menu

Monday 13 January 2014

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အမှိုက်ပုံးမှ သေနတ်ကျည်ဆန်များကောက်ရ

Photo: ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ အမှိုက်ပုံးမှ သေနတ်ကျည်ဆန်များကောက်ရ

ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီခန့်က ကျည်ဆန်များကောက်ယူရရှိခဲ့သည်။

လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရက်ကွက် အနော်မာလမ်းနေ မမျိုးပပစမ်း အသက် (၂၈)နှစ်သည် မီးရထားသံလမ်းတစ်လျှောက် ပစ္စည်းဟောင်းများရှာဖွေကောက်ယူခဲ့ရာ ကြည့်မြင်တိုင် မီးရထားဝန်းအနီးရှိ အမှိုက်ပုံးမှ ပလတ်စတစ်ဆေးဘူးဟောင်း အဖြူရောင်အတွင်းမှ သေနတ်ကျည်ဆန်များကို ကောက်ယူရရှိခဲ့သည်။

မမျိုးပပစမ်းက ကျည်ဆန်များကို စမ်းချောင်းမြို့နယ် ဟုမ်လမ်းဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အပ်နှံခဲ့သည်။

၎င်းကောက်ယူရရှိသည့်နေရာမှာ ကြည်မြင်တိုင်မြို့နယ် ရဲစခန်းအပိုင်းနယ်မြေဖြစ်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ် မိုးကျော်နှင့်အတူရပ်ကွက်မှ တာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့သည်။

ကောက်ယူရရှိသည့် ကျည်ဆန်များမှာ ၃၈ ခြောက်လုံးပြူးသေနတ်ကျည်ဆန်ခုနှစ်တောင့်၊ စတင်းဂန်းသေနတ်ကျည်ဆန်နှစ်တောင့်ဖြစ်ကြောင်းသိရသည်။

ကောက်ယူသူ မမျိုးပပစမ်းအား တွေ့ရှိသည့်နေရာသို့ လိုက်လံပြသခိုင်းပြီး ထပ်မံရှာဖွေခဲ့ရာ နောက်ထပ်တွေ့ရှိခြင်းမရှိဟုသိရသည်။ တွေ့ရှိထားသောသေနတ်ကျည်ဆန်များနှင့်အတူ မမျိုးပပစမ်းအား ဒုတိယရဲအုပ် မိုးကျော်နှင့်အဖွဲ့က မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

Aye Chan Mon# Credit To :The Mirror Daily> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ကြည့်မြင်တိုင်မြို့နယ်အတွင်း ရထားသံလမ်းအနီး အမှိုက်ပုံးမှ ပစ္စည်းဟောင်းများ ရှာဖွေကောက်ယူသူ အမျိုးသမီးတစ်ဦးသည် ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီခန့်က ကျည်ဆန်များကောက်ယူရရှိခဲ့သည်။

လှိုင်သာယာမြို့နယ် အမှတ် (၁၈) ရက်ကွက် အနော်မာလမ်းနေ မမျိုးပပစမ်း အသက် (၂၈)နှစ်သည် မီးရထားသံလမ်းတစ်လျှောက် ပစ္စည်းဟောင်းများရှာဖွေကောက်ယူခဲ့ရာ ကြည့်မြင်တိုင် မီးရထားဝန်းအနီးရှိ အမှိုက်ပုံးမှ ပလတ်စတစ်ဆေးဘူးဟောင်း အဖြူရောင်အတွင်းမှ သေနတ်ကျည်ဆန်များကို ကောက်ယူရရှိခဲ့သည်။

မမျိုးပပစမ်းက ကျည်ဆန်များကို စမ်းချောင်းမြို့နယ် ဟုမ်လမ်းဘူတာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်အပ်နှံခဲ့သည်။

၎င်းကောက်ယူရရှိသည့်နေရာမှာ ကြည်မြင်တိုင်မြို့နယ် ရဲစခန်းအပိုင်းနယ်မြေဖြစ်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ် မိုးကျော်နှင့်အတူရပ်ကွက်မှ တာဝန်ရှိသူများက ပြန်လည်သိမ်းဆည်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

Photo: ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

တင်ဇာအောင်၊ အောင်ကိုဦး| တနင်္လာနေ့၊ ဇန်န၀ါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍ ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာတွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့ ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

Aye Chan Mon# Credit To :Mizzima - News in Burmese> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

တင်ဇာအောင်၊ အောင်ကိုဦး| တနင်္လာနေ့၊ ဇန်န၀ါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍ ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

ကွမ်းစားသူ ၁၀၀ လျှင် ဆယ်ဦးခန့်တွင် ကင်ဆာဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိ

မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါးတွင် ကင်ဆာရောဂါဖြစ်နိုင်သော ခံတွင်းအနာတွေ့ရှိရသည်ဟု ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ၌ ဖတ်ကြားခဲ့သည့် စာတမ်းတစ်စောင်တွင်ဖော်ပြသည်။

ကွမ်းစားသူများတွင် ကင်ဆာဖြစ်လာနိုင်သည့် ခံတွင်းအနာ တွေ့ရှိမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ကွမ်းမစားသူများတွင် မြန်မာနိုင်ငံရှိ ကွမ်းစားသူ တစ်ရာလျှင် ဆယ်ဦးနီးပါးသည် ကင်ဆာရောဂါဖြစ်နိုင်သော ခံတွင်းအနာ တွေ့ရှိရသည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းတစ်စောင်တွင် ဖော်ပြသည်။

ကွမ်းစားသူများတွင် ကင်ဆာဖြစ်လာနိုင်သည့် ခံတွင်းအနာ တွေ့ရှိရမှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ကွမ်းမစားသူများတွင် သုညဒသမ လေး ရာခိုင်နှုန်းသာရှိသည်ဟု စာတမ်းတွင်ဖော်ပြထားသည်။  ရန်ကုန်တိုင်းအတွင်း အသက် ၁၈ နှစ်နှင့်အထက် လူပေါင်း ၅၄၂ ဦးကို ကွမ်းစားခြင်းနှင့်ပတ်သက်၍ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊  ကျန်းမာရေးဝန်ကြီးဌာန  နိုင်ငံခြားဆက်သွယ်ရေးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့မှ သုတေသီများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကွမ်းစားသူ ၂၈၄ ဦး နှင့် ကွမ်းမစားသူ ၂၅၈ ဦး ရှိသည်ဟုဆိုသည်။သုတေသနပြုလုပ်မှုတွင် ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၄၅ နှစ် ဖြစ်ပြီး အမျိုးသမီးပါဝင်မှုမှာ ၅၉ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။

အငြင်းပွားနေသော ဂျပန် ကျွန်းစုရေပိုင်နက် အတွင်းသို့တရုတ်သင်္ဘောများဝင်

China ships
ဇန်နဝါရီ ၁၃။
ဂျပန်ကာကွယ်ရေးဝန်ကြီးက နိုင်ငံ၏ ရေပိုင်နက်ကို ကာကွယ်ရန်အတွက် အရှေ့တရုတ်ပင်လယ်ပြင်မှ တိုကျို၏ ထိန်းချုပ် မှုအောက်တွင်ရှိသော ရေပိုင်နက်များအတွင်း တရုတ်အစိုးရ၏ သင်္ဘောများ ၀င်ရောက်မှုကို တာဆီးတော့မည်ဖြစ်ကြောင်း သန္နိဌာန်ချလိုက်ပြီဟု ဆိုသည်။
တရုတ်ကမ်းခြေစောင့်ရေယာဉ်များသည် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၈နာရီခွဲတွင် ဆန်ခါကုကျွန်းစုများအနက် တစ်ခု၏ အနီးသို့ ၀င်ရောက်ခဲ့ကြောင်းကို နှစ်ဘက်စလုံးက အတည်ပြုပြောကြားခဲ့သည်။ ဂျပန်ကာကွယ်ရေး ၀န်ကြီး အိဆုနိုရိအိုနိုဒီရာက နောက်တစ်ကြိမ်နိုင်ငံ၏ ရေပိုင်နက်အတွင်း ၀င်ရောက်ခြင်းကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ နိုင်ငံ၏ မြေ၊ ရေ နှစ်ရပ်စလုံးကို ကျူးကျော်မှုများ လက်မခံနိုင်တော့ဟု ဆိုသည်။
တမင်ကြံရွယ်ချက်ဖြင့် နယ်ကျော်ဝင်ရောက်လာသော သင်္ဘောများသည် နှစ်နာရီမရှိတရှိ အချိန်အတွင်း ဂျပန်ရေပိုင်နက် အတွင်း လှည့်လည်နေခဲ့ကြသည်။

မူးယစ်ဆေးရောင်းချသူနှစ်ဦးကို ဖမ်းဆီးသော ရဲတပ်ဖွဲ့အား ဒေသခံအချို့ ၀ိုင်းဝန်းတိုက်ခိုက်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချနေသူနှစ်ဦးကို ဖမ်းဆီးလာသည့် ရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများနှင့် ဒေသခံအင်အား နှစ်ဆယ်ခန့်က လမ်းခုလတ်မှ စောင့်ကာ တိုက်ခိုက်မှု ဇန်န၀ါရီ ၁၁ ရက် ညနေက ဖြစ်ပွားခဲ့သည်။

ထိုသို့ ရဲတပ်ဖွဲ့ကို စောင့်ဆိုင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူများ လွတ်မြောက်သွားသည့်အပြင် တိုက်ခိုက်ခံရသည့် ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း သတင်းရရှိသည်။
““ရွာသားတွေက တူမီးသေနတ်တွေရော ဓားတွေပါကိုင်ထားပြီး ရဲတွေကို ၀ိုင်းထားတာပါ။ သူတို့ကို ရွာသားတွေက ၀ိုင်းထားတဲ့အကြောင်း သတင်းပို့လို့ နောက်ထပ်အင်အားတိုးပြီး လိုက်သွားတဲ့အချိန်မှာတော့ ရွာသားတွေအားလုံး ထွက်ပြေးကုန်ပါပြီ။ ရဲတွေကိုတော့ ကျိုင်းတုံဆေးရုံကို ချက်ချင်းပို့ခဲ့ရပါတယ်””ဟု ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။

စီးပွားရေးလုပ်ဖြစ်ရင်တော့ အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ ဘူးလို့ဆိုသူ မေကဗျာ

Photo: စီးပွားရေးလုပ်ဖြစ်ရင်တော့ အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ ဘူးလို့ဆိုသူ မေကဗျာ

ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး နေတဲ့ ‘ချောကလတ်ထဲတွင်အချစ်ဆယ် ရာခိုင်နှုန်းပါဝင်သည်’ ဆိုတဲ့ဇာတ်ကား ကို မေကဗျာက ဖြိုးငွေစိုးနဲ့အတူ ပါ ဝင်သရုပ်ဆောင်နေပါ တယ်။ ဒီဇာတ် ကားထဲမှာမေကဗျာကအလုပ်လုပ်နေ တဲ့ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အနုပညာအလုပ်လုပ်တဲ့အခါ မှာတော့ ဘယ်အချိန်၊ ဘယ်နှစ်ရယ် လို့ ကန့်သတ်ပြီး ကြိုးစားတာမျိုး မဟုတ်ဘဲ နှစ်တိုင်းနှစ်တိုင်းမှာ ပိုပြီး သရုပ်ဆောင်ပီပြင်အောင်ကြိုး စားဖြစ် ပါတယ်လို့မေကဗျာကပြောပါတယ်။

“လူဆိုတာတော့ ကိုယ့်ကိုယ် ကိုယ်အမြဲကျေနပ်အားရနေတာ တော့ မရှိပါဘူး။ ဒီတစ်နေရာရောက် ရင် ဒီထက်ကောင်းတဲ့မြင့်တဲ့ နေရာ ကိုတော့ လိုချင်ကြတာချည်းပါပဲ။ ဒီ တော့ ပြည့်စုံတယ်ဆိုတာတော့မရှိပါ ဘူး။ အမြဲတမ်းတော့အကောင်းဆုံး ဖြစ်အောင်လုပ်ချင်တယ်။ဒါပေမဲ့ အနု ပညာဆိုတာက ကံနဲ့လည်းဆိုင်တယ်။ ကိုယ်ကလုပ်ချင်ေ နပေမယ့်လည်း ကိုယ့် မှာကအခွင့်အရေးရှိဦးမှလေ။ ကဗျာ ကတော့နှစ်တိုင်းနှစ်တိုင်းမှာ အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့မေကဗျာက ပြောပါတယ်။

 အနုပညာအလုပ်ကို အသက် အရွယ်စုံအပိုင်းအခြားပေါ်မူတည် ပြီး လုပ်သင့်လုပ်ထိုက်သလောက်ထိ တော့ အနုပညာအလုပ်တွေကို ဆက် ပြီးလုပ်သွားမှာပါလို့ မေကဗျာ က ပြော ပါတယ်။ “ငယ်ငယ်တုန်းကတော့ ကိုယ် ဘာလုပ်မယ်ဆိုတာကို စဉ်းစားထားတာလေးတွေရှိတယ်။ ဒါပေမဲ့ ကိုယ် ဖြစ်ချင်တာတွေက ဖြစ်လာတာမျိုး တွေ ရှိသ လို၊မဖြစ်လာတာ မျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ ကဗျာဒီအလုပ်ကိုတော့တအားအသက် ကြီးတဲ့အထိတော့ လုပ်ဖို့ စိတ်ကူးမရှိပါဘူး။ ကဗျာအသက်အရွယ် အပိုင်းအခြား လုပ် သင့်လုပ်ထိုက်တဲ့ အချိန်ထိတော့ လုပ် သွားမယ်။ပြီးတော့ ကဗျာစီးပွားရေး လုပ်ဖို့  စိတ်ကူးရှိတယ်။  စီးပွား ရေးလုပ်ဖြစ်ရင်တော့ အနုပညာ အလုပ်ကို မလုပ်ဖြစ်တော့ ဘူး။ အချိန်အတို င်းတာတ စ်ခုထိပဲ လုပ်ဖြစ်သွားမှာပါ” လို့ ပြော ပါတယ်။မေကဗျာက အနုပညာအလုပ် လုပ်နေ တဲ့ အချိန်မှာ ပရိ သတ်ကို  ရသမျိုး စုံနဲ့တင်ဆက်ရိုက်ကူး ပြ ချင်ပြီးပေးလာတဲ့ အခွင့်အရေးပေါ် မှာကြိုးစားသွား မှာပါလို့ပြော ပါ တယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်း ထွန်း
ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး နေတဲ့ ‘ချောကလတ်ထဲတွင်အချစ်ဆယ် ရာခိုင်နှုန်းပါဝင်သည်’ ဆိုတဲ့ဇာတ်ကား ကို မေကဗျာက ဖြိုးငွေစိုးနဲ့အတူ ပါ ဝင်သရုပ်ဆောင်နေပါ တယ်။ ဒီဇာတ် ကားထဲမှာမေကဗျာကအလုပ်လုပ်နေ တဲ့ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အနုပညာအလုပ်လုပ်တဲ့အခါ မှာတော့ ဘယ်အချိန်၊ ဘယ်နှစ်ရယ် လို့ ကန့်သတ်ပြီး ကြိုးစားတာမျိုး မဟုတ်ဘဲ နှစ်တိုင်းနှစ်တိုင်းမှာ ပိုပြီး သရုပ်ဆောင်ပီပြင်အောင်ကြိုး စားဖြစ် ပါတယ်လို့မေကဗျာကပြောပါတယ်။

“လူဆိုတာတော့ ကိုယ့်ကိုယ် ကိုယ်အမြဲကျေနပ်အားရနေတာ တော့ မရှိပါဘူး။ ဒီတစ်နေရာရောက် ရင် ဒီထက်ကောင်းတဲ့မြင့်တဲ့ နေရာ ကိုတော့ လိုချင်ကြတာချည်းပါပဲ။ ဒီ တော့ ပြည့်စုံတယ်ဆိုတာတော့မရှိပါ ဘူး။ အမြဲတမ်းတော့အကောင်းဆုံး ဖြစ်အောင်လုပ်ချင်တယ်။ဒါပေမဲ့ အနု ပညာဆိုတာက ကံနဲ့လည်းဆိုင်တယ်။ ကိုယ်ကလုပ်ချင်ေ နပေမယ့်လည်း ကိုယ့် မှာကအခွင့်အရေးရှိဦးမှလေ။ ကဗျာ ကတော့နှစ်တိုင်းနှစ်တိုင်းမှာ အကောင်း ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” လို့မေကဗျာက ပြောပါတယ်။

၆ လပိုင်းမှာ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်မယ့် ဂရပ်ဖစ်တီအနုပညာ ရှင်အာကာကျော်ရဲ့ ဘဝကောက်ကြောင်း

ကိုယ်ဝါသနာပါရာ၊ ကိုယ် လျှောက်ချင်တဲ့လမ်းကြောင်းကို ခက်ခဲကြမ်းတမ်းမှုတွေကြား ထဲကနေလျှောက်နေကြတဲ့ လူငယ်တွေ အများကြီးရှိပါ တယ်။ ဒီလို လူငယ်တွေ ထဲမှာမှ အသက်၂ဝ ကျော်အရွယ် ဂရပ်ဖစ်တီ အနုပညာရှင် အာ ကာကျော်ကတော့ သူဝါသနာပါ ရာ ပညာရပ်တစ်ခုကို အခက် အခဲတွေကြားကနေ ဇွဲသန်သန် နဲ့ ဖြတ်ေ ကျာ်ရင်း အောင်မြင်မှု ဆီကို ရောက် အောင်သွားနေတဲ့ လူငယ်တစ်ယောက်ပေါ့။ သူ့ရဲ့ဘဝဖြတ်သန်းမှုက ကြမ်းတမ်း ခဲ့သလို၊ စိတ်ဝင်စားစရာ လည်းေ ကာင်း နေ ခဲ့ပြန်ပါတယ်။
” ကျွန်တော် ပထမဆုံးစဆွဲဖြစ်တာက ၈တန်းလောက်မှာ စဆွဲဖြစ်တယ်။ စာအုပ်ထဲမှာ ဆွဲရင်းနဲ့ နံရံမှာ ဆွဲချင်စိတ်ဖြစ် လာခဲ့တယ်။ သူငယ်ချင်းတစ် ယောက် က ဆေး ဘူးတွေ ဝယ် ပေးတော့ ကျွန်တော်ဆွဲဖြစ်ခဲ့ တယ်။ ပန်းချီသင်တန်းတွေ လည်း တက်ဖြစ်ခဲ့တယ်။ ကြားထဲမှာ family ကလည်း စီးပွားကျသွား တယ်။ အဲတော့ ကျွန်တော့် အနေနဲ့ ပွဲတွေမှာ ပုံတူတွေ ဆွဲ တယ်။သူငယ်ချင်းမိန်းကလေး တွေရဲ့ ပုံတူတွေ ဆွဲပေးတယ်။ အရင်တုန်းကဆိုရင် ဆေးဗူးတောင် ဝယ်မစုနိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်တော် ပန်းချီမ ဆွဲတော့ဘဲနဲ့ အလုပ်လုပ်ဖို့ပဲ ဆုံးဖြတ် လိုက်တယ်။အိမ်ကလည်း ဖိအားများလာတယ်။ လသာမှာ တစ်ပတ်လောက် အင်္ကျီတွေဘာတွေ ထွက်ရောင်း ခဲ့သေး တယ်။ နောက်ပိုင်း အရင်းအနှီး နည်း နည်းစုမိတာနဲ့ တက်တူး စက် တွေဘာတွေဝယ်ပြီး ကိုယ်တတ် တဲ့ အနုပညာတစ်ခုနဲ့ အလုပ် လုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ တယ်။
ဘာကြောင့် ဆုံးဖြတ်ဖြစ် လိုက်လဲဆိုရင် ကျွန်တော် စာအုပ် တစ်အုပ်ဖတ်ရတယ်။အဲ့ဒီစာအုပ် ထဲမှာ ရေးထားတာက လူတစ် ယောက်မှာ ကိုယ်ပိုင်အရည် အချင်းရှိ တယ်။အဲဒီ အရည် အချင်းကိုပဲ အသုံးချပါ။ အဲ့ဒီ အရည်အချင်းကိုပဲ up date  ဖြစ်အောင်လုပ်ပါ။ အဲဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုပါ တဲ့။ ဒါနဲ့ ကျွန်တော်လည်း ပုံပဲ ဆွဲတော့မယ်လို့ ဆုံးဖြတ် လိုက်တယ်။

လက်သည်းဝှက်ထားတဲ့ နဂါးနှင့် ကျားသေကိုအသက်သွင်းခြင်း (သို့) တစ်နိုင်ငံလုံးတုန်ခါစေဦးမည့် တစ်ကျော့ပြန် မြစ်ဆုံနှင့် ပြည်သူ့အသံ

ဧရာဝတီမြစ် အစပြုရာ မြန်မာပြည်မြောက်ပိုင်း မြစ်ဆုံဒေသတွင် တည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်နား ထားသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ် သည်။ ယခင်စစ်အစိုးရလက်ထက် ၂ဝဝ၉ ခုနှစ်အတွင်း လက်မှတ်ရေးထိုးထားခဲ့သော အဆိုပါ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် မသိရှိခဲ့ကြ။ သို့သော် အရပ်သားအစိုးရတက် လာသောအချိန်တွင် မြစ်ဆုံစီမံကိန်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို ပညာ ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြလာခဲ့ကြသည်။
ထို့ကြောင့်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက်လာကြသောအခါ သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်း စီမံကိန်း ကို ရပ်နားထားမည်ဖြစ်ကြောင်း ၂ဝ၁၁ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အဆိုပါစီမံကိန်းကို လုပ်ဆောင်သည့် CPIကုမ္ပဏီက ၎င်းတို့၏ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်မှုအစီရင်ခံစာကို ၂ဝ၁၃ ဒီဇင်ဘာတွင် ချပြလာခဲ့ပြီး မြစ်ဆုံစီမံကိန်းကို နောက်တက်လာမည့်အစိုးရလက်ထက်တွင် လုပ်ဆောင်လိုကြောင်း ထုတ်ေ ဖ်ာပြောဆို လာခဲ့သည်။ ဤသို့ CPI ၏ တစ်ကျော့ပြန် ကြိုးပမ်းမှုအပေါ် ပြည်သူများ၏သဘောထားများနှင့် အစိုးရသစ်အတွက် မည်သို့သက်ရောက် မှုရှိနိုင်မည် လဲဆို သည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

ဘန်ကောက် အစိုးရရုံးများနှင့်အဓိကလမ်းမကြီးများကို စတင်ပိတ်ဆို့

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ဖြုတ်ချပြီး ရွေးကောက်တင်မြှောက်တာ မဟုတ်တဲ့ အစိုးရကို ခန့်အပ်ချင်တဲ့ ထိုင်းဆန္ဒပြသူတွေဟာ ဇန်န၀ါရီ ၁၃ ရက်မှာတော့ မြို့တော် ဘန်ကောက်က လမ်းဆုံကြီး ၇ ခုနဲ့ အစိုးရရုံးတွေရှိရာ အဓိကလမ်းတွေကို ပိတ်ချလိုက်ပါပြီ။

ထိုင်းဘုရင်ကို သစ္စာခံပြီး အတိုက်ခံ တွေနဲ့ သင့်မြတ်တဲ့ အုပ်စုနဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်ရာထူးကို ပူးတွဲ တာဝန်ယူထားတဲ့ ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူအုပ်စုတွေ ကွဲနေလို့ နိုင်ငံရေးအကျပ်အတည်းဟာ ပြည်တွင်းစစ်ကို ဦးတည်သွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။

အဓိက လူနေရပ်ကွက်တွေနဲ့ စီးပွားရေးနယ်မြေ အနည်းဆုံး ၇ နေရာမှာတော့ ယာယီတဲတွေနဲ့ ဟောပြောပွဲ စင်မြင့်တွေကို ဆင်ယင်ထားပြီး ဘန်ကောက်မြို့လယ် တလျှောက် ထောင်သောင်းချီတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ချီတက်နေပါတယ်။

ဒုဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ နိုင်ငံရေးသမားဟောင်း ဆူသက် သောင်ဆုဘန် ခေါင်းဆောင်တဲ့ ဆန္ဒပြသူတွေက ဇန်န၀ါရီ ၁၂ ရက် ညနေကတည်းက လမ်းဆုံတွေကို ပိတ်ချခဲ့တာပါ။

ရက် ၉၀ အတွင်း ၂၈ ပေါင်ချလို့ မော်ဒယ်ဖြစ်ခဲ့တဲ့ ဗြိတိန်သူလေး

Photo: ရက် ၉၀ အတွင်း ၂၈ ပေါင်ချလို့ မော်ဒယ်ဖြစ်ခဲ့တဲ့ ဗြိတိန်သူလေး 

Rosie Grech လို့အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အိမ်ထောင်သည် ဖြစ်ပြီး ၂ နှစ် အရွယ် ကလေးတစ်ဦးနဲ့ ၈ လ အရွယ် ကလေး တစ်ဦး ရှိပါတယ်။ ကလေး ၂ ယောက်မိခင်ဖြစ်ပြီး သူမရဲ့  မူရင်း ပေါင်ချိန်က ၁၄၇ အထက်မှာ ရှိပါ တယ်။ 

မိန်းကလေးတစ်ယောက်အနေနဲ့ ပေါင် ၁၅၀ ကပ်နေခြင်းက ဝတဲ့ စာရင်းထဲ ပါဝင်နေပါပြီ။ သူမအနေနဲ့ ယနေတာကို ပိန်အောင် ရက် ၉၀  အတွင်း ကြိုးစားပန်းစား ဝိတ်ချ အားကစားလုပ်လိုက်တာ ၂၈ ပေါင်တောင် လျော့ ချနိုင်ခဲ့ ပါတယ်။ ဒီတော့ ပေါင် ၁၂၀ အောက်တောင် ရောက်သွားပါတယ်။ နဂိုကလည်းက ရုပ်ခံလည်း ရှိနေတော့ သူမရဲ့  အလှပဟာ ဗြိတိန်နိုင်ငံက မထင်မရှားမြို့ ကလေးကနေ နိုင်ငံကျော်ဖြစ်သွားရပြီး အမေရိကန် အေဂျင်စီ တစ်ခု က မော်ဒယ်လုပ်ဖို့ စာချုပ်နဲ့ ကမ်းလှမ်းလာခဲ့ ပါတယ်။ မိခင်ဖြစ်ပြီး မှ မော်ဒယ်လေး ပြန်ဖြစ်ရမယ့် အခွင့်အရေးမို့လို့ Rosie လက်ခံ ခဲ့ပါတယ်။ 

ဝတယ်ပိန်တယ်ဆိုတာ ကြိုးစားလုပ်ယူလို့ရတဲ့ အရာတစ်ခုဖြစ်ကြောင်း သူမက သက်သေပြခဲ့ခြင်း ဖြစ်ပီး တစ်ကမ္ဘာလုံးက ဝိတ်ချဖို့ ကြိုးစားနေသူ များအတွက် အားကျအတုယူစရာ အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်လာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( ရိုးရာလေး )

YoYarLay

ဘောင်းဘီမဝတ် ရထားစီးနေ့

Photo: ဘောင်းဘီမဝတ် ရထားစီးနေ့

ဇန်နဝါရီလ ၁၃ ရက်နေ့ဟာ ဘောင်းဘီမဝတ်ရ ရထားစီးနေ့ ( No Pants Subway Ride ) ဖြစ်ပါတယ်။ ယင်းနေ့က No Pants Day လို့ခေါ်တဲ့ ဘောင်းဘီမဝတ်ရနေ့ပြီး အသစ်ထပ်ပေါ်လာတဲ့ နေ့ ဖြစ်ပါတယ်။ No Pants Day ကို မေလရဲ့  ပထမ သောကြာနေ့မှာ ပြုလုပ်ပြီး No Pants Subway Ride ကို ဇန်နဝါရီလမှာ ကျင်းပ ပါတယ်။ ရက်အတိအကျတော့ မရှိပါဘူး။ 

ယခု နှစ်ကတော့ ဇန်နဝါရီလ ၁၃ ရက်န့ ဖြစ်ပြီး ကမ္ဘာပေါ်က မြို့ ပေါင်း ၆၀ က ပြည်သူများ ပါဝင် ဆင်နွဲခဲ့ ပါတယ်။ No Pants Day ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်က ကျောင်းသားလူငယ်တို့ ပထမ နှစ်ဝက်စာမေးပွဲ အပြီး ပျော်တဲ့ အမှတ်တရ တစ်ခုအနေနဲ့ ဟာသလုပ် ဆင်နွဲခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းကနေမှ သက္ကရာဇ် ၂၀၀၂ ခုနှစ် နယူးယာက်မြို့ က ရထားဘူတာမှာ No Pants Subway Ride ပြုလုပ်ကျင်းပပြီး လူပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ ပါတယ်။ ယနေ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီရဲ့  No Pants Subway Ride မှာတော့ ကမ္ဘာတစ်လွှားက ပါဝင်ဆင်နွဲသူပေါင်း ၄၀၀၀ ကျော်ရှိခဲ့ပါတယ်။ 
ရယ်စရာပဲပြောပြော၊ ရှက်စရာပဲ ပြောပြော၊ ရူးတယ်ပဲ ပြောပြော အားလုံး ပါဝင်ဆင်နွဲနေကြတဲ့ ယင်း No Pants Subway Ride နေ့ အမှတ်တရ ဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://mashable.com/2014/01/12/no-pants-subway-ride-2014/

မလေးရှားရောက် တရားမဝင် လုပ်သားများကို တစ်ကျော့ပြန် ဖမ်းဆီးမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မလေးရှားနိုင်ငံတွင် လုပ်ကိုင်နေသူ အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြား လုပ်သားများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင် ရုပ်သံသတင်း နှင့် သတင်းစာများတွင် ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့သုံးဖွဲ့ ပါဝင်မည်ဖြစ်ပြီး တရားမဝင် လုပ်သား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော တရားမဝင် လုပ်သားများအားလုံးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည် ပို့မည် ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး DR. AHMAD Zahid Hamidi ကပြောကြားသည်။

ဖမ်းဆီးခံရသည့် တရားမဝင် လုပ်သားများသည် ထောင်တွင်း ကုန်ကျစရိတ်များနှင့် လေယာဉ်လက်မှတ် ကုန်ကျစရိတ်များကို ကိုယ်တိုင် ကျခံရမည်ဖြစ်ပြီး နေရပ် ပြန်ပို့ခံရသူများသည် မလေးရှားနိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။
“ဒီတစ်ကြိမ် အဖမ်းအဆီးကတော့ အတော်လေးကို ဆိုးမယ်ထင်တယ်။ ပြဿနာတွေကလည်း ဖြစ်တာများတော့ မိရင် ချက်ချင်းတောင် ပြန်ပို့မလားပဲ” ဟု ကွာလာလမ်ပူမြို့တော် တရုတ်တန်းတွင် အဝတ်အထည်နှင့် အမျိုးသား အသုံးအဆောင်ဆိုင် ဖွင့်ထားသူ ဦးခိုင်ဇော်မိုးက ဆိုသည်။

ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း

Photo: ထိုင်းနိုင်ငံရေး ပဋိပက္ခ ယခုတစ်ပတ်တွင်း အဆိုးဆုံး အဆင့်သို့ ရောက်နိုင် ကုလအကြီးအကဲ ကြားဝင် ဖျန်ဖြေရန် စတင်ကြိုးပမ်း

ဘန်ကောက်၊  ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက်သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြဿနာ အားလုံး ပြေလည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဝန်ကြီးချုပ် ယင်းလပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီ ဆစ်ဝိချာချီဝနှင့်လည်း တွေ့ဆုံပြီး ဖြစ်ရာ ၎င်းအနေနှင့် နှစ်ဖက်စလုံး၏ မတူညီမှုများကို ပေါင်းကူး ပေးနိုင်ရေးအတွက် အကူအညီ ပေးသွားမည်ဟု ဆိုသည်။ 

“လာမယ့် ရက်တွေမှာ အခြေအနေ အရပ်ရပ်တွေက ပိုမို ဆိုးရွားလာမှာကို ကျွန်တော် အထူးပဲ စိုးရိမ်မိပါတယ်။ အထူးသဖြင့် တနင်္လာနေ့(၁၃ရက်နေ့)ပေါ့ ဗျာ။ အတိုက်အခံ ဆန္ဒပြ အင်အားစုတွေက ဘန်ကောက် ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အင်မတန် စိုးရိမ် ပူပန်မိသွားပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားသည်။ 

“သက်ဆိုင်သူတွေ အားလုံးအနေနဲ့ ရန်စလိုတဲ့ လုပ်ဆောင်ချက်တွေ မပြုလုပ်ဘဲ နေထိုင်ကြပြီး မတူညီမှုတွေကို ငြိမ်းချမ်းစွာနဲ့ ဒိုင်ယာလော့ခ် လုပ်ပြီး ဖြေရှင်းကြဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ 

အတိုက်အခံ အင်အားစုများကမူ ၎င်းတို့အနေနှင့် ယင်းလပ်ရှင်နာဝပ် အစိုးရကို ဖြုတ်မချ နိုင်သေးသရွေ့ မြို့တော် ဘန်ကောက်ကို သိမ်းပိုက်ထားမည် ဖြစ်သည်ဟု အတိအလင်း ကြေညာထားသည်။ 

ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး ဆန္ဒပြပွဲကြီး အဆိုးဆုံး အဆင့်သို့ ရောက်ရှိ လာမည်ကို စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များက တစ်မြို့လုံးတွင် ရဲတပ်ဖွဲ့အင်အား ၁၅,၀၀၀ နီးပါးခန့် တပ်ဖြန့် ချထားမည် ဖြစ်သည်ဟု ဆိုသည်။ 

အတိုက်အခံတို့၏ ဆန္ဒပြမှု များကြောင့် ထိုင်းဝန်ကြီးချုပ် ယင်းလပ်သည် ပါလီမန် လွှတ်တော်ကို ဖျက်သိမ်းပြီး လာမည့် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲသစ် တစ်ရပ် ကျင်းပ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ယင်း ရွေးကောက်ပွဲသည် လက်ရှိ ဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် တို့၏ ချမ်းသာကြွယ်ဝသော မိသားစုဝင်များ ဆက်လက် သြဇာလွှမ်းမိုးနိုင်ရန်သာ ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကာ ဆန္ဒပြမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာအာဏာကြီးမားသည့် စစ်တပ်က ယခုနိုင်ငံရေး အကျပ်အတည်းတွင် ပါဝင် ပတ်သက်လိုခြင်း မရှိဟု ထုတ်ဖော် ပြောဆို ထားသော်လည်း ကြားဝင် ဖျန်ဖြေပေးလာဖွယ်ရှိသည်ဟု လေ့လာ စောင့်ကြည့်သူများက ခန့်မှန်းကြသည်။
 
ထိုင်းအခြေစိုက် နိုင်ငံခြား သံတမန်ကြီးများက ၎င်းတို့၏ သံရုံး အများစုသည် ဆန္ဒပြမှုများ အဓိက ပြုလုပ်မည့် နေရာ ခုနစ်ခု ထဲတွင် ပါဝင်သောကြောင့် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိရာ ထိုင်း အစိုးရက သံတမန်များနှင့် သံရုံးများ လုံခြုံရေးအတွက် အာမခံကြောင်း အသိပေး ပြောဆိုထားသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းလျက် ရှိသည့် အတိုက်အခံ အင်အားစုများနှင့် အစိုးရ ထောက်ခံသူ အင်အားစုများ အကြား ပဋိပက္ခမှာ ယခုရက်သတ္တတစ်ပတ် အတွင်း အဆိုးရွားဆုံး အဆင့်သို့ ရောက်ရှိလာပြီး မြို့တော် ဘန်ကောက် ရပ်ဆိုင်းသွားမည့် အနေအထားတွင်ရှိရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြဿနာ အားလုံး ပြေလည်စေရေးအတွက် ကြားဝင် ဖျန်ဖြေရေး ကြိုးပမ်းချက် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဝန်ကြီးချုပ် ယင်းလပ်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်သလို အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီ ဆစ်ဝိချာချီဝနှင့်လည်း တွေ့ဆုံပြီး ဖြစ်ရာ ၎င်းအနေနှင့် နှစ်ဖက်စလုံး၏ မတူညီမှုများကို ပေါင်းကူး ပေးနိုင်ရေးအတွက် အကူအညီ ပေးသွားမည်ဟု ဆိုသည်။

“လာမယ့် ရက်တွေမှာ အခြေအနေ အရပ်ရပ်တွေက ပိုမို ဆိုးရွားလာမှာကို ကျွန်တော် အထူးပဲ စိုးရိမ်မိပါတယ်။ အထူးသဖြင့် တနင်္လာနေ့(၁၃ရက်နေ့)ပေါ့ ဗျာ။ အတိုက်အခံ ဆန္ဒပြ အင်အားစုတွေက ဘန်ကောက် ရပ်ဆိုင်းသွားအောင် လုပ်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် အင်မတန် စိုးရိမ် ပူပန်မိသွားပါတယ်” ဟု ဘန်ကီမွန်းက ပြောကြားသည်။

အကြမ်းဖက်မှု၊ မုဒိမ်းမှုများ အရေးယူရန် ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင်များ ဆန္ဒပြ

အကြမ်းဖက်မှု၊ မုဒိမ်းမှုများ အရေးယူရန် ဘင်္ဂလားဒေ့ရှ်တွင် ရခိုင်မျိုးနွယ်စုဝင်များ ဆန္ဒပြ

မောင်တော၊ ဇန်နဝါရီ ၁၂

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံများက ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

အတိုက်အခံများသည် ဇန်နဝါရီလ ၇ ရက်နေ့က ဟိန္ဒူဘာသာဝင် အမျိုးသမီး နှစ်ဦးကို လက်နက်ပြကာ မိသားစုရှေ့တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းမှု ထပ်မံကျူးလွန်ခဲ့ပြီး နေအိမ် ၃၅၀ ကျော်ကို မီးရှို့ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကို အရေးယူပေးရန်၊ ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးမောင်ထွန်းလှက ပြောကြားသည်။

ဖလောင်းချိတ်မြို့တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြ တောင်းဆိုမှုတွင် ရခိုင်၊ မာရာမာ၊ ဒိုင်းနက်၊ သက်၊ ဘူရိုဝါနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူဦးရေ သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

လာမားမြို့နယ် အုန်းတပင်ရွာမှ အသက် ၁၄ နှစ်အရွယ် ရခိုင် အမျိုးသမီးငယ် တစ်ဦးကို ၎င်းကျေးရွာ အနီးရှိ ချီးလ်ဘီ အဖွဲ့ဝင် မွတ်ဆလင် အာယူအာလီ ဆိုသူက မုဒိမ်းကျင့်ခဲ့သော်လည်း သက်ဆိုင်ရာက တရားဥပဒေအရ အရေးမယူဘဲ နစ်နာကြေးအဖြစ် ငွေကြေးပေး၍ ဖြေရှင်းခဲ့ကြောင်း  လာမားမြို့နယ်မှ ဦးကျော်ခိုင်က ပြောကြားသည်။

ရခိုင် မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားပေးရန်လည်း တောင်းဆိုခဲ့ကြောင်း ယင်းဆန္ဒပြမှုတွင် ပါဝင်သူ ဦးနိုင်နိုင်က ဆိုသည်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင်များသည် ၂၀၁၂ နှစ်မှ စတင်ကာ ရခိုင်ပြည်နယ်သို့ ထွက်ပြေး ခိုလှုံလာခဲ့ကြရာ ယခု လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

(ခင်မောင်အေး)

မောင်တော၊ ဇန်နဝါရီ ၁၂

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရွေးကောက်ပွဲ မလိုလားသည့် အတိုက်အခံများက ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦးကို မုဒိမ်းကျင့်မှု၊ နေအိမ်မီးရှို့မှုများ ပြုလုပ်ခဲ့ သည်ကို အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် နေထိုင်နေသော ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူသုံးထောင်ခန့် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖလောင်းချိတ်မြို့၌ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

အတိုက်အခံများသည် ဇန်နဝါရီလ ၇ ရက်နေ့က ဟိန္ဒူဘာသာဝင် အမျိုးသမီး နှစ်ဦးကို လက်နက်ပြကာ မိသားစုရှေ့တွင် မုဒိမ်းကျင့်ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းမှု ထပ်မံကျူးလွန်ခဲ့ပြီး နေအိမ် ၃၅၀ ကျော်ကို မီးရှို့ခဲ့ကြောင်း၊ ယင်းလုပ်ရပ်များကို အရေးယူပေးရန်၊ ရပ်တန့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဦးမောင်ထွန်းလှက ပြောကြားသည်။

ဖလောင်းချိတ်မြို့တွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြ တောင်းဆိုမှုတွင် ရခိုင်၊ မာရာမာ၊ ဒိုင်းနက်၊ သက်၊ ဘူရိုဝါနှင့် ဟိန္ဒူ ဘာသာဝင် စုစုပေါင်း လူဦးရေ သုံးထောင်ဝန်းကျင် ပါဝင်ခဲ့ကြောင်း ၎င်းကဆိုသည်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ) က အကြံပြု ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တွင် ဒေါ်အောင် ဆန်း စုကြည်အား သမ္မတ မဖြစ်စေရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ) မပါ

ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ဇန်န၀ါရီ ၁၁ ရက်နေ့က ကျင်းပခဲ့သော ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု ကြေငြာစာတမ်း၌ ပါဝင်သော အချက်အလက်များကို လက်တွေ့ အကောင်အထည်ဖော်ရန် ပြုလုပ်သော အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) အား ထည့်သွင်းဆွေးနွေးခြင်း မရှိခဲ့ ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သော ၈၈ မျိုးဆက် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံ (၂၅) နှစ်ပြည့် အခမ်းအနား မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ငန်းကော်မတီဖွဲ့မယ်ဆိုပြီး စုံညီအစည်းအဝေး ခေါ်ခဲ့တာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အကြံပြုချက်ထဲမှာ ကျွန်တော်တို့ ၈၈ အဖွဲ့အနေနဲ့ ပုဒ်မ ၅၉ (စ) ကိုပြင်ဆင်ဖို့ ထည့်သွင်းအကြံပြုခဲ့တာ မရှိတဲ့အတွက် ဒီအစည်းအဝေးမှာလည်း ထည့်သွင်းမဆွေးနွေးခဲ့ပါဘူး ” ဟု အဆိုပါ အဖွဲ့ဝင်က ပြောကြားသွားသည်။

အဆိုပါ စုံညီအစည်းအဝေးတွင် နိုင်ငံရေးမူဘောင် အဆိုပြုချက်နှင့် ရှေ့လုပ်ငန်းစဉ် အဆိုပြုချက် ခေါင်းစဉ်နှစ်ခုအား အပိုင်း (၂) ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြောင်း အနာဂတ်တွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို အခြေခံ၍ တိုင်းရင်းသားလူမျိုးစုများ၊ ဒီမိုကရေစီအင်အားစုများ၊ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်အပါအ၀င် အမျိုးသားအင်အားစု အားလုံးပါဝင်သော ပြည်ထောင်စု ညီလာခံကျင်းပ ရေးဆိုင်ရာများ ပါဝင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အား သမ္မတမဖြစ်စေရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိုမူ ထည့်သွင်းဆွေးနွေခြင်းမရှိကြောင်း သိရသည်။

တာမွေ ဓမ္မစိန္တာလမ်း အကြွေစေ့ဂိမ်းဆိုင်ကို ဝင်ဖမ်း

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက် ဓမ္မစိန္တာလမ်းရှိ အကြွေးစေ့ ဂိမ်းဆိုင်ကို ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီခွဲခန့်က ဝင်ရောက် ဖမ်းဆီးရာ အကြွေစေ့ ဂိမ်းစက် ၃၀ နီးပါးနှင့် လောင်းကစား လုပ်နေသူ ခုနစ်ဦးကို ဖမ်းမိခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကြွေစေ့ ဂိမ်းစက်များဖြင့် လောင်းကစား ပြုလုပ်နေသည်ဟု ကြိုတင် သတင်းရရှိချက်အရ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တွင်း နေထိုင်သူများ ပူးပေါင်း ဝင်ရောက် ရှာဖွေရာမှ ရွှေငါးမန်း ဂိမ်းစက် ရှစ်လုံး၊ အန်စာဂိမ်းစက် ရှစ်လုံး၊ ဖဲချပ် ဂိမ်းစက်ရှစ်လုံး၊ ဂျက်ပေါ့ဂိမ်းစက် ငါးလုံး အပါအဝင် စုစုပေါင်း ဂိမ်းစက် ၂၉ လုံး၊ လောင်းကစားငွေ နှစ်သိန်းခန့်နှင့်အတူ အကြွေစေ့ ဂိမ်းစက်များ အပါအဝင် လောင်းကစား လုပ်နေသူ ခုနစ်ဦး၊ ဆိုင်ပိုင်ရှင်နှင့် ဆိုင်တာဝန်ခံ နှစ်ဦးတို့ကို အထောက်အထား အစုံအလင်နှင့်တကွ ဖမ်းမိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဂိမ်းဆိုင် ဖွင့်လှစ်သည်မှာ တစ်နှစ်နီးပါးခန့် ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်း ခွင့်ပြုချက် လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည်ဟု ကြားသိရကြောင်း၊ ဆိုင်ဖွင့်ပြီး တစ်လခန့် အကြာတွင် အကြွေစေ့စက်များဖြင့် လောင်းကစားများ ပြုလုပ်နေသောကြောင့် ရပ်ကွက်အတွင်းရှိ လူငယ်များ အကျင့်စာရိတ္တ ပျက်ပြားလာမည်ကို စိုးရိမ်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့သို့ သတင်းပေး တိုင်ကြားရခြင်း ဖြစ်ကြောင်း ဓမ္မစိန္တာလမ်းတွင် နေထိုင်သူ အသက် ၅၀ ခန့် အမျိုးသား တစ်ဦးက ပြောကြားသည်။

လက်တစ်ဘက်တို လက်တစ်ဘက်အတုတ်ကြီးနှင့် ထူးခြားသည့် သနားစဖွယ်ကလေးငယ်

Photo: လက်တစ်ဘက်တို လက်တစ်ဘက်အတုတ်ကြီးနှင့် ထူးခြားသည့် သနားစဖွယ်ကလေးငယ်
==== === ==== ===

မိတ္ထိလာမြို့ အရှေ့ဘက် ၅ မိုင်အကွာတွင် ပျော်ကုန်းကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာရှိ အဖဦးပြုံးမောင်၊ အမိဒေါ်အေးမော်တို့၏ သားဖြစ်သူ မောင်ထူးထူးအောင်(အသက် ၆ နှစ်)သည် မွေးဖွားစဉ်က သာမန်ကလေးတစ်ယောက်ဖြစ်သော်လည်း ဘယ်ဘက်လက်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာခဲ့သည်။ လက်မနှင့် လက်သန်းမှာလည်း ပိုမိုကြီးထွားလာကာ ကျန်လက်ချောင်းကလေးများမှာ သာမန်အရွယ်သာ ဖြစ်သည်။

မောင်ထူးထူးအောင်ကို ၃ နှစ်သားအရွယ်က ရန်ကုန်မြို့ ကြည်းမြင်းတိုင်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဆေးရုံမှ လက်ဖြတ်ပစ်ရမည်ဆိုသဖြင့် မိသားစုမှာ ပြန်လာခဲ့ရသည်ဟုဆိုသည်။

ပျော်တန်းကုန်းမူလတန်းကျောင်းတွင် သူငယ်တန်းတတ်နေသော မောင်ထူးထူးအောင်၏ ဘယ်ဘက်လက်သည် အလျား ၂ ပေရှိပြီး လက်မောင်းလုံးပတ်မှာ ၂၀ လက်မရှိသည်။ ညာဘက်လက်မှာမူ ပုံမှန်အရွယ်အစားအတိုင်း အလျား ၁ ပေနှင့် လုံးပတ် ၅ လက်မရှိနေသည်။

အနီးအပါးရွာများမှ လးများက မောင်ထူးထူးအောင်အား လူထူးလူဆန်းအဖြစ် လာရောက်ကြည့်ရှုလေ့ ရှိကြကြောင်း သိရသည်။

မိဘများမှာ လက်လုပ်လက်စား တောင်သူလယ်သမားများဖြစ်ကြသဖြင့် ၎င်းတို့၏သားကို ဆေးကုသပေးလိုသော်လည်း ငွေရေးကြေးရေး မတတ်နိုင်ဘဲ ရှိနေသည်ဟု ပြောပြသည်။ မောင်ထူးထူးအောင်၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ထောက်ပံ့လိုပါက မိတ္ထိလာမြို့ ရတနာမာန်အောင်ရပ်ကွက်နေ မရှမ်းမ(ခ)ဒေါ်မြင့်မြင့်သန်း ဖုန်း - ၀၉ ၂၅၆၀၀၁၇၂၅ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ဦးတင်လှိုင်(မိတ္ထိလာ)
 News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Aye Chan Mon# Credit To :News Watch> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မိတ္ထိလာမြို့ အရှေ့ဘက် ၅ မိုင်အကွာတွင် ပျော်ကုန်းကျေးရွာအုပ်စု၊ ပျော်ကုန်းကျေးရွာရှိ အဖဦးပြုံးမောင်၊ အမိဒေါ်အေးမော်တို့၏ သားဖြစ်သူ မောင်ထူးထူးအောင်(အသက် ၆ နှစ်)သည် မွေးဖွားစဉ်က သာမန်ကလေးတစ်ယောက်ဖြစ်သော်လည်း ဘယ်ဘက်လက်မှာ တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာခဲ့သည်။ လက်မနှင့် လက်သန်းမှာလည်း ပိုမိုကြီးထွားလာကာ ကျန်လက်ချောင်းကလေးများမှာ သာမန်အရွယ်သာ ဖြစ်သည်။

မောင်ထူးထူးအောင်ကို ၃ နှစ်သားအရွယ်က ရန်ကုန်မြို့ ကြည်းမြင်းတိုင်ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ဆေးရုံမှ လက်ဖြတ်ပစ်ရမည်ဆိုသဖြင့် မိသားစုမှာ ပြန်လာခဲ့ရသည်ဟုဆိုသည်။

ပျော်တန်းကုန်းမူလတန်းကျောင်းတွင် သူငယ်တန်းတတ်နေသော မောင်ထူးထူးအောင်၏ ဘယ်ဘက်လက်သည် အလျား ၂ ပေရှိပြီး လက်မောင်းလုံးပတ်မှာ ၂၀ လက်မရှိသည်။ ညာဘက်လက်မှာမူ ပုံမှန်အရွယ်အစားအတိုင်း အလျား ၁ ပေနှင့် လုံးပတ် ၅ လက်မရှိနေသည်။

ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ

Photo: ထူးခြားသော အသွင် သဏ္ဌာန်ရှိ ငှက်တစ်ကောင် မန္တလေးမြို့၌ တွေ့ရှိ
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ၂၇x ၂၈ လမ်းကြား၊ ၈၄လမ်း ဈေးချို မန်းမြန်မာ ပလာဇာ ၂၅ထပ်ပေါ်တွင် အမျိုးအမည်မသိ ထူးခြားသော ငှက်တစ် ကောင်ကို ယမန်နေ့ညနေ ၃ နာရီက ပြည်ကြီး ရန်လုံ ရပ်ကွက်နေ အဆောက်အအုံ ကန်ထရိုက်လုပ် ကိုင်သူ ဦးဇော်ဝင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးအမည်မသိ ငှက်သည် ကြောင်ခေါင်း သဏ္ဌာန်ရှိပြီး လည်ပင်းတွင် အဖြူရစ် ပါရှိသည်။ အတောင်နှစ်ဖက် ဖြန့်လျှင် သုံးပေခန့် ရှည်လျားပြီး အမြီးနှင့် အတောင် တို့တွင် ဒေါင်းမြီး များကဲ့သို့ လှပသော ပန်းကွက်များ ပါရှိသော ထူးခြားဆောင်းခိုငှက် တစ်ကောင်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ ၎င်းငှက်အား စိတ်ပါဝင် စားသူများနှင့် ကလေးသူငယ်များ ကြည့်ရှု လေ့လာနိုင်ရန်အတွက် ယနေ့နံနက် ၉နာရီတွင် မန္တလေး တိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ၁၂ လမ်းရှိ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

By ကျော်ထူး(မန္တလေး)

Aye Chan Mon# Credit To :New Myanmar News> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

New Myanmar News

အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်

Photo: အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်
-------------------------
ရေးသားသူ- ရဲမိုး

ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။

၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။

နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။

အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။

နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။

နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။

တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။ 

သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။

သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။ 

သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။

“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”

တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။

ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ။

ရေးသားသူ- ရဲမိုး

ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။

သေဒဏ် ဖျက်သိမ်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း

Photo: သေဒဏ် ဖျက်သိမ်းရန် မြန်မာအစိုးရကို ကုလသမဂ္ဂ တိုက်တွန်း 

ရန်ကုန်၊ ဇန်နဝါရီ ၁၂ 

မြန်မာအစိုးရ အနေနှင့် သေဒဏ်ပေးခြင်း ပုဒ်မကို အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးများရုံး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရ အနေနှင့် လူ့အခွင့်အရေးကို အခြေခံ၍ ပြစ်မှုဆိုင်ရာ ပုဒ်မများတွင် သေဒဏ်ကို အပြီးတိုင် ဖျက်သိမ်း ပေးသင့်ကြောင်း ၎င်းကဆိုသည်။

မြန်မာအစိုးရက သေဒဏ်ချမှတ် ခံရသူများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ပေးခဲ့သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၂ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် ကုလသမဂ္ဂ အနေနှင့် ကြိုဆိုကြောင်း Rupert Colville ကဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ယူတော့မည့် မြန်မာအစိုးရ အနေနှင့် သေဒဏ်ကျခံ အကျဉ်းသားများကို ထောင်ဒဏ် အဖြစ် ပြောင်းလဲပေးလိုက်ခြင်းသည် ဒေသတွင်း အာဆီယံ နိုင်ငံများအတွက် စံပြကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစ၍ ယနေ့တိုင် သေဒဏ်စီရင် ခံရသည့် အကျဉ်းသားများ မရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ (က) အရ  နိုင်ငံတော် သမ္မတက သေဒဏ်ကျ အကျဉ်းသားများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့် အသတ်မရှိ) သို့လည်းကောင်း၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် အကျဉ်းသားများကို ထောင်ဒဏ် နှစ် ၄၀ နှင့် အထက်ကျခံ နေရသူများကို ထောင်ဒဏ်နှစ် ၄၀ သို့ လျှော့ပေါ့ ပေးလိုက်ကြောင်း အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မြန်မာအစိုးရ အနေနှင့် သေဒဏ်ပေးခြင်း ပုဒ်မကို အပြီးတိုင် ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးများရုံး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရ အနေနှင့် လူ့အခွင့်အရေးကို အခြေခံ၍ ပြစ်မှုဆိုင်ရာ ပုဒ်မများတွင် သေဒဏ်ကို အပြီးတိုင် ဖျက်သိမ်း ပေးသင့်ကြောင်း ၎င်းကဆိုသည်။

မြန်မာအစိုးရက သေဒဏ်ချမှတ် ခံရသူများကို ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ပေးခဲ့သည့် အမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၂ ရက်နေ့က ချမှတ်ခဲ့သည့်အတွက် ကုလသမဂ္ဂ အနေနှင့် ကြိုဆိုကြောင်း Rupert Colville ကဆိုသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန် ယူတော့မည့် မြန်မာအစိုးရ အနေနှင့် သေဒဏ်ကျခံ အကျဉ်းသားများကို ထောင်ဒဏ် အဖြစ် ပြောင်းလဲပေးလိုက်ခြင်းသည် ဒေသတွင်း အာဆီယံ နိုင်ငံများအတွက် စံပြကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

လော့လော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေး ဒေသခံများ ဆန္ဒပြ

Photo: လော့လော့ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေး ဒေသခံများ ဆန္ဒပြ

မြိတ်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာ တစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဝန်းကျင်ခန့်က ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ တစ်နာရီ အချိန်က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ဒေသခံ ပြည်သူများအား ရှင်းရှင်းလင်းလင်း ချမပြခြင်း၊ မည်သည့် နိုင်ငံ၏ နည်းပညာဖြင့် လုပ်သည်ဖြစ်စေ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို လုံးဝ လက်မခံနိုင်ခြင်းကြောင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ ပဂျီရှောင်ရပ်ရှိ ဘောလုံးကွင်းတွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဦးဘိုဝင်းမောင်က ပြောကြားသည်။

ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို ရိုးသားစွာ အသက်မွေး လုပ်ကိုင်နေကြသူများ ဖြစ်ပြီး စက်ရုံမှ ထွက်ရှိလာမည့် မီးခိုး၊ ပြာ၊ စွန့်ပစ်ပစ္စည်း များကြောင့် ယင်းလုပ်ငန်းများကို များစွာ ထိခိုက်နိုင်သည်ဟု ဦးဆောင်ဆန္ဒပြသူ နောက်တစ်ဦး ဖြစ်သည့် ဦးစိုးချစ်က ပြောပြသည်။
“လော့လော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုံးဝအလိုမရှိ”၊ “သဘာဝဓာတ်ငွေ့ စက်ရုံ ရရှိရေး”၊ “ပြည်သူ သဘောမတူသည့် စီမံကိန်း အလိုမရှိ” စသည့် ဆိုင်းဘုတ်များအပြင် “သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်တဲ့ သူဟာ တိုင်းပြည်ကို ပျက်စီးအောင် လုပ်တဲ့သူ ဖြစ်တယ်” ဟူသည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပါ ဗီနိုင်း ပိုစတာကြီးများ စသည်တို့ကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြသူများထံမှ သိရသည်။
“ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီ နည်းလမ်းအရ ဆန္ဒထုတ်ဖော်တာ ဖြစ်လို့ ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု လော့လော့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရန် လူအင်အား ခုနစ်ရာအတွက် စာတင်ထားသော်လည်း လူဦးရေ နှစ်ရာသာ ခွင့်ပြုချက် ပေးခဲ့ကြောင်း၊ သမုတ်ကျေးရွာ အုပ်စုတွင် ကျေးရွာ ၅ ရွာ ရှိပြီး ယင်းကျေးရွာများမှ ဒေသခံများက ဆန္ဒပြရန် ပါဝင်လိုသော်လည်း သမုတ်ကျေးရွာ တစ်ရွာတည်းကိုသာ ခွင့်ပြုချက်ပေးခဲ့ ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

လော့လော့ ကျေးရွာရှိ ၅၀ မဂ္ဂါဝပ် ကျောက်မီးသွေး စက်ရုံကို သန်းဖြိုးသူ ကုမ္ပဏီက တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် သဲဖို့ခြင်း လုပ်ငန်းကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၅ နှစ်လယ်ပိုင်းတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။

သန်းဖြိုးသူ ကုမ္ပဏီသည် ကော့သောင်း မြို့တွင်လည်း ၈ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပြီး စက်ရုံအနီးရှိ နေထိုင်သည့် ဒေသခံများ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရလျက် ရှိသည်။

သမုတ်ကျေးရွာတွင် အိမ်ခြေ ရှစ်ရာကျော်၊ လူဦးရေ လေးထောင်ကျော်ခန့် ရှိသည်။

တနင်္သာရီတိုင်း ကဲ့သို့သော စိုစွတ်သော ဒေသတွင် ကျောက်မီးသွေး စက်ရုံ ဆောက်ခြင်းဖြင့် ယင်းမှ ထွက်ရှိသော အညစ်အကြေးများ ရေတွင်ပျော်ဝင်ပြီး မြေထု၊ ရေထုပျက်စီးကာ အက်စစ်မိုးများ ရွာသွန်းလာနိုင်ကြောင်း ဒေသတွင်း ကျောက်မီးသွေး စက်ရုံ၏ ဆိုးကျိုးများကို လှည့်လည် ဟောပြောနေသော မြိတ်ခရိုင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

စက်ရုံနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်နိုင်ခြေ စစ်တမ်းကို အစိုးရ မဟုတ်သော အဖွဲ့တစ်ခုက ကောက်ယူပြီးဟု ပြောဆိုနေသော်လည်း ယခုအချိန်ထိ ပြည်သူလူထုထံ တင်ပြခြင်း မရှိသေးကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

တနင်္သာရီ ကမ်းလွန်မှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို အခြားဒေသများသို့ ရောင်းချနေသော်လည်း ဒေသအတွင်း လျှပ်စစ်မီး လုံးဝမရရှိကြောင်း ၎င်းကပြောကြားသည်။

“အဲဒါအပြင်ကို ဒီမှာကျောက်မီး သွေးစက်ရုံ လာဆောက်သေးတယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူး။ ဂက်စ်ရောင်းထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားမှန်းလဲ မသိဘူး” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ကော့သောင်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးပါက တစ်ယူနစ်ကျပ် နှစ်ရာဖြင့် ရောင်းချမည်ဟု သတိပြုခဲ့သော်လည်း အမှန်တကယ် ရောင်းချချိန်တွင် တစ်ယူနစ်ကျပ် ၃၇၀ ဖြင့် ရောင်းချခဲ့သည်။

မြိတ် ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပြီးချိန်တွင် တစ်ယူနစ်ကျပ် ၂၀၀ ဖြင့် ပေးမည်ဟု ပြောဆိုသော်လည်း ဒေသခံများက ယုံကြည်မှု မရှိတော့ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ကော့သောင်း ကျောက်မီးသွေး စက်ရုံကိုလည်း သန်းဖြိုးသူ ကုမ္ပဏီကပင် တည်ဆောက်ခဲ့သည်။

တနင်္သာရီတိုင်း အတွင်းရှိ အဓိက မြို့များဖြစ်သော ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် လျှပ်စစ်တစ်ယူနစ် ကျပ် ၄၅၀ မှ ၅၀၀ အကြား ပေးဆောင် အသုံးပြုနေရသည်။     

(Dawei Watch)

မြိတ်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် လော့လော့ ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေးအတွက် ယင်းကျေးရွာ တစ်ဖက်ကမ်းရှိ သမုတ်ဒေသခံ ၁၅၀ ဝန်းကျင်ခန့်က ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ တစ်နာရီ အချိန်က ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို ဒေသခံ ပြည်သူများအား ရှင်းရှင်းလင်းလင်း ချမပြခြင်း၊ မည်သည့် နိုင်ငံ၏ နည်းပညာဖြင့် လုပ်သည်ဖြစ်စေ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို လုံးဝ လက်မခံနိုင်ခြင်းကြောင့် ဆန္ဒပြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာ ပဂျီရှောင်ရပ်ရှိ ဘောလုံးကွင်းတွင် ပြုလုပ်သည့် အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သူများအနက် တစ်ဦးဖြစ်သည့် ဦးဘိုဝင်းမောင်က ပြောကြားသည်။

ဒေသခံများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို ရိုးသားစွာ အသက်မွေး လုပ်ကိုင်နေကြသူများ ဖြစ်ပြီး စက်ရုံမှ ထွက်ရှိလာမည့် မီးခိုး၊ ပြာ၊ စွန့်ပစ်ပစ္စည်း များကြောင့် ယင်းလုပ်ငန်းများကို များစွာ ထိခိုက်နိုင်သည်ဟု ဦးဆောင်ဆန္ဒပြသူ နောက်တစ်ဦး ဖြစ်သည့် ဦးစိုးချစ်က ပြောပြသည်။
“လော့လော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုံးဝအလိုမရှိ”၊ “သဘာဝဓာတ်ငွေ့ စက်ရုံ ရရှိရေး”၊ “ပြည်သူ သဘောမတူသည့် စီမံကိန်း အလိုမရှိ” စသည့် ဆိုင်းဘုတ်များအပြင် “သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးအောင်လုပ်တဲ့ သူဟာ တိုင်းပြည်ကို ပျက်စီးအောင် လုပ်တဲ့သူ ဖြစ်တယ်” ဟူသည့် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းပါ ဗီနိုင်း ပိုစတာကြီးများ စသည်တို့ကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြသူများထံမှ သိရသည်။

သက်မွန်မြင့် စက်ရုပ်မဟုတ်ပါ

သက်မွန်မြင့်ရဲ့ ပရိသတ်ဖေ့စ်ဘုတ်စာမျက်နှာမှာ နောက်ဆုံးတင်ထားတာ ၂ ခုကတော့ သူတို့စုံတွဲဓာတ်ပုံ နဲ့ စာပိုဒ်တပိုဒ်ပါပဲ။

ဓာတ်ပုံမှာတော့ ဆိုင်ကယ်မောင်းတဲ့သူ့ခင်ပွန်းလောင်းကို နောက်ကဖက်ပြီးလိုက်သွားတာ တွေ့ရမှာပါ။

ရေးထားတဲ့စာမှာတော့ ... အနုပညာသမားဟာ စက်ရုပ်မဟုတ်ဘူးလို့ အစချီထားပါတယ်။

အနုပညာသမားကို ဘာခံစားမှုမှ မရှိတဲ့ စက်ရုပ်တွေ ထင်ကြလား မသိဘူး။
ဘက်ထရီလေးထည့်ပြီး ရီမုတ်လေးနဲ့ ထိန်းရတဲ့ စက်ရုပ်တွေလို့ သဘောထားကြတယ်။
တခါတခါအဲဒီခံစားမှုက ကိုယ့်ဘဝကိုယ် ရင်နာစေတယ်။
ဘယ်သူမပြုမိမိမှုဆိုတော့လည်း အဆိုးအကောင်းအားလုံးရင်စည်းခံယုံပဲ။
ဘယ်အရာမှာမှ အကောင်းကြီးပဲ မရနိုင်ပါဘူး။
ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ဖို့ အရေးကြီးပါတယ်လေ။

ကမ္ဘာကျော် Time မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓာတ်ပုံ ၁၀ ပုံ

1. John Tlumacki, Boston
ဒီဓာတ်ပုံကတော့ ၂၀၁၃ ခုနှစ် ဧပြီလ အတွင်းက အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မာရသွန်ပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်မှာ ဓာတ်ပုံဆရာ John Tlumacki က ရိုက်ကူးထားခဲ့တာ ဖြစ်ပြီး The Boston Globe သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဗုံးပေါက်ကွဲမှု စတင်ဖြစ်ပွားတဲ့ အချိန်မှာ ဓာတ်ပုံဆရာက အမျိုးသား မာရသွန် ပြိုင်ပွဲဝင်တွေ ပန်းဝင်တဲ့ နေရာနားမှာ ရပ်ပြီး အပြေးသမားတွေကို ဓာတ်ပုံရိုက်နေတာ ဖြစ်ပြီး ပြေးလမ်းပေါ်မှာ အပြေးသမားတစ်ဦး လဲကျသွားတဲ့ အချိန်မှာ သူကလည်း ဓာတ်ပုံရိုက်ဖို့ ပြေးအသွား ရဲသုံးယောက်ကလည်း ပြေးလာတာကို မြင်လိုက်ရတဲ့ အချိန်မှာ ဒီဓာတ်ပုံကို ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ဒဏ်ရာရသွားတဲ့ သူတွေ၊ ခြေပြတ်နေတဲ့ သူတွေကို ဆယ့်နှစ်မိနစ်ကြာ ဓာတ်ပုံရိုက်ခဲ့ပြီး The Boston Globe ရုံးကို ပြန်ခဲ့ပါတယ်။ တချို့ ညတွေမှာဆို ဗုံးပေါက်ကွဲမှု ဖြစ်စဉ်က ပုံရိပ်တွေကို ပြန်မြင်နေရတုန်း ပါပဲလို့ ဓာတ်ပုံဆရာက ပြောပါတယ်။

ဘန်ကောက်မြို့ ရပ်ဆိုင်းရေး အစိုးရ အတိုက်အခံများ အဓိကလမ်းများကို စတင်ပိတ်ဆို့

Photo: ဘန်ကောက်မြို့ ရပ်ဆိုင်းရေး အစိုးရ အတိုက်အခံများ အဓိကလမ်းများကို စတင်ပိတ်ဆို့ 

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံသား အများစု ပြည်ပထွက်ခွာရာတွင် အဓိက ဝင်ပေါက် ထွက်ပေါက်သဖွယ်ဖြစ်သော ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးမြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှု စတင်ရန် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေကတည်းက ထိုင်းအစိုးရ အတိုက်အခံများ မြို့တော်၏ အဓိကနေရာ အများအပြားတွင် စတင်ပိတ်ဆို့ နေရာယူလာပြီ ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ 

ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီမှ ဆန္ဒပြသူများသည် ဘန်ကောက် မြို့လယ်ရှိ လမ်းဆုံလမ်းခွ များကို ဇန်နဝါရီ ၁၂ ရက်နေ့ ညနေကတည်းက ပိတ်ဆို့လိုက်ပြီး အစိုးရရုံး အဆောက်အအုံများ တည်ရှိရာ ချောင်ဝပ်တနာလမ်းကို ယင်းနေ့ ညနေ ၄ နာရီ ကတည်းက ပိတ်ဆို့ထားပြီး ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ 

မူလက ဇန်နဝါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး စတင်မည်ဟု ဆိုထားသော်လည်း ဆန္ဒပြသူများသည် မျှော်မှန်း ထားသည်ထက် ၁၂ နာရီပိုစော၍ ဇန်နဝါရီ ၁၂ ရက် ညနေကတည်းက မြို့လယ်ရှိ လုဗ္ဗီနီဥယျာဉ်၊ နာမည်ကျော် ချူလာလောင်ကွန်း တက္ကသိုလ် အနီးတစ်ဝိုက်နှင့် MBK ကုန်တိုက်၊ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် (Victory Monument) တို့ အပါအဝင် အဓိကနေရာ ခုနစ်ခုကို စတင်စီးနင်းနေခြင်း ဖြစ်သည်။ 

အမျိုးသား ရဲတပ်ဖွဲ့ လက်ထောက် အကြီးအကဲကမူ လမ်းအသုံးပြုသူများကို ကူညီနိုင်ရန် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှုအတွင်း အဓိကနေရာ ခုနစ်နေရာတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ဝန်းကျင် ချထားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ 

ဆန္ဒပြသူများကို အထောက်အကူ ပေးမည့် သဲ၊ ဘိလပ်မြေ၊ သဲအိတ်၊ ဝါးနှင့် အသံချဲ့စက် ကဲ့သို့သော ပစ္စည်းပစ္စယများ သယ်ဆောင်လာသော ယာဉ်များ သွားလာခွင့် ပိတ်ပင်ကြောင်း ငြိမ်းချမ်းရေးနှင့် စိုးမိုးရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၌ မြို့တွင်းတွင် ပိတ်ဆို့ ဆန္ဒပြမည် ဖြစ်သဖြင့် အလုပ်ခွင် ဝင်ရောက်မည့် သူများမှာ မိုးပျံရထားကို ပိုမို စီးနင်းကြရန် ရှိကြောင်း ကြံ့ခိုင် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုတွင် အလုပ် လုပ်ကိုင်နေသူ ထိုင်း အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။
“ရထားစီးတဲ့သူ ပိုများမှာဖြစ်လို့ စောစောသွားရမယ်။ ကျန်တာတော့ သိပ်မပူပါဘူ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် နှစ်လက လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ဆန့်ကျင်ခဲ့စဉ်က အတိုက်အခံများအတွက် လှပသော လုပ်ဆောင် အောင်နိုင်မှု တစ်ရပ် ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ မြို့တော်ကို ရပ်ဆိုင်းရေး လုပ်ဆောင်ရန် ပြင်ဆင်လာခြင်းသည် ဆန္ဒပြခေါင်းဆောင် ဆူထေ့၏ ကျဆုံးခန်းလည်း ဖြစ်လာနိုင်ကြောင်း Bangkok Post ၏ ပင်တိုင် ဆောင်းပါးရှင် Voranai Vanijaka က ရေးသားထားသည်။ 

မြို့တော်ကို ထိုသို့ ဥပဒေမဲ့ ပိတ်ဆို့ ရပ်ဆိုင်းခြင်းသည် မြို့တော်သားများကို ပြန်ပေးဆွဲခြင်း ဖြစ်ကြောင်း ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန် ရေးသားထားသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ယခုရက်ပိုင်း မဖြစ်မနေ သွားရောက်ရန်ရှိသူ အချို့ကလည်း ၁၃ ရက်နေ့ကို ရှောင်၍ ယင်းနေ့ မတိုင်မီ ပြန်လာရန် ပြင်ဆင်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။
“ဒီနေ့ မနက်ကတည်းက နယ်က ဆန္ဒပြတဲ့သူတွေ ဘန်ကောက် ရောက်လာတာ၊ အခုည ကတည်းကလမ်းတွေ စပိတ်နေကြပြီ၊ MBK အရှေ့လမ်းလည်း ပိတ်နေပြီ။ ချတူချက်တွေ ပိတ်လိုက်ပြီ၊ ရထားတွေတော့ မပိတ်သေးဘူး။ မနက်ဖြန် ဆန္ဒပြတဲ့ နေရာတွေနဲ့နီးတဲ့ ရုံးတွေပိတ်တယ်။ တော်တော်များများ အလုပ်ရုံတွေ ပိတ်ကြတယ်။ အားလုံးတော့ ပိတ်မှာ မဟုတ်ပါဘူး။ မနက်ဖြန်ထိနေမယ့် ဧည့်သည် (မြန်မာနိုင်ငံမှ) တွေ ဒီနေ့ညနေ Flight နဲ့ ပြန်ကြပြီ၊ ၁၅ ရက်နေ့ နောက်ပိုင်းမှ ဧည့်သည်တွေ ဘန်ကောက် လာမယ်လို့ပြောတယ်” ဟု ဘန်ကောက်မြို့ ကျောက်ဖယားမြစ်တွင် ခရီးသွား ဝန်ဆောင်မှု လုပ်ကိုင်နေသော မနီလာဝင်းက ပြောကြားသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံသား အများစု ပြည်ပထွက်ခွာရာတွင် အဓိက ဝင်ပေါက် ထွက်ပေါက်သဖွယ်ဖြစ်သော ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးမြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှု စတင်ရန် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေကတည်းက ထိုင်းအစိုးရ အတိုက်အခံများ မြို့တော်၏ အဓိကနေရာ အများအပြားတွင် စတင်ပိတ်ဆို့ နေရာယူလာပြီ ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီမှ ဆန္ဒပြသူများသည် ဘန်ကောက် မြို့လယ်ရှိ လမ်းဆုံလမ်းခွ များကို ဇန်နဝါရီ ၁၂ ရက်နေ့ ညနေကတည်းက ပိတ်ဆို့လိုက်ပြီး အစိုးရရုံး အဆောက်အအုံများ တည်ရှိရာ ချောင်ဝပ်တနာလမ်းကို ယင်းနေ့ ညနေ ၄ နာရီ ကတည်းက ပိတ်ဆို့ထားပြီး ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

မူလက ဇန်နဝါရီ ၁၃ ရက်တွင် ဘန်ကောက်မြို့တော် ရပ်ဆိုင်းရေး စတင်မည်ဟု ဆိုထားသော်လည်း ဆန္ဒပြသူများသည် မျှော်မှန်း ထားသည်ထက် ၁၂ နာရီပိုစော၍ ဇန်နဝါရီ ၁၂ ရက် ညနေကတည်းက မြို့လယ်ရှိ လုဗ္ဗီနီဥယျာဉ်၊ နာမည်ကျော် ချူလာလောင်ကွန်း တက္ကသိုလ် အနီးတစ်ဝိုက်နှင့် MBK ကုန်တိုက်၊ အောင်ပွဲ အထိမ်းအမှတ် ကျောက်တိုင် (Victory Monument) တို့ အပါအဝင် အဓိကနေရာ ခုနစ်ခုကို စတင်စီးနင်းနေခြင်း ဖြစ်သည်။

အမျိုးသား ရဲတပ်ဖွဲ့ လက်ထောက် အကြီးအကဲကမူ လမ်းအသုံးပြုသူများကို ကူညီနိုင်ရန် ဘန်ကောက် ရပ်ဆိုင်းရေး လှုပ်ရှားမှုအတွင်း အဓိကနေရာ ခုနစ်နေရာတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀၀ ဝန်းကျင် ချထားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

၂၀၁၅ ခုနှစ် စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေရန် လုပ်ဆောင်ပါက ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်

Photo: ၂၀၁၅ ခုနှစ် စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေရန် လုပ်ဆောင်ပါက ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်

၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင် စတော့ဈေးကွက်တောင် ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။ ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၊ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင် ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင် ဖော်ပြမှုများ ရှိနေသည်။

“အားကောင်းမောင်းသန် စတော့ဈေးကွက် ဖြစ်လာဖို့ဆိုရင် လက်ရှိဖွံ့ဖြိုးဆဲ နိုင်ငံတွေထက် ကြီးနေတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ကျသွားအောင် လုပ်ဖို့လိုတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်ဖို့လိုတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာအောင် လုပ်ဖို့လိုသလို အခွန်စနစ် ပီပြင်အောင်လုပ်ဖို့လည်း လိုပါတယ်။ သီအိုရီအရ ဆိုရင်တော့ စတော့ဈေးကွက်နဲ့ အိမ်ခြံမြေဈေးနှုန်းက တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ၀င်ငွေဖော်ပြရန်မလိုဘဲ အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချထားခဲ့ခြင်းကြောင့် ငွေကြေးခ၀ါချလိုသူများ၊ အခွန်ရှောင်လိုသူများ၊ ၀င်ငွေရလမ်း မဖော်ပြလိုသူများက အိမ်ခြံမြေဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက်မြှုပ်နှံခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အိမ်ခြံမြေ အခွန်များကို ၃၇ ရာခိုင်နှုန်းအတိုင်း ထားရှိသွားမည်ဟု ကြေညာချက်ထုတ်ခဲ့သလို အောက်တိုဘာမှစတင်ကာ ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ တစ်ပေပတ်လည် နှုန်းထားများကို သတ်မှတ်ကောက်ခံခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာ အခွန်ဆုံးရှုံးမှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။

ထိုသို့မြေဈေးသတ်မှတ်မှု၊ အခွန် ၃၇ ရာခိုင်နှုန်း ပေးဆောင်စေမှုတို့ကို ပြုလုပ်သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ ကျဆင်းသွားခြင်း မရှိကြောင်း ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ စတော့အိတ်ချိန်းတွင် ပြည်သူအများ ယုံကြည်မှုရရှိစေရန်မှာ အစိုးရအနေဖြင့် ခိုင်မာသည့် အခြေခံအဆောက်အအုံများကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဥပဒေများ၊ အဖွဲ့အစည်းများ ခိုင်မာအသက်ဝင်စေရန် ဆောင်ရွက်ရမည်ဟု စတော့အိတ်ချိန်း ပေါ်ပေါက်စေရေးအတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဂျပန်ပညာရှင်များ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။

ဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်သော ရန်ကုန်မြို့တွင်းတစ်နေရာ (ဓာတ်ပုံ - နွဲ့ယဉ်အေး)
၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင် စတော့ဈေးကွက်တောင် ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။ ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ၊ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင် ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင် ဖော်ပြမှုများ ရှိနေသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်

Photo: လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ပထမဆုံး အပိုင်းထဲမှာ ၃၂ လုံး စဆောက်တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီးမှာ။ ၁၀ လုံးကို ဒီလကုန်ပြီးမှာပေါ့။ ခြောက်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ တည်ဆောက်မှုကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက PAE စနစ်နဲ့ တည်ဆောက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပွင့်လန်းလာသည့် ရန်ကုန်မြို့၏ စီးပွားရေး အခွင့်အလမ်းများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ၀င်ရောက်လာခြင်း၊ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် နိုင်ငံတစ်ဝှမ်းမှ လုပ်သားများ ရွှေ့ပြောင်းအခြေချလာခြင်းတို့ကြောင့် ရန်ကုန်မြို့တော်၏ လူဦးရေသည် ယခင်ကထက် သိသိသာသာ တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။

“ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီးတော့ ဘယ်သူတွေကို ရောင်းချပေးမယ် ဆိုတာကအစ စီစဉ်နေတုန်းပါပဲ။ ၀န်ထမ်းတွေကို အဓိကထားတာလား။ အားလုံးအတွက်လား အသေးစိတ် မသိရသေးပါဘူး” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့နေ ပြည်သူများနေရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်နှင့် အိမ်ရာထုတ်လုပ်ရေးသည် အရေးတကြီး လိုအပ်နေသည့်လုပ်ငန်း ဖြစ်သည့်အားလျော်စွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

လှိုင်သာယာရှိ တည်ဆောက်ဆဲ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချခြင်းအပေါ် ဝေဖန်မှုများရှိနေ

Photo: ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချခြင်းအပေါ် ဝေဖန်မှုများရှိနေ

ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အနေဖြင့် အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချလိုက်ခြင်းအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသည်။   

မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာဘောလုံးအဖွဲ့ချုပ် အနေဖြင့် နည်းပြချုပ်ဖြစ်သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာနှင့် ချက်ချင်းလမ်းခွဲခဲ့သည်။ မြန်မာပရိသတ်များ အနေဖြင့် ဆီးဂိမ်းစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အောင်မြင်မှုမရဘဲ စိတ်ပျက်စရာကောင်းသည့် ရှုံးနိမ့်မှုမျိုးဖြင့် ကြုံတွေ့ခဲ့ရသည့်အပေါ် နည်းပြချုပ် ပတ်ဆောင်ဟွာအား ဝေဖန်ပြစ်တင် ခဲ့ကြသည့်အပြင် လက်ရွေးစင် ကစားသမားများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများအား မြန်မာဘောလုံးအသင်း ကျရှုံးမှုအတွက် မေးခွန်းထုတ်ခဲ့သလို ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ယင်းသို့သော အနေအထားတွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၈ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် လိဂ်ကော်မတီ၊ ကလပ်အသင်းများနှင့် ကစားသမားများ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားများ၏ လစာနှုန်းထားများကို ကန့်သတ်လျှော့ချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးဆုံးဖြတ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ လစာလျှော့ပေါ့ရခြင်းမှာ ဘောလုံးသမားများ အနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာ မိမိတို့ရရှိနေသည့် ခံစားခွင့်များနှင့် လိုက်ဖက်သော ခြေစွမ်းအဆင့်အတန်းမျိုး ပြသလာနိုင်စေရန်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘောလုံးအောင်မြင်မှုဖြင့် ပိုမိုပေးဆပ် ကြိုးစားလိုသည့် ကစားသမားများ တိုးတက်များပြား လာစေရန်နှင့် ဘောလုံးကို ချစ်မြတ်နိုးသည့် လူငယ်ဘောလုံးသမားကောင်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကစားသမားများ၏လစာကို နှုန်းထားတစ်ခုဖြင့် လျှော့ချသတ်မှတ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များ၊ ဘောလုံးသမားများ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အောင်မြင်မှု မရရှိခြင်းကြောင့် ဘောလုံးသမားများ၏ လစာများကို ကန့်သတ်လျှော့ချခြင်းမှာ မှန်ကန်သည့်လုပ်ရပ် မဟုတ်ဘဲ မြန်မာဘောလုံးအတွက် သင့်တော်သည့် အဖြေမှန်တစ်ခုကို ရရှိလာမည်မဟုတ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

“ဒီစည်းမျဉ်းက ပြောရရင် ကစားသမားတွေကို ချောင်ပိတ်ရိုက်သလို ဖြစ်နေတယ်။ ကစားသမားတွေ အနေနဲ့လည်း သဘောမတူလို့ မရတဲ့ အနေအထားမျိုးဖြစ်လို့ သဘောတူလိုက်ရတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေ အနေနဲ့ ဒီခံစားချက်ကြီးနဲ့ ကစားနေရရင် မကောင်းနိုင်ဘူး။ လက်ရွေးစင်အသင်း မအောင်မြင်လို့ လုပ်တယ်ဆိုတာကိုက မှားနေတယ်။ ဒီလိုသာဆိုရင် အင်္ဂလန်အသင်း မအောင်မြင်သရွေ့ လစာသာလျှော့နေရင် ပရီးမီးယားလိဂ်က အင်္ဂလန်ကစားသမားတွေ ဘယ်လိုလုပ်မလဲ။ ဒီလိုအကန့်အသတ်နဲ့ လုပ်တာက မှားယွင်းနေတယ်လို့ပဲ မြင်တယ်။ ကစားသမားတွေကို A -Class၊ B-Class၊ C-Class လုပ်တာလည်း မှားယွင်းတယ်။ MNL အစ လစာငွေတွေ မတရားဖောင်းပွနေတုန်းက ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တဲ့ လုပ်ရပ်လို့ ကျွန်တော်ပြောခဲ့ဖူးပါတယ်။ အဲဒီကတည်းက လစာငွေတွေကို Open လုပ်ပေးခဲ့ပြီး အခုမှ ပြန်ပြီးထိန်းချုပ်နေရတာက အလုပ်မဟုတ်ဘူး။ လွဲတာကတော့ အစကတည်းက လွဲခဲ့တာ။ ကန့်သတ်မှုတွေရှိလာရင် ပိုဆိုးသွားမယ်။ ပရော်ဖက်ရှင်နယ်အဆင့်ကို သွားပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်မှုတွေ လုပ်နေတာထက်စာရင် အစကတည်းက Pro စနစ်ကိုမသွားဘဲ အပျော်တမ်းအဆင့်နဲ့ပဲ ကစားနေပါတော့လား။ Pro လုပ်ပြီးမှ အခုလို ပြန်ပြီးထိန်းချုပ်နေရတာက အဓိပ္ပာယ်မရှိပါဘူး။ ဒီလို လစာငွေထိန်းချုပ်တဲ့ စည်းမျဉ်းထုတ်တော့ရော လက်ရွေးစင်အသင်း အောင်မြင်ဖို့ အာမခံနိုင်သလားလို့ ပြန်ပြီးမေးခွန်းထုတ်ရမယ်” ဟု ၀ါရင့်အားကစားကလောင်ရှင် ဦးဖေဒီက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုအဆင့်မှ ထွက်ရသည့်အတွက် ဘောလုံးဝါသနာရှင် ပြည်သူများအနေဖြင့် နည်းပြ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကစားသမားများအပေါ် ဝေဖန်မှုများ ရှိခဲ့သော်လည်း နိုင်ငံတကာပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ကျရှုံးမှုနှင့် မြန်မာနေရှင်နယ်လိဂ်တွင် လူငယ်ဘောလုံးသမားများ၏ လစာလျှော့ချခံရခြင်းမှာ သင့်တော်သည့်ကိစ္စ မဟုတ်ကြောင်းလည်း ပြောဆိုဝေဖန်မှုများ ရှိနေသည်။

“ကျွန်တော်တို့ မြန်မာဘောလုံးအသင်းကို အမြဲအားပေးတယ်။ အရင်ကလည်း ရှုံးခဲ့တာပါပဲ။ ဒါပေမဲ့ ပရိသတ်တွေကတော့ အားပေးနေဆဲပါပဲ။ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ အင်ဒိုကို မရှုံးသင့်ဘဲရှုံးတယ်။ ဒီအတွက် ဘောလုံးချစ်တဲ့ ပရိသတ်တွေ ပေါက်ကွဲကြတယ်။ ကစားသမားတွေ အပါအ၀င် တာဝန်ရှိသူတွေကို အပြစ်တင်တယ်။ ဒါကသဘာဝပါပဲ။ အခုလို နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်လို့ နေရှင်နယ်လိဂ်မှာ ကစားနေတဲ့ ကစားသမားတွေကို လစာထိန်းချုပ်မယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ ပရိသတ်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာအဖြေလည်း မဟုတ်ပါဘူး” ဟု ရန်ကုန်မှ ဘောလုံးဝါသနာရှင် ကိုကျော်ကျော်က ပြောကြားသည်။

မြန်မာ့ဘောလုံး ပြုပြင်ပြောင်းလဲမှုအတွက် အများ၏ တောင်းဆိုမှုနှင့်အတူ အမှန်တကယ် လိုအပ်ချက်ကြောင့် မြန်မာဘောလုံးလောကမှ အရေးကြီးသည့် အလှည့်အပြောင်းတစ်ခုအဖြစ် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကြီးကို ၂၀၀၉ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကြေးမတည် လှူဒါန်းမှုများနှင့်အတူ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲများကို စီးပွားရေး လုပ်ငန်းရှင်များက ကလပ်အသင်းပိုင်ရှင်များအဖြစ် ငွေကြေးသုံးစွဲမှုများနှင့်အတူ ယခင်က ၀င်ငွေအနည်းငယ်သာ ရရှိထားသော ကစားသမားများ အနေဖြင့်လည်း လစာငွေ ကျပ်သိန်း ၃၀ အထိ ခံစားခွင့်ရရှိမှုများလည်း ရှိလာသည်။ ထိုကဲ့သို့ လစာတိုးမြှင့်ခြင်း ယခင်ကထက် များစွာမြင့်မားသည့် ငွေကြေးများ ရရှိခံစားနိုင်လာခြင်းများကိုလည်း လူငယ်ဘောလုံးသမားများကြားတွင် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ရေးအတွက် မျှော်လင့်ချက်ဖြင့် ကြိုးပမ်းလာမှုများလည်း မြင့်မားလာခဲ့သည်။ ယင်းအခြေအနေတွင် တာဝန်ရှိသူများ အနေဖြင့် လစာနှုန်းထားများကို ပြန်လည်လျှော့ချလိုက်ခြင်းမှာ ကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ကြိုးစားအားထုတ်လိုမှု အပေါ်တွင်ပါ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း ဝေဖန်ပြောကြားမှုများလည်း ရှိလာသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ပြောစရာတွေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ ပြောသင့်မပြောသင့် ဆိုတာကလည်း ရှိနေပါသေးတယ်။ ဒီကိစ္စကို သိလိုက်ရတဲ့အချိန်မှာ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတယ်။ ကစားသမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာသင့်တယ်။ ရှိသင့်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အကောင်းဆုံးကြိုးစားတယ်။ ကြိုးစားမှု ခြေစွမ်းပြမှုတွေအတွက် ထိုက်သင့်တဲ့လစာ ရသင့်တယ်လို့ထင်တယ်။ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ရောထွေးလို့မရပါဘူး။ လက်ရွေးစင်အသင်းမှာ အောင်မြင်ဖို့ဆိုတာ အများကြီးလုပ်ရမယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြိုးစားနေတာ မဟုတ်ဘူး။ သူများနိုင်ငံတွေကလည်း ကြိုးစားနေကြတယ်။ ကိုယ့်အသင်းက အခုမှ တက်လာခါစပဲ ရှိသေးတယ်” ဟု ရန်ကုန်ယူနိုက်တက်နှင့် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး ကြည်လင်းက ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိကစားသမားများ ခံစားရရှိနေကြသော လစာနှုန်းထားများမှာ ပြင်ပစီးပွားရေးနှင့် မိသားစုကုန်ကျစရိတ်နှင့် လိုအပ်ချက်များနှင့်ပါ ယှဉ်တွဲကြည့်မည်ဆိုပါက များစွာပိုလျှံသည့် ခံစားခွင့်မျိုး ဖြစ်နိုင်မည်မဟုတ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။ မျက်မှောက်ကာလတွင် လစာငွေ ၁၀ သိန်းမှာ မိသားစုတစ်စုအတွက် ကြီးမားသည့် ၀င်ငွေတစ်ရပ် မဟုတ်ဘဲ ပုံမှန်လူတန်းစေ့ စားသောက်နိုင်ရုံ အနေအထားတွင်သာ ရှိနိုင်ပြီး ယင်းကစားသမားများ၏ အနာဂတ် အာမခံချက်အတွက် လုံလောက်နိုင်သည့် အနေအထားမျိုး မဟုတ်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။

“ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အတွက် အကောင်းဆုံးအချိန်နဲ့ သူ့ရဲ့တကယ်အသင်းအတွက် ကစားပေးနိုင်မယ့် အချိန်က အများကြီးမရှိပါဘူး။ လေးငါးနှစ်အတွင်းမှာ သူတို့ရမယ့်လစာက ဘ၀တစ်လျှောက်လုံးအတွက် စုဆောင်းနိုင်မယ့် အနေအထားမျိုးလည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ တစ်လ ၁၀ သိန်းဆိုတဲ့ ၀င်ငွေက စားသောက်စရိတ်၊ နေထိုင်စရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေနဲ့တင် ပြီးသွားမှာပါ။ ဒါကြောင့် သူတို့တွေ လစာအများကြီး ရနေတယ်။ လက်ရွေးစင်မှာတော့ မအောင်မြင်ဘူးဆိုပြီး လစာပြန်လျှော့တယ် ဆိုတဲ့ဟာမျိုးကတော့ သိပ်သဘာဝမကျပါဘူး” ဟု မန္တလေးမှ ဘောလုံးဝါသနာရှင် ကိုနန္ဒစိုးက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သဘောတူညီမှုနှင့်အတူ လိဂ်ကော်မတီ၊ ကလပ်အသင်းပိုင်ရှင်များ၊ ကစားသမားများ ညှိနှိုင်းသဘောတူမှုကြောင့် ယင်းကဲ့သို့ လစာလျှော့ချရန် ဆုံးဖြတ်ချက် အတည်ပြုခဲ့သော်လည်း ကာယကံရှင် ကစားသမားများ အနေဖြင့် နစ်နာမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနိုင်ကြောင်းလည်း ပရော်ဖက်ရှင်နယ် ကစားသမားများထံမှ သိရှိရသည်။

“ဒီစည်းမျဉ်းစည်းကမ်းကို ဘယ်နိုင်ငံမှာမှ မကြားဖူးပါဘူး။ ပရိုစနစ် ကူးပြောင်းတာကလည်း MFF ဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တွေကြောင့်ပါပဲ။ ဒီအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ အခုလစာငွေတွေ ပြန်ကန့်သတ်တာလည်း ပရိုစနစ်ကို အကောင်အထည် ဖော်ခဲ့သူတွေပါပဲ။ အသင်းပိုင်ရှင်တွေ အနေနဲ့ ငွေကြေးအများကြီး စိုက်ထုတ်ခဲ့ပေမယ့် လက်ရွေးစင်အသင်း မအောင်မြင်ခဲ့သလို ဆီးဂိမ်းစ်မှာ မြန်မာအသင်း မအောင်မြင်တာကလည်း အဓိကအကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းကို ချိတ်ဆက်လို့မရဘူး ထင်ပါတယ်။ လက်ရွေးစင်အသင်း မအောင်မြင်တိုင်းသာ ကလပ်အသင်းက ကစားသမားတွေ လစာလျှော့ခံရမယ်ဆိုရင် အခြားနိုင်ငံတွေမှာ ဘယ်လိုလဲဆိုတာ လေ့လာသင့်ပါတယ်။ အခု မြန်မာပြည်မှာ ကစားနေတဲ့ ဘောလုံးသမားတွေထဲက ၉၉ ရာခိုင်နှုန်းဟာ ချမ်းသာတဲ့သူတွေ မဟုတ်ပါဘူး။ အားလုံးက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာသူတွေပါ။ အခုပရိုစနစ်လေး ကူးပြောင်းလိုက်လို့ လစာတွေ ထိုက်သင့်သလောက်ရပြီး ဘ၀အခြေအနေတွေ နည်းနည်းပြောင်းလဲတုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်ဆိုလည်း ခုနစ်တန်းကတည်းက မိဘနဲ့ခွဲပြီး ဘောလုံးကစားလာတာပါ။ ကျွန်တော် ဘောလုံးစကစားတုန်းက တစ်လကို လစာ ၄၅၀ ကျပ်ပဲ ရခဲ့တာပါ။ MNL စတင်တဲ့ ၂၀၀၉ မှာ လက်ရွေးစင် ကစားသမားတွေကို လစာကျပ် ၁၀ သိန်းပေးဖို့လည်း အသင်းပိုင်ရှင်တွေဘက်ကပဲ သတ်မှတ်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ အခု သတ်မှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ လူငယ်ကစားသမားတွေအတွက် စိုးရိမ်တာတစ်ခုကတော့ လူငယ်လက်ရွေးစင်တောင် မဖြစ်ဖူးတဲ့သူတွေက လစာနှစ်သိန်းကနေ ငါးသိန်းအထိပဲ ရမှာပါ။ အဲဒီကစားသမားတွေက ကလပ်အသင်းမှာ ခြေစွမ်းပြရင်တောင် လစာက စာချုပ်သက်တမ်းပြည့်မှပဲ ခံစားခွင့်ရရှိမယ့် အနေအထားပါ။ ကျွန်တော်တို့လည်း လျော်ကြေးငွေတွေနဲ့ စာချုပ်ဖျက်ပြီး စာချုပ်သစ် ပြန်ချုပ်ရမှာပါ။ စာချုပ်သစ်ကိစ္စ အဆင်မပြေရင် တခြားအသင်းကိုလည်း ပြောင်းရွှေ့ခွင့် မရှိဘူးလို့ သိရပါတယ်။ လက်ကျန်စာချုပ်သက်တမ်းကို ပြန်ချုပ်ရမှာဖြစ်ပြီး စာချုပ်သက်တမ်းကိုလည်း လျှော့လို့မရပါဘူး။ ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တဲ့ ဘောလုံးကို ကစားနိုင်တဲ့အချိန်ထိ ကစားသွားမှာပါ။ ကျွန်တော် လက်ရွေးစင်ကစားသမား ဘ၀တုန်းက ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့သလို နောက်ပိုင်းမှာလည်း ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ ဆုံးဖြတ်ပြီးသားပါ” ဟု KBZ အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း ဂိုးသမားကျော်ဇင်ထက်က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံလက်ရွေးစင်အသင်း မအောင်မြင်ခြင်းကြောင့် လိဂ်ပြိုင်ပွဲများ ကစားနေသော ပရော်ဖက်ရှင်နယ် ကစားသမားများအား လစာလျှော့ပေါ့ ကန့်သတ်ခြင်းမျိုးမှာ အခြားနိုင်ငံများတွင် ရှိနေသော ပရော်ဖက်ရှင်နယ်လိဂ် ပုံစံနှင့် တူညီမှုမရှိဘဲ သီးခြားဖြစ်နေကာ နိုင်ငံတကာ စံနှုန်းများနှင့် လွဲချော်မှုများ ရှိနေကြောင်းလည်း ဝေဖန်သုံးသပ်ခဲ့ကြသည်။

“လစာငွေကို လျှော့ချတဲ့အပြင် ကစားသမားတစ်ယောက်အတွက် အမြင့်ဆုံးလစာငွေ ၁၀ သိန်းဆိုတဲ့ သတ်မှတ်ချက်က လက်ရှိကစားသမားတွေအတွက်သာ မဟုတ်ဘဲ အလားအလာရှိတဲ့ ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကိုပါ ထိခိုက်စေတယ်လို့ မြင်ပါတယ်။ နောက်ပြီးနိုင်ငံ့လက်ရွေးစင် အသင်းတွေမှာ ရွေးချယ်ခံရတာအပေါ် မူတည်ပြီး လစာငွေအတွက် ကစားသမားတွေကို Class ခွဲတာကလည်း ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်။ လက်ရွေးစင်အသင်း အောင်မြင်မှုရရင် ကလပ်အသင်းတွေက မဆီမဆိုင် လစာငွေ တိုးပေးရမယ့် ကိစ္စကလည်း သိပ်အလုပ် မဟုတ်သေးဘူး။ ဒီပုံစံက လစာငွေ ထိန်းချုပ်တယ်ဆိုပေမယ့် မေဂျာလိဂ် (အမေရိကန်)၊ အေ-လိဂ် (သြစတြေးလျ) တို့ အပါအ၀င် အချို့အားကစား ပြိုင်ပွဲတွေမှာ ရှိနေတဲ့ Salary Cap ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ ကစားသမားတွေဘက်က မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမယ့် Players' Union လို အဖွဲ့အစည်းမျိုး ရှိသင့်နေပါပြီ။ ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်း လာပြီးတဲ့နောက်မှာ အခြားကဏ္ဍအသီးသီးကို ကြည့်မယ်ဆိုရင် ကိုယ်စားပြု အဖွဲ့အစည်းတွေ အသီးသီး ပေါ်ပေါက်လာပေမယ့် မြန်မာဘောလုံးသမားတွေ အပါအ၀င် မြန်မာအားကစားသမားတွေအတွက် ကိုယ်စားပြုမယ့် အဖွဲ့အစည်းမျိုး မရှိသေးတာ တွေ့ရမှာပါ။ အခုကိစ္စမှာလည်း ကစားသမားတွေ အားလုံးသဘောတူခဲ့တယ် ဆိုပေမယ့် တကယ်တမ်းလစာငွေ ၁၀ သိန်းအထက် ရနေတဲ့ ကစားသမားတွေ၊ ရဖို့အလားအလာရှိတဲ့ ကစားသမားတွေက အောင့်သီးအောင့်သက် လက်ခံခဲ့ရတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ဒီသတ်မှတ်ချက်က ကစားသမားတွေရဲ့ ကြိုးစားချင်စိတ်ကို ပိုဖြစ်နိုင်မလားဆိုရင် ကျွန်တော်ကတော့ မထင်ဘူးလို့ပဲ ဖြေချင်ပါတယ်” ဟု Premier Eleven Sports Journal အယ်ဒီတာချုပ် ကိုမြတ်ထွဋ်ဝင်းက ပြောကြားသည်။    

ကလပ်အသင်းပိုင်ရှင်များ အနေဖြင့်လည်း ငွေကြေးများစွာ သုံးစွဲနေရသည့်အတွက် ရေရှည်တွင် ရပ်တည်နိုင်ရန် အခက်အခဲရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေပြီး မြန်မာနေရှင်နယ်လိဂ် စတင်ချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်သူစိတ်ဝင်စားမှု ရရှိရန် ငွေကြေးများစွာ သုံးစွဲခဲ့ကြသော်လည်း လက်ရှိအချိန်တွင် မြန်မာနေရှင်လိဂ် ရေရှည်ရပ်တည်နိုင်ရေးအတွက်ပါ စဉ်းစားရမည့် အခြေအနေတွင် ရှိနေကြောင်း ပြောဆိုမှုများ ရှိလာသည်။

“ဒီစည်းမျဉ်းစည်းကမ်းက MFF နဲ့ MNL ကလပ်အသင်းပိုင်ရှင်တွေ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ MNL ကို ကျင်းပခဲ့တာက လက်ရွေးစင်အသင်း အောင်မြင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအသင်းဟာ အာဆီယံဒေသတွင်း အဆင့်မှာတောင် အောင်မြင်မှုတွေ မရခဲ့ပါဘူး။ ကလပ်အသင်းတွေ အနေနဲ့လည်း ငွေကြေးအများကြီး ကုန်ကျခံပြီး လုပ်နေရတာကြောင့် ရေရှည်တည်တံ့ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် MNL ရေရှည်တည်တံ့ဖို့ လုပ်ဆောင်ခဲ့ရတာပါ။ MNL ကလပ်အသင်းတွေရဲ့ ကုန်ကျငွေဟာ တစ်နှစ်ကို သိန်းတစ်သောင်းဝန်းကျင်ရှိပြီး ၀င်ငွေက ကျပ်သိန်းတစ်ရာကျော်ပဲ ရှိပါတယ်။ ဒါတောင် အိမ်ကွင်းလုပ်တဲ့ အသင်းတွေသာ ၀င်ငွေရှိပြီး အိမ်ကွင်းမလုပ်နိုင်သေးတဲ့ အသင်းတွေရဲ့ ၀င်ငွေက အရမ်းနည်းပါတယ်။ ‘သစ်ပင်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်’။ ဒါကြောင့် MNL ကြီး ရေရှည်တည်တံ့ဖို့အတွက် အခုလို လုပ်ဆောင်ခဲ့ရတာပါ” ဟု ဇေယျာရွှေမြေအသင်း၏ (CEO) ဦးသန်းဇော်က ပြောကြားသည်။

ပရော်ဖက်ရှင်နယ် ကစားသမားများကို လစာငွေ လျှော့ချမှုနှင့် ပတ်သက်ပြီး ၀ါရင့်အားကစား ကလောင်ရှင်နှင့် ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ထွေးကလည်း “အဓိကကတော့ MNL ကလပ်အသင်းတွေက ငွေကုန်ကြေးကျတွေများပြီး ၀န်ထုပ်ဝန်ပိုးတွေ အများကြီးဖြစ်လာတော့ မခံနိုင်တော့ဘူး။ ဒီတော့ သူတို့က MFF ကို တင်ပြတယ်။ အမှန်တကယ်တော့ မတတ်သာလို့သာ လုပ်ရတာ၊ လစာငွေ လျှော့ချတာကတော့ လုံးဝမကောင်းပါဘူး။ ၂၀၀၉ ခုနှစ် MNL စတုန်းက သိန်း ၃၀၀၊ ၄၀၀ ဆုကြေးငွေတွေပေးပြီး လက်တစ်ဖွာဖွာနဲ့ သုံးခဲ့ကြပြီး ကြာလာတော့ ၀င်ကြေးကမရှိ၊ စပွန်ဆာက မရှိနဲ့ တောင်မင်းမကယ်နိုင်၊ မြောက်မင်းမကယ်နိုင်ဖြစ်ပြီး အခုလိုဖြစ်လာတာပေါ့။ မလုပ်လို့ မဖြစ်တော့လို့သာ လုပ်ခဲ့ရတာ။ တကယ်တော့ မကောင်းပါဘူး။ ဒါက MNL စကတည်းက လုပ်ထားရင်တော့ ကောင်းတာပေါ့။ အခုကလစာတွေ အများကြီးပေးပြီးမှ အခုလိုပြန်လျှော့တော့ ကစားသမားတွေလည်း ဘယ်စိတ်ကောင်းပါ့မလဲ” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဘောလုံးအား ပရော်ဖက်ရှင်နယ်စနစ်သို့ ပြောင်းလဲလိုက်ပြီးမှ လစာပြန်လည် ကန့်သတ်မှုမှာ မှန်ကန်သည့်နည်းလမ်း မဟုတ်ကြောင်း၊ ပရော်ဖက်ရှင်နယ်တွင် အရည်အချင်းရှိပြီး ကြိုးစားသည့် ကစားသမားများ ကြိုးစားသလောက် ပရော်ဖက်ရှင်နယ်၏ သဘောသဘာဝအတိုင်း ခံစားခွင့်ရှိကြောင်းနှင့် ကလပ်အသင်းများ အနေဖြင့် လစဉ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးနေခြင်း အပေါ်လည်း ကြိုတင်စဉ်းစား သုံးသပ်ထားဖို့ လိုအပ်ကြောင်း တက်လမ်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်ကလည်း သုံးသပ်ခဲ့သည်။ ထို့ပြင် နိုင်ငံတကာပြိုင်ပွဲများတွင် လက်ရွေးစင်အသင်း အောင်မြင်မှု မရရှိခြင်းကို နည်းစနစ်ကျစွာ ဆန်းစစ်သုံးသပ်ရန် လိုအပ်မည်ဖြစ်ပြီး တာဝန်ရှိ အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု အပိုင်းနှင့် နိုင်ငံတကာ စံနှုန်းများနှင့်ယှဉ်လျှင် နည်းလမ်းမကျမှုများအပေါ် ပြုပြင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း သုံးသပ်ဝေဖန်မှုများ ရှိနေသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းနှင့် ဘဏ္ဍာခွန်အသင်း၏ နည်းပြချုပ်ဟောင်းဖြစ်သူ ဦးခင်မောင်ကြိုင်ကလည်း “ပရော်ဖက်ရှင်နယ်ဆိုတာ လွတ်လွတ်လပ်လပ်ရှိရမယ်။ ငွေရေး၊ ကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်က ၀င်ပြီးစွက်ဖက် ဆုံးဖြတ်ပေးစရာ အကြောင်းမရှိဘူး။ အခုဟာက ဗဟိုဦးစီးစနစ် ပုံစံမျိုးနဲ့ သွားသလို ပုံစံမျိုးတွေပဲ တွေ့နေရသေးတယ်။ ပရော်ဖက်ရှင်နယ်မှာ တန်ဖိုးကို ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးလို့မရဘူး။ အရည်အချင်းနောက်ကို သူ့ရဲ့တန်ဖိုးက လိုက်လာတာ။ ကစားသမား တစ်ယောက်ဟာ အရည်အချင်းရှိရင် ရှိသလောက် ခံစားရမှာပဲ။ အခုဆိုရင် လစာငွေတွေ လျှော့ချခံရတော့ မြန်မာကစားသမားတွေနဲ့ နိုင်ငံခြားသား ကစားသမားတွေရဲ့ လစာငွေ ကွာဟမှုက ကြီးမားလာပြီး နောက်ပိုင်းဆိုရင် တစ်ဦးကိုတစ်ဦး အထင်အမြင်သေးတာတွေ ဖြစ်လာလိမ့်မယ်။ တကယ်တော့ ပရိုစနစ်ကို စပြောင်းကတည်းက အခုလို လစာငွေထိန်းချုပ်တာမျိုး လုပ်ခဲ့ရင် အကြောင်းမရှိဘူး။ အစကတည်းက မလုပ်ခဲ့ဘဲ ကစားသမားတွေကို သူတို့ဘာသာသူတို့ ဈေးပြိုင်ပေး၊ လစာတွေ မက်လုံးပေးခေါ် အခုကျမှ မနိုင်တော့တဲ့အချိန်၊ ဘာမှရစရာ မရှိတော့တဲ့ အချိန်ကျမှ ဒီလိုလုပ်တာက မဖြစ်သင့်ဘူး။ ကစားသမားတွေ အနေနဲ့ကတော့ ဘာပဲဖြစ်ဖြစ် ကြိုးစားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ ရယ်စရာပြောရရင် အရင်ဆုံး နောက်ပြန်လှည့်တာက ဘောလုံးလို့ ပြောရမလားပဲ” ဟု ပြောကြားခဲ့သည်။

ကစားသမားများ လစာလျှော့ပေါ့ခံစားရန် လိဂ်ကော်မတီ၊ ကလပ်အသင်းနှင့် ကစားသမားများ ညှိနှိုင်းသဘောတူမှု

(က) မြန်မာနေရှင်နယ်လိဂ်၊ လူငယ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကစားလျက်ရှိသော လူငယ်ကစားသမားများကို အနည်းဆုံး လစာငွေကျပ်တစ်သိန်းမှ အများဆုံး လစာငွေကျပ် သုံးသိန်းအထိ သတ်မှတ်ပေးရန်။

(ခ) မြန်မာနေရှင်လိဂ်၊ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေသော ကစားသမားများကို အနည်းဆုံးလစာ ကျပ်နှစ်သိန်းမှ အများဆုံးလစာငွေ ကျပ်ငါးသိန်းအထိ သတ်မှတ်ပေးရန်။

(ဂ) အသက် (၁၉) နှစ်အောက် မြန်မာ့လက်ရွေးစင် အသင်းမှစ၍ မြန်မာ့လက်ရွေးစင် အသင်းကြီးများအထိ လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ကစားသော ကစားသမားများကို တစ်လလျှင် ငွေကျပ်ငါးသိန်းမှ ငွေကျပ် ၁၀ သိန်းအထိ လစာခံစားခွင့် သတ်မှတ်ပေးရန်။ ထိုကဲ့သို့ သတ်မှတ်ပေးရာတွင် ကစားသမားနှင့် ကလပ်အသင်းကြား ညှိနှိုင်းသဘောတူညီမှုအရ သတ်မှတ်ပေးရမည်။

(ဃ) ကစားသမားများအနေဖြင့် ကလပ်အသင်းနှင့် စာချုပ်လက်မှတ် ရေးထိုးသည့်အခါ လက်မှတ်ထိုးကြေး (Signing Fee) ခံစားခွင့် ရရှိမည်မဟုတ်ဘဲ အသင်းပြောင်းရွှေ့သည့် အခါမှသာ အသင်းပြောင်းရွှေ့ကြေး (မိမိအားခေါ်ယူသည့်အသင်းမှ အသင်းဟောင်းသို့ ကစားသမား ပြောင်းရွှေ့ကြေးအဖြစ် ပေးအပ်သည့်ကြေး) ၏ ၂၀% (နှစ်ဆယ်ရာခိုင်နှုန်း) ကို ခံစားပိုင်ခွင့်ရှိမည်။

(င) နိုင်ငံ၏ ဘောလုံးအောင်မြင်မှုပေါ် မူတည်ပြီး ကစားသမားများအား သတ်မှတ်ထားသည့် အမြင့်ဆုံးလစာများကို တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။ မြန်မာ့ဘောလုံးအသင်း အနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာရှဖလားခြေစစ်ပွဲ အောင်လျှင်သော်လည်းကောင်း၊ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်စွဲလျှင်သော်လည်းကောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် သိသိသာသာ အောင်မြင်မှုရရှိလျှင်သော်လည်းကောင်း လစာခံစားခွင့်များကို လိဂ်ကော်မတီ၏ ဆုံးဖြတ်ချက်အရ တိုးမြှင့်သတ်မှတ် ပေးသွားမည်ဖြစ်သည်။

(စ) ကစားသမားများနှင့် ကလပ်အသင်းများ လက်ရှိချုပ်ဆိုထားသော စာချုပ်များကို နှစ်ဦးသဘောတူညီမှုအရ စာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရန်နှင့် အဆိုပါစာချုပ်သစ်များ ပြန်လည်ချုပ်ဆိုရာတွင်-
(၁)  သဘောတူညီမှု နစ်နာကြေးအဖြစ် ကလပ်အသင်းများမှ ကစားသမားများ၏ လက်ရှိခံစားခွင့် ရရှိနေသော လစာ၏ ၃ လစာကို ပေးချေသွားမည်။
(၂) စာချုပ်သစ် ပြန်လည်ချုပ်ဆိုရာတွင် မူလချုပ်ဆိုထားပြီးသော စာချုပ်သက်တမ်းအတိုင်းသာ စာချုပ်ကို ပြင်ဆင်ချုပ်ဆိုရမည်ဖြစ်သည်။ စာချုပ်သက်တမ်းတိုး၍ ချုပ်ဆိုခြင်း၊ လျှော့၍ချုပ်ဆိုခြင်း မပြုရ၊ ကစားသမားနှင့် သဘောတူညီမှု ရရှိမှသာ ထိုကဲ့သို့ စာချုပ်သက်တမ်းတိုးခြင်း၊ လျှော့ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။

(ဈ) အထက်ပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သည့် ကလပ်အသင်းများကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ ခြောက်မှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားကို ရှုံးနိမ့်အပြီး မြန်မာ့လက်

ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အနေဖြင့် အောင်မြင်မှု မရရှိခြင်းကြောင့် MNL ကစားသမားများအား လစာကန့်သတ် လျှော့ချလိုက်ခြင်းအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက် ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုရရှိရန် ရည်ရွယ်ခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ကာ အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသည်။

မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာဘောလုံးအဖွဲ့ချုပ် အနေဖြင့် နည်းပြချုပ်ဖြစ်သူ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာနှင့် ချက်ချင်းလမ်းခွဲခဲ့သည်။ မြန်မာပရိသတ်များ အနေဖြင့် ဆီးဂိမ်းစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အောင်မြင်မှုမရဘဲ စိတ်ပျက်စရာကောင်းသည့် ရှုံးနိမ့်မှုမျိုးဖြင့် ကြုံတွေ့ခဲ့ရသည့်အပေါ် နည်းပြချုပ် ပတ်ဆောင်ဟွာအား ဝေဖန်ပြစ်တင် ခဲ့ကြသည့်အပြင် လက်ရွေးစင် ကစားသမားများ၊ အသင်းအုပ်ချုပ်သူနှင့် နည်းပြအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများအား မြန်မာဘောလုံးအသင်း ကျရှုံးမှုအတွက် မေးခွန်းထုတ်ခဲ့သလို ဝေဖန်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ယင်းသို့သော အနေအထားတွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၈ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးတွင် လိဂ်ကော်မတီ၊ ကလပ်အသင်းများနှင့် ကစားသမားများ ညှိနှိုင်းမှု ပြုလုပ်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်မှ ကစားသမားများ၏ လစာနှုန်းထားများကို ကန့်သတ်လျှော့ချရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ဆွေးနွေးဆုံးဖြတ်မှုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ လစာလျှော့ပေါ့ရခြင်းမှာ ဘောလုံးသမားများ အနေဖြင့် ပရော်ဖက်ရှင်နယ်ပီသစွာ မိမိတို့ရရှိနေသည့် ခံစားခွင့်များနှင့် လိုက်ဖက်သော ခြေစွမ်းအဆင့်အတန်းမျိုး ပြသလာနိုင်စေရန်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ဘောလုံးအောင်မြင်မှုဖြင့် ပိုမိုပေးဆပ် ကြိုးစားလိုသည့် ကစားသမားများ တိုးတက်များပြား လာစေရန်နှင့် ဘောလုံးကို ချစ်မြတ်နိုးသည့် လူငယ်ဘောလုံးသမားကောင်းများ ပိုမိုပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကစားသမားများ၏လစာကို နှုန်းထားတစ်ခုဖြင့် လျှော့ချသတ်မှတ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီနှင့် ကလပ်အသင်းပိုင်ရှင်များ၊ ဘောလုံးသမားများ တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis