
ကြက်တူရွေးများသည် သင်ပေးသမျှသောစကားများကို ၏၊ သည် မလွဲ ပြန်ပြောတတ်သည်ဟု ငယ်ငယ်ကတည်းက ကျနော် ကြားဖူးပါသည်။ ကျနော် နေထိုင်ရာ ရန်ကုန်မြို့ကြီးတွင် ယခင်က ကြက်တူရွေး များကို ရန်ကုန်တိရစ္ဆာရုံနှင့် လမ်းမတော်သံဈေးတွင်သာ တွေ့နိုင်ပါသည်။ ကြက်တူရွေးများကို မြင်ရသည်နှင့် မည်သူမဆို ကလေးလူကြီးမရွေး ချစ် ခင်စိတ်များ ဖြစ်ပေါ်ရပါသည်။