menu

Thursday 2 February 2012

အကယ်ဒမီ ဗန်းကိုင်ရှစ်ဦးနှင့် တွေ့ဆုံခြင်း





မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပွဲ ကျင်းပတော့ မည်ဆိုလျှင် ပရိသတ်အများစု စိတ်ဝင်စားကြသည်က မည်သူတွေဆုရမည်လဲ၊ မည်သည့် အနုပညာရှင်များက မည်သည့် အကယ်ဒမီပွဲတက် ၀တ်စုံများနှင့် တက်ရောက်မည်လဲ ဆိုသည့် အကြောင်းအရာများ ကဲ့သို့ပင် ထပ်တူစိတ်ဝင်စားကြသည့် အကယ်ဒမီဗန်းကိုင် မည်သူတွေ ဖြစ်မည် ဆိုတာပင် ဖြစ်သည်။ ခေတ်အဆက်ဆက် နှစ်အသီးသီးတွင် အကယ်ဒမီဗန်း ကိုင်ဆောင်ခွင့်ရခဲ့ကြ သူတွေက အကယ်ဒမီ ဗန်းကိုင် ဖြစ်ပြီးနောက်တွင် ထင်ရှားသည့် အနုပညာရှင်များ ဖြစ်လာခဲ့ကြသည့်အတွက် အကယ်ဒမီ ဗန်းကိုင်များကို စိတ်ပါဝင်စားသူ များပြားခြင်းပင်ဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် အကယ်ဒမီဗန်း ကိုင်ဆောင်မည့်သူ ရှစ်ဦး၏စာရင်း ထွက်ပေါ်လာခဲ့ရာ ဗန်းကိုင်ရှစ်ဦး၏ ကိုယ်ရေးအကျဉ်းနှင့် ပြောစကားအချို့အား မေးမြန်းဖော်ပြပေးဖြစ်ပါသည်။
e4443a

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ(စောပြည့်ညို)

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုတ်နှုံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင် အမှုက ကွင်းလုံးကျွတ် လွတ်မြောက်


အကျဉ်းထောင်ထဲကို ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အင်္ကျီနဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ သော့ချိတ် တရားမ၀င် သွင်းယူဖို့ ကြိုးစားတယ် ဆိုပြီး စွပ်စွဲခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပြစ်မရှိကြောင်း အင်းစိန်မြို့နယ် တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
RFA
ဗိုလ်ကြီးဟောင်း နေမျိုးဇင်
တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အခုလို ပြောပါတယ်။

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်ရေး ပဏာမ သဘောတူ


မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် ၅ ချက် ရခဲ့ကြတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မော်လမြိုင်မြို့တွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးနေစဉ်
Related Posts Plugin for WordPress, Blogger...

ShareThis