menu

Wednesday 24 October 2012

iMac သစ်များနှင့် Mac Mini သစ်များကို Apple မိတ်ဆက်ပြသ

Photo: iMac သစ်များနှင့် Mac Mini သစ်များကို Apple မိတ်ဆက်ပြသ

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် iPad Mini မိတ်ဆက်ပွဲတွင် Apple ကုမ္ပဏီက ပါးလွှာသည့် desktop ကွန်ပျူတာသစ်များနှင့် အဆင့်မြှင့် ထားသည့် Mac Mini သစ်များကို မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ ကွန်ပျူတာသစ်သည် Apple ၏ အပါးလွှာဆုံး desktop ကွန်ပျူတာဖြစ်ပြီး အနားစောင်းမှာ ၅ မီလီမီတာသာရှိကာ ယခင်အမျိုးအစားထက် ၈၀ ရာခိုင်နှုန်း ပါးလွှာပြီး အလေးချိန် ၈ ပေါင်သာရှိကြောင်း သိရသည်။ ၎င်းကွန်ပျူတာတွင် Apple Fusion drive သစ်ကို အသုံးပြုထားပြီး အဆိုပါ drive ကို 128GB အပြင် 1TB, 3TB စသည်ဖြင့် သီးခြား ဝယ်ယူနိုင်မည်ဖြစ်သည်။ ကွန်ပျူတာ၏ အဓိက function များအတွက် Flash memory ကို အသုံးပြုထားခြင်း၊ များပြားသည့် သိုလှောင်မှုပမာဏအတွက် hard drive ထောက်ပံ့ပေး ထားခြင်းတို့ကြောင့် မြင့်မားသည့် စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း Apple မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Phil Schiller က ပြောကြားသည်။

၎င်းကို optical drive မပါဘဲ တင်ပို့ရောင်းချမည်ဖြစ်သော်လည်း optical drive လိုအပ်သည့် သုံးစွဲသူများအတွက် သီးခြား drive တစ်ခုကို ရောင်းချပေးမည်ဖြစ်ကြောင်း Schiller က ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၁,၂၉၉ ကျသင့်မည့် ၂၁ လက်မအမျိုးအစား ကွန်ပျူတာများကို နိုဝင်ဘာလတွင် တင်ပို့ရောင်းချမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၇၉၉ ကျသင့်မည့် ၂၇ လက်မအမျိုးအစားကို ဒီဇင်ဘာလ တွင်တင်ပို့ရောင်းချမည်ဟု သိရသည်။

အဆင့်မြှင့်တင်ပေးထားသည့် Mac Mini desktop တွင် Intel ၏ third-generation Core CPU (Ivy Bridge) နှင့် Intel HD Graphics 4000 GPU တို့ပါဝင်ပြီး USB 3.0 port လေးခုအပြင် HDMI, Thunderbolt နှင့် FireWire port များလည်း ပါဝင်ကြောင်းသိရသည်။ ၎င်းကို စတင် တင်ပို့ရောင်းချလျက်ရှိပြီး ဈေးနှုန်းမှာ 2.5GHz Core i5 အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၅၉၉ ကျသင့်မည်ဖြစ်သည်။ ဆာဗာ အမျိုးအစားအတွက်မှာ အမေရိကန်ဒေါ်လာ ၉၉၉ ကျသင့်မည်ဟု သိရသည်။

Ref: CNET

အေးချမ်းမွန်မှ Internet Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Internet Journal
ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် iPad Mini မိတ်ဆက်ပွဲတွင် Apple ကုမ္ပဏီက ပါးလွှာသည့် desktop ကွန်ပျူတာသစ်များနှင့် အဆင့်မြှင့် ထားသည့် Mac Mini သစ်များကို မ
ိတ်ဆက်ပြသခဲ့သည်။

အဆိုပါ ကွန်ပျူတာသစ်သည် Apple ၏ အပါးလွှာဆုံး desktop ကွန်ပျူတာဖြစ်ပြီး အနားစောင်းမှာ ၅ မီလီမီတာသာရှိကာ ယခင်အမျိုးအစားထက် ၈၀ ရာခိုင်နှုန်း ပါးလွှာပြီး အလေးချိန် ၈ ပေါင်သာရှိကြောင်း သိရသည်။ ၎င်းကွန်ပျူတာတွင် Apple Fusion drive သစ်ကို အသုံးပြုထားပြီး အဆိုပါ drive ကို 128GB အပြင် 1TB, 3TB စသည်ဖြင့် သီးခြား ဝယ်ယူနိုင်မည်ဖြစ်သည်။ ကွန်ပျူတာ၏ အဓိက function များအတွက် Flash memory ကို အသုံးပြုထားခြင်း၊ များပြားသည့် သိုလှောင်မှုပမာဏအတွက် hard drive ထောက်ပံ့ပေး ထားခြင်းတို့ကြောင့် မြင့်မားသည့် စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း Apple မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Phil Schiller က ပြောကြားသည်။

ရန်ကုန် ကွန်ဒို တိုက်ခန်း ဈေးကွက် ထိပ်ဆုံး ရောက်လာ

Photo: ရန်ကုန် ကွန်ဒို တိုက်ခန်း ဈေးကွက် ထိပ်ဆုံး ရောက်လာ

ခင်မျိုးသွယ်	 | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၂၄ ရက် ၂၀၁၂ ခုနှစ် 

ရန်ကုန် မဇ္ဈိမ။    ။ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒို တိုက်ခန်း ဥပဒေ ထွက်ပေါ်တော့မည့် သတင်းများနှင့် အတူ ကွန်ဒို တိုက်ခန်း အရောင်းအဝယ်နှင့် အငှားဈေးကွက်များ ထိပ်ဆုံးသို့ ရောက်ရှိလာကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု အကျိုးဆောင်အသင်း မှတဆင့် သိရသည်။

“မြို့လယ်နဲ့ နီးတဲ့နေရာတွေ၊ သွားရေးလွယ်တဲ့ နေရာတွေ၊ မြေညီမှာ ကားပါကင် ရှိမှု၊ ၂၄ နာရီ ရေ-မီး၊ လုံခြုံရေး စနစ် ကောင်းမွန်မှုစတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကွန်ဒို တိုက်ခန်း ပျမ်းမျှဈေးက ၁ စတုရန်းပေကို ကျပ် ၇ဝ,ဝဝဝ လောက်ကနေ ၁၈ဝ,ဝဝဝ၊ နှစ်သိန်း၊ သုံးသိန်းအထိ ရှိနေပါတယ်” ဟု လတ်တလော ဈေးကွက် ပေါက်ဈေး များကို အိမ်ခြံမြေ အကျိုးဆောင်အသင်းမှ ဦးဟိန်းမိုးမြင့်လွင် က ပြောပြသည်။

မြေဈေးနှုန်းများ ကောင်းလာသဖြင့် မြေရောင်းချကာ ကွန်ဒိုများ ဝယ်ယူနေထိုင်ခြင်း၊ ကုန်ကျစရိတ် လျှော့ချလိုသူ များက လုံးချင်းတိုက်များ ရောင်းချကာ ကွန်ဒိုတွင် နေထိုင်လာခြင်း၊ ပြည်ပမှ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် လာရောက်သူ နိုင်ငံခြားသား အများစုမှာ ကွန်ဒိုတွင် နေထိုင်လာခြင်းနှင့် လူလတ်တန်းစားများ တတ်နိုင်သေး သည့် ဈေးနှုန်းများ ဖြစ်နေခြင်းကြောင့် ကွန်ဒိုဈေးကွက်မှာ ထိပ်ဆုံးသို့ ရောက်ရှိလာပြီး ကွန်ဒိုတွင် နေထိုင်သည့် ယဉ်ကျေးမှု ထွန်းကားလာသည်ဟု အိမ်ခြံမြေဈေးကွက် လေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

“ဗဟန်း၊ စမ်းချောင်းမြို့နယ်ထဲက ၁,၅ဝဝ စတုရန်းပေ အကျယ်ရှိတဲ့ ကွန်ဒိုတွေ ကျပ်သိန်း ၁,၅ဝဝ နဲ့ ၁,၈ဝဝ ကြား အရောင်းအဝယ် ဖြစ်ခဲ့တယ်။ မရမ်းကုန်းမြို့နယ်ထဲက စတုရန်းပေ ၂,ဝဝဝ ဝန်းကျင်အကျယ်ရှိတဲ့ ကွန်ဒိုအခန်းကို ကျပ်သိန်း ၂ဝဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ရန်ကင်းမြို့နယ်ထဲက စတုရန်းပေ ၁,၅ဝဝ အကျယ်ရှိတဲ့ ကွန်ဒိုကို ကျပ်သိန်း ၁,၈ဝဝ ကျော်နဲ့ အရောင်းအဝယ် ရှိခဲ့တယ်” ဟု မင်္ဂလာတောင်ညွန့် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ကွန်ဒိုတွင် နေထိုင်သူများလာခြင်းမှာ လုံးချင်းတိုက်ဖြင့် နေထိုင်ပါက လုံခြုံရေး၊ သန့်ရှင်းရေး၊ ထိန်းသိမ်းစရိတ်များ အပိုကုန်ကျခြင်းနှင့် လုံးချင်းအိမ်ရာအများစုမှာ သီးခြား ရှိနေခြင်းတို့ကြောင့် တက္ကစီအငှားသမားများက ဈေးပို
တောင်းသဖြင့် ခရီးစရိတ် ပိုသုံးရခြင်း၊ လူနည်းစု နေထိုင်ရန် မသင့်ခြင်း စသည့် အချက်များကြောင့် ကွန်ဒိုတွင်
နေထိုင်သူ များပြားလာခြင်း ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

“အချို့ကွန်ဒိုတွေက ရှော့ပင်မောတွေ ပါတယ်။ မြေအောက်မှာ ကားပါကင် ပါတယ်။ လုံခြုံရေးစနစ် ကောင်းတာ
တွေကြောင့် ကွန်ဒိုအခန်းကို ကြိုက်တဲ့သူ များလာတယ်။ ဒါ့အပြင် နိုင်ငံခြားသား အများစုကလည်း ကွန်ဒိုတိုက်ခန်း ကိုပဲ ငှားကြတာ များတယ်။ အချို့ဆိုရင် အိမ်နဲ့ ရုံးခန်း တွဲသုံးကြသူတွေလည်း ရှိတယ်” ဟု ကျောက်တံတား မြို့နယ်မှ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင် တဦးက သုံးသပ်ပြောကြားသည်။

အေးချမ်းမွန်မှ   မဇ္ဈိမ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  Google
ရန်ကုန် မဇ္ဈိမ။ ။ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒို တိုက်ခန်း ဥပဒေ ထွက်ပေါ်တော့မည့် သတင်းများနှင့် အတူ ကွန်ဒို တိုက်ခန
်း အရောင်းအဝယ်နှင့် အငှားဈေးကွက်များ ထိပ်ဆုံးသို့ ရောက်ရှိလာကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု အကျိုးဆောင်အသင်း မှတဆင့် သိရသည်။

“မြို့လယ်နဲ့ နီးတဲ့နေရာတွေ၊ သွားရေးလွယ်တဲ့ နေရာတွေ၊ မြေညီမှာ ကားပါကင် ရှိမှု၊ ၂၄ နာရီ ရေ-မီး၊ လုံခြုံရေး စနစ် ကောင်းမွန်မှုစတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ကွန်ဒို တိုက်ခန်း ပျမ်းမျှဈေးက ၁ စတုရန်းပေကို ကျပ် ၇ဝ,ဝဝဝ လောက်ကနေ ၁၈ဝ,ဝဝဝ၊ နှစ်သိန်း၊ သုံးသိန်းအထိ ရှိနေပါတယ်” ဟု လတ်တလော ဈေးကွက် ပေါက်ဈေး များကို အိမ်ခြံမြေ အကျိုးဆောင်အသင်းမှ ဦးဟိန်းမိုးမြင့်လွင် က ပြောပြသည်။

မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု အဆုံးသတ်ဖို့ အမေရိကန်မျှော်လင့်

Photo: မြန်မာ-မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှု အဆုံးသတ်ဖို့ အမေရိကန်မျှော်လင့်

မခင်ဖြူထွေး
23.10.2012

မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်နွယ်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် အရာရှိတဦးက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို လက်နက် ခဲယမ်းတွေ တရားမ၀င် ရောင်းချတဲ့ကိစ္စအပါအ၀င် မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပတ်သက် လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies ဟာ တနင်္လာနေ့ က တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ခုလို ပြောဆိုမှုနေတဲ့ အပေါ်မှာ မြောက်ကိုရီးယားဘက်ကရော ဘယ်လို တုံ့ပြန်ထားပါလဲ။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မနေ့က ဘေဂျင်းမြို့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ Davies မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထူး ဖော်ပြ ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပတ်သက်နေတာတွေ ရပ်တန့်ဖို့ လမ်းကြောင်းမှန်ဆီ ဦးတည်သွားနေပြီလို့ အမေရိကန် ပြည်ထောင်စုက ယုံကြည်တဲ့အကြောင်းနဲ့ ဒီလို ဆက်ဆံရေး ရပ်တန့်ဖို့ အချိန်ယူရ မှာ ဖြစ်တယ် ဆိုတာကို နားလည်တဲ့ အကြောင်းလည်း မစ္စတာ Davies က ပြောသွားပါတယ်။ 

“သူတို့ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးက အချိန်အတော်ကြာ ရှိခဲ့တာပါ။ ဒါကြောင့် ဒီ ဆက်ဆံရေး ရပ်ပစ်လိုက်ဖို့ ဆိုတာ အချိန်ယူရမှာပါ။ ကျနော်တို့ဘက်က စိုးရိမ်မှုဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက် လို့ မြန်မာအစိုးရနဲ့ ကျနော်တို့ ဆက်ပြီး ဆွေးနွေးသွားပါမယ်။ မြန်မာအစိုးရဘက် ကလည်း သူတို့ ဒီကိစ္စကို သံန္နိဌာန်ချ ဆောင်ရွက်နေတယ် ဆိုတာကို ကျနော်တို့ကို အတော်လေး ရှင်းရှင်းလင်းလင်း အသိပေးတဲ့ ခြေလှမ်းတွေ ရှေ့ဆက် ဆောင်ရွက်နေပါတယ်။ ဒီကိစ္စက ကျနော်တို့အတွက် အရေးကြီးတဲ့ကိစ္စ ဖြစ်နေဆဲပါ။ ကျနော်တို့ရဲ့ လက်တွဲဖော် နိုင်ငံတွေနဲ့ တွေ့တိုင်းမှာ ဒီကိစ္စကို အမြဲ ပြောပါတယ်။ အဆုံးကျရင်တော့ မြန်မာနဲ့ မြောက်ကိုရီးယားကြားမှာ စစ်ရေး ဆက်နွယ်မှုတွေ အပြီးသတ်သွားလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

လွန်ခဲ့တဲ့နှစ်နှစ်လောက်က မြန်မာနိုင်ငံဟာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မယ့် အစီအစဉ်တွေနဲ့အတူ ယူရေနီယံသန့်စင်တဲ့ နည်းပညာတွေကို မြောက်ကိုရီးယား နိုင်ငံကနေ ရယူနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇွန်လကတော့ မြန်မာ ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအနေနဲ့ ဘယ်တုန်းကမှ ခရီးသိပ် မရောက်ခဲ့တဲ့ နျူကလီးယား သုတေသန လုပ်ငန်းတွေကို အခု အဆုံးသတ်လိုက်ပြီ ဖြစ်တဲ့ အကြောင်းနဲ့ မြောက်ကိုရီးယား နိုင်ငံနဲ့ စစ်ရေးနဲ့ နိုင်ငံရေးအရ အနီးကပ် ဆက်ဆံမှုတွေ လျှော့ချနေ တဲ့ အကြောင်း ပြောခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနဲ့ အထီးကျန် နိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်က စလို့  နိုင်ငံရေး အကျဉ်းသားတွေကို ပြန် လွှတ်ပေးတာ၊ ရွေးကောက်ပွဲတွေ ကျင်းပတာ၊ မြန်မာအပေါ် ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန် ရုပ်သိမ်းမှုတွေ ဖြစ်ခဲ့တဲ့ အထိ ပုံမှန် ဆက်ဆံရေး ပြန်လည် တည်ဆောက်နိုင်ခဲ့တာ စတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို မြန်မာ အစိုးရ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ အဆုံးသတ်ဖို့ မြန်မာအစိုးရကို အမေရိကန် ပြည်ထောင်စုက တိုက်တွန်းနေတာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက ပြစ် တင် ဝေဖန် လိုက်ပါတယ်။ စစ်ရေးဆက်ဆံမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပြီးတော့ အခု နောက် တဆင့် မြောက် ကိုရီးယားကို မိတ်ဆွေဆို တယောက်လို့ နံမည်တပ်ပြီး ဆက်ဆံမှုတွေ ရပ်ပစ်ဖို့ မြန်မာအစိုးရကို အမေရိကန်က ပွင့်ပွင့်လင်းလင်းကို ဖိအားပေးလာနေပြီလို့လည်း မြောက် ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီ ကို ပြောခဲ့ပါတယ်။

မြန်မာနဲ့မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးဟာ ၁၉၈၃ ခုနှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံ က သူလျှိုတွေ မြန်မာနိုင်ငံထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး အဲဒီအချိန်က မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် (Chun Doo Hwan) နဲ့ အဖွဲ့ကို အာဇာနည်ကုန်းမှာ ဗုံးခွဲ လုပ်ကြံမှုအတွင်း မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံက တာဝန်ရှိသူ ၁၇ ယောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာက မြောက်ကိုရီးယားကို သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်ပေါင်း ၂၀ ကျော် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကမှ နှစ်ဘက် သံတမန် ဆက်ဆံရေး တရားဝင် ပြန်စလာခဲ့တာလည်း ဖြစ်ပါတယ်ရှင်။

မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies
 
အေးချမ်းမွန်မှ VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies
မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေး ဆက်နွယ်မှုတွေ အဆုံးသတ်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် အရာရှိတဦးက ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားကနေ မြန်မ
ာနိုင်ငံကို လက်နက် ခဲယမ်းတွေ တရားမ၀င် ရောင်းချတဲ့ကိစ္စအပါအ၀င် မြန်မာနိုင်ငံနဲ့ စစ်ရေး ဆက်ဆံမှုတွေနဲ့ ပတ်သက် လို့ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Glyn Davies ဟာ တနင်္လာနေ့ က တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က ခုလို ပြောဆိုမှုနေတဲ့ အပေါ်မှာ မြောက်ကိုရီးယားဘက်ကရော ဘယ်လို တုံ့ပြန်ထားပါလဲ။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့်တွေ့ဆုံခြင်း

Photo: မြန်မာကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးပမာဏက ကျွန်မကိုတော်တော်အံ့အားသင့်စေပါတယ်

EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့်တွေ့ဆုံခြင်း

ရေးသားသူ- အေးမြကျော်

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် စီး
ပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာတော့မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်မှုများတွင် ကမ္ဘာကျော်သော မြန်မာ့
ကျွန်းသစ်အပါအ၀င်သစ်ရောင်းဝယ်ရေးမှာလည်း ကဏ္ဍအဖြစ် ပါဝင်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မဟာစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး မြန်မာ့သစ်လုံးများ ဈေးပေါပေါနှင့် တရားမ၀င်နည်းလမ်းများမှ တင်ပို့ရောင်းချနေခြင်းက မြန် မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ Environmental Investigation Agency-EIA က ပြောကြားလိုက်သည်။

EIA သည် ကမ္ဘာအနှံ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မသမာမှုများကို စုံစမ်းဖော်ထုတ် သည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ပွင့်လင်းလာသော မြန်မာနိုင်ငံတွင် မကြာမီဖြစ် တည်လာတော့မည့် နိုင်ငံတကာနှင့် သစ်ရောင်းဝယ်ဖောက်ကားမှုများတွင် တရားမ၀င်သစ်ခိုး ထုတ်မှုများ လျော့နည်းနိုင်သမျှ လျော့နည်းအောင် ကူညီပေးရန် ကနဦးအနေနှင့်ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဆွေးနွေးရန် ရောက် ရှိလာခြင်းဖြစ်သည်။ EIA ၏ စုံစမ်းထောက်လှမ်းထားသော အချက်အလက်များတွင် မြန်မာနိုင်ငံမှ သစ်လုံးများအပါအ၀င် သစ် တောထွက်ပစ္စည်းများကို ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း မက်ထရစ်တန်ပေါင်း ၁၉ ဒသမ ၉ သန်းကို တင် ပို့ရောင်းချခဲ့ပြီး ရောင်းချငွေအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂ ဘီလီယံရရှိခဲ့သည်။ ထိုပမာဏမှာ တစ်နှစ်လျှင် ပျမ်းမျှ၂ဒသမ၄ ကုဗမီတာတင်ပို့ပြီး ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၆၂၇သန်းဖြစ် သည်။

လန်ဒန်တွင်အခြေစိုက်ပြီး တရားမ၀င်သစ်ခိုးထုတ်မှုများ ပပျောက်အောင် အင်ဒိုနီးရှားနိုင်ငံတွင် ၁၀နှစ်တာအတွေ့အကြုံ ရှိသော EIA မှသစ်တောဆိုင်ရာ လှုပ်ရှားမှုခေါင်းဆောင် မစ္စဖိတ်ဒိုဟာသီနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ မေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

ပထမဆုံး EIA အနေနဲ့ မြန်မာနိုင်ငံကို ဘာကြောင့် လာရတဲ့အကြောင်းရင်းကို ပြောပြပေးပါလား။
ကျွန်မတို့ကို မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပေါင်းပြီး အလုပ်တွေ အတူတူတွဲလုပ်ဖို့
ဖိတ်ကြားခံရလို့ပါ။ ကျွန်မတို့ကလည်း ဒီမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေ၊ သစ်တောထွက်ပစ္စည်း တရားမ၀င်ရောင်းဝယ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်မတို့အ ဖွဲ့အနေနဲ့ဘာလုပ်ပေးနိုင်မလဲဆိုတာ လေ့လာချင်တာလည်း ပါပါတယ်။ မကြာခင်မှာဘဲ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက သစ်တွေဝယ်ဖို့ လက်ဦးမှု ရယူ တော့မှာပါ။ အဲဒါက မြန်မာနိုင်ငံ အတွက်လည်း အရမ်းကို အသုံး ၀င်ပါတယ်။ ကျွန်မတို့အနေနဲ့ အ လုပ်လုပ်မယ်ဆို မြန်မာနိုင်ငံအ ကြောင်း လေ့လာဖို့ အများကြီးကို လိုပါသေးတယ်။ မြန်မာနိုင်ငံဟာ တရားမ၀င် သစ်ရောင်းဝယ်ရေးမှာ မဟာဗျုဟာကျပါတယ်။ မြန်မာနိုင်ငံဟာ နှစ်စဉ် ဒေါ်လာသန်းနဲ့ ချီဆုံးရှုံးနေပါတယ် ဘာ လို့လဲဆိုတော့ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံက သစ်လုံး တွေကို ဈေးပေါပေါနဲ့ မသမာတဲ့ နည်းနဲ့ဝယ်တယ်။ ပြီးတော့ ကုန် ချောလုပ်ပြန်ရောင်းပြီး သူတို့ အ မြတ်ထုတ်ကြတယ်လေ။ ဒါဟာ မကောင်းတဲ့ နည်းလမ်းဘဲလို့ ကျွန်မတို့မြင်တယ်။ ဒီဆယ်နှစ် အတောအတွင်း ကျွန်မတို့ ဘာတွေ သင်ယူခဲ့ရလဲဆိုတော့ ဒေသတွင်းမှာ တရားမ၀င် သစ်ခိုးထုတ်မှုတွေက မှုခင်းဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ်။ အဲဒါက ဥရောပက အချို့သော ၀ယ်ယူသူတွေကို အကျိုးအမြတ် ပိုရစေနိုင်တဲ့အချက်ပေါ့ ။ ဒါပေမဲ့ လာမယ့်နှစ် မတ်လမှာတော့ ဒီတရားမ၀င် သစ်ခိုးထုတ်မှုတွေကို တားဆီးနိုင်မယ့် ဥပဒေတစ် ရပ်ကို ဥရောပသမဂ္ဂအနေနဲ့ ပြဋ္ဌာန်းသွားဖို့ ရှိတယ်။ အဲဒီ ဥပဒေက ဥရောပသမဂသစ် ထုတ်လုပ်ရေးဥပဒေ (European Union Timber Regulation-EUTR) လို့ ခေါ်ပါတယ်။ သူက နှစ်ပိုင်းရှိတယ်။ ပထမက ဥရောပမှာသစ် (သို့မဟုတ်) သစ်အချောထည် ပစ္စည်းတွေ ၀ယ်ရင် တရားမ၀င် သစ်ဝယ်ယူမှုကို တားမြစ်ထားတယ်။ ဒုတိယအချက် ကတော့ ကျွန်မတို့ အင်တိုက်အား တိုက် တွန်းအားပေးခဲ့တဲ့ သစ် ၀ယ်ယူသူ လုပ်ငန်းရှင်တွေက သူတို့ဝယ်တဲ့သစ်တွေ ဘယ်ကခုတ်လှဲလာတာလဲ ဆိုတာကို ပြောပြနိုင်ရမယ် ဆိုတာပါဘဲ ။ ဒါ ဘာလဲဆိုတော့ ကျွန်မ ဥပမာ ပေးပြောရရင်အခု တရုတ်နိုင်ငံက မြန်မာက သစ်လုံးတွေကို ၀ယ်တယ်။ ပြီးတော့ သူတို့က အချောထည် ပရိဘောဂတွေလုပ်ပြီးတရုတ်နိုင်ငံတွင်းမှာ ရောင်းသလိုမျိုးပေါ့။ တကယ်လို့ ဥပဒေထွက်လာရင် ဥရောပက သစ်ဝယ်မယ့် သူတွေက ဒီသစ်တွေ ဘယ်ကရ လဲဆိုတာ မေးတော့မယ်။ အဲဒီ တော့ ဥပဒေအရ ဖြေကိုဖြေရမယ်။ ဆိုတော့ မေးခွန်းက အဲဒီ ဥပဒေက မြန်မာပြည်မှာ အလုပ် ဖြစ်မလား ဆိုတာပါပဲ။ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးကျွန်းသစ်ဖြစ်တဲ့ မြန်မာ့ကျွန်းသစ်ကို လူတွေက၀ယ်ကြတော့မယ်။ အခုဆို ပိတ်ဆို့အရေးယူမှုတွေ လည်း ဖယ်ရှားလိုက်ပြီဆိုတော့ မြန်မာက သစ်တောတွေမှာ ဖိအားတွေ ပိုများလာတော့မယ့် သဘောပါ။ ဘာလို့လဲဆိုတော့ ဥရောပက မြန်မာနိုင်ငံက ကျွန်းသစ်တွေကို အရမ်း သဘောကျပါတယ်။ ကျွန်မတို့ မြန်မာပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်း (Civil Society)တွေနဲ့ တွဲပြီး သစ်တောတွေ ရေရှည်တည်တံ့အောင် ဘယ်လိုကာကွယ်မလဲဆိုတာ၊ ဘယ်လို လက်တွဲအလုပ်လုပ်နိုင် မလဲဆိုတာ နည်းလမ်းရှာရပါမယ်။ တစ်ချိန်တည်းမှာ တရားမ၀င်သစ်ထုတ်လုပ်ရေးနဲ့ ဆက်နွှယ် နေတဲ့ အကျင့်ပျက်ချစားမှုတွေ ပွင့်လင်းမြင်သာမှုမရှိတာတွေကို မီးမောင်းထိုးပြဖို့ လိုသလို အစိုး ရကိုလည်း ဒီ့ထက် ပိုပြီး ပွင့်ပွင့်
လင်းလင်း သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့ တွန်းအားပေးသင့်ပါတယ်။ တစ်ဖက်မှာလည်း သစ်တောတွေကို ၀မ်းစာအတွက် မှီခိုနေရသူတွေအတွက်လည်း မမေ့သင့်ပါဘူး။ ဒီတော့ ကျွန်မ တို့ ဘာလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာရမှာပေါ့ ။

အခုဆိုရင် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီ အဲဒီအကျိုးဆက်ကြောင့် အရေးယူ ပိတ်ဆို့မှုတွေလည်း ဖယ်
ရှားပေးခဲ့ပြီးပြီဆိုတော့ ဥရောပနဲ့ နိုင်ငံတကာက လုပ်ငန်းရှင်တွေက မြန်မာနိုင်ငံက သစ်တွေကို ခုနကပြောသွားသလို ၀ယ်တော့မယ် ရောင်းဝယ်ဖောက်ကားတော့မယ်။ မြန်မာအစိုးရအနေနဲ့ လာတော့မယ့် သစ်ရောင်းဝယ်မှုတွေအတွက် အခုကစပြီး ဘာတွေ ပြင်
ဆင်ထားသင့်သလဲ။
ဒါကြောင့် ကျွန်မတို့အခု ဒီမှာရှိနေတာပေါ့။ ကျွန်မတို့ယုံကြည်တဲ့ တစ်ခုတည်းသော အဖြေရှာနိုင်မယ့် နည်းလမ်းက တော့ လေးဦး လေးဖလှယ်ပါဝင်တဲ့ လုပ်ငန်းစဉ်တွေ လုပ်သွားဖို့ လိုအပ်တယ်။ အစိုးရ၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ လူမှုအသိုင်းအ၀ိုင်းနဲ့ စက်ရုံအလုပ်ရုံတွေက ဒါကို မှီခိုနေရတယ်လေ။ ဒါကြောင့် ကျွန်မတို့ ဖြစ်စေချင်တာက စားပွဲဝိုင်းတစ်ခုတည်းမှာ အားလုံးထိုင်ပြီး တွေ့ဆုံဆွေးနွေးပြီးအမြဲ အဖြေရှာကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မတို့ အင်ဒိုနီးရှားမှာ သစ်တရားမ၀င် ခိုးထုတ်မှုတွေ လျော့နိုင်သမျှ လျော့အောင်ကြိုး စားတဲ့အခါ အရပ် ဘက်လူ့အဖွဲ့ အစည်း (Civil Society ) တွေကို ကြားခံအဖြစ် တည်ဆောက်ပြီး အသုံးပြုခဲ့တယ်။ ဒီကြားခံတွေ ကနေ အစိုးရအတွက်၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေအတွက် ပြဿနာတွေဖြေရှင်း နိုင်မယ့် နည်းလမ်းတွေ အများကြီး ထွက် ခဲ့တယ်။ ငြင်းခုံမှုတွေ၊ ဆွေးနွေးမှုတွေကနေ နောက်ဆုံးနည်းလမ်းတွေ ထွက်လာတာပဲ။ အစိုးရဌာနတစ်ခုတည်း သစ်ခိုးထုတ်မှုတွေ၊ တရားမ၀င် သစ်ရောင်း ၀ယ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီး ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ ချက်ချင်း လုပ်နိုင်မယ့် နည်းကတော့ အစိုးရအနေနဲ့ သစ်အလုံးလိုက် တင်ပို့ခြင်းကို ချက်ချင်းပိတ်ပင်ပစ်လိုက် ဖို့ပါပဲ ။ ဒါက ပထမဆုံးအနေနဲ့ နိုင်ငံရေး စိတ်ဓာတ်အင်အားကို ပြသလိုက်သလိုလည်း ဖြစ်ပါလိမ့်မယ်။ ဒုတိယအချက်ကတော့ သစ်တောတွေကို အသက်ရှူခွင့်ပေးလိုက်တာ ပါဘဲ။ ဒါက မြန်မာနိုင်ငံမှာဥရောပက သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်တွန်းအားတစ်ခု ဖြစ်စေမှာပါ။

EIA အနေနဲ့အင်ဒိုနီးရှား အပါအ၀င် တရားမ၀င်သစ် ထုတ်တဲ့ နိုင်ငံတွေမှာ စုံစမ်းထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ အရင်က နိုင်ငံရေး အခြေအနေတွေကြောင့် မလုပ်နိုင်ခဲ့ဘူး ပြောခဲ့တော့ အခုဒီကိုရောက် လာပြီဆိုတော့ ဘာတွေဆက်လုပ်သွားဖို့ ရှိပါသလဲ ။
ရှေ့အစီအစဉ်တွေက ဘာများဖြစ်မလဲ။
ချက်ချင်းလုပ်လို့ရတဲ့ အလုပ်ကတော့ လူတွေများများနဲ့ တွေ့ပြီး သူတို့အသံတွေ နားထောင်တာပါပဲ။ ဒီမှာ အခြေအ နေအချို့က နည်းနည်းရှုပ်ထွေးပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ မေးခွန်းတစ်ခုပါ။ နောက်တစ်ခုက ကျွန်မတို့ EIA အနေနဲ့ အင်ဒိုနီး ရှားနိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေနဲ့ လက်တွဲပြီး သစ် ခိုးထုတ်တာတွေကို တားဆီးခဲ့ တာဟာ အရမ်းအားကောင်းခဲ့ တယ်။ အဲဒီအတွေ့အကြုံတွေ အောင်မြင်တာတွေကို ဒီမှာ ပြန် အသုံးချလို့ ရနိုင်ပါတယ်။ အရေး ကြီးတဲ့ အချက်ကတော့ အင်ဒိုနီး ရှားမှာတုန်းက ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အီးယူ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တစ်စိုက်မတ်မတ် လှုံ့ဆော်မှုတွေလုပ်ခဲ့တယ် ဆိုတာပါဘဲ။ ကျွန်မတို့ ဥရောပသမဂက မကြာမီထွက်လာတော့မယ့် ဥပဒေသစ်ကို စောင့်ကြည့်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။
ဒါက ကျွန်မတို့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေ တယ်လေ။ ကျွန်မတို့ အရမ်းကို စိတ်လှုပ်ရှားမိတယ်။ ဘာကြောင့် လဲဆိုတော့ ဒီလို သစ်ထုတ်လုပ် တာတွေနဲ့ ပတ်သက်ပြီး ပထမဆုံး ဥပဒေဖြစ်လာမှာမို့ပါ။ ဒီဥပဒေ ထွက်လာတာနဲ့ ဒီသစ်လုံးတွေ ဘယ်က ခုတ်လာလဲဆိုတာကို စုံ စမ်းထောက်လှမ်းနိုင်မယ့် စွမ်း အားတွေရလာမှာလေ။ ဒါကို ကျွန်မတို့ မြန်မာနိုင်ငံမှာ လုပ်နိုင် မလား ဆိုတာကတော့ ကျွန်မတို့ မသိပါဘူး။ ကျွန်မတို့ ဒီက အရပ်ဘက်လူ့အဖွဲ့တွေနဲ့ ဘယ်လောက်လက်တွဲ လုပ်ဆောင်နိုင်မလဲဆိုတာက မေးခွန်းတစ်ခု ဖြစ်နေပါ
တယ်။

အင်ဒိုနီးရှားမှာ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေထဲကနေ မြန်မာနိုင်ငံမှာ လက်တွေ့ ပြန်အသုံးချနိုင်မယ့်အချက်များ ရှိနိုင်မလား။
(အင်ဒိုနီးရှားနိုင်ငံမှ တရားမ၀င် သစ်တောအရေးတက်ကြွလှုပ်ရှားသူ မစ္စမာဒီမီနန်ဆာရီက ၀င်ရောက်ဖြေဆိုသည်)
ကျွန်မအထင်တော့ အစိုးရ Stakeholder Process ကို စလုပ်တဲ့အထိ မစောင့်နေဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အ
နေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စတင်ပြီး တရားမ၀င် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းတွေက ဘယ်လို ရှိတယ်ဆိုတာ နားလည်သဘော ပေါက်ထားဖို့ လိုပါတယ်။ ဒီမှာတော့ ဘယ်လိုအခြေအနေရှိလဲ မသိပါဘူး။ အင်ဒိုနီးရှားမှာတော့ မီဒီယာတွေနဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်းတွေလက်တွဲပြီး တရားမ၀င် သစ်ခိုးထုတ်မှုတွေကို စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသားနိုင်ခဲ့တယ်။ ဒီလိုနည်းတွေနဲ့ စခဲ့ကြတယ်။

မြန်မာနိုင်ငံတွင်းမှာ သစ်တောဖုံး ဧရိယာများတဲ့ ကချင်ပြည်နယ် အပါအ၀င် နေရာတော်တော်များများက သစ်တောတွေက အရမ်း
မြန်တဲ့နှုန်းနဲ့ ခုတ်လှဲခံနေရတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အများစုက ပြောနေကြပါတယ်။ ခုတ်လှဲနေတာတွေရဲ့ ရာခိုင်နှုန်း
တော်တော်များများကလည်း တရားမ၀င်ဘူးလို့ ပြောတာရှိပါတယ်။ ဒါတွေရပ်သွားဖို့ အကောင်းဆုံးနည်းက ဘာဖြစ်မလဲ ။
အရေးကြီးတဲ့ အချက်က တော့ မြန်မာနိုင်ငံရဲ့ ပြည်နယ်၊ တိုင်းဒေသတိုင်းမှာ ကြုံနေရတဲ့ စိန်ခေါ်မှုက လာဘ်ပေး၊ လာဘ်ယူမှုတွေ၊ ပွင့်လင်းမြင်သာမှု မရှိ တာတွေနဲ့ ဆင်းရဲနွမ်းပါးမှုတွေလို့ ကျွန်မမြင်ပါတယ်။ အစိုးရကတော့ မြန်မာနိုင်ငံမှာ သစ်တော ဖုံးလွှမ်းတဲ့ ဧရိယာဟာနိုင်ငံရဲ့ ၄၅ ရာခိုင်နှုန်း ကျန်တယ်လို့ ပြောပါ တယ်။ အချို့ပညာရှင်တွေက အဲ ဒီထက် နည်းမယ်လို့ ပြောကြပါတယ်။ ကျွန်မတို့ မသိပါဘူး ။ တကယ့် သစ်တောတွေထဲမှာ ဘယ်လိုဖြစ်နေတယ် ဒီသစ်ခုတ် လှဲမှုတွေနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ဘယ်လိုဆက်ဆက်နေလဲ ဆိုတာ မြင်အောင်ကြည့်ဖို့ အရေးကြီးပါတယ်။ သစ်တောတွေ ပျောက်ကွယ်သွားရင် နောက်မှာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ရောက်လာမှာပါပဲ။ သစ်ထုတ်လုပ်ရေးဟာ သစ်တောကို မှီခိုနေရတံအားနည်းသူတွေကို အဓိက ထိခိုက်စေပါတယ်။ ကျွန်မတို့ ဒီလို ကိစ္စတွေကို မရှုပ်ထွေးစေချင်ပါ ဘူး။ ကျွန်မတို့တစ်တွေ ရန်ကုန် က အရပ်ဘက်လူ့အဖွဲ့စည်းက လူတွေနဲ့ စကားပြောနေရုံနဲ့ မပြီးပါဘူး။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်က တိုင်းရင်းသားတွေနဲ့ပါ ကြားခံအဖွဲ့အစည်းဆိုတာမျိုးက လိုကိုလိုပါတယ်။ ကြားခံ တည်ဆောက်ပြီးတဲ့ အခါမှာတော့ ဦး
စားပေးကိစ္စတွေ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်သလို ဒီတရားမ၀င် သစ်ခိုးထုတ်တဲ့ကိစ္စဟာ သစ်ပင်တွေခုတ်လှဲတာ တစ်ခုတည်း
မဟုတ်ပါဘူး။ ဒါဟာ ထီးတစ်လက်လို အကိုင်းအဖြာဖြာထွက်နေတဲ့အရေးကိစ္စမျိုးပါ။ စိန်ခေါ်မှုတွေအများကြီးပါ။ ကျွန်မတို့ ခံစားမိ
တာတော့ သစ်တောထဲမှာ နေထိုင်တဲ့သူတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေပေါင်းပြီး အတူတကွအဖြေတွေစဉ်းစားဖို့ပါပဲ။ ကျွန်မ
တို့မှာ အချိန်သိပ် မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သစ်ပင်တွေဟာ အရမ်းကို မြန်တဲ့အရှိန်အဟုန်နဲ့ ပျောက်ကွယ်နေပြီ။ အခုဆို ဒီ
မှာမိုးကုန်သွားတော့ သစ်ခုတ်တဲ့ရာသီစပြီလေ။ ဒီအချိန်က အရမ်းကို စိတ်ဝင်စားစရာပါ။ အားလုံးချုပ်ပြောမယ်ဆိုရင်တော့ စောစောကပြောခဲ့သလို မြန်မာအစိုးရအနေနဲ့ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်တန့်ပစ်လိုက်ဖို့ပါပဲ။

မြန်မာနိုင်ငံမှာ တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ပတ်သက်ပြီး သိရတဲ့ အချက်အလက်တွေအရမစ္စဖိတ်ဒိုဟာတီကို အံ့အားသင့်စေခဲ့
တဲ့ အရာတစ်ခုခုများ ရှိလား။
နှစ်ခုရှိပါတယ်။ မြန်မာပြည်တွင်းကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးတွေရဲ့ပမာဏက ကျွန်မကို တော်တော်အံ့ အား သင့်စေပါတယ်။ ။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှု မရှိခြင်းက အကျင့်ပျက်ခြစားမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိကအချက် ဖြစ်တယ်ဆိုတာ တရားမ၀င် သစ် ခိုးထုတ်မှုတွေကို လေ့လာရင်း ကျွန်မတို့တွေ့ရှိခဲ့တယ်။

မြန်မာဟာ မှားယွင်းတဲ့ သစ်တောထွက် ပစ္စည်းတွေကို မှားယွင်းတဲ့ ဈေးကွက်ကို တင်ပို့နေတယ်ဆိုပြီး မစ္စဖိတ်ဒိုဟာတီက ပြောခဲ့တယ်နော်။ အဲဒါက တိတိကျကျပြောရရင် ဘာကိုဆိုလိုတာပါလဲ။
အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ဒီမှာ သစ်လုံးတွေဟာ ပျောက် ကွယ်သွားနေပါတယ်။ ဥပမာ အားဖြင့် ပြောရရင် သစ်လုံးတွေ ကို အချောထည်ပစ္စည်းတွေ ပြုလုပ်ဖို့ အားပေးမှုတွေ များများစားစား မရှိဘူး။ တကယ်လို့ သစ်လုံးကို ရောင်းမယ်ဆိုရင် အခွန်သက်သာမယ်။ တကယ်လို့ ပရိဘောဂတွေ လုပ်မယ်ဆိုရင် အခွန်ပိုဆောင်ရပြီ။ စီးပွားရေးသမားတစ်ယောက်က သူ့အနေနဲ့ဆိုရင် သစ်လုံးပဲဝယ်မှာပေါ့။ ပြီးရင် ပရိဘောဂ လုပ်မယ်။ ပြီးရင် အ မြတ်များများနဲ့ ရောင်းမယ်။ ဒါက သစ်လုံးဈေးကွက်ကို ဖြစ်စေတဲ့ အဓိကအချက်ပေါ့။ အဲဒီ အမြတ် ငွေတွေဟာ မြန်မာနိုင်ငံထဲကို ပြန်လာတာပဲ ဖြစ်သင့်တယ်။ အခြားနိုင်ငံ အကျိုးအမြတ်အတွက် မဖြစ်သင့်ဘူးလေ။ ကျွန်မ ဆိုလိုတာ အဲဒါပါ။

မစ္စဖိတ်ဒိုဟာသီတို့ ပြောသွားတဲ့ သစ်တောဥပဒေစိုးမိုးရေး၊ အုပ်ချုပ်မှုနဲ့ ကုန်သွယ်မှုဆိုင်ရာ (Forest Law EnforcementGovernance and Trade-FLEGT) ဆိုတာကို ဘယ်လို အတိုဆုံးနဲ့ အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်နိုင်မလဲ။ အဲဒါဘာကြောင့် အရေးကြီးတာလဲ။
တစ်ကြောင်းတည်း ပြောရမယ်ဆိုရင် FLEGT ဆိုတာ သစ် တောကဏ္ဍပြုပြင် ပြောင်းလဲဖို့ ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ကိရိ ယာတစ်ခုလို့ ပြောရမယ်။

မြန်မာနိုင်ငံက သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ တရားမ၀င်သစ်ထုတ်လုပ်တာတွေနဲ့ ပတ်သက်ပြီး ထပ်လောင်း ပြောချင်တာများ ရှိပါသေးလား။
အခုဆို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီ။ ကုန်သွယ်မှုတွေဟာ အ နှေးနဲ့အမြန် ရောက်လာတော့မယ်။ ဟုတ်ပါတယ်။ ဒီမှာ(မြန်မာနိုင်ငံ) မှာ တကယ်ကိုပဲ ပြုပြင် ပြောင်းလဲရေးတွေ အရာထင်ခဲ့ပါပြီ။ ဒါပေမဲ့ သစ်တောတွေထဲမှာတော့ ဘာမှ မပြောင်းလဲသေးပါဘူး။ ကျွန်မတို့ ခံစားမိတာက ဒါဟာ တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ပါ။

ကျွန်မတို့“မြန်မာနိုင်ငံက သစ်တွေမ၀ယ်ဖို့ သပိတ်မှောက်မလား။မြန်မာကသစ်တွေ မ၀ယ်ဖို့ ပြောမလား”။
နိုး..ကျွန်မတို့ အဲလိုလုပ်လို့မရပါဘူး။ ကျွန်မတို့ လုပ်နိုင်တာက ရှေ့နှစ်မတ်လဆိုရင် ဥရောပမှာ ဥပဒေပြဋ္ဌာန်းတော့မယ်။ တိုက်
ရိုက်ကုန်သွယ်မှုတွေရှိလာရင် သစ်တွေဘယ်က ခုတ်သလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတော့မယ်။
မြန်မာလူမျိုးတွေအနေနဲ့သစ်ထုတ်လုပ်ငန်းအပေါ်ဘယ်လိုမြင်လဲဆိုတာကို သိချင်ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ သစ်တောတွေဖြစ်လာဖို့ အဖြေတွေ ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။

အေးချမ်းမွန်မှ  7Day News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
မြန်မာကနေ တရုတ်နဲ့ အိန္ဒိယကို တင်ပို့နေတဲ့ သစ်လုံးပမာဏက ကျွန်မကိုတော်တော်အံ့အားသင့်စေပါတယ်
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပြီးနောက် စီး
ပွားရေးအခွင့်အလမ်းများ ပွင့်လန်းလာတော့မည်ဖြစ်သည်။ နိုင်ငံတကာနှင့် ကူးသန်းရောင်းဝယ်မှုများတွင် ကမ္ဘာကျော်သော မြန်မာ့
ကျွန်းသစ်အပါအ၀င်သစ်ရောင်းဝယ်ရေးမှာလည်း ကဏ္ဍအဖြစ် ပါဝင်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မဟာစီးပွားရေးနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိပြီး မြန်မာ့သစ်လုံးများ ဈေးပေါပေါနှင့် တရားမ၀င်နည်းလမ်းများမှ တင်ပို့ရောင်းချနေခြင်းက မြန် မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အေဂျင်စီ Environmental Investigation Agency-EIA က ပြောကြားလိုက်သည်။

ရှစ်လေးလုံး သမိုင်းအခြေခံ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

Photo: ရှစ်လေးလုံး သမိုင်းအခြေခံ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည်

ရှစ်လေးလုံး သမိုင်းမှတ်တမ်း အခြေခံ ရိုက်ကူးမည့် ''ချွန်စေမြ စေစော'' ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့်နှစ်တွင် ရိုက်ကူးနိုင်ရန် ပြင် ဆင်နေပြီဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ကိုညို ထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း) က ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သျှိုညိုထွန်းသိမ်းက ရိုက်ကူးသွားမည်ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် မိဘ သားသမီး မေတ္တာ အကြောင်း ကျောရိုးထား၍ ၁၉၈၇ ခုနှစ်မှ ၈၈ ခုနှစ်အတွင်း မဆလ တစ်ပါတီခေတ်၏ အားနည်းချက် ကြောင့် ဖြစ်ပေါ်လာသော 
အခြေ အနေများကို ဇောင်းပေးရိုက်ကူး သွားမည်ဟု သိရသည်။

''သရက်ထောင်မှာ ကျနေ တုန်း ဖရိန်ရခဲ့တဲ့ ဇာတ်လမ်းကို လွန်ခဲ့တဲ့ ခြောက်လလောက်က စရေး ဖြစ်တာပါ။ နယ်ကနေ ဆေး ကျောင်းလာတက်တဲ့ ကျောင်းသား တစ်ယောက် အကြောင်းပါ'' ဟု ကိုညိုထွန်းက ပြောသည်။

ဇာတ်ကားရိုက်ကူးနိုင်ရေး အတွက် အနုပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေးအဖွဲ့၊ သမိုင်းနှင့် ဝတ်ဆင်ရေးအကြံပေး အဖွဲ့၊ သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့၊ သတင်းထုတ်ပြန်ရေး အဖွဲ့၊ ဆက်တင်အကြံပေးအဖွဲ့၊ တည်း ဖြတ်အကြံပေးအဖွဲ့ ဟူ၍ 
အဖွဲ့ ၇ ဖွဲ့ခွဲကာ ဆောင်ရွက်လျက်ရှိ ကြောင်း ၄င်းက ပြောသည်။

ယင်းဇာတ်ကားကြီးတွင် ဇာတ်ညွှန်းခွဲ တာဝန်ယူထားသော စာရေးဆရာ မျိုးကိုမျိုးက ''၈၈ မှာ တကယ် ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေ၊ သမိုင်းပညာရှင်တွေရဲ့ အကြံဥာဏ် တွေ ယူပြီး တော်တော်လေး ကြိုး စားပြင်ဆင်နေပါတယ်။ မြန်မာ့ သမိုင်းမှာ အရမ်းအရေးကြီးတဲ့ အချိန်ဖြစ်ခဲ့လို့ပါ'' ဟု ပြော သည်။	

သမိုင်းမှတ်တမ်း ဇာတ်ကား ဖြစ်သည့်အတွက် အမှားအယွင်း မဖြစ်စေရန် ရှုတင်မန်နေဂျာ သုံး ဦးနှင့် မှတ်တမ်းသုံးဦးစီ ထားရှိသွား မည်ဟု ၄င်းက ဆက်လက်ပြော သည်။လက်ရှိတွင် ဇာတ်ညွှန်းနှင့် အခန်းစဉ်များ စတင် ရေးသားနေ ပြီဖြစ်ပြီး ယင်းဇာတ်ကားတွင် လက်ရှိ သရုပ်ဆောင်များ၊ သရုပ် ဆောင်သစ်များ အပြင် ၈၈ တွင် ပါဝင် ဖြတ်သန်းခဲ့သော နိုင်ငံရေး အကျဉ်းသားဟောင်းများ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရန် 
လျာထား ကြောင်း အသေးစိတ် အချက် အလက်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ညွန့်ဝင်း

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
ရှစ်လေးလုံး သမိုင်းမှတ်တမ်း အခြေခံ ရိုက်ကူးမည့် ''ချွန်စေမြ စေစော'' ရုပ်ရှင်ဇာတ်ကားကြီးကို လာမည့်နှစ်တွင် ရိုက်ကူးနိုင်ရန် ပြင် ဆင်နေပြီဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှ ကို
ညို ထွန်း (ဒါရိုက်တာ သျှိုညိုထွန်းသိမ်း) က ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သျှိုညိုထွန်းသိမ်းက ရိုက်ကူးသွားမည်ဖြစ်ပြီး ငြိမ်းချမ်း ရေးနှင့် မိဘ သားသမီး မေတ္တာ အကြောင်း ကျောရိုးထား၍ ၁၉၈၇ ခုနှစ်မှ ၈၈ ခုနှစ်အတွင်း မဆလ တစ်ပါတီခေတ်၏ အားနည်းချက် ကြောင့် ဖြစ်ပေါ်လာသော
အခြေ အနေများကို ဇောင်းပေးရိုက်ကူး သွားမည်ဟု သိရသည်။

"ပုသိမ် NLD မှ နုတ်ထွက်မည့် ပါတီဝင်များ မည်သည့် အလံအောက်မှ ခိုဝင်မည် မဟုတ်ဟု ဆို"

ပုသိမ်မြို့နယ် NLD မှ နုတ်ထွက်ကြမည့် ပါတီဝင်များသည် မည်သည့် အလံအောက်ကိုမှ ခိုဝင်မည်မဟုတ်ဟု နုတ်ထွက်ပါတီဝင် ဦးသန်းဝင်းက ပြောသည်။
''ကျွန်တော်တို့ ဒီလိုနုတ် ထွက်တာဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်း ချက်မှ မပါသလို ကျွန်တော်တို့ ဘယ်သူ့ အလံအောက်ကိုမှ မခိုဝင်ပါဘူး။ ကျွန်တော်တို့ အမျိုးသားရေးနဲ့ ဒီမိုကရေစီ ရေးအတွက် အမြဲ
တမ်းရပ် တည်သွားမှာပါ'' ဟု ၄င်းက ပေါ်ပြူလာနယူးစ်၏ ဆက် သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
ဒေါက်တာသန်းထိုက်၊ ဦးသန်းဝင်းနှင့် ဦးညွန့်လှိုင် အပါအဝင် ပါတီဝင် ရာဂဏန်း ကျော်မှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီမှ နုတ်ထွက် ပွဲ၊ ဆိုင်းဘုတ်ချပွဲနှင့် သတင်း စာရှင်းလင်းပွဲကို တစ်ပါတည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

တရုတ် Huawei ကုမ္မဏီကို အနောက်တိုင်း အစိုးရများက တိုက်ခိုက်လာ

တရုတ် Huawei ကုမ္မဏီကို အနောက်တိုင်း အစိုးရများက တိုက်ခိုက်လာ

တရုတ်ပြည်အခြေဆိုက် Huawei ဆက်သွယ်ရေးနှင့် နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီကို အနောက်အုပ်စုအစိုးရများ စတင်တိုက်ခိုက် လာပြီ ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် အမေရိကန်၊ သြစတေးလျ နှင့် ဗြိတိန်နိုင်ငံတို့ သုံးနိုင်ငံ သဘော တူညီချက်ဖြင့် စတင်နေပြီ ဖြစ်သည်။ စီမံကိန်းမှာ Huawei ကုမ္မဏီကို တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ပဲ ဆိုက်ဘာလုံခြုံရေး/ အင်တာနက် လုံခြုံရေးဟု ခေါင်းစဉ်တပ်ထားသည်။ ယင်းမှာ Huawei ကုမ္မဏီတစ်ခုတည်း ကိုမဟုတ်ပဲ တရုတ်ပြည်အခြေဆိုက် နည်းပညာ ကုမ္မဏီအားလုံးကို ထိခိုက်ပြီး ZTE ကဲ့သို့ ကုမ္မဏီကြီးလည်း ပါဝင်ကြောင်း သိရသည်။ 

အမေရိကန်တွင် စတင်ဖြစ်ပွားသော ကိစ္စ ဖြစ်သည်။ အမေရိကန် အင်တာနက်နှင့် ဆက်သွယ်ရေး လုံခြုံမှု ကျဆင်းလာပြီး တရုတ်ပြည်ထုတ် ဆက်သွယ်ရေး ကုန်ပစ္စည်းများ၊ တရုတ်ပြည်မှ အင်တာနက်/ဆိုက်ဘာ ဝန်ဆောင်မှုများကြောင့် ဖြစ်ကြောင်း ထွက်ဆိုထားသည်။ ထို့ကြောင့် အမေရိကန် အစိုးရသည် Huawei ကုမ္မဏီထုတ် ကုန်ပစ္စည်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးမပြုရန် တားမြစ်တိုက်တွန်း လာကြောင်း သိရသည်။ 

ယင်းတားမြစ်မှုကို အမေရိကန်တို့ နိုင်ငံတစ်ခုတွင်သာ ပြုလုပ်ခြင်း မဟုတ်တော့ပဲ ဗြိတိန်၊ သြစတေးလျတို့ကဲ့သို့ နိုင်ငံကြီးများသို့ပါ ဆက်သွယ် အကြောင်းကြားပြီး Huawei ကုန်ပစ္စည်းများကို သတိထားရန် ပြောဆိုထား သည်။ ထို့ကြောင့် ယင်း သုံးနိုင်ငံ၏ သဘောတူညီ ချက်ဖြင့် အင်တာနက် လုံခြုံရေး တိုးမြင့်မှုလုပ်ငန်း ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

"ဒါဟာ အခြေအမြစ်မရှိ ကြောက်ရွံ့ မှု ဖြစ်ပါတယ်။ အမေရိကန်ပြောဆို မှု ကြောင့် သြစတေးလျအစိုးရရဲ့  ကျွန်တော်တို့ ကုမ္မဏီ အပေါ်အမြင်ပြောင်းလဲသွားတာမျိုး မဖြစ်စေချင်ပါဘူး။ တားဆီးပိတ်ပင် တာမျိုး မလုပ်စေချင်ပါဘူး။  US မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနေချိန် သြစတေးလျ ဈေးကွက် ဆုံးရှုံးရခြင်းကလည်း ကုမ္မဏီရဲ့ အဓိက ထိုးနှက်မှု တစ်ခု ဖြစ်ပါတယ်" ဟု သြစတေးလျနိုင်ငံ ကိုယ်စားပြု Huawei ဥက္ကဌ John Lord မှ ပြောကြားခဲ့သည်။ 

လက်ရှိတွင် Huawei (ဟာဝေး) သည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ဆိုင်ရာ ကုန်ပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သည်။ နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ရုံးခွဲရှိပြီး အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ပြင်သစ် အစရှိသဖြင့် နိုင်ငံကြီး တော်တော်များများတွင်လည်း နည်းပညာ အဆင့်မြင့်တင်ရေးနှင့် စမ်းသပ်ရေး ဓာတ်ခွဲခန်းများ ဖွင့်လှစ် ထားသည်။ တစ်နှစ်ထက် တစ်နှစ်အင်အားကြီးမားလာပြီး နှစ်စဉ် အမြတ်ငွေ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ရလျက် ရှိသည်။ 

တရုတ်အစိုးရ၏ တွင်းထွက်ပစ္စည်း တင်ပို့မှု ပိတ်ပင်ထားမှုအပေါ် အမေရိကန် အစိုးရ ဒေါကန်ခဲ့ပြီး ယခုနှစ်လယ်မှ စ၍ တရုတ်စီးပွားရေးလုပ်ငန်းများကို  တစ်ခုပြီးတစ်ခု ပိတ်ပင်ခဲ့သည်။ ကားထုတ်လုပ်ရေးလုပ်ငန်းနှင့် စားသုံးကုန်များကို အလေးပေးတားမြစ်တိုက်ခိုက်လာရာမှ အီလက်ထရောနစ် ပစ္စည်းဘက်သို့ ရောက်ရှိလာခဲ့သည်။ ဟာဝေးနှင့် ZTE သည် ယင်းတိုက်ခိုက်မှုအတွက် ပထမဆုံး ခံရသည့် တရုတ်ပြည်၏ ကုမ္မဏီကြီး နှစ်ခု ဖြစ်လာပြီး အနောက်တိုင်း ဈေးကွက်ရရှိမှုအပေါ် များစွာ လျော့နည်းကာ စီးပွားကျဆင်းနိုင်ကြောင်း သိရသည်။ 
---
Ref:businessweek
Aung Kham (TSJ team)

http://techspacejournal.blogspot.com/2012/10/huawei.html
တရုတ်ပြည်အခြေဆိုက် Huawei ဆက်သွယ်ရေးနှင့် နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီကို အနောက်အုပ်စုအစိုးရများ စတင်တိုက်ခိုက် လာပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်၊ သြစတေးလျ နှင့် ဗြိတိန်နိုင်ငံတို့ သုံးနိုင်ငံ သဘော တူညီချက်ဖြင့် စတင်နေပြီ ဖြစ်သည်။ စီမံကိန်းမှာ Huawei ကုမ္မဏီကို တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ပဲ ဆိုက်ဘာလုံခြုံရေး/ အင်တာနက် လုံခြုံရေးဟု ခေါင်းစဉ်တပ်ထားသည်။ ယင်းမှာ Huawei ကုမ္မဏီတစ်ခုတည်း ကိုမဟုတ်ပဲ တရုတ်ပြည်အခြေဆိုက် နည်းပညာ ကုမ္မဏီအားလုံးကို ထိခိုက်ပြီး ZTE ကဲ့သို့ ကုမ္မဏီကြီးလည်း ပါဝင်ကြောင်း သိရသည်။

ပို့စ်မော်ဒန်၏ နိဂုံး (၂)( ဇော်ဇော်အောင်)




thn-10-24-2
အရင်အပတ်က ပို့စ်မော်ဒန်ဝတ္ထုရေးဆရာ ရေမွန်ဖက်ဒါမင် Federman ပြောခဲ့တဲ့ ခုနှစ်အတွင်းက ပို့စ်မော်ဒန်ကွယ်လွန်သွားပြီ death of postmodernism ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်။ ဆောင်းပါးအဆုံးမှာ ချက်နိုင်ငံသမ္မတကြီးဗားကလပ်ဟာဗယ်လ် Vaclav Havel ရဲ့စကားတစ်ခွန်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဟာဗယ်လ်ဒီလိုဆိုမိန့်တယ်။
'မော်ဒန်ခေတ် ကုန်ဆုံးသွားပြီ။ ဒီနေ့ ကျွန်ုပ်တို့သည် ကူးပြောင်းရေး ကာလတစ်ခုကိုဖြတ်သန်းနေကြသည်ဟု အကြောင်းတော်တော်များများက ဖော်ပြနေကြသည်။ တစ်စုံတစ်ခုသည် ထွက်ခွာသွားနေသည်ထင်ရ၏။ အခြားသောအရာတစ်ခုသည် နာကျင်စွာမွေးဖွားလာ၏။ တစ်စုံတစ်ခုသည် အားအင်ကုန်ခန်းမောပန်းလှစွာ ပျက်စီးပြိုကျနေ၏။ ထိုအချိန်မှာပင် အခြားသောအရာတစ်ခု သည် မသဲမကွဲအပျက်အစီးပုံတွေထဲမှ ရှင်သန်ပေါ်ထွက်လာနေသည်'

သတင်းစာ ရှင်းလင်းပွဲမှာ နန်းခင်ဇေယျာ ဘာပြောသလဲ

  ဒီလေမှုတ်အနမ်းပေးတဲ့ စတိုင်လေးက ကမ္ဘာကျော်တဲ့ စတိုင်လေးပါလို့ ပြောတဲ့ နန်းခင်ဇေယျာ၊ ဓာတ်ပုံများ- ဂျေပိုင်/ ဧရာဝတီ
ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းမှာ ကျင်းပခဲ့တဲ့ ၂၀၁၂ ခုနှစ် Miss International ပြိုင်ပွဲမှာ People's Choice နဲ့ Miss Internet ဆုတွေ ရရှိလာခဲ့တဲ့ နန်းခင်ဇေယျာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ 
သူ့အနေနဲ့ ဧည့်လမ်းညွှန် အလုပ်ကိုလည်း ဆက်လက် လုပ်ကိုင်သွားမှာ ဖြစ်တဲ့ နန်းခင်ဇေယျာက အခု လို မြန်မာတွေရဲ့ မဲပေးမှုသာ အခုလို ဆုရခဲ့တာ ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။

ယခုနောက်ဆုံး မငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့များ လုံခြုံရေးအဆင့် မြှင့်

၁။ ကျောက်ဖြူမြို့ ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ဘင်္ဂလီအမျိုးသမီးများက ရခိုင်တိုင်းရင်းသားနေအိမ်များသို့ မီးကွင်းများဖြင့် ပစ်ခတ်ရာမှ ပဋိပက္ခ စတင် ဖြစ်ပွားခဲ့ပြီး တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့ ကြောင်း၊ ညနေပိုင်းတွင် ပဋိပက္ခ ဆက်လက်
ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ဘင်္ဂလီအချို့သည် လှေများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူများ မရှိ၊ ဒဏ်ရာ ရရှိသူ(၁၀)ဦးခန့် ရှိကြောင်း သိရှိရသည်။

၂။ ယနေ့နံနက်ပိုင်း မြောက်ဦးတွင် မင်းပြားနှင့် မြောက်ဦးမှ သံဃာများ အပါအဝင် လူပေါင်း(၄)သောင်းခန့် စုစည်း၍ ဘင်္ဂလီများကို တိုက်ခိုက်ရန် စီစဉ်ခဲ့သည်မှာ မှန်ပါသည်။ သို့သော်လည်း ပြည်နယ်အစိုးရတာဝန်ရှိသူများ၊ တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့များ၊ ဆရာတော်သံဃာများ၊ ရတညပါတီ၊ မြို့မိမြို့ဖများ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ပြန်လည် အေးချမ်းသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း လူတစ်ဦးလျှင် ဖုန်း ၁ လုံး အသုံးပြုနိုင်မည့် ပမာဏအထိ တိုးချဲ့မည်




အစိုးရသစ်လက်ထက် ၉ နှစ်အတွင်း မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင်အနည်းဆုံး ဖုန်း ၁ လုံးအသုံးပြုနိုင်သည့် ပမာဏအထိတိုးချဲ့ရန် စီစဉ်ထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖုန်း အသုံးပြုမှုနှုန်းမှာ လူ ၁၀၀ တွင် ၇ ဦးကျော်သာ အသုံးပြုနိုင်သည့်အနေအထားရှိကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ၅ နှစ်အတွင်း ဖုန်းအလုံးရေ ၄၅ သန်းအထိ တပ်ဆင်ရန်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အထိ နောက်ထပ် ၅ နှစ်တွင် ဖုန်းအလုံးရေ ၇၆ သန်း အထိလည်းကောင်း၊

အစိုးရနှင့် ရွှေလီတွင် တွေ့ဆုံဆွေးနွေးရန် KIO သဘောတူသော်လည်း စစ်ပွဲဖြစ်ပွားမှုပေါ်မူတည်၍ အချိန်သတ်မှတ်မည်




အစိုးရနှင့် ရွှေလီတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အို သဘောတူသော်လည်း ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများ၏အခြေအနေအပေါ်မူတည်၍ အချိန်သတ်မှတ်သွားမည်ဟု ကေအိုင်အိုတာဝန်ရှိသူများမှ အကြောင်းပြန်ခဲ့ကြောင်း ငြိမ်း ချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခပရာခွန်အောင်က အောက်တိုဘာလ ၂၄ရက်နေ့တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခပရာခွန်အောင်က''ကျွန်တော်တို့အဖွဲ့ဝင်တွေ လိုင်ဇာကိုသွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်မြောက်ဖို့ စီစဉ်တဲ့အခါမှာ ကေအိုင်အိုဘက်က အချက် ၃ ချက် ပြောကြားတာရှိပါတယ်။

စစ်တွေမြို့တွင် တက္ကသိုလ်ကျောင်းသားများ ဆန္ဒဖော်ထုတ်



thn-10-24-6
စစ်တွေမြို့တွင်အောက်တိုဘာလ ၂၄ ရက်နံနက် ၉ နာရီအချိန်မှစတင်ကာ တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်နေစဉ်
စစ်တွေမြို့တွင်အောက်တိုဘာလ ၂၄ ရက်နံနက် ၉ နာရီအချိန်မှစတင်ကာ တက္ကသိုလ်ကျောင်းသားများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆန္ဒထုတ်ဖော်ရာတွင် တကသိုလ်ကျောင်းသား ၈၀၀ ခန့်ပါဝင်ခဲ့ပြီး လောကာနန္ဒာစေတီမှစတင်ကာ ကွန်ပျူတာတက္ကသိုလ် လမ်းအတိုင်းစီတန်းလှည်လည်လာခဲ့ကာ ဦးဥတ္တမ ပန်းခြံ ဦးဥတ္တမ ရုပ်ထုရှေ့ထိ ငြိမ်းချမ်းစွာချီတက်လာခဲ့ခြင်းဖြစ်သည်။
စီတန်းလှည့်လည်ရာတွင် “ရခိုင်ပြည်နယ်တက္ကသိုလ်အသီးသီးတွင် လိုအပ်လျက်ရှိသော သင်ထောင်ကူပစည်း များ အမြန်ဆုံး ဖြည့်ဆည်းပေရန်၊ ” “ယခုဖွင့်လှစ်ရန်စီစဉ်လျက်ရှိသော တောင်ကုတ်မြို့နယ်၊ဒေသကောလိပ် အားစီးပွားရေး တက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်၊ ” “တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာ လမ်းတစ်လျှောက် နှင့်ပတ်ဝန်းကျင် အနီးတစ်ဝိုက် ရှိ

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးနှင့် အခြားအဆင့်ရဲဝန်ထမ်းတစ်ဦးတို့ အမေးအဖြေပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးစစ်ဆေးမှု ခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
အကောင်အထည်ဖေါ် ဆောင်ရွက်နေသည့် နေရာတွင် တာဝန်ကျနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
လုံခြုံရေးတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦး နှင့် ဒုတပ်ကြပ်တစ်ဦးတို့အား ပြည်တွင်းသတင်းထောက်တစ်ဦး
မှ တာဝန်ထမ်းေ
ဆာင်နေရသည့် အခြေအနေများနှင့် ပတ် သက်၍ တွေ့ဆုံမေးမြန်းခန်းတစ်ခု ပြု
လုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှ ၎င်းတို့နှစ်ဦးအား အောက်တိုဘာလ ၁၇ ရက်နေ့
တွင် ဖဖ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမည်မဖေါ်ပြလိုသည့်
ရုပ်သံသတင်းထောက်တစ်ဦးမှ ပြောဆိုခဲ့သည်။

ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး

Photo: ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 24 ရက် 2012 ခုနှစ်	

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအ၀င် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။

ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေးတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် ကြားခံအဖြစ် ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် အရံဗဟိုကော်မတီဝင် စောစေး လယ်တောတို့က တက်ရောက်နားထောင်ခဲ့သည်။

ဆွေးနွေးမှုတွင် ပါဝင်သည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက “ဗဟိုကော်မတီ ပုံမှန် အစည်းအဝေး ကျင်းပဖို့အတွက် အစည်းအဝေးမှာ လူတွေစုံစုံလင်လင်နဲ့။ နောက် ကျင်းပနိုင်အောင်ဆိုလို့ရှိရင် အထူးဗဟိုကော်မတီအစည်းအဝေး ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ဆွေးနွေးခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာအပေါ် အားကောင်းချက်၊ အားနည်းချက်များကို အကောင်းဆုံး ဆွေးနွေးအဖြေရှာခဲ့ပြီး အာနည်းချက်များကို သင်ခန်းစာယူရန်နှင့် အားကောင်းချက်များကို ရှေ့ဆက် သယ်ဆောင်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟုလည်း ဗိုလ်မှူးစောလှငွေက ပြောသည်။

ကေအဲန်ယူ ဗဟိုကော်မတီဝင်များက အောက်တိုဘာလ ၂၅ ရက်တွင် ပြုလုပ်မည့် အထူးအရေးပေါ်အစည်း အဝေးတွင် မကြာသေးမီက ထုတ်ပယ်ခံရသည့် ထိပ်တန်းခေါင်းဆောင်တို့၏ ကိစ္စနှင့် အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြကာ ထိုမှတဆင့် ၁၄ ကြိမ်မြောက် ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟိုကော်မတီအစည်းအဝေးကို ကျင်းပသွားရန် ရှိသည်ဟု သိရသည်။

၎င်းနောက် ၁၅ ကြိမ်မြောက် ကေအဲန်ယူ ညီလာခံကို ဆက်လက် ကျင်းပပြီး လာမည့်သက်တမ်းအတွက် တာဝန်ယူမည့် ကေအဲန်ယူ ခေါင်းဆောင်သစ်တို့ကို ရွေးချယ်သွားမည်။

အေးချမ်းမွန်မှ  ကေအိုင်စီ	 သတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအ၀င် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွ
င်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။

ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေးတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

စတုတ္ထမျိုးဆက် iPad ကို အံ့အားသင့်ဖွယ် Apple မိတ်ဆက်

Photo: စတုတ္ထမျိုးဆက် iPad ကို အံ့အားသင့်ဖွယ် Apple မိတ်ဆက်

Apple ကုမ္ပဏီက စတုတ္ထမျိုးဆက် iPad သစ်ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါထုတ်ကုန်သစ်တွင် ၉.၇ လက်မအရွယ် Apple Retina display ပါဝင်ပြီး တတိယမျိုးဆက် new iPad တွင် အသုံးပြုထားသည့် CPU နှင့် A5
X ၏ ဂရပ်ဖစ် စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသည့် A6X ပရိုဆက်ဆာကို အသုံးပြုထားကြောင်း သိရသည်။ Apple ၏ အဆိုအရ ဘက်ထရီကို ၁၀ နာရီကြာ အသုံးပြုနိုင်ပြီး Lightning connector, အဆင့်မြှင့်ထားသည့် FaceTime HD နှင့် LTE အထောက်အပံ့တို့ ပါဝင်သည်ဟု သိရသည်။

တန်ဖိုးမှာ Wi-Fi 16GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ ကျသင့်မည်ဖြစ်ပြီး 32GB အတွက် အမေရိကန်ဒေါ်လာ ၅၉၉၊ 64GB အတွက် အမေရိကန်ဒေါ်လာ ၆၉၉ ကျသင့်မည် ဖြစ်သည်။ Wi-Fi+Cellular 16GB အတွက် အမေရိကန်ဒေါ်လာ ၆၂၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၇၂၉၊ 64GB အတွက် အမေရိကန် ဒေါ်လာ ၈၂၉ ကျသင့်မည်ဖြစ်သည်။ အဖြူနှင့် အနက် အရောင်နှစ်မျိုးဖြင့် ရရှိမည်ဖြစ်ပြီး ဒီဇိုင်းကို ပြောင်းလဲပြင်ဆင်ထားခြင်း မရှိဟု ဆိုသည်။

Apple ၏ စတုတ္ထမျိုးဆက် iPad ကို အောက်တိုဘာလ ၂၆ ရက်မှစတင်ပြီး ကြိုတင်မှာယူထားနိုင်ကာ Wi-Fi အမျိုးအစားကို နိုဝင်ဘာလ ၂ ရက်မှ စတင်တင်ပို့ရောင်းချမည်ဖြစ်သည်။ LTE အမျိုးအစားကိုမူ မှာယူပြီး ရက်သတ္တပတ်အနည်းငယ်ကြာမှသာ အသုံးပြုနိုင်မည်ဟု သိရသည်။

Ref: CNET

အေးချမ်းမွန်မှ Internet Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Internet Journal
Apple ကုမ္ပဏီက စတုတ္ထမျိုးဆက် iPad သစ်ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါထုတ်ကုန်သစ်တွင် ၉.၇ လက်မအရွယ် Apple Retina display ပါဝင်ပြီး တတိယမျိုးဆက် new iPad တွင် အသုံးပြုထားသည့် CPU နှင့် A5

X ၏ ဂရပ်ဖစ် စွမ်းဆောင်ရည်ထက် နှစ်ဆပိုမိုသည့် A6X ပရိုဆက်ဆာကို အသုံးပြုထားကြောင်း သိရသည်။ Apple ၏ အဆိုအရ ဘက်ထရီကို ၁၀ နာရီကြာ အသုံးပြုနိုင်ပြီး Lightning connector, အဆင့်မြှင့်ထားသည့် FaceTime HD နှင့် LTE အထောက်အပံ့တို့ ပါဝင်သည်ဟု သိရသည်။

ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး...


နန်းခင်ဇေယျာ ဖီဗာ( အေးမြကျော်)

Photo: နန်းခင်ဇေယျာ ဖီဗာ

ရေးသားသူ- အေးမြကျော်

သည်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံး နေရာယူထားသည်မှာ တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်နေ သော

တောင်ကိုရီးယား အဆိုတော်၏ ဂမ်နန်းစတိုင်လ်လည်းမဟုတ်သလို မိန်းကလေးတွေသည်းသည်းလှုပ်သော ဗြိတိန်အဆိုတော်အဖွဲ့ One

Direction ရဲ့ဂီတဗီဒီယို အသစ်အကြောင်းလည်း မဟုတ်ခဲ့ပါ။

နှစ်ပေါင်း ၅၀ ကြာမှ ပထမ ဆုံးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်ထက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်နေသော

ပအို့ဝ်တိုင်းရင်းသူ နန်းခင်ဇေယျာအကြောင်းကသာ မြန်မာလူမျိုးများ အသုံးပြုမှုအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်

စာမျက်နှာများတွင် အများဆုံးနေ ရာယူထားခဲ့လေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အင်တာနက်သုံးစွဲသူ သုံးသိန်းကျော်သာရှိမည်ဟု ခန့်မှန်းထားပြီးကမ္ဘာပေါ်မှာ အင်တာနက်သုံးစွဲ သူဦးရေ

အနည်းဆုံးနိုင်ငံစာရင်းထဲမှာပင်ရှိနေသေးသည့် မြန်မာပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် မစ္စအင်တာနက်ဆုနှင့်ပရိသတ်

အကြိုက်ဆုံးဆုနှစ်ဆုကို နန်းခင်ဇေယျာ ဆွတ်ခူးခဲ့သည်။

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း တွင် နိုင်ငံပေါင်း ၆၈ နိုင်ငံမှ လှပျိုဖြူများ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ Miss International

2012 ပွဲတွင် ပြိုင်ဘက်များ သတိပြုမိကာ အံ့အားတသင့် မေးယူရသည်အထိ နန်း ခင်ဇေယျာကို အင်တာနက်မှ အားပေးသူများ၏ မဲများက အ

ထူးပင်များပြားခဲ့သည်။ Miss Int- ernational ပြိုင်ပွဲသည်ကမ္ဘာတွင်အဆင့်၎ ရှိသော နိုင်ငံတကာအ လှမယ်ရွေးချယ်ပွဲဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ကြသော အလှမယ်အားလုံးကို အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်မှုကို အောက်တိုဘာ ၈ ရက်မှ ၁၉ အထိ ၁၂ ရက်ကြာ

ရွေးချယ်စေခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု နန်းခင်ဇေယျာက မဲပေါင်း သန်း၂၀ ကျော်နှင့် အင်တာနက်မှ မဲပေးရွေးချယ်သည့်

လူကြိုက်အများဆုံးဆုနှင့် အင်တာနက်မဲအများဆုံးဆု မစ္စအင်တာနက်ဆုနှစ်ဆုကို ပိုင်ဆိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀ကျော်မှ ပါဝင်
ယှဉ်ပြိုင်သော မြန်မာအလှမယ်အတွက် အောင်မြင်မှုသရဖူတစ်ခုလည်းဖြစ်ခဲ့သည်။ မဲပေးသူအများစုက သူမကို မျိုးချစ်စိတ်၊ အမျိုးသား

ရေးစိတ်ဖြင့် မဲပေးခဲ့ကြသည်။

ဆန်ခါတင် ၁၅ ယောက်စာရင်းတွင် မြန်မာအလှမယ်အနေနှင့် မပါဝင်ခဲ့သော်လည်း ဆုနှစ်ဆု ရရှိခဲ့သည့်အတွက် ကျေနပ်ဝမ်းသာကြောင်း၊

စည်းစည်းလုံးလုံးနှင့် အင်တိုက်အားတိုက် မဲပေးခဲ့ရကျိုးနပ်သည်ဟု ဆုပေးပွဲအပြီး၌ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် သူမကို အားပေးထောက်
ခံသူများ၏ ပြောဆိုရေးသားချက်များနှင့် ပြည့်လျှံနေခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာအောင် နိုင်ငံတကာပြိုင်ပွဲများနှင့် အလှမ်းဝေးခဲ့ရသော မြန်မာကို အသိအမှတ်ပြုမှုတစ်ခုခုရလိုဇော နှင့်

နိုင်ငံတကာအသိုင်းအ၀ိုင်းကပင် သတိပြုမိလောက်အောင် ပြည်တွင်းပြည်ပ မြန်မာလူမျိုးများ ၏ နန်းခင်ဇေယျာကို အားပေးထောက်ခံမှုက

အထူးပင် မြင့်မားခဲ့သည်။

မဲပေးသူအချင်းချင်း၊ ထောက်ခံအားပေးသူ အချင်းချင်း အပြန်အလှန် ပြောဆိုနေကြသည် များတွင် အချို့က နန်းခင်ဇေယျာကို အမြဲမပြတ်

ခလုတ်နှိပ်မဲပေးရလွန်းသဖြင့် မောက်စ်များပင်ပျက်သွားပြီ၊ နှိပ်ရလွန်းသဖြင့် လက်ချောင်းများပင် အသားမာတက်ကုန်ပြီ၊ မဲပေးရသည့် ၀က်ဘ်

ဆိုက်စာမျက်နှာ (Flickr.com) ကို မရေမတွက်နိုင်အောင် ဖွင့် ထားမိသဖြင့် ကွန်ပျူတာများပင် ပျက်သွားပြီ စသဖြင့် အချင်းချင်း ကျီစယ်ရင်း

တက်ညီလက်ညီမဲ ပေးခဲ့ကြသဖြင့် ယခုကဲ့သို့ Miss Internet ဆုနှင့် Miss People Choice ဆုနှစ်ဆုကို ရရှိခဲ့ခြင်းပင်။ မဲပေးရသည့်

နေရာတိုင်းတွင် မြန်မာ၊ မြန်မာ၊ မြန်မာ ဆို သည့် စကားလုံးများ အကြိမ်မရေမတွက်နိုင်အောင်ဝင်ရေးသား ကြသည့်အခါ အခြားနိုင်ငံသားများ
ကပင် “ဘာကြောင့် မြန်မာ မြန်မာဆိုတဲ့စကားလုံးကို အကြိမ်ကြိမ်ရေးနေကြရတာလဲ”ဟု ဝေဖန်ခံ ရသည်အထိပင် အားပေးခဲ့ကြသည်။

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် နန်းခင်ဇေယျာဆုရသည့် ဓာတ်ပုံအောက်တွင် ပရိသတ်တစ်ယောက်က

“ကိုယ့်နိုင်ငံက လူတွေ စည်းလုံးအောင် ဒီအမျိုးသမီးငယ်လေးက လုပ်ဆောင်နိုင်ခဲ့တယ်။ အဲဒါဟာ ဆုရတာထက် အများကြီး အရေးကြီးပါ

တယ်”ဟု အဓိပ္ပာယ်ရသည့် အင်္ဂလိပ်စာကြောင်းကို ရေးသားမှတ်ချက်ပြုခဲ့သည်။

သူမကလည်း လူမှုကွန်ရက် ကိုအသုံးချကာ အားပေးထောက် ခံသူများ၏ သန်းနှင့်ချီသော မဲ များကို အရယူငင်နိုင်ခဲ့သည်။ နေ့ စဉ်လှုပ်ရှားမှုများ

နောက်ဆုံးရိုက် ထားသော ဓာတ်ပုံများကို အခါမ လပ်တင်ပေးခြင်းက ရက်ကြာလာ သည်နှင့်အမျှ အားပေးထောက် ခံသူ ဦးရေကို

တိုးပွားစေခဲ့သည်။

တစ်နည်းပြောရလျှင် ကိုယ့် မြန်မာမိန်းကလေးတစ်ယောက် ဆုရစေလိုစိတ်၊ နိုင်ငံတကာအလယ်တွင် မြန်မာကို အာရုံစိုက်ခံရ
လိုစိတ်အဖျားရောဂါ (Fever) များ အရှိန်မြင့်တက်ခဲ့သည်။ ပြိုင်ပွဲတစ်လျှောက် ရင်ဖုံးအကျနှင့် ချိတ်ထဘီတို့ကို အမြဲလိုလို ၀တ်ဆင်

တတ်သည့်အတွက်လည်းပရိသတ်၏အမှတ်ကို ပိုမိုရယူနိုင်ခဲ့သည်။

သူမ၏ ရေကူးဝတ်စုံဝတ်ဆင်ထားသော ဓာတ်ပုံများ၊ ကျောက်စိမ်းရောင် ရှမ်းရိုးရာဝတ်စုံနှင့် ကပြနေသည့်ပုံ၊ ဆွမ်းအုပ်ပွေ့ချီကာ ရင်ဖုံးအကျနှင့်

ပုံတို့မှာ လူမှုကွန်ရက်စာမျက်နှာ များတွင် အများဆုံးနေရာယူ ထားသော ပုံများပင်ဖြစ်သည်။

ရေကူးဝတ်စုံနှင့် ရိုက်ကူးရသော ပြိုင်ပွဲဝင်ဓာတ်ပုံမှာ လူပြောအများဆုံး အကြောင်းအရာ တစ်ခုဖြစ်ခဲ့သလို သူမကလည်း
“မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်သည့်အတွက် ရေကူးဝတ်စုံ ၀တ်ရာတွင် မြန်မာလူမျိုးများ မည်သို့ တုံ့ပြန်မည်ကို စဉ်းစားရင်း စိုးရိမ်
စိတ်ဝင်မိခဲ့ကြောင်း”တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားထားသည်။

နှစ်ပေါင်း ၅၀ ကျော်မှ နိုင်ငံ တကာအလှမယ် ပြိုင်ပွဲစင်မြင့်ထက်သို့ တစ်ကျော့ပြန်တက်လှမ်းခဲ့သော မြန်မာအလှမယ်အနေနှင့်

မြန်မာလူမျိုးများ၏ တက်ညီလက်ညီ မဲပေးခဲ့သဖြင့် ဆုနှစ်ဆုကိုပိုက်ကာ အိမ်အပြန်လှခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့်လက ပြည်တွင်း၌ လူသိနည်းသော ဂျာမန်ဧည့်လမ်းညွှန်မလေး အဖြစ်မှသည် ကျော်ကြားသူတစ်ယောက်အဖြစ် အမိအိမ်သို့

နန်းခင်ဇေယျာ ပြန်လာခဲ့လေပြီ။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
သည်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံး နေရာယူထားသည်မှာ တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်နေ သောတောင်ကိုရီးယား အဆိုတော်၏ ဂမ်နန်းစတိုင်လ်လည်းမဟုတ်သလို မိန်းကလေးတွေသည်းသည်းလှုပ်သော ဗြိတိန်အဆိုတော်အဖွဲ့ OneDirection ရဲ့ဂီတဗီဒီယို အသစ်အကြောင်းလည်း မဟုတ်ခဲ့ပါ။

နှစ်ပေါင်း ၅၀ ကြာမှ ပထမ ဆုံးအနေနှင့် နိုင်ငံတကာအလှမယ်ပြိုင်ပွဲစင်မြင့်ထက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်နေသော
ပအို့ဝ်တိုင်းရင်းသူ နန်းခင်ဇေယျာအကြောင်းကသာ မြန်မာလူမျိုးများ အသုံးပြုမှုအများဆုံး လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အများဆုံးနေ ရာယူထားခဲ့လေသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို

Photo: ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစစ်အမှန် ဖြစ်ရန် KIA တောင်းဆို


KIA32ffgbdaငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေးအတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစီစဉ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်
လိုသော ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါသည်။

“ ဦးအောင်မင်း တို့ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာ ဆွေးနွေးပွဲ
အတွက် သူတို့ အရင်ကမ်းလှမ်းတယ်။ ကျနော်တို့ကလည်း(၁၁)ရက်နေ့မှာ သဘောထား ပြန်စာကိုပို့လိုက်တယ်။ တရားဝင်လမ်းကြောင်းကနေဘဲ ပို့လိုက်တာပါ။ ခက်တာက ငြိမ်းချမ်းရေးစကားကို အသုံးမချစတမ်း
ဖြစ်စေချင်တယ်။ ကျနော်တို့က တကယ့်ကို ငြိမ်းချမ်းရေး လိုချင်နေတာပါ။ ဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်က လက်တွေ့ဖြစ်နိုင်တဲ့ အရာကိုဘဲ တင်ပြ နေတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

KIA ၏ ပြန်စာထဲမှ တောင်းဆိုချက်များမှာ--
(၁) KIA လိုင်ဇာ ဌာနချုပ် (တပ်မဟာ ၅) ဧရိယာကို ရောက်နေသော ရှမ်းပြည် မြောက်ပိုင်းရှိ အစိုးရ ဧည့်တပ်များ ဆုတ်ခွာပေးရန်။

အကြောင်းမှာ KIA ဌာနချုပ်အား တပ်အင်အား အလုံးအရင်းဖြင့် လည်းကောင်း၊(၁၀၅)မမ အပါဝင် အခြားလက်နက်ကြီးများနှင့် ပတ်ပတ်လည် နေရာယူချိန်ထားသည့် အခြေအနေမျိုး အောက်၌ အကြပ်ကိုင်ထားပြီးမှ တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲမျိုးမဖြစ်ရန်
KIA မှ ရည်ရွယ်သည်ဟု ဆိုပါသည်။

(၂) နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန်။

အကြောင်းမှာ (KIA) နှင့် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် တိုင်းရင်းသား အခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံရေးပြသနာဖြစ်သည့် အတွက် နိုင်ငံရေးအရ ဖြေရှင်းမှ တကယ့်ငြိမ်းချမ်းရေးကို တည်ဆောက်
နိုင်မည်ဖြစ်သောကြောင့်ဟု ဆိုပါသည်။

(၃) နိုင်ငံတကာ ရှေ့မှောက်တွင် တရားဝင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်။

အကြောင်းမှာ အစိုးရနှင့် KIA သည် ၁၉၉၄ ခုနှစ်တွင်လည်း အပစ်အခတ် ရပ်စဲခဲ့ဘူးပါသည်။ နောက်ဆုံး၌ နယ်ခြား စောင့်တပ် BGF ကိုလုပ်ခိုင်းခဲ့
သဖြင့် လက်မခံနိုင်သည့် အခြေအနေကိုအသုံးချပြီး အပစ်အခတ်ရပ်စဲမှုကို အစိုးရဖက်မှ ပယ်ဖျက်ခဲ့ဘူးပါသည်။ ထို့အတူ ယခု အစိုးရသစ်၏ အပစ်အခတ်ရပ်စဲရေး လုပ်ရပ်မျိုး၌လည်း တကယ့်အပစ်ရပ်ရေး လုပ်ချင်
စိတ်ထက် အသုံးချနေသည့် ပွဲမျိုးသာ ဖြစ်နေသဖြင့် အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံတကာ ရှေ့မှောက်၌ လက်မှတ်ထိုးမှသာ ထိရောက်
မည်ဖြစ်သည်ဟု ရည်ရွယ်ထားသည်ဟု ဆိုပါသည်။

KIA_Map1122KIA ၏ အထက်ပါ တောင်းဆိုချက်ကို ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့သို့ ပေးပို့ထားပါ သည်။ သို့သော် ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ဤကဲ့သို့ အစိုးရမှ KIA အား တရားဝင်အကြောင်း မကြားသေးသော်လည်း
နေပြည်တော် စစ်အရာရှိကြီးများသည်၊ KIA နှင့် တွေ့ဆုံဖြစ်ခဲ့လျှင် စစ်ရေး ကိစ္စသာ ဆွေးနွေးဖြစ်သည်ဟု မြန်မာ တိုင်းဂျာနယ်အား ပြောဆိုခဲ့ပြီးဖြစ်
ပါသည်။

http://www.myanmar.mmtimes.com/index.php/national-news/1736-2012-10-18-05-14-52.html

လက်ရှိအခြေအနေ၌ အစိုးရတပ်ဖွဲ့များသည် အင်အားပေါင်း တသောင်းခွဲ
ခန့်နှင့် KIA အား စစ်ဆင်နေပါသည်။ ဤ မျှ များပြားသော တပ်အင်အားဖြင့် စစ်ဆင်နေသည့် ကိစ္စနှင့် သိန်းဂဏန်းဖြစ်သော စစ်ပြေး ဒုက္ခသည် ကိစ္စကို သမ္မတ အပါဝင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစိုးရ၀န်ကြီးများက လွှတ်တော်သို့ အခြေအနေမှန်အား မတင်ပြခဲ့ပေ။ ထို့အတူ နိုင်ငံတကာကို
လည်း ကချင်လွတ်လပ်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါ
သည်ဟု တွင်တွင် ပြောကြားနေခဲ့ပါသည်။

ဤသို့ကြောင့် အခြေအနေမှန်ကို နိုင်ငံတကာမှသိရှိပြီး ပါဝင်ဆောင်ရွက်နိုင်
ပါမှ အမြတ်ထုတ် နေမှုနှင့် မမှန်မကန်မှုများ ဖေါ်ထုတ်နိုင်မည် ဖြစ်သဖြင့် KIA မှ နိုင်ငံတကာ အဖွဲ့ရှေ့မှောက်၌ လက်မှတ်ရေးထိုးလိုခြင်း ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက သုံးသပ်ပါသည်။

အေးချမ်းမွန်မှ ရွှေဟင်္သာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ရွှေဟင်္သာ

ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ရေးအတွက် အချက် (၃) ချက် ပါသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအစီစဉ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က အစိုးရထံ အကြောင်း ပြန်ထားကြောင်း အမည်မဖေါ်
လိုသော ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးက ပြောပါသည်။

“ ဦးအောင်မင်း တို့ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာ ဆွေးနွေးပွဲ
အတွက် သူတို့ အရင်ကမ်းလှမ်းတယ်။ ကျနော်တို့ကလည်း(၁၁)ရက်နေ့မှာ သဘောထား ပြန်စာကိုပို့လိုက်တယ်။ တရားဝင်လမ်းကြောင်းကနေဘဲ ပို့လိုက်တာပါ။ ခက်တာက ငြိမ်းချမ်းရေးစကားကို အသုံးမချစတမ်း
ဖြစ်စေချင်တယ်။ ကျနော်တို့က တကယ့်ကို ငြိမ်းချမ်းရေး လိုချင်နေတာပါ။ ဒီတော့ ကျနော်တို့ရဲ့ တောင်းဆိုချက်က လက်တွေ့ဖြစ်နိုင်တဲ့ အရာကိုဘဲ တင်ပြ နေတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။

ဘိုင့်ဘိုင် ချက်ကြီး(ဥက္ကာကိုကို)

Photo: ဘိုင့်ဘိုင် ချက်ကြီး

ရေးသားသူ- ဥက္ကာကိုကို

နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများအားကိုး အားထားပြုခဲ့ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့

လာခဲ့ကြပါပြီ။ အသက်အရွယ်အားဖြင့်လည်း စိန်ရတုတိုင်လာပြီဖြစ်သည့် သူ့မှာ နာမကျန်းသည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ
သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါးသွားသည့်ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ်သည်။ သူ့ဘ၀ရဲ့နေ၀င်ချိန်က သိပ်မဝေးတော့။

သူ့ကို လူတွေကချက်ကြီးလို့ ခေါ်ကြသည်။များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည်
ဝမ်းဗိုက်ပူပူကြီးရှိသော ချက်ပလက် (Chevrolet)ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။

ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက
ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီးပြီးဆုံးသွား၍ ဂျပန်များပြန်ထွက်ခွာသွားသည့်အခါ ချက်ကြီး
တို့ ကျန်ရစ်ခဲ့သည်။

နောက်ပိုင်းတက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော
ပိုင်းက ရန်ကုန်မြို့ခရီးသွားလုပ်ငန်းစတင်ရာတွင် ချက်ကြီးတို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက်
ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည် ခြင်္သေ့၊ ယုန်၊ ဆင်၊ကြံ့၊ ပုစွန်၊ နဂါးစသဖြင့် တိရစ္ဆာန်အရုပ်တံဆိပ်များ တပ်ဆင် ကာ
ခရီးသွားပြည်သူများကို ၀န်ဆောင်မှုပေးခဲ့ကြသည်။

ယာဉ်ငါးစီးဖြင့် စတင်ခဲ့သော ရန်ကုန်မြို့တွင်း ဘတ်စ်ကားလုပ်ငန်းကို အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီ
၁ ရက်တွင် ပုဂလိကအဖြစ်မှ ဖျက်သိမ်း၍ အရုပ်တံဆိပ်များအစား ယာဉ်လိုင်းနံပါတ်များ စတင်သတ်မှတ်ခဲ့သည်။ သို့နှင့်
၁၉၆၂ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီး ကြပ်အုပ်ချုပ်ရေး ကော်မတီ ပေါ် ပေါက်လာ
ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ယခု မထသအဖြစ် ပြောင်းလဲခဲ့သည်။

မြို့တွင်းခရီးသွား လုပ်ငန်း တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် မထသသည်ပင် ရွှေရတုတိုင်တော့မည်ဖြစ်သည်။
ချက်ကြီးတို့ သက်တမ်းကတော့ မထသ ထက်ပင် ကြာမြင့်ခဲ့သည်။ ယာဉ်ကိုယ်ထည်ပေါ်က အရုပ် များကို နံပါတ်အဖြစ် ပြောင်းလဲ
လိုက်သော်လည်း မထသသည် ချက်ကြီးတို့ကိုပင် ဆက်လက် အားကိုးခဲ့ရသည်။ ထိုစဉ်က ယာဉ် မလုံလောက်မှုကြောင့် စက်မပါ သော
နောက်တွဲယာဉ်တပ်ဆင် ထားသည့် နှစ်စီးတွဲယာဉ်များပင် ပေါ်ပေါက်ခဲ့ဖူးသည်။

“၈၂ နောက်ပိုင်းမှာ ဒီကားပဲ ရွေးစီးတာ။ အန္တရာယ်ကင်းလို့။ အဲဒီတုန်းက ဗိုက်ပူနဲ့ ဟိုင်းလပ်ပဲရှိတယ်။ ချက်ကြီး သူ့ဖီးလ်နဲ့သူ
အေးဆေးမောင်းတယ်”ဟု လှိုင်မြို့နယ်အတွင်းနေထိုင်သူ အ သက်(၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောသည်။

ချက်ကြီးတို့ စရောက်လာ စဉ်က သံထည်ဘော်ဒီဖြစ်သော်လည်း ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်အဖြစ် ပြေးဆွဲရန် သေးငယ်သောကြောင့်
မြန်မာ့တီထွင် ပညာရှင်ကြီးများက သစ်သားဘော်ဒီအဖြစ် ပြောင်းလဲခဲ့ကြသည်။

“ဗိုက်ပူက အင်ဂျင်ခေါင်းပါးတယ်။ ကွဲလွယ်တယ်။ ရေမယို၊ ရေမပြတ်ရဘူး။ မောင်းရတာ နည်းနည်းတော့ခက်တယ်။ တခြားကားတွေက
ကလပ်၊ ဘရိတ်၊ လီဗာ၊ အဲဒီလိုအစဉ်လိုက် ရှိတယ်။ ဗိုက်ပူမှာက ကလပ်၊ လီဗာ၊ ဘရိတ် ဖြစ်နေတယ်”ဟု၁၉၈၆ ခုနှစ်ခန့်ကတည်းက ချက်
ကြီးနှင့် ဒေါ့ဂျစ်ကားများကို စမောင်းလာခဲ့သော ယာဉ်မောင်း ဦးသန်းအောင်က ပြောပြသည်။

ချက်ကြီးကားများသည် အ သက်အရွယ်အားဖြင့် ကြီးရင့်လာ သည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများလည်း ကြီးမားနေပြီဖြစ်သည်။ အများစုသော
ချက်ကြီးများတွင် လူစီးသာမကကုန်ပစ္စည်းပါတင်သောကြောင့် သစ်သားကြမ်းခင်း ပေါ်တွင် အနံ့အသက်ဆိုးများက စွဲကျန်နေလေ့ရှိသည်။

အခြေခံ လူတန်းစားများနှင့် လက်လုပ်လက်စားဈေးသည်များအတွက် အားကိုးအားထားပြုရသော်လည်း အများစုကမူ ကားကောင်းများ ကိုသာ
စီးနင်းလိုကြသည်ပဲ ဖြစ်သည်။

ချက်ကြီးကားကို စီးနင်းရာ တွင် မကြိုက်သည့်အချက်များကို လည်း အသက် ၃၅ နှစ်အရွယ် ကိုဇင်မင်းထွန်းက -
“အရမ်းနှေးပါတယ်။ စီယာ တိုင်ကတစ်ဖက်စောင်းနေပြီး ကားစီးရင် တစောင်းကြီးမောင်း နေတယ်လို့ ခံစားရတယ်။ ကား
ဘော်ဒီတွေကဆွေးနေလို့ တိုက်လိုက်ရင် ခံနိုင်ရည်ရှိမယ် မထင်ဘူး။ ထိုင်စီးတော့လည်း သစ်သားထိုင်ခုံပေါ်မှာ တဒုန်းဒုန်းနဲ့ နာတယ်။
မတ်တတ်ရပ်စီးတော့လည်း အရပ်ရှည်ရင် ခေါင်းနဲ့အမိုးနဲ့ ခဏခဏမိတ်ဆက်တယ်”ဟု ပြောပြသည်။

တဖြည်းဖြည်းနှင့် ချက်ကြီးတို့တွင် ယှဉ်ပြိုင်ဘက်များပေါ်လာသည်။ ဘီအမ်၊ ရိန်းဂျား(KM)၊ ဟိုင်းလပ်၊ ဒိုင်နာ၊ ကန်ဒါ၊ မီနီဘတ်စ်စသဖြင့်
ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ယာဉ်အမျိုး အစားအသစ်အသစ်များက လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်းများ သို့ ၀င်ရောက်လာခဲ့သည်။

၁၉၉၁ ခုနှစ်တွင် စီးတီးဘတ်စ်များ ထပ်မံဝင်ရောက်လာပြီး ချက်ကြီးတို့ နေရာစပျောက်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ်
ခုကြာအောင်တော့ ချက်ကြီးတို့ တောင့်ခံနိုင်ခဲ့ကြပါသည်။

၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ချက်ကြီးတို့အပါအ၀င် ဟိုင်းလပ်နှင့် ဒိုင်နာများကို မြို့တွင်း ပြေးဆွဲခွင့် မပြုတော့ဘဲ ဆင်ခြေဖုံးမြို့နယ်များနှင့်
မြို့တွင်းခြောက် မြို့နယ်ပြင်ပတွင်သာ ပြေးဆွဲစေခဲ့သည်။

ရန်ကုန်မြို့တွင် နေ့စဉ် လူပေါင်းလေးသန်းကျော်က ၀မ်းရေးအတွက် ဆင်ခြေဖုံးနှင့် မြို့တွင်းသို့ ယာဉ်များဖြင့် သွားလာလှုပ်ရှားနေကြပြီး
မထသမှ ယာဉ်အစီး ၂၂၀၀ ကျော်၊ သန်မြန်သူ၊ ငြိမ်းချမ်းရေး၊ ရွှေဧည့်သည်၊ ကန္တာရ၀တီ၊ ပါရမီ၊ ပြည်ခိုင်ဖြိုးစသော တခြားပုဂ္ဂလိက
ယာဉ်လိုင်းများ နှင့် ပေါင်းလျှင် ခရီးသည်တင် ယာဉ်ပေါင်းလေးထောင်ကျော်က နေ့စဉ်ပြေးဆွဲနေရသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး၊ ဖျက်သိမ်းရေးအစီအစဉ်အရ ချက်ကြီးတို့၏ နေ၀င်ချိန်ကို ရောက်လာခဲ့သည်။

ကားတင်သွင်းခြင်း လုပ်ငန်းများ ခေတ်စားလာသည်နှင့် ကျပ်သိန်း ၂၀၊ ၃၀ သာရှိသည့် ချက်ကြီးတို့ တန်ဖိုးမှာ ကျပ်သိန်း
၁၀၀ အထိမြင့်တက်လာခဲ့သည်။ ချက်ကြီးတို့၏ ပိုင်ရှင်များသည် သူတို့ကို သံယောဇဉ်ဖြတ်ခဲ့ကြ သည်။ ဈေးကောင်းရသည်နှင့် စွန့်
လွှတ်ပစ်ခဲ့ကြသည်။ ချက်ကြီးတို့ နှင့်အတူ ဒုက္ခရောက်ကြရသူများမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ၎င်းတို့၏ မိသားစုများ
ပင်ဖြစ်သည်။

“နှမြောတယ်။ စိတ်မကောင်းဘူး။ ပြီးတော့ အလုပ်တစ်ခုက နေ နောက်တစ်ခုပြောင်းတာ လွယ်တာမှမဟုတ်တာ”ဟု ယခင်က ချက်ကြီးယာဉ်မောင်းနှင်ဖူးသူ တစ်ဦးကဆိုသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် နှစ်ပတ်အတွင်း ချက်ကြီးအစီး ၉၀ ခန့်ရောင်းထွက်သွားသည်အထိ ချက်ကြီးတို့ရေပန်း စားခဲ့သည်။

သို့သော် အသစ်ဝင်ရောက်လာမည့် ကားသစ်ကား ကောင်းများအတွက် ချက်ကြီးတို့ ပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ လက်အောက်တွင် နှစ်လေးဆယ် ကျော်သက်တမ်းရှိသည့်

ချက်ကြီးတို့ စစ် ကျန်ဘတ်စ်ကား ၃၀၀ ကျော်ရှိ ခဲ့ပြီး အမှတ်(၄၀)နှင့် အမှတ် (၃၆) ယာဉ်လိုင်းများက ယခု လက်ရှိတွင်လည်း ပြေးဆွဲလျက်
ရှိသေးကြောင်း သိရသည်။ တခြားစစ်ကျန်ဘတ်စ်အများစုကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးအစီအစဉ်နှင့်အတူပါသွားခဲ့ပြီ ဖြစ်သည်။

“ကညနက သက်တမ်းကုန်ပြီလို့ ပြောထားတဲ့ယာဉ်တွေ ပြေးဆွဲခွင့်မရှိတော့ပါဘူး။ ပြေးဆွဲရင်လည်း အဲဒါက ကြားကားဖြစ်နေပြီ။
ယာဉ်ထိန်းဥပဒေအရ အရေး ယူခံရနိုင်ပါတယ်”ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မြို့တွင်း)
ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ယခုနှစ် စက်တင်ဘာလထိ အပ်နှံရမည့် စစ်ကျန်ယာဉ် ၂၂ စီးခန့်ရှိနေသေးပြီး တချို့မှာ သံရည်ကျိုစက်သို့
ပို့ဆောင်လိမ့်မည်ဖြစ်ကြောင်း ဦးလှအောင်ကဆိုသည်။

ချက်ကြီးတို့ကတော့ ဖျက် သိမ်းရေးဌာနသို့ ရောက်ရှိပြီး အရိုးတခြားအသားတခြားဖြစ်သွားမှာတော့ သေချာပါသည်။ ချက်ကြီးတို့အပေါ်
သမိုင်းဝင်စစ် ကျန်ယာဉ်အိုကြီးများဟူ၍ တန် ဖိုးထားညှာတာ မည့်သူက ရှားပါးပါလိမ့်မည်။ လူအများက တစ်ချိန်တစ်ခါက ကျေးဇူးရှင်ကို
မျက်ကွယ်ပြုရက်ကြသော်လည်း အမြတ်တနိုးတန်ဖိုးထား စိတ်ဝင်စားသူများလည်းရှိနေပါသည်။ သူတို့ကတော့ ကမ္ဘာလှည့် ခရီးသည်
နိုင်ငံခြားသားများပဲ ဖြစ်ပါသည်။

ကမ္ဘာ့နိုင်ငံများတွင် အမှတ်တရ ထိန်းသိမ်းထားသော ယာဉ်တစ်မျိုးမျိုးကတော့ ရှိတတ်ကြပါသည်။ လန်ဒန်မြို့တွင် အများစိတ်ဝင်စားသည့်
ယာဉ်မှာ လန်ဒန်ဘတ်စ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တုတ်တုတ်ယာဉ် ဖြစ်ပါသည်။ ထိုသို့ပင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာ
လှည့်ခရီးသွားများမှာ ဒုတိယ ကမ္ဘာစစ်ကျန် နိုင်ငံခြားအင်ဂျင်၊ မြန်မာ့လက်ရာ ချက်ပလက်ဗိုက်ပူတို့ကို အထူးတလည်စိတ်ဝင်စား
ကြသည့်အတွက် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များမှာ ချက်ကြီးယာဉ် တချို့ကိုဝယ်ယူ၍ မွမ်း မံပြင်ဆင်အသုံးပြုခြင်းများ ရှိနေသည်။

“ဗိုက်ပူကားတွေရဲ့ အစိမ်း၊ အနီ၊ အဖြူပတ်ဒီဇိုင်းကို Tour တွေက အရမ်း Crazy ဖြစ်တယ်။ တချို့လည်း လေဆိပ်အကြိုအပို့
ကို အဲဒီကားနဲ့သုံးတယ်။ တစ်ယောက်ကို ၁၀ ဒေါ်လာလောက် နဲ့ ၀န်ဆောင်မှုအပေါ်မှာ ဧည့်သည်တွေကကျေနပ်အားရတယ်။ ဒါတွေကို
ထိန်းသိမ်းသင့်ပါတယ်။ ရန်ကုန်က လေးဘီးကားနဲ့ ဗိုက်ပူကားတွေကို ကမ္ဘာကသိတယ်”ဟု Myanmar Voyage ခရီး
သွားလုပ်ငန်းအကြီးအကဲဖြစ်သူမှ ဦးသက်လွင်တိုးကပြောသည်။

ချက်ကြီးကားများနှင့် အကြို အပို့လုပ်ခြင်းကို ကမ္ဘာလှည့်ခရီး သည်များက နှစ်သက်ကြသည့်အ တွက် Tour ကုမ္ပဏီများအနေနှင့် လည်း
ချက်ကြီးကားဟောင်းများကို ၀ယ်ယူကာ စက်ပိုင်းဆိုင်ရာပြု ပြင် ပြောင်းလဲမှုများနှင့် လိုင်စင်ယူလုပ်ဆောင်သင့်ကြောင်း ဦးသက်လွင်တိုးက
အကြံပြုသည်။

“အန်းတစ်အနေနဲ့ အထင် ကရနေရာမျိုးတွေမှာ ဟိုနားဒီနားသုံးဖို့အတွက် အသင့်တော်ဆုံးပဲလို့ ထင်တယ်”ဟု ချက်ကြီးကား ကို စီးနင်းဖူးသော
အသက် ၃၀ ကျော်အရွယ်ကိုတင်ထွဋ်လှိုင်က ပြောသည်။

ရန်ကုန်မြို့တွင် အမှတ်(၄၀) နှင့် (၃၆) ယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေသကဲ့သို့ မော်လ မြိုင်မြို့တွင်လည်း အမှတ်(၇) ယာဉ်လိုင်းမှ လက်ရှိပြေးဆွဲလျက် ရှိနေသေးသည်။ ထိုသို့ပင် တခြား မြို့များတွင်လည်း စစ်ကျန်ချက် ပလက် ဗိုက်ပူကြီးများကို သုံးစွဲနေ ကြဆဲ ဖြစ်သည်။

“ချက်ပလက်တွေက အနှစ် ၇၀ ကျော်ရှိနေကြပြီ။ သုံးဖို့မသင့် တော့တဲ့ အခြေအနေထိ ရောက်နေပြီ။ အနားပေးသင့်ပါပြီ။ တချို့
ကို ပြတိုက်မှာ ထားသင့်တယ်။ မထသက ရွှေရတုတိုင်နေသလို ဒီကားတွေကလည်း စိန်ရတုတိုင်နေပြီ”ဟု မြို့တွင်းစီးယာဉ်လိုင်းပိုင် ရှင်တစ်ဦး ဖြစ်သည့် ဦးမျိုးနိုင်ကပြောသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ရှေးယခင် မြန်မာမင်းများလက်ထက်မှ အသုံးပြုခဲ့သော ပစ္စည်းများကိုသာ ရှေး
ဟောင်းအမွေအနှစ်အဖြစ် ပြတိုက်များတွင် ထိန်းသိမ်းထားခဲ့ပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ယာဉ်ဟောင်းတချို့ကိုတော့ ထိန်းသိမ်းရန်
အစီအစဉ်မရှိကြောင်း သိရသည်။

ချက်ကြီးပိုင်ဆိုင်သူ တချို့အတွက်တော့ ပြင်ဆင်ရန် မတတ်နိုင်သည်က တစ်ကြောင်း၊ ယာဉ်သစ်တင်သွင်းရန် ငွေမလိုက်နိုင်
သည်ကတစ်ကြောင်း စသဖြင့်အကြောင်းအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့ရသူကို လက်တွဲဖြုတ်ခဲ့ကြရတော့သည်။

“နောက်ဆို ချက်ပလက် ဗိုက်ပူကားတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ ဓာတ်ပုံတွေထဲမှာ ပြန်ကြည့်မှ နောက်လူတွေ မြင်ဖူး
တော့မယ်။ အခုတောင် သိပ်မကျန်တော့ဘူး။ နောက်နှစ်တွေဆို ရှိတော့မှာ မဟုတ်ဘူး။ ဟိုတယ်တွေက ချက်ပလက်တွေကို
တော်တော်ကောင်းအောင် ပြင် ထားတာတွေ့ဖူးတယ်။ ငပလီမှာလည်း ရှိတယ်။ ပါရမီစိန်ဂေဟာ ရှေ့မှာလည်း ချက်ပလက်ကားကို
သေချာလှလှပပ ပြင်ဆင်ပြီး ကော်ဖီဆိုင်လို လုပ်ထားတာ ရှိတယ်။ အခု ကျန်နေသေးတဲ့အထဲက တချို့ကို မဖျက်ဆီးပစ်ဘဲ ပြန်ပြင်ပြီး
အသုံးဝင်တဲ့ တစ်နေရာမှာ သုံးသင့်တယ်။ ဗိုက်ပူကားတွေ မျိုးတုံးနေပြီ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

သံရည်ကျိုစက်သို့ ရောက်ရှိသွားသည့် ယာဉ်များ မနည်းတော့သည့်အတွက် တဖြည်းဖြည်းနှင့် ချက်ကြီးကိုမြင်တွေ့ရမှုလည်း လျော့ပါးလာခဲ့ပြီ
ဖြစ်သည်။ ချက်ကြီးတို့ နေရာတွင် စီးတီးဘတ်စ် အကောင်းစားကြီးများက နေရာဝင်ယူသွားခဲ့ပြီ ဖြစ်သည်။

“အခုက လက်လွန်သွားပြီ”ဟု ယခင်က ချက်ကြီးမောင်းနှင်ဖူးပြီး လက်ရှိစစ်ကျန် ဒေါ့ဂျစ်ယာဉ်အိုတစ်စီးကို ပိုင်ဆိုင်ထားဆဲဖြစ်သော
ဦးသန်းအောင်က သက်ပြင်းချရင်း ပြောပါသည်။

ချက်ကြီး၏ နေ၀င်ချိန်မှာမဝေးတော့ပါ။ သူက အိုမင်းလွန်းနေပြီ ဖြစ်သည့်အတွက် လုပ်ငန်း ခွင်ဝင်ရန်လည်း မစွမ်းနိုင်တော့ပါ။

ပိုင်ရှင်ဖြစ်သူရဲ့စိတ်ထဲမှာ ဘာ တွေတွေးနေသည်ဆိုတာ ချက် ကြီး မသိနိုင်ပါ။ သူ့ဘ၀ရဲ့ နောက် ဆုံးအချိန်မှာ ဘာတွေဖြစ်လာဦး မည်
ဆိုတာလည်း ချက်ကြီး မသိနိုင်ပါ။ တစ်ချိန်က သူ့ကိုအားကိုး အားထားပြုခဲ့ကြသူတို့သည် ပြောင်းလဲလာသည့် ခေတ်နှင့်အညီသူ့ကို
စိမ်းစိမ်းကားကားပင် နှုတ်ဆက်လိုက်ကြပါပြီ။ ။

အေးချမ်းမွန်မှ 7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :7Day News Journal
နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများအားကိုး အားထားပြုခဲ့ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့

လာခဲ့ကြပါပြီ။ အသက်အရွယ်အားဖြင့်လည်း စိန်ရတုတိုင်လာပြီဖြစ်သည့် သူ့မှာ နာမကျန်းသည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ
သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါးသွားသည့်ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ်သည်။ သူ့ဘ၀ရဲ့နေ၀င်ချိန်က သိပ်မဝေးတော့။

သူ့ကို လူတွေကချက်ကြီးလို့ ခေါ်ကြသည်။များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည်
ဝမ်းဗိုက်ပူပူကြီးရှိသော ချက်ပလက် (Chevrolet)ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။

ဦးဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲ

Photo: ဦးဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲ


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း
သတင်းရရှိသည်။

ဦးဘရန်ရှောင်ကို ကချင် လွပ်လပ်ရေး တပ်မတော်(KIA) ၏ ဝန်ထမ်းနှင့်
ဖောက်ခွဲရေးသမားဟု စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) က စွပ်စွဲဖမ်းဆီး
ခဲ့ပြီး ဇူလိုင်လမှစတင်ကာ တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ယခုလ ၂၂ ရက်နေ့က စွဲဆိုလိုက်ခြင်းဖြစ်သည်။

“၂၀၀၄ ကနေ ၂၀၁၁ ဇွန်လထိ KIA ဝန်ထမ်းဖြစ်တယ်ဆိုပြီး စရဖ – ရဲတွေ စွပ်စွဲတဲ့ဟာကို တရားရုံးကနေ လက်ခံပြီး စွဲချက်တင်လိုက်တာပေါ့”ဟု ဦးဘရန်ရှောင် ၏ ရှေ့နေ ဦးဂျီမာခါး က ဧရာဝတီသို့ ပြောသည်။

စွဲချက် တင်ထားသော်လည်း ဦးဘရန်ရှောင်ဘက်မှ အပြစ်မရှိကြောင်း ထွက်ဆိုထားသဖြင့် တရားခံဘက်မှကြားနာမှုကို ယခုလ ၂၉ ရက် နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

တရားလိုပြသက်သေ ၁၇ ဦးကို ကြားနာအပြီးတွင် ဦးဘရန်ရှောင်အနေဖြင့် အမှုမှ လွတ်မြောက်နိုင်သည့် အနေအထားတွင် ရှိသော်လည်း ယခုကဲ့သို့ စွဲချက်တင်လိုက်သဖြင့် စိတ်ပျက်မိကြောင်း၊ လွတ်မြောက်ရေးအတွက် ခုခံချေပသွားရန်ရှိကြောင်း ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

“အခု ၁၇ ယောက် ကြားနာတဲ့အခါမှာ ၅ ယောက်ပဲ ဦးဘရန်ရှောင်ဟာ KIA လုပ်တယ်လို့ ထွက်ဆိုတာ၊ ကျန်တဲ့ ဒေသခံတွေ၊ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက ဦးဘရန်ရှောင်ဟာ KIA မလုပ်ဘူး၊ ရွာသားဖြစ်တယ်
ဆိုတာ တရားရုံးမှာ အတိအလင်း ထွက်ဆို သွားတာ ရှိတယ်၊ ဒါတွေကို လုံးဝ ထည့်သွင်းမစဉ်းစားဘူး၊ အပစ်မဲ့ပြည်သူတယောက်ကို အခုလို ၄ လ လောက် ဖမ်းဆီးချုပ်နှောင် ထားပြီး တရားစွဲတာဟာ လုံးဝ မျှတမှု
မရှိဘူး”ဟု သူက ဆက်ပြောသည်။

အမှုရင်ဆိုင်နေရစဉ် ကာလအတွင်း ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့ရှိ
ထောင်ကြီးအချုပ်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ဦးဘရန်ရှောင်ကို ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒု ရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူ၍ စစ်ဆေးခဲ့သည်။

ယင်းသို့ စစ်ဆေးပြီးနောက် ဦးဘရန်ရှောင်၏ မျက်နှာ ဦးခေါင်းနှင့် ခန္ဓကိုယ်တွင် ပြင်းထန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ သို့သော် လည်း ထိုဒဏ်ရာများကို တရားရုံးက ဓာတ်ပုံမှတ်တမ်းယူခွင့် မပြုကြောင်း သူ၏ ရှေ့နေနှင့် အခြားမျက်မြင်များက ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ်ရှိ ရှေ့နေများ၏ မှတ်တမ်း ပြုစုထားချက်များအရ
မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် KIA နှင့် ဆက်နွယ်
သူများဟု ဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် စွပ်စွဲ
ဖမ်းဆီးထားသူ ၇၀ ကျော်ရှိကြောင်း သိရ သည်။

ကချင်ပြည်နယ်အတွင်း ယခုနှစ် ဇူလိုင်လပိုင်းမှ အောက်တိုဘာလ အထိ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခံရသူ ၄၀ ကျော်အနက် ၇ ဦး ခန့်သာ လွတ်မြောက်ခဲ့ပြီး ကျန်လူများမှာ ထောင်ဒဏ်ကျခံရသူများဖြစ်သည်ဟု
ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။

ပုဒ်မ ၁၇/၁ အရ မည်သူမဆို တရားမဝင် အသင်းဝင်ဖြစ်လျှင်၊ ထိုအသင်း
တခုခု၏ အစည်းအဝေးများတွင် ပါဝင် ဆောင်ရွက်လျှင်၊ ထိုအသင်းကိစ္စ တခုခုအတွက် ငွေကြေးထောက်ပံ့လျှင်၊ လက်ခံရယူလျှင် သို့မဟုတ်
တောင်းခံလျှင်၊ အသင်း၏လုပ်ကိုင် ဆောင်ရွက်ရာတွင် တနည်းနည်းဖြင့် ကူညီလျှင် ထိုသူသည် ထောင်ဒဏ် ၂ နှစ်ထက်မနည်း၊ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း ကျခံစေ
ရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
က ပြည်သူများ၏အခွင့်အရေး၊ လွတ်လပ်ခွင့်များကို ပိတ်ပင်ထားသော ဥပဒေများကို ဖျက်သိမ်းသင့်ကြောင်း ယမန်နေ့ နေ့လယ်ပိုင်းက လွှတ်တော်
ရပ်နားချိန်အတွင်း သတင်းထောက် များကို ပြောဆိုထားသည်။

“ပြည်သူတွေရဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ၊ ကန့်သတ်တဲ့ ဥပဒေ
တွေဆိုရင် အားလုံး ဖျက်သိမ်းရမယ်၊ ပုဒ်မ ၁၀ တင် မဟုတ်ဘူး၊ ပုဒ်မ ၅ လည်းရှိသေးတယ်၊ နောက်ပြီးတော့ ၁၇ စသဖြင့် နိုင်ငံရေးအရ ကိုယ်မလို
လားတဲ့သူတွေကို ဆင်ခြေပေးပြီးတော့ ဖမ်းနိုင်တဲ့ ဥပဒေမှန်သမျှဟာ ဖျက်သင့်တယ်လို့ ထင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ကချင် ဒုက္ခသည် ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့နယ်တရားရုံးက မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် တနင်္လာနေ့က တရားစွဲဆိုလိုက်ပြ
ီ ဖြစ်ကြောင်း
သတင်းရရှိသည်။

ဦးဘရန်ရှောင်ကို ကချင် လွပ်လပ်ရေး တပ်မတော်(KIA) ၏ ဝန်ထမ်းနှင့်
ဖောက်ခွဲရေးသမားဟု စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) က စွပ်စွဲဖမ်းဆီး
ခဲ့ပြီး ဇူလိုင်လမှစတင်ကာ တရားလိုဘက်မှ လျှောက်လဲချက်များကို ကြားနာပြီး ယခုလ ၂၂ ရက်နေ့က စွဲဆိုလိုက်ခြင်းဖြစ်သည်။

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

Photo: ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး

ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေးတာပါ။ အခုဘဲ ထွက်ပြေး
တာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။

“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေလောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။

ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့်မွတ်လင်များအကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး အိမ်ခြေရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူ
များလည်းရှိခဲ့ကြောင်း သိရသည်။

“ မွတ်ဆလင်တွေ ဘက်ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာ
ရတဲ့သူတွေကလည်း အများအပြားရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့
ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။

အေးချမ်းမွန်မှ Narinjara တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Narinjara
ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသ
ည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေးတာပါ။ အခုဘဲ ထွက်ပြေး
တာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ

Photo: မောင်တောမြို့နယ် ဖက်ဝန်းချောင်းကျေးရွာ စိုးရိမ်ဖွယ်အခြေအနေရှိ

Written by အာရ်ကန်တိုင်းမ်စ်     Wednesday, 24 October 2012 16:09
      
မောင်တောမြို့နယ် ဝန်ထမ်းများနေထိုင်သည့် ဖက်ဝန်းချောင်းကျေးရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ သွားရောက် အကြောင်းကြားသော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဒေသခံက "ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့အခြေအနေကို တွေ့တဲ့အတွက် ဒေသခံ ရဲကို သွားပြီးအကြောင်း ကြားပါတယ်။ အကြောင်းကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ လာခဲ့မယ်လို့ပြောပါတယ်။ ပြဿနာမဖြစ် သေးတဲ့အတွက် မလာဘူးဆိုတဲ့သဘောပေါ့။ ပိုပြီးတော့ စိုးရိမ်ရတာက ကျနော်တို့ရွာမှာ အိမ်ခြေ ၅၀ ဝန်းကျင်လောက်ဘဲ ရှိပါတယ်။ ရွာသူ ရွာသားတွေကတော့ တအားစိုးရိမ်နေကြပါတယ်။" ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

"ကျနော်တို့ ဖက်ဝန်းချောင်းရွာနားမှာ ရှိတဲ့ဘင်္ဂလီရွာက ဘင်္ဂလီတွေက လူတွေ စုစည်းပြီးတော့ တိုက်ခိုက်တဲ့မယ့်အရိပ် အရောင်ပြနေတဲ့အတွက် ရွာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေကို မောင်တောမြို့နဲ့ နီးစပ်ရာ ကျေးရွာတွေကို ပို့ထားပါတယ်။ ယောက်ျားတွေကတော့ ရွာမှာ ကင်းစောင့်တဲ့သဘောနဲ့ ကျန်ခဲ့ပါတယ်။ ဘင်္ဂလီတွေက ဒီနေ့ဖြစ် မနက်ဖန်ဖြစ်ဖြစ် တိုက်ခိုက်လာနိုင်ပါတယ်။" ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အောက်တိုဘာလ ၂၃ရက် မနေ့ညနေပိုင်းက မောင်တောမြို့ ၄ ရပ်ကွက်တွင်ရှိသော ရခိုင်ဈေးဆိုင်ခန်းများအား ဘင်္ဂလီ ၃၀ကျော်ခန့်လာရောက် ဖျက်ဆီးရန် ကြိုးစားခဲ့ပြီး၊ ရဲနှင့် လုံထိန်းများက အချိန်မှီထိန်းသိမ်းလိုက်နိုင်၍ ပျက်ဆီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရှိရသည်။

"ရပ်ကွက် ၄ စာကြည့်တိုက်နားမှာရှိတဲ့ ဆိုင်ခန်းတွေမှာက ရခိုင်တွေ အိပ်ကြတယ်၊ အဲဒါဘင်္ဂလီ ၃၀ကျော်လောက်က လာပြီးတော့ အဲဒီဆိုင်ခန်းတွေကို လေးကွနဲ့ပစ်တယ်၊ သံချောင်းတွေခေါက်ပြီးတော့ ရုတ်ရုတ်လုပ်နေကြတယ်။ ခဏနေတော့ လုံခြုံရေးရဲတွေရောက်လာကြပြီး လူစုခွဲပစ်လိုက်တယ်။ ဒီနေ့တော့ မောင်တောမြို့ပေါ်မှာ အခြေအနေတွေက သိပ်မထူးဆန်းဘူး။ အားလုံးပုံမှန်ပါဘဲ"ဟု မောင်တောမြို့ခံ ကိုထွန်းအေးက ပြောသည်။

အေးချမ်းမွန်မှ Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
မောင်တောမြို့နယ် ဝန်ထမ်းများနေထိုင်သည့် ဖက်ဝန်းချောင်းကျေးရွာတွင် ဘင်္ဂလီများ၏တိုက်ခိုက်မည့် အန္တရာယ်ကို စု
ိးရိမ်နေကြသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ သွားရောက် အကြောင်းကြားသော်လည်း တစ်စုံတရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အဆိုပါ ဒေသခံက "ဘင်္ဂလီတွေရဲ့ အင်အားစုစည်းနေတဲ့အခြေအနေကို တွေ့တဲ့အတွက် ဒေသခံ ရဲကို သွားပြီးအကြောင်း ကြားပါတယ်။ အကြောင်းကြားတော့ ရဲကပြောတာက ပြဿနာဖြစ်တဲ့အခါမှ လာခဲ့မယ်လို့ပြောပါတယ်။ ပြဿနာမဖြစ် သေးတဲ့အတွက် မလာဘူးဆိုတဲ့သဘောပေါ့။ ပိုပြီးတော့ စိုးရိမ်ရတာက ကျနော်တို့ရွာမှာ အိမ်ခြေ ၅၀ ဝန်းကျင်လောက်ဘဲ ရှိပါတယ်။ ရွာသူ ရွာသားတွေကတော့ တအားစိုးရိမ်နေကြပါတယ်။" ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။

စစ်တွေတွင် လက်နက်မျိုးစုံဖမ်းဆီးရမိသတင်းမှာ မှန်ကန်မှုမရှိဟု ရခိုင်ပြည်နယ်ရဲမှူးကြီး အတည်ပြုပြောကြား

စစ်တွေမြို့
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လက်နက်မျိုးစုံဖမ်းဆီးရမိသည့်သတင်းမှာမှန်ကန်မှုမရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက အတည်ပြုပြောကြားသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ဘင်္ဂလီမူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာရပ်ကွက် တွင် အသုဘတစ်ခုဖြစ်ပွားခဲ့ပြီး ထိုအ

သုဘကိုသဲချောင်းရွာရှိ မူဆလင်ဘာသာဝင်များအသုံးပြုသော သင်္ချိုင်းသို့သွားရောက်မြှုပ်နှံပြီးအပြန်တွင် သဲချောင်းရွာမှဘင်္ဂလီမူဆလင်ဘာသာဝင်များက ထည့်ပေး လိုက်သော M-19 လောင်ချာ ၅ လက်နှင့်အခြားလက်နက်မျိုးစုံကိုသယ်ဆောင်လာကြောင်း ရခိုင်ပြည်သူ တစ်ဦးက စစ်တပ်သို့ဖုန်းဆက်အကြောင်း ကြားခဲ့ရာမှ ဖမ်းဆီးရရှိခဲ့ကြောင်း အင်တာနက်ပေါ်ရှိ Arakan Review ၀က်ဘ်ဆိုဒ်တွင်သတင်းဖော်ပြခဲ့ကြောင်းသိရသည်။

အရက်မူးနေသူကို ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးသွားသဖြင့် ရဲဝန်ထမ်းလေးဦးအား လူသတ်မှုပုဒ်မဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထား

ပဲခူတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်ခန့် တွင် အရက်မူးနေသူအား ဖြူးမြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများက ဖမ်းဆီးထိုးကြိတ်ကာ သေဆုံးမှု ဖြစ်ပွားသဖြင့် ခုံရုံးအဖွဲ့ဖွဲ့ကာ စစ်ဆေးစုံစမ်းမှုများ ပြုလုပ်ပြီးနောက် ပြစ်
မှုနှင့်ပတ်သက်မှုရှိသူ ရဲဝန်ထမ်းလေးဦးအား လူသတ်မှု ပုဒ်မ(၃၀၂) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စက်တင်ဘာလ ၁ ရက်နေ့ ည ၉နာရီ အချိန်ခန့်တွင် ဖြူးမြို့နယ် အနောက်ဘက် ခင်တန်းကြီးကျေးရွာနေ လင်းကိုကိုထက်(ခ)ကိုလင်း (ခ) ရွာသားကြီး(၂၄)နှစ်သည် ဖြူးမြို့ နယ်ရဲစခန်းနှင့် လမ်းမတစ်ဖက်ခြမ်း မျက်စောင်းထိုးခန့်ရှိ “လောကနတ်” စားသောက်ဆိုင်တွင် အရက်သောက် စားခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis