menu

Wednesday 16 October 2013

ရွှေတိဂုံစေတီတွင် ဓားကိုင်ရမ်းကားမှု ဖြစ်ပွားခဲ့

ရွှေတိဂုံစေတီ မြောက်ဘက်မုခ် ဓာတ်လှေကားစစ်ဆေးရေးဂိတ်တွင် လူတစ်ဦးက ဓားကိုင်ရမ်းကားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကို ရွှေတိဂုံစေတီတော် ရဲကင်းစခန်းမှ ဒု-ရဲအုပ် သန်းကျော်နှင့် အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး မည်သည့်အတွက်ကြောင့် ဓားကိုင်၍ ရမ်းကားခဲ့သည်ကိုမူ မသိရှိသေးပေ။

ဓားကိုင် သောင်းရမ်းကားခဲ့သူမှာ စစ်ကိုင်းတိုင်း မုံရွာမြို့နေ၊ အောင်ချမ်းသာရပ်ကွက်၊ အောင်သုခလမ်း အမှတ်(၆၁) တွင် နေထိုင်သည့် အောင်မင်းအောင်(ခ) မျိုးမြင့် အောင်(၆၃)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည် ပြုထားသည်။

ဖြူးမြို့ ဒုတိယအကြိမ် ခေါင်းဖြတ် တရားခံ(၂)ဦး ဖမ်းဆီးရမိ

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူးကျေးရွာတွင် (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် လူသတ်မှု တရားခံအား ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။

ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြ၀င်း၏ လမ်းညွှန်မှု၊ ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းနှင့် အထူးအမှုစစ်အဖွဲ့၏ စုံစမ်းစစ်ဆေး
ဖော်ထုတ်ချက်အရ (၁၅.၁၀.၂၀၁၃)နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

ဗုံးကွဲမှုနှင့် မပတ်သက်ကြောင်း ကေအန်ယူပြော

မြန်မာနိုင်ငံမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယနဲ့ ထိန်းသိမ်း ခံထားရသူဟာ သူတို့အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ငြင်းဆိုလိုက်ပါတယ်။

ဗုံးဖောက်ခွဲတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူဟာ ကေအန်ယူအဖွဲ့က ဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စဲရေးအပေါ် မကျေနပ်တာကို ပြသဖို့ ကြိုးစားတာ ဖြစ်ကြောင်း ကေအန်ယူအဖွဲ့ အမည်မဖော်လိုသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတာပါ။

ဒီရေးသားထားချက်အပေါ် ကေအန်ယူက ငြင်းဆန်လိုက်ပြီး အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ မကျေနပ်တဲ့သူမရှိကြောင်း၊ ဒါဟာ စွပ်စွဲချက်သာဖြစ်ကြောင်း ကေအန်ယူ အတွင်းရေးမှူး ၁ ပဒို သောသီဘွဲက ပြောပါတယ်။

တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်

Photo: တက္ကသိုလ်များ တောထုတ်ပြီးနောက်ဝယ်
------------------
ရေးသားသူ- နေလင်းထွန်း၊ခိုင်ခိုင်စိုး

စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။

အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များ၊ နိုင်ငံတကာပညာရှင်များ ဆွေးနွေးညှိနှိုင်း အဖြေရှာနေသော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)၏ ပြုပြင်ပြောင်းလဲရေး စီမံချက်များတွင်လည်း လက်ရှိကျောင်းသားများ အဓိကရင်ဆိုင်နေရသည့် တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံးနေသည့် အခက်အခဲအား ဖြေရှင်းရန် နည်းလမ်းဖော်ထုတ်ထားခြင်း မရှိသေးပေ။

စစ်အစိုးရသည် သူတို့အတွက် လုံခြုံရေးရှုထောင့်တစ်ခုတည်းသာကြည့်၍ မြို့ပြင်သို့ တက္ကသိုလ်နှင့်ကောလိပ်များပို့ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နေရာထိုင်ခင်း၊ ခရီးသွားဝန်ဆောင်မှုတို့ကို လျစ်လျူရှုခဲ့ခြင်း၏ အကျိုးဆက်သည် ခေတ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်စေမည့်အချက် ဖြစ်နေသည်။

ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် ပြုပြင်ပြောင်းလဲမှုများ မည်မျှဆောင်ရွက်သည်ဆိုစေ ကျောင်းနေမပျော်သော ကျောင်းသားများအတွက် ထိရောက်သောပညာရေး ဖြစ်လာစေရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။ 

“သင့်တင့်တဲ့ပို့ဆောင်ရေးနဲ့ အခြားဝန်ဆောင်မှုတွေ အားနည်းတာက အဓိကပြဿနာပါပဲ။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာတွေအနေနဲ့ ညံ့ဖျင်းပြီး ရှည်ကြာတဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုကြောင့် အိမ်၊ ဒါမှမဟုတ် ကျောင်းရောက်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်”ဟု စင်ကာပူနှင့် သြစတြေးလျနိုင်ငံတို့တွင် သွားရောက်ပညာသင်ယူခဲ့သည့် မြန်မာသတင်းအချက်အလက် နည်းပညာကုမ္ပဏီ (MIT)၏ အမှုဆောင်အရာရှိချုပ် ဦးထွန်းသူရသက်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ၀န်ကြီးဌာန(၁၂)အောက်၌ တက္ကသိုလ်၊ ကောလိပ်(၁၇၀)နီးပါး တည်ထောင်ထားပြီး အများစုမှာ မြို့ပြနှင့် အလှမ်းဝေးသောနေရာတွင် တည်ဆောက်ထားခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာများအတွက် အချိန်ကုန်၊ လူပန်းဒဏ်ကို ခံစားနေကြရသည်။ တက္ကသိုလ်နှင့် ကောလိပ်များ တောထုတ်ခဲ့ခြင်းမှာ ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် စစ်အစိုးရလက်ထက်တွင် ဖြစ်ပါသည်။ ၁၉၉၆ ကျောင်းသားများ၏ ဆန္ဒပြမှုများအလွန်တွင်မူ မြို့တွင်းရှိ တက္ကသိုလ်အများစုကို ပိတ်ခဲ့ကာ တက္ကသိုလ်များ မြို့ပြင်ပို့သည့်အပြင် ကျောင်းသားများမစုမိစေရန် အဝေးသင်ပညာရေးစနစ်ကို ပိုမိုအားစိုက်တီထွင်ခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် စသည့်မြို့တွင်းတက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း ကျောင်းသားအရေအတွက် လက်ခံမှုကိုမူ အကန့်အသတ်ရှိနေဆဲဖြစ်၏။

“အဆောင်မှာနေတာ ၁၃ ယောက်ရှိတယ်။ တစ်လတစ်သောင်း ပေးရတယ်။ မပျော်ဘူး။ အဆောင်နဲ့ ကျောင်းက ဝေးတယ်။ တုတ်တုတ်နဲ့ သွားရတယ်။ မနှစ်က ကျပ်တစ်ရာပဲ ပေးရတယ်။ ဒီနှစ်က ကျပ်နှစ်ရာပေးရတယ်”ဟု မအူပင်တက္ကသိုလ်မှ အဝေးသင်ပထ၀ီဝင်ဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးကပြောသည်။

တက္ကသိုလ်၊ ကောလိပ်များသည် မြို့ပြနှင့်ဝေးကွာခြင်းကြောင့် ကျောင်းကြို၊ ပို့ယာဉ် မစီးနိုင်သော ကျောင်းသား၊ ကျောင်းသူများ ခရီးစရိတ်ကုန်ကျမှုများခြင်း၊ ကျောင်းသွား၊ ကျောင်းပြန်ချိန် တစ်ရက်လျှင် အနည်းဆုံးသုံးနာရီကြာမြင့်ခြင်း၊ မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိစ္စများတွင် အချိန်မီကုသနိုင်မှုမရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကဆိုသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒဂုံတက္ကသိုလ်ကျောင်းသူတစ်ဦး မြွေကိုက်ခံရမှုမှာ ဆေးရုံကို အချိန်မီအရောက်မသွားနိုင်ခဲ့လို့ သေဆုံးခဲ့ရဖူးပါတယ်။ တက္ကသိုလ်ဆေးပေးခန်းဆိုတာ အမည်ခံသာရှိပြီး ဆေးမရှိ၊ ဆရာဝန်မရှိ၊ သူနာပြုမရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအတွက် အားကိုးလောက်စရာမရှိပါဘူး”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်ကပြောသည်။

ပညာရေးပြုပြင်ပြောင်းလဲရေး စီမံချက်ရေးဆွဲသော တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးကို ဦးစားပေးစဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ထောက်ပြကြသည်။

“ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတော်ရဲ့ တက္ကသိုလ်ဝင်ခွင့်မူဝါဒကို ပြောင်းလဲဖို့လိုသလို လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ပေးရမှာပါ။ ကျောင်းအာဏာပိုင်တွေအနေနဲ့ ကျောင်းသားတွေကို ဆက်ဆံရာမှာ လုံခြုံရေးအမြင်နဲ့ ဆက်ဆံမယ့်အစား နိုင်ငံအတွက် အင်အားဆိုတာကို သဘောထားပြီး ကျောင်းသားတွေရဲ့အမြင်နဲ့ ခံစားမှုကို နားလည်တဲ့ အုပ်ချုပ်ရေးမျိုးလုပ်ရမှာပါ”ဟု ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောသည်။

လက်ရှိ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်၊ ကောလိပ်များတွင် ပုံမှန်ဘွဲ့ကြိုသင်တန်းတက်ရောက်နေသော ကျောင်းသားအရေအတွက်သည် တစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဝေးသင်ပညာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူဦးရေ သုံးသိန်းတစ်သောင်းကျော်ရှိသည်။

အချိန်ပြည့်တက်ရောက်ရသော ဘွဲ့သင်တန်းတက်ရောက်သူဦးရေနှင့် အချိန်ပိုင်းတက်ရောက်ရသော အဝေးသင်တက်ရောက်သူဦးရေ ကွာခြားမှုမြင့်မားနေခြင်း၏ အဓိကအချက်မှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုတို့ကြောင့်ဖြစ်သည်။

“ကျောင်းသွားဖို့ သားကို မနည်းရိုက်နေရတယ်။ ကျောင်းကလည်း ဘာမှပျော်စရာမရှိဘူးလေ။ ကျွန်တော် ဂျပန်မှာတက်တုန်းက တက္ကသိုလ်က မြို့နဲ့ မိုင် ၅၀ ဝေးတယ်။ ဒါပေမဲ့ လူနေစရာ၊ ပန်းခြံ၊ ခရီးသွားဝန်ဆောင်မှုတွေပြီးမှ ကျောင်းဖွင့်တယ်။ အဲဒီတော့ မြို့နဲ့ နီးခြင်း၊ ဝေးခြင်းက ပြဿနာမရှိတော့ဘူး”ဟု နည်းပညာတက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသော ကျောင်းသားဖခင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ တက္ကသိုလ်ပညာရေးစနစ်သည် ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်၏ အုပ်ချုပ်မှုကြောင့် လုံးဝနီးပါးပျက်စီးခဲ့ပြီး တက္ကသိုလ်နယ်မြေတွင် ကျောင်းသား၊ ကျောင်းသူများ နေထိုင်နိုင်မှု မရှိတော့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ်မေလတွင် ဗြိတိန်နိုင်ငံ၌ ကျင်းပသော မြန်မာ့ပညာရေးမူဝါဒဆွေးနွေးပွဲသို့ ပေးပို့သော ဗီဒီယိုမိန့်ခွန်းတွင် ဝေဖန်ထားသည်။

အစိုးရသစ်သည် အဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုများအနေဖြင့် ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးခြင်း၊ တက္ကသိုလ်အချို့အား အဆင့်မြင့်စင်တာများအဖြစ် သတ်မှတ်ခြင်း၊ ပညာသင်နှစ်တိုးမြှင့်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ 

“စာအုပ်ထဲမှာပဲ ပြောင်းနေတာပါ။ တကယ်မပြောင်းဘူး။ ဘတ်ဂျက်တော့ပြောင်းတယ်။ အရင်ကမရဖူးတဲ့ အသုံးစရိတ်ရတယ်။ ပညာရေးက အစကတည်းက ထိန်းချုပ်လို့ရအောင် ခွဲထုတ်ထားတော့ ပြန်စုစည်းဖို့မလွယ်ကူး။ အချိန်ယူရမယ်။ ကျွန်တော့်ကျောင်းမှာကတော့ ကျောင်းသားတွေ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ ဆောင်ပုဒ်ပါပဲ”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ဝင်းကပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်းလက်ထက်၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးနှစ်ဦးအား အပြောင်းအလဲပြုလုပ်ထားသလို ပြည်ထောင်စုဝန်ကြီးအား အပြောင်းအလဲပြုလုပ်ရန် သတင်းများထွက်ပေါ်နေပြီး လက်တွေ့ကျသည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကို ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်စေလျက်ရှိသည်။ 

ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေသော ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း(CESR)၏ အဆင့်မြင့်ပညာရေးအား လေ့လာဆန်းစစ်ခြင်းအပိုင်းတွင် တက္ကသိုလ်ဝင်ခွင့်စနစ်၊ တက္ကသိုလ်သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ၊ အရည်အသွေးအာမခံခြင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ ပညာရပ်ဆိုင်ရာ ပစ္စည်းကိရိယာများလိုအပ်ချက်၊ သုတေသနဆောင်ရွက်နိုင်မှု၊ နည်းပြအရာရှိများ ခန့်ထားမှု၊ အသိအမှတ်ပြုမှု၊ လစာ၊ ရာထူးတိုးမြှင့်ခြင်း၊ ဘွဲ့ရအလုပ်သမားများဆိုင်ရာ အချက်အလက်၊ နိုင်ငံတော်နှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု စသည့်အချက်များကို လေ့လာဆန်းစစ်၍ ထောက်ခံအကြံပြုချက်များ တင်ပြထားသည်ကို တွေ့ရသည်။

သို့သော် အဆင့်မြင့်ပညာရေးတွင် အဓိကအကျုံးဝင်သူများဖြစ်သော ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်နှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေမည့် လိုအပ်ချက်များ လေ့လာဆန်းစစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအ၀ိုင်းက ဝေဖန်လျက်ရှိသည်။

“ကိုယ့်သားသမီးတွေ ကျောင်းသွားတဲ့အခါမှာ ပြုံးပြုံးလေးသွားပြီး ကျောင်းပြန်လာတဲ့အခါမှာ ပြုံးပြုံးလေးပြန်လာတာ တွေ့ချင်မြင်ချင်ကြမယ်လို့ ကျွန်တော် နားလည်၊ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ရှည်ရှည်ဝေးဝေး မျှော်လင့်ရမှာတွေရှိပါတယ်။ လက်တွေ့ကျကျ ကိုယ့်သားသမီး ကျောင်းသွားရဲတာ ပြုံးပြုံးလေးပြန်လာတာ၊ အဲဒီလို အနီးစပ်ဆုံးဖြစ်လာအောင် ပြုပြင်ရမှာတွေ
ရှိနေပါတယ်”ဟု မကြာသေးမီက ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဖြစ်လာသော ဒေါက်တာစန်းလွင်က ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သော ပညာရေးဆွေးနွေးပွဲတွင် တက္ကသိုလ်ပါမောက္ခချုပ်များအားပြောသည်။

တက္ကသိုလ်တွင် ဘွဲ့ရရှိရန် နှစ်နှင့်ချီနေ၍ အခက်အခဲ၊ အကျပ်အတည်းများကြားမှ ဘွဲ့လက်မှတ်ရရှိရေး ကြိုးပမ်းနေရသော ပညာရေးမှသည် တက္ကသိုလ်များ သီးခြားလွတ်လပ်၍ အသက်ဝင်လာပြီး တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ဖြစ်လာစေရေး ဦးတည်သော ပညာရေးသို့ အလျင်အမြန် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။       ။

ဓာတ်ပုံ- နစ်ကီ

ရေးသားသူ- နေလင်းထွန်း၊ခိုင်ခိုင်စိုး

စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများစွာကျရောက်ခဲ့ပြီးနောက် မြန်မာ့ပညာရေးအတွက် အဆိုးဝါးဆုံးများထဲမှတစ်ခုမှာ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ပျောက်ဆုံး၍ လွင်တီးခေါင်ပြင်များတွင် တက္ကသိုလ်အဆောက်အအုံများ ပေါ်ထွန်းလာခြင်းဖြစ်သည်။

ကျောင်းသားလူငယ်များ စုစည်းမိမည်ကို စိုးရိမ်ခြင်းကြောင့် မြို့တွင်းရှိတက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး နေရာထိုင်ခင်း၊ ခရီးသွားလာမှုနှင့် အခြားဝန်ဆောင်မှုများ အသင့်မဖြစ်သေးမီ တက္ကသိုလ်သစ်များကို မြို့ပြင်ထုတ်၍ လွင်တီးခေါင်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း သုံးနှစ်နီးပါးရှိလာချိန်တွင် မြို့တွင်းရှိ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့သော်လည်း မြို့ပြင်ရှိ တက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာအောင် ဆောင်ရွက်မည့် အရိပ်လက္ခဏာများ အခုထိမတွေ့ရသေးပါ။

မန္တလေး ဈေးချိုဗုံးလန့်


Photo: မန္တလေးမြို့ ၂၆လမ်းနှင့် ၂၇လမ်းကြား ၈၄လမ်းတွင်ရှိသော မန္တလေးဈေးချိုရှိ လှထိပ်တင်စတိုးဆိုင်တွင် အောက်တိုဘာလ ၁၆ရက် နံနက်က ဗုံးဟုယူဆရသော မသင်္ကာဖွယ် စက္ကူဘူးတစ်ခုတွေ့ရ၍ ချမ်းအေးသာစံရဲတပ်ဖွဲ့ရုံးမှ လာရောက်စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ) ဆိုင်ဖွင့်ချိန်တွင် မသင်္ကာဖွယ် စက္ကူဖုံးအား တွေ့ရှိ၍ ဈေးစည်ပင်မှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စစ်ဆေးခဲ့ရာ ဗုံးလန့်ခြင်းသာဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့ ၂၆လမ်းနှင့် ၂၇လမ်းကြား ၈၄လမ်းတွင်ရှိသော မန္တလေးဈေးချိုရှိ လှထိပ်တင်စတိုးဆိုင်တွင် အောက်တိုဘာလ ၁၆ရက် နံနက်က ဗုံးဟုယူဆရသော မသင်္ကာဖွယ် စက္ကူဘူးတစ်ခုတွေ့ရ၍ ချမ်းအေးသာစံရဲတပ်ဖွဲ့ရုံးမှ လာရောက်စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊မဇ္ဈိမ) ဆိုင်ဖွင့်ချိန်တွင် မသင်္ကာဖွယ် စက္ကူဖုံးအား တွေ့ရှိ၍ ဈေးစည်ပင်မှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စစ်ဆေးခဲ့ရာ ဗုံးလန့်ခြင်းသာဖြစ်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းခင်က မဇ္ဈိမကို ပြောသည်။
Mizzima-News In Burmese

မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ

အဝေးသင်တက္ကသိုလ် ကျောင်းသား/သူများ စာမေးပွဲဖြေရန်အတွက် ရောက်ရှိနေချိန်တွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးများ အရောင်း သွက်နေ

မုံရွာမြို့ အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရန်ကြရန်အတွက် ရောက်ရှိနေချိန်တွင် မုံရွာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင် များတွင် ပဋိသန္ဓေတားဆေးနှင့် ကွန်ဒုံးတွေ အများဆုံးရောင်းချရမှုမှာ အများဆုံး ဖြစ်ကြောင်း ဆေး အရောင်းဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေးတစ်ဦးမှ သလ္လာဝတီတိုင်းမ်ကိုပြောကြားခဲ့ပါသည်။

condom"ဆိုင်ကို ၀င်လာပြီဆိုရင် ကျောင်းသားက ယောက်ျားလေးရောင်းတဲ့ နေ တဲ့ ကောင်တာကိုလာတယ် နယ်ကလာတာဆိုတော့ ရှက်ကိုး ရှက်ကန်းနဲ့ ကွန်ဒုံးရှိလား မေးတယ်။ တစ်ချို့ ကျောင်းသားကတော့ ရဲတယ် ခပ်တည်တည်ဘဲ ကွန်ဒုံးရှိလာ တစ်ဘူးပေး။ တစ်ချို့ ကျောင်းသားက ပိုလိုဆိုးတယ် အရစ်တွေ ဗြုတ်တွေပါတဲ့ ကွန်ဒုံးရှိလားဆိုပြီး ပေါ်တင်မေးပြီးဝယ်တာတွေ ရှိပါတယ်။

မိမိဟာ မြန်မာ မွတ်စ်လင်မ်တွေရဲ့ ခေါင်းဆောင်မဟုတ်ပါ၊ တစ်သီးပုဂ္ဂလ Peace Maker သာ ဖြစ်ကြောင်း ဖွင့်ဟ ခဲ့တဲ့ ဒိုင်းမွန်း ရွှေကြည်


20-7-2013 ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ကေသရာရာမကျောင်းတိုက်၌ ကျင်းပသော အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တွေ့ဆုံပွဲအပြီးတွင် ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရေး သံတမန် ကွန်ယက် မှ ဒိုင်းမွန်းရွှေကြည်နဲ့ တွေ့ဆုံ မေးမြန်းဖြစ်တာလေးကို တင်ပြပေးသွားပါ့မယ်။

မေး ။ ။ ဒိုင်းမွန်းရွှေကြည်အနေနဲ့ ယနေ့ တွေ့ဆုံပွဲလေး အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ
ဖြေ ။ ။ ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင် ဆရာတော်နဲ့ ကျွန်တော့်ကြားမှာ သိပ်ကို ရင်းနှီး ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိတယ်ဗျာ၊ နောက်ပြီး အခု ပြဿနာတွေက ဆက်တိုက် ဆိုသလို ဖြစ်နေတော့ ဆရာတော်နဲ့ တိုင်ပင်ပြီး ဒီပွဲလေးကို လုပ်ဖြစ်လိုက်တာဗျ၊ ကျွန်တော် ဆရာတော်ကိုလည်း ချစ်ပါတယ်။

ဦးမိုးသီးဇွန် မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်မည်

ကောင်းမြတ်ကျော်
ရန်ကုန် ၊ အောက်တိုဘာ ၁၅။ ။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွင်တရားဝင် ပါတီဝင်အဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ဦးမိုးသီးဇွန် သည် မြန်မာနိုင်ငံ သားအဖြစ် ပြန်လျှောက်ထား ကြောင်း ပါတီတည်ထောင်ခဲ့သူ ဦးမိုးသီးဇွန်က ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြော သည်။

လူ့ဘောင်သစ်ပါတီကို အောက်တိုဘာလအတွင်းက တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ရန် ဆောင်ရွက်နေချိန် တွင် ဦးမိုးသီးဇွန်က ပြောကြား ခဲ့ခြင်းဖြစ်ပြီး ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးပါက အမေရိ ကန်နိုင်ငံသား အဖြစ် ခံယူထား သည်ကို စွန့်လွှတ်ကာပါတီအလုပ် များကို ဆက်လက်လုပ် ကိုင်မည် ဟု လည်း ယင်းက ထပ်မံဖြည့်စွက် ပြောသည်။

ဦးမိုးသီးဇွန်က''ကျွန်တော် အခု မြန်မာနိုင်ငံသားပြန် လျှောက်နေပါပြီ။ ရပြီဆိုရင် အ ချိန်ပြည့်ပါတီဝင်အနေနဲ့ လုပ် နိုင်မယ်။ လောလောဆယ်ပါတီ အကြံပေးအဖြစ် လုပ်နေပါတယ်။ ပါတီမှတ်ပုံတင်ကျပြီဆိုတာနဲ့ အမေရိကန်နိုင်ငံသားကို စွန့်လွှတ် ပြီး ဒီနိုင်ငံသားခံပြီး ပါတီအလုပ် တွေ ဆက်လုပ်မယ်။ ကျွန်တော် ဒီနိုင်ငံမှာမွေးတာ အထောက်အ ထားတွေ အခုထိရှိပါသေးတယ်'' ဟုပြောသည်။

နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခု ကဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို


မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

ကုန်သည်ကြီးများ ဟိုတယ် ဗုံးခွဲသူ ရဲ တပ်ဖွဲ့ဖော်ထုတ်ပြီ

ဗုံး, ဟိုတယ်, ရန်ကုန်, လုံခြုံရေး
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် (Traders) တွင်ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ၀င်များကိုတွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်ဗုံးပေါက်ကွဲမှုနှင့် အလုံမြို့နယ် Western Park 2 စားသောက်ဆိုင်တွင် တွေ့ရှိသည့် မပေါက်ကွဲသေးသော ဗုံးနှင့် ပတ်သက်၍ ဘီးလင်းမြို့နယ်အတွင်း ဖမ်းဆီးရမိထားသူ စောမြင့်လွင်(ခ) မောထ က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ထုတ်ဖော်လိုက်သည်။
“စောမြင့်လွင်က သံသယရှိတဲ့သူ မဟုတ်ဘူး။ စောမြင့်လွင်ကို ကျနော်တို့ ဖမ်းထားပြီးပြီ။ သူပဲ ခွဲတာ”ဟု ရန်ကုန်တိုင်း ရဲမှူးကြီး သိန်းလွင်က ဧရာဝတီ ကိုပြောသည်။
စောမြင့်လွင် အသက် ၂၅ နှစ်၊ အဖေနာမည် ဦးကိုညွန့် သည် ကရင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ကရင်ပြည်နယ် ဘီးလင်းမြို့၌ နေထိုင်သူ ဖြစ်ကြောင်း၊ ၎င်းသည် ၉/ဖပန (နိုင်) ၀၂၂၅၇၆ နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း လည်း ရန်ကုန်တိုင်း ရဲမှူးကြီး က ပြောဆိုသည်။
Western Park 2 စားသောက်ဆိုင်တွင် ထိုင်သွားခဲ့သည့်သူများကို ရဲတပ်ဖွဲ့က သံသယဖြင့် မေးမြန်းခဲ့ ခြင်းသာဖြစ်ပြီး ပေါက် ကွဲ စေတတ်သည့် ပစ္စည်းယူလာသည့် ပိုင်ရှင်သည် စောမြင့်လွင်သာ ဖြစ်ကြောင်း၊ အခြားပေါက်ကွဲမှုများနှင့် ပတ်သက်၍ လည်း ဆက်လက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ စောမြင့်လွင်သည် ယခင်က ကရင်ပြည်နယ် ဖာပွန်ဒေသ၌ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်သား လုပ်ခဲ့ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာ့လေကြောင်း/အာကာသ ကျောင်းသားတို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ


မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ် ဌာနမှ ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့သော DAWN SWAZ အမည်ပေးထားသည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။

လေယာဉ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွဲ့ဝင်တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေးကို အခုလိုရှင်းပြပါတယ်။
"ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီများကို အခြေခံပြီး လက်တွေ့ အသုံးချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပိုင်ဒီဇိုင်းများတွက်ချက် ပြီး လေကြောင်းဆိုင်ရာနည်းပညာများ တိုးမြှင့်ဖော်ဆောင်နိုင်ဖို့ရယ် နောက်ပြီးတော့ အခုတည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြုလုပ်ငန်းများမှာ အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက် နဲ့ ကြိုးစားတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်ကြီး အယောင်ဆောင်တစ်ဦးမှ ဆိုင်ကယ် လိမ်လည်ပြေးမှု မြိတ်မြို့တွင်ဖြစ်ပွား


ဗိုလ်ကြီး အယောင်ဆောင်တစ်ဦးမှ ဆိုင်ကယ် လိမ်လည်ပြေးမှုတစ်ခုကို မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင် အရှေ့) ဆိုင်ကယ် အငှားယာဉ်ဂိတ်၌ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀)နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဆိုင်ကယ်အမျိုးအစား Wave @ 100 အဖြူရောင် (ဗီယက်နမ်)၊ ဆိုင်ကယ်လိုင်စင် ၂၃ယ/------- ဖြင့် အငှားယာဉ် (Taxi) မောင်းနှင်သူ တစ်ဦးဖြစ်သည့် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အေးချမ်း သာယာရပ်နေ ဦး---------- သည် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ ညနေ (၆း၀၀) အချိန်ခန့်တွင် မြိတ်မြို့၊ ကြံတောလမ်းဆုံ (ရွှေနှင်းဆီ စားသောက်ဆိုင်အရှေ့)ရှိ ဆိုင်ကယ်အငှားယာဉ် (Taxi) ဂိတ်၌ ဆိုင်ကယ် ရပ်နားထားစဉ် ကြံတော လမ်းဆင်း တစ်နေရာမှ စစ်တပ်ဝတ် အစိမ်းနက်ရောင် ဘောင်းဘီကို ၀တ်ဆင်ထားပြီး အစိမ်းနက်ရောင် အင်္ကျီကို ပုခုံးတွင် တင်ထားသည့် အမည်မသိသူ တစ်ဦးမှ လှမ်းခေါ်၍ သွားရောက်သည့်အခါ ထိုအမည်မသိသူမှ စစ်တိုင်းထဲသို့ သွားလိုသည်ဟု ပြောကြားသဖြင့် ဆိုင်ကယ်ပိုင်ရှင်မှ မောင်းနှင်ပို့ဆောင်ခဲ့သည်။

သူငယ်တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံး


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ တစ်ဦး အဓမ္မပြုကျင့် ခံရသဖြင့် သေဆုံးသွားသည်ကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်ပွားပုံမှာ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲ၊ ပြင်ဘုငယ်ကျေးရွာ၊ အမက (မော်ဖျား)မှ သူငယ်တန်းကျောင်းသူ မဇာခြည်မိုး၊ အသက် (၅)နှစ် (၈)လ၊ (ဘ) ဦးမောင်ဇော်သည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ ည (၈း၃၀)အချိန်ခန့်တွင် အဖွားဖြစ်သူ ဒေါ်လင်းကြည် တရားပွဲသို့ တရားနာ သွားနေစဉ် အစ်မဖြစ်သူ မမိမြတ်နိုး၊ အသက် (၈)နှစ်နှင့် အတူ နေအိမ်၌ ညအိပ် ကျန်နေခဲ့သည်။ အဖွားဖြစ်သူ တရားပွဲမှ ပြန်လာစဉ် မဇာခြည်မိုး ပျောက်ဆုံးနေ၍ မေးမြန်းရာ မမိမြတ်နိုးက ပြင်ဘုငယ်ရွာ၊ မော်ဖျား ရပ်ကွက်နေ ထက်ဝင်း (ခ) အ၀င်းမှ အိပ်ယာအတွင်းမှ ပွေ့ချီခေါ်ယူ သွားကြောင်းပြောဆို၍ ရွာသူ/သားများနှင့် အတူ လိုက်လံရှာဖွေရာ ည (၁၂း၀၀)နာရီ အချိန်ခန့် နေအိမ်အနီးရှိ ရေချောင်း ကမ်းစပ်၌ မဇာခြည်မိုးသေဆုံးနေသည် ကို တွေ့ရှိခဲ့ရသည်။

ရွာသားပခုံးပေါ်ခွစီးပြီး ရေလွှမ်းမိုးရာဒေသသို့သွားခဲ့သော တရုတ်အရာရှိ အလုပ်ဖြုတ်ခံရ

ရွာသားပခုံးပေါ်ခွစီးပြီး ရေလွှမ်းမိုးရာဒေသသို့သွားခဲ့သော တရုတ်အရာရှိ အလုပ်ဖြုတ်ခံရ

[ ပေကျင်း ၊ အောက်တိုဘာ ၁၅ ၊  Ref- Reuters ]

တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။ 

အဆိုပါဓာတ်ပုံများသည် တိုင်ဖွန်းဖီတို တိုက်ခတ်ပြီးချိန်က Sina Weibo ဝက်ဘ်ဆိုက်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန သတင်းများ အရ သိရသည်။ အဆိုပါအရာရှိသည် တန် ဖိုးကြီးဖိနပ်စီးထားသဖြင့် ရွာသား များပခုံးတွင် ခွစီးလာခြင်းဖြစ် ကြောင်းလည်း သတင်းများအရ သိရသည်။ 

၎င်းသည် Sanqishi မြို့နယ် အနီးရှိ ဆောက်လုပ်ရေးရုံးခန်း ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ထို အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဒေသဆိုင်ရာအစိုးရအဖွဲ့က ၎င်း ကို ရာထူးမှရပ်နားလိုက်သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။ ထိုအရာရှိ၏တန်ဖိုးကြီး ဖိနပ်ကိုချွတ်ပြီး ခြေဗလာဖြင့် လမ်း လျှောက်ခိုင်းသည်ထက် ရွာသား များပခုံးထက်တွင် ခွစီးလျှင် ပို ကောင်းမည်ဟု ရွာသားများကို တိုက်တွန်းခဲ့ကြောင်းလည်း သိရ သည်။ တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် လာဘ်ပေး လာဘ်ယူမှုများကို တရားဝင်ဖြို ခွင်းလျက်ရှိသော ပါတီတစ်ခုဖြစ် ရာ အင်တာနက်သည် တရုတ်နိုင်ငံ သားများ၏ ပြဿနာများအများ ဆုံးသိရှိနိုင်ကြောင်း သိရသည်။

[ ပေကျင်း ၊ အောက်တိုဘာ ၁၅ ၊ Ref- Reuters ]

တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။

အဆိုပါဓာတ်ပုံများသည် တိုင်ဖွန်းဖီတို တိုက်ခတ်ပြီးချိန်က Sina Weibo ဝက်ဘ်ဆိုက်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန သတင်းများ အရ သိရသည်။ အဆိုပါအရာရှိသည် တန် ဖိုးကြီးဖိနပ်စီးထားသဖြင့် ရွာသား များပခုံးတွင် ခွစီးလာခြင်းဖြစ် ကြောင်းလည်း သတင်းများအရ သိရသည်။

Sony ရဲ့  နောက်ဆုံးထွက် စမတ်နာရီ ဖြန့်ချိ

Sony ရဲ့  နောက်ဆုံးထွက် စမတ်နာရီ ဖြန့်ချိ 


Sony ရဲ့  ဒုတိယမြောက်မျိုးဆက် စမတ်နာရီ ဖြစ်တဲ့ Smart Watch 2 ကို စတင်ဖြန့်ချိ ရောင်းချလိုက်ပါပြီ။ အမေရိကန်မှာပါ။ အွန်လိုင်းစတိုးကနေ တိုက်ရိုက်ဝယ်ယူ ရရှိ နိုင်ပါတယ်။ 

ပထမ တစ်လုံးထပ် ထူခြားသွားချက်က အများကြီးပါ။ ၁.၆ လက်မအရွယ် 220x176 pixel resolution ရှိပြီး ဖုန်၊သဲ မဝင်၊ ရေစိုခံ ( Water resistant) နာရီ ဖြစ်ပါတယ်။ Sony ထုတ် စမတ်ဖုန်းများနဲ့ Tablet, Phablet တို့အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားခြင်းပါ။ အခြား Android Device များနဲ့လည်း တွဲဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Android 4.0 အထပ် Android Version device များနဲ့တွဲသုံးရင် NFC support လုပ်ပေးပြီး Gmail, Facebook, Twitter တို့က Builtin ပါပြီးသားပါ။ အားအပြည့်သွင်းထားရင် ၄ ရက် လောက် အသုံးခံ ပါတယ်။ ဈေးနှုန်းက ၁၉၉.၅၅ အမေရိကန်ဒေါ်လာ ဖြစ် ပါတယ်။ မြန်မာငွေ ၂ သိန်းလောက် ပေါက်ဈေးရှိ ပါလိမ့် မယ်။ 

Sony Smartwatch 2 အပြင် ၆.၄ လက်မ မအရွယ်ရှိ Xperia Z Ultra Phablet နဲ့ Smartphone Xperia Z1 တို့ကိုပါ တစ်ပြိုင်နက်တည်း ဈေးကွက် စတင်ရောင်းချခြင်း ဖြစ်ပါတယ်။ Sony ရဲ့  Smartwatch အသစ်နဲ့ စမတ်ဖုန်း အသစ် ၂ မျိုးကို ၎င်းတို့ Official online store မှာ ဝင်ရောက် လေ့လာကြည့်ရှု နိုင်ပါတယ်။
.
https://store.sony.com/

အောင်ခမ်း ( TSJ Team )

.

Sony ရဲ့  ဒုတိယမြောက်မျိုးဆက် စမတ်နာရီ ဖြစ်တဲ့ Smart Watch 2 ကို စတင်ဖြန့်ချိ ရောင်းချလိုက်ပါပြီ။ အမေရိကန်မှာပါ။ အွန်လိုင်းစတိုးကနေ တိုက်ရိုက်ဝယ်ယူ ရရှိ နိုင်ပါတယ်။
ပထမ တစ်လုံးထပ် ထူခြားသွားချက်က အများကြီးပါ။ ၁.၆ လက်မအရွယ် 220x176 pixel resolution ရှိပြီး ဖုန်၊သဲ မဝင်၊ ရေစိုခံ ( Water resistant) နာရီ ဖြစ်ပါတယ်။ Sony ထုတ် စမတ်ဖုန်းများနဲ့ Tablet, Phablet တို့အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားခြင်းပါ။ အခြား Android Device များနဲ့လည်း တွဲဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Android 4.0 အထပ် Android Version device များနဲ့တွဲသုံးရင် NFC support လုပ်ပေးပြီး Gmail, Facebook, Twitter တို့က Builtin ပါပြီးသားပါ။ အားအပြည့်သွင်းထားရင် ၄ ရက် လောက် အသုံးခံ ပါတယ်။ ဈေးနှုန်းက ၁၉၉.၅၅ အမေရိကန်ဒေါ်လာ ဖြစ် ပါတယ်။ မြန်မာငွေ ၂ သိန်းလောက် ပေါက်ဈေးရှိ ပါလိမ့် မယ်။

အမေရိကန် ကြည်းတပ်ဖွဲ့ဝင်များ အတွက် Iron Man ကဲ့သို့သော သံချပ်ကာ ဝတ်စုံ ထုတ်လုပ်ရန် စီစဉ်လျက်ရှိ


လန်ဒန်  အောက်တိုဘာ  ၁၁
အမေရိကန် ကြည်းတပ်ဖွဲ့သည် Iron Man ပုံစံဝတ်စုံ ထုတ်လုပ်မှုတွင် အကူညီပေးရန် နည်းပညာ စက်မှုလုပ်ငန်းများ၊ အစိုးရ သုတေသန လက်တွေ့ စမ်းသပ်ခန်းများနှင့် တက္ကသိုလ် အသိုက် အဝန်း များအား တိုက်တွန်းလျက် ရှိကြောင်း အောက်တိုဘာ ၁၁ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
လူ၏ ခန္ဓာကိုယ်အား ထောက်ပံ့မှုနှင့် ကာကွယ်မှုများ ပေးအပ်နိုင်သော Exo-skeleton စနစ် များသည် စမ်းသပ်ထားသော အလေးချိန် ပမာဏထက် တပ်ဖွဲ့ဝင်များ အနေဖြင့် ပိုမိုသယ် ဆောင်နိုင် မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ နည်းဗျူဟာမြောက် ပေါ့ပါးသော တိုက်ခိုက်ရေး ဝတ်စုံ (Talos)သည် ခန္ဓာကိုယ်ပုံစံ အတိုင်းရှိမည် ဖြစ်သော်လည်း အာရုံခံ ကိရိယာများ တပ်ဆင် ထားသော ခေတ်မီပစ္စည်း ကိရိယာများ ပါဝင်သည့်   အလွှာများလည်း ပါရှိမည်ဟု သိရသည်။

ရန်ကုန်မြို့၌ ဗုံးခွဲသူဟု သံသယ ရှိသူများ ဖမ်းမိပြီ


နေပြည်တော်   အောက်တိုဘာ   ၁၅
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ပျက်ပြား စေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီး အချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြသည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့် ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတည်ငြိမ် အေးချမ်းမှုကို ထိခိုက် ပျက်ပြားစေရန် ဦးတည် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိ ရသည်။
အောက်တိုဘာ ၁၃ ရက် နံနက် ဝဝ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေး ကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည် နားနေဆောင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ မြို့နယ် အခွန်လွတ် ဈေးခြံစည်းရိုး အနီး ပေါက်ကွဲခဲ့သည့် ဖြစ်စဉ်၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံ အောက်၌ ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုပ်ထားသည့် မိုင်းတွေ့သည့် ဖြစ်စဉ်နှင့် ည ၁၁ နာရီ မိနစ် ၂ဝ ခန့်တွင်  ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများ ဟိုတယ် အခန်းအမှတ် ၉၂၁ ၌ ပေါက်ကွဲမှု ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံသား နှစ်ဦးနှင့် နိုင်ငံခြားသူ တစ်ဦးတို့ ဒဏ်ရာ ရရှိခဲ့ပြီး ယင်းဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ)မောထ ဆိုသူအား ဖြစ်စဉ်ဖြစ်ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရသည်။

မိုးစက်ဝိုင် ရှရှားနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် ထွက်ခွါ

 


Miss Universe 2013 ၀င်ရောက်ယှဉ်ပြိုင်မည့် Miss Universe Myanmar 2013 ကို ဆွတ်ခူးခဲ့သော မိုးစက်ဝိုင်အား အောက်တိုဘာလ ၁၆ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ
ိပ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) Miss Universe 2013 ပြိုင်ပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ပြုလုပ်ကျင်းပမည် ဖြစ်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Mizzima-News In Burmese

အဆိုတော် စန္ဒီ ၁၅၀၀ ကွယ်လွန်....




အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။စန္ဒီရဲ့မိခင်က´´
သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွား
ုပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို
သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမ
ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။

ရန်ကုန်ဆီးဂိမ်းပွဲများကို ရဲမှူးကြီးခြောက်ဦးက ကြီးကြပ်ကွပ်ကဲကာ လုံခြုံရေးအပြည့်ယူသွားမည်

[ ညီသစ်လူ ၊ ရန်ကုန် ၊ အောက်တိုဘာ ၁၄ ]

ရန်ကုန်မြို့၌ ကျင်းပမည့် အား ကစားနည်းခြောက်မျိုးနှင့် ဘော လုံးပြိုင်ပွဲအုပ်စုပွဲစဉ်များ လုံခြုံ ရေးအတွက် ရဲမှူးကြီးခြောက်ဦး မှဦးစီးကာ ကြီးကြပ်ကွပ်ကဲမည် ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြော ကြားလိုက်သည်။အားကစားနည်းခြောက် မျိုးနှင့် ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ် များအတွက် ရန်ကုန်တိုင်းဒေသ ကြီးမှ ရဲမှူးကြီးဇော်ခင်အောင်၊ ရဲမှူးကြီးမြင့်အေး၊ ရဲမှူးကြီးကျော် ဆွေ၊ ရဲမှူးကြီးသိန်းအောင်၊ ရဲ မှူးကြီးဝင်းညို၊ ရဲမှူးကြီးသက် လွင်တို့ကို တာဝန်ပေးထားသည်။

ယင်းအပြင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့် ဆွေက ''အကြမ်းဖက်သူတွေ အနေနဲ့ဆီးဂိမ်းပြိုင်ပွဲကို ဆုံးရှုံး အောင်၊ နှောင့်နှေးအောင်ဆောင် ရွက်နေပါတယ်။ ဒီလိုမျိုးဖြစ် အောင် ဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းတွေ အများကြီးပါ။ ရန်ကုန် မြို့လယ်ကောင်က ကုန်သည် ကြီးများဟိုတယ်ဗုံးပေါက်ကွဲတဲ့ တရားခံကို ၂၄ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး စစ်ဆေးရာမှ ဝန်ခံပြီးသွားပြီ''ဟု ၎င်းက ပြော သည်။

ပြည်တွင်း လေကြောင်းလိုင်းများကို စိန်ခေါ်မယ့် နိုင်ငံခြား ကုမ္ပဏီများ


မြန်မာနိုင်ငံတွင် စီးပွားရေး ပွင့်လင်းလာသည့် အချိန်၌ လေကြောင်းပို့ ဆောင်ရေး ဈေးကွက်သို့ နိုင်ငံခြား ကုမ္ပဏီများကလည်း လာရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေသည့် အတွက် ပြည်တွင်းလေကြောင်းလိုင်းများ အနေဖြင့် အနေဖြင့် လာမည့်နှစ်များအတွင်းတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကမ္ဘောဇဘဏ် ဥက္ကဌ ဦးအောင်ကိုဝင်း ရှယ်ယာ အများစု ပိုင်ဆိုင်ပြီး အစိုးရက ရှယ်ယာ အနည်းငယ် ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် ပြည်တွင်းတွင် ပြေးဆွဲသည့် မြန်မာ့ လေကြောင်း အပါအ၀င် ပြည်တွင်းလေကြောင်းလိုင်း ၆ ခု ရှိသည်။
ပြည်တွင်း လေကြောင်းလိုင်းများသည် စစ်အစိုးရ လက်ထက်ကတည်းက အခွင့်အရေး ရခဲ့သော အဆက်အသွယ် ကောင်းသည့် လုပ်ငန်းရှင် အချို့၏ လက်ထဲမှာသာ ရှိနေသည်။
ဦးအောင်ကိုဝင်းသည် Air KBZ ကိုလည်းပိုင်ဆိုင်ပြီး Golden Myanmar Airline ကို ပိုင်ဆိုင်သူမှာ KMA Group မှ ဦးခင်မောင်အေး ဖြစ်သည်။ Yangon Air သည် အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းဝင် “၀” လက်နက်ကိုင်တပ်ဖွဲ့ (UWSA) နှင့် ဆက်သွယ်မှု ရှိနေသည်။

"မြန်မာနိုင်ငံစစ်ပွဲအပေါ် ကားလ်မာ့က်စ်၏ သုံးသပ်ချက်"

Photo: "မြန်မာနိုင်ငံစစ်ပွဲအပေါ် ကားလ်မာ့က်စ်၏ သုံးသပ်ချက်"

အရင်းရှင်စံနစ်၏ အမြင့်ဆုံးအဆင့်သည် နယ်ချဲ့စံနစ်ပင်ဖြစ်သည်။ အရင်းရှင်စံနစ်၏ အထင်ရှားဆုံးလက္ခဏာဖြစ်သည့် စက်မှုလုပ်ငန်းများ အလွန်အမင်းတိုးတက်လာခြင်းနှင့် ကုန်ထုတ်လုပ်မှုများ အဆမတန်တိုးတက်လာခြင်းကိုဖြေရှင်းရန် နောက်ဆုံးနည်းလမ်းမှာ နယ်ချဲ့ခြင်းပင်ဖြစ်တော့သည်။ မိမိတို့ နယ်ချဲ့သိမ်းပိုက်ထားသော နယ်မြေများသို့ မိမိတို့၏ထုတ်ကုန်များကို မိမိတစ်ဦးတည်း လက်ဝါးကြီးအုပ်ရောင်းချနိုင်သလို ထိုနယ်မြေမှ သယံဇာတများကိုလည်း မိမိတစ်ဦးတည်းပင် ဈေးချောင်ချောင်ဖြင့်ပြန်ရနိုင်သည့် အခွင့်အလမ်းသည် နယ်ချဲ့သူတို့မလွဲမသွေရရှိနိုင်သည့် အကျိုးအမြတ်များဖြစ်လေ၏။ သမိုင်းကိုပြည်လည်ငဲ့စောင်းကြည့်ပါက ထိုအဖြစ်များကို ရှင်းရှင်းကြီးမြင်နိုင်ပါသည်။ မိမိတို့နိုင်ငံသည်ပင် နယ်ချဲ့တို့လက်အောက်သို့ နှစ်ပေါင်းရာကျော်ရောက်ခဲ့ရသေးသည်။

ယနေ့ခေတ်တွင်မူ လွန်ခဲ့သော ရာစုများကကဲ့သို့ ပြောင်ပြောင်တင်းတင်းနယ်ချဲ့ခြင်းများမရှိတော့သော်ငြား အလားတူဖြစ်ရပ်များ ဖြစ်ပွားလျှက်ပင်ရှိနေသေး၏။ တရားဝင်နယ်ချဲ့ခြင်းမဟုတ်သဖြင့်လည်း နယ်ချဲ့သူများအနေဖြင့် ပို၍တာဝန်ကင်း၏။ မိမိနယ်ချဲ့ထားသော နယ်မြေအတွက် တရားဝင်တာဝန်ယူရန်မလို။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ ထုတ်သလောက်ရောင်းပြီး ရသလောက်ယူရန်သာရှိလေ၏။ လက်ဝါးကြီးအုပ်ခံလိုက်ရသော နိုင်ငံ၏အဖြစ်မှာမူ တိတ်တိတ်ပုန်း မယားငယ်တစ်ဦးထက်ပင်လျှင် ဆိုးရွားလှပါသည်။

အရင်းရှင်များကို တစ္ဆေခြောက်သလို ခြောက်လှန့်ခဲ့သည့် ကွန်မြူနစ်စနစ်ကို စတင်ခဲ့သူတစ်ဦးဖြစ်သည့် ကားလ်မာ့က်စ်သည် အရင်းရှင်စနစ်ကို မျက်ခြေမပြတ်စောင့်ကြည့်ကာ သူ၏ ဒိုင်ယာလက်တစ်နည်းဖြင့် အစဉ်ပင်သုံးသပ်လေ့လာခဲ့သည်။ သူ့ခေတ်က

နယ်ချဲ့စနစ်ကို အထူးဆောင်ရွက်နေသည်မှာ ထိုစဉ်ကသူအခြေချနေထိုင်ရာ နိုင်ငံဖြစ်သည့် ဗြိတိန်ပင်ဖြစ်တော့သည်။ ဗြိတိသျှတို့သည် အန္ဒိယကို ကိုလိုနီပြုပြီးနောက် မြန်မာနိုင်ငံကိုပါ အကြောင်းအမျိုးမျိုးရှာ အပြစ်အမျိုးမျိုးပြောကာ စစ်ပွဲ သုံးပွဲဖြင့်သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်လိုသော ဗြိတိသျှအရင်းရှင်ကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံကိုသိမ်းပိုက်နယ်ချဲ့ရန် အိန္ဒိယဘုရင်ခံအား မကြာမကြာတိုက်တွန်းပြောကြားခဲ့မှုများကြောင့်လည်းဖြစ်၏။

ထို့ကြောင့် အရင်းရှင်စနစ်ကိုလေ့လာလျှက်ရှိသော မာ့က်စ်သည် ဗြိတိန်တွင်နေထိုင်လျှက် ဗြိတိန်အစိုးရ၏ အပြုအမူများကို မျက်စေ့ဒေါက်ထောက် လေ့လာခဲ့၏။

သူနှင့် ဖရက်ဒရစ် အိန်ဂျယ်တို့ ပူးတွဲရေးသားခဲ့သော ကွန်မြူနစ်ပါတီကြေညာစာတမ်းကို ၁၈၄၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လန်ဒန်တွင် စာအုပ်ငယ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သလို အရင်းရှင်စနစ်၏ အပြောင်းအလဲများကိုလည်း ယခင်ကထက်ပိုမိုစောင့်ကြည့်ရမည့် မာ့က်စ်အတွက် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့ခြင်းသည် အကောင်းဆုံးလေ့လာစရာတစ်ခုဖြစ်ခဲ့ပုံရ၏။

ယခုဆက်လက်ဖော်ပြမည်တို့မှာ အင်္ဂလိပ်တို့မြန်မာနိုင်ငံကို ရန်စကျူးကျော်နယ်ချဲ့ခြင်းနှင့်ပတ်သက်၍ ၁၈၅၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က ပုံနှိပ်ထုတ်ဝေခဲ့သော နယူးယောက် ဒေးလီး ထြီဗျုးန် သတင်းစာ အမှတ်စဉ်-၃၈၃၃ တွင်ရေးသားခဲ့သည့် ကားလ်မာ့က်စ်၏
"မြန်မာနိုင်ငံစစ်ပွဲ၊ ရုရှားပုစ္ဆာ၊ ထူးဆန်းသော သံတမန်အပြန်အလှန်စာလွှာများ(War in Burma.The Russian Question. Curious Diplomatic Correspondence.)" ဟူသည့် ဆောင်းပါးမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကောက်နှုတ်ချက်များပင်ဖြစ်ပါသည်။ ထိုစဉ်ကမြန်မာသံတမန်များ အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး အင်္ဂလိပ်တို့နှင့် ဆွေးနွေးခြင်းသတင်းကို အခြေခံ၍ ရေးသားထားခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကားလ်မာ့က်စ်၏ ရေးသားခြင်းမှာ ဤတစ်ခုသာရှိမည်ဟုယူဆရပါသည်။

မည်သည့် အီလက်ထရွန်းနစ်သတင်းအချက်အလက်နည်းပညာမျှ မပေါ်ပေါက်သေးသည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀ က သုတေသီပညာရှင်တစ်ဦး၏ လေ့လာသုံးသပ်ချက်ကိုဖတ်ရှုလေ့လာကြပါကုန်။ ယခုဆောင်းပါးတွင် မာ့က်စ်၏ ဆင်ခြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းကိုပါတွေ့မြင်နိုင်ပါကြောင်း။
                              
                                        * * *
မြန်မာနိုင်ငံစစ်ပွဲ
လန်ဒန်၊ သောကြာနေ့၊ ဇူလိုင် ၁၅၊ ၁၈၅၃။

မြန်မာသံတမန်များသည် ဗိုလ်ချုပ်ကြီးဂေါ်ဒွင်ကမ်းလှမ်းသော နှစ်နိုင်ငံသဘောတူညီချက်စာချုပ်ကို ပယ်ချလိုက်ကြောင်း အိန္ဒိယမှ နောက်ဆုံးရောက်ရှိလာသည့် စာများအရသိရသည်။ ဗိုလ်ချုပ်ကြီးက သူတို့ကို အကြောင်းပြန်ရန် ၂၄ နာရီမျှမကစဉ်းစားခွင့်ပေးခဲ့သော်လည်း ၁၀ နာရီမျှအချိန်အတောအတွင်းတွင်ပင် မြန်မာတို့ပြန်သွားကြပြီဖြစ်၏။  မဆုံးနိုင်သေးသော မြန်မာနိုင်ငံစစ်ပွဲ တတိယအကြိမ် မလွဲဧကန်ဖြစ်ပွားတော့မည်ကိုမြင်နေရပြီ။

အရှေ့တိုင်းတွင် ဗြိတိသျှတို့ ကျူးကျော်တိုက်ခိုက်ခဲ့မှုများအနက် မြန်မာနိုင်ငံကိုကျူးကျော်မှုလောက် အကျိုးအကြောင်းခိုင်လုံမှုအခြေခံကင်းမဲ့သောစစ်ပွဲမျိုးမရှိခဲ့။ ဗြိတိသျှပိုင်နယ်မြေများကို မြန်မာတို့က အနောက်မြောက်ဖက်မှဝင်ရောက်နိုင်သည်ဟု ဆိုနိုင်သော်ငြား ယင်းဖက်မှကျူးကျော်တိုက်ခိုက်လာနိုင်သည့် အန္တရာယ်မှာဖြစ်နိုင်ဖွယ်မရှိ။ဘင်္ဂလားနှင့် မြန်မာနိုင်ငံသည် တောင်တန်းကြီးများခြားနားနေပြီး ယင်းတို့ကိုမည်သည့်စစ်တပ်ကမျှ ကျော်လွှားချီတက် ၀င်ရောက်လာနိုင်မည်မဟုတ်။ အိန္ဒိယအစိုးရသည်လည်းမြန်မာနိုင်ငံကိုတိုက်ခိုက်လိုက ပင်လယ်လမ်းမှသာလျှင်မလွဲမသွေဝင်ရမည်။ မြန်မာတို့ကရေကြောင်းမှကျူးကျော်ဝင်ရောက်လာနိုင်သည်ဟူသည့်ပြောစကားများသည် ရယ်ဖွယ်ရာဖြစ်သကဲ့သို့၊ မြန်မာကမ်းခြေစောင့်တပ်များကဗြိတိသျှစစ်သင်္ဘောများကိုတိုက်ခိုက်ရန်ကြံစည်နေသည်ဟုဆိုခြင်းမှာလည်း မဖြစ်နိုင်သောအဆိုပင်ဖြစ်သည်။ ပဲခူးနယ်တစ်ဝိုက်ကို အမေရိကန်ယန်းကီးများက သိမ်းပိုက်ရန်ဆန္ဒပြင်းပြနေသည်ဟူသည့် ဟန်ပြလေလုံးများမှာလည်း မည်သည့်အထောက်အထားမျှမရှိ။

ထို့ကြောင့်ပင်လျှင် အကြောင်းမရှိအကြောင်းရှာနေကြသောအင်္ဂလိပ်မင်းမျိုးစိုးနွယ်များအား အင်္ဂလိပ်စာရေးဆရာတစ်ဦးပြောသလို "အရှေ့တိုင်းမှာ သူတို့အတွက် ပုံမှန်အလုပ်လုပ်စရာရုံးတစ်ခု ဒါမှမဟုတ် ဟမ်ပတန်နန်းတော်တစ်ခုလုပ်ပေးဖို့သာရှိတော့တာပဲ"ဟုပြောရန်သာရှိတော့သည်(ဟမ်ပတန်နန်းတော်ဆိုသည်မှာ လန်ဒန်မြို့ သိမ်းစ်မြစ်အနီးရှိနန်းတော်တစ်ခုဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအထိ အင်္ဂလိပ်ဘုရင်တို့စံမြန်းရာဖြစ်ခဲ့ကာ၊ မာ့က်စ်တို့ခေတ်တွင်မူ တော်ဝင်အကျဉ်းသားတို့အတွက် အိမ်ရာဖြစ်လေ၏)။

၁၈၂၄မှ ၁၈၂၆ အထိဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် လော့ဒ် အမ်းဟာ့စ်တ်၏ စိတ်ကူးယဉ်ဆန်လှသော စီမံခန့်ခွဲမှုအောက်တွင်ဖြစ်ပွားခဲ့ကာ စစ်ပွဲဖြစ်ပွားခဲ့သည့် ၂နှစ်ကျော်ကာလကလေးဝယ် အိန္ဒိယအစိုးရသည် အကြွေး စတာလင်ပေါင် ၁၃သန်း တိုးလာခဲ့၏။ အရှေ့တိုင်းဒေသများဖြစ်ကြသည့် စင်ကာပူ၊ ပီနန်နှင့် မလက်ကာတို့တွင်အခြေစိုက်ထားသည့်ရုံးဌာနများကိုနှစ်စဉ်ထောက်ပံ့ရသည့်ငွေမှာလည်း စစ်တပ်များအတွက်မပါသေးလျှင်သော်မှ ထိုဒေသများမှရရှိသည့်ဝင်ငွေထက်ပင် နှစ်စဉ် စတာလင်ပေါင်တစ်သိန်းပိုမိုကုန်ကျနေသည်။ ၁၈၂၆ ခုနှစ်က သိမ်းပိုက်ခဲ့သော မြန်မာ့ပိုင်နက်များအတွက်ကုန်ကျစရိတ်မှာ ထို့ထက်ပင်မကချေ။ ပဲခူးအတွက်ကုန်ကျစရိတ်မှာလည်း မတန်တဆများလျှက်ရှိသည်။

ယခုသော် အင်္ဂလိပ်တို့သည် ရုရှားကိုတိုက်ခိုက်နေခြင်းမျိုးကဲ့သို့သော ဥရောပတွင်အထူးလိုအပ်နေသည့်စစ်ပွဲများကို နောက်တွန့်လာခဲ့ပြီးနောက် အာရှရှိ အဆင်အခြင်ကင်းမဲ့သော စစ်ပွဲများဆီသို့ တစ်နှစ်ပြီးတစ်နှစ် အဘယ်ကြောင့် ကျွမ်းထိုးမှောက်ခုံကျလာနေရလေသနည်း။

ဥရောပစစ်ပွဲများကြောင့် နိုင်ငံတော်မှတင်ရှိနေသော အကြွေးများကို တုန်လှုပ်လာသော ဗြိတိသျှတို့သည် အာရှစစ်ပွဲတို့၏ ကုန်ကျစရိတ်များကို ဟိန္ဒူတို့ပခုံးပေါ်သို့ပစ်ချနေချေပြီ။ သို့သော် ယခုအခြေအနေတွင် ဘင်္ဂလားမှ ရစရာရှိသည့်ဘိန်းခွန်များလည်းမရသည့်ကြားကပင် မြန်မာနှင့်တိုက်ရမည့်စစ်စရိတ်ကလည်းထောင်းဦးမည်ဆိုပါက အိန္ဒိယနိုင်ငံဝယ် ဘဏ္ဍာရေးအကျပ်အတည်းဆိုက်လိမ့်မည်ဖြစ်ပြီး ယင်းအချက်ကပင်လျှင် အိန္ဒိယအင်ပါယာအား အင်္ဂလန်လွှတ်တော်မှ ပြုပြင်ပြောင်းလဲရေးသမားများ၏ စာတမ်းများ၊ မိန့်ခွန်းများထက်မကစွာပင် ကမ်းကုန်အောင်ပြုပြင်ပြောင်းလဲရန် အကြောင်းတရားဖြစ်လာချေလိမ့်မည်။

ဟက်ကာ
ref: "War in Burma. The Russian Question. Curious Diplomatic Correspondence." by Karl Marx

အရင်းရှင်စံနစ်၏ အမြင့်ဆုံးအဆင့်သည် နယ်ချဲ့စံနစ်ပင်ဖြစ်သည်။ အရင်းရှင်စံနစ်၏ အထင်ရှားဆုံးလက္ခဏာဖြစ်သည့် စက်မှုလုပ်ငန်းများ အလွန်အမင်းတိုးတက်လာခြင်းနှင့် ကုန်ထုတ်လုပ်မှုများ အဆမတန်တိုးတက်လာခြင်းကိုဖြေရှင်းရန် နောက်ဆုံးနည်းလမ်းမှာ နယ်ချဲ့ခြင်းပင်ဖြစ်တော့သည်။ မိမိတို့ နယ်ချဲ့သိမ်းပိုက်ထားသော နယ်မြေများသို့ မိမိတို့၏ထုတ်ကုန်များကို မိမိတစ်ဦးတည်း လက်ဝါးကြီးအုပ်ရောင်းချနိုင်သလို ထိုနယ်မြေမှ သယံဇာတများကိုလည်း မိမိတစ်ဦးတည်းပင် ဈေးချောင်ချောင်ဖြင့်ပြန်ရနိုင်သည့် အခွင့်အလမ်းသည် နယ်ချဲ့သူတို့မလွဲမသွေရရှိနိုင်သည့် အကျိုးအမြတ်များဖြစ်လေ၏။ သမိုင်းကိုပြည်လည်ငဲ့စောင်းကြည့်ပါက ထိုအဖြစ်များကို ရှင်းရှင်းကြီးမြင်နိုင်ပါသည်။ မိမိတို့နိုင်ငံသည်ပင် နယ်ချဲ့တို့လက်အောက်သို့ နှစ်ပေါင်းရာကျော်ရောက်ခဲ့ရသေးသည်။

ယနေ့ခေတ်တွင်မူ လွန်ခဲ့သော ရာစုများကကဲ့သို့ ပြောင်ပြောင်တင်းတင်းနယ်ချဲ့ခြင်းများမရှိတော့သော်ငြား အလားတူဖြစ်ရပ်များ ဖြစ်ပွားလျှက်ပင်ရှိနေသေး၏။ တရားဝင်နယ်ချဲ့ခြင်းမဟုတ်သဖြင့်လည်း နယ်ချဲ့သူများအနေဖြင့် ပို၍တာဝန်ကင်း၏။ မိမိနယ်ချဲ့ထားသော နယ်မြေအတွက် တရားဝင်တာဝန်ယူရန်မလို။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ ထုတ်သလောက်ရောင်းပြီး ရသလောက်ယူရန်သာရှိလေ၏။ လက်ဝါးကြီးအုပ်ခံလိုက်ရသော နိုင်ငံ၏အဖြစ်မှာမူ တိတ်တိတ်ပုန်း မယားငယ်တစ်ဦးထက်ပင်လျှင် ဆိုးရွားလှပါသည်။

ဗုံးပေါက်ကွဲမှုတွေအပေါ် သူတို့ ဒီလိုမြင်ကြတယ်


ဖနိဒါ၊ နန်းလွင်နှင်းပွင့်၊ ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၈ မိနစ်

အောက်တိုဘာ ၉ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ရန်ကုန်မြို့အပါအ၀င် အခြားနယ်မြို့များဖြစ်သည့် မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းမြို့များတွင်ပါ ဗုံးတွေ့ရှိမှုနှင့် ပေါက်ကွဲမှုပေါင်း ကိုးကြိမ်ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ၊ ကလေး ငယ်များအပါအ၀င် နိုင်ငံခြားသူတစ်ဦးပါ ဒဏ်ရာရှိသွားခဲ့ကြသည်။
ရက်ဆက်ဆိုသကဲ့သို့ ဗုံးပေါက်မှုများ ဖြစ်ပေါ်လာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လွှတ်တော်အမတ်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အာဏာပိုင် အဖွဲ့အစည်းများ၏ အမြင်များကို မဇ္ဈိမသတင်းထောက်များက စုစည်း တင်ပြပေးထားခြင်းဖြစ်သည်။

ဒေါက်တာတင်ရွှေ (ဟိုတယ်၊ ခရီး ဒု-၀န်ကြီး)

တပ်မတော်စစ်အစိုးရ လက်ထက်တုန်းကလည်း ဒီလိုပဲ တပ်မတော်ကနေ ဖောက်တာပါ။ တပ်မတော်ကနေ ဖောက်တာပါလို့ ပြောကြတယ်။ ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး။ အထင်မလွဲပါနဲ့။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား

Photo: ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်က မွန်ပြည်နယ်၊ ဘီးလင်း-နက်ကြီး-ဖာပွန် ကားလမ်းတွင် မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက ပြောကြားခဲ့သည်။

ကျူးလွန်သည်ဟု သံသယရှိသူ၏ အမည်မှာ စောမြင့်လွင် (၂၇ နှစ်) ဖာပွန်မြို့နယ်တွင် နေထိုင်နေသည်ဟု ၎င်း၏နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ဖော်ပြချက်အရ သိရသည်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက "အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီခွဲမှာ ကျွန်တော့်ဆီကို သတင်းတပ်ဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ပေးပို့ပြီးတော့ ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေပေးဖို့ ဆက်သွယ်လာပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ မွန်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေတဲ့ အခါမှာတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူက ရန်ကုန်ကနေ မွန်ပြည်နယ်ကို ကားနဲ့လာတယ်။ ပြီးတော့ ဘီးလင်းမြို့ကနေ ဖာပွန်ကို ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ အချိန်မှာပဲ ဖမ်းဆီးရမိ ခဲ့ပါတယ်။ သူ့ကိုချက်ချင်းပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ် အခန်းမှတ် ၉၂၁ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှ သံသယရှိသူ စောမြင့်လွင် ဆိုသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၀ ရက် ပဲခူးမြို့ ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်းဆိုသူဖြစ်ပြီး ၎င်းအားဖမ်းဆီး ရမိရေး ကြိုးစားနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျူံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်တွင် တွေ့ရှိသည့် ဗုံးနှင့်ပတ်သက်၍ မသင်္ကာဖွယ် နှစ်ဦးကို ခေါ်ယူစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးထံမှ သိရသည်။

အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား လက်ပစ်ဗုံးတစ်လုံးနှင့် အေအေဓာတ်ခဲ ခြောက်လုံး၊ စားပွဲတင်နာရီ တွဲလျက်ပါရှိသည့် အိတ်အမည်း တစ်လုံးအား ရွှေဘဲစားသောက်ဆိုင်သို့ လာရောက်စားသုံးသူ နှစ်ဦးမှ ကျန်ရစ်ခဲ့သည်ကို ဆိုင်ဝန်ထမ်းမှ လိုက်လံပေးဆောင်ရာ ၎င်းတို့ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုထွက်သွားခဲ့သူ နှစ်ဦးကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ခြေရာခံလိုက်ကာ ယင်းနေ့ ညနေပိုင်း၌ တောင်သမန်အင်းတွင် တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

"ဆိုင်ဝန်ထမ်းက လိုက်လာပြီး ပြန်ပေးတာကို လက်မခံတော့ ၁၆ လမ်း၊ ၈၀ နှင့် ၈၁ လမ်းကြားမှာ သွားထားတယ်။ နောက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာပါ။ သူတို့အိတ် မဟုတ်ကြောင်း ငြင်းနေပေမယ့် စီစီတီဗွီမှာ သူတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းဆိုတာ တွေ့ရတယ်။ ဆိုင်အပေါ်ထပ်မှာတော့ စီစီတီဗွီ ကင်မရာ တပ်ဆင်မထားပါဘူး။ သူတို့ ထိုင်သွားတာက  အပေါ်ထပ်က ခုံနံပါတ် ၁၄ မှာပါ။  ပစ္စည်းထုပ်က အဲဒီခုံအောက်က တွေ့တာပါ" ဟု  ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ခေါ်ယူစစ်ဆေးလျက်ရှိသူ နှစ်ဦးမှာ အောင်အောင်(ခ)မိုဟာမက်ဆာလီနှင့် ချင်ဆုယဉ် အသက် (၃၈ နှစ်)၊ တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသူ ခံယူထားသော အမျိုးသမီးဖြစ်ပြီး နှစ်ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသော ဗုံးများနှင့် လူစည်ကားရာ နေရာများတွင် ဗုံးဟုသံသယရှိသည့် ပစ္စည်းများကို ဆက်တိုက်ရှာဖွေ စစ်ဆေးမှုများ တွေ့ရှိနေရကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၀၀း၃၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိ ခဲ့သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် ပစ်ထားသော သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမည်းရောင်ကြွပ်ကြွ့ပ်အိတ်ဖြင့် ထည့်ထားသည့် အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်၌ နေထိုင်သည့် ထက်အောင်နိုင် (၁၄) နှစ်နှင့် ၀င်းမင်းထွေး (၁၄) နှစ် တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဟာဘိဝင်းအတွင်း WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိ ခဲ့ရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ အချိန်တွင်လည်း ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ "အခု အချိန်မှာတော့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မပေါက်သေးဘဲနဲ့ ဗုံးတွေ့ရှိခဲ့တဲ့ နေရာတွေကို စနစ်တကျ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့ သံသယရှိသူ သုံးဦးကို စစ်ဆေးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "အခု မကြာခင်မှာ တရားခံတွေကို ဖော်ထုတ်နိုင်တော့မှာပါ။ အခုချိန်မှာ စစ်ဆေးချက်အရ တရားခံတွေက အုပ်စုဖွဲ့ လုပ်တယ်လို့ တွေ့ရှိရတယ်။ ပြီးတော့ သူတို့ အ၀င်အထွက် ပြုလုပ်ခဲ့တဲ့ ကားလမ်းကြောင်းတွေနဲ့ အခြားအချက်အလက်တွေကို စစ်ဆေးရရှိ ပါပြီ" ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်ရှိ အခန်းတစ်ခန်းအတွင်း ဗုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ်ကို လတ်တလော စစ်ဆေးချက်အရ ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန်နိုင်ငံသူမှာ ချိန်ကိုက်ဗုံး ထည့်ထားသည့်အိတ်ကို ဖွင့်ဖောက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ "ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ဖြစ်နေတာထက် လုံခြုံရေး သတိရှိဖို့ လိုအပ်ပါတယ်။ အထုပ်မြင်တိုင်း မဆွဲဖို့ သံသယ ရှိတယ်လို့ မြင်ခဲ့ရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားရမယ်။ တောင်ငူမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှု၊ သာကေတမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ကုန်သည်ကြီးများ ဟိုတယ်မှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေက ချိန်ကိုက်ဗုံးတွေ ထည့်ထားတဲ့အိတ်ကို ဖွင့်ကြည့်ပြီးတော့ သွားထိခဲ့လို့ ပေါက်ကွဲခဲ့တာပါ။ ဒါ့ကြောင့် သက်ဆိုင်ရာကို ဦးစွာဆက်သွယ် သင့်ပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်သူမှာ လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကုသခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက်တွေ့ရှိ နေမှုကြောင့် ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး သံသယရှိသည့် ပစ္စည်းများကိုလည်း စိုးရိမ်စိတ်များဖြင့် ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ ရဲစခန်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆယ်သွယ်အကြောင်းကြားမှု အများအပြား ရှိနေသည့်အပြင် သတင်းအရ မသင်္ကာသည့် ပစ္စည်းများကိုလည်း သွားရောက်စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

၂၀၀၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သော ထင်ရှားသည့် ဗုံးပေါက်ကွဲမှု/ဗုံးလန့်မှု ဖြစ်စဉ်အချို့

၂၀၀၅ ခုနှစ် မေ ၇ ရက် - မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရန်ကုန်ကုန်သွယ်မှု ဗဟိုဌာန၊ မရမ်းကုန်းမြို့နယ်ရှိ Junction 8 ဈေးဝယ်စင်တာ၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာတို့တွင် အချိန်ငါးမိနစ်စီခြား၍ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့။ ဗုံးပေါက်ကွဲမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၆၂ ဦး ဒဏ်ရာရရှိခဲ့။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် KNU၊ ရွက်ဆစ်ဦးစီးသော SSA၊ KNPP နှင့်  ပြည်ပြေးစိန်ဝင်း ဦးဆောင်သော NCGUB တို့၏  လက်ချက်ဖြစ်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြခဲ့။

၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၁  ရက် - ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် ဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ  ၈ ရက် - စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်းဖာလုံဈေးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၃၀ ရက် - ဖြူးမြို့ စည်ပင်သာယာ ဈေးအတွင်း ဆိုင်ခန်းတစ်ခန်း၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ် ထားရှိသွားသည်ကို တွေ့ရ၍ ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး စောင့်ကြပ်ကြည့်ရှုစဉ် ပေါက်ကွဲမှု ဖြစ်ပွား။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် - ရန်ကုန်-မန္တလေး ရထားလမ်း၊ ကွင်းချောင်းတံတား ရထားသံလမ်းပေါ်တွင် မိုင်းနှစ်လုံးတွေ့ရှိ၊ ထိုနေ့မှာပင် ပေါက်ကွဲစေရန် အသင့်ချိန်ရွယ်ထားသည့်
၃ ဒသမ ၅ ရော့ကက်လောင်ချာသီး တစ်လုံးနှင့် အချိန်ကိုက်ထားသော စားပွဲတင်နာရီနှင့် ပူးတွဲချည်နှောင်ထားသည့် ဗုံးသီးတစ်လုံးအား သိမ်းဆည်းရမိ။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် - ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်း၌ မန္တလေး-ရန်ကုန် ရထားလမ်း မိုင်တိုင်အမှတ် ၁၇၆/၂၁၊ ရထားသံလမ်းအောက်တွင် တီအင်န်တီယမ်း ခုနစ်ပေါင်၊ ယမ်းပျော့မှုန့် တစ်ပေါင်၊ ရိုးရိုးယမ်း တစ်ပေါင်၊ ဒစ်တိုနေတာ ၁၂ ခု၊ ဓာတ်ခဲအလုံး ၂၀ တို့အား သိမ်းဆည်းရမိ။

၂၀၀၆ ခုနှစ် ဧပြီ ၂၀ ရက် - ရန်ကုန်မြို့ နေရာခြောက်ခုတွင် အသေးစား ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။

၂၀၁၀  ပြည့်နှစ် ဧပြီ ၁၅ ရက် - မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့။ ရှစ်ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဖြစ်စဉ်တွင် ကိုဖြိုးဝေအောင်အား တရားခံဟုဆိုကာ သေဒဏ်ချမှတ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကင်ဆာရောဂါဖြင့် ကွယ်လွန်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကိုဖြိုးဝေအောင်တွင် အပြစ်မရှိကြောင်း ၎င်း၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောကြားခဲ့။

၂၀၁၁ ခုနှစ် ဧပြီ ၉ ရက် - ပုဇွန်တောင်ဈေးအနီး ရွှေမြန်မာ ထီဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ စက္ကူပုံးတစ်ခု တွေ့ရှိခဲ့ပြီး ရှင်းလင်းခဲ့ရ။

၂၀၁၁ ခုနှစ် မေ ၁၈ ရက် - ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်ရထားတွဲ အမှတ် (၃) နေပြည်တော် ရွှေမြို့ဘူတာ အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဇွန် ၃ ရက် - ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အာလာဒင် Recreation Centre တွင် မိုင်းဗုံးဟု သံသယဖြစ်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာက စစ်ဆေးခဲ့။

၂၀၁၁ ခုနှစ် ဇွန် ၁၁ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေး အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲပြီး လူသုံးဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ငုဝါလမ်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့။

၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - မန္တလေးမြို့ ချမ်းအေးသာစည်မြို့နယ် ဈေးချိုတော် ၈၄ လမ်း၊ ၂၇ လမ်း ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာရှေ့နှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီး၌ ဗုံးပေါက်ကွဲခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိ။ အဆိုပါ နေ့၌ပင် မန္တလေး ဈေးချိုဟိုတယ်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ်သုံးနာရီခန့် အကြာတွင် ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ သာသနာ့ဟိတအသင်း ဓမ္မသာလာ အနီးရှိ အမှိုက်ပုံး၌ ဆေးဖြင့်ဗုံးဟု ရေးသားထားမှုကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ အမှိုက်ပုံးအတွင်း ဗုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့ရ။ ထို့နေ့မှာပင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃) အကွက် အမှတ် (၄) ရှိ လူမနေသော အိမ်တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့။

၂၀၁၁  ခုနှစ် အောက်တိုဘာ ၂၅ ရက်- ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာ လမ်းမကြီး တစ်နေရာ၌ အဌားယာဉ် တစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်- ရန်ကုန်မြို့တော် ခန်းမရှေ့ ခြံဝန်းအတွင်း ယာဉ်များရပ်ထားသည့် နေရာ၌ ပြည်ပနိုင်ငံလုပ် M 75 လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီးခဲ့။  

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် - ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် နာနတ်တော လမ်းပေါ်ရှိ အဆောက်အအုံ တစ်ခု၏ ရှေ့ဓာတ်တိုင် အုတ်ခုံပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်ပစ္စည်း တွေ့ရှိသောကြောင့်  သွားရောက်စစ်ဆေးခဲ့ရ။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက် - မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ဇေတ၀န် ဘုရားဝန်းအတွင်း မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်- ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝင်းနှင့် တစ်ဆက်တည်းရှိနေသော ပန်းခြံငယ်အတွင်း ဖွင့်ထားသည့် အများသုံး သန့်စင်ခန်း၌ ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့။ ထိုဖြစ်စဉ် မတိုင်မီက မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ စိုင်းတင်မင်းကို(ခ) သက်လင်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ မိုင်းနှင့်ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့။

၂၀၁၁ ခုနှစ်အတွင်း - ကချင်ပြည်နယ်၌ အစိုးရနှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုများကို အကြောင်းပြုပြီး မိုင်းခွဲဖျက်ဆီးခံရမှုများ စုစုပေါင်း အကြိမ် (၁၀၀) ကျော် ရှိခဲ့။

၂၀၁၃ အောက်တိုဘာ  ၉ ရက် - ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးစာတိုက်ရှေ့ရှိ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၁ ရက် - တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်းတစ်ဦး အပါအ၀င် နှစ်ဦးသေဆုံးခဲ့။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်- ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့၊ ဗုံးပေါက်ကွဲရာ နေရာအနီးတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးတစ်လုံး ရှာတွေ့။ ထိုနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေးရှိ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရရှိခဲ့။ ထိုနေရာ၌ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ယမ်းတုံးနှင့် ချိန်ကိုက်နာရီတစ်လုံး၊ ၀ါယာကြိုးများ တွေ့ရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၄ ရက် - မန္တလေးမြို့ရှိ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရ။ ထိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင်အတွင်း ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့။ ထိုနေ့ ညပိုင်းမှာပင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ကိုးထပ်ရှိ အခန်းနံပါတ် ၉၂၁ တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၅  ရက် - စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံဟိုတယ် စားသောက်ခန်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့။ နာရီပိုင်းအကြာတွင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် အ၀င်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့။ ထိုနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း ဖမ်းဆီရမိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်။ တောင်ငူမြို့တွင် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို အမည်သိရှိရပြီး ဖမ်းဆီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေဟုဆို။

အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်က မွန်ပြည်နယ်၊ ဘီးလင်း-နက်ကြီး-ဖာပွန် ကားလမ်းတွင် မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက ပြောကြားခဲ့သည်။

မောင်တော နယ်စပ်အတွင်း ၀င်ရောက်လာသော လက်နက်ကိုင်အဖွဲ့များထံမှ လက်နက်များ ဖမ်းဆီးရမိ

မောင်တောနယ်စပ် တစ်နေရာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမည်မဲ့ လက်နက်ကိုင်အဖွဲ့များ မောင်တောနယ်စပ်အတွင်း ၀င်ရောက်နေမှုများ ရှိလာပြီး ဓားပြတိုက်မှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်းနှင့် မောင်တောနယ်စပ်တွင်း ၀င်ရောက်လာသော အမည်မသိ လက်နက်ကိုင်အဖွဲ့များမှ လက်နက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်အဖွဲ့များမှာ လှေများဖြင့် ၀င်ရောက်လာခြင်းဖြစ်ပြီး သတင်းအရစောင့်ဆိုင်းစဉ် လုံခြုံရေးအဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်၊ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် လုံထိန်းရဲတပ်ဖွဲ့များ ကင်းလှည့်နေစဉ် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွန်းနှင့် ခြံပြင်ကျေးရွာချောင်းမှ တစ်ဆင့် လှေဖြင့် ၀င်ရောက်လာသူများအား တွေ့ရှိသဖြင့် ရပ်တန့်ရန် ပြောရာ မရပ်တန့်၍ သေနတ်မိုးပေါ်ထောင်ပစ်ခတ်ရာ ယင်းလက်နက်ကိုင် ငါးအဖွဲ့မှာ ထွက်ပြေးသွားခဲ့ကြောင်း တရားခံအား ဖမ်းဆီးရမိမှုမရှိသော်လည်း လက်လုပ်သေနတ် အတိုတစ်လက်၊ အရှည်တစ်လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ

မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ အခင်းဖြစ်ပွားရာ စားသောက်ဆိုင်

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။

ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး (၂) ၏ စွဲချက်ပုဒ်မကို ကျူးလွန်သူ ၂၃ ဦးထဲမှအချို့က မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တိုင်းတရားလွှတ်တော်ရုံးမှ အောက်တိုဘာ ၁၅ ရက်က ကြားနာဖို့အတွက် ယင်းအမှုတွဲကို တောင်းခံခဲ့ကြောင်း၊ ထို့ပြင် စွဲချက်အမိန့်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းသည့် ၁၆ ဦးဘက်မှ ရှေ့နေများနှင့် တိုင်းဥပဒေ အရာရှိတို့က နှစ်ဖက်လျှောက်လဲများကို ကြားနာအမိန့်ချပြီးမှ မြောက်ပိုင်းခရိုင်ရုံးတွင် ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး စေတ်ီပွဲတော်ကာလ မရောက်မီ ဘုရား ပရိဝုဏ်အတွင်း မိုင်းရှာဖွေမှုများပြုလုပ်ပြီး လုံခြုံရေးတစ်ရာကျော်ဖြင့် အချိန်ပြည့်စောင့်ကြည့်မည်

Photo: ကျိုက်ထီးရိုး စေတ်ီပွဲတော်ကာလ မရောက်မီ ဘုရား ပရိဝုဏ်အတွင်း မိုင်းရှာဖွေမှုများပြုလုပ်ပြီး လုံခြုံရေးတစ်ရာကျော်ဖြင့် အချိန်ပြည့်စောင့်ကြည့်မည်

လာမည့် ကျိုက်ထီးရိုး စေတီတော်ပွဲတော်ကာလမရောက်မီ ဘုရားပရ၀ုဏ်အတွင်း မိုင်းရှာဖွေမှုများနှင့် လုံခြုံရေးအင်အား တစ်ရာကျော်တို့ဖြင့် အချိန်ပြည့် စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေမှုကြောင့် ဘုရားပွဲတော်ကာလတွင် ဘုရားဖူးလာ ပြည်သူများ စိုးရိမ်စိတ်များ မရှိစရန်အတွက် လုံခြုံရေးအပိုင်းကို ယခင်ကထက် ပိုမို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ "ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်ပြီး လုပ်နေပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးပွဲတော် ကာလအတွင်းမှာလည်း အချိန်ပြည့် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်သွားမယ်။ မသင်္ကာတဲ့ သူတွေတွေ့ရင် စစ်ဆေးမယ်။ ပွဲတော်ကာလ မတိုင်ခင်မှာလည်း ဘုရားပရ၀ုဏ်တစ်ခုလုံးမှာ မိုင်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်။ ဒါ့အပြင် ပွဲတော်ကာလမှာ အရပ်ဝတ်နဲ့ရော ယူနီဖောင်းနဲ့ပါ လုံခြုံရေးအင်အား တစ်ရာကျော်နဲ့ ဆောင်ရွက်သွားပါမယ်" ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ရက် နံနက် ပိုင်းတွင် ပြောကြားခဲ့သည်။  

ထို့အပြင် လုံခြုံရေးဆောင်ရွက်မှုကို မြို့နယ် ရပ်ကွက်အသီးသီး၌ ကော်မတီများ ဖွဲ့စည်းထားပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ကျိုက်ထီးရိုးစေတီတော်၌ လာမည့် သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားအနေကဇာတင်ခြင်း အခမ်းအနား၊ ဆွမ်းကပ်ပွဲနှင့် ဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သူ  ဦးနုဝင်းက အောက်တိုဘာ ၁၅ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယမန်နှစ်က ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမြော်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ယမန်နှစ်က ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမြော်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
လာမည့် ကျိုက်ထီးရိုး စေတီတော်ပွဲတော်ကာလမရောက်မီ ဘုရားပရ၀ုဏ်အတွင်း မိုင်းရှာဖွေမှုများနှင့် လုံခြုံရေးအင်အား တစ်ရာကျော်တို့ဖြင့် အချိန်ပြည့် စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေမှုကြောင့် ဘုရားပွဲတော်ကာလတွင် ဘုရားဖူးလာ ပြည်သူများ စိုးရိမ်စိတ်များ မရှိစရန်အတွက် လုံခြုံရေးအပိုင်းကို ယခင်ကထက် ပိုမို တိုးမြှင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုများနှင့်ပတ်သက်၍ "ကျွန်တော်တို့ ပြည်နယ်တစ်ခုလုံးမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်ပြီး လုပ်နေပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုးပွဲတော် ကာလအတွင်းမှာလည်း အချိန်ပြည့် CCTV ကင်မရာများမှတစ်ဆင့် စောင့်ကြည့်သွားမယ်။

ဇလွန်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

Photo: ဇလွန်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

ဇလွန်မြို့ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောင်းသား/သူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးမှာ ဇလွန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမုန့်ဈေးတန်းမှ ရောင်းချသော ခေါက်ဆွဲသုတ်၊ ကြာဆံသုပ်နှင့် ရေခဲထုပ်များကို စားသုံးကြပြီးနောက် ညနေပိုင်း စာမေးပွဲမဖြေခင် အချိန်တွင် ကျောင်းသား၊ သူ ၃၂ ဦး မူးဝေအော့အန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယသလုလင် လူနာတင်ယာဉ် ကူညီရေး အသင်းပါ ရောက်ရှိကူညီခဲ့ကြကြောင်း၊ သုံးဦးကို ဆေးရုံပို့ခဲ့ရပြီး ကျန် ၂၉ ဦးအား ကျောင်းသို့ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများ လာရောက်ကုသ ပေးခဲ့ကာ လက်ရှိတွင် အားလုံး၏ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတက်ရသည့် သုံးဦးနှင့် နောက်ထပ်ငါးဦး စုစုပေါင်း ရှစ်ဦးသာ စာမေးပွဲ မဖြေလိုက်ရဘဲ ကျန်ကျောင်းသား/သူအားလုံး စာမေးပွဲ ဖြေဆိုခဲ့ရကြောင်း၊ စာမေးပွဲ မဖြေဆိုဖြစ်ခဲ့သူများကို ပြန်လည်ဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း အ.ထ.က (ဇလွန်) ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

ဇလွန်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ဗိုလ်ထက်က "အသုပ်နဲ့ ရေခဲချောင်းကို တွဲစားတဲ့သူရော၊ တစ်ခုချင်း စားတဲ့သူတွေပါ မူးဝေ၊ အော့အန်၊ ဗိုက်အောင့်တာတွေဖြစ်တာ တွေ့ရပါတယ်။ ၀မ်းလျှောတာတော့ မရှိပါဘူး။ သုံးဦးက သွေးပေါင်ကျပြီး အော့အန်တာ များတဲ့အတွက် ဆေးရုံတက်ခိုင်း ခဲ့တာပါ။ ဒီသုံးဦးကို ၂၄ နာရီ စောင့်ကြည့်သွားမှာပါ။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ ကျောင်းကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ အားလုံး စိုးရိမ်စရာ မရှိပါဘူး။ အစာအဆိပ် သင့်တယ်လို့ပဲ ယူဆပါတယ်" ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဖြေကြားခဲ့သည်။

ဇလွန်ဆေးရုံတွင် အစာအဆိပ် သင့်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသော ကျောင်းသားတစ်ဦးအား တွေ့ရစဉ်
ဇလွန်ဆေးရုံတွင် အစာအဆိပ် သင့်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသော ကျောင်းသားတစ်ဦးအား တွေ့ရစဉ်
ဇလွန်မြို့ အက်တန်းကျောင်းတွင် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောင်းသား/သူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးမှာ ဇလွန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမုန့်ဈေးတန်းမှ ရောင်းချသော ခေါက်ဆွဲသုတ်၊ ကြာဆံသုပ်နှင့် ရေခဲထုပ်များကို စားသုံးကြပြီးနောက် ညနေပိုင်း စာမေးပွဲမဖြေခင် အချိန်တွင် ကျောင်းသား၊ သူ ၃၂ ဦး မူးဝေအော့အန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယသလုလင် လူနာတင်ယာဉ် ကူညီရေး အသင်းပါ ရောက်ရှိကူညီခဲ့ကြကြောင်း၊ သုံးဦးကို ဆေးရုံပို့ခဲ့ရပြီး ကျန် ၂၉ ဦးအား ကျောင်းသို့ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများ လာရောက်ကုသ ပေးခဲ့ကာ လက်ရှိတွင် အားလုံး၏

ပျူမြို့ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရန် ICOMOS စတင်စစ်ဆေး

သရေခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားသောပျူခေတ်ယဉ်ကျေးမှုအမွေအနှစ်များ ဓာတ်ပုံ - ဇော်မင်းထိုက်
ပျူမြို့ဟောင်းများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ရှေးဟောင်းမြို့သုံးမြို့ ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်ပြထားရာ ယူနက်စကိုလက်အောက်ရှိ ICOMOS မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ICOMOS မှ လာရောက်စစ်ဆေးသူများသည် ပျူမြို့ဟောင်း သုံးမြို့ကို လှည့်လည်စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၂ ရက် က ပြည်မြို့၌ကျင်းပသော ပျူမြို့ ဟောင်းများ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေး လှုံ့ဆော်ခြင်းအခမ်းအနားသို့ တက်ရောက်သည့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားသည်။

သံတွဲပဋိပက္ခတွင် ဖမ်းဆီးမှုများမှာ စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်အရဟုဆို


ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၁ မိနစ်

စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးမှုများမှာ သံသယရှိသူများနှင့် စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်များအရ ဖမ်းဆီးခြင်းဖြစ်ပြီး ထပ်မံ ဖမ်းဆီးမှုများလည်းရှိ နိုင်သည်ဟု သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အောက်တိုဘာ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ သံတွဲတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အောက်တိုဘာ ၁၃ ရက်အထိ ဖမ်းဆီးထားသူဦးရေ ၇၈ဦး ရှိပြီးဖြစ်ကြောင်းကိုလည်း အစိုးရက အောက်တိုဘာ ၁၄ရက် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားပြီး ယင်းတို့ အနက် အချို့မှာ စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်များအရ ထပ်မံ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ဦးထွန်းဝေက ဆိုသည်။

ဦးထွန်းဝေက “ထပ်ဖမ်းတဲ့အထဲက အချို့က စစ်ဆေးခံရသူတွေရဲ့ ထွက်ဆိုချက်အရ ထပ်ဖမ်းတာဖြစ်တယ်၊ သံသယရှိတဲ့သူတွေကို ထပ်ဖမ်းတာဖြစ်တယ်၊ ထပ်မံဖမ်းဆီးဖို့လဲ ရှိပါသေးတယ်၊ အပြစ်မရှိတဲ့ သူကို ပြန်လွှတ်ပေး မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

တရားမ၀င် ၀င်ရောက်မှု တားဆီးရေးပါဝင်သည့် ရခိုင်တိုင်းရင်းသားတို့၏ တင်ပြချက်ကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ သူရဦးရွှေမန်း တောင်းဆို


မင်းမင်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၈ မိနစ်

ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် တရားမ၀င် ၀င်ရောက်မှု တားဆီးရေး အပါအ၀င် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အစိုးရက အမြန်ဆောင်ရွက်ပေးရန် သူရဦးရွှေမန်းက သမ္မတထံသို့ အောက်တိုဘာ ၁၅ ရက်က သ၀ဏ်လွှာ ပေးပို့လိုက်သည်။

“စောလျင်စွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမှုလျော့ပါးကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုများရှိလာနိုင်မည်” ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေ မသင်္ကာသူခြောက်ဦးအား ဖမ်းဆီးထား


  မင်းမင်း၊ နန်းလွင်နှင်းပွင့်၊ အောင်ကိုဦး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၈ မိနစ်

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တောင်ငူတို့တွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် မသင်္ကာသူ ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သက်ဆိုင်ရာ ရဲတပ်မှူးရုံးများက စုံစမ်းသိ ရှိရသည်။
ရန်ကုန်မြို့တွင် အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်များက စော်ဘွားကြီးကုန်း၊ သာကေတ၊အလုံမြို့နယ်ရှိ Western Park 2 နှင့် ကုန်သည်ကြီးများဟိုတယ်တို့တွင် ပေါက်ကွဲမှုများနှင့်စပ်လျဉ်း၍ သံသယရှိ သူတစ်ဦးအား မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်တလင်း ကားလမ်းပေါ်တွင် အောက်တိုဘာ လ ၁၅ ရက် နံနက် ၆ နာရီက ဖမ်းဆီးခဲ့သည်။

  “ကျွန်တော်တို့လည်း ဘီလင်းမြို့ရဲ့အပြင်ဘက် နတ်ကြီးသွားတဲ့လမ်းမှာ ကျွန်တော်တို့ ထွက်စောင့်တာပေါ့။ စောင့်နေတုန်း သူက ဆိုင်ကယ်နဲ့လာတာကို တွေ့လိုက်ပါတယ်။ အဲ့မှာ သူက ကျော်သွားတော့ ကျွန်တော်တို့က လိုက်တာပေါ့။ လိုက်တော့ သိပ်မကြာလိုက်ပါဘူး။ ဓာတ်တိုင်တစ်တိုင်လောက်မှာပဲ မိတာပေါ့”ဟု ဘီးလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲအုပ်ပန်းဦးက မဇ္ဈိမကို ပြောသည်။

ဗုံးအယောင်ဆောင် ခြောက်လှန့်ခြင်းအချို့လည်းဖြစ်ပေါ်နေ

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ စစ်ကိုင်းမြို့များတွင်ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများဆက် တိုက်ဖြစ်ပွားခဲ့သည့်အတွက် ဗုံး ကောလာဟလများ ပျံ့နှံ့ပြည်သူ လူထုမှစိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်၊ ညနေ (၄) နာရီတွင် ဘုန်းကြီး လမ်း၊ စံပြမှတ်တိုင်အနီးတွင် Taxi တစ်စီးပေါ်၌ ဗုံးတွေ့ရှိကြောင်း ကောလာဟလထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က ““ဒီလုပ်ရပ်တွေ ဟာ ပြည်သူကို စိတ်ဓာတ်ရေးရာ ပျက်ပြားအောင် လုပ်တယ်လို့ပဲ သုံးသပ်တယ်။ ဒီလိုမလုပ်သင့် ဘူး။ ကျွန်တော်တို့လုံခြုံရေးကို နေ့၊ည ပုံမှန်ထက်တိုးမြှင့်ဆောင် ရွက်နေပါတယ်။ ပြည်သူတွေကို အသိပညာပေးချင်တာကတော့ နာရီကြိုးစ၊ ဓာတ်ခဲကိုတွေ့ရင် မကိုင်ပါနဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကို အကြောင်းကြားပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ပြီး ရှင်းလင်းပါလိမ့် မယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး တော့ နေ့စဉ်သတင်းစာတွေမှာ ထုတ်လွှင့်ပေးနေပါတယ်”” ဟု ပြောသည်။

ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲတွင်သုံးမည့်ဓာတ်ပုံများ တရုတ်ပညာရှင်များလက်မခံ၍ ပြန်လည်ရိုက်ကူးနေရ

ဆီးဂိမ်းဖွင့်ပွဲပိတ်ပွဲတွင်သုံးမည့်ဓာတ်ပုံများ တရုတ်ပညာရှင်များလက်မခံ၍ ပြန်လည်ရိုက်ကူးနေရ

[ ညီသစ်လူ ၊ ရန်ကုန် ၊ အောက်တိုဘာ ၁၄ ]

ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ ပိတ်ပွဲအခမ်း အနားများတွင်အသုံးပြုမည့် နောက်ခံဓာတ်ပုံများ တရုတ်ပညာ ရှင်များက လက်မခံသည့်အတွက် အသစ်ပြန်လည်ရိုက်ကူးနေကြောင်း သိရသည်။

အဆိုပါဓာတ်ပုံများကို ဖွင့် ပွဲ ပိတ်ပွဲအခမ်းအနားတွင်ပါဝင် မည့်အစီအစဉ်များဖြစ်သည့် စောင်း တော်သင်္ဂါဆိုင်းမင်္ဂလာ၊ အမျိုး သားအမွေအနှစ်မဟာပုဂံ၊ ပွဲဦး အလင်္ကာ၊ မြေဝိုင်းအက ပိတ်ပွဲ အခမ်းအနားအတွက် ရောင်စုံပန်း များ၏ မြစ်ကြေးမုံ၊ ကျောင်းသူ ကလေးများ၏ အေရိုးဗစ်အက၊ ပြန်ဆုံမယ် ညီညွတ်ခြင်းမှရှေ့သို့ ချီ၊ ဆင်ရတနာ၊ မြန်မာ့ဆိုင်းဝိုင်း၊ အနာဂတ်၏ကမ္ဘာမြေ စသည့်အ စီအစဉ်များတွင် ယင်းတို့နှင့်လိုက် ဖက်သည့်ဓာတ်ပုံများကို နောက်ခံ (LED Screen)ပေါ်တွင် ပြသ မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဖွင့်ပွဲ ပိတ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအေးမြင့်ကြူက ''လက်ရှိမြန်မာ နိုင်ငံ ဓာတ်ပုံအသင်းကတောင်းခံ ထားတဲ့ဓာတ်ပုံတွေက (Resolution)မကိုက်ညီတဲ့အတွက် တရုတ် ကပညာရှင်တွေက လက်မခံ ဘူး။ ဒါကြောင့် ဝန်ကြီးဌာနက ကင်မရာအသစ်တွေဝယ်ယူပြီး အသစ်ထပ်မံရိုက်ကူးနေပါတယ်'' ဟု ၎င်းကပြောသည်။

ထို့အပြင် ဆီးဂိမ်းဖွင့်ပွဲအ ခမ်းအနားကို ဒီဇင်ဘာ ၁ဝရက် ည ၆နာရီခွဲဝန်းကျင်တွင် လူ အင်အားရှစ်ထောင်အသုံးပြု၍ တင်ဆက်မည်ဖြစ်ကာ အိုလံပစ် မီးရှူးတိုင်ကို မီးထွန်းညှိရန်အ တွက် ပုဂံခေတ်မြားပစ်အကျော် အမော်သူရဲကောင်းတစ်ဦးအဖြစ် သရုပ်ဆောင်ကာ မြားဖြင့်ပစ်၍ မီးထွန်းညှိပေးမည်ဖြစ်သည်။

အဆိုပါဖွင့်ပွဲ ပိတ်ပွဲအခမ်း အနားများအတွက် ကုန်ကျစရိတ် ကို ပြည်တွင်းကျပ်ငွေ ခုနစ်ဘီလီ ယံအသုံးပြုမည်ဖြစ်ပြီး ဖွင့်ပွဲအ စီအစဉ် ၁၉ခုနှင့် ပိတ်ပွဲအစီအစဉ် ၁၆ခုပါဝင်မည်ဖြစ်သည်။
အခမ်းအနားများတွင် ပါ ဝင်တင်ဆက်မည့် အနုပညာရှင် များ၏ဝတ်စုံများကို ပြည်တွင်းရှိ ပိုးထည်ဆိုင်များမှ ပိုးထည်များ စပွန်ဆာပေးထားသည်။

[ ညီသစ်လူ ၊ ရန်ကုန် ၊ အောက်တိုဘာ ၁၄ ]
ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ ပိတ်ပွဲအခမ်း အနားများတွင်အသုံးပြုမည့် နောက်ခံဓာတ်ပုံများ တရုတ်ပညာ ရှင်များက လက်မခံသည့်အတွက် အသစ်ပြန်လည်ရိုက်ကူးနေကြောင်း သိရသည်။

အဆိုပါဓာတ်ပုံများကို ဖွင့် ပွဲ ပိတ်ပွဲအခမ်းအနားတွင်ပါဝင် မည့်အစီအစဉ်များဖြစ်သည့် စောင်း တော်သင်္ဂါဆိုင်းမင်္ဂလာ၊ အမျိုး သားအမွေအနှစ်မဟာပုဂံ၊ ပွဲဦး အလင်္ကာ၊ မြေဝိုင်းအက ပိတ်ပွဲ အခမ်းအနားအတွက် ရောင်စုံပန်း များ၏ မြစ်ကြေးမုံ၊ ကျောင်းသူ ကလေးများ၏ အေရိုးဗစ်အက၊ ပြန်ဆုံမယ် ညီညွတ်ခြင်းမှရှေ့သို့ ချီ၊ ဆင်ရတနာ၊ မြန်မာ့ဆိုင်းဝိုင်း၊ အနာဂတ်၏ကမ္ဘာမြေ စသည့်အ စီအစဉ်များတွင် ယင်းတို့နှင့်လိုက် ဖက်သည့်ဓာတ်ပုံများကို နောက်ခံ (LED Screen)ပေါ်တွင် ပြသ မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ဖွင့်ပွဲ ပိတ်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးအေးမြင့်ကြူက ''လက်ရှိမြန်မာ နိုင်ငံ ဓာတ်ပုံအသင်းကတောင်းခံ ထားတဲ့ဓာတ်ပုံတွေက (Resolution)မကိုက်ညီတဲ့အတွက် တရုတ် ကပညာရှင်တွေက လက်မခံ ဘူး။ ဒါကြောင့် ဝန်ကြီးဌာနက ကင်မရာအသစ်တွေဝယ်ယူပြီး အသစ်ထပ်မံရိုက်ကူးနေပါတယ်'' ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန်

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki
မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ ဗုံးတွေ ဆက်တိုက် တွေ့ရှိ ပေါက်ကွဲနေတာကြောင့် အမေရိကန် နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေး နှိုးဆော်ထားပါတယ်။

အခုလိုမျိုး ခရီးသွားသတိရှိကြဖို့ နှိုးဆော်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က အခုလို ပြောကြားခဲ့ပါတယ်။

“အိမ်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲခဲ့မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက္ခဏာ အခုအချိန်မှာ မတွေ့ရသေးပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတဝှမ်း ခရီးသွားနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သတိရှိရှိနဲ့ သွားလာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက တိုက်တွန်းတယ်” လို့ သူက ပြောသွားတာဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis