ကမ္ဘာကျော် Time သတင်းမဂ္ဂဇင်းရဲ့ ၂၀၁၂ သြဇာတိက္ကမ ကြီးမားတဲ့ ပုဂ္ဂိုလ်စာရင်းများအတွက် လျာထားတဲ့ပုဂ္ဂိုလ် ၁၀၀ ထဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဆိုပြုထားတယ်လို့ သိရှိရပါတယ်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က
မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌
ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။
မြန်မာ့ ဒီမိုကရေစီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို
ချီးကျူးဂုဏ်ပြုလိုက်တာ ဖြစ်သလို သမ္မတ ဦးသိန်းစိန်ကိုတော့
ရုရှားနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးသမား Govachev နဲ့ နှိုင်းယှဉ်တင်စား
ထားပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ
သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၉
နာရီက ပြုလုပ်ခဲ့သည်။






Lazy Club တီးဝိုင်းနှင့် မြန်မာ အဆိုတော်လေးဦးတို့ သြစတြေးလျ
နိုင်ငံပါ့သ်မြို့နှင့် မဲလ်ဘုန်းမြို့တို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး
မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ Lazy
Clubတီး ၀ိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေပေးခဲ့သည့် တေးသံရှင်များမှာ အဆိုတော်
Rဇာနည်၊ ဇော်ပိုင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီ တို့ဖြစ်ကြသည်။