menu

Sunday 13 October 2013

အစ္စရေး ၁ ဦးကို ပါလက်စတိုင်းတွေ ရိုက်သတ်

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးအခြေချ အိမ်ယာအတွင်းက အသတ်ခံရတဲ့ အိမ်
အစ္စရေးတို့ သိမ်းယူထားတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ဂျူး အခြေချ အိမ်ယာ အတွင်း ပါလက်စတိုင်းတို့ကနေ အစ္စရေး တစ်ဦးကို ရိုက်သတ်ခဲ့မှုနဲ့ အစ္စရေး လုံခြုံရေး တပ်ဖွဲ့တွေက ပါလက်စတိုင်း ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားလိုက်ပါတယ်။

အသတ်ခံရသူ အစ္စရေး အမျိုးသားဟာ အစ္စရေး စစ်တပ်က အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ ယုံကြည်ရပြီး သူဟာ ဆူညံသံတွေ ကြားလို့ အိမ်အပြင် ထွက်ကြည့်ချိန်မှာ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

သူနဲ့အတူ ထွက်ကြည့်တဲ့ အမျိုးသမီးကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

Photo: လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

(သန့်ဇင်ဦး)

ဟစ်ဟော့ပ် ဂီတလောကတွင် လူငယ် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိထားသူ တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံပြီး သူကျင်လည်ခဲ့သော Underground လောကအကြောင်း၊ ဒုတိယစီးရီး ဖြစ်သည့် ဂီတစာဆို လွှမ်းပိုင်အကြောင်း၊ ဒုံးပျံ ဗီစီဒီအကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice	။	။ သီချင်းတွေဆိုဖို့ လွှမ်းပိုင် ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။ 

HP	။	။ ကျွန်တော် သီချင်းတွေစဆို ဖြစ်တဲ့ အချိန်ကတော့ ဆယ်တန်း ဖြေပြီးတဲ့ အချိန်မှာပါ။ 

Voice	။	။ အဲဒီ အချိန်ကတည်းက လွှမ်းပိုင်ကြိုက်တဲ့ ဂီတအမျိုးအစားက ဟစ်ဟော့ပ်ပဲလား။ 

HP	။	။ ကျွန်တော် ပထမဆုံး စကြိုက်ခဲ့တဲ့ ဂီတအမျိုးအစားကတော့ ရော့ခ်ပေါ့။ ငယ်ငယ်တုန်းက ရော့ခ်တွေ ကြိုက်တယ်။ နိုင်ငံခြားက ဝင်လာတဲ့ MTV ခွေတွေကိုကြည့်ပြီး Boy Bands တွေကို ကြိုက်တယ်။ ဟစ်ဟော့ပ် ဂီတကိုတော့ Eminem တို့ခွေတွေကို နားထောင်ပြီး စိတ် ဝင်စားတဲ့အတွက် ကိုယ်လည်း လိုက်လုပ်ကြည့်တဲ့ အခါမှာ ပိုပြီးတော့ ရူးသွပ်သွားတာပေါ့။ စကြိုက်တာကတော့ Music ကို ပေါင်းစုံ ကြိုက်တယ်။ တကယ်လုပ်ဖြစ် သွားတာကတော့ ဟစ်ဟော့ပ်ပေါ့။ 

Voice	။	။ ဟစ်ဟော့ပ်ဂီတကို ရွေးချယ်ပြီး လုပ်ဖြစ်တာက ကိုယ့်အသံနဲ့ ပိုလိုက်တယ် ထင်လို့လား။

HP	။	။ ဟုတ်ပါတယ်။ ဟစ်ဟော့ပ် ဂီတက လုပ်ကြည့်တဲ့အခါ ကိုယ်နဲ့အံဝင်ခွင်ကျ ရှိတယ်။ ပိုပြီးတော့လည်း အဆင်ပြေတယ်ထင်လို့ လုပ်ဖြစ်တာပါ။ 

Voice	။	။ လွှမ်းပိုင်ရဲ့သီချင်းတွေက Main Stream ပေါ်မရောက်ခင် Underground မှာ အရင်စပျံ့ခဲ့တာနော်။ Underground မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

HP	။	။ Underground မှာ ကျင်လည်နေတုန်းက ကျွန်တော်ဒီလောကနဲ့ အရမ်း အလှမ်းဝေးပါတယ်။ ဒီလောကထဲက အဆိုတော်ကြီးတွေ၊ အဆိုတော် ပေါက်စတွေ တစ်ယောက်နဲ့မှ ကျွန်တော်မသိဘူး။ Underground ကလူတွေနဲ့လည်း ကျွန်တော်မသိဘူး။ ကိုယ်နဲ့သိတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ သီချင်းလေးတွေကို အပျော်လုပ်ကြတယ်။ ကျွန်တော်တို့ ခေတ်တုန်းက Sample သီချင်းခွေတွေ ဝေတာ အရမ်းခေတ်စားတယ်။ အဲဒီတုန်းက သူများတွေက သီချင်းခွေတွေ ဝေပြီဆို ၁၅၀၀၊ ၂၀၀၀ လောက်ဝေကြတယ်။ ကျွန်တော်တို့ကတော့ ခွေ ၁၅၀ လောက်ပဲ ဝေခဲ့တယ်။ အဲဒီ ကျွန်တော်တို့ဝေတဲ့ Sample ခွေ တစ်ခွေက မထင်မှတ်ဘဲ Rock Star အဖွဲ့ထဲကို ရောက်သွားတယ်။ အဲဒီခွေမှာက ကျွန်တော့် ဖုန်းနံပါတ် ရေးထားတဲ့အတွက် သူတို့က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ အဲဒီကနေမှ ကျွန်တော် ဒီဂီတ လောကထဲကို ရောက်လာတာပါ။ 

Voice	။	။ လွှမ်းပိုင်ကို ပရိသတ်တွေ စတင်သတိထားမိစေတဲ့ သီချင်းက ဘယ်သီချင်းဖြစ်မလဲ။

HP	။	။ ပရိသတ် သတိထားမိတာထက် အဆိုတော်တွေ သတိထားမိတာက ကျွန်တော် Rap စာသားတွေ အမြန်ဆိုတယ်ပေါ့နော်။ အဲဒီမှာ ကိုရဲလေးက သူ့ရဲ့ တတိယကာရန် စီးရီးထဲမှာ ပါတဲ့ နှုတ်မဆက်ချင်ဘူး သီချင်းမှာ ကျွန်တော်နဲ့ ထက်ထက်ကို Featuring ဆိုခိုင်းတယ်။ အဲဒီသီချင်းကနေစပြီး ပရိသတ်တွေ သတိထားမိ လာကြတယ်လို့ ထင်ပါတယ်။ 

Voice	။	။ Underground က လူငယ်တွေရဲ့ သီချင်းတွေကိုရော လွှမ်းပိုင် နားထောင်ဖြစ်လား။

HP	။	။ ကျွန်တော်နားထောင် ဖြစ်ပါတယ်။ သူတို့ရဲ့သီချင်းတွေမှာ ကိုယ်ပိုင်ဟန်တွေ ရှိကြပါတယ်။ အောင်မြင်မှု ရဖို့ကတော့ အချိန်တစ်ခု စောင့်ရမှာပေါ့နော်။ တကယ် အရည်အချင်းရှိတယ် ဆိုရင်တော့ စင်ပေါ်ရောက်လာကြမှာပါ။ 

Voice	။	။ Rap စာသားတွေကို အမြန်ဆိုတာက ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်တစ်ခု ဖြစ်အောင် လုပ်ယူခဲ့တာလား။ 

HP	။	။ ကျွန်တော်က Rap စာသားတွေကို အမြန်ဆိုရတာ သဘောကျတယ်။ နိုင်ငံခြားမှာဆို Twister ကိုနားထောင်ကြည့်တဲ့အခါ သူ့ Rap စာသားတွေကို အမြန်ဆိုတာ မိုက်တယ်ပေါ့နော်။ အဲဒါနဲ့ ကျွန်တော်လည်း သဘောကျတာနဲ့ လိုက်လုပ်ကြည့်ခဲ့တာ။ ကျွန်တော်က အသစ်အဆန်း တစ်ခုလုပ်ရတာကို ပျော်တယ်။ သူများ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်ကြိုက်တာ လုပ်နေရရင် ပျော်တယ်။

Voice	။	။ လွှမ်းပိုင်က သီချင်းတွေလည်း ရေးတာဆိုတော့ ဘယ်အချိန်ကစပြီး သီချင်းတွေ ရေးဖြစ်လဲ။ သီချင်း အကြောင်းအရာပိုင်းကျတော့ ဘယ်လိုစဉ်းစားဖြစ်လဲ။

HP	။	။ သီချင်းတွေကို ကျွန်တော် Underground မှာ ကျင်လည်နေတဲ့ အချိန်ကတည်းက စပြီးရေးဖြစ်တယ်။ ပထမဆုံး စရေးဖြစ်တဲ့ သီချင်းက ‘အနားနားဘေးမှာ’ ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းကို ပရိသတ်တွေက ကြိုက်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပြီး သီချင်းတွေ ဆက်ရေးဖြစ်တယ်။ 

Voice	။	။ လွှမ်းပိုင်ရဲ့သီချင်းပုံစံက ကိုရီးယား ဟစ်ဟော့ပ်ဘက်ကို နည်းနည်း နွယ်တယ်နော်။ အဲဒါကျတော့ ကိုယ်ကိုယ်တိုင်က ကြိုက်လို့ ဒီလိုသီချင်းပုံစံမျိုးတွေ ဖန်တီးဖြစ်တာလား။ 

HP	။	။ ကိုရီးယား ဟစ်ဟော့ပ်တွေက အခုဆို ကမ္ဘာ့အဆင့်ကို ရောက်နေပြီ။ သူတို့က ကမ္ဘာကျော် အဆိုတော် Nicki Menah လို လူမျိုးနဲ့တောင် ပွဲအတူတူ တက်နေကြပြီ။ ကျွန်တော်တို့ တစ်သက်မှာ မြင်ခွင့်မရသေးတဲ့ အဆိုတော်တွေနဲ့ အလုပ်တွေတွဲ လုပ်နေပြီ။ အဲဒါကြောင့် ဒီလူတွေက အရမ်းကို တော်တယ်လို့ ကျွန်တော်မြင်တယ်။ သူတို့ရဲ့ ဖန်တီးမှုတွေက အာရှအဆင့် မဟုတ်တော့ဘူး၊ ကမ္ဘာအဆင့်ကို ရောက်နေပြီ။ အဲဒါကြောင့် သူတို့ရဲ့ Music တွေကို ကျွန်တော်ကြိုက်ပါတယ်။ 

Voice	။	။ လွှမ်းပိုင်က ရန်ကုန်မှာ လုပ်တဲ့ ဟစ်ဟော့ပ် ရှိုးပွဲတိုင်းမှာ ပါနေတာဆိုတော့ တစ်ပွဲနဲ့တစ်ပွဲ တင်ဆက်မှုပိုင်း မတူအောင် ဘယ်လိုအားထုတ်ဖြစ်လဲ။

HP	။	။ ကျွန်တော်လည်း အဲဒီအကြောင်းကို လတ်တလော စဉ်းစားဖြစ်နေတယ်။ တစ်လမှာ တစ်ပွဲပဲဆိုတယ် ဆိုရင်တောင် ဆိုရတဲ့ သီချင်းတွေကတော့ ဒီအပုဒ်တွေကိုပဲ ပရိသတ်တွေကို ကက်ဆက်ပြန်ဖွင့် ပြသလို ဖြစ်နေတယ်။ သီချင်းတွေ ဆိုတဲ့အခါ Performance လုပ်ပြီး ကပြတာကလည်း အရမ်းရိုးနေပြီ။ အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့ မျှော်စင်ကျွန်းမှာ လုပ်မယ့် ရှိုးပွဲမှာ စတေ့ခ်ျစင်ကို  အရင်ပွဲတွေနဲ့ မတူအောင်လုပ်ဖို့ ကိုဘိုစန်းနဲ့ ကျွန်တော် တိုင်ပင်ထားတယ်။ 

Voice	။	။ လွှမ်းပိုင်ရဲ့ ဒုတိယစီးရီးဖြစ်တဲ့ ‘ဂီတစာဆိုလွှမ်းပိုင်’ အကြောင်းလည်း ပြောပါဦး။

HP	။	။ ကျွန်တော့်ရဲ့ ဒုတိယစီးရီးမှာပါမယ့် သီချင်းတွေက ဒုံးပျံ စီးရီးထဲက သီချင်းတွေနဲ့ သိပ်ပုံစံမတူဘူး။ ဒုံးပျံ စီးရီးထဲမှာက သီချင်းအမြူးတွေ များတယ်။ ဂီတစာဆိုလွှမ်းပိုင် စီးရီးမှာတော့ သီချင်းအမြူးတွေထက် သီချင်း အကြောင်းအရာပိုင်းကို ပိုပြီးဦးစားပေးထားပါတယ်။  

Voice	။	။ ဒုံးပျံ ဗီစီဒီထဲမှာ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ သီချင်းတွေ ပါတယ်လေ။ သရုပ်ဆောင်ဘက်ကို ကူးဖို့ရော စိတ်ကူးရှိလား။ 
HP	။	။ သရုပ်ဆောင်ဘက်ကို ကူးဖို့တော့ စိတ်ကူး မရှိပါဘူး။ ကျွန်တော် ဆုံးဖြတ်ထားတာကတော့ ကျွန်တော့် တစ်ကိုယ်တော်ခွေ ထွက်မယ်။ အဲဒီခွေကို ဒုံးပျံထက် အောင်မြင်အောင် လုပ်ချင်တယ်။ 

Voice	။	။ ဒုံးပျံ ဗီစီဒီမှာ သီချင်းနှစ်ပုဒ်ကို ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ထားတယ်နော်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး။

HP	။	။ ကျွန်တော်က သရုပ်ဆောင်ထက်စာရင် ဒါရိုက်တာ လုပ်ရတာ အရမ်း ဝါသနာပါတယ်။ ကျွန်တော် ရိုက်ထားတဲ့ သီချင်းနှစ်ပုဒ်ကို ကိုယ်တိုင်ပဲ တည်းဖြတ်တယ်။ သီချင်းတွေချည်း ဆိုနေရတာကြာတော့ နည်းနည်း ပျင်းလာတယ်။ အဲဒီတော့ ကိုယ်ဝါသနာ ပါတာလေးတွေကို ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်ကြည့်တာပါ။ အဲဒီလို လုပ်ရတာလည်း ကျွန်တော်ပျော်တယ်။ 

Voice	။	။ ဒီနှစ်ထဲမှာ မူးယစ်ဆေးဝါးကြောင့် အရေးယူခံရတဲ့ အနုပညာရှင်တွေ ရှိတယ်လေ။ လူငယ်အနုပညာရှင် တစ်ယောက်အနေနဲ့ မူးယစ်ဆေးဝါးအပေါ် အမြင်ကို ပြောပြပေးပါဦး။

HP	။	။ မူးယစ်ဆေးဝါး ဆိုတာက စွဲစေတဲ့ အရာဆိုတော့ လူငယ်တွေအားလုံး မစမ်းသပ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

Voice	။	။ လွှမ်းပိုင်ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

HP	။	။ ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ ထက်ထက်ရဲ့ ဒုံးပျံ ဗီစီဒီကို အောက်တိုဘာလ ၁၃ ရက်နေ့ Junction Square မှာ စဖြန့်ပါမယ်။ အမှတ်တရ လက်မှတ် ထိုးပေးမယ်။ ကျွန်တော်တို့ အနုပညာ ညီအစ်ကို မောင်နှမတွေအားလုံး ဖျော်ဖြေမယ့် Free Show မှာ ပရိသတ်တွေ အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆိုချင်ပါတယ်။ ဒီပွဲက ပုံရိပ်တွေကို နောက်ခွေမှာ အမှတ်တရအနေနဲ့ ထည့်လို့ရအောင် ရိုက်ကူးရေးလည်း လုပ်သွားပါမယ်။

(သန့်ဇင်ဦး)

ဟစ်ဟော့ပ် ဂီတလောကတွင် လူငယ် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိထားသူ တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံပြီး သူကျင်လည်ခဲ့သော Underground လောကအကြောင်း၊ ဒုတိယစီးရီး ဖြစ်သည့် ဂီတစာဆို လွှမ်းပိုင်အကြောင်း၊ ဒုံးပျံ ဗီစီဒီအကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ သီချင်းတွေဆိုဖို့ လွှမ်းပိုင် ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။

HP ။ ။ ကျွန်တော် သီချင်းတွေစဆို ဖြစ်တဲ့ အချိန်ကတော့ ဆယ်တန်း ဖြေပြီးတဲ့ အချိန်မှာပါ။

Voice ။ ။ အဲဒီ အချိန်ကတည်းက လွှမ်းပိုင်ကြိုက်တဲ့ ဂီတအမျိုးအစားက ဟစ်ဟော့ပ်ပဲလား။

ဘ၀ပျက်ခြင်း ..(မင်းလူ)



     မိုးတဖွဲဖွဲ ရွာနေသည်။
    လွန်ခဲ့သောနှစ်ရက်လောက်က စ၍ မိုးဆက်တိုက်ရွာခဲ့သည်။ တစ်ခါတစ်ရံ သည်းလိုက်၊ တစ်ခါတစ်ရံ ဖွဲလိုက်၊ ပြတ်သည်မရှိခဲ့။ နေရောင်ကို လုံးဝမမြင်ရခဲ့ချေ။
    သူ့ကားရပ်ထားသောနေရာ နောက်ဘက်ရှိ ကွင်းပြင်ကြီးတွင် ရေတွေ ဖွေးဖွေးလှုပ်နေ၏။ မနေ့ကဆိုလျှင် မြို့လယ်ရှိ လမ်းဆုံလမ်းခွများတွင် ယာဉ်အသွားအလာ ခေတ္တရပ်တန့်သွားလောက်အောင် ရေတွေ လျှံနေခဲ့သေးသည်။ ဒီနေ့ထိ မိုးမတိတ်သေး။
    သူ့ကားသည် ညာဘက်အစွန်ဆုံးမှာ ရပ်ထားသည်။ သူ့ကား၏ ဘယ်ဘက်တွင် ဂျစ်ကားတစ်စီး၊ နောက် ကားနှစ်စီးစာလောက် လွတ်နေသည်။ ပြီးမှ မော့စ်ဗစ်တစ်စီး ရပ်ထား၏။ သူ့ကားကတော့ တံခါးနှစ်ပေါက် စကိုဒါကား။
    ကိုသောင်းအေးသည် ပရိုက်ဗိတ်တက္ကစီမောင်းသူ ဖြစ်သည်။ နံပါတ်အနက် ကိုယ်ပိုင်ကားဖြင့် အငှားလိုက်ခြင်းကို ဆိုလို၏။
    ခုနေရာသည် သူဂိတ်ထိုးနေကျနေရာ မဟုတ်။ မြို့ထဲမှာသာ ဂိတ်ထိုးခဲ့ခြင်း ဖြစ်သည်။ ခုတလော မြို့ထဲမှာ အလုပ်သိပ်မဖြစ်။ ခက်တာက သူသည် တချို့လို “လိုင်းစုံ” လုပ်ချင်သူမျိုး မဟုတ်ချေ။

လစ်ဗျား ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရခြင်းသည် အာဏာသိမ်းရန် ကြိုးပမ်းခြင်းဖြစ်ဟုဆို

Photo: လစ်ဗျား ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရခြင်းသည် အာဏာသိမ်းရန် ကြိုးပမ်းခြင်းဖြစ်ဟုဆို

ထရီပိုလီ၊ အောက်တိုဘာ ၁၁

လစ်ဗျား ဝန်ကြီးချုပ် အလီဇီဒန် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ခဏတာ ပြန်ပေးဆွဲ ခံခဲ့ရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု ၎င်းက ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ပြန်ပေးဆွဲခံရခြင်း နောက်ကွယ်တွင် လစ်ဗျား လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီတစ်ရပ် ရှိနေကြောင်း ဝန်ကြီးချုပ် အလီဇီဒန်က ရုပ်မြင်သံကြား မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြား သည်။

အလီဇီဒန်ကို ထရီပိုလီမြို့တော်ရှိ ဟိုတယ်တစ်ခုမှ ကြာသပတေးနေ့တွင် ပြန်ပေးဆွဲ ခေါ်ဆောင်ခဲ့ပြီး စစ်သွေးကြွများက နာရီပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။

လက်နက်ကိုင် ၁၀၀ ကျော်က ဝန်ကြီးချုပ်ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး ပြည်ထဲရေးဝန်ကြီးဌာန ရာဇဝတ်မှု တိုက်ဖျက်ရေး အခန်းအတွင်း ဖမ်းဆီးထားသည်ကို အခြားသော စစ်သွေးကြွများက ပြန်လည် ကယ်ထုတ်ခဲ့သည်။

ယင်းကဲ့သို့ ပြန်ပေးဆွဲခြင်းသည် တရားဝင် ကိုယ်စားပြုနိုင်ခွင့်ကို အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ဝန်ကြီးချုပ် ဇီဒန်က မှတ်ချက်ပြုလိုက်သည်။

ရွေးကောက်ပွဲများမှတစ်ဆင့် မိမိကို အနိုင်ရယူရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် အင်အားအသုံးပြုသည့် နည်းလမ်းများကို မိမိ၏ နိုင်ငံရေး အတိုက်အခံများက ရွေးချယ်လာကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဝန်ကြီးချုပ် ပြန်ပေးဆွဲ ခံရမှုသည် လစ်ဗျားနိုင်ငံတွင်း အမြစ်တွယ်နေသည့် ပြည်တွင်းနိုင်ငံရေး အကွဲအပြဲကို မီးမောင်းထိုး ဖော်ပြပေးသည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လစ်ဗျားအစိုးရအဖွဲ့ အားနည်းချည့်နဲ့စေရန် ညီလာခံတွင်းရှိ ရှေးရိုးစွဲ ပါတီများက ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဝန်ကြီးချုပ်က အစောပိုင်း ကာလများက စွပ်စွဲပြောကြားခဲ့ပြီး ပြန်ပေးဆွဲ ခံရသည့် ဖြစ်ရပ်ကြောင့် လစ်ဗျားနိုင်ငံရေး အခြေအနေ ပြောင်းလဲမှုရှိနိုင် မရှိနိုင်ကို လေ့လာသုံးသပ်သူများက စောင့်ကြည့်နေကြသည်။

ပြန်ပေးဆွဲမှုကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ကုလသမဂ္ဂ အဖွဲ့များက ပြစ်တင်ထားပြီး လစ်ဗျားနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ဖြစ်စဉ်ကို ဆက်လက်ကူညီမည်ဟု ကတိပြုလိုက်သည်။

မည်သည့် ရည်ရွယ်ချက်ဖြင့် ဝန်ကြီးချုပ်ကို ပြန်ပေးဆွဲရခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း အမေရိကန် အထူးတပ်ဖွဲ့ဝင်များက ထရီပိုလီ မြို့တော်ရှိ အယ်လ်ကေဒါ ထိပ်တန်း ခေါင်းဆောင်တစ်ဦးကို ပြီးခဲ့သည့် စနေနေ့အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းကြောင့် လစ်ဗျား စစ်သွေးကြွ အုပ်စုများ စိတ်ဆိုးဒေါသ ထွက်လျက်ရှိသည်။

လစ်ဗျားနိုင်ငံတွင်း ထိရောက်မှုရှိသော ရဲတပ်ဖွဲ့နှင့် စစ်တပ် မရှိခြင်းကြောင့် စစ်သွေးကြွ အုပ်စုများ ကြီးစိုးနေပြီး ၎င်းတို့ကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနများက လစာပေးထားရသော်လည်း မည်သူ့ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း ရှင်းလင်းစွာ မသိရပေ။

ထရီပိုလီ၊ အောက်တိုဘာ ၁၁

လစ်ဗျား ဝန်ကြီးချုပ် အလီဇီဒန် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း ခဏတာ ပြန်ပေးဆွဲ ခံခဲ့ရပြီး ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတော် အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်သည်ဟု ၎င်းက ပြောကြားသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ပြန်ပေးဆွဲခံရခြင်း နောက်ကွယ်တွင် လစ်ဗျား လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီတစ်ရပ် ရှိနေကြောင်း ဝန်ကြီးချုပ် အလီဇီဒန်က ရုပ်မြင်သံကြား မိန့်ခွန်းပြောရာတွင် ထည့်သွင်း ပြောကြား သည်။

အလီဇီဒန်ကို ထရီပိုလီမြို့တော်ရှိ ဟိုတယ်တစ်ခုမှ ကြာသပတေးနေ့တွင် ပြန်ပေးဆွဲ ခေါ်ဆောင်ခဲ့ပြီး စစ်သွေးကြွများက နာရီပေါင်းများစွာ ထိန်းသိမ်းထားခဲ့သည်။

တိုင်ဖုန်းမုန်တိုင်း နရီကြောင့် ဖိလစ်ပိုင် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့

Photo: တိုင်ဖုန်းမုန်တိုင်း နရီကြောင့် ဖိလစ်ပိုင် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့

မနီလာ၊ အောက်တိုဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသကို တိုင်ဖုန်းမုန်တိုင်း နရီ စနေနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ သစ်ပင်များ ပြိုလဲ၍ ဓာတ်အားပေး တာဝါများ မြေခခဲ့ခြင်းကြောင့်  နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ နေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးဒ ဏ်ရာ ရရှိသည့်စာရင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝဘေး အန္တရာယ်ရေးရာ အရာရှိ လွန်တော့က ပြောကြားသည်။
“မုန်တိုင်းကြောင့် သစ်ပင်တွေ အများကြီး ပြိုလဲခဲ့ပြီး အဓိက လမ်းမကြီးတွေ ပိတ်ကုန်ပါတယ်” ဟု လွန်တော့က AFP သတင်းဌာနကို ပြောကြားသည်။

လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ၏ အိမ်များ ပြိုလဲခဲ့ရပြီး အစိုးရ အရာရှိများက သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အဓိက စိုက်ပျိုးရေး ဒေသဖြစ်သော လူဇွန်ကျွန်းမကြီးကို  စနေနေ့ အစောပိုင်းအချိန်၌ နရီမုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့ပြီး တစ်နာရီ လေတိုက်နှုန်း ၁၂၀ ကီလိုမီတာနှုန်းဖြင့် တောင်တရုတ် ပင်လယ်ဘက်သို့ ဆက်လက် ဦးတည်သွားကြောင်း ဖိလစ်ပိုင်အစိုးရ မိုးလေဝသဌာနက ထုတ်ပြန်သည်။

နရီမုန်တိုင်းကြောင့် လျှပ်စစ် ဓာတ်အားတိုင်များ ပြိုလဲခဲ့ပြီး အရှေ့ဘက် ကမ်းရိုးတန်းရှိ အော်ရိုရာပြည်နယ်နှင့် တာလတ် ပြည်နယ်များတွင် ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။

ထို့အပြင်  မုန်တိုင်းဒဏ်ခံ ဒေသများရှိ နိုင်ငံသား ၁ ဒသမ ၃ သန်းကျော် လျှပ်စစ်ဓာတ်အား မရှိဘဲ နေထိုင်နေရကြောင်း အစိုးရ အရာရှိများက ပြောကြားသည်။

မုန်တိုင်း တိုက်ခတ်မှုများမှတစ်ဆင့် ရေကြီးမှုများ၊ မြေပြိုမှု များ ဖြစ်ပေါ်နိုင်ကြောင်း ဖိလစ်ပိုင် အစိုးရအဖွဲ့က သတိပေးထားသဖြင့် ဒေသခံ ၃၀၀၀ ခန့်  သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးဌာန များသို့ သွားရောက် ခိုလှုံခဲ့ကြောင်း လွန်တော့က ဆိုသည်။

အစိုးရ ဝန်ထမ်းများက လမ်းမများနှင့် လျှပ်စစ်တိုင်များကို ပြန်လည် ပြင်ဆင်နေပြီး လုပ်ငန်းများ ပြီးစီးရန် နှစ်ရက်ခန့် ကြာမြင့်နိုင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတွင်မူ လေပြင်း တိုက်ခတ်မှုများ၊ ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အစိုးရအဖွဲ့က သတိပေးခဲ့သော်လည်း မုန်တိုင်းဒဏ် ခံစားခဲ့ရ ခြင်းမရှိပေ။

တစ်နှစ်လျှင် မုန်တိုင်းအလုံး ၂၀ ခန့် ဖိလစ်ပိုင်နိုင်ငံကို တိုက်ခတ်လေ့ရှိပြီး အဓိကအားဖြင့် ဇွန်လနှင့် အောက်တိုဘာလများတွင် ဖြစ်ပေါ်လေ့ ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မနီလာ၊ အောက်တိုဘာ ၁၁

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသကို တိုင်ဖုန်းမုန်တိုင်း နရီ စနေနေ့ နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခတ်ခဲ့ရာ သစ်ပင်များ ပြိုလဲ၍ ဓာတ်အားပေး တာဝါများ မြေခခဲ့ခြင်းကြောင့် နိုင်ငံသား တစ်သန်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ နေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ကြောင့် သေဆုံးဒ ဏ်ရာ ရရှိသည့်စာရင်း ထုတ်ပြန်ခြင်း မရှိသေးသော်လည်း နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝဘေး အန္တရာယ်ရေးရာ အရာရှိ လွန်တော့က ပြောကြားသည်။
“မုန်တိုင်းကြောင့် သစ်ပင်တွေ အများကြီး ပြိုလဲခဲ့ပြီး အဓိက လမ်းမကြီးတွေ ပိတ်ကုန်ပါတယ်” ဟု လွန်တော့က AFP သတင်းဌာနကို ပြောကြားသည်။

လေပြင်းများ တိုက်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများ၏ အိမ်များ ပြိုလဲခဲ့ရပြီး အစိုးရ အရာရှိများက သတင်းအချက်အလက်များကို ဆက်လက်စုဆောင်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

လေဖျန်းနေသူအား စနောက်၍ တွန်းရာမှ ရေထဲပြုတ်ကျကာ ရေနစ်သေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၁၂

၁၂.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေး
ကျေးရွာနေ ဒေါ်အေးအေးသီ၊ (ဘ)ဦးခင်မောင်သည် တစ်ရွာတည်းနေ ဦးခင်မြင့်၏ အိမ်တက်အလှူတွင် ၀ိုင်းဝန်းလုပ်ကိုင်ပေးနေစဉ် တစ်ရွာတည်းနေ အမည်မသိကလေး (၂)ဦးလာရောက်၍
ဒေါ်အေးအေးသီ၏ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်(လေဖျန်းနေသူ)၊ (ဘ)ဦးသိန်းလွင်မှာ ရခိုင်ရိုးလေးရွာလယ်တံတားဘေးတွင
သေဆုံးနေကြောင်း ပြောပြသိရှိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

ထိုသို့သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူ ဦးသန်းမောင်သည် ရွာလယ်ကွန်ကရစ်တံတားဘေး ချောင်းစပ်တွင် ပက်လက်အနေအထား
သေဆုံးနေသည်ကို တွေ့ရသဖြင့် စုံစမ်းမေးမြန်းရာ ခင်ပွန်းဖြစ်သူအား တစ်ရွာတည်းနေ ဦးမြင့်သိန်း၊ (ဘ)ဦးအေးမောင်မှ စနောက်ပြောင်ရင်း တွန်းလိုက်ရာ

"မိုးစက်ကရှမ်းမြန်မာတရုတ်ပါ"

မြန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။

သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။

အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။



မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ, မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ...ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ.. ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။ မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်မည်ဟုမျှော်လင့်ပါသည်....
ကျေးဇူးတင်ပါတယ်ရှင်
မိုးစက်ဝိုင်

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။ 


 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။ 

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။ 

ဖိုးလပြည့်က လူမှုအသင်းအဖွဲ့များသို့ ငွေကျပ် ၃၂ သိန်း လှူမည်


မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၅ မိနစ်

တက္ကသိုလ်များချန်ပီလံလိဂ် (UCL) ပြိုင်ပွဲဝင်အသင်းများမှ ရရှိသော ပြိုင်ပွဲဝင်အသင်းဝင်ကြေး ငွေကျပ် ၃၂ သိန်းကို UCL ဥက္ကဌ နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာနှင့် ဆေးရုံများကို လှူဒါန်းမည်ဟု UCL ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

UCL ဥက္ကဌ နေရွှေသွေးအောင်က ထိုငွေများကို သူ၏ နာမည်ဖြင့် လှူမည်မဟုတ်ဘဲ "UCL ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားများ၏ ကောင်းမှု" ဟုဆိုကာ ဘုရားကျောင်းကန်၊ မိဘမဲ့ဂေဟာ၊ ဆေးရုံစသည့် ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းစေမည်ဟု ရေးသားထားသည်။

ထိုငွေများသည် ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်ကြေးအဖြစ် တစ်သင်းလျှင် ကျပ်နှစ်သိန်းနှုန်းကောက်ခံကာ ၁၆သင်းအတွက် ၃၂ သိန်းရရှိထားကာ ထိုငွေများကို ပြိုင်ပွဲကုန်ကျစရိတ်တွင် အသုံမပြုဘဲ လှူဒါန်းမည်ဟု သိရသည်။

" ကျန်းမာရေး ဆိုတာ..."

Photo: " ကျန်းမာရေး ဆိုတာ..."
==============

ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။ 

Cyst  လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။  နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal  ကို  အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။  ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။ 

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ  Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။ 

ကဲ ဘာတတ် နိုင်မှာလဲ ပေးဆိုပေးရုံပေါ့။ စစ်နေတုန်း ဘုရားတရား မြဲလိုက်ပုံတော့ ပြော မနေနဲ့တော့ လူဆိုတာတော့ သေမှာ ကြောက်တဲ့ အမျိုးချည်းပဲပေါ့။
	
အဖြေရတော့မယ့်နေ့ နေ့လယ်မှာ ဓာတ်ခွဲစစ်ဆေးတဲ့ ဆေးရုံက ဖုန်းဆက် တယ်။ ကျွန်မရင်တွေလည်း ခုန်နေလိုက် တာ တဒုန်းဒုန်းနဲ့ ခြေထောက်တွေလည်း ယိုင်နေတာပဲ။ အစ်မ ဒုတိယ ထပ်စစ် ရမယ့် အဆင့်မလိုတော့လို့ မြို့ထဲက ဓာတ်ခွဲခန်းမှာ ပိုက်ဆံပြန်ထုတ်လို့ရ တယ်တဲ့။ အဲဒီလို ကြားလိုက်တာ ဟုတ် မှ ဟုတ်ရဲ့လားလို့။ မယုံတယုံတောင် ဖြစ်နေသေးပါရဲ့။ ပြီးမှ ပျော်လိုက်တာ လေ။ ငါသေတွင်းက လွတ်ပြီကွလို့ပေါ့။ ဆရာဝန်ကို ဖောလိုးအပ်ပြန်ပြ တော့ ကျွန်မကို ဘာပြောတယ်မှတ်လဲ။ အခုတော့ မရှိဘူးတဲ့။ ဒါပေမဲ့ နောက် ဖြစ်လာမယ်၊ ဖြစ်မလာဘူး မပြောနိုင် ဘူးတဲ့။ ဟောတော် ဘယ်လိုကြီးတုန်း နဂိုကမှ ကြောက်ရတဲ့အထဲ။ အဲဒီတော့ ဆရာက အကြံပေးလိုက်တာက စိတ် အေးအေးနေသွားချင်ရင် အင်ဂျလီနာ ဂျိုလီလို လုပ်လိုက်ပါတဲ့။ ရော ဖြစ်မှဖြစ် ရလေ ဆရာရယ်လို့ပဲ တွေးနိုင်ပါတော့ တယ်။
	
သိပ်မကြာခင် ဖေ့စ်ဘွတ်သူငယ် ချင်း ကိုဇော်မင်းထွေး (Zawminn Htwe) သူတင်လိုက်တဲ့ စတေးတပ်အရ သူ့မှာ ကင်ဆာရောဂါစွဲကပ်နေပြီလို့ သိ လိုက်ရတယ်။ သူ့စတေးတပ်ဖတ်ပြီး တော်တော်လည်း စိတ်ထိခိုက်မိတယ်။ မကြာပါဘူး။ သူဆေးရုံရောက်နေပြီ။ အရေးပေါ် A  Blood  လိုနေတယ်ဆိုလို့ ကျွန်မသွေးနဲ့ တူနေလို့ လှူချင်တာ အဲဒီ အပတ်မှာ သွေးအားကျနေလို့ ကျွန်မ မလှူရဘူး။ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေ ဆီက ရမလားလို့ လိုက်ရှာတယ်။ လော လောဆယ်အတွက်တော့ အဆင်ပြေ သွားတယ်။ သူ့သူငယ်ချင်းလာလှူလိုက် တယ်။ ဒါပေမဲ့ ကျွန်မ နောက်ထပ်လိုရင် လှူပေးလို့ရရင် လှူမယ်ဆိုတာ ပြောရင်း သူ့ကို သျှင်ပါကူမှာ သွားအားပေးဖြစ် တယ်။ သူဘာပြောလဲဆိုတော့ စဖြစ် ဖြစ်ချင်း အူမကြီးမှာ ဖြစ်တယ်လို့ အဖြေ မထုတ်နိုင်ဘဲ အချိန်တွေ ကြာသွားတယ် တဲ့။ ဒီလောက်တိုးတက်လာတဲ့ ခေတ် ကြီးမှာ တောင်မှလေ။

 နောက်ဆရာတစ် ယောက်နဲ့မှ အဆင်ပြေတယ်။ နောက် ဆုံး နိုင်ငံခြား ထွက်ကုပေမယ့် နောက် ကျသွားပြီ ဆိုတဲ့အကြောင်း ကိုဇော်မင်း ထွေးကပဲ မမောနိုင် မပန်းနိုင် ပြောပြ ရှာတယ်။ ကျွန်မလည်း စကားတွေသာ ပြောနေရတယ်။ ရင်ထဲမှာ ဆို့နေတာပဲ။ သူ့အမေကလည်း သူ့အကြောင်း ပြော ပြတယ်။ အရမ်းလိမ္မာတဲ့ သားလေးဖြစ်တဲ့ အကြောင်း၊ အလုပ်လည်း တအားလုပ်လို့ သူ့သူငယ်ချင်းပတ်ဝန်းကျင် အသိုင်းအ ဝိုင်းတစ်ခုလုံးက ချစ်ကြောင်း၊ သြော် လိမ္မာတဲ့ လူတွေကို ပြန်ပြန်ခေါ်တာ စောလိုက်တာနော်လို့ပဲ မချိမဆံ့ တွေး မိပါရဲ့။ သူက ဘာပြောသေးလဲဆိုတော့ ကျွန်တော် နှစ်တွေအကြာကြီး ရယ်ဒီ မိတ်ခေါက်ဆွဲထုပ်တွေနဲ့ ကော်ဖီမစ်တွေ ပဲ တော်တော်များများ စားဖြစ်တဲ့အ ကြောင်း ဒါကြောင့်လို့ထင်ကြောင်းပြော တယ်။
	
နောက် ကျွန်မတို့ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းထဲက တစ်ယောက် အူ ကင်ဆာဖြစ်လို့ ဘန်ကောက်မှာ ဆေး သွားကုတယ် ကြားရပြန်တယ်။ မနေ့က ပဲ တခြားသူငယ်ချင်းတစ်ယောက်က တင်တဲ့ ပို့စ်မှာ ဂျာမန်ဧည့်လမ်းညွှန် အဆုတ်ကင်ဆာဖြစ်တယ်။ ၄ ရက်နေ့ မြန်မာပြည်ကနေ ဘန်ကောက်သွား မယ်။ ကုသအောင်မြင်နိုင်ပါစေ။ မင်း ပြန်လာရင် သောက်ဖို့ သင်္ဘောရွက်ပြုတ် ရေရအောင် ငါသင်္ဘောပင်တွေ စိုက် နှင့်မယ်လို့ ရေးထားတယ်။
	
ဘာကြောင့်များ ကျွန်မတို့ နိုင်ငံ မှာ ကင်ဆာရောဂါရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံနေရပါလိမ့်။ ကျွန်မတို့ ဘယ်သူတွေကို ဘာကို ယုံကြည်ရမလဲ။ ခုတလော ထွက်နေတဲ့ သတင်းတွေအရ ဘာစား စရာမဆို ကြောက်စရာချည်းဘဲ ဖြစ်နေ ပါလား။ ကျွန်မဟာ ဘယ်သူတွေ ဘာ ပြောပြော ကျွန်မခေါင်းနဲ့ တွေးပြီးမှ ယုံတတ်တဲ့သူ။ ဘာဖြစ်ဖြစ် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူးလို့ ခံယူထားတဲ့ သူပါ။ဒါပေမဲ့ ဒီကျန်းမာရေးကိစ္စ ကျန်း မာရေးနဲ့ ဆက်နွှယ်တဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အစိုးရမှာပဲ တာဝန် လုံးလုံးရှိတယ်လို့ ပြောချင်ပါတယ်။
	
FDA ဘာလုပ်နေသလဲ။ Myanmar FDA ကို ကျွန်မတို့ ဘယ်အတိုင်း အတာထိယုံရမလဲ။ FDA က ဘယ် ပမာဏတွေထိ စမ်းသပ်စစ်ဆေးသလဲ။ အစိုးရကရော FDA စစ်သမျှ ယုံတာပဲလား။ Counter Check  လုပ်သင့်တယ် ယူဆပြီး လုပ်သလား ကျွန်မ မသိပါ။ ကျွန်မသူငယ်ချင်း ပါရဂူဘွဲ့ယူဖို့ စာ တမ်းပြုစုတော့ တိုင်းရင်းဆေးတချို့ကို ဓာတ်ခွဲပါတယ်။ တော်တော်နာမည်ကြီး တဲ့ အကိုက်အခဲ ပျောက်လိမ်းဆေးမှာ အာဆင်းနစ်တွေပါတယ်။ 

သူ့ကို အဲဒီ ဆေးပိုင်ရှင်က အပြင်ကို မပြောဖို့ လာ တောင်းပန်ကြောင်း သိရတော့ ကျွန်မနဲ့ တောင် စကားများရပါသေးတယ်။ နောက် တစ်ခါ အင်အားပြင်း ဓာတ်မြေသြဇာ တွေ တင်သွင်းတဲ့ကိစ္စ မသွင်းရဘူးဆိုတဲ့ ဟာတွေကို Custom Clearing Agent  တွေ အကူအညီနဲ့ ရအောင်သွင်းတဲ့ ကုမ္ပဏီတွေ ရှိခဲ့ဖူးတယ်။ ဒီဓာတ်မြေ သြဇာတွေကြောင့် မဖြစ်သင့်တဲ့အမှုတွေ ခဏခဏဖြစ်တယ်။ ကျွန်မတောင် တစ် ခါ ပန်းဂေါ်ဖီပွင့်ကြော်နဲ့ သေမလို ဖြစ် တယ်ဆိုတာ ရေးဖူးပါတယ်။
	
တစ်ခါ အသီးအနှံတွေမှာ အစား အသောက်တွေမှာ ကြာကြာခံအောင် ဓာတုဆေးဝါးတွေနဲ့ စီမံထားတာ။ တစ် တိုင်းပြည်လုံး တွင်တွင်ကျယ်ကျယ် စား နေတဲ့ ကွမ်းသတ်လို့သေတဲ့ လူပေါင်း လည်း များနေပြီ။ ကွမ်းသီးကို ပိုးမကျ အောင်ဖျန်းတဲ့ ပိုးသတ်ဆေးက အဓိက ထင်တာပဲ။ ကွမ်းသီးပွဲရုံ အလုပ်သမား ဟာ ဓာတုဆေးဝါးကျွမ်းကျင်သူ မဟုတ် လို့ဘယ်အတိုင်းအဆဖျန်းရင် အန္တရာယ် ရှိတယ် မရှိဘူးဆိုတာ သိမှာ မဟုတ်ဘူး။
	
အန္တရာယ်မရှိဘူးထင်ရပြီး တစ်ခါ တလေမှာ အန္တရာယ်ရှိတဲ့ သနပ်ခါး အ ကြောင်းလည်း သိသင့်ပါတယ်။ ကျွန်မ တို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တစ်နိုင်ငံလုံး နေရာအနှံ့ လျှောက်သွား နေရတဲ့ လူတွေပါ။ တစ်နိုင်ငံလုံး ဘယ် နေရာမှာ ဘာရပြီး ဘယ်နေရာက ဘာ တွေလုပ်နေတယ်ဆိုတာကို သိလည်း သိကြတယ်။ မြင်လည်း မြင်တယ်။

 တစ် ခါတလေ ကိုယ်က မျက်စိရှန်းတောင် ကိုယ့်ဧည့်သည်တွေက ထောက်ပြပြီး ပြောသွားတာမျိုးတွေ ရှိကြတယ်။ အဲဒီ တော့ ပြောချင်တာက ဧည့်လမ်းညွှန်တွေ က သာမန်ပြည်သူပြည်သားတွေမသိတဲ့ ကိစ္စမျိုးတွေတောင် သိတယ်။ သိတာကို လည်း အများသိအောင် ချပြချင်တဲ့ စေ တနာနဲ့ သတ္တိလည်း ရှိကြတယ်ဆိုတာပါ။
	
သနပ်ခါးကို တချို့ရောင်းတဲ့သူ တွေက အရောင်ပိုလှအောင် ဆေးခြယ် လေ့ ရှိတယ်။ ပန်းချီဆေးခြယ်တာ ပြဿနာမဟုတ်ပေမယ့် ဘက်ထရီပလိပ် ပြားထောင်း အညိုရင့်ရင့် (စဥ့်အိုး အရောင်ခြယ်ရန်လည်း သုံးပါသည်)တွေခြယ်တာကတော့ တကယ့် ပြဿနာ ပဲ။ တစ်ခါတလေ အမေတွေက သနပ် ခါးသွေးရင်း ကလေးကို သနပ်ခါးခွံ့သေး တာ။ ဒီက အမျိုးသမီးတွေလည်း သနပ် ခါးပဲလိမ်းရင်းနဲ့ အမည်းကွက် အမည်း စက် တင်းတိပ်တွေ ထွက်တယ်ဆိုတာ အဲဒါတွေရဲ့ အကျိုးဆက်ပေါ့။ ဘက်ထရီ ပလိပ်ပြားမှုန့်ကတော့ ကင်ဆာပါဖြစ်မှာ အသေချာပဲ။ တချို့က သနပ်ခါးတုံးဖြတ်ရင်း အပွေးလေးတွေထွက်လာရင် လွှင့်မပစ်ဘူး။ ဆူပါဂလူးနဲ့ ပြန်ကပ်တာ တောင်ရှိတယ်။ ဒါကတော့ ကိစ္စမရှိပါ ဘူး။
	
အရင် ကျွန်မတို့ငယ်ငယ်က ဘယ် မှာ ကင်ဆာဆိုတာ ဖြစ်လို့လဲ။ ရှိတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ခုလိုတော့ ကမ္ဘာ မှာ ကင်ဆာဒုတိယအဖြစ်ဆုံး တိုင်းပြည် လို့ အခေါ်ခံရလောက်အောင် မရှိခဲ့ပါ ဘူး။ အဲဒါဘာကြောင့်လဲ သမ္မာအာဇီဝ မဖြစ်တဲ့လုပ်ငန်းတွေကြောင့် အများကြီး ပါတယ်လို့ မထင်ကြဘူးလား။ စိတ် ဖိစီးမှုတွေ ပတ်ဝန်းကျင်ကမ္ဘာကြီး ပူနွေး ဖောက်ပြန်လာမှုတွေလည်း ပါမှာပေါ့။ အစားအသောက်ကတော့ အဓိက ထင် ပါရဲ့။ 
	
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သမ္မာအာဇီဝဆိုတာ သိကြပါတယ်။ သိ သိကြီးနဲ့ တချို့က ဝိသမလောဘသား ကောင်တွေအဖြစ်နဲ့ မသိချင်ယောင် ဆောင်နေကြတယ်။ သူခိုး ဓားပြမှ ငရဲ ကြီးမှာ မဟုတ်ဘူး။ မသမ္မာ အာဇီဝ လုပ်ရင်လည်း ကြီးမှာပဲ။ ဥပမာ ခု ခေတ်စားနေတဲ့ ငါးပိ ကိစ္စဆိုပါတော့ ရောင်းတဲ့သူကတော့ လူမသတ်ဘူး။ ဒါ ပေမဲ့ သူ့ဟာစားပြီး သေမယ်ဆိုရင် သူ လည်း ပါဏာတိပါတ ကံကျူးလွန်တာပဲ။ ငရဲမင်းကိုတော့ မသိလို့ပါလို့ အစစ်ခံ လို့ရမယ် မထင်ဘူး။ 'သင်မသိ ဟု ဆိုရုံ မျှဖြင့် . . . 'ဆိုတဲ့ ဥပဒေစကားတောင် ရှိတာပဲ။
	
ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်တွေကိုလည်း နေရာတကာမှာ သုံးကြပါတယ်။ အပူမထည့်ရင် ကိစ္စသိပ်မရှိပေမယ့် အပူတွေထည့်ရင်တော့ Chemical Reaction တွေ ဖြစ်မှာ အသေအချာပါပဲ။ အထူးသဖြင့် မုန့်ဟင်း ခါးဟင်းရည်ထည့်ကြတာလေ။ ကျွန်မ တော့ အိမ်က ချိုင့်ယူသွားခိုင်းတယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်တဲ့ အပူတွေ မြင်ရင် အဆိပ်လို့ ခံစားရတယ်။ အရင် တုန်းကလို ငှက်ပျောဖက် အင်ဖက်တို့နဲ့ ထုပ်တဲ့ ခေတ်ပြန်ရောက်ရင် ကောင်းမှာ ပါပဲ။
	
အကြော်တွေမှာ ပွဆေးတွေထည့် တာလည်း ရှိသေး။ ဒါကြောင့် သိပ်ပွ ရွနေတာတွေလည်း မစားရင်ကောင်း မယ်။ အကြော်(တင်ပူရာ)ဆိုလည်း ဆီ တစ်ခါကြော်ပြီးတိုင်းမှာ မသွန်နိုင်တာ ဒီတော့ စားချင်ရင် အိမ်မှာ ကြော်စား ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသားက တော့ တစ်ခုခုကြော်ပြီးရင် ဆီကို ဘတ်ခနဲ သွန်ပစ်တာ စမြင်ရတုန်းက ဗမာပီပီ နှမြောလိုက်တာ။ တိုးရစ်တွေ စားတဲ့ စားသောက်ဆိုင်တွေဆို MSG Free (အချိုမှုန့် မပါ) စားအုန်းဆီမသုံး စတာတွေ ဖော်ပြထားရတယ်။ နို့မို့ဆို ကျွေးလို့မရဘူး။ နိုင်ငံခြားသားကတော့ ကျန်းမာရေး လိုက်စားတယ်ဆို တကယ် ကို လိုက်စားတာပါ။ သူတို့က ကိုယ် လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ကြ တဲ့ လူမျိုးတွေ။သူတို့ အစိုးရတွေကလည်း ဂရုစိုက်ကြတယ်။ တကယ်တော့ ဒီအ စားအသောက်တွေ မသန့်ရှင်းတာ အန္တရာယ်ရှိတာကို အစိုးရအနေနဲ့ ဖိဖိ စီးစီး တကယ်ကို စေတနာပါပါနဲ့ဆောင် ရွက်ပေးလို့ ရတာပဲ။ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ ကျန်းမာရေး ဆေးကု စရိတ်တွေနဲ့ လုံးလည်လိုက်ပြီး မမွဲစေ ချင်ရင်ပေါ့။ ခုတော့ မွဲလည်း မွဲသေး။ လူလည်း အသက်မရှင် ဆိုတာကတော့ မတန်ပါဘူးလေ။
	
မူလတန်းကျောင်းတွေမှာ ကလေး တွေကို သတ်တော့မလား အောက်မေ့ရ တယ်။ ခုတော့ တောင်တွင်းမှာ အစား အသောက်တွေနဲ့ပတ်သက်ပြီး အန္တရာယ် ရှိတဲ့အကြောင်းကို လူတွေသိအောင် Campaign  လုပ်မယ်ပြောတယ်။ အရမ်းကြိုဆိုပါတယ်။ အဲဒါမျိုး တစ်နိုင်ငံလုံးမှာ လုပ်ရမယ်။ မလုပ်မရှုပ်မပြုတ်တွေ များနေရင်တော့ မလွယ်လှဘူးပေါ့။
အင်း ကျွန်မတို့ မြန်မာလူမျိုးတွေ ရဲ့ဘဝကတော့ ရင်လေးစရာ အတိပါပဲ။ အစိုးရမင်းများကိုပဲ တောင်းဆိုချင်ပါ တယ်။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်း မာတာကို စာရွက်ပေါ်မှာတင်မဟုတ် လက်တွေ့မြင်ချင်ကြပါလို့ ....။

အမရာ(ရူပ)

ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။

Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်နိုင်ငံသို့ ထွက်ခွာ

Photo: တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တရုတ်နိုင်ငံသို့ ထွက်ခွာ

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ ခရီးစဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ် ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများကို လေ့လာခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊ ဟိုင်နန်စသည့် မြို့များအပါအ၀င် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများကို လေ့လာခြင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပညာတော်သင်များအား တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာတပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် မြထွန်းဦး၊ ဗိုလ်ချုပ် စိုးသိန်း၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် လွင်ဦး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဆန်းဦးနှင့် တပ်မတော် အရာရှိများ လိုက်ပါသွားကြောင်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းနိုင်ငံသို့လည်း စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း၌ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tanasak Pati-mapragorn တို့ကို တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး အကောင်းဆုံးရှိချိန် နယ်နိမိတ်တိုင်းတာရေး ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ နယ်စပ်ပြဿနာများအား ပူးပေါင်းဆောင်ရွက် ဖြေရှင်းရန်တို့ကို ဆွေးနွေးခြင်းနှင့် 1st Thailand-Myanmar High Level Committee Meeting သို့ တက်ရောက်ကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာ့တပ်မတော်သည် တရုတ်၊ ရုရှားကဲ့သို့ နိုင်ငံများနှင့် သာမက အမေရိကန်၊ ဗြိတိန် စသည့်နိုင်ငံများ အပါအ၀င် နိုင်ငံအများစုနှင့် စစ်ဘက်ရေးရာ ကိစ္စများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။

(အောက်တိုဘာ ၁၂ ရက်က တရုတ်နိုင်ငံသို့ သွားရောက်မည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နေပြည်တော်လေဆိပ်တွင် လိုက်ပါပို့ဆောင်ကြစဉ်)

တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆွေးနွေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောက်တိုဘာ ၁၂ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဆိုပါ ခရီးစဉ်ကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ကြောင်း သိရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ် ကော်မရှင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ် လုပ်ငန်းများကို လေ့လာခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူး၊ ကျိုဇိုက်ကုပ်၊ ပေကျင်း၊ ဟိုင်နန်စသည့် မြို့များအပါအ၀င် တရုတ်နိုင်ငံ၏ ထင်ရှားသော နေရာများကို လေ့လာခြင်းနှင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပညာတော်သင်များအား တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသို့ ဟောပြောရှင်းလင်းမှု အတိုက်အခံပါတီ NLD စတင်

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုသို့ ဟောပြောရှင်းလင်းမှု အတိုက်အခံပါတီ NLD စတင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရးအတွက် အတိုက်အခံပါတီဖြစ်သော NLD ပါတီက အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြည်သူလူထုအား ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့်ပတ်သက်သည့် အကြောင်းအချက်များအား အသိပေး ဟောပြောခြင်းကို မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင် စတင် ကျင်းပခဲ့သည်။

တောင်ဒဂုံမြို့နယ်တွင် ကျင်းပသည့် ဟောပြောပွဲတွင် တက်ရောက်သူ ၃၀၀ ၀န်းကျင်ခန့်ရှိပြီး NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီက ဦးဆောင် ဟောပြောခဲ့ပြီး ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု၏ ဒီမိုကရေစီ စံနှုန်းအဖြစ် အချက်စ်ချက်ကို အခြေခံကာ စဉ်းစားသည်ဟု ပြောကြားခဲ့သည်။ ထိုအချက်နှစ်ချက်မှာ (၁) ပြည်သူ၏ ဆန္ဒမည်မျှ ပါဝင်သနည်းနှင့် (၂) ထိုစာအုပ်တွင် ဖတ်ကြည့်ပါက နိုင်ငံတော်၏ အာဏာအား မည်သူ့ကို ပေးထားသနည်းဆိုသည့် အချက်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က ပြည်သူလူထု ရွေးကာက်ထားသူ အနည်းငယ်သာ ပါဝင်ကာ အာဏာသိမ်း စစ်အစိုးရ ရွေးချယ်ထားသူ အများစုသာ ပါဝင်ခဲ့ကြာင်းကို အချက်အလက်ခိုင်လုံစွာ ရှင်းလင်းခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူလူထု မျက်ရည်ပင်လယ် ဝေနေချိန်တွင် အတင်းအဓမ္မ ဆန္ဒကောက်ခံခဲ့ကာ မဲပေးနိုင်သူဦးရေ၏  ၉၂  ရာခိုင်နှုန်းကျော် ထောက်ခံသည်ဟုဆိုကာ ဇွတ်အတင်းလုပ်ယူခဲ့ပုံအားလည်း ရှင်းလင်းပြသည်။ ထို့နောက် ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တ်ာခေါ်ယူခဲ့ကြောင်းနှင့် ၁၉၄၇ ခုနှစ် ဥပဒေတွင် အာဏာကို အဓိက ပိုင်ဆိုင်သူများမှာ ပြည်သူလူထုသာ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြောင်းလည်း ပြောပြခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေသည် ဒီမိုကရေစီ စံချိန်စံညွန်းများနှင့် ကိုက်ညီမှု ရှိသောကြောင့် ထိုဥပဒေနှင့် အုပ်ချုပ်ခဲ့သည် ၁၄ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အချမ်းသာဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က ဆန်နှင့် ကျွန်းသစ်နှစ်မျိုးကိုသာ ရောင်းချခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားသည်။ ထို့နောက် ၁၉၆၂ ခုနှစ်မှ စတင်ကာ ဒီမိုကရေစီ စံချိန်စံညွန်းနှင့် ကိုက်ညီမှု မရှိသော အုပ်ချုပ်ပုံကြောင့် ၁၉၈၇ ခုနှစ်မှ စတင်ကာ အဆင်းရဲဆုံး တိုင်းပြည်စာရင်း ၀င်သွားခဲ့ရသည်ဟု အလေးအနက် ဟောပြောခဲ့သည်။
    
ထို့နောက် ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ ခု အခြေခံဥပဒေနှင့် ၂၀၀၈ အခြေခံဥပဒေများအား နှိုင်းယှဉ်ပြခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေသည် တစ်ပါတီ အာဏာရှင်စနစ်တွင် ပြဋ္ဌာန်းခဲ့သည့် အခြေခံဥပဒေထက် ပိုမိုဆိုးရွားစွာ စစ်တပ်ကို နေရာပေးထားကြောင်းကိုလည်း ပြောကြားခဲ့သည်။
    
၂၀၀၈ အခြေခံဥပဒေတွင် အာဏာသုံးရပ် ရှိသော်လည်း ထိုအာဏာသုံးရပ်ကို နောက်ဆုံးချုပ်ကိုင်ထားသည်မှာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် အကြောင်းအား ဥပဒေပုဒ်မ နံပါတ်များနှင့် ရှင်းလင်းခဲ့သည်။
    
ကမ္ဘာပေါ်ရှိ အခြေခံဥပဒေ ပြင်ဆင်ရာတွင် (၁)လွယ်ကူသော ပြင်ဆင်ခြင်း (၂) ခက်ခဲသော ပြင်ဆင်ခြင်း (၃) အလွန်ခက်ခဲသော ပြင်ဆင်ခြင်းဟု ခွဲခြားထားပြီး လွယ်သူသော ပြင်ဆင်ခြင်းမှာ လွှတ်တော်အမတ် ၅၁ ရာခိုင်န်း ထောက်ခံရန် လိုအပ်ပြီး ခက်ခဲသည့် ပြင်ဆင်မှုအတွက် လွှတ်တော်အမတ် ၆၇ ရာခိုင်နှုန်း ထောက်ခံရန် လိုအပ်ကာ အလွန်ခက်ခဲ့သည့် အဆင့်အဖြစ် လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်း ထောက်ခံရန် လိုအပ်သည်။ သို့သော် ၂၀၀၈ အခြေခံ ဥပဒေကဲ့သို့သော ဥပဒေ ကမ္ဘာပေါ်တွင် အခြားတစ်ခုမျှရှိဟု ဆိုသည်။ ဥပဒေတစ်ခုကို ပြင်ဆင်ရန်အတွက် လွှတ်တော်ထဲမှ အမတ် ၂၀ ရာခိုင်နှုန်းက ဦးစွာ ထောက်ခံရန်လိုအပ်ပြီး ထို ၂၀ ရာခိုင်နှုန်း ထောက်ခံပြီးပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရန် လိုအပ်ကာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံပြီးပါက ပြည်သူလူထုထံမှ ဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ကာ မဲထည့်နိုင်သူ ဦးရေစုစုပေါင်း၏ ၅၁ ရာခိုင်နှုန်း ထောက်ခံမှသာ ပြင်ဆင်ရမည် ဖြစ်သဖြင့် အလွန်ခက်ခဲ ရှုပ်ထွေးလှသည်ဟု ပြင်ဆင်ပုံအဆင့်ဆင့်ကို ဥပဒေပါအတိုင်း ရှင်းလင်းပြသည်။ သို့သော်လည်း အသစ်ပြန်လည် ရေးဆွဲပါက တပ်မတော်မှ အာဏာသိမ်းနိုင်သည်ဟု ယူဆချက်များလည်း ရှိနေကာ မှန်ကန်မှု ရှိ၊ မရှိ မည်သူမျှ တိတိကျကျ မသိနိုင်ကြောင်းလည်း ရှင်းပြသည်။
    
ဦးကိုနီက ရှင်းလင်းပြီးနောက် တက်ရောက်လာသူများထဲမှ အခြေခံဥပဒေအား ပြင်ဆင်လိုသူ ဦးရေကောက်ယူရာ တက်ရောက်လာသူထဲမှာ ၉၀ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် လက်ခံသည်။ မြောက်ဥက္ကလာပမြို့နယ်တွင် တက်ရောက်လာသူ ၅၀၀ နီးပါးရှိပြီး ၈၆ ရာခိုင်နှုန်းမှ အခြေခံဥပဒေကို ပြင်ဆင်ရန် လက်ခံကြောင်းလည်း သိရသည်။
    
ထိုပွဲကို တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူတစ်ဦးဖြစ်သူ ဦးကျော်မြင့်က "အရင်ဆုံး ပြင်ဖို့ ကြိုးစားကြည့်ချင်ပါတယ်။ ဘယ်လိုမှ ပြင်လို့ မဖြစ်နိုင်ဘူးဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ပြင်ဆင်ဖို့ကိုတော့ စစ်တပ်ကလည်း စိတ်ဝင်စားလိမ့်မည်လို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။
    
NLD ပါတီအနေနှင့် ထိုဟောပြောပွဲများအား ပြည်သူကြားထဲသို့ ထဲထဲဝင်ဝင် ရောက်ရှိသွားစေရန်လည်း ကြိုးစားမည်ဟု ပြောကြားခဲ့သည်။
    
ထိုဟောပြောပွဲမှာမှ ရရှိသည့် ပြည်သူ့သဘောထားနှင့် ရပ်ကျေးမှ ဆက်လက် ကောက်ခံမည့် ပြည်သူ့သဘောထားများအား လွှတ်တော်မှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ သုံးသပ်ရေးကော်မတီထံ တင်ပြမှာ ဖြစ်ကြာင်းလည်း သတင်းရရှိသည်။

(ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲအား တောင်ဒဂုံမြို့နယ် NLD ရုံးတွင် ကျင်းပသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း))
(ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေး ဟောပြောပွဲအား တောင်ဒဂုံမြို့နယ် NLD ရုံးတွင် ကျင်းပသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်ဝင်း))

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ပြန်လည် ရေးဆွဲရးအတွက် အတိုက်အခံပါတီဖြစ်သော NLD ပါတီက အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ပြည်သူလူထုအား ၂၀၀၈ ခုနှစ် အခြေခံဥပဒေ နှင့်ပတ်သက်သည့် အကြောင်းအချက်များအား အသိပေး ဟောပြောခြင်းကို မြောက်ဥက္ကလာပမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင် စတင် ကျင်းပခဲ့သည်။

တောင်ဒဂုံမြို့နယ်တွင် ကျင်းပသည့် ဟောပြောပွဲတွင် တက်ရောက်သူ ၃၀၀ ၀န်းကျင်ခန့်ရှိပြီး NLD ပါတီမှ ဖွဲ့စည်းထားသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီက ဦးဆောင် ဟောပြောခဲ့ပြီး ဦးကိုနီက ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု၏ ဒီမိုကရေစီ စံနှုန်းအဖြစ် အချက်စ်ချက်ကို အခြေခံကာ စဉ်းစားသည်ဟု ပြောကြားခဲ့သည်။ ထိုအချက်နှစ်ချက်မှာ (၁) ပြည်သူ၏ ဆန္ဒမည်မျှ ပါဝင်သနည်းနှင့် (၂) ထိုစာအုပ်တွင် ဖတ်ကြည့်ပါက နိုင်ငံတော်၏ အာဏာအား မည်သူ့ကို ပေးထားသနည်းဆိုသည့် အချက်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က ပြည်သူလူထု ရွေးကာက်ထားသူ အနည်းငယ်သာ ပါဝင်ကာ အာဏာသိမ်း စစ်အစိုးရ ရွေးချယ်ထားသူ အများစုသာ ပါဝင်ခဲ့ကြာင်းကို အချက်အလက်ခိုင်လုံစွာ ရှင်းလင်းခဲ့သည်။ ထို့နောက် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူလူထု မျက်ရည်ပင်လယ် ဝေနေချိန်တွင် အတင်းအဓမ္မ ဆန္ဒကောက်ခံခဲ့ကာ မဲပေးနိုင်သူဦးရေ၏ ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံသည်ဟုဆိုကာ ဇွတ်အတင်းလုပ်ယူခဲ့ပုံအားလည်း ရှင်းလင်းပြသည်။

စိတ်တိုင်းကျ အိပ်စက်နိုင်ရန် လေဒီဂါဂါ ဒေါ်လာတစ်သိန်း သုံးစွဲ

Photo: စိတ်တိုင်းကျ အိပ်စက်နိုင်ရန် လေဒီဂါဂါ ဒေါ်လာတစ်သိန်း သုံးစွဲ

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ၊ ၁၂

ပေါ့ပ်ဘုရင်မ လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ အိပ်စက်နိုင်ဖို့အတွက် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း သုံးစွဲခဲ့ကြောင်း contact music.com မှာ ဖော်ပြထားပါတယ်။

လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အထူးပြုလုပ် ထားတဲ့ အိပ်ရာခင်းတစ်ခုကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့သလို အဲဒီအိပ်ရာခင်းကို သန့်ရှင်းရေးလုပ်ဖို့ အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ရာမှာ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
“သူက အကောင်းစားချည်နဲ့ လုပ်ထားတဲ့ ပန်းရောင် Pratesi အိပ်ရာခင်းနဲ့ပဲ အိပ်တတ်ပါတယ်။ ပြီးတော့ သူအိပ်တဲ့ အိပ်ရာခင်းကို ရေနဲ့ လျှော်တာ ကိုလည်း မကြိုက်ပါဘူး။ အခြောက်လျှော်တာကိုပဲ သဘောကျတာပါ” လို့ လေဒီဂါဂါနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။
“သူက သူ့အိပ်ရာခင်းကို ထိန်းသိမ်းတဲ့ သူတွေအပေါ်မှာ နည်းနည်းတော့ ဇီဇာကြောင်တတ်ပါတယ်။ အဲဒါကြောင့် သူဘယ်သွားသွား သူ့အိပ်ရာကို အမြဲအခြောက် လျှော်ပေးနေကျ ဝန်ထမ်းတွေကို တတ်နိုင်သမျှ ခေါ်သွားလေ့ ရှိပါတယ်” လို့လည်း အဆိုပါ လေဒီဂါဂါနဲ့ ရင်းနှီးသူက ဆိုပါတယ်။

လေဒီဂါဂါဟာ ဘယ်ကိုပဲရောက်ရောက် အိမ်မှာနေရတဲ့ ခံစားမှုမျိုးကို ရချင်သူဖြစ်ပြီး သူသောက် လေ့ရှိတဲ့ လက်ဖက်ရည်ခွက်နဲ့ အောက်ခံ ပန်းကန်ပြားကို သွားလေရာ ယူသွားလေ့ ရှိတယ်လို့ ယခင်ကလည်း ထုတ်ဖော် ပြောကြားဖူးပါတယ်။

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ၊ ၁၂

ပေါ့ပ်ဘုရင်မ လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ အိပ်စက်နိုင်ဖို့အတွက် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်း သုံးစွဲခဲ့ကြောင်း contact music.com မှာ ဖော်ပြထားပါတယ်။

လေဒီဂါဂါဟာ ရောက်လေရာမှာ စိတ်တိုင်းကျ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အတွက် အထူးပြုလုပ် ထားတဲ့ အိပ်ရာခင်းတစ်ခုကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့သလို အဲဒီအိပ်ရာခင်းကို သန့်ရှင်းရေးလုပ်ဖို့ အတွက် ငွေကြေးများစွာ သုံးစွဲခဲ့ရာမှာ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
“သူက အကောင်းစားချည်နဲ့ လုပ်ထားတဲ့ ပန်းရောင် Pratesi အိပ်ရာခင်းနဲ့ပဲ အိပ်တတ်ပါတယ်။ ပြီးတော့ သူအိပ်တဲ့ အိပ်ရာခင်းကို ရေနဲ့ လျှော်တာ ကိုလည်း မကြိုက်ပါဘူး။ အခြောက်လျှော်တာကိုပဲ သဘောကျတာပါ” လို့ လေဒီဂါဂါနဲ့ ရင်းနှီးသူတစ်ဦးက ပြောပါတယ်။

စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့်  လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။  ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်

Photo: ဗုံးပေါက်ကွဲမှုကြောင့် ချမ်းမြေ့ တည်းခိုခန်းတွင် တည်းခိုသူများကို တောင်ငူ မြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်

တောင်ငူ၊ အောက်တိုဘာ ၁၂

လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့်  အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။

တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့်  အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ကျွန်တော်က ပေါက်ကွဲသံကြားလို့ အခန်းအပြင် ထွက်ကြည့်တော့ အခန်းတံခါးတွေ ကျိုးပဲ့ပျက်စီးနေပြီး လူတစ်ယောက်က ခုံကျိုးတွေကြားမှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေပါပြီ။ ပထမတော့ မိုးကြိုးပစ်တယ်လို့ ထင်တာ။ မိုးတွေကလည်း ရွာနေတော့” ဟု အခင်းဖြစ်ပွားရာ တည်းခိုခန်း အခန်းအမှတ် ၃ တွင် ရန်ကုန်မြို့မှ လာရောက် တည်းခိုနေထိုင်သူ ဦးဝေသိန်းက ရှင်းပြသည်။

လယ်ဝေးမြို့မှ လာရောက် တည်းခိုနေထိုင်သူ မီးရထားရဲတပ်သား အသက် ၂၉ နှစ်အရွယ်ရှိ ဦးနေမျိုးကျော် ဆိုသူသည် အခင်းဖြစ်ပွားရာ ချမ်းမြေ့တည်းခိုခန်း အပေါ်ထပ် အခန်း ၆ /B တွင် ရှိနေပြီး ညောင်လေးပင်မြို့မှ လာရောက် တည်းခို နေထိုင်သူ အသက် ၂၄ နှစ် အရွယ်ရှိ ဒေါ်ယုခိုင်နှင့် အသက် ၂၇ နှစ်အရွယ် ဒေါ်ငြိမ်းသူဆိုသူတို့ နှစ်ဦးသည် အခန်း ၆ တွင် ရှိနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု တောင်ငူမြို့ မြို့မရဲစခန်း၏ ကနဦး စစ်ဆေးချက်များအရ စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မီးရထား ရဲတပ်သား နေမျိုးကျော်မှာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်ယုခိုင် ညောင်လေးပင်မြို့နယ် မြို့မ (၄) ရပ်ကွက် နေသူမှာလည်း တောင်ငူ ပြည်သူ့ဆေးရုံကြီးကို တင်ပို့ ကုသနေစဉ် အဆိုပါည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင်သေဆုံး ခဲ့ကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
“လုံခြုံရေး အင်အားတွေ အခုရက်ပိုင်းမှာ တိုးချဲ့ထားတာပဲ။ အခုဖြစ်စဉ်က ဖြူး ဗုံးတွေတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နိုင်ပါတယ်။ ဖြစ်တာက နှစ်ရက်လောက်ပဲ ကွာနေတယ်” ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးက သုံးသပ် ပြောကြားသည်။

အခင်းဖြစ်ပွားသည့် နေ့တွင် ချမ်းမြေ့ တည်းခိုခန်း၌ လာရောက် တည်းခိုနေသူ ၁၁ ဦးခန့် ရှိနေပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသမီးနှင့် အဖော်ဖြစ်သူ ဒေါ်ငြိမ်းသူတို့ နှစ်ဦးသည် အဆိုပါ တည်းခိုခန်းတွင် လာရောက် တည်းခိုလေ့ရှိပြီး မည်သည့် အလုပ်လုပ်သည်ကို မသိရဘဲ ကျန်တည်းခိုနေသူ အများစုမှာ ကုမ္ပဏီ ဝန်ထမ်းများသာ ဖြစ်ကြောင်း အဆိုပါ တည်းခိုခန်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တောင်ငူမြို့ မြို့မရဲစခန်းက (ပ)၅၃၅/၂၀၁၃ ပေါက်ကွဲစေတတ်သော အက်ဥပဒေပုဒ်မ -၃ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး တောင်ငူခရိုင် ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း စာတိုက်ရုံးရှေ့တွင် ရပ်တန့်ထားသော လိုက်ထရပ် အဖြူရောင် ခရီးသည်တင် ကားတစ်စီးပေါ်တွင် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ပေါက်ကွဲနိုင်သေးသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး တောင်ငူမြို့နယ် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (၉၁၁) မှ ဖြူးမြို့ နယ်မြေခံတပ်ရင်းသို ပို့ဆောင်ကာ ဖျက်ဆီး ပစ်ခဲ့ရသေးကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းများထံမှ စုံစမ်းသိရှိရသည်။

ဇေယျာကို (တောင်ငူ)

တောင်ငူ၊ အောက်တိုဘာ ၁၂

လူနစ်ဦး သေဆုံးခဲ့ရသော ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုတွင် လိုအပ်သော စစ်ဆေး အရေးယူမှုများ ပြုလုပ်နိုင်ရန် တည်းခိုခန်းတွင် လာရောက် တည်းခိုနေထိုင်သူများကို တောင်ငူမြို့ပေါ်မှ ထွက်ခွာခွင့် တားမြစ်ထားကြောင်း တောင်ငူမြို့ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများနင့် အမှတ် (၁၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူက ပြောကြားသည်။

တောင်ငူမြို့ (၁၇) ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ တည်းခိုခန်းတွင် အောက်တိုဘာ ၁၁ ရက်နေ့ည ၈ နာရီ မိနစ် ၅၀ အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အသက် ၂၉ နှစ် အရွယ် အမျိုးသားတစ်ဦးနင့် အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
“ကျွန်တော်က ပေါက်ကွဲသံကြားလို့ အခန်းအပြင် ထွက်ကြည့်တော့ အခန်းတံခါးတွေ ကျိုးပဲ့ပျက်စီးနေပြီး လူတစ်ယောက်က ခုံကျိုးတွေကြားမှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေပါပြီ။ ပထမတော့ မိုးကြိုးပစ်တယ်လို့ ထင်တာ။ မိုးတွေကလည်း ရွာနေတော့” ဟု အခင်းဖြစ်ပွားရာ တည်းခိုခန်း အခန်းအမှတ် ၃ တွင် ရန်ကုန်မြို့မှ လာရောက် တည်းခိုနေထိုင်သူ ဦးဝေသိန်းက ရှင်းပြသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်

Photo: ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် နျူကလီးယား ဒုံးကျည် ထိပ်ဖူး ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်က ရှိခဲ့သည့် အရေအတွက်အောက် ၇၅ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူက ထုတ်ပြန်သည်။

လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုင်းငံ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းမဲ့သော ကမ္ဘာဖြစ်ရန် လိုကြောင်း ၂၀၀၉ ခုနှစ်၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရာတွင် တွန်းအားသစ်များ ပေါ်ပေါက်ခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့် နေတိုး စစ်မဟာမိတ် အဖွဲ့က ဒုံးခွင်းဒုံး စနစ်များ တည်ဆောက်နေခြင်းကြောင့် သမ္မတအိုဘားမား၏ မျှော်မှန်းချက်များ အကောင်အထည် ပေါ်လာရေး မှန်ဝါးလျက် ရှိသည်။

ထို့အပြင် အမေရိကန်နိုင်ငံက နျူကလီးယား လက်နက် အရေအတွက်ကို သုံးပုံတစ်ပုံ လျှော့ချသွားရန် ရုရှားနိုင်ငံကို ပြီးခဲ့သည့် ဇွန်လအတွင်း ကမ်းလှမ်းခဲ့သော်လည်း အမေရိကန် လုပ်ဆောင်နေသည့် ဒုံးခွင်းဒုံးစနစ်မှာ ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။

ရုရှားတာဝေးပစ် ဒုံးကျည်များကို ဒုံးခွင်းဒုံးစနစ်က တားဆီးနိုင်ခြင်းကြောင့် ရုရှားနိုင်ငံ အနေနှင့် မိမိ၏ နျူကလီးယား ထိပ်ဖူး အရည်အတွက်ကို တိုးမြှင့်ရန် သို့မဟုတ် မဟာဗျူဟာ ဟန့်တားရေး မူဝါဒကို အဆုံးရှုံးခံရန် နည်းလမ်းနှစ်ခုသာ ကျန်တော့ကြောင်း ဝေဖန်လိုက်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုက မိမိ၏ ဒုံးကျည်ထိပ်ဖူးများကို အဆင့်မြှင့်တင်လျက် ရှိသလို၊ ရုရှားနိုင်ငံကလည်း ဒုံးကျည်များတွင် တပ်ဆင်နိုင်သော ထိပ်ဖူး အရေအတွက်ကို တိုးမြှင့်လျက် ရှိပြီး တရုတ်နိုင်ငံက နျူကလီးယား လက်နက် တပ်ဆင်နိုင်သော ရွေ့လျား ဒုံးကျည် စနစ်သစ်များ တီထွင် ထုတ်လုပ်နေကြောင်း အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့အစည်းက သတိပေးလိုက်သည်။

ယင်းကဲ့သို့ လုပ်ဆောင်နေမှုများကြောင့် နျူကလီးယား ကင်းမဲ့ကမ္ဘာ ဖြစ်လာမည် မဟုတ်ဘဲ နျူကလီးယား လက်နက်များ အမြဲတမ်း တပ်ဆင်ထားသည့် ကမ္ဘာအဖြစ်သာ ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး အကြီးတန်းအရာရှိ အန်ဂလာကိတ်က ပြောကြားသည်။

ထို့အပြင် ဆယ်စုနှစ် အနည်းငယ်အတွင်း နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ အရေအတွက် ၂၅ နိုင်ငံသို့ တိုးမြင့်လာနိုင်ပြီး ယင်းနိုင်ငံများတွင် အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် မြောက်ကိုရီးယားနိုင်ငံ တို့ ပါဝင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ နျူကလီးယားလက်နက် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ဗြိတိန်၊ ပြင်သစ်၊ တရုတ်နိုင်ငံတို့က လက်နက် အရေအတွက် ၂၀၀ မှ ၃၀၀ ထိ ပိုင်ဆိုင်ထားကာ အိန္ဒိယနိုင်ငံတွင် နျူကလီးယားလက်နက် ၁၁၀၊ ပါကစ္စတန်တွင် ၁၂၀ နှင့် အစ္စရေးနိုင်ငံတွင် အခု ၈၀ ထိ ရှိနေကြောင်း အမေရိကန် သိပ္ပံပညာရှင် အဖွဲ့က ပြောကြားသည်။

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် နျူကလီးယား ဒုံးကျည် ထိပ်ဖူး ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်က ရှိခဲ့သည့် အရေအတွက်အောက် ၇၅ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူက ထုတ်ပြန်သည်။

လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုင်းငံ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းမဲ့သော ကမ္ဘာဖြစ်ရန် လိုကြောင်း ၂၀၀၉ ခုနှစ်၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရာတွင် တွန်းအားသစ်များ ပေါ်ပေါက်ခဲ့သည်။

ကေအိုင်အို ကိုယ်စားလှယ်များ၏ အပြန်ခရီး ဒေသခံ ထောင်ပေါင်းများစွာ ပို့ဆောင်နှုတ်ဆက်

Photo: ကေအိုင်အို ကိုယ်စားလှယ်များ၏ အပြန်ခရီး ဒေသခံ ထောင်ပေါင်းများစွာ ပို့ဆောင်နှုတ်ဆက်

မြစ်ကြီးနား အောက်တိုဘာ ၁၂

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ အပြန်ခရီးကို  အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသခံ ကချင်လူမျိုး ထောင်ပေါင်းများစွာတို့က ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအထိ တိုင်အောင် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ကေအိုင်အို ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာမည့် ယင်းနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ မြစ်ကြီးနား ဒေသခံများက မနောကွင်းရှေ့တွင် စုရုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက် ၇ နာရီခန့်အချိန် ကိုယ်စားလှယ်များ မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ရာ ယာဉ်တန်းနှင့်အတူ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကလည်း စောင့်ဆိုင်း နှုတ်ဆက် ခဲ့ကြပြီး ကချင် အနုပညာရှင်များက တေးဂီတများ တီးခတ် ဖျော်ဖြေလျက် မော်တော်ယာဉ်များဖြင့် ကိုယ်စားလှယ်များကို လမ်းတစ်လျှောက် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
“ကျွန်တော်တို့ ကတော့ အောင်မြေ ၂ ထိပဲ လိုက်ပို့ခဲ့တယ်။ ကားနဲ့ လူတွေကတော့ နမ်ဆန်ယန်ထိ လိုက်ပို့ကြမယ်လို့ ပြောတယ်” ဟု ကိုယ်စားလှယ်များကို ပို့ဆောင် နှုတ်ဆက်ခဲ့သူ မြစ်ကြီးနားမြို့မှ ကိုမရန်က ဆိုသည်။

ကေအိုင်အို ကိုယ်စားလှယ်များ၏ မေလ ဆွေးနွေးပွဲအပြီး အပြန်ခရီးတွင်လည်း ဒေသခံများက ယခုကဲ့သို့ လိုက်လံပို့ဆောင်ခဲ့ပြီး ဝိုင်းမော်မြို့နယ်ရှိ ရှမ်းလူမျိုးများက ကေအိုင်အို ကိုယ်စားလှယ်များကို ဆန္ဒပြခဲ့ကြသည်။

မြစ်ကြီးနား အောက်တိုဘာ ၁၂

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော ကေအိုင်အို ကိုယ်စားလှယ်များ မြစ်ကြီးနားမှ လိုင်ဇာသို့ အပြန်ခရီးကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒေသခံ ကချင်လူမျိုး ထောင်ပေါင်းများစွာတို့က ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအထိ တိုင်အောင် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

ကေအိုင်အို ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာမည့် ယင်းနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ မြစ်ကြီးနား ဒေသခံများက မနောကွင်းရှေ့တွင် စုရုံး စောင့်ဆိုင်းနေခဲ့ပြီး နံနက် ၇ နာရီခန့်အချိန် ကိုယ်စားလှယ်များ မြစ်ကြီးနားမှ စတင်ထွက်ခွာခဲ့ရာ ယာဉ်တန်းနှင့်အတူ မော်တော်ဆိုင်ကယ်များ၊ မော်တော်ကားများဖြင့် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်မြို့သွားရာ လမ်းတစ်လျှောက်ရှိ ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကလည်း စောင့်ဆိုင်း နှုတ်ဆက် ခဲ့ကြပြီး ကချင် အနုပညာရှင်များက တေးဂီတများ တီးခတ် ဖျော်ဖြေလျက် မော်တော်ယာဉ်များဖြင့် ကိုယ်စားလှယ်များကို လမ်းတစ်လျှောက် လိုက်လံ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis