menu

Friday 4 October 2013

ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ

ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ

Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။ 

ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန်၊ ကျန်းမာရေး ဆေးပေးခန်း အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။ 

အိမ်ရာ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပါ။ ဒါတောင် Facebook က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလို့ အမည်ပေးထားပါတယ်။ ဝန်ထမ်းများ အတွက် ထောက်ပံ့မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ မိသားစု ရှိသူများအတွက်လည်း အခန်းကျယ် ပေးမှာပါ။ လုပ်ခလစာ၊ ပင်စင်လစာ အပြင်၊ နေစရာ၊ စားစရာ အပြည့် ထောက်ပံ့ပေးပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္မဏီစာရင်းထဲ ဝင်ဖို့ ကြိုးစားနေ ပုံ ပေါက် ပါတယ်။ လက်ရှိ နံပါတ်တစ် ယူထားတာက Google ပါ။ ပြီးရင်သူ့ လက်အောက် Youtube ဖြစ်ပါတယ်။ Facebook ကလည်း တဖြည်းဖြည်း တက်လာပါပြီ။ 

အိမ်ရာစီမံကိန်းကို Facebook ကုမ္မဏီတစ်ခုတည်းက  အကုန်ကျခံထားခြင်း မဟုတ်ပဲ အခြား ကုမ္မဏီ တစ်ခုနဲ့ အပြန်အလှန်အကျိုးပြု ရှယ်ယာဖြင့် တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/facebook.html

.

Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန်၊ ကျန်းမာရေး ဆေးပေးခန်း အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။

တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို

Photo: တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို

ထိုင်ပေ၊ အောက်တိုဘာ ၂

တရုတ်တို့၏ရန်ကို ခုခံကာကွယ်နိုင်သည့် စွမ်းရည် မြှင့်တင်နိုင်ရန် ရေငုပ်သင်္ဘော များနှင့် အဆင့်မြင့် တိုက်လေယာဉ်များ ရောင်းချပေးရန် အမေရိကန်ပြည်ထောင်စု ကို ထိုင်ဝမ် အထက်တန်းအရာရှိကြီး တစ်ဦးက  ထပ်မံတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ မာရင်ကျိုးလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသော်လည်း အဆင့်မြင့် လက်နက်များရောင်းချပေးရန် တိုက်တွန်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းရာတွင် စစ်အင်အား အသုံးပြုသည့် နည်းလမ်းကို ပစ်ပယ်မည်မဟုတ်ဟု တရားဝင် ပြောကြားထားခြင်းကြောင့် ထိုင်ဝမ်က မိမိ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြင့်တင်လျက် ရှိသည်။

"တရုတ်ပြည်မကြီးရဲ့ စစ်ရေးစွမ်းရည် က ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရမ်းကို တိုးတက်လာပါတယ်။ အဲဒါတွေက ထိုင်ဝမ် အတွက် အရမ်းကို အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုတွေပါ" ဟု ထိုင်ဝမ် ဒုတိယကာကွယ် ရေးဝန်ကြီးရန်တီဖက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ကျင်းပသော အမေရိကန်-ထိုင်ဝမ် ကာကွယ်ရေး စက်မှုလုပ်ငန်း ကွန်းဖရင့်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ထိုင်ဝမ်နိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာသော စစ်ရေးစွမ်းရည် က မည်မျှ ခြိမ်းခြောက်မှုပေးနိုင်မည်ကို လေ့လာ သုံးသပ်နိုင်ရန် အမေရိကန်-ထိုင်ဝမ် ကွန်းဖရင့်ကို ၂၀၀၂ ခုနစ်မှစတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကွန်းဖရင့် ကျင်းပခဲ့သည်။

အမေရိကန်နိုင်ငံထံမှ ရေငုပ်သင်္ဘော များကို ဦးစားပေး ဝယ်ယူလိုကြောင်း ထိုင်ဝမ်၏ အထက်တန်းအရာရှိ ရန်က ပြောကြားသည်။

ထို့အပြင် ထိုင်ဝမ်လေတပ်တွင် လက်ရှိအသုံးပြုနေသော င်္-၁၆ တိုက် လေယာဉ်များထက် အဆင့်မြင့်သည့် တိုက်လေယာဉ်များလည်း ဝယ်ယူလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြော ကြားသည်။

ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ်  လက်ထက်အတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို သမားရိုးကျ ရေငုပ်သင်္ဘော ရှစ်စင်းနှင့် အခြားသော လက်နက်ပစ္စည်း များကို ရောင်းချပေးခဲ့ပြီး ယင်းကဲ့သို့ ရောင်းချ ပေးမှုသည် ၁၉၉၂ ခုနစ်နောက်ပိုင်း အငြင်းပွားဖွယ် အကောင်းဆုံး အမေရိက၏ လက်နက်ရောင်းချမှုဖြစ်စဉ် ဖြစ်သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စု တွင် သမားရိုးကျရေငုပ် သင်္ဘောများ မတည်ဆောက်ဖြစ်သည်မှာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ ဖြစ်သဖြင့်  လက်နက်တင်ပို့ရေး မှာယူမှုတွင် တိုးတက်မှု  အတည်းငယ်သာ ရှိခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး မဟုတ်သော သမားရိုးကျ ရေငုပ်သင်္ဘောများကို ဂျာမနီနှင့် စပိန်နိုင်ငံတို့က ထုတ်လုပ်လျက် ရှိသော်လည်း တရုတ်နိုင်ငံက စိတ်ဆိုးဒေါသထွက် မည်ကိုစိုးရိမ်ခြင်းကြောင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချခြင်း မပြုပေ။

ထိုင်ဝမ်ရေတပ်တွင်  ရေငုပ်သင်္ဘော လေးစင်း အသုံးပြုနေပြီး ယင်းအနက် နှစ်စင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်များတွင်  အမေရိကန်ပြည်ထောင်စု၌ တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောများ ဖြစ်ကာ စစ်ပွဲကာလတွင် အသုံးဝင်ခြင်း မရှိတော့ဘဲ ရေငုပ်သင်္ဘော နှစ်စင်းသာ တာဝန်ထမ်း ဆောင်နိုင်မည် ဖြစ်ခြင်းကြောင့် ရေငုပ်သင်္ဘောများ အရေးတကြီး လိုအပ်လျက် ရှိသည်။

ထိုင်ပေ၊ အောက်တိုဘာ ၂

တရုတ်တို့၏ရန်ကို ခုခံကာကွယ်နိုင်သည့် စွမ်းရည် မြှင့်တင်နိုင်ရန် ရေငုပ်သင်္ဘော များနှင့် အဆင့်မြင့် တိုက်လေယာဉ်များ ရောင်းချပေးရန် အမေရိကန်ပြည်ထောင်စု ကို ထိုင်ဝမ် အထက်တန်းအရာရှိကြီး တစ်ဦးက ထပ်မံတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ မာရင်ကျိုးလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသော်လည်း အဆင့်မြင့် လက်နက်များရောင်းချပေးရန် တိုက်တွန်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းရာတွင် စစ်အင်အား အသုံးပြုသည့် နည်းလမ်းကို ပစ်ပယ်မည်မဟုတ်ဟု တရားဝင် ပြောကြားထားခြင်းကြောင့် ထိုင်ဝမ်က မိမိ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြင့်တင်လျက် ရှိသည်။

"တရုတ်ပြည်မကြီးရဲ့ စစ်ရေးစွမ်းရည် က ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရမ်းကို တိုးတက်လာပါတယ်။ အဲဒါတွေက ထိုင်ဝမ် အတွက် အရမ်းကို အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုတွေပါ" ဟု ထိုင်ဝမ် ဒုတိယကာကွယ် ရေးဝန်ကြီးရန်တီဖက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ကျင်းပသော အမေရိကန်-ထိုင်ဝမ် ကာကွယ်ရေး စက်မှုလုပ်ငန်း ကွန်းဖရင့်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

မိဘမဲ့ကလေးတွေကို စာနာလို့ ဆုရခဲ့သူလေး မိုးစက်ဝိုင်

နိုဝင်ဘာ(၉)ရက် ရုရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် Miss Universe 2013 တွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည့် မိုးစက်ဝိုင်မှ ရရှိခဲ့သောဆုကြေးများအား မိဘမဲ့ကလေးများအတွက် ပဒေသာပင်ထူထောင်သွားလိုသည်ဟု ဆိုသည်။
Miss Universe Myanmar 2013 မိုးစက်ဝိုင်သည် ဆန်ခါတင်ငါးဦး အဆင့်မေးခွန်းတစ်ခုစီ ဖြေကြားခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 "ဆုရရှိခဲမယ်ဆိုရင် ပဒေသာပင်လေးတစ်ခုထူထောင်ချင်ပါတယ်။ ဘယ်လိုပဒေသာပင်မျိုးလဲဆိုတော့ မိဘမဲ့ကလေးလေးတွေ အတွက် ပဒေသာပင်လေး ထူထောင်ချင်ပါတယ်"ဟု မိုးစက်ဝိုင်က ပြောကြားခဲ့သည်။
မိုးစက်ဝိုင်သည် Miss Universe Myanmar 2013 အပါအဝင် အသားအရေစိုပြေမှု(Miss Healthy Skin)နှင့် လူကြိုက် အများဆုံး (Miss Famous Award)ဆုတို့ကိုပါ ရရှိခဲ့ပြီး Miss Universe Myanmar 2013 အတွက် ဆုကြေးငွေကျပ် သိန်း(၁၀၀)၊ စိန်သရဖူတစ်ခုနှင့် Honda Fit ကားတစ်စီး၊ Miss Healthy Skin အတွက် ဆုကြေးငွေကျပ် (၆)သိန်းနှင့် Miss Famous Award အတွက် ဆုကြေးငွေကျပ် (၁၀)သိန်း ရရှိခဲ့သည်။

မြင်းရူးတစ်ကောင်မြင်မြင်သမျှ လိုက်ကိုက်နေ၍ တားဆီးရန်ကြိုးပမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခွေးရူးကိုက်ခံထားရသည့် မြင်းတစ်ကောင်ကို သက်ဆိုင်ရာ နယ်မြေခံ လုံထိန်းတပ်ဖွဲ့များက ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေသည်ဟု ဘုရင်နောင်ရဲစခန်းမှ သိရှိရသည်။
ကျွန်တော်တို့အဲ့ဒီမြင်းကို ဖမ်းဆီးနိုင်ဖို့အတွက် နယ်ထိန်းတပ်ဖွဲ့ဝင်တွေ လွှတ်ပြီးစုံစမ်းနေပါတယ်၊ မြင်းပိုင်ရှင်ကိုလည်း ရှာဖွေနေပါတယ် ” ဟု ဘုရင့်နောင်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။
 အဆိုပါမြင်းမှာ သမိုင်းခုံးကျော်တံတာအနီးရှိ ရွှေထီးဟိုတယ်မှ မွေးမြူထားသည့် မြင်းဟု ပတ်ဝန်းကျင်က ပြောဆိုနေပြီး လွန့်ခဲ့သည့်ရက်က ခွေးရူး ကိုက်ခံခဲ့ရခြင်းကြောင့် မြင်းမှာအရိုင်းစိတ်ဝင်သွားပြီး လူနှင့်အရာဝတ္တုပစ္စည်းများအားလိုက်လံ ကိုက်ဖြတ်နေသည်ဟု ပတ်ဝန်းကျင်နေ ပြည်သူများထံမှ သိရှိရသည်။
အဲ့ဒီမြင်းကိုနေ့စဉ်တွေ့နေတာ သမိုင်းမြို့သစ်၊ ဘုရင့်နောင်၊အဲ့ဒီဝန်းကျင်မှာ နေ့စဉ်တွေ့နေရတယ်၊ ခွေးရူးကိုက်ခံရပြီးတော့ ကားတွေ လူတွေနဲ့ မြင်မြင်သမျှကိုလိုက်ကိုက်ဖို့ ကြိုးစားနေတာ တွေ့ရတယ် ဟု ဘုရင့်နောင်မြို့နယ်အတွင်းမှ တက္ကစီယာဉ် မောင်းတစ်ဦးက ပြောသည်။

Miss Universe 2013 ဆု မိုးစက်ဝိုင် ဆွတ်ခူး

Photo: Miss Universe 2013 ဆု မိုးစက်ဝိုင် ဆွတ်ခူး

ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၈ မိနစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Miss Universe ပြိုင်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် အောက်တိုဘာလ ၃ ရက်ကကျင်းပရာ ဆုကို မိုးစက်ဝိုင်က ဆွတ်ခူးရရှိသွားသည်။

မြန်မာနိုင်ငံသည် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယခုနှစ် ကျင်းပ သည့် ပြိုင်ပွဲတွင် Healthy Body, Beautiful Smile, Myanmar Heart စသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

ယင်းပွဲတွင် ပဏာမ ရွေးချယ်ထားသူ အယောက် ၂၀ က မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းပွဲတက် ၀တ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် ရေကူးဝတ်စုံဖြင့်ကိုယ်ဟန်ပြရာတွင် အမရာငြိမ်း၊ မေချစ်ပုံ၊ မိုးစက်ဝိုင်နှင့် နှင်းယမုံဦးတို့မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့ကြသည်။ ထို့နောက်တွင် Miss Universe Myanmar ပြိုင်ပွဲ၏ အခြားဆုများကို စတင်ကြေညာရာတွင် Miss Environment Award ကို မီရှယ်က လည်းကောင်း၊ Miss Healthy Body & Beautiful Skin Award နှင့် Miss Body Perfect Award ဆုကို မြတ်နှင်းဖြူက လည်းကောင်း၊ Miss Healthy Skin Award နှင့် အွန်လိုင်းမှ ပရိသတ်မဲပေးမှု အများဆုံး ရရှိသူဆု
ဖြစ်သည့် Miss Famous Award ကို မိုးစက်ဝိုင်ကလည်းကောင်း၊ Miss Photogenic Award ကို အေးချမ်းမိုးက လည်းကောင်း၊ Miss Beautiful Smile Award ကို မေချစ်ပုံတို့အားလည်းကောင်း ရွေးချယ်ကာ ချီးမြင့်ခဲ့သည်။

ထို့နောက်တွင် နောက်ဆုံးအဆင့် ရွေးချယ်ပွဲအား ကျင်းပရာ ပြိုင်ပွဲဝင်များထဲမှ ငါးဦးအား ထပ်မံရွေးချယ်ခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့မှ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းရာတွင် မိုးစက်ဝိုင်က Miss Universe 2013  ပြိုင်ပွဲ၌ ဆုရရှိခဲ့ပါက ဦးစွာ မိဘအား ကန်တော့မည်ဖြစ်ပြီး ကျန်ရှိငွေများအား မိဘမဲ့ကလေးများအတွက် ပဒေသာပင် စိုက်ထူသွားမည်ဖြစ်ကြောင်းကို ပြောဆိုသွားခဲ့သည်။

၎င်းနောက်Miss Universe Myanmar 2013 ကို မိုးစက်ဝိုင်ကဆွတ်ခူးခဲ့ပြီး 1st Runner Up ဆုကို အေးချမ်းမိုး၊ 2nd Runner Up ကို မြတ်နှင်းဖြူ၊ 3rd Runner Up  နှင်းယမုံဦးနှင့် 4th Runner Up ဆု မေချစ်ပုံတို့က အသီးသီးရရှိခဲ့သည်။ ဆုရရှိသော မိုးစက်ဝိုင်အား Miss Universe Myanmar 2013  စိန်သရဖူ၊ ဆုငွေကျပ်သိန်း ၁၀၀၊ Honda Fit ကားတစ်စီး၊ တစ်နှစ်တာ အခမဲ့ အလှပြင်ဆင်ခွင့်တို့ကို ပေးအပ်ချီး မြှင့်ခဲ့သည်။

“ရုရှမှာ သွားပြိုင်မယ့်ပွဲအတွက် ကြိုးစားရမှာတွေကတော့ အများကြီးရှိပါတယ်။ နိုင်ငံကိုယ်စားပြုသွားရမှာဖြစ်တဲ့ အတွက် ကိုယ့်ထက် အတွေ့အကြုံ ၀ါရင့်တဲ့သူတွေကို တိုင်ပင်ပြီး သူတို့ရဲ့ ညွှန်ကြားမှုအောက် မှာကျေကျေနပ်နပ် ခံယူပြီး ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု မိုးစက်ဝိုင်က ပြောကြားခဲ့သည်။

မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကိုလည်း ကြော်ငြာခဲ့သည်။ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်ပြီး အမေရိကန်နိုင်ငံတွင် B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး အဆိုပါနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

မိုးစက်ဝိုင်သည် နိုဝင်ဘာလ ၉ ရက်တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ မြန်မာ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲသည် ကမ္ဘာ့အဆင့် ၁ ရှိ အလှမယ်ပြိုင်ပွဲဖြစ်ပြီး ၁၉၅၂ ခုနှစ်တွင် စတင် ကျင်းပခဲ့ခြင်းဖြစ်သည်။ 
-------------------------------------------------------------
ပုံအညွှန်း - Miss Universe Myanmar 2013 ဆု ရရှိသွားသည့် မိုးစက်ဝိုင်ကို အခြား 1st Runner Up ဆုရှင် အေးချမ်းမိုး၊ 2nd Runner Up ဆုရှင် မြတ်နှင်းဖြူတို့နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို) Miss Universe ပြိုင်ပွဲကို မြန်မာပြည်တွင် နှစ် ၅၀ အတွင်း ပထမဆုံးပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယခုဆုရရှိသွားသည့် မိုးစက်ဝိုင်သည် ရုရှနိုင်ငံသို့ နိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပန်းမြတ်ဇော် | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၈ မိနစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် Miss Universe ပြိုင်ပွဲကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံတွင် အောက်တိုဘာလ ၃ ရက်ကကျင်းပရာ ဆုကို မိုးစက်ဝိုင်ကဆွတ်ခူးရရှိသွားသည်။

မြန်မာနိုင်ငံသည် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယခုနှစ် ကျင်းပ သည့် ပြိုင်ပွဲတွင် Healthy Body, Beautiful Smile, Myanmar Heart စသော ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

ယင်းပွဲတွင် ပဏာမ ရွေးချယ်ထားသူ အယောက် ၂၀ က မြန်မာဝတ်စုံ၊ ရေကူးဝတ်စုံ၊ ညနေခင်းပွဲတက် ၀တ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် ရေကူးဝတ်စုံဖြင့်ကိုယ်ဟန်ပြရာတွင် အမရာငြိမ်း၊ မေချစ်ပုံ၊ မိုးစက်ဝိုင်နှင့် နှင်းယမုံဦးတို့မှာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့ကြသည်။ ထို့နောက်တွင် Miss Universe Myanmar ပြိုင်ပွဲ၏ အခြားဆုများကို စတင်ကြေညာရာတွင် Miss Environment Award ကို မီရှယ်က လည်းကောင်း၊ Miss Healthy Body & Beautiful Skin Award နှင့် Miss Body Perfect Award ဆုကို မြတ်နှင်းဖြူက လည်းကောင်း၊ Miss Healthy Skin Award နှင့် အွန်လိုင်းမှ ပရိသတ်မဲပေးမှု အများဆုံး ရရှိသူဆု
ဖြစ်သည့် Miss Famous Award ကို မိုးစက်ဝိုင်ကလည်းကောင်း၊ Miss Photogenic Award ကို အေးချမ်းမိုးက လည်းကောင်း၊ Miss Beautiful Smile Award ကို မေချစ်ပုံတို့အားလည်းကောင်း ရွေးချယ်ကာ ချီးမြင့်ခဲ့သည်။

လင်ယောက်ျားသေဆုံးသွားသည့် အမျိုးသမီးများကို သမ္မတ ထောက်ပံ့မည်


ကြယ်ပြာ | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၁၂ မိနစ်

အမျိုးသား အိမ်ထောင်ဦးစီးသေဆုံးသွားပြီးနောက် မိသားစုကို ဦးဆောင်နေရသော အမျိုးသမီးများကို သမ္မတ ဦးသိန်းစိန်က ထောက်ပံကြေးပေးသွားရန် စီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှက မဇ္ဈိမကို့ ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအား တရားဝင်ကြေညာခဲ့သည့် ပွဲအပြီးတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနမှ ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

“ဒါကိုလုပ်ဖို့ မူဝါဒကို တင်ထားပြီးပါပြီ၊ လူဦးရေ စစ်တမ်းတွေ ကောက်ယူဖို့လိုနေသေးလို့ တရားဝင် မပြောခဲ့တာပါ။ သမ္မတကြီးကလည်း တစ်ဦးတည်းရုန်းကန်နေရတဲ့ မုဆိုးမတွေကို သနားတာကြောင့် ထောက်ပံ့ ပေးဖို့လုပ်တာပါ” ဟု ဒုတိယညွန်ကြားရေးမှူးချူပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

အမေရိကွန်ဂရက် အဆောက်အဦနားမှာ ပစ်ခတ်မှုဖြစ်


အောက်တိုဘာလ ၃ ရက် နေ့ ညနေ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ခွဲ (GMT 1830) အချိန်မှာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ကွန်ဂရက် လွှတ်တော် ရုံးစိုက်ရာ Capitol အဆောက်အဦ နားမှာ ပစ်ခတ်သံတွေ ကြားခဲ့ရလို့ အဲဒီ အနားတဝိုက်ကို လုံခြုံရေးတွေ က ပိတ်ဆို့ထားလိုက်ပါတယ်။
ဘယ်သူတွေ ပစ်ခတ်သလဲ၊ ပစ်မှတ်က ဘာလဲ ဆိုတဲ့ အသေးစိတ် အခြေအနေတွေကို မသိရသေးပါ။

လူတခိျု့ ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းရပါတယ်။

အဆောက်အဦထဲမှာ ရှိနေတဲ့ လူတွေကို ပြူတင်းပေါက်တွေ အနားမှာ မနေကြဖို့ မှာထားတယ်လို့ Capitol အဆောက်အဦထဲမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခြေအနေတွေကို ရုပ်မြင်သံကြားက တဆင့် စောင့်ကြည့်နေကြဖို့ မှာထားတယ်လို့လည်း အဆောက်အဦထဲမှာ ရှိနေသူတဦးက ဘီဘီစီကို ပြောပါတယ်။

“သမ္မတ အရည်အချင်း ပြင်ဖို့ သဘောမတူဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ငြိစွန်းနေတာပဲ”... တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း

ဦးဟန်ရွှေ (ဓာတ်ပုံ – christopherdavy)
 ပြည်ထောင်စု လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး အခြေခံ ဥပဒေကို လေ့လာသုံးသပ်ရေး လုပ်ဆောင်နေချိန် လွှတ်တော်တွင် အမတ်  ၁၇ နေရာ ရရှိထားသော မြန်မာဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ အမွေခံ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အခြေခံဥပဒေနှင့် ပတ်သက်သော သဘော ထား များကို တရားဝင် ထုတ်ဖော် ပြောဆိုလာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင်  သမ္မတ အရည်အချင်း ကန့်သတ်ချက်ကို ပြင်ဆင်ရန် မသင့်ဟု ထုတ်ဖော်ပြောဆိုလာသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ဗဟို ကော်မတီဝင် ဦးဟန်ရွှေကို ဧရာဝတီသတင်းထောက် စနေလင်းက တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီအနေနဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘယ်အချက်တွေကို အဓိက ပြင်ချင်လဲ။
ဖြေ။     ။ အဓိက ပြင်ဆင်ရမှာက တိုင်းရင်းသားတွေ အပါအ၀င် တမျိုးသားလုံးအတွက် မဟာဗျူဟာဖြစ်နိုင်မယ့် အချက် အလက် တွေကို ပြင်ဆင်ဖို့လိုမယ်လို့ ပါတီရဲ့ ကြေညာချက်မှာ ပါတယ်။ ရှင်းအောင်ပြောရရင်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ ၉၆ က ပြည်ထောင်စုကနေ လုပ်ရမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာတွေ။  ပုဒ်မ ၁၈၈ က တိုင်း ဒေသကြီး၊ ပြည်နယ်တွေက လုပ်ရမယ့် အာဏာခွဲဝေရေး ကိစ္စ။ ပုဒ်မ ၂၅၄ တို့မှာလည်း ဒီအတိုင်းပဲ။

သံတွဲပဋိပက္ခသည် သူ၏ခရီးစဉ်နှင့် ချိန်ကိုက်လုပ်ဆောင်သည်ဟု သမ္မတသံသယရှိ

နိုင်ငံတော် သမ္မတ သံတွဲမြို့ သို့ ရောက်ရှိစဉ် ၊ ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုဒ် 
သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သမ္မတ၏ ရခိုင်ခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့သည်ဟု သံသယရှိကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာလ ၃ရက် နံနက်က သံတွဲမြို့ အဏ္ဏဝါရိပ်သာ၌ နှစ်ဘက်ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

သံတွဲမြို့အနီးရှိ ကျေးရွာများကို လာရောက်မီးရှို့ ဖျက်ဆီးသူများသည် ထိုကျေးရွာသားများကိုယ်တိုင်မဟုတ်ဘဲ ပြင်ပကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း အထောက်အထားများ ရရှိထားသည်ဟုလည်း သမ္မတက ဆိုသည်။

"စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တောနယ်မြေများသို့ မိမိရောက်နေချိန်တွင် သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုတစ်ခုမှ စတင်၍ ပဋိပက္ခအချို့ ပေါ်ပေါက်ခဲ့ကြောင်း၊ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင် သံသယဖြစ်စရာ အကြောင်းများရှိသည်"ဟု သမ္မတက ပြောကြားခဲ့ကြောင်း သမ္မတရုံး ဝဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။

““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်””... ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

““အဲဒါရေးရင်တော့ ခင်ဗျားတို့ကို ကျွန်တော် တစ်ခုခုလုပ်မယ်””
လွှတ်တော်၌ မေးမြန်းသော သတင်းထောက်ကို ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ ဦးဌေးဦးပြော


 ရန်ကုန်၊ အောက်တိုဘာ ၂

ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးကို အောက်တိုဘာ ၂ ရက် လွှတ်တော် အစည်းအဝေးအပြီး မြန်မာသံတော်ဆင့် သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ရာ ဦးဌေးဦးက အဆိုပါ သတင်းထောက်ကို သံတော်ဆင့်အနေဖြင့် ၎င်းအပေါ် ရေးသားချက်ရှိပါက တစ်ခုခု ပြန်လုပ်မည်ဟု ပြင်းထန်စွာ ထည့်သွင်း ပြောကြားခဲ့သည်။ ဦးဌေးဦးကို မေးမြန်းချက်များနှင့် ၎င်း၏ ဖြေကြားချက်များမှာ-

ဂျာနယ်တစ်ခုမှာ ရေးထားတယ်။ လက်ရှိ အခြေခံဥပဒေဟာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမကျဘူး။ အခြေခံဥပဒေဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းတာတဲ့ ပေတံတစ်ချောင်းမျှသာ ဖြစ်တယ်။ အဲဒီအပေါ်မှာ  လွှတ်တော်အမတ်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ချင်ပါသလဲခင်ဗျာ။

လေတပ်ဗိုလ်မှူး မောင်းသောကားမှောက်၍ မိဘနှစ်ပါးနှင့် ဇနီး ပွဲချင်းပြီး


Friday, October 4, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်သော တပ်မတော်(လေ)မှ ဗိုလ်မှူး ဟိန်းထက်အောင် မောင်းနှင်သည့် ဟိုင်းလတ် ဆပ်(ဖ်)ကားသည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ပဲခူးအပိုင်) မိုင်တိုင် ၅၀ အနီး တိမ်းမှောက်ခဲ့ရာ အရှိန်ပြင်းထန်၍ ကား မှန်တံခါးများ ပွင့်ထွက်ပြီး ယာဉ်ပေါ်အတူ လိုက်ပါလာသော ဖခင်ဖြစ်သူ ဦးသန်းအေး အသက်(၆၃)နှစ်၊ မိခင် ဒေါ်မေစီလှ အသက် (၅၈) နှစ်နှင့် ဇနီးသည် မကေသီခိုင် အသက် (၂၄) နှစ်တို့ ၎င်းနေ့တွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ပဲခူး၊ ဘောနက်ကြီး၊ အမြန်လမ်း ရဲစခန်းက (ပ) ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ အရ အရေးယူထားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဗိုလ်မှူးဟိန်းထက်အောင် အနေဖြင့် ကျန်းမာရေး မကောင်းသော ဖခင်ဦးသန်းအေးကို ရန်ကုန်မြို့ ဆေးရုံမှ နေပြည်တော် ဆေးရုံကြီးသို့ သွားရောက် တင်ပို့ ကုသနိုင်ရန်အတွက် မိသားစုနှင့်အတူ ကိုယ်တိုင် လိုက်ပါ ပို့ဆောင်စဉ် ထိုကဲ့သို့ အခင်းဖြစ်ပွားကြောင်း၊ အတူပါလာသော ၎င်း၏ ကိုးလသားအရွယ် သားတစ်ဦးမှာ.. ကံကောင်း ထောက်မပြီး လမ်းဘေးရှိ မြက်ပင်များအပေါ်သို့ ကျရောက်ကာ အသက်ရှင် ခဲ့ကြောင်း၊ ၎င်းဗိုလ်မှူးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ရန်ကုန် စစ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ကွယ်လွန်သူများကို လိုက်ပါ ပို့ဆောင်ရာ၌ ပါဝင်ခဲ့သူ (ဦးသန်းအေး) ၏ မိတ်ဆွေများက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ

ဒုရဲအုပ်က သေနတ်ဖြင့်ပစ်၍ သေဆုံးသွားသော ရဲအုပ်နာရေးတွင် တွေ့ရစဉ် ဓာတ်ပုံ-မောင်တာ
ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းရဲရုံးမှ ဖွဲ့စည်းထားသည့် ရဲတရားရုံးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်နေသည့် တရားခံကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။

စက်တင်ဘာ ၂ ရက် ညအချိန်က မန္တလေးတိုင်းရဲရုံးအတွင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း စက်တင်ဘာ ၃၀ ရက်တွင် ပြစ်မှုဥပဒေပုဒ်မ ၃၀၂ ဖြင့် မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းတရားရုံးမှ အမှုအားစစ်ဆေးလျက်ရှိကြောင်း၊ တရားခံဖြစ်သူကို တရားစွဲဆိုမှုများပြုလုပ်ခဲ့သည့် အမှတ် (၃)နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ

Photo: သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးသည်ဟု သံသယရှိသူ ခြောက်ဦးအား စစ်ဆေးနေ

ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ်အား အုတ်ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခဲ့သူ နှစ်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၇၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၆/၄၂၇ ဖြင့်လည်းကောင်း၊ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၈၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၄၂၇ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံရသူ အားလုံးမှာ ရခိုင်လူမျိုးများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

''အခုဖမ်းဆီး စစ်ဆေးနေတဲ့သူတွေ အားလုံးက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးနေတဲ့ အဆင့်ပဲရှိတယ်။ တရားခံ မဟုတ်သေးဘူး။ ရဲလုပ်ငန်းအရ အားလုံးစစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာပါ။ အကယ်၍ သက်သေခံ အထောက်အထား မခိုင်လုံရင်တော့ ပြန်လွှတ်ပေးသွားမှာပါ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

ကမန်လူမျိုးတစ်ဦးက အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေအိမ်မီးရှို့ ခံရမှုနှင့်ပတ်သက်ပြီး တိုင်ကြားခဲ့ကြောင်း သိရသည်။ သို့သော် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂ ရက်နေ့ညတွင်မသင်္ကာသဖြင့် နေအိမ်များအတွင်း ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ရခိုင်လူမျိုး ခြောက်ဦးကို အဆိုပါ ကမန်လူမျိုး တိုင်ကြားမှုနှင့် ပတ်သက်၍ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၅မိနစ် အချိန်ခန့်က သံတွဲတရားရုံးတွင် စတင်စစ်ဆေးခဲ့မှုအပေါ် ဒေသခံများက ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စတင်စစ်ဆေးမှုကို သံတွဲဒေသခံ ၂၀၀ ၀န်းကျင်လာရောက် နားထောင်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသူများကို လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံတွဲဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်က ''အခု မသင်္ကာလို့ စစ်နေတာက လွဲနေတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ညဘက် ဖမ်းသွားတဲ့ သူတွေကို နောက်နေ့မှ အမှုဖွင့်တာနဲ့ ပတ်သက်ပြီးတော့ စစ်ခဲ့တာ ဆိုတာကတော့ စဉ်းစားစရာပဲ'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် သံသယရှိမှုဖြင့် စစ်ဆေးခံရသူ ခြောက်ဦးအနက် တစ်ဦးက ''ကျွန်တော့် အနေနဲ့ကတော့ ဘာမှမပြောချင်ဘူး။ ဒါပေမယ့် အမှန်တရားတော့ ဖြစ်စေချင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

တိုင်ကြားခဲ့သူ ကမန်လူမျိုးမှာ ယခု စက်တင်ဘာ ၃ရက်တွင် သံတွဲအကျဉ်းထောင်၌ ရမန်ယူပြီး တရားရင်ဆိုင် နေရသူ ဖြစ်ကြောင်း ၎င်းအား ညီဖြစ်သူမှ ထောင်ဝင်စာ သွားတွေ့စဉ် နေအိမ်မီးရှို့ခံရမှုနှင့် ပတ်သက်၍ ပြောခဲ့ရာမှ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းတွင် သံသယရှိသူ ခြောက်ဦးကို သံတွဲမြို့နယ် တရားရုံးမှ စစ်ဆေးနေစဉ်တွင် တရားသူကြီးက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သံတွဲမြို့နယ် တရားသူကြီး ဦးမြင့်ဟန်အား သွားရောက်မေးမြန်းရာ ၎င်းက “မီဒီယာတွေကိုပြန် ဖြေကြားခွင့်မရှိပါဘူး။ ခုနစစ်ဆေးတုန်းက ပြောသွားတဲ့ အတိုင်းပါပဲ'' ဟု ပြောကြားခဲ့သည်။ သံတွဲမြို့ သပြုချိုင်ကျေးရွာနေ ကမန်လူမျိုးဦးမြင့်မောင်က ''ကျွန်တော်တို့တွေ ဒီမြေမှာ အရင်နှစ်များကတည်းက အတူ အေးချမ်းစွာနေ ထိုင်လာခဲ့တာပါ။ အခုလိုဖြစ်သွားတော့ ကျွန်တော်တို့က ဘယ်လိုနေရ မှန်းမသိတော့ဘူး။ တစ်ယောက်ကို တစ် ယောက် မယုံကြည်တော့ဘူးဖြစ်လာပြီ'' ဟု ပဋိပက္ခများနှင့် ပတ်သက်ပြီးသုံးသပ် ပြေ ကြားခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲပဋိပက္ခ ဖြစ်စဉ်ကို စတင်ဖြစ်ပွားစေခဲ့သည့် နေအိမ်အား အုတ်ခဲများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ခဲ့သူများအနက် ပါဝင်သူ နှစ်ဦးနှင့် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၃ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

နေအိမ်အား ခဲဖြင့်ပစ်ပေါက်ခဲ့သူ နှစ်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၇၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၆/၄၂၇ ဖြင့်လည်းကောင်း၊ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို သံတွဲမြို့မ ရဲစခန်းမှ (ပ)၈၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၄၂၇ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခံရသူ အားလုံးမှာ ရခိုင်လူမျိုးများဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

''အခုဖမ်းဆီး စစ်ဆေးနေတဲ့သူတွေ အားလုံးက သံသယရှိလို့ ဖမ်းဆီးစစ်ဆေးနေတဲ့ အဆင့်ပဲရှိတယ်။ တရားခံ မဟုတ်သေးဘူး။ ရဲလုပ်ငန်းအရ အားလုံးစစ်ဆေးပြီးမှ ဆက်လက် ဆောင်ရွက်သွားမှာပါ။ အကယ်၍ သက်သေခံ အထောက်အထား မခိုင်လုံရင်တော့ ပြန်လွှတ်ပေးသွားမှာပါ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားခဲ့သည်။

ကန်ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင်ငွေစားရင်းဖွင့်ထားမှု မသိဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ လွှတ်တော်တွင် ငြင်းဆို

Photo: ကန်ဒေါ်လာ၁၁ဘီလီယံ နိုင်ငံခြားဘဏ်တွင်ငွေစားရင်းဖွင့်ထားမှု မသိဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ လွှတ်တော်တွင် ငြင်းဆို

နေပြည်တော်၊အောက်တိုဘာ(၄)ရက်
        မီဒီယာများတွင်ရေးသားဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံစာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍
မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စုလွှတ်တော်တွင်  ငြင်းဆိုလိုက်သည်။

        “ဗဟိုဘဏ်ရယ်၊နိုင်ငံတော်ပိုင်တဲ့ဘဏ်တွေရှိပါတယ်MFTB၊ MICB ၊MEB
တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပေးထားတ
ဲ့အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြားငွေစားရင်းတွေဖွင့်ထားပါတယ်၊
အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာရှိတဲ့နိုင်ငံခြားငွေစုစုပေါင်း
(၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံးယူထားတဲ့
စားရင်းပါ။ဗဟိုဘဏ်၊နိုင်ငံတော်ပိုင်ဘဏ်တွေ နဲ့ ပုဂ္ဂလိက ဘဏ်တွေ က
လုပ်ငန်းအရ ဆက်သွယ်အသုံးပြုနေတဲ့ စာရင်းအရ (၇ဒဿမ၆)ဘီလီယံဖြစ်ပါတယ်။(၁၁
ဘီလီယံ )ဆိုတဲ့ ဟာကိုမသိပါဘူး ဆက်စပ်မှု မရှိပါဘူး၊
 ”ဟု  မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က လွှတ်တော်၌ ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က လည်း
မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ
နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှု
ကြောင့် ကမ္ဘာ့ ဘဏ်က မြန်မာနိုင်ငံကို ကြွေးလျှော်မပေးခြင်း ဆိုသည်မှာလည်း
မမှန်ကန်ကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

                မြန်မာနိုင်ငံ၏ အခြေအနေမှာ ကမ္ဘာဘဏ်၏ သတ်မှတ်ချက်အရ ကြွေးနွံ့ နှစ်နေသော
နိုင်ငံများအဆင့်တွင်  ပါဝင်မှုမရှိခြင်းကြောင့်
 ကမ္ဘာဘဏ်က ပေးသည် Heavily Indebted Poor Country Initiative
အထူးသက်သာတဲ့နည်းလမ်း များနှင့်ကြွေးလျှော်နိုင်သည့်
အခွင့်အရေးမရရှိကြောင်း ပြည်ထောင်စုဝန်ကြီး ကဆက်လက်ရှင်းပြသည်။

        ကမ္ဘာ့ ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့ မှာ ယင်းတို့၏ အဖွဲ့အစည်း
စည်းမျဉ်းအရ မည်သည့် နိုင်ငံကို မျှ ကြွေးလျှော်ပေးသည့်
အစဉ်အလာမရှိကြောင်း ၊၂၀၁၂ ခုနှစ်ဇူလှိုင်လ ၁၂ရက်နေ့မှာ ကမ္ဘာ့
ဘဏ်နှင့်အာရှဖွံ့ဖြိုးရေးဘဏ်တို့သည်
အကူအညီပြန်လည်ပေးအပ်နိုင်ရန်မြန်မာနိုင်ငံက
 ပြန်လည်ပေးအပ်ရန်ကျန်သည့်ကြွေးမှီများကိုစားရင်းရှင်ရန်လိုအပ်ကြောင်း
စားရင်းရှင်းလင်းနိုင်သည့် နည်းလမ်း(၄)မျိုး ၏
အားသားချက်အားနည်းချက်များဖြင့်
အကြောင်းကြားစာပေးပို့ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင်
ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။

               ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်
အဌမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပုသိမ်မြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်က မီဒီယာများတွင် သတင်းရေးသားခဲ့သည့် ဒေါ်လာ၁၁ဘီလီယံ
နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် စားရင်းဖွင့်ထားမှုနှင့်ပတ်သက်၍
မေးမြန်းချက်အပေါ် မြန်မာနိုင်ငံ
ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်နှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်
က လွှတ်တော်တွင်လာရောက် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 ထိုသို့လာရောက်ရှင်းလင်းတင်ပြမှုကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း နာယကကပြောသည်။
စိုင်းနောင်
 
 နေပြည်တော်၊အောက်တိုဘာ(၄)ရက်
မီဒီယာများတွင်ရေးသားဖော်ပြခဲ့သည့် နိုင်ငံခြားဘဏ်တွင်ငွေစားရင်းငါးခုဖြင့် ကန်ဒေါ်လာ၁၁ဘီလီယံစာရင်းဖွင့်ထားမှုနှင့် ပတ်သက်၍
မသိကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌက ပြည်ထောင်စုလွှတ်တော်တွင် ငြင်းဆိုလိုက်သည်။

“ဗဟိုဘဏ်ရယ်၊နိုင်ငံတော်ပိုင်တဲ့ဘဏ်တွေရှိပါတယ်MFTB၊ MICB ၊MEB
တို့ပုဂ္ဂလိက ဘဏ်တွေကိုလဲ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ပေးထားတ
ဲ့အတွက်ကြောင့် သူတို့မှာ လဲနိုင်ငံခြားငွေစားရင်းတွေဖွင့်ထားပါတယ်၊
အဲဒါတွေ စုစုပေါင်း ဟာ ၁၀၊၉၊၂၀၁၃ရက်နေ့မှာရှိတဲ့နိုင်ငံခြားငွေစုစုပေါင်း
(၇ဒဿမ၆)ဘီလီယံဆိုတာ အနီးစပ်ဆုံးယူထားတဲ့
စားရင်းပါ။ဗဟိုဘဏ်၊နိုင်ငံတော်ပိုင်ဘဏ်တွေ နဲ့ ပုဂ္ဂလိက ဘဏ်တွေ က
လုပ်ငန်းအရ ဆက်သွယ်အသုံးပြုနေတဲ့ စာရင်းအရ (၇ဒဿမ၆)ဘီလီယံဖြစ်ပါတယ်။(၁၁
ဘီလီယံ )ဆိုတဲ့ ဟာကိုမသိပါဘူး ဆက်စပ်မှု မရှိပါဘူး၊
”ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က လွှတ်တော်၌ ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးဟောင်းအတွင်း ပုပ်ပွနေသည့် လူသေအလောင်း တွေ့ရှိ


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၀ မိနစ်

မြောက်ဥက္ကလာပမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးဟောင်းအတွင်းမှ ပုပ်ပွနေသည့် လူသေအလောင်း တစ်လောင်းကို အောက်တိုဘာလ ၂ ရက် ညက တွေ့ရှိခဲ့ကြသည်။

ယင်းနေ့ ည ၁၀နာရီခွဲအချိန်က (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးဘေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရုံးဟောင်း) အဆောက်အအုံ ငါးခန်းတွဲ၏ သုံးခန်းမြောက်တွင် လူတစ်ဦးသေဆုံးနေကြောင်း ကိုအာင်ထွန်း (၃၈)နှစ် (အိမ်မရှိ)က လာရောက်အကြောင်းကြားခဲ့သည်ဟု မြို့နယ်ရဲစခန်းက အတည်ပြုထားသည်။

ထိုသတင်းကြောင့် သွားရောက်စစ်ဆေးကြည့်ရာတွင် အမည်မသိ၊ အသက် (၅၃)နှစ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို ပုပ်ပွပြီး လောက်များထွက်ကာ ပက်လက်အနေအထားဖြင့် တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

မိခင်ကို မကျေနပ်၍ နေအိမ်ကို မီးရှို့သူ ရဲကစုံစမ်းနေ


ဇော်ဇော်ထွေး | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်

သန်လျင်မြို့နယ်တွင် မိခင်အားမကျေနပ်၍ နေအိမ်ကို မီးလောင်စေရန် ကြံစည်လုပ်ဆောင်ခဲ့သူအား ရဲစခန်းက အောက်တိုဘာ ၂ရက်တွင် အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးလျက်ရှိသည်။

အမှုမှာ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၄၅ မိနစ်အချိန်က သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ ဦးဖိုးသိန်းလမ်း၊ အမှတ် (၂၃) နေအိမ်တွင် မီးလောင်ကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့ကသွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။

ထို့ကြောင့် အခင်းဖြစ်နေအိမ်တွင် နေထိုင်သော ကျော်ကြီး(ခ) ချမ်းမြေ့အေးထွန်းက မိခင်နှင့် စကားများပြီး နေအိမ်ကို မီးရှို့ရန်
ကြံစည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

ညအချိန်မတော် ချောင်းရေကြီးသဖြင့် အိပ်ပျော်နေသည့် အဘွားအို ရေမျောပျောက်ဆုံး


ကိုတိုးကြီး | သောကြာနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၅၁ မိနစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စုံလာမြိုင်ကျေးရွာ၌ စက်တင်ဘာလ ၂၈ရက် နံနက် ၂နာရီအချိန်တွင် ဘုန်းချောင်းရေကြီးလာသဖြင့် အသက်(၆၀) နှစ်အရွယ် အဘွားတစ်ဦး ရေမျောပျောက်ဆုံးခဲ့သည်ဟု ၎င်း၏ ခင်ပွန်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ရေမျောခဲ့ရာ ဒေါ်လှကြည် အသက် (၆၀)နှစ်မှာ ရေထဲမျောပါသွားပြီး ပျောက်ဆုံးနေကြောင်း ၎င်း၏ ခင်ပွန်းဖြစ်သူက ရဲစခန်းသို့ လာရောက်အကြောင်းကြားခြင်းဖြစ်သည်။

ထိုရက်က မိုးရွာသွန်းမှု အလွန်များပြားခဲ့ခြင်းကြောင့် ဘုန်းချောင်းရေ ရုတ်တရက်ကြီးလာပြီး ထိုဒေသရှိ လူနေအိမ်တချို့ ရေနစ်မြုပ်ခဲ့ခြင်းကြောင့် လူပါမျောပါရခြင်းဖြစ်သည်ဟု ရဲစခန်း၏ မှတ်တမ်းကဆိုသည်။

Related Posts Plugin for WordPress, Blogger...

ShareThis