menu

Tuesday 22 October 2013

Lamborghini နှစ် ၅၀ ပြည့်စီတန်းလှည့်လည်ပွဲ

Lamborghini နှစ် ၅၀ ပြည့်စီတန်းလှည့်လည်ပွဲ

ပြီးခဲ့တဲ့ မေလက အီတလီမှာ ကမ္ဘာကျော်တဲ့ စီတန်းလှည့်လည်ပွဲကြီး တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ယင်းကတော့ Lamborghini စီတန်းလှည့်လည်ပွဲပဲ ဖြစ်ပါတယ်။

စုစုပေါင်း Lamborghini စူပါပြိုင်ကား အစီး ၃၅၀ ပါဝင်ပြီး အီတလီ မီလန် မြို့ ကနေ ရောမမြို့ အထိ မောင်းနှင်ခဲ့ကြပါတယ်။ Lamborghini တို့ ကုမ္မဏီစတင်တည်ထောင်ရာကနေ ယနေ့တိုင် ခေတ်အဆက်ဆက် ထုတ်လုပ် လာတဲ့ မော်ဒယ်စုံကားများ ပါဝင်ပါတယ်။

အီတလီရဲ့  ဂုဏ်ပုဒ်တစ်ခုအနေနဲ့ အသတ်မှတ်ခံရတဲ့ Lamborghini ဟာ ငွေကြေးအကြပ်တည်းကာလက အီတလီအစိုးရရဲ့  ထောက်ပံ့မှု ရရှိခဲ့ပါတယ်။ ဒါကြောင့် ကားထုတ်လုပ်မှု သိသိသာသာ လျော့နည်းသွားခြင်း မရှိပဲ နှစ်အနည်းငယ်အတွင်း ရောင်းချရ တဲ့ အစီးရေပြန်တက်ခဲ့ပါတယ်။

ယခုဟာ Lamborghini နှစ် ၅၀ ပြည့်အထိမ်းအမှတ်အနေနဲ့ စီတန်းလှည့် လည်ခြင်း ဖြစ်ပြီး ဒေသခံ အာဏာပိုင်များ ကြိုဆိုခဲ့ကြပြီး ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/TdKihmi-9tg

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/international-news/europe/38401-50th-year-lamborghini-parade

.

ပြည် ရွှေဆံတော်ဘုရားပေါ် မသင်္ကာဖွယ် အထုပ်ထားရှိသူကို လုံခြုံရေးကင်မရာတွင် မတွေ့ဟုဆို

မြန်မာနိုင်ငံမြို့ အချို့တွင် ဗုံးပေါက်မှုများ၊ ဗုံးလန့်မှုများ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ရွှေဆံတော်ဘုရားတွင် ဗုံးလန့်မှု ဖြစ်ပွားခဲ့ရာ မသင်္ကာဖွယ် အထုပ်ထားရှိခဲ့သူကို ဘုရားတွင် တပ်ဆင်ထားသည့် လုံခြုံရေး CCTV ကင်မရာများတွင် မတွေ့ရှိခဲ့ကြောင်း ရွှေဆံတော်ဘုရား ဂေါပကရုံးထံမှ စုံစမ်းသိရှိရသည်။
ယင်းနေ့ည ၈ နာရီခန့်က ဘုရားအရှေ့ဘက် စောင်းတန်း လှေကားကြမ်းပြင်တွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီး ပေါက်ကွဲစေတတ်သည့် အရာများ မတွေ့ရှိရကြောင်း၊ အထုပ်ထားရှိခဲ့သည့် နေရာသည် တိုင်ကွယ်နေ၍ လုံခြုံရေး ကင်မရာ တပ်ဆင်ထားသည့် နေရာမှ ယင်းထားရှိသွားသူကို ရိုက်ကူးမထားနိုင်ကြောင်း ဂေါပကရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်ခက်ပန်းဆွဲများနှင့် ထမ်းဆမ်းလိုဏ်ဂူတော်

မိုးအကုန် ဆောင်းအကူး တောင်ကြီးမြို့ နံနက်ခင်း၏ အအေးဓာတ်သည် မြေပြန့်ပိုင်းနေသူ တို့အဖို့ ခိုက်ခိုက်တုန်အောင် အေးစေသည်။ နံနက်ခင်းရောင်နီသည် အအေးဓာတ်ကို ဖယ်ရှားနိုင်စွမ်း မရှိ။ တောင်ကြီး-ဟိုပုံး အဝေးပြေးလမ်းမကြီးတွင် မှန်လုံလိုင်းယာဉ် များက အရှိန်ခပ်ပြင်းပြင်း မောင်းနှင်လျက် ရှိကြသည်။ ဆိုင်ကယ်မောင်းသူ တို့ကလည်း လီဗာတင်ရင်း တဗျင်းဗျင်း…။
travel_kkpsmh_01ညို့မှိုင်းမှိုင်း တောင်တန်းများပေါ်တွင် စိမ်းစိုနေသော တောင်ယာစိုက်ခင်း များကလည်း လှေကားထစ် သဖွယ်။ လယ်ယာကွင်းပြင်များတွင် နှမ်းပန်းများ ကလည်း ရွှေကတ္တီပါ အလား ဝါဝါဝင်းဝင်း။
ပအို့ဝ်ဝတ်စုံ ဝတ်ဆင်ထားသော အဘွားအို တစ်ဦးက ဆေးလိပ်လိပ်ရာတွင် အသုံးပြုသော သနပ်ဖက်ရွက်များကို ပလိုင်းခြင်းတွင် အပြည့်ထည့်၍ လျှောက်လာသည်။
တောင်ကြီးမြို့မှ နာရီဝက်နီးပါး ဆိုင်ကယ် မောင်းလာသည်နှင့် ရောက်လာသည်က ပင်လယ်ရေ မျက်နှာပြင်အထက် ပေသုံးထောင်ကျော်သော ဟိုပုံးမြို့။

ယူကရိန်းနိုင်ငံမှ ကမ္ဘာ့အလေးဆုံး ဧရာမ လေယာဉ်ပျံ

ကမ္ဘာ့အလေးဆုံး လေယာဉ်ပျံလို့ စံချိန်ချိုးထားနိုင် တဲ့ လေယာဉ်ကတော့ ယူကရိန်းနိုင်ငံမှ Antonov An-225 Mriya ဖြစ်ပါတယ်။

အတိုကောက်အနေနဲ့ An-225 လို့လည်း အများခေါ်တဲ့ ယင်းလေယာဉ်ဟာ အလေးချိန်အားဖြင့် တန် ၆၄၀ (ပေါင် ၁၄သိန်း ၁သောင်း) အလေးချိန်ရှိ ပါတယ်။ ယင်းလေယာဉ် ကို ၁၉၈၀နောင်းပိုင်း ဆိုဗီယက်ခေတ်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၁ နောင်းပိုင်း ဆိုဗီယက်ပြိုကွဲချိန် မှာတော့ ယူကရိန်းပိုင်လေယာဉ်အဖြစ် သို့ ရောက်ရှိသွားပါ တယ်။

တည်ဆောက်တဲ့ရည်ရွယ်ချက်က ဆိုဗီယက်အာကာသ အစီအစဉ် အတွက်ဖြစ် ပါတယ်။ Buran Orbiter အမည်ရ အာကာသ ဒုံးပျံနှင့် ယာဉ်များကို သယ်ဆောင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ဧရာမလေယာဉ်ကြီး ဖြစ်ပါတယ်။ ပထမဆုံး ပျံသန်း နိုင်ချိန်ကတော့ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ပြင်ဆင်ရန်ခက်ခဲ

-ဒေါ်အောင်ဆန်းစုကြည်,  သမ္မတအရည်အချင်း, သမ္မတဖြစ်ခွင့်, ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကာလ မန္တလေး တံတားဦး လေဆိပ်မှ အောင်ပင်လယ်သို့ အသွားတွင် ဒေသခံလူထုကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဧရာဝတီ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင် တိုင်းရင်းသား တန်းတူ အခွင့်အရေး ရှိရေးနှင့် ဗဟို အာဏာ ချုပ် ကိုင်မှု လျော့ချရေး ကိုသာ  ပြင်ဆင်နိုင်ဖွယ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် တားဆီးထားသည့် အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ပြဋ္ဌာန်းချက်ကိုမူ ပြင်ဆင်ရန် လုံးဝ မလွယ်ကူကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောဆိုသည်။
ပြည်ထောင်စု လွှတ်တော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာလ ၃၁ ရက် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မည်ဖြစ်ပြီး နိုင်ငံရေးပါတီ အသီးသီးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး အကြံပြုချက် များ စတင် ပေးပို့နေကြောင်း၊ လတ်တလော  အခြေခံဥပဒေတွင် တိုင်းရင်းသား တန်းတူညီရေး နှင့် ဗဟို အာဏာချုပ်ကိုင်မှု လျော့ချရေး ပြဋ္ဌာန်းချက်များ ပြင်ဆင်နိုင်ရေးကို တိုင်းရင်းသားနိုင်ငံရေးပါတီများက  အကြံပြုနေကြပြီး အခြေခံ ဥပဒေ ပုဒ်မ ၅၉ တွင် ပြဋ္ဌာန်းထားသည့် သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်သည်ဟု အကြံပြုမှု နည်းပါးကြောင်း သိရှိရသည်။

ဆီးဂိမ်းကြိုဆို ကာရာဘောင်ဖျော်ဖြေပွဲနဲ့ နိုင်ငံတကာ အလှမယ်လေးများ

လာမည့် ဒီဇင်ဘာလဆိုရင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့
တောင် အာရှ အားကစား ပြိုင်ပွဲ ) ဆီးဂိမ်း) ရံပုံငွေပွဲအဖြစ် ထိုင်းနိုင်ငံက နာမည်ကြီး အဆိုတော် ကာရာဘောင် CARABAO နဲ့ အဖွဲ့က မနေ့ညက အခမဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အဆိုတော်ကာရာဘောင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့သီချင်းကိုလည်း ရေးစပ်သီဆိုခဲ့ဖူး တဲ့ နာမည်ကြီး ထိုင်းအဆိုတော်တဦးလည်းဖြစ်ပါတယ်။
  
အဲဒီပွဲမှာ မြန်မာနိုင်ငံကို ရောက်ရှိနေကြတဲ့ နိုင်ငံတကာက Miss International အလှမယ်လေးများက လည်း မြန်မာဝတ်စုံတွေ ဆင်မြန်းပြီး မိုဒယ်အလှပြ လမ်းလျှောက်ပြခဲ့ပါတယ်။ ဒီအထဲ နန်းခင်ဇေယျာ လည်း ပါဝင်ခဲ့တာပေါ့။ 

ပြည်ရွှေဆံတော်စေတီတော်တွင် ဗုံးလန့်မှုဖြစ်ပွား

လူအများက ဗုံးဟုထင်ကာ အထိတ်တလန့်ဖြစ်ခဲ့သော ပလတ်စတစ်အထုပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းလင်းရန် ခပ်လှမ်းလှမ်းမှစစ်ဆေးကြည့်ရှုနေစဉ် ဓာတ်ပုံ - ဇော်မင်းထိုက်

ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်းလှေကားတွင် သီတင်း ကျွတ်မီးထွန်းပွဲတော်ကျင်းပချိန်တွင် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့သဖြင့် ဘုရားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမိုင်းရှင်းလင်းရေး စအရ(၉၁၁)မှ တပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းခဲ့ကြောင်း  သတင်းရရှိသည်။

အောက်တိုဘာ ၂၀ရက် ည ၇နာရီခွဲအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်း၌ ဘုရားလုံခြုံရေးနှစ်ဦးနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က အနက်ရောင် အိတ်တစ်လုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာက စောင်းတန်းတံခါးအား ခေတ္တပိတ်၍ စစ်ဆေးရာ ကြွပ်ကြွပ်အိတ်အနက်ဖြင့် စည်းထားသော အထုပ်တစ်ထုပ်ဖြစ်ပြီး အထဲတွင် ပလတ်စတစ်အိတ်များကို ကြိုးချည်ထားသည်ကိုသာ တွေ့ရပြီး အခြားမည်သည့်အရာမျှမတွေ့ရကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။

မာယာထောင်ချောက်...(ဆောင်းပါးရှင် - အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယ ဆရာတော်))

Photo: မာယာထောင်ချောက်

(ဆောင်းပါးရှင် - အရှင်သံဝရာ လင်္ကာရ (ဓမ္မပိယ ဆရာတော်))

မာယာထောင်ချောက်ဆိုတာ ရှေုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ပါ။ ယခု တိုက်ဆိုင်နေလို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်။ ယခုတလော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတခွင် စသည်မှာ ဗုံးတွေဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။ ဒီကိစ္စနဲ့စပ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "ဒါတွေဟာ ထောင်ချောက်တွေပဲ" လို့ မှတ်ချက်ပေးပါတယ်။ ဒေါ်စုလွှတ်တော်ထဲကို ၀င်မယ်ဆိုတော့ တချို့ဆရာကြီးတွေက သဘောမတူကြဘူး။ ဒေါ်စုရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ လွှတ်တော်ထဲမှာ အလေအလွင့် ဖြစ်ကုန်မှာကို စိုးကြတယ်။ ဒေါ်စုအတွက် လွှတ်တော်ဆို တာ ...။

မာယာထောင်ချောက် ဆိုတဲ့အတိုင်း ထောင်ချောက်တွေဟာ မာယာတွေပါ။ သူတို့ ဘာကိုလှည့်စား ချင်တာလဲ။ ပြည်သူကတော့ နောကျေနေပါပြီ။ မြန်မာနိုင်ငံရဲ့ အရွေ့ဟာ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ ထောင်ချောက်တွေကလည်း ပေါမှပေါ။ များမှများပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မကြာမီ ရခိုင်ပြဿနာ ပေါ်လာတယ်။ တကယ့်ထောင်ချောက်ပါ။ တိုင်းပြည်အတွက်လည်း ထောင်ချောက်ပါ။ ဒီမိုကရေစီ အရေးတွက်လည်း ထောင်ချောက်ပါ။ လူထုခေါင်းဆောင်လည်း အလိုလိုနေရင်း ဒီထောင်ချောက်က မလွတ်ရှာပါဘူး။ နောက်လက်ပံတောင်းတောင် ထောင်ချောက်။ ဒီထောင်ချောက်မှာတော့ လူထုခေါင်းဆောင်ဟာ တည့်တည့်ကြီးကို တိုးတော့တာပ။ ရခိုင်၊ လက်ပံတောင်းတောင် ထောင်ချောက်နှစ်ခုနဲ့တင် လူထုခေါင်းဆောင်မှာ ဂုဏ်သိက္ခာတွေ အတော်ပွန်းပဲ့ သွားရပါတယ်။ 

အဲဒီနောက် မသင်္ကာဖွယ်ရာ တစ်ခုခု မြစ်ဖျားခံထားတဲ့ အထူးအဆန်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး ဘာသာရေး လှုပ်ရှားမှု ထောင်ချောက်တွေ ပေါ်လာပြန်တယ်။ (တကယ်လို့ ၂၀၁၅ မှသာ အမျိုးသားရေး၊ ဘာသာရေး အခြေပြု ပါတီအသစ် တစ်ခုခု ပေါ်လာမယ်ဆိုရင် ဆိုခဲ့ပါ လူမျိုးရေး၊ ဘာသာရေး လှုပ်ရှားမှုတွေဟာ အဲဒီပါတီရဲ့ လက်ချက်တွေဆိုတာ အသေအချာပါ။) လူ့အခွင့်အရေးကို အမျိုးသားရေး ထောင်ချောက်နဲ့ ထိပ်တိုက်တွေ့ပေး လိုက်တဲ့အခါ လူ့အခွင့်အရေး သမားတွေမှာ ထောင်ချောက်ထဲကို ရောက်ရပြန်ပါတယ်။ မြန်မာနိုင်ငံ အကူးအပြောင်း ကာလမှာ ထောင်ချောက်တွေက များမှများဆိုတာ လူ့အခွင့်အရေးသမားတွေ အထူးသတိမူကြဖို့ပါ။ နောက်ကွယ်က လက်မည်းကြီး ရှိနေတယ် ဆိုတာကို အစိုးရကိုယ်တိုင်က လက်ခံထားပါတယ်။ အဲဒီ လက်မည်းကြီးဟာ ကြိုးကိုလည်း ကိုင်မှာပဲ။ ဗုံးကိုလည်း ကိုင်မှာပဲ။ ထောင်ချောက်ဟူသမျှ အားလုံးကိုင်မှာပဲ။ ကြည့်လိုက်တော့ သူတို့ကိုယ်တိုင်က အကြောက်တရားဆိုတဲ့ ထောင်ချောက်ထဲမှာ ကျရောက်နေပါတယ်။ တိုင်းပြည်တစ်ခု ထူထောင်ရာမှာ ထောင်ချောက်လေးမျိုးထဲ ကျရောက်တတ်ကြောင်း ဂျူးရဲ့အောက်ခြေသန်းတစ်ထောင်မှာ ဖတ်ရပါတယ်။

(၁) ပြည်တွင်းစစ် ထောင်ချက်
(၂) သယံဇာတ ထောင်ချက်
(၃) အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်
(၄) အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်။

ထောင်ချောက်လေးမျိုးပါ။ မိမိတို့ မြန်မာနိုင်ငံ လက်ရှိအဖြစ်အပျက်နဲ့တော့ ကွက်တိပါပဲ။ 

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးနဲ့အတူ ဖွားဘက်တော် ပြည်တွင်းစစ် ပါလာတယ်။ ပထမတော့ ၀ါဒရေး၊ နောက်တော့ တိုင်းရင်းသားရေး၊ ၀ါဒရေးကတော့ ခေါင်းဆောင်လုပ်သူတွေ တယူသန်မှု၊ ခေါင်းမာမှုတွေကြောင့်ပါ။ အင်္ဂလိပ်က ဘယ်လိုပဲ သွေးခွဲပါတယ်ပြောပြော ကိုယ့်အချင်းချင်းတွေ ပြေလည်အောင် ညှိကြရမှာပေါ့။ အလျှော့အတင်း ရှိကြရမှာပေါ့။ လူမှုရေးဗေဒမှာ အလျှော့အတင်းဆိုတာ အဓိက ဘာသာရပ်ပါ။ လူအချင်းအချင်းကြား အဖွဲ့အစည်းတိုင်းမှာ အလျှော့အတင်းဆိုတာ ရှိကြရမှာပါ။ သဘောထားကြီးမှု၊ အပေးအယူမျှမှု၊ သည်းခံခွင့်လွှတ်မှု၊ ခံစားနားလည်မှုဆိုတာ ရှိကြရမှာပါ။

တိုင်းရင်းသား အရေးကတော့ ခုထက်ထိ မပြီးမစီးနိုင်ပါပဲ။ အခြေခံကတော့ တရားမမျှတမှုပါ။ တိုင်းရင်းသားတို့ရဲ့ ခံစားချက်ကို နားလည်ပေးပါ။ သူတို့လိုချင်တာ ဘာလဲ။ သူတို့တောင်းဆိုနေတာ ဘာလဲ။ သူတို့က မတရားတာလား။ ကိုယ်က မတရားတာလား။ မတရားမှု တစ်ခုခုတော့ ရှိနေလို့ပဲ။ အဲဒီမတရားမှုကို တရားမျှတမှုနဲ့ အစားထိုးလိုက်ရင် ပြည်သူတစ်ရပ်လုံး လိုချင်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ပေါ်လာမှာပါ။ သူတို့လိုချင်တာ ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်ဆိုတာ မျှတမှုပါပဲ။ အာဏာခွဲဝေမှု၊ သယံဇာတ ရင်းမြစ်ခွဲဝေမှု၊ ဘဏ္ဍာငွေ ခွဲဝေမှု စတဲ့မျှမျှတတရှိဖို့ လိုအပ်တာ မှန်သမျှ တရားမျှတစွာ မျှမျှတတ လုပ်ပေးမှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ အမျိုးသားရေး ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ။ အခုတော့ စစ်အစိုးရ အဆက်ဆက် တိုင်းရင်းသားတို့အရေး ထည့်မတွေး၊ ပေးသင့်တာကို မပေး၊ အာဏာကို အလွဲသုံးစား ပြုခဲ့တဲ့ အခါကျတော့ တိုင်းပြည်က ချောက်ထဲရောက်၊ တိုင်းရင်းသားတွေက ဒုက္ခသည်တွေဖြစ်၊ ပြည်တွင်းစစ် ထောင်ချောက်ဆိုတာထက် စစ်အာဏာရှင် ထောင်ချောက်ထဲကို တိုင်းပြည်က ရောက်ခဲ့ရတာပါ။

သယံဇာတကို ကျိန်စာလို့ အသုံးများ ကြတယ်။ ကျိန်စာဆိုရင်လည်း မြန်မာနိုင်ငံဟာ သယံဇာတကျိန်စာ သင့်ခဲတာပါ။ ဒီနေရာတော့ သယံဇာတကို ထောင်ချောက်လို့ သုံးတယ်။ သယံဇာတကြောင့် အာဏာရှင်တွေ ပေါ်တတ်တယ်။ အာဖရိက၊ အာရပ်နိုင်ငံတွေကို ကြည့်ပါ။ မိမိတို့နိုင်ငံ ကြည့်ပါ။ ကျွန်းသစ်စတဲ့ သယံဇာတကြောင့် အင်္ဂလိပ် ကျွန်ပြုတာကို ခံခဲ့ရတယ်။ သယံဇာတကြောင့် စစ်အာဏာရှင် သက်တမ်းရှည်ခဲ့တယ်။ သယံဇာတဟာ လက်တွေ့မှာ တိုင်းပြည်ကို သုခမပေးဘဲ ဒုက္ခပေးသလို ဖြစ်ခဲ့ရတယ်။ စစ်အာဏာရှင်နဲ့ ခရိုနီလူ တစ်စုကိုသာ အသက်သွင်းပေးခဲ့တယ်။ ဒါ့ကြောင့် သယံဇာတဟာ ကျိန်စာလည်း ဟုတ်၊ ထောင်ချောက်လည်း ဟုတ်တယ်။ 

အိမ်နီးနားချင်းနိုင်ငံ ထောင်ချောက်ဆိုတာ မိမိတို့အတွက် တကယ်ပါပဲ။ သူတို့ကြောင့် စစ်အာဏာရှင်စနစ် သက်တမ်းရှည်ကြာခဲ့တယ်။ တိုင်းပြည်တွင်းက သယံဇာတ ဟူသမျှကိုလည်း လက်ကုန်နှိုက်ရသလောက် ခြစ်ခြုတ်ယူခဲ့ကြတယ်။ ခုလည်း ယူနေဆဲပဲ။ မိမိတို့ တိုင်းပြည်ကို သူတို့တိုင်းပြည်နယ် တစ်ခုလောက်သာ သဘောထားကြတယ်လို့ ပညာရှင်တို့က ဆိုကြတယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ တစာစာ ဟစ်ကြွေးနေကြပေမယ့် မြန်မာနိုင်ငံအပေါ် သူတို့စီးပွားရေး ကိုလိုနီပြုမှုကိုကြည့်ရင် မိမိတို့ အချုပ်အခြာ အာဏာဆိုတာက သံသယဖြစ်ဖွယ် ရှိနေတယ်။ စစ်အာဏာရှင်တို့အတွက် သူတို့ဟာ ကျေးဇူးရှင်ကြီးတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တိုင်းပြည်အတွက်ကတော့ သူတို့ဟာ တကယ့်ထောင်ချောက် တစ်ခုပါပဲ။

အများစုက စာမဖတ်ဘူး။ ဗဟုသုတ မလိုက်စားဘူး။ ဒါ့ကြောင့် အဖြူအမည်း သိပ်မသဲကွဲဘူး ဖြစ်နေကြတယ်။ တကယ်တမ်း တိုင်းပြည်တစ်ခုလုံး ခြုံဒုက္ခပေးခဲ့တာက ပေးနေတာက အဖြူပဲ။ အမည်းက အန္တရာယ်ရှိတာ မှန်တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဖြူပေးတဲ့ ဒုက္ခက ပိုများတယ်။ တိုင်းပြည်ကို တကယ်ဝါးမျိုထားတာက အဖြူပဲ။ ဒါပေမဲ့ အမျိုးသားရေး၊ ဘာသာရေး မှိုင်းမိထားတဲ့ အစွန်းရောက် လူတစ်စု မည်းမည်းမြင်တိုင်း ရန်လိုနေမှု မဟာအဖြူက သူ့အပေါ် ကျရောက်လာမယ့် ရန်လိုမှုကို အမည်းပေါ် ပုံချထားတာရော မဖြစ်နိုင်ဘူးလား။ နောက်ကွယ်က လက်မည်းကြီးဆိုတဲ့ထဲမှာ သူတို့လည်း သံသယ စက်ကွင်းမှာ ရှိတယ်။

စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း ထောင်ချောက်ဆိုတာလည်း ဘယ်လိုမှ မလွဲနိုင်အောင်ပါပဲ။ လူရဲ့ အရည်ချင်းက သက္ကော-စွမ်းနိုင်သူ ဖြစ်ရမယ်။ ဥဇု-ရိုးသားဖြောင့်မတ်ရမယ်။ နှစ်ပေါင်း ၅၀ အချုပ်အခြာ အာဏာကြီး သုံးရပ်လုံးကို မူပိုင်ချုပ်ကိုင်၊ တိုင်ပြည်တစ်ခုလုံးရဲ့ သေရေးရှင်ရေးကို စီမံခန့်ခွဲခဲ့တဲ့ ခေါင်းဆောင်တွေဟာ အထက်ပါ အရည်အချင်း နှစ်ခုလုံး ချွတ်ယွင်းအားနည်း ခဲ့ကြတယ်။ စွမ်းလည်း မစွမ်းနိုင်ခဲ့ကြဘူး။ တိုင်းပြည်အပေါ်မှာလည်း မရိုးသားခဲ့ကြဘူး။ ဒီတော့ တိုင်းပြည်ဟာ စီမံအုပ်ချုပ်သူတို့ စီမံခန့်ခွဲမှု ညံ့ဖျင်းဆိုတဲ့ ထောင်ချောက်ထဲကိုလည်း ကျရောက်ခဲ့ရတယ်။

လက်ရှိနိုင်ငံ အနေအထားကို ခြုံငုံသုံးသပ်ရင် လူထုခေါင်းဆောင် ဂျပန်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲနိုင်ခွင့်လေး ရနေတယ်ဆိုတဲ့ အဆင့်တစ်ခုပါပဲ။ သူတို့ကတော့ ပြောင်းလဲပေးလိမ့်မယ် မထင်ဘူး။ ထိုင်မျှော်နေလို့ မရပါ။ ထိုင်စောင့်နေလို့ မရပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ၊ ပြည်သူက မိမိတို့ဘာသာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာသားပါပါ ပြောင်းလဲရယူ ကြရမှာ။ ဆိုခဲ့တဲ့ ထောင်ချောက်တွေက ရုန်းထွက်ကြဖို့ လုယူခံခဲ့ရတဲ့ အချုပ်အခြာ အာဏာကို ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ဆက်လက်ရုန်းကန် ကြရဦးမှာပါ။ အာဏာပိုင်ဆိုတာ ပြည်သူပါ။ အစိုးရ မဟုတ်ပါဘူး။ အစိုးရဆိုတာ ပြည်သူကို ပြုစုလုပ်ကျွေးဖို့ ပြည်သူက ခန့်ထားတဲ့ သူပါ။ ပြည်သူသည်သာ အရှင်၊ ပြည်သူသည်သာ သခင်ပါ။ အစိုးရက ပြည်သူ့အစေအပါးပါ။ ဒီသဘောကို နားလည်လက်ခံ ကျင့်သုံးတဲ့ အစိုးရ အဖွဲ့အစည်းတစ်ရပ် ရရှိသည်အထိ ပြည်သူတို့က ကြိုးစားအားထုတ် ကြရမှာပါ။ အဲဒီအဆင့်ရောက်မှ ဒီမိုကရေစီက ရမှာပါ။ အဲဒီအဆင့်ရောက်အောင် ဦးစွာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ပြည်သူတွေက ၀ိုင်းဝန်းကြိုးစား ကြရမှာပါ။ ဤခရီး နီးပြီလား၊ ပြည်သူတို့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ တည်နေပါတယ်။

(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)
(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)

မာယာထောင်ချောက်ဆိုတာ ရှေုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ပါ။ ယခု တိုက်ဆိုင်နေလို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်။ ယခုတလော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတခွင် စသည်မှာ ဗုံးတွေဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပါတယ်။ ဒီကိစ္စနဲ့စပ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က "ဒါတွေဟာ ထောင်ချောက်တွေပဲ" လို့ မှတ်ချက်ပေးပါတယ်။ ဒေါ်စုလွှတ်တော်ထဲကို ၀င်မယ်ဆိုတော့ တချို့ဆရာကြီးတွေက သဘောမတူကြဘူး။ ဒေါ်စုရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ လွှတ်တော်ထဲမှာ အလေအလွင့် ဖြစ်ကုန်မှာကို စိုးကြတယ်။ ဒေါ်စုအတွက် လွှတ်တော်ဆို တာ ...။

မာယာထောင်ချောက် ဆိုတဲ့အတိုင်း ထောင်ချောက်တွေဟာ မာယာတွေပါ။ သူတို့ ဘာကိုလှည့်စား ချင်တာလဲ။ ပြည်သူကတော့ နောကျေနေပါပြီ။ မြန်မာနိုင်ငံရဲ့ အရွေ့ဟာ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ ထောင်ချောက်တွေကလည်း ပေါမှပေါ။ များမှများပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး မကြာမီ ရခိုင်ပြဿနာ ပေါ်လာတယ်။ တကယ့်ထောင်ချောက်ပါ။ တိုင်းပြည်အတွက်လည်း ထောင်ချောက်ပါ။ ဒီမိုကရေစီ အရေးတွက်လည်း ထောင်ချောက်ပါ။ လူထုခေါင်းဆောင်လည်း အလိုလိုနေရင်း ဒီထောင်ချောက်က မလွတ်ရှာပါဘူး။ နောက်လက်ပံတောင်းတောင် ထောင်ချောက်။ ဒီထောင်ချောက်မှာတော့ လူထုခေါင်းဆောင်ဟာ တည့်တည့်ကြီးကို တိုးတော့တာပ။ ရခိုင်၊ လက်ပံတောင်းတောင် ထောင်ချောက်နှစ်ခုနဲ့တင် လူထုခေါင်းဆောင်မှာ ဂုဏ်သိက္ခာတွေ အတော်ပွန်းပဲ့ သွားရပါတယ်။

မန္တလေးတိုင်းအတွင်း ခွဲတမ်းရ WCDMA ဆင်းမ်ကတ် ဒေသသုံးခု တွင်သာ ရောင်းချမည်

Photo: မန္တလေးတိုင်းအတွင်း ခွဲတမ်းရ WCDMA ဆင်းမ်ကတ် ဒေသသုံးခု တွင်သာ ရောင်းချမည်

မန္တလေး၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီးအတွင်း ခုနစ်ကြိမ်မြောက်အဖြစ် အောက်တိုဘာလ တွင် ရောင်းချပေးမည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထဲမှ WCDMA ဆင်းမ်ကတ်များကို မန္တလေး၊ ပုဂံနှင့် ညောင်ဦးမြို့တို့ တွင်သာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုရ အဖွဲ့ရုံးထံမှ သိရသည်။

ယခုအောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချရန် GSM ဆင်းမ်ကတ် ၂၁,၅၀၀ နှင့် WCDMA ဆင်းမ်ကတ် ၁၉,၅၀၀ ခွဲတမ်းရရှိပြီး WCDMA ကို ဆက်သွယ်ရေး တာဝါတိုင်များရှိသော ယင်း ဒေသသုံးခု တွင်သာ ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးထံမှ ထပ်မံသိရသည်။

တန်ဖိုးနည်း ဆင်းမ်ကတ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် ရောင်းချပေးပြီး နံပါတ်အစဉ်လိုက် မဲပေါက်ထားသည့် အိမ်ထောင်စုများကို ခွဲတမ်းအရ ရောင်းချပေးခြင်း ဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးရုံးများမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွက် စက်တင်ဘာလအတွင်း တန်ဖိုးနည်း ဖုန်းကတ် GSM နှစ်သောင်း၊ CDMA ၂၈,၀၀၀ စုစုပေါင်း ၄၈,၀၀၀ ခန့် ရောင်းချပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

မန္တလေး၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီးအတွင်း ခုနစ်ကြိမ်မြောက်အဖြစ် အောက်တိုဘာလ တွင် ရောင်းချပေးမည့် တန်ဖိုးနည်း ဆင်းမ်ကတ်များထဲမှ WCDMA ဆင်းမ်ကတ်များကို မန္တလေး၊ ပုဂံနှင့် ညောင်ဦးမြို့တို့ တွင်သာ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုရ အဖွဲ့ရုံးထံမှ သိရသည်။

ယခုအောက်တိုဘာလ ၂၃ ရက်နေ့တွင် ရောင်းချရန် GSM ဆင်းမ်ကတ် ၂၁,၅၀၀ နှင့် WCDMA ဆင်းမ်ကတ် ၁၉,၅၀၀ ခွဲတမ်းရရှိပြီး WCDMA ကို ဆက်သွယ်ရေး တာဝါတိုင်များရှိသော ယင်း ဒေသသုံးခု တွင်သာ ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးထံမှ ထပ်မံသိရသည်။

ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို

နေပြည်တော်၊ အောက်တိုဘာ ၂၁

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရသဖြင့် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

သက်သေအထောက်အထား ခိုင်လုံစွာဖြင့် ပြစ်မှုကို စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီးက နေပြည်တော် လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“ဘာအထောက်အထားမှတော့ မရသေးပါဘူး။ လက်ရှိက စုံစမ်းဆဲပါ။ တစ်ခုခုကို သိတယ်ဆိုရင် ဖော်ထုတ်လိုက်တာ ကြာပြီပေါ့။ ဒီဟာတွေက စုံစမ်းဆဲမို့ လောလောဆယ် ဘာမှပြောလို့ မရသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။

ဇာနည်ဘွား ခရီးသယ်တင်ယာဉ် လမ်းဘေးရပ်ထားသော ၁၀ ဘီးယာဉ်ကို ဝင်တိုက်မှု ကလေးတစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် လမ်းဆုံအနီးရှိ ရန်ကုန်-ပဲခူးလမ်းမကြီးပေါ် ဇိနမာန်အောင် ဘုရားအနီးတွင် အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-နေပြည်တော် ပြေးဆွဲသည့် ဇာနည်ဘွား ခရီးသည်တင်ယာဉ်က ညအိပ် ရပ်နားထားသော ၁၀ ဘီး အငှားကုန်တင် ယာဉ်ကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၃ မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ဇာနည်ဘွားယာဉ်လိုင်း ခရီးသည်တင်ယာဉ်က ညအိပ် ရပ်နားထားသော ၁၀ဘီး အငှားကုန်တင်ယာဉ်ကို တိုက်မိရာမှ ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် လေးဦးကို တိုက်မိခဲ့ရာ အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၃ မှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

ရွှေကျင်မီးမျှောပွဲတွင် စက်လှေတိမ်းမှောက်

Photo: ရွှေကျင်မီးမျှောပွဲတွင် စက်လှေတိမ်းမှောက်

တောင်ငူ၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာလ ၂၀ ရက်) ကပြုလုပ်ခဲ့သော (၁၆၂) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပွဲတက်ပျံယိမ်း၊ တက်ခုတ်ယိမ်းပြိုင်ပွဲ ကျင်းပနေချိန် မွန်းလွဲ ၂ နာရီခန့်က စက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း  လူသေဆုံးမှု မရှိခဲ့ကြောင်း  ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က The Voice သို့ ပြောကြားသည်။
“ဖောင်ကို လှေကဝင်တိုက်တာ မှန်ပါတယ်။ လှေပေါ်မှာ ပါတဲ့သူတွေ အားလုံးက ရေကူးကျွမ်းကျင်သူတွေပါ၊ ပွဲတော်ရက်အတွင်း လူအသေအပျောက် မရှိပါဘူး” ဟု ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ရှင်းပြသည်။

ရွှေကျင်မီးမျှောပွဲတွင် စက်လှေတိမ်းမှောက်ပြီး လူတစ်ဦးသေဆုံးကာ လူအချို့ ပျောက်ဆုံးနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့ခံအချို့နှင့် ပွဲတော်ကျင်းပရေး တာဝန်ရှိသူများက အဖြစ်မှန်ကို အမြန်ဆုံး သတင်းထုတ်ပြန်ပေးခြင်းကြောင့် ညနေ ၆ နာရီတွင် ရှင်ဥပဂုတ္တမထေရ် မီးမျှောပူဇော်ပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့် ဖောင်ကို စက်လှေတိုက်မိရာမှ စက်လှေတိမ်းမှောက်သည်ဟု သတင်းထွက်ပေါ်လာခဲ့ပြီး မြို့ခံများက ဧည့်သည်များအတွက် စိုးရိမ်ပူပန်ခဲ့ရာ ဖုန်းဖြင့်ဆက်သွယ်၍ မိမိဧည့်သည်များကို နေအိမ်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ကြပြီး အချို့မှာ ပွဲကျင်းပရာ ရွှေကျင်မြစ်ထဲသို့ သွားရောက် ရှာဖွေခဲ့ကြကြောင်း အဆိုပါ ပွဲတော်သို့ ရောက်ရှိခဲ့သူ ညောင်လေးပင်မြို့ ဘုရားကြီးလမ်းတွင် နေထိုင်သူ အသက် ၃၆ နှစ်အရွယ်ရှိ  ဆိုင်ကယ် ရေဆေးသည့်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) ရွှေကျင်မြို့နယ်လုံးဆိုင်ရာ (၁၆၂) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပွဲနှင့် ရှင်ဥပဂုတ္တမထေရ် ပူဇော်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်အထိ ငါးရက်တိုင်တိုင် ယိမ်းအက အလှပြိုင်ပွဲများ၊ ဇာတ်ပွဲများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပကြောင်း ပွဲတော်ကျင်းပရေး ကော်မတီအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

တောင်ငူ၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာလ ၂၀ ရက်) ကပြုလုပ်ခဲ့သော (၁၆၂) ကြိမ်မြောက် သီတင်းကျွတ် မီးမျှောပွဲတက်ပျံယိမ်း၊ တက်ခုတ်ယိမ်းပြိုင်ပွဲ ကျင်းပနေချိန် မွန်းလွဲ ၂ နာရီခန့်က စက်လှေတစ်စင်း တိမ်းမှောက်ခဲ့သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က The Voice သို့ ပြောကြားသည်။
“ဖောင်ကို လှေကဝင်တိုက်တာ မှန်ပါတယ်။ လှေပေါ်မှာ ပါတဲ့သူတွေ အားလုံးက ရေကူးကျွမ်းကျင်သူတွေပါ၊ ပွဲတော်ရက်အတွင်း လူအသေအပျောက် မရှိပါဘူး” ဟု ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ရှင်းပြသည်။

ရွှေကျင်မီးမျှောပွဲတွင် စက်လှေတိမ်းမှောက်ပြီး လူတစ်ဦးသေဆုံးကာ လူအချို့ ပျောက်ဆုံးနေသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့ခံအချို့နှင့် ပွဲတော်ကျင်းပရေး တာဝန်ရှိသူများက အဖြစ်မှန်ကို အမြန်ဆုံး သတင်းထုတ်ပြန်ပေးခြင်းကြောင့် ညနေ ၆ နာရီတွင် ရှင်ဥပဂုတ္တမထေရ် မီးမျှောပူဇော်ပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

Photo: အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများအသင်းကို ၂၀၁၃ ခုနှစ် မကုန်မီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်မည် ဖြစ်ပြီး ရန်ကုန်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်က ဆရာ၊ ဆရာမ ၅၀ ဦး နီးပါး ပါဝင်မည် ဖြစ်ကြောင်း အဆိုပါအသင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ပညာရေး သုတေသနပညာရှင် ဦးသိန်းနိုင်က The Voice သို့ ပြောကြားသည်။
“ကျွန်မတို့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ ဒီလိုအဖွဲ့အစည်းတွေက ဆရာ၊ ဆရာမတွေ အသင်းဖွဲ့ပြီး ပြောချင်တာတွေကို ပြောခွင့်ရတော့မယ်ဆိုတာ ပြောပြတော့ အားတက်မိတယ်” ဟု အခြေခံပညာ မူလတန်း ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ဆရာဆရာမများ ကိုယ်တိုင်ပါဝင်ရန်နှင့် ၎င်းတို့၏ ဆန္ဒကို စဉ်ဆက်မပြတ် လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့်ရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမတို့တွင် အသင်းဖွဲ့စည်းပိုင်ခွင့် ရှိသည်ကို သိရှိရန် လိုအပ်ကြောင်း ဦးသိန်းနိုင်က ၎င်း၏အမြင်ကို ပြောကြားသည်။
“ပြင်ပ အဖွဲ့အစည်းတွေက ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဝင်လုပ်ပေးလို့ မရပါဘူး။ ဆရာ၊ ဆရာမတွေ လုပ်ရမှာ ဖြစ်တယ်။ ဘယ်အပြောင်းအလဲမဆို အချိန်တော့ယူရမယ်” ဟု EI က ပညာရှင်တစ်ဦးက ဆိုသည်။

EI သည် ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ အသံကို လွှင့်ထုတ်ပေးသော အဖွဲ့အစည်းဖြစ်ကာ နိုင်ငံပေါင်း ၁၇၀ က အဖွဲ့ဝင်သန်းပေါင်း ၃၀ ဦး ပါဝင်ကြောင်း၊ ပညာရေးစနစ် ဖွံ့ဖြိုးရေးနှင့် သင်ကြားရေး တိုးတက်လာစေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ UNICEF၊ ILO၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNDP စသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်လျက် ရှိသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

မယ်လိုဒီ ဇာတ်ကားများ ပြန်လည်ရိုက်ကူး

Photo: မယ်လိုဒီ ဇာတ်ကားများ ပြန်လည်ရိုက်ကူး

ရန်ကုန်၊ အောက်တိုဘာ၂၁

ထာဝရအလင်းတန်း ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားတဲ့ သရုပ်ဆောင် မယ်လိုဒီက ကျန်းမာရေးကြောင့် အနုပညာ အလုပ်များကို ရပ်နားထားတယ်လို့ ဆိုထားရာက ပရိသတ်များရဲ့ အားပေးမှုကြောင့် ဇာတ်ကားများ ပြန်လည် ရိုက်ကူးဖြစ်နေကြောင်း The Voice ကိုပြောပါတယ်။

ကျန်းမာရေးကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ နားထားပေမယ့် ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်တို့က ဇာတ်ကားများ ပြန်လည် ရိုက်ကူးရန် တိုက်တွန်းခဲ့သလို၊ Facebook (လူမှုကွန်ရက် ဝက်ဘ်ဆိုက်) ရှိ သူမရဲ့ ပရိသတ်များရဲ့ သဘောထားကို စစ်တမ်းကောက်ကြည့်တဲ့ အခါမှာလည်း ဇာတ်ကားများ ပြန်လည် ရိုက်ကူးစေချင်ကြသေးတယ် ဆိုတာသိရတဲ့အတွက် အနုပညာအလုပ်များ ပြန်လည် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ မျက်လုံးက သိပ်မကောင်းသေးဘဲ ကျန်းမာရေး ကောင်းနေသမျှတော့ အနုပညာ အလုပ်များကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မယ်လိုဒီက ထပ်လောင်းပြောဆိုပါတယ်။

လတ်တလောမှာတော့ မယ်လိုဒီက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးတဲ့ အသည်းကွဲ သိုက်ဆက်ဆိုတဲ့ ဗီဒီယိုဇာတ်ကား မှာ ကောင်းပြည့်နဲ့အတူ သရုပ်ဆောင်နေတာပါ။ “ဒီဇာတ်ကားမှာမျိုးက အင်ဂျင်နီယာ တစ်ယောက်နေရာက သရုပ်ဆောင်ထားတယ်။ ဇာတ်ကားလေးက ရသစုံ ကြည့်ကြရမှာပါ။ အချစ်အကြောင်းလည်း ပါတယ်။ အိမ်ထောင်ရေး ပဋိပက္ခတွေလည်း ပါတယ်။ ကိုယ်ချစ်တဲ့ ကောင်လေးက ပထမပိုင်းတော့ ကိုယ့်ကို ပြန်မချစ်ဘူး။ နောက်ပိုင်း အိမ်ထောင်ကျသွားတဲ့ အခါမှာတော့ အိမ်ထောင်ရေး ပဋိပက္ခတွေကြောင့် မျိုးက ရူးသွားတာပေါ့” လို့ မယ်လိုဒီက ပြောပြပါတယ်။

Romanson နာရီနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ ပထမဆု ရခဲ့ရာက အနုပညာနယ်ပယ်ထဲ ဝင်ရောက်လာခဲ့တဲ့ မယ်လိုဒီက ‘လော်မင်္ဂလာ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း မျက်စိဝေဒနာကြောင့် ဆက်လက် ရိုက်ကူးခြင်း မပြုတော့ဘဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ဝန်းကျင်လောက်ကတည်းက ဇာတ်ကားတွေ မရိုက်တော့ဘူးလို့ မီဒီယာကို ပြောဆိုခဲ့တာပါ။

ရန်ကုန်၊ အောက်တိုဘာ၂၁

ထာဝရအလင်းတန်း ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားတဲ့ သရုပ်ဆောင် မယ်လိုဒီက ကျန်းမာရေးကြောင့် အနုပညာ အလုပ်များကို ရပ်နားထားတယ်လို့ ဆိုထားရာက ပရိသတ်များရဲ့ အားပေးမှုကြောင့် ဇာတ်ကားများ ပြန်လည် ရိုက်ကူးဖြစ်နေကြောင်း The Voice ကိုပြောပါတယ်။

ကျန်းမာရေးကြောင့် ဇာတ်ကား ရိုက်ကူးမှုတွေ နားထားပေမယ့် ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာ ထွန်းအောင်ဇော်တို့က ဇာတ်ကားများ ပြန်လည် ရိုက်ကူးရန် တိုက်တွန်းခဲ့သလို၊ Facebook (လူမှုကွန်ရက် ဝက်ဘ်ဆိုက်) ရှိ သူမရဲ့ ပရိသတ်များရဲ့ သဘောထားကို စစ်တမ်းကောက်ကြည့်တဲ့ အခါမှာလည်း ဇာတ်ကားများ ပြန်လည် ရိုက်ကူးစေချင်ကြသေးတယ် ဆိုတာသိရတဲ့အတွက် အနုပညာအလုပ်များ ပြန်လည် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ မျက်လုံးက သိပ်မကောင်းသေးဘဲ ကျန်းမာရေး ကောင်းနေသမျှတော့ အနုပညာ အလုပ်များကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မယ်လိုဒီက ထပ်လောင်းပြောဆိုပါတယ်။

ပြည် -ပခုက္ကူ ခရီးသည်တင်ယာဉ် ယနေ့နံနက် အစောပိုင်းက တိမ်းမှောက်မှုကြောင့် (၄)ဦးသေဆုံး

ရေနံချောင်း-အောက်တိုဘာ၂၂

ပြည်မြို့မှ ပခုက္ကူသို့ခရီးသည်များ တင်ဆောင်လာသော ပြည်တော်ကြီး ယာဉ်(၁ဂ/---)သည် ယနေ့နံနက်(၃)နာရီ(၁၅)မိနစ် ၀န်းကျင်ခန့်တွင်တိမ်းမှောက် ခြင်းကြောင့် ခရီးသည်(၄)ဦး သေဆုံးခဲ့သည်ဟုသိရသည်။

ယာဉ်မောင်း ကို----မောင်းနှင်လာသော အဆိုပါယာဉ်မှာရေနံချောင်း၊ သစ်တပွေရပ်၊ ရန်ကုန်မန္တလေးလမ်းမကြိး၊ မိုင်တိုင်အမှတ်(၃၆၁) အ ရောက် လမ်းညာ ဘက်ချောင်းထဲ သို့ထိုး ကျတိမ်းမှောက်ခဲ့ ခြင်း ဖြစ် သည်။

“ကားကလမ်းညာဖက်ခြမ်းကို တုံးလုံးလဲတဲ့အနေအထားဗျ၊ဘရိတ်ပေါက်တယ်ပြော တာပဲ၊ ဆန်အိတ် တွေကများ တယ်၊လူတွေကိုဆွဲထုတ်ခဲ့ရတယ်၊နိုင်ငံခြားသားခရိးသည်(၂)ယောက်ကယ် တင်နိုင်ခဲ့ လို့ပဲလူအများကြီးမသေတာ၊ဒဏ်ရာရတဲ့သူတွေကိုပါ ပြုစုပေးတယ်” ဟု မျက်မြင်တွေ့ရှိသူဒေသခံမှပြော သည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ၁၄ရက် နေထိုင်ခွင့် ထိုင်းအစိုးရ အတည်ပြု

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား ဗီဇာမလိုဘဲ ၁၄ရက် နေထိုင်ခွင့်ရှိမည့် သဘောတူညီချက်ကို ထိုင်းအစိုးရက အတည်ပြုခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ သွားရောက်သည့်အခါ နှစ်နိုင်ငံခေါင်းဆောင်များကြား သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးမည်ဟု The Nation သတင်းက ဆိုသည်။

ထိုင်းနိုင်ငံရှိ လေဆိပ် ၂၃ခုမှ တရားဝင် ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပြီး နှစ်ဖက်အစိုးရအနေဖြင့် ဗီဇာမပေးဘဲ နေနိုင်ခွင့်၊ ဗီဇာသက်တမ်းလျှော့ချနိုင်ခွင့်တို့ရှိသည်ဟု ထိုင်းအစိုးရ ပြောရခွင့်ရှိသူက ဆိုသည်။ နှစ်နိုင်ငံကြား သဘောတူစာချုပ်ကို ချုပ်ဆိုမည့် ဒီဇင်ဘာ ၁၂ရက်နေ့နောက်ပိုင်းမှသာ အဆိုပါ ဗီဇာကင်းလွတ်ခွင့် မည်သည့်အချိန်ကာလတွင် စတင်နိုင်မည်ဟု သိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
Kamayut Media

ဆီရီးယားနိုင်ငံ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် လူပေါင်း ၃၀ ကျော် သေဆုံး

BBC
ဆီရီးယားနိုင်ငံ ဟာမာ (#Hama) မြို့ အလယ်ပိုင်းတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုတွင် လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုမှာ ဆီးရီးယားသူပုန်များမှ ပေါက်ကွဲစေတတ်သည့်ပစ္စည်း တစ်တန်ကျော်အား တင်ဆောင်လာသည့် ကားတစ်စီးအား လူသွားလူလာများသည့် အစိုးရစစ်ဆေးရေးဂိတ်အတွင်းသို့ မောင်းင်ဝင်ရောက်လာရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းဌာန Sana တွင် ရေးသား ဖော်ပြခဲ့သည်။

လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု

လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။

အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ကြည့်ရှုဖို့ မတင့်တယ်တဲ့ ကြမ်းတမ်းတဲ့ ပုံတွေမှာ သတိပေးချက် ထည့်ရင်ကောင်းမလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

IC အဖွဲ့ကို ကျပ်သိန်း ၂၅၀ ဖြင့်ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင် ကေဘယ်လ်ကားရန်ပုံငွေ ဖျော်ဖြေပွဲ

ဘုန်းနေလ(ဒဂုံတက္ကသိုလ်) | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၀၈ မိနစ်

IC တီးဝိုင်းအဖွဲ့ကို တစ်ညဖျော်ဖြေခကျပ်သိန်း ၂၅၀ ဖြင့် ငှားရမ်းကာ ကျင်းပမည့် ဇွဲကပင်တောင် ကေဘယ်လ်ကား ရန်ပုံငွေဖျော်ဖြေပွဲကို နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်တွင် ကရင်ပြည်နယ်၊ သီရိကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲမှ ရရှိငွေများကို အယောက် ၄၀ စီးနင်းနိုင်သော ကေဘယ်လ်ကားအား မှာယူရန်အတွက် ဖြစ်ပြီး ၎င်းကိုမလေးရှား၊ မြန်မာပညာရှင်များက ပူးပေါင်းတပ်ဆင်သွားမည်ဖြစ်သည်။

“ဒီပွဲကို စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမှာပါ။ အစ်ကိုတို့၊ လေးဖြူတို့ရဲ့ ဖျော်ဖြေပွဲအပြင် တခြားသော အနုပညာ ရှင်တွေကလည်း သူတို့တတ်စွမ်းတဲ့ အနုပညာနဲ့ လှူဒါန်းမှုမှာ ပါဝင်ကြမှာပါ။ ဒီပွဲအတွက် သေချာလေးစီစဉ် ထားကြ ပါတယ်”ဟု ယင်းပွဲဖြစ်မြောက်ရေးကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးမှ ဒါရိုက်တာအဏ်ထော်ဏီက မဇ္ဈိမသို့ ပြော သည်။

လက်ပံတောင်း လုံခြုံရေးရဲများ ၀မ်ပေါင်ရိက္ခာမစားဘဲ နိုင်ငံတော်ရိက္ခာသာ စားတော့မည်

ကိုတိုးကြီး | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၀၂ မိနစ်

လက်ပံတောင်းတောင်ဒေသတွင် လုံခြုံရေးရယူနေသော ရဲဝန်ထမ်းများသည် ပြည်သူလူထု၏ အထင်အမြင်လွဲမှားမှုများကြောင့် ယခင်ကဲ့သို့ စီမံကိန်း အကောင်အထည်ဖော်နေသော ၀မ်ပေါင်ကုမ္ပဏီမှ ထမင်းချက်ကျွေးခြင်းကို လက်မခံတော့ဘဲ အောက်တိုဘာလ ၂၁ ရက်မှစကာ ကိုယ်ပိုင်ရိက္ခာဖြင့်သာ စားသောက်သွားမည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးတင်ထွဏ်းက မဇ္ဈိမကို ပြောကြားသည်။

ယခင်က လက်ပံတောင်းတောင်ဒေသတွင် တာဝန်ကျသော လုံခြုံရေးရဲဝန်ထမ်းများသည် နိုင်ငံတော်မှ ရိက္ခာ ထောက်ပံ့ကြေး ထုတ်ပေးသော်လည်း ကုမ္ပဏီလုပ်ငန်းခွင်၏ လုံခြုံရေးများကိုပါ လိုက်ပါဆောင်ရွက်ရ၍ သီးခြား ချက်ပြုတ်စားရန် အချိန်မရှိသောကြောင့် ၀မ်ပေါင်ကုမ္ပဏီ၏ စားဖိုမှူးက ရဲဝန်ထမ်းများ၏ ရိက္ခာကို ချက်ပေးခဲ့ သည်ဟု ထိုဒေသတွင် လုံးခြုံရေးတာဝန်ယူထားသော ရဲအရာရှိတစ်ဦးက ပြောသည်။

ယခုအခါ ဒေသခံပြည်သူများမှ ရဲဝန်ထမ်းများအပေါ် အထင်အမြင်လွဲမှားမှုများ ရှိခြင်းကြောင့် သီးခြား ချက်ပြုတ် စားသောက်ရန် စီစဉ်ခဲ့သည်ဟု ဒု-ရဲမှူးကြီးတင်ထွဏ်းက ပြောသည်။

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြသူ ကိုထင်ကျော်ကို ပုဒ်မ ၁၈ ဖြင့်ပင် ထောင်ချလိုက်ပြီ

ကိုထင်ကျော် - ဓါတ်ပုံ RFA
ဇူလိုင်လအတွင်းက ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကို အောက်တိုဘာလ ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ ၁၈ ဖြင့်ပင် အလုပ်နှင့် ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။

“နေ့လယ် ၁၂ နာရီကျော်လောက်က အမိန့်ချလိုက်တာပါ။ တရားရုံးရှေ့မှာတင် ပုဒ်မ ၁၈ နဲ့ကတော့ ခြောက်လ မဟုတ်ဘူး။ ခြောက်နှစ်ဆိုလည်း နေနိုင်တယ်လို့ သူကြွေးကြော်သွားသေးတယ်”ဟု ၎င်းက ပြောပြသည်။

ကိုထင်ကျော်သည် တစ်ကိုယ်တော်ဆန္ဒပြမှု ငါးကြိမ်နှင့် စုပေါင်းဆန္ဒပြမှု ခြောက်ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဆန္ဒပြခဲ့ပြီး မြို့နယ်ခြောက်မြို့နယ်မှ ပုဒ်မ ၁၈ ဖြင့် အမှု ၁၀ မှု တရားစွဲဆိုခြင်းခံထားရသည်ဟု ၎င်းကိုယ်တိုင် ဇူလိုင်လ အတွင်းက ပြောဆိုထားသည်။

ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်၊ တစ်သက်တစ်ကျွန်းချမှတ်ရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်

ကြယ်ပြာ | အင်္ဂါနေ့၊ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၈ မိနစ်

ကလေးသူငယ်များအပေါ် မုဒိန်းမှု ကျူးလွန်းသူများကို သေဒဏ်အထိချမှတ်ပေးရန် ပြင်ဆင်ရေးဆွဲထားသော ကလေးသူငယ်ဥပဒေမူကြမ်းအား လွှတ်တော်တွင် ဆွေးနွေးရန် လွတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန်းက ပြည်သူ့ လွတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သော်လည်း အစည်ဝေးတက်ရောက်သူ ၃၃၀ ဦးတွင် ၁၉ ဦးကသာ
ထောက်ခံမှုရရှိခဲ့သည့်အတွက် ရှုံးနိမ့်သွားပြီဖြစ်သည်။

လက်ရှိ ကျင့်သုံးနေဆဲဖြစ်သော ကလေးသူငယ်ဥပဒေသည် ၁၉၉၃ ခုနှစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမြင့် နေပြီဖြစ် ပြီး ထိုဥပဒေပုဒ်မ ၆၆ တွင် ကလေးသူငယ်များအား ညစ်ညမ်းသော ဓာတ်ပုံနှင့် ရုပ်ရှင်များရိုက်ကူးသော သူများအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်တစ်ထောင်၊ နှစ်မျိုးစလုံးအား တစ်ပြိုင်နက်ထဲ ချမှတ်ခြင်းများသာ ပြုလုပ်နိုင်သေးသည်။

သံတွဲပဋိပက္ခ အစပိုင်းက အဓမ္မပြုကျင့်သူ နှစ်ဦးကို ထောင်ဒဏ်ချမှတ်

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပထမအကြိမ် တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခဲ့ခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ယင်းအဓမ္မမှု ကျူးလွန်ခဲ့သူ နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် သံတွဲမြို့နယ် တရားရုံးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် ချမှတ်လိုက်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။

နှစ်ဦးကို ပြစ်ဒဏ်ကျခံစေရန် သံတွဲ အကျဉ်းထောင်တွင် ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။

ဇွန်လ ၂၉ ရက်နေ့က သံတွဲမြို့တွင် ရောက်ရှိနေသည့် တောင်ကုတ်မြို့သူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ် ကယ်ရီသမားဖြစ်သူ ငပြူးက တောင်ကုတ်မြို့သို့ လိုက်ပို့ပေးမည်ဟုဆိုကာ ဆိုင်ကယ်နှင့် ခေါ်ဆောင်ခဲ့ပြီး အဓမ္မကျင့်မှုများ ကျူးလွန်ခဲ့ရာမှ သံတွဲမြို့ပေါ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

Bugatti တို့ လည်း ဒူဘိုင်းတွင် တက္ကဆီဖြစ်ရ

Bugatti တို့ လည်း ဒူဘိုင်းတွင် တက္ကဆီဖြစ်ရ

တကယ်ပြောတာပါ။ ဒူဘိုင်းမှာ ကမ္ဘာ့ဈေးအကြီးဆုံးကားကို တက္ကဆီလို စီးနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့ကားကတော့ ဒူဘိုင်းမှာ တက္ကဆီအဖြစ် ပြေးဆွဲဖို့ ပြင် ဆင်ထားတဲ့ Bugatti ပြိုင်ကား ဖြစ်ပါတယ်။ ဒီလိုအရောင်တင် မကပဲ ခဲရောင် ဘူဂသီ၊ အနက်ရောင်၊ အနီရောင် ဘူဂသီများနဲ့လည်း ဒူဘိုင်းမှာ တက္ကဆီဆွဲပါတယ်။ သာမန်လူများ စီးဖို့တော့ မဟုတ်ပါဘူး။ သူဌေးတွေပဲ ငှားစီးနိုင်တဲ့ တက္ကဆီပါ။ ပြည်ပက ဒူဘိုင်းအလည်လာတဲ့ ဧည့်သည်တွေ ပိုအစီးများပါတယ။်

ကမ္ဘာ့ဈေးကြီးကားများကို သီးသန့်ဝယ်စီးလို့ မြို့ တွင်း ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ အေဂျင်စီ တစ်ခုက စီစဉ်ပေး တာ ဖြစ်ပါတယ်။ တော်ရုံလူ အနားမကပ်နိုင်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး အမြန်ဆုံး နံပါတ် ၁ အဖြစ် နှစ်စဉ် ဗိုလ်စွဲနေတဲ့ ဘူဂသီ Veyron Super Sport ကားမျိုး တစ်နေ့တော့ ကျနော်တို့မှာ တက္ကဆီ ဖြစ်လာနိုင်ပါသေး တယ်။
--
Ref: autoblog
Aung Kham ( TSJ Team )

http://blog.techspace.com.mm/2013/10/bugatti.html

TechSpace Journal

ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်

Photo: ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်

ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးနေကြသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

အဆိုပါ ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရေး အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး နည်းပြသင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ဆင့်ပွားသင်တန်း များကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

''ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းတွေမှာရှိတဲ့ ကလေးတွေဟာ ပညာသင်ယူမှု အခွင့်အလမ်းတွေ မရရှိကြတဲ့ အတွက် ဒီကလေးတွေကို ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နဲ့ သင်ကြားပေးနိုင်အောင် နည်းပြသင်တန်းတွေ ပို့ချပေးပြီး ဆင့်ပွားသင်တန်းတွေကို ဒီပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ တာဝန်ရှိသူက ဆိုသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်အား ၂၀၀၈-၂၀၀၉ ပညာသင်နှစ်က မြို့နယ် ငါးမြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ မြို့နယ် ဦးရေ ၁၆ ဆတိုးကာ မြို့နယ် ၈၀ တွင် ဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့၌ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၈ မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၁၄ မြို့နယ်၊ မွန်ပြည်နယ်၌ ၁၀ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၌ ကိုးမြို့နယ်၊ နေပြည်တော်တိုင်း ဒေသကြီး၌ ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ လေးမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ ရှမ်းပြည်နယ်၌ သုံးမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ ကရင်ပြည်နယ်၌ နှစ်မြို့နယ်၊ ရခိုင်ပြည်နယ်၌ နှစ်မြို့နယ် နှင့် ကချင်ပြည်နယ်၌ တစ်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ် ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်းပညာရေးအား ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့၊ ပြည်တွင်း အလှူရှင်များနှင့် ပညာရေး ၀န်ကြီးဌာနတို့မှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

(၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်း (၂) တွင် တက်ရောက် နေကြသည့် ကလေးများအား တွေ့ရစဉ်)
(၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်း (၂) တွင် တက်ရောက် နေကြသည့် ကလေးများအား တွေ့ရစဉ်)

ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးနေကြသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

အဆိုပါ ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရေး အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး နည်းပြသင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ဆင့်ပွားသင်တန်း များကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

''ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းတွေမှာရှိတဲ့ ကလေးတွေဟာ ပညာသင်ယူမှု အခွင့်အလမ်းတွေ မရရှိကြတဲ့ အတွက် ဒီကလေးတွေကို ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နဲ့ သင်ကြားပေးနိုင်အောင် နည်းပြသင်တန်းတွေ ပို့ချပေးပြီး ဆင့်ပွားသင်တန်းတွေကို ဒီပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ တာဝန်ရှိသူက ဆိုသည်။

န၀တ လက်ထက်က သိမ်းဆည်းခဲ့သော လက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေး

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ လက်ထက်က နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်းခဲ့သော လိုင်စင် သို့မဟုတ် ပါမစ်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦး၏ ''နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရ လက်ထက်တွင် သိမ်းဆည်းခဲ့သော နိုင်ငံတစ်ဝန်း လိုင်စင်ဖြင့် ကိုင်ဆောင်ခဲ့သော သေနတ်များအား မူလပိုင်ရှင်များ သို့မဟုတ် အမွေဆက်ခံခွင့် ရှိသူများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိမရှိ'' မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး

မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း သောင်းချီ အရှုပ်အထွေး ဖြစ်နေသူ ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးမှာ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ဆွဲကြိုးချကာ မိမိကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း သိရသည်။

ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး (၄၃ နှစ်) (ဘ) ဦးထွန်းမြင့်မှာ အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခွဲ ၀န်းကျင်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်း အနောက်ရပ်ကွက်၊ အကွက် (၃၂၃) ရှိ နေအိမ်ဧည့်ခန်းအတွင်း မျက်နှာကြက်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသော သံချိတ်၌ ပလတ်စတစ် ကျစ်ကြိုးအသုံးပြုကာ ထိုင်ခုံ သုံးလုံးပေါ်တက်၍ ကွင်းချောဖြင့် ဆွဲကြိုးချ သေဆုံးနေကြောင်း တွေ့ရှိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရသောကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရသည်။

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားမှ ဓာတ်လိုက်၍ လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာတွင် နေခြည်စွမ်အင်သုံး ဆိုလာပြားတဆင့် ဘက္ထရီအိုးအားသွင်းခဲ့ ရာ လူတစ်ဦး လျှပ်စစ်ဓာတ်လိုက်သဖြင့် သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ယနေ့တွင် အတည်ပြုပြော ကြားလိုက်သည်။
ဆိုလာပြားမှတဆင့် ဓာတ်လိုက်သေဆုံးသူမှာ မောင်မင်း(ခ)ကိုမင်း အသက်(၂၆)နှစ်ဆိုသူဖြစ်ကြောင်း ထိုဆေးရုံရှိ ကျန်းမာ ရေးဝန်ထမ်းတစ်ဦးမှ ဆက်လက်၍ ပြောပြသည်။
ခင်ဦးမြို့မရဲစခန်း၏ သေမှုသေခင်းမှတ်တမ်းများတွင် ယခုလ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် အဆိုပါ ဓာတ်လိုက်သေ ဆုံးသူအား မှုခင်းဆေးစာထင်မြင်ချက်ရယူနိုင်ရန်အတွက် မြို့မရဲစခန်းမှ ဒုရဲအုပ် ခင်မောင်နှင့်အဖွဲ့သည် ဆေးရုံသို့သွား ရောက်ခဲ့ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ ဆိုသည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ ဓာတ်လိုက်သေဆုံးသူသည် ထိုသူ၏ ၀ဲလက်လက်ညိုးနှင့် လက်ခလယ်တို့ အကြားနေရာ၌ အရေပြားဖုယောင်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မရှိသင့်တော့ကြောင်း ထိုင်းရှပ်နီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူက ထောက်ပြ

Photo: နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများ ကြုံတွေ့လာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ မရှိသင့်တော့ကြောင်း ထိုင်းရှပ်နီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူက ထောက်ပြ

စစ်အစိုးရလက်အောက် တစ်လျှောက်တွင် နစ်နာဆုံးရှုံးမှုများ ခံစားလာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများမှာ လက်ရှိကာလတွင် ဆက်လက်တည်ရှိ မနေသင့်ဘဲ အစိုးရ၏ တာဝန်ယူမှုအဖြစ် နိုင်ငံ့အနာဂတ်အား ကြည့်ရှုရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ ရှပ်နီလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ Mr. Sombat Bunngamanong က ဆိုသည်။

အဆိုပါ ပြောကြားချက်အား ပြည်တွင်းရှိ ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လေ့ရှိသည့် အသိပညာ ဖြန့်ဝေရေး အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Non-Violent Direct Action and Horizontalidad Social Mobilization ; Experience ansd Thailand 's Red Shirts ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် Mr. Sombat Bunngamanong က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသားတွေက အမြဲတမ်း တာဝန်ကျေခဲ့တယ်။ ထွက်လာတိုင်းလည်း ပစ်သတ်ခံနေရတယ်။ မြန်မာ့နိုင်ငံရေးအကြောင်းပြောရင် မျှော်လင့်ချက် မဲ့နေသလို ခံစားရတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ကြားက ပြည်သူတွေက ပြန်တိုက်တယ်။ အစိုးရက ပြန်ဖိတယ်။ ဒီလိုနဲ့ပဲ အစိုးရက ပြောင်းလဲလာရတယ်" ဟု Mr. Sombat Bunngamanong က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အထွတ်အထိပ် ဥပဒေဖြစ်သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာသိမ်းယူမှုအား အတိအလင်း ပြဋ္ဌာန်းထားသည့်အပြင် မြန်မာနိုင်ငံအတွက် အဓိကကျသော အခက်အခဲတစ်ခုမှာ မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး ပြဿနာဖြစ်နေကြောင်း Mr. Sombat Bunngamanong က ဆိုသည်။

သို့သော် မြန်မာ့တပ်မတော်အား ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝကာ တရားဥပဒေအား လေးစားလိုက်နာသော တပ်မတော်အဖြစ် အသွင်ပြောင်းပေးနိုင်မည် ဆိုပါက အာဏာသိမ်းယူမှုများ ရှိနိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

"ထိုင်းနိုင်ငံမှာလည်း တပ်မတော်က မကြာခဏ အာဏာသိမ်းတယ်။ ဒါပေမဲ့ နောက်ဆုံး အာဏာသိမ်းမှုက တပ်မတော်ကသိမ်းတာ မဟုတ်ဘူး။ တပ်မတော်အနေနဲ့ သူ့ဆုံးဖြတ်ချက်နဲ့သူ အာဏာသိမ်းနိုင်တဲ့ အနေအထားမှာလည်း မရှိတော့ဘူး။ အင်အားကြီးလို့ အာဏာသိမ်းကြေးဆိုရင် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ဖြစ်တဲ့ အမေရိကန်စစ်တပ် ဘာလို့အာဏာသိမ်းမှု မလုပ်လဲ" ဟု Mr. Sombat Bunn-gamanong က မေးခွန်းထုတ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် လူမျိုးရေး ပဋိပက္ခများ၊ လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာများကြောင့် ပြည်သူများနှင့် အာဏာပိုင်များအကြား အပြန်အလှန် အကြမ်းဖက်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

"လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေမှာဆို အစိုးရအနေနဲ့ ဒီထက်ပို ကိုင်တွယ်ဖို့ လိုအပ်မှာ ဖြစ်သလို စီမံကိန်းတွေ၊ လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာတွေကြောင့် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ ပဋိပက္ခတွေကို တည်ငြိမ်အောင် လုပ်ဖို့ဆိုရင်တော့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးလို့ အော်နေတာထက် လယ်ယာမြေ သိမ်းခံရတဲ့ မိသားစုဝင်တွေအတွက် အာမခံချက်ရှိတဲ့ စီးပွားရေး လုပ်ငန်းမျိုးတွေကို ဖန်တီးပေးနိုင်ဖို့ လိုပါမယ်" ဟု ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဦးလှိုင်မြင့်က သုံးသပ်သည်။

မြန်မာအစိုးရသစ် နှစ်နှစ်ကျော် ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများမှာ ချီးကျူးစရာ ဖြစ်နေပြီး ယခုနှစ်ကုန်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု မြန်မာအစိုးရ ပြောကြားထားချိန်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများဖြင့် ပြည့်နှက်နေကြောင်း Mr. Sombat Bunngamanong က ဆိုသည်။

ထို့ပြင် လူထုအနေနှင့် စစ်တပ်၏ အခန်းကဏ္ဍအား လျှော့ချနိုင်ရန်နှင့် စစ်သားများ၏ စိတ်စွမ်းအားကို ဒီမိုကရေစီ စိတ်စွမ်းအားအဖြစ်သို့ မြှင့်တင်နိုင်ရေး လုပ်ဆောင်ရန်၊ ဒီမိုကရေစီ လမ်းစဉ်တွင် စစ်သားများအား ပူးပေါင်းပါဝင်ခွင့်ပေးရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Mr. Sombat Bunngamanong က သုံးသပ်သည်။

"စစ်တပ်နဲ့ ပြည်သူအကြားမှာ မတူညီတဲ့ အရာတွေကနေ ထိပ်တိုက်မတွေ့အောင် ရှောင်ရမယ်။ မြန်မာနိုင်ငံမှာက အကြမ်းဖက်မှုတွေ မရှိသင့်တော့ဘူး။ နှစ်ပေါင်းများစွာ နစ်နာခဲ့ရပြီးပြီ။ ဆန္ဒပြမှုတွေက ဒီမိုကရေစီ လုပ်ရိုးလုပ်စဉ်ပါ။ အကြမ်းဖက်မှု မရှိသင့်တော့ဘူး။ စစ်တပ်အနေနဲ့ အကြောက်တရားနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးသွားတာ။ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးက အစိုးရအနေနဲ့ သူတို့လုပ်တာ သူတို့တာဝန်ယူသင့်တယ်။ အခုဆို သူတို့လျှောက်လာတာ လမ်းတစ်ဝက် ရောက်နေပြီ။ ကျန်တဲ့လမ်းတစ်ဝက်ကို ဆက်လျှောက်ဖို့ လိုပါမယ်။ အစိုးရအနေနဲ့ နိုင်ငံ့ရှေ့ အနာဂတ်ကို ကြည့်ဖို့လိုပါတယ်။ သင်ယူမှုကို ကြည့်ဖို့အတွက် အတိတ်ကို လေ့လာဖို့လည်း လိုတယ်။ အတိတ်ကို မလေ့လာနိုင်ရင် နောက်ကြောင်းပြန် အာဏာသိမ်းမှုတွေ ဖြစ်လာဦးမှာပဲ" ဟု Mr. Sombat Bunngamanong က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ နောက်ကြောင်းပြန် အာဏာသိမ်းလိုသူများ၏ လုပ်ဆောင်မှုမျိုး ဖြစ်နိုင်သည်ဟု ပညာရှင်များက ဝေဖန်မှုများ ရှိနေပြီး အစိုးရ အနေနှင့်မူ ၎င်းတို့၏ လုပ်ဆောင်မှု မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း မြန်မာ့နိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲများအား လေ့လာနေသည့် The Educational Initiatives မှ Mr.Igor Blazevic ကမူ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အာဏာရှင် စနစ်သစ်အား အကောင်အထည် ဖော်လိုသူများ၏ လုပ်ဆောင်မှုဟုသာ သုံးသပ်ထားသည်။

အဆိုပါ ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားနိုင်ကြောင်းလည်း မြန်မာနိုင်ငံကဲ့သို့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ကာ တိုင်းပြည်တိုးတက်မှု ပျက်ပြားခဲ့သည့် သီရိလင်္ကာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ရရှိရန် လုပ်ဆောင်ခဲ့သည့် Mr.Ajan Pracha Hutanu watr က သုံးသပ်ထားသည်။  

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်
အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်

စစ်အစိုးရလက်အောက် တစ်လျှောက်တွင် နစ်နာဆုံးရှုံးမှုများ ခံစားလာရသည့် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများမှာ လက်ရှိကာလတွင် ဆက်လက်တည်ရှိ မနေသင့်ဘဲ အစိုးရ၏ တာဝန်ယူမှုအဖြစ် နိုင်ငံ့အနာဂတ်အား ကြည့်ရှုရန် လိုအပ်ကြောင်း ထိုင်းနိုင်ငံ ရှပ်နီလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ Mr. Sombat Bunngamanong က ဆိုသည်။

အဆိုပါ ပြောကြားချက်အား ပြည်တွင်းရှိ ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်လေ့ရှိသည့် အသိပညာ ဖြန့်ဝေရေး အစီအစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Non-Violent Direct Action and Horizontalidad Social Mobilization ; Experience ansd Thailand 's Red Shirts ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် Mr. Sombat Bunngamanong က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသားတွေက အမြဲတမ်း တာဝန်ကျေခဲ့တယ်။ ထွက်လာတိုင်းလည်း ပစ်သတ်ခံနေရတယ်။ မြန်မာ့နိုင်ငံရေးအကြောင်းပြောရင် မျှော်လင့်ချက် မဲ့နေသလို ခံစားရတယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ကြားက ပြည်သူတွေက ပြန်တိုက်တယ်။ အစိုးရက ပြန်ဖိတယ်။ ဒီလိုနဲ့ပဲ အစိုးရက ပြောင်းလဲလာရတယ်" ဟု Mr. Sombat Bunngamanong က ပြောကြားသည်။

စရိတ်နည်း လေကြောင်းလိုင်း ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည်အချို့ ဝေဖန်မှုများ ရှိနေ

Photo: စရိတ်နည်း လေကြောင်းလိုင်း ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည်အချို့ ဝေဖန်မှုများ ရှိနေ

မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲလျက်ရှိသည့် စရိတ်နည်း လေကြောင်းလိုင်း အချို့၏ ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည် အချို့မှ ဝေဖန်မှုများ ရှိနေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူ ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် စီးနင်းလိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည် အများစု၏ ခရီးဆောင် အိတ်များကို လေယာဉ်ပေါ်တွင် သယ်ယူမလာသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

"ရန်ကုန်လေဆိပ်ကိုရောက်တော့ ပစ္စည်းရွေးဖို့အတွက် စောင့်နေတာ။ တစ်နာရီကျော်ကြာ စောင့်ပြီးမှ ပစ္စည်းတွေ ပါမလာဘူး။ နောက်နေ့မှ လာယူပါလို့ ပြောတယ်။ ဒီလို ခရီးဆောင်အိတ်တွေဆိုတာ ပိုက်ဆံထပ်ပေးပြီး ၀ယ်ရတာလေ။ လေကြောင်းလိုင်း အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ ပြီးတော့ နောက်ထပ်တွေ့ရတာက နိုင်ငံခြားသားတွေရဲ့ ခရီးဆောင်အိတ်တွေကတော့ ပါလာတယ်။ မြန်မာအများစု အိတ်တွေပဲ ကျန်ခဲ့တာ။ ဒါက မြန်မာတွေက မပြောရဲ မဆိုရဲဘူးဆိုပြီး သက်သက်မဲ့ ခံရတဲ့သဘော ဂရုမစိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်" ဟု အောက်တိုဘာ ၁၃ ရက် ညပိုင်း၌ Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လိုက်ပါလာသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းနေ့ အောက်တိုဘာ ၁၃ ရက်၌ အောက်တိုဘာ ၁၂ ရက်နေ့က စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် လက်ဆွဲပစ္စည်းများ သယ်ယူလာခြင်း မရှိသည့်အတွက် အောက်တိုဘာ ၁၃ ရက်တွင်မှ လေဆိပ်၌ လာရောက်စောင့်ဆိုင်းကာ ထုတ်ယူနေသူများကို တွေ့မြင်ခဲ့ရကြောင်းလည်း အဆိုပါ ခရီးသည်က ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Tiger Airways လေကြောင်းလိုင်း၏ မြန်မာနိုင်ငံ လေကြောင်းလိုင်း အရောင်းကိုယ်စားလှယ်ဖြစ်သူ Myanmar Aviation Centre မှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဆွေလွင်က "ကျွန်မတို့က လေယာဉ်လက်မှတ်ပဲ ရောင်းပေးတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခရီးသည်တွေက ပြောဆိုလာတာမျိုး မရှိတဲ့အတွက် ကျွန်မတို့ မသိပါဘူး။ ရန်ကုန်လေဆိပ်မှာ မြေပြင်ဝန်ဆောင်မှု လုပ်တဲ့ဌာနကို မေးပါ" ဟု ဖြေကြားခဲ့သည်။

ယခုနှစ် ပွင့်လင်းရာသီ ကာလဖြစ်သော အောက်တိုဘာ လဆန်းပိုင်းမှ စတင်ကာ အိမ်နီးချင်း နိုင်ငံအချို့မှ စရိတ်နည်း လေကြောင်းလိုင်းများကို စတင်ပြေးဆွဲ လာခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ အခြေစိုက် စရိတ်နည်း လေကြောင်းလိုင်းဖြစ်သည့် Tiger Airways လေကြောင်းလိုင်းက ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ စင်ကာပူ-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား စတင်ပျံသန်းခဲ့ပြီး၊ ထိုင်းနိုင်ငံ အခြေစိုက် Nok Air လေကြောင်းလိုင်းမှ ရန်ကုန်-မဲဆောက်၊ မဲဆောက်-မော်လမြိုင် ခရီးစဉ်များအား စက်တင်ဘာနှင့် အောက်တိုဘာလများ၌ ပျံသန်းခဲ့ပြီး၊ ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

စရိတ်နည်း လေကြောင်းလိုင်းများသည် လက်မှတ်တစ်မျိုးတည်းကိုသာ ရောင်းချခြင်းဖြစ်ပြီး၊ ခရီးဆောင်အိတ် အပါအ၀င် ၀န်စည်စလယ်များအတွက် သတ်မှတ်နှုန်းထားများအား ထပ်မံပေးဆောင်ရကြောင်း သိရသည်။   

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Luggage ရွေးယူရန်နေရာတွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Luggage ရွေးယူရန်နေရာတွင် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မြန်မာနိုင်ငံတွင် စတင်ပြေးဆွဲလျက်ရှိသည့် စရိတ်နည်း လေကြောင်းလိုင်း အချို့၏ ၀န်ဆောင်မှု အားနည်းချက်များအပေါ် ခရီးသည် အချို့မှ ဝေဖန်မှုများ ရှိနေကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့သူ ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင် Tiger Airways လေကြောင်းလိုင်း၏ စင်ကာပူ-ရန်ကုန် ခရီးစဉ်တွင် စီးနင်းလိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည် အများစု၏ ခရီးဆောင် အိတ်များကို လေယာဉ်ပေါ်တွင် သယ်ယူမလာသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။

"ရန်ကုန်လေဆိပ်ကိုရောက်တော့ ပစ္စည်းရွေးဖို့အတွက် စောင့်နေတာ။ တစ်နာရီကျော်ကြာ စောင့်ပြီးမှ ပစ္စည်းတွေ ပါမလာဘူး။ နောက်နေ့မှ လာယူပါလို့ ပြောတယ်။ ဒီလို ခရီးဆောင်အိတ်တွေဆိုတာ ပိုက်ဆံထပ်ပေးပြီး ၀ယ်ရတာလေ။ လေကြောင်းလိုင်း အနေနဲ့ ဒီလိုမျိုး မလုပ်သင့်ဘူး။ ပြီးတော့ နောက်ထပ်တွေ့ရတာက နိုင်ငံခြားသားတွေရဲ့ ခရီးဆောင်အိတ်တွေကတော့ ပါလာတယ်။

ကြေးပိဿာချိန် နှစ်သိန်းနှစ်သောင်းငါးထောင် ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး နိုဝင်ဘာလအတွင်း သွန်းလုပ်မည်

Photo: ကြေးပိဿာချိန် နှစ်သိန်းနှစ်သောင်းငါးထောင် ကုန်ကျမည့် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး နိုဝင်ဘာလအတွင်း သွန်းလုပ်မည်

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော်ကြီး သွန်းလုပ်ရန်နေရာ ပန္နက်တင် အခမ်းအနားကို မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်ရှိ ဆင်ဖြူတောင် အနီးတွင် သီတင်းကျွတ် လပြည့်နေ့၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ခေါင်းလောင်းကြီးဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ ခေါင်းလောင်းသွန်းလုပ်မည့် ဗိသုကာ ပညာရှင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး ပန္နက်ရိုက်ပေး ခဲ့ကြကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို မြစိမ်းရောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ၏ တပည့်သာဝကများက ဦးဆောင်သွန်းလုပ်မည်ဖြစ်ပြီး သွန်းလုပ်မည့် ဗိသုကာ လက်ရာရှင်များအဖြစ် စကြ၀ဠာပန်းတဉ်း ပညာရှင်များ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို အောက်ခြေအကျယ် ၂၃ ပေ၊ အမြင့် ၂၇ ပေ၊ ခေါင်းလောင်းတိုင် ကိုးပေ၊ ခေါင်းလောင်းကြီး ပုစွန်တုပ်ကွေးကိုးပေ စုစုပေါင်းအမြင့် ၄၅ ပေ သွန်းလုပ်သွားမည်ဖြစ်ပြီး ခေါင်းလောင်းဆွဲ ပုစွန်တုပ်ကွေးတွင် နတ်သိကြား တစ်ဖက်တစ်ပါးစီ ပူဇော်နေပုံကို ထုဆစ်ပူဇော်မည်ဖြစ်ပြီး ခေါင်းလောင်းကြီး ကိုယ်ထည်ပတ်လည်တွင် သစ္စာလေးပါး တရားတော်ကို ထွင်းထုပူဇော် သွားမည်ဖြစ်ကြောင်း ခေါင်းလောင်းကြီး ထိုးပူဇော်ရန် ခေါင်းလောင်းထိုးတံကို ငါးမျိုးပြုလုပ်မည်ဟု ခေါင်းလောင်းကြီး သွန်းလုပ်ရာတွင် ဦးဆောင်သူ မြန်မာ့မှုကြေးသွန်း ပညာရှင် ဦးချိုချိုက ပြောကြားသည်။

"ခေါင်းလောင်းကို နောက်လထဲမှာ ပထမ မှာထားတဲ့ ကြေးပိဿာ တန် ၂၀ ရောက်တာနဲ့ စတင်သွန်းလုပ်မယ်၊ ပထမဆုံး သံဖရိန်ဆင်ပြီး မြေပုံကြမ်းလုပ်မယ် ပြီးရင်ဖယောင်းတင်ပြီး ဖယောင်းချောမယ် ပြီးမှစတင် သွန်းလုပ်မှာ၊ သွန်းလုပ်ဖို့ ကြာမြင့်ချိန်ကတော့ လပေါင်း ၃၀ လောက် ကြာမယ်၊ မြန်မာမှုလက်ရာနဲ့ မြန်မာ့ကြေးသွန်း နည်းပညာနဲ့ပဲ ပြုလုပ်သွားမယ် လက်ရာကတော့ ရတနာပုံခေတ် လက်ရာနဲ့ သွန်းလုပ်မှာပါ၊ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် မြန်မာနိုင်ငံမှာ သွန်းလုပ်မယ့် ဓမ္မမဏ္ဍိုင် ခေါင်းလောင်းကြီးကို သွန်းလုပ်ခွင့် ရတဲ့အတွက်လည်း အရမ်းဂုဏ်ယူတယ်" ဟု ခေါင်းလောင်းကြီး သွန်းလုပ်မည့် ကြေးသွန်းဗိသုကာ ပညာရှင်အဖွဲ့မှ ဦးချိုချိုက ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ရန်အတွက် ပန္နတင် အခမ်းအနား ပြုလုပ်နေစဉ်
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး သွန်းလုပ်ရန်အတွက် ပန္နတင် အခမ်းအနား ပြုလုပ်နေစဉ်

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာမည့် ကြေးပိဿာချိန် ၃၃၃ တန် အလေးချိန်ရှိ ဓမ္မမဏ္ဍိုင် ခေါင်းလောင်းတော်ကြီး သွန်းလုပ်ရန်နေရာ ပန္နက်တင် အခမ်းအနားကို မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်ရှိ ဆင်ဖြူတောင် အနီးတွင် သီတင်းကျွတ် လပြည့်နေ့၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ခေါင်းလောင်းကြီးဖြစ်မြောက်ရေး အဖွဲ့ဝင်များ၊ ခေါင်းလောင်းသွန်းလုပ်မည့် ဗိသုကာ ပညာရှင်များ၊ မြောင်းမြခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ပြီး ပန္နက်ရိုက်ပေး ခဲ့ကြကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို မြစိမ်းရောင် ဆရာတော်ဘုရားကြီး အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ၏ တပည့်သာဝကများက ဦးဆောင်သွန်းလုပ်မည်ဖြစ်ပြီး သွန်းလုပ်မည့် ဗိသုကာ လက်ရာရှင်များအဖြစ် စကြ၀ဠာပန်းတဉ်း ပညာရှင်များ ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အလှမယ်တွေ မြန်မာပြည်မှာ ပရဟိတလုပ်ဖို့ နန်းခင်ဇေယျာက ဖိတ်ခေါ်

နန်းခင်ဇေယျာ, အလှမယ်, ဆီးဂိမ်း, ပရဟိတ
နန်းခင်ဇေယျာနဲ့ နိုင်ငံတကာ အလှမယ်တွေကို ထိုင်းရော့ခ်အဖွဲ့ CARABAO နဲ့အတူ ဒီနေ့မနက် တွေ့ရစဉ် (ဓာတ်ပုံ – နန်းခင်ဇေယျာ facebook မှ)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့ နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှုံ့ဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
“ဆီးဂိမ်းအနေနဲ့က ကျမက ခေါ်ပေးတာပါ။ ADMA Media က လုပ်မှာပါ။ ကျမက Miss International 2012 ပြိုင်ပွဲဝင်လည်း ဖြစ်တယ်၊ Miss International ပွဲက မယ်တွေနဲ့လည်း သိတယ်ဆိုတော့ ကျမက လှမ်းခေါ်ပေးတာပါ။ ပြီးတော့ ကျမက Guide တယောက်လည်း ဖြစ်တဲ့ အတွက်ကြောင့် Guide အနေနဲ့ သူတို့ကို လိုက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အလှအပကိုလည်း ရှင်းပြ ချင်တယ်၊ သူတို့က ဟိုမှာကတည်းကိုက မြန်မာနိုင်ငံကို အရမ်း စိတ်ဝင်စားတယ်။ အဲဒါကြောင့် သူတို့ကို လှမ်းခေါ်လိုက်တာပါ။ ပြီးတော့ ဒီက ဆီးဂိမ်း နဲ့လည်း တိုက်ဆိုင်နေတဲ့ အတွက်ကြောင့်လည်း ပါပါတယ်” လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြောပါတယ်။

မိတ်ဆွေစစ်သာ ဖြစ်ပါစေ......(Written by ညီအောင်ညီ)

''လူနှစ်ယောက် ခြေခုနစ်လမ်း စာလောက် အတူလျှောက်ခဲ့ဖူးလျင် မိတ်ဆွေ မည်ပါသတဲ့။ ဆယ့်နှစ်ရက်ခန့် အတူနေပြီး အမှုကိစ္စများ ပြုခဲ့ဖူးလျှင်တော့ သူငယ်ချင်း မည်ပါသတဲ့။ တစ်လ တစ်လခွဲခန့် အတူနေ လုပ်ကိုင်ခဲ့ဖူးပါက ဆွေမျိုးနှင့် တူပါသတဲ့။ ဆိုခဲ့ပါ အတိုင်းအတာ တွေထက်ပိုပြီး အတူနေထိုင် အမှုကိစ္စများကို ပြုလုပ်ခဲ့ဖူးလျှင်တော့ မိမိနှင့်တန်းတူ ဖြစ်ပါတော့သည်တဲ့''။

အထက်ပါ စကားရပ်တွေကတော့ သေလကဏ္ဏိ ဇာတ်တော်မှာပါတဲ့ မြတ်ဗုဒ္ဓ ဟောကြားတော် မူခဲ့တဲ့ စကားရပ်တွေပါ။ ထိုစကားရပ်တွေကို ထောက်ဆပြီး လောကကြီးထဲက မိတ်ဆွေတွေ အကြောင်းကို စဉ်းစားကြည့်မိပါတယ်။ ကျွန်တော်တို့ လူသားတွေဆိုတာ အမြဲတမ်း တစ်ယောက်တည်း မနေတတ်ကြပါဘူး။ အပေါင်းအသင်း မိတ်ဆွေဆိုတာ လိုအပ်ကြစမြဲမို့ အပေါင်းအသင်း မိတ်ဆွေကို ရှာဖွေပေါင်းသင်း ကြပါတယ်။

လောကကြီးထဲမှာ အမျိုးမျိုးသော မိတ်ဆွေတွေ တွေ့ရှိခဲ့ရပါတယ်။ ကိုယ့်အပေါ် မှာ ကောင်းခဲ့တဲ့ မိတ်ဆွေတွေ ရှိကြသလို ကိုယ့်အပေါ်မှာ လုံးဝမကောင်းခဲ့တဲ့ မိတ်ဆွေတွေလည်း ရှိခဲ့တာပါပဲ။

ကြိုးတိုက်ကို ရင်ဆိုင် ကျော်ဖြတ်ခဲ့သော ကိုညီညီဦး နှင့်တွေ့ဆုံခြင်း

အစိုးရက အကျဉ်းသား ၆၃၅၉ ဦးကို ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေး ရာ သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲမှု၊ ရန်ကုန်မြို့တော် ခန်းမ ဗုံးခွဲမှုများဖြင့် သေဒဏ်ချမှတ်ခံထားရသော ကိုညီညီဦး ပြန်လည် လွတ် မြောက် လာခဲ့သည်။
 ကိုညီညီဦး

ကိုညီညီဦးသည် အသက် ၂၄ နှစ်အရွယ် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သံလျင်ရေနံချက်စက်ရုံနှင့် ရန်ကုန်မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှုဖြင့် စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ သေဒဏ်ချမှတ်ပြီး တလခန့်အကြာ ဗုံးခွဲမှု တရားခံအစစ်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး(KNU)မှ ဗိုလ်မှူး ကိုကိုနိုင် ကို ဖမ်းဆီးမိသော်လည်း ကိုညီညီဦးကို စစ်အစိုးရ က ပြန်လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
အပြစ်မရှိဘဲ မတရား ဖမ်းဆီး ထောင်ချခံရပြီး ထောင်သက်တမ်း၂၃ နှစ် အတွင်း အင်းစိန်၊ တောင်ငူ စသည့် အကျဉ်းထောင်များ တွင် ခက်ခဲစွာနေထိုင်ခဲ့ရသည့် သံလျင်မြို့နေ ကိုညီညီဦး ကို ဧရာဝတီ သတင်းထောက် ရန်ပိုင် က ဆက်သွယ်မေးမြန်း၍ ဖော်ပြ လိုက်ပါသည်။

ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား

 လူများဖြင့်စည်ကားနေသော မုံရွာဗိုလ်ချုပ်လမ်းတစ်နေရာ ဓာတ်ပုံ - မျိုးမင်းဦး
 
သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင် စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့် မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။ ““ကောင်းကင်ကတိမ်ထဲမှာ စေတီတော်ပုံကို ထင်ထင်ရှားရှား ဖူးကြရတယ်။ ဓာတ်ပုံရိုက်သူတွေရော၊ ကောင်းကင်က ဘုရားဖူးသူတွေရောကြောင့် လမ်းသွားလို့မရအောင် လူတွေက အရမ်းစည်ကားတယ်။ အများစုက နာရီစင်နဲ့ မြို့တော်ခန်းမရှေ့မှာ ကြိတ်ကြိတ်တိုးပဲ””ဟု မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။ ““ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ပုံမှန်လည်း မိုးတိမ်တောင်တွေရှိတဲ့အခါ ဘုရားပုံပေါ်နေကျပါ။ အခုမိုးတိမ်တောင်တွေကလည်း နိမ့်နေတယ်။ ရွှေစည်းခုံဘုရားကြီးအတွင်း ရင်ပြင်တော်မှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲက မီးခိုးမှိုင်းကလည်း တိုက်နေတယ်။ ဆိုဒီယမ်မီးကြီးတွေနဲ့ ဘုရားကိုပူဇော်ထားတာ ဆိုတော့ စေတီတော်ရဲ့အရိပ်က တိမ်းတိုက်နဲ့နီးတော့ ပုံရိပ်ပေါ်တဲ့ဖြစ်စဉ်ပါ။

မိုင်ဒါကွင်း ကားပြပွဲမှယာဉ်များ ပြင်ပပေါက်ဈေးထက် ဈေးမြင့်ဟုဆို

Photo: မိုင်ဒါကွင်း ကားပြပွဲမှယာဉ်များ ပြင်ပပေါက်ဈေးထက် ဈေးမြင့်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၀
 
ကုမ္ပဏီပေါင်း ၅၀ က ပြခန်းပေါင်း ၁၃၀ ကျော်ဖြင့် အောက်တိုဘာလ ၁၇ ရက်မှ ၂၀ အထိ မော်တော်ယာဉ်များ ပြသခဲ့သော ရန်ကုန်မြို့တော် မိုင်ဒါကွင်း ကားပြပွဲတွင် ပြသထားသော မော်တော်ယာဉ် များသည် ပြင်ပပေါက်ဈေးထက် ဈေးနှုန်း မြင့်မားနေကြောင်း မင်းရဲကျော်စွာ ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။
“ကားတစ်စီးကို အနည်းဆုံး ဆယ်သိန်းလောက် ဈေးကွာနေတယ်။ ဒါကို ကျွန်တော်တို့က နေ့စဉ် ရောင်းနေတော့ သိတယ်။ ဝယ်တဲ့သူတွေက မသိကြဘူး။ ကျွန်တော့်ရှေ့မှာတင် တစ်စီးရောင်းထွက် သွားတာကို ကြည့်တာ တော်တော်လေးကို ဈေးကွာနေတယ်” ဟု ဦးထွန်းထွန်းက ဆိုသည်။

ယင်းပြပွဲတွင် ကားဝယ်ယူရန် သွားကြည့်သူ တစ်ဦးကလည်း ပြင်ပဈေး ထက် ဈေးမြင့်နေသဖြင့် မဝယ်ဖြစ်ခဲ့ကြောင်း ပြောဆိုသည်။

မော်တော်ယာဉ် အရောင်းပြပွဲများနှင့် အရောင်းပြခန်းများတွင် ဝယ်ယူပါက ဈေးနှုန်း ပိုမိုကြီးမြင့်သည်ဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ ယင်းပြပွဲ၏ co-sponsor ကုမ္ပဏီ တစ်ခုဖြစ်သည့် Farmer Auto ကားအရောင်းပြခန်းမှ ပြည်သူ့ ဆက်ဆံရေးအရာရှိ  ဦးဇေယျာထက် က ပြပွဲများတွင် အရောင်းပြခန်းများ ဖွင့်လှစ်သည့် စရိတ်များ၊ ဝန်ထမ်း စရိတ်များကြောင့် ဈေးမြင့်နေခြင်း ဖြစ်ကြောင်း၊ ပြင်ပ ဝယ်ရောင်းများနှင့် ဈေးနှုန်းကွာဟချက် ရှိနေခြင်းကို လျော့နည်းစေရန် ၎င်းတို့ ကုမ္ပဏီအနေနှင့် ထပ်မံဈေးနှုန်း ညှိနှိုင်းရန် အစီအစဉ် ရှိကြောင်း ပြောကြားသည်။

ပြပွဲများ ပြုလုပ်ခြင်းဖြင့် တစ်နေရာတည်းတွင် တစုတစည်းတည်း ဝယ်ယူ ကြည့်ရှုနိုင်စေပြီး ပစ္စည်းကောင်းများကို ရရှိစေကြောင်း၊ ပြပွဲတွင် ကပ်ထားသည့် နှုန်းထားများမှာ ဈေးမြင့်သည် ဆိုသော်လည်း ညှိနှိုင်းဈေးဖြင့် ဝယ်ယူသွားသည်က များကြောင်း အဆိုပါ ပြပွဲ စီစဉ်သည့် Smart Bussiness Group မှ ပြပွဲကျင်းပရေး တာဝန်ခံ ဦးသီဟက ဆိုသည်။

ယင်းသို့ ပြပွဲများ ပြုလုပ်ပေးခြင်းသည် ဝယ်သူများအတွက် အကျိုးအမြတ်များ ရရှိစေပြီး ယခုပြပွဲမှ ကားအစီးရေ ၂၀ ခန့် ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း Farmer Auto မှ ဦးဇေယျာထက်က ရှင်းပြသည်။
“ပြပွဲမှာကျတော့ ကားအမျိုးစား ပေါင်းစုံကို တစုတစည်းတည်း ကြည့်လို့ရတယ်။ ပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက် ဈေးတွေလည်း လျှော့ထားပါတယ်” ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၄ ရက်မှ ၆ ရက်နေ့ထိ ကျင်းပခဲ့သော ပထမဆုံး မြန်မာနိုင်ငံ၏ လေလံဆွဲ၍ ရောင်းချပေးခဲ့သော ကားများ မှာလည်း ပြင်ပပေါက်ဈေးထက် ကျပ်ငါးသိန်းမှ ဆယ်သိန်းထိ ဈေးမြင့်ကြောင်း ဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၀

ကုမ္ပဏီပေါင်း ၅၀ က ပြခန်းပေါင်း ၁၃၀ ကျော်ဖြင့် အောက်တိုဘာလ ၁၇ ရက်မှ ၂၀ အထိ မော်တော်ယာဉ်များ ပြသခဲ့သော ရန်ကုန်မြို့တော် မိုင်ဒါကွင်း ကားပြပွဲတွင် ပြသထားသော မော်တော်ယာဉ် များသည် ပြင်ပပေါက်ဈေးထက် ဈေးနှုန်း မြင့်မားနေကြောင်း မင်းရဲကျော်စွာ ယာဉ် ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးထွန်းထွန်းက ပြောကြားသည်။
“ကားတစ်စီးကို အနည်းဆုံး ဆယ်သိန်းလောက် ဈေးကွာနေတယ်။ ဒါကို ကျွန်တော်တို့က နေ့စဉ် ရောင်းနေတော့ သိတယ်။ ဝယ်တဲ့သူတွေက မသိကြဘူး။ ကျွန်တော့်ရှေ့မှာတင် တစ်စီးရောင်းထွက် သွားတာကို ကြည့်တာ တော်တော်လေးကို ဈေးကွာနေတယ်” ဟု ဦးထွန်းထွန်းက ဆိုသည်။

ယင်းပြပွဲတွင် ကားဝယ်ယူရန် သွားကြည့်သူ တစ်ဦးကလည်း ပြင်ပဈေး ထက် ဈေးမြင့်နေသဖြင့် မဝယ်ဖြစ်ခဲ့ကြောင်း ပြောဆိုသည်။

မော်တော်ယာဉ် အရောင်းပြပွဲများနှင့် အရောင်းပြခန်းများတွင် ဝယ်ယူပါက ဈေးနှုန်း ပိုမိုကြီးမြင့်သည်ဆိုသည့် ဝေဖန်ချက်များနှင့် ပတ်သက်၍ ယင်းပြပွဲ၏ co-sponsor ကုမ္ပဏီ တစ်ခုဖြစ်သည့် Farmer Auto ကားအရောင်းပြခန်းမှ ပြည်သူ့ ဆက်ဆံရေးအရာရှိ ဦးဇေယျာထက် က ပြပွဲများတွင် အရောင်းပြခန်းများ ဖွင့်လှစ်သည့် စရိတ်များ၊ ဝန်ထမ်း

သီတင်းကျွတ်လပြည့်နေ့တွင် မီးကြိုးသွယ်ရာမှ အဖိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံး

ကိုတိုးကြီး | တနင်္လာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၉ မိနစ်

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၉ ရက်)က မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းရာမှ အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံရှိ အရေးပေါ် လူနာ ဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဓာတ်လိုက်သေဆုံးသူမှာ စစ်ကိုင်းမြို့စိန်ကုန်းရပ်ကွက်တွင် နေထိုင်သော အသက်(၇၂)နှစ်အရွယ် ဦးထွန်းဝင်းဆိုသူဖြစ်ပြီး စစ်ကိုင်းဆေးရုံ၏ ဆေးစစ်ချက်အရ သေဆုံးသူ၏ ညာဘက်လက်ဖမိုးနှင့် လက်မအကြား နေရာတွင် မီးလောင်ဒဏ်ရာ အနည်းငယ်မျှသာ တွေ့ရသည်ဟု ဆိုသည်။

နမ့်ခမ်းဒေသမှာ နောက်ထပ် ဗုံးကွဲ

၁၇ ရက်နေ့ဗုံးကွဲစဉ်က သေဆုံးသည့် စည်ပင်ဝန်ထမ်း
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မနေ့က ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုဟာ နမ့်ခမ်းမြို့နဲ့ ပတ်ဝန်းကျင်မှာ သီတင်းတစ်ပတ်အတွင်း လေးကြိမ်မြောက် ပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းက နမ့်ခမ်းမြို့ကနေ ၂ မိုင်လောက်အကွာ နမ့်ခမ်း-မိုင်းဝီး ကားလမ်းပေါ်မှာရှိတဲ့ လွယ်လင်ကန်ရွာရဲ့ ရွာလယ်လမ်းမပေါ်မှာ ပေါက်ကွဲခဲ့တာလို့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်ညနဲ့ ၁၇ ရက်မနက်ပိုင်း ပေါက်ကွဲမှုတွေကြောင့် စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်ရှိ နမ့်ခန်းမြို့ စည်ပင်ဝန်ထမ်းတွေ အမှိုက်သိမ်းရာမှာ တပ်မတော်က လုံခြုံရေးယူပေးနေရတယ်လို့လည်း ဦးစိုင်းတင်ဦးက ပြောပါတယ်။

RFA Burmese
Related Posts Plugin for WordPress, Blogger...

ShareThis