ပဲခူးမြို့ပေါ်၌ နှစ်ပေါင်း၃၀ နီးပါး ပြေးဆွဲလျက်ရှိသော
ခရီးသည်တင်သုံးဘီးကားနှင့် သုံးဘီးဆိုင်ကယ်များအား
ယခုနှစ်မကုန်မီအပြီးဖယ်ရှားရှင်းလင်းသွားမည်ဟု ပဲခ
ူးမထသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ပြုလုပ်ရန် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်က သြဂုတ်လအတွင်းပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖေါ်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
လက်ရှိတွင် ပဲခူး၌ မြို့တွင်းပြေးဆွဲလျက်ရှိသော သုံးဘီးကားနှင့်သုံးဘီးဆိုင်ကယ်စုစုပေါင်း ၅၂၅ စီးရှိပြီး ထိုသို့ဖျက်သိမ်းလိုက်ပါက ထိုယာဉ်များအပေါ် အမှီပြု၍ စီးပွားရှာနေသော ယာဉ်မောင်းများ၏ စားဝတ်နေရေးနှင့် ဒေသခံများ၏ သွားလာရေးကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြဿနာအချို့ဖြစ်ပွားနိုင်ကြောင်းလည်း ၄င်းက သုံးသပ်သည်။

ကျော်သူရမောင်
ဖားကန့်ကို ရောက်နေတာ ကြာပြီ။ အိမ်က ထွက်ပြေးပြီး မှော်ထဲကို တက်ပြီး
စီးပွားရှာမယ်လို့ ဟစ်ကြွေးသွားတဲ့ ညီကို လိုက်ရှာဖို့ ရောက်နေတာ။

ထိုင်းနိုင်ငံ၊ ခိုခန်းမြို့၊ ထိုင်းလာ အိုနယ်စပ်ရှိဒေးရှားဘားနစ်
ငါးဖမ်းပိုက်စက်ရုံ၌ အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများအနက်
ယာယီနေထိုင်ခွင့်လက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်နှင့် ဗီဇာမရှိသူတို့အား
ထိုင်းရဲနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များက ဖမ်းဆီးတော့မည့်
သတင်းဖြစ်ပေါ်ခဲ့ရာ ထိုင်းလုပ်ငန်းရှင်မှ ထိုအလုပ်သမားများကို
ရှောင်တိမ်းခိုင်းခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်မေလ ၉ ရက်နေ့တွင်
မြန်မာအလုပ်သမား ၇၃၁ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထိုအထဲတွင် အမျိုးသား ၄၁၄
ဦးနှင့် အမျိုးသမီး ၃၁၇ ဦးတို့ ပါဝင်သည်။