menu

Saturday 14 July 2012

ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည် နေရာ ပဏာမ ရွေးချယ်ပြီးစီး


ပဏာမ ရွေးချယ်ခံရသူများ အနက်မှ ဖြိုးတေဇာလင်း နှင့် ဇာခြည်လင်း
                           ပဏာမ ရွေးချယ်ခံရသူများ အနက်မှ ဖြိုးတေဇာလင်း နှင့် ဇာခြည်လင်း
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းရှိ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးအဖွဲ့ အစည်းအဝေးကို ဇွန် ၆ ရက်က ကျင်းပရာ၌ ဗိုလ်ချုပ် ဇာတ်ဆောင်နေရာ၊ ဒေါ်ခင်ကြည် ဇာတ်ဆောင်နေရာ တို့ကို ဆုံးဖြတ်ရွေးချယ် ကြကြောင်းသိရသည်။ ဗိုလ်ချုပ်ဇာတ်ဆောင် ရွေးချယ်ရာ၌ ပထမလူတွေ့ ရွေးချယ်ထားသူ ၃ ဦးနှင့် ဒုတိယအကြိမ် လူတွေ့ရွေးချယ်သူ ၄ ဦး စုစုပေါင်း ၇ ဦးကို ဗိုလ်ချုပ်အောင်ဆန်း၏ နေရာတွင် သရုပ်ဆောင်နိုင်ရန် ပဏာမရွေးချယ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဇော်သက်ထွေးက ပြောကြားသည်။

" မိုဘိုင်းဖုန်းအချို့ ညခေါ်ဆိုခ လျှော့ဈေးနှင့်မရ "

ညပိုင်းမိုဘိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ လျှော့ချပေးထား သည်ဆိုသော်လည်း မိုဘိုင်းဖုန်း အချို့မှာမူ အပြည့်အဝ ပေးချေ နေ ရကြောင်း ဖုန်းသုံးစွဲသူ အချို့ထံမှ သိရသည်။

အဆိုပါ ဖုန်းအချို့မှာ ဘီလ် စနစ်မှငွေဖြည့်ကတ်စနစ်သို့ ပြောင်း လဲထား သည့် ဖုန်းများဖြစ်ပြီး ကတ်စနစ်တွင် သုံးစွဲခွင့်ပေးထား သည့် စနစ်အတိုင်း သုံးစွဲခွင့်ရသော် လည်း ညပိုင်းခေါ်ဆိုခတွင်မူ အခြား မိုဘိုင်းဖုန်းများကဲ့သို့ သုံးစွဲနိုင်ခြင်း မရှိကြောင်း သိရသည်။''ဘီလ်စနစ်ကနေ ကတ်စနစ် ပြောင်း ပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း ၁၁ နာရီခွဲလောက်ဖုန်းအမြဲ ပြောဖြစ် တယ်။ ဖုန်းပြောပြီးပြီးချင်း ဖုန်းထဲမှာ ငွေဘယ်လောက်ကျန် လဲ ပြန်ကြည့်တော့ အများကြီးမကျန် တော့ဘူး။ ဖုန်းမပြောခင်ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့် ပြီးမှပြောတာပါ။ ညဘက် ၁၁ နာရီ ကျော်ရင် ၂၅ ကျပ်ပဲကျရမှာ အခု တော့ ၅ဝ အပြည့်ဖြတ်ထား တာ တွေ့ရပါတယ်''ဟု ကမာရွတ်မြို့နယ် မှ ဒေါ်လှသန်းက ပြောသည်။

ရှေ့ ကို(ကိုမျိုး(မြန်မာစာ))


  “ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စ
အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း
ခင်ဗျားတို့ သောက်ကျင့်တွေကို ပြင်ဖို့လို့
ကျွန်တော်ပြောခဲ့မယ်”
                    ဦးအောင်ဆန်း

အာဇာနည်နေ့ နားနီးခါမှ ဗိုလ်ချုပ် အောင်ဆန်းကို သတိရနေကြတာဟု ဆိုဆို၊ခါတော်မီဟုပြောပြောနိုင်ငံလွတ်လပ်ရေးအတွက်  အသက်ပေးသွားသူ အာဇာနည်တွေ နှင့်တကွ ဗိုလ်ချုပ်တို့၏ ကျေးဇူးကို ဤအခါသမယမှာကျွန်တော်တို့ စာနယ်ဇင်း သမားတွေ အနေနှင့် အခြားသော မြန်မာပြည်သူ၊ ပြည်သားတွေထက် ပိုမိုကျေးဇူးတင်ထိုက်သည်ကအမှန်။
    ““ဗိုလ်ချုပ်မပြောနှင့် ဗိုလ်ချုပ် သမီးအကြောင်းဗိုလ်ချုပ်သမီး ဓာတ်ပုံ ပါရင်တောင်
ရောင်းမလောက်ဖြစ်နေ တာ စာနယ်ဇင်းသမားတွေညတိုင်း ဗိုလ်ချုပ်ကိုဦးသုံးကြိမ်ချပြီး
အိပ်သင့်တယ်”” ဟူသော စကားမကြာ မကြာကြားရ တတ်ဖူးသည်ကိုး။

ဘ၀ပန်းချီ(သံလွင်ဏီ)




၂၀၀၁ ခုနှစ်
အရပ် လေးမျက်နှာသည် မှုန်တိမှုန်မွှားလေး ဖြစ်သည်။ အနောက်ဘက် ရိုးမ တောင်တန်းကြီးကို အပြာရောင် ရေးရေး ကလေးသာ မြင်ရတော့သည်။
တောင်ထိပ်ဖျားတွင် တစ်စွန်း တစ်စ နစ်မြုပ်နေသော အနီရောင်  ဖျော့ဖျော့ ကလေးသည် နေလုံး ကလေးဖြစ်၏။ သူသည် လှော်တက်ကို ခြေဖြင့် ဂရုစိုက် ထိန်းရင်း မျက်နှာပေါ်သို့ တရစပ် ကျနေသော နှင်းမှုန်များကို လက်ဖမိုးနှင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

အသက်လေး နည်းနည်း ရလာသဖြင့် မျက်စိကလည်း မွဲချင်သည့် အပြင် ၀န်းကျင် တစ်ခုလုံး အုံ့မှိုင်းနေ၍ ကောင်းကောင်း မမြင်ရသည်မို့ လှေကို သတိနှင့် မှန်းဆလှော်ခတ် နေရသည်။ လေအေးတစ် ချက် တိုးဝှေ့လိုက်သည့်အခါ သူ့ကုပ်ကလေး ပုလိုက်ရအောင် ချမ်းစိမ့်သွား၏။ လေကပိုပြင်းလာပြီး မိုးပါ ပါလာတော့သည်။ သူ့တစ်ကိုယ်လုံး ရွှဲရွှဲ နစ်သွားကာ အပေါ်သွား အောက်သွားများ တဆတ်ဆတ် ရိုက်ခတ်လောက်အောင် ချမ်းတုန်နေပါ၏။ ရာသီဥတုကို ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ဆောင်းတွင်းကြီး မိုးရွာခြင်းကို သူ မနှစ်သက်ချေ။

ဆင့်ကဲဖြစ်စဉ်


ဆရာကြီး ဒေါက်တာသော်ကောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

့ တက္ကသိုလ် ပညာရေးစနစ်ကို သိပါရစေခင်ဗျာ။ ဖြေ- ဆရာက ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ စတင်ပညာသင်ကြားခဲ့ပါတယ်။ ဆရာတို့ခေတ်တုန်းက ရိုးရိုး ဘီအေတန်းအတွက် ပညာသင်နှစ် ၄ နှစ်၊ ဂုဏ်ထူးတန်းတက်ရင် ၅ နှစ်ပါ။ ဆရာက အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခဲ့လို့ ၁၉၅၄ ကနေ ၁၉၅၉ ထိ၊ ရန်ကုန်တက္ကသိုလ်မှာ ၅ နှစ် သင်ကြားခဲ့ရပါတယ်။
အခုလက်ရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ပညာရေး အခြေအနေက ဆရာတို့ခေတ်နဲ့ သာမန်နှိုင်းယှဉ်ရင်တောင် တော်တော် ကွာခြားသွားပါပြီ။
ဆရာသင်ယူခဲ့တဲ့၊ သိတဲ့ ပညာရပ် တစ်ခုတည်းကို နမူနာအဖြစ် ပြောပြမယ်။ အင်္ဂလိပ်စာပေ ဆိုပါတော့၊ အဲဒီအချိန်တုန်းက ဗြိတိသျှ ကောင်ဆယ်လ် (BC) က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ကူညီ သင်ကြားပေးဖို့ တစ်နှစ်ကို ၀ါရင့်အင်္ဂလိပ်ဆရာ နှစ်ယောက် ပေးတယ်။ သံရုံးမှာ မဟုတ်ဘဲ သီးသန့် အဆောက်အအုံမှာလည်း ဗြိတိသျှကောင်ဆယ်လ်စာကြည့်တိုက် ပန်းဆိုးတန်းမှာ ရှိတယ်။ ဆရာတို့ အသုံးများခဲ့ပါတယ်။
BC က ပေးတဲ့ ဆရာနှစ်ယောက်က ရန်ကုန်တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာနမှာ တွဲဖက် စာသင်ပေးတယ်။ အဲဒီတုန်းက အင်္ဂလိပ်စာဌာန ပါမောက္ခက ဆရာကြီးဦးမျိုးမင်းပါ (နွယ်စိုး ကလောင်နဲ့ စာရေးတယ်)။ BC က လာတဲ့ ဆရာတွေက ဧည့်ပါမောက္ခတွေအနေနဲ့ သင်ကြားရေးမှာ ထိထိရောက်ရောက် ကူညီသင်ကြားပေးတယ်။ ဒါပေမဲ့ အုပ်ချုပ်မှုအပိုင်းမှာ သူတို့ ဘာမှ ၀င်မစွက်ဘူး။

အားကိုးလောက်တဲ့ အမတ်မင်း


မြန်မာနိုင်ငံမှာ မြုပ်နှံမှုအတွက် အမေရိကန် အမတ်တွေက သတိပေး

အမေရိကန် ပြည်ထောင်စုက ရီပတ်ပလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း (John McCain) နဲ့ တသီးပုဂ္ဂလ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမန်း (Joe Lieberman) တို့က အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် အရေးယူမှုတချို့ လျှော့ပေးတာကို ကြိုဆိုလိုက်ပေမယ့် အစိုးရပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူ လုပ်ငန်းလုပ်မယ့် ကိစ္စဟာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
(Photo: AFP)
အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကနေဒါသံရုံး ဖွင့်မည်

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ထွက်လာဖို့  မြန်မာအစိုးရကို တိုက်တွန်းနေဆဲမှာပဲ မြန်မာနိုင်ငံမှာ ကနေဒါသံရုံး ဖွင့်လှစ်တော့မယ်လို့  ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ထုတ်ဖော်ပြောပါတယ်။
Photo courtesy of John Baird Website
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ကုလသမဂ္ဂ၌ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird မိန့်ခွန်း ပြောကြားနေစဉ်။
အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ ညီလာခံအပြီးမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က - အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောရာမှာ Mr.John Baird က- မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ နှစ်အတွင်း လူ့ အခွင့်အရေးနဲ့ ဒီမိုကရေစီကျင့်သုံးမှု ခြေလှမ်းသစ်တွေ စတင် လာတာကို တွေ့ မြင်ခဲ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ ဒီထက် ပိုမိုတိုးတက် ဖော်ဆောင်ဖို့ မိမိတို့  အနေနဲ့ ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ပင်လယ်ထဲမှာ ရေရှိတယ်”(စိုးမင်း)

          အင်မတန်ချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ ၀ိသာခါတို့၊ အနာတပိဏ်တို့၊ ဇောတိကတို့၊ ဇဋိလတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ သည်ကနေ့ခေတ် အချိန်အခါအထိ အံ့ချီးမကုန်၊ မယုံချင်စဖွယ် ဖြစ်နေဆဲပါပဲ။ ဒါပေမယ့်လည်း သူတို့အမွေကို ဆက်ခံလို့ ကြွယ်ပိုးကြွယ်ဝ နေနိုင်သုံးနိုင်တဲ့ သားမြေးများရယ်လို့တော့ သိပ် မကြားမိခဲ့ပါဘူး။ အလွန်ဆုံးခံလှ မျိုးဆက် နှစ်ဆက် သုံးဆက်လောက်အတွင်းမှာ သူတို့ရဲ့ ဥစ္စာဓနတွေဟာ ပုံပြင်ကလေးတွေ ဖြစ်သွားပါလေရော။ ဒါကြောင့်လည်း ဥစ္စာဟူသည် မျက်လှည့်မျိုး လို့ ဆိုကြတာနေပါလိမ့်မယ်။ ဗုဒ္ဒဘာသာအယူအရတော့ သားသမီး မြေးမြစ်များမှာလည်းပဲ သူတို့နည်းတူ လှူတန်းဆုပန်ထားတဲ့ အထုံရေစက်ပါလေမှ မွေခံထိုက်စေဖြစ်ရတာကိုး။

စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကိုယ်စားလှယ်များလျာထား

စီးပွားရေးအရေးယူပိတ်ဆို့မှု များ အပြီးတိုင် ရုပ်သိမ်းရေးအတွက် ဦးဆောင်ဦးရွက်ပြုရန် ဒေါ်အောင် ဆန်းစုကြည်အား လွှတ်တော်ကိုယ် စားလှယ်များ တိုက်တွန်းထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျာ
း ၏ ပြောကြားချက်အရ သိရသည်။
''တိုက်ရိုက်ကြီး ဒေါ်အောင် ဆန်းစုကြည်ကို ဦးဆောင်ဦးရွက်ပြု ဖို့ ပြောတာမျိုးမဟုတ်ပေမယ့် အဓိပ္ပာယ်ကတော့ ဒီသဘောပါပဲ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦသူရရွှေမန်းလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး စကားပြောပါတယ်၊ မြန်မာ နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ် တယ်လို့ ယူဆရင် ပူးပေါင်းလုပ် ဆောင်မှာပါ၊ အန်တီကတော့ မူအားဖြင့် သဘောတူထားပါတယ်'' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

သူရဦးရွှေမန်း၏ သမီးအဖြစ် ဟန်ဆောင်သူ အမျိုးသမီးငယ် တစ်ဦးအားဖမ်းဆီးစစ်ဆေးနေ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ သမီးဖြစ်သူ ဒေါက်တာရွှေမန်းကိုကိုအဖြစ် ဟန် ဆောင်ထားသူ အမျိုးသမီးငယ်တစ် ဦးအား ကမာရွတ်ရဲစခန်းက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့ က သက်ဆိုင်ရာမှ ပူးပေါင်းရဲတပ်ဖွဲ့ ဝင်များနှင့် သက်သေများသည် ကမာရွတ်ရဲစခန်း(ပ)၂၆၁၊/၁၂၊ပုဒ်မ ၄၂ဝ/၁၁၄ ဖြင့် ဖွင့်လှစ်ထားသော အမှုနှင့်ပတ်သက်၍ မမြင့်သူဇာခိုင် (ခ) အငယ်လေး (ခ)ရွှေမန်းကိုကို (၂၄)နှစ်၊ တိုက်(ဂျီ) ၊အခန်း(၂)၊ ရွှေပုန်းညှက်ရိပ်မွန်အိမ်ရာ၊ (၄) ရပ်ကွက် ၊ ကမာရွတ်မြို့နယ်နေသူ၏ နေအိမ်အား ဝင်ရောက်ဖမ်းဆီးခဲ့ သည်။
Related Posts Plugin for WordPress, Blogger...

ShareThis