menu

Monday 17 September 2012

မြရည်နန္ဒာ ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်း

မြရည်နန္ဒာရပ်ကွက် ကျူးကျော်တဲများကို ဘူဒိုဇာနှင့် ထိုးကော်ဖျက်သိမ်းနေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေးစည်ပင်သာယာက ယနေ့ နံနက် ၇ နာရီမှ စတင်ကာ ဘူဒိုဇာများနှင့် ၀င်ရောက်ထိုးကော် ဖျက်သိမ်းနေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းမြေကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၄၀ ကျော်ရှိပြီး နေထိုင်သည့် လူဦးရေ တထောင်ကျော် ရှိသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး ယင်း မြေကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို ရွှေ့ပြောင်းပေးရန် ထုတ်ပြန် ခဲ့သော်လည်း နေထိုင်သူများက ရွှေ့ပြောင်း မပေးသည့်အတွက် ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ရဲများနှင့် စည်ပင်သာယာအဖွဲ့တို့ ဦးဆောင်ပြီး ဘူဒိုဇာ ကားများနှင့် ၀င်ရောက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ရှင်းလင်းနေစဉ်အတွင်း အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ ရောက်လာကာ ဖျက်သိမ်းနေသည့် အိမ်များမှ သစ်သားများ၊ သွပ်များနှင့် မျှောတိုင်များကို အလုအယက် ၀င်ရောက် ယူဆောင်ခြင်းများ ပြုလုပ်လျှက် ရှိသည်။

Samsung ကုမ္ပဏီက Galaxy S3 စမတ်ဖုန်းကို ကြော်ငြာရာတွင် Apple၏ iPhone 5နှင့် တိုက်ရိုက် နှိုင်းယှဉ်ကာ တိုက်ခိုက်

Photo: Samsung ကုမ္ပဏီက ၎င်းတို့၏ နာမည်ကျော် Galaxy S3 စမတ်ဖုန်းကို ကြော်ငြာရာတွင် ပြိုင်ဘက်ကြီး Apple၏ iPhone 5နှင့် တိုက်ရိုက် နှိုင်းယှဉ်ကာ တိုက်ခိုက်လိုက်သည်။

Galaxy S3ဖုန်းကို Appleက နောက်ဆုံးထုတ်လုပ် ရောင်းချမည့် iPhone 5၏ စွမ်းဆောင်မှုများနှင့် နှိုင်းယှဉ်ရေးသားပြကာ ပိုမိုကောင်းမွန်သော ထုတ်ကုန်အဖြစ် Samsungက ညွှန်းဆိုထားခြင်း ဖြစ်သည်။ Samsungနှင့် Appleတို့သည် ဒီဇိုင်းမူပိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရေး အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကာ အမေရိကန် တရားရုံး တစ်ခုက Apple၏ ဖုန်းဒီဇိုင်းများကို Samsungက ခိုးယူ အသုံးပြုကြောင်း သတ်မှတ်ခဲ့သည့်နောက် တောင်ကိုရီးယား ကုမ္ပဏီက ယခုကြော်ငြာကို ဖန်တီးလာခြင်းဖြစ်သည်။

မူရင်းသတင်းဌာန--Planet Myanmar Network
Samsung ကုမ္ပဏီက ၎င်းတို့၏ နာမည်ကျော် Galaxy S3 စမတ်ဖုန်းကို ကြော်ငြာရာတွင် ပြိုင်ဘက်ကြီး Apple၏ iPhone 5နှင့် တိုက်ရိုက် နှိုင်းယှဉ်ကာ တိုက်ခိုက်လိုက်သည်။

Galaxy S3ဖုန်းကို Appleက နောက်ဆုံးထုတ်လုပ် ရောင်းချမည့် iPhone 5၏ စွမ်းဆောင်မှုများနှင့်
နှိုင်းယှဉ်ရေးသားပြကာ ပိုမိုကောင်းမွန်သော ထုတ်ကုန်အဖြစ် Samsungက ညွှန်းဆိုထားခြင်း ဖြစ်သည်။ Samsungနှင့် Appleတို့သည် ဒီဇိုင်းမူပိုင်ခွင့်နှင့် ပတ်သက်ပြီး တရားရေး အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကာ အမေရိကန် တရားရုံး တစ်ခုက Apple၏ ဖုန်းဒီဇိုင်းများကို Samsungက ခိုးယူ အသုံးပြုကြောင်း သတ်မှတ်ခဲ့သည့်နောက် တောင်ကိုရီးယား ကုမ္ပဏီက ယခုကြော်ငြာကို ဖန်တီးလာခြင်းဖြစ်သည်။

Planet Myanmar Network

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

Photo: တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

ကောင်းမြတ်ဖြိုး ( မြစ်မခ )


တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေးထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
 
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
 
မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာအများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှစာရင်းများအရ သိရသည်။
 
ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။
 
လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။
 
''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေမှာသေချာစိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေသေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
 
မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူအရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။
 
လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူးမှုတရားခံများတွင်လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။

news from.. Myit Makha Mediagroup on 17 Sep, 2012
တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေးထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လြုံ
ခုံရေးကိုမိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။

တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သား ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံခြင်း

Photo: ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သား ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံခြင်း

Written by  The Voice

“တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်ရင် ပြည်တွင်းစစ်ကို မုချ ရပ်စဲ ရမယ်”

မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံသို့ စစ်ပညာ သွားရောက် သင်ယူခဲ့သည့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များတွင် သက်ရှိ ထင်ရှား ကျန်ရှိနေသေးသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာရန် နိုင်ငံတော် သမ္မတက ခွင့်ပြုထားပြီးဖြစ်ရာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ မြန်မာနိုင်ငံ ပြန်လာမည့် အစီအစဉ်နှင့် တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံမှု အပေါ် သုံးသပ်ချက်တို့ကို သိရှိနိုင်စေရန် ကိုယ်တိုင်လည်း ကွန်မြူနစ် တစ်ဦးဖြစ်ကာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတွင် နေထိုင်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏သား စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် ဆက်သွယ် မေးမြန်း ထားသည်များမှ ကော်နုတ် ဖော်ပြ အပ်ပါသည်။

VOICEး မြန်မာ အစိုးရက ဗိုလ်မှူးချုပ် ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာဖို့ ခွင့်ပြုလိုက်ပြီ ဆိုတော့ ဗိုလ်မှူးချုပ် ကျော်ဇောနဲ့ မိသားစုဝင်တွေ မြန်မာနိုင်ငံ ပြန်လာမယ့် အခြေအနေကို သိပါရစေ။
UAKZး ကျွန်တော်တို့ ဘက်က အဓိက ပြဿနာက အဖေ့ ကျန်းမာရေးပဲ။ သွား နိုင် လာနိုင် ဖြစ်လာရင် သွားလို့ရပါတယ်။ ဒါပေမဲ့ အဖေက ICU(Intensive Care Unit) ထဲမှာပဲ ရှိသေးတယ်။ အောက်ဆီဂျင် က ၂၄ နာရီ ပေးထား ရတယ်။ အစာက မစားနိုင်တဲ့ အတွက် နှာခေါင်းထဲက ပိုက်နဲ့ သွင်းနေရတယ်။ စိတ်က ဆောင်နေ ပေမယ့် ချက်ချင်း သွားလို့ လာလို့ မရ သေးပါဘူး။ ဒါပေမဲ့ ဒီသတင်း ကြားပြီး နောက်ပိုင်း ပြည်သူတွေရဲ့ မေတ္တာ ရောင်ပြန် ဟပ်မှုကြောင့် ထင်တယ်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာ တယ်။ နှစ်ပတ် သုံးပတ် လောက် အတွင်း မှာ ဝှီးချဲနဲ့ ပြန်သွားနိုင်တဲ့ အခြေအနေ ရောက်လိမ့်မယ် ထင်တယ်။ ICU ထဲ ရောက်တာ တစ်လ နီးပါး ရှိပြီ။ ချက် ချင်း ပြန်ထွက်လို့ မလွယ်ဘူး။ သူ့အဆုတ် က ခဏခဏ ရောင်ရမ်းတဲ့ ဒဏ်ကြောင့်၊ နောက် အသက်အရွယ်ကြောင့် ပြန်ကောင်း ဖို့ အချိန်ယူ ရမယ်။ ထိန်းထိန်း သိမ်းသိမ်း စောင့်ကြည့်ရင် တစ်လလောက် အတွင်း မှာ ပြန်သက်သာလာမယ် ထင်ပါတယ်။

VOICEး ဗိုလ်မှူးချုပ် ကျော်ဇော က ရွှေတိဂုံ စေတီတော်ကို ဖူးချင်တဲ့ ဆန္ဒ ရှိတယ်လို့ မီဒီယာကနေ ဘယ်လို ဖော်ပြ ဖြစ်သွားတာလဲ။
UAKZး အဖေ ရွှေတိဂုံ ဘုရားဖူးချင် တယ်ဆိုတာ ဧရာဝတီ(အွန်လိုင်း သတင်းမီဒီယာ)က ကိုရန်ပိုင်ကို ပြောဖြစ် သွားတာက သူနဲ့ ကျွန်တော် တိုင်းမှူးအပြောင်းအရွှေ့တွေ ဆွေးနွေးနေတုန်း ခွေးမင် (ကူမင်း) ရောက်နေတယ် ပြောရင်းနဲ့ အဖေ ဆေးရုံတင်ထားရတာ ပြောဖြစ်တယ်။ အဓိက သူ့ကို ပြောဖြစ်တာက အဖေ မတော်တဆ ကွယ်လွန်သွားရင် လူထုကို Message (သတင်း အချက်အလက်)ပြောပေးပါ။ အဖေ့ကို အားလုံး က ကွန်မြူနစ် တစ်ယောက်လို့ ထင်နေ တယ်။ ဒီလို ထင်တာကလည်း ကွန်မြူနစ် ဝါဒနဲ့ တိုင်းပြည် ကောင်းမလားလို့ လုပ်ကြည့်တဲ့ သူ့ရဲ့Tool လို့ပြောလို့ ရတာပေါ့။ နိုင်ငံ တည်ဆောက်ရေးမှာ စဉ်းစားတဲ့ ကွန်မြူနစ် Tool လား၊ ဆို ရှယ်လစ် Tool လားပေါ့။ သူ့ယုံကြည် မှု ကတော့ သူက တကယ့်ကို Strong Religious (ဘာသာတရား ယုံကြည်မှု ပြင်းထန်သူ) ဖြစ်တာကိုး။
ဦးနု ခေတ်က လူထု အော်သံမှာ တိုက်ထားသလို ကွန်မြူနစ်ဆိုတာ ဘာသာတရား မရှိဘူး၊ ဘုရား မကန်တော့ဘူး ဆိုတာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စွဲနေတယ်။ ကျွန်တော် နှစ်ပေါင်း ၂၀ ကျော် ကွန်မြူနစ် လုပ်လာတာ ရောက်လေ ရာမှာ ဘုန်းကြီး ကျောင်းတွေ့ရင် ဝင်ကန်တော့ တယ်။ ဘုရားတွေ့ရင် ဝင်ကန်တော့တယ်။ ဖေဖေတို့က ပိုဆိုးတာက ခြောက်တန်းကျောင်းသား အထိ ကိုယ်ရင်ဝတ်နဲ့ ကျောင်းတက်ခဲ့ ရတယ်။ ငယ်ငယ် ကတည်းက ဗုဒ္ဓ ဘာသာရဲ့လွှမ်းမိုးမှု အောက်မှာ ကြီးပြင်း ခဲ့ရတယ်။ ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာ ထဲထဲဝင်ဝင် သိခဲ့တယ်။ 
နောက် မှတ်မှတ်ရရ ရှိတာက ၁၉၄၁ မှာ ရန်ကုန် ဆိပ်ကမ်းမှာ ဖေဖေ ဂျပန်ကိုသွားဖို့ ဂျပန်သင်္ဘောပေါ်မှာ ဝှက်တဲ့ အချိန်မှာတောင်မှ သင်္ဘောလည်း ခွာရော ရွှေတိဂုံဘုရား ဖူးခွင့်ပေးဖို့ ဂျပန်တွေကို တောင်းပန်လို့ ကုန်းပတ်ပေါ် တင်ပြီး ဘုရားဖူးခွင့် ပေးရတယ်။ တချို့က တော့ ကွန်မြူနစ် တစ်ယောက် လုပ်ပြီး သေခါနီးမှ ဘုရားကို သတိရတယ်လို့ ထင်မယ်။ တကယ်တော့ ၁၉၇၆ မှာ ဦးနေဝင်း တပ်တွေကို လက်နက်ကိုင် တိုက်မှ ရတော့မယ်လို့ သဘောထားလို့ လာခဲ့ကြတဲ့ အချိန် မတိုင်ခင် အထိ ကျွန်တော်တို့ ဝါတွင်းတိုင်းမှာ မိသားစုအလိုက် ဥပုသ်စောင့်တယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မိသားစုက တိုင်းပြည်အတွက် ကောင်းမယ် ထင်လို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးခဲ့ပေမယ့် ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ မိသားစု ဖြစ်တယ် ဆိုတာ သိစေချင်လို့ ဒီစကားကိုပြောခဲ့တာ။ အဲဒီကနေ နောက် ဆုံး သမ္မတရုံးက ခွင့်ပြုတယ် ဆိုတာဖြစ် လာတယ်။ ဦးအောင်မင်းတို့က အခုလို ခွင့်ပြုတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် တစ်ဦးတည်း သဘောထားကတော့ ဖေဖေ့သမိုင်းက အရှည်ကြီးပါ။
အခု အသက် ၉၃ နှစ်အထိ နှစ်ပေါင်းများစွာ သူ့ယူဆချက်နဲ့ တိုင်းပြည် ကောင်းမလား သူလုပ်ခဲ့တာ ပါ။ အသက် ၉၁ နှစ်အထိ နိုင်ငံရေးကို ပြောနိုင် ဆိုနိုင်ခဲ့ပါတယ်။ အသက် ၉၂၊ ၉၃မှာတော့ နမိုးနီးယားကို အလူးအလဲ တိုက်ခဲ့ရတယ်။ မပြောနိုင်တော့ဘူး။ ၉၁ နှစ် မွေးနေ့မှာ သူပြောခဲ့တာက ငြိမ်းချမ်းရေး ယူကြဖို့ ရဲဘော်သုံးကျိပ်ဘဝနဲ့ အင်္ဂလိပ်ကို တိုက်ခဲ့တယ်။ ဂျပန်ကို တိုက်ခဲ့တယ်။ နောက် ဗမာ့တပ်မတော်ကို ပြန်ဖွဲ့ခဲ့တယ်။ ဗမာ့ တပ်မတော် ဂုဏ်သိက္ခာ တက်အောင် အများကြီး လုပ်ခဲ့တယ်။ ဘာဆိုလိုတာလဲ ဆိုတော့ မြန်မာအစိုးရက ပြန်လာဖို့ ခွင့်ပြုရာမှာ ရဲဘော်သုံးကျိပ် ဘဝနဲ့ပဲ လက်ခံမယ် ဆိုတဲ့ စကားကတော့ သိပ်တော့ မကောင်းလှဘူး။ သူတို့ စဉ်းစားနည်း မပြည့်စုံတာလား။ ကွန်မြူနစ်ပဲ တွေးကြောက် နေတာလားပေါ့။ 
ဖေဖေ့အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံ သွားမယ်ဆိုတဲ့ စကားက ရွှေတိဂုံ ဘုရားဖူးရေးပါ။ ဒါကျွန်တော်မေးတာ ပါ။ ဗမာပြည်ကိုပြန်ချင်တာလားဆို တော့ ပြန်ချင်တယ်ကွာတဲ့။ ဘာလို့ပြန် ချင်ရတာလဲဆိုပြီး ပိတ်မေးတော့ ရွှေတိဂုံဘုရားကို ဖူးပြီးမှသေချင်တယ် ကွာလို့ပြောတယ်။ ဒါ ဖေဖေပြောခဲ့ တဲ့စကားပါ။ ရုပ်ရှင်ထဲမှာပါတဲ့ ကွန်မြူ နစ်ကြီးလို အလံနီအောက်မှာ စစ်တိုက် ပြ၊ ပစ္စည်းမဲ့များ အဓွန့်ရှည်ပါစေ စည်းရုံးပြ၊ ဒီအစိုးရကို အပြုတ်တိုက်ချ ဆိုတာမျိုး ကျွန်တော့် အဖေက မပြော သွားပါဘူး။ ဒါတွေကို မြန်မာအစိုးရ လည်း ကွန်မြူနစ်တစ္ဆေခြောက်နေလား မပြောတတ်ပါဘူး။ သူ့ကိုလက်ခံရင် သူ့သမိုင်းကိုလည်း လက်ခံရမှာပေါ့။ ကောင်းကောင်းဆိုးဆိုးပေါ့။ ဖေဖေ့မှာ ရဲဘော်သုံးကျိပ်သမိုင်းတင်မဟုတ်ဘူး။ တိုင်းကျိုးပြည်ကျိုးလုပ်ခဲ့တဲ့ သမိုင်း တွေလည်း အများကြီးပါ။ အစိုးရရဲ့ အဲဒီကန့်သတ်ချက်က အတော်ကျဉ်း မြောင်းပါတယ်။ ကျွန်တော့်သဘောက တော့ အဖေ့ဆန္ဒပြည့်အောင် လုပ်ပေးချင် တာကလွဲပြီး ဘာမှမရှိဘူး။ အဖေ့ရဲ့ ခရီးစဉ်ကလည်း ကွန်မြူနစ်ပါတီရဲ့ ငြိမ်းချမ်းရေးခရီးစဉ်နဲ့ ဘာမှမဆိုင်ဘူး။

VOICEး မြန်မာအစိုးရက ပြန်လာ ဖို့ ကမ်းလှမ်းတဲ့အချိန်မှာ ရဲဘော် သုံးကျိပ်ဘဝနဲ့ပဲ လက်ခံမယ်လို့ ကန့် သတ် ထားကြောင်း ပြောတာလား။
UAKZး ရဲဘော်သုံးကျိပ် အနေနဲ့ပဲ လက်ခံမယ်လို့ နှစ်ခါပြောတာ ဒီစကားလုံးက ရှင်းပါတယ်။ ဒါသူတို့ အမြင်နဲ့ သူတို့ လုပ်ကြတာကို ဘာမှ မပြောလိုပါ ဘူး။ ဒါပေမဲ့ စဉ်းစားနည်းက မပြည့်စုံဘူးလို့ ပြောချင်တာပါ။ ပြန်လာခွင့် ပေးတာ ကိုတော့ ကျေးဇူးတင်ပါတယ်။

VOICEး ဦးကျော်ဇောရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ကွန်မြူနစ် ပါတီ ကနေ ခွင့်ပြုချက် တောင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကော ဘာများ ပြောချင်ပါသလဲ။
UAKZး သူတို့ ခွင့်ပြု မပြုဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဖေဖေက ကွန်မြူနစ် ပါတီရဲ့ ခေါင်းဆောင်တစ်ဦး အနေနဲ့ အနားယူနေတာ မှန်တယ်။ ဒါပေမဲ့ ရာသက်ပန် ကွန်မြူနစ် ပါတီဝင် အဖြစ် ဖိုးသံချောင်းလို လူမျိုးရဲ့ စည်းရုံး ရေး ကော်မတီ အောက်မှာ ဗိုလ်ကျော်ဇော နေရမယ် ဆိုတာ ရယ်စရာ ကောင်းပါ တယ်။ ဒီနေ့ ဒီအချိန်မှာ ပါတီစွဲတွေ၊ ဂိုဏ်းဂဏစွဲတွေ ဖျောက်ပြီး Unify (ပြန်ပေါင်းစည်း) လုပ်ဖို့ ကြိုးစား နေချိန် မှာ နိုင်ငံရေး အရ ဖြတ်သန်းမှုကြီးခဲ့တဲ့ ပါတီ ခေါင်းဆောင် တစ်ဦးကို ဒီလိုစကားမျိုး ပြောတာက ကွန်မြူနစ် ပါတီရဲ့ ပြောရေးဆိုခွင့် ပေးထားတဲ့ ကိုသံချောင်း ရဲ့ ရေချိန်နဲ့ ယနေ့ ကွန်မြူနစ် ပါတီမှာ ရှိတဲ့ သူတွေရဲ့ အနေအထားကို ဖော်ပြတာပါ။ ဒီအတွက် ဘာပြဿနာမှ မရှိပါ ဘူး။ ကျွန်တော့်အဖေရဲ့ ကျန်းမာရေးကပဲ အဓိက ကျတာပါ။ ကျွန်တော်တို့ နေနေတဲ့ တရုတ် အစိုးရတောင် ဒီကိစ္စ ကို ပြောချင် ပြောလို့ရတယ်။ တားပိုင်ခွင့် မရှိဘူးလို့ထင်ပါတယ်။

VOICEး ဦးအောင်ကျော်ဇောတို့က ကွန်မြူနစ် စနစ်ကို လက်ခံ ယုံကြည်ပြီး နှစ်ပေါင်းများစွာ လုပ်ခဲ့တာ ဆိုတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ ကွန်မြူနစ် စနစ်ကို ဘယ်လို သုံးသပ်ပါသလဲ။
UAKZး ကွန်မြူနစ် ဝါဒဆိုတာ သူ့နိုင်ငံနဲ့ သူ့ဒေသနဲ့ ကိုက်ညီအောင် စစ်မှန်တဲ့ မူဝါဒတွေ ချပြီး လုပ်နိုင်ရင် ကောင်းပါတယ်။ တရုတ်ပြည်ကို ကြည့်ရင် ဒါကြောင့် သူ့တိုင်းပြည် တိုးတက်လာတာပဲ။ တိုင်းပြည်တစ်ပြည် ကို ထူထောင်တဲ့ နေရာမှာ ကွန်မြူနစ် စနစ်တို့၊ အရင်းရှင်စနစ်တို့ ဆိုတာထက် လူထု ချမ်းသာအောင်၊ တိုင်းပြည်တိုး တက်အောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ထင်တယ်။ နာမည်ခံတာ ရှိတယ်။ တရုတ်ပြည်မှာ ဆိုရင် ကွန်မြူ နစ်ပါတီက နာမည် ခံတာပဲ။ အဓိက သူတို့သွားတဲ့ စနစ်က ဆိုရှယ် အရင်းရှင်နဲ့ သွားနေကြတာ၊ တိုင်းပြည် တိုးတက် လာတာပဲ။ မြန်မာနိုင်ငံ အနေနဲ့ကတော့ နှစ်ပေါင်းများစွာ ကွန်မြူနစ် ပါတီမှာ အသက်သွေးချွေးတွေ ပေးပြီးတော့ ရင်းနှီးမှုတွေ အများကြီး ပေးခဲ့တာပဲ။ သူတို့ရဲ့ အခန်းကဏ္ဍ ကောင်းတွေ ရှိခဲ့တာ ပဲ။ ဖက်ဆစ် တော်လှန်ရေးကို ဦးဆောင် တိုက်ခဲ့တာ ရှိတာပဲ။ ဗမာပြည်ရဲ့ အခန်း ကဏ္ဍမှာ အရေးပါတဲ့ အပိုင်းက ပါခဲ့သော် လည်း မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာ အင်မတန် ကြီးတဲ့ နိုင်ငံမျိုးမှာတော့ ဒီနေ့ အခြေအနေမျိုးမှာ ကွန်မြူနစ် ပါတီရဲ့အခန်း ကဏ္ဍနဲ့ နိုင်ငံကြီး တစ်နိုင်ငံ ထူထောင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

VOICEး ဦးအောင်ကျော်ဇောတို့ ကိုယ်တိုင် ထဲထဲ ဝင်ဝင် ဝင်ပါခဲ့ဖူးတဲ့ ကွန်မြူနစ် ပါတီရဲ့ ဒီနေ့ အနေအထား ကို ဘယ်လို မြင်ပါသလဲ။
UAKZး ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ခဲ့ဖူးပါတယ်။ ကွန်မြူနစ် ပါတီအကြောင်း ပြောမယ်ဆိုရင် ကွန်မြူနစ် ပါတီရယ်၊ ကွန်မြူနစ် ပါတီ ရဲ့ ခေါင်းဆောင်တွေရယ်၊ လမ်းစဉ်တွေ ရယ် သုံးပိုင်း ခွဲပြောဖို့ လိုမယ်ထင်တယ်။ ကွန်မြူနစ် ပါတီရဲ့ သွေးချွေး ပေးဆပ်မှု က အများကြီးပါ။ ပေးဆပ်ရတဲ့ အရင်းအနှီးလည်း များပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်နဲ့ ကိုက်ညီတဲ့ မှန်ကန်တဲ့ လမ်းစဉ်တွေကို ကွန်မြူနစ် ပါတီက မချနိုင်ဘူး။ နောက်ဆုံး ကွန်မြူ နစ်ပါတီ ပြိုလဲသွားတယ်။ 
ဒီပြဿနာမှာ အဓိက အကြောင်း အရာ နှစ်ခု ရှိပါတယ်။ တစ်ခုက တိုင်းရင်းသား ပြဿနာနဲ့ ဒီမိုကရေစီ ပြဿနာပါ။ ဗမာပြည် ကွန်မြူနစ် ပါတီက တိုင်းရင်းသား ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်တော့ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ တပ်သားတွေ၊ တပ်မှူးတွေ ကိုယ်တိုင် ခေါင်းဆောင်တွေကို ငြင်းဆန်ရတဲ့ အနေ အထားရောက်ခဲ့ရပါတယ်။ ဒါကြောင့် မြန်မာပြည် သမိုင်းမှာ သမိုင်းအစဉ်အလာ ဘယ်လောက်ကြီးတဲ့ ပါတီ၊ အင်အား ဘယ်လောက်ကောင်းတဲ့ ပါတီ ဖြစ်ဖြစ် အမျိုးသား ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင် ဖ.ဆ.ပ.လ ပြိုလဲ သွားသလို၊ မ.ဆ.လ ပြိုလဲသွားသလို ကွန်မြူနစ် ပါတီလည်း ပြိုလဲသွားတာပဲ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာ က အမျိုးသား ပြဿနာ၊ လူမျိုးစု ပြဿနာ ပေါ့။ အဲဒီနှစ်ခုကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ရင် ဘယ်ပါတီပဲ ဖြစ်ဖြစ် ပြိုလဲ ပျက်စီးမှာပဲ။

VOICEး မြစ်ဆုံ စီမံကိန်း အပါအဝင် တရုတ် ကုမ္ပဏီတွေရဲ့ စီမံကိန်း တချို့ကို မြန်မာပြည်သူတွေက လက်မခံတာမျိုး တွေဖြစ်ပြီး မြစ်ဆုံစီမံကိန်း ရပ်နားသွားတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ။
UAKZး တရုတ်နိုင်ငံက တစ်လျှောက်လုံး လုပ်လာသမျှ မြစ်ဆုံ ကိစ္စက သူ့ကို အရှိုက်ထိုး တာပေါ့။ အခုဖြစ်နေတဲ့ လက်ပန်းတောင်းတောင် ကိစ္စလည်း ထပ်ခံ ရဦးမှာပဲ။ ပိုက်လိုင်း ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်တို့၊ ၈၈ ကိုမင်းကိုနိုင်တို့ မပြောသေးလို့၊ ပြောလို့ လူထုကပါလာရင် ငယ်ထိပ်ကို မြွေပေါက်တဲ့ ကိစ္စ ဖြစ်တော့မှာ။ သူတို့က တစ်ချိန်က အာဏာရှင် အစိုးရ လုပ်ချင်တာ လုပ်တာကို အပြတ်အသတ် ထောက်ခံခဲ့ တယ်။ မြန်မာအစိုးရကို ဘယ်တော့မှ အထင်လည်း မကြီးဘူး။ မြန်မာအစိုးရက သူတို့ကို အမြဲ မှီခိုနေရမယ်လို့မြင်တယ်။ မြစ်ဆုံ ကိစ္စမှာလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှု လွန်ကဲနေတယ်။ မြန်မာ အစိုးရ သူတို့ကို မလှန်နိုင်ဘူးလို့ မြင် တယ်။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး စိတ်ဓာတ်ကို သိပ်အထင်သေးတယ်။ 
တရုတ် ပြည်သူ့အစိုးရလို့ ပြောပြီးတော့ မြန်မာပြည်သူတွေကို တစ်ခါမှ မျက်စိထဲ မထည့်ခဲ့ဘူး။ ဒါကြောင့် သူတို့ကို မြန်မာပြည်သူတွေက လှလှပပကြီး ပညာပေးခဲ့တာဖြစ်တယ်။ ပိုက်လိုင်း ကိစ္စမှာ သူ့ရဲ့ သေရေးရှင်ရေး ဖြစ်တယ်။ သူ့ရဲ့ရေနံပိုက်လိုင်းက ၂၀၁၄ ကျော်ရင် တရုတ်ပြည်က သုံးတဲ့ စွမ်းအင်ရဲ့ ၃၇ ရာခိုင်နှုန်းနဲ့ ၄၀ ကြားမှာ ရှိတယ်။ ဒါကို ပျက်လို့ မရဘူး။ နောက် မလက္ကာရေ လက်ကြားမှာ အရှေ့တောင် အာရှနိုင်ငံ တွေနဲ့ ဖြစ်နေတဲ့ ကိစ္စတွေကြောင့် ဒီရေနံ ပိုက်လိုင်းဟာသူ့အတွက် သေရေးရှင်ရေး ဖြစ်နေတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ယနေ့ မြန်မာအစိုးရ ရဲ့အပြောင်းအလဲမှာ တရုတ်အစိုးရက တချို့နေရာတွေမှာ လည်စင်းပေးထားရ တာဖြစ်တယ်။ ဒါပေမဲ့ မြန်မာအစိုးရက (ယခင်) တရားမဝင် ယူထားတဲ့ ကိစ္စတွေက အများကြီးရှိတယ်။ တရုတ် ကုမ္ပဏီ ဘက် ကို လိုက်လျောတဲ့ ကိစ္စတွေ ရှိနေတယ်။

VOICEး ဦးအောင်ကျော်ဇော အစပိုင်း ပြောသွားတဲ့ အထဲမှာ မြန်မာနိုင်ငံက ဆင်းရဲမှု အမြင့်ဆုံးကိုရောက် နေတယ်လို့ ပြောသွားတော့ ဆင်းရဲမွဲတေမှု လျော့ကျရေး မဖြစ်မနေ ဘာတွေလုပ်ဖို့ လိုမယ် ထင်လဲ။
UAKZး တကယ်တမ်း တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်တယ် ဆိုရင် ပြည်တွင်းစစ်ကို မုချ ရပ်စဲရမယ်။ လူမျိုးစုတွေ ပြောသလို ကရင်တစ်ကျပ် မြန်မာတစ်ကျပ် ဖြစ်အောင် တကယ် ကြိုးစားရမယ်။ အဲ့လိုကြိုးစားမှသာ ကျန်တဲ့ကိစ္စတွေ ပြေပြေလည်လည် ဖြစ် လာမယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး ဆိုတာ အလကားပဲ။ ပြည်တွင်းစစ် မရပ်စဲနိုင်ဘဲ ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်လို့မရဘူး။

news from....The Voice Weekly
“တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်ရင် ပြည်တွင်းစစ်ကို မုချ ရပ်စဲ ရမယ်”

မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံသို့ စစ်ပညာ သွားရောက် သင်ယူခဲ့သည့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များတွင် သက်ရှိ ထင်ရှား ကျန်ရှိနေသေးသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာရန် နိုင်ငံတော် သမ္မတက ခွင့်ပြုထားပြီးဖြစ်ရာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ မြန်မာနိုင်ငံ ပြန်လာမည့် အစီအစဉ်နှင့် တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံမှု အပေါ် သုံးသပ်ချက်တို့ကို သိရှိနိုင်စေရန် ကိုယ်တိုင်လည်း ကွန်မြူနစ် တစ်ဦးဖြစ်ကာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတွင် နေထိုင်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏သား စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် ဆက်သွယ် မေးမြန်း ထားသည်များမှ ကော်နုတ် ဖော်ပြ အပ်ပါသည်။

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း( မင်းထက်စံ)

Photo: တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း

Written by  မင်းထက်စံ

ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။

ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။

ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။

နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။

“ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်” ဟု အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။ ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။

ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။

“အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့”ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။

http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။

“နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။

မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး” ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။
ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။ “တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ” ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။

ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။ “မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ” ဟု ဦးဇော်မင်းသန့်က ဆိုသည်။

သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။
“ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်” ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။

မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။

ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။

news from..The Voice Weekly
ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက်
သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။

ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။

ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။

နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။

ပေါ်တာဆွဲရာတွင် ပါဝင်သော ပါတီဝင်လူငယ်များကို ထောက်ခံစာနှင့်ပြန်ရွေးမည့် NLDပါတီ

Photo: ပေါ်တာဆွဲရာတွင် ပါဝင်သော ပါတီဝင်လူငယ်များကို ထောက်ခံစာနှင့်ပြန်ရွေးမည့် NLDပါတီ

ငြိမ်းချမ်း(မြစ်မခ)


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၅)မှ စစ်တပ်ကိစ္စရပ်များတွင် အသုံးပြုရန် ဖားကန့် ကျောက်တောမှ   ပေါ်တာဆွဲသွားသော လူ(၃၀)တွင် နိုင်ငံရေးပါတီဝင် လူငယ်နှစ်ဦး ပါဝင်နေကြောင်း သိရှိရသည်။
 
အဆိုပါ လူငယ်(၂) ဦးမှာ NLDပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLDပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLDပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်းမိုးညင်းNLDပါတီဝင်တစ်ဦးထံက သိရသည်။
 
“ကျွန်တော်တို့ ပါတီဝင်တွေကို ထောက်ခံစာနဲ့ ပြန်ရွေး မှာပါ၊ KIAက NLDပါတီဝင် မိဘတွေက မွေးတဲ့ သားသမီးတွေ၊ NLDပါတီဝင်တွေကို သူတို့က မခေါ်ပါဘူး၊သူတို့ခေါ်တဲ့အချိန်က ကလေးတွေက ထောက်ခံစာ မပြနိုင်လို့ပါ``ဟု မိုးညင်းမြို့NLDပါတီမှ ဦးတင်ဝယ်က ပြောသည်။
 
KIAစစ်တပ်တပ်ရင်း(၅)မှ စက်တင်ဘာလ(၁၁)ရက်နေ့က ဖားကန့်တွင် ကျောက်သွားတူးကြသည့် ကချင်နှင့် ရှမ်းလူမျိုး အယောက်(၃၀)ကို စစ်တပ်တွင် အသုံးပြုရန်ခေါ်ဆောင်သွားခြင်းဖြစ်သည်။
 
KIAစစ်တပ်မှခေါ်ဆောင်သွားသော လူငယ်များထဲတွင် ဘီလူး၊မော်ဟန်၊ကာလူ၊ကန်မီးရှု့ရွာမှ လူငယ်များဖြစ်ပြီး ဘီလူးရွာစော်ဘွားကုန်းရပ်ကွက်မှ ဦးစိုင်းအောင်ရွှေ+ဒေါ်နန်းခမ်းခမ့်တို့၏ သား စိုင်းအောင်ဆန်းလင်းနှင့် ကန်မီးရှု့ရွာမှ ဦးစိုင်းမောင်အုန်း+ဒေါ်နန်းမြင့်ရီတို့၏သား ဖိုးသား(ခ)စိုင်းကျော်ဇင်ဦး တို့ဖြစ်ပြီး ၄င်းတို့မှာ NLDပါတီဝင်များ ဖြစ်ကြောင်းကိုလည်း သိရှိသည်။
 
´´ကျွန်မက မုဆိုးမပါ ၊ကျွန်မသားက ကျောက်တူးသွားရင်းနဲ့ ပါသွားတာ၊ ကျွန်မသားက ဆယ်တန်းလည်း အောင်ပြီးပြီ၊ အဲဒါကြောင့် သူတို့ကပြန်မလွှတ်တာနေမှာ၊ မော်ဟန်က ကလေးတွေကြတော့ နောက်နေ့ တစ်ယောက်ကို ပိုက်ဆံ (၂၅၀၀၀)နဲ့ သွားရွေးတာ(၁၂)ယောက် ပြန်ရတယ်``ဟု မိုးညှင်းမြို့နယ် ဘီလူးရွာမှ NLDပါတီဝင် ကိုအောင်ဆန်းလင်း၏မိခင်  ဒေါ်ခမ်းခမ့်က ပြောသည်။
 
KIAစစ်တပ်သည် စုစုပေါင်းလူအယောက်(၃၀)ခေါ်ဆောင်သွားပြီး မော်ဟန်၊ကာလူရွာဘက်မှ လူငယ်(၁၂)ဦး အား တစ်ဦးလျှင် ငွေကျပ် (၂၅၀၀၀)နှုန်းဖြင့် လွှတ်ပေးလိုက်ကြောင်း ဘီလူးရွာဒေသခံများထံက သိရသည်။
 
KIAစစ်တပ်မှ ပေါ်တာဆွဲသူများအား နောက်တစ်နေ့တွင် ပိုက်ဆံနှင့်ပြန်ရွေးရလေ့ရှိကြောင်း၊ ၄င်းတို့ နှစ်သက်သူများ အား ပြန်လွှတ်လေ့မရှိကြောင်း၊ မြန်မာလူမျိုးမျာနှင့် NLDပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLD ပါတီဝင်များကို ပြန်လွှတ်ပေးလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

news from.. Myit Makha Mediagroup on 17 Sep, 2012
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၅)မှ စစ်တပ်ကိစ္စရပ်များတွင် အသုံးပြုရန် ဖားကန့် ကျောက်တောမှ ပေါ်တာဆွဲသွားသော လူ(၃၀)တွင် နိုင်ငံရေးပ
ါတီဝင် လူငယ်နှစ်ဦး ပါဝင်နေကြောင်း သိရှိရသည်။

အဆိုပါ လူငယ်(၂) ဦးမှာ NLDပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLDပါတီဝင် မိဘများမှမွေးဖွားလာသော သားသမီးများ၊ NLDပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်းမိုးညင်းNLDပါတီဝင်တစ်ဦးထံက သိရသည်။

“ကျွန်တော်တို့ ပါတီဝင်တွေကို ထောက်ခံစာနဲ့ ပြန်ရွေး မှာပါ၊ KIAက NLDပါတီဝင် မိဘတွေက မွေးတဲ့ သားသမီးတွေ၊ NLDပါတီဝင်တွေကို သူတို့က မခေါ်ပါဘူး၊သူတို့ခေါ်တဲ့အချိန်က ကလေးတွေက ထောက်ခံစာ မပြနိုင်လို့ပါ``ဟု မိုးညင်းမြို့NLDပါတီမှ ဦးတင်ဝယ်က ပြောသည်။

မြန်မာသွင်းကုန် ကန့်သတ်ထားမှုအချို့ အမေရိကန် ရုတ်သိမ်းတော့မည်

  ရန်ကုန် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးမြှင့်သည့် အနေဖြင့် အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ သွင်းကုန် အချို့အပေါ် တားမြစ် ကန့်သတ်ထားချက်များ ရုတ်သိမ်း
ကြောင်း ကြေညာရန် စီစဉ်နေသည်ဟု သတင်းများအရ သိရသည်။



တနင်္ဂနွေနေ့တွင် အမေရိကန်သို့ ထွက်ခွါသွားသည့် ဒေါ်အောင်ဆန်းစုကြည်က သွင်းကုန် ကန့်သတ်ထားချက်အား ရုတ်သိမ်းပေးရန် တိုက်တွန်းခဲ့သည်။ အကယ်၍သာ ထိုလုပ်ရပ်ကို လုပ်ဆောင်မည်ဆိုပါက အမေရိကန်သမ္မတ
ရွေးကောက်ပွဲနှင့် အခြားသော အချက်များအရ၊ လွှတ်တော်ဆိုင်ရာ ဥပဒေမှတဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ခြင်းက သူ မရောက်မီ ကြို၍ ရုတ်သိမ်းသည့် အမိန့် ထွက်ရှိမှုကို ကာကွယ်ပေးမည် ဖြစ်သည်။

"ဒုတိယရင်သွေး လွယ်ထားရပြီဆိုတာ မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ဆို"

Photo: "ဒုတိယရင်သွေး လွယ်ထားရပြီဆိုတာ မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ဟုဆို"

အခုလတ်တလောမှာ အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးတွေ လျှောက်ဖို့ ငြင်းထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒီလိုရှိုးပွဲတွေကို လက်မခံဖြစ်တာက ဒုတိယ ကိုယ်ဝန်ကို လွယ်ထားတာကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှန်မမှန် သိရဖို့အတွက် အိန္ဒြာကျော်ဇင်နဲ့ ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာ တော့ ဖက်ရှင်ရှိုးတွေကို စင်ပေါ်မှာ တက်လျှောက်ဖို့ ငြင်းထားတယ်ဆိုတာ မှန်ကန်ပြီး ဒုတိယကိုယ်ဝန် လွယ်ထားခြင်းမှာ မဟုတ်ကြောင်း ငြင်းဆို လိုက်ပါတယ်။
''အူဝဲရှိုးပွဲဖျက်တယ်ဆိုတာ မှန်တယ်။ ၃ခုလောက်ရှိပြီ။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေလို့ ဖျက်တာတော့ မဟုတ်ဘူး။ ရှိုးပွဲက Stage ပေါ် မှာ လျှောက်ကို မလျှောက်ချင်တာ။ အဲ ဒါကြောင့် လာကမ်းလှမ်းတော့ အူဝဲငြင်းတာ။ အဲဒီလိုငြင်းတာကိုပဲ လူတွေရဲ့ စကားက ကားသွားတာ။ အမှန်တော့ ရှိုးမှာလမ်းလျှောက်ရတာ တအား ဖိစီးမှုများတာ။ အူဝဲ မကြိုက်ဘူး။ အခုအချိန်ဆိုကိုယ်က ကလေးနဲ့ ဆိုတော့ ပိုပြီးဖိစီးမှုကို မလိုချင်တော့ဘူး။ ရှိုးမလျှောက်တာက ပေါ့ပေါ့ပါးပါးနေလို့ရတယ်ဆိုပြီး လက်မခံချင်တော့ တာ။ နောက်ပိုင်းရှိုးပွဲ တွေလည်း လုံးဝမလျှောက်တော့ဘူး လို့ စဉ်းစားထားတယ်။ ကလေး ထပ်ရှိနေတယ်ဆိုတာတော့ အခု လောလောဆယ် မဟုတ်သေးဘူး။ ယူမယ် ဆိုရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် ၂နှစ်လောက်ခြား စေချင်တာ။ သဘောအားဖြင့် ပြေသုဒြာလေး တစ်နှစ်ကျော်ပြီးမှ နောက်ထပ် ကိုယ်ဝန်စရှိတယ်ဆိုရင် ၂နှစ်လောက် ကွာသွားမှာပေါ့။ အနည်းဆုံး ဒီလောက်တော့ခြားရမှာပေါ့။ အခုတော့ ကလေးထပ် မယူသေးဘူး။ ကိုယ်ဝန်လည်း လုံးဝမရှိသေးဘူးဆိုတော့ လူတွေထင်နေ တာမျိုးမဟုတ်သေးဘူး''လို့ ပြောပါတယ်။ အိန္ဒြာကျော်ဇင်က စက်တင်ဘာ ၂ဝ ရက်နောက်ပိုင်းမှာ ဇာတ်ကားပြန်လည် ရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)၊ ပြေတီဦးတို့နဲ့အတူ ဒီဗီဒီတစ်ကားရိုက်ကူးမှာ ဖြစ်ပါတယ်။

ဝဿန်

news from..Popular Journal
အခုလတ်တလောမှာ အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးတွေ လျှောက်ဖို့ ငြင်းထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒီလိုရှိုးပွဲတွေကို လက်မခံဖြစ်တာက ဒုတိယ ကိုယ်ဝန်ကို လွယ်ထားတာကြောင့် ဖြစ်တယ်ဆိ
ုတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှန်မမှန် သိရဖို့အတွက် အိန္ဒြာကျော်ဇင်နဲ့ ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာ တော့ ဖက်ရှင်ရှိုးတွေကို စင်ပေါ်မှာ တက်လျှောက်ဖို့ ငြင်းထားတယ်ဆိုတာ မှန်ကန်ပြီး ဒုတိယကိုယ်ဝန် လွယ်ထားခြင်းမှာ မဟုတ်ကြောင်း ငြင်းဆို လိုက်ပါတယ်။
''အူဝဲရှိုးပွဲဖျက်တယ်ဆိုတာ မှန်တယ်။ ၃ခုလောက်ရှိပြီ။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေလို့ ဖျက်တာတော့ မဟုတ်ဘူး။ ရှိုးပွဲက Stage ပေါ် မှာ လျှောက်ကို မလျှောက်ချင်တာ။ အဲ ဒါကြောင့် လာကမ်းလှမ်းတော့ အူဝဲငြင်းတာ။ အဲဒီလိုငြင်းတာကိုပဲ လူတွေရဲ့ စကားက ကားသွားတာ။ အမှန်တော့ ရှိုးမှာလမ်းလျှောက်ရတာ တအား ဖိစီးမှုများတာ။ အူဝဲ မကြိုက်ဘူး။ အခုအချိန်ဆိုကိုယ်က ကလေးနဲ့ ဆိုတော့ ပိုပြီးဖိစီးမှုကို မလိုချင်တော့ဘူး။

ရသေ့တောင်တွင် ဓါတ်ပုံရိုက်၍ ကြံ့ခိုင်ရေး ရခိုင် တာဝန်ခံ ဦးမောင်ဦး လူထုကို ဆဲဆို

Photo: ရသေ့တောင်တွင် ဓါတ်ပုံရိုက်၍ ကြံ့ခိုင်ရေး ရခိုင် တာဝန်ခံ ဦးမောင်ဦး လူထုကို ဆဲဆို


ကြံ့ခိုင်ရေး ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦးသည် မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အတူ စက်တင်္ဘာလ ၁၆ ရက်နေ့က ရသေ့တောင်သို့ လာရောက်စဉ် မြို့ခံ တစ်ဦးက ဓါတ်ပုံရိုက်သဖြင့် တမြို့လုံးကို ရိုင်းပျစွာ ဆဲဆိုသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ ဦးမောင်ဦးနဲ့ အတူ ပါလာတာက ကြံ့ခိုင်ရေး မွတ်ဆလင် ဘင်္ဂလီ အမတ် ဦးအောင်ဇော်ဝင်း ဖြစ်ပါတယ်။ မနေ့က  ၁၀ နာရီခွဲခန့်မှာ သူတို့ က ဘူးသီးတောင်က တဆင့် ရသေ့တောင်ကို ယူအန် စပိဘုတ်နဲ့ ရောက်လာပါတယ်။ အဲသလို ရောက်လာတဲ့ အခါ လူတချို့က ၀ိုင်းအုံကြည့်ကြတော့ လူတွေကို မကျေမနပ်နဲ့ ဘာကြည့်နေတာလဲ ဆိုပီးး အမျိုးမျိုး ပြစ်တင် ပြောဆိုပါတယ်။ အဲသလို ပြောဆိုနေတာကို  မြို့ခံ တစ်ဦးက လက်ကိုင်ဖုံးနဲ့ ဓါတ်ပုံရိုက်တော့ မြို့ခံ လူထုတွေကို မိုက်ရိုင်းစွာ ဆဲဆိုသွားပါတယ်” ဟု အမည် မဖေါ်လိုသူ မြို့ခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ပြည်သူများကို သာမက လုံခြုံရေး တာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆဲဆိုသည်မှာ မကြားဝံ့ မနာသာ ဖြစ်ပြီး လူကြီး တစ်ဦး အနေဖြင့် လုံးဝ မပြုလုပ်အပ်သော ဆဲဆိုမူ ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ သူက ပြည်သူတွေကို အပြင်  ရဲတွေကို ဘယ်လို ဆဲသလဲ ဆိုရင် အားတော့ နာပါတယ်ဗျာ။ မအေလိုးတွေ၊ မင်းတို့ရဲတွေ ဘာကောင်တွေလဲ။ သွားစမ်း။ သွားကြစမ်း။ ဆိုပြီးတော့ ဆဲပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့သား ကြံ့ခိုင်ရေး ပါတီမှ တာဝန်ရှိသူ ဦးသိန်းထွန်းကိုလည်း မင်းဒီမြို့သား  မဟုတ်ဘူးလား။ ဘာမှ မထိန်းနိုင်ရင် အလုပ်က ထွက်ဆိုပြီး ကြိမ်းမောင်းပါတယ်။ ဒီ ဓါတ်ပုံရိုက်တဲ့ အကောင်ကိုလည်း  ချက်ချင်း ငါရှေ့ကို ခေါ်လာခဲ့။ ဒီကောင်မရရင် ဒီနေရာက ငါမသွားဘူး။ ငါ့ခွင့်ပြုချက် မရဘဲ ဓါတ်ပုံရိုက်လို့ မရဘူး။ ဒီကောင်ကို ဘယ်သူက ရိုက်ခိုင်းတာလဲ ငါမေးမယ်။ ဆိုပြီး ပြောပါတယ်” ဟု သူက ပြောသည်။

သူနှင့် အတူ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များ ပါလာသည့် အပေါ် မြို့ခံများက တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသော်လည်း သူ့ကိုသူ မလုံမလဲ ဖြစ်ကာ ရသေ့တောင် ဒေသခံများကို  အမျိုးမျိး ရိုင်းစွာ ပြောဆိုနေခဲ့သည်ဟု ဆိုသည်။

“ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတာ ကြာပီဘဲ။ လွတ်လပ်စွာ သွားလို့ရတယ်။ ကုလားတွေနဲ့ ခရီးသွားတော့ ဘာဖြစ်လဲ။ ကုလားလည်း အမတ်ဘဲ။ ကြံ့ခိုင်ရေး ပုဆိုးက အနူ ပုဆိုးမဟုတ်ဘူး။”  ဟု ပြောသည်။

ထိုသို့  ရသေ့တောင် သင်္ဘောဆိပ်တွင် ဆဲဆိုနေစဉ် အနီးအနားရှိ အသုဘ တစ်ခု အိမ်ပေါ်မှ ကြည့်နေသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းအား “ ဒီကောင်က ဘာကောင်လဲ” စသဖြင့် မေးမြန်း ပြောဆိုရာ ဦးလှမောင်သိန်းက အသုဘ အိမ်ပေါ်မှ ဆင်းလာပြီး  ကျွန်တော်က ရခိုင် လွှတ်တော် အမတ်ပါဟု ပြောဆိုရာ မိမိမှာလည်း အမတ် တစ်ဦး ဖြစ်ကြောင်း၊ အေးအေးဆေးဆေး ပြော၍ ရကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဦးလှမောင်သိန်းမှ ယခု အသုဘ ဖြစ်နေ၍ လူကြီး လူကောင်းပီပီ ပြောဆိုပါရန် မေတ္တာရပ်ခံရာ မိမိ အသုဘ ရှိနေသည်ကို မသိရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လက်ကိုင် တယ်လီဖုံးဖြင့် ဓါတ်ပုံ ရိုက်သူအားရဲက ခေါ်ဆောင်လာခဲ့ပြီး ရဲတာဝန်ရှိသူမှ သူ့မှာ ဦးမောင်သောင်း ဖြစ်ပါကြောင်း၊ သာမန် လူတစ်ဦး ဖြစ်ကြောင်း ပြောဆိုရာ ဖုံးကိုသိမ်းခိုင်းပြီး လူကို ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

ဦးမောင်ဦးသည် ရသေ့တောင်မြို့ တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူး ရုံးတွင် တွေ့ဆုံပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေနှင့် သဘောထားကြီးရန် လိုအပ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု ဆိုသည်။

အစိုးရ၀န်ထမ်းများ ရဲအရာရှိများကိုလည်း အမျိုးမျိုး ဆဲဆိုကြိမ်းမောင်းသွားပြီး ရသေ့တောင်မြို့နယ် ကြံ့ခိုင်ရေး ပါတီ နှစ်ပတ်လည် အခမ်းအနားသို့လည်း တက်ရောက်သွားခြင်း မရှိကြောင်း သိရသည်။

မွတ်ဆလင် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်းမှာ ရသေ့တောင် မြို့ပေါ်သို့ တက်ရောက်ခြင်း မရှိဘဲ စပိဘုတ်ပေါ်တွင် ရဲအစောင့် အရှောက်များဖြင့် ကျန်နေခဲ့ကြောင်း သိရသည်။
news from..Narinjara
ကြံ့ခိုင်ရေး ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦးသည် မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းနှင့် အတူ စက်တင်္ဘာလ ၁၆ ရက်နေ့က ရသေ့တောင်သို့ လာရောက်စဉ် မြို့ခံ တစ
်ဦးက ဓါတ်ပုံရိုက်သဖြင့် တမြို့လုံးကို ရိုင်းပျစွာ ဆဲဆိုသွားခဲ့ကြောင်း သတင်း ရရှိသည်။

“ ဦးမောင်ဦးနဲ့ အတူ ပါလာတာက ကြံ့ခိုင်ရေး မွတ်ဆလင် ဘင်္ဂလီ အမတ် ဦးအောင်ဇော်ဝင်း ဖြစ်ပါတယ်။ မနေ့က ၁၀ နာရီခွဲခန့်မှာ သူတို့ က ဘူးသီးတောင်က တဆင့် ရသေ့တောင်ကို ယူအန် စပိဘုတ်နဲ့ ရောက်လာပါတယ်။ အဲသလို ရောက်လာတဲ့ အခါ လူတချို့က ၀ိုင်းအုံကြည့်ကြတော့ လူတွေကို မကျေမနပ်နဲ့ ဘာကြည့်နေတာလဲ ဆိုပီးး အမျိုးမျိုး ပြစ်တင် ပြောဆိုပါတယ်။ အဲသလို ပြောဆိုနေတာကို မြို့ခံ တစ်ဦးက လက်ကိုင်ဖုံးနဲ့ ဓါတ်ပုံရိုက်တော့ မြို့ခံ လူထုတွေကို မိုက်ရိုင်းစွာ ဆဲဆိုသွားပါတယ်” ဟု အမည် မဖေါ်လိုသူ မြို့ခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မြန်မာ့တောနက် တွင်း နှစ်သုံးဆယ်ကျော် ကြာ ပျောက်ဆုံးခဲ့သော မိန်းကလေး ပြန်ရှာတွေ့

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ မြန်မာနိုင်ငံနယ်စပ်အနီးရှိ Saiha ကျေးရွာမှ အသက် ၄ နှစ်အရွယ် မိန်းကလေး တစ်ဦးသည် ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့ပြီး အိန္ဒိယနယ်စပ်ရှိ မြန်မာတောနက်ထဲတွင် နှစ်ပေါင်း လေးဆယ်နီးပါး အသက်ရှင် နေထိုင် ခဲ့ရာမှ ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။

ယခုအခါ အသက် ၄၂ နှစ်

ရှိပြီ ဖြစ်သော Ng Chhaidy ဆိုသူမှာ မြန်မာနိုင်ငံနှင့် နယ်ချင်းစပ်လျက် ရှိသည့် မီဇိုရမ် ပြည်နယ် ၏ တောင်ဘက် အကျဆုံး ခရိုင်တွင် အိမ်ခြေ ၁၅ဝ ခန့် ရှိသော Saiha ရွာကလေးမှ ပျောက်ဆုံးခဲ့ချိန် ၁၉၇၄ ခုနှစ်တွင် အသက် ၄ နှစ် နီးပါးမျှသာ ရှိသေးသည်ဟု သိရသည်။

Saiha ရွာသားများမှာ တောထဲမှ မိန်းကလေး အကြောင်းကို ဆယ်စုနှစ် ပေါင်းများစွာ ကြားဖူးခဲ့သော်လည်း ကောလာဟလ တစ်ခုအဖြစ်သာ သဘောထားခဲ့ပြီး သူတို့ရွာမှ ပျောက်ဆုံးသွားသည့် မိန်းကလေး ဖြစ်နိုင်သည် ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ကြချေ။

မုံရွာမြို့နယ်မှူးကို အမျိုးသမီး ၃ ဦး တရားစွဲမည်

Photo: မုံရွာမြို့နယ်မှူးကို အမျိုးသမီး ၃ ဦး တရားစွဲမည်

မန်းသားလေး| September 17, 2012 |

မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ်မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခဲ့မှုတွင် အပြစ်တစုံတရာ ဖော်ပြနိုင်ခြင်း မရှိဘဲ အမျိုးသမီးများအား အကြမ်းဖက် နှိပ်ကွပ်ခြင်းအပေါ် မကျေနပ်သဖြင့် မုံရွာမြို့နယ်မှူးကို နားလည်တတ်ကျွမ်းသည့် အဖွဲ့စည်းများနှင့် တိုင်ပင်ပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ ညနေက ပြန်လည် လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းက ပြောသည်။

‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက စခန်းရဲ့ အပေါ် အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။ ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေနပ်ဘူး။ မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာ သိမ်းထားမှုများကြောင့် အမျိုးသမီး ၁၂ ဦးတို့က မုံရွာမြို့ ဆုတောင်းပြည့် ဘုရားသို့ လာရောက်ဝတ်ပြု ဆုတောင်းကြရာ အာဏာပိုင်များက အကြောင်းမဲ့ ဖမ်းဆီးပြီး အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

‘‘ကျမတို့ ညီအစ်မတွေ အေးအေးဆေးဆေး ဘုရားဖူးတာပါ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ မြို့နယ်မှူးက ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အချုပ်ထဲမှာလည်း မြို့နယ်မှူးကိုယ်တိုင် ကျမတို့ ဆံပင်တွေကို ဆွဲတယ်။ လက်တွေဖိပြီး ဆွဲလားရမ်းလား လုပ်ခဲ့ပါတယ်။ ရဲနဲ့ ရဲမေတွေက ကျမတို့ကို အတင်းဝင်လုံးလို့ ကျမတို့ အဝတ်တွေ ကျွတ်ခဲ့ရပါတယ်။ ထမီကျွတ်ရက်ကြီး ပါလာတဲ့အတွက် ထမီပြင်ဝတ်ဖို့ တောင်းပန်တာတောင် ပြင်ဝတ်ခွင့် မပေးခဲ့ပါဘူး” ဟု ပြန်လွတ်လာခဲ့သည့် မအေးနက်က ဆိုသည်။

ယင်းသို့ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည့်အတွက် မြို့နယ်မှူးကို သက်ဆိုင်ရာတရားရုံးမှ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လွတ်မြောက်လာသည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ၎င်းက ပြောပြခြင်း ဖြစ်သည်။

‘‘ကျမတို့က မြန်မာလူမျိုး မိန်းမပျိုတွေပါ။ အရှက်တရားနဲ့ လူလုပ်နေတာပါ။ တောသူ တောင်သားလည်း ဖြစ်တယ်။ ကျမတို့က အတင်း ထွက်ပြေးနေတာလည်း မဟုတ်ပါဘူး။ ဒီလိုကျွတ်ကျတဲ့ ထမီလေးတောင်ပြန်ပြီး ပြင်ဝတ်ခွင့်မပေးတာ ကျမတော့ တော်တော်လေးကို ၀မ်းနည်းလို့ မဆုံးပါဘူး၊ ရှက်လို့လည်း မဆုံးဘူး။ လူတွေ ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာ ဒီလို ထမီလေးတောင် ပြင်ဝတ်ခွင့် မရှိပါလားဆိုပြီး ကျွန်မတော့ အဲဒီလိုမြင်ပါတယ်” ဟု မအေးနက်က ဆိုသည်။

ယင်းမြို့နယ်မှူးသည် ၂၀၁၀ ပြည့်နှစ်ဝက်မှစပြီး မုံရွာမြို့သို့ ပြောင်းလာခြင်း ဖြစ်ကာ ယခင် ၎င်းတာဝန် ထမ်းဆောင်ခဲ့သည့် မကွေးမြို့တွင်လည်း Weekely Eleven ဂျာနယ်မှ သတင်းထောက်ကို မကွေးမြို့ ရေကြီးသည့် ဓာတ်ပုံများ ရိုက်ကူးသည်ဟု ဆိုပြီး ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သူဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ်မှူးနှင့် အမှတ် ၁ ရဲစခန်းမှ အာဏာပိုင် အရာရှိများသည် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အကြမ်းဖက်သည့် နည်းလမ်းများ အသုံးပြုခဲ့ကြောင်း သိရသည်။

ဆန္ဒပြသည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင်ပင် အဆိုပါမြို့နယ်မှူးက စာတန်းများကိုင်ဆောင်ပြီး လမ်းလျှောက် ချီတက် ဆန္ဒပြနေကြသည့် လူအုပ်ကြားထဲဝင်ရောက်ကာ ဆန္ဒပြသူများ ကိုင်ဆောင်လာသည့် စာရွက်များကို ၀င်ရောက် လုယူဆွဲဖြဲခြင်း၊ ဆဲဆို ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြင်တွေ့ခဲ့သူများက ပြောသည်။

ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ယာဉ်ထိန်းရဲ ဦးမြသောင်း ကိုယ်တိုင် ဆန္ဒပြသည့် လူအုပ်ထဲသို့ ကားဖြင့် အတင်းမောင်းနှင် ၀င်ရောက်ခဲ့မှုကြောင့် ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မုံရွာ ဒေသခံများက ပြောဆိုကြသည်။

မုံရွာ အမှတ် ၁ ရဲစခန်းတွင် အမျိုးသမီး ၁၂ ဦး ဖမ်းဆီးချုပ်နှောင် ခံထားရစဉ် အချိန်အတွင်း စခန်းအတွင်းရှိ ရဲများနှင့် ရဲမေများက မြို့နယ်မှူး အမိန့်ဖြင့် အဆိုပါ အမျိုးသမီးများကို ဆံပင်များဆွဲရမ်းခြင်း ပြုလုပ်ခဲ့သည့်အပြင် စခန်းအပြင်မှ အမျိုးသမီးကြီးတဦး စခန်းတွင်း ဝင်ရောက်လာကာ အဖမ်းဆီခံထားရသည့် အမျိုးသမီးများကို ကြိမ်းမောင်းခြင်း၊ ဥပဒေမဲ့ ပြုမူခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

အမှတ် ၁ ရဲစခန်းမှ ရဲမေများက ယခုကဲ့သို့ အကြမ်းဖက်ရန် သမ္မတက စေခိုင်းခြင်း ဖြစ်ကြောင်း၊ မှတ်သားသွားစေရန် ဆုံးမခြင်း ဖြစ်ကြောင်း အချုပ်ခန်းတွင် ပြောဆိုခဲ့သည်ဟု အဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက ရှင်းပြသည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းများ ဆက်လက်တိုးချဲ့ လုပ်ကိုင်ရန်အတွက် အနီးအနားရှိ ကျေးရွာ ၄ ရွာကို ရွှေ့ပြောင်းခိုင်းခြင်းမှ အစပြုကာ ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ပြောင်းရွှေ့ရန် ကျန်ရှိနေသည့် ရွာ ၄ ရွာမှ အမျိုးသမီး ၁၂ ဦးသည် စက်တင်ဘာလ ၁၀ ရက်နေ့က လက်ပန်းတောင်းတောင် ရပ်တန့်ရေး စာတန်းများ ပါသည့် တီရှပ်များ ၀တ်ဆင်ကာ မုံရွာမြို့သို့ ဘုရားသွားဖူးချိန်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနေ့က အမျိုးသမီး ၉ ဦးကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ခေါင်းဆောင်ဟု ယူဆသည့် ၃ ဦးကို ဆက်လက် ထိန်းသိမ်းထားရာမှ ဒေသခံများနှင့် အသင်းအဖွဲ့များက ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသည့်အတွက် ဆူပူမှုများ ပိုမိုဖြစ်ပေါ်ခဲ့သည်။

ဆန္ဒပြသူများကို ညအိပ်လက်ခံခဲ့သည့် မုံရွာမြို့မ ဂါတ်ဘုန်းကြီးကျောင်းကို အမှတ် ၁ ရဲစခန်းတွင် နေထိုင်သည့် ၀န်ထမ်းများနှင့် မိသားစုများ အနေဖြင့် ဆွမ်းချိုင့်မပို့ရဟု အမိန့်ထုတ်ပြန်ထားကြောင်း ကြားသိရသည်။

‘‘ဆန္ဒပြတာ ဦးဇင်းတို့ ကျောင်းရှေ့မှာလေ။ ညပိုင်းကြတော့ ဆန္ဒပြတဲ့လူတွေ ပြန်ဖို့ခက်ခဲတဲ့အတွက် ဦးဇင်းတို့ကျောင်းမှာ တည်းခွင့် ပေးခဲ့တာပါ။ ဦးဇင်းတို့ကို အရင် အမှတ် ၁ ရဲစခန်းက တနေ့ကို ဆွမ်းချိုင့် ၅ ချိုင့်ပို့တယ်။ ဆန္ဒပြပြီး နောက်တရက် ဆွမ်းချိုင့်လည်းသွားပို့ရော ချိုင့်ထဲမှာ ဆွမ်းတွေ မပါဘဲ ဗလာကြီးဖြစ်နေတယ်။ ဆွမ်းချိုင့်ပို့တဲ့ ကိုရင်က ဘာဖြစ်လို့လဲ မေးတော့ အထက်က ဆွမ်းမလောင်းရဘူး၊ လောင်းရင် ဖမ်းမယ်ဆိုလို့ ဆွမ်းမထည့်တာပါလို့ ပြောတယ်” ဟု ယင်းကျောင်း တွင် သီတင်းသုံးနေသည့် ဆရာတော် ဦးရာဇဓမ္မက မိန့်သည်။

ဝက်မှေးကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းကိုလည်း အာဏာပိုင်များက ချိတ်ပိတ်ကာ အတွင်းရှိ ဘုရား ဆင်းတုတော်များနှင့် သာသနာပိုင် ပစ္စည်းများကို ဖျက်ဆီးနေကြောင်း ၀က်မှေးကျေးရွာ ဒေသခံများက ပြောသည်။

လက်ပံတောင်းတောင်တွင် ဦးပိုင်လီမိတက်နှင့် တရုတ်ကုမ္ပဏီ ၀မ်ပေါင်တို့ ပူးပေါင်းကာ ကြေးနီရှာဖွေသည့် လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။ ကြေးနီ တူးဖော်ရှာဖွေရာတွင် စွန့်ပစ်မြေများကို လယ်ယာမြေများတွင် သွားရောက် စုပုံခြင်းကြောင့် တောင်သူလယ်သမားများ၏ လယ်မြေများ ပျက်စီးခဲ့ခြင်းမှ အစပြုကာ ကြေးနီတောင် စီမံကိန်း ရပ်တန့်ပေးရန်အထိ တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကြေးနီထုတ်လုပ်မှု စီမံကိန်းကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ပြီးချိန်မှ စတင်ပြီး ဂျပန်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ရာ ထုတ်လုပ်မှု မအောင်မြင်သောကြောင့် ၁၉၇၄ ခုနှစ် ယူဂိုဆလားဗီးယား နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် ခဲ့သေးသည်။

၁၉၇၈ ခုနှစ်တွင် ကြေးစင်တောင်နှင့် စံပယ်တောင် အနီးအနားရှိ ကျေးရွာများမှ လယ်မြေများကို သိမ်းဆည်းကာ ကြေးနီ ထုတ်လုပ်သည့် စက်ရုံများတည်ထောင်ခဲ့ပြီး ကြေးနီထုတ်လုပ်မှုအပိုင်းကို တိုးမြှင့်ခဲ့သည်ဟု ယင်းတောင်ခြေတွင် နေထိုင်သည့် ကံကုန်းကျေးရွာမှ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဦးဘိုသန်းက ပြောသည်။

‘‘ကြေးနီထုတ်လုပ်တဲ့ စက်ရုံတည်ထောင်ပြီးကတည်းက ကျနော်တို့ ရွာတွေမှာ သူတို့ စွန့်ပစ်တဲ့ ရေတွေနဲ့ အနံ့အသက် ဆိုးတဲ့ လေထု ဒဏ်ကို အလူးအလဲ ခံခဲ့ရတာပါ။ လယ်မြေတွေလည်း ပျက်စီး၊ ကျေးရွာမြေတွေလည်း ပျက်ကုန်တယ်။ ကျေးရွာထဲ မှာတောင် သောက်စရာ ရေမရှိ၊ ရေတွင်းတွေ ခန်းကုန်တယ်။ အဲဒီဒဏ်ကို အခုထိ ကျနော်တို့ ခံနေရတုန်းပါ” ဟု ၎င်းက ရှင်းပြသည်။

၂၀၀၃ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကြေးနီစီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြစ်ပြီး လက်ပန်းတောင်း တောင် ၃၃ လုံးကို သတ္တုသိုက် ရှာဖွေရေး စီမံကိန်းကြီးအဖြစ်သတ်မှတ်၍ ကြေးနီ၊ ရွှေ၊ ပလက်တီနမ်များ ထုတ်လုပ်သွားမည် ဟု သိရသည်။

ယင်းစီမံကိန်း အကြီးကျယ်လုပ်ဆောင်လျှက် ရှိသော်လည်း အနီးအနားရှိ ဒေသခံများကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးမှု နည်းပါးခြင်း၊ ကျေးလက်နေ တောင်သူများ လုပ်ကိုင်သည့် လယ်မြေများပျက်စီးမှုအတွက် တစုံတရာ ဖြေရှင်းမပေးခြင်း အပြင် သောက်ရေသုံးရေများ ပြတ်တောက်မှုကြောင့် ဒေသခံများမှာ ဒုက္ခရောက်လျှက် ရှိသည်။

ထို့ကြောင့် လက်ပန်းတောင်းတောင် အနီးအနားတွင် နေထိုင်ကြသည့် ကျေးရွာ ၂၆ ရွာမှ ဒေသခံများမှာ ကြေးစင်တောင်နှင့် စံပယ်တောင်ကို နမူနာယူပြီး ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့ အောင်မြေအား ဖျက်ဆီး နေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်း တို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရေးကို ကျေးရွာ ၂၆ ရွာမှ ဒေသခံများနှင့် မုံရွာ ဒေသခံများ ပူးပေါင်းကာ စီမံကိန်း ရပ်တန့်သွားသည်အထိ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

ကြေးနီတောင် စီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး စက်တင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက် လာသည့် အမျိုးသမီး ၃ ဦးကို ကြိုဆိုလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မူရင်းသတင်းဌာန--ဧရာဝတီ
မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ်မှူးကို တရားစွဲဆို သွားမည်ဖြစ်ေ
ကြာင်း သိရသည်။

ဖမ်းဆီးခဲ့မှုတွင် အပြစ်တစုံတရာ ဖော်ပြနိုင်ခြင်း မရှိဘဲ အမျိုးသမီးများအား အကြမ်းဖက် နှိပ်ကွပ်ခြင်းအပေါ် မကျေနပ်သဖြင့် မုံရွာမြို့နယ်မှူးကို နားလည်တတ်ကျွမ်းသည့် အဖွဲ့စည်းများနှင့် တိုင်ပင်ပြီး တရားစွဲဆိုသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ ညနေက ပြန်လည် လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းက ပြောသည်။

‘‘မြို့နယ်မှူးက ကျမကို စခန်းထဲကနေ အတင်းဆွဲထုတ် ခိုင်းတယ်။ ရဲတွေက စခန်းရဲ့ အပေါ် အချုပ်ထဲကနေ လှေကား အတိုင်း ကျမကို တရွတ်တိုက် ဆွဲခေါ်လာတယ်။ ကျမ ထမီ ကွင်းလုံး ကျွတ်ကျတယ်။ အဲဒီနေရာမှာ မြို့နယ်မှူး အပါအ၀င် ရဲအင်အား ငါးရာကျော်လောက် ရှိတယ်။ အဲဒီလို ကျမအရှက်ကို ခွဲတဲ့အတွက် မကျေနပ်ဘူး။ မြို့နယ်မှူးကို တရားပြန်စွဲမယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်စွဲမှာ။ ကျမတို့မှာ ဘာအပြစ်မှ မရှိဘဲ ကုတ်ဖဲ့ပြီး ကားပေါ်ကို ဆွဲတင်ခဲ့တာ။ ကျမတို့က ကားပေါ်ကို အသာတကြည် တက်ပါမယ်လို့ ပြောတာတောင် မရဘူး” ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။

ကင်းလှည့်ရေယာဉ်များ စေလွှတ်ခဲ့မှုအပေါ် အောင်မြင်သောစစ်ရေးအဖြစ် တရုတ်ကြေညာ

Photo: ကင်းလှည့်ရေယာဉ်များ စေလွှတ်ခဲ့မှုအပေါ် အောင်မြင်သောစစ်ရေးအဖြစ် တရုတ်ကြေညာ

Posted on Sep 17 12 - 03:24 PM

တရုတ်နိုင်ငံက ပိုင်ဆိုင်မှု အငြင်းပွားရာ ကျွန်းများအနီး ကင်းလှည့်မှုကို အောင်မြင်သော စစ်ဆင်ရေး လုပ်ငန်းတစ်ခုအဖြစ် ကြေညာခဲ့သည်။ တရုတ်သည် ၎င်းတို့၏ စစ်တပ်ရေယာဉ် (၆)စင်းကို ဂျပန်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေရာ ကျွန်းများထံသို့ စေလွှတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ တရုတ်တွင် ဒိုင်အိုယူဟု ခေါ်ပြီး ဂျပန်တွင် ဆန်ကာကူဟု လူသိများသော ကျွန်းများအနက် ကျွန်း(၃)ခုကို ဂျပန်နိုင်ငံက ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် တရုတ်က ရေတပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပါနက်တာက တိုကျိုတွင် ရှိနေစဉ် ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်ရော၊ ဂျပန်ပါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။


"တစ်ဖက်ဖက်က အစွန်းရောက်တာမျိုး ဖြစ်လာတာနဲ့ ရလဒ်က အကြမ်းပတမ်းတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံးမှာ နိုင်ငံနှစ်ခုကြား ပဋိပက္ခမျိုးကို ဦးတည်လာနိုင်တယ်"ဟု ပါနက်တာက သတိပေးခဲ့သည်။ တရုတ်နိုင်ငံသည် လူအများ အခြေချ နေထိုင်ရန် ခက်ခဲသော်လည်း သဘာဝရင်းမြစ် ပေါကြွယ်ဝသည့် ကျွန်းများကို ဂျပန်နှင့်အပြိုင် လုနေရပြီး တစ်ဖက်တွင် ထိုင်ဝမ်ကလည်း ၎င်းတို့ ပိုင်ဆိုင်ကြောင်း အရေးဆိုနေသည်။ တရုတ် ရေတပ် ထောက်လှမ်းရေးဌာန (CMS)က မိမိတို့သည် သောကြာနေ့က ရေတပ် ကင်းလှည့်လှေများကို စေလွှတ်ခဲ့ပြီး တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင်မူ ကျွန်းပိုင်ဆိုင်မှု အငြင်းပွားသည့် နောက်ဆက်တွဲ အခြေအနေအဖြစ် တရုတ်နိုင်ငံတွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုများ ဖြစ်ပေါ်နေသလို ဂျပန်လုပ် မော်တော်ကားများကို ပစ်မှတ်ထား တိုက်ခိုက်ကာ ဂျပန်အလံများကို မီးရှို့ခဲ့ကြသည်။ တနင်္ဂနွေနေ့ကမူ ရာနှင့်ချီသည့် တရုတ် ဆန္ဒပြသူများသည် ဘေဂျင်းရှိ ဂျပန်သံရုံးကို ဝိုင်းဝန်းထားရာ အဓိကရုဏ်း နှိမ်နင်းရေး ရဲများနှင့် ပြဿနာ တက်ခဲ့သေးသည်။ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါကမူ ဘေဂျင်းအစိုးရအား မိမိတို့ နိုင်ငံအပေါ် ဆန့်ကျင်မှုများကို လျော့ကျအောင် ဆောင်ရွက်ရန် တိုက်တွန်းထားပြီး ပြဿနာကို နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုကြောင်း ကမ်းလှမ်းထားသည်။ 

Source: BBC

မူရင်းသတင်းဌာန--Planet Myanmar Network
 Sep 17 12 - 03:24 PM

တရုတ်နိုင်ငံက ပိုင်ဆိုင်မှု အငြင်းပွားရာ ကျွန်းများအနီး ကင်းလှည့်မှုကို အောင်မြင်သော စစ်ဆင်ရေး လုပ်ငန်းတစ်ခုအဖြစ် ကြေညာခဲ့သည်။ တရုတ်သည် ၎င်းတ
ို့၏ စစ်တပ်ရေယာဉ် (၆)စင်းကို ဂျပန်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေရာ ကျွန်းများထံသို့ စေလွှတ်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ တရုတ်တွင် ဒိုင်အိုယူဟု ခေါ်ပြီး ဂျပန်တွင် ဆန်ကာကူဟု လူသိများသော ကျွန်းများအနက် ကျွန်း(၃)ခုကို ဂျပန်နိုင်ငံက ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် တရုတ်က ရေတပ်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပါနက်တာက တိုကျိုတွင် ရှိနေစဉ် ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်ရော၊ ဂျပန်ပါ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေသည့် ယုဇန စားအုန်းဆီ စက်ရုံ ပိုင်ရှင် ကိုယ်တိုင် လာရောက် ဆွေးနွေး သော်လည်း တိကျရေရာသော ကတိကဝတ် မရရှိ

Photo: ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေသည့် ယုဇန စားအုန်းဆီ စက်ရုံ ပိုင်ရှင် ကိုယ်တိုင် လာရောက် ဆွေးနွေး သော်လည်း တိကျရေရာသော ကတိကဝတ် မရရှိ

လူမှုရေးသတင်း — စက်တင်ဘာလ ၁၇၊ ၂၀၁၂

မိမိတို့ တင်ပြ တောင်းဆိုထားသော ကတိများ မရရှိပါက မူလရည်မှန်း ထားသည့်အတိုင်း စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆီအုန်းနံ့ ပပျောက်ရေး ညှိနှိုင်းပွဲ၌ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတ မြို့နယ်ရှိ ယုဇန စားအုန်းဆီ စက်ရုံမှ ထွက်ရှိလာသော မီးခိုး၊ ပြာမှုန့်၊ အနံ့ဆိုးများနှင့် ပတ်သက်၍ နှစ်ရှည်လများ ခံစားနေရသော ဒေသခံ ပြည်သူများ နှင့် ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်တို့ ယနေ့ ၁၅.၉.၁၂ ညနေ ၅းဝဝ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ နတ်မောက်ကျောင်း၊ ယုဇန ဗိမ္မာန်တော်ကြီးတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ တင်ပြတောင်းဆို ထားသည့် တိကျရေရာသော ကတိကဝတ်များ မရရှိခဲ့သဖြင့် ပြည်သူများက ကျေနပ်မမှု မရှိကြကြောင်း သိရသည်။
ယုဇန ဦးဌေးမြင့်မှ ပြောကြားစဉ်

ယုဇန ဦးဌေးမြင့်မှ ပြောကြားစဉ်

“ကျွန်တော်တို့ကို အာမခံချက် ဆိုတာလည်း ပေးမသွားဘူး။ အဲဒါကြောင့် သူ့လုပ်ပုံပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က   ရှေ့ဆက် လျှောက်သင့်ရင် လျှောက်ရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေ ကျေနပ်နိုင်တဲ့ အဖြစ်မျိုး မရှိသေးဘူး။ အခုဟာ သဘောလောက်ပဲ ရှိသေးတယ်”ဟု ဆီအုန်းစက်ရုံ ထွက် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရသည့် ၁၄ ရပ်ကွက်နေ ဦးသက်ဝင်းက ပြောသည်။

စီတန်းလှည့်လည်ဖို့ ၁၄ ရက်မှာ ခွင့်ပြုမိန့် သွားတင်တော့ အရေးအသား နည်းနည်း လွဲနေတယ်ဆိုပြီး ပြန်လွှတ် လိုက်တယ်။ နေ့လယ်လောက်ကျ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တွေ့ချင်တယ်ဆိုပြီး ကျွန်တော့်အိမ် ရောက်လာ တယ်။ သူက အခုလို စီတန်း လှည့်လည်မယ့်အစား တာဝန်ရှိတဲ့သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခွင့်ရရင်ရော အဆင်မပြေဘူးလား ဆိုပြီး မေးတယ်။ မေးတော့ ပြေပါတယ်။ ကျွန်တော်တို့က အလကား နေရင်း ဘယ်လမ်းပေါ် ထွက်လျှောက်ချင်ပါ့မလဲ။ သူတို့ဘက်က ဘာမှ (Action) မရှိလို့သာ အခုလိုလုပ်ရတာ”ဟု တွေ့ဆုံညှိနှိုင်းပွဲ နှင့်ပတ်သက်၍ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ဒေသခံ ပြည်သူများ ကိုယ်စား အကျိုးဆောင် အဖွဲ့မှ ရှင်းလင်း တင်ပြရာတွင် မိမိတို့သည် ၁၉၅၈ သာကေတ မြို့သစ် စတည်ခဲ့စဉ် ကတည်းက နေထိုင်ခဲ့ကြသူများ ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်၊ ယုဇန စားအုန်းဆီ စက်ရုံ စတင်လည်ပတ်ချိန်မှသာ အနံ့ဆိုးများ၏ ဒဏ်ကို ယနေ့ထိ ခံစားနေရခြင်း ဖြစ်ကြောင်း၊ ထို့ပြင် စက်ရုံသည် ယခင်ရှိခဲ့သော ရေတံခါးချောင်းအား ပိတ်ကာ တည်ဆောက် ထားသောကြောင့် ရေစီးရေလာ မကောင်းမွန်တော့ဘဲ ရပ်ကွက်ထဲတွင် ရေဝပ်နေကြောင်း၊ စက်ရုံမှ ထွက်ရှိသော မီးခိုး၊ ပြာမှုန့် နှင့် အနံ့ဆိုးများ ဆိုလျှင်လည်း ရှူရှိုက်မိသူများအား အာခေါင်စပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက် ရှူကြပ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရစေကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ နှလုံးနှင့် အဆုတ်ရောဂါသည်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း၊ ထို့ပြင် လူနေရပ်ကွက် အနီးတွင် လည်ပတ်နေသော စက်ရုံကြောင့် ရပ်ကွက်နေလူထုအား  အဆိပ်ငွေ့ဖြင့် အသက်တို စေသကဲ့သို့ ဖြစ်နေကြောင်း၊ စက်ရုံမှ ထွက်ရှိလာသော ပြာမှုန့်များ ဆိုလျှင်လည်း သောက်ရေအိုးဖုံးများနှင့် သုံးရေကန် များတွင် ကပ်ငြိပျော်ဝင် နေခြင်းကြောင့် ကျန်းမာရေး အတွက် စိုးရိမ်ရပါကြောင်း ပြောသည်။

ဆက်လက်ပြီး အကျိုးဆောင် အဖွဲ့မှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေမျိုး ထပ်မံ မဖြစ်ပေါ်စေရန်အတွက် (၁) စက်ရုံအနေဖြင့် ၁၅.၉.၁၂ ရက် မှစတင်၍ မီးခိုး၊ ပြာမှုန့်နှင့် အနံ့ဆိုးများ လုံးဝ(လုံးဝ) မထွက်စေရန်၊ (၂) စက်ရုံ တည်ဆောက်မှုကြောင့် ထိခိုက်ခဲ့ရသော ရပ်ကွက်တွင်းရှိ ရေစီးရေလာ ကောင်းမွန်မှုကို စက်ရုံမှ ပြန်လည် ဆောင်ရွက်ပေး ရန်၊ (၃) အကယ်၍ မီးခိုး၊ ပြာမှုန့်နှင့် အနံ့ဆိုးများ ထပ်မံထွက်ပေါ်လာခြင်း၊ ရပ်ကွက်အတွင်း ရေစီးရေလာ ဆိုးရွားနေခြင်းများ ဖြစ်ပေါ်လာပါက စက်ရုံအနေဖြင့် တရားစွဲဆိုခံပါမည်ဟု စက်ရုံမှ ကတိပြုရန် ဟူသော အချက် ၃ ချက်အား ယုဇနစက်ရုံသို့ တရားဝင် တောင်းဆိုကြသည်။

ယုဇနစက်ရုံပိုင်ရှင် ဦးဌေးမြင့်က ပြန်လည်ဖြေကြားရာ မိမိ၏ စီးပွားရေးလုပ်ငန်းများ ဤရပ်ကွက် အတွင်း ရှိသောကြောင့် ဤရပ်ကွက်အား မိမိ မိသားစုဝင်ဟုပင် သဘောထားကြောင်း၊ ရပ်ကွက်နေပြည်သူများ ခံစားနေရသည် ကိုလည်း နားလည်လာကြောင်း၊ ထို့ပြင် မိမိသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သောကြောင့် ပြည်သူကို ပြည်သူလို အလေးထားပါကြောင်း၊ ပြည်သူများ ခံစားနေရသော ပြာမှုန့် ကိစ္စ ဆိုလျှင် ယခုရှိသော ပြာမှုန့် ၆ဝ% ရွှေ့ပြောင်းပြီး ဖြစ်ကာ ကျန်ရှိသော ပြာမှုန့်များအား မြန်နိုင်သမျှ မြန်ရန် စီစဉ်ပေးမည် ဖြစ်ကြောင်း၊ နောက်ထပ်ထပ်မံ ထွက်ရှိလာမည့် ပြာများ ကိုလည်း အပြင်သို့ မထွက်စေရန် စီမံသွားမည် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်ပြီး စက်ရုံမှ ထွက်ရှိနေသည့် အနံ့ဆိုးများနှင့် ပတ်သက်၍လည်း စင်္ကာပူ နိုင်ငံမှ ပညာရှင်အဖွဲ့ ပြီးခဲ့သည့် ၂၈ ရက်က ရောက်လာပါကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီရန် စီစဉ်ဆောင်ရွက်  ပေးမည် ဖြစ်ပြီး ရှေ့လျှောက်စက်ရုံ မှ အမှားများရှိခဲ့လျှင်လည်း ပြင်ဆင်သွားမှာ ဖြစ်ကြောင်း ရပ်ကွက်တွင်း ရေစီးရေလာ ပြန်လည် ကောင်းမွန် စေရန်မှ အစလိုအပ်သည် များကို အုပ်ချုပ်ရေး အဖွဲ့အစည်းများ ဒေသခံများနှင့်ပါ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဆက်လက်ပြီး မိမိတို့ အနေဖြင့် လိုအပ်ချက်များ ရှိနေသေးသော ကြောင့်သာ ယခုကဲ့သို့ ဖြစ်ပေါ်ရခြင်း ဖြစ်ပြီး ဒေသခံများ ခံစားနေရသည် ဟု ကြားသိရ သဖြင့်လည်း စိတ်မကောင်း ဖြစ်မိ ပါကြောင်း ပြောသည်။

အကျိုးဆောင် အဖွဲ့ကလည်း မိမိတို့ အနေဖြင့် အခွင့်အရေး ရယူလိုသောကြောင့် ယခုကဲ့သို့ တောင်း ခံနေခြင်း မဟုတ်ဘဲ မိမိတို့ထဲမှ ပဲ့ထွက် ဆုံးရှုံးသွားသော အခွင့်အရေးကို ပြန်လည် ရယူလိုခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“လုပ်ပေးမယ်သာ ပြောတယ်။  တိတိကျကျလည်း မရှိဘူး။ ဘယ်နေ့ ဘယ်ရက် လုပ်ပေးပါမယ်လို့လည်း မပြောဘူး။ သူက ပြောချင်တာ ပြောပြီး ဗြုန်းဗြုန်းနဲ့ ထွက်သွားတာ ပဲရှိတယ်။ အန်တီတို့က ဘယ်လို ပြောရမလဲ။ ခံစားရတော့ အန်တီတို့ ပြည်သူလူထုက ခံစားနေရတယ်” ဟု ပွဲတက်ရောက်ခဲ့သူ ၆ အရှေ့ ရပ်ကွက်နေ ဒေါ်တင်စန်းက သူ့ အမြင်အား ဖွင့်ဟသည်။ ယင်းကပင် “အနံ့ဆိုးတွေ ပျောက်သွားရင် အန်တီ တို့က ကျေနပ်ပါတယ်။ သူများတကာ စီးပွားရေးလည်း မထိခိုက်စေချင်ဘူး။ နောက်ရေတွေ မဝပ်အောင် လုပ်ပေးရမယ်။ ရေတွေ ဝပ်တော့ ခြင်တွေ ကိုက်တာလည်း အရမ်းပဲ။ အရင်က ဒီဘက်မှာ ရေလုံးဝမရှိဘူး။ အခုတော့ နွေရော၊ မိုးရော ရေက လုံးဝမပြတ်တော့ဘူး။ ရေမြုပ်တာလည်း ၃၊ ၄ နှစ်ရှိပြီ။ အိမ်က နောက်ဖေးချောင်ဆို ပြုတ်ကို ကျသွားတယ်”ဟု ပြောသည်။

အကျိုးဆောင် အဖွဲ့မှ ဦးစိန်းလှိုင်က စက်ရုံမှ ထွက်ရှိသော အနံ့ဆိုးအား အနီး ပတ်ဝန်းကျင်ရှိ ပြည်သူများ အပြင် လေတိုက်လာလျှင် ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းနှင့် သန်လျင် အစရှိသည့် မြို့နယ်များမှပါ ခံစား ကြရကြောင်း ပြောသည်။ “အနီးဆုံး ဖြစ်တဲ့ သာကေတနဲ့ ဒေါပုံမြို့နယ် တွေကတော့ အဆိုး ဆုံးပေါ့။ တစ်ခါတစ်ခါ မဟာဗန္ဓုလ တံတားပေါ် ဖြတ်သွားတဲ့ သူတွေတောင် အဲဒီအနံ့ကို ရတယ်။ ဟာ၊ နံလိုက်တာ ဘာနံ့ကြီးလည်းပေါ့။ အဲဒါ သိတဲ့သူက ယုဇန စားအုန်းဆီ စက်ရုံက ထွက်တာလို့ ပြောပြရတယ်။ အနီးမှာနေတဲ့ ပြည်သူတွေကတော့ ဒီလိုပဲ ခံစားနေကြရတာ နှစ်ချီနေပြီ”ဟု ယင်းက ပြောဆိုသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က စတင်၍ ပိုမို ဆိုးဝါးလာကြောင်း၊ အထူးသဖြင့် ၆၊ ၇၊ ၈ ရက်များတွင် အဆိုးဆုံး ဖြစ်ကြောင်း ပြောသည်။ “အခုတော့ မနံတော့ဘူးလို့ ပြောတယ်။ ဘယ်နံမှာလဲ စက်ရုံမှ မလည်သေးတာကို လည်ပြီဆိုရင်လည်း နေ့ရော၊ ညရော မနားတမ်း လည်တာ။ အဲဒီအချိန်ကျ ခံဖို့သာ ပြင်ပေတော့ပဲ”ဟု ဦးစန်းလှိုင်က ပြောသည်။

ဆွေးနွေးပွဲ အပြီးတွင် ယုဇန ဦးဌေးမြင့်က မီဒီယာများသို့ ဖြေကြားရာတွင် အရင်တုန်းကလည်း ပြင်တယ်။ အခုလည်း ပြင်တယ်။ အနံ့ က ပျောက်ပေမယ့် ၁ဝဝ ရာခိုင်နှုန်းတော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဆိုလိုတာ ကျွန်တော်တို့ ဘက်ကတော့ ပျောက်တယ်။ ဒါပေမယ့် လက်ခံတဲ့သူက မလိုချင်ဘူး ဆိုရင်တော့ မရဘူးပေါ့။ အခုဟာ လက်ခံတဲ့သူတွေ လိုချင်တဲ့ အဆင့်ရောက်အောင် ထပ်ပြီး ဆောင်ရွက်နေပါတယ်”ဟု ပြောဆိုသည်။

ဒေသခံပြည်သူများ နှင့်ပိုင်ရှင်ဖြစ်သူ ဦးဋ္ဌေးမြင့်တို့ တွေ့ဆုံညှိနှိုင်း ကြသော်လည်း တိကျရေရာသည့် အချိန် သတ်မှတ်ချက်နှင့် ခိုင်မာသည့် ကတိကဝတ်များ မရရှိခဲ့သောကြောင့်  ပြည်သူအများက ကျေနပ်မှုမရှိကြောင်း သိရသည်။ ထို့ပြင် မိမိတို့ တောင်းဆို ထားသည့် အချက်များအား မရရှိလျှင် ဒေသခံ ပြည်သူ ၉၂၂ ယောက်မှ လက်မှတ်ရေးထိုး တောင်းဆို ထားသည့်အတိုင်း စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့မှ ပြောသည်။
ဝ၆ဝ

မူရင်းသတင်းဌာန--  The Myanmar Independent News Journal
စက်တင်ဘာလ ၁၇၊ ၂၀၁၂

မိမိတို့ တင်ပြ တောင်းဆိုထားသော ကတိများ မရရှိပါက မူလရည်မှန်း ထားသည့်အတိုင်
း စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရန် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆီအုန်းနံ့ ပပျောက်ရေး ညှိနှိုင်းပွဲ၌ အကျိုးဆောင် အဖွဲ့မှ ဦးစန်းလှိုင်က မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတ မြို့နယ်ရှိ ယုဇန စားအုန်းဆီ စက်ရုံမှ ထွက်ရှိလာသော မီးခိုး၊ ပြာမှုန့်၊ အနံ့ဆိုးများနှင့် ပတ်သက်၍ နှစ်ရှည်လများ ခံစားနေရသော ဒေသခံ ပြည်သူများ နှင့် ပိုင်ရှင်ဖြစ်သူ ဦးဌေးမြင့်တို့ ယနေ့ ၁၅.၉.၁၂ ညနေ ၅းဝဝ နာရီက သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ နတ်မောက်ကျောင်း၊ ယုဇန ဗိမ္မာန်တော်ကြီးတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြရာ တင်ပြတောင်းဆို ထားသည့် တိကျရေရာသော ကတိကဝတ်များ မရရှိခဲ့သဖြင့် ပြည်သူများက ကျေနပ်မမှု မရှိကြကြောင်း သိရသည်။
ယုဇန ဦးဌေးမြင့်မှ ပြောကြားစဉ်
“ကျွန်တော်တို့ကို အာမခံချက် ဆိုတာလည်း ပေးမသွားဘူး။ အဲဒါကြောင့် သူ့လုပ်ပုံပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က ရှေ့ဆက် လျှောက်သင့်ရင် လျှောက်ရလိမ့်မယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေ ကျေနပ်နိုင်တဲ့ အဖြစ်မျိုး မရှိသေးဘူး။ အခုဟာ သဘောလောက်ပဲ ရှိသေးတယ်”ဟု ဆီအုန်းစက်ရုံ ထွက် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရသည့် ၁၄ ရပ်ကွက်နေ ဦးသက်ဝင်းက ပြောသည်။

ဟင်္သာတမြို့က အလောင်းစွန့်ပစ်မှု မြို့ခံများ အထူးစိတ်ဝင်စား

ဟင်္သာတမြို့တွင် လူသေလောင်းတခု ဖျောက်ဖျက်ရန် ကြိုးစားမှု တခု ဖြစ်ပွားခဲ့တယ်လို့ သတင်းရပါတယ်။

ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ တာကြီးတန်းနှင့် ဦးရွှေဒွေးလမ်းဆုံရာ ဂုံးဘေးနားရှိ တာဘေးသို့ စက်တင် ဘာ လ ၁၅ ရက်နေ့ည ၉ နာရီခွဲလောက်က ဆိုက်ကား တစီးနှင့် လူသေလောင်း တခုကို လာရောက် ပစ်ချရာ တွင် အနီးပတ် ၀န်းကျင်မှ နေထိုင်သူများ တွေ့ရှိပြီး ဆိုက်ကား သမားကို ဖမ်းဆီးမိခဲ့ကြောင်း သတင်း ရရှိပါ တယ်။

ရပ်ကွက်တာဝန်ရှိသူတွေu လာရောက်ပြစ်ချခဲ့သည့် ဆိုက်ကားသမားကို မေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦး က စေခိုင်း စေခဲ့လို့ အခုလို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုက်ကား သမားက ပြောဆိုကြောင်း ဖြစ်စဉ်ကို လာကြည့်ကြသူ မြို့ခံတွေ က ပြောကြပါတယ်။
ဒီနောက်မှာတော့ စွန့်ပစ်ခံ လူတဦးကို ဟင်္သာတ ဆေးရုံသို့ ပို့ဆောင်စစ်ဆေးတဲ့အခါ သေဆုံးသွားပြီးဖြစ်တယ် လို့ သိရပြီးနောက်မှာတော့ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့က နာရေး ကူညီမှု အသင်းရဲ့ အကူအညီနဲ့ သဂြိုလ် လိုက်တယ်လို့ဆိုပါတယ်။

မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်





e7502 အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော အဆိုတော် မာမာအေး ၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ယခု နှစ်ကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
“အခုဆိုရင် မြန်မာနိုင်ငံက အပြောင်းအလဲတွေ အများကြီး ဖြစ်လာပြီ။ ဂီတလောကရဲ့ကြီးမားတဲ့ အပြောင်းအလဲတစ်ခု အဖြစ် ဂီတအစည်းအရုံး သစ်ကြီးကိုလည်း ပြင်ဆင်ဖွဲ့စည်းပြီး သွားပြီ။ နောက်ပိုင်းမှာ ပြည်တွင်းက အဆိုတော်တွေရဲ့ဖျော်ဖြေပွဲ တွေသာမကဘဲ ပြည်ပကို သွားရောက် နေထိုင်နေကြတဲ့ မြန်မာအနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲတွေနဲ့ နိုင်ငံတကာ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေကို လည်း ပြုလုပ်ဖို့ရှိပါတယ်။ ဒါကြောင့် အန်တီမာမာအေးရဲ့ဖျော်ဖြေပွဲလုပ် ဖို့စီစဉ်ဖြစ်သွားတာပါ။ အန်တီကလည်း သူဆိုချင်တဲ့ သီချင်းလေးတွေကအစ ကြိုပို့ထားတာမျိုးလေးတွေ လုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ပွဲစီစဉ်သူကိုဘိုစန်းကရှင်းပြခဲ့သည်။

နယ်မြေပိုင်နက်အငြင်းပွားနေသော တရုတ်နှင့် အာရှနိုင်ငံအချို့အကြား စစ်ဖြစ်သွားနိုင်ကြောင်း ပန်နက်တာ သတိပေး




ဂျပန်သို့ မသွားရောက်မီ လေယာဉ်ပေါ်တွင် စက်တင်ဘာလ ၁၅ ရက်က မီဒီယာများနှင့် ပန်နက်တာတွေ့ဆုံနေစဉ်
နယ်မြေပိုင်နက် အငြင်းပွားနေသော အာရှနိုင်ငံများအနေဖြင့် တစ်ဘက်နှင့်တစ်ဘက် ရန်လိုသောအပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက တရုတ်နှင့် အာရှနိုင်ငံအချို့အကြား စစ်ဖြစ်သွားနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လီယွန်ပန်နက်တာက စက်တင်ဘာလ ၁၆ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ပန်နက်တာက အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ရှိ နယ်မြေများ ပိုင်ဆိုင်မှုအတွက် ဆက်ဆံရေး တင်းမာနေသော နိုင်ငံများအနေဖြင့် စိတ်လိုက်မာန်ပါမလုပ်ကြရန် တောင်းဆိုခဲ့သည်။ ရန်လိုသည့် အပြုအမူများ ဆက်လက်လုပ်ဆောင်နေပါက အတွက်အချက်မှား၊ နားလည်မှုလွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ကာ အကြမ်းဖက်မှု၊ ပဋိပက္ခအသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း သူက ပြောကြားခဲ့သည်။

၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု ကမာရွတ်မြို့နယ်၌ ဖြစ်ပွား




လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြုတ်နေသော အရေးပေါ်လှေကားအား စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းက တွေ့ရစဉ်
၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု ကမာရွတ်မြို့နယ်အတွင်းရှိ အထပ်မြင့် အဆောက်အဦတစ်ခုတွင် စက်တင်ဘာလ ၁၆ရက် နေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ အမှတ်(၁)အထပ် သားစက်ရုံ၊ ဓားသွေးဝန်ထမ်းဖြစ်သူ ဦးသန်းဝင်း(၃၅နှစ်) ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူသည် ကမာရွတ်မြို့နယ် ၅ရပ်ကွက်၊အမှတ် ၂၂၃၊အခန်း ၅၀၂၊ ၆လွှာ၊ စပယ်မာဃလမ်းရှိ ပိုင်ရှင်ဦးခင်မောင်ညွန့် ပိုင်ဆိုင်သည့် နေအိမ်ခန်းနောက်ဘေးတွင် ရေပိုက်ပြုပြင်နေစဉ် အရေးပေါ်လှေကား ပြုတ်ထွက်ရာယင်း ခြောက်လွှာအမြင့်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦး မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ကုလ အထွေထွေညီလာခံ တက်ရောက်မည်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမဲ့ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ထဲမှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးကို အဖွဲ့ဝင်အဖြစ် မြန်မာအစိုးရကပါဝင်ဖို့ အမည်စာရင်း ထည့်သွင်းလိုက်တယ်လို့ သိရပါတယ်။
RFA
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး
ဦးခွန်ထွန်းဦးကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ သမ္မတအကြံပေးအဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို ဦးခွန်ထွန်းဦးက လက်ခံလိုက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက သံတမန်နိုင်ငံကူးလက်မှတ် ရရှိရေး ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကို အတည်ပြု ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆုကို လက်ခံရယူဖို့အတွက် ဒီကနေ့ ည (၇) နာရီ မိနစ် (၄၀) မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုခရီး ထွက်ခွာရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာစဉ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၁၆) ရက်ကြာ အမေရိကန် ပြည်ထောင်စုခရီးစဉ်အတွင်း နာမည်ကျော်တက္ကသိုလ်တွေကို သွားရောက် လေ့လာဖို့ရှိတဲ့အပြင် မြန်မာမိသားစု အသိုင်းအဝိုင်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။

နိုင်ငံတော် သမ္မတက စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်

နေပြည်တော် စက်တင်ဘာ ၁၇

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ ဖြစ်စေသည့

် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန် အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis