menu

Thursday 18 October 2012

“ဂျပန်တွင် HTC J Butterfly ဖုန်းအားမိတ်ဆက် ပြသ”


HTC မှနေ၍ ယခုအခါ ဂျပန်တွင် 5 လက်မအရွယ် HTC J Butterfly ဖုန်းအားမိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ယခုဖုန်းတွင် 5 လက်မအရွယ် Super LCD3 Display ကိုအသုံးပြုထားပြီး resolution အနေနှင့် Full HD resolution ဖြစ်သော 1920 x 1080 အထိရှိမှာ ဖြစ်ပါတယ်။ Pixel Density အားဖြင့်ဆိုလျှင် အံ့သြောလောက်ဖွယ် 440 ppi အထိရှိမှာ ဖြစ်ပါတယ်။ ထို့  ကြောင့် HTC J Butterfly သည်ထွက်ရ
ှိပြီးသော စမတ်ဖုန်းများအားလုံးထဲတွင် ပထမဆုံး 1080p Display အသုံးပြုထားသော ဖုန်းဖြစ်လာမှာ ဖြစ်ပါတယ်။

ဒေါက်မြင့်ဖိနပ်ကြောင့် ချော်လဲ၊ စတိုင်ပျက်ခဲ့တဲ့ သြစီ ၀န်ကြီးချုပ်

 Julia Gillard နှင့် မန်မိုဟန်ဆင်းမ်၊ ဓာတ်ပုံ- AFP 
 
သြစတြေးလျနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ Julia Gillard ဟာ အိန္ဒိယနိုင်ငံကို ၃ ရက်တာ အလည်အပတ် ရောက်နေခဲ့ပြီး အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

နောက်ဆုံး တတိယနေ့မှာတော့ ၀န်ကြီးချုပ် Julia Gillard ဟာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ရှိတဲ့ ကွယ်လွန်သူ ငြိမ်းချမ်းရေး ဗိသုကာကြီး မဟ္တမ ဂန္ဓီကြီးရဲ့ ဂူဗိမ္မာန်ကို သွားရောက် ဂါရပြုစဉ် မထင်မှတ် ပဲ ချော်လဲသွားခဲ့တာကို အောက်တိုဘာလ ၁၇ ရက်နေ့ သတင်းတွေမှာ AFP သတင်းတခုမှာ ဖော်ပြပါရှိ လာခဲ့ပါတယ်။ 

နေပြည်တော်စကားဝိုင်း အပြုသဘောဆောင်ဟု အမေရိကန် ပြော

Photo: နေပြည်တော်စကားဝိုင်း အပြုသဘောဆောင်ဟု အမေရိကန် ပြော

ဧရာဝတီ

ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းဟာ “သိပ်ကိုအပြုသဘောဆောင် တယ်” လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

“အခုဆိုရင် လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့နဲ့ မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအကြား လမ်းကြောင်း ပွင့်သွားပြီလို့ ကျမတို့ယုံကြည်ပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေအရ မြန်မာအစိုးရက ဖြစ်ချင်တာတွေ ဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ လမ်းပွင့်သွားပြီလို့လည်း ယုံကြည်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန် (Victoria Nuland) က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

နေပြည်တော်မှာ ဒီရက်များအတွင်း ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။ အဖွဲ့ဝင် ၂၂ ပါတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ (White House National Security Staff)၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန (Department of Homeland Security)၊ အမေရိကန် နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ (US Agency for International Development) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အကြီး တန်း ကိုယ်စားလှယ်တွေပါဝင်ကြပါတယ်။

မြန်မာဘက်က ဒု နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥပဒေနဲ့ ကောင်စစ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ်ရုံး၊ သမ္မတ အကြံပေးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တက်ရောက် ဆွေးနွေးကြပါတယ်။

စကားဝိုင်းမှာ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ အများအပြားကို ဆွေးနွေးကြရာမှာ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို အကာအကွယ်ပေးရေး၊ စီးပွားရေးလုပ်ငန်း၊ အလုပ်သမားရေးရာနဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မှုခင်းဆိုင်ရာ တရားမျှတမှု (Criminal Justice) နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ လူ့အခွင့်အရေးနဲ့ စစ်တပ် စတာ တွေ ပါဝင်ပါတယ်။

“လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုရှိနေတာတွေအပေါ် မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ဖို့ အမေရိကန်အစိုးရတခုလုံးက ချဉ်းကပ်ဆောင်ရွက်နေတယ်ဆိုတာကို ဒီစကားဝိုင်းက ပေါ်လွင်စေပါ တယ်။ စကားဝိုင်းရဲ့ ရလာဒ်တွေကို သိပ်အပြုသဘောဆောင်တယ်လို့ ကျမတို့ အကဲဖြတ်မိပါတယ်၊ ဒါကြောင့် အခုလို ဆွေးနွေးမှုတွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆက်လက်ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ ဗစ်တိုးရီးယား နူလန်က ဆိုပါတယ်။

“အားလုံးသိကြတဲ့အတိုင်း ကျမတို့ကိုယ်စားလှယ်အဖွဲ့မှာ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အစိုးရက ကိုင် တွယ်ဆောင်ရွက်တယ်ဆိုတာကို ကဏ္ဍအသီးသီးကနေ တင်ပြနိုင်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်ကြတာပါ။ အဲ့ဒီကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်ဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေ လမ်းဖွင့်ပေးမပေးဆိုတာကို ကျမတို့မသေချာခဲ့ပါဘူး၊ ဒါပေမယ့် တကယ်တမ်းတွေ့ကြတဲ့အခါမှာတော့ ဆွေးနွေးနိုင်ဖို့ သူတို့လမ်းဖွင့်ပေးခဲ့ပါတယ်” လို့ ဗစ်တိုးရီးယား နူလန် က ဆိုပါတယ်။

“မြန်မာပြည်သူတွေရဲ့ သီးခံနိုင်မှုကို ကျမ မခန့်မှန်းတော့ပါဘူး၊ ဒါပေမယ့် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား အရေ အတွက် သုညဖြစ်ဖို့လိုတယ်ဆိုတာကို ကျမတို့ ပြောခဲ့ပါတယ်၊ အဲ့ဒီလိုဖြစ်အောင်လည်း မြန်မာအစိုးရနဲ့ ကျမတို့ ဆက် လက် လက်တွဲဆောင်ရွက်သွားမှာပါ” လို့ သူက ပြောပါသေးတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာတွေကလည်း ဒီအစည်းအဝေးအကြောင်း သတင်းရေးသား ထုတ်ပြန်ပါတယ်။

ဒီစကားဝိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အရှေ့အာရှ ဆိုင် ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗစ်ကရမ် ဆင်း (Vikram Singh) နဲ့ အမေရိကန်စစ်တပ်က ပစိဖိတ်ဒေသ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်စကီ (Francis Wiercinski) တို့လည်း ပါဝင်တာမို့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက် မှုတွေ ပြန်လည် သက်ဝင်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေတာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဘန်းစ် (William Burns) က ဒီနေ့ နေပြည်တော်ကို ရောက်ရှိ လာမှာဖြစ်ပါတယ်။ သူက သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေကို တွေ့မှာဖြစ်တဲ့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ အစီအစဉ်ရှိပါတယ်။

အမေရိကန်နဲ့ လူ့အခွင့်အရေး ဆက်ဆွေးနွေးဖို့ နေပြည်တော်က လမ်းဖွင့်ပေးခဲ့တယ် (ဓာတ်ပုံ- Reuters)

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
အမေရိကန်နဲ့ လူ့အခွင့်အရေး ဆက်ဆွေးနွေးဖို့ နေပြည်တော်က လမ်းဖွင့်ပေးခဲ့တယ် (ဓာတ်ပုံ- Reuters)
ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းဟာ “သိပ်ကိုအပြုသဘောဆောင် တယ်” လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြား
လိုက်ပါတယ်။

“အခုဆိုရင် လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့နဲ့ မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအကြား လမ်းကြောင်း ပွင့်သွားပြီလို့ ကျမတို့ယုံကြည်ပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေအရ မြန်မာအစိုးရက ဖြစ်ချင်တာတွေ ဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ လမ်းပွင့်သွားပြီလို့လည်း ယုံကြည်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန် (Victoria Nuland) က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

လွှတ်တော် ပြက္ခဒိန် တိတိကျကျ ထားပေးဖို့ သူရဦးရွှေမန်း လက်မခံ

Photo: လွှတ်တော် ပြက္ခဒိန် တိတိကျကျ ထားပေးဖို့ သူရဦးရွှေမန်း လက်မခံ
ဒီဗွီဘီ ၁၈ အောက်တိုဘာ ၂၀၁၂

နိုင်ငံတကာ ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု တိတိကျကျထားရှိပေးဖို့ ပုသိမ်မဲဆန္ဒနယ်က အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်တင်တဲ့ အဆိုကို ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယေဘုယျ အဖြေလောက်သာ ပေးပြီး တိတိကျကျ ပြဋ္ဌာန်းပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ခေါ်နိုင်ခွင့်ဟာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေလက်ထဲမှာ အလုံးစုံရှိနေတဲ့ ကိစ္စ အမတ်တွေရဲ့သဘောတူညီချက်နဲ့ parliament calendar တခုတိတိကျကျ ရှိလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။ အခု ဦးဝင်းမြင့်ရဲ့ အဆိုကို သူရဦးရွှေမန်းက ဥပဒေ ပြဋ္ဌာန်းရင် တာဝန်မကျေမှာစိုးရိမ်ကြောင်း၊ သူ့အနေနဲ့လည်း လွှတ်တော်ခေါ်တဲ့ကာလကို ၆ လ ဒါမှမဟုတ် ၇ လ ၀န်းကျင် စဉ်းစားထားပြီး ဒါဟာလည်း အခြေအနေပေါ်မူတည်တယ်လို့ မရေမရာသာ ဖြေသွားခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာတော့ ဦးဝင်းမြင့်ရဲ့ အဆိုကို မှတ်တမ်းတင်ရုံပဲ ထားလိုက်တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်ဥက္ကဋ္ဌဟာ တနှစ်ကို အနည်းဆုံး လွှတ်တော် ၁ ကြိမ်ခေါ်ရမယ် ဆိုတာလောက် ပြဋ္ဌာန်းထားပြီး အခြား အသေးစိတ် လုံးဝ မပါဝင်ပါဘူး။

မူရင်းသတင်း----DVB TV News
Post By :  အေးချမ်းမွန်

နိုင်ငံတကာ ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု တိတိကျကျထားရှိပေးဖို့ ပုသိမ်မဲဆန္ဒနယ်က အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်တင်
တဲ့ အဆိုကို ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယေဘုယျ အဖြေလောက်သာ ပေးပြီး တိတိကျကျ ပြဋ္ဌာန်းပေးဖို့ ငြင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ခေါ်နိုင်ခွင့်ဟာ သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌတွေလက်ထဲမှာ အလုံးစုံရှိနေတဲ့ ကိစ္စ အမတ်တွေရဲ့သဘောတူညီချက်နဲ့ parliament calendar တခုတိတိကျကျ ရှိလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။ အခု ဦးဝင်းမြင့်ရဲ့ အဆိုကို သူရဦးရွှေမန်းက ဥပဒေ ပြဋ္ဌာန်းရင် တာဝန်မကျေမှာစိုးရိမ်ကြောင်း၊ သူ့အနေနဲ့လည်း လွှတ်တော်ခေါ်တဲ့ကာလကို ၆ လ ဒါမှမဟုတ် ၇ လ ၀န်းကျင် စဉ်းစားထားပြီး ဒါဟာလည်း အခြေအနေပေါ်မူတည်တယ်လို့ မရေမရာသာ ဖြေသွားခဲ့ပါတယ်။

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၂)

ပြည့်တန်ဆာတန်းမှာ ဓားတန်းလန်းဖြင့် သေရသည့် သင်္ဘောသား

၁၉၈၂ ခုနှစ်ကဖြစ်သည်။ စင်္ကာပူမြို့၏ ညနေခင်းမှာ မြန်မာသင်္ဘောသားတွေ စုနေကြသည့် ပွဲစားအိမ်ကို သတင်းဆိုး တစ်ခုက ၀င်လာသည်။ မကောင်းသတင်းဖြစ်လို့ တုန်လှုပ်သွားကြသည်။ စိတ်မကောင်းဖြစ်သွား ကြသည်။
" အာအိုကို ... အာရပ်စထရိမှာ ဓားထိုးခံရလို့ သေသွားပြီတဲ့ "
" ဟာ ဘယ်သူက ထိုးလိုက်တာလဲ "
" ဘယ်သူထိုးမှန်း မသိဘူး၊ လူအုပ်ထဲမှာ လဲကျသွားလို့ ကြည့်လိုက်တော့ ၀မ်းဗိုက်မှာ ဓားတန်းလန်း နဲ့ သွေးတွေအိုင်နေတာတွေ့ရတယ်လို့လည်း ပြောကြတာပဲ "
" ထင်ကြေးပေး နေကြတာကတော့ ပြည့်တန်ဆာတန်းက ဖဲသုံးချပ်လိမ်တဲ့အကောင်ရဲ့ လက်ချက်လို့ ပြော နေကြတယ်"
စင်္ကာပူမှာ ပြည့်တန်ဆာတန်းနှစ်ခုရှီသည်။

KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီတွင် တွေ့မည်

Photo: KIO နှင့် အစိုးရ ကိုယ်စားလှယ်များ ရွှေလီတွင် တွေ့မည်



ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးကြရန် သဘောတူထားကြကြောင်း သိရသည်။

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသိရသေး သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြု ထားကြောင်း KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau) က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့မှ စတင်၍ KIO ခေါင်းဆောင်များ ၎င်းတို့၏ ထိန်းချုပ် ဒေသတွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် ညှိနှိုင် ဆွေးနွေးပြီးမှ သာလျှင် တွေ့ဆုံမည့် နေ့ရက်ကို သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လတွင် အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရန် သမ္မတ ဦးသိန်းစိန် အနေဖြင့် နေပြည်တော်သို့ ကမ်းလှမ်းထားပြီး KIA ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း နှစ်ဘက်တပ်များအပေါ် ယုံကြည်မှု ကင်းမဲ့နိုင်သောကြောင့် တွေ့ဆုံရန်ကိစ္စ မဖြစ်နိုင်ကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရသည်။

အစိုးရအနေနှင့် ယခုလ ၁၀ ရက်နေ့က ထပ်မံ တွေ့ဆုံရန် ကမ်းလှမ်းထားပြီး စာကိုလည်း KIO ခေါင်းဆောင်များ လက်ခံရရှိကြောင်း အစိုးရထံသို့ ပြန်လည်အကြောင်း ကြားထားကြောင်း သိရသည်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင်က တွေ့ဆုံဆွေးနွေးပွဲကို အစိုးရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်ပြီး ဆက်လက် တွေ့ဆုံဆွေးနွေးနိုင်မည့် မူတခု ချမှတ်နိုင်ရေးနှင့် တင်းမာနေသည့် စစ်ရေးကို ဆွေးနွေးမည်ဟု သိရကြောင်း ဆိုသည်။

“အရင် တပ်ပိုင်းဆိုင်ရာကိစ္စကို အစိုးရဘက်က ဆုံးဖြတ်နိုင်မည့်လူက မပါလာဘူး။ ဒီတခေါက် တပ်ပိုင်းကလည်း သူတို့ ဆုံးဖြတ်ပါမယ်လို့ ပြောတဲ့အပိုင်း ရှိလာတယ်ဆိုတော့ တိုးတက်လာမယ်လို့ ကျနော်တို့ ရာခိုင်နှုန်းအပြည့် ယုံကြည်ပါတယ်” ဟု ဦးဆန်းအောင်က ဆက်ပြောသည်။

ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြောင်း၊ ထိုအချိန်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် KIA ဒု ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။

ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားကြောင်း ပေါ်ပြူလာသတင်းဂျာနယ် အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ပြောထားသည်။

၈၈ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ဦးမြအေးက KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် အခက်အခဲ ဖြစ်နေရခြင်းမှာ ယခင် ဆွေးနွေးပွဲ၏ အကျိုးရလဒ်များ ထိရောက်မှု မရှိသောကြောင့် ဖြစ်သည်ဟု ပြောသည်။

“ဆွေးနွေးပွဲတွေ လုပ်တယ်၊ တဖက်ကလည်း စစ်ပွဲတွေ မရပ်ဆိုင်းနိုင်ဘူး ဆိုလို့ရှိရင် ဒီဆွေးနွေးပွဲတွေဟာ အရာထင်လာမှာ မဟုတ်ဘူး၊ ပိုပြီးတော့ သံသယတွေ ကြီးထွားလာမယ်၊ စစ်တိုက်ဖို့အတွက် ဒီဘက်ကနေပြီးတော့ ကမ္ဘာကို အရောင်ပြပြီး ဆွေးနွေးတာလားဆိုပြီး တဘက်က စဉ်စားတာမျိုး ဖြစ်သွားနိုင်တယ်လေ။ မည်သို့ဆိုစေကာမူ ဆွေးနွေးပွဲတွေ ပြန်စဖို့ကိုတော့ နှစ်ဖက်ကို တိုက်တွန်းတယ်၊ အစိုးရဖက်က ကမ်းလှမ်းလာတာကိုလည်း KIO အနေနဲ့ စဉ်းစားပြီးတော့မှ အဖြေတခုပေးသင့်တယ်လို့ မြင်တယ်” ဟု ဦးမြအေးက ဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် KIO နှင့် အစိုးရဘက်မှ သြဇာအာဏာကြီးမားသည့် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်ရန်နှင့် တိုက်ပွဲများ ရပ်ဆိုင်းသွားရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် အဓိကလိုအပ်ကြောင်း ကိုမြအေးက ဆက်ပြောသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။ayechanmon.18

သန်းထိုက်ဦး


တရုတ်နိုင်ငံ ရွှေလီမြို့၌ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ – KIO)

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
တရုတ်နိုင်ငံ ရွှေလီမြို့၌ ယမန်နှစ် နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ – KIO)
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များသည် တင်းမာနေသော စစ်ရေးကိစ္စများ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံဆွေးေ
နွးကြရန် သဘောတူထားကြကြောင်း သိရသည်။

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသိရသေး သော်လည်း တရုတ်နိုင်ငံ ရွှေလီမြို့ကို အဆိုပြု ထားကြောင်း KIO မှ ဒု နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင် (James Lumdau) က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့မှ စတင်၍ KIO ခေါင်းဆောင်များ ၎င်းတို့၏ ထိန်းချုပ် ဒေသတွင် ဆွေးနွေးနေဆဲ ဖြစ်သည့် အတွက် ညှိနှိုင် ဆွေးနွေးပြီးမှ သာလျှင် တွေ့ဆုံမည့် နေ့ရက်ကို သိရှိရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဘွမ်ဂါ့တ်နာ အာကာသတွင်းမှ မြေပြင်ပေါ်သို့ အလွတ်ခုန်ချပြီး ကမ္ဘာ့စံချိန်သစ်တင်




smt2
အာကာသအတွင်း ရောက်ရှိချိန်တွင် ချိတ်ဆက်အခန်းငယ်မှ ခုန်ချရန်ပြင်ဆင်နေစဉ်

သြစတီးယန်းနိုင်ငံသား စွန့်စားသူ ဖီးလစ်ဘွမ်ဂါ့တ်နာသည် အာကာသတွင်းမှ မြေပြင်သို့ အလွတ်ခုန်ချမှု ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေးအတွက် အောက်တိုဘာလ ၁၄ ရက် နေ့တွင် ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှု အောင်မြင်ခဲ့သည်။
ဘွမ်ဂါ့တ်နာသည် အမြင့်ပေ ၁၂၈၀၉၇ ပေ မှ ၄ မိနစ် ၁၉ စက္ကန့်ကြာ အလွတ်ခုန်ဆင်းခဲ့ပြီးမှ လေ ထီးဖွင့်ခဲ့ခြင်းဖြစ်သည်။ ယခုကြိုးပမ်းမှုတွင် အမြင့်ဆုံး အလွတ်ခုန်ချမှု၊ လူသားတစ်ဦးအတွက် အမြင့်ဆုံးအမြန်နှုန်း၊ အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်မှု စံချိန် များတင်နိုင်ခဲ့သော်လည်း ဆင်းလာသည့်အချိန် မြန်ဆန်ခြင်းကြောင့် အချိန်အကြာဆုံး အလွတ်ခုံစံချိန်ကိုမူ လက်လွှတ်ခဲ့ရသည်။
ငါးမိနစ်ကြာ အလွတ်ခုန်ချပြီး ယင်းစံချိန်ကိုပါရယူရန် ရည်ရွယ်ထားခဲ့သော်လည်း မူလသတ်မှတ်ထားသည့် အမြင့်ပေ ၅၀၀၀ ရောက်မှသာ လေထီးဖွင့်မည့်အစီအစဉ်ထက် ပိုစောပြီး လေထီးဖွင့်ခဲ့ခြင်းကြောင့် ဟု ယူဆရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အမေး အဖြေ

Photo: ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် အမေး အဖြေ

by Yangon Media Group on Wednesday, October 17, 2012 at 10:05am ·

“ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာ အစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်းကို ကိုယ်စားပြုပြီး ရေးသားတင်ဆက်လို့ မရတော့ပါဘူး”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့်အမေးအဖြေ

ရန်ကုန်မီဒီယာအယ်ဒီတာအဖွဲ့ မေးမြန်းသည် 

ပြန်ကြားရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းစီမံခန့်ခွဲသူများအား ပြောင်းလဲအပြီးတွင် ၀န်ကြီးဌာန က တာဝန်ယူထုတ်ဝေနေသည့် နေ့စဉ်ထုတ်သတင်းစာများ၏ အသွင်သဏ္ဍန်နှင့် အကြောင်းအရာများ သိသိသာသာတိုးတက်ပြောင်းလဲလာသည်ကိုတွေ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာများကို  ပြည်သူ့ဝန်ဆောင်မှုမီဒီယာများ အဖြစ်သို့ပြောင်းလဲမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည်။ အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြေးမုံ၊မြန်မာ့အလင်းနှင့် နယူးလိုက်အော့ဖ်မြန်မာသတင်းစာများအားလုံး ကို နေပြည်တော်တွင်နေ့စဉ်ရောင်စုံသတင်းစာများအဖြစ်သို့လည်းကောင်း၊ကြေးမုံနှင့် မြန်မာ့အလင်းကို ရန်ကုန်တွင် တစ်ပတ်ခြားရောင်စုံသတင်းစာများအဖြစ်သို့လည်း ကောင်း အရည်အသွေးတိုးမြှင့်ပြောင်းလဲထုတ်ဝေလိုက်ပြီဖြစ်သည်။ အစိုးရသတင်းစာတွေ တကယ်ပြောင်းလဲတော့မှာလား၊အနာဂတ်သတင်းစာလုပ်ငန်းအခြေအနေတွေ ဘယ်လိုရှိလာမည်လဲဆိုသည်မှာ စိတ်ဝင်တစားရှိနေကြသည့်အကြောင်းအရာဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မီဒီယာသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်အား သိလိုသည်များကို အောက်တိုဘာ ၁၇ရက်က မေးမြန်းခဲ့ရာ……

ရန်ကုန်တိုင်းမ် -ဒုဝန်ကြီးခင်ဗျား။ အခုနိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့မြန်မာ့အလင်း ၊ကြေးမုံနှင့် The New Light of Myanmarတွေကိုအသွင်သစ်ရောင်စုံသတင်းစာများအဖြစ် အောက်တိုဘာ၁၈ရက်ကစတင်ပြီးထုတ်ဝေတော့မှာဖြစ်ပါတယ်။ယခုလိုဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဦးရဲထွဋ်။      သမ္မတကြီးကအစိုးရအဖွဲ့ရဲ့မူဝါဒဟာ ပြည်သူကိုဗဟိုပြုတဲ့မူဝါဒဖြစ်ရမယ် လို့ ကျွန်တော်တို့ကိုညွှန်ကြားထားပါတယ်။ ပြည်သူတွေက နိုင်ငံပိုင် သတင်းစာတွေက သတင်းတွေပြည့်ပြည့်စုံစုံဖော်ပြတာ၊ သတင်းစာရဲ့ ပုံသဏ္ဍန်၊တင်ဆင်ပုံတွေ ပြောင်းလဲ တာကိုလိုလားနေပါတယ်။ ဒ့ါကြောင့်အဲဒီဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလို ပြုပြင်ပြောင်းလဲမှုတွေဆာင်ရွက်ပေးတာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းမ်-နိုင်ငံပိုင်သတင်းစာတွေကို အရင်အစိုးရလက်ထက်မှာ စာဖတ်သူတွေ သိပ်ပြီးတော့ သဘောမတွေ့ခဲ့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာအပြင်အဆင်နှင့် သတင်းပိုင်းတွေပါ အသွင်ပြောင်း လာတာကိုတွေ့ရပါတယ်။ အလားတူဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှူးချုပ်ကျော်ဇောစတဲ့ ယခင်ကမဖော်ပြခဲ့တဲ့ သတင်းများကိုယခုအခါ နိုင်ငံပိုင်သတင်းစာများ မှာဖော်ပြလာတာတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဦးရဲထွဋ်-  ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာအစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်းကိုကိုယ်စားပြုပြီး ရေးသားတင်ဆက်လို့ မရတော့ပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်များရဲ့ လုပ်ဆောင်ချက်များကို ပြည်သူတွေကို အသိပေးသလိုတစ်ဖက်ကလဲ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ သူတို့လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကိုပေးဖို့လိုအပ်လာပါတယ်။ နောက်ပြီးသမ္မတကြီးရဲ့ မူဝါဒအရရော၊ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားကရော အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုအလေးထားဦးစားပေးသလို၊ နိုင်ငံပိုင်သတင်းစာများကိုလည်းစတုတ္ထမဏ္ဍိုင် ပီသစွာဆောင်ရွက်စေချင်တဲ့အတွက် သတင်းအချက်အလက်များရွေးချယ်ဖော်ပြရာမှာစာတည်းအဖွဲ့များအနေနဲ့ ပိုပြီးလုပ်ဆောင်နိုင်ခွင့်ရှိလာပါတယ်။ ဒါ့ကြောင့်လည်းယခင်ကမဖော်ပြခဲ့ တဲ့သတင်းမျိုးကိုသတင်းစာများမှာတွေ့မြင်လာရတာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းမ်- ပုဂ္ဂလိကသတင်းစာတွေ ထုတ်ခွင့်ရလာတော့မယ်လို့ သိရပါတယ်။ ဘယ်အချိန်လာက် ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ရမှာပါလဲ။

ဦးရဲထွဋ်- ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်ကဒီဗွီဘီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှု မှာသူ့အနေနဲ့ ၂၀၁၃ ခုနှစ်အစောပိုင်းမှာ ပုဂ္ဂလိကသတင်းစာထုတ်ဝေခွင့်များ ရရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ တစ်ဖက်ကလည်းလိုအပ်တဲ့ institution ဆိုင်ရာတည်ဆောက်မှုတွေကိုဆောင်ရွက်ဖို့လိုကြောင်း၊ အဲဒါတွေ အသင့်ဖြစ်လာရင် ၂၀၁၃ ခုနှစ်အစောပိုင်းမှာ ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ ပြန်ကြားရေးဝန်ကြီးဌာနဘက်က ဖြည့်ဆည်းပေးရမယ့်ကိစ္စများကိုတော့ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ 

ရန်ကုန်တိုင်းမ် - အခုလိုအသွင်သစ် ရောင်စုံသတင်းစာများအဖြစ် အသွင် ပြောင်းလဲနေတာဟာပုဂ္ဂလိကသတင်းစာတွေမထွက်ခင် ဈေးကွက်ကို ကြိုတင်ခြေလှမ်းရယူတာလို့ အချို့ကပြောဆိုနေကြပါတယ်။ ပုဂ္ဂလိကသတင်းစာတွေ ထွက်လာရင် သူတိုနဲ့ဘယ်လိုယှဉ်ပြိုင်မှာလဲ။

ဦးရဲထွဋ်- ဒီကနေ့ ပြည်ထောင်စုဝန်ကြီးကရည်မှန်းချက်ချမှတ်လုပ်ဆောင်နေတာဟာ နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတဲ့အခါ ပြည်သူတွေယုံကြည်အားကိုးတဲ့ သတင်းစာတွေဖြစ်ဖို့ သတင်းရေးသားတင်ဆက်မှု၊ သတင်းစာဖွဲ့စည်းမှုပုံသဏ္ဍန်တွေအားလုံးပြောင်းလဲဖို့ လုပ်ဆောင်နေရပါတယ်။ အခု မြင်နေရတဲ့အပြောင်းအလဲများဟာအဲဒီရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ဈေးကွက်လုဖို့ဆိုတာ ကျွန်တော်တို့ တစ်ခါမှ မစဉ်းစားမိပါဘူး။ ကျွန်တော်တို့က အများပြည်သူဝန်ဆောင်မှုမီဒီယာဖြစ်တဲ့ အတွက် ၀န်ဆောင်မှုပိုင်းကိုပဲအလေးပေးစဉ်းစားပါတယ်။ တကယ်လို့ ပုဂ္ဂလိကသတင်း စာများနဲ့ ပြိုင်ဖို့ဆိုရင်လည်းသတင်းအရည်အသွေးနဲ့ တိကျခိုင်မာမှုများ မှာပဲ ယှဉ်ပြိုင်ဖို့စဉ်းစားပါတယ်။ ဈေးကွက်ကိစ္စဆိုတာမိမိအရည်အသွေးကြောင့်ရလာမယ့် နောက်ဆက်တွဲရလဒ်အဖြစ်ပဲသဘောထားပါတယ်။

ရန်ကုန်တိုင်းမ် - အီလက်ထရောနစ် မီဒီယာဖွံ့ဖြိုးတိုးတက်လာတဲ့အတွက် နိုင်ငံတကာမှာသတင်းစာတွေကိုဖတ်သူနည်းလာပါတယ်။ ဒါကြောင့် နိုင်ငံပိုင် သတင်းစာတွေအနေနဲ့လဲဘယ်လို ပြင်ဆင်ထားပါသလဲ။ လက်ရှိရောအရှုံးခံပြီး ထုတ်ဝေနေရပါသလား။ 

ဦးရဲထွဋ်- အီလက်ထရောနစ်မီဒီယာတွေရဲ့ ယှဉ်ပြိုင်မှုကိုဘယ်လိုကျော်လွှားမလဲဆိုတာ နိုင်ငံတကာသတင်းစာတွေလည်းရင်ဆိုင် နေရတဲ့ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့ လည်း ဒီစိန်ခေါ်မှုကိုကျော်လွှားနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုကျော်လွှားတဲ့ အခါမှာ သတင်းစာပါသတင်းများရဲ့ တိကျခိုင်မာမှု၊ ဘက်စုံထောင့်စုံသုံးသပ် ရေးသားမှု စတဲ့ အရည်အသွေးများနဲ့ စာဖတ်ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့ ကြိုးစားဖို့လိုသလို ပုံနှိပ်မီဒီယာသက်သက်သာမကကျန်တဲ့ အီလက်ထရောနစ်မီဒီယာ ပလက်ဖောင်းများ ပေါ်မှာပါ သတင်းစာများကိုတင်ဆက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

နိုင်ငံပိုင်သတင်းစာများအနေနဲ့ ယခင်နှစ်များလည်းမရှုံးပါဘူး။ အမြတ်ရှိပါ တယ်။ အခုဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံတော်ကကုန်ကြမ်းနဲ့ စက်သုံးဆီ ၀ယ်ဖို့ လိုအပ်ချက်ရဲ့ ၂၂ % ပဲထုတ်ပေးထားပြီးကျန်ငွေများကိုမိမိဘာသာ ၀င်ငွေရှာဖွေဆောင်ရွက်တဲ့ စနစ်ကိုကျင့်သုံးနေပါတယ်။ ဘဏ္ဍာရေးနှစ် ကုန်ရင်တော့ အဖြေတစ်ခုသိရမှာဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းမ် - ယခင်ကဆိုရင် နိုင်ငံပိုင်သတင်းစာ ၆ စောင် ရှိခဲ့တယ်လို့ သိရပါတယ်။ အနာဂတ်မှာ လက်ရှိထုတ်ဝေနေတဲ့ အရေအတွက် ပိုမို ထုတ်ဝေသွားဖို့ ရှိပါသလား။ နိုင်ငံပိုင် သတင်းစာတွေကိုပုဂ္ဂလိကအား လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးဖို့ရောရှိပါသလား။ 

ဦးရဲထွဋ်- အခုအထိတော့ လက်ရှိသတင်းစာသုံးစောင်ကိုပဲ ပီပြင်တဲ့ အများပြည်သူ ၀န်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ နောက်ထပ်အသစ်ထုတ်ဝေဖို့ မစဉ်းစားသေးပါဘူး။ အများပြည်သူ ၀န်ဆောင်မှုမီဒီယာကို ပုဂ္ဂလိကကို လုံးဝလွှဲလိုက်ရင် စီးပွားရေးသက်သက် Commercial Newspaper ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့်အဲဒီလိုလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ သို့သော် သတင်းစာလုပ်ငန်းကိုတိုးချဲ့နိုင်ဖို့အတွက် အနည်းစုရှယ်ယာကို ပြည်သူတွေကို ထုတ်ရောင်းတာမျိုးဆိုတဲ့ ဆောင်ရွက်မှုမျိုးတော့ ရှိနိုင်ပါတယ်။ အဲဒီလို ဖြစ်နိုင်ဖွယ်ရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ဆောင်မှုနည်းလမ်းများကိုတော့ စဉ်းစားသုံးသပ်ဆဲဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းမ်- နိုင်ငံပိုင်သတင်းစာ state newspapers အဖြစ်ကနေ ပြည်သူ့ဝန်ဆောင်မှု သတင်းစာများ public services newspapers များအဖြစ်ပြောင်း မယ်လို့သိရပါတယ်။ ဘယ်တော့ လောက်စပြောင်းမှာလဲ။

ဦးရဲထွဋ်- နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲမှုကို အခုပဲစတင်နေပြီလို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ကျွန်တော်တို့ အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေလုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာတော့ ပိုပြီးသိသာထင်ရှား တဲ့ပြောင်းလဲမှုများကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းမ်- အဲသလိုပြောင်းဖို့ ဘာတွေလိုအပ်မယ်ထင်ပါသလဲ။ 

ဦးရဲထွဋ်-အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်ပြောင်းတဲ့အခါပထမဆုံးလိုအပ်ချက် ကတော့အတတ်ပညာဆိုင်ရာလိုအပ်ချက်ဖြစ်ပါတယ်။ ဗဟိုဦးစီးစနစ်နဲ့ နှစ်ပေါင်းများစွာအသားကျလာတဲ့စာတည်းများ၊သတင်းထောက်များကိုသတင်းရယူမှု၊ ရေးသားမှုနည်းစနစ်တွေပြောင်းလဲကျင့်သုံးတတ်အောင်သင်ကြားပေးဖို့လိုပါတယ်။ ဒုတိယလိုအပ်ချက်ကတော့စာတည်းများ၊ သတင်းထောက်များအနေနဲ့ အများပြည်သူဝန်ဆောင်မှုသတင်းစာနဲ့ Commercial Newspaper ကြားမှာရေးသားပုံ၊တင်ဆက်ပုံ၊အကြောင်းအရာတစ်ခုကိုချဉ်းကပ်ပုံ၊အကြောင်းအရာ    ရွေးချယ်ပုံတွေကွာခြားမှုရှိတယ်ဆိုတာနားလည်အောင်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှု သတင်းစာဟာလူစိတ်ဝင်စားတဲ့သတင်းများသာမက လူတွေစိတ်မ၀င်စားတဲ့၊ဈေးကွက်မ၀င်တဲ့အခြားအနည်းစုအုပ်စုများဥပမာ၊ ကလေးသူငယ်များရဲ့ကိစ္စများကိုလည်းရေးသားတင်ဆက်ဖို့တာဝန်ရှိတယ်ဆိုတာမျိုး ဖြစ်ပါတယ်။တတိယလိုအပ်ချက်ကတော့နည်းပညာလိုအပ်ချက်ဖြစ်ပါတယ်။ ခေတ်မီပုံနှိပ်နည်းပညာများ၊သတင်းအချက်အလက်နည်းပညာများအသုံးပြုတတ် အောင်လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်။

ရန်ကုန်တိုင်းမ်- ပြန်ကြားရေးဝန်ကြီးဌာနက ယခုထုတ်ဝေနေတဲ့ ကြေးမုံသတင်းစာကိုလုပ်ငန်းရှင်တစ်ဦးကိုပေးလိုက်ပြီးအစုရှယ်ယာတွေခေါ်တော့မယ်၊ အများပိုင်ကုမ္ပဏီလုပ်ပြီးကြေးမုံထုတ်မယ်ဆိုပြီးသတင်းတွေကြားနေရပါတယ်။မှန်ပါ သလား။အဲသလို ပုဂ္ဂလိကနဲ့ပူးပေါင်းလုပ်ဖို့အနာဂတ်အစီအစဉ်တွေရောရှိပါသလား။ 

ဦးရဲထွဋ်- ကြေးမုံသတင်းစာကိုလုပ်ငန်းရှင်တစ်ဦးကိုလွှဲပေးမယ်ဆိုတာမဟုတ်ပါဘူး။ အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်ပဲရှိမှာပါ။

ရန်ကုန်တိုင်းမ်- ယခုဆိုပြည်တွင်းသတင်းဂျာနယ်တော်တော်များများကနေ့စဉ်ထုတ် သတင်းစာထုတ်ဖို့ပြင်ဆင်နေကြပါပြီ။သူတို့အဆင်သင့်ဖြစ်နေပြီလို့ယူဆပါသလား။ ဘာတွေလိုအပ်ချက်ရှိမယ်ထင်ပါသလဲ။ 

ဦးရဲထွဋ်- ပြည်တွင်းဂျာနယ်များအနေနဲ့ နေ့စဉ်သတင်းစာထုတ်နိုင်ဖို့အတွက်ဘဏ္ဍာရေး လိုအပ်ချက်၊ နည်းပညာနဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာလိုအပ်ချက်များအသင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ဒါပေမယ့်ကျင့်ဝတ်ပိုင်းဆိုင်ရာ၊အတတ်ပညာပိုင်းဆိုင်ရာဖြည့်ဆည်းမှု အပိုင်းကတော့လုပ်စရာတွေကျန်ဦးမယ်ထင်ပါတယ်။ကျွန်တော်တို့ နိုင်ငံပိုင် သတင်းစာများမှာလည်းအဲဒီစိန်ခေါ်မှုရှိပါတယ်။ကျွန်တော်တို့က၆၀နှစ်များအစပိုင်းက စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်အတွေ့အကြုံများကိုအခြေခံပြီးစဉ်းစားတာ များနေတယ်လို့ ထင်ပါတယ်။ဒါပေမယ့်နိုင်ငံတကာမှာကအဲဒီကဏ္ဍတွေမှာအယူအဆတွေ၊ ကျင့်သုံးပုံတွေအများကြီးပြောင်းနေပါပြီ။ဒါကိုလေ့လာဖို့လိုမယ်ထင်ပါတယ်။အခုစာနယ် ဇင်းကောင်စီကဆောင်ရွက်မယ်ဆိုတဲ့အတတ်ပညာနဲ့ ကျင့်ဝတ်ဆိုင်ရာဖွံ့ဖြိုးရေး အစီအမံများဟာနေ့စဉ်သတင်းစာထုတ်ဝေရာမှာ ကြုံတွေ့နိုင်တဲ့စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ရန်ကုန်တိုင်းမ်- စာပေစိစစ်ရေးရဲ့ ကြိုတင်စိစစ်မှုကင်းလွတ်ခဲ့တာအတော်ကလေး အရှိန်ရနေပါပြီ။အဲဒီအပေါ်အားသာချက် အားနည်းချက်တွေမြင်တာရှိရင် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးပါ။

ဦးရဲထွဋ်- စာပေစိစစ်ရေးကင်းလွတ်တဲ့အတွက်ပြည်သူလူထုအတွက်သတင်းအချက် အလက် တွေပိုမိုရရှိလာနိုင်တယ်၊စာနယ်ဇင်းသမားများအနေနဲ့လည်းမိမိတို့လုပ်ငန်း ကိုပိုပြီးတက်တက်ကြွကြွလုပ်လာနိုင်တယ်လို့ ထင်ပါတယ်။ဒါဟာစစ်မှန်တဲ့စတုတ္ထမဏ္ဍိုင် အဖြစ်ပေါ်ပေါက်ရေးကိုအများကြီးအထောက်အကူဖြစ်စေပါတယ်။

 

အားနည်းချက်ပြောပါဆိုရင်တော့ကျွန်တော်တို့ ဌာနဆိုင်ရာတွေဘက်ကစပြောရမှာပါ။ ဌာနဆိုင်ရာများအနေနဲ့ စာနယ်ဇင်းများကိုသတင်းအချက်အလက်များထုတ်ပြန်ပေးရာ မှာမလိုအပ်တဲ့တုန့်ဆိုင်းမှုတွေရှိနေဆဲဖြစ်တယ်။ဒါ့ကြောင့်ဌာနတိုင်းမှာသတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီးတိကျတဲ့မူဝါဒများ၊တာဝန်ပေးမှုများရှိဖို့ လိုတယ်လို့ထင်ပါတယ်။ နောက်ပြီးမီဒီယာများနဲ့ ဆက်ဆံရေးကိုလည်းလေ့လာဖို့လိုတယ်လို့ထင်ပါတယ်။

 

စာနယ်ဇင်းများဘက်ကိုပြောရင်တော့လွတ်လပ်ခွင့်ကိုကျင့်သုံးတဲ့နေရာမှာ ကျင့်ဝတ်နဲ့ လူ့အဖွဲ့အစည်းအပေါ် တာဝန်ရှိမှုများကိုထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်တွေရှိနေ တယ်လို့ပဲထောက်ပြချင်ပါတယ်။ဒါကလည်းအသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာတွေ့ရ လေ့ရှိတာကြောင့်ကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်။စာနယ်ဇင်းကောင်စီနဲ့ စာနယ်ဇင်းအဖွဲ့အစည်းများကလည်းလိုအပ်တဲ့အရည်အချင်းမြှင့်တင်မှုများလုပ်သွားမယ်လို့ ထင်ပါတယ်။အမကြီးဒေါ်အောင်ဆန်းစုကြည်ကနောက်ဆုံးလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာမီဒီယာတွေအနေနဲ့ ရှောင်ကြဉ်အပ်တဲ့စိတ်ထားလေး အကြောင်းပြောသွားတာဟာလည်းကျွန်တော်တို့ အပါအ၀င်စာနယ်ဇင်းသမားများ အားလုံးသတိပြုသင့်တဲ့အချက်လို့ထင်ပါတယ်။

ရန်ကုန်တိုင်းမ် - အခုလိုသိလိုသမျှဖြေကြားပေးတဲ့အတွက် ဒုတိယ၀န်ကြီးကို ကျေးဇူးတင်ပါတယ်။ 

ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် (ဓါတ်ပုံ-ဒုဝန်ကြီး၏ဖေ့စ်ဘုတ်)

မူရင်းသတင်း----Yangon Media Group
Post By :  အေးချမ်းမွန်
ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် (ဓါတ်ပုံ-ဒုဝန်ကြီး၏ဖေ့စ်ဘုတ်)
“ဒီမိုကရေစီစနစ်ကိုကျင့်သုံးပြီဆိုရင် နိုင်ငံပိုင်သတင်းစာများဟာ အစိုးရအဖွဲ့ တစ်ခုတည်း၊ ဒါမှမဟုတ်အာဏာရပါတီတစ်ခုတည်း
ကို ကိုယ်စားပြုပြီး ရေးသားတင်ဆက်လို့ မရတော့ပါဘူး”
ရန်ကုန်မီဒီယာအယ်ဒီတာအဖွဲ့ မေးမြန်းသည်

ပြန်ကြားရေးဝန်ကြီးဌာန၏ ထိပ်ပိုင်းစီမံခန့်ခွဲသူများအား ပြောင်းလဲအပြီးတွင် ၀န်ကြီးဌာန က တာဝန်ယူထုတ်ဝေနေသည့် နေ့စဉ်ထုတ်သတင်းစာများ၏ အသွင်သဏ္ဍန်နှင့် အကြောင်းအရာများ သိသိသာသာတိုးတက်ပြောင်းလဲလာသည်ကိုတွေ့ရသည်။ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာများကို ပြည်သူ့ဝန်ဆောင်မှုမီဒီယာများ အဖြစ်သို့ပြောင်းလဲမည်ဟု တရားဝင်ထုတ်ဖော်ပြောကြားထားသည်။ အောက်တိုဘာ (၁၈) ရက်နေ့တွင် ကြေးမုံ၊မြန်မာ့အလင်းနှင့် နယူးလိုက်အော့ဖ်မြန်မာသတင်းစာများအားလုံး ကို နေပြည်တော်တွင်နေ့စဉ်ရောင်စုံသတင်းစာများအဖြစ်သို့လည်းကောင်း၊ကြေးမုံနှင့် မြန်မာ့အလင်းကို ရန်ကုန်တွင် တစ်ပတ်ခြားရောင်စုံသတင်းစာများအဖြစ်သို့လည်း ကောင်း အရည်အသွေးတိုးမြှင့်ပြောင်းလဲထုတ်ဝေလိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5 ကာဗာ


ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5 ကာဗာကို Natural Sapphire ကုမ္မဏီမှ တီထွင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁ သိန်း တန်ဖိုး ရှိတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် သိန်း ၉၀၀ နီးပါး တန်ဖိုးရှိမှာ ဖြစ်ပါတယ်။


ဈေးကြီးရတဲ့အကြောင်းက ရွှေ၊ စိန်၊ ကျောက်မျက်ရတနာများ စီခြယ်ထားလို့ ဖြစ်ပါတယ်။ ရွှေဖြူ 18kt, အပြာရောင် Ceylon ကျောက် ၂၈၃၀ လုံး - အပါအဝင် အားလုံး စုစုပေါင်းတော့ ၁၆၉.၈ ကာရက် ရှိပါတယ်။ Apple လိုဂိုကိုကျတော့ ၂.၂၈ ကာရက်ရှိတဲ့ အပန်းရောင် ပတ္တမြား ၃၈လုံး စီခြယ်ထားပါတယ်။ အပေါ်က အစိမ်းရောင် သစ်ရွက် လိုဂိုလေး ကျတော့ သေချာ ထုစစ်ထားတဲ့ ရှားပါး ကျောက်စိမ်း တစ်မျိုးနဲ့ ပြု လုပ်ထားခြင်း ဖြစ်ပါတယ်။

မဟာဗျူဟာဆိုသည်မှာ မကြာခဏ မပြောင်းလဲအပ်သောအရာ( မောင်စံပေါ )




thn-10-17-7
(၁)
အပြောင်းအလဲဆိုတဲ့စကားလုံးကိုကြားရင် အမေရိကန်သမ္မတအိုဘားမားရဲ့မျက်နှာကို ပြေးပြီးမြင်ယောင်ကြမလားပဲ။ အပြောင်းအလဲဆိုတဲ့စကားလုံးကို ရွေးကောက်ပွဲအောင်နိုင်ရေးလက်နက်အဖြစ်သုံးပြီး အနိုင်ရခဲ့တာကလား။ အမေရိကန် သမိုင်းမှာ စာမျက်နှာအသစ်တောင်ရေးနိုင်ခဲ့တာဗျာ။
(၂)
အပြောင်းအလဲဆိုတာ လိုအပ်တဲ့အရာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြောင်းကျိုးခိုင်လုံမှုနဲ့ သေချာကျန စဉ်းစားမှုရှိရပါမယ်။ လေးနက်မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာသုံးသပ်ဖို့လည်း အရေးကြီးပါတယ်။
ဆုံးရှုံးမှုတွေက ပြောင်းလဲဖို့ မလိုအပ်တဲ့အရာတွေကို ပြောင်းလဲပစ်ဖို့ သွေးဆောင်မယ်။ အောင်မြင်မှုတွေက ချောက်ကမ်းပါးနားရောက်နေတဲ့အခြေအနေကို မေ့လျော့စေပြီး လတ်တလောရလဒ်မှာသာယာစေမယ်။

သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ ပြန်ဖြစ်သည့်အပေါ် အငြင်းပွား

Photo: သမ္မတ ဦးသိန်းစိန် ပါတီဥက္ကဋ္ဌ ပြန်ဖြစ်သည့်အပေါ် အငြင်းပွား

လင်းသန့်| October 17, 2012 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံမှ လက်ရှိ သမ္မတတာဝန်ထမ်း ဆောင်နေသော ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုက်ညီမှု ရှိ မရှိ အငြင်းပွားဖွယ်ရှိနေကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကို နေပြည်တော်တွင် ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံအတွင်း သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သည်။

“နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃၊ ပုဒ်မ ၆၄ တွင် ဖော်ပြထားသည်။

ရှေ့နေတဦးလည်းဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အထက်ပါ ဥပဒေပုဒ်မအရ သမ္မတ၊ ဒု သမ္မတ တာဝန်ယူလျှင် ပါတီ လုပ်ငန်းများကို ၀င်ရောက် မလုပ်ရဟူ၍သာ ရေးသားထားကြောင်း၊ ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်ဟု ဖော်ပြမထားကြောင်း ဧရာဝတီသို့ ပြောသည်။

“ပါတီဝင်အဖြစ်က မနုတ်ထွက်ရတဲ့အတွက် ပါတီဥက္ကဋ္ဌအဖြစ် သူ့ကို ပြန်ရွေးတာကလည်းပဲ အခြေခံဥပဒေအရ ဘယ်လိုမှ ပြောစရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းကလည်း ဖွဲ့စည်းပုံတွင် နိုင်ငံတော် သမ္မတသည် ပါတီတာဝန်မှ စွန့်လွှတ်ရမည်ဟု ဖော်ပြမထားသည့်အတွက် ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်ကို ပါတီ ဥက္ကဋ္ဌ ရာထူးနေရာတွင် ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“ဖွဲ့စည်းပုံမှာက သမ္မတ၊ ဒု သမ္မတ ဖြစ်ရင် ပါတီလုပ်ငန်း ပါဝင်ဆောင်ရွက်ခွင့် မရှိဆိုတာပဲပါတယ်။ ဒီတာဝန်တွေကို စွန့်ရမယ်ဆိုပြီး ဒီကိစ္စ ရှင်းရှင်းလင်းလင်းတော့ ဖော်ပြမထားဘူး” ဟု သူက ဆိုသည်။

ဒီမိုကရေစီပါတီ (မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦးဖြစ်သည့် ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကမူ သမ္မတ ဦးသိန်းစိန်အား ပါတီဥက္က္ကဋ္ဌရာထူး ပြန်လည် ရွေးချယ်တင်မြှောက်သည့်အပေါ် ဖွဲ့စည်းပုံအရ မရှင်းလင်းကြောင်း၊ အကယ်၍ ပါတီ ဥက္ကဋ္ဌရာထူးဖြင့် သမ္မတ ဦးသိန်းစိန်ဖြစ်နေပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မကိုက်ညီကြောင်း ဧရာဝတီသို့ ပြောသည်။

“အဲဒါ ကျနော်တို့ နားလည်သလောက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ၀န်ကြီးဖြစ်စေ၊ သမ္မတဖြစ်စေ တာဝန်ယူလို့ရှိရင် ပါတီလှုပ်ရှားမှုမှာ မပါရဘူးလို့ ပါတာတွေ့တယ်လေ။ သမ္မတကြီး ဦးသိန်းစိန်ကို မနေ့က ကျနော် သတင်းစာထဲမှာ တွေ့လိုက်တယ်။ ဘယ်နှယ်လဲလို့၊ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတာပဲလို့ တွေးမိတယ်။ ဒီလိုပဲ ကျနော်နားလည်တယ်လေ” ဟု ၎င်းက ဆိုသည်။

ဦးသုဝေက ဆက်လက်၍ “ပါတီတွင်း ရှုပ်ထွေးမှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအတိုင်း သူတို့လုပ်ရမယ်လေ။ သမ္မတကြီး ဦးသိန်းစိန်သည် ပါတီ ဥက္ကဋ္ဌကြီးဆိုတာ ဖြစ်တယ်ဆိုရင်တော့ ဒါဟာ ပြောစရာ ဖြစ်လာမယ်။ ကျနော်တို့လည်းပဲ ဒါဟာ ပြန်ပြီးတော့ သေချာအောင် မေးရမှာပဲ” ဟု ပြောသည်။

ဦးသိန်းစိန်သည်  သမ္မတ တာဝန်ယူသည့် ၂၀၁၁ မတ်လ ၃၁ ရက်နေ့မှ စတင်ကာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူး တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း မရှိတော့ဘဲ ပါတီဥက္ကဋ္ဌရာထူးနေရာ လစ်လပ်နေသည့်အတွက် ယခု ကျင်းပသည့် ပထမအကြိမ် ပါတီညီလာခံမှ ပါတီ ဥက္ကဋ္ဌအသစ်နှင့် ခေါင်းဆောင်အသစ်များ ပေါ်ထွက်လာမည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက အစောပိုင်းက ပြောကြားခဲ့ကြသေးသည်။

ကြံ့ခိုင်ရေး ပါတီဗဟို အလုပ်အမှုဆောင် ဦးအောင်သောင်းက “ပါတီ ဥက္ကဋ္ဌက လက်ရှိ သမ္မတပဲ။  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၄ အရ သမ္မတက ပါတီနိုင်ငံရေး လုပ်ခွင့်မရတာ။ ပါတီက နုတ်ထွက်စရာ မလိုဘူး။ သမ္မတက ဦးဆောင်နေတာ အားလုံး ကောင်းနေတာပဲ” ဟု ပြောသည်။

ကြံ့ခိုင်ရေး ပါတီညီလာခံမှ ပါတီ ဥက္ကဌအဖြစ် သမ္မတ ဦးသိန်းစိန်၊ ဒု ဥက္ကဌအဖြစ် သူရ ဦးရွှေမန်း (တွဲဖက် ဥက္ကဋ္ဌ တာဝန်ယူရမည်)၊ ဒု ဥက္ကဋ္ဌ နောက်ထပ် ၂ ဦးအဖြစ် သူရ ဦးအေးမြင့်နှင့် ဦးဌေးဦး၊ အတိုင်ပင်ခံ ၃ ဦးအဖြစ် ဦးအောင်သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်သိမ်း၊ တွဲဖက် အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် ဦးခင်အောင်မြင့်တို့အား ရွေးချယ် တင်မြှောက်ခဲ့ကြသည်။

“သမ္မတက ပါတီ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌ ရာထူး တာဝန် ပေးထားတယ်။ သူရဲ့ ဥက္ကဋ္ဌ ရာထူးတာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။ ဥက္ကဋ္ဌ နေရာမှာ သမ္မတကြီး ဆက်ရှိနေမှာပါ” ဟု ညီလာခံ ပထမနေ့အပြီး ဧရာဝတီနှင့် တွေ့ဆုံရာတွင် ဦးဌေးဦးက ပြောခဲ့သည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပါတီညီလာခံက ပြန်လည် ရွေးချယ်တင်မြှောက်လိုက်ခြင်းသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်းဖြစ်ပြီး ပါတီ၏ ရှေ့ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

“ဒီကနေ့ သမ္မတဟာ လူကြိုက်များလာတယ်လေ။ အဲဒီတော့ သူတို့ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ကြ ဆင်ကြတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ဟူသည့် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ နေရာအနက် ကြံ့ခိုင်ရေးပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ကို အငြင်းပွားဖွယ်ရာ မဲရလဒ်များဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ အားသာချက် ၂ ချက်ရှိသည်ကို သတိပြုမိရန် လိုအပ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

“တချက်က တပ်မတော်အမတ် ၂၅ ရာခိုင်နှုန်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရယူခွင့် ရှိတယ်။ ဒုတိယ တချက်ကလည်း သူတို့ တပ်မတော်က အရာရှိတွေ၊ ဗိုလ်ပြုတ်တွေ တည်ထောင်ထားတဲ့ ပါတီဖြစ်တယ်။ သူတို့ဆီမှာ နိုင်ငံရေးအရ ကျနော်တို့ မပြောလိုပေမယ့် စနစ်ကျတယ်၊ စနစ်တကျ သူတို့လုပ်တယ်။ နောက်ပြီးတော့ သူတို့တွေဟာ အမှားတွေကို သင်ခန်းစာယူ ပြင်ဆင်တဲ့ အရည်အချင်းရှိတယ်” ဟု ဦးသိန်းညွန့်က ထောက်ပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံသို့ လာရောက်နှုတ်ဆက်သော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံသို့ လာရောက်နှုတ်ဆက်သော သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံမှ လက်ရှိ သမ္မတတာဝန်ထမ်း ဆောင်နေသော ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ
အဖြစ် ပြန်လည် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုက်ညီမှု ရှိ မရှိ အငြင်းပွားဖွယ်ရှိနေကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကို နေပြည်တော်တွင် ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံအတွင်း သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်

  ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလ
ာနယ်မြေများ၌ မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေယာဉ်အစီး ၆၀ နှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင်ရန် အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလီမိတက်နှင့် ဗြိတိန်နိုင်ငံ DJC ကုမ္ပဏီမှ Mr. David J Cundall တို့သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့်ဆက်စပ်သည့် ပစ္စည်းကိရိယာတန်ဆာပလာများ ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ

Photo: တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ


အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။

ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဖက်လိင်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့်စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။

လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်းတို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်းယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။

''ကျွန်ုပ်တို့ကျောင်းသားတွေအားလုံးဟာ ကျိုးကြောင်းဆင်ခြင်တုံတရားရှိပြီး ချုပ်တည်းနိုင်စွမ်းရှိရှိ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက် အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ပါ။ ဒါမှ စာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်လေ့လာနိုင်မှာ" ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ငယ်ရွယ်စဉ် ရည်းစားထားခြင်းဖြင့် ပညာရေးကို ထိခိုက်နိုင်သည်ဟု သတိပေးထားသည်။ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် အန္တရာယ် ဖြစ်စေနိုင်သည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားရှိသည်။ စည်းကမ်းကို ဖေါက်ဖျက်သော ကျောင်းသားအနေဖြင့် အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး မိဘများထံသို့လည်း အကြောင်းကြားမည်ဖြစ်သည်။

"ဆယ်ကျော်သက် ရည်စားထားတာကတော့ ဒီခေတ်မှာ သိပ်ပေါများလွန်းလှတယ်။ ကိုင်တွယ်ရ သိပ်ခက်ခဲတာပါ။" ကျောင်းဒါရိုက်တာ လီချွန်လီယန်က တရုတ်နေ့စဉ် သတင်းစာကို ပြောပြခဲ့သည်။ "ဒီစည်းကမ်းအသစ်ကတော့ ငယ်ငယ်ရွယ်ရွယ် ဖြစ်ပျက်နေတာကို ကာကွယ်ပေးနိုင်မယ်လို့ ကျမတို့က မျှော်လင့်ထားတာပါ။"

မိဘအများစုက ထောက်ခံကြောင်းကိုလည်း ဒါရိုက်တာက ပြောပြခဲ့သည်။
"ဒီစည်းကမ်းတွေ မချထားခင်မှာလည်း ကျောင်းသားတွေနဲ့ တိုင်ပင်ပါတယ်။" မစ္စလီက ရှင်းပြသည်။ "ကျောင်းသားတချို့ ပြောတာကတော့ ကစားကွင်းထဲမှာ လမ်းအတူတူ လျှောက်နေရင်းမှာပဲ ရည်းစား ဖြစ်သွားကြတယ်တဲ့။ ဒါကြောင့်မို့လို ဒီစည်းကမ်းကို ထည့်ထားရတာပါ။"

သို့သော် အချို့ပညာရေးသမားများက သဘောမတူကြပါ။
"ဆယ်ကျော်သက်အရွယ်မှာ ရည်းစား မထားရဘူးဆိုတဲ့ စည်းကမ်းရယ်၊ ပညာရေးကိုထိခိုက်မယ်ဆိုတဲ့ အချက်တွေကတော့ အင်မတန်ပြောင်မြောက်တဲ့ ဟာသပါပဲ။" ဘေဂျင်းတက္ကသိုလ်နှင့် တွဲဖက်ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းမှ ကျောင်းသား မိုဒင်းကဆိုသည်။ "ရည်စားအတွဲ တချို့ကိုတွေ့ဖူးပါတယ်။ သိပ်ကိုစာကြိုးစားကြတာ။ နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် တကယ်ပဲ အားပေးကူညီနေလိုက်ကြပုံများ။"

၂၁ ရာစုပညာရေး သုတေသန အင်စတီကျူ့မှ လက်ထောက်ဒါရိုက်တာ ဇီအွန်ဘက်ကီက လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ အပေါ် တင်းကျပ်သော စည်းကမ်းများထားရှိမည့်အစား အပြုအမူကို လမ်းညွှန်သင့်သည်ဟု ဆိုပါသည်။
"ကျမအနေနဲ့တော့ ဒီသတင်းကို သိပ်မအံ့သြပါဘူး။ ပညာရေးသမားတွေ၊ ကျောင်းဆရာဆရာမတွေက ကျောင်းမှာ စာတော်ဖို့တစ်ခုတည်းကိုပဲ ပညာရေးလို့ (တလွဲ) ထင်နေကြတာလေ။ ဒီလိုစည်းကမ်းတွေက မထူးဆန်းလှပါဘူး။"

"ဒီမိဘတွေ၊ ကျောင်းဆရာဆရာမတွေ နားမလည်ထားတာကတော့ ပုဂ္ဂလအကျင့်၊ စာရိတ္တ သိက္ခာရှိမှုနဲ့ စိတ်ကျန်းမာရေးဟာ ကလေးပညာရေးမှာ ပိုလို့ အရေးကြီးတယ်ဆိုတာပါ။" အငြင်းပွားဖွယ်ရာ ရှိသော်လည်း ကျောင်းဆုံးဖြတ်ချက်မှာ ရည်ရွယ်ချက် ကောင်းသည်ဟု မစ္စလီကဆိုပါသည်။

"အမြင်မတူတဲ့ ရှုထောင့်တွေကို ကြားသိနေရပါတယ်။ နောက်ပြီးတော့ ဒီစည်းကမ်းရဲ့ သက်ရောက်မှုက ရှေ့ဆက် ဘာဖြစ်လာမှာလည်းဆိုတာကိုလည်း မသိသေးဘူး။ ကျမတို့က ကျောင်းသားတွေကို ကူညီဖို့ လုပ်တာပါ။"

လိင်မတူသော ကျောင်းသားနှင့် ကျောင်းသူတို့သည် စကားပြောသည့်အခါ ၆၀ စင်တီမီတာ (၂ ပေ) အကွာအဝေးတွင် (စာသင်ချိန်မှလွဲ၍) နေကြရမည် ဖြစ်သည်။ တွေ့ဆုံသော နေရာသည် လင်းထိန်နေသော လူအများစုရှိရာ နေရာများလည်း ဖြစ်ရမည်။

မြတ်ပန်းရှင်
Reference and Credit to^..^
http://www.malaysiaonlineradiomedia.com/2012/05/blog-post_5677.html

မူရင်းသတင်း---- News of Myanmar
Post By :  အေးချမ်းမွန်
အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။

ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများအနေဖြင့် ဆန့်ကျင်ဖက်လိ
င်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့်စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။

လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်းတို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်းယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။

လိုအပ်ရင်အီရန်ရေနံတွေကို ပင်လယ်ထဲဖောက်ချမယ်လို့ အီရန်ပြော

Photo: လိုအပ်ရင်အီရန်ရေနံတွေကို ပင်လယ်ထဲဖောက်ချမယ်လို့ အီရန်ပြော


အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂ ဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ်အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်း တမန်ခင်းနှိုင်းဆောင်ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ   ဖိအားပေးမှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလောဆယ်လည်း ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ်မယ်လို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ လောလောလတ်လတ်ငြိမ်းချမ်းရေး  နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ် တယ်။
ဒီလိုဆုံးဖြတ်ချက်အပြီး နောက် တစ်နေ့မှာတော့ အီရန်တော်လှန် ရေးတပ်ပေါင်းစုစစ်ဦးစီးချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ်အပတ်  စဉ်သတင်းတစ်ရပ်မှာဖော်ပြထား ပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေးဌာနများကတော့ ဒါကို  အလေးထားစုံစမ်းလျက်ရှိကြောင်း  ဖော်ပြထားပါတယ်။
အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords) အဖြစ်   “ရေဆိုး” (Muddy Water) လို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်။  တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့မယ်ဆိုရင် ဟောမုဇ်ရေလက်  ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ  နေကြတဲ့ ရေနံတင်သင်္ဘောကြီး တွေအတွက် အန္တရာယ်ရှိမှာဖြစ်  သလိုပတ်ဝန်းကျင်ဘေးအန္တရာယ်  ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း  တစ်ရပ်မှာဖော်ပြထားပါတယ်။

 

ကျော်စိန်

မူရင်းသတင်း----The Hot News
Post By :  အေးချမ်းမွန်
အောက်တိုဘာလ ၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂ ဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ “အီရန်တို့ အနေနဲ့ အခုနှစ်အတွင်းန
ျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်း တမန်ခင်းနှိုင်းဆောင်ရွက်နေတာ တွေ နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေးမှုတွေလုပ်ဆောင်သွားမယ်၊ အခုလောလောဆယ်လည်း ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions against Iran) တွေလုပ်မယ်လို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။

အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ ၍ သေဆုံးမှုများဖြစ်ပွား

Photo: အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိ ၍ သေဆုံးမှုများဖြစ်ပွား 

ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာ တံတားညီနောင်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းအားနင်းမိ၍ (၁)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိ ၁၆-၁၀-၂၀၁၂ ရက်နေ့ ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ်(ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁)ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာတွင်ပင် သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အားသိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည်သူ့ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သည်။ ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုများစွာ ရှိနေ ကြောင်းသတင်းရရှိသည်။ 

မူရင်းသတင်း----မြ၀တီ
Post By :  အေးချမ်းမွန်
—
ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာ တံတားညီနောင်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ မိုင်းအားနင်းမိ၍ (၁)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရရှိ ၁၆-၁၀-၂၀၁၂ ရက်နေ့ ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ်
(ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေးရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။

အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် KIA နှစ်ဦးနှင့် ရွာသား သုံးဦး သေဆုံး

ချင်းမိုင်(မဇ္စျိမ)။ ။ ဖားကန့်မြို့ပေါ်ရှိ အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲဘော် နှစ်ဦးနှင့် ဒေသခံရွာသား သုံးဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရှိခဲ့သည်ဟု ဖားကန့် ဒေသခံများနှင့် KIO က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီမှ
၁၁ နာရီဝန်းကျင်ထိ ဖားကန့် ဗျူဟာကုန်း အစိုးရတပ်စခန်းမှ တမိုင်ကျော် အကွာအဝေးရှိ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များရှိရာ မော်မောင်ဘွမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
ခြင်း ဖြစ်သည်။

ဂျုံးဂျုံးကျအင်း ပြဿနာကြောင့် လှေခါးထောင့်ရွာသားများ ဆန္ဒထုတ်ဖော်

Photo: ဂျုံးဂျုံးကျအင်း ပြဿနာကြောင့် လှေခါးထောင့်ရွာသားများ ဆန္ဒထုတ်ဖော်


ကျောင်းကုန်းမြို့နယ်၊ လှေခါးထောင့်ကျေးရွာမှရွာသား(၂၀၀) ခန့်က
အောက်တိုဘာလ(၁၈)ရက်နေ့ နေ့လည်ပိုင်း၌ ကျောင်းကုန်းငါးလုပ်ငန်း
ဦးစီးဋ္ဌာနအရှေ့တွင် ဂျုံးဂျုံကျအင်းပြဿနာကြောင့် ဆန္ဒထုတ်ဖော်ရန် စုဝေးနေကြောင်း သိရသည်။

အဆိုပါ ရွာသားများအနေဖြင့် လယ်ကွက်များအတွင်း ငါးဖမ်းသည့်ကိစ္စအား တားမြစ်သည့်နှင့် ပတ်သက်၍ ထော်လာဂျီ(၅)စီးခန့်ဖြင့် ငါးဦးစီးအရှေ့သို့ ဆန္ဒထုတ်ဖော်ရန် ရောက်ရှိနေကြောင်းကိုလည်း ဧရာဝတီတိုင်းမှ
မြစ်မခသတင်းထောက်က သတင်းပေးပို့ထားသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုအတွက် ရွာသားများအနေဖြင့် သက်ဆိုင်ရာသို့ တရားဝင်အကြောင်းကြားစာပေးပို့ထားခြင်း မရှိကြောင်းကိုလည်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ ရှားခဲအင်းပြဿနာအား အရေးကြီး
အဆိုအဖြစ် တင်သွင်းထားချိန်၌ ယခုကဲ့သို့ ဂျုံးဂျုံးကျအင်း ပြဿနာ
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


မူရင်းသတင်း----Shwe Myitmakha Media Group
Post By :  အေးချမ်းမွန်
ကျောင်းကုန်းမြို့နယ်၊ လှေခါးထောင့်ကျေးရွာမှရွာသား(၂၀၀) ခန့်က
အောက်တိုဘာလ(၁၈)ရက်နေ့ နေ့လည်ပိုင်း၌ ကျောင်းကုန်းငါးလုပ်ငန်း
ဦးစီးဋ္ဌာနအရှေ့တွင် ဂျုံးဂျုံကျအင်းပြဿနာကြောင့် ဆန္ဒထုတ
်ဖော်ရန် စုဝေးနေကြောင်း သိရသည်။

အဆိုပါ ရွာသားများအနေဖြင့် လယ်ကွက်များအတွင်း ငါးဖမ်းသည့်ကိစ္စအား တားမြစ်သည့်နှင့် ပတ်သက်၍ ထော်လာဂျီ(၅)စီးခန့်ဖြင့် ငါးဦးစီးအရှေ့သို့ ဆန္ဒထုတ်ဖော်ရန် ရောက်ရှိနေကြောင်းကိုလည်း ဧရာဝတီတိုင်းမှ
မြစ်မခသတင်းထောက်က သတင်းပေးပို့ထားသည်။

၂၀၁၂ ခုနှစ်အတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့ လာရောက်ရိုက်ကူး ခဲ့

Photo: ၂၀၁၂ ခုနှစ်အတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့ လာရောက်ရိုက်ကူး ခဲ့ပြီး ထပ်မံလာရောက်ရိုက်ကူးရန် ပြင်ဆင်နေမှုများလည်းရှိ  

Wednesday, 17 October 2012 14:01

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့သည် ပြည်တွင်းရှိ ထင်ရှားသည့် နေရာဒေသများသို့ လာရောက်ရိုက်ကူးခဲ့ပြီး ထပ်မံလာရောက် ရိုက်ကူးရန် ပြင်ဆင်နေသည့် ရိုက်ကူးရေးအဖွဲ့များလည်း ကြိုတင်အကြောင်းကြား ညှိနှိုင်းနေခြင်းများရှိသည်ဟု သတင်းရရှိသည်။

"အခုနှစ်အတွင်းမှာ ပြည်ပရိုက်ကူးရေးအဖွဲ့တွေ လာရောက်ရိုက်ကူးမှုက အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ နေရာဒေသ တွေကို ရိုက်ကူးကြတာပါ။ မြန်မာနိုင်ငံက လှပတဲ့သဘာဝရှုခင်းတွေ အများအပြားရှိသလို နိုင်ငံတကာစိတ်ပါဝင်စားမှုလည်းရှိတဲ့အတွက် အခုလိုလာရောက်ရိုက်ကူးမှုတွေ များပြားလာတာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း လာရောက်ရိုက်ကူးခဲ့သည့် ပြည်ပရုပ်သံ ရိုက်ကူးရေးအဖွဲ့များမှာ Australia Brocasting Corporation မှ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် ပုဂံဒေသရှိ စေတီပုထိုးများသို့ လေ့လာရိုက်ကူးခြင်း၊ Australia နိုင်ငံ Animax Films မှ ရေးမြစ်ဝအတွင်း လေယာဉ်ပျက်ရှာဖွေခြင်းနှင့် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ရန်ကုန်မြို့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေခြင်း၊ Aljazeera သတင်းဌာနမှ ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ကျိုက်ထီးရိုး ခရီးစဉ်တွင် မှတ်တမ်းတင်ရိုက်ကူးခြင်း၊ ထိုင်းနိုင်ငံ Talent Mass Media မှ မြောက်ဦးမြို့တွင် 'Spirit of Asia' မှတ်တမ်းဇာတ်ကားရိုက်ကူးခြင်း၊ Aps Asia Production မှ ရန်ကုန်၊ ကျိုက်ထီးရိုး၊ ပုဂံ၊ မန္တလေး၊ အင်းလေးဒေသများကို မှတ်တမ်း တင်ရုပ်ရှင်ရိုက်ကူးရေး၊ သြစတြေးလျနိုင်ငံ Lisa Films နှင့် အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်အခြေစိုက် SOF ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ ရန်ကုန်၊ ပုသိမ်၊ ငွေဆောင်၊ ပုဂံ၊ အင်းလေးဒေသများတွင် ရိုက်ကူးခြင်း၊ ဆွစ်ဇာလန်နိုင်ငံမှ အင်းလေးဒေသရှိ ချည်မျှင်ပိုးထည်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ရိုက်ကူးခြင်း၊ ဂျပန်နိုင်ငံ TBS ရုပ်မြင်သံကြားမှ မွန်ပြည်နယ် ကျေးရွာသူကျေးရွာသားများ၏ သမိုင်းကြောင်း မှတ်တမ်းရိုက်ကူးခြင်းတို့ဖြစ်သည်ဟု သိရသည်။ ပြည်ပရုပ်သံဌာနများတွင် ထုတ်လွှင့်ရန် ရည်ရွယ်ရိုက်ကူးခြင်းဖြစ်သည်ဟုလည်း သိရသည်။

မူရင်းသတင်း----Eleven Media Group
Post By :  အေးချမ်းမွန်
၂၀၁၂ ခုနှစ် ဆယ်လတာ ကာလအတွင်း ပြည်ပရုပ်သံရိုက်ကူးရေးအဖွဲ့ ဆယ်ဖွဲ့သည် ပြည်တွင်းရ
ှိ ထင်ရှားသည့် နေရာဒေသများသို့ လာရောက်ရိုက်ကူးခဲ့ပြီး ထပ်မံလာရောက် ရိုက်ကူးရန် ပြင်ဆင်နေသည့် ရိုက်ကူးရေးအဖွဲ့များလည်း ကြိုတင်အကြောင်းကြား ညှိနှိုင်းနေခြင်းများရှိသည်ဟု သတင်းရရှိသည်။

"အခုနှစ်အတွင်းမှာ ပြည်ပရိုက်ကူးရေးအဖွဲ့တွေ လာရောက်ရိုက်ကူးမှုက အရင်နှစ်တွေထက် ပိုမိုများပြားလာပါတယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ နေရာဒေသ တွေကို ရိုက်ကူးကြတာပါ။ မြန်မာနိုင်ငံက လှပတဲ့သဘာဝရှုခင်းတွေ အများအပြားရှိသလို နိုင်ငံတကာစိတ်ပါဝင်စားမှုလည်းရှိတဲ့အတွက် အခုလိုလာရောက်ရိုက်ကူးမှုတွေ များပြားလာတာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

“Google ၏ Android Event ပွဲကို အောက်တိုဘာ ၂၉တွင် ကျင်းပမည်”

Photo: “Google ၏ Android Event ပွဲကို အောက်တိုဘာ ၂၉တွင် ကျင်းပမည်”

Google မှနေ၍ အောက်တိုဘာ ၂၉တွင် ကျင်းပမည့် Android Event အတွက် မီဒီယာများကို ဖိတ်စာများ လိုက်လံဝေငှနေပြီ ဖြစ်ပါတယ်။ Android Event ကို New York မြို့ တွင် မနက် ၁၀နာရီ အချိန်မှာ စတင်၍ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ အကယ်၍ Android Event ကို Live ကြည့်လို သူများအနေနှင့်လည်း Youtube ရှိ Android Channel တွင် Live ကြည့်ရှုလို့  ရမှာ ဖြစ်ပါတယ်။

Google အနေနှင့် ယခုပွဲတွင် ၎င်းတို့ ရဲ့ နောက်ထပ် Nexus Device တစ်မျိုးကို ကြောငြာဖွယ် ရှိနေသည်။ အွန်လိုင်းတွင် ထွက်ပေါ်နေသာ သတင်းများအရ LG မှနေ၍ တာဝန်ယူ ထုတ်လုပ်ပေးမည့် Nexus ၄ ကိုကြေငြာဖွယ်ရှိနေသည်။ ဒါ့အပြင် Google အနေနှင့် Nexus Device အသစ်အပြင် Android ဗားရှင်းအသစ်ကိုလည်း မိတ်ဆက်ပွဲထုတ်ဖွယ် ရှိကြောင်း သိရပါတယ်။ ယခုတလောတွင် Android 4.2 ထွက်ရှိမည် ဆိုသော သတင်းများမှာလည်း အားကောင်း လျှက်ရှိသည်။ နောက်ဆုံးအနေနှင့် Google မှာ ၎င်းတို့ ရဲ့ရောင်းအားကောင်းသော Tablet ဖြစ်တဲ့ Nexus 7 ကို 32GB ဗားရှင်း အဖြစ်နှင့် ထုတ်လုပ်၍ ယခုပွဲတွင် မိတ်ဆက်ဖွယ် ရှိနေပါသည်။

ထို့ အပြင် အောက်တိုဘာ ၂၉သည် Microsoft ရဲ့ Windows Phone 8 စတင်ထွက်ရှိမည့် ရက်ဖြစ်သောကြောင့် ထိုရက်တွင် Microsoft နှင့် Google ရဲ့ Mobile OS အားပြိုင်မှုများကို မြင်တွေ့  ရဖွယ်ရှိနေပါသည်။

Source : GSMArena

မူရင်းသတင်း----Info Tech For Myanmar (IT4M)
Post By :  အေးချမ်းမွန်
Google မှနေ၍ အောက်တိုဘာ ၂၉တွင် ကျင်းပမည့် Android Event အတွက် မီဒီယာများကို ဖိတ်စာများ လိုက်လံဝေငှနေပြီ ဖြစ်ပါတယ်။ Android Event ကို New York မြို့ တွင် မနက် ၁၀နာရီ အချိန်မှာ စတင်
၍ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ အကယ်၍ Android Event ကို Live ကြည့်လို သူများအနေနှင့်လည်း Youtube ရှိ Android Channel တွင် Live ကြည့်ရှုလို့  ရမှာ ဖြစ်ပါတယ်။

Google အနေနှင့် ယခုပွဲတွင် ၎င်းတို့ ရဲ့ နောက်ထပ် Nexus Device တစ်မျိုးကို ကြောငြာဖွယ် ရှိနေသည်။ အွန်လိုင်းတွင် ထွက်ပေါ်နေသာ သတင်းများအရ LG မှနေ၍ တာဝန်ယူ ထုတ်လုပ်ပေးမည့် Nexus ၄ ကိုကြေငြာဖွယ်ရှိနေသည်။ ဒါ့အပြင် Google အနေနှင့် Nexus Device အသစ်အပြင် Android ဗားရှင်းအသစ်ကိုလည်း မိတ်ဆက်ပွဲထုတ်ဖွယ် ရှိကြောင်း သိရပါတယ်။ ယခုတလောတွင် Android 4.2 ထွက်ရှိမည် ဆိုသော သတင်းများမှာလည်း အားကောင်း လျှက်ရှိသည်။ နောက်ဆုံးအနေနှင့် Google မှာ ၎င်းတို့ ရဲ့ရောင်းအားကောင်းသော Tablet ဖြစ်တဲ့ Nexus 7 ကို 32GB ဗားရှင်း အဖြစ်နှင့် ထုတ်လုပ်၍ ယခုပွဲတွင် မိတ်ဆက်ဖွယ် ရှိနေပါသည်။

ချမ်းအေးသာဇံ တိမ်ပြာတန်းမှ ကျူးကျော်နေထိုင်သူများအား နေရာသတ်မှတ်ပေးစေလို

Photo: ချမ်းအေးသာဇံ တိမ်ပြာတန်းမှ ကျူးကျော်နေထိုင်သူများအား
နေရာသတ်မှတ်ပေးစေလို


ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်၊ တိမ်ပြာတန်းရပ်
အကွက်(၂၈၇)အတွင်း စည်ပင်သာယာနယ်နိမိတ်အတွင်းကျူးကျော်နေအိမ်
များ ၀င်ရောက်နေထိုင်ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။

ကျူးကျော်တစ်ချို့မှာ ရပ်ကွက်အတွင်း မူလနေထိုင်သူများနှင့် အဆင်မပြေဖြစ်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံက
သိရသည်။

“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲ လောက်ပဲရှိသေးတယ်၊ အရင်က ကွင်းပြင်ကြီး စည်ပင်သာယာ ကနေပြီးတော့ ရှင်းထားတာ။ သူတို့က အိမ်ဆောက်တယ်ပြီးရင်ငှားစား တယ်။ ဘယ်ကနေ ရောက်လာပြီး ဘယ်လိုလူတွေမှန်း မသိတော့ကျနော်တို့ တစ်ခုခုဖြစ်မှာစိုးရိမ်နေရတယ်”ဟု ၄င်းရပ်ကွက်အတွင်းနေထိုင်သူ ဦးမြတ်သိန်းက ပြောသည်။

အဆိုပါစည်ပင်ပိုင်နယ်နိမိတ်တွင်လာရောက်ကျူးကျော်နေထိုင်သော
ကျူးကျော်အိမ် (၁၀)လုံးထက်မနည်း ရှိနေပြီး ပတ်ဝန်းကျင်မှ လူနေအိမ်
များဖြင့် အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာရောက်ဖြေရှင်းပေးသော်လည်း အဆင်ပြေ
မှုများရှိနေခြင်းဖြစ်သည်။

“ကျူးတွေက ပိတ်နေတဲ့ရေမြောင်းပေါ်မှာ မြေဖို့ပြီးအိမ်တွေဆောက်နေ
တယ်။ အနီးတစ်ဝိုက်က လူတွေနဲ့လည်း အဆင်မပြေဘူးကျမတို့က
ပြောတော့ တိုင်ချင်ရာတိုင်ဆိုပြီးပြန်ရန် ထောင်တယ်။ အဲဒီအကြောင်းတွေ မြို့နယ် စည်ပင်သာယာကိုတော့ စာတင်ထားပါတယ်။ သက်ဆိုင်ရာကနေ သတ်သတ်မှတ်မှတ်လေး ဆောင်ရွက် ပေးစေချင်ပါတယ်။”ဟု ရပ်ကွက် အတွင်းနေထိုင်သူ မမော်ကပြောသည်။

မန္တလေးမြို့အနှံအပြားတွင် ကျူးကျော်နေထိုင်သူအများအပြားရှိပြီး စည်ပင်ပိုင်မြေများ တဆင့်ပြီး တဆင့်ရောင်းချနေခြင်းများလည်း
ရှိကြောင်းနှင့် စည်ပင်သာယာလာသိမ်းမှ နောက်ဆုံးနားမလည်ပဲ ၀ယ်ပြီးနေထိုင်သူများသာ နစ်နာသော ဖြစ်စဉ်များရှိလာကြောင်း
ကိုလည်း ကြုံတွေ့ဖူးသူတစ်ဦးက ဆိုသည်။

မူရင်းသတင်း----Shwe Myitmakha Media Group
Post By :  အေးချမ်းမွန်
ချမ်းအေးသာဇံမြို့နယ် ပြည်ကြီးပျော်ဘွယ်အနောက်၊ တိမ်ပြာတန်းရပ်
အကွက်(၂၈၇)အတွင်း စည်ပင်သာယာနယ်နိမိတ်အတွင်းကျူးကျော်နေအိမ်
များ ၀င်ရောက်နေထိုင်ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။

ကျူးကျော်တစ်ချို့မှာ ရပ်ကွက်အတွင်း မူလနေထိုင်သူများနှင့် အဆင်မပြေဖြစ်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံက
သိရသည်။

“ကျူးကျော်တွေ ရောက်လာတာ လပိုင်းပဲ လောက်ပဲရှိသေးတယ်၊ အရင်က ကွင်းပြင်ကြီး စည်ပင်သာယာ ကနေပြီးတော့ ရှင်းထားတာ။ သူတို့က အိမ်ဆောက်တယ်ပြီးရင်ငှားစား တယ်။ ဘယ်ကနေ ရောက်လာပြီး ဘယ်လိုလူတွေမှန်း မသိတော့ကျနော်တို့ တစ်ခုခုဖြစ်မှာစိုးရိမ်နေရတယ်”ဟု ၄င်းရပ်ကွက်အတွင်းနေထိုင်သူ ဦးမြတ်သိန်းက ပြောသည်။

ကင်ဆာ ကောလာဟလကြောင့် မိုဘိုင်း အင်တာနာ တပ်ဆင်ရေး အခက်ကြုံ

Photo: ကင်ဆာ ကောလာဟလကြောင့် မိုဘိုင်း အင်တာနာ တပ်ဆင်ရေး အခက်ကြုံ

တင်ဇာအောင်  | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၉ မိနစ်   

ရန်ကုန် (မဇ္ဈိမ) ။       ။ မိုဘိုင်းဖုန်း အသုံးပြုလိုမှု ပိုမိုများပြားလာသည်နှင့်အမျှ မိုဘိုင်း ဖုန်းလိုင်းများအတွက် ဆက်သွယ်ရေး တာဝါတိုင်များနှင့် အင်တာနာများ တပ်ဆင်ရန် စီစဉ်နေချိန်တွင် ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် အင်တာနာများမှ ထွက်ရှိသော ရေဒီယိုလှိုင်းများသည် ကင်ဆာဖြစ်စေသည် ဆိုသော ကောလာဟလ က လုပ်ငန်း အတွက် အတားအဆီးတခု ဖြစ်နေသည်။

လက်ရှိစာရင်းများအရ ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းသုံးတဲ့သူ ၉ သိန်းခွဲကျော် ရှိနေပြီ ဖြစ်သည်။ တချိန်တည်းတွင် ဖုန်းလိုင်းအသံများ ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းများက နိစ္စဓူဝ ကြုံနေကြရသည်။

နေရာနှင့် ကုန်ကျစားရိတ်ကြောင့် တာဝါတိုင်များအစား ရန်ကုန်နှင့် မြို့ကြီးများတွင် အဆောက်အဦများ ခေါင်မိုးပေါ် တွင် တပ်ဆင်သော မိုဘိုင်း Roof Top Antenna ကို တပ်ဆင်ပြီး ဖုန်းလိုင်းကွန်ယက်များ ပိုမိုကောင်းမွန်လာစေရန် ဆက်သွယ်ရေးက အိမ်ရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ဆက်သွယ်ရေးမှ ကျွမ်းကျင်သူများနှင့် ဆေးပညာရှင်များက မိုဘိုင်း Roof Top Antenna များမှ ထွက်သော လှိုင်းများ သည် ဘေးဥပဒ် မပေးကြောင်း ရှင်းပြထားသော်လည်း စိုးရိမ်မှုက လူအချို့တွင် ရှိနေဆဲ ဖြစ်သည်ဟု အင်တာနာများ တပ်ဆင်မှုအတွက် ဆက်သွယ်ရေးမှ လွှဲအပ်ခြင်းခံထားရသော ခိုင်သစ္စာ ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ပြောသည်။

မိုဘိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြီးခဲ့သည့် သြဂုတ် လအတွင်းက ကျင်းပခဲ့သည့် ဆက်သွယ်
ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ခေါင်မိုးပေါ် အင်တာနာများမှာ လူများကို ဘေးဥပဒ် မရှိစေကြောင်း ပြောကြားခဲ့ဖူး သည်။

ထို့အပြင် မိုဘိုင်းဖုန်းများအတွက် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍လည်း ဆေးပညာ
ဆောင်းပါးများကို ပြည်တွင်းဂျာနယ်များတွင် ရေးသားသူ ဒေါက်တာ မြင့်ဦး (ဂျီပီ) ကလည်း “ကျနော်တို့ လေ့လာထား သလောက်၊ ရှာဖွေ ဖတ်ရှုထားသလောက် ပြောရမယ်ဆိုရင် အိမ်ခေါင်မိုးပေါ်မှာ တပ်ဆင်တဲ့ Roof Top Antenna တွေ က ရေဒီယိုလှိုင်း ထွက်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလို မိုဘိုင်းဖုန်း တာဝါတိုင်တွေကြောင့် ကင်ဆာ ဖြစ်တယ် လို့တော့ မကြားဖူးသေးပါဘူး။ သူက ချက်ပြုတ်တဲ့ oven (ဖို)တွေက ထွက်တဲ့ ရေဒီယိုလှိုင်းနဲ့တူပါတယ်။ ပြီးတော့
ခေါင်မိုးပေါ်က တာဝါတိုင်က လွှင့်တာက လူနဲ့ တိုက်ရိုက် ထိတွေ့မှာ မဟုတ်ပါဘူး။ ဆေးပညာ လောကမှာ အခုချိန်ထိ
တော့ ဒါကြောင့် ကင်ဆာဖြစ်တယ် ဆိုတာ မကြားမိသေးပါဘူး” ဟု ပြောသည်။

ရန်ကုန်မြို့ ၁၆ နေရာခန့်တွင် ခေါင်မိုးပေါ် အင်တာနာများ တပ်ဆင်ရန် လိုအပ်နေသည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး အရာရှိတဦးက ပြောသည်။

ခေါင်မိုး အင်တာနာများ တပ်ဆင်ရန် နေရာရှာရခြင်းနှင့် ညှိနှိုင်းရများသည် ရန်ကုန်တွင် အခက်ခဲဆုံးဖြစ်သည်ဟု မိုဘိုင်းတာဝါတိုင် တပ်ဆင်ခြင်း လုပ်ကိုင်နေသည့် Elite Tech ကုမ္ပဏီ၏  အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုင်းခင်မောင်အေး က ပြောသည်။

“နေရာက တပ်ဖို့ လိုအပ်ပေမယ့် အခန်းရှင်နဲ့ ညှိမရလို့ တပ်လို့ မရတာလည်း ရှိပါတယ်။ ရေဒီယိုလှိုင်း လွှင့်တဲ့ ပြဿနာ ကို စိုးရိမ်ကြတာပါ။ ကျနော်တို့ကတော့ အိမ်ရှင်က လက်မခံဘူးဆိုရင်လည်း အဲဒီ Network (ကွန်ယက်)ထဲမှာရှိတဲ့
နောက်တနေရာ ကြိုးစားရပါတယ်” ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းလိုင်း ချဲ့ထွင်တပ်ဆင်မည့် စီမံကိန်းအရ မိုဘိုင်းဖုန်းများ လိုင်းမိရေးကို လည်း ဦးစားပေး လုပ်ကိုင်ရမှာ ဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း ဖုန်းကိုင်လာနိုင်မည်ဟု မှန်းဆထားကြသည်။

မူရင်းသတင်း----(မဇ္ဈိမ)
Post By :  အေးချမ်းမွန်
ရန်ကုန် (မဇ္ဈိမ) ။ ။ မိုဘိုင်းဖုန်း အသုံးပြုလိုမှု ပိုမိုများပြားလာသည်နှင့်အမျှ မိုဘိုင်း ဖုန်းလို
င်းများအတွက် ဆက်သွယ်ရေး တာဝါတိုင်များနှင့် အင်တာနာများ တပ်ဆင်ရန် စီစဉ်နေချိန်တွင် ခေါင်မိုးပေါ်တွင် တပ်ဆင်သည့် အင်တာနာများမှ ထွက်ရှိသော ရေဒီယိုလှိုင်းများသည် ကင်ဆာဖြစ်စေသည် ဆိုသော ကောလာဟလ က လုပ်ငန်း အတွက် အတားအဆီးတခု ဖြစ်နေသည်။

လက်ရှိစာရင်းများအရ ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းသုံးတဲ့သူ ၉ သိန်းခွဲကျော် ရှိနေပြီ ဖြစ်သည်။ တချိန်တည်းတွင် ဖုန်းလိုင်းအသံများ ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေခြင်းများက နိစ္စဓူဝ ကြုံနေကြရသည်။

ရမှတ်အတွက်သာ စာသင်ကြသောအခါ(နေလင်းထွန်း)

Photo: ရမှတ်အတွက်သာ စာသင်ကြသောအခါ

နေလင်းထွန်း
အတွဲ (၁၁)၊ အမှတ်(၃၂)

အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ဆောင်ရွက်ရေးနှင့် လိုက်လျောညီသည့် ပညာရည်စစ်ဆေးတိုင်းတာမှုစနစ် ဖြစ်ပေါ်လာစေရေး အစီအစဉ်စာတမ်းကို အမျိုးသားအဆင့် ပညာရေးဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြုစုတင်ပြခဲ့ကြသည်။

ယင်းစာတမ်းတွင် လက်ရှိတက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်မှု စာမေးပွဲအဖြစ် ပြောင်းလဲသတ်မှတ်၍ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အခြေခံပညာကျောင်းများ၏ စာမေးပွဲစစ်ဆေးမှုစနစ်သည် အလွတ်ကျက်မှတ်မှုကို အားပေးသော မေးခွန်းများသာ အသုံးပြုနေခြင်းကြောင့် ကျောင်းသား၏ သင်ယူတတ်မြောက်မှုကို ရမှတ်ဖြင့်သာ ဆုံးဖြတ်နေရပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသော မေးခွန်းပြုစုရန် ဆရာ၊ ဆရာမများတွင် နည်းပညာနှင့် ကျွမ်းကျင်မှု လိုအပ်နေသေးကြောင်း ဆွေးနွေးခဲ့ကြသည်။

ကျောင်းသားများကို ပညာသင်ကြားရာတွင် ထိုးထွင်းကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ဝေဖန်သုံးသပ်မှုတို့ကို ဦးတည်သင်ကြား သင်ယူစေရန်နှင့် ပညာရည်စစ်ဆေးတိုင်းတာမှုကို လိုက်လျောညီထွေဖြစ်စေရန် အစီအစဉ်များ တင်ပြခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အလွတ်ကျက်၍ အလွတ်ဖြေဆိုရသော ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြင်ပမှ ပညာရေးကျွမ်းကျင်သူများက ကြိုးပမ်းဆောင်ရွက်နေကြသည်။

“စနစ်ကြီးရှိနေတယ်။ အမှတ်ပေးတဲ့စနစ်၊ စာမေးပွဲကို အမှီပြုသောစနစ်ပေါ့။ အထူးသဖြင့်ကတော့ ဆယ်တန်းစာမေးပွဲကြီးပဲပေါ့။ စာမေးပွဲစစ်ပုံ၊ စစ်နည်းကို ပြောင်းလဲလိုက်ရင် ကောင်းသွားနိုင်တယ်။ အခုက အမှတ်ရအောင်သင်တာ၊ ကျုရှင်ယူတာ၊ ဂိုက်ခေါ်တာ၊ အလွတ်ကျက်တာတွေ ဖြစ်နေတာလေ။ စာမေးပွဲမှာ စဉ်းစားပုံ၊ စဉ်းစားနည်းကိုမေးတဲ့ မေးခွန်းမျိုးပေါ့။ ဆယ်တန်းစာမေးပွဲက အပြောင်းအလဲရဲ့ သော့ချက်လို့ ထင်ပါတယ်”ဟု ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသော စာရေးဆရာကိုတာကပြောသည်။

စာမေးပွဲစနစ် ဖြစ်တည်နေမှု၊ စာသင်ကျောင်းများ၏ အောင်ချက်မြင့်မားရေး အစီအစဉ်နှင့် ကျောင်းသားမိဘများ၏ အမှတ်များများ ရရှိရေး သဘောထားအမြင်တို့သည် ကျောင်းသားများအတွက် သင်ခန်းစာများကို နှုတ်တိုက်ရွတ်ဆို ကျက်မှတ်နေရမှုအား ကြီးထွားလာစေခဲ့ခြင်းဖြစ်သည်။

စာမေးပွဲအောင်ချက်ပေါ် အခြေခံသော ပညာရေးစနစ်ဖြစ် ပေါ်လာခြင်းသည် ကျောင်းသားများ၏ အရည်အချင်းနှင့် ဉာဏ်ရည်ဉာဏ်သွေးများ နိမ့်ကျသွားစေခဲ့ကြောင်း ပညာရေးကျွမ်းကျင်သူများက ဝေဖန်ထောက်ပြကြသည်။

“အခုက စာမေးပွဲများများအောင်ရင် အဲ့ဒီကျောင်းက ကောင်းတယ်လို့ ယူဆတဲ့ခေတ် ဖြစ်နေတာကို။ အောင်ချက်မြင့်မားရေးဆိုပြီး လုပ်ကြတယ်။ ဘာဖြစ်လို့ အောင်ချက်မြင့်မားလာတဲ့ ကျောင်းသားတွေက ကမ္ဘာမှာ နိမ့်ကျနေတာလဲ။ အဆင်းရဲဆုံး နိုင်ငံစာရင်းထဲ ရောက်နေတာကို အောင်ချက်မြင့်မားရေးက ဘာလို့ ထိပ်တန်းရောက်အောင် မလုပ်ပေးနိုင်တာလဲ။ ဒီအောင်ချက်မြင့်မားရေးကို သွားလုပ်ရင်းနဲ့ အကုန်လုံးက ဖွတ်သထက် နစ်လာပါတယ်”ဟု ဒေါက်တာခင်မောင်ညိုက ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ပြောသည်။

စာသင်ကျောင်းများတွင် နှုတ်တိုက် အလွတ်ရွတ်ဆိုရသော သင်ကြားမှုကို အလေးထားနေမှု၊ စာမေးပွဲအောင်ရေးနှင့် အမှတ်ကောင်းရရေး အလေးပေးနေမှုတို့သည် မြန်မာ့ပညာရေးလောက၌ နှစ်ပေါင်းများစွာ စွဲမြဲနေခဲ့ပြီဖြစ်သည်။

သင်ခန်းစာများကို အလွတ်ကျက်မှတ် ဖြေဆိုရသော ပညာရေးစနစ်အစား စဉ်းစားဆင်ခြင်မှု၊ တွေးခေါ်ကြံဆမှု၊ ဝေဖန်သုံးသပ်မှုဆိုင်ရာ အရည်အသွေးများ မြင့်မားလာစေသော ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ပြုပြင်ပြောင်းလဲမှုများ လိုအပ်နေပြီဖြစ်သည်။

“ကလေးတွေသင်နေတဲ့ ပညာရေးက သူတို့ဘ၀မှာ အသုံးကျတဲ့ပညာ ဖြစ်သင့်တယ်။ သူတို့ဘ၀ တက်လမ်းအတွက် မျှော်လင့်ချက်ရှိတဲ့
ပညာရေးဖြစ်သင့်တယ်။ အခုပညာရေးက အမှတ်ဘယ်လောက်ရလဲ၊ ဂုဏ်ထူးဘယ်လောက်ထွက်သလဲ ဆိုတဲ့အပေါ် တိုင်းတာနေတဲ့အတွက် အရည်အချင်းပြည့်တဲ့ ပညာရေးကိုမရဘူး။ ကျွန်တော်ဆိုလိုတာက ကလေးတွေ ကျောင်းလာတက်တယ်ဆိုတဲ့ ရည်ရွယ်ချက်က စာအုပ်ထဲမှာပါတဲ့ စာတွေကို အလွတ်ရွတ်ဖို့ မဟုတ်ပါဘူး။ ဒီနေ့ဖြစ်နေတဲ့ ပညာရေးက စာအုပ်ထဲမှာပါတဲ့စာကို အလွတ်ကျက်တယ်၊ အလွတ်ဖြေတဲ့စနစ် ဖြစ်နေတယ်။ ကလေးတွေ ကျောင်းလာနေတယ်ဆိုတာက အသိဉာဏ်မြင့်မားဖို့ပါ။ ကျွန်တော်တို့ရဲ့ သင်ကြားရေးက ကလေးတွေရဲ့ အသိဉာဏ်မြင့်မားမှုကိုပေးတဲ့ ပညာရေးဖြစ်ရမယ်။ ကလေးတွေက စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရမယ်။ မှားတယ်၊ မှန်တယ် ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်။ လုပ်သင့်၊ မလုပ်သင့် ပိုင်းခြားဝေဖန် သုံးသပ်တတ်ရမယ်။ ခေတ်စနစ်ကို ဝေဖန်ထောက်ပြနိုင်တဲ့ ကျောင်းသားလူငယ်တွေ ဖြစ်ရမယ်။ အဲ့ဒီလို အရည်အချင်းပေးတဲ့ ပညာရေးပဲဖြစ်သင့်တယ်”ဟု ပညာရေးသုတေသီ ဒေါက်တာသိန်းလွင်ကပြောသည်။

အဖက်ဖက်မှ နိမ့်ကျနေသော မြန်မာ့ပညာရေးစနစ်ကို နိုင်ငံတကာအဆင့်မီ ပညာရေးအဆင့်သို့ ပြန်လည်မြှင့်တင်နိုင်ရန် အဓိကအချက်အနေဖြင့် ပညာသင်ကြားမှုပုံစံနှင့် စာမေးပွဲစစ်ဆေးမှု ပုံစံတို့ကို မဖြစ်မနေ ပြောင်းလဲရတော့မည်ဖြစ်သည်။

စိန်ခေါ်မှုအနေဖြင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို မြှင့်တင်ပေးရန်၊ ရာထူးတိုး ပြောင်းရွှေ့မှုစနစ်ကြောင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ဆရာ၊ ဆရာမများ ဆုံးရှုံးနေရမှုကို ပြန်လည်ဆန်းစစ်ရန်၊ ကျောင်းသား၊ ဆရာ အချိုးကွာဟချက် ကြီးထွားနေမှုကို ဖြေရှင်းရန်၊ စာသင်ချိန်နှင့် သင်ရိုးမမျှမတ ဖြစ်နေခြင်းကို ကုစားရန်၊ အခြေခံပညာအဆင့်အလိုက် ဘာသာရပ်များတွင် အခြေခံတတ်ကျွမ်းမှု (BLC)အတွက် ရေးဆွဲသတ်မှတ်ပေးရန်၊ ဆရာ၊ ဆရာမများ၏ လူမှုဘ၀များကို ပြန်လည်မြှင့်တင်ပေးရန် စသည်တို့ကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သည်။

ယခုအခါ နိုင်ငံတော်က ပညာရေးဝန်ကြီးဌာန၏ ၀န်ထုပ်ဝန်ပိုးကြီးမားနေမှုကို ဖြေလျှော့ပေးရန် ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ပေးထားသော်လည်း ပုဂ္ဂလိကပညာရေးလုပ်ငန်းအများစုတွင် အသွင်သစ်ပညာရေးပုံစံ ဆောင်ရွက်နိုင်မှုကို မြင်တွေ့ရခြင်း မရှိသေးကြောင်း အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

“ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားတွေကို အရည်အသွေးမြင့်မားစွာနဲ့ သင်ကြားနိုင်အောင် နိုင်ငံတော်က ကိုယ်ပိုင်ကျောင်းတွေ ဖွင့်ပေးတာပါ။ ဆယ်တန်းအောင်တဲ့အခါ အမှတ်ကောင်းအောင်လို့ ဖွင့်ပေးတာမဟုတ်ပါဘူး။ အခု ကျုရှင်ရော၊ ဘာသာရပ်သင်တန်းတွေရောက ကျောင်းအပ်မယ်ဆိုရင် အောင်ချက်ဘယ်လောက်ရှိတယ်ဆိုပြီး ကြော်ငြာတယ်။ ဘာသာရပ်သင်ကျောင်းပဲဖြစ်ဖြစ်၊ ကျုရှင်ပဲဖြစ်ဖြစ် စာတတ်အောင်သင်ရမှာဖြစ်သလို စိတ်ဓာတ်ကောင်းအောင်လည်း သင်ဖို့လိုပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။

စာမေးပွဲစနစ် ကြီးစိုးမှုကြောင့် ဓားစာခံဖြစ်သွားသူများမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်နေပြီး အလွတ်ရွတ်ဆို ကျက်မှတ်ရသော စနစ်ကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ တွေးခေါ်ကြံဆနိုင်စွမ်းများ နိမ့်ကျသွားခဲ့ကြသည်။

ထို့ပြင် စာမေးပွဲတွင် အမှတ်ကောင်းရရှိစေရန် ပင်ပန်းကြီးစွာ စာကျက်မှတ်ရခြင်းနှင့် စာမေးပွဲရမှတ်ပေါ် အခြေခံဆုံးဖြတ်သော တက္ကသိုလ်ဝင်ခွင့်စနစ်ကြောင့် မိမိဝါသနာမပါသော ဘာသာရပ်များကို လေ့လာသင်ယူနေရခြင်းတို့ဖြင့် ကြုံတွေ့နေကြရသည်။

“ကလေးက ကြက်တူရွေးစာကျက်နေရသလိုပါပဲ။ နေ့တစ်ဝက်ကျောင်းက ပြန်လာရင် ခဏအိပ်ပြီး ၂ နာရီဆို ကျုရှင်သွား၊ ည ၉ နာရီ ပြန်ရောက်၊ ည ၁၁ ခွဲ၊ ၂ နာရီလောက်ထိ စာကျက်ရတယ်။ ကလေးလည်း တအားပင်ပန်းတယ်။ မိဘလည်းပင်ပန်းတယ်။ သူတက်ချင်တာက ၀ိုင်တီယူ(ရန်ကုန်နည်းပညာတက္ကသိုလ်)၊ ဆေးကျောင်းလည်း မတက်ချင်ဘူးတဲ့။ အခု သူအမှတ်မီတာက ရေကြောင်းဖြစ်သွားတာပေါ့”ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ် ၄၉၈ ဖြင့် အောင်မြင်ထားသော ဒဂုံမြို့နယ်မှ ကျောင်းသူတစ်ဦး၏ မိခင်ကပြောသည်။

မူရင်းသတင်း----7Day News Journal
Post By :  အေးချမ်းမွန်
အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ဆောင်ရွက်ရေးနှင့် လိုက်လျောညီသည့် ပညာရည်စစ်ဆေးတိုင်းတာမှုစနစ် ဖြစ်ပေါ်လာစေရေး အစီအစဉ်စာတမ်းကို အမျို
းသားအဆင့် ပညာရေးဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြုစုတင်ပြခဲ့ကြသည်။

ယင်းစာတမ်းတွင် လက်ရှိတက္ကသိုလ်ဝင်စာမေးပွဲအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်မှု စာမေးပွဲအဖြစ် ပြောင်းလဲသတ်မှတ်၍ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ရန် လေ့လာဆန်းစစ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..

Photo: ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..

Thursday, October 18, 2012

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန်ကြီးထွား
နေဆဲဖြစ်ကြောင်းသိပ္ပံပညာရှင်များမှလွန်ခဲ့သည့်ကြာသပတေး နေ့က
...ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထား
တွင်ရှိနေကြောင်းအိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တောသုတေသနဌာနမှ သိပ္ပံပညာရှင် နှစ်ဦး
ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်SubhashNautiyalဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိညောင်ပင်မှာ ဗုဒ္ဓဂယာတွင်ရှိပြီး အိန္ဒိယရှိဘီဟာ ပြည်နယ်တွင်
ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်း
ဖြစ်သည်။

သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေအုတ်ခုံကိုဖယ်ရှားပြီးနောက်
စမ်းသပ်ရာမှတစ်ဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင်အမြစ်ကို ပိုမိုပြီး အသက်
ရှုခွင့် ပေးစေမည်ဖြစ်ပြီး ရှင်သန်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်
သည်ဟု ၎င်းတို့မှ ပြောသည်။ ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှခရီးသွားများမှာအများဆုံးဖြစ်ကြောင်း
လည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

xinhuanews

မူရင်းသတင်း---- Myanmar Online News
Post By :  အေးချမ်းမွန်
Thursday, October 18, 2012

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန်ကြီးထွား
နေဆ
ဲဖြစ်ကြောင်းသိပ္ပံပညာရှင်များမှလွန်ခဲ့သည့်ကြာသပတေး နေ့က
...ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထား
တွင်ရှိနေကြောင်းအိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တောသုတေသနဌာနမှ သိပ္ပံပညာရှင် နှစ်ဦး
ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်SubhashNautiyalဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။

ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုး ခိုးခံရ

Photo: ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုး ခိုးခံရ

THURSDAY, OCTOBER 18, 2012  အိမ့်သံစဉ်  

 ကမ္ဘာကျော်ပန်းချီကားတွေ သူခိုးခိုးလံလိုက်ရတဲ့  နယ်သာလန်နိုင်ငံကရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်
 
ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူး၊ ကြားဖူးတယ် မမှတ်ပါနဲ့။ ကမ္ဘာကျော် တန်ကြေးကြီး ပန်းချီကားချပ်တွေ ခိုးခြင်း ခံရတာ အခု ကိစ္စက တကယ်ဖြစ်သွားပါတယ်။ 

နာမည်ကြီး ပန်းချီပြခန်း တခုကနေ စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇ ချပ်ဟာ သူခိုး ခိုး ခံလိုက်ရပါတယ်။ 

အောက်တိုဘာလ ၁၆ ရက်နေ့ သတင်းတခုမှာ ပီကာဆို၊ မိုနေတို့ရဲ့ လက်ရာတွေ ပါတဲ့ စတာလင် ပေါင် ၁၀ သန်းကျော် တန် တဲ့ ပန်းချီကားတွေကို နယ်သာလန်နိုင်ငံ၊ ရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်ကနေ သူခိုးတွေက ခိုးသွားခဲ့တာပါ။ 


ခေတ်သစ် မော်ဒန် ပန်းချီဆရာကြီးတွေဖြစ်ကြတဲ့ Henri Matisse ၊ Paul Gaugin၊ Lucien Freud နဲ့ Meyer de Haan တို့ရဲ့ ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေလည်း ပျေက်ဆုံးနေတဲ့ စာရင်းထဲမှာ ပါတယ်လို့ ရဲက ပြောပါတယ်။ 

 ရိုတာဒမ်ရဲ ပြောခွင့်ရ အမျိုးသမီး Patricia Wessels က ပြောတာက သူခိုးတွေက ညဖက်မှာ ဖောက်ဝင်ပြီး ပန်းချီကားတွေ ထဲက တချို့ကိုသာ ခိုးယူသွားတာဟာ တော်တော် စဉ်းစားစရာဖြစ်နေတယ်လို့ ဆိုပါ တယ်။ 

အထူး စုံစမ်းစစ်ဆေးမှုတွေလည်း သဲလွန်စတွေကို ကောက်ပြီး လုပ်ဆောင်နေပါတယ်လို့ သိရပါတယ်။

“သူတို့ ဘယ်လို ၀င်လာတယ်၊ ဘယ်အချိန်မှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ကျမတို့ စုံစမ်း စစ်ဆေး နေဆဲပါ” လို့ သူက ဆိုပါတယ်။ 

သူခိုးတွေဟာ အဲဒီနေ့ မနက် ၃ နာရီလောက်က ဖော်ထွင်းခဲ့နိုင်တယ်လို့ ရဲတွေက ယုံကြည်နေကြပါတယ်။

သူခိုး ခိုးခံလိုက်ရတဲ့ ပန်းချီးကားတွေထဲမှာ Pablo Picasso ရဲ့ 'Harlequin's Head'၊ Henri Matisse ရဲ့ 'La Liseuse en Blanc et Jaune' နဲ့ နောက်ထပ် ၂ ကားကတော့ မိုးနေးရဲ့ 'Waterloo Bridge, London' နဲ့ 'Charing Cross Bridge, London' အမည်ရတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ 

ကျန်တဲ့ ပန်းချီးကားတွေကတော့ Paul Gauguin ရဲ့ 'Femme Devant une Fenetre Ouverte, dite La Fiancee', Meyer de Haan ရဲ့ 'Self-portrait' နဲ့ Lucian Freud ရဲ့ 'Woman with Eyes Closed' အမည်ရတဲ့ပန်းချီကားတွေပဲ ဖြစ်ကြပါတယ်။ 

ရဲက အစောပိုင်း သူခိုး ခိုးခံရတာကို ထုတ်ပြန်ကြေညာဖို့ ငြင်းဆန်ခဲ့ပြီးမှနောက်ပိုင်း ရမ်းတာဒမ်းမှာ ရှိတဲ့ Kunsthal ပြတိုက်က ပန်းချီကား ၇ ခုကို အင်္ဂါနေ့က သူခိုးခိုးခံရတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။ 

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူခိုးတွေဟာ သေချာ စနစ်တကျ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ သုံးသပ်ကြပြီး အခုတော့ ပြတိုက်ကို လုံခြုံရေးတွေလည်း တိုးမြှင့်ထားလိုက်ရပါပြီ။ သူခိုးတွေဟာ သက်သေဖြစ်မယ့် လုံခြုံရေး ဗီဒီယို မှတ်တမ်း ရိုက်တဲ့ ကင်မရာကိုလည်း ဖြတ်တောက်ထား ပါတယ်တဲ့။ 

နောက် ညဖက် အချက်ပေး လုံခြုံရေး ခေါင်းလောင်း စနစ်ကလည်း အလုပ်မလုပ်ခဲ့ကြောင်း၊ သူခိုးတွေ ဟာ ပြတိုက် အရာရှိတွေ ပြတိုက်ကို ရောက်လာတဲ့အချိန်မှာ ထွက်သွားခဲ့တာဖြစ်ပါတယ်လို့ ရဲပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။ 

အခု သူခိုးဖောက်ထွင်းခံလိုက်ရတဲ့ ဒတ်ခ်ျက ပြတိုက် Kunsthal မှာ သူ့ကိုယ်ပိုင် စုဆောင်းထားတာတွေ ကို အမြဲပြထားတာမျိုး မဟုတ်ပါဘူး။ ဒီပြတိုက်က ဓာတ်ပုံတွေ၊ ပန်းချီ၊ ပန်းပုတွေ၊ ဒီဇိုင်း၊ ဖက်ရှင်တွေ စတဲ့ အနုပညာ လက်ရာတွေကို ပြပွဲတွေ လုပ်ပြီး ရောင်းချပေးလေ့ရှိတာပါ။ 

ကမ္ဘာကျော် အနုပညာရှင်ကြီးတွေဖြစ်တဲ့ Van Gogh၊ Marcel Duchamp၊ Piet Mondriaan၊ Paul Cezanne၊ Salvador Dali၊ Roy Lichtenstein နဲ့ Andy Warhol တို့ရဲ့ လက်ရာတွေပါတဲ့ ထရီ တန် ဖောင်ဒေးရှင်းပိုင် ပန်းချီကားပေါင်း ၁၅၀ ကို ပြသနေတဲ့ အနှစ်၂၀ ပြည့် နှစ်ပတ်လည် ပြပွဲကို ဒီပြတိုက်က မကြာသေးခင်ရက်ပိုင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သူခိုးခိုးခြင်းခံရတဲ့ မိုးနေးရဲ့ ပန်းချီကားတချပ် 
 
မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
သူခိုးခိုးခြင်းခံရတဲ့ မိုးနေးရဲ့ ပန်းချီကားတချပ်
ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူး၊ ကြားဖူးတယ် မမှတ်ပါနဲ့။ ကမ္ဘာကျော် တန်ကြေးကြီး ပန်းချီကားချပ်တွေ ခိုးခြင်း ခံရတာ အခု ကိစ္စက တကယ်ဖြစ်သွားပါတယ်။

နာမည်ကြီး ပန်းချီပြခန်း တခုကနေ စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇ ချပ်ဟာ သူခိုး ခိုး ခံလိုက်ရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ သတင်းတခုမှာ ပီကာဆို၊ မိုနေတို့ရဲ့ လက်ရာတွေ ပါတဲ့ စတာလင် ပေါင် ၁၀ သန်းကျော် တန် တဲ့ ပန်းချီကားတွေကို နယ်သာလန်နိုင်ငံ၊ ရိုတာဒမ်မှာ ရှိတဲ့ Kunsthal ပြတိုက်ကနေ သူခိုးတွေက ခိုးသွားခဲ့တာပါ။

ပါတီတွင်း ပြေလည်အောင် ဖြေရှင်းရန် ဦးတင်ဦး တိုက်တွန်း

Photo: ပါတီတွင်း ပြေလည်အောင် ဖြေရှင်းရန် ဦးတင်ဦး တိုက်တွန်း

နန်းဆိုင်နွမ်| October 18, 2012 

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ညီလာခံမခေါ်ယူမီ ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးက တိုက်တွန်းလိုက်သည်။

အဆိုပါ ပြဿနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထက် တခြားနယ်ဒေသများတွင် အဖြစ်များကြောင်း ဦးတင်ဦးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များ ညှိနှိုင်းကျင်းပရေး စီမံချက် ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“အများဆုံးက ပါတီအဖွဲ့ဝင်ဟောင်းနဲ့ ပါတီအဖွဲ့ဝင်သစ်တွေပေါ့။ လူဟောင်းက လူသစ်တွေကို ပါတီဝင်ခွင့် မပေးတဲ့ကိစ္စကတော့ မဖြစ်သင့်ပါဘူး” ဟု ဦးတင်ဦးက ဆိုသည်။

ပါတီဝင် အချင်းချင်းဖြစ်သည့် ပဋိပက္ခကိစ္စကို မိမိ အဖွဲ့အစည်းက ပြေလည်အောင် ဖြေရှင်းသင့်ကြောင်း၊ တခြား အပြင် ရပ်ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ရဲများကို ဖြေရှင်းခိုင်းပါက ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်ကြောင်း၊ ထိုသို့ မညီမညွတ် ဖြစ်မှုကြောင့်လည်း လုံးခြုံရေးအရ ပါတီအတွင်းသို့ လာရောက်စစ်ဆေးမှုများ ဖြစ်ပွားနိုင်သဖြင့် ပါတီအတွက်လည်း မကောင်းကြောင်း ဦးတင်ဦးက ဆက်ပြောသည်။

“မြို့နယ်တခုတည်းကနေ ပါတီရုံး နှစ်ခုဖွင့်တဲ့အပေါ် ဗဟိုကနေပြီးတော့ ဖွင့်တဲ့မြို့နယ်တွေက ပါတီရုံးမှန်သမျှကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲ့ဒါကိုတော့ မြို့နယ်အတွင်းမှာရှိတဲ့ ပါတီဝင်အချင်းချင်း ညှိဖို့လည်း ဗဟိုကနေ ထုတ်ပြန်ထားပါတယ်” ဟု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် NLD ပါတီဝင် ဒေါ်ယဉ်ယဉ်ထိုက်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သုံးခွမြို့နယ်အတွင်းရှိ NLD ပါတီတွင်း ပြဿနာများနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါမြို့နယ်သို့ ယခုလ ၁၁ ရက်နေ့တွင် သွားရောက် ဖြေရှင်းမှုများ ပြုလုပ်ပေးခဲ့သည်။

“NLD ပါတီအတွင်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ကျမအနေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတိုင်းမှာ ဒီလိုပြဿနာတွေက ရှိတာပေါ့။ NLD ပါတီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုကို ပွင့်လင်းစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးခွမြို့နယ် NLD ရုံး၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့သည်။

ဒီမိုကရေစီ ဆိုသည့်အတိုင်း လုပ်ပိုင်ခွင့်ရှိတိုင်း မလုပ်ရန်၊ ပြောပိုင်ခွင့်ရှိတိုင်း မပြောရန် ၊လူပုဂ္ဂိုလ်ကို မဲဆွယ်သည့် အခါလည်း စကားပြောကို မကြည့်ဘဲ အလုပ်လုပ်သည့်ကိုကြည့်၍ မဲမေးရန်၊ နိုးကြားထကြွစွာ လေ့လာပြီးမှသာ မဲပေးရန်၊ ဝေဖန်သည့်အခါတွင်လည်း ယဉ်ကျေးစွာ ဝေဖန်ကြရန်၊ ပြည်သူ၏ ဝေဖန်မှုကိုလည်း လက်ခံသွားမည်ဟုလည်း ပြောကြားသည်။

သုံးခွမြို့နယ် NLD ပါတီဝင် အမျိုးသားတဦးက “ပါတီဝင်တချို့က အရင်ကတည်းက ဘာရယူလိုမှု မရှိဘဲ ၀င်ရောက်တယ်။ တချို့ကျတော့ ရယူလိုမှုတွေနဲ့ ပါတီဝင်အဖြစ် လျှောက်တယ်။ ၀င်လာတော့ အဲဒီပြဿနာတွေ ဖြစ်တာပေါ့။ ဒီပြဿနာက လွယ်လွယ်နဲ့ ပြီးသွားမယ်လို့ မထင်ဘူး။ အချိန်တော့ယူ ဖြေရှင်းရမယ်လို့လည်း အမေစုက ပြောသွားတယ်လေ” ဟု ဆိုသည်။

လက်ရှိတွင် တိုင်းနှင့် ပြည်နယ်များ၌ NLD ညီလာခံများ ပြုလုပ်နေချိန်တွင် မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦးခန့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ကူးပြောင်းသွားကြသည်ဟု မကွေးခရိုင် NLD ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်  ဦးရဲတင့်က ဧရာဝတီသို့ ပြောသည်။

ဒေါင်းနေကျေးရွာတွင် NLD ပါတီဝင်  ၃၀ ခန့် ရှိသည့်အနက် ထက်ဝက်ခန့် ပါတီကူးပြောင်းကြောင်း၊ ဘက်ပြောင်းသွားသူများကို ပြန်စည်းရုံးမည်ဟုလည်း ပြောကြောင်း၊ ပါတီတွင်းပဋိပက္ခိသည်လည်း ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။


အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များ ညှိနှိုင်းကျင်းပရေး စီမံချက် ရှင်းလင်းပွဲ (ဓာတ်ပုံ – စိမ်းနုနု / ဧရာဝတီ)

မူရင်းသတင်း----ဧရာဝတီသတင်း
Post By :  အေးချမ်းမွန်
အောက်တိုဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များ ညှိနှိုင်းကျင်းပရေး စီမံချက် ရှင်းလင်းပွဲ (ဓာတ်ပုံ – စိမ်းနုနု / ဧရာဝတီ)
နန်းဆိုင်နွမ်| October 18, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ညီလာခံမခေါ်ယူမီ ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးက တိုက်တွန
်းလိုက်သည်။

အဆိုပါ ပြဿနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးထက် တခြားနယ်ဒေသများတွင် အဖြစ်များကြောင်း ဦးတင်ဦးက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို-တိုင်း-ခရိုင်-မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်များ ညှိနှိုင်းကျင်းပရေး စီမံချက် ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ကင်ဆာ ဆောင်ထဲလမ်း လျှောက်ခြင်း(ဒေါက်တာလွှမ်းမိုးဟန်)

စဥ့်ကိုင်မြို့နယ်မှ မောင် .....(အသက် ၃၉နှစ်)သည် အသက် ၁၄နှစ်သားအရွယ်မှစ၍
ကွမ်းစား လာရာ ကျွန်တော့်ထံ သို့ပါးစောင် ကင်ဆာ ရောဂါဖြင့် ရောက်ရှိ လာ ပါသည်။ ဘယ်ဘက်ပါးပြင်ကြီး တစ်ခုလုံး ရောင်ကိုင
်းနေပြီး မေးရိုး အောက်တွင်လည်း ဆီးစေ့ခန့် ကင်ဆာအကျိတ်တစ်ခုဖြစ်ပေါ်နေပါ သည်။ ကင်ဆာအမြစ်များ ပျံ့နှံ့ နေသဖြင့် ပါးစောင်တစ်လျှောက် ကိုက်ခဲနေပါသည်။ သုတေသနပြု ကုသပေးလိုက်ရာ သက်သာ ပျောက် ကင်းသွားပါသည်။ ပါးစောင်အကျိတ်မှ ပေါက်ထွက်ပြီး ကင်ဆာအရိအရွဲများ ထွက်ကျနေပါသည်။

ဘုရား၊ ဘုရား။ မန္တလေးမြို့မှ ထုတ်ဝေသည့် ဂျာနယ်တစ်စောင်တွင် ပါရှိသည့်ကြော်ငြာဖြစ်ပါသည်။ အိပ် ချင်နေသဖြင့်မှေးနေသော စာရေးသူ ၏ မျက်လုံးများဖျတ်ခနဲ ပြူးကျယ် သွားသည်။ လူနာ၏ဓာတ်ပုံလည်းပါ သည်။ ကံကောင်းရင် တစ်ခါတလေ မှတ်ပုံတင်နံပါတ်တောင် ပါလိုက်သေး သည်။ ကင်ဆာဆိုပါလား။ အမြစ် တွေပျံ့နှံ့နေသည် ဆိုပါလား။ သုတေ သနပြုနေသည်ဆိုပါလား။

မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များကို ၂၀၁၃ ခုနှစ်တွင် ပထမဆုံးပြန်ဖွင့်မည်




thn-10-18-1
မြစ်ကြီးနားတက္ကသိုလ်ရှိ အဆောက်အအုံတစ်ခုအား၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းက တွေ့ရစဉ်
တက္ကသိုလ်ကျောင်းများအတွင်း  ကျောင်းသား၊ ကျောင်းသူများအဆောင် နေထိုင်ခြင်းကို တစ်နိုင်ငံလုံး၌ ၁၉၉၆ ခုနှစ်ဝန်းကျင်မှစ၍ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအနေဖြင့် ပြန်လည်ထားရှိ မည် ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
မြစ်ကြီးနားတက္ကသိုလ်၌ အဆောင်ပြန်လည်ထားရှိမည့် အစီအစဉ်အနေဖြင့် ခါကာဘိုဆောင်နှစ်ခုတွင် ယောက်ျားလေးဦးရေ ၁၂၀၊ ဆွမ်ပရာဘွမ် အဆောင်နှစ်ခုတွင် မိန်းကလေးဦးရေ ၁၂၈ ဦးထားရှိမည်ဖြစ်ပြီး ဝေးလံခေါင်ဖျားဒေသများမှ ကျောင်းသူ၊ ကျောင်းသားများအား ဦးစားပေးထားရှိမည်ဟု စုံစမ်းသိရှိရသည်။

သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ

ရန်ကုန် (မဇ္ဈိမ) ။ ။ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက်လုံးဖြင့် မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့် လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။

လက်ထပ်ပြီး ကလေး တယောက် မွေးပေးပါက ယင်းငွေ ကျပ်သိန်း ၃ဝ ရရှိနိုင်မည်ဟု
ပွဲစားများက ပြောဆို သိမ်းသွင်းခေါ်ဆောင်နေကြခြင်း ဖြစ်သည်။

“ကလေးမွေးပြီး သွားရင်တော့ ကိုယ့်နိုင်ငံ ပြန်လာလို့ရတယ်ဆိုပြီး ပေါ်ပေါ်တင်တင် စည်းရုံးမှုတွေ ပြုလုပ်လာကြ တယ်။ အဲဒါကို သဘောတူလို့ လိုက်သွားကြတဲ့ အမျိုးသမီးငယ်တွေ အများကြီးရှိကြတယ်။ အဲဒီကိစ္စရပ်က ဈေးကွက် တခုလို ဖြစ်နေတယ်” ဟု ဒု-ရဲမှူးကြီးညွန့်လှိုင် က ပြောသည်။

ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ

Photo: ဗြိတိန်တွင် Apple နှင့် Samsung တို့ မူပိုင်ခွင့်အငြင်းပွားမှု Samsung အနိုင်ရ 


 ဗြိတိန်နိုင်ငံတွင် Samsung၏ Tablet ကွန်ပျူတာက မိမိတို့အပေါ် မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်ခဲ့ကြောင်း Apple၏ အရေးဆိုမှု အရေးနိမ့်သွားပြီ ဖြစ်သည်။ Appleက Samsung၏ Galaxy Tabသည် မိမိတို့၏ iPadကို ဒီဇိုင်းပိုင်းဆိုင်ရာ ခိုးယူ ပုံတူကူးခဲ့ကြောင်း စွပ်စွဲခဲ့သော်လည်း ဗြိတိန် တရားရုံးက လက်မခံခဲ့ချေ။ တောင်ကိုရီးယား ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီ၏ နာမည်ကျော်ထုတ်ကုန် iPad၏ ဒီဇိုင်းပိုင်းအား ကူးယူကြောင်း အထောက်အထား မတွေ့ရဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

Appleက Galaxy Tabသည် iPadကို အလွန့်အလွန် တူညီအောင် ပုံတူကူးထားကြောင်း စွပ်စွဲခဲ့သော်လည်း တရားရုံးက Samsung၏ ထုတ်ကုန်သည် Appleလောက် မကောင်းသလို ပုံတူကူးထားခြင်း မရှိဟုသာ စီရင်ချက် ချမှတ်လိုက်သည်။ ထို့ကြောင့် ဇူလိုင်လ ကတည်းက စတင်ခဲ့သော တရားရေး ပြဿနာသည် ယခုအခါ ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ Appleက ၎င်း၏ ဝက်ဘ်ဆိုက်နှင့် ဗြိတိန်ရှိ နာမည်ကျော် သတင်းစာနှင့် မဂ္ဂဇင်းများတွင် Samsungအနေဖြင့် မိမိတို့ထံမှ ဒီဇိုင်းကူးချခဲ့မှု မရှိကြောင်း ကြေညာပေးရမည် ဖြစ်သည်။ 

တရားရုံး ဆုံးဖြတ်ချက်အရ အနိုင်ရခဲ့သော်လည်း Samsungအတွက် အောင့်သက်သက် ဖြစ်စေလောက်သော ကိစ္စမှာ တရားသူကြီးက Samsung ဒီဇိုင်းများသည် Appleကို မမီကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသွားခြင်း ဖြစ်သည်။ တရားသူကြီး ကိုလင်ဘရစ်က Galaxy Tabသည် iPadနှင့် တူညီမှုအချို့ ရှိသော်လည်း ဒီဇိုင်း ခိုးချသည်ဟု ဆုံးဖြတ်စရာ မရှိဟု ဆိုသည်။ တရားသူကြီးက "Samsungဟာ Appleရဲ့ ဒီဇိုင်းကို ကူးချတာမျိုး မရှိသလို Samsungရဲ့ ဒီဇိုင်းကလည်း Appleလောက် ဆွဲဆောင်မှု မရှိဘူး"ဟု ပြောကြားသွားသည်။ 

Appleသည် ရွေးချယ်ထားသော သတင်းစာများတွင် Aerial Font အရွယ်အစား (၁၄)ထက် မသေးသော ကြော်ငြာဖြင့် Samsungက ဒီဇိုင်းကူးချခြင်း မဟုတ်သည်ကို ဖြေရှင်းပေးရမည် ဖြစ်သည်။ Appleနှင့် Samsungတို့သည် ကမ္ဘာ့မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု ကဏ္ဍတွင် ဦးဆောင်ဦးရွက် နေရာမှ အားပြိုင်နေကြသော ကုမ္ပဏီကြီးများ ဖြစ်သည်။ Appleသည် Tabletကွန်ပျူတာ ဖြစ်သည့် iPadအလုံးရေ (၁၇)သန်းကို ယခုနှစ် တတိယ (၃)လပတ်အတွင်း တင်ပို့ရောင်းချကာ ဝင်ငွေ ဒေါ်လာ (၉.၁)ဘီလျံထိ ရရှိခဲ့သည်။

မူရင်းသတင်း----Planet Myanmar Network
Post By :  အေးချမ်းမွန်
ဗြိတိန်နိုင်ငံတွင် Samsung၏ Tablet ကွန်ပျူတာက မိမိတို့အပေါ် မူပိုင်ခွင့်ဆိုင်ရာ ချိုးဖောက်ခဲ့ကြောင်း Apple၏ အရေးဆိုမှု အရေးနိမ့်သွားပြီ ဖြစ်သည်။ Appleက Samsung၏
Galaxy Tabသည် မိမိတို့၏ iPadကို ဒီဇိုင်းပိုင်းဆိုင်ရာ ခိုးယူ ပုံတူကူးခဲ့ကြောင်း စွပ်စွဲခဲ့သော်လည်း ဗြိတိန် တရားရုံးက လက်မခံခဲ့ချေ။ တောင်ကိုရီးယား ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီ၏ နာမည်ကျော်ထုတ်ကုန် iPad၏ ဒီဇိုင်းပိုင်းအား ကူးယူကြောင်း အထောက်အထား မတွေ့ရဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

Appleက Galaxy Tabသည် iPadကို အလွန့်အလွန် တူညီအောင် ပုံတူကူးထားကြောင်း စွပ်စွဲခဲ့သော်လည်း တရားရုံးက Samsung၏ ထုတ်ကုန်သည် Appleလောက် မကောင်းသလို ပုံတူကူးထားခြင်း မရှိဟုသာ စီရင်ချက် ချမှတ်လိုက်သည်။ ထို့ကြောင့် ဇူလိုင်လ ကတည်းက စတင်ခဲ့သော တရားရေး ပြဿနာသည် ယခုအခါ ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ Appleက ၎င်း၏ ဝက်ဘ်ဆိုက်နှင့် ဗြိတိန်ရှိ နာမည်ကျော် သတင်းစာနှင့် မဂ္ဂဇင်းများတွင် Samsungအနေဖြင့် မိမိတို့ထံမှ ဒီဇိုင်းကူးချခဲ့မှု မရှိကြောင်း ကြေညာပေးရမည် ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis