menu

Saturday 5 October 2013

လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ

Photo: လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ
*************************************************
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌ အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊ အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

မလေးရှားတွင် မြန်မာအမျိုးသမီးတစ်ဦး ထပ်မံအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၎

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန် ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့ တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။ အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က ပြန်လည် ပြောကြားသည်။

ဒေါ်လာ ၁၁ ဘီလီယံ ပြည်ပတွင် အပ်ထားမှု အစိုးရမသိဟု ထပ်မံရှင်းလင်း

  နေပြည်တော်၊ အောက်တိုဘာ ၎

ပြည်တွင်း သတင်းမီဒီယာအချို့က ဝိုင်းဝန်းဖော်ပြကြသည့် ငွေစာရင်းငါးခုဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကို ပြည်ပဘဏ်များတွင် အပ်နှံထားသည်ဆိုသော သတင်းနှင့် ပတ်သက်ပြီး အမှန်တကယ် အပ်ထားခြင်းရှိ မရှိကို အစိုးရအနေနှင့် မသိရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ထပ်မံပြောကြားသည်။

ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားမှုကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ကြွေးမြီများကို လျှော်ပေးခြင်း မရှိဟု သတင်းမီဒီယာများ၏ ရေးသားချက်ကို အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး တတိယမြောက်နေ့တွင် အစိုးရအဖွဲ့ကိုယ်စား လာရောက် ရှင်းလင်းစဉ် ၎င်းကအထက်ပါအတိုင်း ထပ်မံပြောကြားသွားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျား၊ မခွဲခြားမှုများ ပြင်ရန် ခက်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

နေပြည်တော်၊ အောက်တိုဘာ ၎

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ရယူနိုင်ရေး ဆောင်ရွက်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မအချို့တွင် ကျား၊ မ ခွဲခြားမှုများ ရှိနေသေးသော်လည်း ပြန်လည် ပြင်ဆင်ရေးတွင် အခက်အခဲများ ရှိကြောင်း လွှတ်တော်တွင်း အမျိုးသမီးများ၏ အကျိုးစီးပွားကို တိုးမြှင့်ဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တာဝန်ရှိသူများက ကျား၊ မတန်း တူညီမျှရေးကို ထိခိုက်စေသော အခြေခံဥပဒေပါ ပုဒ်မများ၏ အကျိုးဆက်များကို သိရှိသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှု ရရှိရန် လိုအပ်သော်လည်း ၂၅ ရာခိုင်နှုန်းမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်နေကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

သဘောတူညီချက်ရရှိသွားပြီဖြစ်၍ မြို့တော်ခန်းမရှေ့ မိချောင်းကန်သပိတ်စခန်းကို ယနေ့ညနေတွင်ပိတ်သိမ်းမည်

Photo: သဘောတူညီချက်ရရှိသွားပြီဖြစ်၍  မြို့တော်ခန်းမရှေ့ မိချောင်းကန်သပိတ်စခန်းကို
ယနေ့ညနေတွင်ပိတ်သိမ်းမည်

ရန်ကုန်-အောက်တိုဘာ၅
 မြို့တော်ခန်းမရှေ့တွင် ဖွင့်လှစ်ထားသောမိချောင်းကန် ဆန္ဒဖော်ထုတ်သူများ၏ သပိတ်စခန်းကို သက်ဆိုင်ရာနှင့်သဘောတူညီချက်ရရှိသွားပြီဖြစ်၍ ယနေ့ညနေတွင်
အဆိုပါ သပိတ်စခန်းကို ပိတ်သိမ်းမည်ဟု ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။
မြေယာသိမ်းဆည်းမှုစုံစမ်းဖော်ထုတ်ရေးကော်မရှင်အဖွဲဝင်
ဦးအောင်သိန်းလင်း၊ဦးခိုင်မောင်ရည်နှင့်တာဝန်ရှိသူများက လာရောက်ညှိုနှိုင်းခဲ့ခြင်းဖြစ်သည်။
မိကျောင်းကန် ဘိုးဘွားပိုင်မြေကို တပ်ပိုင်မြေဟု အတင်းအဓမ္မ သိမ်းယူသွားသည်ဟု ခေါင်းစဉ်တပ်၍ သပိတ်စခန်းကို မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာ၂ရက်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မိကျောင်းကန် ဘိုးဘွားပိုင်မြေအတွက် မိကျောင်းကန် ရပ်ကွက်နေ ပြည်သူများသည် ဆန္ဒဖော်ထုတ်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြပြီး ယခုအကြိမ်တွင်မူ ၈ ကြိမ်မြောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။၀၅၁

Popular Myanmar News

မန်းကားလောက၏အကြီးမားဆုံးလိမ်လည်မှုအဖြစ် ကျပ်သိန်းလေးသောင်းကျော်အလိမ်ခံရမှု ၀ယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ စာနယ်ဇင်းရှင်းပြီ

Photo: မန်းကားလောက၏အကြီးမားဆုံးလိမ်လည်မှုအဖြစ် ကျပ်သိန်းလေးသောင်းကျော်အလိမ်ခံရမှု 
ဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ စာနယ်ဇင်းရှင်းပြီ

မန္တလေး၊ အောက်တိုဘာ ၅
 မန္တလေးကားလောကတွင် အကြီးမားဆုံးလိမ်လည်မှုအဖြစ် ငွေကျပ် သိန်းလေးသောင်းကျော်အလိမ်ခံရမှုကားဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ နေ့လည်က
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
 သြဂုတ် ၁ရက်နေ့တွင် လင်းကမ္ဘာကုမ္မဏီနှင့် ထူးပီတိ ကုမ္မဏီမှ ပြုလုပ်သည့် ကားအရောင်းပြပွဲတွင် ကားဝယ်ရောင်းအများစု ရန်ကုန်ဈေးနှင့် ဈေးကွာခြားကာ ၁၀သိန်းမှ သိန်း ၅၀ခန့်အထိ တခြားကုမ္မဏီများနှင့် ဈေးကွာခြားကာ သက်သာသောကြောင့် ၀ယ်ရောင်းသမားအများစု ၀ယ်ယူခဲ့ကြသည်။ 
ကားဝယ်ယူရာ စာချုပ်ချုပ်ဆိုရာတွင် ထူးပီတိနှင့် စာချုပ်ချုပ်ပြီး ကားအား လင်းကမ္ဘာကုမ္မဏီတွင် သွား ရောက်ထုတ်ယူရကြောင်း ကားအား ၀ယ်ယူပြီး သုံးပတ်အတွင်း လိုင်စင်၊ Ownner Book အပြီးစီးလုပ်ပေးမည် ဖြစ်ပြီး သုံးပတ်အတွင်း ယာယီလိုင်စင်ဖြင့် စီးနင်းရမည်ဖြစ်ကာ ငွေအား အပြီးစီးပေးချေရကြောင်း အဆိုပါရှင်း လင်းပွဲတွင် ကားဝယ်ရောင်းသမား များက ပြောသည်။
 ယခု နှစ်လခန့်ကြာသည်အထိ လိုင်စင်ရရှိခြင်းမရှိသေးသောကြောင့် အဆိုပါကားကုမ္မဏီနှစ်ခုအား ဆက်သွယ်သောအခါ ထူးပီတိ ပိုင်ရှင် ကိုကျော်နိုင်စိုး ဆိုသူမှာ တိမ်းရှောင်နေပြီး 
လင်းကမ္ဘာကုမ္မဏီပိုင်ရှင်ဟု ဆိုသူ ဦးအောင်ရဲလင်းအား ဆက်သွယ်သောအခါ ၄င်းနှင့် ဦးကျော်နိုင်စိုးမှာ ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း ယခုကားကိစ္စတွင် ၄င်းလက်မှတ်ထိုး၍ ချုပ်ဆိုထားသော ကား ၃၅စီးကိုသာ ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။ 
ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်ရပြီး ယာဉ်လိုင်စင်မရသေးသည့် ကား ၉၃စီး၊ ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်၊ ယာဉ်လိုင်စင် မည်သည်မျှမရသေးဘဲ ကားချည်း သက်သက်သာရထားသည့် ကားအစီးရေ ၁၅၀ရှိကြောင်း ကားဝယ်ရောင်းသမားများက ဆိုသည်။ ကားသွားထုတ်တော့ သော့ကိုင်ကတစ်ယောက်၊ တံခါးဖွင့်ပေးသူကတစ်ယောက်၊ စာချုပ်ချုပ်တော့ လည်း ၀န်ထမ်းတွေနဲ့ပဲချုပ်ရတယ်။ အဲ့ကတည်းက တော့ နည်းနည်းရိပ်မိတယ်။ အခု ဘယ်သူ့ကို အဖေခေါ် ရမှန်းမသိဘူး။ အခုလိုင်စင်ပြန်လျှောက်မယ်ဆိုလည်း ကားဖိုးလောက်ထပ်ကျနေတော့ အဆင်မပြေပြန်ဘူး။ အမှုဖွင့်ရင်လည်း သက်သေခံအဖြစ်ကားကို သိမ်းထားမှာလည်းစိုးရသေးတယ်။ အခု အလိမ်ခံရသူအားလုံး တိုင်ပင်ပြီးတစ်ခုခုတော့လုပ်မယ်။ နည်းနည်းတော့ စောင့်ကြည့်ဦးမယ်ဟု ကျပ်သိန်း ၈၀၀ကျော်တန်ဖိုးဖြင့် ကား ငါးစီးဝယ်ထားသူ တစ်ဦးက ပြောသည်။ ယခုကိစ္စတွင် လင်းကမ္ဘာကုမ္မဏီပိုင်ရှင် ကိုအောင်ရဲလင်းနှင့် ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုး ပတ်သက်မှု မရှိဟု ကိုအောင်ရဲလင်းက ပြောကြားသော်လည်း ၄င်းတို့မှာ လွန်ခဲ့သည့် ၁၅နှစ်ခန့်မှ လုပ်ငန်းများအတူတွဲလုပ် ကြကြောင်း ယခုကားလုပ်ငန်းမှမဟုတ်ဘဲ တခြားလုပ်ငန်းများလည်း တွဲဖက်လုပ်ငန်းများလည်း လုပ်ကိုင်ကြောင်း ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုးနှင့် နှစ်သုံးဆယ်ခန့် တပည့်အဖြစ်လုပ်ကိုင်ခဲ့သော ကိုစိုးမင်းက Popular News Journal သို့ ပြောသည်။ ကိုကျော်နိုင်စိုးဝယ်တဲ့အချိန်က စလစ်ဈေးတွေက ၉၀ကျော်ပဲရှိသေးတာ။ နောက်ပိုင်း စလစ်ဈေးတွေက တစ်ဖြေးဖြေးတက်လာတယ်။ အဲ့တော့ သူဘက်က အရှုံးပြလာတယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင် တယ် ဟု ကိုစိုးမင်းက ပြောသည်။ဖိုးလပြည့်

