ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ
KIO အဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့
မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော
တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
KIO အဖွဲ့ဟာ ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ လေးကြိမ်ထက်မနည်း တွေ့ဆုံပြီး
ဖြစ်ပေမဲ့ ပြန်လည်ဖွဲ့စည်းထားတဲ့ ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ အခု
ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ပါဝင်သူ KIA တပ်ဖွဲ့ ဒုတိယ စစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြီး ဆွေးနွေးမဲ့ ဆွေးနွေးပွဲတွေ တိုးတက်မှုရအောင်
အခုပဏာမအဆင့် တွေ့ဆုံတာလို့ အခုလိုပြောပါတယ်။