menu

Monday 23 July 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည်




e7421
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
“ ဗိုလ်ချုပ်ဇာတ်ကားရိုက်ကူးမှုမှာ အဲဒီခေတ်တုန်းက အနေအထားမျိုး ဖြစ်ဖို့အတွက် ဂျာမနီနိုင်ငံ  Post dam မှာရှိတဲ့ Babelsberg Studio မှာသွားပြီး ရိုက်ကူးမှာပါ။ ကမ္ဘာကျော် ဇာတ်ကားအတော်များများ ရိုက်ကူးခဲ့တဲ့ စတူဒီယိုပါ။ ဗိုလ်ချုပ်ဇာတ်ကား ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ကို အဲဒီ စတူဒီယိုမှာ ရိုက်ကူးမှာဖြစ်ပါတယ်။ ဒါရိုက်တာကိုတော့ မြန်မာဒါရိုက်တာ ဒါမှမဟုတ် ဟောလီးဝုဒ်ဒါရိုက်တာနဲ့ ဥရောပက ဒါရိုက်တာ ဘယ်ကဒါရိုက်တာနဲ့ ရိုက်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ရိုက်ကူးမှု တွေကိုတော့ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စပြီးရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဇာဂနာကဆိုပါသည်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးရန်အတွက် စတူဒီယို အသုံးပြုရန် Babelsberg Studio က ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကို မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် လန်ဒန်တို့တွင်လည်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။

မင်းကိုနိုင်၏ လုံးချင်းဝတ္ထု ‘နောက်ကြည့်မှန်’ကို ဒါရိုက်တာ ၀င်းထွန်းထွန်း ၀ယ်ယူ




၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်၏ လုံးချင်းဝတ္ထုဖြစ်သည့် ‘ နောက်ကြည့်မှန်’ ကို ဒါရိုက်တာ ၀င်းထွန်းထွန်းမှ ၀ယ်ယူခဲ့ကြောင်း သိရပါသည်။
စာအုပ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဒါရိုက်တာ ၀င်းထွန်းထွန်းက “ ဒီစာအုပ်ကိုဝယ်တာက ကျွန်တော်လေးစားချစ်ခင်တဲ့ လူတစ်ယောက်ရဲ့ အနုပညာကို ဂုဏ်ပြုချင်တာကြောင့် အဓိက၀ယ်ဖြစ်တာပါ။ ဒီဇာတ်ကို ကျွန်တော့်အရင် ဒါရိုက်တာ ချိုတူးဇော်က ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းဖူးတာရယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုချိုတူးဇော်ကို လေးစားတာရယ်ကြောင့် သူရိုက်ကူးမယ် ဆိုရင်လည်း သူ့ကိုပေးရိုက်မှာပါ။ အတူဖန်တီးချင်လည်း ဖန်တီးဖြစ်မှာပါ။ ဒီဇာတ်ကို ဗီဒီယိုအတွက် စိတ်ကူးပြီး ၀ယ်တာဖြစ်ပေမယ့် အနုပညာမြောက်ဖို့ကအဓိကပါ။ ဒါကြောင့် ရိုက်ရမယ် ဆိုရင်လည်း ရန်ကုန်တက္ကသိုလ် ပင်မမှာ ရိုက်ကူးခွင့်နဲ့အတူ လိုအပ်တာတွေ ကို ပြင်ဆင်ရဦးမှာပါ” ဟုဆိုပါသည်။

မြန်မာအစိုးရနှင့်ထိုင်းနိုင်ငံ ကြားစာချွန်လွှာ ၃ခု လက်မှတ်ရေးထိုး

ဘန်ကောက် ဇူလိုင် ၂၃

ထိုင်းနိုင်ငံသို့ သမ္မတ ခရီးစဉ်အဖြစ် ပထမဆုံးရောက်ရှိလာသော မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့သည် ဘန်ကောက်မြို့ရှိ အစိုးဧည့်အိမ်တော်တွင် တွေ့ဆုံမှူအပြီး မိနစ်ပိုင်းတွင် မြန်မာနှင့် ထိုင်းနိုင်ငံကြား နာမည်ကျော် ထားဝယ်အထူးစီးပွားရေးဇုံနှင့်သက်ဆိုင်သော စီမံကိန်း ကိုလက်တွဲ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာအပါဝင် စာချွန်လွှာ ၃ ခု ကို လက်မှတ်ရေးထိုးခဲ့ ကြသည်။