မန္တလေး၊ အောက်တိုဘာ ၅

မန္တလေးကားလောကတွင် အကြီးမားဆုံးလိမ်လည်မှုအဖြစ် ငွေကျပ် သိန်းလေးသောင်းကျော်အလိမ်ခံရမှုကားဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ နေ့လည်က
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
သြဂုတ် ၁ရက်နေ့တွင် လင်းကမ္ဘာကုမ္မဏီနှင့် ထူးပီတိ ကုမ္မဏီမှ ပြုလုပ်သည့် ကားအရောင်းပြပွဲတွင် ကားဝယ်ရောင်းအများစု ရန်ကုန်ဈေးနှင့် ဈေးကွာခြားကာ ၁၀သိန်းမှ သိန်း ၅၀ခန့်အထိ တခြားကုမ္မဏီများနှင့် ဈေးကွာခြားကာ သက်သာသောကြောင့် ၀ယ်ရောင်းသမားအများစု ၀ယ်ယူခဲ့ကြသည်။
ကားဝယ်ယူရာ စာချုပ်ချုပ်ဆိုရာတွင် ထူးပီတိနှင့် စာချုပ်ချုပ်ပြီး ကားအား လင်းကမ္ဘာကုမ္မဏီတွင် သွား ရောက်ထုတ်ယူရကြောင်း ကားအား ၀ယ်ယူပြီး သုံးပတ်အတွင်း လိုင်စင်၊ Ownner Book အပြီးစီးလုပ်ပေးမည် ဖြစ်ပြီး သုံးပတ်အတွင်း ယာယီလိုင်စင်ဖြင့် စီးနင်းရမည်ဖြစ်ကာ ငွေအား အပြီးစီးပေးချေရကြောင်း အဆိုပါရှင်း လင်းပွဲတွင် ကားဝယ်ရောင်းသမား များက ပြောသည်။
ယခု နှစ်လခန့်ကြာသည်အထိ လိုင်စင်ရရှိခြင်းမရှိသေးသောကြောင့် အဆိုပါကားကုမ္မဏီနှစ်ခုအား ဆက်သွယ်သောအခါ ထူးပီတိ ပိုင်ရှင် ကိုကျော်နိုင်စိုး ဆိုသူမှာ တိမ်းရှောင်နေပြီး
လင်းကမ္ဘာကုမ္မဏီပိုင်ရှင်ဟု ဆိုသူ ဦးအောင်ရဲလင်းအား ဆက်သွယ်သောအခါ ၄င်းနှင့် ဦးကျော်နိုင်စိုးမှာ ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း ယခုကားကိစ္စတွင် ၄င်းလက်မှတ်ထိုး၍ ချုပ်ဆိုထားသော ကား ၃၅စီးကိုသာ ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံတက်ရ

Photo: *** ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံတက်ရ ***
==========================================
ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။

ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် လက်ရှိတွင် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသမီး ခွဲစိတ်ကုသ ဆောင်တွင် အသက် (၄) နှစ်၊ (၆) နှစ်၊ (၂၈) နှစ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေး လေးဦးတို့မှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ညပိုင်းတွင် မြင်းသွားရည်၊ သွေးများနှင့် ထိမိခြင်းကြောင့် လူလေးဦး ထပ်မံရောက်ရှိ ခဲ့ကြောင်း၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး နံနက်ပိုင်း၌ တက်ရောက် ကုသခဲ့ပြီး ယင်းနေ့၌ပင် ဆေးရုံမှ ဆင်းသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်း ၇ နာရီမှ စတင်ကာ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါ ရှိသည်ဟု သံသယရှိသည့် မြင်းသည် ရပ်ကွက်အတွင်းရှိ လမ်းများသို့ ၀င်ထွက်၍ လမ်းပေါ်တွင် တွေ့ရှိသည့်လူနှင့် တွေ့သမျှ လှုပ်ရှားနေသည့် အရာများအား လိုက်လံကိုက်နေပြီး ကလေးငယ်များ၊ လူများအား ကိုက်ဆွဲကာ ကဆုန်ပေါက် ပြေးလွှားနေသည့် အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများက အဆိုပါ မြင်းအား ဖမ်းဆီးသတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးသတ်ဖြတ် ပြီးနောက် ရပ်ကွက်မှ တာဝန်ရှိသူများက အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ ယင်းမြင်းတွင် ခွေးရူးပြန်ရောဂါပိုး ရှိမရှိကို ဓာတ်ခွဲခန်းတွင် ပေးပို့စစ်ဆေးရာ ခွေးရူးပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာ ဒီမြင်းသေကောင်ကို ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ ရလဒ်တွေ အရကတော့ ဒီမြင်းမှာ ခွေးရူးပိုးကို တွေ့ရှိခဲ့ပါတယ်။ ဌာနကို ရောက်ရောက်ချင်း စစ်ဆေးခဲ့တာ ဒီနေ့ညနေမှာပဲ အဖြေထွက်တယ်'' ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ လက်ထောက် ညွှန်ကြားရေးမှုး ဒေါက်တာကျော်နိုင်ဦးက ပြောကြားသည်။

''အဲဒီမြင်းကို ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရပ်ကွက်ကလူတွေ ပေါင်းပြီးတော့ မြင်းကိုဝိုင်းရိုက်ပြီး သတ်လိုက်တယ်။ နောက်ပြီး မြင်းကိုဓာတ်ခွဲ စမ်းသပ်ဖို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ဓာတ်ခွဲခန်းသို့ ပို့လိုက်တယ်။ ညနေ ၄ နာရီမှာ ရောဂါထိန်းချုပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ဒေါ်အေးအေးမာက ဒီမြင်းမှာ ခွေးရူးရောဂါပိုး တွေ့တယ်လို့ အဖြေထွက်လာပါတယ်။ ည ၁၀ နာရီလောက်မှာ မြင်းသွားရည်နဲ့ သွေးနဲ့ ထိမိတဲ့လူ လေးယောက်ကိုတော့ အင်းစိန်ဆေးရုံကြီးကို ထပ်မံပို့လိုက်ပါတယ်'' ဟု (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ကိုတင်မောင်စိုးမှ ပြောကြားသည်။

''ကျွန်မက အဖွားအတွက် ဆေးဝယ်ဖို့ဆိုပြီး လမ်းထိပ်ကို ထွက်လာတယ်။ အဲဒီအချိန်မှာ မြင်းက ကျွန်မကို ၀င်တိုက်မိပြီး လဲသွားတဲ့ အချိန်မှာ ကျွန်မရဲ့ခြေထောက် အောက်ပိုင်းကို ကိုက်ခံလိုက်ရပါတယ်'' ဟု မြင်းကိုက်ခံရသူ (၄) လမ်းနေ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

''အဲဒီမြင်းက လွန်ခဲ့တဲ့ သုံးရက်လောက်က ခွေးရူးကိုက်ခံရတယ်။ အဲဒီရက်တွေကစပြီး မြင်းပိုင်ရှင်က သူ့မြင်းကို ကိုင်တွယ်လို့ မရတာ ကြိုးချည်လို့ မရတာ ထိန်းလို့ မရတာတွေ ဖြစ်တာ တွေ့ခဲ့ရတယ်။ အဲဒီမြင်းက အစကတည်းက ရပ်ကွက်ထဲမှာ ဒီအတိုင်း လွှတ်ထားပြီးတော့ ရပ်ကွက်ထဲက လူတွေက အစာကျွေးတာတွေ လူတွေနဲ့ လက်ပွန်းတတီး နေတာတွေ ရှိတယ်။ ခုတလောမှ သူ့အမူအယာတွေက အရမ်းကြမ်းလာတယ်။ ပြီးတော့ ခုမနက် အစောပိုင်းကနေပြီး ရပ်ကွက်ထဲမှာ ကဆုန်ပေါက် လျှောက်ပြေးတယ်။ ပြီးကျ သူ့ရှေ့မှာ မြင်နေတဲ့ ကလေးတွေ ပစ္စည်းတွေကို ပါးစပ်နဲ့ကိုက်ပြီး လျှောက်ပြေး ရန်မူနေတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲက လူတွေကစုပြီး ၀ိုင်းဖမ်းပြီး ရိုက်သတ် လိုက်ကြတယ်။ ပြီးတော့ မွေးကု ဦးစီးဌာနကို ပို့လိုက်တယ်'' ဟု မရမ်းကုန်း (၁) ရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။

အဆိုပါမြင်းသည် မြင်းထီးဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ (၁) ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက မွေးမြူထားခြင်း ဖြစ်သည်။

Eleven Media Group

ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။

ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် လက်ရှိတွင် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသမီး ခွဲစိတ်ကုသ ဆောင်တွင် အသက် (၄) နှစ်၊ (၆) နှစ်၊ (၂၈) နှစ်နှင့် (၂၀)နှစ်အရွယ် မိန်းကလေး လေးဦးတို့မှာ ဆေးကုသမှု ခံယူလျက်ရှိပြီး ညပိုင်းတွင် မြင်းသွားရည်၊ သွေးများနှင့် ထိမိခြင်းကြောင့် လူလေးဦး ထပ်မံရောက်ရှိ ခဲ့ကြောင်း၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး နံနက်ပိုင်း၌ တက်ရောက် ကုသခဲ့ပြီး ယင်းနေ့၌ပင် ဆေးရုံမှ ဆင်းသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက်ပိုင်း ၇ နာရီမှ စတင်ကာ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါ ရှိသည်ဟု သံသယရှိသည့် မြင်းသည် ရပ်ကွက်အတွင်းရှိ လမ်းများသို့ ၀င်ထွက်၍ လမ်းပေါ်တွင် တွေ့ရှိသည့်လူနှင့် တွေ့သမျှ လှုပ်ရှားနေသည့် အရာများအား လိုက်လံကိုက်နေပြီး ကလေးငယ်များ၊ လူများအား ကိုက်ဆွဲကာ ကဆုန်ပေါက် ပြေးလွှားနေသည့် အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများက အဆိုပါ မြင်းအား ဖမ်းဆီးသတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။

အကျဉ်းထောင်နှင့် အချုပ်ခန်းများကို တရားဥပဒေ စိုးမိုးရေးကော်မတီ စစ်ဆေးမည်

နေပြည်တော်၊ အောက်တိုဘာ ၎

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များ၊ အချုပ်ခန်းများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများသို့ သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
“ဘယ်ထောင်ကို စစ်မယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးဘူး။ အစည်းအဝေး ပြန်ထိုင်ရဦးမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ တစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ကို စနစ်တကျ စစ်ဆေးနိုင်ရန် စီစဉ်လျက်ရှိပြီး အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အဆင့်ဆင့်ကို ထောက်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသွားမည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ထပ်လောင်းပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ဆန္ဒ ကောက်ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်

Photo: ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ၏ ပြည်သူ့ဆန္ဒ ကောက်ယူမှုအား ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက်တွင် စတင်ရန် စီစဉ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်တိုဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။ အဆိုပါ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမည့်ပုံစံနှင့် ကောက်ယူမည့်ရက် သတ်မှတ်ရန် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေပြု အထောက်အကူပြု အဖွဲ့နှင့် NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီတို့ အောက်တိုဘာ ၃ ရက်က တွေ့ဆုံ ဆွေးနွေးပြီး အဆိုပါ ရက်များတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းမှာတော့ လာမယ့် ၁၂ ရက်၊ ၁၃ ရက် တစ်ရက်ရက်မှာ စနိုင်ဖို့ စီစဉ်နေတယ်။ ကျွန်တော်နဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့တွေ တွဲလုပ်ရမယ်။ ကျွန်တော်က ရန်ကုန်နဲ့ ပဲခူးတိုင်းတွေကို တာဝန်ယူရမှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သိသင့်သည်များကို ရှင်းပြပြီး သဘောထား ရယူခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ကာ တက်ရောက်လာသည့် ပြည်သူများ၏ အသံများကို နားထောင်ခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

သဘောထား ကောက်ယူမည့် ပုံစံနှင့် ပတ်သက်၍ ဦးကိုနီက ''ခရိုင်အစည်းအဝေး ခေါ်ပြီးတော့မှ ခရိုင်ဥပဒေ အထောက်အကူပြု အဖွဲ့နဲ့ ဗဟိုကော်မတီ အဖွဲ့တွေနဲ့ တွေ့မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဘာလဲ။ နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ။ ဒီမိုကရေစီ ဖွဲ့စည်းပုံရဲ့ စံနှုန်းတွေက ဘာတွေလဲ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံနဲ့ ညီရဲ့လား။ အဲဒါကို ပြင်ချင်သလား။ ပြင်ရင် ဘယ်လိုနည်းလမ်းတွေ ရှိတယ်။ ဒါမှမဟုတ် အသစ်ဆွဲရင် ဘယ်လိုနည်းလမ်းတွေ၊ ကောင်းကျိုးဆိုးပြစ်တွေ ရှိမယ်။ အဲဒါတွေကို ပြည်သူတွေကို ချပြမယ်'' ဟု ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူရန်အတွက် NLD မှ အဖွဲ့ခုနစ်ဖွဲ့ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့ ခုနစ်ဖွဲ့ အနေဖြင့် တစ်ပြိုင်နက်တည်း ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး ပြည်သူလူထုများ စုစည်းခြင်းကို NLD မြို့နယ်၊ ကျေးရွာရုံးများမှ စုစည်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒသဘောထား ကောက်ယူရာတွင် လက်မှတ်ရေးထိုး ကောက်ခံခြင်းမျိုး ပြုလုပ်သွားမည် မဟုတ်ဘဲ ၎င်းတို့၏ အသံများကိုသာ နားထောင်စုစည်း သွားမည်ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ သဘောမျိုး မဟုတ်ဘဲ နှစ်လအတွင်း ရောက်နိုင်သမျှ ရောက်အောင် ကွင်းဆင်းသွားမည် ဖြစ်ကြောင်းနှင့် ရရှိလာမည့် ပြည်သူ့အသံများကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းသွားမည် ဖြစ်သည်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသား ပါတီများနှင့် NLD ပါတီတို့ စက်တင်ဘာ ၂၈ ရက်က ဆွေးနွေးစဉ်)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီမှ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမှုကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း အောက်တိုဘာ ၁၂၊ ၁၃ ရက် ခန့်တွင် စတင်သွားမည်ဟု ရန်ကုန်နှင့် ပဲခူးတိုင်း ဒေသကြီး၏ ဦးဆောင်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။ အဆိုပါ ပြည်သူ့ဆန္ဒ သဘောထား ကောက်ယူမည့်ပုံစံနှင့် ကောက်ယူမည့်ရက် သတ်မှတ်ရန် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေပြု အထောက်အကူပြု အဖွဲ့နှင့် NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးကိုနီတို့ အောက်တိုဘာ ၃ ရက်က တွေ့ဆုံ ဆွေးနွေးပြီး အဆိုပါ ရက်များတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ရန်ကုန်တိုင်းမှာတော့ လာမယ့် ၁၂ ရက်၊ ၁၃ ရက် တစ်ရက်ရက်မှာ စနိုင်ဖို့ စီစဉ်နေတယ်။ ကျွန်တော်နဲ့ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်း ဥပဒေ အထောက်အကူပြု အဖွဲ့တွေ တွဲလုပ်ရမယ်။ ကျွန်တော်က ရန်ကုန်နဲ့ ပဲခူးတိုင်းတွေကို တာဝန်ယူရမှာ'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။

ပြည်သူ့ဆန္ဒ ကောက်ယူရာတွင် နည်းလမ်းနှစ်မျိုးဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ သိသင့်သည်များကို ရှင်းပြပြီး သဘောထား ရယူခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်ကာ တက်ရောက်လာသည့် ပြည်သူများ၏ အသံများကို နားထောင်ခြင်းများ ပြုလုပ်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ

ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။

ထိုသို့ WiFi အင်တာနက်စနစ် ရရှိစေရန် ဆောင်ရွက်ရာတွင် ဈေးများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ တက္ကသိုလ်များ၊ လေဆိပ်၊ ဘူတာရုံများနှင့် အဝေးပြေး ကားဂိတ်များတွင် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

Photo: ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့် အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊ ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

''စဖြစ်တဲ့ အချိန်က နံနက်အစောပိုင်း ဆိုတော့ ဖြစ်စဉ်အစအဆုံးကို မျက်မြင်ကိုယ်တွေ့ ရှိတဲ့သူ မရှိပါဘူး။ ကျွန်တော်လည်း ''အုန်း''ဆိုပြီး အသံကျယ်ကြီးကြားတော့ ထွက်ကြည့်တဲ့အခါ အခုလိုပဲ မြင်တွေ့ရတာပါ'' ဟု အနီးရှိ တိုက်တစ်ခု၏ လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

ယင်းသို့ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် လူလေးယောက် စီးနင်းလာသော ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်မှာ အနီးရှိ ဓာတ်တိုင်ကို တိုက်မိပြီး ပက်လက်လန်ကာ ကားတစ်စီးလုံး ကြေမွသွားခဲ့ကြောင်း သိရသည်။

အလားတူ လူသုံးယောက် စီးနင်းလာသော မာဇဒါပြိုင်ကား အမျိုးအစားမှာလည်း အင်ဂျင်ဘယ်ဘက်အခြမ်း ပျက်စီးသွားကာ ဘက်အခြမ်းရှိ ကားတာယာမှာ ဆာကူရာတာဝါဘက်သို့ ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မှာ ကုန်သည်ကြီးများ ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့ကြောင်း သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ခုနစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိပေမယ့် လူသေဆုံးမှုတွေတော့ မရှိပါဘူး။ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး စလုံးကို အမှုဖွင့် စစ်ဆေးနေပါတယ်'' ဟု အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးကThe Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ကျောက်တံတား ရဲစခန်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးက တရားလို ပြုလုပ်၍ (ပ)၂၉/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

(အရှိန်ပြင်းစွာ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် ပက်လက်လှန်သွားသည့် ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်))

ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့် အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊ ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

မြို့ပတ်ရထား ပြေးဆွဲမှု တစ်ရက် ကျပ် ၂၅ သိန်းရှုံးဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်

Photo: မြို့ပတ်ရထား ပြေးဆွဲမှု တစ်ရက် ကျပ် ၂၅ သိန်းရှုံးဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်

ရန်ကုန်မြို့တစ်ပတ် ဆင်ခြေဖုံး မြို့နယ်များအတွက် အဓိကထား ပြေးဆွဲပေးလျက် ရှိသည့် မြို့ပတ်ရထား ပြေးဆွဲမှုမှာ တစ်ရက်လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ရှိကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာလကုန်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ရထားတစ်ခေါက် ထွက်လျှင် ကုန်ကျမည့် ကုန်ကျစရိတ်၊ ဒီဇယ်ဖိုးတို့ကို တွက်ချက်ပါက တစ်ခေါက်ချင်းစီတွင် အရှုံး မသိသာသော်လည်း တစ်ရက်လျှင် ခေါက်ရေ ၂၀၀ ပြေးဆွဲပေးနေရသည့် အတွက် ကျပ် ၂၅ သိန်း အရှုံးပြခြင်း ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြို့ပတ်ရထား စီးရခြင်းသည် ယာဉ်ကြော ပိတ်ဆို့၍ စောင့်ဆိုင်းရခြင်းမျိုး မရှိသောကြောင့် အဆင်ပြေသော်လည်း ရထားဝင်၊ ထွက်ချိန် မမှန်သဖြင့် သတ်မှတ်ထားသည့် အချိန်ထက် စော၍သော် လည်းကောင်း၊ နောက်ကျ၍သော် လည်းကောင်း ရထား စောင့်ရခြင်းများကို ကြုံတွေ့နေရသဖြင့် ရထားကို အချိန်မှန်မှန် ခုတ်မောင်းပေးပါက ခရီးသည်များ ယခုထက် ပိုမိုစီးနင်း နိုင်မည် ဖြစ်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်မြို့တွင်း လာရောက် အလုပ် လုပ်ကိုင်နေသည့် သတင်းဂျာနယ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုအောင်ခိုင်က ဆိုသည်။

နေ့စဉ် မြို့ပတ်ရထား စီးနင်းသူ ပြည်တွင်း ခရီးသည်မှာ ကိုးသောင်းကျော်ခန့် ရှိသော်လည်း ယခုနှစ် မိုးတွင်းတွင် နိုင်ငံခြားသား ၅၀ ဦးခန့်သာ စီးနင်းကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်းအောင်သင်းက ဆိုသည်။

မြို့ပတ်ရထားလမ်းသည် ၂၉ မိုင် ခန့်ရှိပြီး ဘူတာ ၃၈ ခု ရှိရာ ရထားတစ်စီး ပုံမှန် ပြေးဆွဲချိန်မှာ ၂ နာရီနှင့် မိနစ် ၅၀ ကြာမြင့်ကြောင်း ရန်ကုန်ဘူတာကြီး ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် မြို့ပတ်ရထား အဆိုင်း ၂၁ ဆိုင်းဖြင့် ခေါက်ရေ ၂၀၀ ဖြင့် ပြေးဆွဲလျက်ရှိရာ ခရီးသည် ကိုးသောင်းကျော် ရှိကြောင်း၊ ယခုအခါတွင် မြို့ပတ်ရထားများတွင် အထူးရထားတွဲများ ချိတ်ဆက်၍ ပြေးဆွဲပေးလျက် ရှိသည့်အပြင် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း လေအေးစက်ပါ RBE ရထားကို အသစ်တိုးချဲ့ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တစ်ပတ် ဆင်ခြေဖုံး မြို့နယ်များအတွက် အဓိကထား ပြေးဆွဲပေးလျက် ရှိသည့် မြို့ပတ်ရထား ပြေးဆွဲမှုမှာ တစ်ရက်လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ရှိကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာလကုန်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ရထားတစ်ခေါက် ထွက်လျှင် ကုန်ကျမည့် ကုန်ကျစရိတ်၊ ဒီဇယ်ဖိုးတို့ကို တွက်ချက်ပါက တစ်ခေါက်ချင်းစီတွင် အရှုံး မသိသာသော်လည်း တစ်ရက်လျှင် ခေါက်ရေ ၂၀၀ ပြေးဆွဲပေးနေရသည့် အတွက် ကျပ် ၂၅ သိန်း အရှုံးပြခြင်း ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြို့ပတ်ရထား စီးရခြင်းသည် ယာဉ်ကြော ပိတ်ဆို့၍ စောင့်ဆိုင်းရခြင်းမျိုး မရှိသောကြောင့် အဆင်ပြေသော်လည်း ရထားဝင်၊ ထွက်ချိန် မမှန်သဖြင့် သတ်မှတ်ထားသည့် အချိန်ထက် စော၍သော် လည်းကောင်း၊ နောက်ကျ၍သော် လည်းကောင်း ရထား စောင့်ရခြင်းများကို ကြုံတွေ့နေရသဖြင့် ရထားကို အချိန်မှန်မှန် ခုတ်မောင်းပေးပါက ခရီးသည်များ ယခုထက် ပိုမိုစီးနင်း နိုင်မည် ဖြစ်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်မြို့တွင်း လာရောက် အလုပ် လုပ်ကိုင်နေသည့် သတင်းဂျာနယ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုအောင်ခိုင်က ဆိုသည်။

ဖွဲ့စည်းပုံသုံးသပ်ရေး လွှတ်တော်ကော်မတီ ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒယူမည်

ပြည်ထောင်စုလွှတ်တော်က  ဖွဲ့စည်းပေးထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဟာ   ဖွဲ့စည်းပုံပြင်ဖို့   ပြည်သူ့ဆန္ဒအကြံပြုချက်တွေ ရယူသွားမယ်လို့  သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အများပြည်သူတွေရဲ့ သဘောထားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ ကော်မတီအနေနဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေဆီက လေ့လာသုံးသပ် အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က တဆင့် တောင်းခံသွားမယ်လို့ အောက်တိုဘာ ၃ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

ပြည်သူ့ဆန္ဒသဘောထားတွေကိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုင်ရာ နယ်မြေတွေအလိုက် ရှင်းပြပြီး သဘောထား ရယူသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က  ပြောပါတယ်။

နိုင်ငံတကာသို့ ဆေးအတု တင်ပို့နေသော တရုတ်အမျိုးသားများပါ ဂိုဏ်း ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းမိ

ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ဆေ၀ါးအမျိုးမျိုးကို အတုလုပ်ပြီး နိုင်ငံတကာကို ပို့နေတဲ့ ဆေးအတု ထုတ်လုပ်တဲ့ ဂိုဏ်းတစ်ခုကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မနေ့က ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အဲဒီဖမ်းမိတဲ့ ဆေးဝါး အတု ထုတ်လုပ်တဲ့ ဂိုဏ်းမှာ ပါဝင် ပတ်သက်နေတဲ့သူ ၁၀ ဦးကို ဖမ်းဆီးမိရာမှာ ၇ ဦးက တရုတ်လူမျိုးတွေလို့ ပြောပါတယ်။ ကျန်တဲ့ ၃ ဦးကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဒီကနေ့ထုတ် New Age သတင်းစာမှာတော့ အဲဒီ ဆေးအတု ဂိုဏ်းဟာ ဆေးဝါးတွေကို ဘင်္ဂလာဒေခ်ျ့နိုင်ငံကနေ ထုတ်လုပ်နေတာ ၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး အဲဒီ ဆေးဝါးတွေကို နိုင်ငံတကာကို တင်ပို့တယ်လို့  တရုတ်အမျိုးသားတွေက စစ်ဆေး မေးမြန်းစဉ် ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis