menu

Friday 17 August 2012

ဖူးကတ်ကျွန်း Disco Club မီးလောင်၍ မြန်မာတစ်ဦးအပါအဝင် ငါးဦးသေဆုံး

ထိုင်းနိုင်ငံ ဖူးကတ်ကျွန်းက နာမည်ကျော် ပသောင်ကမ်းခြေ၏ ဒစ္စကိုကလပ်တစ်ခုတွင် သောကြာနေ့ နံနက်အစောပိုင်း မီးလောင်ကျွမ်းမှုကြောင့် မြန်မာတစ်ဦးအပါအဝင် ငါးဦးသေဆုံးသေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှု မဖြစ်ပွားခင်တညလုံး မိုးသည်းထန်စွာ ရွာနေပြီး ဆိုင်ရဲ့ မီးအားမြှင့်စက်ဆီး လျှပ်စီးလက် မိုးကြိုးပစ်ရာမှ မီးလောင်ကျွမ်းမှု စတင်ခဲ့ကာ (၂)ထပ်တိုက်ဖြစ်တဲ့ ဆိုင်တစ်ခုလုံး ပြာကျသွားခဲ့တာဖြစ်ကြောင်း သိရသည်။
(၁)နာရီလောက် မီးလောင်ကျွမ်းပြီး မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ပုသိမ်ရေဘေး ဒုက္ခသည် ၇၀၀၀ကျော်ရှိ


ရန်ကုန်၊ သြဂုတ် ၁၇

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် သြဂုတ်လ ၁၄ရက်နေ.က နေ.ရောညပါ ဆက်တိုက် မိုးရွာသွန်းမှုနှင့်အတူ င၀န်မြစ်ရေတက်မှုကြောင့် ရပ်ကွက် ၁၀ခုကျော်တွင် ရေကြီးမှုဖြစ်နေပြီး

ဒုက္ခသည်ပေါင်း ၇၀၀၀ကျော်ခန်.သည် ကယ်ဆယ်ရေးစခန်းများသို.ရောက်ရှိနေကြောင်း ပုသိမ်ပွင့်လင်းလူငယ်အဖွဲ.၏ ကိုဝေလုက The Voice Weekly သို. သြဂုတ်လ ၁၆ရက်နေ.က ပြောကြားသည်။


" ရေကတော့နှစ်တိုင်းတတ်နေကြပါ။ ၄နှစ်တကြိမ်တော့ဆိုးဆိုးဝါးဝါးေ
ရတက်တတ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်က တော်တော်ဆိုးဆိုးဝါးဝါးဖြစ်သွားတာပါ။ နေရာတော်တော်များများ ရေမြှပ်သွားတာပါ" ဟု ၄င်းကရှင်းပြသည်။

တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို

 ရန်ကုန် (မဇ္ဈိမ)။  ။ တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ များပြားနေသဖြင့် ၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။


ရန်ကုန် ဗဟိုတရားရုံး (ဓာတ်ပုံ - yeowatzup/flickr)

ကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌဖြစ်သူ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်၌ သြဂုတ် ၁၀ ရက်နေ့က ဖတ်ကြား တင်သွင်းရာတွင် တရားသူကြီးများကို “အခြေခံဥပဒေမှာ တိကျစွာဖော်ပြထားတဲ့ အချက်အချို့မှအပ အခြားမည့်သည်အကြောင်းနှင့်မျှ အရေးယူ ဆောင်ရွက်လို့ မရနိုင်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါတယ်” ပါရှိကြောင်း လွှတ်တော် ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အိပ်မက်ဟာ သူ့နားထင်သူ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်(ငြိမ်းအေးအိမ်)

နည်းနည်းတော့ထူးဆန်းတယ်။ ဘာမှလည်း စိတ်စွဲတာမရှိ၊ အဆက်အစပ်မရှိဘဲ ဦးလေးကြီး ဦးစိန်သန်းကို အိပ်မက်မက်တယ်။  ဆောင်းအိပ်မက် ကယောက်ကယက် ဆိုတာမျိုးလား။ ဒီဇင်ဘာလလည်ရဲ့ မနက်လင်းလုလင်းခင်မက်တဲ့ အိပ်မက်ဆို တော့ အဲလိုပဲ ပြောရမလားမသိ။ အမေကတော့ မစွဲမလန်းဘဲနဲ့ အိပ်မက် မက်ရင် အမက်ခံရတဲ့ အဲဒီလူနေထိုင်မကောင်းလို့ဖြစ်ဖြစ် သူက မင်းကို သတိတရရှိနေလို့ဖြစ်ဖြစ် မက်တာမျိုးလို့ဆိုတာပဲ။ ဟုတ်လားတော့ မသိ။ သက်သေပြလို့ရတဲ့ဟာမှ မဟုတ်တာကိုး။ အဲဒီ ဦးလေးကြီးက ကျွန်တော့်ကို သတိတရရှိဖို့ဆိုတာတော့ ဝေးလှ။ ဖြစ်နိုင်ချေ နည်းပါ့။ လူက လူပျိုကြီး။ ဘယ်သူ့မှသိပ်သံယောဇဉ် ထားတတ်တာ မှ မဟုတ်ပဲ။ အိပ်မက်ထဲမှာ သူ ငယ်နေ ဝနေလိုက်ပုံများ မှတ်တောင် မမှတ်မိချင်ဘူး။ ပါးစောင်မှာခဲထားတဲ့ဆေးပြင်းလိပ်ကြီးက သူ့မျက်နှာ ဝအစ်အစ်မှာ တွဲလောင်းချိပ်နေလို့သာ သူ့အမှတ်အသားအဖြစ် မှတ်မိ လိုက်တာ။

လွတ်ငြိမ်း ချမ်းသာခွင့်နှင့် နှစ်ရှည် ခံစားမှုများ (ကိုမြအေး)




“သမ္မတကြီးရယ်...ကျွန်တော်တို့ကို လွတ်ငြိမ်း ချမ်းသာခွင့် တစ်နှစ် ပေးမယ့်အစား ကြက်တစ်ကောင်စီသာ ပေးလိုက်ပါလားဗျာ”

၂၀၁၁ ခုနှစ်၊ မေလ ၁၆ ရက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထွက်လာအပြီး နှစ်ကြီး အဆောင်ဘက်မှ ထွက်ပေါ်လာသော စကားသံ ဖြစ်သည်။ သြော် တော်တော်လည်း ပြောတတ်ကြတာပဲဟု ကျွန်တော် တွေးရင်း ပြုံးမိသည်။ ရုတ်တရက် ကြည့်လျှင်တော့ ထိုစကားသံသည် အစိုးရ၏ စေတနာကို ပြက်ရယ်ပြုခြင်း ဖြစ်သည်ဟု ထင်မှတ်စရာ ရှိသည်။ မဟုတ်ပါ။ လုံးဝ မဟုတ်ပါ။ နှစ်အကန့်အသတ်မဲ့နှင့် နှစ်ရှည်လများ ဆယ်စုနှစ် တစ်ခုကျော် အကျဉ်းထောင် ထဲ၌ နေထိုင် ခဲ့ရသော နှစ်ကြီး အကျဉ်းသားများ၏ ရင်တွင်းမှ ခံစား ထွက်ပေါ်လာသော စကား သာလျှင် ဖြစ်သည်။

OIC တောင်းဆိုမှု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်တုံ့ပြန်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းစစ်ဆေးရေး လုပ်စရာမလိုဘူးလို့  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်က အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ၀င်ရောက် ဆောင်ရွက်ပေးဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့  OIC ကနေ တောင်းဆိုမှု ထွက်ပေါ်လာပြီးနောက် အခုလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင်ရဲ့ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာကိစ္စ ဖိအားပိုမိုပေးဖို့ OIC ထုတ်ပြန်

အဖွဲ့ဝင်နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ အစ္စလာမ်မစ် သွေးစည်းညီညွတ်ရေး ညီလာခံကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ မနေ့က ကျင်းပပြီးစီးခဲ့ရာ မြန်မာနိုင်ငံက ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ ဖိအား ပိုမိုပေးဖို့ ဆွေးနွေးခဲ့ကြောင်း OIC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
OIC အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေက အစ္စလာမ် အသိုင်းအ၀ိုင်းတွေ၊ အဲဒီအသိုင်းအ၀ိုင်းတွေကို အမှန်တကယ် ကိုယ်စားပြုသူတွေနဲ့ ပြောဆိုဆွေးနွေးဖို့ အရေးကြီးကြောင်း၊ ဒါမှသာ သူတို့ရဲ့အခွင့်အရေးတွေ ကာကွယ်နိုင်မှာဖြစ်ပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နိုင်မှာ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ဆက်နွယ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် မြန်မာအစိုးရက အကြမ်းဖက် ဖိနှိပ်နေတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံတွေ အပါအ၀င် ကိုယ်ကျင့်သိက္ခာဆိုင်ရာ စံတွေနဲ့ မကိုက်ညီတဲ့အတွက် ရှုတ်ချကြောင်းလည်း ဖော်ပြပါတယ်။

ဦးအောင်သိန်းလင်းအမှု ကြံ့ခိုင်ရေးပါတီ ရှင်းချက်ထုတ်ပြီ

ပြောရဲဆိုရဲရှိသူ ဦးအောင်သိန်းလင်း (ဓာတ်ပုံ - ဧရာဝတီ)

တရုတ်မီဒီယာတခုမှာ ဖော်ပြခဲ့တဲ့ ဦးအောင်သိန်းလင်း အင်တာဗျူးအကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ စုံစမ်းစစ်ဆေးချက် အစီရင်ခံစာတစောင် အခုလေးတင် အွန်လိုင်းရောက်လာတာကို တွေ့ရပါတယ်။
ပါတီ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ထင်မြင်ယူဆချက် ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
- ဟိုတလောက မီဒီယာမှာ ပါခဲ့တဲ့ အင်တာဗျူးပါ ပြောကြားချက်တွေဟာ "ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်" တဲ့။
နောက်တချက်က - တရုတ်မီဒီယာကို သူက အလွတ်သဘော ပြောခဲ့တာပါ တဲ့။
အလွတ်သဘော ပြောတယ်ဆိုတာကို စုံစမ်းအဖွဲ့က ဘယ်ကနေ သိတာပါလိမ့်။ ဦးအောင်သိန်းလင်းကိုပဲ မေးကြည့်တာလား၊ တရုတ်မီဒီယာကိုရော မေးကြည့်သေးသလား ဆိုတာ မသဲကွဲပါ။
သတင်းသမားနဲ့ဦးအောင်သိန်းလင်းတို့ရဲ့ မူရင်း အသံဖိုင်တွေ ရှိတယ် ဆိုရင် အဲဒီအသံဖိုင်တွေ စစ်ဆေးပြီးမှ သုံးသပ်ရင် ပိုကောင်းပါလိမ့်မယ်။
တရုတ်သတင်းသမားတွေကို စစ်ဆေးမဆေး မသိရပါ၊
ရန်ကုန်အခြေစိုက် ဂျာနယ်သမားများကတော့ ကြံ့ခိုင်ရေးပါတီရဲ့ "စစ်ဆေး မေးမြန်း"တာနဲ့ ကြုံခဲ့ရပါတယ်။

အခုတော့ ပါတီက စစ်ဆေးတွေ့ရှိချက်တွေကို အခုလို ထုတ်ပြန်လိုက်ပါပြီ တဲ့ -

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှု ကျူးလွန်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇(၁)အရ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန်ပြင်ပ တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၇ နှင့် တရားရုံး များ ညွှန်ကြားလွှာအမှတ် ၁၁/၇၀ တို့ အရ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြ တောင်းခံ ရန်မလိုဘဲ ဥပဒေနှင့်အညီ တရားစွဲဆိုတင်ပို့နိုင်ပြီဟု ဩဂုတ်လ ၆ ရက်နေ့က သက်ဆိုင်ရာ မြို့နယ်ရဲစခန်း များသို့ အစိုးရအဖွဲ့ အဆင့်ဆင့်မှ အကြောင်းကြားချက်အရ သိရသည်။
ယခင်က ပြည်သူ့ဝန်ထမ်း (ပြန်တမ်း ၀င် အရာရှိ)များ ပြစ်မှုကျူးလွန်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ရဲတပ်ဖွဲ့များထံမှ တရားစွဲဆိုခွင့်ပြုမိန့် မလိုအပ်ဘဲ တင်ပြတောင်းခံနေရ၍ ဦးစီး ဆိုင်ရာလုပ်ငန်းများနှင့် အမှုများသည် မလိုအပ်ဘဲ နှောင့်နှေးကြန့်ကြာ မှုများရှိ ခဲ့ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းဖော်ပြထားသည်။

သီပေါမင်းအုတ်ဂူ ပြန်သယ်ဖို့ဆန္ဒရှိသော်လည်း အချိန်ခါကောင်း မရောက်သေးဟုဆို


ဒေါ်ဒေ၀ီသန့်စင်။
ဓာတ်ပုံ-ဘူးသီး
မြန်မာဘုရင်မင်းဆက်၏ နောက်ဆုံး နန်းဆက်ဖြစ်ခဲ့သော သီပေါမင်း နှင့် စုဖုရားလေးတို့၏ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့တွင် တည်ရှိသော အုတ်ဂူများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းရေးနှင့် ပတ်သက်ပြီး သီပေါ မင်း၏ မြစ်တော်စပ်သူ ဒေါ်ဒေ၀ီသန့်စင်က အုတ်ဂူတော်ရွှေ့ပြောင်း ရန် စိတ်ဆန္ဒရှိသော်လည်း ယခု အချိန်သည် အဓိကဦးစားပေး ရမည့် အရေးများကြောင့် အချိန်ကောင်းမဟုတ် သေးဟု မြန်မာတိုင်း(မ်) ကို ပြောသည်။
"သီပေါမင်းရဲ့ မြစ်တော်တစ်ယောက် အနေနဲ့ဆိုရင် ကိုယ့်အဘိုးတော် စပ်တဲ့သူ ရဲ့ အုတ်ဂူတော်ကို ကိုယ့်နိုင်ငံမှာပဲ ရှိစေချင်တာ သဘာဝ ပါပဲ။ ကိုယ်တိုင်မြေးတစ်ယောက်အနေနဲ့ ခံစားကြည့်ရင် တော်ဝင် မိ သားစုမဟုတ်ဘဲ ရိုးရိုးသာမန် မိသားစုတစ်စုမှာတောင် ကိုယ့်ဘိုးဘွား တွေရဲ့အုတ်ဂူကို ကောင်းကောင်းမွန်မွန် ဖြစ်စေချင်မှာပါ"ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း



  ၂၀၁၂ ခုနှစ်  ဇွန်လအတွင်း  ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။
ထိုသို့ ဖွဲ့စည်းလိုက်သည့်အကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင် တွင် သာသနာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဒေါက်တာမျိုးမြင့်ကို ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့ပြီး  Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်က အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည် ဖြစ်ပါသည်။ စုံစမ်းရေး ကော်မရှင်၏ အဖွဲ့ဝင်များအဖြစ်  ဂျပ်ဆင် ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဦးကျော်ညွန့်၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းထွန်း၊ စာရေးဆရာ မောင်ဝံသ၊
အနုပညာရှင် ဇာဂနာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကိုကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ ဒေါက်တာ ဆလိုင်းမူးကျုံးလျံ၊
သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ ဒေါ်ဝါ၀ါထွန်း၊
ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဂျာနန်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် ဥက္ကဋ္ဌ
ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးလှဝင်း၊ မြန်မာ  မွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးကျော်ခင်၊ မြန်မာ မွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ် စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဝင်း၊ သနန္တရဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ် အကျိုးတော်ဆောင် ဒေါက်တာလှထွန်း တို့ဖြစ်ကြသည်။
အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် (က) တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက္ခ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ (ခ)
ပဋိပက္ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊ (ဂ) တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက်
ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊ (ဃ) ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
(င) ပဋိပက္ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊ (စ) ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ (ဆ) ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊ (ဇ) စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အကြံပြုချက်များ အစရှိသည်တို့ကို ဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည် ဖြစ်ကြောင်း သိရပါသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့်  စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော် သမ္မတ လက်မှတ်ဖြင့် ဖွဲ့စည်းလိုက်သော အဆိုပါ စုံစမ်းရေးကော်မရှင်တွင် အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ လွှတ်တော်ကိုယ်စားလှယ်များ မပါရှိဘဲ အခြားသော လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း ဒေါက်တာ အေးမောင် တစ်ဦးတည်းသာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ကိုယ်စားပြုအနေဖြင့်သာ ပါဝင်ခဲ့ပါသည်။ ထို့အပြင် ယခုဖွဲ့စည်းလိုက်သော စုံစမ်းရေး ကော်မရှင်တွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် Myanmar Egress အဖွဲ့ အစရှိသူတို့နှင့် နီးစပ်သူများ အပါအ၀င် နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူအများအပြား ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ်  ဇွန်လအတွင်း  ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၇ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။
ထိုသို့ ဖွဲ့စည်းလိုက်သည့်အကြောင်းကို အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကို နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။

မြစ်နဲ့ရေ(ဂျူး)



ကျွန်မမှာ မြစ်တချို့မှ ကျောက်တုံးအမျိုးမျိုး ရှိသည်။ ကျောက်တုံးတို့သည် ပုံ သဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုးဖြင့် လှပကြ သည်။ ကျောက်တုံးတွေကို စုဆောင်းခြင်း မှာ စိတ်ဝင်စားစရာ ကောင်း၏။ တစ်နေရာရာသို့ ရောက်တိုင်း အဲဒီနေရာက အမှတ်တရ အဖြစ် ကျောက်တုံးလေးတွေကို ကောက်မိတာ ကျွန်မ၏၀ါသနာ ဖြစ်ပါသည်။
          ကျောက်တုံးတို့ကို ကျွန်မအခန်းထဲက ခုတင်အောက်မှာ သူ့အပုံနှင့်သူ ပုံထားဖြစ် သည်။ တစ်ချိန်ချိန် ကျွန်မမှာ အိမ်အပိုင်ရှိလာ ခဲ့လျှင် ထိုအိမ်မှာ ကျောက်တုံးတွေအတွက် စင်လေးလုပ်ပါမည်။ စင်ပေါ်မှာ ကျောက်တုံးလေးတွေကို အလှတင်ထားမည်။ အခုတော့ ခုတင်အောက်မှာပဲ နေကြဦးနော်။
          ခဏခဏ ကြည့်မိလွန်းလို့ ကျောက်တုံးတွေကို ကျွန်မ အလွတ်ရနေပါပြီ။ ဟောဒါ က မြစ်ဆုံက ကျောက်တုံး၊ ဟောဒါက မလိခ မြစ်က ကျောက်တုံး၊ ဟောဒါက မဏိပူရမြစ် ဟု ခေါ်သော ဘားရ်ချောင်းမှ ကောက်ခဲ့သည့်ကျောက်တုံး၊ ဟိုဟာက လေးမြို့မြစ် ကမ်း ဘေးက ကောက်ခဲ့သည့် ကျောက်တုံး။ တစ်ယောက်ယောက်က ခလုပ်တိုက်သွားပြီး နေရာ လွဲနေစေဦးတော့ ဒါက ဘယ်မြစ်က လာခဲ့တဲ့ ကျောက်တုံးလဲ ကျွန်မ မှတ်မိသည်။

ဘယ်စာကို ဘယ်အခါကစလို့ ဘယ်နှဝါမောင်သင်မတုံး(မောင်သာချို)

(တစ်)
ကျွန်တော်နယ်မြို့ကြီးတစ်မြို့၌ နေထိုင်ခဲ့စဉ် တစ်နေ့ဈေးထဲသို့ ဖြတ်အလျှောက် ဈေးတန်းတစ်နေရာ၌ အိမ်ထောင်သက်တစ်နှစ်ဝန်းကျင်ကျော်
ကျော် သက်တမ်းလောက်ရှိသည့် ဇနီးမောင်နှံနှစ်ယောက်နှင့် ဆုံပါသည်။ ဇနီးသည် က မွေးခါနီးဖွားခါနီး ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်ပါသည်။ စီးပွားရေးကလည်း အသင့်အတင့်အဆင်ပြေ ပညာကလေးကလည်း အထိုက်အလျောက်တတ်ထားသည့် ဇနီးမောင်နှံဖြစ်ရာ တော် တော့ကို ကျက်သရေရှိသည့် အစပ်အဟပ်ကလေးဟုပဲ ဆိုကြပါစို့။

ကျွန်တော်နှင့် သူတို့ လူသွားလူလာများသည့် ဈေးလမ်းကြောင်းနှင့် နည်းနည်းကလေး လွဲသွားအောင် ဘေးနားသို့ ကပ်နိုင်သမျှ ကပ်လျက် စကားစမြည် ပြောကြစဉ် ပညာရေးကိစ္စ ပါလာပါသည်။ မူကြိုကျောင်းကောင်းကောင်းတဲ့။ ရန်ကုန်မှာ ရှိလျှင်လည်း ရန်ကုန် ကို ညွှန်ပေးပါတဲ့။ ရန်ကုန်တွင် တိုက်ခန်းလည်းရှိ၊ ဆွေရင်းမျိုး လည်းရှိမို့ အဆင်ပြေပါလေသတဲ့။

ဘယ်သူလဲ


ထိုင်း အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း မြန်မာလေ့လာချင်

ထိုင်းနဲ့ အမေရိကန် ပူးတွဲလုပ်မယ့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို မြန်မာနိုင်ငံက အကဲခတ် လေ့လာလိုပြီး ဒီကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ ညှိနှိုင်းဖို့ ထိုင်းနိုင်ငံရဲ့ အကူအညီရအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Air Chief Marshal Sukumpol Suwanatat တွေ့ဆုံစဉ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Sukumpol Suwanatat ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းဝန်ကြီးက မနေ့က ပြောပါတယ်။

ရခိုင်မှာ ဖမ်းဆီးထားတဲ့ AZG ဝန်ထမ်းတချို့ကို ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဟော်လန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (AZG) အဖွဲ့အစည်းက ရခိုင်ပြည်နယ်ဆိုင်ရာ တာဝန်ခံအရာရှိ ဦးကျော်လှအောင်နဲ့ ဝန်ထမ်း အချို့ကို အာဏာပိုင်တွေက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
RFA
စစ်တွေအကျဉ်းထောင် ဖြစ်ပါသည်။
အဲဒီဖမ်းဆီးထားသူတွေထဲက ၂ ဦးကို စစ်တွေအကျဉ်းထောင်က ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ၃ ဦးကိုတော့ ဘူးသီးတောင် တရားရုံးကနေ ဒီကနေ့ ညနေ ၅ နာရီလောက်မှာ လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis