menu

Monday 26 March 2012

အာဏာသိမ်းမှုဖြစ်ခဲ့သော မာလီနိုင်ငံကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်း




မာလီနိုင်ငံမြို့တော် ဘာမာကိုတွင် ဒေသခံများ သွားလာနေမှုကို မတ်လ ၂၅ ရက်က တွေ့ရစဉ်
အာဏာသိမ်းမှု ဖြစ်ခဲ့သော မာလီကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း မတ်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။ အီသီယိုးပီးယားနိုင်ငံ မြို့တော် Addis Ababa တွင် အာဖရိကသမဂ္ဂက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လိုအပ်ပါက အိုင်ဗရီကို့စ်နိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူသည့် ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမည်ဟု သမဂ္ဂဥက္ကဋ္ဌ Jean Ping က ပြောကြားခဲ့သည်။
မာလီအစိုးရထံ အမေရိကန် ဒေါ်လာသန်း ၁၄၀ ခန့် နှစ်စဉ် အကူအညီပေးနေသော အမေရိကန်ကလည်း အာဏာသိမ်းမှုကြောင့် အကူ အညီပေးမှုအပေါ် သက်ရောက်မှု ကြီးမားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယားနူလန်က ပြောကြားခဲ့သည်။ ယင်းအကူအညီများ၏ ထက်ဝက်ကျော်မှာ စားနပ်ရိက္ခာကဲ့သို့သော လူသားချင်း စာနာမှု အကူအညီများဖြစ်ပြီး ယင်းအကူအညီများမှာမူ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  အာဏာသိမ်းခဲ့သော မာလီစစ် အစိုးရက အခြေခံဥပဒေကို ရပ်ဆိုင်းခဲ့ပြီး နယ်စပ်အားလုံးကိုလည်း ပိတ်ပစ်ခဲ့သည်။

အာဏာသိမ်းခံရသော သမ္မတ Amadou Toumai Toure မှာလည်း ဘေးကင်းနေကြောင်းသာ သိရပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ အာဏာသိမ်းအစိုးရက နိုင်ငံတစ်ဝန်းကာ ဖျူးထုတ်ပြန်ခဲ့သော် လည်း ပုံမှန်အတိုင်း အလုပ်ခွင်ဝင်ရန် တိုက်တွန်းခဲ့သည်။   အာဏာသိမ်းခံရသော လက်ရှိသမ္မတ Toure ကလည်း ၁၉၉၁ ခုနှစ်တွင် စစ်ဘက် အာဏာသိမ်းမှုဖြင့် တက်လာသူဖြစ်သည်။ ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတအဖြစ်  ရွေးချယ်ခံခဲ့ရကာ ၂၀၀၇ ခုနှစ်တွင် ထပ်မံရွေးချယ်ခံရသည်။ ဧပြီလတွင် ရာထူးမှ အနားယူမည်ဖြစ်ပြီး ၎င်းကိုဆက်ခံမည့်သူအား ရွေးချယ်ရန် စီစဉ်ထားစဉ် အာဏာသိမ်းခံရခြင်း ဖြစ်သည်။
Ref:CNN
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis