menu

Thursday 22 May 2014

ကချင်တောနက်ထဲ ၁၀ ရက်အကြာ

Photo 
 
တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာ ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ခဲ့ရသော အတွေ့အကြုံများမှာ ကိုဖြိုးဖြိုးအတွက်တော့ ပြန်ပြောင်းစဉ်းစားတိုင်း အိပ်မက်ဆိုးသဖွယ် ဖြစ်နေသည်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးဖြစ်သော ကိုဖြိုးဖြိုးတစ်ယောက် အားလပ်ရက်တစ်ရက်တွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့်အတူ ကချင်ချောင်းသာဟုခေါ်သော အပန်းဖြေစခန်းသို့ သွားရောက်ရင်း ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
မေလ ၃ ရက်က ကိုဖြိုးဖြိုးအပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းနှစ်ဦးမှာ မြစ်ကြီးနားမြို့မှ ၁၇ မိုင်ခန့်ကွာဝေးသော ကချင်ချောင်းသာသို့အသွား ဒွန်ဂန်ကျေးရွာအနီးတွင် ကေအိုင်အေ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
မရောက်ဖူးသော တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာပြီးနောက် ကိုဖြိုးဖြိုးတစ်ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း တောထဲတွင်ရှိနေစဉ် နေထိုင်ခဲ့ရသော နေ့ရက်များမှာ သူ့အတွက်တော့ အိပ်မက်ဆိုးဖြစ်နေပါသေးသည်။
မေလ ၃ ရက်
အားလပ်ရက်တွင် စိတ်ကြိုက်အနားယူမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကချင်ချောင်းသာသို့ လာရောက်သော ကိုဖြိုးဖြိုးတို့နှစ်ယောက် လမ်းခုလတ်တွင် အရပ်ဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များက ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ကိုတား၍ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းတို့ကို ယူနီဖောင်းဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များစောင့်နေသော တောထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ အပြန်အလှန်ပြောစကားများနှင့် ၎င်းတို့၏ လက်မောင်းတံဆိပ်ယူနီဖောင်းများကိုကြည့်၍ ကေအိုင်အေဟုသိရှိခဲ့ရကြောင်း

ပြည်သူ့ညည်းတွားသံ ကြားကြပါစ

Photo
မေလလယ်မှစ၍ မြန်မာအိမ်ထောင်စုများအတွင်း အရေးတကြီး တွက်ချက်တိုင်းထွာရန် ကိစ္စတစ်ခု ပေါ်လာပါပြီ။ ယင်းမှာ နိုင်ငံရေးအင်အားစုအချို့ ပြင်ဆင်လိုနေကြသည့် အခြေခံဥပဒေပြင်ဆင်ရေးမဟုတ်ပါ။ ၂၀၁၄ နှစ်ကုန်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲလည်း မဟုတ်ပါ။ အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်လာသည့်ကြားက နှစ်ဆတိုးပေးဆောင်ရသည့် မီတာခနှုန်းထားအတွက် အိမ်စရိတ်ကို ဘယ်လိုချွေတာသုံးစွဲရမလဲဆိုသည့် ပုစ္ဆာပင်ဖြစ်သည်။
ဝန်ထမ်းလစာ ၂၀,၀၀၀ ကျပ် မတိုးမီကတည်းက မီးဖိုချောင်သုံး သားငါးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်တို့ တရိပ်ရိပ်တက်လာခဲ့သည်။ မီးဖိုချောင်စရိတ်ကို ချွေတာ၍မဆုံးခင်မှာပင် နှစ်ဆတိုးမြှင့်လိုက်သည့် မီတာခက လျှပ်စစ်မီးကို မကြာမတင်လေးကမှ အချိန်ပြည့်နီးပါး သုံးစွဲခွင့်ရသည်။ လူလတ်တန်းစား အိမ်ထောင်စုများနှင့် စက်မှုလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။
ယခုတိုးမြင့်နှုန်းထားအရ အိမ်သုံးမီတာ ယူနစ်တစ်ရာကျော်ပါက တစ်ယူနစ် ကျပ်ငါးဆယ်နှုန်း ဖြစ်သည်။ ထိုနှုန်းအရ တစ်လယူနစ်တစ်ရာကျော်သုံးသည့် အိမ်ထောင်စုအတွက် ပေးဆောင်ရမည့်မီတာခမှာ လူလတ်တန်းစားတစ်ဦး တစ်လစာဝင်ငွေ၏ ဆယ်ရာခိုင်နှုန်းနီးပါး ဖြစ်နေပြီဖြစ်သည်။
လတ်တလောကုန်ဈေးနှုန်းနှင့် မီတာခ၏ချောင်ပိတ်မှုကြောင့် ကျပ်တည်းနေသော ပြည်သူများအတွက် သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများက နှုတ်ဆိတ်နေပါသည်။

ဆုံးခန်းမတိုင်သေးသည့် လူထုကြားက အကြမ်းဖက်မှု

Photo

နှစ်ပေါင်းငါးဆယ်ကျော်ကြာ အာဏာရှင်အုပ်ချုပ်ရေးစနစ်မှခွဲထွက်ကာ ပြည်သူလူထုဆန္ဒနှင့် ရွေးချယ်တင်မြှောက်ခံရသည့် အစိုးရသာ နိုင်ငံကိုအုပ်ချုပ်ရသည့် ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေသည်ဟု သမ္မတဦးသိန်းစိန်အစိုးရက အမြဲမပြတ် ထုတ်ဖော်ပြောကြားလျက်ရှိသည်။
ပြည်သူများအတွက် ယုံကြည်စိတ်ချရပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာစေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂက သင်တန်းများ   ပို့ချလျက်ရှိသည်။
ဥရောပသမဂ္ဂ ပို့ချသောသင်တန်းများသည် လူစုလူဝေးများကိုနှိမ်နင်းရာတွင် မလိုအပ်ဘဲလူအင်အားမသုံးခြင်း၊ အကြမ်းဖက်မှုမပြုဘဲ စနစ်တကျထိန်းသိမ်းနည်းနှင့် ရဲတပ်ဖွဲ့ဝင်များကလည်း ဥပဒေကို လေးစားလိုက်နာရန်အတွက် ရည်ရွယ်ပို့ချခဲ့ခြင်းလည်းဖြစ်သည်။
ယင်းသို့နှစ်ဖက်နစ်နာသည့် ထိပ်တိုက်တွေ့ဆုံမှုများသည် နိုင်ငံတွင်ဖြစ်ပေါ်နေသော အခြေအနေများအရ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြား ထိပ်တိုက်တွေ့ဆုံမှုများတွင် နှစ်ဖက်ထိခိုက်မှုမရှိဘဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့်နည်းလမ်းကို ဝိုင်းဝန်းအဖြေရှာရန် အမြန်ဆုံးလိုအပ်လာပြီဖြစ်သည်။

ထိုင်းပဋိပက္ခ ပြေလည်ရေး နိုင်ငံရေး အင်အားစုများ အားလုံး တွေ့ဆုံ ဆွေးနွေးရန် စစ်တပ်အကြီးအကဲ ဆင့်ခေါ်

Photo: ထိုင်းပဋိပက္ခ ပြေလည်ရေး နိုင်ငံရေး အင်အားစုများ အားလုံး တွေ့ဆုံ ဆွေးနွေးရန် စစ်တပ်အကြီးအကဲ ဆင့်ခေါ်

ဘန်ကောက်၊ မေ ၂၁

ခြောက်လနီးပါကြာမျှ ဖြစ်ပေါ်ခဲ့သော ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွင် ပါဝင် ပတ်သက်နေသည့် ပင်မနိုင်ငံရေး အဖွဲ့အစည်းများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး နောက်တစ်ရက် အကြာတွင် ဆင့်ခေါ်လိုက်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ရေးသားဖော်ပြသည်။ 

ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် အရေးပါသည့် နိုင်ငံရေး အင်အားစုများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆင့်ခေါ်ခြင်းသည် ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများနှင့် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဖြစ်သည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ဆိုသည်။ 

မေလ ၂၀ ရက်၊ အင်္ဂါနေ့တွင် စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) ကြေညာခဲ့သော်လည်း ယင်းလုပ်ရပ်သည် စစ်အာဏာသိမ်းမှု မဟုတ်ကြောင်း ထိုင်းစစ်တပ်က ငြင်းဆိုထားသည်။ 

သို့သော် ထိုင်းနိုင်ငံရေး သမိုင်းကြောင်းတွင် သြဇာလွှမ်းမိုးမှု အရှိဆုံးသော အဖွဲ့အစည်းအဖြစ် အမြဲတစေ ပါဝင်လျက် ရှိခဲ့သည့် စစ်တပ်သည် ယခုအခါ မြို့တော် ဘန်ကောက်ရှိ အခရာကျသော နေရာများ၌ တပ်ဖွဲ့များ ဖြန့်ကြက်ထားကြောင်း မီဒီယာများက ဖော်ပြသည်။ 

CNN သတင်းဌာန၏ ရေးသားဖော်ပြချက်အရ ယခုကဲ့သို့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာမှုနှင့် ပတ်သက်၍ စစ်တပ်က ထိုင်းယာယီဝန်ကြီးချုပ် နီဝပ်သမ်ရောင်းဘွန်ဆောင်းပိုင်ဆန်ကို ကြိုတင် သတိပေး ပြောဆိုခဲ့ခြင်း မရှိပေ။ 

“လက်ရှိ နိုင်ငံရေး အကျပ်အတည်း ပြေလည်စေရေးအတွက် တပ်မတော် ကလပ်မှာ နိုင်ငံရေး အင်အားစုတွေ အားလုံး တွေ့ဆုံဆွေးနွေးဖို့ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက ခေါ်ယူထားပါတယ်” ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆာဗာရီးက သတင်းထောက်များကို ပြောကြားသည်။

ထို့အတူ ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများသည် လက်ရှိ အိမ်စောင့်အစိုးရ၏ အဆိုပြုချက် ဖြစ်သော သြဂုတ်လ ၃ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေး အဆိုကို သီးခြား ဆွေးနွေးခဲ့ကြသည်။ 

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာက သတင်းဌာနများနှင့် တွေ့ဆုံရာတွင် “ကျွန်တော်တို့အနေနဲ့ အကျပ်အတည်း ပဋိပက္ခကြီးကို ဆက်ပြီး လက်မခံနိုင်တော့ပါဘူး၊ ထိုင်းတပ်မတော်ဟာ ဘယ်လို သွေးစွန်းမှုမျိုးကိုမှ ဖြစ်ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဆိုပြီး လက်ရှိ အိမ်စောင့်အစိုးရ အဖွဲ့သည် တရားဝင် အစိုးရအဖြစ် ဆက်ရှိနေမည် ဖြစ်ကြောင်း အသိပေး ပြောဆိုသည်။ 

“ဒါဟာ စစ်အာဏာသိမ်းမှု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်စောင့်အစိုးရ အဖွဲ့က အုပ်ချုပ်ရေး တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေလို့ပါပဲ။ ဒါပေမဲ့ တကယ့်အပြင်ဘက်မှာတော့ စစ်တပ်က ထိန်းချုပ်ထားတဲ့ပုံစံ ဖြစ်နေပါတယ်” ဟု ချူလာလောင်ကွန် တက္ကသိုလ်မှ နိုင်ငံရေး လေ့လာဆန်းစစ်သူ ပညာရှင် သစ်တီနန်ပွန်ဆူဒါရက်က ပြောကြားသည်။

ဘန်ကောက်၊ မေ ၂၁

ခြောက်လနီးပါကြာမျှ ဖြစ်ပေါ်ခဲ့သော ထိုင်းနိုင်ငံရေး မတည်မငြိမ်မှုတွင် ပါဝင် ပတ်သက်နေသည့် ပင်မနိုင်ငံရေး အဖွဲ့အစည်းများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ထိုင်းစစ်တပ်က စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာပြီး နောက်တစ်ရက် အကြာတွင် ဆင့်ခေါ်လိုက်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများက ရေးသားဖော်ပြသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် အရေးပါသည့် နိုင်ငံရေး အင်အားစုများ၊ ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆင့်ခေါ်ခြင်းသည် ကာလကြာရှည်စွာ ဖြစ်ပေါ်နေသည့် အကျပ်အတည်းများနှင့် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဖြစ်သည်ဟု ထိုင်းစစ်တပ် အကြီးအကဲက ဆိုသည်။

မေလ ၂၀ ရက်၊ အင်္ဂါနေ့တွင် စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) ကြေညာခဲ့သော်လည်း ယင်းလုပ်ရပ်သည် စစ်အာဏာသိမ်းမှု မဟုတ်ကြောင်း ထိုင်းစစ်တပ်က ငြင်းဆိုထားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေးကောလာဟလ မိသားစုဝင်ငြင်း


ဦးမောင်အေးအား အငြိမ်းစားမယူမီနိုင်ငံခြားခရီးစဉ်တစ်ခုတွင်တွေ့ရစဉ် (RAVEENDRAN/AFP)

အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးမောင်အေးသည် အ ပြင်တွင် သွားသွားလာလာမရှိ တော့သော်လည်း ကျန်းမာရေး ကောင်းမွန်နေကြောင်း ထွက်ပေါ်နေသော ကောလာဟလများနှင့် ပတ်သက်၍ ၎င်း၏မိသားစုဝင် တစ်ဦးက တုံ့ ပြန်ပြောကြားသည်။
အငြိမ်းစားဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေး မေလ ၂၁ ရက် နံနက်တွင် တပ်မတော်ဆေး ရုံ၌ ကွယ်လွန်သည့်သတင်း မှာ မဟုတ်မှန်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူနှင့် အမှတ်-(၁)တပ်မတော်စစ်ဆေးရုံတို့က လည်း ငြင်းဆိုသည်။
၎င်း ကွယ်လွန်ကြောင်း သတင်းများ ထွက်ပေါ်ပြီး နာရီ ပိုင်းအကြာတွင် သမ္မတ၏ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း သူ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အငြိမ်းစားဒုတိယဗိုလ် ချုပ်မှူးကြီးကွယ်လွန်သည့် သ တင်းမှာ မဟုတ်မှန်ကြောင်း ဖြေ ရှင်းထားသည်။
‘‘လွန်ခဲ့တဲ့ ခုနစ်လလောက် ကတရုတ်နိုင်ငံမှာ သုံးလကြာသွားရောက်ကုသမှု ခံယူပြီးနောက် ကျန်းမာရေးပိုကောင်းလာတယ်။ ဆေးရုံတက်နေရတာတော့ မရှိဘူး’’ ဟု ဦးမောင်အေး ၏ မိသားစု ၀င်တစ်ဦးက ပြောသည်။
 ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ၂၀၁၁ ခုနှစ်က တာဝန်မှ အနားယူပြီးနောက်ပိုင်း ကျန်းမာရေးမကောင်းသည့် သ တင်းများ မကြာခဏထွက်ပေါ်ခဲ့ပြီး ၎င်း၏ကျန်းမာရေးသတင်း များအတွက် မိသားစုဝင်အချို့က မကြာခဏ ဖြေရှင်းခဲ့ကြရသည်။
အနားယူပြီး တစ်နှစ်အကြာ ၂၀၁၂ နှစ်လယ်ပိုင်းတွင် လေ ဖြတ်ဝေဒနာကြောင့် စင်ကာပူနိုင်ငံတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီး ယင်းသတင်းဖော်ပြမှုကြောင့် ပြည်တွင်းထုတ်ဂျာနယ်နှစ်စောင် ကို စာပေစိစစ်မှ တာဝန်ရှိသူများ က ခေါ်ယူသတိပေးခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလက ၎င်း မိသားစုတည်ထောင်ထား သော အေးမြစိုးဖောင်ဒေးရှင်း သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မျက်စိဝေဒနာရှင်များအား ခွဲစိတ်ပေးခြင်း၊ ၎င်း၏ဇာတိကန့် ဘလူမြို့တွင် မဟာရွှေစည်ကြီး ဘုရားဆွမ်းလောင်းပွဲတွင် လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးမှာ ကျန်းမာရေးအခြေအနေ ကြောင့် လာရောက်နိုင်ခြင်းမရှိ ကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြထားသည်။

7Day Daily

ဆြာဒင်၏ ခြေဥတရားစီရင်ခန်း


(၁)
‘ဃရာဝါသော ဗဟုကိစ္စော’ကိစ္စမြားမြောင်လူတို့ဘောင် ဟု ပညာရှိတို့  ဆိုကြလေသောကြောင့် အသက်အရွယ်ထောက်လာသော ဆြာဒင်တစ်ယောက် လောကီအရေးတို့ကို  အထိုက်အလျောက် အာရုံနည်းလာသည်ကားအမှန်ဖြစ်၏။ သျှောင်တစ်ထုံးအဆုံးခံကာ စိပ်ပုတီးနှင့် ရိပ်ကြီးခိုလိုသော်ငြား ‘တောခိုချင်စိတ်ကယ်နဲ့ သပိတ်ကိုလွယ်သရေနွယ်ကွဲ့ရှာတုန်း။ ချောင်အနီးမှာလ။ မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ် မင်းလိုက်ခဲ့ဦး’ဟူ၍ စာချိုးကာ အဖော်ခေါ်ရမည်ဖြစ်လေရာ ဖ၀ါးခြေထက်ကြပ်မကွာရေပူရေချမ်းကမ်းလှမ်းရန်လိုက်ပါကြမည့် မော်ဒယ် အလှကပ္ပိယတစ်ပြုံတစ်မကြီးဖြင့်မူ မသင့်တော်လေရကား ဧကစာရီတောမှီလိုသည့် မဟာအလောင်းတော်တို့၏ စိတ်ထားမျိုးကို အတန်တန်ချိုးနှိမ်နေရပြန်ချေ၏။
  ထိုသို့လျှင် ဆြာဒင်တစ် ယောက်ရှုပ်ထွေးပွေလီလှသည့် လောကီထုပ္ပတ်လူတို့ဇာတ်နှင့်  တတ်နိုင်သမျှ ကင်းအောင်ရှောင် ကာ ယိုးဒယားပြည် ဖူးခက်မြို့ အမ်မခန်အရပ်ရှိ နှစ်ထပ်အိမ်အို ကြီးပေါ်တွင် မြင်မြင်သမျှသင်္ခါရ  ပေတကားဟု ဓမ္မာနုဿတိတရား ပွားများလျက် ရှိနေချိန်တစ်ခုသော နံနက်ခင်းတွင် အိမ်အောက် ထပ်ဆီမှ အုန်းအုန်းကျွက်ကျွက်ဆူညံသော ငြင်းခုံသံများကြားရလေရာ   လက်စွဲတော်တပည့်ကျော်သုံးဦးနှင့် မျက်နှာစိမ်းလူငယ်တို့ကို  တွေ့မြင်ရလေ၏။ ဆြာဒင်၏  အိမ်ဂေဟာကား ၎င်းတို့အတွက် သာလာယံဇရပ်မျှသာတည်း။
‘‘ပြင်စရာမလိုဘူးလေ’’
‘‘ပြင်မှဖြစ်မှာပေါ့ဗျာ’’
‘‘မပြင်လို့ ဘယ်ဖြစ်မလဲ’’
‘‘ခင်ဗျားတို့ ဆြာဒင့်အားကိုး ၊လူအုပ်ကြီးအားကိုးနဲ့ အနိုင်မ ကျင့်ကြနဲ့နော်။ ဘာမှပြင်စရာမ လိုဘူးဗျ။ ဒီအတိုင်းပဲကောင်းပါ တယ်’’
သူ့လူကိုယ့်လူ အချေအတင် ဖြစ်နေချိန်ဖြစ်ရကား ကြားဝင်ရန် လက်လှသဖြင့် ဆြာဒင်ခမျာ လှေ ကားခြေရင်းမှာ ငူငူကြီးရပ်နေရင်း အကြောင်းခြင်းရာ အဖြစ်သနစ်စုံ ကို ပညာရှိသုခမိန်ဂိုက်ဖမ်းလျက် မေးမြန်းသမှုပြုရလေ၏။
  ‘‘မကောင်းရင်ပြင်ပေါ့။ ကောင်းရင် ဒီအတိုင်းထားလိုက် ကြပေါ့မောင်တို့ရာ။ ဒါနဲ့ ဘာကို ပြင်မှာတုံး။  ဘာကိုမပြင်ချင်တာ တုံး မြွက်ကြပါစံ့’’

နေပြည်တော်-ရန်ကုန် အစိုးရ၀န်ထမ်း သီးသန့်ယာဉ်လိုင်း သောကြာနေ့တိုင်းပြေးဆွဲမည်



အစိုးရ၀န်ထမ်းအထူးသီး သန့်ယာဉ်လိုင်းအစီအစဉ်ကို နေ ပြည်တော်ကုန်းလမ်းပို့ဆောင် ရေးနှင့် ညွှန်ကြားရေးဦးစီးဌာနမှ ကားအစီးရေငါးစီးဖြင့်ယခုလာ မည့် သောကြာနေ့မှစ၍ တစ်ပတ် တစ်ကြိမ်ပြေးဆွဲသွားမည်ဖြစ် ကြောင်းနေပြည်တော်မြို့မဈေး ဂိတ်တာဝန်ခံဦးတင်ဌေးကပြော သည်။
‘‘တစ်ပတ်တစ်ကြိမ် သော ကြာနေ့တိုင်းပြေးဆွဲသွားမှာပါ။ အခုလာမယ့်သောကြာနေ့က စပြီး ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။သက် ဆိုင်ရာအစိုးရ၀န်ကြီးဌာနတွေမှာ လက်မှတ်တွေရောင်းပေးနေပါ ပြီ။ တနင်္ဂနွေနေ့ည ၆နာရီမှာ ရန် ကုန်ကနေ ပြန်ထွက်လာမှာဖြစ်ပါ တယ်’’ဟု ဦးတင်ဌေးကပြော သည်။
အဆိုပါယာဉ်လိုင်းအတွက် ယာဉ်စီးခလက်မှတ်များကို ၀န် ထမ်းတစ်ဦးလျှင် ၃၂၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အ သက်အာမခံကြေးအတွက် ၃၀၀ ကျပ်ဖြင့် ထားရှိပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ကြက်သွန်မြိတ်၏ ဆေးဖက်ဝင် အာနိသင်များ

 ကြက်သွန်မြိတ်ဟာ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့လိုပဲ Alliaceae အနွှယ်ဝင်ဖြစ်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ အာဟာတန်ဖိုးဟာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့နဲ့ ဆင်တူပါတယ်။ ဟင်းလျာတွေထဲ ထည့်စားလေ့ရှိတဲ့ ကြက်သွန်မြိတ်မှာ အောက်ပါ ဆေးဖက်ဝင် အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

(၁) သွေးကြောနံရံတွေကို အကာအကွယ်ပေးပါတယ်

ကြက်သွန်မြိတ်ထဲမှာ Kaempferol လို့ခေါ်တဲ့ ဖလေဗိုးနွိုက်တစ်မျိုး သိသိသာသာ ပါဝင်ပါတယ်။ ဒီဖလေဗိုးနွိုက်ဟာ မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်တဲ့နည်းနဲ့ သွေးကြောတွေကို အကာအကွယ်ပေးပါတယ်။ သွေးကြောတွေကို ကျယ်စေပြီး အနားရစေတဲ့ နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို တိုးစေတဲ့ အစွမ်းလည်း ရှိတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) ဖောလိတ်ဓာတ်ကို ရရှိစေပါတယ်

ဖောလိတ်ရဲ့ Bioactive ပုံစံတစ်မျိုးဖြစ်တဲ့ 5-methyltetrahydrofolate ဟာ ကြက်သွန်မြိတ်ထဲမှာ ပါဝင်ပါတယ်။ ဖောလိတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွင်း အရေးကြီးတဲ့ ဓာတ်တစ်မျိုး ဖြစ်ရုံသာမက သွေးထဲက ဟိုမိုစစ်စတင်းအဆင့်ကိုလည်း လျော့နည်းစေပါတယ်။ ဟိုမိုစစ်စတင်းအဆင့်များရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်နှုန်းကို တိုးစေရုံသာမက နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ သင်စားတဲ့ အစာထဲ ကြက်သွန်မြိတ်ထည့်စားရင် သွေးတွင်း ဟိုမိုစစ်စတင်းအဆင့်ကို လျော့ကျစေပြီး နှလုံးနဲ့ သွေးကြောတွေ ကျန်းမာအောင် အကာအကွယ်ပေးပါတယ်။

စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ


ရန်ကုန် မေ ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က စင်ကာပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း Airbus A -330 လယာဉ်အမျိုးအစား လေယာဉ်အမှတ် 9V STS သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းအဆင်းတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူး သုံးဦး၊ လေယာဉ်ဝန်ထမ်း ၁၀ ဦး၊ ခရီးသည် ၂၅၂ ဦး စုစုပေါင်း ၂၆၅ ဦး ပါရှိပြီး စင်ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေး လမ်း ၂၁ အတိုင်း ချဉ်းကပ် ဆင်းသက်လာစဉ် ပြေးလမ်းနှင့် စတင်ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက်ထိပ်အစပ်မှ ပေ ၂၀၀၀  မရောက်မီ ဘေးသို့ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ဘီးကျသွားခဲ့သည်။ ထို့နောက် လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ်အစပ်မှ ပေ ၄၀၀၀ ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

အချစ်ရေးကို လျှို့ဝှက်ထားသည့် ရဲရင့်အောင်နှင့်တွေ့ဆုံခြင်း


ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ ပါးစပ်ဖျားပေါ်မှာ တမ်းတမ်းစွဲဖြစ်နေတဲ့ လွမ်းလွန်းလို့သေနိုင်တယ် ဆိုတဲ့ ကောင်ချောလေးကို မိန်းကလေးတွေ သဘောကျ နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ အခုလည်း မင်းသမီးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ် ဆိုပြီးထွက်ပေါ် လာတဲ့အပြင် သူ့ရဲ့အချစ်ရေးကိုလည်း လျှို့ဝှက်ထားတယ် လို့သိရတာမို့မဇ္စျိမက တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။

မေး ။ ။ အချစ်ရေးနဲ့ ပတ်သက်ပြီးလျှို့ဝှက်ထားတယ်ဆို......
ဖြေ ။ ။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် လျှို့ဝှက်ထားတာတော့ရှိပါတယ်။

မေး ။ ။ မင်းသမီးတစ်လက်နဲ့ နာမည်ထွက်နေတာက အမှန်ဘဲလား။
ဖြေ ။ ။ မင်းသမီးတစ်လက်နဲ့ နာမည်ထွက်နေတာက ဒီလိုပါ။ မဂ္ဂဇင်းတစ်ခုမှာ ဓာတ်ပုံရိုက်ဖို့ အတွက် အဲဒီနေ့ ကို ကျွန်တော်က အားပေး ထားတယ်။ သူကလည်း အားတယ်။ အဲဒီနေ့ကို ဓာတ်ပုံရိုက်တယ်။ ရိုက်နေရင်းနဲ့မှ ကျွန်တော့်ကို ဓာတ်ပုံရိုက်ချင်တယ် ဆိုပြီးနောက်ထပ် မဂ္ဂဇင်းတစ်ခုက ထပ်ကမ်းလှမ်းတယ်။ အဲဒီနေ့ကိုလည်း သူနဲ့ဘဲ ထပ်ချိန်းလိုက်မိတယ်။ နောက်တစ်ခု ကိုလည်းအဲဒီလိုဘဲ။ အဲဒီတော့ သုံးခုကိုတစ်ရက်ထဲ မှာရိုက်လိုက်မိတယ်။ အဲဒီဟာတွေကလည်း ချစ်သူများနေ့ အတွက်ကာဗာ ဖြစ်နေတယ်။ အဲဒါကို ပရိတ်သတ်တွေက လိုက်တယ်လို့ ပြောကြတယ်။ ဒါပါဘဲ။

မေး ။ ။ ဖေ့ဘုတ်မှာ ရေးထားတဲ့ စတေးတပ်က.........။
ဖြေ ။ ။ ဖေ့ဘုတ်မှာ ရေးထားတဲ့ ကိုယ်တစ်ပင်ထဲရင်ထဲကနွယ်က သီချင်းပါးစပ်ထဲ စွဲနေလို့ ရေးထားတာပါ။ ဘာမှမဟုတ်ပါဘူး။

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာထောက်ခံ


 ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး


နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိများ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ်မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့်
အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

RSO သောင်းကျန်းသူများအား နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မေ ၁၈ ရက်က အကြောင်းကြားထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မေ ၂၁ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်အတွင်း တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်မူးနေသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းမိ

Photo: မေ ၂၁ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်အတွင်း တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်မူးနေသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းမိ

မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းတွင် တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်သေစာ သောက်စားထားသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ တက္ကစီအား လုယူမောင်းနှင် ထွက်ပြေးခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသား၊ ငါး ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့တွင် မောင်စိုးပြည့်မွန် အသက် ၂၈ နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူက တက္ကစီတစ်စီးအား တားခဲ့ပြီး ယာဉ်၏နောက်ခန်း၌ ၀င်ထိုင်ခဲ့ကာ ယာဉ်မောင်းကို နောက်မှသိုင်းဖက်ပြီး ထိုးခဲ့ကြောင်း သိရသည်။

တက္ကစီယာဉ်မောင်းဖြစ်သူ ဦးစိုးမိုး စမ်းချောင်းမြို့နယ်တွင် နေသူက အင်းလျားလမ်းရှိ သစ်သီးဆိုင်တန်း အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း၊ ထိုအချိန်တွင် စိုးပြည့်မွန်က အဆိုပါတက္ကစီအား ဆက်လက်မောင်းနှင်သွားခဲ့ကာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် အင်းလျားလမ်းထောင့်အနီးတွင် လိုက်ထရပ်ယာဉ်တစ်စီးအား တိုက်မိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုက်မိချိန်တွင် ယာဉ်ထိန်းရဲနှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက “ကျွန်တော်က ဓမ္မစေတီလမ်းကနေ အင်းလျားလမ်းပေါ်ကို မောင်းလာတယ်။ ကွန်ပျူတာတက္ကသိုလ်ရှေ့ အရောက်မှာ ကားရှေ့ကနေ မောင်းလို့မရအောင် လမ်းကိုပိတ်ပြီးတော့ အမျိုးသားတစ်ဦးက တားပါတယ်။ သူက ကားအနားရောက်လာလို့ ကျွန်တော်က မှန်ဖွင့်တဲ့အချိန်မှာ ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ ကားကိုမောင်းတဲ့အချိန်မှာ သူက ကားနောက်တံခါးကိုဖွင့်ပြီး အတင်းဝင်လာပြီးတော့ ကျွန်တော့်လည်ပင်းကို ညှစ်ပြီးထိုးတယ်။ အဲဒီမှာ ကျွန်တော်သူ့ကိုပြောတယ်။ အစ်ကို ဘယ်သွားချင်လဲ။ ရောက်အောင်လိုက်ပို့ပေးမယ်ပြောတာ မရဘူး။ မရတာနဲ့ ကျွန်တော်လည်း ကားကို ထိုးရပ်ပြီးတော့ ထွက်ပြေးခဲ့တယ်” ဟု ဖြစ်စဉ်အား မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

“ကျွန်တော်သိရတာတော့ အနားမှာ ယာဉ်တိုက်မှုဖြစ်လို့ သွားစစ်တယ်။ တိုက်လိုက်တဲ့ ယာဉ်မောင်းရဲ့လိုင်စင်ကို စစ်ဖို့မေးတဲ့အခါမှာ သူက သွားစစ်တဲ့ ယာဉ်ထိန်းရဲကို ထိုးတယ်။ အဲဒီမှာ ၀ိုင်းဖမ်းခဲ့တာပါ” ဟု အင်းလျားလမ်းမီးပွိုင့်ရှိ တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က“ဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့သူက အရက်သေစာ သောက်စားထားပါတယ်။ သူ့ကို ဖမ်းမိတဲ့အခါမှာလည်း အထိုးခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ အခုသူ့ကို ဗဟန်းမြို့နယ် ရဲစခန်းအတွင်းမှာ စစ်ဆေးနေပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကိုလည်း ဆေးစာအဖြေထွက်မှ သိရမယ်။ အကယ်၍ သုံးစွဲထားရင်တော့ ထပ်ပြီး အရေးယူသွားမယ်။ ဘာကြောင့် ဒီလိုလုပ်တယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူကို ဗဟန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ကမာရွတ် မြို့မရဲစခန်း၌ တက္ကစီယာဉ်အား လုယူသွားသူကို ယာဉ်တိုက်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက မေ ၂၁ ရက် ညပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက “အဲဒီယာဉ်က ကျွန်တော်တို့ ကမာရွတ်ဘက်မှာလည်း ယာဉ်တိုက်မှုလေးမှု ဖြစ်ပွားခဲ့တယ်။ ပြီးတော့ သွားစစ်တဲ့ ယာဉ်ထိန်းရဲကိုလည်း ပြန်လည်ရန်ပြုတဲ့အတွက် သူ့ကို အမှုဖွင့်ထားတယ်” ဟု ပြောကြားသည်။

လုယူခံရသည့် တက္ကစီယာဉ် (ပုံသေး)နှင့် ကျူးလွန်သူကို ပြန်လည်ဖမ်းဆီးရမိခဲ့သည့် အင်းယားလမ်းမီးပွိုင့်အနီး (ပုံကြီး) ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းတွင် တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်သေစာ သောက်စားထားသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ တက္ကစီအား လုယူမောင်းနှင် ထွက်ပြေးခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသား၊ ငါး ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့တွင် မောင်စိုးပြည့်မွန် အသက် ၂၈ နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူက တက္ကစီတစ်စီးအား တားခဲ့ပြီး ယာဉ်၏နောက်ခန်း၌ ၀င်ထိုင်ခဲ့ကာ ယာဉ်မောင်းကို နောက်မှသိုင်းဖက်ပြီး ထိုးခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis