မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ တနင်္ဂနွေနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ ဒီလို တွေ့ဆုံတာမှာ အမေရိကန် အစိုးရက မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ် လို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့သူတွေက ဆိုပါတယ်။