menu

Tuesday 8 October 2013

ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများမှာ ၉၆၉ ကြောင့် မဟုတ်ဟု သာသနာရေးဝန်ကြီးပြော

ရန်ကုန်မြို့ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ကပ်ထားသော ၉၆၉ အမှတ်တံဆိပ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day Daily
ဘာသာရေး၊ လူမျိုးရေးဆန်ဆန်
ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ကောလာဟလ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာဖြစ်ပြီး အချို့ထင်မြင်နေသကဲ့သို့ ၉၆၉ အယူဝါဒ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားရခြင်းမဟုတ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။

““နိုင်ငံတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ လူမျိုးရေး၊ စီးပွားရေးပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့တဲ့အပေါ် ဘာသာရေးအမြတ်ထုတ်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။ တချို့ထင်မြင်ယူဆနေသလို ၉၆၉ ဆိုတာနဲ့ လှုံ့ဆော်တာမဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”” ဟု ဦးဆန်းဆင့်က အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့၌  ကျင်းပပြုလုပ်သည့် ကံကျောင်းဆရာတော် ဘဒ္ဒန္တသံဝရ၏ (၉၇) နှစ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲသို့ တက်ရောက်လာကြသော ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ရန်ကုန် - သံတွဲ ပြေးဆွဲနေသော ယာဉ်လိုင်းတချို့ ဘာသာခြား တင်ဆောင်ခြင်း ကို ခေတ္တ ရပ်ဆိုင်းထား

ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ ရခိုင် ပြည်နယ် သံတွဲမြို့နယ်တွင် ဘာ သာရေးဆိုင်ရာ ပဋိပက္ခများဖြစ် ပွားမှုကြောင့် ရန်ကုန်-သံတွဲပြေး ဆွဲနေသော ယာဉ်လိုင်းတချို့မှာ ဘာသာခြားတင်ဆောင်ခြင်းကို ခေတ္တရပ်ဆိုင်းထားပြီး ကြိုတင် ဘွတ်ကင်ဖြင့် လက်မှတ်ဝယ်ယူခြင်း ကိုလည်း လက်မခံတော့ကြောင်း ရန်ကုန်-သံတွဲပြေးဆွဲလျက်ရှိ သည့် ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။

''ကြိုတင်ဘွတ်ကင်ဆိုရင် ဘယ်လိုလူက ဝယ်မှန်းမသိလို့ မရောင်းဘူး။ လာဝယ်ရင်လဲ ဝယ် တဲ့သူကိုကြည့်ပြီး ရောင်းသင့်တယ် ထင်တဲ့သူကိုပဲ ရောင်းတယ်''ဟု ရန်ကုန်-သံတွဲ ယာဉ်လိုင်းပြေးဆွဲ သူတစ်ဦးကပြောသည်။

ယင်းကဲ့သို့ ပဋိပက္ခများဖြစ် ပေါ်လျက်ရှိသော်လည်း သံတွဲမြို့ သို့သွားရောက်သည့် ခရီးသည် များမှာ လျော့နည်းသွားခြင်းမရှိ သည့်အပြင် ယခင်ကထက် ခရီး သွားသူပိုများလာကြောင်း အောင် သစ္စာကားဂိတ်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

ရေပိုင်နက် အငြင်းပွားမှုကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ အုပ်စုဖွဲ့ပြီး ဝင်မစွက်ရန် တရုတ်သတိပေး

Photo: ရေပိုင်နက် အငြင်းပွားမှုကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ အုပ်စုဖွဲ့ပြီး ဝင်မစွက်ရန် တရုတ်သတိပေး

ဘေဂျင်း၊ အောက်တိုဘာ ၇

အရှေ့နှင့် တောင်တရုတ် ပင်လယ်တို့တွင် ဖြစ်ပွားလျက်ရှိသော ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ သုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဝင်ရောက် ကြားဝင်ခြင်းမျိုး မပြုလုပ်ရန် တရုတ်အစိုးရက လူသိရှင်ကြား သတိပေးလိုက်ကြောင်း VOA သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သောကြာနေ့ အောက်တိုဘာ ၄ ရက်နေ့က သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အမေရိကန်ဝန်ကြီး ဂျွန်ကယ်ရီတို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် သုံးပွင့်ဆိုင် တွေ့ဆုံကြပြီး ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းသုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဒေသတွင်း တင်းမာမှုများကို မီးထိုးပေးခြင်းမျိုးကို ရှောင်ရှားရမည်ဟု ဘေဂျင်းအစိုးရက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်နှင့် တတိယအကြီးဆုံး ဂျပန်တို့သည် မကြာသေးခင် နှစ်များက အရှေ့တရုတ် ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးများ ပိုင်ဆိုင်မှုကို အငြင်းပွားရင်း ဆက်ဆံရေး အေးစက်လျက်ရှိသည်။

ယင်းကျွန်းများကို နှစ်နိုင်ငံလုံးက ၎င်းတို့ ပိုင်ဆိုင်သည်ဟု အတိအလင်း ပြောကြားထားပြီး ဂျပန်က ဆန်ကာကုကျွန်းဟု အမည်ပေးထားကာ တရုတ်တို့က ဒိုင်ယုကျွန်းဟု ခေါ်ကြသည်။

တောင်တရုတ် ပင်လယ်ဘက် အခြမ်းတွင်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းတို့နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ရှိဖွယ် အနေအထားရှိသည့် ရေပိုင်နက် ကျွန်းပိုင်နက် အငြင်းပွားမှုများ ရှိနေသည်။
“အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ သြစတြေးလျတို့ဟာ မဟာမိတ်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုသုံးပြီး နယ်နိမိတ် အငြင်းပွားမှုထဲကို ကြားဝင်လို့ မရပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဟွာချန်ယင်းက ပြောကြားသည်။

ယင်းသို့ ကြားဝင်ရန် ကြိုးစားခဲ့လျှင် အခြေအနေများ ပိုပြီးရှုပ်ထွေးကာ ပတ်သက်သော နိုင်ငံများ၏ အကျိုးစီးပွားများကိုလည်း ထိခိုက်နိုင်ကြောင်း မဒမ်ဟွာက သတိပေး ပြောကြားသွားသည်။

အမေရိကန်-ဂျပန်-သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာချက်တွင် အရှေ့တရုတ်ပင်လယ် ပြဿနာအား အများမပါဝင်ဘဲ တစ်နိုင်ငံတည်းက ဖြေရှင်းရန် ကြိုးစားခြင်းကို ဆန့်ကျင်ကြောင်း၊ ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောဆိုထားသော နိုင်ငံများ အနေနှင့်လည်း ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ပြုလုပ်သည့် အပြုအမူများကို ရှောင်ရှားသင့်ကြောင်း ထည့်သွင်း ရေးသားထားသည်။

တရုတ်ရေတပ်အင်အား တိုးချဲ့နေမှုကို ဒေသတွင်း အငြင်းပွား နိုင်ငံများက စိုးရိမ်တကြီး စောင့်ကြည့်မှုများ ရှိနေကြပြီး တရုတ်ကလည်း ၎င်း၏ ရေပြင်ပိုင်နက်အတွက် ငြိမ်းချမ်းစွာ လုံခြုံရေးအင်အား တိုးမြှင့်ခြင်း ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုထားဖူးသည်။

ဘေဂျင်း၊ အောက်တိုဘာ ၇

အရှေ့နှင့် တောင်တရုတ် ပင်လယ်တို့တွင် ဖြစ်ပွားလျက်ရှိသော ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုများကို အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ သုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဝင်ရောက် ကြားဝင်ခြင်းမျိုး မပြုလုပ်ရန် တရုတ်အစိုးရက လူသိရှင်ကြား သတိပေးလိုက်ကြောင်း VOA သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သောကြာနေ့ အောက်တိုဘာ ၄ ရက်နေ့က သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အမေရိကန်ဝန်ကြီး ဂျွန်ကယ်ရီတို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် သုံးပွင့်ဆိုင် တွေ့ဆုံကြပြီး ပင်လယ်ရေကြောင်းဆိုင်ရာ အငြင်းပွားမှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းသုံးနိုင်ငံ အုပ်စုဖွဲ့ပြီး ဒေသတွင်း တင်းမာမှုများကို မီးထိုးပေးခြင်းမျိုးကို ရှောင်ရှားရမည်ဟု ဘေဂျင်းအစိုးရက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ကာရာအိုကေဆိုင်ပိတ်သည့် ရဲတပ်ဖွဲ့ဝင်များကို မိတ္ထီလာလေတပ်မှ တပ်မတော် သားများ နှောင့်ယှက်ခဲ့သည့်အတွက် တပ်ထိန်းမှ သွားရောက် ဖြေရှင်းခဲ့ရ

ရန်ကုန် ၊ အောက်တိုဘာ ၇။ ။ မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ကာရာအိုကေဆိုင်ကို ပိတ် သိမ်းခဲ့သည့် ရဲစခန်းတာဝန်ရှိ သူများကို လေတပ်စခန်းမှ တပ် မတော်သားများက နှောင့်ယှက် ခဲ့သည့်အတွက် တပ်ထိန်းတပ်ဖွဲ့ မှ သွားရောက်ထိန်းသိမ်းဖြေ ရှင်း ပေးရသည့် ဖြစ်စဉ်တစ်ခုအောက် တိုဘာ၂ရက်က ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရဲစခန်း၏ ပြောကြား ချက်အရ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂ရက် ည၁ဝနာရီ မိနစ် ၅ဝတွင် မိတ္ထီလာ အမှတ် (၃)ရဲစခန်းကို တပ်မတော် (လေ) ရှမ်းတဲမှတပ် ဖွဲ့ဝင် ၁၁ဦးရောက်ရှိလာပြီး ရန် ကုန်- မန္တလေးကားလမ်းဘေးရှိ အေ ဝမ်းစားသောက်ဆိုင်မှ ကာရာ အိုကေခန်းကို ရဲစခန်းမှပိတ်သိမ်း ထားသည်ဆိုသည်မှာ ဟုတ် မ ဟုတ်မေးမြန်းရာတွင် စခန်းမှူး က စည်းမျဉ်းစည်းကမ်းများအရ ပိတ်ထားရခြင်းဖြစ်ကြောင်း ပြန် လည်ဖြေကြားရာတွင် ပြဿနာ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားဒေသခံ တစ်ထောင်ကျော် ကြိုဆို

မြစ်ကြီးနား၊ အောက်တိုဘာ ၇

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မြစ်ကြီးနားမြို့ တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ့သို့ တက်ရောက်ရန် အောက်တိုဘာလ ၇ ရက်နေ့က ရောက်ရှိလာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနား ဒေသခံများနှင့် စစ်ရှောင် ဒုက္ခသည်စခန်းမှ ပြည်သူလူထု တစ်ထောင်ခန့်က ကေအိုင်အို အလံများ ကိုင်ဆောင်ကာ ကချင်ရိုးရာ တူရိယာများ တီးမှုတ်လျက် ကေအိုင်အို အလုပ်အဖွဲ့ရုံးရှေ့တွင် စောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ လုံခြုံရေးကို ရှေးရှု၍ ယခုတစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခြင်း မပြုရန်အတွက် ခရစ်ယာန် အသင်းတော်များက မှာကြားထားသော်လည်း လူငယ် အချို့နှင့် ဒေသခံ ပြည်သူအချို့က ၎င်းတို့၏ အစီအစဉ်များဖြင့် လာရောက် ကြိုဆိုခြင်း ဖြစ်ကြောင်း မိုင်းနား နှစ်ခြင်းခရစ်ယာန် ဒုက္ခသည်စခန်း တာဝန်ခံ ဆရာနော်လာက ရှင်းပြသည်။
“မကြိုဆိုဖို့ မှာထားလို့ ကျွန်တော်တို့ Camp မှာလဲ ဘာအစီအစဉ်မှ မရှိဘူး။ အဲဒီလို မမှာထားရင်တော့ ဒီလူဦးရေထက်မက အများကြီး ရောက်လာလိမ့်မယ်” ဟု ၎င်းကဆိုသည်။

သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်

Photo: သီတဂူဆရာတော် သံတွဲတွင် အစ္စလာမ် ဘာသာဝင်များကို ငြိမ်းချမ်းရေး တရား ဟောမည်

ရန်ကုန်၊ အောက်တိုဘာ ၇

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက အောက်တိုဘာလ ၈ ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ် ဘာသာဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များကို ငြိမ်းချမ်းရေးတရား ဟောမည် ဖြစ်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

ဆရာတော် အရှင်ဉာဏိဿရသည် သံတွဲမြို့သို့ အောက်တိုဘာလ ၇ ရက်နေ့တွင် ရောက်ရှိပြီး မွန်းလွဲ ၃ နာရီခန့်တွင် သံတွဲမြို့ခံများကို ငြိမ်းချမ်းရေးတရား ဟောပြောခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ နေထိုင်ရန် မိန့်ကြားခဲ့ကြောင်း ဆရာတော် အရှင်ကောသလ္လက ပြန်လည် မိန့်ကြားသည်။

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကျေးရွာ များကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော် အရှင်ဉာဏိဿရ ကြွရောက်မည် ဖြစ်ပြီး ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တို့တွင် လိုအပ်ချက်များကို ထောက်ပံ့ ကူညီရန် သွားရောက်မည် ဖြစ်ကြောင်း  ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။
“ပဋိပက္ခနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းဖို့လာတာ မဟုတ်ဘူးလို့ ဆရာတော်က မိန့်တယ်” ဟု ၎င်းကပြန်လည် မိန့်ကြားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် သဗြုချိုင် အပါအဝင် ကျေးရွာများ၌ သာသနာ့အလံ ကြိုတင်လွှင့်ထူထားသည့် နေအိမ်များမှာ ဖျက်ဆီးမှုမှ လွတ်မြောက်ခဲ့ကြောင်း၊ အဆိုပါ သာသနာ့အလံ ကိစ္စသည် သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဗုဒ္ဓဘာသာနေ့တွင် ဗီနိုင်းများ၊ သာသနာ့ အလံများကို လမ်းများ၊ အိမ်များတွင် လွှင့်ထူမှုရှိခဲ့ပြီး အလံများကို အကြမ်းဖက်မှုများတွင် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကွဲပြားစေရန် အသုံးပြုခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားပြီး သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာနက ယင်းထုတ်ပြန်ချက်ကို ကန့်ကွက်ထားသည်။

သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုကာ အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၂ ဦးကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်တင့် က ပြောကြားသည်။

ပဋိပက္ခတွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) သံတွဲမြို့နယ် ဥက္ကဋ္ဌ အပါအဝင် ဒေသခံအချို့ကို အပြစ်မရှိဘဲ ဖမ်းဆီးခံထားရသည့် အကြောင်းအရင်း များကို စုံစမ်းရန်နှင့် ပဋိပက္ခ ဖြစ်ပွားသည့် နေရာများကို သွားရောက်ကာ အချက်အလက် စုဆောင်းရန် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအဝင် ပါတီဝင် အချို့နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် အောက်တိုဘာလ ၇ ရက်နေ့တွင် သံတွဲမြို့သို့ ရောက်ရှိနေကြောင်း RNDP ပါတီထံမှ သိရှိရသည်။

သံတွဲတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူငါးဦး သေဆုံးကာ နှစ်ဦးမှာ ပျောက်ဆုံးနေပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူပေါင်း ၅၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ခဲ့ရကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၇

ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိနေသည့် ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက အောက်တိုဘာလ ၈ ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အစ္စလာမ် ဘာသာဝင်များနှင့် ဘာသာရေး ခေါင်းဆောင်များကို ငြိမ်းချမ်းရေးတရား ဟောမည် ဖြစ်ကြောင်း သံတွဲမြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ ဗဟိုဌာန ဥက္ကဋ္ဌ ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

ဆရာတော် အရှင်ဉာဏိဿရသည် သံတွဲမြို့သို့ အောက်တိုဘာလ ၇ ရက်နေ့တွင် ရောက်ရှိပြီး မွန်းလွဲ ၃ နာရီခန့်တွင် သံတွဲမြို့ခံများကို ငြိမ်းချမ်းရေးတရား ဟောပြောခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ နေထိုင်ရန် မိန့်ကြားခဲ့ကြောင်း ဆရာတော် အရှင်ကောသလ္လက ပြန်လည် မိန့်ကြားသည်။

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ကျေးရွာ များကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဆရာတော် အရှင်ဉာဏိဿရ ကြွရောက်မည် ဖြစ်ပြီး ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တို့တွင် လိုအပ်ချက်များကို ထောက်ပံ့ ကူညီရန် သွားရောက်မည် ဖြစ်ကြောင်း ဆရာတော် အရှင်ကောသလ္လက မိန့်ကြားသည်။

မိုဟာမက်မော်စီ ထောက်ခံသူများနှင့် လုံခြုံရေးတို့ အီဂျစ်တွင် ထိပ်တိုက် အဓိကရုဏ်းဖြစ်၊ အနည်းဆုံးလူ ၅၀ သေဆုံး

Photo: မိုဟာမက်မော်စီ ထောက်ခံသူများနှင့် လုံခြုံရေးတို့ အီဂျစ်တွင် ထိပ်တိုက် အဓိကရုဏ်းဖြစ်၊ အနည်းဆုံးလူ ၅၀ သေဆုံး	

ကိုင်ရို၊ အောက်တိုဘာ ၇

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အီဂျစ်သမ္မတရာထူးမှ ဖြုတ်ချခံလိုက်ရသည့် မိုဟာမက်မော်စီကို ထောက်ခံသူများ အီဂျစ်တွင် လမ်းမပေါ် ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် မြို့တော်ကိုင်ရိုတွင် မွတ်ဆလင် ညီနောင်များ အင်အားစုမှ အဖွဲ့ဝင် ၂၀၀ ကျော် အဖမ်းခံခဲ့ရသေးသည်။

၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အခမ်းအနားကို စစ်တပ်ကျောထောက် နောက်ခံ အစိုးရက ဦးဆောင် ပြုလုပ်နေစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများက မြို့ကြီး အတော်များများတွင် ချီတက် ဆန္ဒပြကြရာမှ ထိုသို့လုံခြုံရေးများ၏ ဖြိုခွင်းမှုနှင့် ကြုံရခြင်း ဖြစ်သည်။

ဇူလိုင်လ အစောပိုင်းက မစ္စတာမိုဟာမက်မော်စီကို စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကို ထောက်ခံသူများက အခိုင်အမာ ပြောဆိုကြသည်။

စစ်ပွဲ ဖြစ်ပွားသည့် အထိမ်းအမှတ်နေ့၌ ပါဝင်ရန်အတွက် ရာပေါင်းများစွာသော အီဂျစ်ပြည်သူများ မြို့တော်ကိုင်ရိုရှိ တာရီရာ ရင်ပြင်တွင် စုဝေးခဲ့ကြသည်။

ဂျက်လေယာဉ်များနှင့် အပါချီ ရဟတ်ယာဉ်များကို ကိုင်ရိုမြို့ ကောင်းကင်ယံတွင် စစ်ရေးပြ ပျံဝဲခဲ့ပြီး လူထုကလည်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ် ဖာတာအယ်စီစီ ပုံများကို ကိုင်ဆောင်ကာ ဂုဏ်ပြုကြပြီး အချို့ပြည်သူများက ၎င်းကို အီဂျစ်၏ နောက်တက်မည့် သမ္မတလုပ်ရန် ပြောဆိုနေကြသည်။

ထိုစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများကလည်း အင်အား ထောင်ပေါင်းများစွာ လမ်းမများ ပေါ်ထွက်လာကြပြီး အဆိုပါ ရင်ပြင်သို့ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် သွားကြကာ ဗိုလ်ချုပ်ကြီး အယ်စီစီကိုလည်း လူသတ်သမားဟု ဟစ်အော် ပြောဆိုကြသည်။

လုံခြုံရေးတပ်ဖွဲ့များက လမ်းမှနေ၍ ယင်းအဖွဲ့ကို ပိတ်ထားပြီး မျက်ရည်ယို ဗုံးများဖြင့် ပစ်ခြင်း၊ သေနတ်များ ထောင်ဖောက်ခြင်းတို့ဖြင့် လူစုခွဲခဲ့သည်။

မော်စီကို ထောက်ခံသူများနှင့် တပ်မတော်ကို ထောက်ခံကြသူများတို့ စင်ပြိုင်ဆန္ဒပြပွဲများ ထိပ်တိုက်တိုးမိသည့်အခါ လမ်းမပေါ်တွင် ရန်ပွဲများဖြစ်သွားသည်ဟု BBC အာရဗီဘာသာ အစီအစဉ်က ရေးသားဖော်ပြထားသည်။

လမ်းမပေါ်ရန်ပွဲများသည် နာရီပေါင်း အတော်ကြာကြာ ဖြစ်ပွားလျက်ရှိပြီး မြို့တော်ကိုင်ရိုတွင် မီးလောင်မှု အသေးစားများ ဟိုတစ်စ ဒီတစ်စ ဖြစ်ပွားခဲ့ကာ မီးခိုးလုံးများမှာလည်း နေရာအနှံ့မှ ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးတွင် နှစ်ဖက်ဆန္ဒပြသူများကို စစ်တပ်က ကြားဝင်ထိန်းနိုင်ခဲ့ပြီး အခြေအနေများ တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းမှုများ ဆက်တိုက် ဖြစ်လျက်ရှိသည်။

ကိုင်ရို၊ အောက်တိုဘာ ၇

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ အီဂျစ်သမ္မတရာထူးမှ ဖြုတ်ချခံလိုက်ရသည့် မိုဟာမက်မော်စီကို ထောက်ခံသူများ အီဂျစ်တွင် လမ်းမပေါ် ထိပ်တိုက် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူအတော်များများ ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည့် မြို့တော်ကိုင်ရိုတွင် မွတ်ဆလင် ညီနောင်များ အင်အားစုမှ အဖွဲ့ဝင် ၂၀၀ ကျော် အဖမ်းခံခဲ့ရသေးသည်။

၁၉၇၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာရပ်-အစ္စရေးစစ်ပွဲ နှစ် ၄၀ ပြည့် အခမ်းအနားကို စစ်တပ်ကျောထောက် နောက်ခံ အစိုးရက ဦးဆောင် ပြုလုပ်နေစဉ် မွတ်ဆလင် ညီနောင်များကို ထောက်ခံသူများက မြို့ကြီး အတော်များများတွင် ချီတက် ဆန္ဒပြကြရာမှ ထိုသို့လုံခြုံရေးများ၏ ဖြိုခွင်းမှုနှင့် ကြုံရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အကယ်ဒမီရွေးချယ်မှုမှာ ပြီးခဲ့သည့်နှစ်များထက် ထူးခြားမည်ဟု ဒါရိုက်တာခင်လေးသိမ့်ပြောကြား


ပန်းမြတ်ဇော်၊ မိုးသူ | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၃၃ မိနစ်

၂၀၁၂ ခုနှစ်အတွက် ပေးအပ်မည့် အကယ်ဒမီရွေးချယ်မှုမှာ ပြီးခဲ့သည့်နှစ်များက ရွေးချယ်မှုထက် ထူးခြားမည်ဖြစ်ကြောင်း အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာခင်လေးသိမ့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ ယခုနှစ် အကယ်ဒမီရွေးချယ်ရာတွင် အနုပညာရှင်များစွာပါဝင်သည့်အပြင် အတတ်ပညာရှင်များသာမက ရုပ်ရှင်ဝေဖန်ရေးသမားများကလည်း ပါဝင်ရွေးချယ်ကြမည်ဖြစ်ခြင်းကြောင့် အသေးစိတ်ကျစွာ အကဲဖြတ်မှုများ ပါဝင်လာတော့မည်ဖြစ်သည်။

မြန်မာရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့ဝင် ဒေါ်ခင်လေးသိမ့်(ဇာတ်ညွှန်း) က “ဒုတိယအဖွဲ့ကတော့ ပိုပြီး တာဝန်ကြီးပါတယ်။ အားလုံးက ဘက်စုံတော်ကြတဲ့အတွက် အမှားအယွင်းမရှိအောင် ရွေးချယ်အကဲဖြတ်ပေးရမှာပါ။ အခု ဇာတ်ကားခုနစ်ကားကိုပဲ အထပ်ထပ်အခါခါကြည့်ပြီး စိစစ်ရွေးချယ်နေပါတယ်။ ဒီတစ်ခေါက်က ဘက်စုံ အကဲဖြတ်တဲ့ သူတွေပါလာတာကြောင့် အသေးစိတ်ကျကျ ကြည့်ရှုကြတဲ့အတွက် ပိုပြီးကောင်းတယ်။ ဇာတ်ကားတွေကလည်း တင်ပြပုံခြင်း မတူကြဘူး။ ရွေးချယ်ရေးအဖွဲ့မှာလည်း ပရော်ဖက်ရှင်နယ်တွေ ပါလာကြတော့ ဒီနှစ်အကယ်ဒမီ ထူးချွန်ဆုပေးပွဲက ထူးခြားမှာပါ” ဟု ပြောပြသည်။

လှည်းကူးတွင် အမျိုးသမီးငယ်တစ်ဦး ဆေးမှားသောက်မိ၍ သေဆုံး


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၄ မိနစ်

လှည်းကူးမြို့နယ်တွင် အသက်(၁၇)အရွယ် အမျိုးသမီးငယ်တစ်ဦး အောက်တိုဘာ ၆ရက် ဆေးမှားသောက်မိ၍
သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ သေဆုံးမှုကို ယင်းနေ့ ညနေ ၅နာရီ ၅၀ မိနစ်ခန့်က လှည်းကူးဆေးရုံသို့ ဆေးမှားသောက်မိသူ အမျိုးသမီးငယ်တစ်ဦး သေဆုံးရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာမှာ သိရှိခဲ့ရသည် ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

သေဆုံးသူမှာ လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့တပ်မ(၁၁)၊ ကြက်မွေးမြူရေးခြံတွင် နေသူ မ---ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

နှစ်တန်းကျောင်းသူလေးကို အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦး အမှုဖွင့်ခံရ


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၇ မိနစ်

ကော့မှူးမြို့နယ်တွင် နှစ်တန်းကျောင်းသူ ကလေးငယ်လေးကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟု စွပ်စွဲချက်ဖြင့် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ယခုလ ၆ ရက်က အမှုဖွင့် တိုင်ကြားလိုက်သည်။

ယင်းနေ့ နံနက် ၁၀ နာရီအချိန်က မ---(၃၄)နှစ်၊ ခြံစိုက်၊ -----ကျေးရွာ၊ ကော့မှူးမြို့နယ် နေသူသည် နေအိမ်တွင် ရှိနေစဉ် သမီးငယ်ဖြစ်သူ အဓမ္မပြုကျင့်ရန် ကြံစည်ခံရမှုကို ယောင်းမဖြစ်သူက လာရောက် ပြောပြသဖြင့် စတင် သိရှိခဲ့ရသည်ဟု ရဲကို ထွက်ဆိုထားသည်။

သမီးဖြစ်သူ မ----(၈)နှစ်၊ ဒုတိယတန်းသူအား တစ်ရွာတည်းနေ ကို----(၃၄)နှစ်က သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည် သိရှိရသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ဆက်လက် ပြောပြထားသည်။

ငါးထောင်တန် ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲနေသူ နှစ်ဦးကို ဖမ်းဆီးရမိ


ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၄၃ မိနစ်

မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးအနီးတွင် ငါးထောင်တန် ငွေစက္ကူအတုများကို ပြုလုပ်သုံးစွဲနေသည့် လူငယ်နှစ်ဦးကို အောက်တိုဘာ ၆ရက်က ဖမ်းဆီးရမိလိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယင်းနေ့ နံနက် ၅ နာရီအချိန်က သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်း ဂိတ်(၁)အနီးတွင် လူငယ်နှစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုများကို သုံးစွဲနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်ဟု ဆိုထားသည်။

စစ်ဆေးချက်အရ ငွေစက္ကူအတု သုံးစွဲနေသူမှာ ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် နေထိုင်သူ မိတ္တူဆိုင်လုပ်သားကို -- နှင့် ကမာရွက်မြို့နယ်နေ ကို---သူတို့ ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

Related Posts Plugin for WordPress, Blogger...

ShareThis