အခြား စာချွန်လွှာ ၂ခုမှာမြန်မာ - ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပြီး ထားဝယ် ရေနက်စီမံကိန်းသည် ယခင် အီတာလျံထိုင်းနှင့် ကိစ္စမှာ ပျက်ပျယ်သွားပြီ ဟုယူဆရပြီး မြန်မာ - ထိုင်းနှစ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူ များ လာရောက်ရေးအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည်ဟု ယူဆရသည်။

ရာသီဥတုကြောင့် မြမင်းအောင်ရှပ်ပြေးဆယ်ယူရေးလုပ်ငန်းတွင် အခက်အခဲများရှိနေ


လူဦးရေ (၁၂၅) ဦးပါဝင်တိမ်းမှောက်သွားခဲ့သည့်  မြမင်းအောင်ရှပ်ပြေးယာဉ်အားရာသီဥတုအခြေအနေဆိုးဝါးနေခြင်းကြောင့် ယာဉ်နှင့်သေဆုံးသူများအား ပြန်လည်ဆယ်ယူရာတွင်အခက်အခဲများရှိနေကြောင်း သိရှိရသည်။

အဆိုပါ ရှပ်ပြေးယာဉ်သည် ဇူလိုင်(၂၀)ရက်နေ့တွင် ဗန်မော်မြို့နယ် မြို့မရပ်ကွက်ဆိပ်ကမ်းမှ ထွက်လာအပြီး ဦးလည်၍ ဂီယာညုပ်ကာ အခြားသင်္ဘောတစ်စီးအား တိုက်မိ၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ရှပ်ပြေး စဖြစ်တဲ့နေ့ကနေ စပြီးတော့ ပြန်ဆယ်ဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာမိုးကတအားသည်းနေတော့   ပြန်ဆယ်ဖို့က ခက်နေတယ်။ လူအယောက်(၃၀)ကျော်လောက်တော့ပျောက် နေသေးတယ်။ စဖြစ်တဲ့နေ့ကနေ ဒီနေ့ထိကို အလောင်း(၂၂)လောင်းပဲ ရသေးတယ်။”ဟု ဗန်မော်ဒေသခံ ကိုဇော်အောင်က ပြောသည်။

သမ္မတကြီးရဲ့ ဆံပင်တွေကလည်း အနော့်ဆံပင်တွေလိုပါပဲ

ဓာတ်ပုံထဲက ကောင်လေးနာမည်ကတော့ Jacob Philadelphia ပါ။ ငါးနှစ်အရွယ်ကလေးငယ်လေး တစ်ဦးဖြစ်ပါတယ်။ ဖခင်မရိန်းတပ်ဖွဲ့ဝင်ရဲ့ အိမ်ဖြူတော်တာဝန်ပြီးဆုံးလို့ မပြောင်းရွှေ့ခင်မှာ မိသားစုဟာ သမ္မတနဲ့ နှုတ်ဆက်တွေ့ဆုံပွဲမှာပေါ့။ အိမ်ဖြူတော်မှာ သမ္မတကြီးကိုတွေ့တော့၊ Jacob လေးက သမ္မတကြီးကို တိုးတိုးလေးပြောလိုက်တယ်။
"ကျနော့်ရဲ့ ဆံပင်တွေက သမ္မတကြီးလိုပဲလားဆိုတာ သိချင်လိုက်တာ ခင်ဗျာ။" သမ္မတကြီးက နောက်တစ်ခေါက် ထပ်ပြောဖို့ ပြောတယ်။ Jacob က ထပ်ပြောလိုက်တော့ သမ္မတအိုဘားမားက အခုလို ပြန်ဖြေပါတယ်။
"သားကိုယ်တိုင် လက်နဲ့ ထိပြီး စစ်ကြည့်လိုက်ပါလား။"
၅ နှစ် အရွယ် ဂျက်ကော့လေးဟာ သူ့ရဲ့ ဆံပင်နဲ့ သမ္မတကြီးရဲ့ ဆံပင်တွေဟာ အတူတူပဲလားဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်နေပုံ
၅ နှစ် အရွယ် ဂျက်ကော့လေးဟာ သူ့ရဲ့ ဆံပင်နဲ့ သမ္မတကြီးရဲ့ ဆံပင်တွေဟာ အတူတူပဲလားဆိုတာ ကိုယ်တိုင်စမ်းသပ်ကြည့်နေပုံ

ငွေ


ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနဲ့ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ခုက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ (၄) နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
RFA
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဖြစ်ပါသည်။
ဒီ တွေ့ဆုံပွဲဟာ နိုင်ငံရေးပါတီ ၁၄ ခုနဲ့ သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်မှာ လာမယ့် သီတင်းနှစ်ပတ် အတွင်း တွေ့ဆုံနိုင်ဖို့ အတွက် အကြို ဆွေးနွေးတာ ဖြစ်ပြီး၊ နိုင်ငံရဲ့ အကျိုးကို လိုလားသူ အားလုံးနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ အခုလို တွေ့ဆုံခဲ့တာလို့ ၀န်ကြီး ဦးအောင်မင်းက RFA ကို ပြောပါတယ်။

Apple မှ မြန်မာနိုင်ငံသို့ တရားဝင် အရောင်းကိုယ်စားလှယ်ပေးရန် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်




Apple မှ မြန်မာပြည်အတွက် တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ပေးအပ်ရာတွင် ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများသာမက ထိုင်းနှင့် စင်ကာပူနိုင်ငံရှိ နည်းပညာကုမ္ပဏီများကိုလည်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
Apple Asia Pacific မှ ပြည်တွင်းရှိ နည်းပညာပစ္စည်းရောင်းချသည့် ကုမ္ပဏီများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ကုမ္ပဏီအချို့နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီအချို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံမှု၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့




231871-01-02

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။
"ထိုင်းဝန်ကြီးချုပ်က မနေ့ကမှ နိုင်ငံခြားခရီးစဉ်က ပြန်ရောက်လာတဲ့ အတွက် ဒီနေ့ရောက်မှ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီအချိန်က ထိုင်းအစိုးရ အိမ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုကြိုဆိုပွဲ လုပ်ပါတယ်။ အဲတာပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ၀န်ကြီးတွေ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်"ဟု ကိုဝေဖြိုးက ပြောပါသည်။

Ve Ve အချိုရည်စက်ရုံ ၀န်ထမ်းများ ခံစားခွင့် တောင်းဆို ဆန္ဒပြ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းမှာရှိတဲ့ နာမည်ကျော် Ve Ve အချိုရည်စက်ရုံက ၀န်ထမ်း ၂၀၀ ကျော်ဟာ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မနက် (၇) နာရီခွဲ လောက်က စတင် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Photo Courtesy of Mg Ba Oo via Facebook
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်းရှိ Ve Ve အချိုရည်စက်ရုံက ၀န်ထမ်းများ လစာနှင့် ခံစားခွင့်များ ရရှိရေး အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဆန္ဒပြနေကြစဉ်။
လစာနည်းပါးလွန်းတဲ့ အပြင် တခြား အခွင့်အရေးတွေပါ မရရှိတာကြောင့် အခုလို ဆန္ဒပြရတာလို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် ကိုဇေယျာဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ကုလ-ငြိမ်းချမ်းရေးတပ် စေလွှတ်ဖို့ အီရန် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေ စေလွှတ်ပေးဖို့ အီရန်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်အပေါ် လူမျိုးတုံး ဖိနှိပ် သတ်ဖြတ်နေတာတွေ ရပ်ဆိုင်းနိုင်ရေး အတွက်လို့ ဆိုပါတယ်။
အမေရိကန် အခြေစိုက် AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အဓိကပစ်မှတ် ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ အစိုးရကတော့ အဲဒီ ပြောဆိုချက်တွေအပေါ် အခြေအမြစ် မရှိတဲ့ တစ်ဘက်သတ် လိုရာဆွဲ စွပ်စွဲချက်တွေအဖြစ် လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကလည်း ဒီပြောဆိုချက်တွေဟာ လက်တွေ့ ဖြစ်နေတာတွေနဲ့ လုံးဝ ဥဿုံ ပြောင်းပြန် ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ အေးချမ်း ငြိမ်သက်နေပြီ ဖြစ်ကြောင်း အေပီသတင်းကို ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ




ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များတွင် နိုင်ငံတော်အလံလွှင့်ထူထားသည်ကို တွေရစဉ်
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေမှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များတွင် နိုင်ငံတော်အလံလွှင့်ထူထားသည်ကို တွေရစဉ်

မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာရမှု ဖြစ်ပွား



ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။ ကြမ်းခင်းပြိုကျတဲ့  ၂ ထပ်ကျောင်းဆောင်မှာက ကျောင်းအုပ်ကြီးရုံးခန်းရှိတော့  ကျောင်းအုပ်ကြီးကို သွားကန်တော့ ကြတယ်။ နှစ်ယောက်တစ်တွဲ တန်းစီသွားတာ ယောင်္ကျားလေးတွေကတော့  ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်ပြီးကြပြီ။ မိန်းကလေးတွေက နှစ်ယောက်တစ်တွဲသွားရာကနေ ဝရန်တာ ကြမ်းခင်းက ဆွေးနေတော့  ဝုန်းကနဲ ပြုတ်ကျသွားတယ်။ အောက်မှာ မီးကြိုးကြီး တစ်ချောင်းခံနေလို့  ကလေးတွေအကျ သက်သာတယ် ဆိုရမှာပါ။" ဟု အ ထ က ၂ မှ မျက်မြင်တွေ့ ရှိခဲ့ သူ ကျောင်းဆရာမ တစ်ဦးက ပြောပြခဲ့ သည်။

တိုက်ဆိုင်မှု မဟုတ်တော့ဘဲ စီမံကိန်းချ၍ တိုက်ခိုက် ထိုးနှက်မှုများ အဖြစ်သို့ ရောက်ရှိ လာသော ခြိမ်းခြောက် မှုများ


googling လုပ်ရင်း မြန်မာအကြောင်း သတင်းတွေ ကြည့်လိုက်တိုင်းမှာ စုပြုံတက်လာတဲ့ သတင်းတွေက ကျွန်တော်တို့ နိုင်ငံတော်သမ္မတကြီးရဲ့ UNHCR မဟာမင်းကြီးနဲ့ တွေ့ဆုံခဲ့စဉ် ပြောခဲ့တဲ့စကားကို ဝေဖန်တိုက် ခိုက်နေကြတဲ့ သတင်းတွေ၊ သမ္မတကြီးရဲ့ ဓါတ်ပုံ၊ ကျွန်တော်တို့ရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ နိုင်ငံတော်အလံ၊ ဒီဟာတွေကို မဖွယ်မရာတွေ ပြုလုပ်၊ မီးရှို့ ပြနေကြတဲ့ သတင်းတွေ ပလူပျံအောင် တွေ့ရပါတယ်။

အခုနောက်ဆုံး ဒီလ ၂၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာရဲ့ အယ်ဒီတာ့အာဘော် ခေါင်းကြီးပိုင်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အထွဋ်အထိပ်နေရာမှာ တည်ရှိတဲ့ နိုင်ငံတော်သမ္မတကြီး ကို ဝေဖန်တိုက်ခိုက်ထားတာ ဖတ်လိုက်ရပါတယ်။ Freedom of Press ကို ကျွန်တော်တို့ နားလည်နိုင်၊ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်က အကြောင်းတရားတွေကို ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ဖို့လည်း လိုမယ် ထင်ပါတယ်။

သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ်နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း အမိုးအား ဖောက်ကာ ထွက်ပြေးသွားခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis