menu

Tuesday 20 March 2012

ဦးသန့်သမီး ရွှေတိဂုံမှာ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုး

ရန်ကုန် (မဇ္ဈိမ) ။         ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သမီးက ဦးဆောင်၍ ငြိမ်းချမ်းရေး
ခေါင်းလောင်းထိုးပွဲကို အင်္ဂါနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် တနင်္ဂနွေထောင့်ရှိ သာယာဝတီ ခေါင်းလောင်းကြီးတွင် ပြုလုပ်ခဲ့သည်။

ထိုနေ့ထိုအချိန်မှာ အီကွေတာပေါ်တည့်တည့်သို့ နေလုံးကြီး တည့်မတ်မျှတစွာ ကျရောက်၍ ကမ္ဘာနှစ်ခြမ်း အလင်းနှင့်အမှောင် မျှတစွာ ကျရောက်သည့် Equinox နေ့ဖြစ်သဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းရန် ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးခြင်းဖြစ်ကြောင်း ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် က မဇ္ဈိမကို ပြောသည်။

“ဒီကနေ့ဟာ Equinox ဖြစ်ပါတယ်။ နေ့နဲ့ညဟာ ကမ္ဘာကြီးတခုလုံးမှာ အတူတူပဲ ဖြစ်တယ်။ Equinox ဖြစ်တဲ့အချိန် တနှစ်မှာ နှစ်ခါဖြစ်တယ်။ ထူးခြားတဲ့အချိန် ဖြစ်တယ်။ ဒီနေ့ဒီအချိန်ဟာ ကမ္ဘာတဝှန်းမှာ တပြိုင်နက်ဖြစ်တဲ့ အကြောင်းကြောင့် သဘာဝရဲ့ ထူးခြားတဲ့ အချိန်ရယ်လို့ ပြောချင်ပါတယ်။ ကျမရဲ့ဖခင် ဦးသန့်က ၁၉၇၁ ခုနှစ်မှာ ကုလသမဂ္ဂမှာရှိတဲ့ ငြိမ်းချမ်းရေး ခေါင်းလောင်းကြီးကို ပထမဆုံးအကြိမ် ထိုးခဲ့ပြီးတော့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုမွန်တောင်းခဲ့ပါတယ်” ဟု ပြောသည်။
ayeayethant
ကမ္ဘာကြီး ငြိမ်းချမ်းရန်ရည်ရွယ်ကာ ငြိမ်းချမ်းရေးခေါင်းလောင်း ထိုးနေသည့် ဦးသန့်၏ သမီး ဒေါ်အေးအေးသန့် ကိုတွေ့မြင်ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ချီဖွေသို့ ခရီးတစ်ခေါက်(သို့မဟုတ်) မေခကမ်းပေါ်မှ လျှပ်တစ်ပြက် ပုံရိပ်များ(ထွန်းလင်းအောင်)


ရွှေတူးတဲ့ ကမ်းပါးကြီးတွေက စာသင်ကျောင်းဘေး၊ ဘုရားကျောင်းဘေး၊ ရွာခြံစည်းရိုးဘေး ရောက်နေသည်။ ကားလမ်းက မြစ်ဘေးပတ်ပြီး ဖောက်ထားတော့ မြစ်ရေပြင်ကို အပေါ်စီးကမြင်နေရသည်။ ရွှေကျင်လို့ ထွက်လာတဲ့ ကျောက်ပုံကြီးတွေ၊ မုန်ကျင်းတွေ၊ မြစ်ထဲက ရွှေဖောင်တွေ၊ မြစ်ကမ်းကို ထိုးထွက်နေတဲ့ ဆီလှောင်ကန်တွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီးတွေ၊ လက်လုပ်လက်စား၊ တဲတန်းတွေ ...  



နန်းဦးရွာရှိ တရုတ်လျှပ်စစ်ဓာတ်အားပေးရုံးကို မေခမြစ်ကမ်းဘေးတွင် တွေ့ရစဉ်။
၂၀၁၂ ခုနှစ် မတ်လ ၆ ရက် မြစ်ကြီးနားကထွက်တော့ မွန်းလွဲ ၁ နာရီ။ ဗလမင်းထင် တံတားပေါ်က နေကြည့်တော့ ပတ်ဝန်းကျင်က ကြည်ကြည်လင်လင်။ မကြည်လင်တာက ဧရာဝတီမြစ်ရေ။ လက်ဖက်ရည်ရောင် ပေါက်နေသည်။
မြစ်ကြီးနား ကန်ပိုက်တီ(လီဒိုလမ်း)က ကောင်း လှသည်။ ၂၁ မိုင်ဝေးတဲ့ ၀ါရှောင်ဆည်ကို ခဏနှင့် ကျော်လာခဲ့သည်။ မြင်ကွင်းတွေက ကွန်ပျူတာနှင့်ပြောင်းလိုက်သလို ကျွန်တော်ဝါရှောင်မှာ စာသင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က မျစ်ချိုး၊ ဖက်ခူးခဲ့တဲ့နေရာတွေမှာ ရော်ဘာခြံတွေ၊ သစ်မွှေးတွေ၊ ရေမနေတွေ၊ ကျွန်းတွေ၊ တရုတ်ဂူတွေ၊ ငါးကန် တွေ။ မြင်ကွင်းတစ်ဆုံး တောင်ကတုံး။ သဘာဝတောတောင်တွေ ပကတိ မရှိကြတော့ပြီ။ လီဒိုလမ်း ဖောက်စဉ်က အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး၏ မှတ်တမ်းကို ယနေ့လူငယ်တွေ ဖတ်မိပါက ကြောက်ရမည့်အစား ရယ်ကြမည်လားမသိ။
မန်ဝိန်း လမ်းခွဲရောက်တော့ ချန်ယင်ကိုး ကုမ္ပဏီစိုက်ပျိုးရေးကွင်းသို့ ဟု မြန်မာလို၊ တရုတ်လို ရေးထားသည်။ နယ်မော်ယန်ရွာမှာ ညအိပ်လိုက်သည်။ မီးမရှိ။ ဘုရားကျောင်းကလွဲရင် သွပ်မိုးအိမ် မရှိသလောက်။ ရုံးမိုး အိမ်တွေ၊ တည်းခိုတဲ့ အိမ်ပေါ်မှာတော့ မီးဖိုနှင့် အိမ်နောက်မှာ ၀က်ခြံနှင့် အဖီက လှေကားလုံအောင် ဆောက်ထားသည်။

Discovery of the Worlds Mysteries ဇာတ်လမ်းတွဲ ဂျပန်ရုပ်သံအဖွဲ့ လာရောက် ရိုက်ကူး





e7251 ဂျပန်နိုင်ငံမှ ရုပ်သံရိုက်ကူးရေး အဖွဲ့ Tokyo Broadcasting System Inc. မှ ထုတ်လွှင့်ပြသမည့် Discovery of the Worlds Mysteries ဇာတ်လမ်းတွဲတွင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ရိုက်ကူးရန်အတွက် ဂျပန်ရုပ်သံ ရိုက်ကူးရေးအဖွဲ့သည် မတ်လ ၁၃ ရက် နေ့က ပုဂံမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။
အဆိုပါအဖွဲ့သည် ပုဂံသို့ မတ် လ ၁၃ ရက်နေ့တွင် ရန်ကုန်မှ လေကြောင်းဖြင့် ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရိုက်ကူးရေးကာလ  ၁၀ ရက်ကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အကြောင်း ရုပ်သံရိုက်ကူးခြင်းအား ဂျပန်နိုင်ငံ TV Man Union Inc. နှင့် Asia Production Services CO.Ltd.(APS) တို့ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပြီး ရိုက်ကူးရေးခရီးစဉ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး လိုက်ပါကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားတွင် လျှပ်စစ်ဓာတ်အားခ တိုးမည့်အစီအစဉ် ကန့်ကွက်မှုများကြောင့် ရွှေ့ဆိုင်းဖွယ်ရှိ




မတ်လ ၁၆ ရက်နေ့က ဂျကာတာတွင် အစိုးရ၏ လောင်စာနှင့် လျှပ်စစ်ဓာတ်အားခ ဈေးတိုးမြှင့်သည့် အစီအစဉ်များကို ကန့်ကွက်နေကြစဉ်
အင်ဒိုနီးရှား အစိုးရအဖွဲ့၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်ကို ကန့်ကွက်မှု ကြီးထွားလာသောကြောင့်  အဆိုပါ အစီအစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီး Jero Wacik က ပြောကြားခဲ့သည်။
''အစိုးရ ထောက်ပံ့ပေးထားတဲ့ လောင်စာဈေးနှုန်းနဲ့ ဓာတ်အားဈေး နှုန်းနှစ်ခုလုံးကို တိုးမြှင့်ဖို့ စီစဉ်ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဖိစီးမှု အများကြီး ဖြစ်လာလိမ့်မယ်။ လွှတ်တော် ကော်မရှင်ရဲ့ အဖွဲ့ဝင် အများစုကလည်း လျှပ်စစ်ဓာတ် အားခ တိုးမြှင့်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းဖို့ သဘောတူမယ့်ပုံ ပေါ်တယ်'' ဟု ဂျာကာတာတွင် ကော်မရှင် အစည်းအဝေးတစ်ခု ပြုလုပ်ပြီးနောက် ၎င်းက ပြောကြားခဲ့သည်။
ဓာတ်အားခ တိုးမြှင့်အစီအစဉ်ကို ဆန့်ကျင်ရန် ကြိုးပမ်းမှုတွင် စီးပွားရေး လုပ်ငန်းရှင်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား





aungthaung
တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။ တစ်အိမ်ဆင်း တစ်အိမ်တက် ကိစ္စတွေ၊ ထိထိမိမိ စည်းရုံးနိုင်တဲ့ ကိစ္စတွေအားလုံးက ဆောင်ရွက်ပြီးသားပါ။ ဆောင်ရွက်နေတယ်၊ ဆောင်ရွက်နေဆဲပါ'' စသည်ဖြင့် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြန်လည်ဖြေကြားထားသည်ကို ဖော်ပြချက်အရ သိရသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်မှု နှင့်ပတ်သက်၍လည်း ''မငြိမ်ပါဘူး။ သူ့လို အုန်းအုန်းကျွတ်ကျွတ် ဆိုတာကတော့ အရှေ့အလယ်ပိုင်း ပုံသဏ္ဍာန်တွေ ဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သူကပြနေတာ။ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါကလူထုတွေ တအားထောက်ခံတယ်၊ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါကလုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင် ရပါတယ်။ မြို့ခံတွေ ဘယ်လောက်ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့'' စသည် ဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။

မြန်မာသင်္ဘောသား ၁၀ ဦးပါဝင်သော ‘Kenos Athena’ သင်္ဘော တောင်တရုတ် ပင်လယ်ပြင်တွင် နစ်မြုပ်




7258
ပင်လယ်ထဲသို့ နစ်မြုပ်ခဲ့သည့် ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ အားတွေ့ရစဉ်
၂၀၁၂ခုနှစ်၊ မတ်လ၁၃ရက်နေ့က မြန်မာသင်္ဘောသား၁၀ဦးပါ ၀င်သော ‘Kenos Athena’ သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင် တွင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဆာလဖျူရစ်အက်ဆစ်များ တင်ဆောင်လာသော ဓာတုဗေဒ ကုန်တင်သင်္ဘော ‘Kenos Athena’ သည် တောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံ ဂွမ်ဒေါင်ပြည်နယ်၊ ဇူဟိုင်းမြို့သို့ မောင်းနှင်လာစဉ် ယင်းသို့နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းသင်္ဘောတွင် မြန်မာ ၁၀ဦး၊ အင်ဒိုနီးရှား ၄ ဦးနှင့် တောင်ကိုရီးယား ၄ဦးတို့ ပါဝင်ကြောင်း သိရသည်။ သင်္ဘောတွင် ပါဝင်သော မြန်မာသင်္ဘောသားများ အပါအ၀င် သင်္ဘောသား၁၈ဦးစလုံးအား တရုတ် ငါးဖမ်းသင်္ဘောတစ်စီးမှ ကယ်တင်ခဲ့ကာ တာဝန်ရှိသူများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဘောသားများပြောကြားချက်အရ သိရပါသည်။

ရှမ်းပြည်တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည်တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။
ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)
ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တာပါ။

ရွှေလှံဗိုလ်ကောလင်းမြို့စား ရွှေမြို့တော်ဝန် မင်းကြီးမဟာ မင်းခေါင်နော်ရထာ ဦးချက် ၏ ဂူပြဿဒ်အား ရှာဖွေတွေ့ရှိ

မင်းတုန်းမင်း  တရားကြီးလက်ထက် ကရှိခဲ့သည့်  မြို့တော်ဝန်လေးဦးအနက်မှ   ရွှေလှံဗိုလ်  ကောလင်းမြို့စားရွှေမြို့တော်ဝန်   မင်းကြီး မဟာမင်းခေါင်နော်ရထာ  ဦးချက်  ၏ဂူပြဿဒ်အား  ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူပြဿဒ် သည်  မင်းတုန်းမင်း တရားကြီး  လက်ထက်က  ရှိခဲ့ပြီးတိမ်မြှပ်ပျောက် ကွယ်နေရာမှမန္တလေးမြို့ခံပြည်သူများက  ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေလှံဗိုလ်ကောလင်းမြို့စားရွှေမြို့တော်ဝန် မင်းကြီး မဟာမင်းခေါင်နော်ရထာ ဦးချက်၏ဂူပြဿဒ်အား စတင်တွေ့ရှိပုံ''

အဲဒီဂူပြဿဒ်ရဲ့  ဘေးပတ်လည်မှာ      ဆွေတော်မျိုးတော်တွေ  ရဲ့ဂူလေးလုံးရှိခဲ့တယ် ။  အခုတွေ့တာကတော့  နောက်ဆုံး ဂူတစ်လုံးပါပဲ။ တော်တော်လေးလည်း  ယိုယွင်းနေတာ   တွေ့ရတယ်။   လွန်ခဲ့တဲ့ နှစ်၂၀  ကျော်လောက်က မြို့တော်ဝန်ရဲ့  ဆွေတော်  မျိုးတော်တွေ  နောက်ဆုံး လာရောက်ပြုပြင်    သွားခဲ့ကြတယ်လို့ အိမ်နီးနားချင်းတစ်ဦး   ကပြောတယ်။  ကျွန်တော်တို့သွားကြည့်တဲ့  နေ့က ရှေးဟောင်း သုတေသနဌာန ကလည်း  လာကြည့်သွားတယ် လို့ပြောတယ်။ အခု  လောလော ဆယ်တော့  ရပ်ကွက်ကပဲစုပြီး   အဲဒီနေရာတဝိုက်ကို   ခြံခတ်ထား တယ် ''ဟု  မန္တလေး  ဒေသခံတစ်ဦး  ဖြစ်သူ ကိုသူရိန် က  ပြောသည်။

ပုသိမ်သူ ရှပ်ပြေးရေယာဉ် နစ်မြုပ်


ဧရာဝတီတိုင်း ဒေသကြီး၏ မြို့တော် ပုသိမ်မြို့မှ ငပုတောမြို့သို့ ပြေးဆွဲနေသော ပုသိမ်သူ (၁၁) ရှပ်ပြေးရေယာဉ်သည် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ငပုတောမြို့နယ် တစ်ဖက်ကမ်း ကံဆိပ်ကျေးရွာအနီး၌ နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ခံများနှင့် ငပုတောမြို့ခံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။

အဆိုပါ ပုသိမ်သူ ရေယာဉ်မှာ ပုသိမ်မှ သရက်တောကျေးရွာသို့ အသွား ငပုတော တစ်ဖက်ကမ်း ကံဆိပ်ကျေးရွာတွင် ကမ်းကပ်ရန် လှည့်ရာမှ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ငပုတောမြို့နယ် ဆေးရုံသို့ ဆက်သွယ် မေးမြန်းချက်များအရ ရောက်ရှိလာသည့် လူလေးဦးတွင် တစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း၊ သဘောင်္ပေါ်တွင် ခရီးသည်နှင့် ကုန်စည် အပြည့်ပါဝင် လာကြောင်း ကနဦးသတင်း ရရှိထားသည်။
The Voice Weekly (facebook)

စစ်ကျန်ဗုံးဟောင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေ


မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ သခင်ဖိုးလကြီးလမ်းနှင့် ယောမင်းကြီး လမ်းထောင့် စက်မှုဇုန် (၁) (ဇ) ရပ်ကွက်အတွင်းရှိ နိုင်စိုးပိုင် သံရည်ကျိုစက်ရုံတွင် ယနေ့နံနက် ၁၁ နာရီခန့်က ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားကာ လူသုံးဦး သေဆုံးခဲ့ကြောင်း ပြည်ကြီးတံခွန် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ သံရည်ကျိုလုပ်ငန်း ရပ်နားထားစဉ် ယနေ့နံနက် ၁၁ နာရီခန့်တွင် သံရည်ကျိုရန် အတွက် စစ်ကျန် ဗုံးသီးဟောင်းများထဲမှ တစ်လုံးကို ထုရိုက်ကြရာမှ ဗုံးကွဲမှု ဖြစ်ပွားခဲ့ရာ စက်ရုံလုပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အစီရင်ခံစာအရ သိရသည်။

အခင်းဖြစ်နေရာတွင် အမြောက် ကျည်ဆန်ဟောင်း ၈ ခု တွေ့ရှိရပြီး အဆိုပါ ၈ ခုတွင် ယမ်းပါသည့် ကျည်ဆန်ဟောင်း ၂ ခုနှင့် ယမ်းမပါ (၆) ခု ဖြစ်သည်။ ၎င်းအပြင် ဒလက်မပါသည့် စစ်ကျန် ဗုံးသီးဟောင်း ၁၀ လုံး၊ ဒလက်ပါ ဗုံးသီးဟောင်း ၇ လုံး တွေ့ရှိရကြောင်း အစီရင်ခံစာများအရ သိရသည်။ ၎င်းအပြင် သံရည်ကျိုရာတွင် အသုံးပြုသည့် သံထည်ဟောင်း ပစ္စည်းများ ထည့်ထားသော ပီနံအိတ် ၁၀ အိတ် အတွင်းမှ စစ်လေယာဉ်ပေါ်မှ ပစ်ချနိုင်သည့် ဗုံးသီးဟောင်း ထိပ်ဖူး ၁ ခုကိုလည်း တွေ့ရှိရသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖဒိုမန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ လွတ်မြောက်

ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ဟာ ဒီနေ့ (မတ်လ ၁၉ ရက်) မနက် ၇ နာရီ မိနစ် ၅၀ မှာ အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။
RFA
KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦး ဖြစ်တဲ့ (အငြိမ်းစား)ဒုတိယဗိုလ်မှူးကြီး ဦးချစ်ကိုကိုက ဖဒိုမန်းငြိမ်းမောင်ကို အထူးဧည့်သည်တော်တစ်ဦးလို ကနေ့မနက်မှာ လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

ခမာနီ ထောင်မှူး သူ့ခေါင်းဆောင်တွေကို ဆန့်ကျင်ထွက်ဆို


ဓာတ်ပုံ AP Photo/Extraordinary Chambers in the Courts of Cambodia, Nhet Sok Heng
ဒွိုက် (Duch) ဟုခေါ်သော ခမာနီ ထောင်မှူးဟောင်းအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပေးထားသော တရားရုံးတွင် တွေ့ရပုံ။
ကမ္ဘောဒီးယားနိုင်ငံမှာ (၁၉၇၀) ပြည့်နှောင်းပိုင်း နှစ်တွေတုန်းက ကြီးစိုးခဲ့တဲ့ ခမာနီ လက်ထက်မှာ နာမည်ဆိုး နဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်ရဲ့ အကြီးအကဲက သူ့ရဲ ခေါင်းဆောင်ဟောင်း သုံးဦး အပေါ် ဆန့်ကျင်ပြီး တရားခွင်မှာ သက်သေအဖြစ် ထွက်ဆိုသွားပါတယ်။

ဒွိုက်(Duch) လို့ လူသိများတဲ့ ခမာနီ ထောင်မှူး (Kaing Guek Eav) မြို့တော် ဖနွမ်းပင် က တရားခွင်မှာ တနင်္လာနေ့ က အစစ်ခံခဲ့တာပါ။ စစ်ဆေးမေးမြန်းမှုတွေ၊ ညှင်းပမ်း နှိပ်စက်မှုတွေ နဲ့ သတ်ဖြတ်မှုတွေ ကျူးလွန် ခဲ့ရာ (M-13) လို့ အများခေါ် ကြတဲ့ အကျဉ်းထောင် ရဲ့ အကြီးအကဲအဖြစ် စိတ်မပါပဲ တာဝန် ယူခဲ့ ရတာလို့ တရားခွင် မှာ အစစ်ခံရာမှာ သူက ထွက်ဆို သွားပါတယ်။ ဒီလိုပဲ လျှပ်စစ်ဓာတ် နဲ့ တို့တာ၊ ရေနှစ် တာ၊ အသက်ရှု ကျပ်အောင် လုပ်တာ စတဲ့ နည်းတွေနဲ့ စစ်ဆေး မေးမြန်းဖို့ အတွက်လည်း သူ့ရဲ့ အထက်အရာရှိ တယောက်ကပဲ ညွှန်ကြားခဲ့တာလို့ ပြောခဲ့တာပါ။

ရွေးကောက်ပွဲလေ့လာဖို့ အာဆီယံကို မြန်မာဖိတ်ခေါ်


မကြာခင် ကျင်းပတော့မယ့် ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို  မြန်မာအစိုးရ တရားဝင် ဖိတ်ခေါ်လိုက်ပါပြီ။ အခုလို အာဆီယံအသင်း ရွေးကောက်ပွဲကို လာရောက်လေ့လာမယ်ဆိုတဲ့ အခြေအနေကို တိုးတက်မှုတရပ်အနေနဲ့ မြန်မာ့ အရေး လေ့လာသူတွေကတော့ ရှုမြင်ပါတယ်။ ဒါပေမယ့် အာဆီယံက အစပြုပြီး အခြား နိုင်ငံတကာနဲ့ ပြည်တွင်း လေ့လာရေးအဖွဲ့တွေကို ခွင့်ပြုဖို့ကိုလည်း တဘက်က မျှော်လင့်နေကြ ပါတယ်။ ကိုသားညွန့်ဦးက မေးမြန်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှ ဖျော်ဖြေရေးကုမ္ပဏီနှင့် Forever Group တို့ ပူးပေါင်း၍ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးရန် စီစဉ်




ထိုင်းနိုင်ငံရှိ BEC Tero Entertainment နှင့် Forever Group တို့ပူးပေါင်း၍ အပိုင်းသုံး ဆယ်ခန့်ရှိ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးရန် စီစဉ်လျက်ရှိပြီး သင်္ကြန်ကာလအပြီးတွင် စတင်ရိုက်ကူးရန် စီစဉ်ထားပြီး ဇာတ်လမ်းတွဲ၌ ပါဝင်မည့် သရုပ်ဆောင်များကို ဇာတ်ကောင်စရိုက်နှင့် လိုက်ဖက်သူများ အား ရွေးချယ်ခေါ်ယူသွားမည်ဟု သိရှိရသည်။
“ရုပ်သံဇာတ်လမ်းတွဲ ဆိုတာက မြန်မာပရိသတ်တွေ ကြားထဲမှာ လက်ခံပြီးသား အနုပညာတစ်ခုပါ။ လက်ခံကြတယ်ဆိုတဲ့ ပုံစံကို ပြန်ကြည့်မယ်ဆိုလည်း မြန်မာတွေရဲ့ယဉ်ကျေးမှုမှာ ရှိပြီးသား ချစ်ခြင်းမေတ္တာ ကို ပုံဖော်တဲ့အနုပညာကို လက်ခံကြတာ။ မြန်မာရုပ်သံဇာတ်လမ်းတွဲ အနေနဲ့ ကြိုးစားရမယ့်အပိုင်း သတိထားရမယ့် အပိုင်းဆိုရင် ဇာတ်လမ်း ရဲ့အပိုင်းတွေကို tempo မြင့်အောင် ဖြတ်တတ်ဖို့ပါပဲ။ နောက်ထပ် ကြိုးစားရမယ့်အပိုင်းကတော့ နည်းပညာပိုင်း၊ စက်မှုပိုင်းတွေမှာ ပြင်ဆင်ဖို့ပါပဲ။ ဒါကြောင့် အခုထိုင်းကုမ္ပဏီ နဲ့ ပူးပေါင်း ရိုက်ကူးခွင့်ရတဲ့အခါ သူတို့ဆီက နည်းပညာပိုင်း အကူအညီတွေရမယ်။ ကျွန်တော်တို့ဘက် ကတော့ အနုပညာပိုင်းကို ဦးစားပေး လုပ်ရမှာပါ”ဟု အဆိုပါ ရုပ်သံဇာတ်လမ်း တွဲတွင် ပါဝင်ရိုက် ကူးမည့် ဒါရိုက်တာမောင်သီက ရှင်းပြခဲ့သည်။

သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတို့အား တရားစွဲဆို




သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်မှ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်နှင့် သတင်းရေးသား သူတို့အား တရားစွဲဆိုထားကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုပြုလုပ်ကာ ဒဂုံမြို့နယ်တရားရုံး တွင် ဦးတိုက် လျှောက်ထားခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
တရးစွဲဆို ခံရသူများမှာThe Voice ဂျာနယ်၏ အယ်ဒီတာချုပ် ဦး ကျော်မင်းဆွေ၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တစ်ဦးတို့ဖြစ်ပြီး ဦးတိုက်လျှောက်လွှာ မိတ္တူဖြင့် ၎င်းတို့ထံသို့ သမ္မာန်စာ ပေးပို့လာခြင်း ဖြစ်ကြောင်း သိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံးသတင်း အနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis