menu

Sunday 11 March 2012

iPad 2 ထက်သုံးဆပိုမြန်ပြီး HD တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက် ထုတ်ဖော်ပြသ




အက်ပဲလ်ကုမ္ပဏီသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာသော သင်ပုန်းကွန်ပျူတာ iPad တတိယမျိုးဆက်ကို မတ်လ ၇ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
iPad 2 ထက်သုံးဆပိုမြန်ပြီး ဈေးကွက်တွင်းရှိ High Definition တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက်ကို အက်ပဲလ်စီအီးအို တင်ကွတ်ခ်က မိတ်ဆက်ပြသခဲ့သည်။
မထွက်ရှိမီက ခန့်မှန်းထားသည့် အမည်ဖြစ်သော iPad 3 နှင့် iPad HD ဆိုသော အမည်များကို သုံးစွဲခေါ်ဝေါ်သွားခဲ့ခြင်းမရှိဘဲ  iPad အသစ်ဟုသာ သုံးနှုန်းသွားခဲ့သည်။ iPad အသစ်တွင် ကင်မရာကိုလည်း အဆင့်မြှင့် ထားခဲ့ပြီး ၅ မီ ဂါပစ်ဇယ်လ်အထိ ရှိလာခဲ့သည်။ ဆက်သွယ်မှု ကွန်ရက်ပိုင်းဆိုင်ရာ အဆင့်မြှင့်သည့်အနေဖြင့် 4G ကွန်ရက်စနစ်သုံးနိုင်သော ဗားရှင်းကိုပါ ထုတ်လုပ်ခဲ့သည်။ WiFi သီးသန့်ဗားရှင်းမှာ ယခင် iPad များ ဈေးနှုန်းအတိုင်း သိုမှီးနိုင်မှု ၁၆ ဂီဂါဘိုက်ရှိသည့် အမျိုးအစားကို အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာဖြင့် စရောင်းမည်ဖြစ်ပြီး ၃၂ ဂီဂါ ဘိုက်၊ ၆၄ ဂီဂါဘိုက်များမှာ ဒေါ်လာတစ်ရာစီ ဈေးပိုကြီးသွားမည်ဖြစ်သည်။ 4G စနစ်ပါ အမျိုးအစားများမှာမူ ၆၂၉ ဒေါ်လာ က စမည် ဖြစ်သည်။

ပြိုင်ပွဲ(မောင်တင်ဦး(မြောင်းမြ))


မတရားမှုကို ဘယ်သူကမှ မကြိုက်ပါဘူး။ ဒါကြောင့် အများထုအတွက် တရားမှုတွေ ထွန်းကားပါစေ။ မှန်ကန်မျှတတဲ့ အဆုံးအဖြတ်အောက်မှာ ပြိုင်ပွဲကို အောင်မြင်စွာ အဆုံးသတ်ကြပါစို့ ...




ဘ၀ပြိုင်ပွဲ

လူ့ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုပါ။ လူတစ်ဦးချင်းစီဟာ ပြိုင်ပွဲတစ်ခုစီမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ ပါ ချင်သည်ဖြစ်စေ၊ မပါ ချင်သည်ဖြစ်စေ ပါဝင်နေကြရတာပါ။ ပါဝင်မှန်းမသိ ပါဝင်နေရတဲ့ ပြိုင်ပွဲတွေကလည်း မနည်းမနောပါ။

ပြိုင်ပွဲဆိုတာ အခမ်းအနားတစ်ခုအနေနဲ့ သီးသီးသန့်သန့် ကျင်းပမှ ပြိုင်ပွဲမဟုတ်ပါဘူး။

ငါးရောင်းတဲ့ မပြား မနက် စောစောထ ဈေးကိုစောနိုင်သမျှ စောစောရောက်ဖို့ ကြိုးစားရပါတယ်။ ဒါတောင် သူ့ထက် ၀ီရိယကောင်းတဲ့ ငါးသည်တွေ ငါးဒိုင်မှာ ရောက်နေကြပြီ။ သူနောက်ကျ ကျသလောက် ငါးကောင်းကောင်းရရေးမှာ ရှုံးသွားတာပေါ့။သည်အတွေ့အကြုံက နောက် တစ်ကြိမ်သည် ထက်စောလာရေးအတွက် တွန်းအားပေးလိုက်တာပါပဲ။

Angry Bird Space ဂိမ်းသစ်ကို နိုင်ငံတကာ အာကာသစခန်းမှတစ်ဆင့် ကြော်ငြာ





နာမည်ကျော် Angry Bird ဂိမ်းများအနက် စတုတ္ထမြောက်ဖြစ်လာမည့် Angry Bird Space ဂိမ်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ အာကာသ စခန်းရှိနာဆာမှ အာကာသယာဉ်မှူးတစ်ဦးက ကြော်ငြာပေးခဲ့ကြောင်း သိရသည်။
ဖင်လန်နိုင်ငံမှာ Rovio ကုမ္ပဏီသည် ဂိမ်းအသစ် မိတ်ဆက်မှုကို ထူးခြားစေရန်အတွက် အမေရိကန် အာကာသအေဂျင်စီ(နာဆာ)နှင့် ပူးပေါင်းကာ နိုင်ငံတကာအာကာသစခန်းတွင် သရုပ်ပြမှုဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ယင်းဂိမ်းကို မတ်လ ၂၂ ရက်နေ့တွင် ရောင်းချမည်ဖြစ်ပြီး iOS သုံး iPod,iPad နှင့် iPhone များ၊ ဆမ်ဆောင်း၏ Android စနစ်သုံးဖုန်းနှင့် သင်ပုန်းကွန်ပျူတာများ၊ Mac နှင့် PC များတွင် ကစားနိုင်မည်ဖြစ်သည်။

ဂျပန်ကုန်ပစ္စည်းပြပွဲ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပ



7245 ရန်ကုန်မြို့ ကမ်းနားလမ်း ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် Japan Festival 2012 ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဂျပန်ထုတ်ကုန် ပစ္စည်းများကို မိတ်ဆက်ပြသရောင်းချသော Japan Festival 2012 ကို ရန်ကုန်မြို့ရှိ ကမ်းနားလမ်းဟိုတယ် တွင် မတ်လ ၉ ရက်နေ့မှ ၁၁ ရက် နေ့အထိ ပြုလုပ် ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၄၅ ခု ကဆိုင်ခန်းပေါင်း ၄၉ ခုဖွင့်လှစ်ကာ ဂျပန်ထုတ်ကုန်များကို မိတ်ဆက်ပြသ ရောင်းချခဲ့သည်။
“မြန်မာနိုင်ငံမှာ လာရောက်ပြသတဲ့ ထိုင်းကုန်စည်ပြပွဲ၊ တရုတ် ကုန်စည်ပြပွဲတွေနဲ့ ကွာတာကတော့ ဒီမှာပြသတဲ့ ကုန်ပစ္စည်းတွေက ဂျပန်ထုတ်ကုန်တွေ ဖြစ်တဲ့အတွက် အရည်အသွေးပိုင်း ကတော့ ပြောစရာမလို အောင် မြန်မာနိုင်ငံမှာ နာမည်ရပြီးသားပါ။ ဒါပေမယ့်လို့ ဈေးနှုန်းကတော့ ထိုင်းတို့၊ တရုတ်တို့ထက်များ နေသေးတာ ဖြစ်တဲ့အတွက် လူအများကြီး မသုံးနိုင်သေးတာက ပြဿနာ တစ်ခုပါ”ဟု အသက် ၄၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ဆက်ဆံရေး အဖုအထစ်မရှိဟု ကိုမင်းကိုနိုင်က ပြောကြား


၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဖု အထစ်များရှိနေသည်ဟူသော သတင်း များအပေါ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက မတ်လ ၄ ရက်နေ့ တွင် ငြင်းဆိုလိုက်သည်။
"ဒီကနေ့အထိ ဒေါ်အောင်ဆန်း စုကြည်နဲ့သော်လည်းကောင်း၊ သူတို့ အဖွဲ့အစည်းနဲ့သော် လည်းကောင်း ကျွန်တော်တို့ဘက်က အမြင်မှာ ဘာအဖု အထစ်မှ မရှိပါဘူး။ ရေရှည်မှာ လက်တွဲ လို့ ရပါတယ်"ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အဖွဲ့၏ရုံးခန်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့နယ်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တို့ တွေ့ခဲ့သမျှထဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်တွေ အမြဲတမ်းရခဲ့ပါတယ်။ သူလည်း ကျွန်တော်တို့ပြောသမျှကို နားထောင်ပေးခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကျွန်တော်တို့ကြားထဲမှာ ပြဿနာစိုးစဉ်းမျှ မရှိပါဘူး။ အောက်ခြေ တွေမှာတော့ လူ့အဖွဲ့အစည်းရဲ့ သဘာဝ ဖြစ်တဲ့ ဆွေးနွေးချင်စရာ၊ ပြောစရာတွေ ရှိကောင်းရှိပါမယ်။ သို့သော်အချက် အလက်အရ ဘယ်အချက်ကို ပြောတယ် ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး"ဟု ၎င်းကပြောသည်။

လစ်ဗျားအရှေ့ဘက်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကြေညာမှုကို အစိုးရအဖွဲ့ ပယ်ချ




လစ်ဗျားအရှေ့ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ဘင်ဂါဇီမြို့တွင် လူမျိုးစုခေါင်းဆောင်များ မတ်လ ၆ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်စဉ်
လစ်ဗျားအရှေ့ဘက်ရှိ ရေနံကြွယ်ဝသော ဒေသတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေညာခဲ့မှုကို လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ဥက္ကဋ္ဌ မူစတာဖာ အဘ်ဒယ်လ်ဂျာလီက ပယ်ချခဲ့ပြီး လစ်ဗျား ညီညွတ်ရေးအတွက် လိုအပ်ပါက အင်အားသုံးသွားမည်ဟု သတိ ပေးခဲ့သည်။
ယင်းဒေသမှ ခေါင်းဆောင်များအနေဖြင့် စေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် ဂျာလီက တိုက်တွန်းခဲ့ပြီး ကဒါဖီအစိုးရမှ အကြွင်းအကျန်များသည် ထိုးဖောက်စိမ့်ဝင်နေကြောင်း သတိပေးခဲ့ သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကြေညာ ခဲ့သော လစ်ဗျားအရှေ့ဘက်မှခေါင်း ဆောင်များက မိမိတို့သည် ထရီပိုလီ အခြေစိုက် အစိုးရများ၏ ဆယ်စုနှစ်များစွာ လျစ်လျူရှုမှုကို ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဘယ်သူ့ကို မဲပေးကြမှာလဲ ... (၂)(ဇေ၀င်းနောင်)


မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်


''ကျွန်တော်ဘယ်သူ့ကို မဲပေးလိုက်သလဲ ကျွန်တော်သိတာပေါ့။ သူတို့လည်း သိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မဲ ဘယ်သူရသွားလဲဆိုတာ တော့ သူတို့ပဲသိတယ်''
ဘရာဇီးလ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ အမီလ်ကာ ဘရူနာဇိုဖီလ်ဟို ပြောတာပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ...။ အင်း။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။
အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စိတ်ကျေနပ်မှုရလောက်တဲ့ အခြေအနေမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ မျှော်လင့်မထားဘဲကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စခဲ့တာ လုံးဝမဟုတ်ပါဘူး။ တက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာမှ စခဲ့တာပါ။ ဒါကိုတော့ အသိအမှတ် ပြုရပါမယ်။ Revolution ကို မကြုံချင်တဲ့ အစိုးရသစ်ဟာ R ဖြုတ်ပြီး ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ ဆင့်ကဲဖြစ်စဉ် Evolution အတိုင်း အပြောင်းအလဲကို လုပ်ပေးခဲ့တယ်လို့ ထင်တာပါပဲ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် (Whale Shark) ဝေလငါးမန်းနှစ်ကောင် သောင်တင်သေဆုံး




7248
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ် ဘင်္ဂလားပင်လယ် ကမ်းခြေတစ်နေရာ တွင် သောင်တင် သေဆုံးနေသော ဝေလငါးမန်း(Whale Shark) နှစ်ကောင်ကို မတ်လ ၇ ရက်နေ့နံနက် ၉ နာရီခွဲ အချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဝေလငါးမန်း (ငါးမန်း ဖလောင်း)ကို မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု ခွဆုံချောင်းအနီး ပင်လယ်ကမ်းခြေတွင် သောင်တင် သေဆုံးလျက်တွေ့ ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါ ဝေလငါးမန်းကြီးများကို ရေလုပ်သားများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် သတင်းပေးချက်အရ ခရိုင်ငါးလုပ်ငန်းမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးမန်း မှာ အထီး၊ အမ စုံတွဲ နှစ်ကောင်ဖြစ်ပြီး အထီးမှာ အလျား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိကာ အမမှာအလျား ၁၈ ပေ ၈ လက်မ၊ လုံပတ် ၈ ပေ ရှိကြောင်း သိရသည်။ အဆိုပါ ဝေလ ငါးမန်းနှစ်ကောင်ကို အရိုးစုရယူရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပညာရေးအတွက် အသုံးဝင်မည့် iPad Application များ

အမေရိကန် Nivada မြို့မှာ ၂၀၁၂ မတ်လ ကျရင် Explorer Knowledge Academy ဆိုတဲ့ ကျောင်းတစ်ကျောင်းဖွင့်မယ်။ ပထမဦးဆုံး iSchool လို့ပြောနိုင်တယ်။ ကျောင်းသားတစ်ယောက် iPad တစ်လုံးနဲ့ ကျောင်းတက်ရမယ်။
EKA ကျောင်းသားတွေဟာ မူလတန်း အဆင့်ကတည်းက iPad သုံးရမယ်။ သင်္ချာ၊ အင်္ဂလိပ်၊ လူမှုရေးနဲ့ သိပ္ပံဘာသာရပ်တွေကို သင်ကြားဖို့အတွက် iPad တွေကိုသုံးရမှာဖြစ်တယ်။
သူတို့ ဘယ်လို application တွေသုံးမလဲ။ အခြားကျောင်းတွေနဲ့ မိဘတွေကိုပါ ဘယ်လို application တွေသုံးပြီး အနာဂတ်ပညာရေးကို ကြိုတင်ပြင်ဆင်ထားကြမလဲဆိုတာ သိထားသင့်ပါတယ်။

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ


လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ မာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ ဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders." စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ရွှေလီဆွေးနွေးပွဲ ပြီးဆုံး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ မနေ့က တတိယနေ့အဖြစ် ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။
RFA
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့က မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIO တွေ့ဆုံဆွေးနွေးပွဲ၌ KIO အမြဲတမ်း ဗဟိုကော်မီတီဝင် ဦးဆွမ်လွတ်ဂမ် ဆွေးနွေးနေစဉ်။
နောက်ဆုံး ဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို RFA က ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောပါတယ်။

ဦးလနန်။   ။“တွေ့ဆုံမှုကတော့ ပြီးတော့ ပြီးသွားပြီ။ ဒါပေမယ့် လက်မှတ်ထိုးတာတော့ မလုပ်သေးဘူးခင်ဗျ။ ကြေညာချက်တစ်ခု လုပ်တယ်။ အရေးကြီးဆုံးအချက်ကတော့ ပြဿနာ ဖြစ်ပွားနိုင်တဲ့ နေရာမှာ ရှိတဲ့ တပ်တွေကိစ္စကို ရက်သတ်မှတ်ပြီးမှပဲ ဆွေးနွေးကြဖို့ တိုးတက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ပြဿနာတွေက ပြင်းပြင်းထန်ထန် ဖြစ်တဲ့ကိစ္စမို့ တစ်ကြိမ်နှစ်ကြိမ် တွေ့ရုံနဲ့တော့ အားလုံးက အဆင်မပြေနိုင်သေးဘူး ခင်ဗျ”

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

အလုပ်သမားများ သမဂ္ဂဖွဲ့ခွင့်၊ ဆန္ဒပြခွင့် ရပြီ


မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုတာနဲ့  အလုပ်သမားအရေး ဆန္ဒပြခွင့်ပြုတဲ့၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ဒီနှစ် မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်တဲ့နေ့ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို မတ်လ ၉ ရက်နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းလာမယ့် အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ကြမှာကို စစ်ဆေးကြီးကြပ်မယ့် မှတ်ပုံတင်အရာရှိချုပ် အဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်ကို ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြောငြာစာကိုလည်း မတ်လ ၉ ရက် နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေကို မနှစ်က ၂၀၁၁ အောက်တိုဘာလမှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေအရ အနည်းဆုံး အဖွဲ့ဝင်ဦးရေ ၃၀ နဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း နိုင်ပြီးတော့ အသေးစိတ် အစီအစဉ်တွေ ပါဝင်တဲ့ အလုပ်သမားအရေး ဆန္ဒပြပွဲကို ၁၄ ရက် ကြိုတင် အကြောင်းကြားခွင့် တောင်းခံခဲ့ရင် ဆန္ဒပြခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis