menu

Friday 20 September 2013

လူပြောများနေတဲ့ ဗီဒီယိုဖိုင် ဆီဒိုးနား စုံစမ်းစစ်ဆေးနေ

Facebook နှင့် အင်တာနက် ၀က်ဘ်ဆိုက်များပေါ်တွင် ဟိုတယ်ခန်းတခုအတွင်း၌ လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယို ဖိုင်များ ပျံ့နှံ့ သွားပြီးနောက် ရန်ကုန်မြို့၏ အဆင့်မြင့် ဟိုတယ်ကြီးတခုတွင် ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အဖြူအမဲဖြင့် ရိုတ်ကူးထားသော မှုန်ဝါးဝါး ဗီဒီယိုဖိုင်များသည် အွန်လိုင်း ဘလော့ဂ်များနှင့် လူမှုကွန်ရက်များ ပေါ်သို့ ကြာသပတေးနေ့တွင် ရောက်လာခဲ့ပြီး ဗီဒီယိုထဲတွင် ရမ္မက်ထန်နေသော စုံတွဲတတွဲကို ဟိုတယ်ခန်းတခုထဲ၌ မြင်တွေ့ ကြရသည်။
ဆီဒိုးနား ဟိုတယ်တွင် ရိုက်ကူးထားခြင်း ဖြစ်ကြောင်းလည်း အင်တာနက်ပေါ်တွင် ရေးသား ဖော်ပြခဲ့ ကြသည်။ အဆိုပါ ဗီဒီယိုကို အင်တာနက်ပေါ်တွင် မျှဝေသူ များပြားခဲ့ပြီး ပြည်တွင်း မီဒီယာများကလည်း သတင်းအဖြစ်ရေးသား တင်ပြခဲ့ ကြသည်။ ထိုနည်းတူပင် ဟိုတယ်တွင် တည်းခိုကြသူများ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ဖောက်ဖျက်သကဲ့သို့ ဖြစ်နေခြင်း အတွက် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့သည်။
ဟိုတယ်၏ မည်သည့် အခန်းတွင် အဆိုပါ ဗီဒီယို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ကို ဟိုတယ် တာဝန်ရှိသူများက စစ်ဆေးစုံစမ်း နေကြသည်ဟု ရန်ကုန် ဆီဒိုးနား ဟိုတယ်၏ ဧည့်ကြိုဌာန ၀န်ထမ်းတဦးက ပြောသည်။
“ဒီ ဗီဒီယို ဖိုင်တွေကို ကျမတို့ ဟိုတယ်မှာ ရိုတ်ကူးခဲ့တာ ဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေပါတယ်။ ပြည်သူကို အသိပေး နိုင်ဖို့ အတွက် သတင်းစာ ရှင်းလင်းပွဲတခုကိုလည်း တတ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးပါမယ်” ဟု အဆိုပါ ဧည့်ကြိုဝန်ထမ်း အမျိုးသမီးက ဆိုသည်။

လူရွှင်တော် 5 Stars အဖွဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား


ဘုန်းနေလ(ဒဂုံတက္ကသိုလ်)

လူရွှင်တော် 5 Stars အဖွဲ့သည် ရန်ကုန်- နေပြည်တော် ၊ အမြန်လမ်း (၁၆) မိုင်တစ်ဖာလုံတွင် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ကျောက်ကြီးဖျော်ဖြေပွဲ မှအပြန် လမ်းမပေါ်တွင် စက်ပျက်နေသည့် ယာဉ်တစ်စီးအား ၀င်ရောက်ကူညီနေစဉ် ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း 5 Stars အဖွဲ့မှ အောင်သော်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ဘက်နေပြီး တက်လာတဲ့ စူပါကာစတန်ကားက ဘတ္ထရီ မကောင်းဖြစ်နေလို့ ကူညီပြီး ပြင်ပေးနေတဲ့ အချိန်မှာ
အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ အဖွဲ့ပိုင် ဟိုက်အေ့စ်ကားနဲ့ နှစ်ကား စလုံး ခေါင်းချင်းဆိုင် မီးထိုးပြီးပြင်နေတဲ့အချိန်မှာ ရန်ကုန်ဘက်က တက်လာတဲ့ ကားကဖြတ်ပြီး တိုက်လိုက်တာပါ။ ကျွန်တော်အဖွဲ့ထဲက နှစ်ယောက်က ကားပြင်နေတယ်ဆိုတာကို အချက်ပြနေတာပါ။ နောက်ပြီး ကျွန်တော်တို့ ကားတွေက ဘေးကို ချပြီး ပြင်နေကြတာပါ။ အဲဒီအချိန်မှာ ၀င်တိုက်သွားတာပါ၊ ကျွန်တော်တို့က ကျောက်ကြီးဖျော်ဖြေပွဲဖြစ်တဲ့ ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ဘုရားပွဲကနေပြီး ပြန်လာတာပါ၊ တစ်ဖက်က အခုလိုထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး၊ အဆင်ပြေအောင် ပြန်လည် လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု အောင်သော်ကပြောသည်။

ဗိုလ်မှူးတစ်ဦးဟု လိမ်လည်ကာ ကျပ်သိန်းတစ်ထောင်လိမ်ယူ

ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၄၁ မိနစ်

မိမိကိုယ်ကို ဗိုလ်မှူးတစ်ဦးဖြစ်သူဟု ပြောဆိုလာသူ ဇနီးမောင်နှံ (၂) ဦးတို့ကမြေကွက် ရောင်းချမည်ဆိုကာ ကျပ်သိန်း တစ်ထောင်ကို လိမ်ယူသွားခဲ့ဟု တိုင်တန်းမှုအား ဗဟန်းရဲစခန်းက စက်တင်ဘာ ၁၈ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ်အောက်တိုဘာ ၂၇ ရက်က လာရောက်လိမ်လည်ခြင်းဖြစ်ပြီး ပဲခူးမြို့နယ်နေသူ ဇနီးမောင်နှံနှစ်ဦးတို့က လိမ်လည်ခဲ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ်နေ တရားလိုဖြစ်သူ အမျိုးသမီးက အမှုဖွင့်ရာတွင် ထွက်ဆိုထားခြင်းဖြစ်သည်။

အိမ်သို့ လာရောက်ခဲ့သူ ဇနီးမောင်နှံမှအမျိုးသားဖြစ်သူက ၄င်းသည် ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ပဲခူးမြို့ ဟံသာဝတီလေဆိပ် အနီး အိမ်ရာစီမံကိန်းတွင် ၄င်းဇနီး အမည်ပေါက်ပိုင် မြေကွက် (၂၆၈၀) ဧကကိုအမည်ပြောင်း အပြီးအစီး ငွေကျပ်သိန်း (၇၀၀၀) ဖြင့် ရောင်းချလိုကြောင်း ယုံကြည်အောင် ပြောဆိုခဲ့သည်ဟု ဆိုထားသည်။

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင် လေ လံအောင်မြင်

ရန်ကုန် ၊ စက်တင်ဘာ ၁၉။ ။ စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။

တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က ''ဦးနေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။

* အကျဉ်းသားဟူသည် လူသားလော တိရစ္ဆာန်လော *

( စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် )

စက်တင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့နယ်ရှိ ကိုးမိုင် အကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းကြောင့် အကျဉ်းသားများက အော်ဟစ်တားမြစ်မှု ပြုလုပ် သည်ကို ထောင်ဆူပူမှု ဟုဆိုကာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်စွာ ရရှိသူ သုံးဦးကို မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်ထားရာမှ စက်တင်ဘာ ၁၆ ရက်တွင် တစ်ဦးထပ်မံ သေဆုံးသွားခဲ့သည်။ ယင်းဖြစ်စဉ်ကို အစိုးရအဖွဲ့က ထောင်ဖောက်ရန် ကြိုးစားခဲ့မှုကြောင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရခြင်းဟု သတင်းထုတ်ပြန်ခဲ့ပြီး ၁၈ ရက်တွင် ယင်းအကျဉ်းထောင်မှ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။မြန်မာနိုင်ငံ အစိုးရမှ ပြဋ္ဌာန်းသည့် အကျဉ်းထောင်များ၏ ကြီးကြပ်ခြင်း၊ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ လက်စွဲနည်း ဥပဒေများ အပိုင်း ၂၊ အခန်း ၇၊ အပိုဒ် ၃၁၇ (က) တွင် ''အကျဉ်းထောင်မှ မည်သည့် အရာထမ်းမဆို ထွက်ပြေး တိမ်းရှောင်သူ (သို့) ထွက်ပြေးရန် ကြံစည်သူ အကျဉ်းသား အပေါ်တွင် ဓားလွတ်၊ လှံစွပ်၊ သေနတ် (သို့) အခြားလက်နက် တို့ကို အသုံးပြုနိုင်သည်။ သို့သော် ဤနည်းစနစ်ကို သက်ဆိုင်ရာ အရာထမ်း အနေဖြင့် အကျဉ်းသားအား ထွက်ပြေးခြင်းမှဟန့်တားရန်အတွက် အခြားနည်းလမ်း မရှိတော့ဟု အကျိုးသင့် အကြောင်းသင့် ယုံကြည်နိုင်ရန် အကြောင်း ပေါ်ပေါက်လာမှ သာလျှင် အသုံးပြုရမည်'' ဟု ပါရှိသည်

Orchid Hotel မှ အထွေထွေမန်နေဂျာနှင့် ငွေစာရင်းကိုင်ချုပ်ကို သိန်း ၄၀၀၀ ကျော် စာရင်းကွာမှုဖြင့် အမှုထပ်ဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းတွင် ဖွင့်လှစ်ထားသော Orchid Hotel မှ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် စာရင်းကွာဟမှုကြောင့် ပြီးခဲ့သော မတ်လက တရားစွဲဆိုခဲ့သူ လေးဦးထဲမှ အထွေထွေမန်နေဂျာနှင့် ငွေစာရင်းကိုင်ချုပ်ကို ကျပ်သိန်း ၄၀၀၀ ကျော် စာရင်းကွာဟမှုဖြင့် ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းတွင် စက်တင်ဘာလ ၁၇ ရက်နေ့က အမှုထပ်ဖွင့်ထားကြောင်း အဆိုပါ ဟိုတယ်မန်နေဂျာ ဦးသိန်းထိုက်က The Voice သို့ ပြောကြားသည်။

ဟိုတယ် အထွေထွေမန်နေဂျာ ရာထူးနှင့် ဟိုတယ်၏ ငွေစာရင်းဌာန အကြီးအမှူး တာဝန်ပူးတွဲ ထမ်းဆောင်သူ ဦးခင်မောင်လွင်နှင့် ငွေစာရင်းကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်တို့သည် ဘဏ်မှငွေထုတ်ယူခွင့်ရှိသော တာဝန်ရှိသူများဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ထုတ်ယူငွေစာရင်း ကျပ်သိန်းတစ်သောင်းထဲမှ ကျပ်သိန်း ၄၃၀၀ ကျော် ကွာဟမှုကြောင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ကျောင်းနေကလေးများတွင် ကော်ရှူနှုန်းမြင့်တက်

Photo: ကျောင်းနေကလေးများတွင် ကော်ရှူနှုန်းမြင့်တက်

ရန်ကုန်၊ စက်တင်ဘာ ၁၉

မူးယစ်ဆေးစွဲမှု ရာခိုင်နှုန်း မြင့်မားစေသော ကော်ရှူခြင်း ဓလေ့သည် လေလွင့် ကလေးသူငယ်များသာမက အခြေခံပညာ ကျောင်းများမှ ကလေးသူငယ်တို့တွင်လည်း အပေါင်းအသင်း၊ မိတ်ဆွေများကြောင့် ကော်ရှူသည့်ဓလေ့ တိုးလာကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) မှ ကြီးကြပ်ရေးမှူး ဦးမြင့်အေး (ရူပဗေဒ) က ပြောကြားသည်။

ကျောင်းနေအရွယ် ကလေးသူငယ်များ ကော်ရှူနှုန်း မြင့်မားခြင်းသည် မိတ်ဆွေ၊ အပေါင်းအသင်းများမှ အဆင့်ဆင့် ပြန့်ပွားခဲ့ခြင်းဖြစ်ပြီး ရှူသည့် ကော်အမျိုးအစားများတွင် သစ်သားကပ်ကော်၊ ကျွတ်ဖာသောကော်များ ပါဝင်ကြောင်း၊ ယင်းကော် အမျိုးအစားများသည် အချိန်ကြာကြာ ရှူရှိုက်မိပါက မူးယစ်ဆေးဝါးစွဲသည့် အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်းခရိုင်) က ရဲအုပ် ဦးစန်းဦးက ပြောကြားသည်။

“အပြင်ပတ်ဝန်းကျင်မှာတော့ မပြောတတ်ဘူး။ ကျောင်းမှာတော့ ကလေးအားလုံးကလဲ ဆရာ၊ ဆရာမ အုပ်ထိန်းမှု အောက်မှာပဲ ရှိနေတော့ အဲဒီလိုအလေ့အထတွေ မတွေ့ရဘူး” ဟု ရန်ကုန်မြို့က မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောဆိုသည်။

ကော်ရှူသည့် လေ့လွင့် ကလေးသူငယ်များ တွေ့ရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းအပြင် ကော်ရှူသည့် ကလေးများ၏ မိဘအုပ်ထိန်းသူ ကိုယ်တိုင် လူမှုဝန်ထမ်းဦးစီးဌာနသို့ ဆက်သွယ်မှုများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိလူမှုဝန်ထမ်းဦးစီးတွင် လက်ခံထားသော ကော်ရှုကလေးသူငယ် ၁၂၅ ဦးရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ တစ်ကြိမ်ပို့လျှင် လူဦးရေ ၃၀ ဦးမှ ၄၀ ဦးထိ ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းတွင် မူးယစ်ဆေး ဖြတ်ပြီးသည့် သူများကို ပြန်လည် ထူထောင်ရေး ပြုလုပ်ပေးနေသည့် သင်တန်းကျောင်း ၁၀ ကျောင်းရှိပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်သော စခန်းခုနစ်ခုနှင့် မူးယစ်ဗဟိုအဖွဲ့က ကြီးကြပ်သော စခန်းသုံးခု ရှိကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၉

မူးယစ်ဆေးစွဲမှု ရာခိုင်နှုန်း မြင့်မားစေသော ကော်ရှူခြင်း ဓလေ့သည် လေလွင့် ကလေးသူငယ်များသာမက အခြေခံပညာ ကျောင်းများမှ ကလေးသူငယ်တို့တွင်လည်း အပေါင်းအသင်း၊ မိတ်ဆွေများကြောင့် ကော်ရှူသည့်ဓလေ့ တိုးလာကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း (မြန်မာ) မှ ကြီးကြပ်ရေးမှူး ဦးမြင့်အေး (ရူပဗေဒ) က ပြောကြားသည်။

ကျောင်းနေအရွယ် ကလေးသူငယ်များ ကော်ရှူနှုန်း မြင့်မားခြင်းသည် မိတ်ဆွေ၊ အပေါင်းအသင်းများမှ အဆင့်ဆင့် ပြန့်ပွားခဲ့ခြင်းဖြစ်ပြီး ရှူသည့် ကော်အမျိုးအစားများတွင် သစ်သားကပ်ကော်၊ ကျွတ်ဖာသောကော်များ ပါဝင်ကြောင်း၊ ယင်းကော် အမျိုးအစားများသည် အချိန်ကြာကြာ ရှူရှိုက်မိပါက မူးယစ်ဆေးဝါးစွဲသည့် အဆင့်သို့ ရောက်ရှိသွားနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်းခရိုင်) က ရဲအုပ် ဦးစန်းဦးက ပြောကြားသည်။

“အပြင်ပတ်ဝန်းကျင်မှာတော့ မပြောတတ်ဘူး။ ကျောင်းမှာတော့ ကလေးအားလုံးကလဲ ဆရာ၊ ဆရာမ အုပ်ထိန်းမှု အောက်မှာပဲ ရှိနေတော့ အဲဒီလိုအလေ့အထတွေ မတွေ့ရဘူး” ဟု ရန်ကုန်မြို့က မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမည်

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမည်

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမှာဖြစ်ပြီး သမ္မတ Tony Tan Keng၊ ဝန်ကြီးချုပ် Lee Hsien Loon နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒါဟာ စင်ကာပူနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးဖြစ်ပြီး ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါလီမန်ဥက္ကဌ Madam Halima Yacob ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဒုတိယဝန်ကြီးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပါမယ်။

ဒါ့အပြင် စင်ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်တွေကိုလည်း လေ့လာဖို့ရှိပါတယ်။

စက်မှုပညာပေးရေး တက္ကသိုလ်ကိုလည်း သွားရောက်မှာဖြစ်ပြီး စင်ကာပူရောက်ရှိချိန်မှာ မိန့်ခွန်း နှစ်ကြိမ်ပြောကြားမယ့်အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲကျင်းပမယ့် Shangri-La ဟိုတယ်မှာ မနက်ဖြန် မိန့်ခွန်းပြောကြားပါမယ်။

စက်တင်ဘာ ၂၂ ရက်မှာတော့ စင်ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်မှာ ဟောပြောပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံကို ဒီနေ့ရောက်ရှိမှာဖြစ်ပြီး သမ္မတ Tony Tan Keng၊ ဝန်ကြီးချုပ် Lee Hsien Loon နဲ့ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒါဟာ စင်ကာပူနိုင်ငံကို ပထမဆုံးလာရောက်တဲ့ခရီးဖြစ်ပြီး ငါးရက်ကြာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါလီမန်ဥက္ကဌ Madam Halima Yacob ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်ဆိုင်ရာ ဒုတိယဝန်ကြီးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပါမယ်။

ဒါ့အပြင် စင်ကာပူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်တွေကိုလည်း လေ့လာဖို့ရှိပါတယ်။

လူကြီးလူကောင်း (သို့မဟုတ်) လူကြီးလူမိုက်

တိုက်ခန်းနဲ့ နေရတာထက် မြေလေးနဲ့ ခြံလေးနဲ့နေချင်လို့ ဈေးနှုန်းတွေ တက်နေပေမယ့် ရန်ကုန်မြို့ မြို့နယ် အသစ်ရဲ့ ရပ်ကွက်တစ်ခုမှာ ၄ဝ x ၆ဝ မြေကွက်ေ လးတစ်ကွက် သွားဝယ်ခဲ့ တယ်။ ကိုယ့်ရှိတဲ့ ငွေလေးနဲ့ တစ်နိုင်  တစ်ပိုင်လေး ဝယ်ရတာမို့ ကိုယ်ဝယ် လိုက်တဲ့ မြေကွက်နဲ့ အိမ်ရှိတဲ့လမ်းက ရွှံ့ဗွက်တွေ ဗရပွနဲ့ အိမ်ကလည်း ချောင် ကျကျလေးပေါ့။ ကျွတ်တွေ မျှော့ကြီး တွေကတွယ်။ မိုးရွာရင် အိမ်ထဲအထိ ရေတွေကဝင်။ ဒါနဲ့ပဲ အိမ်ရှေ့ ရေမြောင်းဖော် ကွန်ကရစ်လေးခင်းဖို့ အုတ်၊ သဲ၊ ကျောက် မှာရပါတော့တယ်။ လိုအပ်တာလေး တွေ ပန်းရံနဲ့မှာပြီး အိမ်ပြန်လာ။ မကြာ ပါဘူး။
အိမ်အသစ်လေးမှာ အစောင့် ထားခဲ့တဲ့ အလုပ်သမားလေးက ဖုန်း ဆက်လာတယ်။ မိန်းမတစ်ယောက် အိမ်ရှေ့မှာ ထမီ မ,ပြီး လာအော်နေ တယ်တဲ့။ အုတ်၊ သဲ၊ ခဲကားတွေဝင်လို့ လမ်းတွေပျက်ကုန်တယ်ဆိုပြီး ရန်ရှာနေ တယ်တဲ့။ ဒါနဲ့ပဲ ချက်ချင်း ပြန်ပြေး ကိုယ်က လူသစ်ဆိုတော့ သူတို့ဘာပဲ ပြော ပြောသူတို့နဲ့ အဆင်ပြေဖို့ လိုတယ် မဟုတ်လား။ ဟိုရောက်တော့ ရန်ပြုပါ တယ်ဆိုတဲ့ ဆရာမကြီးတွေကို လုံ လောက်တဲ့ ပစ္စည်းဝယ်ပြီးတာနဲ့ လမ်း ပြန်ခင်းပေးပါ့မယ်၊

ဆီးရီးယားကို စစ်ရေးအရ အရေးယူနိုင်မည့် မည်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကိုမဆို ဆန့်ကျင်ကြောင်း ရုရှနှင့် ဆီးရီးယားပြော

AFP

အနောက်နိုင်ငံများက ရေးဆွဲကာ ဆီးရီးယားအား စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို ခွင့်ပြုမည့် မည်ကဲ့သို့သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းမျိုးကိုမဆို ဆန့်ကျင်သည်ဟု ဆီးရီးယားနှင့် ၎င်း၏ မဟာမိတ် ရုရှ နိုင်ငံတို့ကဆိုခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ကုလသမဂ္ဂ ဓာတုလက်နက်စစ်ဆေးရေး အရာရှိများသည် ဘက်လိုက်ခဲ့သည်ဟုလည်း ရုရှကဆိုခဲ့သည်။ ဆီးရီးယားအနေဖြင့် ဓာတုလက်နက်များကို နိုင်ငံတကာထိန်းချုပ်မှုအောက်သို့ လွှဲပြောင်းပေးအပ်ပါမည် ဆိုသည့် ကတိက၀တ်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက၊ ဆီးရီးယားအပေါ် စစ်ရေးဖိအားပေးမှုကို ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း အမေရိကန်က ပြောဆိုခဲ့သလို ကုလသမဂ္ဂကလည်း ရုရှ၏ စွပ်စွဲချက်ကို တုံ့ပြန်ဝေဖန်ခဲ့သည်။

သြဂုတ်လ ၂၁ ရက်က ဒမတ်စကတ်မြို့ အနီးတွင်ဖြစ်ပွားခဲ့သည့်၊ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရသည့် ဆာရင် (#sarin) အဆိပ်ဓာတ်ငွေ့အသုံးပြုတိုက်ခိုက်မှုမှာ သူပုန်များ၏ လက်ချက်ဖြစ်ကြောင်း အထောက်အထားသစ်ကို ဆီးရီးယားက ပေးပို့ထားသည်ဟု ရုရှက ပြောဆိုခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အစီရင်ခံစာကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။

မြန်မာ ဒုက္ခသည်စခန်းတွေကို ရိက္ခာ ဖြတ်တောက်တော့မည်

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီစခန်းတွေက ဒုက္ခသည်တွေကို အကူအညီအလိုအပ်ဆုံးသူ၊ အကူအည...ီလိုသူ၊ စံနှုန်းနဲ့ ကိုယ်ထူကိုယ်ထဆိုပြီး အုပ်စု ၄ မျိုးခွဲကာ တစ်နည်းနည်းနဲ့ ဝင်ငွေရရှိနေပြီဖြစ်တဲ့ ကိုယ်ထူကိုယ်ထအုပ်စုက လူကြီးတွေအတွက် ဆန်ခွဲတမ်းမရရှိတော့ဘူးလို့ သိရပါတယ်။

ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ ဒုက္ခသည်စခန်းတွေကို ရိက္ခာအကူအညီပေးနေတဲ့TBBC အဖွဲ့ ကြီးရဲ့ ဒါရိုက်တာ MRs. Sally Thomson ကတော့ အခုလိုရှင်းပြပါတယ်။

“ယခုအပြောင်းအလဲတွေကို လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ လျှော့နည်းသွားခြင်းကြောင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်၊ ဒုက္ခသည်စခန်းတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ချဉ်းကပ်ပြီး စီမံဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”

တောင်ဥက္ကလာပမှ အမျိုးသမီးကြီးတစ်ဦးကိုသတ်ရန် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို ဖမ်းမိပြီဟုဆို

ဇော်ဇော်ထွေး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၇ မိနစ်

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးကြီးတစ်ဦးအား လူတစ်ဦးက ချွန်ထက်သောအရာဖြင့် ထိုးပြီး ထွက်ပြေးခဲ့မှုနှင့် ပတ်သက်ပြီး သံသယရှိထားသည့် ငွေပေးစေခိုင်းသူများနှင့် ကြေးစားလူသတ်သမားတို့ကို ဖော်ထုတ် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

အမှုနှင့်ပတ်သက်၍ သံသယရှိဖမ်းဆီး ထားသူများမှာ ကြေးစားမြင့်အေး (လိပ်စာအတည်တကျမရှိ) နှင့် ဒါးပိန်မြို့နယ် နေသူများဖြစ်သည့် စီစဉ်ပေးသူ လှမောင် (ဘ) ဦးသောင်းငွေ၊ ငွေပေးစေခိုင်းသူ သားအဖ ဖြစ်သည့် ဦးပေါက် (ခ)
မြင့်လွင် (ဘ) ဦးပုနှင့် ၄င်း၏သားဖြစ်သူ ဇင်သန့် (ခ) ဇင်သန့်အောင်တို့ (၄) ဦး ဖြစ်သည်ဟုရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

မုဒိမ်းကျင့်ခံရသော မြန်မာအမျိုးသမီး မလေးရှားအစိုးရ ကျပ်သိန်း တစ်ရာကျော် နစ်နာကြေးပေး

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့် ခံခဲ့ရသည့် မြန်မာအမျိုးသမီးကို မလေးရှား အစိုးရက နစ်နာကြေးအဖြစ် ကျပ်သိန်းတစ်ရာကျော် စက်တင်ဘာလ ဒုတိယပတ် အတွင်း ပေးအပ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါ မြန်မာအမျိုးသမီး လုပ်သားနစ်နာကြေး ရရှိရေး၊ လုံခြုံမှုအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးထားကြောင်း၊ အခြားကိစ္စရပ်များကို ကာယကံရှင်၏ ဂုဏ်သိက္ခာအရ ပြောဆိုရန် မဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်လုပ်ကိုင်သော မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံခဲ့ရခြင်း ဖြစ်သည်။

အစိုးရ သတင်းစာတိုက် ဆောက်လုပ်မည့် မြေနေရာ အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများ နေထိုင်သည့် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ရဲအင်အား ၆၀ ၀န်းကျင်ဖြင့် ညအချိန်မတော် ၀င်ရောက် စီးနင်းမှုတစ်ခု ဖြစ်ပွား

8.1.1
စက်တင်ဘာ ၁၉ ရက် နံနက် အစောပိုင်းက ၀ဲကြီးကျေးရွာတွင် ရောက်ရှိနေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
စက်တင်ဘာ ၁၉ ရက် ည ၂ နာရီ ၀န်းကျင်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ညအချိန်မတော် ရဲအင်အား ၆၀ ၀န်းကျင်ခန့်ဖြင့် ၀င်ရောက်စီးနင်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာတွင် ညအချိန်မတော် ရဲတပ်ဖွဲ့အင်အား ၆၀ ၀န်းကျင်ဖြင့် ၀ဲကြီးကျေးရွာရှိ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးဇော်လတ်နေအိမ် အပါအ၀င် အိမ်ထောင်စု ငါးစုအား ၀င်ရောက် ဖမ်းဆီးခဲ့ရာ ရွာရှိ ရွာသူရွာသားများက မတရား ၀င်ရောက်ဖမ်းဆီး တုပ်နှောင်ခြင်းကို မခံမရပ်နိုင်ဖြစ်၍ ရဲအင်အား ၆၀ ကျော်နှင့် ရွာသားများ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ၀ဲကြီးကျေးရွာရှိ ဒေသခံ တစ်ဦးထံမှ သိရသည်။
ဝဲကြီးကျေးရွာ ဒေသခံ NLD ရပ်/ကျေး ဥက္ကဋ္ဌ ဦးဇော်လတ်က ''ကျွန်တော့် အိမ်ပေါ်ကို ၁ နာရီခွဲလောက်မှာ ရဲအယောက် ၃၀ လောက် အိမ်ပေါ်တက်လာတယ်။ တက်လာပြီး ကျွန်တော့်ခြင်ထောင်ကို လှန်တယ်။ ရဲ လေး၊ ငါး ယောက်ကလည်း ကျွန်တော့် လည်ပင်းကို ဖမ်းချုပ်ပြီး နင်းထားတယ်။ နင်းထားပြီးတော့ လက်ထိပ်ခတ်တယ်။ ကျွန်တော့် မိန်းမကိုလည်း ရဲ လေး၊ ငါးယောက် က ဖမ်းချုပ်တော့ အင်္ကျီပြဲ၊ ထဘီပြဲတွေ ဖြစ်ကုန်တယ်။ ကျွန်တော့်ရဲ့ ငါးတန်းကျောင်းသူ သမီးလေးကိုလည်း ပါးစပ်ပိတ်ပြီး ပါးရိုက်သွားတယ်။ အဲဒီမှာ ကျွန်တော့်မိန်းမ အော်တဲ့အတွက် လူတွေရောက် လာတဲ့အခါ ဧည့်ခန်းထဲ ၀င်တဲ့သူက ၀င်၊ အပေါက်တွေ ဆောင့်ကန်ပြီး ထွက်တဲ့သူက ထွက်သွားတယ်။ ကျွန်တော့်ကို ဘာကြောင့် ဖမ်းတာလဲ လို့မေးတော့ ဘာမှမပြောဘူး။ ကျွန်တော် တစ်ယောက်တည်းကို ဖမ်းဖို့ ရဲအယောက် ၃၀ လောက် တက်ဖမ်းစရာလား။

၈၈ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများကို သင်ခန်းစာယူကာ အကြမ်းမဖက်ရန် ဦးတင်ဦး ပြောကြား

အေးမြင့်စန်း | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၉ မိနစ်

၈၈ အရေးတော်ပုံ ဒီမိုကရေစီတိုက်ပွဲဝင် မ၀င်းမော်ဦး(၂၅)နှစ်ပြည့် ငွေရတု အောက်မေ့ဘွယ် အခမ်းအနားကို မ၀င်းမော်ဦး၏ မိဘနှစ်ပါးက စက်တင်ဘာလ ၁၉ရက်၌ လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့ရာ NLD ပါတီ၏ နာယက ဦးတင်ဦးက ဂုဏ်ပြုစကားပြောခဲ့သည်။

NLD ပါတီမှ နာယကဦးတင်ဦးက “အခု ဒီမိုကရေစီအလင်းရောင်လေး အစပျိုးတယ်လို့ ပြောကြတာပဲ။ မေတ္တာရပ်ခံချင်တာက မလုပ်ကြပါနဲ့ နှစ်ပေါင်းလည်း ကြာလှပြီ။ ကျောင်းသားတွေလည်း အသက်စွန့်သွားကြတာ တော်တော်များပြီ။ တော်လောက်ပါပြီ။ မ၀င်းမော်ဦး အသက်စွန့်သွားတာသည် သင်ခန်းစာ ကောင်းတစ်ခုအဖြစ် ရှိနေမှာပါ။ အလေးအနက်ပြုထိုက်ပါတယ်”ဟု ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီးတင်ဦး နေအိမ်ဗုံးပေါက်ကွဲမှုဖြင့် ပြစ်ဒဏ်ပေးခံရသူများကို နိုင်ငံကူးလက်မှတ်ရဖို့ အာဏာပိုင်တို့ ကူညီမည်

နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၂၀ မိနစ်

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့ ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရသူ ကိုမိုးကျော်သူနှင့် ဇနီးမောင်နှံတို့အတွက် နိုင်ငံကူး လက်မှတ် ရရှိရန် အကူအညီပေးမည်ဟု ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံး တာဝန်ရှိသူများက ဆက်သွယ်ပြောဆိုသည်ဟု ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။

“ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးက ပြောတာ၊ လိုအပ်တာ အကူအညီပေးပါမယ်တဲ့၊ ရန်ကုန်မှာလာပြီး တင်ဖို့ ပြောပါတယ်။ ဒီနေ့ (စက်တင်ဘာ ၁၉ ရက်) ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ပတ်စ်ပို့ ကိစ္စသွားမေးခိုင်းတာဗျ။ ရန်ကုန်ရုံးက အဲဒီလိုပြောလိုက်တယ်”ဟု ကိုမိုးကျော်သူက မဇ္ဈိမကို ပြောသည်။

ဆူပူမှု ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသားများကို ပြောင်းရွှေ့

Photo: ဆူပူမှု ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင်ရှိ အကျဉ်းသားများကို ပြောင်းရွှေ့

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်မှ အကျဉ်းသားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်မှစ၍ ပြောင်းရွှေ့ရန် အကျဉ်းထောင်မှ စတင်ထွက်ခွာခဲ့ရာ ကော့သောင်းမြို့ရှိ သင်္ဘောဆိပ်သို့ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိလာပြီး ၃ နာရီခွဲ အချိန်တွင် ၁၀ ဘီးကားပေါ်မှ ၀န်တင်ကရိန်းကားဖြင့် လေးယောက်တစ်တွဲ ချီမကာ သံခွံသင်္ဘောအတွင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်သို့ တင်ဆောင်ထားသော အကျဉ်းသားများကို မည်သည့် အကျဉ်းထောင်သို့ ပို့ဆောင်ပေးမည် ဆိုသော သတင်းနှင့် အရေအတွက်တို့ကို မသိရသော်လည်း အမျိုးသမီးများ မပါဝင်ကြောင်း၊ မြိတ်ထောင်နှင့် ထားဝယ်ထောင်များသို့ ပို့ဆောင်ရန် အစီအစဉ်ရှိပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ပို့ဆောင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

တော်ဝင် သင်္ဘောဆိပ်သို့ အကျဉ်းသားများကို ပို့ဆောင်ရာတွင် ဆီအုန်းသယ် ၁၀ ဘီးကားနှစ်စီး၊ မှန်လုံကား တစ်စီးနှင့် အချုပ်သားတင် ကားပေါ်မှ အကျဉ်းသား တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အား ၀န်ချီကရိန်း ကားများဖြင့် ချီမကာ ပို့ဆောင်နေသည်ကို အကျဉ်းသားများ၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများ မြင်တွေ့ကြရသဖြင့် ၀မ်းနည်းငိုကြွေး ကြသည်များလည်း ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသော ဌာနဆိုင်ရာများအား ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်မှု မရခဲ့ပေ။

တော်ဝင် သင်္ဘောဆိပ်သို့ ပထမအကြိမ် ၁၀ ဘီးကားဖြင့် တင်ဆောင်လာရာတွင် အကျဉ်းသား ၅၀ ဦးရှိပြီး ၃ နာရီတွင် ရောက်ရှိကြောင်း၊ ဒုတိယအကြိမ် ၁၀ ဘီးကားတစ်စီး ပေါ်တွင်လည်း အကျဉ်းသား ၅၀ ဦး ပါဝင်ခဲ့ပြီး တတိယအကြိမ် ၄ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိလာသော မှန်လုံကား တစ်စီးပေါ်၌ ပါဝင်သော လူဦးရေအား ခန့်မှန်းရန် အခက်အခဲ ရှိခဲ့သော်လည်း ကနဦး သတင်းများအရ အကျဉ်းသား ၁၈၅ ဦးပို့ရန် စီစဉ်ထားကြောင်း သိရသည်။

(စက်တင်ဘာ ၁၈ ရက်က ကော့သောင်းထောင်မှ ကားများဖြင့် ခေါ်ဆောင်လာသော အကျဉ်းသားများကို ကော့သောင်းမြို့ တော်ဝင်သင်္ဘောဆိပ်တွင် သင်္ဘောပေါ်သို့ ၀န်တင်ကရိန်းများဖြင့် ပို့ဆောင်နေစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း))
(စက်တင်ဘာ ၁၈ ရက်က ကော့သောင်းထောင်မှ ကားများဖြင့် ခေါ်ဆောင်လာသော အကျဉ်းသားများကို ကော့သောင်းမြို့ တော်ဝင်သင်္ဘောဆိပ်တွင် သင်္ဘောပေါ်သို့ ၀န်တင်ကရိန်းများဖြင့် ပို့ဆောင်နေစဉ် (ဓာတ်ပုံ- ရဲမြင့်ဝင်း))

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်မှ အကျဉ်းသားများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ အချိန်မှစ၍ ပြောင်းရွှေ့ရန် အကျဉ်းထောင်မှ စတင်ထွက်ခွာခဲ့ရာ ကော့သောင်းမြို့ရှိ သင်္ဘောဆိပ်သို့ မွန်းလွဲ ၃ နာရီတွင် ရောက်ရှိလာပြီး ၃ နာရီခွဲ အချိန်တွင် ၁၀ ဘီးကားပေါ်မှ ၀န်တင်ကရိန်းကားဖြင့် လေးယောက်တစ်တွဲ ချီမကာ သံခွံသင်္ဘောအတွင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်သို့ တင်ဆောင်ထားသော အကျဉ်းသားများကို မည်သည့် အကျဉ်းထောင်သို့ ပို့ဆောင်ပေးမည် ဆိုသော သတင်းနှင့် အရေအတွက်တို့ကို မသိရသော်လည်း အမျိုးသမီးများ မပါဝင်ကြောင်း၊ မြိတ်ထောင်နှင့် ထားဝယ်ထောင်များသို့ ပို့ဆောင်ရန် အစီအစဉ်ရှိပြီး ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ ပို့ဆောင်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

တော်ဝင် သင်္ဘောဆိပ်သို့ အကျဉ်းသားများကို ပို့ဆောင်ရာတွင် ဆီအုန်းသယ် ၁၀ ဘီးကားနှစ်စီး၊ မှန်လုံကား တစ်စီးနှင့် အချုပ်သားတင် ကားပေါ်မှ အကျဉ်းသား တစ်ဦးတို့ကို ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အား ၀န်ချီကရိန်း ကားများဖြင့် ချီမကာ ပို့ဆောင်နေသည်ကို အကျဉ်းသားများ၏ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမများ မြင်တွေ့ကြရသဖြင့် ၀မ်းနည်းငိုကြွေး ကြသည်များလည်း ရှိကြောင်း သိရသည်။

ဆီဒိုးနားဟိုတယ် ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှုကို ဆီဒိုးနားဟိုတယ်မှ ငြင်းဆို

ဆီဒိုးနားဟိုတယ်၏ ၀က်ဘ်ဆိုက် တိုက်ခိုက်ခံရပြီး ဧည့်သည်များ၏ ကိုယ်ရေး အချက်အလက်များ ပေါက်ကြားမှု သတင်းကို မဟုတ်မှန်ကြောင်း ဆီဒိုးနား ဟိုတယ်မှ လုံခြုံရေး အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် ဆီဒိုးနား ဟိုတယ်ရှိ အခန်းများတွင် ပြင်ပလူများက Hidden ကင်မရာ တပ်ဆင်ကာ ရိုက်ကူးမှုမှာ ဖြစ်နိုင်ကြောင်း အဆိုပါ ဆီဒိုးနားဟိုတယ် လုံခြုံရေး အကြီးအကဲက ဆက်လက် ပြောကြားသည်။

အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာ အချို့၌ ဆီဒိုးနားဟိုတယ် အခန်းတွင် လျို့ဝှက် ကင်မရာဖြင့် ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတစ်ခု ပျံ့နှံ့လျက်ရှိကြောင်း၊ ယင်းမှတ်တမ်းတွင် နာမည်ကြီး ပုဂ္ဂိုလ်များ ပါဝင်ပြီး ဟိုတယ်၏ အင်တာနက် ၀က်ဘ်ဆိုက်မှတစ်ဆင့် ခိုးဝင်၍ ရယူသွားသည်ဟု ယူဆရကြောင်းနှင့် လျို့ဝှက်ကင်မရာများ တပ်ဆင်ခဲ့သူမှာ ဟိုတယ်အတွင်းမှ မဟုတ်ဘဲ ပြင်ပမှ လာရောက် တပ်ဆင်သွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည်


မန္တလေး၊ စက်တင်ဘာ ၁၈

လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထု အနေနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တံခါးတွေ ပိတ်မထားကြပါနှင့်

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မိမိနေအိမ်သို့ သူခိုး ဝင် ခိုးသွားသည်။ အတင့်ရဲသော သူခိုးသည် အိမ်ရှေ့ဝရံတာမှ ကျော်တက်ခါ ဖွင့် ထားသောတံခါး များကိုဖြတ်၍ အိမ်ထဲ သို့ ဝင်ခြင်းဖြစ်၏။ ပထမထပ်ဖြစ်သဖြင့် တက်သည်ထားဦး အိမ်ရှေ့တည့်တည့် ဝယ် အလုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ နေသည်ကိုမှ အားမနာသော သူခိုးသည် မိမိ၏ လက်ပ်တော့ကွန်ပျူတာနှင့် ပိုက် ဆံအိတ်၊ ဇနီးနှင့် အစ်မတို့၏  ဟင်းဖုန်း များကို ယူသွားလေ၏။ ကွန်ပျူတာထဲ ဝယ် အတန်အသင့်အရေးကြီးသော အ ချက်အလက်များပါသွားသည်။
မိမိနေအိမ်သို့ သူခိုးဝင်ခြင်းသည် ခုမှမဟုတ်။ ဒါနှင့်ပါဆို သုံးကြိမ်ရှိပြီ။ လွန်ခဲ့သည့်တစ်နှစ်ခန့် ပထမဆုံးအကြိမ် တုန်းကတော့ နောက်ဖေးတံခါးပျက်စီး နေသည့် အားနည်း ချက်ကို အသုံးချ၍ ဝင်သည်။ အဲသည်တုန်းကလည်း ပါ သွားတာတွေရှိသည်။  တံခါးကို သေ သေချာချာပြင်လိုက်ပြီး လေးငါးလအ ကြာဝယ် နောက်ဖေးပြူ တင်းပေါ က် မှန် ပြားကိုဖြုတ်ရန် ကြိုးစားပြီး  ဒုတိယအ ကြိမ်ဝင်ရန်ကြံစည်ခဲ့သည်။ လူသိသွား သဖြင့် မအောင်မြင်။ ဒုတိယအကြိမ်အ ပြီး ငါးလခန့်ကြာသည်တွင်မူ ယခုကဲ့သို့ အိမ်ေ ရှ့မှတက်ကာ ဝင်ခိုးခြင်းဖြစ်၏။
Related Posts Plugin for WordPress, Blogger...

ShareThis