menu

Saturday 7 January 2012

အင်းစိန်မြို့နယ် အမှတ် ၃ သံမဏိစက်ရုံ မီးလောင်မှုဖြစ်ပွား

DSC_0744
မီးလောင်မှုဖြစ်ပွားခဲ့သည့် အမှတ်(၃)သံမဏိစက်ရုံရှေ့မြင်ကွင်း
DSC_0737
စက်ရုံအတွင်း မီးငြှိမ်းသတ်ပြီး ပြန်ထွက်လာသည့် မီးသတ်ယာဉ်တစ်စီး
အင်းစိန်မြို့နယ်၊ ရွာမ (အနောက်)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် အမှတ်(၃) သံမဏိစက်ရုံအတွင်း ဇန်န၀ါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန် အရာရှိကြီး နှစ်ဦး မြန်မာနိုင်ငံလာမည်

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး လူးဝစ်ဆီဒါဘက်ကာ (Luis CdeBaca) တို့ဟာ ဇန်န၀ါရီလ ၉ ရက်၊ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို သွားရောက်ကြမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒီခရီးစဉ်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသာမက ဒဏ်ခတ်ပိတ်ဆို့မှုအတွက် အကျုံးဝင်နေတဲ့ လူကုန်ကူးမှု၊ အလုပ်သမား အခွင့်အရေး၊ နယ်စပ် ဒုက္ခသည်အရေးတွေကိုပါ လေ့လာသုံးသပ်ဖို့ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန် နိုင်ငံက တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုတွေကို မကြာခင်လတွေအတွင်းမှာပဲ တိုးမြှင့်လုပ်လာခဲ့တာပါ။

အမျိုးသမီးလုပ်သားများ တရားမ၀င်အလုပ်ဖြင့် နိုင်ငံခြားလွှတ်လျင် အရေးယူမည်

အလုပ်သမားအေဂျင်စီ တခုရှေ့မှာ

မြန်မာနိုင်ငံမှ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့သို့ ခွင့်ပြုထားသောအလုပ်အကိုင် များမဟုတ်ဘဲ တရားမ၀င် အလုပ်များလုပ်ကိုင်ရန် မြန်မာအမျိုးသမီးအလုပ်သမားများကို စေလွှတ်သည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ အကြံပေးဒေါက်တာနေဇင်လတ်နှင့်တွေ့ဆုံခြင်း

၂၀၁၁ ခုနှစ်မှာ နိုင်ငံတော်သမ္မတအကြံပေးဖြစ်လာတဲ့ ဒေါက်တာနေဇင်လတ်ကို The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဝန်ကြီးချုပ် နှုတ်ထွက်ခွင့်ပြု

ပြည်ထောင်စုဝန်ကြီးဦးကျော်စွာခိုင် နဲ့ တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဦးခင်ဇော် တို့ ကို နုတ်ထွက်ခွင့်ပြုကြောင်း အစိုးရပိုင် သတင်းစာတွေ မှာ ဒီကနေ့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း၊ အမိန့်အမှတ် ၂/၂၀၁၂ ကို ဇန်နဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ အမိန့်တွင် ပြည်ထောင်စုဝန်ကြီး ရာထူးမှ ကျန်းမာရေးအခြေအနေအရ နုတ်ထွက်ခွင့်ပြုရန် တင်ပြလာသည့်
Related Posts Plugin for WordPress, Blogger...

ShareThis