menu

Friday 27 April 2012

မြန်မာ့ ပြောင်းလဲမှုတွေကြောင့် EU-Asean ဆက်ဆံရေး တိုးတက်လာ

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်ဆက်ဆံမှုတွေ မတူခဲ့ကြလို့ အရင်က နှစ်ပေါင်းများစွာ အဖုအထစ်ဖြစ်ခဲ့ကြတဲ့ အီးယူ ဥရောပသမဂ္ဂနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့တို့ ကြားမှာ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။

European Commission web site
ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အကြီးအကဲ မစ္စက် Catherine Ashton ဖြစ်ပါသည်။
အီးယူနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ ဒီကနေ့ ဘရူနိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုအခါ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ စတင်နေပြီ ဖြစ်တာကြောင့် ဒီကနေ့ ထိပ်သီး အစည်းအဝေးဟာ နှစ်ဘက်ဆက်ဆံရေး ကောင်းမွန်တဲ့ အထိမ်းအမှတ် ဖြစ်တယ်လို့ ကြေညာလိုက်ကြပါတယ်။

ထိုင်းနိုင်ငံစက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို အစိုးရချင်း ချိတ်ဆက် စေလွှတ်ဖွယ်ရှိနေ




ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စက်ရုံများတွင် အလုပ်လုပ်ရန် မြန်မာအလုပ်သမား နှစ်သိန်းကျော်ကို ငှားရမ်းသွားရန်ရှိပြီး နှစ်နိုင်ငံအစိုးရချင်းချိတ် ဆက်စေလွှတ်သွားဖွယ်ရှိနေသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အကြံပေးဖြစ်သူမှ ပြောကြားခဲ့ကြောင်း The Nation သတင်းစာက ဖော်ပြခဲ့သည်။

ခေါ်ယူမည့် မြန်မာအလုပ်သမားအရေအတွက် အတိအကျကို လာမည့်လအတွင်း မြန်မာနိုင်ငံတွင်ပြုလုပ်မည့် နှစ်နိုင်ငံအစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis