menu

Wednesday 5 September 2012

MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံလုပ်ငန်းမှ ပြည်ပ၌ တစ်ဆင့် အာမခံထားရှိ




5233
မြန်မာ့လေကြောင်း၏ ပြည်တွင်းခရီးစဉ်တစ်ခု၌ လိုက်ပါလာသော ခရီးသည်များ ဓာတ်ပုံ-ရွှန်းလဲ့ဝင်း
MAI နှင့် Air Bagan လေကြောင်းလိုင်းနှစ်ခုကိုသာ မြန်မာ့အာမခံ လုပ်ငန်းမှ ပြည်ပ၌တစ်ဆင့် အာမခံ ထားရှိပြီး ကျန်လေကြောင်းလိုင်းများ၏ လေကြောင်းအာမခံအား မြန်မာ့အာမခံ လုပ်ငန်းမှသာ တာဝန်ယူ လုပ်ကိုင်နေကြောင်းမြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ၏ ပြောကြားချက်အရ သိရှိရပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံပိုင်လေ ကြောင်းလိုင်းဖြစ်သော မြန်မာ့လေ ကြောင်းနှင့် ပုဂ္ဂလိကလေကြောင်း လိုင်းများဖြစ်သော MAI, Air Bagan, Asia  Wings, Air Mandalay, Air KBZ,YangonAirways ဟူ၍ လေကြောင်းလိုင်း ခြောက်ခုဖြင့် ခရီးစဉ်များကို ပျံသန်းလျက်ရှိသည်။
“MAI လေကြောင်းလိုင်းက နိုင်ငံတကာကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်လို့ တစ်ဆင့် အာမခံထားရှိပြီး Air Bagan ကတော့ လေကြောင်းလိုင်းပိုင်ရှင်ရဲ့ဆန္ဒအရ တစ်ဆင့်အာမခံထားရှိတာ ဖြစ်ပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

ကျပန်းပြောတဲ့သူ


တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ဒီမိုကရေစီခိုင်မာရေးကို ဦးတည်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပုသိမ်၊ စက်တင်ဘာ - ၁

တစ်ဦးတစ်ယောက်တည်း နေရာရရေးထက် ပြည်သူများအား ဒီမိုကရေစီ ခိုင်မာရေးကိုသာ ဦးတည်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒီမိုကရေစီ အရွယ်ရောက် ခိုင်မာလာပါက ဒီမိုကရေစီခေါင်းဆောင်များ မလိုအပ်တော့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကမ္ဘာကပင် ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဟု သတ်မှတ်ခံရသော ဒေါ်အေ

ာင်ဆန်းစုကြည်က... စက်တင်ဘာ ၁ ရက်၊ နေ့လယ်ပိုင်းက ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ဒေသခံများအား ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ ရေဘေးဒဏ်သင့် ရပ်ကွက်တချို့သို့ သွားရောက်ကာ ကျန်းမာရေးရန်ပုံငွေအတွက် မတည်ငွေ ကျပ်သိန်း ၂၀ ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒေသခံများ တင်ပြကြသည့် လိုအပ်ချက်များကို နားထောင်ကာ ပြန်လည်ဆွေးနွေးခဲ့သည်။ ပုသိမ်မြို့နယ် အင်န်အယ်လ်ဒီရုံးချုပ်ရှေ့ရှိ ဒေသခံလူထုများအား မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းဟောပြော သွားခဲ့ခြင်းဖြစ်သည်။

ဒယ်အိုးဆရာတော်က ရခိုင်ပြဿနာမှာ နိုင်ငံတော် လုံခြုံရေး ပြဿနာ ဖြစ်ကြောင်း အမေရိကန်တွင် ပြောကြား

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီး ကျောင်း၏ စုပေါင်း ၀ါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင်  နိုင်ငံကျော်ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က “ညီညွတ်ကြမှချမ်းသာရ” သစ္စာတရား ရေအေးတော်ကို တိုက်ကျွေး ဟောကြားခဲ့သည်။

ညနေချမ်းအချိန်တွင် ပြုလုပ်သော အဆိုပါ တရားပွဲတော်တွင် ဆရာတော် ဥူးသုမင်္ဂလက လက်ရှိ ရခိုင်ပြည်နယ် တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်ပြီး ဟောပြောသွားရာတွင် ရခိုင် ပြဿနာ မှာ အမျိုးသားရေး ပြဿနာ ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဂန္ဓာလရာဇ်ဈေးတန်းကို ဖြတ်သန်းခြင်း(ရေးသားသူ- မောင်သာချို)

(တစ်)

ကွန်မြူနစ်ပါတီ ကြီးစိုးသော တရုတ်ပြည်ကြီး၌ နိုင်ငံကို စီးပွားရေးအရ ခေတ်မီရန် ကြိုးစားကာ “To get rich is glorious” ချမ်းသာတာဟာ
ဂုဏ်ရှိတာပေါ့ဟု ဆိုလိုက်သဖြင့် အံ့သြစရာ ကွန်မြူနစ်တစ်ယောက်အဖြစ် ကမ္ဘာက လှမ်းကြည့်ရသူမှာကား တိန့်ရှောင်ဖိန်ပင် ဖြစ်ပါသည်။ “Deng Xinoping” သို့မဟုတ် “Teng Hsiao-Ping”ဟု စာလုံးပေါင်းသူ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆော

င်နှင့် ၀န်ကြီးချုပ်။ ခုတော့ဖြင့် သူလည်း ဤကမ္ဘာမြေပေါ်၌ သက်ရှိထင်ရှား မရှိတော့ပါလေပြီ။

သို့သော် သူ့နှုတ်မြွက်စကား “To get rich is glorious”ဆိုသည့် သြ၀ါဒအတိုင်း ချမ်းသာခြင်းကို ဂုဏ်အဖြစ် ခံယူလျက် တရုတ်တစ်ပြည်လုံး ချမ်းသာဖို့ တစ်နည်းအားဖြင့် ပိုက်ဆံရဖို့ ကြိုးစားရာက စီးပွားရေးအရ မဟာအင်အားကြီး နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်မှာလည်း အများအသိပင် ဖြစ်ပါသည်။

နိုင်ငံတကာ ဧည့်သည်တော်များအတွက် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းမည်

2012 Audi A6
ရန်ကုန်၊ စက်တင်ဘာ - ၃

လာမည့်နှစ်များတွင် ပြုလုပ်မည့် အာဆီယံဆိုင်ရာ အစည်းအဝေးများ၌ နိုင်ငံတကာမှ လာရောက်မည့် အထူးဧည့်သည်များ အသုံးပြုရန်အတွက် တန်ဖိုးမြင့် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများကို တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမ

ှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

တင်ဒါခေါ်ယူရာတွင် မာစီဒီးနှင့် လပ်ဇပ်ယာဉ် ၉၂ စီး၊ တိုယိုတာ Camry အစီး ၅၀၊ Audi A-6 အစီး ၃၀၊ စုစုပေါင်း ၁၇၂ စီး တင်သွင်းခွင့် ပြုမည်ဖြစ်ရာ တန်ဖိုးအကြီးဆုံး ယာဉ်အဖြစ် မာစီဒီးမှာ အဓိက ပါဝင်လာနိုင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကပင် ပြောကြားသည်။

“ဌာနအတွက် အသုံးပြုမှာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေမှာ အရေးကြီးဧည့်သည်တွေ အတွက်ပါ”ဟု ၎င်းကပင် ပြောကြားသည်။

ဇယား ၃ နဲ့ ငြိနေတဲ့ ဦးအောင်သိန်းလင်း

ဒီတပတ် တနင်္လာနေ့လွှတ်တော်မှာ ဦးအောင်သိန်းလင်းရဲ့ စားကျက်မြေဆိုင်ရာ အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD အမတ်တွေ၊ ဒီမိုကရက်တစ်ပါတီအမတ်တွေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ထိုင်နေခြင်းဖြင့် ကန့်ကွက်ခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်မှာ အင်အားအများဆုံးဖြစ်တဲ့
ကြံ့ဖွံ့ပါတီအမတ်တွေက ထောက်ခံတဲ့အတွက် မဲအများဆုံးရပြီး ပြည်သူ့လွှတ်တော်က ဒါကို လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်တို့က ဘာကြောင့် ကန့်ကွက်ရပါသလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅  ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်တာက တယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး တရားစွဲဆိုထားပြီး  တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။

စင်ကာပူလေကြောင်း မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်

စင်ကာပူ၊ စက်တင်ဘာ-၅

မြန်မာနိုင်ငံသို့ ခရီးသွားလာမှု အလျင်အမြန် ကြီးထွားလာခြင်းကို ဖြည့်ဆည်းရန် စင်ကာပူနိုင်ငံ အမျိုးသားလေကြောင်း Singapore Airlines က
မြန်မာနိုင်ငံသို့ နေ့စဉ်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့ စတင်မည့် ၀န်ဆောင်မှုတွင် စင်ကာပူလေကြောင်းက

၎င်း၏ လက်ခွဲကုမ္ပဏီဖြစ်သော Silk Air ၏ အချို့ခရီးစဉ်များကို လွှဲပြောင်းရယူမည်ဖြစ်

သည်။

စင်ကာပူလေကြောင်းအနေဖြင့် လက်ရှိ Silk Air က အသုံးပြုနေသော လျှောက်လမ်းတစ်ခုတည်းပါ Airbus A 320 လေယာဉ်များအစား ထိုင်ခုံ
၃၂၃ ခုံပါသော ကိုယ်ထည်ကျယ်ဝန်းသည့် Boeing 700-200 လေယာဉ်များ အသုံးပြုသွားမည်ဖြစ်သည်။

"ဗုံးဖောက်ခွဲသူအဖြစ် စွပ်စွဲထားမှုများအပေါ် ဆွေးနွေးပြီးပြီဟု ပြည်သစ်ညွန့်ဝေ ပြောကြား"

"ဖုန်းသုံးစွဲသူများအကြိုက် ကျပ်တစ်သောင်း အောက်ငွေဖြည့်ကတ် ထုတ်မည်"

ကျပ် တစ်သောင်းအောက် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ”လက်ရှိရောင်းပေးနေ တဲ့ ငွေ ဖြည့် ကတ်နှုန်း ထားထက် လျော့နည်းမှာပါ။ ကျပ် ငါးထောင်တန် ကတ် ဖြစ်နိုင် သလို ကျပ်သုံးထောင် တန်ကတ် လည်း ဖြစ်နိုင်ပါတယ်။ ငွေဖြည့်ကတ် တန်ဖိုး အတိအကျ သတ်မှတ်ပြီးရင်တော့ ထုတ်ပြန်ကြေညာပေး သွားမှာပါ”ဟု မြ
န်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ အဆိုပါ ငွေဖြည့် ကတ် များ ထုတ်လုပ်ခြင်းကို ယခုနှစ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပေး မည်ဖြစ်သော်လည်း ရောင်းချ ပေးနိုင်၊ မပေးနိုင်ကို အတိအကျ မသိရှိသေးကြောင်း၊ လာမည့်နှစ် တန်ဖိုးနည်းဖုန်းများ ရောင်းချသည့် ကာလတွင် ယင်းကတ်များ ရောင်း ချခြင်းကို အမှန်တကယ်ပြုလုပ်ပေး နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြော သည်။

မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် ပရိဘောဂ စက်ရုံတွင်မီး လောင်မှု ဖြစ်ပွား

လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား

ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။
AFP
စိုက်ပျိုးရေးအတွက် နွားနှင့်ဖက်၍ ထွန်ယက် လုပ်ကိုင်နေသော မြန်မာ တောင်သူလယ်သမား သားအဖ ဖြစ်ပါသည်။ (Photo: AFP)
အဲဒီ တရားစွဲဆိုခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင်ဆိုသူကို အာဏာပိုင်တွေက ဖမ်းဆီးရမိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမားတစ်ဦးက ပြောပါတယ်။

အမှန်တရားနဲ့ အမေ့စကား(နီမင်းဆွေ)




ကိုယ်ငယ်စဉ်တုန်းက မဟုတ်တာတစ်ခုခုကို လုပ်ချင်မိပြီဆိုရင် ဘာရယ်ညာရယ် သိပ်စဉ်းစားမနေတော့ဘူး၊ စွတ်ရွတ်ပြီး လုပ်ချလိုက်တာပဲ။ ကိုယ်လုပ်တဲ့အလုပ်ကို တစ်ချိန်ချိန်မှာ လူတွေသိသွားနိုင်သလား၊ နောက်သိသွားရင် လူတွေကိုယ့်ကို ဘယ်လိုထင်သွားနိုင်မလဲဆိုတာတွေကို မစဉ်းစားခဲ့ပါဘူး။ အထူးသဖြင့် အသက် ၁၈ နှစ် ၁၉ နှစ်သား အရွယ်လောက်တုန်းကဆို ပိုဆိုးပါတယ်။ အဲဒီလိုလုပ်လိုက်လို့ ပြဿနာတွေတက်လာပြီဆိုရင် ကိုယ့်အတွက် သွားရှင်းရလိုက် တောင်းပန်ရနဲ့ အမေ့ ခမျာ ဒီသားတစ်ယောက်အတွက် စိတ်ဆင်းရဲခဲ့ရတဲ့ အကြိမ်ပေါင်းဟာလည်း မနည်းခဲ့ပါဘူး။
တစ်ခါမှာတော့ အမေဟာ ကိုယ့်ကြောင့် တက်သွားရတဲ့ ပြဿနာတစ်ခုကိုရှင်းပြီးပြန်အလာ ကိုယ့်ကိုခေါ်ပြီး'သားက မဟုတ်တာတွေကို သိပ်လုပ်ချင်ပြီး၊ အဲဒီအလုပ်တွေကို လူမသိအောင်လုပ်တဲ့နည်းလမ်းလည်း မသိဘူး'လို့ ကိုယ့်ကို ပြောလိုက်ပါတယ်။ ကိုယ်လည်း တော်တော်ဝမ်းသာသွားပြီး 'မဟုတ်တာကို လူမသိအောင် ဘယ်လိုလုပ်ရလဲ အမေ' လို့ ပြန်မေးမိပါတယ်။ အဲဒီတော့မှ အမေက 'မဟုတ်တာကို လူမသိအောင် လုပ်တဲ့နည်းကတော့ အဲဒီအလုပ်ကို အစကတည်းကမလုပ်ဘဲ နေလိုက်ရုံပဲပေါ့သားရယ်'လို့ ပြန်ပြောခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာဖြစ်ပွားနေသည့်စစ်ပွဲများကြောင့် ကယ်ဆယ်ရေးစခန်းများတွင်ဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်အထိရှိလာ




ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများအား တွေ့မြင်ရစဉ်
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူ ဒုက္ခသည်ဦးရေ ၉၀၀၀၀ ကျော်အထိ မြင့်တက် လာပြီး ဒေသခံပြည်သူအများစုမှာ ပညာရေး၊ စားဝတ်နေရေး၊ လူမှုရေး စသည့် ကဏ္ဍစုံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဒေသခံများနှင့် ကချင်အဖွဲ့အစည်းများမှ လိုလားနေကြောင်း သတင်းရရှိပါသည်။

ကချင်အမျိုးသားအစည်းအရုံး၊ ကချင်အမျိုးသမီးအစည်းအရုံး၊ ကချင်သတင်းဋ္ဌာန၊ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်၊ ကချင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့နှင့် အခြားသော ကချင်အဖွဲ့အစည်းများမှ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ် မြောက်ရေးတပ်မတော်တို့၏ တပ်စခန်းများကို ဦးတည် ထိုးစစ်ဆင်နေသည့် တပ်ရင်းပေါင်း ၈၀ ကျော်၏ ထိုးစစ်များ ရပ်တန့်ပေးရန်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်သည့် စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအား ကချင်လွတ် မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အခြားသော ကချင်အဖွဲ့အစည်းများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးစေလိုသည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

မို့မို့မြင့်အောင်လည်း အမည်ပျက်စာရင်းထဲ ရောက်ခဲ့

စစ်ဗိုလ်ချုပ်ကြီးတို့က ၎င်းတို့အတွက် ၀ါဒဖြန့်ချိရေး ဇာတ်ကားများ ရိုက်ကူးသရုပ်ဆောင်ပေးခဲ့သည့် မင်းသမီးကြီး မို့မို့မြင့်အောင်ကို ပြီးခဲ့သည့် ရက်ပိုင်းကာလအထိ အမည်ပျက်စာရင်း သွင်းထားခဲ့ကြသည်။

ရာပေါင်းများစွာသော မြန်မာပြည်သားတို့၏ အမည်များကို အမည်ပျက်စာရင်းမှ ယခင်တပတ်က ထုတ်ပြန်ရာတွင် ၀ါရင့်မင်းသမီးကြီး အကယ်ဒမီ မို့မို့မြင့်အောင်၏ အမည် ပါဝင်နေသည်ကို တွေ့ကြရသည်။

ထိုကဲ့သို့သော ထူးခြားအံ့သြဖွယ်ဖြစ်ရပ်ဆန်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်အခြေစိုက် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်က မင်းသမီးကြီးကို ဆက်သွယ် မေးမြန်းခဲ့သည်။

မင်းသမီးကြီးက “ဘယ်တုန်းက ပိတ်ထားမှန်း မသိခဲ့ပါဘူး။ အဲ့ဒီစာရင်း ထွက်လာတဲ့အချိန်မှာ ကိုသူရ (ဇာဂနာ )နဲ့တောင် ပြောဖြစ်သေးတယ်။ နာမည်ရော၊ အဖေနာမည်ရော မှန်နေတယ်။ မှတ်ပုံတင်နံပါတ်က အရင်တုန်း ကထုတ်ပေးထားတဲ့ ကဒ်နံပါတ်ပါ” ဟု အဆိုပါ ဂျာနယ်ကို အသေးစိတ် ရှင်းလင်းပြောပြခဲ့သည်။

ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာမှုပြင်းထန်နေစဉ် ဟီလာရီကလင်တန်နှင့် တရုတ်သမ္မတတွေ့ဆုံ

ဘေဂျင်း၊ စက်တင်ဘာ ၅

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်နေစဉ်အချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်သမ္မတ ဟူဂျင်တောင်နှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂ရက်ကြာအလည်အပတ်ေ

ရာက်ရှိလျက်ရှိသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်ဆွေးနွေးပွဲအစတွင် အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ခိုင်မာကျစ်လစ်သောအခြေခံပေါ်တွင် ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။

“ကျမတို့အနေနဲ့ နှစ်နိုင်ငံအကြား သဘောတူညီတဲ့ကိစ္စတွေ၊သဘောမတူတဲ့ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းပုံစံနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးဟာ ရင့်ကျက်မှုရှိလာတယ်၊နောက်လည်း ဒီထက်ပိုပြီး တိုးတက်သွားမယ်ဆိုတာကိုပြသနေတာပါပဲ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကပြောကြားသည်။

အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီနဲ့ ကိုဌေးကြွယ်တို့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
Photo: 88 Generation Students
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းတွင် အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံစဉ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဘ၀တွေ ဖွံဖြိုးတိုးတက်စေဖို့ လက်တွဲ ဆောင်ရွက်သွားနိုင်မယ့် အကြောင်းတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တွေ့ဆုံပွဲအပြီးမှာ RFA ကို ပြောကြားပါတယ်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်း




ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံသို့ ရောက်ရှိနေသော ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီး စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို
(၃) နယ်စပ်ရေးရာ ၀န်ကြီးဌာန - ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး
(၄) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး - ဦးဝဏ္ဏမောင်လွင်
(၅) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး- ဒေါက်တာ မြတ်မြတ်အုန်းခင်
(၆) ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး - ဦးအောင်ကြည်
(၇) ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး- ဦးအေးမြင့်ကြူ
(၈) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး - ဦးမြင့်လှိုင်
(၉) သစ်တောဝန်ကြီးဌာန ၀န်ကြီး - ဦးဝင်းထွန်း
(၁၀) ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန ၀န်ကြီး - ဦးဝင်းရှိန်

သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

ရန်ကုန် ၊ စက်တင်ဘာ ၎

အစိုးရကသာ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ကျင်းပသော မြန်မာ့ရေနံ ၊ သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ် ကဏ္ဍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမ

ျား ထိပ်သီး အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိ အစိုးရပိုင် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ချပေးတော့မည် ဖြစ်ပြီး ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ရေးဆွဲနေသည့် အပြင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ပါဝင်သည့် စွမ်းအင် ကဏ္ဍ အထူးသဖြင့် လျှပ်စစ် ကဏ္ဍကို နိုင်ငံတွင်း လုံလောက်စွာ ရရှိနိုင်ရန် ကြိုးစားသွားမည့်ကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis