menu

Monday 2 July 2012

မက္ကဆီကို ကလေးငယ်၏ ၃၃ ပေါင်ရှိ အသားပိုအကျိတ်ကို ခွဲထုတ်





မက္ကဆီကိုနိုင်ငံမှ နှစ်နှစ်သား အရွယ်ကလေးငယ်၏ ခန္ဓာကိုယ်တွင် တွဲနေသော ၃၃ ပေါင်ရှိ အသားပိုအကျိတ်ကို ဆရာဝန်များက ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် ကလေးငယ်မှာ ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနိုင်ပြီဖြစ် သည်။
နိုင်ငံမြောက်ပိုင်း ဒူရန်ဂိုပြည်နယ်မှ ဂျီးဆပ်စ်ရိုဒရီဂွက်ဇ် အမည်ရ ကလေးငယ်သည် မွေးဖွားစဉ်ကပင် ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် ချိုင်းကြားမှ တင်ပါးဆုံအထိရှိသော ဘုကြီးပါလာခဲ့ပြီး တဖြည်းဖြည်း အရွယ်အစား ကြီးမားလာခဲ့သည်။ နှစ်နှစ်သားအရွယ်တွင် ၃၃ ပေါင်မျှရှိလာပြီဖြစ်သည့် ယင်းအသားပိုကြီးကို မက္ကဆီကိုစီးတီးရှိ La Raza Medical Center တွင် ဆရာဝန်များက ၁၀ နာရီကြာ အချိန်ယူပြီး ခွဲစိတ်ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၁၄ ရက်နေ့က ခွဲစိတ်မှုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြန်လည်သက်သာပြီး ကျန်းမာလာပြီဖြစ်သည်။

ပျောက်တတ်သူ


စိတ်ကို ပျော်ရွှင်စေမှုနဲ့ကုတဲ့ ဆရာဝန်လူရွှင်တော်အဖွဲ့


ရန်ကုန်ကလေးဆေးရုံကြီးတွင်ကလေးလူနာတစ်ဦးအား ဆရာဝန်လူရွှင်တော်အဖွဲ့မှ ပျော်ရွှင်စေမှုများနဲ့ စောင့်ရှောက်ကုသနေစဉ်။

"မလှုပ်နဲ့၊ လက်မြှောက်" ဆရာဝန်က ကလေးကို သေနတ်နဲ့ချိန် ထားလိုက်ပြီး အတန်ငယ်ရွှင်မြူးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ဂျူတီကုတ်ကို ၀တ်ထားပြီး မျက်နှာမှာ ရောင်စုံခြယ်ထားတဲ့ ရယ်စရာအဆင်တန်ဆာတွေနဲ့ ဆရာဝန်က သူ့အတွက်အမြင်ဆန်းနေ ပေမယ့် ကလေးဟာ ပျော်ရွှင်နေပုံပေါ်ပါတယ်။
ဆရာဝန်က သေနတ်ကို ပစ်လိုက်တဲ့အခါ ရောင်စုံဆပ်ပြာ ပူဖောင်း လေးတွေထွက်လာပြီး ကလေးဟာ ပျော်ရွှင်စွာ ရယ်မောပါတော့တယ်။

စိန်ပန်းကုံးလေး သီရအောင်(သံလွင်ငမောက်(ယွန်းစလင်းမြေ))

ကျောင်းတက်ချိန်ရောက်ပြီ  မိခင်၊ ဖခင်အုပ်ထိန်းသူတွေက ဟိုဘက်နိုင်ငံမှာ။ အခုထိငွေလည်းမပို့၊ လူလည်းမလာ၊ ဘာမှလည်း မကြား။ ကျန်တဲ့အဘိုး၊ အဘွားတွေက ဘာလုပ်ပေးရမလဲ။ ဘယ်ကငွေနဲ့ ဘယ်သူ့အကူအညီနဲ့ ကျောင်းအပ်ရမယ်ဆိုတာ နေ့တိုင်းတွေ့ရတဲ့ အပူတွေ၊ အပူတွေ  . . .



ဧရာဝတီမြစ်ကမ်းနံဘေးရှိ သံဘိုကျွန်းငွေသောင်ယံမှ မရမ်းခြံဆိပ်ကမ်းသို့ လှေဖြင့် ကူး၍ နေ့စဉ်ကျောင်းတက်နေရသော ကလေးများ
မေလ ၂၅ ရက်နေ့ဟာ ကျောင်းအပ်နှံရေးနေ့ ဖြစ်တာမို့ တာဝန်ရှိတဲ့သူတွေ ဖိတ်ကြားချက်နဲ့ အဲဒီအခမ်းအနားကို တက်ရောက်ခဲ့ရပါတယ်။ အတော်ခမ်းခမ်းနားနား စီမံထားတာမို့လို့ အထက်တာဝန်ရှိသူတွေတော်တော် များများ တက်ရောက်အားပေးကြတာ တွေ့ရပါတယ်။ ၀မ်း မြောက်ဝမ်းသာ ဂုဏ်ယူစရာတို့ရွာ၊ တို့ကျောင်း၊ တို့အလုပ်ဆိုတဲ့ စိတ်ဓာတ်အရင်းခံနဲ့ မိမိကိုယ်ကို အတော်ကျေနပ်မိတာ အမှန်ပါ။

စက်မှုဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လ၀က၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံ



 ဇူလိုင်လ ၁ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့သည် မီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ယင်းတွေ့ဆုံပွဲမှ ရရှိသည့် သတင်းများအား စုစည်းတင်ပြအပ်ပါသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းနေစဉ်
လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။

ပင်ပန်းနေတဲ့ သင့်မျက်လုံးလေးတွေကို အနားပေးပါ


သင် ဒီနေ့ ကွန်ပြူတာရှေ့မှာ ဘယ်နှနာရီလောက်ထိုင်ခဲ့ပြီလဲ၊ ပြီးတော့ မနေ့က နဲ့ တနေ့ကရော? တပတ်ကို ကွန်ပြူတာနဲ့ ဘယ်နှစ်ကြိမ်လောက် အလုပ်လုပ်ဖြစ်လဲ? နေ့တိုင်းလား? ဒီမေးခွန်းရဲ့အဖြေတွေမှာ သင့်မျက်စိအတွက် ဂရုတစိုက် စိုးရိမ်သင့်ပြီဆိုပြီဆိုတာကို ပြနေပါလိမ့်မယ်၊ ကွန်ပြူတာရှေ့မှာ ကြာကြာထိုင်လေ မျက်စိပိုညောင်းလေ ဖြစ်လာဖူးကြမှာပါ၊ တခါတခါ များ ခေါင်းတွေကိုက် မျက်ရိုးတွေကိုက်ပြီး အမြင်အာရုံဝေဝါးတာတွေတောင်ကြုံဖူးကြမှာပါ။ ကျွန်မတို့လူသားတွေအနေနဲ့ ဘဝဝမ်းစာအတွက် ဒါမှမဟုတ် ဝါသနာအတွက်  နေ့ပေါင်းများစွာရဲ့ နာရီတော်တော်များများ ကွန်ပြူတာ မော်နီတာရှေ့မှာ အချိန်တွေကုန်ဆုံးကြရပါတယ်။

တခါတုန်းက ကတိတစ်ခု ရှိခဲ့ဖူးသတဲ့ကွယ်

“စာသင်ခန်းထဲမှာရှိတဲ့ ကလေးငယ်လေးတွေဟာ ကျမတို့က သူတို့ကို သင်ကြားပေးနေတဲ့ ဘာသာရပ် တွေလောက်နဲ့သာ နှိုင်းယှဉ်လို့ မရလောက်အောင်ကို ပိုလို့ကြီးမြတ်လှပါတယ်။”
Meladee McCarthy
မိဘတချို့ဟာ သူတို့ကလေးတွေနဲ့ပတ်သက်တဲ့ ဘယ်သတင်းဆိုးပဲဖြစ်ဖြစ် ကြားကို မကြားချင်ကြပါဘူး။ မစ္စတာရဲယားဒွန်ဟာ အဲဒီထဲက တစ်ယောက်ပါ။ သူ့ရဲ့ အကူအညီကို ကျမ လိုအပ်ခဲ့ပေမယ့် သူနဲ့ ဘယ်လိုမှကို အဆင်မပြေခဲ့ပါဘူး။ သူရဲ့ ဆယ်နှစ်အရွယ် သမီးလေးဟာ စိတ်ခံစားမှု နာကျင်နေတာကို သူ နားလည်အောင်လို့ ကျမဟာ နေ့လည်စာ စားချိန် တချိန်လုံးမှာ ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။ ကျမ မအောင်မြင်ခဲ့ပါဘူး။ သူနဲ့ စကားပြောရတာကိုက စီရင်ချက်ချမဲ့ တရားသူကြီးတစ်ယောက်နဲ့ ပြောနေရ သလိုပါပဲ။

ပညာရေးမှသည် လုံခြုံသော ဘ၀အလုပ်အကိုင်ဆီသို့

ကျမစာသင်ခဲ့တဲ့ ပေါ်လီတက္ကနစ်မှ ကျောင်းသား ကျောင်းသူတချို့က ဘယ်လိုအလုပ်အကိုင်ကို သူတို့ စိတ်ဝင်စားလဲ၊ သူတို့အတွက် သင့်တော်လဲဆိုတာတွေ ဘယ်လိုသိနိုင်မလဲဟု မေးလေ့ရှိသလို၊ သူတို့ တကယ်စိတ်ဝင်စားသော အလုပ်အကိုင်နှင့် လက်ရှိတက်နေသောလိုင်းတို့ ကွဲလွဲနေတာ ဘယ်လိုလုပ်ရမလဲဟုလည်း အကြံဥာဏ်တောင်းလေ့ရှိသည်။ တကယ်တော့ အဲဒီမေးခွန်းမျိုးကို ဘ၀ရဲ့ အချိန်အပိုင်းအခြားတခုမှာ ကျမတို့ အားလုံး မေးဖူးကြမည် ထင်သည်။

ဘယ်လိုလိုင်းကို သင်ယူမလဲ
အထူးသဖြင့် ငယ်ရွယ်စဉ်အချိန်မှာ ကျမတို့ ကြီးရင် ဘာလုပ်ချင်တယ်ဆိုတဲ့ အတွေးအပေါ် ကျမတို့ ပတ်ဝန်းကျင်က သက်ရောက်မှု ရှိတတ်သည်။ မိဘတွေဖြစ်စေချင်သော၊ ကိုယ့်အသိုင်းအ၀ိုင်းမှာ ဂုဏ်ရှိသော၊ ကိုယ့်သူငယ်ချင်းအများစု ရွေးချယ်ကြသော လိုင်းမျိုးကို ရွေးချယ်လေ့ရှိသည်။ ကျမကြီးပြင်းခဲ့သော အသိုင်းအ၀ိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ ဘ၀တက်လမ်းကောင်းမည်ဟု သတ်မှတ်ထားကြသည်။ ထို့ကြောင့် သွေးမြင်ရင် ကြောက်တတ်သော ကျမက ဆရာဝန်လုပ်ဖို့ စိတ်မပါခဲ့သော်လည်း၊ အင်ဂျင်နီယာဖြစ်ဖို့ကိုတော့ စိတ်အားထက်သန်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ ထုပ်အား သွားရောက်လှူဒါန်း




ရဲကျော်သူ ကယ်ဆယ်ရေးစခန်း၌ အနုပညာရှင်များ ငွေလှူဒါန်းစဉ်
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်း ကိုးခုသို့ ရုပ်ရှင်အနုပညာရှင်များ သွားရောက်၍ ငွေကျပ်သိန်းကိုးရာကျော်နှင့် ထောက်ပံ့ပစ္စည်း ၉၂ထုပ်တို့အား ဇူလိုင်လ ၁ ရက်နေ့တွင် ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါလှူဒါန်းခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူး၍ နှင်းဆီအဖွဲ့သားများနှင့်ရုပ်ရှင် အနုပညာရှင်များ တင်ဆက်ကပြသည့် ရခိုင်ပြည်နယ် ပြန်လည်တိုးတက်ဖွံ့ဖြိုးရေး ရန်ပုံငွေကပွဲမှ ရရှိသည့်အလှူငွေများဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

အိန္ဒိယအဖိုးအို၏ မျက်လုံးတွင်းမှ ၅ လက်မရှည်သည့် အပ်ချည်မျှင်အရွယ် သန်ကောင်ကို ဖယ်ရှား





အိန္ဒိယနိုင်ငံသားတစ်ဦး၏ မျက်လုံးတွင်းမှ ၅ လက်မ(၁၃ စင်တီမီတာ)ရှည်သည့် သန်ကောင်ကို ခွဲစိတ်ဆရာဝန်များက ဖယ်ရှားပေးနိုင်ခဲ့သည်။
အသက် ၇၅ နှစ်ရှိပြီဖြစ်သည့်  ပီကေခရစ်ရှ်နားမူရ်တီးမှာ နှစ်ပတ်ကြာမျှ မျက်လုံးရောင်ရမ်း နာကျင်မှုကို ခံစားခဲ့ရပြီးနောက် မွမ်ဘိုင်းရှိ Fortis ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်သောအခါ မျက်ခွံအောက် အမြှေးပါးတစ်လျှောက် ရစ်ခွေနေသော အပ်ချည်မျှင်အရွယ် သန်ကောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆိုးဆိုးရွားရွား ထိခိုက်မှုရှိလာနိုင်သောကြောင့် ယခုအပတ်အတွင်း ခွဲစိတ်ဖယ်ရှားမှုကို အလျင်အမြန် ပြုလုပ်ပေးခဲ့ရခြင်း ဖြစ်သည်။
ခွဲစိတ်မှုကိုပြုလုပ်ပေးခဲ့သည့် ဒေါက်တာဗီ၊ဆီသာရာမန်က ''ကျွန်တော်ဆရာဝန်လုပ်လာတဲ့ သက်တမ်းအနှစ် ၃၀ အတွင်းမှာ ဒါမျိုးက ပထမဆုံးအကြိမ်ပါပဲ''ဟု ပြောကြားခဲ့သည်။

‘အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲလာမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်’၊ မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ရှာဖွေရေး ၀က်ဘ်ဆိုက်၏ အာရှဆိုင်ရာစီအီးအို Ciaran Lally နှင့် တွေ့ဆုံခြင်း

73910 အလုပ်အကိုင်ရှာဖွေသူနှင့် ကျွမ်းကျင်လုပ်သား ရယူလိုသည့် လုပ်ငန်းရှင်များကြား ချိတ်ဆက်ပေးသည့် အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းကို အွန်လိုင်းဝက်ဘ်ဆိုက်များ တည်ထောင်၍ လုပ်ကိုင်နေသည့် လုပ်ငန်းများ နိုင်ငံတကာတွင် ခေတ်စားနေရာ မြန်မာနိုင်ငံတွင်လည်း အဆိုပါ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်များ ဆယ်ဂဏန်းကျော် ရှိနေခဲ့ရာမှ ယခုအခါတွင် နိုင်ငံတကာ အတွေ့အကြုံရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဆောင်ရွက်နေသူများက အကောင်အထည်ဖော်နေသည့် http://myjobs.com.mm ၀က်ဘ်ဆိုက်လည်း အပါအ၀င်ဖြစ်လာပြီ ဖြစ်သည်။ ထို့ကြောင့် http://myjobs.com.mm ၏ အာရှဆိုင်ရာ စီအီးအို Ciaran Lally နှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များမှ အချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။

သူရဦးရွှေမန်းနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ပထမအကြိမ် တွေ့ဆုံ


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ၈၈ မျိုးဆက် ကျောင်းသားများ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မတီရုံး၌ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၉ ရက်နေ့မှ တက်ရောက်မည်


ဥရောပနိုင်ငံများသို့ ၁၆ ရက်ကြာ သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းခရီးစဉ်များ အတွင်း ခရီးပန်း နွမ်းနယ်မှုကြောင့် ဇူလိုင်လ လေးရက်နေ့တွင် စတင်ကျင်းပမည့် ပထမအကြိမ် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေးသို့ ချက်ချင်း တက်ရောက်နိုင်မည် မဟုတ်ဘဲ ဇူလိုင်လ ၉ ရက်နေ့မှသာလျှင် လွတ်တော်သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice Weekly သို့ ပြောကြားသည်။

“ဥရောပက ခရီးပန်းလာလို့။ ခွင့်သုံးရက် ယူထားတာပါ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

ထူးခြားတဲ့ ဘန်ကောက်သူလေး


ဂင်းနစ်စာအုပ်ထဲ ပါနေလို့ နာမည်ကြီးနေတဲ့ Supatra Sasuphan က ကျောင်းမှာလည်း အထင်ရှားဆုံး ကျောင်းသူ ဖြစ်နေပါတယ်။
မွေးကတည်းက ခန္ဒာကိုယ် နေရာအများအပြားမှာ အမွေးအမှင်တွေပေါက်နေတဲ့သူ ကမ္ဘာတလွှားမှာ စုစုပေါင်း ၅၀ ၀န်းကျင် ရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုတယ်။ အဲဒီထဲမှာ ဘန်ကောက်က အသက် ၁၂ နှစ်သမီး Supatra Sasuphan လည်း တယောက် အပါအ၀င်ပေါ့။

သူ့အကြောင်းကို

http://www.thesun.co.uk/sol/homepage/news/3437543/Meet-the-Worlds-Hairiest-Girl.html မှာ ရေးထားပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် ရွှေ့ဆိုင်း




မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးက ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ဇူလိုင်လ တတိယပတ်တွင် စတင်မည့် အစ္စလာမ် ဘာသာဝင်များ၏ ရာမဒန် ဥပုသ်လ ပြီးနောက်ပိုင်း ပြန်လည်စီစဉ်ရန် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် Mijarul Quayes က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis