menu

Tuesday 16 October 2012

နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ

Photo: နေ ၄ စင်းထွန်းလင်းသော ဂြိုဟ်သစ်တစ်လုံး ရှာဖွေတွေ့ရှိ
Tuesday, 16 October 2012

နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဂြိုဟ်၏
ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ့ရှိရာ အဆိုပါတွေ့ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိမှုမျိုး ဖြစ်လာခဲ့သည်။ အဆိုပါ ဂြိုဟ်သည် ကြယ်တစ်စုံကို ဝန်းရံ လှည့်ပတ်နေပြီး အခြားသော ကြယ်တစ်စုံကလည်း ၎င်း၏ အနီးတွင် တည်ရှိနေခြင်းဟု သိရသည်။ ဗြိတိန်နှင့် အမေရိကန်မှ သုတေသီများအပြင် စေတနာ့ဝန်ထမ်း နက္ခတ်ဗေဒ ဝါသနာရှင်များ ပူးပေါင်းလေ့လာမှု၏ ရလဒ်အဖြစ် အဆိုပါ ထူးခြားသော ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Keck နက္ခတ်တာရာကြည့် မှန်ပြောင်းမှတစ်ဆင့် ဖော်ထုတ် တွေ့ရှိခဲ့သော အဆိုပါ ဂြိုဟ်၏ အကြောင်းကို သုတေသီများက အတည်ပြု ပြောကြား
ခဲ့သည်။ PH1ဟု အမည်ပေးထားသော ဂြိုဟ်သည် ကမ္ဘာမြေအလင်းနှစ်
(၅၀၀၀)အောက် အကွာအဝေးတွင် တည်ရှိသည်။ ၎င်းအမည်ကို မှည့်ခေါ်ခြင်းမှာ ယခုရှာတွေ တွေ့ရှိမှုတွင် ကူညီခဲ့သည့် planethunters.org ဝက်ဘ်ဆိုက်ကို ဂုဏ်ပြုသည့် သဘောလည်း ဖြစ်သည်။ ၎င်းသည် နက်ပကျွန်းဂြိုဟ်ထက် အတန်ငယ် ကြီးမားပြီး ကမ္ဘာမြေထက် (၆)ဆမျှ ပိုမို ကြီးမားမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ ဂြိုဟ်၏ လေထုသည် ဓာတ်ငွေ့များနှင့် ပြည့်နှက်နေနိုင်ကြောင်းလည်း သိရှိရသည်။

ယခုလေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာ ခရစ်လင်းတော့တ်က "စကြာဝဠာမှာ ဖြစ်ပျက်နေတဲ့ အရာတွေဟာ ကိုယ်နဲ့အရမ်းကွာလှမ်းနေ
တာမျိုး မရှိတော့ပါဘူး။ ခုဂြိုဟ်ရဲ့ တည်ရှိပုံက ဆန်းကျယ်လွန်းပါတယ်။
နေ(၄)စင်းလုံးရဲ့ သက်ရောက်မှုက ဂြိုဟ်ပေါ်ကို ကျရောက်နေပြီးတဲ့နောက် ရှုပ်ထွေးလွန်းတဲ့ ပတ်ဝန်းကျင်မျိုးကို ဖန်တီးပြီးသား ဖြစ်သွားတယ်။ ဒါပေမဲ့ ဂြိုဟ်က တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ လည်ပတ်နေတဲ့ ဟန်ချက် ပျက်မသွားဘူး။ ဒီအခြေအနေကို ကျွန်တော်တို့ အရင်က မျှော်လင့်
မထားမိတာ အမှန်ပါပဲ"ဟု ပြောကြားသွားခဲ့သည်။

BBC
Myanmar Online News မှကူးယူဖော်ပြပါသည်

Post By :  အေးချမ်းမွန်
နက္ခတ်ဗေဒ ပညာရှင်များသည် နေ(၄)စင်းနှင့် ထွန်းလင်းနေသော ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဂြိုဟ်၏
ကောင်းကင်ယံတွင် နေ(၄)စင်း ထွန်းလင်းနေလေ
့ရှိရာ အဆိုပါတွေ့ရှိမှုမှာ နက္ခတ်ဗေဒ ပညာရပ် သမိုင်းတွင် ပထမဆုံး တွေ့ရှိမှုမျိုး ဖြစ်လာခဲ့သည်။ အဆိုပါ ဂြိုဟ်သည် ကြယ်တစ်စုံကို ဝန်းရံ လှည့်ပတ်နေပြီး အခြားသော ကြယ်တစ်စုံကလည်း ၎င်း၏ အနီးတွင် တည်ရှိနေခြင်းဟု သိရသည်။ ဗြိတိန်နှင့် အမေရိကန်မှ သုတေသီများအပြင် စေတနာ့ဝန်ထမ်း နက္ခတ်ဗေဒ ဝါသနာရှင်များ ပူးပေါင်းလေ့လာမှု၏ ရလဒ်အဖြစ် အဆိုပါ ထူးခြားသော ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကချင်အစိုးရက တရားစွဲသည့်အမှုတနိုင်းနှင့် မြစ်ကြီးနား၌ စစ်ဆေးတော့မည်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တရားစွဲဆိုထားသော ပြည်သူ့လုပ်သားသတင်းစဉ်ဂျာနယ်အမှု့အား အောက်တိုဘာ(၁၈)ရက်နေ့၌ တနိုင်းမြို့တရားရုံးနှင့် အောက်တိုဘာ (၂၂) ရက်နေ့တွင် မြစ်ကြီးနား မြို့နယ် တရားရုံးတို့၌ အမှုစတင် စစ်ဆေးတော့မည်ဖြစ်သည်။

တနိုင်းစက်လှေအသင်းနှင့်ပတ်သက်၍
ပုဒ်မ ၅၀၅ (ခ) (ဂ)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ အစိုးရ အဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေမှုနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်တရားရုံးချုပ်၌ တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လုပ်သားသတင်းစဉ်ဂျာနယ်မှ
ဒေါက်တာသန်းထိုက်ဦး၊ ဒေါ်ကြေးမုံ၊ ဦးဟိန်းထက်အောင်၊ ရှမ်းမောမြေတို့အား တရားစွဲဆိုထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် သမ္မတကြီးဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဥက္ကဋ္ဌ နေရာအား
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြန်လည် ရွေးချယ်ခံရကြောင်း ယင်းပါတီ
ဗဟိုညီလာခံ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်သမ္မတကြီး၏ သက်တမ်းအတွင်း ပါတီလုပ်ငန်းစဉ်များ

မလုပ်ဆောင်နိုင်သည့်အတွက် သူရဦးရွှေမန်းက ပူးတွဲ ဥက္ကဋ္ဌ (ယာယီ) အဖြစ်
တာဝန်ယူ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
The Voice Weekly

ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်

Photo: ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်

သန်းထိုက်ဦး| October 16, 2012

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။

ယင်း အလုပ်သမားများကို ထိုင်း အစိုးရအနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ လူဦးရေ ၁၇ သိန်း ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ ၄ သိန်းသည် နောက်ဆုံး သတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ရင် ရွှေ့ပြောင်းအလုပ်သမား တွေ ကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က ဆက်ပြောသည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း(HRDF)မှ မစ္စတာ အန်ဒီဟောလ် က ပြန်ပို့ခံရနိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်း စာရင်း၌ မြန်မာနိုင်ငံသား ၂ သိန်းခန့် ပါဝင်နေသည်ဟု ကြားသိရကြောင်း ဧရာဝတီ သို့ ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက် နေ့ အထိ ၆ လ သက်တမ်းတိုးရန် ထိုင်း အစိုးရအနေနှင့် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်၌ ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။

ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ်ပရာကန်၊ စူရက်ဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် နိုင်ငံသား စိစစ်ရေးအတွက် ရုံများ ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံသား စိစစ်ရေး လုပ်ငန်း အစီအစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများ အတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြဂုတ်လ အတွင်း၌ စတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည်ဟု ထိုင်းအစိုးရအနေနှင့် ပြောကြားသော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ် အတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်မှုကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင် တချို့ အ လုပ်သမား ရှားပါးမှုနှင့် စတင်ကြုံတွေ့နေရသည်။

လတ်တလော ကာလအတွင်း၌ပင် မြန်မာ အလုပ်သမားများ တဖြည်းဖြည်း ပြည်တော်ပြန်နေသည်ဟု ရနောင်း ခရိုင် ခရီးသွားလုပ် ငန်း ကော်မတီအကြီးအကဲ တဦးဖြစ်သည့် နိုင်နစ်အွန် တိန်ခစ်က ပြောကြားကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြ ထား သည်။

“အခုဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ သူတွေ ပြည်တော်ပြန်ဖို့ စီစဉ်နေကြတယ်၊ ကြားရသလောက် ဒီမတိုင်ခင် ပြန်ကြတဲ့ သူ တွေလည်း ရှိတယ်၊ လတ်တလော တချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်သမား ရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီ”ဟု ၎င်းက ဆို သည်။

ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံ
ရဖွယ်ရှိသည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားလိုက်သည်။

ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

Photo: ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်း
အဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေး
နှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း က
ဧရာဝတီသို့ ပြောသည်။

နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်
ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေ
ရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာတင်ပြခိုင်းခြင်းကြောင့်
နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ
နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်
သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ
ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန်ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။

“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း
ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်
ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင်
နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့်
နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ဥပဒေထဲမှာလည်း
ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး
ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း
ပြောဆိုသည်။

“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်း
မြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန်ကင်းရှင်းကြောင်း ထောက်ခံ
စာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာမရှိတာကို ထောက်ခံ
စာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက်
၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု အဆိုပါ
လူငယ်က ဧရာဝတီသို့ ပြောသည်။

ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။

“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးက
ဆိုသည်။

ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။

ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲ
များကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင်ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ရှင်းပြသည်။

“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊
နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်း
နိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။

ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။


မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်း
အဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေး
နှင့် အခွန်ဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း က
ဧရာဝတီသို့ ပြောသည်။

နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်
ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေ
ရကြောင်း၊

ရန်ကုန်နှင့် စစ်တွေတွင် OIC ရုံးစိုက်ရန် သဘောတူညီချက် ရထားသည်ဟု OIC ထုတ်ဖော်

Photo: ရန်ကုန်နှင့် စစ်တွေတွင် OIC ရုံးစိုက်ရန် သဘောတူညီချက် ရထားသည်ဟု OIC ထုတ်ဖော်

အစ္စလာမ်မစ် နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော OIC မြန်မာနိုင်ငံတွင် ရုံးစိုက်မည်မဟုတ်ဟု နယ်စပ်ရေးရာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော်လည်း ရန်ကုန်နှင့် စစ်တွေမြို့တို့တွင် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားကြောင်း VOA နှင့် BBC တို့တွင် ဖော်ပြသည်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး နဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင်၊ စစ်တွေမှာပါ။” ဟု OIC ပြန်ကြားရေးဌာနက Ms. Maha ပြောကြားကြောင်း VOA သတင်းဌာနတွင် ဖော်ပြသည်။
...
အဆိုပါ လက်မှတ်ရေးထိုးမှုကို OIC ကိုယ်စားလှယ်များနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဌေးနှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

OIC ကို ကန့်ကွက်သော အနေဖြင့် ဆန္ဒဖော်ထုတ်မှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်ပေါ်ခဲ့ပြီးနောက် OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မ္မတရုံးက အောက်တိုဘာလ ၁၆ရက်နေ့ မွန်းလွဲ ၃နာရီ ၃၀မိနစ်ခန့်တွင် ထုတ်ပြန်သည်။

သို့သော်လည်း OIC သို့ တစုံတစ်ရာ အကြောင်းကြားခြင်းမရှိသေးကြောင်း VOA နှင့် BBC တို့တွင် ဖော်ပြထားသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကမှု OIC အနေဖြင့် ဘာသာရေး အဖွဲ့ဖြစ်သောကြောင့် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးမည့်အစား မြန်မာအစိုးရက တဆင့် စိစစ်ပြီး အကူအညီများကို ရောက်သင့်သည့် နေရာများကို ဝေငှပေးသင့်ကြောင်း VOA တွင်ဖော်ပြသည်။

Photo by The Voice Weekly

မူရင်းသတင်း----Rakhine Citizen Journalists
Post By :  အေးချမ်းမွန်
အစ္စလာမ်မစ် နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော OIC မြန်မာနိုင်ငံတွင် ရုံးစိုက်မည်မဟုတ်ဟု နယ်စပ်ရေးရာဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော်လည်း ရန်ကုန်နှင့် စစ်တြွေ
မို့တို့တွင် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီမှု ရရှိထားကြောင်း VOA နှင့် BBC တို့တွင် ဖော်ပြသည်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး နဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင်၊ စစ်တွေမှာပါ။” ဟု OIC ပြန်ကြားရေးဌာနက Ms. Maha ပြောကြားကြောင်း VOA သတင်းဌာနတွင် ဖော်ပြသည်။
...

ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

Photo: ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

နေဖြိုးမြင့် ရှမ်း/မြောက် (မြစ်မခ) 


 ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့၌ ကြေးဘုရားရုပ်ပွားတော်တစ်ဆူပျောက်ဆုံးမှုဖြစ်ပွားပြီး နောက်တွင် ဘုရားစေတီများရှိကြေးဘုရားများအတွက် ဒေသခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည်။ 

 ယင်းကဲ့သို့ ဘုရားရုပ်ပွားတော်ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီး နှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းက အမှတ်(၂)ရပ်ကွက် ကျောက်တောင်ရပ်ရှိ  အေးစေတီဘုရားတည် ထားရာ တောင်ပေါ်၌ ဥာဏ်တော်အမြင့် (၁၃)လက်မရှိသော ကြေးဘုရားရုပ်ပွားတော်တစ်ဆူကို ခြေတော်ရင်းမှ ဖြတ်တောက်၍ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။ 

 “ရပ်တော်မူရုပ်ပွားတော်ရဲ့ အောက်ခြေမှာရှိတဲ့ ဂြိုလ်ပြေနာမ်ပြေ ဘုရားရှစ်ဆူထဲက သောကြာထောင့်က ကြေးဘုရား ကို ခြေတော်ရင်းကနေ ဖြတ်ပြီး ခိုးယူသွားတာ၊ ရဲစခန်းကိုတော့ အသိပေးထားတယ် တိုက်ချက်ဖွင့် ထားတာတော့ မရှိပါဘူး´’ ဟု အဆိုပါဘုရားတောင်ပေါ်ရှိ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါကြေးရုပ်ပွားတော် ခိုးယူခံရပြီင်္းနောက်တွင် ဘုရားများအား ကာရံထားသော သံပန်းများရှိ လူတစ်ယောက် လက်နှိုက်နိုင်အောင် ကျဲနေသော နေရာများကို ထပ်မံကာရံထားလိုက်ပြီး ထပ်မံပျောက်ရှမှုမရှိစေရန် ကာကွယ်ထားကြောင်းကိုလည်း သိရသည်။ 

 “တရားခံကို မြန်မြန်မိအောင်ကြိုးစားပေးစေချင်ပါတယ် မဟုတ်ရင် ဒီလိုပဲ ထပ်ပြီးခိုးခံနေရဦးမှာ၊ တစ်ခြားပစ္စည်း တွေကို ခိုးတာကို မမိသေးတာထား ဘာမှမဖြစ်ဘူး ဘုရားရုပ်ပွားတော်ကို ခိုးတာတော့ ဖြစ်နိုင်သမျှ မြန်မြန် မိစေချင် ပါတယ်” ဟု အသက် (၅၅) နှစ်အရွယ်ရှိ ဘုရားဂေါပကတစ်ဦးက ပြောသည်။

 “ဒီနှစ်ထဲမှာ ဆိုင်ကယ်တွေ ပစ္စည်းတွေခဏခဏပျောက်တယ်၊ တစ်မြို့လုံး အနေအထားနဲ့ဆို ဆိုင်ကယ် ခိုးခံရ တာတင် အစီး(၅၀)မက တော့ဘူး တရားခံမိတာလည်း တစ်ခါမှမကြားဖူးဘူး၊ အခု ဘုရားရုပ်ပွားတော်ပါ ခိုးခံရပြီ ဒီအတိုင်းသာ ဆက်သွားနေရင် ဒီထက်ကြီးမားတဲ့ ရာဇ၀တ်မှုတွေ ဖြစ်လာနိုင်တယ် သက်ဆိုင်ရာတွေ အနေနဲ့ ဖိဖိစီးစီး ဖမ်းစီးတာမျိုးရှိ စေချင်ပါတယ်” ဟု အမှတ် (၂)ရပ်ကွက်ရှိ ဒေသခံတစ်ဦးမှ ပြောသည်။

မြို့တွင်း၌ ဆိုင်ကယ်ပျောက်ရှမှုများပြားလာခြင်းနှင့် ဘုရားရုပ်ပွားတော်ခိုးယူခံရမှုမှာ မူးယစ်ဆေးဝါးသုံးစွဲသူများ တိုးပွားလာခြင်းနှင့်  ဆက်စပ်မှုရှိနိုင်ကြောင်း အသက်(၆၅)နှစ်ရှိ အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးက သုံးသပ်သည်။ayechanmon.16

“ပစ္စည်းခိုးတာတော့ မရှိလို့၊ လိုချင်လို့ခိုးတာ များတယ် ဘုရားကိုခိုးတယ်ဆိုတာတော့ ရောင်းစားဖို့ဆိုတာ အသိသာကြီးပဲ၊ ငရဲမကြောက်ဘာမကြောက်နဲ့ ဘုရားတောင်ခိုးတယ်ဆိုတော့ ဆေးချဖို့ငွေလိုတဲ့ သူတွေပဲ လုပ်ရဲမှာ”ဟု အငြိမ်းစားဗိုလ်မှူးဟောင်းက သုံးသပ်ပြောကြားသည်။

မူရင်းသတင်း----Myit Makha Mediagroup
Post By :  အေးချမ်းမွန်
ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့၌ ကြေးဘုရားရုပ်ပွားတော်တစ်ဆူပျောက်ဆုံးမှုဖြစ်ပွားပြီး နောက်တွင် ဘုရားစေတီများရှိကြေးဘုရားများအတွက် ဒေ
သခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည်။

ယင်းကဲ့သို့ ဘုရားရုပ်ပွားတော်ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီး နှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းက အမှတ်(၂)ရပ်ကွက် ကျောက်တောင်ရပ်ရှိ အေးစေတီဘုရားတည် ထားရာ တောင်ပေါ်၌ ဥာဏ်တော်အမြင့် (၁၃)လက်မရှိသော ကြေးဘုရားရုပ်ပွားတော်တစ်ဆူကို ခြေတော်ရင်းမှ ဖြတ်တောက်၍ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

iPad Mini နှင့်အတူ Mac Mini သစ်များကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်

Photo: iPad Mini နှင့်အတူ Mac Mini သစ်များကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်

Apple က iPad Mini ကို မိတ်ဆက်ရန်အတွက် ပွဲတစ်ခုကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ tablet အသေးစားနှင့်အတူ Mac Mini သစ်များကိုပါ Apple က ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်း Apple blog 9to5Mac မှ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ Mac Mini နှစ်မျိုးကို ကွဲပြားခြားနားသည့် သိုလှောင်မှုစနစ်နှင့် ပရိုဆက်ဆာတို့ဖြင့် ရရှိနိုင်ပြီး တတိယအမျိုးအစားတွင် OS X Server ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။
အဆိုပါ Mac Mini သစ်များကို မိတ်ဆက်ပေးပြီးသည့်နောက် ချက်ချင်းတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က Apple ၏ နောက်ဆုံးထုတ် Mac Mini ကို အလူမီနံနှင့် ပေါင်းစပ်ပြုလုပ်ထား သည့် ဒီဇိုင်းဖြင့် ဖြန့်ချိပေးခဲ့ပြီး ပြီးခဲ့သည့်နွေရာသီက လျင်မြန်သည့် ပရိုဆက်ဆာများဖြင့် နောက်ဆုံး အဆင့်မြှင့်တင်မှု ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။ လက်ရှိ Mac Mini များတွင် နောက်ဆုံးပေါ် chipset များကို အသုံးပြုထားသော်လည်း USB 3.0 ပါဝင်ခြင်းမရှိကြောင်းနှင့် အဆိုပါအစိတ်အပိုင်းများကို အထက်ပါ အမျိုးအစားသစ်များတွင် တွေ့မြင်ရဖွယ်ရှိသည်။

ထို့အပြင် Apple သည် အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပမည့် ပွဲတစ်ခု၌ iPad Mini နှင့်အတူ ၁၃ လက်မ Retina MacBook Pro ကိုလည်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Ref: CNET/9to5mac

မူရင်းသတင်း----Internet Journal
Post By :  အေးချမ်းမွန်
Apple က iPad Mini ကို မိတ်ဆက်ရန်အတွက် ပွဲတစ်ခုကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်ရန်စီစဉ်နေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်နေချိန်တွင် အဆိုပါ tablet အေ
သးစားနှင့်အတူ Mac Mini သစ်များကိုပါ Apple က ပွဲထုတ်မိတ်ဆက်ဖွယ် ရှိကြောင်း Apple blog 9to5Mac မှ ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များ၏ အဆိုအရ Mac Mini နှစ်မျိုးကို ကွဲပြားခြားနားသည့် သိုလှောင်မှုစနစ်နှင့် ပရိုဆက်ဆာတို့ဖြင့် ရရှိနိုင်ပြီး တတိယအမျိုးအစားတွင် OS X Server ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။

ပြည်ထောင်စုစစ်စစ်သာဖြစ်စေလိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

Photo: ပြည်ထောင်စုစစ်စစ်သာဖြစ်စေလိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

ယမင်း(မြစ်မခ) 

  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ထောင်စုကြီးအတွင်းမှ ခွဲထွက်မည်ဆိုသော သဘောထားခံယူချက်များ မရှိကြောင်းနှင့် ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်းလိုကြကြောင်း ပြည်ခိုင်ဖြိုးပါတီညီလာခံတက်ရောက်နေသော တိုင်းရင်းသားကိုယ်စားလှယ်များထံက သိရှိရသည်။   
 
 “ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို လေ့လာကြည့်မယ်ဆိုရင် ဒီပြည်ထောင်စုကြီးထဲက ခွဲထွက်မယ်ဆိုတဲ့သဘောထား လုံးဝမရှိဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားပြီးတော့ ပြဿနာကိစ္စအ၀၀ကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းလိုကြပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရယ်၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးတို့ကိုပဲ လိုလားပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးဘရန်ရှောင်က ပြောသည်။ 
 
  ပဋိပက္ခဖြစ်ရသည့် အကြောင်းအရင်းများမှာ လူမျိုးတစ်မျိုးစီ၏ဓလေ့ထုံးစံနှင့်ရိုးရာယဉ်ကျေးမှု မတူညီခြင်း၊    နိုင်ငံရေးယုံကြည်ချက် မတူညီခြင်း၊ အင်အားနည်းသော လူမျိုးစုငယ်များသည် မိမိတို့ အပေါ် နှိမ့်ချဆက်ဆံခံရမှုကို လက်တုံ့ပြန်လိုခြင်း  ငြိမ်းချမ်းရေးတည်ဆောက်သူအချင်းချင်း ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်းလည်း သိရှိရသည်။    
 
 “လက်နက်ကိုင်အဖွဲ့တွေနဲ့ ညှိနှိုင်းမယ်။ ငြိမ်းချမ်းရေးရရှိအောင်လို့ လုပ်နေကြပါတယ်။ ဖြစ်မယ့် အလားအလားတွေလည်း အများကြီး ရှိပါတယ်။ အားလုံးဖြစ်အောင်လည်း လုပ်ဆောင်ပေးဖို့ အစီအစဉ် ရှိတယ်။ ညှိလည်း ညှိနှိုင်းပြီးပါပြီ” ဟု ရှမ်းပြည်နယ်အလယ်ပိုင်း လွယ်လွင်ခရိုင်၊ ပါတီအတွင်းရေမှူး ဦးထွန်းရွှေက ပြောသည်။
 
 ကချင်လွတ်မြောက်ရေးအဖွဲ့အနေဖြင့်လည်း အလွတ်သဘောတွေ့ဆုံမှုမှ တရားဝင်တွေ့ဆုံဆွေးနွေးလို ခြင်းဖြစ်ကြောင်း၊ မူအားဖြင့် တိတိကျကျချမှတ်ကာ ဆွေးနွေးချင်ကြောင်း၊ ပြည်ထောင်စုအခွင့်အရေးရှိသော ပြည်ထောင်စု စစ်စစ်ဖြစ်ချင်ကြောင်း၊ ရသင့်ရထိုက်သည် များအား  တရားမျှတစွာဖြင့် တွေ့ဆုံဆွေးနွေးနိုင်မည် ဆိုပါက  ပြည်ထောင်စုစစ်စစ်ဖြစ်လာနိုင်သော အနေအထားရှိကြောင်း သိရှိရသည်။
 
ပြည်ထောင်စုအစိုးရသစ်လက်ထက်၌ ၂၀၁၁ခုနှစ်မှစ၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးအတွက် အထူးဒေသ(၂) ၀ တိုင်းရင်းသားအဖွဲ့၊ အထူးဒေသ(၄)မိုင်းလားအဖွဲ့၊ ကလိုထူးဖောကရင်တိုင်းရင်းသားအဖွဲ့၊ RCSS/SSA (ရှမ်းတိုင်းရင်းသားအဖွဲ့)၊ ချင်းတိုင်းရင်းသား အဖွဲ့(CNF) ၊ကရင်တိုင်းရင်းသားများအဖွဲ့(KNU)၊ (KNU/KNLA)၊  ကရင်နီတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်တိုင်းရင်းသားအဖွဲ့(ALP)၊ နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(NSCN(K))၊ မွန်ပြည်သစ်ပါတီ (NMSP)တို့နှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ကြသော်လည်း ကချင်ပြည်နယ်ရှိ(KIO/KIA)အဖွဲ့နှင့်မူ အလွတ်သဘောဆွေးနွေးမှုများသာ ရှိခဲ့သည်။  
 
“သမ္မတကြီး ညွှန်ကြားထားတာကတော့ အပြောင်းအလဲ မရှိဘူး။ အကုန်လုံးက ညွှန်ကြားထားတာနဲ့ အောက်ခြေ မှာ ဖြစ်ပျက်နေတာက ကွာခြားနေတာ တခြားစီပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုတော့ တစ်ပြည်နယ်၊ တစ်ကဏ္ဍ၊ တစ်ဖွဲ့ကျန်ခဲ့ရင်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ်သွားတဲ့ အချိန်မှာ အားနည်းစေတယ်” ဟု ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီမှ ဦးခက်ထိန်နန်က ပြောသည်။ 

မူရင်းသတင်း----Myit Makha Mediagroup
Post By :  အေးချမ်းမွန်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ပြည်ထောင်စုကြီးအတွင်းမှ ခွဲထွက်မည်ဆိုသော သဘောထားခံယူချက်များ မရှိကြောင်းနှင့် ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ
ဖြေရှင်းလိုကြကြောင်း ပြည်ခိုင်ဖြိုးပါတီညီလာခံတက်ရောက်နေသော တိုင်းရင်းသားကိုယ်စားလှယ်များထံက သိရှိရသည်။

“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားကို လေ့လာကြည့်မယ်ဆိုရင် ဒီပြည်ထောင်စုကြီးထဲက ခွဲထွက်မယ်ဆိုတဲ့သဘောထား လုံးဝမရှိဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားပြီးတော့ ပြဿနာကိစ္စအ၀၀ကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းလိုကြပြီးတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရယ်၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရယ်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးတို့ကိုပဲ လိုလားပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီမှ ကချင်ပြည်နယ်ပါတီကော်မတီဝင် ဦးဘရန်ရှောင်က ပြောသည်။

ပယ်ဖျက်သင့်သည့်စနစ်ဟောင်း၊ ခေတ်ဟောင်းမှ ဥပဒေများ( မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ))

Photo: ပယ်ဖျက်သင့်သည့်စနစ်ဟောင်း၊ ခေတ်ဟောင်းမှ ဥပဒေများ

Written by  မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)

တစ်ရက် The Voice Weekly မှ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးနှင့် ကျွန်တော် မီဒီယာနှင့် သက်ဆိုင်သော မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်သည့် ဥပဒေများအကြောင်း ဆွေးနွေးရန်အကြောင်း တိုက်ဆိုင်ခဲ့ပါသည်။ ကျွန်တော်က ၁၈၆၁ ခုနှစ် ကတည်းက ရှိခဲ့ပြီးဖြစ်သော မီဒီယာနှင့် ဆိုင်သည့် ဥပဒေများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပိုမို ချုပ်ချယ်ကန့်သတ် လာသော မီဒီယာဥပဒေများ အကြောင်း ပြောပြရာ စကားလမ်းကြောင်း သင့်သွားပြီး The Voice Weekly ၏ အယ်ဒီတာက ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် မကိုက်ညီ တော့သည့်အတွက် ပယ်ဖျက်သင့်သော ဥပဒေများ အကြောင်း ဆောင်းပါးရေးသားရန် အကြံပေး ပြောဆိုလာသဖြင့် ကျွန်တော်က အချိန်ရလျှင်ရေးပါမည်ဟု ကတိပြုခဲ့သည်မှာ တစ်လကျော်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော် မအားလပ်သဖြင့် မရေးနိုင်ခဲ့ပါ။The Voice Weekly မှ ကိုကျော်ဆန်းမင်းက ကြုံ တွေ့တိုင်း မေးမြန်းနေသဖြင့် ရေးသားရန် တွန်းအားတစ်ရပ် ဖြစ်လာပြီး ဤဆောင်းပါးကို ရေးသားရခြင်း ဖြစ်ပါသည်။

 
မြန်မာနိုင်ငံဥပဒေသမိုင်း

မြန်မာနိုင်ငံဥပဒေသမိုင်းကိုလေ့လာပါက -
(၁) မြန်မာမင်းများလက်ထက်ဥပဒေများ
(၂) အင်္ဂလိပ်ကိုလိုနီခေတ်ဥပဒေများ
(၃) ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ၁၉၆၂ ခုနှစ် အာဏာသိမ်း မခံရမီအထိ ပါလီမန် ဒီမိုကရေစီခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ
(၄) ၁၉၆၂ ခုနှစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း ယူပြီးနောက် ပြဋ္ဌာန်းခဲ့သည့် တော်လှန်ရေး ကောင်စီခေတ် ဥပဒေများ
(၅) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေများ
(၆) ၁၉၈၈ ခုနှစ်၊ တပ်မတော်မှ ထပ်မံအာဏာ သိမ်းယူပြီး အုပ်ချုပ်နေစဉ် ကာလ ၂ဝ၁၁ ခုနှစ် နှစ်ဆန်းပိုင်း အထိ ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့်
(၇) ၂ဝ၁၁ ခုနှစ် မတ်လနောက်ပိုင်း လက်ရှိပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့်ဥပဒေများ
ဟူ၍ အပိုင်းခုနစ်ပိုင်း ခွဲခြားလေ့လာမှသာ ပြည့်စုံမည်ဖြစ်သည်။

သို့သော် ကျွန်တော်၏ ရည်ရွယ်ချက်သည် ဥပဒေသမိုင်းကို တင်ပြရန် မဟုတ်ဘဲ မည်သည့် ဥပဒေများကို ပယ်ဖျက်သင့်ကြောင်း ရေးသားမည်ဖြစ်၍ ဥပဒေ သမိုင်းကြောင်းကို အကျယ်ချဲ့ မတင်ပြတော့ဘဲ ပယ်ဖျက်သင့်သည့် ဥပဒေများ အကြောင်းကိုသာ အဓိကထား ဆွေးနွေး တင်ပြသွားပါမည်။
မြန်မာမင်းများ လက်ထက် ဥပဒေများ

မြန်မာမင်းများ လက်ထက်တွင် ရှင်ဘုရင်မှ ပြဋ္ဌာန်း သတ်မှတ် သည့် ရာဇသတ် ဥပဒေနှင့် ယဉ်ကျေးမှု အစဉ်အလာ ထုံးစံကို အခြေခံ ပြဋ္ဌာန်းသည့် ဓမ္မသတ် ဥပဒေ ဟူ၍ နှစ်မျိုးနှစ်စား ရှိပြီး ရှင်ဘုရင် ခေတ် ကုန်ဆုံး သွားသည်နှင့် ရာဇသတ်ဥပဒေ များလည်း ချုပ်ငြိမ်းသွားပြီး ဓမ္မသတ် ဥပဒေများကား ယနေ့အထိ ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ ဓမ္မသတ် ဥပဒေများအပေါ် အကျယ် ဆွေးနွေးတင်ပြရန် မရှိပါ။
အင်္ဂလိပ် ကိုလိုနီခေတ် ဥပဒေများ

အင်္ဂလိပ် ကိုလိုနီခေတ် ဆိုရာတွင် မြန်မာပြည် ကိုလိုနီလက် အောက် ကျရောက်သည့် အချိန်ကာလများ မတူညီပါ။ မြန်မာပြည် တောင်ပိုင်း (တနင်္သာရီနှင့် ရခိုင်) ပထမဦးစွာ ကျရောက်ပြီး ဒုတိယ ရန်ကုန်နှင့် အောက်ပိုင်း ဒေသများ ကျရောက်၍ နောက်ဆုံး ၁၈၈၅ ခုနှစ်တွင် မန္တလေး အပါအဝင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ကျရောက်ခဲ့သည်။

အင်္ဂလိပ် ကိုလိုနီအစိုးရက မြန်မာနိုင်ငံကို အုပ်ချုပ်ရာတွင် စနစ်ကျသည့် အင်္ဂလိပ်တို့ ထုံးစံအတိုင်း ဥပဒေများ ပြဋ္ဌာန်း၍ အုပ်ချုပ်ပါသည်။ ၁၉၃၅ ခုနှစ်မတိုင်မီ မြန်မာပြည်ကို အိန္ဒိယနိုင်ငံ ၏ ပြည်နယ်အဖြစ် ထားရှိ၍ ၁၉၃၅ ခုနှစ် နောက်ပိုင်းတွင် သီးခြား ကိုလိုနီနိုင်ငံ တစ်ခုအဖြစ် ခွဲခြား၍ အုပ်ချုပ်ခဲ့ပါသည်။ အိန္ဒိယ၏ ပြည်နယ်အဖြစ် ထားရှိ အုပ်ချုပ်နေစဉ် အတွင်း အိန္ဒိယနိုင်ငံ အတွက် ကိုလိုနီအစိုးရက ပြဋ္ဌာန်းသမျှ ဥပဒေများသည် မြန်မာနိုင်ငံ အတွက် အလိုလို အကျုံးဝင် သက်ဆိုင်ပါသည်။ ၁၉၃၅ ခုနှစ် အိန္ဒိယ၏ ပြည်နယ်အဖြစ်မှ ခွဲထုတ်ပြီး နောက်ပိုင်း မြန်မာပြည် အတွက် သီးသန့်ပြဋ္ဌာန်းသော ဥပဒေများလည်း ရှိပါသည်။

ထို့ကြောင့် အင်္ဂလိပ်က ကိုလိုနီအဖြစ် အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း မြန်မာနိုင်ငံ အတွက် ပြဋ္ဌာန်းခဲ့သော ဥပဒေ အများအပြား ရှိရာ ထိုဥပဒေများ အနက် အင်္ဂလိပ်တို့၏ အကျိုးစီးပွား အတွက် ပြဋ္ဌာန်းခဲ့သော
ဥပဒေများ၊ ပြောင်းလဲတိုးတက်လာသည့် ခေတ်စနစ် နှင့် မကိုက်ညီသည့် ဥပဒေများ အများအပြား ရှိနေရာ အင်္ဂလိပ် ကိုလိုနီ ခေတ်အတွင်း ပြဋ္ဌာန်းခဲ့သော ဥပဒေများအနက် ပယ်ဖျက် သင့်သည့် ဥပဒေများကို ပြည်ထောင်စုလွှတ်တော်မှ လေ့လာသုံးသပ် နေကြောင်း ကြားသိ ရပါသည်။
ကိုလိုနီခေတ် ဥပဒေအားလုံး ပယ်ဖျက်ရန် သင့်/ မသင့်

ကိုလိုနီ အစိုးရက ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ကိုလိုနီခေတ် ဥပဒေအားလုံးကို ပယ်ဖျက်ရန် မသင့်ကြောင်း ပြောလိုပါသည်။ ကိုလိုနီခေတ် အတွင်း အများပြည်သူ အကျိုးအတွက် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့သည့် အချို့သော ဥပဒေများမှာ လုံးဝ ပယ်ဖျက်ရန် မသင့်ဘဲ ဆက်လက် ကျင့်သုံးရမည့် ဥပဒေများ ရှိနေပါသည်။ (ဥပမာ - ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် (Penal Code) ရာဇသတ်ကြီးဥပဒေ၊ ၁၈၉၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ရာဇဝတ် ကျင့်ထုံး ကိုဓ ဥပဒေ (Criminal Procedure Code)၊ ၁၈၅၉ တွင် ပြဋ္ဌာန်း ခဲ့သည့် တရားမ ကျင့်ထုံး ကိုဓ ဥပဒေ (Civil Procedure Code) (၁၉၀၈ ခုနှစ်တွင် အသစ် ပြန်လည် ရေးဆွဲသည်။) ၁၈၇၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် သက်သေခံ ဥပဒေ (Evidence Act) စသည့် ဥပဒေများမှာ လုံးဝ ပယ်ဖျက်၍ မရနိုင်သောဥပဒေများ ဖြစ်ပါသည်။ အလားတူ ပယ်ဖျက်၍ မရသော နောက်ထပ် ဥပဒေများ ရှိပါသေးသည်။

၁၉၄၈ လွတ်လပ်ရေး ရပြီးနောက် ပါလီမန် ဒီမိုကရေစီခေတ် ဥပဒေများ ပထမဆုံး ပါလီမန် ဒီမိုကရေစီခေတ် ၏ အကြို ဥပဒေမှာ မြန်မာတို့ ကိုယ်တိုင် ရေးဆွဲ ပြဋ္ဌာန်းသည့် ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်ပါသည်။ (၂၄-၉- ၁၉၄၇) နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့ပါသည်။ မြန်မာနိုင်ငံ အတွက် အသည်းနှလုံး သဖွယ် အရေး ပါလှသော ပြည်သူ့ဆန္ဒဖြင့် ရေးဆွဲထားသည့် အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ၁၉၆၂ ခုနှစ် မတ်လ တွင် စစ်အာဏာရှင် တစ်စု၏ ဖျက်သိမ်းခြင်း ကို ခံခဲ့ရပါသည်။ ၁၉၄၈ ခုနှစ် နောက်ပိုင်း ၁၉၆၂ ခုနှစ် တပ်မတော်မှ အာဏာမသိမ်းမီ အထိ ပြဋ္ဌာန်းခဲ့သော ဥပဒေများ အများအပြား ရှိရာ ထိုဥပဒေများ သည် ဒီမိုကရေစီ စနစ်ကို အထောက်အကူ ပြုသည့် ဥပဒေများ ဖြစ်၍ ပယ်ဖျက်ရန် မလိုအပ်ဘဲ လိုအပ်သလို ခေတ်နှင့်ညီအောင် ပြုပြင်၍ ပြန်လည် ကျင့်သုံးကြရမည် ဖြစ်ပါသည်။ ခေတ်စနစ်နှင့် မညီတော့သည့် ဥပဒေများ ကိုမူ ပယ်ဖျက်ရမည် ဖြစ်ပါသည်။ ဥပမာ - ၁၉၅၀ ပြည့်နှစ် တွင် ပြဋ္ဌာန်းခဲ့သည့် အရေးပေါ် စီမံမှု အက်ဥပဒေ သည် မြန်မာနိုင်ငံ အတွင်း ရောင်စုံ သူပုန်များ ထနေပြီး အစိုးရက တစ်နိုင်ငံလုံး ကို အုပ်ချုပ်နိုင်သည့် အခြေအနေ မရှိ တော့သည့် အတွက် အရေးပေါ် အခြေအနေ အရ ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ရာ အရေးပေါ် အခြေအနေ လွန်မြောက် သည်နှင့် အဆိုပါ ဥပဒေကိုလည်း ပယ်ဖျက်ရမည် ဖြစ်ပါသည်။

သို့သော်လည်း အဆိုပါ ဥပဒေသည် အုပ်ချုပ်သူ အစိုးရတို့က မိမိတို့အား ဆန့်ကျင်သည့် ပြည်သူများ ကို အလွယ်တကူ ဖမ်းဆီး ချုပ်နှောင်၍ ကြီးလေးသော ပြစ်ဒဏ်များ ပေးနိုင်သည် ဖြစ်သည့်
အလျောက် အရေးပါသည့် လက်နက် ကိရိယာ တစ်ခုဟု မှတ်ယူပြီး မဖျက်သိမ်းဘဲ ယနေ့အထိ အသုံးပြု နေသည်ကို တွေ့ရပါသည်။ (အဆိုပါ ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ကို ပယ်ဖျက် သင့်ကြောင်း အခွင့်သင့်လျှင် အကျိုးအကြောင်း ခိုင်လုံစွာ ရေးသား တင်ပြသွားပါမည်။)

၁၉၆၂ ခုနှစ် နောက်ပိုင်း ၁၉၇၄ ခုနှစ်အတွင်း တော်လှန်ရေး ကောင်စီမှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ ဒီမိုကရေစီ စနစ်နှင့် ၁၉၄၇ ခုနှစ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းကာ အာဏာ သိမ်း၍ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင် တစ်ဦးက ပြဋ္ဌာန်းခဲ့သည့် (၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အကြားရှိ) ဥပဒေများ ကို အများအပြား ပယ်ဖျက် ရမည်ဟု ထင်မြင် ယူဆပါသည်။

ဒီမိုကရေစီ စနစ်ကို ပြန်သွားမည်ဟု တပ်မတော် အပါအဝင် တစ်နိုင်ငံလုံး ရှိ ပြည်သူများက သဘော တူညီကြပြီး ဖြစ်၍ ၁၉၆၂ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် အကြား ရေးဆွဲ ထားသော ဥပဒေ အတော်များများ ကို ပယ်ဖျက်ရန် လိုအပ် နေပါသည်။ (ဥပမာ - ၁၉၆၂ ခုနှစ် ပုံနှိပ် သူများနှင့် ထုတ်ဝေသူများ ဥပဒေသည် လုံးဝ မရှိသင့်သော ဥပဒေ တစ်ရပ် ဖြစ်ပါသည်။)
၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကြားကာလ ဥပဒေများ

၁၉၇၄ နှင့် ၁၉၈၈ ကြားကာလ မှာ ဆိုရှယ်လစ် တစ်ပါတီ အာဏာရှင် စနစ်ဖြစ်ရာ ထိုခေတ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေ အများစု သည် ဒီမိုကရေစီ နိုင်ငံရေး စနစ်နှင့် ဆန့်ကျင်နေသည် ဖြစ်၍ ပယ်ဖျက်ရန် လိုအပ် နေပါသည်။ ဥပမာ - လမ်းစဉ်ပါတီကို ကာကွယ်သည့် ဥပဒေ၊ ဆိုရှယ်လစ် နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီး လိုသူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ စသည် တို့မှာ ခေတ်စနစ်နှင့် လုံးဝ မဆီလျော်သော ဥပဒေများ ဖြစ်ပါသည်။

စကား အလျဉ်းသင့်၍ ဆရာမောင်ဝံသ ၏ စကား တစ်ခုကို ပြောပြ လိုပါသည်။ ဆရာမောင်ဝံသက ဆိုရှယ်လစ် ခေတ်တွင် ပြဋ္ဌာန်းခဲ့သော (ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ပေါင်းများစွာ ချုပ်နှောင် ခဲ့သည့်) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေကို ဖျက်သိမ်း၍ ဒီမိုကရေစီ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ များ၏ ဘေးအန္တရာယ် မှ ကာကွယ်သည့် ဥပဒေကို အစားထိုး ပြဋ္ဌာန်းကာ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက် နေမှု ကို ဆန့်ကျင် နေသူများ အား အရေးယူ သင့်ကြောင်း ပြောဆိုချက် သည် အရေး ပါလှသဖြင့် ပြည်သူများ နှင့် လွှတ်တော် အမတ်များ အလေးထား စဉ်းစား သင့်ပါကြောင်း တင်ပြ လိုပါသည်။
၁၉၈၈ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ကြားကာလ ပြဋ္ဌာန်းခဲ့သည့် ဥပဒေများ

၁၉၈၈ မှ ၂ဝ၁ဝ အကြား ပြဋ္ဌာန်းခဲ့သည့် ဥပဒေ အများစုတွင် ပြည်သူလူထု ကို အလွန် အမင်း ဖိနှိပ်သည့် ဥပဒေများ ရှိခဲ့ကြောင်း တွေ့ရပါသည်။ အဆိုပါ ဥပဒေများကို ပြဋ္ဌာန်းခဲ့သူ တပ်မတော် အရာရှိကြီး များကိုယ်တိုင်က ဒီမိုကရေစီ နိုင်ငံရေး စနစ်သာလျှင် ပြည်သူများ အလိုလားဆုံး ဖြစ်ကြောင်း သဘောတူ လက်ခံ၍ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို ဖော်ဆောင် ပေးခဲ့သည် ဖြစ်ရာ ၁၉၈၈ ခုနှစ် နှင့် ၂ဝ၁ဝ ပြည့်နှစ် အကြား ပြဋ္ဌာန်းခဲ့သော ဒီမိုကရေစီ စနစ်နှင့် မကိုက်ညီသည့် ဥပဒေများ ကိုလည်း ဖျက်သိမ်းရန် လိုအပ်ကြောင်း ယေဘုယျ သဘောတင်ပြ လိုပါသည်။

ခေတ်အလိုက် ဥပဒေ တစ်ခုချင်းကို မည်သည့် အကြောင်းကြောင့် ဖျက်သိမ်း သင့်ကြောင်း သို့မဟုတ် ခေတ်စနစ်နှင့် အညီ ဖြစ်စေရန် ပြင်ဆင် သင့်ကြောင်း အခွင့် သင့်ပါက ဆက်လက် ရေး သား ဖော်ပြ သွားပါမည်။

မူရင်းသတင်း----The Voice Weekly
Post By :  အေးချမ်းမွန်
တစ်ရက် The Voice Weekly မှ အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးနှင့် ကျွန်တော် မီဒီယာနှင့် သက်ဆိုင်သော မြန်မာနိုင်ငံအတွင်း ပြဋ္ဌာန်း ထားရှိပြီးဖြစ်သည့် ဥပဒေများ
အကြောင်း ဆွေးနွေးရန်အကြောင်း တိုက်ဆိုင်ခဲ့ပါသည်။ ကျွန်တော်က ၁၈၆၁ ခုနှစ် ကတည်းက ရှိခဲ့ပြီးဖြစ်သော မီဒီယာနှင့် ဆိုင်သည့် ဥပဒေများနှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပိုမို ချုပ်ချယ်ကန့်သတ် လာသော မီဒီယာဥပဒေများ အကြောင်း ပြောပြရာ စကားလမ်းကြောင်း သင့်သွားပြီး The Voice Weekly ၏ အယ်ဒီတာက ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် မကိုက်ညီ တော့သည့်အတွက် ပယ်ဖျက်သင့်သော ဥပဒေများ အကြောင်း ဆောင်းပါးရေးသားရန် အကြံပေး ပြောဆိုလာသဖြင့်

“လူနာတင်ယာဉ်နှင့် နိုင်ငံတော်အဆင့်ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်း ဖြတ်သန်းခွင့်မပေးတော့၊ မီးပွိုင့်များ အချက်ပြစနစ်ဖြင့်သာ ထိန်းချုပ်မည်”

စီးပွားရေးမြို့တော် ရန်ကုန်တွင် ယာဉ်ကြောသွားလာ ရှုပ်ထွေးမှုများကြောင့် လူနာတင်ယာဉ်များနှင့် နိုင် ငံတော်အဆင့် ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်းအဖြစ် အထူးအခွင့်အရေးပေး ဖြတ်ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။

ယခင်က အုပ်ချုပ်ရေးမြို့ တော်ဖြစ်ခဲ့သော ရန်ကုန်တွင် အရေးပေါ်ယာဉ်တန်းများ ဖြတ်သန်းသွားလာမှုများကြောင့် မီးပွိုင့်အချက်ပြစနစ်များတွင် လူမှ ခလုပ်နှိပ် ထိန်းချုပ်ရမှုများ ရှိခဲ့သော်လည်း ယခုအခါ နေပြည်တော်သို့ အုပ်ချုပ်ရေးယန္တရား ပြောင်းရွှေ့သွားခြင်း၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ယာဉ်သွားလာမှုများ ရှုပ်ထွေးများပြားခြင်းတို့ကြောင့် အရေးပေါ်လူနာတင်ယာဉ်များနှင့် နိုင်ငံတော်အဆင့် အကြီးအကဲများ

လယ်တီ ဆရာတော် ကျောင်းဆောင်ကို ဖျက်စီးခဲ့ခြင်း မရှိကြောင်း ဝမ်ပေါင်နှင့် ဦးပိုင် ငြင်းဆို

မုံရွာမြို့ တစ်ဖက်ကမ်း၊ ဆားလင်းကြီး မြို့နယ်ရှိ လယ်တီဆရာတော် ဘုရားကြီး သီတင်း သုံးခဲ့သည် ဆိုသော ကျောင်းဆောင်နှင့် စေတီတစ်ဆူကို ကြေးနီထုတ် လုပ်ခွင့်ရ စီမံကိန်း လုပ်ကိုင်ခွင့် ရရှိထားသော မြန်မာ ဝမ်ပေါင် ကုမ္ပဏီက မိုင်းခွဲ ဖျက်စီးခဲ့ခြင်းမှာ မှန်ကန်မှု မရှိကြောင်း မြန်မာစီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က ငြင်းဆို ပြောကြားသည်။


အဆိုပါ ကုမ္ပဏီများက ဆရာတော် ဘုရားကြီး၏ ကျောင်းဆောင်နှင့် စေတီတို့ကို မိုင်းခွဲခဲ့ကြောင်း ပြည်ပ သတင်း မီဒီယာဖြစ်သည့် DVB သတင်းဌာနက အောက်တိုဘာလ ၉ ရက်နေ့က ထုတ်လွှင့်ခဲ့မှုနှင့် ပတ်သက်၍ ခြောက်မိုင်ခွဲ ရှိ မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေး ရန်ကုန်ရုံးတွင် ယခုလ ၁၅ရက်နေ့ ပြည်တွင်းပြည်ပ မီဒီယာများသို့ အထက်ပါ အတိုင်း တွေ့ဆုံ ပြောကြားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံရှိ iPhone5 စက်ရုံတွင် ဆန္ဒပြ မှုဖြစ်ပွား

Photo: တရုတ်နိုင်ငံရှိ iPhone5 စက်ရုံတွင် ဆန္ဒပြ မှုဖြစ်ပွား

15 OCTOBER 2012 

တရုတ်နိုင်ငံရှိ အက်ပဲလ် ကုမ္ပဏီ၏ အိုင်ဖုန်းဖိုက် ဖုန်းများ ထုတ်လုပ်ရာ Foxconn စက်ရုံတွင် အလုပ်သမား ထောင်ပေါင်းများစွာ သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး စမတ်ဖုန်းများ ထုတ်လုပ်မှုကို ထိခိုက်ခဲ့ကြောင်း တရုတ် အလုပ်သမား စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။
အိုင်ဖုန်း စမတ်ဖုန်း အရေအတွက် များစွာကို ကမ္ဘာတစ်ဝန်း တစ်ကြိမ်တည်း တစ်ပြိုင်တည်း အများဆုံး စတင် ရောင်းချခဲ့ရပြီး အက်ပဲလ်အတွက် အရေးကြီးနေသော အချိန်တွင် ယခု သပိတ်မှောက်မှု သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ အက်ပဲလ် ကုမ္ပဏီ အနေဖြင့် ယခုအချိန်မှာပင် မှာယူမှုများကို ပေးပို့နိုင်ရန် ရုန်းကန်နေရသည်။ အလုပ်သမား ၃၀၀၀၊ ၄၀၀၀ ခန့်သည် အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းမှ စတင်၍ ရှန်ဇူးဒေသရှိ Foxconn စက်ရုံတွင် စတင် ဆန္ဒပြခဲ့ကြသည်ဟု အလုပ်သမားများအား ကိုးကား၍ စောင့်ကြည့်ရေး အဖွဲ့က ပြောသည်။
အောက်တိုဘာလ ၈ ရက်တွင် စတင်မည့် “ရွှေရောင် ရက်သတ္တပတ် အားလပ်ရက်” ဟု တရုတ်နိုင်ငံတွင် ခေါ်ဆိုသော သီတင်းပတ်အား အလုပ် လုပ်ပေးရန်နှင့် တိကျလွန်းသော အရည်အသွေး ထိန်းချုပ်မှုများကို မကျေနပ်သောကြောင့် အလုပ်သမားများက ယခုကဲ့သို့ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အက်ပဲလ် ကုမ္ပဏီက မှတ်ချက်ပေးရန် ငြင်းဆန်သလို Foxconn စက်ရုံကိုလည်း ဆက်သွယ်၍ မရပေ။
Ref: Reuters 

မူရင်းသတင်း---   7DAY NEWS
Post By : အေးချမ်းမွန်
တရုတ်နိုင်ငံရှိ အက်ပဲလ် ကုမ္ပဏီ၏ အိုင်ဖုန်းဖိုက် ဖုန်းများ ထုတ်လုပ်ရာ Foxconn စက်ရုံတွင် အလုပ်သမား ထောင်ပေါင်းများစွာ သပိတ်မှောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး စမတ်ဖုန်းမျာ
း ထုတ်လုပ်မှုကို ထိခိုက်ခဲ့ကြောင်း တရုတ် အလုပ်သမား စောင့်ကြည့်ရေး အဖွဲ့က ပြောကြားသည်။
အိုင်ဖုန်း စမတ်ဖုန်း အရေအတွက် များစွာကို ကမ္ဘာတစ်ဝန်း တစ်ကြိမ်တည်း တစ်ပြိုင်တည်း အများဆုံး စတင် ရောင်းချခဲ့ရပြီး အက်ပဲလ်အတွက် အရေးကြီးနေသော အချိန်တွင် ယခု သပိတ်မှောက်မှု သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။ အက်ပဲလ် ကုမ္ပဏီ အနေဖြင့် ယခုအချိန်မှာပင် မှာယူမှုများကို ပေးပို့နိုင်ရန် ရုန်းကန်နေရသည်။

ရုပ်ရှင်ကြည့်ရှုနေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့

ရုပ်ရှင်ကြည့်နေသည့် ပရိသတ်တစ်ဦး သတိလစ်ပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
သတိလစ်ပြီး သေဆုံးသွားသည့် ပရိသတ်တစ်ဦးကို ရုပ်ရှင်ပြီးဆုံးချိန်တွင် သန့်ရှင်းရေးပြုလုပ်ချိန်၌ ထိုင်ခုံအောက်၌ သတိလစ်နေသည်ကို တွေ့ရှိရ၍ ဆေးရုံသို့ကုသရန် သွားရောက်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသူမှာ အသက် ၃၀ နှစ်ခန
့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးဈေး (ဒီ) ရုံရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ထိုင်ခုံအမှတ် H.. တွင် မွန်းလွဲ ၃နာရီခွဲအချိန်ပွဲကို လာရောက်ကြည့်ရှုခဲ့သူ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား နှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ

သေဆုံးနေသော မြန်မာနိုင်ငံသားနှစ်ဦး၏ ရုပ်အလောင်းများကို မလေးရှားနိုင်ငံ ဆီလန်ဂေါ ပြည်နယ်ရှိ ပတ်တလင်ဂျာယာနှင့် ရှားအလမ် မြို့များ၌ ပြီးခဲ့သည့်နေ့က တွေ့ခဲ့ကြောင်း မလေးရှား အာဏာပိုင်များက သတင်းထုတ်ပြန်သည်။ ပထမအလောင်းကို တွေ့သည့်ဖြစ်စဉ်မှာ တာမန်ဆရီဆူဘန် ရပ်ကွက်ရှိ အိမ်ရာတစ်ခုတွင် မှောက်လျက်သား သေဆုံးနေသော မြန်မာလ
ူမျိုးတစ်ဦးအား နံနက် ၁၀ နာရီခန့်တွင် ဖြတ်သန်းသွားလာသူ တစ်ဦးက တွေ့မိခြင်း ဖြစ်သည်။
ပတ်တလင်ဂျာယာ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက အသက်၂၇ နှစ်အရွယ်ခန့်ရှိ အဆိုပါ သေဆုံးသူသည် ၎င်းကို ရှာမတွေ့ခင် ခုနစ်နာရီ၊ ရှစ်နာရီ အလိုခန့်ကပင် သေဆုံးပြီးဖြစ်ကြောင်း ခန့်မှန်း ပြောကြားသည်။

ရုံးဖွင့်ခွင့် သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

Photo: ရုံးဖွင့်ခွင့် သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

ကိုဝင်းမင်း
15.10.2012

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC  ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။

အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC  ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။

“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီး နဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင်၊ စစ်တွေမှာပါ။”

အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး  လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက် ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလို ဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”

တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။

“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။  မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”

တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC

မူရင်းသတင်း----VOA
Post By :  အေးချမ်းမွန်
အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတ
ယ်။ မြန်မာနိုင်ငံထဲမှာ OIC ဆက်ဆံရေးရုံး ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။

တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအားတိုက်မိသေဆုံး

Photo: တရုတ်ဖက်စပ်သတ္တုတင်ကား ဒေသခံအမျိုးသမီးနှစ်ဦးအားတိုက်မိသေဆုံး

တနင်္လာနေ့၊ အောက်တိုဘာလ 15 ရက် 2012 ခုနှစ်  

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖေါ် သယ်ယူနေသည့် တရုတ်ဖက်စပ် GSM ကုမ္မဏီပိုင်ကားတစီးက ဒေသခံ အမျိုးသမီးနှစ်ဦးအား ယမန်နေ့နံနက်ပိုင်း၌ တိုက်မိကာ ပွဲချင်းပြီးသေဆုံး သွားကြောင်း စုံစမ်းသိရှိ ရသည်။

“နမ့်ခမ်းဈေးကို ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးငယ် နှစ်ယောက်ကို သလင်းကျောက်တင်တဲ့ကားက မူစယ်အထွက် မန့်ကန့် ရွာနားမှာ တိုက်မိတာ။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ အသက်က ၁၆ - ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ နမ့်စန့်ရွာ ကလေးမလေး တယောက် နဲ့ မန့်ဟောင်းတုံရွာကတယောက်” ဟု ဒေသခံ နန်းအေခေးက ပြောပြသည်။ 

ယာဉ်မောင်း စိုင်းယီအား နမ့်ခမ်းရဲစခန်း ၌ ထိန်းသိမ်းထားပြီး သေဆုံး သူနှစ်ဦး ၏အလောင်းကို အခင်းဖြစ်ပွါးရာအနီးလမ်းဘေး၌ သင်္ဃာအချို့အား ပင့်ဆောင်သဂြိုလ်လိုက်ကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းက ပြောပါသည်။

“ကျနော်တို့ကုမ္မဏီက ဒေသခံ တွေ အလုပ်ရှိဖို့အဓိက ဘဲဆိုတော့ ဒေသခံရဲ့ကားတွေကိုဘဲ ပြန်ပြီး ငှားရမ်း သုံးနေ တာဖြစ်ပါတယ်။ လျော်ကြေးငွေ ကိစ္စ ကတော့ ကာယကံရှင်ကားသမားနဲ့ဘဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဘက် စလုံးပြေ လည်အောင် တော့ အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ” ဟု GSM ကုမ္မဏီတာဝန်ခံ ဦးရွှေသိန်းက ပြောပြပါသည်။

စိုင်းယီသည် လွန်ခဲ့သည့်နှစ်က ၎င်း၏လယ်ကိုရောင်းပြီး ကျောက်တင်ကားတစီးဝယ်ကာ သလင်းကျောက် သယ်သည့် လုပ်ငန်း လုပ်ကိုင်နေသူ တဦးဖြစ်သည်။

GSM ကုမ္မဏီက နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွာအနီး မုံရွှဲတောင်ထွက် Quartz ခေါ် သလင်းကျောက် များအား တူးဖော်၍ နမ့်ခမ်းနှင့် ၂၄ ကီလိုမီတာ (၁၅ မိုင်) အကွာ၊ မူစယ်မြို့အနီး ကျောက်ပုံစခန်း(လွယ်ကျူလောက်)သို့နေ့စဉ် ကား အစီးရေ ၃၀ ဖြင့် သယ်ယူနေခြင်းဖြစ်သည်။ 

“သယ်ယူပို့ဆောင်ပေးခ တတန်ကို ၄၈ ယွမ် (မြန်မာငွေ ၆၈၅၀ကျပ်) ပေးပါတယ်။ တစ်စီးဆိုရင်  ၃ တန်အထိ တော့ တင်လို့ရတယ်။ တစ်နေ့ကို အနည်းဆုံး နှစ်ခေါက်တော့ သယ်ပေးရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ကားသမားတွေက လေးငါးခေါက်ရအောင် စည်းကမ်းမဲ့အမြန်မောင်းလို့  ယာဉ်တိုက်မှုမကြာခဏ ဖြစ်ရတာပေါ့ဗျာ” - ဟု ကားသမားနှင့် နီးစပ်သူ ဒေသခံတစ်ဦးပြောပြသည်။

၂၀၁၂ ခုနှစ်ဦးက စခဲ့သော တရုတ်နှင့် အစိုးရစီမံကိန်း တို့မှ စည်းကမ်းမဲ့မောင်းနေသော ကားများကြောင့် ဒေသခံ အနည်းဆုံး ငါးဦးထက်မနဲသေးဆုံးခဲ့ရပြီးဖြစ်သည်။ ထို့အပြင် မူစယ်-နမ့်ခမ်း ကားလမ်းလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေ သည်ဟု ဒေသခံ စိုင်းခမ်းက ပြောပြသည်။


ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသည့်အမျိုးသမီး ၂ ဦး

မူရင်းသတင်း----သျှမ်းသံတော်ဆင့်  သတင်း  - 
Post By :  အေးချမ်းမွန်
ယာဉ်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသည့်အမျိုးသမီး ၂ ဦး
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း သတ္တုတူးဖေါ် သယ်ယူနေသည့် တရုတ်ဖက်စပ် GSM ကုမ္မဏီပိုင်ကားတစီးက ဒေသခံ အမျိုးသမီးနှစ်ဦးအား ယမန်
နေ့နံနက်ပိုင်း၌ တိုက်မိကာ ပွဲချင်းပြီးသေဆုံး သွားကြောင်း စုံစမ်းသိရှိ ရသည်။

“နမ့်ခမ်းဈေးကို ဆိုင်ကယ်နဲ့သွားတဲ့ အမျိုးသမီးငယ် နှစ်ယောက်ကို သလင်းကျောက်တင်တဲ့ကားက မူစယ်အထွက် မန့်ကန့် ရွာနားမှာ တိုက်မိတာ။ နှစ်ယောက်လုံးပွဲချင်းပြီးပဲ။ အသက်က ၁၆ - ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ နမ့်စန့်ရွာ ကလေးမလေး တယောက် နဲ့ မန့်ဟောင်းတုံရွာကတယောက်” ဟု ဒေသခံ နန်းအေခေးက ပြောပြသည်။
ယာဉ်မောင်း စိုင်းယီအား နမ့်ခမ်းရဲစခန်း ၌ ထိန်းသိမ်းထားပြီး သေဆုံး သူနှစ်ဦး ၏အလောင်းကို အခင်းဖြစ်ပွါးရာအနီးလမ်းဘေး၌ သင်္ဃာအချို့အား ပင့်ဆောင်သဂြိုလ်လိုက်ကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းက ပြောပါသည်။

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ

Photo: KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ

တနင်္လာနေ့၊ အောက်တိုဘာလ 15 ရက် 2012 ခုနှစ်  

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး လှုပ်ရှားနေသော အစိုးရစစ်တပ်အတွက် စားသုံးရန် ရိက္ခာများကို ရဟတ် ယာဉ်များ၊ ၀န်တင်လားများဖြင့် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ပို့ဆောင်နေကြောင်း သိရသည်။

မြန်မာအစိုးရက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၀ ရက်နေ့က ကမ်းလှမ်းထားသည့် တစ်ချိန်တည်းတွင် တပ်ရိက္ခာများ ပို့ဆောင်နေခြင်း ဖြစ်သည်။

အစိုးရတပ်အတွက် ရိက္ခာများအား ဆင်ဘိုမြို့နယ် ရှဒန်ပါဒေသသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး ၄င်းနေရာမှ လိုင်ဇာအနီးရှိ တပ်စခန်းများသို့ ၀န်တင်လားများဖြင့် တဆင့်ပြန်လည် ပို့ဆောင်နေကြောင်း KIO ၏ မဟာမိတ် ABSDF ကျောင်းသားတပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရှဒန်ပါကို ဟတ်စကီနဲ့ရိက္ခာတွေပို့တယ်၊ အဲဒီကနေပြီးတော့ လားတွေနဲ့ ပြန်ကဲ့တာပေါ့၊ ဖြန့်ခွဲပြီးပို့တယ်၊ ဒီလိုင်ဇာနားက နားလုံစခန်း အပါအဝင်ပေါ့၊ မန်မော်၊ မန်သဲရွာတွေနားက မိုးလဲချောင်းတစ်လျှောက်မှာ ရိက္ခာတွေ သိုလှောင်နေတယ်၊ ၁၃ ရက်နေ့ကစပြီး သယ်နေတာ မနေ့ကအထိပေါ့ ဒီနေ့တော့ ထပ်မသိရ သေးဘူး” ဟု ကျောင်းသားတပ် ရှေ့တန်းအသိုင်း အဝိုင်းကဆိုသည်။

အစိုးရတပ်နှင့် KIO တို့ မကြာမီတွေ့ဆုံဖွယ်ရှိသည့် နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ယခုတပ်ရိက္ခာပို့ ဆောင်နေခြင်း မှာဆက်စပ်မှု ရှိနိုင် ကြောင်းသူကဆက်ပြော သည်။

“ဆွေးနွေးပွဲတိုင်း သူတို့ဘက်က ဒီလိုလုပ်လေ့ရှိပါတယ်။ နောက်ကနေ လူအင်အား လက်နက်အင်အားတွေနဲ့ ထောက်ထား တဲ့ သဘောပေါ့ တစ်ဘက်ကလည်း ပြေလည်ရင်ပြေလည် မပြေလည်ရင် စစ်ရေးအရ ဖိအား ပေးမယ်ဆိုတာမျိုးပေါ့” ဟု ဆိုသည်။

လက်ရှိတွင် အစိုးရတပ်အင်အား အနည်းဆုံး ၁၀၀၀ ကျော်ခန့် လိုင်ဇာဒေသတစ်ဝိုက်တွင် လှုပ်ရှားနေပြီး လိုင်ဇာနှင့် ၅ မိုင် ခန့်သာဝေးသည့် လဂျားယန်တပ်စခန်းကုန်း၌လည်း လက်နက်ကြီးများ တပ်ဆင်ထား ကြောင်း သိရသည်။

KIA နှင့် အစိုးရတပ်တို့ နှစ်ဘက်သေနတ်သံများ တရုတ်နယ်စပ်အနီး လိုင်ဇာဒေသတစ်ဝိုက်တွင် ယခုရက်ပိုင်းအတွင်း ငြိမ်သက်နေကြောင်း သိရသည်။


ကချင်ပြည်နယ်အတွင်းလှုပ်ရှားနေသော မြန်မာအစိုးရစစ်ကြောင်း

မူရင်းသတင်း----သျှမ်းသံတော်ဆင့်  သတင်း  - 
Post By :  အေးချမ်းမွန်
KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး လှုပ်ရှားနေသော အစိုးရစစ်တပ်အတွက် စားသုံးရန် ရိက္ခာများကို ရဟတ် ယာဉ်များ၊ ၀န်တင်လားများဖြင့် ယခုရ
က်ပိုင်းအတွင်း အဆက်မပြတ် ပို့ဆောင်နေကြောင်း သိရသည်။

မြန်မာအစိုးရက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၀ ရက်နေ့က ကမ်းလှမ်းထားသည့် တစ်ချိန်တည်းတွင် တပ်ရိက္ခာများ ပို့ဆောင်နေခြင်း ဖြစ်သည်။

အစိုးရတပ်အတွက် ရိက္ခာများအား ဆင်ဘိုမြို့နယ် ရှဒန်ပါဒေသသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး ၄င်းနေရာမှ လိုင်ဇာအနီးရှိ တပ်စခန်းများသို့ ၀န်တင်လားများဖြင့် တဆင့်ပြန်လည် ပို့ဆောင်နေကြောင်း KIO ၏ မဟာမိတ် ABSDF ကျောင်းသားတပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာနဲ့ စစ်ရေးတိုးမြှင့်ဆက်ဆံဖို့ အမေရိကန်စဉ်းစား

Photo: မြန်မာနဲ့ စစ်ရေးတိုးမြှင့်ဆက်ဆံဖို့ အမေရိကန်စဉ်းစား

ဒေါ်ခင်မျိုးသက်
15.10.2012

ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက စစ်ဖက်ဆက်ဆံရေးပါ တိုးမြှင့်ဖို့ အတွက် စဉ်းစားနေတယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ် William Burnsက အောက်တိုဘာလ ၁၅ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာရှဒေသ ငါးနိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ်နဲ့အဖွဲ့ဟာ တနင်္လာနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရောက်နေတုန်း သတင်းထောက်တွေက အမေရိကန်-မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ စစ်ဖက်ဆက်ဆံရေးအတွက်ပါ တိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အခုထိဆက်ပြီးတော့ လုပ်ဆောင်နေတာကို အမေရိကန်နိုင်ငံဘက်က ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားနေကြောင်းနဲ့ ဒီထဲမှာ စစ်တပ်ခြင်း ဆက်ဆံမှုပါတာမို့ စစ်ရေးဆက်ဆံမှုအပိုင်းတွေပါ လုပ်ဖို့ စဉ်းစားနေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး ပံ့ပိုးပေးနေတာနဲ့ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲမှုတွေ ဖြစ်လာပြီဆိုရင် အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာတွေလုပ်ပြီး အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ စစ်ပညာသင်တန်းတွေမှာ မြန်မာစစ်ဘက်က တက်ရောက်သင်ကြားခွင့်တွေပေးဖို့အထိ စဉ်းစားသလားဆိုတဲ့ အမေးကို ဖြေကြားခဲ့တာပါ။

ဒ့ါအပြင် မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအလိုက် တူညီတဲ့တုန့်ပြန်မှုတွေ လုပ်နေရာမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်သွင်းမှုကန့်သတ်ချက်တွေ ရုပ်သိမ်းဖို့ စတင်လုပ်ဆောင်နေပြီဖြစ်သလို နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ဝင်ရောက်ဆောင်ရွက်ဖို့ ခွင့်ပြုတာနဲ့ အမေရိကန်ရဲ့ မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ထားမှုအတွက် သိသိသာသာဖြေလျှော့ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် တိုင်းရင်းသားဒေသတချို့မှာ တိုက်ပွဲတွေ အခုထိ ရှိနေသေးတာမို့ ဒါတွေရပ်စဲအောင်လုပ်ဖို့နဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားဖို့ အရေးကြီးကြောင်းပြောကြားခဲ့သလို ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
ပြန်ပြီးလွှတ်ပေးတာမျိုး ပြုပြင်ပြောင်းလဲဖို့ လိုနေတာတွေအတွက် ဆက်လက် လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို မလာခင်မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ထပ်ပြီးလွှတ်ပေးခဲ့တာကို တွေ့ရတဲ့အတွက် ဒါကို အားပေးပေမယ့် ထောင်ထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်ပြီးလွှတ်ပေးဖို့ လိုအပ်ပါတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အမေရိကန်အရပ်ဖက်နဲ့စစ်ဖက်အရာရှိ သုံးဆယ်ကျော် လိုက်ပါလာပြီး ဒီအထဲမှာ အရှေ့အာရှနဲ့ပစိဖိတ်ဒေသ အမေရိကန်စစ်ဌာနချုပ်ရဲ့ ကြည်းတပ်တပ်မှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး Lt Gen Francis Wiercinski လည်း ပါဝင်ပါတယ်။ayechanmov.16

သူတို့အဖွဲ့ဟာ ဂျပန်ကနေ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိပြီး အောက်တိုဘာလ ၁၈ရက်နေ့မှာတော့ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ အစိုးရတာဝန်ရှိသူတွေကိုရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံက အပြန်မှာတော့ အိန္ဒိယနိုင်ငံကို ခရီးဆက်ဖို့ရှိပါတယ်။

အမေရိကန်ဒု နိုင်ငံခြားရေးဝန်ကြီး William J. Burns
 
မူရင်းသတင်း----VOA
Post By :  အေးချမ်းမွန်
အမေရိကန်ဒု နိုင်ငံခြားရေးဝန်ကြီး William J. Burns
ပြုပြင်ပြောင်းလဲရေးတွေ ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်အစိုးရက စစ်ဖက်ဆက်ဆံရေးပါ တိုးမြှင့်ဖို့ အတွက် စဉ်းစားနေတယ်လို့ အမေရိကန် ဒုတိယနိုင်ငြံ
ခားရေးဝန်ကြီး ဝီလျံဘန်းစ် William Burnsက အောက်တိုဘာလ ၁၅ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာရှဒေသ ငါးနိုင်ငံ ခရီးထွက်လာတဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ်နဲ့အဖွဲ့ဟာ တနင်္လာနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရောက်နေတုန်း သတင်းထောက်တွေက အမေရိကန်-မြန်မာဆက်ဆံရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ စစ်ဖက်ဆက်ဆံရေးအတွက်ပါ တိုးမြှင့်ဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ရခိုင်လူငယ် တစ်ဦး တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန် အ၀ကျွန်းတွင် ရခိုင်အမျိုးသား ၅၀ ခန့် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ

Photo: ရခိုင်လူငယ် တစ်ဦး တိုက်ခိုက်သူများကို အရေးယူ အပြစ်ပေးရန် 

အ၀ကျွန်းတွင် ရခိုင်အမျိုးသား ၅၀ ခန့် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ
ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းတွင် ရခိုင်လူငယ် တစ်ဦးအား တိုက်ခိုက်ခဲ့သူများအား တရားဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ရခိုင်လူမျိုး ၅၀ ခန့်က ကွားကတားမြို့တွင် ငြိမ်းချမ်းစွာ စီတန်းပြီး တောင်းဆို  ဆန္ဒပြ ခဲ့ကြဟု သိရသည်။

အဆိုပါ သတင်းအား ယနေ့ထုတ် The Daily Star သတင်းစာ တွင် ဖေါ်ပြရာတွင် ဆန္ဒပြသူများသည် တစ်ဦးနှင်း တစ်ဦး လက်ချင်းချိတ်ပြီး  စီတန်းကာ ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်းစာ၏ အဆိုအရ သိရသည်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က အောင်ချမ်း (၂၂) နှင့် တစ်ခြား ရခိုင် အဖေါ်လူငယ် တစ်ဦးနှင့် အတူ  အဆိုပါ မြို့ကနေ ရွာသို့ ပြန်လာရာတွင် လက်ရှိ အစိုးရ ပါတီမှ အုပ်စု တစ်ခုမှ လမ်းမှ ဆီးတားကာ သူတို့အား တိုက်ခိုက် ရိုက်ပုတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မူအတွင်း အနီးအနား ရှိသူ  ရခိုင်အမျိုးသား ဖြစ်သူ မောင်ကျော်မောင်မှ အောင်ချမ်းအား ၀င်ရောက်ကယ်တင်ရာ တိုက်ခိုက်သူများက သူ့ကို ပါ ရိုက်နှက်ခဲ့သည်ဟု မောင်ကျော်မောင်က ပြောကြောင်း သတင်းစာက ဆိုသည်။

အဆိုပါ တိုက်ခိုက်မူ ဖြစ်ပွားပြီးနောက် အောင်ချမ်း၏  မိခင် ဖြစ်သူ ဒေါ်လုံးမမှ ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူမူ မရှိသေးကြောင်း သတင်းစာက ဖေါ်ပြသည်။

သို့အတွက် ရခိုင်အမျိုးသား ၅၀ ခန့်က ပါတွားခါလီ ခရိုင် ကွားကတားမြို့တွင် လက်ချင်းချိတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကာ ပြစ်မူ ကျူးလွန်သူများကို အမြန်ဆုံး အရေးယူပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခု အခင်း ဖြစ်ပွားရာ ဒေသကို ဘင်္ဂလာ အ၀ကျွန်းဟု လူသိများပြီး ဒက္ကားမြို့တော် အနောက်တောင်ဘက် အိန္ဒိယ နယ်စပ်တွင် တည်ရှိသည်။ အခုအချိန်ထိ ရခိုင် ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး ဗမာဘုရင် မှ ရခိုင်အား ၁၁၇၈၄ ခုနှစ်က ၀င်ရောက် သိမ်းပိုက်စဉ် ထွက်ပြေးလာခဲ့ကြသူများ ဖြစ်ပြီး  အဆိုပါ ဒေသတွင် တောရိုင်းများကို ခုတ်ထွင် ရှင်းလင်းကာ စတင် အခြေချ နေထိုင်ခဲ့ကြသည်။

ရှေးခေတ် ရခိုင်လူကြီးများ အသုံးပြုခဲ့သော သစ်သား လှေကြီး တစ်စီးကို အဆိုပါ ဒေသတွင် တူးဖေါ် ရရှိစဉ်။

မူရင်းသတင်း----Narinjara 
Post By :  အေးချမ်းမွန်
ရှေးခေတ် ရခိုင်လူကြီးများ အသုံးပြုခဲ့သော သစ်သား လှေကြီး တစ်စီးကို အဆိုပါ ဒေသတွင် တူးဖေါ် ရရှိစဉ်
ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းတွင် ရခိုင်လူငယ် တစ်ဦးအား တိုက်ခိုက်ခဲ့သူများအား တရားဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးရန် ရ
ခိုင်လူမျိုး ၅၀ ခန့်က ကွားကတားမြို့တွင် ငြိမ်းချမ်းစွာ စီတန်းပြီး တောင်းဆို ဆန္ဒပြ ခဲ့ကြဟု သိရသည်။

အဆိုပါ သတင်းအား ယနေ့ထုတ် The Daily Star သတင်းစာ တွင် ဖေါ်ပြရာတွင် ဆန္ဒပြသူများသည် တစ်ဦးနှင်း တစ်ဦး လက်ချင်းချိတ်ပြီး စီတန်းကာ ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်းစာ၏ အဆိုအရ သိရသည်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က အောင်ချမ်း (၂၂) နှင့် တစ်ခြား ရခိုင် အဖေါ်လူငယ် တစ်ဦးနှင့် အတူ အဆိုပါ မြို့ကနေ ရွာသို့ ပြန်လာရာတွင် လက်ရှိ အစိုးရ ပါတီမှ အုပ်စု တစ်ခုမှ လမ်းမှ ဆီးတားကာ သူတို့အား တိုက်ခိုက် ရိုက်ပုတ်ခဲ့သည်ဟု ဆိုသည်။

၂၀၁၂ နိုဘယ်ဆုရှင်များ

Photo: ၂၀၁၂ နိုဘယ်ဆုရှင်များ


နိုဗယ်ဆုဆိုတာ လူ့ဘောင်၊ လူ့လော က လူ့အဖွဲ့အစည်းတို့အတွက် ကောင်းကျိုး  ပြုလုပ်ငန်းတွေ ကမ္ဘာတစ်ဝန်းထူးချွန်ပြောင် မြောက်စွာထမ်းဆောင်ခဲ့ကြတဲ့ ပုဂ်္ဂိုလ်များ နဲ့ အဖွဲ့အစည်းများကို ချီးမြှင့်တဲ့ ကမ္ဘာ ကျော်ဆုတစ်ခုဖြစ်ပါတယ်။ နိုဗယ် (Noble) ဆုကို ဆွီဒင်နိုင်ငံသားဓာတုဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ အဲဖရက်နိုဗယ် Alfred Bern Hard Noble) စီစဉ်ထားရှိခဲ့တဲ့ ရန်ပုံငွေကိုအခြေပြုပြီး နှစ်စဉ်ဂုဏ်ပြုချီး မြှင့်ပေးခြင်းပဲဖြစ်ပါတယ်။ နိုဗယ်ဟာ ဓာတုဗေဒသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အားလျော်စွာယမ်းဘီလူးလို့ခေါ်တဲ့ ဒိုင်း နမိုက်  (Dynamite) ကို ၁၈၆၇ ခုနှစ်မှာ တီထွင်ခဲ့ပြီး၊ လွန်စွာချမ်းသာတဲ့ သူဌေး ကြီးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
သူဟာဒိုင်းနမိုက်ကို တီထွင်စဉ်က လူသားကောင်းကျိုးအတွက် ငြိမ်းချမ်းစွာ အသုံးပြုရန် (ဥပမာ-လမ်းဖောက်၊ တံတား  ဆောက်တဲ့နေရာမှာ ကျောက်ခွဲလုပ်ငန်း များလုပ်ဆောင်ရန်) ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့သည်မှန်သော်လည်း၊ နောင် အခါမှာ ဒိုင်းနမိုက်ကို လူသတ်လက်နက် အဖြစ် မိုင်း၊ ဗုံးများ ထုတ်လုပ်လာကြတာ၊ စစ်လက်နက်အဖြစ်အသုံးပြုခဲ့တာကြောင့် လူပေါင်းများစွာတို့ရဲ့ အသက်အန္တရာယ်  ကိုဖြစ်စေခဲ့တာကို တွေ့မြင်ခဲ့ရတဲ့နိုဗယ်  ဟာ လွန်စွလွန်စွာစိတ်ထိခိုက်ခဲ့ရပါတယ်။  ဒါကြောင့်ပဲ နိုဗယ်ဟာ သူမကွယ်လွန်မီ မှာ အမေရိကန်ဒေါ်လာ ၈၅၀၀၀၀၀  ဒေါ်လာ (ရှစ်ဆယ်ငါးသိန်း) ကို ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှာ အပ်နှံပြီးတော့ ဒီငွေကို အရင်းအနှီးပြုပြီး ရရှိလာတဲ့ အကျိုးအမြတ်ကို လူဘောင်လူ့လောက အတွက် ထူးချွန်စွာအကျိုးပြုဆောင်ရွက်   သူများ၊ အဖွဲ့အစည်းများကို ဆုချီးမြှင့်ရန်  သေတမ်းစာရေးထားခဲ့တာပဲဖြစ်ပါတယ်။
နိုဗယ်ဆုအတွက်ရေးသားခဲ့တဲ့သေ တမ်းစာမှာ တစ်နှစ်တာကာလအတွင်း ရူပဗေဒဆိုင်ရာ၊ ဓာတ်တုဗေဒဆိုင်ရာ၊ ဆေးသိပ္ပံဆိုင်ရာ၊ စာပေဆိုင်ရာနဲ့ ငြိမ်းချမ်း ရေးဆိုင်ရာတို့မှာ ထူးထူးချွန်ချွန်ဆောင် ရွက်သူများကို သက်ဆိုင်ရာဆုတစ်ဆုစီ ချီးမြှင့်ပေးရန်ဖြစ်ပါတယ်။ ဆုချီးမြှင့်ရေး အတွက် အကဲဖြတ်တာဝန်ကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့ရှိ “တော်ဝင် ဆွီဒင် သိပ္ပံ ပညာတက္ကသိုလ်” (Royal Swedish Academy of Science) က ဓာတုနဲ့ ရူပ ဗေဒဆိုင်ရာဆုများအတွက် တာဝန်ယူရွေး ချယ်ရပြီး၊ ဆေးသိပ္ပံဆိုင်ရာနိုဗယ်ဆုကို တော့ “တော်ဝင်ကာရိုလိုင်းဆေးသိပ္ပံ” (Royal Caroline Medico Chirugical Institute) က တာဝန်ယူရွေးချယ်ရပါ တယ်။ အလားတူစာပေဆိုင်ရာ နိုဗယ်ဆု ကို “ဆွီဒင်ပညာတံခွန်” (Swedish Academy) က ရွေးချယ်ရတာဖြစ်ပြီး၊ ငြိမ်းချမ်း  ရေးဆိုင်ရာနိုဗယ်ဆု (Noble Peace Prize) ကိုတော့ နော်ဝေနိုင်ငံအော်စလို မြို့ရှိ “နော်ဝေဂျီယံနိုဗယ်ကော်မတီ” (Norwegian Noble Committee) က တာဝန်ယူရွေးချယ်ပေးရတာဖြစ်ပါတယ်။ နိုဗယ်ဆုများကိုတော့ ၁၉၀၁ ခုနှစ်က စတင်ချီးမြှင့်ပါတယ်။ ၁၉၀၁ ပထမဆုံး ငြိမ်းချမ်းရေးနိုဗယ်ဆုကို ချီးမြှင့်ခြင်းခံရသူများ  ကတော့ “နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ဖခင်ကြီး၊ ဆွီဒင်နိုင်ငံသား ဟင်နရီဒူးနန့် နဲ့ ပထမဆုံးသော့ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (Universal peace congress) ကို ခေါ်ယူကျင်းပရန် စည်းရုံးဆော်ဖန်နိုင် ခဲ့သူပြင်သစ်နိုင်ငံသား ဖရက်ဒရစ်ပက်ဆီ ပါ။ ၂၀၁၂ ခုနှစ်အတွက် နိုဗယ်ဆုရှင်များ ကတော့ ဓာတုဗေဒဆိုင်ရာနိုဗယ်ဆုကို  ဂျုံးတက္ကသိုလ်နဲ့ ဟိုးဝက်ခ်ျဟုဆေးတက္ကသိုလ် မှာ တာဝန်ထမ်းဆောင်နေသူဓာတုဗေဒ  ပညာရှင် အမေရိကန်နိုင်ငံသား ရောဘတ် ဂျေလက်ကိုစစ်နဲ့ စတန်းဖို့တက္ကသိုလ်က ဓာတုဗေဒပါမောက္ခဘရင်းကေကိုဘေးလဲ ကာတို့က ပူးတွဲရရှိသွားပါတယ်။
ရူပဗေဒဆိုင်ရာနိုဗယ်ဆုကိုတော့ ပြင်သစ်နိုင်ငံတက္ကသိုလ်က ပါမောက္ခဆာ့ဂ်ျ  ဟာရော့ (၆၈) နှစ်နဲ့ ဟားဗတ်တက်္ကသိုလ်  က ရူပဗေဒပညာရပ်ဆိုင်ရာပါမောက္ခဒေး  ဗစ်ဝိုင်လန် (၆၈) နှစ်တို့ဖြစ်ကြပါတယ်။
ဇီဝကမ္မဆေးသိပ္ပံဆိုင်ရာနိုဗယ်ဆုကို ရရှိသူများကတော့ ဗြိတိန်နိုင်ငံကင်းဘရစ် ခ်ျတက္ကသိုလ်က ဂျွန်ဂါဒင်နဲ့ ကျိုတိုတက္ကသိုလ်ပါမောက်္ခရှင်ယာယာမာနာကာတို့က ပူးတွဲရရှိသွားကြပါတယ်။
ကမ္ဘာကျော်ငြိမ်းချမ်းရေးနိုဗယ်ဆုကို  တော့ အခုနှစ်မှာ လူပုဂ်္ဂိုလ်တစ်ဦးဦးကို သတ်မှတ်ပေးလိုက်ခြင်းမဟုတ်ပဲအဖွဲ့အစည်း  တစ်ခုဖြစ်တဲ့ ဥရောပသမဂ္ဂ (Europe Union) ကို စိစစ်ရွေးချယ်ပေးခဲ့ပါတယ်။
“အီးယူဟာ ဥရောပအတွင်းငြိမ်းချမ်း ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို ထူးခြားပြောင်မြောက်စွာ ဆောင်ရွက်နိုင် ခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ်အတွက် နိုဗယ်  ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း နော်ဝေအခြေစိုက်နိုဗယ်ဆုချီးမြှင့်ရေးကော် မတီဥက္ကဋ္ဌ သော်ဂျိုရင်ဂါဂလန်းက အော်စလိုမြို့မှာ အောက်တိုဘာ ၁၃ ရက်  နေ့က ပြုလုပ်ခဲ့ နိုဗယ်ဆုချီးမြှင့်ရေးအခမ်း အနားမှာ ပြောကြားသွားပါတယ်။ နိုဗယ်  ငြိမ်းချမ်းရေးဆုကို အခုလို အဖွဲ့အစည်း  တွေကို ရွေးချယ်ပေးတာဟာပထမဆုံး  အကြိမ်တော့ မဟုတ်ပါဘူး၊ ၁၉၁၇ ခုနှစ် မှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) ၁၉၄၄ ခုနှစ်မှာလည်း ဒုတိယ အကြိမ်အဖြစ် (အိုင်စီအာစီ)ကပဲရရှိခဲ့ပါ တယ်။ ၁၉၄၇ မှာ ပြင်သစ်ကောင်စီနဲ့ အမေရိကန်မိတ်ဆွေများကော်မတီ၊  ၁၉၅၄ မှာ ယူအင် အိပ်ခ်ျစီအာ၊ ၁၉၆၃ မှာ အိုင်စီအာစီနဲ့ ကြက်ခြေနီသမဂ္ဂ(League of Red Cross Societies) တို့ရရှိခဲ့ကြသလို၊ ၁၉၆၅ မှာ ယူနီဆက်၊ ၁၉၆၉ မှာ အိုင်အယ်လ်အို ၁၉၇၇ မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့ (Amnesty International) ၁၉၈၁ မှာ (ယူအင်အိပ်ခ်ျစီအာ) စတဲ့ အဖွဲ့အစည်း တွေဟာ အခုလိုပဲကမ္ဘာ့နိုဗယ်ငြိမ်းချမ်းရေး ဆုတွေကိုရရှိခဲ့ကြပါတယ်။
ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ  ကပဲ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုတွေကို ရရှိသည်ဖြစ်စေလူသားတွေအကျိုးပြုလုပ် ငန်းများကို ဖော်ဆောင်ကြသူများဖြစ်လို့  ၀မ်းမြောက်ကြိုဆိုကြရမှာပဲဖြစ်ပါတယ်။  ဆုရွေးချယ်ရေးအဖွဲ့ဝင်လူကြီးမင်းများအနေ  ဖြင့်လည်း နိုဗယ်ဆုရွေးချယ်ရာမှာ အထူး သဖြင့် ကမ်္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုကို ရွေးချယ်ရာမှာ ရသင့်ရထိုက်သူပုဂ်္ဂိုလ်များ အား အရှိအတိုင်း၊ အဟုတ်အတိုင်း၊ အမှန် အတိုင်း၊ ပကတိအတိုင်း၊ လက်တွေ့အတိုင်း ရှိရင်းစွဲအတိုင်း၊ ယထာဘူတဉဏဒဿန အမြင်ဖြင့်ရှုမြင့်ပြီ သူစွဲ၊ ငါစွဲ၊ ဆန္ဒစွဲဒေသ စွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ၊ ပုဂ်္ဂိုလ်စွဲများမပါဘဲ စိစစ်ရွေးချယ်ပြီး သွားလေသူ အဲဖရက် နိုဗယ်အားဂုဏ်ပြုချီးမြှောက်သောအား ဖြင့် သူရည်မှန်းသည့်လူ့ဘောင်လူ့လောက လူ့အဖွဲ့အစည်းကို အမှန်တကယ်အကျိုး ပြုသူများအား နှစ်စဉ်စိစစ်ရွေးချယ်နိုင်ကြ ပါစေဟုဆုမွန်ကောင်းတောင်းလိုက်ရပါ တယ်။
 

ကျော်စိန်Ref; Noble Peace Prize

မူရင်းသတင်း----The Hot News
Post By :  အေးချမ်းမွန်
နိုဗယ်ဆုဆိုတာ လူ့ဘောင်၊ လူ့လော က လူ့အဖွဲ့အစည်းတို့အတွက် ကောင်းကျိုး ပြုလုပ်ငန်းတွေ ကမ္ဘာတစ်ဝန်းထူးချွန်ပြောင် မြောက်စွာထမ်းဆောင်ခဲ့ကြတဲ့ ပုဂ်္ဂိုလ်များ နဲ့ အဖွဲ့အစည်းများကို ချီးမြှင့်တဲ့ ကမ္ဘာ ကျော်ဆုတစ်ခုဖြစ်ပါတယ်။ န
ိုဗယ် (Noble) ဆုကို ဆွီဒင်နိုင်ငံသားဓာတုဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ အဲဖရက်နိုဗယ် Alfred Bern Hard Noble) စီစဉ်ထားရှိခဲ့တဲ့ ရန်ပုံငွေကိုအခြေပြုပြီး နှစ်စဉ်ဂုဏ်ပြုချီး မြှင့်ပေးခြင်းပဲဖြစ်ပါတယ်။ နိုဗယ်ဟာ ဓာတုဗေဒသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ အားလျော်စွာယမ်းဘီလူးလို့ခေါ်တဲ့ ဒိုင်း နမိုက် (Dynamite) ကို ၁၈၆၇ ခုနှစ်မှာ တီထွင်ခဲ့ပြီး၊ လွန်စွာချမ်းသာတဲ့ သူဌေး ကြီးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။

အင်းလေးဖောင်တော်ဦးဘုရား လှည့်လည်ပူဇော်ပွဲ စတင်

Photo: အင်းလေးဖောင်တော်ဦးဘုရား လှည့်လည်ပူဇော်ပွဲ စတင်  

Tuesday, 16 October 2012 11:58

ပြည်တွင်း ပြည်ပ နိုင်ငံခြားသားဧည့်သည်များ အထူးစိတ်ဝင်စား လာရောက်ဖူးမြော်ကြသည့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့(ယနေ့တွင်) စတင်ကြွချီရာ ကျေးရွာ၊ ဒေသများအတွင်း၊ အစည်ကားဆုံး ဖြစ်သည့် ညောင်ရွှေ မြို့သို့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ညောင်ရွှေမြို့တွင် အောက်တို ဘာ ၂၂၊ ၂၃၊ ၂၄ ရက် စုစုပေါင်း သုံးရက် အဋ္ဌဒိသာဓမ္မ၀ိဟာရစံ ကျောင်းတော်တွင် နေ့ည ပူဇော်ခံမည်ဖြစ်ရာ အဆိုပါညောင်ရွှေမြို့ ပွဲတော်ရက်များ အတွင်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ အင်းသားရိုးရာ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့် အမျိုးသားရာကျော် လှေ ၄၆ တက်၊ အမျိုးသမီး ၂၆ တက်လှေပြိုင်ပွဲများ၊ ဇာတ်၊ အငြိမ့်၊ မော်ဒယ်ရှိုးပွဲများ ပြခန်းများပါဝင်မည်ဖြစ်ရာ ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိကြောင်း ဆိုင်ခန်းကော်မတီထံမှ သိရသည်။

"ကျွန်တော်တို့ရဲ့ ဖောင်တော်ဦးဘုရားပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက ပထမတန်းစားဆိုင်ခန်းကို ကျပ်တစ်သောင်းခွဲ၊ ဒုတိယတန်းစားကို ကျပ်တစ်သောင်းနှစ်ထောင်၊ တတိယတန်းစားကို ကျပ်တစ်သောင်းတစ်ထောင်ပဲကောက်ခံ ခဲ့ပါတယ်။ ဒီနှစ်ပွဲတော် လုပ်ငန်းကျယ်ပြန့်မှုအပေါ် မူတည်ပြီး ဆိုင်ခန်းတစ်ခန်းကို အရင်နှစ်ထက် နှစ်ထောင်ကျပ်ကနေ သုံးထောင်ကျပ်အတွင်းပဲ တိုးကောက်မှာပါ။ အရင်နှစ်က ပျံကျဆိုင်ခန်းများမပါဘဲ အဓိကဆိုင်ခန်းပေါင်း ၇၀၀ ကျော်ရှိခဲ့ပြီး ဒီနှစ်တော့ လက်ခံဆောက်လုပ်နေဆဲပါပဲ။ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ငါးရက် ရောင်းခွင့်ပြုပါတယ်" ဟု ဆိုင်ခန်းကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ 

အင်းလေးဖောင်တော်ဦးဘုရားယခင်လှည့်လည်တင်ဆက်ပုံကိုအေးချမ်းမွန်
မှ google မှရှာဖွေထားခြင်းဖြစ်ပါသည်

မူရင်းသတင်း----Eleven Media Group
Post By :  အေးချမ်းမွန်
ပြည်တွင်း ပြည်ပ နိုင်ငံခြားသားဧည့်သည်များ အထူးစိတ်ဝင်စား လာရောက်ဖူးမြော်ကြသည့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့(ယနေ့တွင်) စ
တင်ကြွချီရာ ကျေးရွာ၊ ဒေသများအတွင်း၊ အစည်ကားဆုံး ဖြစ်သည့် ညောင်ရွှေ မြို့သို့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

ညောင်ရွှေမြို့တွင် အောက်တို ဘာ ၂၂၊ ၂၃၊ ၂၄ ရက် စုစုပေါင်း သုံးရက် အဋ္ဌဒိသာဓမ္မ၀ိဟာရစံ ကျောင်းတော်တွင် နေ့ည ပူဇော်ခံမည်ဖြစ်ရာ အဆိုပါညောင်ရွှေမြို့ ပွဲတော်ရက်များ အတွင်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ အင်းသားရိုးရာ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့် အမျိုးသားရာကျော် လှေ ၄၆ တက်၊ အမျိုးသမီး ၂၆ တက်လှေပြိုင်ပွဲများ၊ ဇာတ်၊ အငြိမ့်၊ မော်ဒယ်ရှိုးပွဲများ ပြခန်းများပါဝင်မည်ဖြစ်ရာ ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိကြောင်း ဆိုင်ခန်းကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး၌ OIC ရုံးခန်း ဖွင့်လှစ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပြောကြား

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံး အဆောက်အဦး၌ OIC ရုံးခန်း ဖွင့်လှစ်ထားခြင်းမရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာသာလှရွှေမှ အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရ

ုံး၌ OIC ရုံးခန်း ဖွင့်လှစ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဖွင့်လှစ်ထားခြင်းမရှိကြောင်း ပါမောက္ခ ဒေါက်တာသာလှရွှေမှ အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်းဂျာနယ်တို့ကိုတရားစွဲ ဆိုသူ NLD ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

Photo: The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်းဂျာနယ်တို့ကိုတရားစွဲ ဆိုသူ NLD ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

 Tuesday, October 16, 2012 at 3:27am ·

The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့အပေါ် ဘာကြောင့် တရားစွဲဆိုခဲ့တာလဲ။

          ကျွန်တော့်ကို  ဖယောင်းသုတ်တဲ့ကိစ္စနဲ့  မမှန် သတင်းပေးတယ်ဆိုပြီး  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတယ်။ ဒီအမှုကို ကျွန်တော် ရင် ဆိုင်နေရတယ်။ ကျွန်တော် ရင်ဆိုင်နေရတဲ့ကာလမှာပဲ ဂျာနယ်နှစ်စောင်မှာ အဲဒီဆောင်းပါးတွေ တွေ့တယ်။ ကို(ဥပဒေ)ဆိုလား၊  သူက ကျွန်တော် အပြစ်ရှိတယ်လို့ ဆောင်းပါးမှာရေးတယ်။ ကျွန်တော်အပြစ် ရှိ၊ မရှိဆိုတာ တရားရုံးရောက်နေတဲ့ကိစ္စ၊ တရားရုံးကသာ ဆုံးဖြတ် ရမှာ။ ဒီလို ကာလမှာ အဲဒီလိုမျိုး တရားရုံးကို မလျော် သြဇာ သက်ရောက်စေတဲ့ ဒီအရေးအသားမျိုးတွေဟာ တရားရုံးကို  မထီမဲ့မြင်ပြုမှု  ဥပဒေ ၂ နဲ့ ၃ ငြိတယ်။ အဲဒီတော့ ကျွန်တော်က အဓိက က ဒီဆောင်းပါးကြောင့် စွဲတာ။ Messenger နဲ့ ကျွန်တော်တို့ကြားမှာ ဘာမှ မရှိဘူး။ ခင်ဗျားတို့ကလည်း ဂျာနယ်တစ်ခုအနေနဲ့ထည့် တယ်။ သို့သော် ဥပဒေအရကတော့ အဲဒီမထီမဲ့မြင်ပြုရာ ရောက်တဲ့ စာသားတွေကို ပုံနှိပ်ဖော်ပြတဲ့ ဂျာနယ်တွေ လည်း တာဝန်ရှိတယ်လို့သတ်မှတ်တယ်။ အခု ဂျာနယ် တွေမှာတွေ့တယ်။ တစ်ခါတည်းပြောလိုက်မယ်။ ကျွန် တော်တို့ကို ဘာဖြစ်လို့ မတိုင်ပင်တာလဲတို့ အမျိုးမျိုး ပဲရေးကြတာ တခြားဂျာနယ်တွေမှာတွေ့တယ်။ အဲဒါ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒီကာလမှာ အဲဒီကာလမှာပေါ့ ထုတ်တင်လား ဘာခေါ်လဲမသိဘူး။ အဲဒီ ခင်ဗျားတို့ကို စာပေစိစစ်ရေးက ထည့်ခိုင်းတဲ့ဟာတွေ ထည့်ခိုင်းရတဲ့ ကာလမှာ  ထည့်ပေးနေတာ။ ဒါတွေက ခင်ဗျားတို့ တရားရုံးကိုရောက်တဲ့အခါတင်ပြပါ။ ကျွန်တော့်အနေနဲ့ ဘာမှကန့်ကွက်စရာမရှိဘူး။ ကျွန်တော်က ဘာမှမတတ် နိုင်ဘူး။ တရားရုံးကို ကျွန်တော့်အမှုနဲ့ပတ်သက်ပြီး တင်ရ တာ။ တင်ရတော့ ဂျာနယ်ပါတယ်ဆိုတာ ဥပဒေအရ ပါရတာ။ တခြားအကြောင်း ဂျာနယ်နဲ့ ကျွန်တော့်အ ကြောင်း ဘာမှမရှိဘူး။ အဓိက ကတော့ ဆောင်းပါး ကြောင့်ပဲ။ 

ဂျာနယ်နှစ်စောင်ကို တရားစွဲဖို့ အဖွဲ့ချုပ်မှာ အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ်ခဲ့တာလား။

          မဟုတ်ပါဘူး။ တရားစွဲခံရတော့ ကျွန်တော့်တစ် ယောက်တည်းကို စွဲတာ။ NLDကို စွဲတာ မဟုတ်ဘူး။ အဲဒီတော့  ကျွန်တော်ကလည်းတင်တော့ ကျွန်တော် တစ်ယောက်တည်းတင်တာ။ အစည်းအဝေး ဆုံးဖြတ် ချက်တွေ ဘာတွေမလိုဘူး။ လိုလည်းမလိုဘူး၊ ရှိလည်း မရှိဘူး။ 

ဒါဆို တရားစွဲတာက NLD အနေနဲ့  မဟုတ်ဘဲ ဦးÓဏ်ဝင်းအနေနဲ့ စွဲတာပေါ့။

          ဟုတ်တယ်။ ကျွန်တော့်နာမည်နဲ့ စွဲတာပါ။ 

တရားစွဲတဲ့အဆင့်မရောက်မီ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်ဘဲနဲ့ ဘာဖြစ်လို့ တရားစွဲတဲ့နည်းလမ်းကိုပဲ ရွေး ခဲ့ရတာလဲ။

          ကျွန်တော်က ဂျာနယ်နဲ့ ညှိလို့မရဘူး။ ဂျာနယ်နဲ့ ညှိစရာအကြောင်း ဘာမှလည်း မရှိဘူး။ ညှိခြင်းညှိ ကို(ဥပဒေ)နဲ့ညှိရမှာ။ သို့သော် ကို(ဥပဒေ) ဘယ်သူလဲ ဆိုတာ ကျွန်တော်မသိတာက တစ်ကြောင်း၊ နောက်တစ် ကြောင်းက ပုံနှိပ်ဖော်ပြပြီးပြီ။ ညှိလို့ ပျက်မသွားနိုင် တော့တာကတစ်ကြောင်း၊ ကျွန်တော်ကလည်း အမှုကြီး တန်းလန်း၊ ဒီအခြေအနေမှာ ကျွန်တော့်အနေနဲ့ ညှိဖို့ဆိုတာ ဘာကစရမှန်းမသိဘူး။ အခုထိလည်း ကို(ဥပဒေ) ဘယ် သူလဲဆိုတာ ကျွန်တော်မသိဘူး။ ခင်ဗျားတို့သိလား။ ခင်ဗျားတို့ ကိုယ်တိုင်ပွင့်လင်းမှုနည်းနည်း နည်းနေသေး တယ်။ ခင်ဗျားတို့သိပါတယ်။ ခင်ဗျားတို့ မသိဘူးဆို တာ ကျွန်တော်လက်ခံလို့မရဘူး။ ဂျာနယ်မှာ ဆောင်းပါး ရေးတဲ့လူကို မသိဘူးလို့ ဂျာနယ်အနေနဲ့ ပြောလို့လည်း မသင့်ပါဘူး။ ဂျာနယ်အနေနဲ့ ဒီလိုပြောဖို့ကို မသင့်ဘူး။ 

အဲဒီအချိန်တုန်းက ဒီဆောင်းပါးကိုဖော်ပြခဲ့တာ အဲဒီ ကာလရဲ့ အခြေအနေကြောင့်ဆိုရင်ရော။

          မဟုတ်ဘူး။ ဒါကိုလည်း ကျွန်တော် မငြင်းဘူး။ ခင်ဗျားတို့ ဒီပြောပြချက်ကို မငြင်းဘူး။ ဒါ တရားရုံး တင်ပြ။ တရားရုံးက ဒီလို အခြေအနေကြောင့် ခင်ဗျား တို့ကို ဘာမှ အပြစ်မရှိဘူးလို့ပြောလည်း ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။ ကျွန်တော်တို့နဲ့ ဂျာနယ်က ဒီလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ။ ဒီလိုသဘောရှိတယ်။ ကျွန်တော်တို့ တစ်စုံတစ်ရာ နစ်နာစေဖို့ တရားစွဲတာ မဟုတ်ဘူး။ ဥပဒေအရ စွဲတာ။ ကျွန်တော် နမူနာတစ်ခု ပြောမယ်။ ခင်ဗျားတို့ဂျာနယ်တွေ မှာ လုပ်နေတာကြာပြီ။ ခင်ဗျားတို့ သိလည်းသိမယ်။ ထည့်လည်း ထည့်မယ်။ ဦးအောင်ဆန်းဦးကို ကျွန်တော်တို့ စွဲတယ်။ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုရှိ တယ်။ အဲဒီအမှု ရှိနေတာ ဒီဥစ္စာ Major Issue တွေကို ကျွန်တော်တို့နိုင်ပြီး ပြီ။ ဒေါ်စုကသာ သူသုံးနေတဲ့စကားလုံး ဟိုဒင်းကပ်ပြီး တော့ ဟိုဒင်းလုပ်နေတာပေါ့။ သူတို့က ဒီလိုရေးလာ မယ်၊ တကယ်တော့ တရားရုံးမှာ Major Issue ရှိကို မရှိဘူး။ ချလည်းမချထားဘူး။ အဲတော့ ကျွန်တော်တို့က စွဲတာ ဦးအောင်ဆန်းဦးကိုစွဲတာ။ ဒါပေမဲ့ လျှပ်တစ်ပြက် ကို စွဲတာမဟုတ်ဘူး။ ဒါပေမဲ့ လျှပ်တစ်ပြက်ကို မထည့် လို့မရဘူး။ ဥပဒေအရ လျှပ်တစ်ပြက်ကို ထည့်ပေးရ တယ်။ အခုလည်း ခင်ဗျားတို့ကိုစွဲတာ အဲဒါကြောင့် စွဲတာ။ ခင်ဗျားတို့နဲ့ ကျွန်တော့်ကြားမှာ တစ်ခုခုရှိလို့  ထည့်တာမဟုတ်ဘူး။ 

ဒီကိစ္စကို ဥပဒေကြောင်းအရ ဘယ်လိုဆက်သွားမှာလဲ။

          ဥပဒေအကြောင်းအရပဲသွားမှာ။ ဒါကိုတင်လိုက် တယ်။ သူတို့က လက်ခံထားပြီးပြီ။ အတင်ခံလိုက်ပြီးရင် အမှုအနေနဲ့ လက်ခံခြင်း ပြု မပြုဆိုတာ ဒါတစ်ဆင့် ရှိတယ်။ ဒါ ခင်ဗျားတို့ပါမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကိုပဲ အချက်အလက်နဲ့ ဥပဒေတွေမေးမယ်။ ကျွန်တော်တို့ ကလျှောက်လဲမယ်။ ပြီးလို့ တကယ်လက်ခံလိုက်ပြီးရင် ခင်ဗျားတို့ကို တရားရုံးက အကြောင်းကြားလိမ့်မယ်။ အကြောင်းကြားရင် ခင်ဗျားတို့ အခုပြောတာ ကျွန်တော် လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။  တင်ပြလို့ရပါ တယ်။ တင်ပြပါ။ တရားရုံးက လက်ခံတယ်။ ခင်ဗျား တို့ရဲ့တာဝန်မရှိဘူးလို့  ဆုံးဖြတ်ရင်လည်း ကျွန်တော့် ဘက်က ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့လို့ မြန်မာ နိုင်ငံသမိုင်းမှာ သတင်းစာနဲ့ဂျာနယ်နဲ့ တရားရုံးနဲ့ ကိစ္စမှာ ပါတဲ့ ပုဂ္ဂိုလ်နဲ့တင်မဟုတ်ဘူး။ ထုတ်ဝေသူပါ ပူးတွဲပါရ မယ်လို့ သူက ဒီလိုဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့က သူဒီလို ဆုံးဖြတ်ထားတာကိုလည်း ဟိုဒင်းပြုလို့ မရ ဘူး။ ဒီဥစ္စာပါ။ 

တရားရုံးက ဆင့်ခေါ်မယ်ဆိုရင် ကို(ဥပဒေ)ကို သိချင် တာတစ်ခုတည်းနဲ့ လျှောက်မှာလား။

          သိချင်တာတစ်ခု မဟုတ်ဘူးလေ။ ဥပဒေအရ ကျွန်တော့်အမှုမှာ ထိခိုက်နေပြီမဟုတ်လား။ ဂျာနယ်တွေ ကတောင် ပြောနေပြီ၊ အပြစ်ရှိတယ်၊ ဒီလိုဖြစ်လာမယ် လေ။ ကျွန်တော်ထိခိုက်နေပြီ။ ကို(ဥပဒေ)ကို သိချင်ရုံနဲ့ သက်သက်စွဲနေတာ မဟုတ်ဘူး။ ကျွန်တော့်အမှုကို တရားရုံးက ဆုံးဖြတ်ရမှာ။ တရားရုံးက မဆုံးဖြတ် ရသေးခင် အပြစ်ရှိတယ်လို့ ဂျာနယ်မှာပါလာပြီ။ ပါလာ တာ ဆောင်းပါးဆိုတော့ ကျွန်တော် သူ့ကို သိရုံသက် သက်နဲ့ စွဲနေတာ မဟုတ်ဘူး။ အမှန်အကန် တရားရုံးကို မထီမဲ့မြင်ရာ ရောက်မရောက် တင်ပြရမှာပေါ့။ ခင်ဗျား တို့ဘက်ကလည်း အခုနလိုတင်ပြပေါ့။ ကျွန်တော် ဘာမှ ကန့်ကွက်စရာမရှိဘူး။ 

လျှပ်တစ်ပြက်ဂျာနယ်အမှုကရော ခင်ဗျ။

          သူက အပြစ်ပေးပြီးပြီ။ ဒဏ်ငွေ ချလိုက်တယ်။ နှစ်လလောက်ရှိပြီ။ 

အခု ပုဒ်မ ၃ ကရော ဥပဒေအကြောင်းအရ ရင်ဆိုင်ရင် ဘယ်လို ဖြစ်နိုင်လဲ။

          ထောင်ဒဏ် ၄ လလောက်ထိ ချလို့ရတယ်။ ဒဏ် ငွေ ရိုက်လို့ရတယ်။ ဒီပုဒ်မနဲ့ တရားစွဲခံရတဲ့လူက ကျွန် တော်မှားသွားတယ်။ ကျွန်တော်တို့ တာဝန်ရှိပါတယ်လို့ တောင်းပန်လိုက်ရင် တရားရုံးက လုံးဝလွှတ်လိုက်လို့ ရတယ်။

အဲဒီတုန်းက ဒီဆောင်းပါးဖော်ပြခဲ့တာ ဂျာနယ်နှစ်စောင် တည်းမဟုတ်ဘူးဆိုတာကိုရော သိပါသလား။

          ကျွန်တော်စွဲဖို့ ၁ဝ ခုလောက်ရှိတယ်။ ဒါနဲ့ ပတ် သက်ပြီး ကျွန်တော်က သိပ်ပြီးတော့ ဆတ်ဆတ်ထိမခံ လုပ်တာဖြစ်မှာစိုးလို့ ရွေးပြီးတော့ ဒီနှစ်ခုပဲ တင်တယ်။ ကျွန်တော့်မှာ တင်စရာတွေရှိတယ်။ သတင်းစာလည်း တင်စရာရှိတယ်။ ကျွန်တော်က အမှန်ကို ပေါ်ပေါက်ရုံ ပဲ တရားစွဲမှာ။ ကျွန်တော်က ပြန်ပြီးတော့ ငါ့ကိုလုပ် တယ်၊ ငါအကုန်လျှောက်ပြန်လုပ်ရမယ်လို့ ကျွန်တော် မလုပ်ဘူး။  ကျွန်တော်ရေးပြီးသားတွေရှိတယ်။ ကျွန် တော်မတင်ဘူး

မူရင်းသတင်း----Messenger News Journal 
Post By :  အေးချမ်းမွန်
The Messenger သတင်းဂျာနယ်နဲ့ ပြည်မြန်မာသတင်း ဂျာနယ်တို့အပေါ် ဘာကြောင့် တရားစွဲဆိုခဲ့တာလဲ။

ကျွန်တော့်ကို ဖယောင်းသုတ်တဲ့ကိစ္စနဲ့ မမှန် သတင်းပေးတယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲတယ်။ ဒီအမှုကို ကျွန်တော် ရင် ဆိုင်နေရတယ်။ ကျွန်တော် ရင်ဆိုင်နေရတဲ့ကာလမှာပဲ ဂျာနယ်နှစ်စောင်မှာ အဲဒီဆောင်းပါးတွေ တွေ့တယ်။ ကို(ဥပဒေ)ဆိုလား၊ သူက ကျွန်တော် အပြစ်ရှိတယ်လို့ ဆောင်းပါးမှာရေးတယ်။ ကျွန်တော်အပြစ် ရှိ၊ မရှိဆိုတာ တရားရုံးရောက်နေတဲ့ကိစ္စ၊ တရားရုံးကသာ ဆုံးဖြတ် ရမှာ။ ဒီလို ကာလမှာ အဲဒီလိုမျိုး တရားရုံးကို မလျော် သြဇာ သက်ရောက်စေတဲ့ ဒီအရေးအသားမျိုးတွေဟာ တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေ ၂ နဲ့ ၃ ငြိတယ်။ အဲဒီတော့ ကျွန်တော်က အဓိက က ဒီဆောင်းပါးကြောင့် စွဲတာ။ Messenger နဲ့ ကျွန်တော်တို့ကြားမှာ ဘာမှ မရှိဘူး။
Related Posts Plugin for WordPress, Blogger...

ShareThis