menu

Wednesday 16 May 2012

ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်

ကမ္ဘာ့စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးက မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး အစီအစဉ်တွေ ရှေ့ဆက် အရှိန်အဟုန် ကောင်းလာအောင် ထောက်ပံ့ကူညီသွားဖို့ ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
Photo courtesy of State Department
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
ဒါ့အပြင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ လျော့ပေါ့ရေး အပါအ၀င် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ ပြန်လည်ဝင်ရောက်လာရေး ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ သိရပါတယ်။

Pioneer Music Lounge တွင် မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဂဟေဆော်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား




576 အလုံမြို့နယ်၊ အလုံလမ်းရှိ Pioneer Music Lounge တွင် မေလ ၁၆ရက်နေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုမှာ ဂဟေဆော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေ လ ၁၆ရက်နေ့ နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ရာ နံနက် ၁၀နာရီ ၃၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်တပ်ဖွဲ့မှ သိရှိရသည်။

ကင်ပေတိုင့်မှာတမ်း(ရဲရင့်တင့်ဆွေ)

တစ်ချိန်က စာပေများကို စိစစ်မှုခံယူပြီးမှသာ ပုံနှိပ် ထုတ်ဝေခွင့်ရှိသော ကင်ပေတိုင်ရုံးသည်လည်း အဆင့်အလိုက် ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ပေးခဲ့ရသည်။ ယင်းကြောင့်ပင်လျှင် ဆယ်စုနှစ် ငါးစု နီးပါး ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊ အယ်ဒီတာများနှင့် ကြက်ပျံမကျ စည်းကားခဲ့သည့် စာပေကင်ပေတိုင်ရုံးသည် တဖြည်းဖြည်းချင်း နိဋ္ဌိတံ အဆုံးသတ်မည့် အခြေအနေများသို့ ရောက်ရှိလာခြင်း ဖြစ်ပေတော့သည်  . . .

တဖျတ်ဖျတ် လှုပ်ခတ်သံကြောင့် ပြတင်းတံခါးမှ အပြင်သို့ ကြည့်မိသည်။ သုံးရောင်ခြယ် ပိုးသားအလံမှာ လေ၌ တလူလူ လွင့်လျက်ရှိသည်။ စိမ်းစိုနေသော သစ်ပင်၊ ခန့်ညားသော အဆောက်အဦ၊ ရုံးဝင်းနှင့် နိုင်ငံတော် အလံတို့မှာ ပနံသင့်လှသည်။ ကားပါကင်၌ ကားအချို့ ရပ်ထားသည်ကို တွေ့ရသည်။ အစိမ်းရောင် မာစတာဂျစ်နှင့် အပြာရောင် အီး-၂၀၀၀၊ လေးဘီးကားတို့သာရှိပြီး အခြားမည်သည့်ကားကိုမျှ မတွေ့ရ။ ရုံးအ၀င်လမ်းနှင့် သစ်ပင်အောက် သစ်သားခုံလေးများမှာလည်း လူသူအရိပ်အယောင် မမြင်ရ။ တိတ်ဆိတ်ခြောက်ကပ်လွန်းလှ သည်။ ''ဆရာ . . . . ၀င်ခဲ့ပါရစေ'' ဟူသောအသံကြောင့် အခန်းအတွင်းသို့ ပြန်လှည့်ကြည့်မိသည်။

သေမင်းတမန်ရထားလမ်း ပြန်ဖောက်လုပ်မည်ဟုဝန်ကြီးဦးအောင်မင်းပြော

ဒုတိယကမ္ဘာစစ်က ဖေါက်လုပ်ခဲ့သော ဘုရားသုံးဆူ-သံဖြူဇရပ် မီးရထားလမ်းကို ပြန်လည်ဖေါက်လုပ်တော့ မည်ဟု ပြည်ထောင်စု ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဘုရားသုံးဆူမြို့သို့ ယနေ့တွင်ရောက်ရှိစဉ် မိန့်ခွန်းတရပ်၌ ထည့်သွင်းပြောကြားခဲ့သည်။
မီးရထား ဝန် ဦးအောင်မင်း
မီးရထား ဝန် ဦးအောင်မင်း

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဘုရားသုံးဆူမြို့၊ ဆက်ဆံရေးရုံးဖွင့်လှစ်ပွဲတွင် စင်မြင့်ပေါ်၌ မိန့်ခွန်းပြောကြားစဉ် လူထုများအား ယင်းကဲ့သို့အတိအလင်း ထုတ်ဖေါ်ပြောကြားခြင်း ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းက “လက်ရှိအသုံးပြုနေတဲ့ကားလမ်းက အရင်မီးရထားလမ်း ဟောင်းဖြစ်တဲ့အတွက် ဒီလမ်းကိုကျနော်ပြန်ယူမယ်၊ မီးရထားလမ်းနဲ့ယှဉ်ပြီး ကားလမ်းသစ်ဖေါက်လုပ်မယ်” ဟု ပြောသည်။

အမေရိကန်ထံမှ အမြောက် ၁၄၅ လက်ကို အိန္ဒိယ၀ယ်မည်




၁၉၉၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က ပါကစ္စတန်နှင့် ကာဂီလ်ပဋိပက္ခအတွင်း အိန္ဒိယတပ်များက အမြောက်များဖြင့် ပစ်ခတ်နေစဉ်
အိန္ဒိယသည် အမေရိကန်ထံမှ အမေရိကန်ဒေါ်လာ သန်း ၅၆၀ တန်ဖိုးရှိ ဟောင်ဝဇ္ဇာပြောင်းတို အမြောက် ၁၄၅ လက်ကို ၀ယ်ယူရန် သဘောတူခဲ့ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်က အိန္ဒိယ၏ ခေတ်နောက်ကျနေသော လက်နက်များကို အဆင့်မြှင့်ပေးမည်ဆိုသဖြင့် ယင်းသဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

အလွန်အမင်း ပေါ့ပါးသော ယင်းအမြောက်များကို အမေရိကန်ရှိ BAE System Inc ထံမှ ၀ယ်ယူရန် မေလ ၁၁ ရက်တွင် သဘောတူခဲ့ကြောင်း အမည်မဖော်လိုသော အိန္ဒိယ ကာကွယ်ရေးအကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီမှာ ဗြိတိန်အခြေစိုက် BAE Systems Plc ၏ ရုံးခွဲတစ်ခုဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။

ပုဂံဂေါက်ကွင်းကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ဆောင်ရွက်သွားမည်


ဂေါက်ကွင်းကို အကြီးစား ပြန်လည် ပြင်ဆင်မှုများပြုလုပ်ရန် ဆောင်ရွက်နေကြစဉ်။
ဓာတ်ပုံ - ယုယုမော်
ပုဂံမြို့ညောင်ဦးမြို့နယ်ရှိ ပုဂံဂေါက်ကွင်းကို Amazing Holiday Hotels and Resort Co., Ltd. က မေလ ၁ ရက်နေ့ မှ စတင်လွှဲပြောင်း ယူပြီးသည့်နောက် နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းဖြစ် လာစေရန် အကြီးစား ပြန်လည်ပြင်ဆင်မှု များပြုလုပ်လျက်ရှိသည်ဟု အဆိုပါ ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးအောင်မျိုးမင်းဒင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ထိုကဲ့သို့ ပြန်လည်မွမ်းမံမှုများပြုလုပ်ရာတွင် ကမ္ဘာ့ဂေါက်သီးရိုက် ကစား သမား Mr Gabriel Hjertstedt နှင့် အမေရိကန်ကစားမား Mr TC Swartz တို့ကို ဖိတ်ခေါ်၍ နိုင်ငံတကာအဆင့်မီ ကွင်းဖြစ်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သူက ဆိုသည်။

Australia နှင့် အမေရိကန်စစ်ရေးဆက်စပ်မှု တရုတ်စိတ်ပူစရာမလို

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းလာပြီးတော့ သြစတြေးလျ မြောက်ပိုင်းနယ်မြေတွေမှာ အမေရိကန်မရိန်းတပ်တွေ ပိုမိုချရပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံက စိုးရိမ်စိတ်မကြီးဖို့ တရုတ်ပြည်ကို ပထမအကြိမ် ရောက်ရှိလာတဲ့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Bob Carr က ကာကွယ်ပြောကြားသွားပါတယ်။
မစ္စတာကားရ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi ၊ နောက် တရုတ်တပ်မတော် ဒုတိယဦးစီးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝေဖုန်ဟေး (Wei Fenghe) အင်္ဂါနေ့က ဘေဂျင်းမှာတွေ့ဆုံရင်း ပြောကြားခဲ့တာ ဖြစ် ပါတယ်။

လစာနည်းပါးသောကြောင့် လှိုင်သာယာစက်မှုဇုန် စက်ရုံသုံးရုံတွင် အလုပ်သမားများက တောင်းဆိုမှုများဖြစ်ပေါ်၊ သီတင်းနှစ်ပတ်အတွင်း အလုပ်သမားတောင်းဆိုမှု ငါးခုထိရှိလာ




ပုလဲစက်ရုံမှ အလုပ်သမားများ လစာနည်းမှုကြောင့် တောင်းဆိုသည့် စက်ရုံဝန်းကျင်မြင်ကွင်း
လုပ်ခလစာ နည်းပါးသောကြောင့် လှိုင်သာယာစက်မှုဇုန်၊ ဇုန်(၄)ရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံ၊ ပုလဲအထည်ချုပ်စက်ရုံနှင့် ဇုန် (၅) ရှိ Global Footware  ဖိနပ်စက်ရုံများတွင် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ စပယ်ပွင့် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြမှု စတင်ဖြစ်ပေါ်ခဲ့ပြီး အလုပ်ရှင်နှင့် ညှိနှိုင်းမှု မရရှိခဲ့သောကြောင့် မေလ ၁၅ ရက်နေ့အထိ အလုပ်သမားများ ဆက်လက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိကြောင်း၊ မေလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် ပုလဲအထည်ချုပ်စက်ရုံနှင့် လှိုင်သာယာစက်မှုဇုန် (၅)ရှိ Global Footware ဖိနပ်စက်ရုံ၌လည်း အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အခြေခံလစာ ပြဿနာ


 
အလုပ်သမားများ၏ အခြေခံ  လစာသည် ဒေသအတွင်းနိုင်ငံများ  အနက်မြန်မာနိုင်ငံသည် အနိမ့်ဆုံး  လစာအဖြစ်ရှိခဲ့သည်။ ဤအကျိုး ဆက်အနေနဲ့ အလုပ်သမားများ အနေဖြင့် တောင်းဆိုမှုများအဆက်   မပြတ်ဖြစ်ပေါ်ခဲ့လေသည်။
တရုတ်ထိုင်ဝမ်တိုရီဖိနပ်စက် ရုံမှ အလုပ်သမား (၁၈၆၃)ဦးက နေ အခြေခံလစာနှင့် အခြားအခွင့် အရေးပါဝင်ခဲ့သည်။ ဖေဖော်ဝါရီ လ (၃၀) ရက်နေ့တွင် ထပ်မံ၍ ဖြစ်ပွားပြီး နံနက် (၇)မှနာရီမှနေ နေလယ်အထိအလုပ်သမားနှင့် အလုပ်ရှင်ကြား (၁)နာရီ ၇၅ကျပ်  အစား ၁၂၀ကျပ်ဖြင့် ပြေလည်မှု  ရရှိခဲ့ကြောင်း သိရသည်။
ဆန္ဒပြမူသည် ၂လကြာပြီး ခဲ့ပြီးနောက် လှိုင်သာယာစက်မှုဇုန်  (၄) High-Art ဆံပင်တုစက်ရုံ (A) (B) နှင့် ဇုန် (၃)ရှိ UNNO Mynamar Yes အထည်ချုပ်စက်ရုံ အလုပ်သမားဆန္ဒပြမှုများ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။ ဆန္ဒပြအလုပ် သမားများသည် လှိုင်သာယာဆံပင် တုစက်ရုံမှတစ်ဆင့် မရမ်းကုန်မြို့ နယ်ရှိ အလုပ်သမားရုံးသို့ရောက် ရှိကာ တောင်းဆိုမှုများပြုလုပ်ခဲ့ ကြလေသည်။ High-Artဆံပင် တုစက်ရုံသည် တရုတ်ကိုရီးယား ဖက်စပ်လုပ်ကိုင်သည့် စက်ရုံဖြစ် ပြီး ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ကြောင်း ယနေ့အချိန်ထိ ပဋိပက္ခ (၃)ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။

Huawei S8520



Huawei ရဲ့ဖုန်းအမျိုးအစားသစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင့်တယ်လို့ဆိုနိုင်ပြီး အသုံးပြုနိုင်ခြင်းကလည်း ကောင်းမွန်တယ်လို့ဆိုပါတယ်။ နည်းပညာမြင့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Touch Screen ဖုန်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ ပါးလွှာတဲ့ပုံစံဒီဇိုင်းမျိုးနဲ့ အသုံးပြုသူတွေကို စိတ်ကျေနပ်မှုရရှိစေနိုင်မှာပါ။

ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက် ဈေးနှုန်းနဲ့ အသုံးပြုနိုင်မှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးပျော်တယ်လို့ဆိုရမယ့် ဖုန်းပါပဲ။ Touch စနစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်း Huawei ဟာ Touch စနစ်ပိုင်းနဲ့ Android OS ကို အဆင့်မြှင့်တင်မှုမှာ ကောင်းမွန်လာတယ်လို့ ဆိုရမှာပါပဲ။ Touch စနစ်ပိုင်းက Motorola နဲ့ဆင်တူလာပါတယ်။

၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးမသတ်သော မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်တစ်ခုကို ထပ်မံတွေ့ရှိ





ယခင်တွေ့ရှိခဲ့သည့် မာယာလူမျိုးတို့၏ ရှေးဟောင်းပြက္ခဒိန်ကို ယနေ့ခေတ် ကမ္ဘာသုံးပြက္ခဒိန်နှင့် တိုက်ဆိုင်ကြည့်ခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ အဆုံးသတ်နေသောကြောင့် ယင်းနေ့တွင် ကမ္ဘာပျက်မည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ရသည်။

ယင်းကောလာဟလမှာ အခြေအမြစ်မရှိကြောင်း၊ ယင်းရက်တွင် အဆုံးသတ်နေခြင်းမှာ ပြက္ခဒိန်ဆံ့သလောက် ဖော်ပြခြင်းသာဖြစ်ပြီး နှစ် ၄၀၀ စက်ဝန်းဖြင့်တွက်သော နှစ်တွက်ချက်မှု ၁၃ ခု၏ အဆုံးသာဖြစ် ပီး ရက်ကုန်၊ နှစ်ကုန်သွားသည့် သဘောမဟုတ်ကြောင်း ပညာရှင်များက ရှင်းလင်းခဲ့ကြပြီး ဖြစ်သည်။

နှစ်ပေါင်း ၃၀ အတွင်း တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် သမ္မတလီမြောင်ဘတ် နှစ်ရက်ကြာလာရောက် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆွေးနွေး




နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ်
နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် တောင်ကိုရီးယား ခေါင်းဆောင်တစ်ဦးအဖြစ် သမ္မတလီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မေလ ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်သည် ၁၉၈၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသမ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

တောင်ကိုရီးယားသမ္မတလီ မြောင်ဘတ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံမှုရှိစေရန်အတွက် မြန်မာနိုင်ငံဘက်မှ လုံခြုံရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးများ တင်းကျပ်စွာချထားသည်ကိုလည်း ခရီးစဉ်မတိုင်မီကတည်းက တွေ့ရှိခဲ့ရသည်။

အားလုံးအတွက်


မူးယစ်ဂိုဏ်း အဖွဲ့ဝင် ၂၅ ဦး လက်နက်ချ အလင်းဝင်

ရွှေတြိဂံနယ်မြေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ စိုင်းနော်ခမ်းရဲ့ အဖွဲ့ဝင် ၂၅ ဦးဟာ တာချီလိတ်မြို့နယ်က တပ်စခန်းတစ်ခုမှာ မနေ့ညနေပိုင်းက လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ အခမ်းအနားနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာအိုအာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးရမိလိုက်ပြီးနောက် သူရဲ့အဖွဲ့သားတွေဖြစ်ကြတဲ့ ဦးယောဟန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦး၊ ဦးယားအီ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဦးအားထူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ ၃၅၉ တပ်ရင်းကို လက်နက်ချ အလင်းဝင်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူထံမှ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ

ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 ”လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်   ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်  ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲစခန်းသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ကူညီသူများက ကျွေးမွေးစဉ် (ဓာတ်ပုံ - BAT)
မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

မနိုးပါစေနဲ့ ထမံသီကျား(ကိုဆူး(ချင်းတောင်ခြေ))

ဆည်ကြီးပြီးလို့ လျှပ်စစ်ဓာတ်အားတွေ ထွက်ရှိလာမယ်ဆိုရင် အိန္ဒိယနိုင်ငံက ရှစ်ဆယ်ရာခိုင်နှုန်း အသုံးပြုမှာဖြစ်ပြီး မြန်မာနိုင်ငံက နှစ်ဆယ်ရာခိုင်နှုန်းပဲရမယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာ အိန္ဒိယနိုင်ငံက ထမံသီ ဆည်စီမံကိန်းတစ်ခုထဲသာ မဟုတ်ဘဲ ကနီမြို့နယ်အတွင်းက ရွှေစာရေး ဆည်စီမံကိန်းကိုလည်း ...



ထမံသီလို့ ပြောလိုက်ရင် လူစင်စစ်ကနေ ကျားဘ၀ကိုပြောင်းပြီး အမဲလိုက်တတ်တဲ့ ထမံသီကျားတွေရဲ့ အကြောင်းကို ကြားဖူးနားဝ ရှိကြမှာပါ။ ထမံသီကျေးရွာက အထက်ချင်းတွင်းက ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ နာဂတောင် တန်းလေရှီးမြို့ကို သွားရာလမ်းရဲ့အစ တံခါးဝပေါ့။ ရေခဲတွေ ဖုံးလွှမ်းနေတယ်ဆိုတဲ့ စာရာမေတိ တောင်တန်းကိုသွားမယ့် ခရီးရဲ့အစ။ သဘာဝ သားရဲတိရစ္ဆာန်တွေ ပေါများရာ၊ သဘာဝပေါက်ပင်တွေ ကြွယ်ဝရာ၊ ထမံသီ ဘေးမဲ့တောစသဖြင့် လူသိများခဲ့တဲ့ ထမံသီပါ။

ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့် အဖွဲ့မှ ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် တစ်ဦးသေဆုံး




571
ဓားဖြင့် ၀ိုင်းဝန်းခုတ်မှု ဖြစ်ပွားရာ ပါရမီ ၂၃၂ ဂိတ်ရုံးအား တွေ့ရစဉ်
ဈေးကြိုပို့ယာဉ်မောင်းနှင့် ၂၃၂ ပါရမီယာဉ်နောက်လိုက်များ ယာဉ်ပိတ်ရပ်ခြင်းကြောင့် စကားများခဲ့ပြီးနောက် ဈေးကြိုပို့ ယာဉ်မောင်း နှင့်အဖွဲ့ ၂၃၂ ဂိတ်ရုံးသို့ လာရောက်စကားပြောစဉ် ပါရမီယာဉ် နောက်လိုက်၏ ဖခင်နှင့်အဖွဲ့က ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သိရှိရပါသည်။
ဓားဖြင့်ဝိုင်းခုတ်မှုကြောင့် ဈေး ကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ ည ၇ နာရီနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၁၆၉/၁၂ ပုဒ်မ ၃၀၂/ ၃၂၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းသိရသည်။

ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီ၏ CEO ဇာတိ မန္တလေးမြို့သို့ အလည်အပတ် ပြန်လည်ရောက်ရှိ




574 ထိုင်ဝမ်နိုင်ငံ အခြေစိုက် HTC ကုမ္ပဏီ၏ CEO Peter Chou (မြန်မာအမည် ဦးဝင်းသန့်)သည် ဇာတိ မန္တလေးမြို့သို့ အလည်အပတ် ပြန်လည်လာရောက်ခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံမှုကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်များ အသင်းနှင့် လုပ်ငန်းရှင်များ အသင်းခန်းမ၌ မေ လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် မိုဘိုင်းဖုန်းများ ထုတ်လုပ်မှုကြောင့် နာမည် ကျော်ကြားသော HTC ကုမ္ပဏီ၏ CEO ဖြစ်သူ Peter Chou  (မြန်မာ အမည်-ဦးဝင်းသန့်) က သူ၏ ငယ်ဘ၀ဖြတ်သန်းမှုများ၊ HTC ကုမ္ပဏီ သမိုင်းကြောင်းနှင့် ကြိုးစားအားထုတ်မှု အပိုင်းများကို ရှင်းလင်း ပြောကြားသွားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis