမှာ ယာထဲဆန္ဒပြရင်းနဲ့ တင်းမာမှု ဖြစ်ခဲ့တယ်။ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ လောက်ကစပြီး မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံရွာဒေသခံ ရွာသူရွာသားတွေ ဆန္ဒပြခဲ့ပါတယ်" ဟု လက်ပံတောင်းတောင် ဒေသခံ တစ်ဦးက ပြောပြသည်။

ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုကြောင့် ရပ်နားထားခဲ့ရသော မြန်မာ့လေကြောင်းပိုင် EMBRAER190 လေယာဉ် တစ်ပတ်ကျော်အထိ ပြုပြင်နိုင်ခြင်း မရှိသေး

Photo: ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုကြောင့် ရပ်နားထားခဲ့ရသော မြန်မာ့လေကြောင်းပိုင် EMBRAER190 လေယာဉ် တစ်ပတ်ကျော်အထိ ပြုပြင်နိုင်ခြင်း မရှိသေး

    Created on Saturday, 26 October 2013 18:31 

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းပိုင် ခရီးသည် ၁၀၀ ဆံ့ EMBRAER190 လေယာဉ်အမှတ် XY-AGQ သည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲနေစဉ် မြိတ်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာရာလမ်းတွင် လေယာဉ်ညာဘက်အင်ဂျင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှာ ထားဝယ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်လာခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိကြောင်း သိရသည်။ ၄င်းလေယာဉ်ကို ပြုပြင်ရန် ရန်ကုန်မှ အင်ဂျင်နီယာ အဖွဲ့များ ရောက်ရှိလာခဲ့ပြီး လေယာဉ်အား စစ်ဆေးပြီးနောက် အင်ဂျင်နီယာ အဖွဲ့များ ရန်ကုန်သို့ ပြန်သွားသော်လည်း လေယာဉ်အား ပြုပြင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် အဆိုပါ လေယာဉ်မှာ ထားဝယ်လေဆိပ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပြုပြင်နိုင်ခြင်း မရှိဘဲ ရပ်နားထားရကြောင်း သိရှိရသည်။ "လေယာဉ်စက်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ပြောကြားလို့ မရပါဘူး။ ရန်ကုန်က ဌာနချုပ်နဲ့ ဆက်သွယ်မေးမြန်းမှ ရပါမယ်။ လေယာဉ်ကတော့ ပြင်ဆင်ဖို့ စက်ပစ္စည်းတွေ မရှိသေးပါဘူး။" ဟု မြန်မာ့လေကြောင်း ထားဝယ်ရုံးခွဲမှ မန်နေဂျာက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ် စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များမှာ ထားဝယ်မြို့တွင် ညအိပ်ရပ်နားခဲ့ရပြီး နောက်တစ်နေ့တွင် ရန်ကုန်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

"မြိတ်ကနေထွက်ပြီး ထားဝယ်အလာမှာ လေယာဉ်က ငှက်အုပ်စုနဲ့ ၀င်တိုးမိလို့ လေယာဉ်ရဲ့ ညာဘက်အင်ဂျင် ချို့ယွင်းသွားတာလို့ ပြောပါတယ်။ လေယာဉ်ပြင်ဖို့ အင်ဂျင်နီယာတွေ ဒီကိုလာပြီတော့ ပြန်သွားပါပြီ။ ကြားရတာကတော့ လေယာဉ်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်း မရှိသေးဘူးလို့ သိရပါတယ်။ လေယာဉ်ကိုတော့ စစ်တပ်က လုံခြုံရေးယူပြီး ကင်းစောင့်နေပါတယ်" ဟု ထားဝယ်လေဆိပ်မှ လေဆိပ်ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ်ကို အောက်တိုဘာ ၂၅ ရက်နေ့အထိ ရပ်နားထားရဆဲဖြစ်ပြီး စက်အပို ပစ္စည်းများဖြင့် လာရောက်ပြုပြင်မှု မရှိသေးကြောင်း သိရသည်။

ထားဝယ်လေဆိပ်တွင် အင်ဂျင်ချို့ယွင်းမှုကြောင့်  ရပ်နားထားရသော EMBRAER 190 လေယာဉ်အမှတ် XY-AGQ အား တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group<Thanks
https://www.facebook.com/excellencemedia
ထားဝယ်လေဆိပ်တွင် အင်ဂျင်ချို့ယွင်းမှုကြောင့် ရပ်နားထားရသော EMBRAER 190 လေယာဉ်အမှတ် XY-AGQ အား တွေ့ရစဉ်

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းပိုင် ခရီးသည် ၁၀၀ ဆံ့ EMBRAER190 လေယာဉ်အမှတ် XY-AGQ သည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲနေစဉ် မြိတ်မြို့မှ ထားဝယ်မြို့သို့ ထွက်ခွာလာရာလမ်းတွင် လေယာဉ်ညာဘက်အင်ဂျင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပြီးနောက် လေယာဉ်မှာ ထားဝယ်လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်လာခဲ့ပြီး ခရီးသည်များ ထိခိုက်မှု မရှိကြောင်း သိရသည်။ ၄င်းလေယာဉ်ကို ပြုပြင်ရန် ရန်ကုန်မှ အင်ဂျင်နီယာ အဖွဲ့များ ရောက်ရှိလာခဲ့ပြီး လေယာဉ်အား စစ်ဆေးပြီးနောက် အင်ဂျင်နီယာ အဖွဲ့များ ရန်ကုန်သို့ ပြန်သွားသော်လည်း လေယာဉ်အား ပြုပြင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် အဆိုပါ လေယာဉ်မှာ ထားဝယ်လေဆိပ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပြုပြင်နိုင်ခြင်း မရှိဘဲ ရပ်နားထားရကြောင်း သိရှိရသည်။ "လေယာဉ်စက်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ပြောကြားလို့ မရပါဘူး။ ရန်ကုန်က ဌာနချုပ်နဲ့ ဆက်သွယ်မေးမြန်းမှ ရပါမယ်။ လေယာဉ်ကတော့ ပြင်ဆင်ဖို့ စက်ပစ္စည်းတွေ မရှိသေးပါဘူး။" ဟု မြန်မာ့လေကြောင်း ထားဝယ်ရုံးခွဲမှ မန်နေဂျာက ပြောကြားခဲ့သည်။ အဆိုပါလေယာဉ် စက်ချို့ယွင်းမှုကြောင့် ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များမှာ ထားဝယ်မြို့တွင် ညအိပ်ရပ်နားခဲ့ရပြီး နောက်တစ်နေ့တွင် ရန်ကုန်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

G.27.10.2013
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။
အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။
ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွားတာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်ကိုယ့် ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။
အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်းဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာ တွင်အစားထိုး၍ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်း ဆက်လက်ထုတ်ဝေ၍ ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့်

ကေအိုင်အေနှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက် ပြောကြား

M-27-10
အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ပြုလုပ်သော ကချင်ပြည်နယ် အခြေအနေဆိုင်ရာရှင်းလင်းပွဲ
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစုတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။
တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများကို လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် နေရာများတွင် အများစု ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။
ဒေါ်မေစံပယ်ဖြူက "ဒီတရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက် ကျွန်မတို့တွေဟာ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားတယ်လို့ ကျွန်မတို့က အဲဒီလိုပဲ ယူဆလို့ ရပါတယ်" ဟု ဆိုသည်။
ကေအိုင်အေနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက်ခုနစ်ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သော်လည်း ၁၀ ရက်ကျော် အကြာခန့်တွင် ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း၌ တိုက်ပွဲများ ဆက်တိုက်ပြန်လည် ဖြစ်ပွားခဲ့သည်။

ယခုနှစ်အတွင်း ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လာရောက်လေ့လာနေ

Photo: ယခုနှစ်အတွင်း ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လာရောက်လေ့လာနေ

    Created on Saturday, 26 October 2013 17:31 

ယခုနှစ် ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လေ့လာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပန်းဆိုးတန်း ဆိပ်ကမ်းဘက်မှ ဒလမြို့ တစ်ဖက်ကမ်းသို့ နိုင်ငံခြားသား ခရီးသွားဦးရေ နေ့စဉ်ပျမ်းမျှ ၈၀ ဦးခန့် လာရောက်နေပြီး အများစုမှာ ကိုရီးယား နိုင်ငံသားများဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) ရုံးမှ မန်နေဂျာဖြစ်သူ ဦးအေးမြင့်မောင်က ဆိုသည်။

ကိုရီးယား နိုင်ငံသားများသည် ဒလမြို့နယ်တွင်းရှိ ရာဇသင်္ကြန်ရပ်ကွက်၊ ရွှေစာရံ စေတီနှင့် ဈေးကြီးအတွင်းသို့ ဆိုက်ကားများနှင့် လှည့်လည်ကာ လည်ပတ်လေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ဒီရက်ပိုင်း အတွင်းမှာ ဒလမြို့ထဲကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေထဲမှာ ကိုရီးယားနိုင်ငံသား တော်တော်များလာတယ်။ သူတို့ရောက်လာပြီဆိုရင် အဖွဲ့လိုက် ဆိုက်ကားတွေနဲ့ မြို့အနှံ့ခြံတွေကို လိုက်ကြည့်ကြတယ်။ တကယ်ဆိုရင် ကျွန်တော်တို့မြို့မှာ ဘာမှလည်ပတ်စရာ နေရာမရှိဘူး။ မြေတွေပဲ ရှိပါတယ်" ဟု ရာဇသင်္ကြန် ရပ်ကွက်တွင် နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသည့် ဒေသခံတစ်ဦးက ဆိုသည်။

ဒလမြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "မြို့ထဲကိုတော့ ကိုရီးယားမှ မဟုတ်ပါဘူး။ တခြားနိုင်ငံသားတွေလည်း လာရောက်လည်ပတ် ကြပါတယ်။ ဒါပေမဲ့ ကိုရီးယားတွေ အခုတလော အ၀င်အထွက် များလာတာကိုတော့ သတိထားမိတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မပြောတတ်ပါဘူး" ဟု ပြောကြားသည်။

ဒလမြို့အား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ပေးမည် ဖြစ်သောကြောင့် ယခုကဲ့သို့ ကိုရီးယား လူမျိုးများ ဒလအိမ်ခြံမြေ ဈေးကွက်ကို လာရောက်ကြည့်ရှုခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။ ထို့ပြင် ကိုရီးယားနိုင်ငံမှ ဒလမြို့တွင် စက်မှုဇုန်တစ်ခု တည်ထောင်ရန် စိတ်ဝင်စားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

မြေကွက်များကို အ၀ယ်လိုက်ရာတွင် မြေပွဲစားများနှင့် ငွေကြေးတတ်နိုင်သူများ၏ ကိုယ်စားလှယ်များက အဓိက ပါဝင်နေကြောင်း အိမ်ခြံမြေ ပွဲစားများထံမှ သိရသည်။

ဒလမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "အခုတလော နိုင်ငံခြားသားတွေ အ၀င်များလာတာက ပွင့်လင်းရာသီ ရောက်လာတာနဲ့ ဆိုင်တယ်ထင်တယ်။ ဒါပေမဲ့ ကိုရီးယားလူမျိုး ၀င်ရောက်မှုကတော့ များလာတယ်။ အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှာ လာပြီးစုံစမ်းတာတော့ မရှိသေးပါဘူး။ သူတို့အနေနဲ့ ရန်ကုန်နဲ့နီးတဲ့ ဒလကို ကျေးလက်အရသာ ခံစားချင်တဲ့ အနေနဲ့ ရောက်လာတာလည်း ဖြစ်နိုင်သလို မြေကွက်တွေကို စိတ်ဝင်စားလို့ လာလေ့တာလည်း ဖြစ်နိုင်တယ်" ဟု ပြောကြားသည်။

"ကျွန်တော် သိရသလောက်တော့ မြေကွက်တွေ လိုက်ဝယ်နေတဲ့ထဲမှာ တရုတ်လူမျိုးတွေလည်း ပါလာတယ်။ စကားပြန်တွေနဲ့ လာကြည့်ကြတာ။ ကျွန်တော့်ခြံဘေးက ခြံကိုတောင် တရုတ်ကြီးတစ်ယောက် ၀ယ်ထားပြီးပြီ။ သူတို့ ဘယ်ကလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ မြေကွက်တွေရဲ့ဈေးက နည်းနည်းငြိမ်လာတယ်" ဟု ဒလမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာတွင် နေထိုင်သော ဒေသခံ တစ်ဦးကဆိုသည်။

ရန်ကုန် ပန်းဆိုးတန်း ဆိပ်ကမ်းမှ ဒလမြို့ တစ်ဖက်ကမ်းသို့ နိုင်ငံခြားသား တစ်ဦးလျှင် ရေယာဉ်အသုံးပြု လက်မှတ်ခ နှစ်ဒေါ်လာ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။

ဒလမြို့နယ်ဘက်သို့ လာရောက်လည်ပတ်နေသော ကိုရီးယား လူမျိုးများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အေးချမ်းမွန် Credit To > Eleven Media Group<Thanks
https://www.facebook.com/excellencemedia
ဒလမြို့နယ်ဘက်သို့ လာရောက်လည်ပတ်နေသော ကိုရီးယား လူမျိုးများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ယခုနှစ် ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လေ့လာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပန်းဆိုးတန်း ဆိပ်ကမ်းဘက်မှ ဒလမြို့ တစ်ဖက်ကမ်းသို့ နိုင်ငံခြားသား ခရီးသွားဦးရေ နေ့စဉ်ပျမ်းမျှ ၈၀ ဦးခန့် လာရောက်နေပြီး အများစုမှာ ကိုရီးယား နိုင်ငံသားများဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) ရုံးမှ မန်နေဂျာဖြစ်သူ ဦးအေးမြင့်မောင်က ဆိုသည်။

ကိုရီးယား နိုင်ငံသားများသည် ဒလမြို့နယ်တွင်းရှိ ရာဇသင်္ကြန်ရပ်ကွက်၊ ရွှေစာရံ စေတီနှင့် ဈေးကြီးအတွင်းသို့ ဆိုက်ကားများနှင့် လှည့်လည်ကာ လည်ပတ်လေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"ဒီရက်ပိုင်း အတွင်းမှာ ဒလမြို့ထဲကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေထဲမှာ ကိုရီးယားနိုင်ငံသား တော်တော်များလာတယ်။ သူတို့ရောက်လာပြီဆိုရင် အဖွဲ့လိုက် ဆိုက်ကားတွေနဲ့ မြို့အနှံ့ခြံတွေကို လိုက်ကြည့်ကြတယ်။ တကယ်ဆိုရင် ကျွန်တော်တို့မြို့မှာ ဘာမှလည်ပတ်စရာ နေရာမရှိဘူး။ မြေတွေပဲ ရှိပါတယ်" ဟု ရာဇသင်္ကြန် ရပ်ကွက်တွင် နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသည့် ဒေသခံတစ်ဦးက ဆိုသည်။

နေပြည်တော်၊ သီရိရတနာအဆင့်မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

Photo: နေပြည်တော်၊ သီရိရတနာအဆင့်မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

    Created on Sunday, 27 October 2013 01:26 

အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ကျွမ်းရတာက ဘဏ်ဆိုင်းဘုတ်မှာ ထွန်းထားတဲ့ မီးလုံးတွေ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာပါ။ တခြားနေရာတွေတော့ မလောင်ကျွမ်း ခဲ့ပါဘူး”ဟု အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခွဲကပြောကြားသည်။

ယင်းမီးလောင်ကျွမ်းမှုနေရာသို့ နေပြည်တော်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၆ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃၉ ဦးရောက်ရှိ ငြိမ်းသတ်ခဲ့ကြ ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘဏ်ဆိုင်းဘုတ်မှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်း မှူး ရဲမှူးညီညီဝင်းက “ဆိုင်းဘုတ်ကိုပဲ မီးလောင်ကျွမ်းသွားခဲ့တာပါ။ အခြားငွေကြေးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဘာတစ်ခုမှ လောင်ကျွမ်းဆုံးရှုံးမှု မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဘဏ်လုံခြုံရေးတာဝန်ရှိသူအား ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ (ပ) ၁၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group<Thanks
https://www.facebook.com/excellencemedia
မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ်

အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ကျွမ်းရတာက ဘဏ်ဆိုင်းဘုတ်မှာ ထွန်းထားတဲ့ မီးလုံးတွေ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာပါ။ တခြားနေရာတွေတော့ မလောင်ကျွမ်း ခဲ့ပါဘူး”ဟု အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခွဲကပြောကြားသည်။

ယာဉ်တိုက်မှုကျူးလွန်ပြီး ဒဏ်ရာရသူကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးမည် ဆိုပါက အဆိုပါ ယာဉ်မောင်းအတွက် တရားရုံးတွင် ကျေအေးခွင့် ရနိုင်မည်

Photo: ယာဉ်တိုက်မှုကျူးလွန်ပြီး ဒဏ်ရာရသူကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးမည် ဆိုပါက အဆိုပါ ယာဉ်မောင်းအတွက် တရားရုံးတွင် ကျေအေးခွင့် ရနိုင်မည်

    Created on Saturday, 26 October 2013 17:35 

မော်တော်ယာဉ်ဖြင့် မတော်တဆ တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသည့် လူနာကို နီးစပ်ရာ ဆေးရုံသို့ တာဝန်သိစွာ ပို့ဆောင်ပေးခဲ့သူ ယာဉ်မောင်းမှာ တရားရုံးတွင် ကျေအေးခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။

ယင်းကဲ့သို့ တာဝန်သိတတ်မှုရှိသည့် ယာဉ်မောင်းများမှာ တရားရုံး၌ တရားရင်ဆိုင် နေစဉ်တွင် တစ်ဖက်လူ၏ သဘောတူညီချက်နှင့်အတူ ကျေအေးခွင့် ရရှိနိုင်မည် ဖြစ်သော်လည်း လူသားချင်း စာနာမှု မရှိသည့် ယာဉ်မောင်းများကို ထိရောက်စွာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်နှင့်စပ်ဆက် မတော်တဆ ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ယာဉ်မောင်း ၁၀ ရာခိုင်နှုန်းကျော်မှာ တိုက်ပြီးထွက်ပြေးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။

"အဲလိုမျိုး တာဝန်မယူဘူး၊ တာဝန်မခံဘူး၊ တာဝန်မဲ့စွာနဲ့ တိုက်ပြီးထွက်ပြေးတဲ့ ယာဉ်မောင်းတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်။ ဒါ့အပြင် လိုင်စင်တစ်နှစ် ပိတ်သွားမယ်။ အဲ့လိုထွက် ပြေးသွားတဲ့ ယာဉ်တွေကိုလည်း ကားနံပါတ်၊ ကားအမျိုးအစားတွေ သိရုံနဲ့ ချက်ချင်းဖမ်းဆီးလို့ ရပါတယ်။ ဒီလိုဖြစ်စဉ်တွေ အများစုက ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေနဲ့ ပတ်ဝန်းကျင်မှာ လူသွားလာမှု မရှိတဲ့ နေရာတွေ အများစု ဖြစ်နေပါတယ်။ ယာဉ်နဲ့တိုက်မိတဲ့လူကို လူသားချင်း စာနာစိတ်နဲ့ နီးစပ်ရာဆေးရုံကို ပို့ပေးမယ်။ အဲ့လူကလည်း မသေဘူး။ ဒဏ်ရာရရှိသွားတဲ့ လူနာဘက်ကလည်း ကျေနပ်မှု ရှိမယ်ဆိုရင်တော့ တရားရုံးမှာ ကျေအေးခွင့် ရရှိနိုင်မယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

လူသားချင်း စာနာစိတ်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာတွင် လူနာအား နီးစပ်ရာ ဆေးရုံနှင့် သက်ဆိုင်ရာသို့ အကြောင်းကြားမှု မရှိသည့် ဖြစ်စဉ်အချို့တွင် ဒဏ်ရာရရှိခဲ့သည့် လူနာများ မသေသင့်ဘဲ သေဆုံးနေရကြောင်း သိရသည်။ 


ရန်ကုန်မြို့ ကမ်းနားလမ်းတွင် စက်တင်ဘာ ၈ ရက်က လူတစ်ဦးအား ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်တိုက်မှု ဖြစ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)


အေးချမ်းမွန် Credit To > Eleven Media Group<Thanks
https://www.facebook.com/excellencemedia
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် စက်တင်ဘာ ၈ ရက်က လူတစ်ဦးအား ယာဉ်ဖြင့်တိုက်ပြီး ထွက်ပြေးသည့် ယာဉ်တိုက်မှု ဖြစ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

မော်တော်ယာဉ်ဖြင့် မတော်တဆ တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသည့် လူနာကို နီးစပ်ရာ ဆေးရုံသို့ တာဝန်သိစွာ ပို့ဆောင်ပေးခဲ့သူ ယာဉ်မောင်းမှာ တရားရုံးတွင် ကျေအေးခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ဆိုသည်။

ယင်းကဲ့သို့ တာဝန်သိတတ်မှုရှိသည့် ယာဉ်မောင်းများမှာ တရားရုံး၌ တရားရင်ဆိုင် နေစဉ်တွင် တစ်ဖက်လူ၏ သဘောတူညီချက်နှင့်အတူ ကျေအေးခွင့် ရရှိနိုင်မည် ဖြစ်သော်လည်း လူသားချင်း စာနာမှု မရှိသည့် ယာဉ်မောင်းများကို ထိရောက်စွာ ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ နေ့စဉ်ဖြစ်ပွားနေသော ယာဉ်နှင့်စပ်ဆက် မတော်တဆ ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ယာဉ်မောင်း ၁၀ ရာခိုင်နှုန်းကျော်မှာ တိုက်ပြီးထွက်ပြေးခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးထံမှ သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis